အခန်း ၅၀
သော့
အဘိုးအိုက သူတို့ရှိရာဘက်သို့ သူ့နားကိုစောင်းငဲ့၍လှည့်လာသည်။ ၎င်းမှာ စိတ်လှုပ်ရှားနေဟန်ဖြင့် တစ်ချက်မျှတွန့်ခနဲအကြောဆွဲသွားသည်။ သူ့ကိုယ်ပေါ်၌ချည်နှောင်ထားသောသံချိန်းကြိုးများမှာ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့်အတူ တစ်ပြိုင်နက်တည်းမှာပင် တချွင်ချွင်တချွမ်ချွမ်မြည်သံတို့ထွက်ပေါ်လာတော့သည်။ ကျန်းချန်လင်က ကျိုးကျစ်ရှူးကိုမသိမသာလှမ်းဆွဲကာ ခပ်တိုးတိုးမေးမြန်းလာ၏။
"ဆရာ၊ အဲဒီသံချိန်းကြိုးတွေက သူ့လက်ပြင်ရိုးတွေထဲအထိ ဖောက်ဝင်နေတာလားဟင်"
ကျိုးကျစ်ရှူးက 'ရှူး' ဟုအသံပြုလိုက်ရင်း မျက်မှောင်ကြုတ်လျက်လှမ်းကြည့်လိုက်သည်__သံချိန်းကြိုးများမှာ အဘိုးအို၏ခန္ဓာကိုယ်အပေါ်ယံတွင်သာ ရိုးရိုးတန်းတန်းရစ်ပတ်ချည်နှောင်ထားတာမျိုးမဟုတ်ဘဲ သူ၏လက်ပြင်ရိုး၊ ဂုံညင်းရိုး စသဖြင့် အရိုးများအတွင်းထိတိုင်အောင် ထိုးစိုက်ဖောက်ဝင်နေခြင်းဖြစ်ကြောင်းတွေ့မြင်လိုက်ရသည်။ ဒဏ်ရာများမှာလည်း ပြည်ပုပ်ပြည်ခဲများယိုစိမ့်ထွက်နေလျက် အရိုးဟောက်ပက်သာကျန်ရစ်ခဲ့လေသည်။ ကျိုးကျစ်ရှူး၏အမြင်အရဆိုပါက ဤကဲ့သို့သောအခြေအနေမျိုးရောက်သည်အထိတိုင်အောင် အသက်ရှင်သန်နိုင်ရန်မှာ အလွန်တရာမလွယ်ကူသောကိစ္စတစ်ရပ်ဖြစ်သည်။
အဆောင်အတွင်း၌အနံ့အသက်ဆိုးဝါးလှပြီး အရပ်မျက်နှာတိုင်းတွင် ဆီးနံ့၊ ဝမ်းနံ့တို့ဖြင့်ညစ်ပတ်နံဟောင်နေ၏။ အဘိုးအို၏ကိုယ်ပေါ်ရှိအဝတ်အစားတို့မှာလည်း မူလအင်္ကျီအရောင်အဆင်းကိုပင်မတွေ့ရတော့သလို သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း လုံလောက်အောင်ဖုံးကာပေးနိုင်စွမ်းမရှိတော့ပါချေ။ သူ့ပုံစံမှာ တကယ့်ကိုပင် လူသားတစ်ယောက်နှင့်တူမနေတော့ပေ။ သူက ပါးစပ်ကိုဖွင့်ဟလိုက်သော်ငြား နှစ်ပေါင်းများစွာကြာမြင့်သည်အထိ စကားတစ်ခွန်းမျှမပြောခဲ့ရသူတစ်ယောက်နှယ် သူ၏စကားလုံးတို့မှာ နှေးကွေးလေးလံကာ ဗလုံးဗထွေးဖြစ်နေရှာ၏။ သူက ခြောက်ကပ်အက်ကွဲနေသောလေသံဖြင့် မေးမြန်းလိုက်သည်။
"မင်းတို့က....ဘယ်သူတွေလဲ၊ 'လုံ....ရှောက်' ရော"
ယဲ့ပိုင်ရီးက မေးခွန်းထုတ်လိုက်၏။
"လုံရှောက်ဆိုတာ ခုနက ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ ဒုက္ခိတကောင်ကိုပြောတာလား။ သူ သေသွားပြီ....သူက ခင်ဗျားနဲ့ဘာတော်လို့လဲ"
အနှီစကားကိုကြားသော် အဘိုးအိုမှာ တခဏမျှကြက်သေသေသွားရှာသည်။ ရုတ်ချည်းပင် သူ့ပါးစပ်ကို ခပ်ကျယ်ကျယ်ဖွင့်ဟလိုက်လေသည်။ မျက်နှာအမူအရာအရ သူ့ခမျာ အားရပါးရဟက်ဟက်ပက်ပက်အော်ဟစ်ရယ်မောလိုက်ချင်ပုံပေါက်နေသည့်တိုင် အသံတစ်သံမျှထွက်ပေါ်မလာခဲ့ပေ။ ထို့နောက်တွင်မူ သူ့မျက်ဝန်းထောင့်စွန်းထံမှ မည်းညစ်ညစ်မျက်ရည်ပေါက်တို့ ချက်ချင်းဆိုသလို အောက်သို့တလိမ့်လိမ့်စီးဆင်းလာပြီး ပျောက်ကွယ်သွားကြသည်။ ယဲ့ပိုင်ရီးကမူ သူ့ကိုအရေးမစိုက်ဘဲ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိသံချိန်းကြိုးများကို စစ်ဆေးကြည့်ရှုနေရင်း တငိုငိုတရယ်ရယ်နှင့် အရူးတပိုင်းဖြစ်နေရှာသောသူ့ကို သည်အတိုင်းလွှတ်ပေးထားလိုက်လေတော့သည်။
တအောင့်မျှကြာသော် ယဲ့ပိုင်ရီးက ကျိုးကျစ်ရှူးထံသို့လက်လှမ်းလိုက်၏။
"မင်းရဲ့ဓားကို ခဏပေးသုံးစမ်း"
၎င်းမှာ ပိုင်ရီးဓားကိုအသုံးပြုကာ အဆိုပါသံချိန်းကြိုးများကို ခုတ်ပိုင်းဖြတ်တောက်လိုခြင်းဖြစ်ကြောင်း ကျိုးကျစ်ရှူးသဘောပေါက်လိုက်သည်။ သို့ဖြစ်ရာ သူ့ဓားကိုလက်ကမ်းပေးလိုက်သည်။ ယဲ့ပိုင်ရီးက ဓားကိုလှမ်းယူပြီး သံချိန်းကြိုးတစ်ချောင်းကို အားဖြင့်ခုတ်ပိုင်းဖြတ်တောက်လိုက်၏။ ထို့နောက်တွင်မူ ဂျိုင်းခနဲအသံကျယ်ကြီးတစ်သံထွက်ပေါ်လာသော်ငြား အနှီသံချိန်းကြိုးမှာ အနည်းငယ်မျှမလှုပ်ရှားသွားသည့်အပြင် အချိုင့်ရာလေးတစ်ခုတလေသော်မျှထင်ကျန်သွားခြင်းမရှိခဲ့ပါချေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့လက်ထဲရှိ ပိုင်ရီးဓားသာလျှင် အဆက်မပြတ်တုန်ခါလှုပ်ယမ်းသွားရှာတော့သည်။
ကျိုးကျစ်ရှူးမှာ ထိုအဖြစ်အပျက်ကိုတွေ့မြင်ပြီးသကာလဝယ် အသည်းခိုက်အောင်နာကျင်သွားရသယောင်။
ထိုအဘိုးအိုက ရုတ်တရက်စကားဆိုလာ၏။
"မင်း အားကုန်ခံမနေနဲ့တော့....ဘာမှအသုံးမဝင်ဘူး"
ယဲ့ပိုင်ရီးက မေးခွန်းထုတ်လိုက်သည်။
"ခင်ဗျားက ဘယ်လိုဆိုးဝါးစက်ဆုပ်စရာကောင်းတဲ့ပြစ်မှုမျိုးကိုကျူးလွန်ခဲ့မိလို့ ဟိုဒုက္ခိတကောင်က ခင်ဗျားကိုအမုန်းကြီးမုန်းနေရတာလဲ"
အဘိုးအိုက တခဏမျှနှုတ်ဆိတ်သွားပြီးနောက်မှသာ ခွန်းတုံ့ပြန်လိုက်၏။
"သူ့အပေါ်မှာ ငါလုပ်ခဲ့မိတဲ့တစ်ခုတည်းသောအပြစ်ကတော့.....
သူ့လိုသားတစ်ယောက်ကို လူလားမြောက်အောင်ကျွေးမွေးစောင့်ရှောက်ခဲ့မိတာပဲ"
သူတို့အုပ်စုမှာ တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်လိုက်ကြသည်။
"မင်းက လုံချွဲ့ရဲ့ ရင်နှစ်သည်းချာသားရတနာလေးသာဖြစ်မနေဘူးဆိုရင်" ဟူသော ယဲ့ပိုင်ရီး၏စကားတစ်ခွန်းသည်ကား လုံရှောက်အား ထိုနေရာ၌ အဘယ်ကြောင့် တရှူးရှူးတရှဲရှဲဖြစ်ကာ အမျက်ဒေါသထွက်သွားစေခဲ့ရသနည်းဟူသည့်အဖြေကို သူတို့ယခုမှပင်သဘောပေါက်သွားရှာတော့သည်__အနှီအစားသရဲအဘိုးကြီးမှာ တကယ့်ကိုအံ့မခန်းပင်။ ဤကဲ့သသည်များလား"
အဘိုးအို၏မျက်နှာသွင်ပြင်မှာ တကယ့်ကိုပင် ကြည့်ကောင်းရှုပျော်မရှိတော့ပေရာ အနှီမျက်နှာမှာ ရုပ်ချောသလား၊ အကျည်းတန်သလား သို့တည်းမဟုတ် ပျော်ရွှင်နေသလော၊ ဝမ်းနည်းပူဆွေးနေသလော အစရှိသော မျက်နှာရိပ်မျက်နှာကဲတို့ကို ခန့်မှန်းဖတ်ရှုရန်မလွယ်ကူတော့ပါချေ။ သို့သော် 'ယွီကျွေး' ဟူသောနာမည်နှစ်လုံးကိုထုတ်ဖော်ပြောကြားလာချိန်တွင်မူ မျက်နှာပေါ်ရှိထူထဲပြွတ်သိပ်နေသောအရေးအကြောင်းတို့မှာ အတော်အတန်ပြေလျော့သွား၏။ သူ့နှုတ်ခမ်းထောင့်စွန်းပေါ်ရှိ နက်ရှိုင်းသောပါးရေတွန့်ရာတစ်ခုထဲတွင်မူ တလက်လက်တောက်ပနေသော မျက်ရည်စတစ်စက်တွဲလွဲခိုနေဆဲဖြစ်ကာ အောက်သို့ကျဆင်းမသွားခဲ့ပါချေ။ သူက သက်ပြင်းချလျက်ဆို၏။
"သူက အဲဒီကလေးကိုမွေးပြီးပြီးချင်းပဲ ဆုံးပါးသွားခဲ့တာ။ ယွီကျွေးမရှိတော့တဲ့နောက်ပိုင်းမှာ ငါဟာ ရုပ်သေးအိမ်တော်ကိုတည်ဆောက်ခဲ့ပြီး အစေခံတွေအားလုံးကိုပြန်လွှတ်ခဲ့တယ်"
ကျန်းချန်လင်ခမျာ ဝမ်းခယ့်ရှင်ကိုအံ့သြတကြီးလှမ်းကြည့်လိုက်လေတော့သည်။ ဤဝမ်းလူကြီးမင်းမှာ အံ့မခန်းအစွမ်းထက်လှပြီး ဤစကားမျိုးကိုပင် ကွက်တိဒက်ထိမှန်ကန်အောင်ပြောဆိုနိုင်စွမ်းရှိသည်ဟု သူ့စိတ်ထဲတွင်တွေးတောမိလေသည်။ အဘိုးအိုက စကားဆက်သည်။
"ဒီတိရစ္ဆာန်ကောင်လေးကို ကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုစောင့်ရှောက်ပါ့မယ်ဆိုပြီး ယွီကျွေးကို ငါကတိပေးခဲ့တယ်။ ဒါပေမဲ့ ဒီကလေးက မွေးကတည်းက မတ်တပ်မရပ်နိုင်တဲ့ကလေးဖြစ်နေခဲ့တယ်။ ဒါနဲ့ ငါလဲ ငါ့ဘဝတစ်လျှောက်လုံးသင်ယူခဲ့တဲ့ အတွေ့အကြုံဗဟုသုတပေါင်းစုံကို သူ့ကိုအိတ်သွန်ဖာမှောက်သင်ကြားပေးခဲ့တယ်။ တကယ်လို့ ဒီကလေးဟာ တခြားအရည်အချင်းတွေမရှိဘူးဆိုရင်တောင်မှ သူ့ဘဝသူ ကောင်းကောင်းမွန်မွန်ရပ်တည်ရှင်သန်နိုင်တဲ့အရည်အချင်းလေးတော့ရသွားပါစေ ဆိုတဲ့အတွေးနဲ့ပေါ့လေ....အိုင်း"
ယဲ့ပိုင်ရီးက မေးခွန်းထုတ်လိုက်၏။
"အဲ့လိုဆိုမှတော့ သူက ခင်ဗျားကို ဘာလို့ဖမ်းချုပ်ထားရတာလဲ"
အဘိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တဆတ်ဆတ်တုန်ယင်လာတော့သည်။ အချိန်အတန်ကြာနှုတ်ဆိတ်နေပြီးကာမှ ခပ်တိုးတိုးပြောလာသည်။
"ရင်းရန်ကျမ်းကြောင့်ပဲ"
ကျန်းချန်လင်မှလွဲ၍ ကျန်လူသုံးယောက်လုံး၏မျက်ဝန်းအကြည့်များမှာ လေးနက်တည်တံ့သွားကာ အနှီမသေမရှင်ဖြစ်နေသောအဘိုးအိုကို မျက်တောင်မခတ်စတမ်းစူးစိုက်ကြည့်ရှုနေကြလေသည်။ ကျိုးကျစ်ရှူးက တိုးလျစွာမေးမြန်းလိုက်သည်။
"ရုံသခင်မရဲ့ ရင်းရန်ကျမ်းစာအုပ်ကိုပြောတာလား"
အဘိုးအိုက ခေါင်းညိတ်ပြလျက် ဖြည်းလေးစွာပြောလာ၏။
"ရင်းနဲ့ရန်ဟာ ပြောင်းပြန်စီးဆင်းသွားတဲ့အခါ သေပြီးသားအရာတွေဟာ အသွေးအသား၊ အရိုးတွေပြန်လည်ဖြစ်တည်လာလိမ့်မယ်"
