Part 17: ငါ့ဇနီး ကစားဖို့အတွက်

Start from the beginning
                                    

ရှောင်ယွီ ချင်းချင်း ဒေါသချောင်းချောင်းထွက်နေခဲ့သည်။

နောက်ဆုံးဘော့စ်ဆီမှ ယွီကုန်း ရရှိသည့် အိုင်တမ်သည် ရှောင်ယွီ ချင်းချင်း လိုချင်သည့်အရာ မဟုတ်ခဲ့ပေ။ သူမ လိုချင်သည့်အရာမှာ ဘော့စ်က ရံဖန်ရံခါမှသာ ပေးသည့် “ ရေခဲငှက်မွှေး ” ဖြစ်သည်။ ၎င်းသည် systemက မကြာသေးမီကမှ စတင်မိတ်ဆက်ပေးခဲ့သည့် အိုင်တမ်အသစ်တစ်ခုဖြစ်သည်။ အခြားအဖိုးတန်ပစ္စည်းများနှင့်အတူ အသုံးပြုသည့်အခါ ကစားသမားသည် ထိပ်တန်းအမျိုးအစားကိရိယာတစ်ခုကို ပြုလုပ်နိုင်သည်။

ရှောင်ယွီ ချင်းချင်းက ရေခဲငှက်မွှေးအား ဝေဝေ့လက်ထဲသို့ ကျရောက်သွားသည်ကို တွေ့မြင်ခွင့်ပြုမည် မဟုတ်သည်မှာ သိသာသည်။ ထို့ကြောင့် သူမက worldချန်နယ်တွင် ရီရှောင်း နိုင့်ဟော်နှင့် လုဝေ ဝေဝေတို့လို lvlမြင့်ကစားသမားများက သူမလို အားနည်းကာ အန္တရာယ်ကင်းသည့် မိန်းကလေးကို အနိုင်ကျင့်နေသည်ဟု ငိုပြောခဲ့သည်။ ကိရိယာအသစ်တစ်ခု လုပ်ရန် လိုနေသည့် နောက်ဆုံးအိုင်တမ်တစ်ခု ဖြစ်သောကြောင့် ရေခဲငှက်မွှေးအား ရရန်အတွက် ဘော့စ်ကို သူမ သွားတိုက်ခဲ့သည်ဟု ငိုပြောနေသည်။ သူမက အခြားပါဝင်ပစ္စည်းများကို စုဆောင်းရန် ငွေအများအပြားကို သုံးစွဲခဲ့သော်လည်း လုဝေ ဝေဝေက ရေခဲငှက်မွှေးအား လုယူသွားသောကြောင့် သူမ၏တခြားစျေးကြီးသည့် ပါဝင်ပစ္စည်းတွေက အကုန်လုံးအမှိုက်ဖြစ်ကုန်ပြီဟုပင် ပြောသေးသည်။

သူမက ကောင်းစွာ ပြင်ဆင်ထားလေသည်။ ဟိုကဒီက နှစ်ဦးထပ်ပိုသည့်အသင်းဝင်များက သူမကို worldချန်နယ်ပေါ်တွင် ထောက်ခံခဲ့သည်။ ထို့ကြောင့် ကစားသမားအချို့ကို လှည့်စားနိုင်ခဲ့ပြီး သူတို့၏လက်ညှိုးများဖြင့် ဝေဝေကို လက်ညှိုးထိုးစေနိုင်ခဲ့သည်။ ရှောင်ယွီ ချင်းချင်း၏ထောက်ခံသူများက အခွင့်အရေးကို အရယူကာ ဝေဝေအား ရေခဲငှက်မွှေးအား ပြန်ပေးရန် တောင်းခဲ့သည်။

ရှောင်ယွီ ယောင်ယောင်တောင်မှ ပေါ်လာခဲ့သည်။ သူမက ဝေဝေကို အပြစ်မတင်ခဲ့သော်လည်း သူတို့ကြားတွင် နားလည်မှုလွဲခြင်း အနည်းငယ်ရှိနေသည်။ သို့သော်လည်း လုဝေ ဝေဝေသည် သူမနှင့် ဝေးကွာလွန်းသည်ဟု ခံစားမိသည်ကြောင်း နူးညံ့သည့် စကားလုံးအနည်းငယ်ဖြင့်သာ ပြောခဲ့သည်။ သူမက ရန်သူ လုပ်ဖို့က လွယ်ကူသော်လည်း သူငယ်ချင်း ဖြစ်ဖို့က ခက်ခဲသည်ဟု ထပ်ပြောခဲ့သည့်အပြင် လုဝေ ဝေဝေ၏လုပ်ရပ်များကို ရပ်တန့်စေချင်လိုကြောင်းပင် ပြောခဲ့သေးသည်။

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now