နိုဗယ်လင်းက အခုတလော ပန်းချီကားတစ်ခုကိုပဲ နေ့တိုင်းရေးဆွဲနေသည်။ တစ်ပုံစံတည်းဖြစ်နေသော ပန်းချီကားများက နှစ်ပုံသုံးပုံထပ်လာသောအခါ ဒွန်း သတိမထားမိပဲ မရှိနိုင်။
နိုဗယ်လင်းက အရင်သူလုပ်နေကျ နေ့စဉ်ဒူ၀အလုပ်များကိုပင် လျစ်လျူရှုပြီး ပန်းချီခုံနားမှာ အမြဲရှိနေသည်။
နောက်ဆုံးမှာတော့ ဒွန်း သိချင်သည့် စိတ်ကိုထိန်းမရသည့်အဆုံး ညဘက် နိုဗယ်လင်း အိပ်နေတုန်း ထိုပန်းချီကားများကို စစ်ဆေးကြည့်မိသည်။
အမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ဦးကို ပေါင်ပေါ်တင်၍ စာသင်ပေးနေဟန်ဖြစ်သည်။ နောက်ကျောပေးထားသည့်ပုံဖြစ်သော်လည်း ဘေးပတ်၀န်းကျင်ကိုတော့ အသေးစိတ်ဆွဲထားသည်။ ပုံထဲက အမျိုးသမီးနှင့် ကလေးကတော့ တူပေမယ့် ဘေးပတ်၀န်ကျင်နှင့် ရာသီဥတုကိုဆွဲထားသည်ကတော့ ကွဲပြားမှုရှိသည်။
ပုံထဲတွင်တော့ အခြားကလေးများက ဆော့ကစားနေဟန် ဆွဲထားပြီး အမျိုးသမီးနှင့် ကလေးငယ်ကတော့ သီးသန့်ရှောင်ထွက်နေသလို။
စန္ဒာ.........
နိုဗယ်လင်း ဆိုခဲ့ဖူးသော နာမည်တစ်ခု။ ပန်းချီကားနဲ့ ပတ်သတ်နိုင်လား။ နိုဗယ်လင်းက ထမင်းမေ့ဟင်းမေ့ ဒီပုံတွေကို ထိုင်ဆွဲနေခဲ့တာ။
အိပ်ရာပေါ်ရှိ နိုဗယ်လင်းကို လှမ်းကြည့်လိုက်ချိန်တွင် အသက်ငွေ့ငွေ့ကို ရှူရှိူက်၍ အိပ်ပျော်နေသည်။ ပါးဖောင်းလေးတွေက ခေါင်းအုံးပေါ်မှာ အိစက်စွာ တင်ရှိနေသည်။ နိုဗယ်လင်းက အိပ်နေသည့်အချိန်မျိုးတွင် သိပ်အေးချမ်းသည်။
အနားသို့လျှောက်သွားလိုက်ပြီး ခြေရင်းတွင် ခေါက်ထားသောစောင်ကို ဆွဲဖြန့်ကာ သူ့ကိုယ်ပေါ်လွှမ်းခြုံပေးလိုက်သည်။ ဆံပင်အုပ်အုပ်လေးတွေက မျက်တောင်ဖျားနား ရောက်လုမတတ်ရှည်နေပြီ။ သူပြန်ရောက်လာကတည်း ဆံပင်လိုက်ညှပ်ပေးဖို့ကို ဒွန်းမေ့နေခဲ့သည်။ နှဖူးပေါ်က ဆံစတွေကို ပင့်တင်ပေးလိုက်ပြီး ပေါ်လာသည့် မျက်နှာဖူးဖူးလေးကို ကြည့်ရင်း ဒွန်းသက်ပြင်းချမိသည်။
ငါ မင်းအကြောင်း ဒီထက်ပိုပြီး သိချင်တယ် နိုဗယ်လင်း။ ငါမင်းကို ကူညီနိုင်တာ မရှိဘူးလား။
ရင်ထဲကနေ ခပ်တိုးတိုးဆိုမိသည်။ ဒွန်း သူနဲ့ပတ်သတ်ပြီး စိတ်လျှော့လိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ အခုဒွန်းမှာ မိဘလည်းမရှိတော့ပြီမို့ သူနဲ့ပြိုင်စရာလည်း မလိုတော့ပေ။
နိုဗယ်လင်းကို အမေတို့က ဘယ်မိဘမဲ့ကျောင်းက ခေါ်လာခဲ့ပါလိမ့်။
ဒွန်း အခန်းကိုပြန်ချင်စိတ်မရှိတာကြောင့် နိုဗယ်လင်းဘေးတွင် ကပ်ပြီးသာ အိပ်လိုက်တော့သည်။ ငယ်ငယ်ကဆို ဒီအခန်းကျဉ်းလေးကို တယုတယပြင်ဆင်ပေးသည့် မေမေနှင့် ဖေဖေကြောင့် ဒီအခန်းမှာပဲ တမင်လာအိပ်ခဲ့ဖူးသည်။ အခုမှ သတိထားမိသည်။ ဒွန်းအခန်းနှင့် ယှဉ်လျှင် ဒီအခန်းလေးက ကျဉ်းလွန်းသည်။ မ ၏ အခန်းထက်တောင် ကျဉ်းသေးသည်။ အခုဆို နိုဗယ်လင်း၏ ပန်းချီကားချပ်များကြောင့် ခန္ဓာကိုယ်ကို ရှောင်ကာပင် သွားနေရသည်။
