လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)

14K 2.5K 257
By Ling____

Unicode

အခန်း ၄၁
မျှော်လင့်ချက်ပျက်သုဥ်းခြင်း

ယခင်တုန်းက ကျိုးကျစ်ရှူးတစ်ယောက် ဖျင်အန်းငွေတိုက်သို့လာသောအခါတိုင်း အမြဲတစေ ခြေထောက်မြှောက်လိုက်ပြီးနောက် ဆိုင်ထဲသို့တန်းဝင်သွားလေ့ရှိသည်။ သို့သော် ယနေ့တွင်မူ ဆိုင်ရှင်ဖြစ်သူက သူတို့နှစ်ဦးကို ဆိုင်ရှိဧည့်သည်နားနေဆောင်ထဲသို့ခေါ်ဆောင်သွားကာ နေရာချထားပေးလိမ့်မည်ဟု မည်သူကထင်ပါအံ့နည်း။ ရှေးဦးစွာ ကျိုးကျစ်ရှူးနှင့် တောသားမြို့တက်လာသကဲ့သို့ လေးဖက်လေးတန်ကို ကျီးကန်းတောင်းမှောက်လိုက်လံစူးစမ်းကြည့်ရှုနေသည့် ဝမ်းခယ့်ရှင်တို့နှစ်ဦးအား လက်ဖက်ရည်တစ်ယောက်တစ်ခွက်စီဖြင့် တည်ခင်းဧည့်ခံထားလေသည်။ ၎င်းမှာ ဘေးတစ်ဖက်တွင်မတ်တပ်ရပ်နေရင်း ပြုံးပျော်ရွှင်ပျစွာဖြင့်စကားဆိုလာ၏။

"ကျိုးလူကြီးမင်း....ခေတ္တခဏလောက် စောင့်ဆိုင်းပေးပါဦး။ ဒီနေ့ အရှင်ခုနစ်ကြွမြန်းရောက်ရှိလာတဲ့အတွက် အိမ်တော်ထိန်းကြီးက အထဲမှာသွားရောက်သတင်းပို့နေလို့ပါ"

ကျိုးကျစ်ရှူးတစ်ယောက် ရင်ထဲ၌ထိတ်ခနဲဖြစ်သွား၏။ ရုတ်ချည်းပင် *'မွေးရပ်မြေနှင့်နီးကပ်လာလေ စိတ်ကယောင်ချောက်ချားဖြစ်လာလေ' ဟူသောခံစားချက်ကိုခံစားလိုက်ရလေသည်။

(T/N -- *ကဗျာဆရာ စုန့်ကျီးဝမ့်ရဲ့ 'ဟန်မြစ်ကိုဖြတ်ကူးခြင်း'《渡汉江》ကဗျာမှကောက်နုတ်ချက်ဖြစ်ပါတယ်)

ဝမ်းခယ့်ရှင်ကမူ နှုတ်မစောင့်စည်းဘဲ သူပြောချင်ရာကိုသာဇွတ်တရွတ်မေးမြန်းလိုက်၏။

"အိုင်း...ပြောတော့ ကုရှန်းနဲ့ကျန်းချန်လင်တို့နှစ်​ယောက်က ဒီရောက်နေကြတယ်ဆို။ အဲဒါဆိုလဲ အဲဒီကလေးစုတ်လေးနှစ်ကောင်ကိုပဲ ဒီအတိုင်းခေါ်လာပေးလို့မရဘူးလား။ ဘာတွေကို အဆင့်ဆင့်သတင်းပို့နေရသေးတာလဲ။ မသိရင် မင်းသားတစ်ပါးရဲ့အိမ်တော်ကိုအခစားဝင်လာရတဲ့အတိုင်းပဲ"

ကျိုးကျစ်ရှူးက မည်သည့်စကားမျှမဆိုဘဲ ခပ်မဆိတ်သာနေလိုက်ရင်း စိတ်ထဲ၌တွေးလိုက်မိ၏။

ဝမ်းခယ့်ရှင်ဆိုတဲ့ကောင်က တကယ့်ကို နတ်ဘုရားတစ်ပါးလားမသိဘူး။ တစ်ခါတည်းခန့်မှန်းလိုက်တာနဲ့ ကွက်တိကိုမှန်နေ​တော့တာပဲ

