လေလွင့်ခရီးသည်

Galing kay Ling____

1.4M 209K 16.9K

Higit pa

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)

14.3K 2.4K 44
Galing kay Ling____

Unicode

အခန်း ၄၂
ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း

ကျန်းချန်လင်မှာ အခြေအနေအရပ်ရပ်ကိုနားမလည်နိုင်ဘဲ ယောင်နနဖြင့် ထိုအမျိုးသားနှစ်ယောက်၏အနောက်မှလိုက်လာနေရရှာသည်။ သူ့ဆရာဖြစ်သူသည် ရုပ်ရည်သွင်ပြင်ကိုလဲလှယ်လိုက်ပြီးနောက်ဝယ် လူတစ်ကိုယ်လုံးမှာ မဆိုစလောက်ကွဲပြားခြားနားစွာပြောင်းလဲသွားသည်ကိုခံစားလိုက်ရသည်။ လေထုအခြေအနေမှာ အလွန်တရာတင်းမာနေပြီး ဘေးတစ်ဖက်တွင်ရှိသော ကုရှန်းသည်ပင် အာကျယ်အာကျယ်မလုပ်ရဲ၊ အသက်ပင်ပြင်းပြင်းမရှူရဲသည့်နှယ် ခပ်မဆိတ်သာလိုက်လာနေသည်။

ပုံမှန်အချိန်များ၌ ၎င်းတို့မှာ နှစ်ယောက်အတူတူရှိနေပါလျှင် ပိုလျှံနေသောစွမ်းအင်အမြောက်အမြားကိုထုတ်လွှတ်ပစ်သည့်အလား သူတစ်ခွန်းကိုယ်တစ်ခွန်း အပြန်အလှန်စကားနာထိုးကာ မရပ်မနားကျီစယ်နောက်ပြောင်တတ်ကြသော်ငြား ယခုအချိန်တွင်မူ နှစ်ယောက်လုံးမှာ စကားတစ်ခွန်းမျှမပြောဘဲ ကိုယ့်လမ်းကိုယ်လျှောက်လှမ်းနေကြ၏။ ကျိုးကျစ်ရှူးမှာ သူ၏မျက်နှာဖုံးကိုပင် မျက်နှာပေါ်၌ နောက်တစ်ကြိမ်ပြန်လည်တပ်ဆင်ထားခြင်းမရှိတော့ပါချေ__မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်၌ ဤနေရာတွင်လည်း သူ့ကိုသတိထားမိမည့်လူတစ်ယောက်တလေမျှရှိမနေပါလေ။

ကျိုးကျစ်ရှူးမှာ ရင်ဘတ်ထဲတွင် အသက်ရှူကျပ်လာသလို တစ်ဆို့မွန်းကျပ်သည့်ခံစားချက်တစ်မျိုးကိုခံစားလိုက်ရသည်။ နတ်ဆေးဆရာလေး၏စကားများသည် သူ့အရှိုက်တည့်တည့်သို့ ပြင်းထန်စွာထိမှန်သွားစေခဲ့သည်။ တစ်ကိုယ်လုံးရှိ သိုင်းပညာစွမ်းရည်များကိုစွန့်လွှတ်လိုက်မှသာလျှင် သူ့အတွက် ဆယ်ပုံနှစ်ပုံမျှော်လင့်ချက်ရှိလာနိုင်မည်ဆိုပါက ထိုမျှော်လင့်ချက်ကို သူမလိုချင်တော့ပေ။ ထိုအစား စိတ်နှလုံးတည်ငြိမ်အေးချမ်းစွာဖြင့် ဖြည်းဖြည်းချင်းသာသေဆုံးသွားချင်မိတော့သည်။

ရှေးအစဉ်အဆက်မှသည် ယနေ့ခေတ်အချိန်ထိတိုင်အောင် လျှို့ဝှက်သိုင်းကျမ်းစာအုပ်တစ်အုပ်အတွက် တစ်ဦးနှင့်တစ်ဦး သွေးထွက်သံယိုဖြစ်လောက်သည်အထိ ရန်စောင်တိုက်ခိုက်ခဲ့ကြသော သိုင်းပညာရှင်ပေါင်းမည်ရွေ့မည်မျှရှိခဲ့ကြပါသနည်း။ ထိုခန္ဓာကိုယ်ထဲတွင်ရှိနေသည့်သိုင်းပညာများမှာ ၁၀ နှစ်တာကာလကို နေ့ရက်တစ်ရက်အဖြစ်မှတ်ယူရင်း အအေးချမ်းဆုံးဟေမန်ဆောင်းရာသီများနှင့် အပူလောင်ဆုံးဂိမှန်နွေဥတုများအတွင်း လေ့ကျင့်သင်ယူခဲ့ရခြင်းဖြစ်သလို ၁၀ နှစ်တာကာလကို နေ့ရက်တစ်ရက်အဖြစ်မှတ်ယူရင်း အစကနဦးပင်ပန်းဆင်းရဲမှုများကိုကြံ့ကြံ့ခံဖြတ်သန်းကျော်လွှား၍ ကျားကုတ်ကျားခဲရှာဖွေလေ့လာပြီးနောက်မှသာလျှင် ခဲရာခဲဆစ်နားလည်သဘောပေါက်သွားခဲ့ခြင်းဖြစ်သည်။

ထိုပညာရပ်တို့မှာ သူ၏မွေးရာပါအရည်အချင်းတို့မဟုတ်သလို ထူးချွန်ရင့်သန်သောပါရမီအထုံတို့ကြောင့်လည်းမဟုတ်ခဲ့ပါချေ။ ထိုအရာမှာ လူတစ်ယောက်၏စိတ်ဝိညာဥ်တစ်ခုလုံး ကိန်းအောင်းတည်ရှိရာဌာနေတစ်ခုပင်တည်း။

'သိုင်းပညာစွမ်းရည်များကိုစွန့်လွှတ်ဖျက်ဆီးသည်' ဟူသောစကားမှာ မည်သို့သောအဓိပ္ပါယ်ကိုဖော်ညွှန်းပါသနည်း။ ဤသည်မှာ လူတစ်ဦး၏အသက်ဝိညာဥ်ပျောက်ဆုံးသွားသကဲ့သို့ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုပါလျှင် ဟိုးယခင်တုန်းကလို ဘာတစ်ခုမျှမသိနားမလည်သည့် ရူးနှမ်းနှမ်းငတုံးငအတစ်ယောက်ပြန်ဖြစ်သွားရသည်ကမှ သာ၍ကောင်းပေဦးမည်။

နတ်ဆေးဆရာလေးသည်လည်း ထိုအချက်ကို အလိုအလျောက်နားလည်သဘောပေါက်ထားပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ နောက်ဆုံး၌ သက်ပြင်းတစ်ချက်သာချလိုက်ပြီး သူ့ကိုထပ်မံတိုက်တွန်းဖျောင်းဖျမှုမပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူ၏စိတ်ဝိညာဥ် ၇ မျိုးထဲမှ တစ်မျိုးကိုဆုံးရှုံးလိုက်ရမည်ဆိုပါလျှင်၊ အကယ်၍ သူ့ထံတွင် နောက်ဆုံးသောဂုဏ်သိက္ခာလေးသော်မျှမကျန်ရှိတော့ဘူးဆိုပါလျှင် လေနှင်ရာမျောလွင့်နေသောဘဝဝယ် တစ်ခုတည်းသောလစ်ဟာနေသည့်အရာမှာ သေခြင်းတရားသာကျန်ရှိတော့ပေလိမ့်မည်မဟုတ်ပါလော။ အမှန်စင်စစ်တွင်မူ သူသည်လည်း အသက်ရှင်သန်လိုစိတ်ရှိပါသည်။ သို့တိုင် သေခြင်းတရား၏တံခါးဝတွင် ခဲရာခဲဆစ်ရုန်းကန်ကြိုးစားနေရသော ရှင်သန်ခြင်းမျိုးကိုတော့မလိုလားပါချေ။

ကျိုးကျစ်ရှူးက မနေနိုင်မထိုင်နိုင်ဖြစ်ကာ ရုတ်ချည်းပင် သံကုန်ဟစ်ကြွေး၍တေးသီချင်းတစ်ပုဒ်ကို စတင်သီကျူးမြည်တမ်းလေတော့သည်။

"အချိန်ရာသီတွေဟာ မြားတစ်စင်းပမာ လျင်မြန်စွာဖြတ်သန်းလွန်မြောက်သွားကြတယ်....နှစ်ကာလတွေဟာ ငါ့ကိုမစောင့်ဆိုင်းတော့မှာကို စိုး​ကြောက်မိပါတယ်....

အရုဏ်တက်ချိန်ရောက်ရင် တောင်ကမ်းပါးယံဆီကိုသွားပြီး တရုတ်စကားပန်းတွေ သွားခူးမယ်...နေဝင်ရီတရော ညနေဆည်းဆာအချိန်ရောက်လာရင် ကျွန်းမျောတွေပေါ်က ပေါင်းမြက်နွယ်ပင်တွေကို သွားနုတ်ယူမယ်....

နွေဦးနဲ့ဆောင်းဦးရာသီတို့ဟာ လျင်မြန်စွာတစ်လှည့်စီပြောင်းလဲနေကြသလို သူရိန်နေမင်းကြီးနဲ့ စန္ဒာလဝန်းတို့ကလည်း အစဉ်အတိုင်းနေရာပြောင်းလှည့်နေကြစမြဲ...

ရှင်သန်ပွင့်လန်းပြီးတဲ့အခါ ညှိုးလျော်နွမ်းခြောက်သွားတဲ့မြက်ပင်စိမ်းတွေအကြောင်းကိုစဥ်းစားမိလေတိုင်း အလှတရားရဲ့အိုမင်းရင့်ရော်လာမှုကို ကြောက်ရွံ့မိပါတယ်....."

အဆိုပါတေးသံစဉ်ထဲဝယ် မဆိုစလောက်အက်ကွဲကြမ်းရှနေသောအငွေ့အသက်တို့ကို သယ်ဆောင်ထားလျက် စကားလုံးတစ်လုံးချင်းစီ၊ သီချင်းစာသားတစ်ကြောင်းချင်းစီ၌ ဝမ်းနည်းပူဆွေးမှု၊ စိုးထိတ်ကြောက်ရွံ့မှုနှင့် အမျက်ဒေါသမာန်ဟုန်တို့ကို ဖုံးကွယ်မြှုပ်နှံထားကာ ဆန့်ကျင်ဘက်အားဖြင့် ပြောမပြတတ်သော အရိုင်းဆန်မှု၊ ကြမ်းတမ်းခက်ထန်မှုနှင့် ထောင်လွှားဝင့်ကြွားမှုတို့သာချန်ရစ်ထားခဲ့လေသည်။ ဤသို့ဤနှယ် သူ၏မွေးရာပါထောင်လွှားဝံ့ကြွားသည့်ဟန်ပန်အမူအရာတို့မှာ လမ်းမကြီးတစ်ဆုံးရောက်ရှိလွင့်ပျံသွားပြီး လီထောင်ပေါင်းများစွာရှည်လျားသော တောင်စဉ်တောင်တန်းအသွယ်သွယ်နှင့် မြစ်နဒီများအကြားဝယ် ရစ်သိုင်းလှည့်ပတ်နေပြီးသော် သူ၏အချိုးအကွေ့ကိုးခုရှိသော နှလုံးသည်းအိမ်အတွင်း အချိန်အတန်ကြာကွေ့ဝိုက်တွယ်ငြိနေလျက် နောက်ဆုံးတွင်မူ လည်ချောင်းထဲမှဖောက်ထွက်လွင့်ပျံလာတော့သည်။

ထိုနေ့က အုံ့ဆိုင်းမှိုင်းညှို့လျက်ရှိသော ဘဝဂ်ကောင်းကင်ယံသည် လေးလံစွာဖိနှိပ်ထားသယောင်။ အဆုံးမဲ့မြက်ခင်းလွင်ပြင်ကျယ်ကြီးကို တစ်မျှော်တစ်ခေါ်ငေးမောကြည့်ရှုလိုက်မည်ဆိုပါမူ သစ်ကိုင်းခြောက်များနှင့် ပေါင်းပင်မြက်ရိုင်းများအပြည့်ရှင်သန်ပေါက်ရောက်နေသော လမ်းသွယ်လေးတစ်ခုရှိနေသည်။ ပရမ်းပတာတိုက်ခတ်နေသော လေပြင်းမုန်တိုင်းတို့သည်ကား မည်သို့မည်ပုံရပ်တန့်ရမည်မှန်းမသိကြတော့သလို၊ ကျောက်စိုင်ကျောက်သားများပေါ်ရှိအက်ကွဲကြောင်းများနှင့် စုံတောမြိုင်ဟေဝန်တို့အကြားဝယ် အေးစက်ကြမ်းတမ်းစွာ တရွှီရွှီတိုးဝှေ့လူးလွန့်တိုက်ခတ်နေကြသည်မှာ တောင်မိစ္ဆာတို့ငိုကြွေးမြည်တမ်းသံများသဖွယ်။ ထောင်ပေါင်းများစွာသောနှစ်ကာလတို့မှာ တစ်ရက်တာအတွင်းကုန်ဆုံးသွားကြသလို။ သောင်းပေါင်းများစွာသောနှစ်ကာလတို့မှာ တစ်ရက်တာအတွင်းကုန်ဆုံးသွားကြသလို။

ဤသို့ဤနှယ် တိုးဝှေ့တိုက်ခတ်နေသောလေပြည်လေညင်းတို့မှာ ကျိုးကျစ်ရှူး၏ကျယ်ဝန်းသောဝတ်ရုံရှေ့ခြမ်းနှင့်လက်အဖျားအနားတို့ကို ဖောင်းပွသွားစေလျက် လေနှင်ရာအတိုင်းပြန်သွားရန်ညွှန်ကြားနေသကဲ့သို့ပင်။ ဝမ်းခယ့်ရှင်က ခေါင်းမော့လိုက်ပြီး ကျိုးကျစ်ရှူး၏အရိုးပေါ်အရေတင်ဖြစ်နေရှာသည့် နောက်ကျောပြင်လေးကိုသတိထား၍ကြည့်ရှုလိုက်သည်။ လေပြည်လေညင်းများက နားထင်တစ်ဝိုက် ဝဲဖြာကျနေသောဆံနွယ်ရှည်တို့ကို ပွတ်ကာသီကာဖြတ်သန်းတိုက်ခတ်သွားချိန်ဝယ် သူ၏ဘေးတစောင်းမျက်နှာအား ကြာပွတ်တစ်ချောင်းဖြင့်လွှဲရိုက်နေသည့်နှယ်။ သူ မျက်ဝန်းများကိုမှိတ်လိုက်သည်။ မျက်လုံးတစ်စုံကိုပိတ်ချလိုက်သောအခါ အလင်းရောင်နှင့်အရိပ်များမှာ မျက်ဝန်းတစ်ခုလုံးအပြည့်ရစ်သိုင်းလွှမ်းခြုံသွားလျက် ထိုပူလောင်နာကျင်သောခံစားချက်တို့ကိုသာ အာရုံပြုထားလိုက်လေသည်။