ဒွန်း တော်တော်လေးကို ကလေးဆန်ပြီး မစဉ်းစားတတ်ခဲ့တာပဲ။
နောက်တစ်နေ့တွင်တော့ ဒွန်း ဆေးရုံသွားစရာ မလိုတာကြောင့် အိမ်တွင် ပစ္စည်းများရှင်းရန် ပြင်ကြသည်။ ကြီးကြီးက ရင်ခွင်မဲ့ကလေးတွေကို လှူဖို့ အမေ့ရဲ့ အ၀တ်အစားတွေ ပြန်လည် လျှော်ဖွတ်မည်ဟု ဆိုသည်။ ဒွန်းအတွက်လည်း ငြင်းစရာမရှိပါ။ ကုသိုလ်လည်းရသည်။ အမေလည်း သာဓုခေါ်နိုင်ပေမည်။
နိုဗယ်လင်းထံသို့ ဖုန်း၀င်လာသည်။ သူက ဖုန်းကိုကိုင်၍ အတန်ကြာအောင် ရပ်နေပြီးမှ ဒွန်းဆီ လျှောက်လာသည်။
နိုဗယ်လင်းက သူကိုင်ထားသည့် ဖုန်းကို ဒွန်းအား ထိုးပေးသည်။
"ဘယ်သူလဲ"
နိုဗယ်လင်းကမဖြေတာကြောင့် ဒွန်းက ဖုန်းကိုင်ရတော့သည်။
"ဟယ်လို"
"ဟယ်လို ဒွန်းလား"
ဖုန်းထဲက ရင်းနှီးသလိုလို ရှိသည့် ယောကျာ်းတစ်ဦး၏အသံ။
"ကျွန်တော် Limပါ"
ဒွန်းက နိုဗယ်လင်းကို ကြည့်လိုက်သည်။ သူက ဟင်းချက်ဖို့ အသီးအရွက်တွေ လှီးဖြတ်နေပြီ။
"ဟုတ်ကဲ့ ပြောပါ"
"နိုနို့ရဲ့ နောက်ထပ်ပန်းချီကား လေလံအောင်လို့ပါ လေလံဆွဲသူက မြန်မာပြည်လာမှာမို့ နိုဗယ်လင်းကို ဂုဏ်ပြုတံဆိပ် ချီးမြှင့်ချင်လို့ပါတဲ့ လေလံအောင်တဲ့ ပိုက်ဆံတွေကို သူ့ကဒ်ထဲ လွှဲပြီးပါပြီ တစ်ချက်လောက်စစ်ပေးပါလား"
ဟမ် နိုဗယ်လင်းကလား။ သူ့ပန်းချီကားတွေ လေလံတင်ရောင်းရင်းက ၀င်ငွေရှာနေတာလား။
"ဟုတ်ပြီ ကျွန်တော် စစ်လိုက်ပါ့မယ်"
"ပြီးတော့ ကျွန်တော်လည်း နိုနို့ကို၊ လာတွေ့ချင်တာမလို့၊ လိပ်စာလေး ပို့ပေးပါလား"
"ဟုတ်ကဲ့ ကျွန်တော် ပို့လိုက်ပါ့မယ်"
"ပြီးတော့ ဒွန်းကို ကျေးဇူးတင်ပါတယ်"
Samuel Limက နောက်ဆုံးတစ်ခေါက် တွေ့ကြတုန်းကတောင် နိုနို့ကို မွေးစားချင်လို့ ဒွန်းကို အမြင်မကြည်ဘူး မလား။ ရုတ်တရက်ကြီး ဘာကြောင့် ကျေးဇူးတင်ရတာလဲ။
"ကျွန်တော့ကို ဘာများကျေးဇူးတင်စရာ ရှိလို့လဲ"
"နိုနို့ရဲ့ လက်ရာတွေက အရင်ကထက် အများကြီးကောင်းလာလို့ပါ။ သူကအမြဲ သူဆွဲထားတာတွေ ဓာတ်ပုံရိုက်ပြီး ပို့လေ့ရှိတယ်။ ခင်များနဲ့အတူရှိရတာ သူပျော်နေတဲ့ပုံပါပဲ။ သူရောင်းချင်တဲ့ ပန်းချီတွေကို ကျွန်တော်က onlineကနေ တစ်ဆင့် လေလံတင်ပေးလေ့ရှိပါတယ်။ အခုသူ့ကို organizationတစ်ခုကနေ ambassador ခန့်အပ်မယ်လို့ အကြောင်းကြားထားပါတယ်။ သူ့အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်"
သူ့အောင်မြင်မှုအတွက် ဒွန်းလည်း ၀မ်းသာပါသည်။ ဒါပေမယ့် ဒွန်းက စိတ်ကျန်းမာရေးဆရာ၀န်တစ်ယောက်အနေနှင့် နိုဗယ်လင်းကို ambassadorပေးလုပ်တဲ့အခါ စိတ်ဖိအားရှိလာမှာစိုးသည်။ ကင်မရာပေါ် မျက်နှာပြရတဲ့အခါ နိုဗယ်လင်းအတွက် စိတ်ရှုပ်စရာတွေ ဖြစ်လာလိမ့်မည်။
"အကိုတစ်ယောက်အနေနဲ့တော့ ကျွန်တော်ပျော်ပါတယ်။ Lim ဒါပေမယ့် ဆရာ၀န်တစ်ယောက်အနေနဲ့တော့ သူ့ကို ambassador လုပ်ခိုင်းလို့အဆင်မပြေဘူးလို့ မြင်ပါတယ်။ သူ့အခြေအနေကို Lim သိရဲ့သားနဲ့"