ယုံတမ်းစကားများအရဆိုပါလျှင် နတ်ဆေးဆရာတောင်ကြား၏အထွတ်အမြတ်ပစ္စည်းသည်ကား ကမ္ဘာလောကကြီးပေါ်ရှိ ကုသရန်ခက်ခဲသောရောဂါဝေဒနာများကို ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ အကုန်အစင်ပျောက်ကင်းသက်သာအောင်ကုသပေးနိုင်စွမ်းရှိသည်ဟုဆိုကြသည်။ အစိမ်းရောင်မြေခွေးမိစ္ဆာသည်ပင်လျှင် ထိုအရာမှာ သူ(မ)၏မျက်နှာကိုကုသပေးနိုင်လိမ့်မည်ဟုမျှော်လင့်နေပေရာ မည်သူကများ အလွန်အင်မတန်ရည်မှန်းချက်ကြီးမားသော မွေးရာပါဒုက္ခိတတစ်ယောက်ထက်ပင် ထိုအရာကိုအရူးအမူးလိုလားတောင့်တနေပါအံ့နည်း။
ကျိုးကျစ်ရှူး၏အတွေးများမှာလှစ်ခနဲဖြတ်သန်းသွားပြီးနောက် မေးမြန်းလိုက်၏။
"ရင်းရန်ကျမ်းကို ဖုန်းရှန်းဓားသိုင်းနဲ့ လျို့ဟယ်စိတ်ကျင့်စဥ်ကျမ်းတို့နဲ့အတူ ကျောက်သလင်းပြာထဲမှာ ဟိုးအရင်ကတည်းက အတူတူထည့်သွင်းချိပ်ပိတ်ထားခဲ့တာမဟုတ်ဘူးလား။ ဧကန္တ ကျောက်သလင်းပြာက ခင်ဗျားဆီမှာရှိနေတယ်လို့ သူကထင်နေတာများလား"
"ကျောက်သလင်းပြာလား"
အဘိုးအိုက တစ်ချက်မျှရယ်သွမ်းသွေးလိုက်ရင်း ခေါင်းတယမ်းယမ်းဖြင့်ဆို၏။
"မင်းတို့တွေဟာလေ အားလုံးမှားယွင်းနေကြတာပဲ။ ကျောက်သလင်းပြာဆိုတဲ့ပစ္စည်းကို ဟိုးတုန်းက ငါကိုယ်တိုင်ပြုလုပ်ဖန်တီးခဲ့တာလေ။ ဒါပေမဲ့ အဲဒီပစ္စည်းက အမှန်တော့ သော့ခလောက်တစ်ခုပဲ။ တကယ်လို့ သူ့အထဲမှာထည့်သွင်းချိပ်ပိတ်ထားတဲ့အရာတွေကို လိုချင်တယ်ဆိုရင် ကျောက်သလင်းပြာအစိတ်အပိုင်း ငါးပိုင်းရှိလဲအသုံးမဝင်ဘူး။ ခြောက်ပိုင်း၊ ခုနစ်ပိုင်း၊ ရှစ်ပိုင်းပဲရှိရှိ ဘာဆိုဘာမှအသုံးဝင်မှာမဟုတ်ဘူး။ သူ့မှာလိုအပ်နေတာက သော့တစ်ချောင်းပဲ"
ယဲ့ပိုင်ရီးက မျက်ခုံးတစ်ချက်ပင့်လျက်ဆို၏။
"အဲဒီသော့က ခင်ဗျားဆီမှာရှိတယ်ပေါ့"
အဘိုးအိုက တည်တံ့တောင့်တင်းစွာဖြေကြားလိုက်သည်။
"ငါ့ဆီမှာ မရှိဘူး"
ယဲ့ပိုင်ရီးကလည်း အလျှော့မပေးဘဲဆက်မေးပြန်သည်။
"ခင်ဗျားလက်ထဲမှာမရှိလို့ ဘယ်သူ့လက်ထဲမှာရှိရမှာလဲ"
အဘိုးအိုက သူ့ကိုယ်သူတစ်ချက်မျှလှောင်ရယ်လိုက်သည်။
"အေးလေ၊ မင်းမယုံသလို သူလဲ မယုံဘူးလေ"
ကျိုးကျစ်ရှူးက သူ့ကိုအတန်ကြာသည်အထိ ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်ပြီးသော် ကောက်ခါငင်ခါမေးမြန်းလိုက်၏။
"လုံလူကြီးမင်း၊ အဲဒါဆို အဲဒီသော့ ဘယ်သူ့လက်ထဲမှာရှိနေသလဲဆိုတာကို လူကြီးမင်းသိထားတယ်နဲ့တူတယ်"
အဘိုးအိုက ကျိုးကျစ်ရှူးကိုမြင်နိုင်စွမ်းရှိသည့်အလား သူရှိရာဘက်သို့လှည့်လာကာ သူ့ကိုမျက်နှာချင်းဆိုင်လိုက်ပြီး ခေါင်းတညိတ်ညိတ်ဖြင့်ဆို၏။
"အမှန်ပဲ၊ ငါ သိထားခဲ့တယ်__အဲဒီအချိန်တုန်းက ငါကတိသစ္စာဆိုခဲ့တာရှိတယ်။ အဲဒီသော့ရဲ့တည်နေရာကို ဘယ်သူ့ကိုမှမပြောပါဘူးလို့။ လုံရှောက်.....လုံရှောက် အဲဒီကလေးကတော့ သွက်သွက်ခါအောင်ရူးသွားခဲ့တာပေါ့လေ"
ယဲ့ပိုင်ရီးက မျက်လုံးများကိုမှေးစင်းကာ အတင်းအဓမ္မအစ်အောက်မေးမြန်းလာပြန်၏။
"ဒါဆိုရင် ခင်ဗျားက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်တုန်းက ရုံရွှမ့်နဲ့တခြားလူတွေ ဘာတွေဖြစ်ပျက်ခဲ့ကြသလဲဆိုတာကို အတွင်းသိအစင်းသိ သိနေတဲ့သူပေါ့"
အဘိုးအိုက ခပ်မဆိတ်ပင်ခေါင်းညိတ်ပြလာ၏။ ရုတ်တရက် ယဲ့ပိုင်ရီးထပ်မံမေးမြန်းမလာခင်မှာပင် သူက ဦးစွာပြောကြားလာသည်။
"ငါပြောပြနိုင်မှာမဟုတ်ဘူး။ ရုံရွှမ့်တို့ဇနီးမောင်နှံနှစ်ယောက်က ငါ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ အသက်သခင်ကျေးဇူးရှင်တွေပဲ။ ရုံကတော်ကို ငါကတိပေးခဲ့ဖူးတယ်။ ငါမပြောပြနိုင်ဘူး"
ယဲ့ပိုင်ရီးက အေးတိအေးစက်ဆိုလိုက်သည်။
"ဒါက ခင်ဗျားဆုံးဖြတ်ရမဲ့ကိစ္စမှမဟုတ်တာ"
အဘိုးအိုက ရယ်မောကာ သူ့ခြေထောက်တစ်ဖက်ကို အားကုန်သုံးလျက် ခက်ခက်ခဲခဲလှုပ်ရှားလိုက်၏။ ဂုံညင်းရိုးကိုထွင်းဖောက်စိုက်ဝင်နေသည့် သံချိန်းကြိုးတစ်ချောင်းကို ဟိုစမ်းသည်စမ်းဖြင့် ကိုင်တွယ်ပင့်မြှောက်ပြကာ ယခင်အတိုင်း ဘာမျှမဖြစ်သလို မှင်သေသေစကားဆိုလိုက်သည်။
"မပြောတော့ရော မင်းက ငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ။ လုံရှောက်ဆိုတဲ့ တိရစ္ဆာန်ကောင်လေးကတောင် ငါ့ကို သုံးနှစ်လုံးလုံးဖမ်းချုပ်ထားခဲ့ပြီးပြီပဲဟာ။ မင်းက ငါ့ကို ဘာများထပ်လုပ်နိုင်အုံးမှာမို့လို့လဲကွာ"
ခုတင်တိုင်ကိုအားပြုမှီခိုထားလျက် အဝင်သာရှိပြီးအထွက်မရှိသောအသက်ရှူသံများဖြင့် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသောခပ်ရေးရေးအပြုံးတစ်ခုကိုဆင်မြန်းထားရင်း မည်သည့်အရာကိုမျှဂရုမစိုက်သောဟန်ပန်အမူအရာမျိုးကိုသယ်ဆောင်ထားသည့် ထိုအဘိုးအိုကိုကြည့်နေရင်း ကျိုးကျစ်ရှူးတစ်ယောက် လွန်လေပြီးသောခေတ်အခါက စစ်သူကြီးဖန်ခွိုက် ရေရွတ်မြည်တမ်းခဲ့ဖူးသောစကားတစ်ခွန်းကို ရုတ်ချည်းအမှတ်ရသွား၏။ "သေခြင်းတရားကိုတောင်မကြောက်မှတော့ ဘာကြောင့်များ သေရည်တစ်ခွက်ကိုငြင်းဆန်နေရအုံးမှာလဲ" ဟူသည့်စကားတစ်ခွန်းပင်တည်း။ အနှီလုံချွဲ့ဟူသောပုဂ္ဂိုလ်ကား မည်ကဲ့သို့သောလူမျိုးဖြစ်သလဲဆိုသည်ကို မခန့်မှန်းမတွေးဆဘဲ မနေနိုင်အောင်ဖြစ်သွားရှာတော့သည်။
အံ့ချီးဖွယ်ထူးခြားဆန်းပြားသောအရည်အသွေးများကိုပိုင်ဆိုင်ထားသူ။ တစ်ယောက်သောသူအတွက် အလွန်အင်မတန် လူသူကင်းဝေးသောအရပ်ဒေသတစ်ခုတွင်ဇာတ်မြှုပ်နေထိုင်ခဲ့သူ။ နတ်ဘုရားများနှင့်တစ္ဆေသရဲများပင် မှန်းဆနိုင်ခြင်းမရှိသော ရုပ်သေးအိမ်တော်တစ်ခုလုံးကို ကိုယ့်လက်ကိုယ်ခြေဖြင့် ကိုယ်တိုင်ကိုယ်ကျဖန်တီးတည်ဆောက်ခဲ့သူ။ ထိန်းသိမ်းစောင့်စည်းအပ်သောကတိစကားတစ်ခွန်းအတွက်၊ လျှို့ဝှက်ချက်တစ်ခုကိုစောင့်ထိန်းရန်အတွက် သူ၏သွေးသားအရင်းအချာကိုတောင်မှ ဖွင့်ဟပြောကြားခြင်းမပြုဘဲ သုံးနှစ်သုံးမိုးလုံး လူ့ဘုံငရဲတမျှ ကြမ်းတမ်းရက်စက်သောဘဝတွင်ရှင်သန်နေထိုင်ခဲ့ရသူ__ကျိုးကျစ်ရှူး ရုတ်တရက်ခံစားလိုက်ရသည်။ သေမင်းတံခါးဝသို့ရောက်နေပြီဖြစ်သော သူ့မျက်စိရှေ့မှ အနှီအဘိုးအိုမှတစ်ပါး ကျန်းဟူတစ်လွှားဝယ် မိမိကိုယ်မိမိကြီးကျယ်မြင့်မြတ်လှပါသော သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ဖော်ကြွေးကြော်နိုင်သောလူ နောက်ထပ်မရှိနိုင်တော့ပြီဟူသည့်အတွေးပင်။
သူ့ကိုဖက်တွယ်ထားသော ဝမ်းခယ့်ရှင်၏လက်မောင်းမှာ ရုတ်တရက်တင်းကျပ်သွား၏။ ကျိုးကျစ်ရှူးတစ်ကိုယ်လုံးကို သူ့ခန္ဓာကိုယ်ထဲသို့ အလုံးစုံထိုးသိပ်ထည့်သွင်းထားတော့မယောင်။ ကျိုးကျစ်ရှူးက ခပ်ရေးရေးမျက်မှောင်ကြုတ်ကာ သူ့ကိုလှည့်ကြည့်လိုက်သော်ငြား ဝမ်းခယ့်ရှင်သည်ကား လုံချွဲ့ကိုမမှိတ်မသုန်ငေးစိုက်ကြည့်ရှုနေသည်ကိုသာတွေ့မြင်လိုက်ရ၏။ သူ့မျက်နှာထက်ဝယ် ပြည်တည်တည်ပြောင်ချော်ချော်အပြုံးရိပ်များရှိမနေတော့ပါချေ။ အတိုင်းထက်အလွန်နက်မှောင်လှသော သူ့မျက်ဝန်းများထဲတွင် ရေတံလျှပ်တစ်ခုလှစ်ခနဲဖြတ်သန်းသွားသလို ကျိုးကျစ်ရှူးခံစားလိုက်ရသည်။ သို့သော် ထိုအရာမှာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။
ယဲ့ပိုင်ရီးကို လှမ်းအော်လိုက်သည့်အသံကိုသာလျှင်ကြားလိုက်ရလေသည်။
"ဟေး...မိစ္ဆာအိုကြီး၊ သူများမပြောချင်တဲ့ကိစ္စကို ခင်ဗျားက ဘာဖြစ်လို့ စိတ်ဒုက္ခလိုက်ပေးနေရတာလဲ"
ယဲ့ပိုင်ရီးက သူ့ကိုအရေးမလုပ်ဘဲ လုံချွဲ့၏လက်မောင်းကိုဆုပ်ကိုင်လိုက်ရင်း အေးတိအေးစက်ပြောလာ၏။
"ငါ ဘာကျောက်သလင်းပြာအကြောင်းမှလဲ မသိချင်ဘူး။ ဘာသော့အကြောင်းမှလဲမသိချင်ဘူး။ ငါမေးချင်တာ တစ်ခုတည်းပဲရှိတယ်။ အဲဒီအချိန်တုန်းက ရုံရွှမ့်နဲ့သူ့ဇနီးသည်တို့နှစ်ယောက် ဘယ်လိုသေသွားခဲ့ရသလဲဆိုတာပဲ"
၎င်းသည်ကား အလွန်အမင်းတင်းကျပ်စွာဆုပ်ကိုင်ထားသောကြောင့် သူ့လက်ဖမိုးပေါ်ရှိ စိမ်းဖန့်ဖန့်သွေးကြောများမှာ အပြိုင်းပြိုင်းထောင်ထလာတော့သည်။ လုံချွဲ့၏မျက်နှာထက်ဝယ် နာကျင်မှုအရိပ်အယောင်တို့ယှက်သန်းလာနေသည့်တိုင် ၎င်းမှာ ယခင်အတိုင်းပြောမြဲပြောနေဆဲဖြစ်သည်။
"ငါ မသိ...."