အေးစက်သောလေခိုးလေငွေ့များမှာ ကျိုးကျစ်ရှူး၏လည်ချောင်းအတွင်းသို့ တိုးဝင်သွားလေရာ ၎င်းမှာတံတွေးသီးမတတ်ဖြစ်သွားရှာပြီး မည်သည့်နေရာသို့ထွက်ပြေးသွားမှန်းမသိသော တေးသွားသံစဉ်တို့မှာလည်း ရုတ်တရက်ပြတ်တောက်သွား၏။ သူက ခါးကိုအနည်းငယ်ကိုင်းညွတ်ကာ ချောင်းဆိုးလိုက်၏။ ထုတ်ချင်းပေါက်မတတ် ပါးလျကြည်လင်လှသော သူ၏နှုတ်ခမ်းပါးပေါ်ဝယ် အရောင်အသွေးရှိသည့်နေရာဟူ၍ နှုတ်ခမ်းနှစ်လွှာကြားတွင်ရှိသည့် အလွန့်အလွန့်ပါးလျသော မျဥ်းတန်းလေးတစ်ကြောင်းမျှသာရှိနေသည်။ သို့သော် ထိုမျဉ်းတန်းလေးမှာ အပြုံးရိပ်တစ်စွန်းတစ်စကိုသယ်ဆောင်ထားသလို။ အနီရင့်ရင့်​သွေးရောင်လွှမ်းလျက်။

များမကြာမီအချိန်အတွင်း အောက်သို့ပြိုကျလာတော့မယောင်ထင်ရသော အပြာရောင်ကောင်းကင်ယံထက်သို့ ဝမ်းခယ့်ရှင် ရုတ်တရက်ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက်တွင်မူ မဆိုစလောက်အေးစက်သောအပိုင်းအစလေးတစ်ခုက သူ့မျက်နှာထက်သို့သက်ဆင်းပြုတ်ကျလာသည်__တုံ့ထင်၌ ပထမဆုံးကျဆင်းလာသောနှင်းများပင်တည်း။

သူရဲကောင်းတွေဟာ ဘာကြောင့်များ နောက်ဆုံးမှာ လမ်းဆုံးကိုရောက်သွားရတာလဲ။ မိန်းမလှလေးတွေဟာ ဘာကြောင့်များ နောက်ဆုံးမှာ အိုမင်းရင့်ရော်သွားရတာလဲ

ဝမ်းခယ့်ရှင်၏ရင်ဘတ်အတွင်း၌ စကားလုံးများဖြင့်ဖော်ပြရန်ခက်ခဲသော မချိတင်ကဲအမျက်ဒေါသစိတ်များ တရိပ်ရိပ်လှိုက်တက်လာသလိုရုတ်တရက်ခံစားလိုက်ရသည်။ ထိုသို့ပြည့်လျှံထွက်ကျလုနီးပါးဖြစ်နေသော ခံပြင်းဒေါသစိတ်တို့မှာ သူကိုယ်တိုင်အတွက်ကြောင့်လည်းဖြစ်နိုင်သလို အခြားတစ်ယောက်အတွက်ကြောင့်လည်းဖြစ်နိုင်သည်။ သူက ထိုအခြင်းအရာကိုလက်ခံဖို့ငြင်းဆန်နေရင်း လက်ချောင်းများမှာတဆတ်ဆတ်တုန်ယင်လာ၏။ အထက်မိုးကောင်းကင်နှင့်ပထဝီမြေပြင်တစ်ခွင်သာမက လူ့ဘုံလောကကြီးတစ်ခုလုံးနှင့် တည်ရပ်ဌာနေရှစ်မျိုး၊ အရပ်ခြောက်မျက်နှာပါမကျန် ဆုတ်ဖြဲပစ်လိုက်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။ သူ မိုးနတ်မင်းကြီးကို တန်ပြန်မေးခွန်းထုတ်လိုက်ချင်သည်...ကံကြမ္မာဆိုသည်ကားအဘယ်နည်း။ အဘယ်ကြောင့်များ လူသားများသည် ကံကြမ္မာအလိုအရ မွေးဖွားလာပြီး ကံဇာတ်ဆရာအလိုကျ ရှင်သန်နေထိုင်ရပါမည်နည်း။

ကုရှန်းမှာ အနောက်သို့လှည့်လာပြီး သူ့ကိုပြုံးစိစိကြည့်နေသော သခင်ဖြစ်သူကိုမြင်သောအခါ ထိတ်လန့်ချောက်ချားသွား၏။ သူက မေးလိုက်သည်။

"အားရှန်း.....မင်း အဲဒီချောင်ဝေ့နင်ဆိုတဲ့ ငတုံးကောင်လေးကို သဘောကျသလား"

ကုရှန်းမှာ တခဏမျှအူတီးအူကြောင်ဖြစ်သွားလျက် သူ့ကိုကြောင်အမ်းမှင်တက်စွာကြည့်နေရှာသည်။

"သခင်...."

ဝမ်းခယ့်ရှင်က ထပ်မံမေးမြန်းလိုက်သည်။

"သူက လူကောင်းတစ်ယောက်လို့ မင်းထင်သလား"

ဝမ်းခယ့်ရှင်၏မျက်လုံးများမှာ သူ(မ)၏နှလုံးသားအတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ကြည့်ရှုနေသယောင် ကုရှန်းခံစားလိုက်ရသည်။ ရုတ်တရက် ထူးဆန်းသောခံစားချက်တချို့လှိုက်တက်လာကာ တွေးတောလိုက်၏။

ချောင်ဝေ့နင်က လူကောင်းတစ်ယောက်လား

လေးနက်တည်ငြိမ်သောမျက်နှာထားဖြင့် သူ့ကိုပြောဆိုခဲ့ဖူးသည့် ထိုလူ၏စကားသံများကို ပြန်လည်တွေးတောမိလိုက်လေသည်။

တကယ်လို့များ မင်းမှားသွားခဲ့ရင်ရော။ တကယ်လို့များ မင်း နောင်တစ်ချိန်ကျမှ အဲဒီအဖြစ်မှန်ကိုသိသွားရင် မင်းစိတ်ထဲမှာသေချာပေါက်ဝမ်းနည်းပူဆွေးနေရမှာစိုးလို့ပါ

ထို့အတူ သူ၏ဓားရှည်ကိုဆွဲထုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သည့် မကောင်းဆိုးဝါးစုံတွဲအိုကြီးကို အရှေ့မှမားမားမတ်မတ်ရင်ဆိုင်ဟန့်တားပေးရင်း ထိုကဲ့သို့သောအရေးပေါ်အခြေအနေ၌ပင် သူတို့ထံသို့ နောက်လှည့်ပြောလာသောစကားတစ်ခွန်းကိုလည်း အမှတ်ရသွားပြန်သည်။

သူ့ကို အရင်ခေါ်သွားလိုက်တော့။ မြန်မြန်

ကုရှန်း ရုတ်တရက် တွေးမိသွားသည်။ မိမိအား 'အရင်ထွက်သွားတော့' ဟူသောစကားမျိုးကို ယခုချိန်ထိ မည်သူတစ်ဦးတစ်ယောက်မျှ ပြောကြားဖူးခဲ့ခြင်းမရှိသေးပါချေ။ သို့ဖြစ်ရာ ဘာရယ်ကြောင့်မှန်းမသိဘဲ သူ့မျက်ဝန်းအိမ်များမှာ ရုတ်ချည်းနီစွေးလာတော့သည်။ ထို့နောက်တွင်မှ သုန်မှုန်ညှိုးလျစွာခေါင်းညိတ်ပြလိုက်သည်။

"အစ်ကိုချောင်က သိပ်တော်တဲ့လူကောင်းတစ်ယောက်ပါ။ သူက စကားလဲတတ်တယ်။ အသိပညာဗဟုသုတနဲ့လဲပြည့်စုံတယ်လေ...."

ဝမ်းခယ့်ရှင်က အသံတိတ်ကြိတ်ရယ်လိုက်၏။

"ဟုတ်သားပဲ၊ 'နွေဦးမှာအသေကောင်လိုအိပ်ပျော်နေ၍ နံနက်အရုဏ်ကိုမသိလိုက်ပါ' ဆိုတဲ့စကားမျိုးကိုတောင် သူကပြောထွက်နိုင်ခဲ့တဲ့လူပဲလေ...."

ဝမ်းခယ့်ရှင်၏စကားများမှာ ခနဲ့တဲ့တဲ့ပြောလိုက်သောစကားများဖြစ်သည်ဟုခံစားလိုက်ရလေရာ ကုရှန်းက လေးနက်စွာခုခံကာကွယ်ပြောဆိုလာ၏။

"နွေဦးမှာငိုက်မြည်းလို့ ဆောင်းဦးမှာပင်ပန်းနွမ်းလျပြီး နွေရာသီမှာတရေးတမောအိပ်စက်တယ်။ လူတိုင်းက နွေဦးရာသီမှာတော့ အိပ်ငိုက်တတ်ကြတာပဲမဟုတ်လား။ ပြီးတော့ အသေကောင်လိုအိပ်ပျော်သွားတယ်ဆိုတာကလဲ အိပ်ရာက မနိုးလာတော့ဘူးဆိုလိုတာပဲလေ။ ကျွန်မကြည့်ရသလောက်တော့ အစ်ကိုချောင်ပြောတာတွေက ယုတ္တိရှိတာပဲ။ 'ဂန္ဓမာပန်းတွေရဲ့ မွှေးရနံ့အစုံဟာ
ကြမ်းတမ်းအေးစက်တဲ့အအေးဒဏ်ကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း လေထုထဲမှာ ထုံသင်းပျံ့လွင့်လို့နေကြလေတယ်' ဆိုတဲ့ စာကြမ်းပိုးလိုလို ဘာလိုလိုကောင်တွေပြောတာထက် နည်းနည်းလေးပဲပိုသာတာမဟုတ်ဘူးနော်၊ အများကြီးအများကြီးပိုပြီးတော်တာ"

ပါးပြင်နှစ်ဖက်လုံးပန်းသွေးရောင်သန်းလျက် ရှက်သွေးဖြာနေသည့်မိန်းမပျိုလေးကို ဝမ်းခယ့်ရှင်ကပြုံးစိစိကြည့်ရင်း ခေါင်းတဆတ်ဆတ်ညိတ်ကာပြောလိုက်၏။

"ကောင်းပြီလေ၊ ဒါဆိုလဲ သူ့ကိုသွားကယ်ရအောင်"

ကုရှန်းမှာ ​ကြောင်တောင်တောင်ဖြစ်သွားလျက်

"ဟင်....ခုနက အရှင်ခုနစ်ပြောတော့....."

ဝမ်းခယ့်ရှင်က သူ့စကားကိုကြားဖြတ်ကာ ကြည်လင်ပြတ်သားစွာဆိုလာ၏။

"ငါကယ်ချင်တဲ့သူကိုကယ်မယ်။ သတ်ချင်တဲ့သူကိုသတ်မယ်။ ငါကြိုက်တာ ငါလုပ်မှာပဲ။ ဒီလောကကြီးမှာ ငါသွားမဲ့လမ်းကြောင်းကို ဘယ်ကောင်တားရဲသလဲဆိုတာကြည့်လိုက်ဦးမယ်။ ဘာတွေ ပစိပစပ်များနေသေးတာလဲ။ ဟိုလူက သူဘယ်လောက်သိကြောင်းတတ်ကြောင်းကြွားဝါဟန်ရေးပြတတ်တဲ့ စာကြမ်းပိုးမျက်နှာဖြူကောင်တစ်ယောက်ပဲ။ သူက ဘာမှသိတာမဟုတ်ဘူး။ အားရွှိ...ခင်ဗျားရော လိုက်မှာလား မလိုက်ဘူးလား"

ကျိုးကျစ်ရှူးက ပြုံးလျက်ဆို၏။

"မလိုက်ဘဲ ဘယ်နေရဲပါ့မလဲ"

ဝမ်းခယ့်ရှင်၏နှုတ်ခမ်းထောင့်စွန်းများမှာ အထက်သို့အနည်းငယ်ကွေးတက်သွားသော်ငြား မျက်ခုံးများမှာမူ စုစည်းကွေးကြုံ့နေဆဲဖြစ်ကာ ပြောမပြတတ်သော အနည်းငယ်သွေးအေးရက်စက်ကြမ်းတမ်းသည့် လူသတ်မည့်အငွေ့သက်မျိုးရှိနေသည်။ အဆိုပါပုံစံသည်ကား မျက်နှာဖုံးအတုတပ်ထားသော သူ့မျက်နှာကိုမဆိုစလောက်ပို၍ကြောက်စရာကောင်းသွားစေတော့သည်။ သူက ပြောလိုက်သည်။

"ကောင်းပြီ...အားရှန်း၊ မင်းကယ်ချင်တဲ့သူကို သွားကယ်တော့။ ငါကတော့ မင်းနဲ့လိုက်ပြီး အခြေအနေတွေ​ဗြောင်းဆန်ရှုပ်ထွေးသွားအောင်လုပ်ပေးမယ်"