ခေတ္တခဏကြာသောအခါ ဖျင်အန်းက ဆိုင်ထဲမှ ကပျာကယာပြန်ထွက်လာပြီး ပြောလာသည်။

"ကျိုးသခင်လေး...ကျွန်တော့်ရဲ့သခင်ကြီးနဲ့ နတ်ဆေးဆရာလေးတို့က လူကြီးမင်းကို အထဲမှာစောင့်ဆိုင်းနေကြပါတယ်"

ဝမ်းခယ့်ရှင်မှာ 'နတ်ဆေးဆရာလေး' ဟူသည့် စကားလုံးနှစ်လုံးကိုကြားလိုက်ရသောအခါ တအံ့တသြဖြစ်သွားလျက် စိတ်ထဲ၌တွေးလိုက်လေသည်။

ဘာ 'နတ်ဆေးဆရာလေး' လဲ။ မဟုတ်မှလွဲရော တကယ်ပဲ နန်ကျင်းက အလွန်အင်မတန်ထူးခြားဆန်းကြယ်တဲ့ နာမည်ကျော်နတ်ဆေးဆရာလေးက ဒီကိုရောက်လာတာလား

အလယ်ပိုင်းမြေပြန့်ဒေသမှ သိုင်းလောကတစ်ခုလုံးသည်ကား အမှန်တကယ်ပင် ယခင်ကထက်ပို၍ ကသောင်းကနင်းဖြစ်လာတော့ပေမည်။

သူစေ့စေ့စပ်စပ်မတွေးဆလိုက်ရသေးခင်မှာပင် ဝမ်းခယ့်ရှင်မှာ ကျိုးကျစ်ရှူးနောက်မှလိုက်ကာ ဆိုင်၏အတွင်းဆောင်ထဲသို့ အတူတကွဝင်ရောက်သွားလိုက်သည်။ အနည်းငယ်သက်တမ်းရင့်နေပြီဖြစ်သော သစ်သားတံခါးဟောင်းကြီးတစ်ချပ်ကိုတွန်းဖွင့်လိုက်သောအခါဝယ် ခြံဝန်းငယ်လေးတစ်ခုကိုတွေ့လိုက်ရပြီး ညမွှေးပန်းများအတန်းလိုက်အစီအရီစိုက်ပျိုးထားသည်ကိုတွေ့ရ၏။ ခြံဝန်းအတွင်းသို့ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် မွှေးပျံ့ကြိုင်လှိုင်လှသည့် ခပ်သင်းသင်းပန်းမာလာရနံ့တို့ကိုရှူရှိုက်ခံစားလိုက်ရပေသည်။ ဖျင်အန်းက သူတို့နှစ်ဦးကို အခန်းတစ်ခန်းအတွင်းသို့ခေါ်ဆောင်သွားပြီးသော် ခန်းဆီးလိုက်ကာစကို ပင့်တင့်လိုက်သည်နှင့် အခန်းတွင်းမှပူနွေးသောလေထုက ရုတ်ချည်းပင် သူတို့နှစ်ဦး၏မျက်နှာတည့်တည့်သို့လာရောက်ရိုက်ခတ်သွားလေတော့သည်။ ဝမ်းခယ့်ရှင်က မျက်လုံးကိုဝင့်၍အတွင်းသို့လှမ်းကြည့်သော် အခန်းတွင်း၌ ကုရှန်းနှင့်ကျန်းချန်လင်တို့နှစ်ယောက်သာမကပဲ နောက်ထပ်အမျိုးသားနှစ်ဦးပါရှိနေသည်ကိုတွေ့မြင်လိုက်ရ၏။

သူ့အကြည့်များမှာ အနက်ရောင်ဝတ်ရုံနှင့်လူထံသို့ အလိုအလျောက်ရောက်ရှိသွားလျက် နှစ်ဦးသားတခဏမျှအကြည့်ချင်းဆုံသွားကြလေသည်။ နောက်တခဏအကြာတွင်မူ ၎င်းတို့နှစ်ဦးမှာ ကြိုတင်တိုင်ပင်ထားခြင်းအလျဥ်းမရှိပါဘဲ တစ်ပြိုင်နက်တည်းလိုလို တစ်ဦးကိုတစ်ဦး ခေါင်းညိတ်ပြကာ ယဥ်ကျေးသမှုဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြပြီးသော် ပြန်လည်အကြည့်လွှဲလိုက်ကြ၏။