ဝမ်းခယ့်ရှင်က မျက်မှောင်ကြုတ်သွားပြီး ကျိုးကျစ်ရှူးကိုလွှတ်ပေးကာ ကျန်းချန်လင်ထံသို့ လက်လွှဲပေးလိုက်၏။ ဘာရယ်ကြောင့်မှန်းမသိ ၎င်းမှာ ဒေါသတကြီးအော်ဟစ်လိုက်လေတော့သည်။
"မိစ္ဆာအိုကြီး ခင်ဗျား မတော်သေးဘူးလား"
ထို့နောက်တွင်မူ ဘာမပြောညာမပြောနှင့် ရုတ်တရက်လှုပ်ရှားလာကာ ယဲ့ပိုင်ရီး၏နောက်ကျောဘက်ဆီသို့ ဦးတည်တိုက်ခိုက်လာတော့သည်။
ကျန်းချန်လင်မှာ တစ်ဖက်တွင် ကျိုးကျစ်ရှူးကိုတွဲထားရင်း တစ်ဖက်တွင်လည်း မျက်စိများကျိန်းစပ်ပြာဝေသွားအောင်တိုက်ခိုက်နေကြသော ယဲ့ပိုင်ရီးနှင့် ဝမ်းခယ့်ရှင်တို့နှစ်ဦး၏တိုက်ပွဲကို ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းအမ်းငေးကြည့်နေရှာ၏။ အစောတုန်းက တစ်လှေတည်းစီးပြီးတစ်ခရီးတည်းသွားခဲ့ကြသူများမှာ ရုတ်ချည်းဆိုသလို ရန်သူတော်ကြီးများသဖွယ်ပြောင်းလဲသွားရသည့်အကြောင်းရင်းကို
သူ့ခမျာ နားမလည်နိုင်အောင်ဖြစ်နေတော့သည်။
သူတို့နှစ်ယောက်၏ရန်ပွဲသည်ကား နှယ်နှယ်ရရမဟုတ်ပါချေ။ သို့ဖြစ်ရာ လုံချွဲ့ကိုဖမ်းဆီးချုပ်နှောင်ထားသော အကျဥ်းထောင်လေးခမျာ စုတ်ပြဲထွက်သွားတော့မည့်အလား၊ သူတို့နှစ်ဦး၏တိုက်ခိုက်မှုအောက်တွင် တောင်များလှုပ်ယမ်းနေသည့်နှယ်၊ ဝသုန်မြေကြီးတုန်ဟီးနေသည့်နှယ် ယိမ်းထိုးခါယမ်းနေရှာတော့သည်။ ဝမ်းခယ့်ရှင်၏တိုက်ကွက်များမှာ ရက်စက်ကြမ်းကြုတ်ကာ ထောက်ထားညှာတာခြင်းမရှိပါချေ။ ယဲ့ပိုင်ရီးက စိတ်ဆိုးမာန်ဆိုးဖြင့်ဆဲရေးတိုင်းထွာလိုက်၏။
"ကောင်စုတ်လေး...မင်း ရူးနေပြီလား"
ဝမ်းခယ့်ရှင်က အေးတိအေးစက်နှာမှုတ်လိုက်သည်။
"ခင်ဗျားကိုကြည့်မရလို့ကိုရိုက်တာလေ....မရဘူးလား"
ကျန်းချန်လင်က 'မသိလျှင်မေး' ဆိုသည့်စကားအတိုင်း ကျိုးကျစ်ရှူးကိုမေးမြန်းလိုက်၏။
"ဆရာ....."
ကျိုးကျစ်ရှူးကမူ သူ့ကိုလျစ်လျူရှုထားလျက် ခပ်တင်းတင်းမျက်မှောင်ကြုတ်သွား၏။ သူ့စိတ်ထဲတွင်ဖြစ်နိုင်ချေရှိသောအတွေးကောက်ကြောင်းတစ်ခု ရုတ်တရက်ပေါက်ဖွားလာကာ အသိဉာဏ်အလင်းပွင့်သွားရှာပြီး ကျန်းချန်လင်ကိုတွန်းဖယ်လိုက်ရင်း လုံချွဲ့ထံသို့လျှောက်လှမ်းသွားကာထိုင်ချလိုက်သည်။
လုံချွဲ့က နားကိုအသာစောင်းငဲ့ရင်း နားစွင့်ပြီးသော် မေးမြန်းလိုက်လေသည်။
"မင်း ဒဏ်ရာရထားတာလား"
ကျိုးကျစ်ရှူးက ဖြေကြားလိုက်၏။
"ခင်ဗျားရဲ့ သားတော်မောင်လက်ချက်လေ"
လုံချွဲ့က ရယ်မောလိုက်ပြီးသော် အက်ရှရှလေသံဖြင့်ဆို၏။
"ထားပါတော့၊ ငါ့ကိုကြည့်လိုက်၊ မင်းက သိပ်မဆိုးပါဘူး"
ကျိုးကျစ်ရှူးက စကားတစ်ခွန်းမျှမဆိုတော့ဘဲ သူ့ကိုယ်ပေါ်တွင်ချည်နှောင်ထားသော သံချိန်းကြိုးများကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးလိုက်သည်။ စက်ယန္တရားပစ္စည်းများနှင့်ပတ်သက်လာလျှင် ၎င်းမှာ ထိုအကြောင်းကို နကန်းတစ်လုံးမျှနားမလည်ပါချေ။ သို့သော် သူတစ်ပါးကိုညှင်းပန်းနှိပ်စက်ရမည့် ပစ္စည်းကိရိယာတန်ဆာပလာများနှင့်ပတ်သက်လာလျှင်မူ ကောင်းကင်ပြတင်းအဖွဲ့၏ခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်သော သူ့ထက် မည်သူကမျှ ပို၍နှံ့နှံ့စပ်စပ်သိနားလည်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ကျိုးကျစ်ရှူးမှာ အဆိုပါသံချိန်းကြိုးများကို အချိန်အတန်ကြာ အပြန်ပြန်အလှန်လှန်ကြည့်ရှုစစ်ဆေးပြီးသည့်တိုင်အောင် ၎င်းတို့ကို မည်သည့်ပစ္စည်းဖြင့်ပြုလုပ်ထားမှန်းခွဲခြားနိုင်စွမ်းမရှိခဲ့ပါချေ။ သို့နှင့် သူလက်မြှောက်အရှုံးပေးလိုက်ရင်း လုံချွဲ့ကိုပြောလိုက်၏။
"ကျွန်တော်လဲ ဘာမှမတတ်နိုင်တော့ဘူး။ အခု ခင်ဗျားသားလဲ သေသွားပြီဆိုတော့ ခင်ဗျားဘယ်လိုလုပ်မလဲ"
လုံချွဲ့က တခဏမျှစဥ်းစားပြီးသော် တည်ငြိမ်အေးဆေးစွာဖြေကြားလိုက်သည်။
"ဒါဆိုလဲ သေရုံပဲရှိတော့တာပေါ့__ငါက အစောကြီးကတည်းက သေသင့်တာကြာလှပြီ။ သူက ငါ့ကိုပေးမသေလို့သာ။ အခုတော့ ငါ့ကိုအရေးလုပ်မဲ့လူတစ်ယောက်မှမရှိတော့ဘူး။ ငါ့ဘဝတစ်လျှောက်လုံးမှာ နောင်တအရဆုံးကိစ္စတစ်ခုကတော့ ယွီကျွေးရဲ့သားလေးကို ကောင်းကောင်းမွန်မွန် မသွန်သင်မပျိုးထောင်ခဲ့မိတာကိုပဲ။ သူက ငါ့ရဲ့သားဆိုလဲဟုတ်ပါတယ်။ ဒါပေမဲ့ သူ့ကိုမြင်တဲ့အခါတိုင်း ယွီကျွေးရဲ့အသက်ကိုနုတ်ယူသွားတဲ့ကောင်လို့ပဲ အမြဲတမ်းခံစားမိနေခဲ့တာ။ တကယ်လို့သာ ဟိုးတုန်းက ငါ သူ့အပေါ်နည်းနည်းလေးပဲဖြစ်ဖြစ် ဖခင်ကောင်းတစ်ယောက်ပီသစွာဆက်ဆံခဲ့မယ်ဆိုရင် သူ့ကို ဒီလိုမျိုးဒုက္ခရောက်စေခဲ့မိမှာ မဟုတ်ဘူး"
ထိုစကားများမှာယုတ္တိရှိသည်ဟု ကျိုးကျစ်ရှူးခံစားလိုက်ရသည့်တိုင် သူ့ကိုမည်သို့မည်ပုံအားပေးနှစ်သိမ့်ရမလဲဆိုသည်ကိုမသိတော့ပါချေ။ အဆုံးတွင်မူ သူက ဘွင်းဘွင်းရှင်းရှင်းဝန်ခံလိုက်လေသည်။
"မဆိုးပါဘူး"
ထိုအခိုက် ယဲ့ပိုင်ရီးနှင့်ဝမ်းခယ့်ရှင်တို့နှစ်ယောက်၏လက်ချက်ကြောင့် တကယ့်ကိုပင် အိမ်ခေါင်မိုးတစ်ခုလုံးလွင့်ထွက်သွားရှာတော့သည်။ နှစ်ယောက်သားမှာ အပြင်သို့ခုန်ထွက်လိုက်ပြီးသော် ဆက်လက်တိုက်ခိုက်နေကြပြန်သည်။ အဆိုပါမှောင်မည်းနေခဲ့သော အကျဥ်းထောင်ငယ်လေးမှာ လင်းလင်းကျင်းကျင်းဖြစ်သွားတော့သည်။ လုံချွဲ့မှာ နေရောင်ခြည်ကိုအာရုံခံစားလိုက်ရသည့်နှယ် သူ့လက်တစ်ဖက်ကို ကတုန်ကယင်ဆန့်တန်းလိုက်ရင်း အလွန်တရာကျေနပ်ပီတိဖြစ်စွာ သက်ပြင်းတစ်ချက်ချလိုက်၏။
ကျိုးကျစ်ရှူး ထပ်မံ၍စကားပြောရန်ပြင်လိုက်စဥ်မှာပင် အိမ်အပြင်ဘက်တွင်ရှိနေသော ယဲ့ပိုင်ရီးထံမှ သည်းခံနိုင်စွမ်းကုန်ခမ်းသွားသည့်နှယ် ဒေါသတကြီးအော်ဟစ်ဆဲရေးသံကိုကြားလိုက်ရလေတော့သည်။
"ဒီကောင်စုတ်လေးကလဲ အရေးထဲဘာတွေလာရှုပ်နေတာလဲ။ ဒီမယ် လုံမျိုးရိုး၊ အဲဒီအချိန်တုန်းက ရုံရွှမ့်ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါသိကိုသိရမှဖြစ်မယ်။ ဘာလို့လဲဆိုတော့ သူက ငါ့တပည့်မို့လို့ပဲ"
ထိုစူးစူးဝါးဝါးအော်ဟစ်သံကြောင့် လုံချွဲ့သည်ပင် တုံ့ဆိုင်းရပ်တန့်သွားရှာ၏။ ယဲ့ပိုင်ရီးကိုဖြတ်ကန်ရန်ဟန်ပြင်နေသည့် ဝမ်းခယ့်ရှင်၏ခြေထောက်တစ်ဖက်မှာလည်း လေထုထဲတွင် ကိုးရိုးကိုးယားပုံစံအနေအထားဖြင့် အတောင့်သားရပ်တန့်သွားလေတော့သည်။ ၎င်းမှာ ယဲ့ပိုင်ရီးကိုအထူးအဆန်းသဖွယ်အကဲခတ်ကြည့်ရှုနေရင်း စိတ်ထဲ၌အတွေးပွားမိသည်။
ရုံရွှမ့်နဲ့လုံချွဲ့တို့က သက်တူရွယ်တူတွေဖြစ်တဲ့အပြင် ယဲ့ပိုင်ရီးက ရုံရွှမ့်ရဲ့ဆရာလို့ပြောနေတော့ ဧကန္တ အဲဒီယဲ့မျိုးရိုးကြီးက အနှစ်ထောင်သောင်းချီသက်တမ်းရှိတဲ့ လိပ်ဘိုးဘိုးကြီးများလား
ယဲ့ပိုင်ရီးက သူ့ကိုအေးတိအေးစက်စိုက်ကြည့်လိုက်ပြီးသော် နောက်သို့လှည့်ကာ အိမ်ထဲသို့ပြန်ဝင်သွားသည်။ သူက လုံချွဲ့၏အရှေ့တည့်တည့်တွင် အပေါ်စီးမှအုပ်မိုး၍ရပ်ကြည့်နေရင်း ခက်ထန်မာကြောစွာပြောလာ၏။
"ဟိုတုန်းက ရုံရွှမ့်ဆိုတဲ့ကောင်က ငါ့ဆီကနေ လျို့ဟယ်စိတ်ကျင့်စဥ်ကျမ်းစာအုပ်တစ်ဝက်ကိုအလစ်သုတ်သွားပြီး တောင်အောက်ကိုဆင်းသွားခဲ့တယ်။ အဲဒီနောက်ပိုင်း တစ်ခါမှကိုပြန်မလာတော့ဘူး။ ဒီနေ့ဒီအချိန်မှာတော့ သူချန်ထားခဲ့တဲ့ပစ္စည်းကြောင့် အလယ်ပိုင်းမြေပြန့်လွင်ပြင်က သိုင်းလောကတစ်ခွင်လုံး ရှန်းဟယ်အမိန့်ပြားကိုဆင့်ခေါ်ရတဲ့ အခြေအနေထိရောက်သွားရပြီလေ။ ဒါနဲ့တောင် အရင်တုန်းက ဘာတွေဘယ်လိုဖြစ်ခဲ့သလဲဆိုတာကို ငါက သိခွင့်မရှိသေးဘူးလား"
လုံချွဲ့က မေးလာ၏။
"ခင်ဗျားက ယဲ့....ယဲ့...."