***********

လက်ရှိအချိန်၌ ချောင်ဝေ့နင်ခမျာ အတော်လေးအခြေအနေမကောင်းလှရှာပေ။ သူ့ခမျာ မြေပြင်ပေါ်သို့လိမ့်ကျခဲ့ပြီးနောက် တစ်ကိုယ်လုံးရွှံ့နွံများညစ်ပတ်ပေကျံသွားလျက် ရွှံ့လူးထားသောမျောက်တစ်ကောင်နှင့်ပင်တူနေချေ၏။ အင်္ကျီအဝတ်အစားများမှာစုတ်ပြတ်ပေရေနေရှာပြီး မျက်လုံးတစ်ဖက်မှာလည်းဖူးယောင်ကိုင်းနေကာ ကောင်းကောင်းမဖွင့်နိုင်တော့ပါချေ။ လက်နှစ်ဖက်လုံးမှာနောက်ပြန်ကြိုးတုပ်ခံထားရပြီး လက်စွဲတော်ဓားရှည်မှာလည်း အနားတွင်မရှိတော့ပါချေ။ ခရီးလမ်းတစ်လျှောက်လုံး တွန်းလိုက်တိုက်လိုက်ဖြင့် ဒယီးဒယိုင်သွားလာနေရပြီး ရံဖန်ရံခါ ဖုန်းရှောင်ဖုန်းထံမှစူးရှကျယ်လောင်သောအော်ဟစ်သံများနှင့် ဒေါသတကြီးဆဲဆိုကြိမ်းမောင်းသံများကိုကြားနေရသည့်တိုင် ဘာရယ်ကြောင့်မှန်းမသိဘဲ သူ၏စိတ်နှလုံးထဲဝယ် အလွန်တရာအေးချမ်းတည်ငြိမ်နေ၏။

၎င်းမှာ သူ့ကိုယ်သူ အမှန်တကယ်အဖြစ်မရှိသူတစ်ယောက်သဖွယ် တွေးထင်မိလေ၏။ ချင်းဖုန်းဂိုဏ်း၏ရှေးအစဥ်အဆက်ဆရာသမားများသင်ကြားပေးခဲ့သော ဆောင်ပုဒ်သည်ကား

'ဓားရှိလျှင်လူရှိပြီး ဓားကျိုးလျှင်လူသေမည်။ သူတော်ကောင်းတရားများကို လက်ကိုင်ထားစောင့်ရှောက်ကာ မကောင်းဆိုးဝါးမိစ္ဆာများကို အမြစ်ပြတ်သုတ်သင်ချေမှုန်းရမည်' ဟူ၍ဖြစ်သည်။ ယခုမူ သူ၏ဓားရှည်မှာကျိုးပဲ့ပျက်စီးသွားရှာပြီး သူကိုယ်တိုင်လည်း မကောင်းဆိုးဝါးမိစ္ဆာလမ်းစဉ်ပေါ်သို့ရောက်ရှိသွားသော ဆိုးသွမ်းယုတ်မာသူတစ်ဦးသဖွယ် အထင်ခံနေရလေပြီ။ သို့သော် သူက ဤကိစ္စကိုအလေးအနက်မထားပါချေ။ ချောင်ဝေ့နင်သည် မိမိကိုယ်မိမိ ကမ္ဘာလောကကြီးကိုအုပ်စိုးလွှမ်းမိုးနိုင်မည့် အံ့ချီးဖွယ်အရည်အသွေးတို့ကိုပိုင်ဆိုင်ထားသော ထူးချွန်ထက်မြက်သူတစ်ဦး၊ သို့တည်းမဟုတ် ခြေတစ်ချက်ဆောင့်နင်းလိုက်ရုံဖြင့် သိုင်းလောကတစ်ခွင်လုံးကိုသိမ့်သိမ့်တုန်လှုပ်ခါယမ်းသွားအောင်လုပ်နိုင်သည့် အစွမ်းအစရှိသူတစ်ဦးဖြစ်လိမ့်မည်ဟု မည်သည့်အခါမှတွေးထင်ထားခဲ့ဖူးခြင်းမရှိပါချေ။ မည်သည့်အလုပ်ကိုလုပ်ပါစေ၊ စိတ်သန့်သန့်ဖြင့် သူ့လိပ်ပြာသူလုံနိုင်သည်ဆိုလျှင်ကျေနပ်နေတတ်သူဖြစ်သည်။

ကောင်းမှုကုသိုလ်များစုဆောင်းနေသည်ဟူသော အစ်ကိုကျိုးနှင့် ပိန်ပိန်ပါးပါး အားနည်းချိနဲ့သောမိန်းမပျိုလေးတစ်ဦးဖြစ်သည့် ကုရှန်းတို့သည်ပင် သူတို့၏အသက်ကိုရင်း၍ ကျန်းမိသားစု၏ကလေးအား ကာကွယ်စောင့်ရှောက်ပေးနေသည်ကို သူတွေ့မြင်ခဲ့ရသည်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ကိုလိုက်လံဖိအားပေးတိုက်ခိုက်နေကြသူများမှာ သူတို့ကိုယ်သူတို့ သူတော်ကောင်းဂိုဏ်းသားများဟု နာမည်ခံထားသူများဖြစ်နေကြသည်။

ဖြောင့်မတ်မှန်ကန်ခြင်းဆိုတာ ဘာလဲ ဆိုးယုတ်ကောက်ကျစ်ခြင်းဆိုတာရော ဘာလဲ။

ပင်ကိုယ်ကတည်းက ချောင်ဝေ့နင်၏အကြီးမားဆုံးအားသာချက်မှာ ပွင့်လင်းမှန်ကန်သောစိတ်နေသဘောထားကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ချင်းဖုန်းဂိုဏ်းမှ သူ့အားသင်ကြားပြသပေးခဲ့သောအရာမှာ ကောင်းမှုနှင့်မကောင်းမှုတည်းဟူသောအယူအဆလမ်းစဉ်သာဖြစ်ပြီး နာမည်ဂုဏ်သတင်းကျော်ကြားမှုနှင့်အကျိုးအမြတ်နောက်သို့လိုက်ရန်မဟုတ်ပေ။ သို့ဖြစ်ရာ အကယ်၍ လူအများက သူ့ကိုလူကောင်းတစ်ယောက်မဟုတ်သူ၊ သို့မဟုတ် ကိုယ်ကျင့်တရားယိုယွင်းပျက်စီးပြီး မှားယွင်းသောလမ်းစဥ်နောက်သို့ ကောက်ကောက်ပါအောင်လိုက်သွားသူဟုပြစ်တင်စကားဆိုကြလျှင် မည်သို့လုပ်ရပါမည်နည်း။ ချောင်ဝေ့နင်တစ်ယောက် ထိုအကြောင်းစဥ်းစားလိုက်ချိန်ဝယ် အလွန်အမင်းဝမ်းနည်းပက်လက်ဖြစ်သွားရှာသည်။ သို့ပေသိ ဝမ်းနည်းတာက ဝမ်းနည်းခြင်းသာဖြစ်ပြီး မိမိသည် မဟုတ်တာတစ်ခုခုလုပ်ထားခြင်းမဟုတ်ဟု စိတ်ထဲ၌မှတ်ယူထားလိုက်သည်။ သူ ငူငူငိုင်ငိုင်တွေးတောလိုက်၏။

တကယ်လို့ ငါ့ကိုမကောင်းတဲ့ကောင်လို့ ပြောချင်ရင်လဲ ပြောကြပါစေတော့။ ဘာပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းက ကိုယ့်လမ်းကိုလျှောက်နေကြတာပဲ။
ဘယ်သူကမှ သူများရဲ့လမ်းကိုပိတ်ပင်တားဆီးလို့မရတာ။ ငါ့ရဲ့ဆရာသခင်နဲ့ ဆရာတူဦးလေးတို့ကိုတော့ မဆိုစလောက်အားနာမိပါရဲ့။

ချောင်ဝေ့နင်မှာ မိုးမခစိမ်းဘိုးဘိုး၏လက်ချက်ကြောင့် နံရိုးတစ်ချောင်းပင်ကျိုးသွားရသယောင်။ အသက်ရှူချိန်တိုင်း ရင်ဘတ်တစ်ခုလုံးပူလောင်နာကျင်နေပြီး အနည်းငယ်အာရုံထွေပြားလာတော့သည်။ ထိုလူများသည် သူ့ကိုမှောင်မည်းနေသောနေရာတစ်နေရာထဲသို့ပစ်သွင်းလိုက်ကြသည်။ သူက ကြည့်ပင်မကြည့်ဘဲ ရှေးဦးစွာ မျက်လုံးများကိုအသာမှိတ်ကာ ချိစွမ်းအင်များကိုထိန်းညှိလိုက်၏။ အရင်ဦးဆုံး သူ၏အတွင်းအားစွမ်းအင်များကို လုံလုံလောက်လောက်ပြန်လည်ကျင့်ကြံပြီးမှသာလျှင် ထပ်မံထွက်ပြေးရန်ကြံရွယ်လိုက်၏__မည်သို့ပင်ဖြစ်စေ သူက ထွက်ပြေးရန်ကြံစည်နေဆဲဖြစ်သည်။

တခြားသူတွေ ဘာပဲဖြစ်နေဖြစ်နေဂရုမစိုက်ဘူး။ ကုရှန်းက ကျန်းချန်လင်ကို တစ်ယောက်တည်းခေါ်သွားရတာ၊ တကယ်လို့များ သူတို့ အစ်ကိုကျိုးနဲ့အစ်ကိုဝမ်းကိုရှာမတွေ့ကြရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ အဆိပ်ကင်းမြီးကောက်တွေနဲ့သာထပ်တွေ့လို့က​တော့ တကယ့်ကိုပြဿနာကြီးပဲ

အချိန်မည်မျှကြာသွားမှန်းမသိလိုက်ခင်မှာပင် အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်ဖြစ်နေသော အသံဗလံများရုတ်ချည်းပျံ့လွင့်လာ၏။ အော်ကြီးဟစ်ကျယ်ပြောဆိုနေသော အလွန်တရာရင်းနှီးကျွမ်းဝင်နေသည့်အသံတစ်သံကိုကြားလိုက်ရသည်။

"အဓိပ္ပါယ်မရှိတာတွေ။ ဘယ်တုန်းကများ ငါတို့ချင်းဖုန်းဂိုဏ်းက မကောင်းဆိုးဝါးမိစ္ဆာကောင်တွေကိုမွေးထုတ်ခဲ့ဖူးလို့လဲ။ တကယ်တမ်း ငါမြင်ရသလောက်တော့ မက်မွန်နီနဲ့မိုးမခစိမ်း မင်းတို့မိစ္ဆာစုံတွဲကမှ တကယ့်ကို
မကောင်းတဲ့ကောင်တွေပဲ"

ထို့နောက် ချောင်ဝေ့နင်၏မျက်စိရှေ့တွင် လက်ခနဲဖြစ်သွားပြီးနောက် သူ့ကိုပိတ်လှောင်ထားသည့်အခန်းငယ်လေး၏တံခါးမှာ ဝုန်းခနဲပွင့်ထွက်သွားသည်။ ထို့နောက် အထဲသို့ဝင်လာသောလူတစ်စုကိုတွေ့လိုက်ရသည်။ သူက မျက်လုံးများကိုမှေးစင်းရင်း ဝက်ဝံတစ်ကောင်ကဲ့သို့ကုန်းလိုက်ကွလိုက်လုပ်ကာ စေ့စေ့စပ်စပ်လှမ်းမျှော်ကြည့်ရှုလိုက်သော် ထိုလူအုပ်အတွင်း၌ အော်ကြီးဟစ်ကျယ်နှင့်ဒေါသူပုန်ထနေသော သူ၏ဆရာတူဦးလေးဖြစ်သူ မော့ဟွိုင်ခုန်းကိုတွေ့လိုက်ရလေသည်။ ချောင်ဝေ့နင် တွေးလိုက်သည်။

သွားပြီ....ငါ့ဆရာတူဦးလေးကတော့ အကြီးအကျယ်ပေါက်ကွဲတော့မှာပဲ

မော့ဟွိုင်ခုန်းမှာ အကြီးအကျယ်ပေါက်ကွဲနေပြီဖြစ်သည်__ ၎င်းမှာ ချောင်ဝေ့နင်ကိုမြင်လျှင်မြင်ချင်း စိတ်ဆိုးမာန်ဆိုးနှင့်ကြုံးဝါးလိုက်၏။ ထို့နောက် သူ၏ဝတ်ရုံလက်ကိုတစ်ချက်ယမ်းလိုက်သောအခါ မိုးမခစိမ်းဘိုးဘိုးမှာ အနောက်သို့လွင့်စင်ကာ ဖင်ထိုင်လျက်လဲကျသွားရှာတော့သည်။ ၎င်းမှာ အသက်အရွယ်ကြီးရင့်သူများကိုပင် စိုးစဉ်းမျှရိုသေလေးစားမှုမရှိခဲ့ပါချေ။ မက်မွန်နီဘွားဘွားက အမျက်ချောင်းချောင်းထွက်သွားလျက် အသံကုန်အော်ဟစ်လိုက်၏။

"မော့ဟွိုင်ခုန်း၊ ဒီအရူးကောင်ကတော့....မင်း ဘာလုပ်လိုက်တာလဲ"

မော့ဟွိုင်ခုန်းကလည်း ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ လူအများ၏မျက်စိရှေ့မှောက်တွင် ထိုဘွားတော်အားပြန်လှန်အော်ဟစ်ပြောဆိုလိုက်၏။

"သူက ငါ့ရဲ့ ဆရာတူ တူလေးပဲ။ တကယ်လို့ သူမကောင်းတာတစ်ခုခုလုပ်ခဲ့ရင် ငါတို့ရဲ့ဂိုဏ်းချုပ်အစ်ကိုကြီးကပဲ ကိုယ်တိုင်ကိုယ်ကျ ဂိုဏ်းကနေသုတ်သင်ရှင်းလင်းပေးလိမ့်မယ်။ မင်းတို့ မိစ္ဆာစုံတွဲက ငါတို့ဂိုဏ်းရဲ့ကန့်လန့်ကာကိုခွေးလိုလျက်ပြီး ဟိုလုပ်သည်လုပ်နဲ့ဝင်ပြီးလျှာရှည်အာချောင်နေစရာလိုလို့လား"