ဝမ်းခယ့်ရှင်က တစ်ဆက်တည်းမှာပင် ကျန်ရှိသည့်အမျိုးသားတစ်ဦးကို ခြေဆုံးခေါင်းဆုံးအကဲခတ်ကြည့်ရှုလိုက်ရင်း ထိုလူမှာ ဆိုင်ရှင်ပြောသည့် 'အရှင်ခုနစ်' ဆိုသူပင်ဖြစ်ရမည်ဟု ခန့်မှန်းတွက်ဆလိုက်၏။ ဝမ်းခယ့်ရှင်မှာ ထိုလူအား တစ်ချက်လေးကြည့်လိုက်ရုံနှင့်ပင် သူ့စိတ်ထဲတွင် မနေနိုင်မထိုင်ဖြစ်စွာ အံ့ဩမှင်တက်သွားလျက် ချီးမွမ်းခန်းဖွင့်လိုက်မိလေတော့သည်။ ဤကမ္ဘာပေါ်၌ အလွန်တရာ ချောပေ့လှပေ့ဆိုသည့်လူများကို သူတွေ့မြင်ဖူးခဲ့သည်မှာ အရေအတွက်အားဖြင့် မနည်းလှတော့ပါချေ။ သို့ရာတွင် ထိုလူအားလုံးတို့မှာ ဤလူနှင့်မည်သို့မျှနှိုင်းယှဥ်မမီနိုင်ပါချေ။ ထိုလူ၏မျက်လုံး၊ မျက်ခုံးတို့မှာ အတိုင်းထက်အလွန်ကျော့ရှင်းလှပကာ မဆိုစလောက်ကရော်ကမည်ဆန်သည့်ပုံစံမျိုးပေါက်နေသည့်တိုင် ခန္ဓာကိုယ်တစ်ခုလုံးတွင်လွှမ်းခြုံထားသော အထက်တန်းလွှာ တော်ဝင်အမျိုးကောင်းသားတစ်ယောက်၏အငွေ့အသက်တို့ကိုဖိနှိပ်ထား၏။ တစ်ခုတည်းသောလှစ်ဟထွက်ပေါ်နေသည့်အရာမှာ မဆိုစလောက်စကားလုံးများဖြင့်ဖော်ညွှန်း၍မရနိုင်သော အသရေတင့်တယ်ခန့်ညားမှုပင်ဖြစ်သည်။ 'သစ်ခွပန်းမာလာနှင့်ကျောက်စိမ်းသစ်ပင်' ဟူသည့်စကားလုံးလေးလုံးသည်ကား ထိုလူအတွက်သီးသန့်ရေးဖွဲ့ထားသည့်နှယ်။

နောက်တခဏအကြာဝယ် နံဘေးတွင်ရှိနေသော ကျိုးကျစ်ရှူးထံမှ တရိုတသေနှုတ်ခွန်းဆက်စကားဆိုသံကိုကြားလိုက်ရသည်။

"အရှင်ခုနစ်၊ နတ်ဆေးဆရာလေး"

အရှင်ခုနစ်က ပြုံးပန်းဝေဆာနေသောမျက်နှာဖြင့် ကျိုးကျစ်ရှူးအား ပြန်လည်ဦးမော့စေလျက် သူ၏မျက်နှာကိုနှံ့စပ်သေချာစွာကြည့်ရှုလိုက်ပြီးသော် သက်ပြင်းဖွဖွချကာဆိုလိုက်၏။

"ဒီလောက်နှစ်တွေအကြာကြီးမတွေ့ခဲ့ရတာတောင်မှ...ကျစ်ရှူး...မင်းရဲ့အကြိုက်ကတော့လေ ကြာလေကြာလေ သူများလက်မခံချင်စရာကောင်းလာလေလေဖြစ်နေတာပဲ"

ကျိုးကျစ်ရှူးက ရယ်မောလိုက်ကာ လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး သူ၏မျက်နှာကို အသာအယာသန့်စင်ပွတ်သုတ်လိုက်၏။ ထို့နောက် လူ့အရေပြားမျက်နှာဖုံးလွှာကို ဆွဲခွာလိုက်ကာ ရင်ဘတ်ထဲသို့ထိုးထည့်လိုက်ပြီးသော် မချိတင်ကဲပြုံးလျက်ဆိုလိုက်သည်။