"ငါက ယဲ့ပိုင်ရီးပဲ"
လုံချွဲ့က အသက်ပြင်းပြင်းရှိုက်ရှူသွင်းလိုက်ရင်း ခေါင်းကိုယမ်းကာ သက်ပြင်းချလိုက်သည်။
"လတ်စသတ်တော့ လူကြီးမင်းက အခုချိန်ထိ သက်ရှိထင်ရှားရှိနေသေးတာပဲ..."
မုတ်ဆိတ်ကျင်စွယ်များနှင့်ဆံနွယ်များ ဆွတ်ဆွတ်ဖြူဖွေးနေပြီဖြစ်သော သက်ကြီးပိုင်းအရွယ်အဘိုးအိုတစ်ယောက်က ငယ်ရွယ်ပျိုမျစ်ဆဲ မျက်နှာပိုင်ရှင်လူငယ်လေးတစ်ယောက်အား 'လူကြီးမင်း' ဟု ခေါ်ဝေါ်သုံးနှုန်းနေသည့် မျက်စိရှေ့မှမြင်ကွင်းကိုမြင်ရသည်မှာ အလွန်တရာထူးဆန်းအံ့ဩဖွယ်ကောင်းနေတော့သည်။
ကျိုးကျစ်ရှူးက ခေတ္တခဏမျှတွေးတောလိုက်ပြီးသော် စကားဖြတ်ပြောလိုက်သည်။
"ကျွန်တော် ရုပ်သေးအိမ်တော်ထဲက ထောင်ချောက်ယန္တရားတွေကို မှားယွင်းပြီးဖြတ်ကျော်လာခဲ့တုန်းက အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်အသွင်သဏ္ဌာန်ရှိတဲ့ လူသားရုပ်သေးရုပ်နှစ်ရုပ်နဲ့တွေ့ခဲ့ရတယ်။ ဒီရုပ်သေးအိမ်တော်မှာ ရုပ်သေးရုပ်တွေအများကြီးရှိပေမဲ့ အားလုံးဟာ ခေါင်းပြောင်ပြောင်၊ ဗလာမျက်နှာနဲ့ စက်ပစ္စည်းတွေလိုတောင့်တင်းနေကြတာချည်းပဲ။ ဘယ်ရုပ်သေးရုပ်ကမှ အဲဒီရုပ်သေးရုပ်စုံတွဲလောက် တကယ့်လူအစစ်နဲ့ချွတ်စွပ်တူနေတာမျိုးမတွေ့ခဲ့ရဘူး။ လုံလူကြီးမင်း....လူကြီးမင်းရဲ့ အဲဒီရုပ်သေးရုပ်စုံတွဲက ဧကန္တ လူကြီးမင်းနဲ့လူကြီးမင်းရဲ့ဇနီးသည်ပုံစံကို ဖန်တီးထွင်းထုထားတာလား၊ ဒါမှမဟုတ် ရုံရွှမ့်တို့ဇနီးမောင်နှံနှစ်ယောက်များလား"
လုံချွဲ့က မျက်လုံးများမှိတ်ချလိုက်သည်။ အချိန်အတန်ကြာသောအခါမှသာ တုံ့ပြန်ဖြေကြားလာ၏။
"ရုံရွှမ့်နဲ့ သူ့ရဲ့ဇနီးသည်တို့ပါပဲ"
ကျိုးကျစ်ရှူးက တိုးညင်းစွာဆိုလိုက်သည်။
"အဆုံးမှာတော့ အဲဒီရုပ်သေးရုပ်နှစ်ရုပ်ဟာ တစ်ယောက်ဦးခေါင်းကို တစ်ယောက်အပြန်အလှန်ထုထောင်းရိုက်ပုတ်ကြရင်း အလုံးစုံပျက်စီးသွားခဲ့ကြတယ်"
လုံချွဲ့၏လက်အစုံမှာ တစ်ချက်မျှမသိမသာတုန်ယင်သွား၏။ ယဲ့ပိုင်ရီးက တစ်ဆက်တည်းမေးမြန်းလိုက်သည်။
"ရုံရွှမ့်က မိစ္ဆာလမ်းစဉ်ပေါ်ကိုရောက်သွားခဲ့တာလား"
လုံချွဲ့က အသံတိတ်ခေါင်းညိတ်ပြလိုက်ရင်း စကားဆက်သည်။
"အမှန်ပါပဲ။ ရုံကတော် မသေဆုံးခင်မှာပဲ ရုံရွှမ့်ဟာ မိစ္ဆာလမ်းစဉ်ပေါ်ရောက်သွားခဲ့တာ။ ရုံကတော်ဟာလဲ သူ့လက်ပေါ်မှာပဲအသက်ဆုံးပါးခဲ့ရတယ်"
*******
Zawgyi
အခန္း ၅၀
ေသာ့
အဘိုးအိုက သူတို႔ရွိရာဘက္သို႔ သူ႕နားကိုေစာင္းငဲ့၍လွည့္လာသည္။ ၎မွာ စိတ္လႈပ္ရွားေနဟန္ျဖင့္ တစ္ခ်က္မွ်တြန့္ခနဲအေၾကာဆြဲသြားသည္။ သူ႕ကိုယ္ေပၚ၌ခ်ည္ေႏွာင္ထားေသာသံခ်ိန္းႀကိဳးမ်ားမွာ ခႏၶာကိုယ္လႈပ္ရွားမႈႏွင့္အတူ တစ္ၿပိဳင္နက္တည္းမွာပင္ တခြၽင္ခြၽင္တခြၽမ္ခြၽမ္ျမည္သံတို႔ထြက္ေပၚလာေတာ့သည္။ က်န္းခ်န္လင္က က်ိဳးက်စ္ရႉးကိုမသိမသာလွမ္းဆြဲကာ ခပ္တိုးတိုးေမးျမန္းလာ၏။
"ဆရာ၊ အဲဒီသံခ်ိန္းႀကိဳးေတြက သူ႕လက္ျပင္ရိုးေတြထဲအထိ ေဖာက္ဝင္ေနတာလားဟင္"
က်ိဳးက်စ္ရႉးက 'ရႉး' ဟုအသံျပဳလိုက္ရင္း မ်က္ေမွာင္ၾကဳတ္လ်က္လွမ္းၾကည့္လိုက္သည္__သံခ်ိန္းႀကိဳးမ်ားမွာ အဘိုးအို၏ခႏၶာကိုယ္အေပၚယံတြင္သာ ရိုးရိုးတန္းတန္းရစ္ပတ္ခ်ည္ေႏွာင္ထားတာမ်ိဳးမဟုတ္ဘဲ သူ၏လက္ျပင္ရိုး၊ ဂုံညင္းရိုး စသျဖင့္ အရိုးမ်ားအတြင္းထိတိုင္ေအာင္ ထိုးစိုက္ေဖာက္ဝင္ေနျခင္းျဖစ္ေၾကာင္းေတြ႕ျမင္လိုက္ရသည္။ ဒဏ္ရာမ်ားမွာလည္း ျပည္ပုပ္ျပည္ခဲမ်ားယိုစိမ့္ထြက္ေနလ်က္ အရိုးေဟာက္ပက္သာက်န္ရစ္ခဲ့ေလသည္။ က်ိဳးက်စ္ရႉး၏အျမင္အရဆိုပါက ဤကဲ့သို႔ေသာအေျခအေနမ်ိဳးေရာက္သည္အထိတိုင္ေအာင္ အသက္ရွင္သန္နိုင္ရန္မွာ အလြန္တရာမလြယ္ကူေသာကိစၥတစ္ရပ္ျဖစ္သည္။
အေဆာင္အတြင္း၌အနံ႕အသက္ဆိုးဝါးလွၿပီး အရပ္မ်က္ႏွာတိုင္းတြင္ ဆီးနံ႕၊ ဝမ္းနံ႕တို႔ျဖင့္ညစ္ပတ္နံေဟာင္ေန၏။ အဘိုးအို၏ကိုယ္ေပၚရွိအဝတ္အစားတို႔မွာလည္း မူလအကၤ်ီအေရာင္အဆင္းကိုပင္မေတြ႕ရေတာ့သလို သူ႕ခႏၶာကိုယ္တစ္ခုလုံးကိုလည္း လုံေလာက္ေအာင္ဖုံးကာေပးနိုင္စြမ္းမရွိေတာ့ပါေခ်။ သူ႕ပုံစံမွာ တကယ့္ကိုပင္ လူသားတစ္ေယာက္ႏွင့္တူမေနေတာ့ေပ။ သူက ပါးစပ္ကိုဖြင့္ဟလိုက္ေသာ္ျငား ႏွစ္ေပါင္းမ်ားစြာၾကာျမင့္သည္အထိ စကားတစ္ခြန္းမွ်မေျပာခဲ့ရသူတစ္ေယာက္ႏွယ္ သူ၏စကားလုံးတို႔မွာ ေႏွးေကြးေလးလံကာ ဗလုံးဗေထြးျဖစ္ေနရွာ၏။ သူက ေျခာက္ကပ္အက္ကြဲေနေသာေလသံျဖင့္ ေမးျမန္းလိုက္သည္။
"မင္းတို႔က....ဘယ္သူေတြလဲ၊ 'လုံ....ေရွာက္' ေရာ"
ယဲ့ပိုင္ရီးက ေမးခြန္းထုတ္လိုက္၏။
"လုံေရွာက္ဆိုတာ ခုနက ဘီးတပ္ကုလားထိုင္ေပၚမွာထိုင္ေနတဲ့ ဒုကၡိတေကာင္ကိုေျပာတာလား။ သူ ေသသြားၿပီ....သူက ခင္ဗ်ားနဲ႕ဘာေတာ္လို႔လဲ"
အႏွီစကားကိုၾကားေသာ္ အဘိုးအိုမွာ တခဏမွ်ၾကက္ေသေသသြားရွာသည္။ ႐ုတ္ခ်ည္းပင္ သူ႕ပါးစပ္ကို ခပ္က်ယ္က်ယ္ဖြင့္ဟလိုက္ေလသည္။ မ်က္ႏွာအမူအရာအရ သူ႕ခမ်ာ အားရပါးရဟက္ဟက္ပက္ပက္ေအာ္ဟစ္ရယ္ေမာလိုက္ခ်င္ပုံေပါက္ေနသည့္တိုင္ အသံတစ္သံမွ်ထြက္ေပၚမလာခဲ့ေပ။ ထို႔ေနာက္တြင္မူ သူ႕မ်က္ဝန္းေထာင့္စြန္းထံမွ မည္းညစ္ညစ္မ်က္ရည္ေပါက္တို႔ ခ်က္ခ်င္းဆိုသလို ေအာက္သို႔တလိမ့္လိမ့္စီးဆင္းလာၿပီး ေပ်ာက္ကြယ္သြားၾကသည္။ ယဲ့ပိုင္ရီးကမူ သူ႕ကိုအေရးမစိုက္ဘဲ ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္ကာ သူ႕ခႏၶာကိုယ္ေပၚရွိသံခ်ိန္းႀကိဳးမ်ားကို စစ္ေဆးၾကည့္ရႈေနရင္း တငိုငိုတရယ္ရယ္ႏွင့္ အ႐ူးတပိုင္းျဖစ္ေနရွာေသာသူ႕ကို သည္အတိုင္းလႊတ္ေပးထားလိုက္ေလေတာ့သည္။
