Part 17: ငါ့ဇနီး ကစားဖို့အတွက်

Start from the beginning
                                    

သို့သော်လည်း ဒါသည် နိုင့်ဟော်က ရှောင်ယွီ ယောယောင်ယောင်ကို သတ်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှောင်ယွီကလန်က ဒါကို ပြဿနာအကြီးကြီး ရှာရန် worldချန်နယ်ကို သွားပြီး နိုင့်ဟော်ကို ထိခိုက်လွယ်သည့် မိန်းကလေးကို အနိုင်ကျင့်သည်ဟု စွပ်စွဲမည်လော။

ဒါသည် ရယ်စရာကောင်းသော်လည်း သူတို့ ထိုကဲ့သို့သော ပြောနေသည်ကို မြင်သည့်အခါ ဝေဝေ အံ့သြလိမ့်မည် မဟုတ်ပေ။ ဘာကြောင့်လဲဆိုတော့ ရှောင်ယွီ ချင်းချင်းက အခြားနေ့တွေမှာလည်း worldချန်နယ်တွင် ထိုကဲ့သို့လုပ်လေ့ရှိတာကြောင့်ပင် ။

အရင်နေ့က ဖြစ်ခဲ့သည်များကို တွေးကြည့်ရုံနဲ့တင် ဝေဝေ အားတွေ ပေါက်ကွဲတော့မတတ်ပင်. . .ဒါက လူတွေ ပြောကြသည့် အတက်အကျတွေ ပြီးတဲ့နောက် အခြေအနေက ပြောင်းလဲသွားတာမျိုးဖြစ်မည်။

ဒါတွေအားလုံးသည် တစ်စုံတစ်ဦးက တစ်စုံတစ်ဦး၏ဘော့စ်အား ခိုးယူသည့်အကြောင်း ငြင်းခုံမှုရလဒ်ဖြစ်သည်။

သူမ အစည်းအရုံးမှ မထွက်ခင်တွင် နောက်တစ်ခါ ရှောင်ယွီ ချင်းချင်း၏ဘော့စ်ကို တကယ် ခိုးမည်ဟု ပြောခဲ့သော်လည်း ရှောင်ယွီ ချင်းချင်းသည် ထပ်ကြပ်မကွာလိုက်ကာ အချိန်ဖြုန်းရလောက်တဲ့အထိ သူမအတွက် အရေးမပါပေ။သူမ(ရှောင်ယွီ ချင်းချင်း)နှင့် တွေ့သည့်အခါမှသာ သူမကတိကို(ဝေဝေ) အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။ သို့သော်လည်း သူမ နိုင့်ဟော်နှင့် questလုပ်နေချိန်တွင် နိုင့်ဟော်က ရုတ်တရက် questကို ထားခဲ့ပြီး သူနှင့်အတူ သူမကို ခေါ်ဆောင်သွားကာ အခြားတစ်နေရာသို့ ပျံသန်းခဲ့သည်။

ထိုနေရာတွင် ရှောင်ယွီ ချင်းချင်းက ဘော့စ်ကို တိုက်ခိုက်နေသည့်အချိန်တွင်ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် အတန်းဖော်ဝေဝေသည် ဂိမ်းထဲရှိ သူမ၏ပထမဆုံးဘော့စ်ကို ခိုးယူခဲ့ပြီး ရှားပါးပြီး အဖိုးအတန်ဆုံးပစ္စည်းဖြစ်သည့် ရေခဲငှက်မွှေးကို ရရှိခဲ့သည်။ system botသည်ပင် ကြေညာချက် ထုတ်ပြန်ပေးခဲ့သည်။
( ကစားသမားတစ်ယောက်က အဖိုးတန်သည့် အိုင်တမ်တစ်ခု ရချိန်တွင် ဂိမ်းက ကြေငြာချက်တစ်ခုအား ထုတ်ပြန်ပေးသည်)

အပြုံးဖျော့ဖျော့လေးက သိပ်နှစ်လိုဖွယ်ကောင်းတယ်(မြန်မာဘာသာပြန်)Where stories live. Discover now