"ဟုတ် ကျွန်တော်သိပါပြီ။ ပြောပြပေးလို့ကျေးဇူးတင်ပါတယ်။ သူ့အောင်မြင်မှုလို့တွေးမိပြီး ပျော်မိတာနဲ့ အဲ့ဒါတွေကို မစဉ်းစားမိဘူး ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ် ဒွန်း"
ဖုန်းကျသွားတော့ ဒွန်း ပြုံးမိသည်။ နိုဗယ်လင်းက ဘယ်နေရာရာရောက်ရောက် အသက်ရှင်နိုင်မည့် လူသားတစ်ဦးပေ။ သူ့နားမှာဖေးမပေးချင်တဲ့ သူတွေများလိုက်တာ။
အိမ်မှာ ဦးနောင်မရှိတာကြောင့် ပစ္စည်းအလေးအပင်များ ရွှေ့ပြုပေးရသည့်အလုပ်ကို ဒွန်းလုပ်ရပေသည်။ ဒွန်းမိဘတို့၏ အခန်းကို ရှင်းနေစဉ် ဝါကျင်ကျင် ဖြစ်နေပြီဖြစ်သော ခေါက်ထားသည့် ပုံဆွဲစာရွက်လေးကို အမေ့ အံဆွဲထဲက တွေ့လိုက်ရသည်။
ပုံဆွဲစာရွက်ထဲမှာ ဆွဲထားသည့်ပုံက ဟိုယခင်က ဖေဖေ၊ မေမေ၊ ဒွန်း၊ မ၊ ဦးနောင်နှင့် ကြီးကြီးတို့ပုံကို ဆွဲခဲ့သည့် ဒွန်း၏ မဆွဲတတ်ဆွဲတတ် ရောင်စုံခဲပန်းချီလေးဖြစ်သည်။
နိုဗယ်လင်းရောက်လာတော့ ထိုစာရွက်တွင် အဝိုင်းလေးဝိုင်း တုတ်ချောင်းလေးတွေဆွဲပြီး နိုဗယ်လင်းဟု ဒွန်းကိုယ်တိုင် အမည်ပေးခဲ့သည်။ မေမေက စာရွက်ကို သိမ်းထားခဲ့တာပဲ။
ဒွန်းမိဘတွေ၏ အခန်းကို ရှင်းလင်းပြီးတော့ ဖေဖေစီးခဲ့ဖူးတဲ့ ဂျစ်ကားဟောင်းလေးကို ဂိုထောင်ထဲကထုတ်ကာ ပြန်လည်ဆေးကြောရန် ပြင်လိုက်သည်။ အထဲမှာ ဘာတွေများ ရှိမလဲလို့ လှန်လှောရှာကြည့်တော့ ဖင်ထိုင်ခုံကြားညပ်နေသည့် စာရွက်လိပ်ကို တွေ့ရသည်။ တော်တော်လေးကို စုတ်ပြတ်နေခဲ့ပြီ။
ဒွန်းလွှင့်ပစ်ဖို့ လုပ်ရင်း စာရွက်ထဲမှာ "နို"ဟူသည့် စာလုံးကို မြင်လိုက်ရတော့ လက်က ရပ်တန့်သွားသည်။
နို စာလုံးအရှေ့တွင် ပြဲနေပေမယ့် အောက်တစ်ကြောင်းမှာ အသက်ဟု ရေးထားသည်။ ဒွန်းထင်တာမမှားလျှင် အရှေ့စာကြောင်းက အမည်ဟု ရေးထားတာဖြစ်လိမ့်မည်။ မှင်တွေက ပျက်သည့်နေရာက ပျက် စွန်းသည့်နေရာက စွန်းနေတာကြောင့် ကြိုးစား၍ ဖတ်ယူနေရသည်။ သွေးစတွေ စွန်းနေသည်ဟု ထင်ရသည့် စာရွက်အောက်ဖျားတွေက သံဂျေးတက်သကဲ့သို့ ညစ်ပတ်နေသည်။ နိုဗယ်လင်း၏ မွေးနေ့ကလည်း ထိုထဲမှာ ရေးထားသည်။ အဖေ့လက်ရေးလည်း မဟုတ်သလို အမေ့လက်ရေးလည်း မဟုတ်တဲ့ ဒီစာက ဘယ်သူရေးထားတာလဲ။
November 18က ဒွန်းရော နိုဗယ်လင်းရော၏ မွေးနေ့ဟု အမေက ပြောခဲ့သည်။ အစက ဒွန်းထင်ခဲ့တာ နိုဗယ်လင်း မွေးတဲ့နေ့ အမေမသိလို့ ထိုနေ့ကို သတ်မှတ်ပေးသည်ဟု။ အခုတော့ ဒီစာရွက်ပေါ်မှာ နိုဗယ်လင်း၏ အသက်နှင့် မွေးရက်ကို အတိအကျရေးထားသည်။ နေရပ်လိပ်စာနေရာတွင် အဝေးပြေးဟူသော တစ်နေရာသာ ဖတ်လို့ရပြီး ကျန်သည့်နေရာက ပြဲနေသည်။
"နိုဗယ်လင်းရဲ့ လိပ်စာက အဝေးပြေး ကျစ် ပြီးတော့ ဘာလဲကွာ"
အဝေးပြေးလမ်းမ အရှည်ကြီးကို ဒွန်းက ဘယ်လိုသွားရှာမလဲ။
"နိုဗယ်လင်း ခဏလာဦး ဒီကို"
အပင်အောက်မှာ ပန်းချီဆွဲနေသည့် နိုဗယ်လင်းကို ဒွန်းလှမ်းခေါ်လိုက်သည်။ အနားကိုရောက်လာတော့ ဒွန်းက စာရွက်ကိုပြ၍ နိုဗယ်လင်းက ယူကြည့်သည်။
"မင်း ဒီစာရွက်ကို သိလား"