တေအာင့္မွ်ၾကာေသာ္ ယဲ့ပိုင္ရီးက က်ိဳးက်စ္ရႉးထံသို႔လက္လွမ္းလိုက္၏။
"မင္းရဲ႕ဓားကို ခဏေပးသုံးစမ္း"
၎မွာ ပိုင္ရီးဓားကိုအသုံးျပဳကာ အဆိုပါသံခ်ိန္းႀကိဳးမ်ားကို ခုတ္ပိုင္းျဖတ္ေတာက္လိုျခင္းျဖစ္ေၾကာင္း က်ိဳးက်စ္ရႉးသေဘာေပါက္လိုက္သည္။ သို႔ျဖစ္ရာ သူ႕ဓားကိုလက္ကမ္းေပးလိုက္သည္။ ယဲ့ပိုင္ရီးက ဓားကိုလွမ္းယူၿပီး သံခ်ိန္းႀကိဳးတစ္ေခ်ာင္းကို အားျဖင့္ခုတ္ပိုင္းျဖတ္ေတာက္လိုက္၏။ ထို႔ေနာက္တြင္မူ ဂ်ိဳင္းခနဲအသံက်ယ္ႀကီးတစ္သံထြက္ေပၚလာေသာ္ျငား အႏွီသံခ်ိန္းႀကိဳးမွာ အနည္းငယ္မွ်မလႈပ္ရွားသြားသည့္အျပင္ အခ်ိဳင့္ရာေလးတစ္ခုတေလေသာ္မွ်ထင္က်န္သြားျခင္းမရွိခဲ့ပါေခ်။ ဆန႔္က်င္ဘက္အားျဖင့္ သူ႕လက္ထဲရွိ ပိုင္ရီးဓားသာလွ်င္ အဆက္မျပတ္တုန္ခါလႈပ္ယမ္းသြားရွာေတာ့သည္။
က်ိဳးက်စ္ရႉးမွာ ထိုအျဖစ္အပ်က္ကိုေတြ႕ျမင္ၿပီးသကာလဝယ္ အသည္းခိုက္ေအာင္နာက်င္သြားရသေယာင္။
ထိုအဘိုးအိုက ႐ုတ္တရက္စကားဆိုလာ၏။
"မင္း အားကုန္ခံမေနနဲ႕ေတာ့....ဘာမွအသုံးမဝင္ဘူး"
ယဲ့ပိုင္ရီးက ေမးခြန္းထုတ္လိုက္သည္။
"ခင္ဗ်ားက ဘယ္လိုဆိုးဝါးစက္ဆုပ္စရာေကာင္းတဲ့ျပစ္မႈမ်ိဳးကိုက်ဴးလြန္ခဲ့မိလို႔ ဟိုဒုကၡိတေကာင္က ခင္ဗ်ားကိုအမုန္းႀကီးမုန္းေနရတာလဲ"
အဘိုးအိုက တခဏမွ်ႏႈတ္ဆိတ္သြားၿပီးေနာက္မွသာ ခြန္းတုံ႕ျပန္လိုက္၏။
"သူ႕အေပၚမွာ ငါလုပ္ခဲ့မိတဲ့တစ္ခုတည္းေသာအျပစ္ကေတာ့.....
သူ႕လိုသားတစ္ေယာက္ကို လူလားေျမာက္ေအာင္ေကြၽးေမြးေစာင့္ေရွာက္ခဲ့မိတာပဲ"
သူတို႔အုပ္စုမွာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္လွမ္းၾကည့္လိုက္ၾကသည္။
"မင္းက လုံခြၽဲ႕ရဲ႕ ရင္ႏွစ္သည္းခ်ာသားရတနာေလးသာျဖစ္မေနဘူးဆိုရင္" ဟူေသာ ယဲ့ပိုင္ရီး၏စကားတစ္ခြန္းသည္ကား လုံေရွာက္အား ထိုေနရာ၌ အဘယ္ေၾကာင့္ တရႉးရႉးတရွဲရွဲျဖစ္ကာ အမ်က္ေဒါသထြက္သြားေစခဲ့ရသနည္းဟူသည့္အေျဖကို သူတို႔ယခုမွပင္သေဘာေပါက္သြားရွာေတာ့သည္__အႏွီအစားသရဲအဘိုးႀကီးမွာ တကယ့္ကိုအံ့မခန္းပင္။ ဤကဲ့သို႔စိတ္ကူးႏွင့္ေတာင္ေတြးထင္မထားနိုင္ေသာ ႀကံႀကံဖန္ဖန္ကိစၥမ်ိဳးကိုပင္ ကြက္တိဒက္ထိမွန္ကန္ေအာင္ေျပာဆိုနိုင္စြမ္းရွိေလသည္။
အတန္ၾကာေသာ္ ဝမ္းခယ့္ရွင္က ေကာက္ခါငင္ခါေမးျမန္းလာျပန္၏။
"ခင္ဗ်ားေျပာစကားအရဆိုရင္ သူ႕ရဲ႕နာမည္က လုံ....ဒါျဖင့္ 'ေရွာက္' ဆိုတဲ့စကားလုံးက 'မိဘေက်းဇူးသိတတ္ျခင္း (ေရွာက္႐ႊင့္)' ဆိုတဲ့စကားထဲက 'ေရွာက္' ဆိုတဲ့ စကားလုံးလား"
ဝမ္းခယ့္ရွင္ဆိုေသာေကာင္မွာ တကယ့္ကို သူတစ္ပါးအနာေပၚ ဆားေလးတစ္ပြင့္ႏွစ္ပြင့္ေလာက္ျဖဴးလိုက္ရမွ ေနသာထိုင္သာရွိေသာေကာင္ျဖစ္မွန္း က်ိဳးက်စ္ရႉးသိထားၿပီးျဖစ္ေလရာ သူ႕ကို တံေတာင္တစ္ခ်က္စာ လွမ္းေကြၽးလိုက္ေလေတာ့သည္။ ဝမ္းခယ့္ရွင္ခမ်ာ ထိုရိုက္ခ်က္ကိုမေရွာင္တိမ္းရဲသျဖင့္ မခ်ိမဆန့္လက္ခံလိုက္ရၿပီး သူ႕နံရိုးမ်ားကိုတဖြဖြပြတ္သပ္ေနလ်က္ က်ိဳးက်စ္ရႉးကို သနားကမားမ်က္ႏွာငယ္ေလးျဖင့္ၾကည့္ေနရွာေတာ့သည္။
အဘိုးအိုးက ခပ္အက္အက္ရယ္ေမာလိုက္၏။
"ငါလဲ အရင္ဘဝတုန္းက လူသတ္မီးရွို႔တဲ့ျပစ္မႈလိုမ်ိဳး ဆိုးဝါးရက္စက္တဲ့အျပစ္တစ္ခုခုက်ဳးလြန္ခဲ့မိလို႔ အခု ဒီဘဝမွာ ဝဋ္ေႂကြးေတြျပန္ဆပ္ေနရတာျဖစ္လိမ့္မယ္"
အဘိုးအိုက ခုတင္တိုင္ကိုအမွီျပဳလိုက္သည္။ လိေမၼာ္ခြံႏွင့္တူေသာ သူ႕လက္ကိုဆန့္ထုတ္လိုက္ၿပီး အဆိုပါခုတင္တိုင္လုံးကိုတဖြဖြပြတ္သပ္ေနသည္။ တခဏမွ်စကားေျပာဆိုၿပီးေနာက္ ၎မွာ အနည္းငယ္အာသြက္လွ်ာသြက္ျဖစ္လာသေယာင္။
"ဒီေနရာက ဟိုတုန္းက ငါနဲ႕ယြီေကြၽးတို႔ႏွစ္ေယာက္ရဲ႕အိပ္ခန္းျဖစ္ခဲ့ဖူးတာေပါ့။ ဟိုတိရစာၦန္ေကာင္ေလးကိုလဲ ဒီအခန္းထဲမွာပဲေမြးဖြားခဲ့တာေလ။ စဥ္းစားၾကည့္လိုက္ေတာ့ ငါတို႔လင္မယားႏွစ္ေယာက္လုံးဟာ ေနာက္ဆုံးေတာ့ သူ႕လက္ထဲမွာပဲ ေသပြဲဝင္ရမွာပါလား...ဟင္း...ဒါဟာ ကံတရားပဲလား"
က်ိဳးက်စ္ရႉးက ႏူးညံ့ညင္သာစြာေမးျမန္းလိုက္၏။
"ယြီေကြၽးဆိုတာ လူႀကီးမင္းရဲ႕ဇနီးသည္မ်ားလား"
အဘိုးအို၏မ်က္ႏွာသြင္ျပင္မွာ တကယ့္ကိုပင္ ၾကည့္ေကာင္းရႈေပ်ာ္မရွိေတာ့ေပရာ အႏွီမ်က္ႏွာမွာ ႐ုပ္ေခ်ာသလား၊ အက်ည္းတန္သလား သို႔တည္းမဟုတ္ ေပ်ာ္႐ႊင္ေနသေလာ၊ ဝမ္းနည္းပူေဆြးေနသေလာ အစရွိေသာ မ်က္ႏွာရိပ္မ်က္ႏွာကဲတို႔ကို ခန့္မွန္းဖတ္ရႈရန္မလြယ္ကူေတာ့ပါေခ်။ သို႔ေသာ္ 'ယြီေကြၽး' ဟူေသာနာမည္ႏွစ္လုံးကိုထုတ္ေဖာ္ေျပာၾကားလာခ်ိန္တြင္မူ မ်က္ႏွာေပၚရွိထူထဲႁပြတ္သိပ္ေနေသာအေရးအေၾကာင္းတို႔မွာ အေတာ္အတန္ေျပေလ်ာ့သြား၏။ သူ႕ႏႈတ္ခမ္းေထာင့္စြန္းေပၚရွိ နက္ရွိုင္းေသာပါးေရတြန့္ရာတစ္ခုထဲတြင္မူ တလက္လက္ေတာက္ပေနေသာ မ်က္ရည္စတစ္စက္တြဲလြဲခိုေနဆဲျဖစ္ကာ ေအာက္သို႔က်ဆင္းမသြားခဲ့ပါေခ်။ သူက သက္ျပင္းခ်လ်က္ဆို၏။
"သူက အဲဒီကေလးကိုေမြးၿပီးၿပီးခ်င္းပဲ ဆုံးပါးသြားခဲ့တာ။ ယြီေကြၽးမရွိေတာ့တဲ့ေနာက္ပိုင္းမွာ ငါဟာ ႐ုပ္ေသးအိမ္ေတာ္ကိုတည္ေဆာက္ခဲ့ၿပီး အေစခံေတြအားလုံးကိုျပန္လႊတ္ခဲ့တယ္"
က်န္းခ်န္လင္ခမ်ာ ဝမ္းခယ့္ရွင္ကိုအံ့ၾသတႀကီးလွမ္းၾကည့္လိုက္ေလေတာ့သည္။ ဤဝမ္းလူႀကီးမင္းမွာ အံ့မခန္းအစြမ္းထက္လွၿပီး ဤစကားမ်ိဳးကိုပင္ ကြက္တိဒက္ထိမွန္ကန္ေအာင္ေျပာဆိုနိုင္စြမ္းရွိသည္ဟု သူ႕စိတ္ထဲတြင္ေတြးေတာမိေလသည္။ အဘိုးအိုက စကားဆက္သည္။