"ဒီလောက်နှစ်ပေါင်းများစွာကြာညောင်းခဲ့တာတောင် ငယ်ရွယ်နုနယ်တဲ့မိန်းမပျိုလေးတွေကလွဲရင် ကိုယ့်ရဲ့ချောချောလှလှမျက်နှာလေးကိုဖုံးကွယ်ပြီး 'ခေါင်းကိုဖုံးလို့အမြီးကိုဖော်ထားတတ်တဲ့' လူကလဲ ကျွန်တော်သိသလောက်တော့ 'ကျိုရှောင်း' အဲဒီအရူးလေးတစ်ယောက်ပဲရှိပါသေးတယ်"

လွန်ခဲ့သောနှစ်ကာလများ၌ မင်းနေပြည်တော်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း အသက်ဆုံးပါးသွားခဲ့ရသော ဆရာတူညီလေးဖြစ်သူ လျန်ကျိုရှောင်းမှာ ကျိုးကျစ်ရှူးအတွက် ဘဝတစ်သက်တာနောင်တတရားတစ်ခုဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျိုးကျစ်ရှူးသည် သူ၏အမည်နာမကို မည်သည့်အခါမှထုတ်ဖော်ပြောကြားခြင်းမပြုခဲ့တော့ပါချေ။ ထိုအဖြစ်အပျက်တို့မှာ သူ့အတွက်အိပ်မက်တစ်ခုသဖွယ်ထင်ကျန်နေဆဲပင်။ ယခုတစ်ကြိမ်၌ အတိတ်ဟောင်းမှ မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်လည်ဆုံတွေ့လိုက်ရသောအခါဝယ် မိုင်ပေါင်းသုံးဆယ်ခန့်ရှည်လျားသော ဝမ့်ယွဲ့မြစ်ကမ်းဘေးရှိ မင်းနေပြည်တော်သို့ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားလိုက်ရရှာ၏။ ရှေးယခင်က အတိတ်ဖြစ်ရပ်များနှင့်မိတ်ဆွေဟောင်းတို့၏ပုံရိပ်များက သူ့မျက်စိရှေ့တွင် စဉ်ဆက်မပြတ်တစ်ခုပြီးတစ်ခုလှစ်ခနဲဖြတ်သန်းပြေးလွှားနေရင်းက ထိုလူ၏အမည်နာမကို နှုတ်ဖျားမှအမှတ်တမဲ့ပြောထုတ်မိလိုက်ခြင်းပင်တည်း။

ယခုကဲ့သို့လွှတ်ခနဲပြောထွက်သွားသောအခါတွင်လည်း အမှန်စင်စစ် ဘာမျှရေးကြီးခွင်ကျယ်မဟုတ်တော့ပါချေ။ သူ့ရင်ဘတ်ထဲမှတစ်စုံတစ်ခုကို ဆွဲနုတ်ယူလိုက်သကဲ့သို့ နှလုံးသား၏အစိတ်အပိုင်းတစ်ခုလစ်ဟာသွားပြီး ဗလာနတ္ထိဟာလာဟင်းလင်းဖြစ်သွားရုံမျှသာ။

အရှင်ခုနစ်၏အပြုံးပန်းများက စုစည်းသွား၏။ သူက သက်ပြင်းတစ်ချက်ချကာ ကျိုးကျစ်ရှူးကို တခဏမျှစေ့စေ့စပ်စပ်ကြည့်ရှုလိုက်ပြီးသော် မျက်မှောင်ကြုတ်လျက်ဆိုလာသည်။

"မင်း ဘာဖြစ်လို့ ဒီလောက်တောင်ပိန်သွားရတာလဲ"

ကျိုးကျစ်ရှူးက ခေါင်းကိုခါယမ်းလိုက်ပြီး မျက်လွှာချလျက် ခပ်ဖွဖွရယ်မောရင်းဖြေကြားလိုက်သည်။

"ပြောရရင်တော့ ဇာတ်လမ်းကအရှည်ကြီးပါပဲ။ ဖြစ်နိုင်တာကတော့ အသက်အရွယ်ထောက်လာလို့နေမှာပါ"