ချောင်ဝေ့နင်မှာ စိတ်ထဲ၌ မနေနိုင်မထိုင်နိုင်ကြိတ်၍အော်လိုက်၏။

ကောင်းတယ်

သူ၏ဆရာတူဦးလေးဖြစ်သူမှာ စိတ်တိုစိတ်ဆတ်သူတစ်ဦးဖြစ်စေကာမူ နောက်ဆုံးတွင်တော့ သူ့ဘက်တွင်သာရပ်တည်ပေးနေဆဲဖြစ်သည်။ မော့ဟွိုင်ခုန်းထံမှ နောက်ထပ်စကားတစ်ခွန်းထပ်ထွက်လာလိမ့်မည်ဟု မည်သူကထင်ပါအံ့နည်း။

"ခွေးကိုရိုက်မယ်ဆိုရင် ပိုင်ရှင်ဘယ်သူလဲဆိုတာကို အရင်ကြည့်သင့်တာပေါ့"

ထိုခဏ၌ ချောင်ဝေ့နင်ခမျာ စိတ်ထဲ၌ဝမ်းနည်းညှိုးငယ်သွားလျက် တိတ်တဆိတ် မျက်ရည်ကျလုမတတ်ဖြစ်သွားရှာတော့သည်။

ရုတ်ချည်းပင် ဖုန်းရှောင်ဖုန်းကစူးခနဲအော်ဟစ်လိုက်ကာ မျက်လုံးများကိုပတ်တီးဖြင့်အုပ်ထားရသော ငယ်ကျွန်တော်ကောင်းရှန်းကိုဆွဲခေါ်လာပြီး မော့ဟွိုင်ခုန်းကို လက်ညှိုးငေါက်ငေါက်ထိုး၍အော်ဟစ်ပြောဆိုလိုက်၏။

"မင်းတို့ချင်းဖုန်းဂိုဏ်းကြီးက တော်တော်ကောင်းတာပဲ။ မင်းရဲ့သိပ်တော်တဲ့ ဆရာတူ တူလေးက ဘယ်လိုကောင်းတဲ့ကိစ္စတွေများလုပ်ခဲ့သလဲဆိုတာပြန်မေးကြည့်လိုက်ဦး။ သူနဲ့အတူရှိနေတဲ့မိစ္ဆာမလေးက အားရှန်းရဲ့မျက်လုံးကို ဒီလိုကန်းသွားအောင်အဆိပ်ခတ်ခဲ့တာပဲ။ တကယ်လို့ အဲဒီမိစ္ဆာမလေးကိုဖမ်းမမိခဲ့ရင် ဒီချောင်မျိုးရိုးကောင်စုတ်လေးရဲ့မျက်လုံးတွေကို ငါဖောက်ထုတ်ပစ်မယ်"

မော့ဟွိုင်ခုန်းပြန်ပြောမည့်ဆဲဆဲမှာပင် အနားရှိမည်သူ့ဆီကမှန်းမသိသော ဟွန်းခနဲအေးစက်စက်နှာမှုတ်သံတစ်ချက်ထွက်ပေါ်လာ၏။

"မိန်းကလေးငယ်ငယ်လေးက ဒီလိုရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို အသုံးပြုတတ်တာကြည့်ခြင်းအားဖြင့် သူက မကောင်းဆိုးဝါးမိစ္ဆာမလေးတစ်ယောက်ဖြစ်မှာပဲ။ ချောင်သူရဲကောင်းလေးက ဘာကြောင့်များ အဲ့လိုသမာသမတ်မရှိတဲ့ ကလိမ်ကကျစ်မိန်းကလေးမျိုးနဲ့ ရောနှောပေါင်းသင်းနေရတာပါလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကိုရှင်းပြပေးလို့ရမလား"

အနှီစကားကြောင့် မော့ဟွိုင်ခုန်း၏ပြောအံ့ဆဲဆဲစကားလုံးတို့မှာပြတ်တောက်သွားရလေသည်။ သူက ချောင်ဝေ့နင်ကိုစူးရဲစွာစိုက်ကြည့်လိုက်သော် အနှီကောင်လေးမှာ သူ့ပါးစပ်ကိုဖွင့်ဟကာ စိတ်နှလုံးညှိုးနွမ်းနာကျင်စွာဖြင့် တစ်ခွန်းခေါ်လိုက်သည်။

"ဆရာတူဦးလေး"

မော့ဟွိုင်ခုန်းက စိတ်ဆိုးမာန်ဆိုးအော်ဟစ်လိုက်၏။

"ဘယ်သူက မင်းရဲ့ဆရာတူဦးလေးလဲ"

သူက ရှေ့သို့ခြေတစ်လှမ်းတိုးလာကာ ချောင်ဝေ့နင်၏အင်္ကျီကော်လံစကိုဆွဲကိုင်ရင်း အေးတိအေးစက်မေးမြန်းလိုက်သည်။

"သူတို့ပြောတဲ့ မင်းနဲ့အတူရှိနေတယ်ဆိုတဲ့လူက ဘယ်သူလဲ။ ပြောစမ်း"

ချောင်ဝေ့နင်က ပါးစပ်ဟကာ တိုးညင်းစွာဖြေကြားလိုက်ရှာသည်။

"သူ...သူက အားရှန်းပါ။ အားရှန်းက လူဆိုးတစ်ယောက်မဟုတ်ပါဘူး။ ဆရာတူဦးလေး...အားရှန်း....အားရှန်း"

မက်မွန်နီဘွားတော်က သရော်သံစွက်လျက်ဆို၏။

"အားရှန်းတဲ့လား။ ခေါ်တဲ့ပုံစံက အတော့်ကိုတရင်းတနှီးရှိလိုက်တာ"

ထိုအခိုက် အခြား​သောအရပ်မျက်နှာတစ်နေရာမှအချိန်မီရောက်ချလာသည့် ယွီချိုးဖုန်းမှာ သူတော်ကောင်းကြီးတစ်ယောက်သဖွယ်ဟန်ဆောင်လျက် ကြားဖြတ်ဝင်ပြောလာပြန်၏။

"လူငယ်လူရွယ်လေးတွေဟာ အလှတရားကြောင့် စိတ်အာရုံရှုပ်ထွေးနောက်ကျိသွားတာကို အပြစ်ဆိုလို့မရပါဘူး။ အကယ်၍ မင်းသာ ကိုယ့်ကိုယ်ကိုယ်အသစ်တဖန်ပြန်လည်ပြုပြင်နိုင်မယ်ဆိုရင်တော့ ဒီမှာရှိနေတဲ့လူကြီးသူမတွေအားလုံးဟာ စိတ်သဘောထားကျဥ်းမြောင်းပြီး အကျိုးသင့်အကြောင်းသင့်ပြောလို့မရတဲ့သူတွေ တစ်ယောက်မှမပါပါဘူး"

သူ့စကားမဆုံးသေးခင်မှာပင် ဖုန်းရှောင်ဖုန်းက ဒေါသတကြီးအော်ဟစ်လိုက်၏။

"အဲဒီကောင်မစုတ်လေးရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်ရမယ်"

ဤသည်မှာ ရည်ရွယ်ချက်ရှိရှိလုပ်ခြင်းပေလော၊ အမှုမဲ့အမှတ်မဲ့လုပ်ခြင်းပေလောမသိနိုင်သော်ငြား ဂိုဏ်းချုပ်ယွီ၏ပြဇာတ်ကို အောင်မြင်စွာနင်းခြေဖျက်ဆီးလိုက်လေတော့သည်။ ယွီချိုးဖုန်းမှာ အံတကြိတ်ကြိတ်နှင့် အနှီလူစဉ်မမီသည့်ဂျပုကောင်အား မြေကြီးပေါ်၌ မသေမချင်းတက်နင်းပစ်လိုက်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။

ယခုအချိန်၌ ကောင်းချုံ၊ ကျောက်ကျင့်၊ ဆရာတော်ချီမုအစရှိသောလူများမှာ
ရှိန်ရှန့်၏စျာပနအခမ်းအနားအတွက်စီစဉ်ဆောင်ရွက်ပေးရင်း အလုပ်ရှုပ်နေကြလေရာ ယခုနေရာတွင်ရှိမနေကြပါချေ။ သို့ဖြစ်ရာ အနှီလူအုပ်ကြီးမှာ ခေါင်းမရှိသော နဂါးတစ်အုပ်ကဲ့သို့ပင် သူတစ်ခွန်းကိုယ်တစ်ခွန်းအပြန်အလှန်ရန်ဖြစ်စကားများကြရင်း အခြေအနေမှာပို၍ရုန်းရင်းဆန်ခတ်ဖြစ်လာကာ ထိန်းမနိုင်သိမ်းမရဖြစ်လာတော့သည်။ မော့ဟွိုင်ခုန်းမှာ မျက်ခွံများလှုပ်လာ၏။ သူက ချောင်ဝေ့နင်ကို မြေကြီးပေါ်မှဆွဲထူလိုက်ပြီး အံတင်းတင်းကြိတ်လျက်မေးမြန်းလိုက်သည်။

"အသုံးမကျတဲ့ တပည့်ဆိုး....ငါ့ကို မှန်မှန်ပြောစမ်း။ အဲဒီမိစ္ဆာမလေးက ကျန်းအိမ်တော်က ကလေးကို ဘယ်နေရာကိုပြန်ပေးဆွဲသွားတာလဲ"

ချောင်ဝေ့နင်က ကြိုးစားပမ်းစားဖြင့် ပါးစပ်ကိုဖွင့်ဟလိုက်၏။

"ကုရှန်းက...."

မော့ဟွိုင်ခုန်းမှာစိတ်ဆိုးလွန်းသဖြင့် သူ၏လက်ဝါးရိုက်ချက်မှာ နဂိုကတည်းက ဝက်ခေါင်းတစ်ခုကဲ့သို့ဖူးယောင်နေပြီဖြစ်သည့် ချောင်ဝေ့နင်၏မျက်နှာထက်သို့ ကျရောက်သွားတော့သည်။ ထိုအခိုက် ကြည်လင်စူးရှသည့်အသံတစ်သံထွက်ပေါ်လာ၏။

"မိစ္ဆာမလေးက ဒီမှာပဲ။ အရှက်မရှိတဲ့ အိုကြီးအိုမအုပ်စုတွေ...ရှင်တို့အစွမ်းအစရှိရင် ငါ့ကိုရအောင်လာဖမ်းကြလေ"

ချောင်ဝေ့နင်၏ဦးခေါင်းထဲတွင် ရုတ်တရက်ပေါက်ကွဲထွက်သွားရှာတော့သည်။

"အားရှန်း"

************

Zawgyi

အခန္း ၄၂
႐ုန္းရင္းဆန္ခတ္ျဖစ္ျခင္း

က်န္းခ်န္လင္မွာ အေျခအေနအရပ္ရပ္ကိုနားမလည္နိုင္ဘဲ ေယာင္နနျဖင့္ ထိုအမ်ိဳးသားႏွစ္ေယာက္၏အေနာက္မွလိုက္လာေနရရွာသည္။ သူ႕ဆရာျဖစ္သူသည္ ႐ုပ္ရည္သြင္ျပင္ကိုလဲလွယ္လိုက္ၿပီးေနာက္ဝယ္ လူတစ္ကိုယ္လုံးမွာ မဆိုစေလာက္ကြဲျပားျခားနားစြာေျပာင္းလဲသြားသည္ကိုခံစားလိုက္ရသည္။ ေလထုအေျခအေနမွာ အလြန္တရာတင္းမာေနၿပီး ေဘးတစ္ဖက္တြင္ရွိေသာ ကုရွန္းသည္ပင္ အာက်ယ္အာက်ယ္မလုပ္ရဲ၊ အသက္ပင္ျပင္းျပင္းမရႉရဲသည့္ႏွယ္ ခပ္မဆိတ္သာလိုက္လာေနသည္။

ပုံမွန္အခ်ိန္မ်ား၌ ၎တို႔မွာ ႏွစ္ေယာက္အတူတူရွိေနပါလွ်င္ ပိုလွ်ံေနေသာစြမ္းအင္အေျမာက္အျမားကိုထုတ္လႊတ္ပစ္သည့္အလား သူတစ္ခြန္းကိုယ္တစ္ခြန္း အျပန္အလွန္စကားနာထိုးကာ မရပ္မနားက်ီစယ္ေနာက္ေျပာင္တတ္ၾကေသာ္ျငား ယခုအခ်ိန္တြင္မူ ႏွစ္ေယာက္လုံးမွာ စကားတစ္ခြန္းမွ်မေျပာဘဲ ကိုယ့္လမ္းကိုယ္ေလွ်ာက္လွမ္းေနၾက၏။ က်ိဳးက်စ္ရႉးမွာ သူ၏မ်က္ႏွာဖုံးကိုပင္ မ်က္ႏွာေပၚ၌ ေနာက္တစ္ႀကိမ္ျပန္လည္တပ္ဆင္ထားျခင္းမရွိေတာ့ပါေခ်__မည္သို႔ပင္ျဖစ္ေစ လက္ရွိအခ်ိန္၌ ဤေနရာတြင္လည္း သူ႕ကိုသတိထားမိမည့္လူတစ္ေယာက္တေလမွ်ရွိမေနပါေလ။

က်ိဳးက်စ္ရႉးမွာ ရင္ဘတ္ထဲတြင္ အသက္ရႉက်ပ္လာသလို တစ္ဆို႔မြန္းက်ပ္သည့္ခံစားခ်က္တစ္မ်ိဳးကိုခံစားလိုက္ရသည္။ နတ္ေဆးဆရာေလး၏စကားမ်ားသည္ သူ႕အရွိုက္တည့္တည့္သို႔ ျပင္းထန္စြာထိမွန္သြားေစခဲ့သည္။ တစ္ကိုယ္လုံးရွိ သိုင္းပညာစြမ္းရည္မ်ားကိုစြန႔္လႊတ္လိုက္မွသာလွ်င္ သူ႕အတြက္ ဆယ္ပုံႏွစ္ပုံေမွ်ာ္လင့္ခ်က္ရွိလာနိုင္မည္ဆိုပါက ထိုေမွ်ာ္လင့္ခ်က္ကို သူမလိုခ်င္ေတာ့ေပ။ ထိုအစား စိတ္ႏွလုံးတည္ၿငိမ္ေအးခ်မ္းစြာျဖင့္ ျဖည္းျဖည္းခ်င္းသာေသဆုံးသြားခ်င္မိေတာ့သည္။