နိုဗယ်လင်းက အတော်ကြာအောင် ကြည့်ပြီးမှ မျက်လုံးလေးများပြူးလာကာ ဒွန်းရင်းနီးနေပြီဖြစ်သည့် နာမည်တစ်ခုကို ရေရွတ်သည်။
"စန္ဒာ"
"ထပ်ပြီးတော့ စန္ဒာလား။ ဟေး နိုဗယ်လင်း။ ငါ့ကို ရှင်းအောင် ပြောပြပါလားကွာနော်။ ငါလိုက်ရှာလို့ရရင် ရှာပေးမယ်လေကွာ။"
နိုဗယ်လင်းက ဒွန်း အင်္ကျီစကို ဆွဲသည်။ သူ့နောက်ကို လိုက်ခဲ့စေချင်သည့် ပုံစံ။ ဒွန်း သူ့စိတ်တိုင်းကျ ပန်းချီဆွဲသည့် ခုံကို လိုက်သွားတော့ နိုဗယ်လင်းက မိန်းမတစ်ဦး၏ ပုံကို ဆွဲထားသည်။ မျက်နှာပုံ မပါချေ။ ဒွန်းထင်တာမမှားလျှင် သူအရင်က ဆွဲခဲ့သည့် ကလေးလေးနဲ့ မိန်းမပုံထဲကဖြစ်မည်။
"သူ့မျက်နှာကို မမှတ်မိဘူးလား"
နိုဗယ်လင်းက ပုံကိုသာ စိုက်ကြည့်နေသည်။ ပြီးတော့ သူက နာမည်တစ်ခုကိုပဲ ထပ်ရွတ်သည်။
"စန္ဒာ"
ဒွန်း အတော်ကြာအောင် စဉ်းစားနေသည်။ ပြီးတော့ သူ့ခေါင်းထဲပေါ်လာသည့် အတွေးက
"မဟုတ်မှလွဲရော သူက မင်းအမေများလား"
နိုဗယ်လင်းက ဒွန်းကို ပြန်ကြည့်သည်။ မျက်လုံးဝိုင်းလေးတွေနဲ့ ဒွန်းမေးတာအတွက် အဖြေမရှိသည့်နှယ်။
"ဆောရီး မင်းမှ ဆက်နွယ်မှုတွေ နားမလည်သေးတာ အင်း ထားပါတော့ အဲ့ဒီတော့ သူက မင်းနဲ့သိတဲ့ သူပေါ့ ဟိုနေ့က သူ့ကို ဘတ်စ်ပေါ်မှာ တွေ့လို့ပြေးလိုက်သွားတာလား"
နိုဗယ်လင်းက ဒွန်းပြောသည့် စကားလုံးတစ်လုံးချင်းကို နားလည်အောင် ကြိုးစားပြီးနောက် ခေါင်းညိတ်ပြသည်။ ပြီးတော့ ပုံကို လက်ညိုးထိုးပြပြီး စာရွက်ကို ဒွန်းလက်ထဲထိုးပေးသည်။
သူက ဘာသာစကားတွေကို နားလည်သည်။ ဒါပေမယ့် ပြန်ပြောနိုင်ခြင်းကတော့ တော်တော်ကို အချိန်ယူမှ ရသည်။ သူ့ခေါင်းထဲမှာ စာတွေစီနေလိမ့်မည်။ နောက်ဆုံးမှာတော့ အမူအရာနဲ့ ပြဖို့ပဲ သူတတ်နိုင်လေသည်။
"ဟုတ်ပြီ ငါသူ့ကို ရှာကြည့်ပေးမယ် ကြည့်ရတာ သူက မင်းအကြောင်းသိတဲ့ နောက်ဆုံးလူလည်း ဖြစ်ချင်ဖြစ်သွားနိုင်တာမလို့"
Zawgyi
နိုဗယ္လင္းက အခုတေလာ ပန္းခ်ီကားတစ္ခုကိုပဲ ေန႕တိုင္းေရးဆြဲေနသည္။ တစ္ပုံစံတည္းျဖစ္ေနေသာ ပန္းခ်ီကားမ်ားက ႏွစ္ပုံသုံးပုံထပ္လာေသာအခါ ဒြန္း သတိမထားမိပဲ မရွိနိုင္။
နိုဗယ္လင္းက အရင္သူလုပ္ေနက် ေန႕စဥ္ဒူ၀အလုပ္မ်ားကိုပင္ လ်စ္လ်ဴရႈၿပီး ပန္းခ်ီခုံနားမွာ အၿမဲရွိေနသည္။
ေနာက္ဆုံးမွာေတာ့ ဒြန္း သိခ်င္သည့္ စိတ္ကိုထိန္းမရသည့္အဆုံး ညဘက္ နိုဗယ္လင္း အိပ္ေနတုန္း ထိုပန္းခ်ီကားမ်ားကို စစ္ေဆးၾကည့္မိသည္။
အမ်ိဳးသမီးတစ္ဦးက ကေလးငယ္တစ္ဦးကို ေပါင္ေပၚတင္၍ စာသင္ေပးေနဟန္ျဖစ္သည္။ ေနာက္ေက်ာေပးထားသည့္ပုံျဖစ္ေသာ္လည္း ေဘးပတ္၀န္းက်င္ကိုေတာ့ အေသးစိတ္ဆြဲထားသည္။ ပုံထဲက အမ်ိဳးသမီးႏွင့္ ကေလးကေတာ့ တူေပမယ့္ ေဘးပတ္၀န္က်င္ႏွင့္ ရာသီဥတုကိုဆြဲထားသည္ကေတာ့ ကြဲျပားမႈရွိသည္။
ပုံထဲတြင္ေတာ့ အျခားကေလးမ်ားက ေဆာ့ကစားေနဟန္ ဆြဲထားၿပီး အမ်ိဳးသမီးႏွင့္ ကေလးငယ္ကေတာ့ သီးသန႔္ေရွာင္ထြက္ေနသလို။
စႏၵာ.........