"ဒီတိရစာၦန္ေကာင္ေလးကို ေကာင္းေကာင္းမြန္မြန္ေကြၽးေမြးျပဳစုေစာင့္ေရွာက္ပါ့မယ္ဆိုၿပီး ယြီေကြၽးကို ငါကတိေပးခဲ့တယ္။ ဒါေပမဲ့ ဒီကေလးက ေမြးကတည္းက မတ္တပ္မရပ္နိုင္တဲ့ကေလးျဖစ္ေနခဲ့တယ္။ ဒါနဲ႕ ငါလဲ ငါ့ဘဝတစ္ေလွ်ာက္လုံးသင္ယူခဲ့တဲ့ အေတြ႕အႀကဳံဗဟုသုတေပါင္းစုံကို သူ႕ကိုအိတ္သြန္ဖာေမွာက္သင္ၾကားေပးခဲ့တယ္။ တကယ္လို႔ ဒီကေလးဟာ တျခားအရည္အခ်င္းေတြမရွိဘူးဆိုရင္ေတာင္မွ သူ႕ဘဝသူ ေကာင္းေကာင္းမြန္မြန္ရပ္တည္ရွင္သန္နိုင္တဲ့အရည္အခ်င္းေလးေတာ့ရသြားပါေစ ဆိုတဲ့အေတြးနဲ႕ေပါ့ေလ....အိုင္း"
ယဲ့ပိုင္ရီးက ေမးခြန္းထုတ္လိုက္၏။
"အဲ့လိုဆိုမွေတာ့ သူက ခင္ဗ်ားကို ဘာလို႔ဖမ္းခ်ဳပ္ထားရတာလဲ"
အဘိုးအို၏ခႏၶာကိုယ္တစ္ခုလုံးမွာ တဆတ္ဆတ္တုန္ယင္လာေတာ့သည္။ အခ်ိန္အတန္ၾကာႏႈတ္ဆိတ္ေနၿပီးကာမွ ခပ္တိုးတိုးေျပာလာသည္။
"ရင္းရန္က်မ္းေၾကာင့္ပဲ"
က်န္းခ်န္လင္မွလြဲ၍ က်န္လူသုံးေယာက္လုံး၏မ်က္ဝန္းအၾကည့္မ်ားမွာ ေလးနက္တည္တံ့သြားကာ အႏွီမေသမရွင္ျဖစ္ေနေသာအဘိုးအိုကို မ်က္ေတာင္မခတ္စတမ္းစူးစိုက္ၾကည့္ရႈေနၾကေလသည္။ က်ိဳးက်စ္ရႉးက တိုးလ်စြာေမးျမန္းလိုက္သည္။
"႐ုံသခင္မရဲ႕ ရင္းရန္က်မ္းစာအုပ္ကိုေျပာတာလား"
အဘိုးအိုက ေခါင္းညိတ္ျပလ်က္ ျဖည္းေလးစြာေျပာလာ၏။
"ရင္းနဲ႕ရန္ဟာ ေျပာင္းျပန္စီးဆင္းသြားတဲ့အခါ ေသၿပီးသားအရာေတြဟာ အေသြးအသား၊ အရိုးေတြျပန္လည္ျဖစ္တည္လာလိမ့္မယ္"
ယုံတမ္းစကားမ်ားအရဆိုပါလွ်င္ နတ္ေဆးဆရာေတာင္ၾကား၏အထြတ္အျမတ္ပစၥည္းသည္ကား ကမာၻေလာကႀကီးေပၚရွိ ကုသရန္ခက္ခဲေသာေရာဂါေဝဒနာမ်ားကို ပိန္းၾကာ႐ြက္ေပၚေရမတင္သကဲ့သို႔ အကုန္အစင္ေပ်ာက္ကင္းသက္သာေအာင္ကုသေပးနိုင္စြမ္းရွိသည္ဟုဆိုၾကသည္။ အစိမ္းေရာင္ေျမေခြးမိစာၦသည္ပင္လွ်င္ ထိုအရာမွာ သူ(မ)၏မ်က္ႏွာကိုကုသေပးနိုင္လိမ့္မည္ဟုေမွ်ာ္လင့္ေနေပရာ မည္သူကမ်ား အလြန္အင္မတန္ရည္မွန္းခ်က္ႀကီးမားေသာ ေမြးရာပါဒုကၡိတတစ္ေယာက္ထက္ပင္ ထိုအရာကိုအ႐ူးအမူးလိုလားေတာင့္တေနပါအံ့နည္း။
က်ိဳးက်စ္ရႉး၏အေတြးမ်ားမွာလွစ္ခနဲျဖတ္သန္းသြားၿပီးေနာက္ ေမးျမန္းလိုက္၏။
"ရင္းရန္က်မ္းကို ဖုန္းရွန္းဓားသိုင္းနဲ႕ လ်ိဳ႕ဟယ္စိတ္က်င့္စဥ္က်မ္းတို႔နဲ႕အတူ ေက်ာက္သလင္းျပာထဲမွာ ဟိုးအရင္ကတည္းက အတူတူထည့္သြင္းခ်ိပ္ပိတ္ထားခဲ့တာမဟုတ္ဘူးလား။ ဧကႏၲ ေက်ာက္သလင္းျပာက ခင္ဗ်ားဆီမွာရွိေနတယ္လို႔ သူကထင္ေနတာမ်ားလား"
"ေက်ာက္သလင္းျပာလား"
အဘိုးအိုက တစ္ခ်က္မွ်ရယ္သြမ္းေသြးလိုက္ရင္း ေခါင္းတယမ္းယမ္းျဖင့္ဆို၏။
"မင္းတို႔ေတြဟာေလ အားလုံးမွားယြင္းေနၾကတာပဲ။ ေက်ာက္သလင္းျပာဆိုတဲ့ပစၥည္းကို ဟိုးတုန္းက ငါကိုယ္တိုင္ျပဳလုပ္ဖန္တီးခဲ့တာေလ။ ဒါေပမဲ့ အဲဒီပစၥည္းက အမွန္ေတာ့ ေသာ့ခေလာက္တစ္ခုပဲ။ တကယ္လို႔ သူ႕အထဲမွာထည့္သြင္းခ်ိပ္ပိတ္ထားတဲ့အရာေတြကို လိုခ်င္တယ္ဆိုရင္ ေက်ာက္သလင္းျပာအစိတ္အပိုင္း ငါးပိုင္းရွိလဲအသုံးမဝင္ဘူး။ ေျခာက္ပိုင္း၊ ခုနစ္ပိုင္း၊ ရွစ္ပိုင္းပဲရွိရွိ ဘာဆိုဘာမွအသုံးဝင္မွာမဟုတ္ဘူး။ သူ႕မွာလိုအပ္ေနတာက ေသာ့တစ္ေခ်ာင္းပဲ"
ယဲ့ပိုင္ရီးက မ်က္ခုံးတစ္ခ်က္ပင့္လ်က္ဆို၏။
"အဲဒီေသာ့က ခင္ဗ်ားဆီမွာရွိတယ္ေပါ့"
အဘိုးအိုက တည္တံ့ေတာင့္တင္းစြာေျဖၾကားလိုက္သည္။
"ငါ့ဆီမွာ မရွိဘူး"
ယဲ့ပိုင္ရီးကလည္း အေလွ်ာ့မေပးဘဲဆက္ေမးျပန္သည္။
"ခင္ဗ်ားလက္ထဲမွာမရွိလို႔ ဘယ္သူ႕လက္ထဲမွာရွိရမွာလဲ"
အဘိုးအိုက သူ႕ကိုယ္သူတစ္ခ်က္မွ်ေလွာင္ရယ္လိုက္သည္။
"ေအးေလ၊ မင္းမယုံသလို သူလဲ မယုံဘူးေလ"
က်ိဳးက်စ္ရႉးက သူ႕ကိုအတန္ၾကာသည္အထိ ေျခဆုံးေခါင္းဆုံးအကဲခတ္လိုက္ၿပီးေသာ္ ေကာက္ခါငင္ခါေမးျမန္းလိုက္၏။
"လုံလူႀကီးမင္း၊ အဲဒါဆို အဲဒီေသာ့ ဘယ္သူ႕လက္ထဲမွာရွိေနသလဲဆိုတာကို လူႀကီးမင္းသိထားတယ္နဲ႕တူတယ္"
အဘိုးအိုက က်ိဳးက်စ္ရႉးကိုျမင္နိုင္စြမ္းရွိသည့္အလား သူရွိရာဘက္သို႔လွည့္လာကာ သူ႕ကိုမ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ေခါင္းတညိတ္ညိတ္ျဖင့္ဆို၏။
"အမွန္ပဲ၊ ငါ သိထားခဲ့တယ္__အဲဒီအခ်ိန္တုန္းက ငါကတိသစၥာဆိုခဲ့တာရွိတယ္။ အဲဒီေသာ့ရဲ႕တည္ေနရာကို ဘယ္သူ႕ကိုမွမေျပာပါဘူးလို႔။ လုံေရွာက္.....လုံေရွာက္ အဲဒီကေလးကေတာ့ သြက္သြက္ခါေအာင္႐ူးသြားခဲ့တာေပါ့ေလ"
ယဲ့ပိုင္ရီးက မ်က္လုံးမ်ားကိုေမွးစင္းကာ အတင္းအဓမၼအစ္ေအာက္ေမးျမန္းလာျပန္၏။
"ဒါဆိုရင္ ခင္ဗ်ားက လြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးဆယ္တုန္းက ႐ုံ႐ႊမ့္နဲ႕တျခားလူေတြ ဘာေတြျဖစ္ပ်က္ခဲ့ၾကသလဲဆိုတာကို အတြင္းသိအစင္းသိ သိေနတဲ့သူေပါ့"
အဘိုးအိုက ခပ္မဆိတ္ပင္ေခါင္းညိတ္ျပလာ၏။ ႐ုတ္တရက္ ယဲ့ပိုင္ရီးထပ္မံေမးျမန္းမလာခင္မွာပင္ သူက ဦးစြာေျပာၾကားလာသည္။
"ငါေျပာျပနိုင္မွာမဟုတ္ဘူး။ ႐ုံ႐ႊမ့္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္က ငါ့အသက္ကိုကယ္တင္ေပးခဲ့တဲ့ အသက္သခင္ေက်းဇူးရွင္ေတြပဲ။ ႐ုံကေတာ္ကို ငါကတိေပးခဲ့ဖူးတယ္။ ငါမေျပာျပနိုင္ဘူး"
ယဲ့ပိုင္ရီးက ေအးတိေအးစက္ဆိုလိုက္သည္။
"ဒါက ခင္ဗ်ားဆုံးျဖတ္ရမဲ့ကိစၥမွမဟုတ္တာ"
အဘိုးအိုက ရယ္ေမာကာ သူ႕ေျခေထာက္တစ္ဖက္ကို အားကုန္သုံးလ်က္ ခက္ခက္ခဲခဲလႈပ္ရွားလိုက္၏။ ဂုံညင္းရိုးကိုထြင္းေဖာက္စိုက္ဝင္ေနသည့္ သံခ်ိန္းႀကိဳးတစ္ေခ်ာင္းကို ဟိုစမ္းသည္စမ္းျဖင့္ ကိုင္တြယ္ပင့္ျမႇောက္ျပကာ ယခင္အတိုင္း ဘာမွ်မျဖစ္သလို မွင္ေသေသစကားဆိုလိုက္သည္။
"မေျပာေတာ့ေရာ မင္းက ငါ့ကိုဘာလုပ္နိုင္မွာမို႔လို႔လဲ။ လုံေရွာက္ဆိုတဲ့ တိရစာၦန္ေကာင္ေလးကေတာင္ ငါ့ကို သုံးႏွစ္လုံးလုံးဖမ္းခ်ဳပ္ထားခဲ့ၿပီးၿပီပဲဟာ။ မင္းက ငါ့ကို ဘာမ်ားထပ္လုပ္နိုင္အုံးမွာမို႔လို႔လဲကြာ"