ေရွးအစဥ္အဆက္မွသည္ ယေန႕ေခတ္အခ်ိန္ထိတိုင္ေအာင္ လွ်ို႔ဝွက္သိုင္းက်မ္းစာအုပ္တစ္အုပ္အတြက္ တစ္ဦးႏွင့္တစ္ဦး ေသြးထြက္သံယိုျဖစ္ေလာက္သည္အထိ ရန္ေစာင္တိုက္ခိုက္ခဲ့ၾကေသာ သိုင္းပညာရွင္ေပါင္းမည္ေ႐ြ႕မည္မွ်ရွိခဲ့ၾကပါသနည္း။ ထိုခႏၶာကိုယ္ထဲတြင္ရွိေနသည့္သိုင္းပညာမ်ားမွာ ၁၀ ႏွစ္တာကာလကို ေန႕ရက္တစ္ရက္အျဖစ္မွတ္ယူရင္း အေအးခ်မ္းဆုံးေဟမန္ေဆာင္းရာသီမ်ားႏွင့္ အပူေလာင္ဆုံးဂိမွန္ေႏြဥတုမ်ားအတြင္း ေလ့က်င့္သင္ယူခဲ့ရျခင္းျဖစ္သလို ၁၀ ႏွစ္တာကာလကို ေန႕ရက္တစ္ရက္အျဖစ္မွတ္ယူရင္း အစကနဦးပင္ပန္းဆင္းရဲမႈမ်ားကိုႀကံ့ႀကံ့ခံျဖတ္သန္းေက်ာ္လႊား၍ က်ားကုတ္က်ားခဲရွာေဖြေလ့လာၿပီးေနာက္မွသာလွ်င္ ခဲရာခဲဆစ္နားလည္သေဘာေပါက္သြားခဲ့ျခင္းျဖစ္သည္။

ထိုပညာရပ္တို႔မွာ သူ၏ေမြးရာပါအရည္အခ်င္းတို႔မဟုတ္သလို ထူးခြၽန္ရင့္သန္ေသာပါရမီအထုံတို႔ေၾကာင့္လည္းမဟုတ္ခဲ့ပါေခ်။ ထိုအရာမွာ လူတစ္ေယာက္၏စိတ္ဝိညာဥ္တစ္ခုလုံး ကိန္းေအာင္းတည္ရွိရာဌာေနတစ္ခုပင္တည္း။

'သိုင္းပညာစြမ္းရည္မ်ားကိုစြန႔္လႊတ္ဖ်က္ဆီးသည္' ဟူေသာစကားမွာ မည္သို႔ေသာအဓိပၸါယ္ကိုေဖာ္ၫႊန္းပါသနည္း။ ဤသည္မွာ လူတစ္ဦး၏အသက္ဝိညာဥ္ေပ်ာက္ဆုံးသြားသကဲ့သို႔ျဖစ္ေပလိမ့္မည္။ ထိုသို႔ဆိုပါလွ်င္ ဟိုးယခင္တုန္းကလို ဘာတစ္ခုမွ်မသိနားမလည္သည့္ ႐ူးႏွမ္းႏွမ္းငတုံးငအတစ္ေယာက္ျပန္ျဖစ္သြားရသည္ကမွ သာ၍ေကာင္းေပဦးမည္။

နတ္ေဆးဆရာေလးသည္လည္း ထိုအခ်က္ကို အလိုအေလ်ာက္နားလည္သေဘာေပါက္ထားၿပီးျဖစ္သည္။ ထို႔ေၾကာင့္ ၎မွာ ေနာက္ဆုံး၌ သက္ျပင္းတစ္ခ်က္သာခ်လိဳက္ၿပီး သူ႕ကိုထပ္မံတိုက္တြန္းေဖ်ာင္းဖ်မႈမျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အကယ္၍ သူ၏စိတ္ဝိညာဥ္ ၇ မ်ိဳးထဲမွ တစ္မ်ိဳးကိုဆုံးရႈံးလိုက္ရမည္ဆိုပါလွ်င္၊ အကယ္၍ သူ႕ထံတြင္ ေနာက္ဆုံးေသာဂုဏ္သိကၡာေလးေသာ္မွ်မက်န္ရွိေတာ့ဘူးဆိုပါလွ်င္ ေလႏွင္ရာေမ်ာလြင့္ေနေသာဘဝဝယ္ တစ္ခုတည္းေသာလစ္ဟာေနသည့္အရာမွာ ေသျခင္းတရားသာက်န္ရွိေတာ့ေပလိမ့္မည္မဟုတ္ပါေလာ။ အမွန္စင္စစ္တြင္မူ သူသည္လည္း အသက္ရွင္သန္လိုစိတ္ရွိပါသည္။ သို႔တိုင္ ေသျခင္းတရား၏တံခါးဝတြင္ ခဲရာခဲဆစ္႐ုန္းကန္ႀကိဳးစားေနရေသာ ရွင္သန္ျခင္းမ်ိဳးကိုေတာ့မလိုလားပါေခ်။

က်ိဳးက်စ္ရႉးက မေနနိုင္မထိုင္နိုင္ျဖစ္ကာ ႐ုတ္ခ်ည္းပင္ သံကုန္ဟစ္ေႂကြး၍ေတးသီခ်င္းတစ္ပုဒ္ကို စတင္သီက်ဴးျမည္တမ္းေလေတာ့သည္။

"အခ်ိန္ရာသီေတြဟာ ျမားတစ္စင္းပမာ လ်င္ျမန္စြာျဖတ္သန္းလြန္ေျမာက္သြားၾကတယ္....ႏွစ္ကာလေတြဟာ ငါ့ကိုမေစာင့္ဆိုင္းေတာ့မွာကို စိုး​ေၾကာက္မိပါတယ္....

အ႐ုဏ္တက္ခ်ိန္ေရာက္ရင္ ေတာင္ကမ္းပါးယံဆီကိုသြားၿပီး တ႐ုတ္စကားပန္းေတြ သြားခူးမယ္...ေနဝင္ရီတေရာ ညေနဆည္းဆာအခ်ိန္ေရာက္လာရင္ ကြၽန္းေမ်ာေတြေပၚက ေပါင္းျမက္ႏြယ္ပင္ေတြကို သြားႏုတ္ယူမယ္....

ေႏြဦးနဲ႕ေဆာင္းဦးရာသီတို႔ဟာ လ်င္ျမန္စြာတစ္လွည့္စီေျပာင္းလဲေနၾကသလို သူရိန္ေနမင္းႀကီးနဲ႕ စႏၵာလဝန္းတို႔ကလည္း အစဥ္အတိုင္းေနရာေျပာင္းလွည့္ေနၾကစၿမဲ...

ရွင္သန္ပြင့္လန္းၿပီးတဲ့အခါ ညွိုးေလ်ာ္ႏြမ္းေျခာက္သြားတဲ့ျမက္ပင္စိမ္းေတြအေၾကာင္းကိုစဥ္းစားမိေလတိုင္း အလွတရားရဲ႕အိုမင္းရင့္ေရာ္လာမႈကို ေၾကာက္႐ြံ႕မိပါတယ္....."

အဆိုပါေတးသံစဥ္ထဲဝယ္ မဆိုစေလာက္အက္ကြဲၾကမ္းရွေနေသာအေငြ႕အသက္တို႔ကို သယ္ေဆာင္ထားလ်က္ စကားလုံးတစ္လုံးခ်င္းစီ၊ သီခ်င္းစာသားတစ္ေၾကာင္းခ်င္းစီ၌ ဝမ္းနည္းပူေဆြးမႈ၊ စိုးထိတ္ေၾကာက္႐ြံ႕မႈႏွင့္ အမ်က္ေဒါသမာန္ဟုန္တို႔ကို ဖုံးကြယ္ျမႇုပ္ႏွံထားကာ ဆန႔္က်င္ဘက္အားျဖင့္ ေျပာမျပတတ္ေသာ အရိုင္းဆန္မႈ၊ ၾကမ္းတမ္းခက္ထန္မႈႏွင့္ ေထာင္လႊားဝင့္ႂကြားမႈတို႔သာခ်န္ရစ္ထားခဲ့ေလသည္။ ဤသို႔ဤႏွယ္ သူ၏ေမြးရာပါေထာင္လႊားဝံ့ႂကြားသည့္ဟန္ပန္အမူအရာတို႔မွာ လမ္းမႀကီးတစ္ဆုံးေရာက္ရွိလြင့္ပ်ံသြားၿပီး လီေထာင္ေပါင္းမ်ားစြာရွည္လ်ားေသာ ေတာင္စဥ္ေတာင္တန္းအသြယ္သြယ္ႏွင့္ ျမစ္နဒီမ်ားအၾကားဝယ္ ရစ္သိုင္းလွည့္ပတ္ေနၿပီးေသာ္ သူ၏အခ်ိဳးအေကြ႕ကိုးခုရွိေသာ ႏွလုံးသည္းအိမ္အတြင္း အခ်ိန္အတန္ၾကာေကြ႕ဝိုက္တြယ္ၿငိေနလ်က္ ေနာက္ဆုံးတြင္မူ လည္ေခ်ာင္းထဲမွေဖာက္ထြက္လြင့္ပ်ံလာေတာ့သည္။

ထိုေန႕က အုံ႕ဆိုင္းမွိုင္းညွို႔လ်က္ရွိေသာ ဘဝဂ္ေကာင္းကင္ယံသည္ ေလးလံစြာဖိႏွိပ္ထားသေယာင္။ အဆုံးမဲ့ျမက္ခင္းလြင္ျပင္က်ယ္ႀကီးကို တစ္ေမွ်ာ္တစ္ေခၚေငးေမာၾကည့္ရႈလိုက္မည္ဆိုပါမူ သစ္ကိုင္းေျခာက္မ်ားႏွင့္ ေပါင္းပင္ျမက္ရိုင္းမ်ားအျပည့္ရွင္သန္ေပါက္ေရာက္ေနေသာ လမ္းသြယ္ေလးတစ္ခုရွိေနသည္။ ပရမ္းပတာတိုက္ခတ္ေနေသာ ေလျပင္းမုန္တိုင္းတို႔သည္ကား မည္သို႔မည္ပုံရပ္တန့္ရမည္မွန္းမသိၾကေတာ့သလို၊ ေက်ာက္စိုင္ေက်ာက္သားမ်ားေပၚရွိအက္ကြဲေၾကာင္းမ်ားႏွင့္ စုံေတာၿမိဳင္ေဟဝန္တို႔အၾကားဝယ္ ေအးစက္ၾကမ္းတမ္းစြာ တ႐ႊီ႐ႊီတိုးေဝွ႕လူးလြန႔္တိုက္ခတ္ေနၾကသည္မွာ ေတာင္မိစာၦတို႔ငိုေႂကြးျမည္တမ္းသံမ်ားသဖြယ္။ ေထာင္ေပါင္းမ်ားစြာေသာႏွစ္ကာလတို႔မွာ တစ္ရက္တာအတြင္းကုန္ဆုံးသြားၾကသလို။ ေသာင္းေပါင္းမ်ားစြာေသာႏွစ္ကာလတို႔မွာ တစ္ရက္တာအတြင္းကုန္ဆုံးသြားၾကသလို။

ဤသို႔ဤႏွယ္ တိုးေဝွ႕တိုက္ခတ္ေနေသာေလျပည္ေလညင္းတို႔မွာ က်ိဳးက်စ္ရႉး၏က်ယ္ဝန္းေသာဝတ္႐ုံေရွ႕ျခမ္းႏွင့္လက္အဖ်ားအနားတို႔ကို ေဖာင္းပြသြားေစလ်က္ ေလႏွင္ရာအတိုင္းျပန္သြားရန္ၫႊန္ၾကားေနသကဲ့သို႔ပင္။ ဝမ္းခယ့္ရွင္က ေခါင္းေမာ့လိုက္ၿပီး က်ိဳးက်စ္ရႉး၏အရိုးေပၚအေရတင္ျဖစ္ေနရွာသည့္ ေနာက္ေက်ာျပင္ေလးကိုသတိထား၍ၾကည့္ရႈလိုက္သည္။ ေလျပည္ေလညင္းမ်ားက နားထင္တစ္ဝိုက္ ဝဲျဖာက်ေနေသာဆံႏြယ္ရွည္တို႔ကို ပြတ္ကာသီကာျဖတ္သန္းတိုက္ခတ္သြားခ်ိန္ဝယ္ သူ၏ေဘးတေစာင္းမ်က္ႏွာအား ၾကာပြတ္တစ္ေခ်ာင္းျဖင့္လႊဲရိုက္ေနသည့္ႏွယ္။ သူ မ်က္ဝန္းမ်ားကိုမွိတ္လိုက္သည္။ မ်က္လုံးတစ္စုံကိုပိတ္ခ်လိဳက္ေသာအခါ အလင္းေရာင္ႏွင့္အရိပ္မ်ားမွာ မ်က္ဝန္းတစ္ခုလုံးအျပည့္ရစ္သိုင္းလႊမ္းၿခဳံသြားလ်က္ ထိုပူေလာင္နာက်င္ေသာခံစားခ်က္တို႔ကိုသာ အာ႐ုံျပဳထားလိုက္ေလသည္။

ေအးစက္ေသာေလခိုးေလေငြ႕မ်ားမွာ က်ိဳးက်စ္ရႉး၏လည္ေခ်ာင္းအတြင္းသို႔ တိုးဝင္သြားေလရာ ၎မွာတံေတြးသီးမတတ္ျဖစ္သြားရွာၿပီး မည္သည့္ေနရာသို႔ထြက္ေျပးသြားမွန္းမသိေသာ ေတးသြားသံစဥ္တို႔မွာလည္း ႐ုတ္တရက္ျပတ္ေတာက္သြား၏။ သူက ခါးကိုအနည္းငယ္ကိုင္းၫြတ္ကာ ေခ်ာင္းဆိုးလိုက္၏။ ထုတ္ခ်င္းေပါက္မတတ္ ပါးလ်ၾကည္လင္လွေသာ သူ၏ႏႈတ္ခမ္းပါးေပၚဝယ္ အေရာင္အေသြးရွိသည့္ေနရာဟူ၍ ႏႈတ္ခမ္းႏွစ္လႊာၾကားတြင္ရွိသည့္ အလြန႔္အလြန႔္ပါးလ်ေသာ မ်ဥ္းတန္းေလးတစ္ေၾကာင္းမွ်သာရွိေနသည္။ သို႔ေသာ္ ထိုမ်ဥ္းတန္းေလးမွာ အၿပဳံးရိပ္တစ္စြန္းတစ္စကိုသယ္ေဆာင္ထားသလို။ အနီရင့္ရင့္​ေသြးေရာင္လႊမ္းလ်က္။