နိုဗယ္လင္း ဆိုခဲ့ဖူးေသာ နာမည္တစ္ခု။ ပန္းခ်ီကားနဲ႕ ပတ္သတ္နိုင္လား။ နိုဗယ္လင္းက ထမင္းေမ့ဟင္းေမ့ ဒီပုံေတြကို ထိုင္ဆြဲေနခဲ့တာ။
အိပ္ရာေပၚရွိ နိုဗယ္လင္းကို လွမ္းၾကည့္လိုက္ခ်ိန္တြင္ အသက္ေငြ႕ေငြ႕ကို ရႉရွိူက္၍ အိပ္ေပ်ာ္ေနသည္။ ပါးေဖာင္းေလးေတြက ေခါင္းအုံးေပၚမွာ အိစက္စြာ တင္ရွိေနသည္။ နိုဗယ္လင္းက အိပ္ေနသည့္အခ်ိန္မ်ိဳးတြင္ သိပ္ေအးခ်မ္းသည္။
အနားသို႔ေလွ်ာက္သြားလိုက္ၿပီး ေျခရင္းတြင္ ေခါက္ထားေသာေစာင္ကို ဆြဲျဖန႔္ကာ သူ႕ကိုယ္ေပၚလႊမ္းၿခဳံေပးလိုက္သည္။ ဆံပင္အုပ္အုပ္ေလးေတြက မ်က္ေတာင္ဖ်ားနား ေရာက္လုမတတ္ရွည္ေနၿပီ။ သူျပန္ေရာက္လာကတည္း ဆံပင္လိုက္ညွပ္ေပးဖို႔ကို ဒြန္းေမ့ေနခဲ့သည္။ ႏွဖူးေပၚက ဆံစေတြကို ပင့္တင္ေပးလိုက္ၿပီး ေပၚလာသည့္ မ်က္ႏွာဖူးဖူးေလးကို ၾကည့္ရင္း ဒြန္းသက္ျပင္းခ်မိသည္။
ငါ မင္းအေၾကာင္း ဒီထက္ပိုၿပီး သိခ်င္တယ္ နိုဗယ္လင္း။ ငါမင္းကို ကူညီနိုင္တာ မရွိဘူးလား။
ရင္ထဲကေန ခပ္တိုးတိုးဆိုမိသည္။ ဒြန္း သူနဲ႕ပတ္သတ္ၿပီး စိတ္ေလွ်ာ့လိုက္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ အခုဒြန္းမွာ မိဘလည္းမရွိေတာ့ၿပီမို႔ သူနဲ႕ၿပိဳင္စရာလည္း မလိုေတာ့ေပ။
နိုဗယ္လင္းကို အေမတို႔က ဘယ္မိဘမဲ့ေက်ာင္းက ေခၚလာခဲ့ပါလိမ့္။
ဒြန္း အခန္းကိုျပန္ခ်င္စိတ္မရွိတာေၾကာင့္ နိုဗယ္လင္းေဘးတြင္ ကပ္ၿပီးသာ အိပ္လိုက္ေတာ့သည္။ ငယ္ငယ္ကဆို ဒီအခန္းက်ဥ္းေလးကို တယုတယျပင္ဆင္ေပးသည့္ ေမေမႏွင့္ ေဖေဖေၾကာင့္ ဒီအခန္းမွာပဲ တမင္လာအိပ္ခဲ့ဖူးသည္။ အခုမွ သတိထားမိသည္။ ဒြန္းအခန္းႏွင့္ ယွဥ္လွ်င္ ဒီအခန္းေလးက က်ဥ္းလြန္းသည္။ မ ၏ အခန္းထက္ေတာင္ က်ဥ္းေသးသည္။ အခုဆို နိုဗယ္လင္း၏ ပန္းခ်ီကားခ်ပ္မ်ားေၾကာင့္ ခႏၶာကိုယ္ကို ေရွာင္ကာပင္ သြားေနရသည္။
ဒြန္း ေတာ္ေတာ္ေလးကို ကေလးဆန္ၿပီး မစဥ္းစားတတ္ခဲ့တာပဲ။
ေနာက္တစ္ေန႕တြင္ေတာ့ ဒြန္း ေဆး႐ုံသြားစရာ မလိုတာေၾကာင့္ အိမ္တြင္ ပစၥည္းမ်ားရွင္းရန္ ျပင္ၾကသည္။ ႀကီးႀကီးက ရင္ခြင္မဲ့ကေလးေတြကို လႉဖို႔ အေမ့ရဲ႕ အ၀တ္အစားေတြ ျပန္လည္ ေလွ်ာ္ဖြတ္မည္ဟု ဆိုသည္။ ဒြန္းအတြက္လည္း ျငင္းစရာမရွိပါ။ ကုသိုလ္လည္းရသည္။ အေမလည္း သာဓုေခၚနိုင္ေပမည္။
နိုဗယ္လင္းထံသို႔ ဖုန္း၀င္လာသည္။ သူက ဖုန္းကိုကိုင္၍ အတန္ၾကာေအာင္ ရပ္ေနၿပီးမွ ဒြန္းဆီ ေလွ်ာက္လာသည္။