ခုတင္တိုင္ကိုအားျပဳမွီခိုထားလ်က္ အဝင္သာရွိၿပီးအထြက္မရွိေသာအသက္ရႉသံမ်ားျဖင့္ ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနေသာခပ္ေရးေရးအၿပဳံးတစ္ခုကိုဆင္ျမန္းထားရင္း မည္သည့္အရာကိုမွ်ဂ႐ုမစိုက္ေသာဟန္ပန္အမူအရာမ်ိဳးကိုသယ္ေဆာင္ထားသည့္ ထိုအဘိုးအိုကိုၾကည့္ေနရင္း က်ိဳးက်စ္ရႉးတစ္ေယာက္ လြန္ေလၿပီးေသာေခတ္အခါက စစ္သူႀကီးဖန္ခြိုက္ ေရ႐ြတ္ျမည္တမ္းခဲ့ဖူးေသာစကားတစ္ခြန္းကို ႐ုတ္ခ်ည္းအမွတ္ရသြား၏။ "ေသျခင္းတရားကိုေတာင္မေၾကာက္မွေတာ့ ဘာေၾကာင့္မ်ား ေသရည္တစ္ခြက္ကိုျငင္းဆန္ေနရအုံးမွာလဲ" ဟူသည့္စကားတစ္ခြန္းပင္တည္း။ အႏွီလုံခြၽဲ႕ဟူေသာပုဂၢိဳလ္ကား မည္ကဲ့သို႔ေသာလူမ်ိဳးျဖစ္သလဲဆိုသည္ကို မခန့္မွန္းမေတြးဆဘဲ မေနနိုင္ေအာင္ျဖစ္သြားရွာေတာ့သည္။
အံ့ခ်ီးဖြယ္ထူးျခားဆန္းျပားေသာအရည္အေသြးမ်ားကိုပိုင္ဆိုင္ထားသူ။ တစ္ေယာက္ေသာသူအတြက္ အလြန္အင္မတန္ လူသူကင္းေဝးေသာအရပ္ေဒသတစ္ခုတြင္ဇာတ္ျမႇုပ္ေနထိုင္ခဲ့သူ။ နတ္ဘုရားမ်ားႏွင့္တေစၦသရဲမ်ားပင္ မွန္းဆနိုင္ျခင္းမရွိေသာ ႐ုပ္ေသးအိမ္ေတာ္တစ္ခုလုံးကို ကိုယ့္လက္ကိုယ္ေျချဖင့္ ကိုယ္တိုင္ကိုယ္က်ဖန္တီးတည္ေဆာက္ခဲ့သူ။ ထိန္းသိမ္းေစာင့္စည္းအပ္ေသာကတိစကားတစ္ခြန္းအတြက္၊ လွ်ို႔ဝွက္ခ်က္တစ္ခုကိုေစာင့္ထိန္းရန္အတြက္ သူ၏ေသြးသားအရင္းအခ်ာကိုေတာင္မွ ဖြင့္ဟေျပာၾကားျခင္းမျပဳဘဲ သုံးႏွစ္သုံးမိုးလုံး လူ႕ဘုံငရဲတမွ် ၾကမ္းတမ္းရက္စက္ေသာဘဝတြင္ရွင္သန္ေနထိုင္ခဲ့ရသူ__က်ိဳးက်စ္ရႉး ႐ုတ္တရက္ခံစားလိုက္ရသည္။ ေသမင္းတံခါးဝသို႔ေရာက္ေနၿပီျဖစ္ေသာ သူ႕မ်က္စိေရွ႕မွ အႏွီအဘိုးအိုမွတစ္ပါး က်န္းဟူတစ္လႊားဝယ္ မိမိကိုယ္မိမိႀကီးက်ယ္ျမင့္ျမတ္လွပါေသာ သူရဲေကာင္းတစ္ဦးအျဖစ္ ဂုဏ္ေဖာ္ေႂကြးေၾကာ္နိုင္ေသာလူ ေနာက္ထပ္မရွိနိုင္ေတာ့ၿပီဟူသည့္အေတြးပင္။
သူ႕ကိုဖက္တြယ္ထားေသာ ဝမ္းခယ့္ရွင္၏လက္ေမာင္းမွာ ႐ုတ္တရက္တင္းက်ပ္သြား၏။ က်ိဳးက်စ္ရႉးတစ္ကိုယ္လုံးကို သူ႕ခႏၶာကိုယ္ထဲသို႔ အလုံးစုံထိုးသိပ္ထည့္သြင္းထားေတာ့မေယာင္။ က်ိဳးက်စ္ရႉးက ခပ္ေရးေရးမ်က္ေမွာင္ၾကဳတ္ကာ သူ႕ကိုလွည့္ၾကည့္လိုက္ေသာ္ျငား ဝမ္းခယ့္ရွင္သည္ကား လုံခြၽဲ႕ကိုမမွိတ္မသုန္ေငးစိုက္ၾကည့္ရႈေနသည္ကိုသာေတြ႕ျမင္လိုက္ရ၏။ သူ႕မ်က္ႏွာထက္ဝယ္ ျပည္တည္တည္ေျပာင္ေခ်ာ္ေခ်ာ္အၿပဳံးရိပ္မ်ားရွိမေနေတာ့ပါေခ်။ အတိုင္းထက္အလြန္နက္ေမွာင္လွေသာ သူ႕မ်က္ဝန္းမ်ားထဲတြင္ ေရတံလွ်ပ္တစ္ခုလွစ္ခနဲျဖတ္သန္းသြားသလို က်ိဳးက်စ္ရႉးခံစားလိုက္ရသည္။ သို႔ေသာ္ ထိုအရာမွာ လွ်ပ္တစ္ျပက္အတြင္း ေပ်ာက္ကြယ္သြား၏။
ယဲ့ပိုင္ရီးကို လွမ္းေအာ္လိုက္သည့္အသံကိုသာလွ်င္ၾကားလိုက္ရေလသည္။
"ေဟး...မိစာၦအိုႀကီး၊ သူမ်ားမေျပာခ်င္တဲ့ကိစၥကို ခင္ဗ်ားက ဘာျဖစ္လို႔ စိတ္ဒုကၡလိုက္ေပးေနရတာလဲ"
ယဲ့ပိုင္ရီးက သူ႕ကိုအေရးမလုပ္ဘဲ လုံခြၽဲ႕၏လက္ေမာင္းကိုဆုပ္ကိုင္လိုက္ရင္း ေအးတိေအးစက္ေျပာလာ၏။
"ငါ ဘာေက်ာက္သလင္းျပာအေၾကာင္းမွလဲ မသိခ်င္ဘူး။ ဘာေသာ့အေၾကာင္းမွလဲမသိခ်င္ဘူး။ ငါေမးခ်င္တာ တစ္ခုတည္းပဲရွိတယ္။ အဲဒီအခ်ိန္တုန္းက ႐ုံ႐ႊမ့္နဲ႕သူ႕ဇနီးသည္တို႔ႏွစ္ေယာက္ ဘယ္လိုေသသြားခဲ့ရသလဲဆိုတာပဲ"
၎သည္ကား အလြန္အမင္းတင္းက်ပ္စြာဆုပ္ကိုင္ထားေသာေၾကာင့္ သူ႕လက္ဖမိုးေပၚရွိ စိမ္းဖန့္ဖန့္ေသြးေၾကာမ်ားမွာ အၿပိဳင္းၿပိဳင္းေထာင္ထလာေတာ့သည္။ လုံခြၽဲ႕၏မ်က္ႏွာထက္ဝယ္ နာက်င္မႈအရိပ္အေယာင္တို႔ယွက္သန္းလာေနသည့္တိုင္ ၎မွာ ယခင္အတိုင္းေျပာၿမဲေျပာေနဆဲျဖစ္သည္။
"ငါ မသိ...."
ဝမ္းခယ့္ရွင္က မ်က္ေမွာင္ၾကဳတ္သြားၿပီး က်ိဳးက်စ္ရႉးကိုလႊတ္ေပးကာ က်န္းခ်န္လင္ထံသို႔ လက္လႊဲေပးလိုက္၏။ ဘာရယ္ေၾကာင့္မွန္းမသိ ၎မွာ ေဒါသတႀကီးေအာ္ဟစ္လိုက္ေလေတာ့သည္။
"မိစာၦအိုႀကီး ခင္ဗ်ား မေတာ္ေသးဘူးလား"
ထို႔ေနာက္တြင္မူ ဘာမေျပာညာမေျပာႏွင့္ ႐ုတ္တရက္လႈပ္ရွားလာကာ ယဲ့ပိုင္ရီး၏ေနာက္ေက်ာဘက္ဆီသို႔ ဦးတည္တိုက္ခိုက္လာေတာ့သည္။
က်န္းခ်န္လင္မွာ တစ္ဖက္တြင္ က်ိဳးက်စ္ရႉးကိုတြဲထားရင္း တစ္ဖက္တြင္လည္း မ်က္စိမ်ားက်ိန္းစပ္ျပာေဝသြားေအာင္တိုက္ခိုက္ေနၾကေသာ ယဲ့ပိုင္ရီးႏွင့္ ဝမ္းခယ့္ရွင္တို႔ႏွစ္ဦး၏တိုက္ပြဲကို ပါးစပ္အေဟာင္းသားျဖင့္ ေၾကာင္အမ္းအမ္းေငးၾကည့္ေနရွာ၏။ အေစာတုန္းက တစ္ေလွတည္းစီးၿပီးတစ္ခရီးတည္းသြားခဲ့ၾကသူမ်ားမွာ ႐ုတ္ခ်ည္းဆိုသလို ရန္သူေတာ္ႀကီးမ်ားသဖြယ္ေျပာင္းလဲသြားရသည့္အေၾကာင္းရင္းကို
သူ႕ခမ်ာ နားမလည္နိုင္ေအာင္ျဖစ္ေနေတာ့သည္။
သူတို႔ႏွစ္ေယာက္၏ရန္ပြဲသည္ကား ႏွယ္ႏွယ္ရရမဟုတ္ပါေခ်။ သို႔ျဖစ္ရာ လုံခြၽဲ႕ကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားေသာ အက်ဥ္းေထာင္ေလးခမ်ာ စုတ္ၿပဲထြက္သြားေတာ့မည့္အလား၊ သူတို႔ႏွစ္ဦး၏တိုက္ခိုက္မႈေအာက္တြင္ ေတာင္မ်ားလႈပ္ယမ္းေနသည့္ႏွယ္၊ ဝသုန္ေျမႀကီးတုန္ဟီးေနသည့္ႏွယ္ ယိမ္းထိုးခါယမ္းေနရွာေတာ့သည္။ ဝမ္းခယ့္ရွင္၏တိုက္ကြက္မ်ားမွာ ရက္စက္ၾကမ္းၾကဳတ္ကာ ေထာက္ထားညွာတာျခင္းမရွိပါေခ်။ ယဲ့ပိုင္ရီးက စိတ္ဆိုးမာန္ဆိုးျဖင့္ဆဲေရးတိုင္းထြာလိုက္၏။
"ေကာင္စုတ္ေလး...မင္း ႐ူးေနၿပီလား"
ဝမ္းခယ့္ရွင္က ေအးတိေအးစက္ႏွာမႈတ္လိုက္သည္။
"ခင္ဗ်ားကိုၾကည့္မရလို႔ကိုရိုက္တာေလ....မရဘူးလား"
က်န္းခ်န္လင္က 'မသိလွ်င္ေမး' ဆိုသည့္စကားအတိုင္း က်ိဳးက်စ္ရႉးကိုေမးျမန္းလိုက္၏။
"ဆရာ....."