မ်ားမၾကာမီအခ်ိန္အတြင္း ေအာက္သို႔ၿပိဳက်လာေတာ့မေယာင္ထင္ရေသာ အျပာေရာင္ေကာင္းကင္ယံထက္သို႔ ဝမ္းခယ့္ရွင္ ႐ုတ္တရက္ေခါင္းေမာ့ၾကည့္လိုက္သည္။ ထို႔ေနာက္တြင္မူ မဆိုစေလာက္ေအးစက္ေသာအပိုင္းအစေလးတစ္ခုက သူ႕မ်က္ႏွာထက္သို႔သက္ဆင္းျပဳတ္က်လာသည္__တုံ႕ထင္၌ ပထမဆုံးက်ဆင္းလာေသာႏွင္းမ်ားပင္တည္း။

သူရဲေကာင္းေတြဟာ ဘာေၾကာင့္မ်ား ေနာက္ဆုံးမွာ လမ္းဆုံးကိုေရာက္သြားရတာလဲ။ မိန္းမလွေလးေတြဟာ ဘာေၾကာင့္မ်ား ေနာက္ဆုံးမွာ အိုမင္းရင့္ေရာ္သြားရတာလဲ။

ဝမ္းခယ့္ရွင္၏ရင္ဘတ္အတြင္း၌ စကားလုံးမ်ားျဖင့္ေဖာ္ျပရန္ခက္ခဲေသာ မခ်ိတင္ကဲအမ်က္ေဒါသစိတ္မ်ား တရိပ္ရိပ္လွိုက္တက္လာသလို႐ုတ္တရက္ခံစားလိုက္ရသည္။ ထိုသို႔ျပည့္လွ်ံထြက္က်လဳနီးပါးျဖစ္ေနေသာ ခံျပင္းေဒါသစိတ္တို႔မွာ သူကိုယ္တိုင္အတြက္ေၾကာင့္လည္းျဖစ္နိုင္သလို အျခားတစ္ေယာက္အတြက္ေၾကာင့္လည္းျဖစ္နိုင္သည္။ သူက ထိုအျခင္းအရာကိုလက္ခံဖို႔ျငင္းဆန္ေနရင္း လက္ေခ်ာင္းမ်ားမွာတဆတ္ဆတ္တုန္ယင္လာ၏။ အထက္မိုးေကာင္းကင္ႏွင့္ပထဝီေျမျပင္တစ္ခြင္သာမက လူ႕ဘုံေလာကႀကီးတစ္ခုလုံးႏွင့္ တည္ရပ္ဌာေနရွစ္မ်ိဳး၊ အရပ္ေျခာက္မ်က္ႏွာပါမက်န္ ဆုတ္ၿဖဲပစ္လိုက္ခ်င္စိတ္မ်ား တဖြားဖြားျဖစ္ေပၚလာေတာ့သည္။ သူ မိုးနတ္မင္းႀကီးကို တန္ျပန္ေမးခြန္းထုတ္လိုက္ခ်င္သည္...ကံၾကမၼာဆိုသည္ကားအဘယ္နည္း။ အဘယ္ေၾကာင့္မ်ား လူသားမ်ားသည္ ကံၾကမၼာအလိုအရ ေမြးဖြားလာၿပီး ကံဇာတ္ဆရာအလိုက် ရွင္သန္ေနထိုင္ရပါမည္နည္း။

ကုရွန္းမွာ အေနာက္သို႔လွည့္လာၿပီး သူ႕ကိုၿပဳံးစိစိၾကည့္ေနေသာ သခင္ျဖစ္သူကိုျမင္ေသာအခါ ထိတ္လန့္ေခ်ာက္ခ်ားသြား၏။ သူက ေမးလိုက္သည္။

"အားရွန္း.....မင္း အဲဒီေခ်ာင္ေဝ့နင္ဆိုတဲ့ ငတုံးေကာင္ေလးကို သေဘာက်သလား"

ကုရွန္းမွာ တခဏမွ်အူတီးအူေၾကာင္ျဖစ္သြားလ်က္ သူ႕ကိုေၾကာင္အမ္းမွင္တက္စြာၾကည့္ေနရွာသည္။

"သခင္...."

ဝမ္းခယ့္ရွင္က ထပ္မံေမးျမန္းလိုက္သည္။

"သူက လူေကာင္းတစ္ေယာက္လို႔ မင္းထင္သလား"

ဝမ္းခယ့္ရွင္၏မ်က္လုံးမ်ားမွာ သူ(မ)၏ႏွလုံးသားအတြင္းသို႔ ထိုးေဖာက္ဝင္ေရာက္၍ၾကည့္ရႈေနသေယာင္ ကုရွန္းခံစားလိုက္ရသည္။ ႐ုတ္တရက္ ထူးဆန္းေသာခံစားခ်က္တခ်ိဳ႕လွိုက္တက္လာကာ ေတြးေတာလိုက္၏။

ေခ်ာင္ေဝ့နင္က လူေကာင္းတစ္ေယာက္လား

ေလးနက္တည္ၿငိမ္ေသာမ်က္ႏွာထားျဖင့္ သူ႕ကိုေျပာဆိုခဲ့ဖူးသည့္ ထိုလူ၏စကားသံမ်ားကို ျပန္လည္ေတြးေတာမိလိုက္ေလသည္။

တကယ္လို႔မ်ား မင္းမွားသြားခဲ့ရင္ေရာ။ တကယ္လို႔မ်ား မင္း ေနာင္တစ္ခ်ိန္က်မွ အဲဒီအျဖစ္မွန္ကိုသိသြားရင္ မင္းစိတ္ထဲမွာေသခ်ာေပါက္ဝမ္းနည္းပူေဆြးေနရမွာစိုးလို႔ပါ

ထို႔အတူ သူ၏ဓားရွည္ကိုဆြဲထုတ္ၿပီး ေကာက္က်စ္ဆိုးယုတ္သည့္ မေကာင္းဆိုးဝါးစုံတြဲအိုႀကီးကို အေရွ႕မွမားမားမတ္မတ္ရင္ဆိုင္ဟန႔္တားေပးရင္း ထိုကဲ့သို႔ေသာအေရးေပၚအေျခအေန၌ပင္ သူတို႔ထံသို႔ ေနာက္လွည့္ေျပာလာေသာစကားတစ္ခြန္းကိုလည္း အမွတ္ရသြားျပန္သည္။

သူ႕ကို အရင္ေခၚသြားလိုက္ေတာ့။ ျမန္ျမန္

ကုရွန္း ႐ုတ္တရက္ ေတြးမိသြားသည္။ မိမိအား 'အရင္ထြက္သြားေတာ့' ဟူေသာစကားမ်ိဳးကို ယခုခ်ိန္ထိ မည္သူတစ္ဦးတစ္ေယာက္မွ် ေျပာၾကားဖူးခဲ့ျခင္းမရွိေသးပါေခ်။ သို႔ျဖစ္ရာ ဘာရယ္ေၾကာင့္မွန္းမသိဘဲ သူ႕မ်က္ဝန္းအိမ္မ်ားမွာ ႐ုတ္ခ်ည္းနီေစြးလာေတာ့သည္။ ထို႔ေနာက္တြင္မွ သုန္မႈန္ညွိုးလ်စြာေခါင္းညိတ္ျပလိုက္သည္။

"အစ္ကိုေခ်ာင္က သိပ္ေတာ္တဲ့လူေကာင္းတစ္ေယာက္ပါ။ သူက စကားလဲတတ္တယ္။ အသိပညာဗဟုသုတနဲ႕လဲျပည့္စုံတယ္ေလ...."

ဝမ္းခယ့္ရွင္က အသံတိတ္ႀကိတ္ရယ္လိုက္၏။

"ဟုတ္သားပဲ၊ 'ေႏြဦးမွာအေသေကာင္လိုအိပ္ေပ်ာ္ေန၍ နံနက္အ႐ုဏ္ကိုမသိလိုက္ပါ' ဆိုတဲ့စကားမ်ိဳးကိုေတာင္ သူကေျပာထြက္နိုင္ခဲ့တဲ့လူပဲေလ...."

ဝမ္းခယ့္ရွင္၏စကားမ်ားမွာ ခနဲ႕တဲ့တဲ့ေျပာလိုက္ေသာစကားမ်ားျဖစ္သည္ဟုခံစားလိုက္ရေလရာ ကုရွန္းက ေလးနက္စြာခုခံကာကြယ္ေျပာဆိုလာ၏။

"ေႏြဦးမွာငိုက္ျမည္းလို႔ ေဆာင္းဦးမွာပင္ပန္းႏြမ္းလ်ၿပီး ေႏြရာသီမွာတေရးတေမာအိပ္စက္တယ္။ လူတိုင္းက ေႏြဦးရာသီမွာေတာ့ အိပ္ငိုက္တတ္ၾကတာပဲမဟုတ္လား။ ၿပီးေတာ့ အေသေကာင္လိုအိပ္ေပ်ာ္သြားတယ္ဆိုတာကလဲ အိပ္ရာက မနိုးလာေတာ့ဘူးဆိုလိုတာပဲေလ။ ကြၽန္မၾကည့္ရသေလာက္ေတာ့ အစ္ကိုေခ်ာင္ေျပာတာေတြက ယုတၱိရွိတာပဲ။ 'ဂႏၶမာပန္းေတြရဲ႕ ေမႊးရနံ႕အစုံဟာ
ၾကမ္းတမ္းေအးစက္တဲ့အေအးဒဏ္ကို ႀကံ့ႀကံ့ခံျဖတ္ေက်ာ္ရင္း ေလထုထဲမွာ ထုံသင္းပ်ံ့လြင့္လို႔ေနၾကေလတယ္' ဆိုတဲ့ စာၾကမ္းပိုးလိုလို ဘာလိုလိုေကာင္ေတြေျပာတာထက္ နည္းနည္းေလးပဲပိုသာတာမဟုတ္ဘူးေနာ္၊ အမ်ားႀကီးအမ်ားႀကီးပိုၿပီးေတာ္တာ"

ပါးျပင္ႏွစ္ဖက္လုံးပန္းေသြးေရာင္သန္းလ်က္ ရွက္ေသြးျဖာေနသည့္မိန္းမပ်ိဳေလးကို ဝမ္းခယ့္ရွင္ကၿပဳံးစိစိၾကည့္ရင္း ေခါင္းတဆတ္ဆတ္ညိတ္ကာေျပာလိုက္၏။

"ေကာင္းၿပီေလ၊ ဒါဆိုလဲ သူ႕ကိုသြားကယ္ရေအာင္"

ကုရွန္းမွာ ​ေၾကာင္ေတာင္ေတာင္ျဖစ္သြားလ်က္

"ဟင္....ခုနက အရွင္ခုနစ္ေျပာေတာ့....."

ဝမ္းခယ့္ရွင္က သူ႕စကားကိုၾကားျဖတ္ကာ ၾကည္လင္ျပတ္သားစြာဆိုလာ၏။

"ငါကယ္ခ်င္တဲ့သူကိုကယ္မယ္။ သတ္ခ်င္တဲ့သူကိုသတ္မယ္။ ငါႀကိဳက္တာ ငါလုပ္မွာပဲ။ ဒီေလာကႀကီးမွာ ငါသြားမဲ့လမ္းေၾကာင္းကို ဘယ္ေကာင္တားရဲသလဲဆိုတာၾကည့္လိုက္ဦးမယ္။ ဘာေတြ ပစိပစပ္မ်ားေနေသးတာလဲ။ ဟိုလူက သူဘယ္ေလာက္သိေၾကာင္းတတ္ေၾကာင္းႂကြားဝါဟန္ေရးျပတတ္တဲ့ စာၾကမ္းပိုးမ်က္ႏွာျဖဴေကာင္တစ္ေယာက္ပဲ။ သူက ဘာမွသိတာမဟုတ္ဘူး။ အား႐ႊိ...ခင္ဗ်ားေရာ လိုက္မွာလား မလိုက္ဘူးလား"

က်ိဳးက်စ္ရႉးက ၿပဳံးလ်က္ဆို၏။

"မလိုက္ဘဲ ဘယ္ေနရဲပါ့မလဲ"

ဝမ္းခယ့္ရွင္၏ႏႈတ္ခမ္းေထာင့္စြန္းမ်ားမွာ အထက္သို႔အနည္းငယ္ေကြးတက္သြားေသာ္ျငား မ်က္ခုံးမ်ားမွာမူ စုစည္းေကြးႀကဳံ႕ေနဆဲျဖစ္ကာ ေျပာမျပတတ္ေသာ အနည္းငယ္ေသြးေအးရက္စက္ၾကမ္းတမ္းသည့္ လူသတ္မည့္အေငြ႕သက္မ်ိဳးရွိေနသည္။ အဆိုပါပုံစံသည္ကား မ်က္ႏွာဖုံးအတုတပ္ထားေသာ သူ႕မ်က္ႏွာကိုမဆိုစေလာက္ပို၍ေၾကာက္စရာေကာင္းသြားေစေတာ့သည္။ သူက ေျပာလိုက္သည္။

"ေကာင္းၿပီ...အားရွန္း၊ မင္းကယ္ခ်င္တဲ့သူကို သြားကယ္ေတာ့။ ငါကေတာ့ မင္းနဲ႕လိုက္ၿပီး အေျခအေနေတြ​ေျဗာင္းဆန္ရႈပ္ေထြးသြားေအာင္လုပ္ေပးမယ္"