နိုဗယ္လင္းက သူကိုင္ထားသည့္ ဖုန္းကို ဒြန္းအား ထိုးေပးသည္။
"ဘယ္သူလဲ"
နိုဗယ္လင္းကမေျဖတာေၾကာင့္ ဒြန္းက ဖုန္းကိုင္ရေတာ့သည္။
"ဟယ္လို"
"ဟယ္လို ဒြန္းလား"
ဖုန္းထဲက ရင္းႏွီးသလိုလို ရွိသည့္ ေယာက်ာ္းတစ္ဦး၏အသံ။
"ကြၽန္ေတာ္ Limပါ"
ဒြန္းက နိုဗယ္လင္းကို ၾကည့္လိုက္သည္။ သူက ဟင္းခ်က္ဖို႔ အသီးအ႐ြက္ေတြ လွီးျဖတ္ေနၿပီ။
"ဟုတ္ကဲ့ ေျပာပါ"
"နိုနို႔ရဲ႕ ေနာက္ထပ္ပန္းခ်ီကား ေလလံေအာင္လို႔ပါ ေလလံဆြဲသူက ျမန္မာျပည္လာမွာမို႔ နိုဗယ္လင္းကို ဂုဏ္ျပဳတံဆိပ္ ခ်ီးျမႇင့္ခ်င္လို႔ပါတဲ့ ေလလံေအာင္တဲ့ ပိုက္ဆံေတြကို သူ႕ကဒ္ထဲ လႊဲၿပီးပါၿပီ တစ္ခ်က္ေလာက္စစ္ေပးပါလား"
ဟမ္ နိုဗယ္လင္းကလား။ သူ႕ပန္းခ်ီကားေတြ ေလလံတင္ေရာင္းရင္းက ၀င္ေငြရွာေနတာလား။
"ဟုတ္ၿပီ ကြၽန္ေတာ္ စစ္လိုက္ပါ့မယ္"
"ၿပီးေတာ့ ကြၽန္ေတာ္လည္း နိုနို႔ကို၊ လာေတြ႕ခ်င္တာမလို႔၊ လိပ္စာေလး ပို႔ေပးပါလား"
"ဟုတ္ကဲ့ ကြၽန္ေတာ္ ပို႔လိုက္ပါ့မယ္"
"ၿပီးေတာ့ ဒြန္းကို ေက်းဇူးတင္ပါတယ္"
Samuel Limက ေနာက္ဆုံးတစ္ေခါက္ ေတြ႕ၾကတုန္းကေတာင္ နိုနို႔ကို ေမြးစားခ်င္လို႔ ဒြန္းကို အျမင္မၾကည္ဘူး မလား။ ႐ုတ္တရက္ႀကီး ဘာေၾကာင့္ ေက်းဇူးတင္ရတာလဲ။
"ကြၽန္ေတာ့ကို ဘာမ်ားေက်းဇူးတင္စရာ ရွိလို႔လဲ"
"နိုနို႔ရဲ႕ လက္ရာေတြက အရင္ကထက္ အမ်ားႀကီးေကာင္းလာလို႔ပါ။ သူကအၿမဲ သူဆြဲထားတာေတြ ဓာတ္ပုံရိုက္ၿပီး ပို႔ေလ့ရွိတယ္။ ခင္မ်ားနဲ႕အတူရွိရတာ သူေပ်ာ္ေနတဲ့ပုံပါပဲ။ သူေရာင္းခ်င္တဲ့ ပန္းခ်ီေတြကို ကြၽန္ေတာ္က onlineကေန တစ္ဆင့္ ေလလံတင္ေပးေလ့ရွိပါတယ္။ အခုသူ႕ကို organizationတစ္ခုကေန ambassador ခန႔္အပ္မယ္လို႔ အေၾကာင္းၾကားထားပါတယ္။ သူ႕ေအာင္ျမင္မႈအတြက္ ဂုဏ္ယူပါတယ္"
သူ႕ေအာင္ျမင္မႈအတြက္ ဒြန္းလည္း ၀မ္းသာပါသည္။ ဒါေပမယ့္ ဒြန္းက စိတ္က်န္းမာေရးဆရာ၀န္တစ္ေယာက္အေနႏွင့္ နိုဗယ္လင္းကို ambassadorေပးလုပ္တဲ့အခါ စိတ္ဖိအားရွိလာမွာစိုးသည္။ ကင္မရာေပၚ မ်က္ႏွာျပရတဲ့အခါ နိုဗယ္လင္းအတြက္ စိတ္ရႈပ္စရာေတြ ျဖစ္လာလိမ့္မည္။
"အကိုတစ္ေယာက္အေနနဲ႕ေတာ့ ကြၽန္ေတာ္ေပ်ာ္ပါတယ္။ Lim ဒါေပမယ့္ ဆရာ၀န္တစ္ေယာက္အေနနဲ႕ေတာ့ သူ႕ကို ambassador လုပ္ခိုင္းလို႔အဆင္မေျပဘူးလို႔ ျမင္ပါတယ္။ သူ႕အေျခအေနကို Lim သိရဲ႕သားနဲ႕"