က်ိဳးက်စ္ရႉးကမူ သူ႕ကိုလ်စ္လ်ဴရႈထားလ်က္ ခပ္တင္းတင္းမ်က္ေမွာင္ၾကဳတ္သြား၏။ သူ႕စိတ္ထဲတြင္ျဖစ္နိုင္ေခ်ရွိေသာအေတြးေကာက္ေၾကာင္းတစ္ခု ႐ုတ္တရက္ေပါက္ဖြားလာကာ အသိဉာဏ္အလင္းပြင့္သြားရွာၿပီး က်န္းခ်န္လင္ကိုတြန္းဖယ္လိုက္ရင္း လုံခြၽဲ႕ထံသို႔ေလွ်ာက္လွမ္းသြားကာထိုင္ခ်လိဳက္သည္။
လုံခြၽဲ႕က နားကိုအသာေစာင္းငဲ့ရင္း နားစြင့္ၿပီးေသာ္ ေမးျမန္းလိုက္ေလသည္။
"မင္း ဒဏ္ရာရထားတာလား"
က်ိဳးက်စ္ရႉးက ေျဖၾကားလိုက္၏။
"ခင္ဗ်ားရဲ႕ သားေတာ္ေမာင္လက္ခ်က္ေလ"
လုံခြၽဲ႕က ရယ္ေမာလိုက္ၿပီးေသာ္ အက္ရွရွေလသံျဖင့္ဆို၏။
"ထားပါေတာ့၊ ငါ့ကိုၾကည့္လိုက္၊ မင္းက သိပ္မဆိုးပါဘူး"
က်ိဳးက်စ္ရႉးက စကားတစ္ခြန္းမွ်မဆိုေတာ့ဘဲ သူ႕ကိုယ္ေပၚတြင္ခ်ည္ေႏွာင္ထားေသာ သံခ်ိန္းႀကိဳးမ်ားကို ေစ့ေစ့စပ္စပ္ၾကည့္ရႈစစ္ေဆးလိုက္သည္။ စက္ယႏၲရားပစၥည္းမ်ားႏွင့္ပတ္သက္လာလွ်င္ ၎မွာ ထိုအေၾကာင္းကို နကန္းတစ္လုံးမွ်နားမလည္ပါေခ်။ သို႔ေသာ္ သူတစ္ပါးကိုညွင္းပန္းႏွိပ္စက္ရမည့္ ပစၥည္းကိရိယာတန္ဆာပလာမ်ားႏွင့္ပတ္သက္လာလွ်င္မူ ေကာင္းကင္ျပတင္းအဖြဲ႕၏ေခါင္းေဆာင္ေဟာင္းတစ္ေယာက္ျဖစ္ေသာ သူ႕ထက္ မည္သူကမွ် ပို၍ႏွံ႕ႏွံ႕စပ္စပ္သိနားလည္နိုင္လိမ့္မည္မဟုတ္ေပ။ သို႔ေသာ္ က်ိဳးက်စ္ရႉးမွာ အဆိုပါသံခ်ိန္းႀကိဳးမ်ားကို အခ်ိန္အတန္ၾကာ အျပန္ျပန္အလွန္လွန္ၾကည့္ရႈစစ္ေဆးၿပီးသည့္တိုင္ေအာင္ ၎တို႔ကို မည္သည့္ပစၥည္းျဖင့္ျပဳလုပ္ထားမွန္းခြဲျခားနိုင္စြမ္းမရွိခဲ့ပါေခ်။ သို႔ႏွင့္ သူလက္ျမႇောက္အရႈံးေပးလိုက္ရင္း လုံခြၽဲ႕ကိုေျပာလိုက္၏။
"ကြၽန္ေတာ္လဲ ဘာမွမတတ္နိုင္ေတာ့ဘူး။ အခု ခင္ဗ်ားသားလဲ ေသသြားၿပီဆိုေတာ့ ခင္ဗ်ားဘယ္လိုလုပ္မလဲ"
လုံခြၽဲ႕က တခဏမွ်စဥ္းစားၿပီးေသာ္ တည္ၿငိမ္ေအးေဆးစြာေျဖၾကားလိုက္သည္။
"ဒါဆိုလဲ ေသ႐ုံပဲရွိေတာ့တာေပါ့__ငါက အေစာႀကီးကတည္းက ေသသင့္တာၾကာလွၿပီ။ သူက ငါ့ကိုေပးမေသလို႔သာ။ အခုေတာ့ ငါ့ကိုအေရးလုပ္မဲ့လူတစ္ေယာက္မွမရွိေတာ့ဘူး။ ငါ့ဘဝတစ္ေလွ်ာက္လုံးမွာ ေနာင္တအရဆုံးကိစၥတစ္ခုကေတာ့ ယြီေကြၽးရဲ႕သားေလးကို ေကာင္းေကာင္းမြန္မြန္ မသြန္သင္မပ်ိဳးေထာင္ခဲ့မိတာကိုပဲ။ သူက ငါ့ရဲ႕သားဆိုလဲဟုတ္ပါတယ္။ ဒါေပမဲ့ သူ႕ကိုျမင္တဲ့အခါတိုင္း ယြီေကြၽးရဲ႕အသက္ကိုႏုတ္ယူသြားတဲ့ေကာင္လို႔ပဲ အၿမဲတမ္းခံစားမိေနခဲ့တာ။ တကယ္လို႔သာ ဟိုးတုန္းက ငါ သူ႕အေပၚနည္းနည္းေလးပဲျဖစ္ျဖစ္ ဖခင္ေကာင္းတစ္ေယာက္ပီသစြာဆက္ဆံခဲ့မယ္ဆိုရင္ သူ႕ကို ဒီလိုမ်ိဳးဒုကၡေရာက္ေစခဲ့မိမွာ မဟုတ္ဘူး"
ထိုစကားမ်ားမွာယုတၱိရွိသည္ဟု က်ိဳးက်စ္ရႉးခံစားလိုက္ရသည့္တိုင္ သူ႕ကိုမည္သို႔မည္ပုံအားေပးႏွစ္သိမ့္ရမလဲဆိုသည္ကိုမသိေတာ့ပါေခ်။ အဆုံးတြင္မူ သူက ဘြင္းဘြင္းရွင္းရွင္းဝန္ခံလိုက္ေလသည္။
"မဆိုးပါဘူး"
ထိုအခိုက္ ယဲ့ပိုင္ရီးႏွင့္ဝမ္းခယ့္ရွင္တို႔ႏွစ္ေယာက္၏လက္ခ်က္ေၾကာင့္ တကယ့္ကိုပင္ အိမ္ေခါင္မိုးတစ္ခုလုံးလြင့္ထြက္သြားရွာေတာ့သည္။ ႏွစ္ေယာက္သားမွာ အျပင္သို႔ခုန္ထြက္လိုက္ၿပီးေသာ္ ဆက္လက္တိုက္ခိုက္ေနၾကျပန္သည္။ အဆိုပါေမွာင္မည္းေနခဲ့ေသာ အက်ဥ္းေထာင္ငယ္ေလးမွာ လင္းလင္းက်င္းက်င္းျဖစ္သြားေတာ့သည္။ လုံခြၽဲ႕မွာ ေနေရာင္ျခည္ကိုအာ႐ုံခံစားလိုက္ရသည့္ႏွယ္ သူ႕လက္တစ္ဖက္ကို ကတုန္ကယင္ဆန့္တန္းလိုက္ရင္း အလြန္တရာေက်နပ္ပီတိျဖစ္စြာ သက္ျပင္းတစ္ခ်က္ခ်လိဳက္၏။
က်ိဳးက်စ္ရႉး ထပ္မံ၍စကားေျပာရန္ျပင္လိုက္စဥ္မွာပင္ အိမ္အျပင္ဘက္တြင္ရွိေနေသာ ယဲ့ပိုင္ရီးထံမွ သည္းခံနိုင္စြမ္းကုန္ခမ္းသြားသည့္ႏွယ္ ေဒါသတႀကီးေအာ္ဟစ္ဆဲေရးသံကိုၾကားလိုက္ရေလေတာ့သည္။
"ဒီေကာင္စုတ္ေလးကလဲ အေရးထဲဘာေတြလာရႈပ္ေနတာလဲ။ ဒီမယ္ လုံမ်ိဳးရိုး၊ အဲဒီအခ်ိန္တုန္းက ႐ုံ႐ႊမ့္ဘာေတြျဖစ္ခဲ့လဲဆိုတာ ငါသိကိုသိရမွျဖစ္မယ္။ ဘာလို႔လဲဆိုေတာ့ သူက ငါ့တပည့္မို႔လို႔ပဲ"
ထိုစူးစူးဝါးဝါးေအာ္ဟစ္သံေၾကာင့္ လုံခြၽဲ႕သည္ပင္ တုံ႕ဆိုင္းရပ္တန႔္သြားရွာ၏။ ယဲ့ပိုင္ရီးကိုျဖတ္ကန္ရန္ဟန္ျပင္ေနသည့္ ဝမ္းခယ့္ရွင္၏ေျခေထာက္တစ္ဖက္မွာလည္း ေလထုထဲတြင္ ကိုးရိုးကိုးယားပုံစံအေနအထားျဖင့္ အေတာင့္သားရပ္တန့္သြားေလေတာ့သည္။ ၎မွာ ယဲ့ပိုင္ရီးကိုအထူးအဆန္းသဖြယ္အကဲခတ္ၾကည့္ရႈေနရင္း စိတ္ထဲ၌အေတြးပြားမိသည္။
႐ုံ႐ႊမ့္နဲ႕လုံခြၽဲ႕တို႔က သက္တူ႐ြယ္တူေတြျဖစ္တဲ့အျပင္ ယဲ့ပိုင္ရီးက ႐ုံ႐ႊမ့္ရဲ႕ဆရာလို႔ေျပာေနေတာ့ ဧကႏၲ အဲဒီယဲ့မ်ိဳးရိုးႀကီးက အႏွစ္ေထာင္ေသာင္းခ်ီသက္တမ္းရွိတဲ့ လိပ္ဘိုးဘိုးႀကီးမ်ားလား
ယဲ့ပိုင္ရီးက သူ႕ကိုေအးတိေအးစက္စိုက္ၾကည့္လိုက္ၿပီးေသာ္ ေနာက္သို႔လွည့္ကာ အိမ္ထဲသို႔ျပန္ဝင္သြားသည္။ သူက လုံခြၽဲ႕၏အေရွ႕တည့္တည့္တြင္ အေပၚစီးမွအုပ္မိုး၍ရပ္ၾကည့္ေနရင္း ခက္ထန္မာေၾကာစြာေျပာလာ၏။
"ဟိုတုန္းက ႐ုံ႐ႊမ့္ဆိုတဲ့ေကာင္က ငါ့ဆီကေန လ်ိဳ႕ဟယ္စိတ္က်င့္စဥ္က်မ္းစာအုပ္တစ္ဝက္ကိုအလစ္သုတ္သြားၿပီး ေတာင္ေအာက္ကိုဆင္းသြားခဲ့တယ္။ အဲဒီေနာက္ပိုင္း တစ္ခါမွကိုျပန္မလာေတာ့ဘူး။ ဒီေန႕ဒီအခ်ိန္မွာေတာ့ သူခ်န္ထားခဲ့တဲ့ပစၥည္းေၾကာင့္ အလယ္ပိုင္းေျမျပန႔္လြင္ျပင္က သိုင္းေလာကတစ္ခြင္လုံး ရွန္းဟယ္အမိန့္ျပားကိုဆင့္ေခၚရတဲ့ အေျခအေနထိေရာက္သြားရၿပီေလ။ ဒါနဲ႕ေတာင္ အရင္တုန္းက ဘာေတြဘယ္လိုျဖစ္ခဲ့သလဲဆိုတာကို ငါက သိခြင့္မရွိေသးဘူးလား"
လုံခြၽဲ႕က ေမးလာ၏။
"ခင္ဗ်ားက ယဲ့....ယဲ့...."
"ငါက ယဲ့ပိုင္ရီးပဲ"
လုံခြၽဲ႕က အသက္ျပင္းျပင္းရွိုက္ရႉသြင္းလိုက္ရင္း ေခါင္းကိုယမ္းကာ သက္ျပင္းခ်လိဳက္သည္။
"လတ္စသတ္ေတာ့ လူႀကီးမင္းက အခုခ်ိန္ထိ သက္ရွိထင္ရွားရွိေနေသးတာပဲ..."
မုတ္ဆိတ္က်င္စြယ္မ်ားႏွင့္ဆံႏြယ္မ်ား ဆြတ္ဆြတ္ျဖဴေဖြးေနၿပီျဖစ္ေသာ သက္ႀကီးပိုင္းအ႐ြယ္အဘိုးအိုတစ္ေယာက္က ငယ္႐ြယ္ပ်ိဳမ်စ္ဆဲ မ်က္ႏွာပိုင္ရွင္လူငယ္ေလးတစ္ေယာက္အား 'လူႀကီးမင္း' ဟု ေခၚေဝၚသုံးႏႈန္းေနသည့္ မ်က္စိေရွ႕မွျမင္ကြင္းကိုျမင္ရသည္မွာ အလြန္တရာထူးဆန္းအံ့ဩဖြယ္ေကာင္းေနေတာ့သည္။
က်ိဳးက်စ္ရႉးက ေခတၱခဏမွ်ေတြးေတာလိုက္ၿပီးေသာ္ စကားျဖတ္ေျပာလိုက္သည္။
"ကြၽန္ေတာ္ ႐ုပ္ေသးအိမ္ေတာ္ထဲက ေထာင္ေခ်ာက္ယႏၲရားေတြကို မွားယြင္းၿပီးျဖတ္ေက်ာ္လာခဲ့တုန္းက အမ်ိဳးသားတစ္ေယာက္နဲ႕အမ်ိဳးသမီးတစ္ေယာက္အသြင္သဏၭာန္ရွိတဲ့ လူသား႐ုပ္ေသး႐ုပ္ႏွစ္႐ုပ္နဲ႕ေတြ႕ခဲ့ရတယ္။ ဒီ႐ုပ္ေသးအိမ္ေတာ္မွာ ႐ုပ္ေသး႐ုပ္ေတြအမ်ားႀကီးရွိေပမဲ့ အားလုံးဟာ ေခါင္းေျပာင္ေျပာင္၊ ဗလာမ်က္ႏွာနဲ႕ စက္ပစၥည္းေတြလိုေတာင့္တင္းေနၾကတာခ်ည္းပဲ။ ဘယ္႐ုပ္ေသး႐ုပ္ကမွ အဲဒီ႐ုပ္ေသး႐ုပ္စုံတြဲေလာက္ တကယ့္လူအစစ္နဲ႕ခြၽတ္စြပ္တူေနတာမ်ိဳးမေတြ႕ခဲ့ရဘူး။ လုံလူႀကီးမင္း....လူႀကီးမင္းရဲ႕ အဲဒီ႐ုပ္ေသး႐ုပ္စုံတြဲက ဧကႏၲ လူႀကီးမင္းနဲ႕လူႀကီးမင္းရဲ႕ဇနီးသည္ပုံစံကို ဖန္တီးထြင္းထုထားတာလား၊ ဒါမွမဟုတ္ ႐ုံ႐ႊမ့္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္မ်ားလား"
လုံခြၽဲ႕က မ်က္လုံးမ်ားမွိတ္ခ်လိဳက္သည္။ အခ်ိန္အတန္ၾကာေသာအခါမွသာ တုံ႕ျပန္ေျဖၾကားလာ၏။
"႐ုံ႐ႊမ့္နဲ႕ သူ႕ရဲ႕ဇနီးသည္တို႔ပါပဲ"
က်ိဳးက်စ္ရႉးက တိုးညင္းစြာဆိုလိုက္သည္။
"အဆုံးမွာေတာ့ အဲဒီ႐ုပ္ေသး႐ုပ္ႏွစ္႐ုပ္ဟာ တစ္ေယာက္ဦးေခါင္းကို တစ္ေယာက္အျပန္အလွန္ထုေထာင္းရိုက္ပုတ္ၾကရင္း အလုံးစုံပ်က္စီးသြားခဲ့ၾကတယ္"
လုံခြၽဲ႕၏လက္အစုံမွာ တစ္ခ်က္မွ်မသိမသာတုန္ယင္သြား၏။ ယဲ့ပိုင္ရီးက တစ္ဆက္တည္းေမးျမန္းလိုက္သည္။
"႐ုံ႐ႊမ့္က မိစာၦလမ္းစဥ္ေပၚကိုေရာက္သြားခဲ့တာလား"
လုံခြၽဲ႕က အသံတိတ္ေခါင္းညိတ္ျပလိုက္ရင္း စကားဆက္သည္။
"အမွန္ပါပဲ။ ႐ုံကေတာ္ မေသဆုံးခင္မွာပဲ ႐ုံ႐ႊမ့္ဟာ မိစာၦလမ္းစဥ္ေပၚေရာက္သြားခဲ့တာ။ ႐ုံကေတာ္ဟာလဲ သူ႕လက္ေပၚမွာပဲအသက္ဆုံးပါးခဲ့ရတယ္"