***********

လက္ရွိအခ်ိန္၌ ေခ်ာင္ေဝ့နင္ခမ်ာ အေတာ္ေလးအေျခအေနမေကာင္းလွရွာေပ။ သူ႕ခမ်ာ ေျမျပင္ေပၚသို႔လိမ့္က်ခဲ့ၿပီးေနာက္ တစ္ကိုယ္လုံး႐ႊံ႕ႏြံမ်ားညစ္ပတ္ေပက်ံသြားလ်က္ ႐ႊံ႕လူးထားေသာေမ်ာက္တစ္ေကာင္ႏွင့္ပင္တူေနေခ်၏။ အကၤ်ီအဝတ္အစားမ်ားမွာစုတ္ျပတ္ေပေရေနရွာၿပီး မ်က္လုံးတစ္ဖက္မွာလည္းဖူးေယာင္ကိုင္းေနကာ ေကာင္းေကာင္းမဖြင့္နိုင္ေတာ့ပါေခ်။ လက္ႏွစ္ဖက္လုံးမွာေနာက္ျပန္ႀကိဳးတုပ္ခံထားရၿပီး လက္စြဲေတာ္ဓားရွည္မွာလည္း အနားတြင္မရွိေတာ့ပါေခ်။ ခရီးလမ္းတစ္ေလွ်ာက္လုံး တြန္းလိုက္တိုက္လိုက္ျဖင့္ ဒယီးဒယိုင္သြားလာေနရၿပီး ရံဖန္ရံခါ ဖုန္းေရွာင္ဖုန္းထံမွစူးရွက်ယ္ေလာင္ေသာေအာ္ဟစ္သံမ်ားႏွင့္ ေဒါသတႀကီးဆဲဆိုႀကိမ္းေမာင္းသံမ်ားကိုၾကားေနရသည့္တိုင္ ဘာရယ္ေၾကာင့္မွန္းမသိဘဲ သူ၏စိတ္ႏွလုံးထဲဝယ္ အလြန္တရာေအးခ်မ္းတည္ၿငိမ္ေန၏။

၎မွာ သူ႕ကိုယ္သူ အမွန္တကယ္အျဖစ္မရွိသူတစ္ေယာက္သဖြယ္ ေတြးထင္မိေလ၏။ ခ်င္းဖုန္းဂိုဏ္း၏ေရွးအစဥ္အဆက္ဆရာသမားမ်ားသင္ၾကားေပးခဲ့ေသာ ေဆာင္ပုဒ္သည္ကား

'ဓားရွိလွ်င္လူရွိၿပီး ဓားက်ိဳးလွ်င္လူေသမည္။ သူေတာ္ေကာင္းတရားမ်ားကို လက္ကိုင္ထားေစာင့္ေရွာက္ကာ မေကာင္းဆိုးဝါးမိစာၦမ်ားကို အျမစ္ျပတ္သုတ္သင္ေခ်မႈန္းရမည္' ဟူ၍ျဖစ္သည္။ ယခုမူ သူ၏ဓားရွည္မွာက်ိဳးပဲ့ပ်က္စီးသြားရွာၿပီး သူကိုယ္တိုင္လည္း မေကာင္းဆိုးဝါးမိစာၦလမ္းစဥ္ေပၚသို႔ေရာက္ရွိသြားေသာ ဆိုးသြမ္းယုတ္မာသူတစ္ဦးသဖြယ္ အထင္ခံေနရေလၿပီ။ သို႔ေသာ္ သူက ဤကိစၥကိုအေလးအနက္မထားပါေခ်။ ေခ်ာင္ေဝ့နင္သည္ မိမိကိုယ္မိမိ ကမာၻေလာကႀကီးကိုအုပ္စိုးလႊမ္းမိုးနိုင္မည့္ အံ့ခ်ီးဖြယ္အရည္အေသြးတို႔ကိုပိုင္ဆိုင္ထားေသာ ထူးခြၽန္ထက္ျမက္သူတစ္ဦး၊ သို႔တည္းမဟုတ္ ေျခတစ္ခ်က္ေဆာင့္နင္းလိုက္႐ုံျဖင့္ သိုင္းေလာကတစ္ခြင္လုံးကိုသိမ့္သိမ့္တုန္လႈပ္ခါယမ္းသြားေအာင္လုပ္နိုင္သည့္ အစြမ္းအစရွိသူတစ္ဦးျဖစ္လိမ့္မည္ဟု မည္သည့္အခါမွေတြးထင္ထားခဲ့ဖူးျခင္းမရွိပါေခ်။ မည္သည့္အလုပ္ကိုလုပ္ပါေစ၊ စိတ္သန့္သန့္ျဖင့္ သူ႕လိပ္ျပာသူလုံနိုင္သည္ဆိုလွ်င္ေက်နပ္ေနတတ္သူျဖစ္သည္။

ေကာင္းမႈကုသိုလ္မ်ားစုေဆာင္းေနသည္ဟူေသာ အစ္ကိုက်ိဳးႏွင့္ ပိန္ပိန္ပါးပါး အားနည္းခ်ိနဲ႕ေသာမိန္းမပ်ိဳေလးတစ္ဦးျဖစ္သည့္ ကုရွန္းတို႔သည္ပင္ သူတို႔၏အသက္ကိုရင္း၍ က်န္းမိသားစု၏ကေလးအား ကာကြယ္ေစာင့္ေရွာက္ေပးေနသည္ကို သူေတြ႕ျမင္ခဲ့ရသည္။ ဆန့္က်င္ဘက္အားျဖင့္ သူတို႔ကိုလိုက္လံဖိအားေပးတိုက္ခိုက္ေနၾကသူမ်ားမွာ သူတို႔ကိုယ္သူတို႔ သူေတာ္ေကာင္းဂိုဏ္းသားမ်ားဟု နာမည္ခံထားသူမ်ားျဖစ္ေနၾကသည္။

ေျဖာင့္မတ္မွန္ကန္ျခင္းဆိုတာ ဘာလဲ။ ဆိုးယုတ္ေကာက္က်စ္ျခင္းဆိုတာေရာ ဘာလဲ။

ပင္ကိုယ္ကတည္းက ေခ်ာင္ေဝ့နင္၏အႀကီးမားဆုံးအားသာခ်က္မွာ ပြင့္လင္းမွန္ကန္ေသာစိတ္ေနသေဘာထားကိုပိုင္ဆိုင္ထားျခင္းျဖစ္သည္။

ခ်င္းဖုန္းဂိုဏ္းမွ သူ႕အားသင္ၾကားျပသေပးခဲ့ေသာအရာမွာ ေကာင္းမႈႏွင့္မေကာင္းမႈတည္းဟူေသာအယူအဆလမ္းစဥ္သာျဖစ္ၿပီး နာမည္ဂုဏ္သတင္းေက်ာ္ၾကားမႈႏွင့္အက်ိဳးအျမတ္ေနာက္သို႔လိုက္ရန္မဟုတ္ေပ။ သို႔ျဖစ္ရာ အကယ္၍ လူအမ်ားက သူ႕ကိုလူေကာင္းတစ္ေယာက္မဟုတ္သူ၊ သို႔မဟုတ္ ကိုယ္က်င့္တရားယိုယြင္းပ်က္စီးၿပီး မွားယြင္းေသာလမ္းစဥ္ေနာက္သို႔ ေကာက္ေကာက္ပါေအာင္လိုက္သြားသူဟုျပစ္တင္စကားဆိုၾကလွ်င္ မည္သို႔လုပ္ရပါမည္နည္း။ ေခ်ာင္ေဝ့နင္တစ္ေယာက္ ထိုအေၾကာင္းစဥ္းစားလိုက္ခ်ိန္ဝယ္ အလြန္အမင္းဝမ္းနည္းပက္လက္ျဖစ္သြားရွာသည္။ သို႔ေပသိ ဝမ္းနည္းတာက ဝမ္းနည္းျခင္းသာျဖစ္ၿပီး မိမိသည္ မဟုတ္တာတစ္ခုခုလုပ္ထားျခင္းမဟုတ္ဟု စိတ္ထဲ၌မွတ္ယူထားလိုက္သည္။ သူ ငူငူငိုင္ငိုင္ေတြးေတာလိုက္၏။

တကယ္လို႔ ငါ့ကိုမေကာင္းတဲ့ေကာင္လို႔ ေျပာခ်င္ရင္လဲ ေျပာၾကပါေစေတာ့။ ဘာပဲျဖစ္ျဖစ္ လူတိုင္းလူတိုင္းက ကိုယ့္လမ္းကိုေလွ်ာက္ေနၾကတာပဲ။
ဘယ္သူကမွ သူမ်ားရဲ႕လမ္းကိုပိတ္ပင္တားဆီးလို႔မရတာ။ ငါ့ရဲ႕ဆရာသခင္နဲ႕ ဆရာတူဦးေလးတို႔ကိုေတာ့ မဆိုစေလာက္အားနာမိပါရဲ႕။

ေခ်ာင္ေဝ့နင္မွာ မိုးမခစိမ္းဘိုးဘိုး၏လက္ခ်က္ေၾကာင့္ နံရိုးတစ္ေခ်ာင္းပင္က်ိဳးသြားရသေယာင္။ အသက္ရႉခ်ိန္တိုင္း ရင္ဘတ္တစ္ခုလုံးပူေလာင္နာက်င္ေနၿပီး အနည္းငယ္အာ႐ုံေထြျပားလာေတာ့သည္။ ထိုလူမ်ားသည္ သူ႕ကိုေမွာင္မည္းေနေသာေနရာတစ္ေနရာထဲသို႔ပစ္သြင္းလိုက္ၾကသည္။ သူက ၾကည့္ပင္မၾကည့္ဘဲ ေရွးဦးစြာ မ်က္လုံးမ်ားကိုအသာမွိတ္ကာ ခ်ိစြမ္းအင္မ်ားကိုထိန္းညွိလိုက္၏။ အရင္ဦးဆုံး သူ၏အတြင္းအားစြမ္းအင္မ်ားကို လုံလုံေလာက္ေလာက္ျပန္လည္က်င့္ႀကံၿပီးမွသာလွ်င္ ထပ္မံထြက္ေျပးရန္ႀကံ႐ြယ္လိုက္၏__မည္သို႔ပင္ျဖစ္ေစ သူက ထြက္ေျပးရန္ႀကံစည္ေနဆဲျဖစ္သည္။

တျခားသူေတြ ဘာပဲျဖစ္ေနျဖစ္ေနဂ႐ုမစိုက္ဘူး။ ကုရွန္းက က်န္းခ်န္လင္ကို တစ္ေယာက္တည္းေခၚသြားရတာ၊ တကယ္လို႔မ်ား သူတို႔ အစ္ကိုက်ိဳးနဲ႕အစ္ကိုဝမ္းကိုရွာမေတြ႕ၾကရင္ ဘယ္လိုလုပ္မလဲ။ တကယ္လို႔ အဆိပ္ကင္းၿမီးေကာက္ေတြနဲ႕သာထပ္ေတြ႕လို႔က​ေတာ့ တကယ့္ကိုျပႆနာႀကီးပဲ

အခ်ိန္မည္မွ်ၾကာသြားမွန္းမသိလိုက္ခင္မွာပင္ အျပင္ဘက္မွ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနေသာ အသံဗလံမ်ား႐ုတ္ခ်ည္းပ်ံ့လြင့္လာ၏။ ေအာ္ႀကီးဟစ္က်ယ္ေျပာဆိုေနေသာ အလြန္တရာရင္းႏွီးကြၽမ္းဝင္ေနသည့္အသံတစ္သံကိုၾကားလိုက္ရသည္။

"အဓိပၸါယ္မရွိတာေတြ။ ဘယ္တုန္းကမ်ား ငါတို႔ခ်င္းဖုန္းဂိုဏ္းက မေကာင္းဆိုးဝါးမိစာၦေကာင္ေတြကိုေမြးထုတ္ခဲ့ဖူးလို႔လဲ။ တကယ္တမ္း ငါျမင္ရသေလာက္ေတာ့ မက္မြန္နီနဲ႕မိုးမခစိမ္း မင္းတို႔မိစာၦစုံတြဲကမွ တကယ့္ကို
မေကာင္းတဲ့ေကာင္ေတြပဲ"

ထို႔ေနာက္ ေခ်ာင္ေဝ့နင္၏မ်က္စိေရွ႕တြင္ လက္ခနဲျဖစ္သြားၿပီးေနာက္ သူ႕ကိုပိတ္ေလွာင္ထားသည့္အခန္းငယ္ေလး၏တံခါးမွာ ဝုန္းခနဲပြင့္ထြက္သြားသည္။ ထို႔ေနာက္ အထဲသို႔ဝင္လာေသာလူတစ္စုကိုေတြ႕လိုက္ရသည္။ သူက မ်က္လုံးမ်ားကိုေမွးစင္းရင္း ဝက္ဝံတစ္ေကာင္ကဲ့သို႔ကုန္းလိုက္ကြလိုက္လုပ္ကာ ေစ့ေစ့စပ္စပ္လွမ္းေမွ်ာ္ၾကည့္ရႈလိုက္ေသာ္ ထိုလူအုပ္အတြင္း၌ ေအာ္ႀကီးဟစ္က်ယ္ႏွင့္ေဒါသူပုန္ထေနေသာ သူ၏ဆရာတူဦးေလးျဖစ္သူ ေမာ့ဟြိုင္ခုန္းကိုေတြ႕လိုက္ရေလသည္။ ေခ်ာင္ေဝ့နင္ ေတြးလိုက္သည္။

သြားၿပီ....ငါ့ဆရာတူဦးေလးကေတာ့ အႀကီးအက်ယ္ေပါက္ကြဲေတာ့မွာပဲ

ေမာ့ဟြိုင္ခုန္းမွာ အႀကီးအက်ယ္ေပါက္ကြဲေနၿပီျဖစ္သည္__ ၎မွာ ေခ်ာင္ေဝ့နင္ကိုျမင္လွ်င္ျမင္ခ်င္း စိတ္ဆိုးမာန္ဆိုးႏွင့္ႀကဳံးဝါးလိုက္၏။ ထို႔ေနာက္ သူ၏ဝတ္႐ုံလက္ကိုတစ္ခ်က္ယမ္းလိုက္ေသာအခါ မိုးမခစိမ္းဘိုးဘိုးမွာ အေနာက္သို႔လြင့္စင္ကာ ဖင္ထိုင္လ်က္လဲက်သြားရွာေတာ့သည္။ ၎မွာ အသက္အ႐ြယ္ႀကီးရင့္သူမ်ားကိုပင္ စိုးစဥ္းမွ်ရိုေသေလးစားမႈမရွိခဲ့ပါေခ်။ မက္မြန္နီဘြားဘြားက အမ်က္ေခ်ာင္းေခ်ာင္းထြက္သြားလ်က္ အသံကုန္ေအာ္ဟစ္လိုက္၏။