"ဟုတ္ ကြၽန္ေတာ္သိပါၿပီ။ ေျပာျပေပးလို႔ေက်းဇူးတင္ပါတယ္။ သူ႕ေအာင္ျမင္မႈလို႔ေတြးမိၿပီး ေပ်ာ္မိတာနဲ႕ အဲ့ဒါေတြကို မစဥ္းစားမိဘူး ထပ္ၿပီးေတာ့ ေက်းဇူးတင္ပါတယ္ ဒြန္း"
ဖုန္းက်သြားေတာ့ ဒြန္း ၿပဳံးမိသည္။ နိုဗယ္လင္းက ဘယ္ေနရာရာေရာက္ေရာက္ အသက္ရွင္နိုင္မည့္ လူသားတစ္ဦးေပ။ သူ႕နားမွာေဖးမေပးခ်င္တဲ့ သူေတြမ်ားလိုက္တာ။
အိမ္မွာ ဦးေနာင္မရွိတာေၾကာင့္ ပစၥည္းအေလးအပင္မ်ား ေ႐ႊ႕ျပဳေပးရသည့္အလုပ္ကို ဒြန္းလုပ္ရေပသည္။ ဒြန္းမိဘတို႔၏ အခန္းကို ရွင္းေနစဥ္ ဝါက်င္က်င္ ျဖစ္ေနၿပီျဖစ္ေသာ ေခါက္ထားသည့္ ပုံဆြဲစာ႐ြက္ေလးကို အေမ့ အံဆြဲထဲက ေတြ႕လိုက္ရသည္။
ပုံဆြဲစာ႐ြက္ထဲမွာ ဆြဲထားသည့္ပုံက ဟိုယခင္က ေဖေဖ၊ ေမေမ၊ ဒြန္း၊ မ၊ ဦးေနာင္ႏွင့္ ႀကီးႀကီးတို႔ပုံကို ဆြဲခဲ့သည့္ ဒြန္း၏ မဆြဲတတ္ဆြဲတတ္ ေရာင္စုံခဲပန္းခ်ီေလးျဖစ္သည္။
နိုဗယ္လင္းေရာက္လာေတာ့ ထိုစာ႐ြက္တြင္ အဝိုင္းေလးဝိုင္း တုတ္ေခ်ာင္းေလးေတြဆြဲၿပီး နိုဗယ္လင္းဟု ဒြန္းကိုယ္တိုင္ အမည္ေပးခဲ့သည္။ ေမေမက စာ႐ြက္ကို သိမ္းထားခဲ့တာပဲ။
ဒြန္းမိဘေတြ၏ အခန္းကို ရွင္းလင္းၿပီးေတာ့ ေဖေဖစီးခဲ့ဖူးတဲ့ ဂ်စ္ကားေဟာင္းေလးကို ဂိုေထာင္ထဲကထုတ္ကာ ျပန္လည္ေဆးေၾကာရန္ ျပင္လိုက္သည္။ အထဲမွာ ဘာေတြမ်ား ရွိမလဲလို႔ လွန္ေလွာရွာၾကည့္ေတာ့ ဖင္ထိုင္ခုံၾကားညပ္ေနသည့္ စာ႐ြက္လိပ္ကို ေတြ႕ရသည္။ ေတာ္ေတာ္ေလးကို စုတ္ျပတ္ေနခဲ့ၿပီ။
ဒြန္းလႊင့္ပစ္ဖို႔ လုပ္ရင္း စာ႐ြက္ထဲမွာ "နို"ဟူသည့္ စာလုံးကို ျမင္လိုက္ရေတာ့ လက္က ရပ္တန႔္သြားသည္။
နို စာလုံးအေရွ႕တြင္ ၿပဲေနေပမယ့္ ေအာက္တစ္ေၾကာင္းမွာ အသက္ဟု ေရးထားသည္။ ဒြန္းထင္တာမမွားလွ်င္ အေရွ႕စာေၾကာင္းက အမည္ဟု ေရးထားတာျဖစ္လိမ့္မည္။ မွင္ေတြက ပ်က္သည့္ေနရာက ပ်က္ စြန္းသည့္ေနရာက စြန္းေနတာေၾကာင့္ ႀကိဳးစား၍ ဖတ္ယူေနရသည္။ ေသြးစေတြ စြန္းေနသည္ဟု ထင္ရသည့္ စာ႐ြက္ေအာက္ဖ်ားေတြက သံေဂ်းတက္သကဲ့သို႔ ညစ္ပတ္ေနသည္။ နိုဗယ္လင္း၏ ေမြးေန႕ကလည္း ထိုထဲမွာ ေရးထားသည္။ အေဖ့လက္ေရးလည္း မဟုတ္သလို အေမ့လက္ေရးလည္း မဟုတ္တဲ့ ဒီစာက ဘယ္သူေရးထားတာလဲ။
November 18က ဒြန္းေရာ နိုဗယ္လင္းေရာ၏ ေမြးေန႕ဟု အေမက ေျပာခဲ့သည္။ အစက ဒြန္းထင္ခဲ့တာ နိုဗယ္လင္း ေမြးတဲ့ေန႕ အေမမသိလို႔ ထိုေန႕ကို သတ္မွတ္ေပးသည္ဟု။ အခုေတာ့ ဒီစာ႐ြက္ေပၚမွာ နိုဗယ္လင္း၏ အသက္ႏွင့္ ေမြးရက္ကို အတိအက်ေရးထားသည္။ ေနရပ္လိပ္စာေနရာတြင္ အေဝးေျပးဟူေသာ တစ္ေနရာသာ ဖတ္လို႔ရၿပီး က်န္သည့္ေနရာက ၿပဲေနသည္။
"နိုဗယ္လင္းရဲ႕ လိပ္စာက အေဝးေျပး က်စ္ ၿပီးေတာ့ ဘာလဲကြာ"
အေဝးေျပးလမ္းမ အရွည္ႀကီးကို ဒြန္းက ဘယ္လိုသြားရွာမလဲ။
"နိုဗယ္လင္း ခဏလာဦး ဒီကို"
အပင္ေအာက္မွာ ပန္းခ်ီဆြဲေနသည့္ နိုဗယ္လင္းကို ဒြန္းလွမ္းေခၚလိုက္သည္။ အနားကိုေရာက္လာေတာ့ ဒြန္းက စာ႐ြက္ကိုျပ၍ နိုဗယ္လင္းက ယူၾကည့္သည္။
"မင္း ဒီစာ႐ြက္ကို သိလား"
နိုဗယ္လင္းက အေတာ္ၾကာေအာင္ ၾကည့္ၿပီးမွ မ်က္လုံးေလးမ်ားျပဴးလာကာ ဒြန္းရင္းနီးေနၿပီျဖစ္သည့္ နာမည္တစ္ခုကို ေရ႐ြတ္သည္။
"စႏၵာ"
"ထပ္ၿပီးေတာ့ စႏၵာလား။ ေဟး နိုဗယ္လင္း။ ငါ့ကို ရွင္းေအာင္ ေျပာျပပါလားကြာေနာ္။ ငါလိုက္ရွာလို႔ရရင္ ရွာေပးမယ္ေလကြာ။"
နိုဗယ္လင္းက ဒြန္း အကၤ်ီစကို ဆြဲသည္။ သူ႕ေနာက္ကို လိုက္ခဲ့ေစခ်င္သည့္ ပုံစံ။ ဒြန္း သူ႕စိတ္တိုင္းက် ပန္းခ်ီဆြဲသည့္ ခုံကို လိုက္သြားေတာ့ နိုဗယ္လင္းက မိန္းမတစ္ဦး၏ ပုံကို ဆြဲထားသည္။ မ်က္ႏွာပုံ မပါေခ်။ ဒြန္းထင္တာမမွားလွ်င္ သူအရင္က ဆြဲခဲ့သည့္ ကေလးေလးနဲ႕ မိန္းမပုံထဲကျဖစ္မည္။
"သူ႕မ်က္ႏွာကို မမွတ္မိဘူးလား"
နိုဗယ္လင္းက ပုံကိုသာ စိုက္ၾကည့္ေနသည္။ ၿပီးေတာ့ သူက နာမည္တစ္ခုကိုပဲ ထပ္႐ြတ္သည္။
"စႏၵာ"
ဒြန္း အေတာ္ၾကာေအာင္ စဥ္းစားေနသည္။ ၿပီးေတာ့ သူ႕ေခါင္းထဲေပၚလာသည့္ အေတြးက
"မဟုတ္မွလြဲေရာ သူက မင္းအေမမ်ားလား"
နိုဗယ္လင္းက ဒြန္းကို ျပန္ၾကည့္သည္။ မ်က္လုံးဝိုင္းေလးေတြနဲ႕ ဒြန္းေမးတာအတြက္ အေျဖမရွိသည့္ႏွယ္။
"ေဆာရီး မင္းမွ ဆက္ႏြယ္မႈေတြ နားမလည္ေသးတာ အင္း ထားပါေတာ့ အဲ့ဒီေတာ့ သူက မင္းနဲ႕သိတဲ့ သူေပါ့ ဟိုေန႕က သူ႕ကို ဘတ္စ္ေပၚမွာ ေတြ႕လို႔ေျပးလိုက္သြားတာလား"
နိုဗယ္လင္းက ဒြန္းေျပာသည့္ စကားလုံးတစ္လုံးခ်င္းကို နားလည္ေအာင္ ႀကိဳးစားၿပီးေနာက္ ေခါင္းညိတ္ျပသည္။ ၿပီးေတာ့ ပုံကို လက္ညိုးထိုးျပၿပီး စာ႐ြက္ကို ဒြန္းလက္ထဲထိုးေပးသည္။
သူက ဘာသာစကားေတြကို နားလည္သည္။ ဒါေပမယ့္ ျပန္ေျပာနိုင္ျခင္းကေတာ့ ေတာ္ေတာ္ကို အခ်ိန္ယူမွ ရသည္။ သူ႕ေခါင္းထဲမွာ စာေတြစီေနလိမ့္မည္။ ေနာက္ဆုံးမွာေတာ့ အမူအရာနဲ႕ ျပဖို႔ပဲ သူတတ္နိုင္ေလသည္။
"ဟုတ္ၿပီ ငါသူ႕ကို ရွာၾကည့္ေပးမယ္ ၾကည့္ရတာ သူက မင္းအေၾကာင္းသိတဲ့ ေနာက္ဆုံးလူလည္း ျဖစ္ခ်င္ျဖစ္သြားနိုင္တာမလို႔"