"ေမာ့ဟြိုင္ခုန္း၊ ဒီအ႐ူးေကာင္ကေတာ့....မင္း ဘာလုပ္လိုက္တာလဲ"

ေမာ့ဟြိုင္ခုန္းကလည္း ေဝ့လည္ေၾကာင္ပတ္လုပ္မေနဘဲ လူအမ်ား၏မ်က္စိေရွ႕ေမွာက္တြင္ ထိုဘြားေတာ္အားျပန္လွန္ေအာ္ဟစ္ေျပာဆိုလိုက္၏။

"သူက ငါ့ရဲ႕ ဆရာတူ တူေလးပဲ။ တကယ္လို႔ သူမေကာင္းတာတစ္ခုခုလုပ္ခဲ့ရင္ ငါတို႔ရဲ႕ဂိုဏ္းခ်ဳပ္အစ္ကိုႀကီးကပဲ ကိုယ္တိုင္ကိုယ္က် ဂိုဏ္းကေနသုတ္သင္ရွင္းလင္းေပးလိမ့္မယ္။ မင္းတို႔ မိစာၦစုံတြဲက ငါတို႔ဂိုဏ္းရဲ႕ကန႔္လန႔္ကာကိုေခြးလိုလ်က္ၿပီး ဟိုလုပ္သည္လုပ္နဲ႕ဝင္ၿပီးလွ်ာရွည္အာေခ်ာင္ေနစရာလိုလို႔လား"

ေခ်ာင္ေဝ့နင္မွာ စိတ္ထဲ၌ မေနနိုင္မထိုင္နိုင္ႀကိတ္၍ေအာ္လိုက္၏။

ေကာင္းတယ္

သူ၏ဆရာတူဦးေလးျဖစ္သူမွာ စိတ္တိုစိတ္ဆတ္သူတစ္ဦးျဖစ္ေစကာမူ ေနာက္ဆုံးတြင္ေတာ့ သူ႕ဘက္တြင္သာရပ္တည္ေပးေနဆဲျဖစ္သည္။ ေမာ့ဟြိုင္ခုန္းထံမွ ေနာက္ထပ္စကားတစ္ခြန္းထပ္ထြက္လာလိမ့္မည္ဟု မည္သူကထင္ပါအံ့နည္း။

"ေခြးကိုရိုက္မယ္ဆိုရင္ ပိုင္ရွင္ဘယ္သူလဲဆိုတာကို အရင္ၾကည့္သင့္တာေပါ့"

ထိုခဏ၌ ေခ်ာင္ေဝ့နင္ခမ်ာ စိတ္ထဲ၌ဝမ္းနည္းညွိုးငယ္သြားလ်က္ တိတ္တဆိတ္ မ်က္ရည္က်လဳမတတ္ျဖစ္သြားရွာေတာ့သည္။

႐ုတ္ခ်ည္းပင္ ဖုန္းေရွာင္ဖုန္းကစူးခနဲေအာ္ဟစ္လိုက္ကာ မ်က္လုံးမ်ားကိုပတ္တီးျဖင့္အုပ္ထားရေသာ ငယ္ကြၽန္ေတာ္ေကာင္းရွန္းကိုဆြဲေခၚလာၿပီး ေမာ့ဟြိုင္ခုန္းကို လက္ညွိုးေငါက္ေငါက္ထိုး၍ေအာ္ဟစ္ေျပာဆိုလိုက္၏။

"မင္းတို႔ခ်င္းဖုန္းဂိုဏ္းႀကီးက ေတာ္ေတာ္ေကာင္းတာပဲ။ မင္းရဲ႕သိပ္ေတာ္တဲ့ ဆရာတူ တူေလးက ဘယ္လိုေကာင္းတဲ့ကိစၥေတြမ်ားလုပ္ခဲ့သလဲဆိုတာျပန္ေမးၾကည့္လိုက္ဦး။ သူနဲ႕အတူရွိေနတဲ့မိစာၦမေလးက အားရွန္းရဲ႕မ်က္လုံးကို ဒီလိုကန္းသြားေအာင္အဆိပ္ခတ္ခဲ့တာပဲ။ တကယ္လို႔ အဲဒီမိစာၦမေလးကိုဖမ္းမမိခဲ့ရင္ ဒီေခ်ာင္မ်ိဳးရိုးေကာင္စုတ္ေလးရဲ႕မ်က္လုံးေတြကို ငါေဖာက္ထုတ္ပစ္မယ္"

ေမာ့ဟြိုင္ခုန္းျပန္ေျပာမည့္ဆဲဆဲမွာပင္ အနားရွိမည္သူ႕ဆီကမွန္းမသိေသာ ဟြန္းခနဲေအးစက္စက္ႏွာမႈတ္သံတစ္ခ်က္ထြက္ေပၚလာ၏။

"မိန္းကေလးငယ္ငယ္ေလးက ဒီလိုရက္စက္ၾကမ္းၾကဳတ္တဲ့နည္းလမ္းေတြကို အသုံးျပဳတတ္တာၾကည့္ျခင္းအားျဖင့္ သူက မေကာင္းဆိုးဝါးမိစာၦမေလးတစ္ေယာက္ျဖစ္မွာပဲ။ ေခ်ာင္သူရဲေကာင္းေလးက ဘာေၾကာင့္မ်ား အဲ့လိုသမာသမတ္မရွိတဲ့ ကလိမ္ကက်စ္မိန္းကေလးမ်ိဳးနဲ႕ ေရာေႏွာေပါင္းသင္းေနရတာပါလဲ။ ဒီကိစၥနဲ႕ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ကိုရွင္းျပေပးလို႔ရမလား"

အႏွီစကားေၾကာင့္ ေမာ့ဟြိုင္ခုန္း၏ေျပာအံ့ဆဲဆဲစကားလုံးတို႔မွာျပတ္ေတာက္သြားရေလသည္။ သူက ေခ်ာင္ေဝ့နင္ကိုစူးရဲစြာစိုက္ၾကည့္လိုက္ေသာ္ အႏွီေကာင္ေလးမွာ သူ႕ပါးစပ္ကိုဖြင့္ဟကာ စိတ္ႏွလုံးညွိုးႏြမ္းနာက်င္စြာျဖင့္ တစ္ခြန္းေခၚလိုက္သည္။

"ဆရာတူဦးေလး"

ေမာ့ဟြိုင္ခုန္းက စိတ္ဆိုးမာန္ဆိုးေအာ္ဟစ္လိုက္၏။

"ဘယ္သူက မင္းရဲ႕ဆရာတူဦးေလးလဲ"

သူက ေရွ႕သို႔ေျခတစ္လွမ္းတိုးလာကာ ေခ်ာင္ေဝ့နင္၏အကၤ်ီေကာ္လံစကိုဆြဲကိုင္ရင္း ေအးတိေအးစက္ေမးျမန္းလိုက္သည္။

"သူတို႔ေျပာတဲ့ မင္းနဲ႕အတူရွိေနတယ္ဆိုတဲ့လူက ဘယ္သူလဲ။ ေျပာစမ္း"

ေခ်ာင္ေဝ့နင္က ပါးစပ္ဟကာ တိုးညင္းစြာေျဖၾကားလိုက္ရွာသည္။

"သူ...သူက အားရွန္းပါ။ အားရွန္းက လူဆိုးတစ္ေယာက္မဟုတ္ပါဘူး။ ဆရာတူဦးေလး...အားရွန္း....အားရွန္း"

မက္မြန္နီဘြားေတာ္က သေရာ္သံစြက္လ်က္ဆို၏။

"အားရွန္းတဲ့လား။ ေခၚတဲ့ပုံစံက အေတာ့္ကိုတရင္းတႏွီးရွိလိုက္တာ"

ထိုအခိုက္ အျခား​ေသာအရပ္မ်က္ႏွာတစ္ေနရာမွအခ်ိန္မီေရာက္ခ်လာသည့္ ယြီခ်ိဳးဖုန္းမွာ သူေတာ္ေကာင္းႀကီးတစ္ေယာက္သဖြယ္ဟန္ေဆာင္လ်က္ ၾကားျဖတ္ဝင္ေျပာလာျပန္၏။

"လူငယ္လူ႐ြယ္ေလးေတြဟာ အလွတရားေၾကာင့္ စိတ္အာ႐ုံရႈပ္ေထြးေနာက္က်ိသြားတာကို အျပစ္ဆိုလို႔မရပါဘူး။ အကယ္၍ မင္းသာ ကိုယ့္ကိုယ္ကိုယ္အသစ္တဖန္ျပန္လည္ျပဳျပင္နိုင္မယ္ဆိုရင္ေတာ့ ဒီမွာရွိေနတဲ့လူႀကီးသူမေတြအားလုံးဟာ စိတ္သေဘာထားက်ဥ္းေျမာင္းၿပီး အက်ိဳးသင့္အေၾကာင္းသင့္ေျပာလို႔မရတဲ့သူေတြ တစ္ေယာက္မွမပါပါဘူး"

သူ႕စကားမဆုံးေသးခင္မွာပင္ ဖုန္းေရွာင္ဖုန္းက ေဒါသတႀကီးေအာ္ဟစ္လိုက္၏။

"အဲဒီေကာင္မစုတ္ေလးရဲ႕မ်က္လုံးေတြကို ေဖာက္ထုတ္ပစ္ရမယ္"

ဤသည္မွာ ရည္႐ြယ္ခ်က္ရွိရွိလုပ္ျခင္းေပေလာ၊ အမႈမဲ့အမွတ္မဲ့လုပ္ျခင္းေပေလာမသိနိုင္ေသာ္ျငား ဂိုဏ္းခ်ဳပ္ယြီ၏ျပဇာတ္ကို ေအာင္ျမင္စြာနင္းေျခဖ်က္ဆီးလိုက္ေလေတာ့သည္။ ယြီခ်ိဳးဖုန္းမွာ အံတႀကိတ္ႀကိတ္ႏွင့္ အႏွီလူစဥ္မမီသည့္ဂ်ပဳေကာင္အား ေျမႀကီးေပၚ၌ မေသမခ်င္းတက္နင္းပစ္လိုက္ခ်င္စိတ္မ်ား တဖြားဖြားျဖစ္ေပၚလာေတာ့သည္။

ယခုအခ်ိန္၌ ေကာင္းခ်ဳံ၊ ေက်ာက္က်င့္၊ ဆရာေတာ္ခ်ီမုအစရွိေသာလူမ်ားမွာ
ရွိန္ရွန့္၏စ်ာပနအခမ္းအနားအတြက္စီစဥ္ေဆာင္႐ြက္ေပးရင္း အလုပ္ရႈပ္ေနၾကေလရာ ယခုေနရာတြင္ရွိမေနၾကပါေခ်။ သို႔ျဖစ္ရာ အႏွီလူအုပ္ႀကီးမွာ ေခါင္းမရွိေသာ နဂါးတစ္အုပ္ကဲ့သို႔ပင္ သူတစ္ခြန္းကိုယ္တစ္ခြန္းအျပန္အလွန္ရန္ျဖစ္စကားမ်ားၾကရင္း အေျခအေနမွာပို၍႐ုန္းရင္းဆန္ခတ္ျဖစ္လာကာ ထိန္းမနိုင္သိမ္းမရျဖစ္လာေတာ့သည္။ ေမာ့ဟြိုင္ခုန္းမွာ မ်က္ခြံမ်ားလႈပ္လာ၏။ သူက ေခ်ာင္ေဝ့နင္ကို ေျမႀကီးေပၚမွဆြဲထူလိုက္ၿပီး အံတင္းတင္းႀကိတ္လ်က္ေမးျမန္းလိုက္သည္။

"အသုံးမက်တဲ့ တပည့္ဆိုး....ငါ့ကို မွန္မွန္ေျပာစမ္း။ အဲဒီမိစာၦမေလးက က်န္းအိမ္ေတာ္က ကေလးကို ဘယ္ေနရာကိုျပန္ေပးဆြဲသြားတာလဲ"

ေခ်ာင္ေဝ့နင္က ႀကိဳးစားပမ္းစားျဖင့္ ပါးစပ္ကိုဖြင့္ဟလိုက္၏။

"ကုရွန္းက...."

ေမာ့ဟြိုင္ခုန္းမွာစိတ္ဆိုးလြန္းသျဖင့္ သူ၏လက္ဝါးရိုက္ခ်က္မွာ နဂိုကတည္းက ဝက္ေခါင္းတစ္ခုကဲ့သို႔ဖူးေယာင္ေနၿပီျဖစ္သည့္ ေခ်ာင္ေဝ့နင္၏မ်က္ႏွာထက္သို႔ က်ေရာက္သြားေတာ့သည္။ ထိုအခိုက္ ၾကည္လင္စူးရွသည့္အသံတစ္သံထြက္ေပၚလာ၏။

"မိစာၦမေလးက ဒီမွာပဲ။ အရွက္မရွိတဲ့ အိုႀကီးအိုမအုပ္စုေတြ...ရွင္တို႔အစြမ္းအစရွိရင္ ငါ့ကိုရေအာင္လာဖမ္းၾကေလ"

ေခ်ာင္ေဝ့နင္၏ဦးေခါင္းထဲတြင္ ႐ုတ္တရက္ေပါက္ကြဲထြက္သြားရွာေတာ့သည္။

"အားရွန္း"

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

52.8K 5.8K 87
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
444K 59.3K 61
𝘼𝙨𝙨𝙤𝙘𝙞𝙖𝙩𝙚𝙙 𝙉𝙖𝙢𝙚𝙨 : 穿成Omega后发现自己怀孕了 𝘼𝙪𝙩𝙝𝙤𝙧(𝙨): 非期而然 𝙏𝙮𝙥𝙚: 𝙒𝙚𝙗 𝙉𝙤𝙫𝙚𝙡(𝘾𝙉) 𝙂𝙚𝙣𝙧𝙚: 𝙁𝙖𝙣𝙩𝙖𝙨𝙮, 𝙍𝙤𝙢𝙖𝙣𝙘𝙚...
94.7K 10.9K 7
This story isn't belong to me. I just translate it and full credit goes to author and English Translator(s). Novel Name : As the Demon King, I am ver...
551K 62.4K 64
Zawgyiသမားေတြအတြက္ေအာက္ဆြဲခ်ၿပီးဖတ္ၾကည့္ပါေနာ္ ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to o...