ဝမ်းခယ့်ရှင်မှာ မူလအစကတည်းက အမျိုးသားများကို နှစ်သက်သဘောကျလေ့ရှိသူတစ်ဦးဖြစ်လေရာ အခန်းတွင်းသို့ဝင်လာလျှင်ဝင်လာချင်းမှာပင် အဆိုပါ 'အရှင်ခုနစ်' ဟူသည့်ပုဂ္ဂိုလ်မှာ အမှန်တကယ်ကိုပင် အသရေတင့်တယ်ခန့်ညားလှပသူတစ်ဦးဖြစ်ကြောင်း တခမ်းတနားချီးကျုးအမွှမ်းတင်ခဲ့မိသည်။ သို့သော်ငြား ယခုအချိန်တွင်မူ သူ့ရင်ထဲ၌မကျေမချမ်းခံစားချက်တို့ စတင်ပေါက်ဖွားလာတော့သည်။ သူတွေးလိုက်၏။ မိမိမှာ အချိန်အတန်ကြာအောင် ချော့တစ်ခါခြောက်တစ်လှည့်လုပ်ခဲ့ရစေကာမူ ယွီချိုးဖုန်းတို့အုပ်စု၏ အတောမသတ်နိုင်သောပြဿနာရှာမှုတို့ကြောင့်သာမဟုတ်ပါက ကျိုးကျစ်ရှူး၏မျက်နှာအစစ်အမှန်ကို သည်နေ့သည်အချိန်ထိ တစ်ချက်လေးသော်မျှတွေ့မြင်ခွင့်ရရန်လမ်းမမြင်ခဲ့ပါချေ။ သို့သော် ထိုလူကတော့ ရောက်လာလျှင်ရောက်လာချင်းမှာပင် စကားနှစ်ခွန်းသုံးခွန်းမျှပြောလိုက်ရုံဖြင့် သူ့မျက်နှာဖုံးကို ကိုယ်တိုင်ကိုယ်ကျဆွဲချွတ်ပြစေနိုင်စွမ်းရှိရုံသာမက သူ၏နာမည်အရင်းကိုပါသိနေသေးသည်။

ဝမ်းခယ့်ရှင်၏ရင်ထဲတွင် ခံပြင်းဒေါသထွက်စိတ်တို့ရှင်သန်ကြီးထွားလာတော့သည်။

ဖျင်အန်းက သူတို့နှစ်ယောက်ကိုနေရာချထားပေးလိုက်ပြီး လက်ဖက်ရည်ဆက်သလိုက်သည်။ အရှင်ခုနစ်က ထပ်မံမေးမြန်းလာ၏။

"နန်းမြို့တော်မှာရော.....အခြေအနေတွေကောင်းရဲ့လား"

ကျိုးကျစ်ရှူးက ထိုင်ခုံ၏နောက်ကျောကိုမှီထိုင်လိုက်ပြီး တစ်ကိုယ်လုံးသက်တောင့်သက်သာရှိသွားဟန်ဖြင့် နှေးကွေးလေးဖင့်စွာဖြေကြားလိုက်သည်။

"တချို့က တပ်မှူးတွေအဖြစ် ရှေ့တန်းထွက်သွားကြတဲ့သူတွေရှိသလို တချို့က ဝန်ကြီးတွေအဖြစ် မြို့တော်ကိုပြန်ရောက်လာကြသူတွေလဲရှိပါတယ်။ တပ်မှူးငယ်လေး ဟယ့်ယွင်ရှင်ကတော့ ကျင့်အန်းမင်းသမီးလေးနဲ့ လက်ဆက်ထိမ်းမြားခဲ့ပြီးလို့ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ အနောက်မြောက်ပိုင်းအဝေးတစ်နေရာကိုထွက်ခွာသွားကြပြီး အဲဒီနေရာမှာပဲ အခြေချနေထိုင်သွားတော့မဲ့သဘောရှိပါတယ်။ အရှင်မင်းကြီး.....အရှင်မင်းကြီးလဲ အတိုင်းထက်အလွန်ကျန်းခန့်သာလို့မာပါတယ်။ ဒီနှစ်မကုန်ခင်ပိုင်းလောက်မှာပဲ မင်းသားလေးမွေးဖွားလာခဲ့ပါပြီ။ ကျွန်တော်က ရွှေမြို့တော်ကနေ အဆောတလျင်ထွက်ခွာလာခဲ့အတွက် တတိယမင်းသားငယ်လေးရဲ့ တစ်လပြည့်မွေးနေ့ပွဲအခမ်းအနားကိုတောင် မမီလိုက်ပါဘူး"

သူတို့နှစ်ဦးသည်ကား တစ်ယောက်ကမေးခွန်းထုတ်၍
တစ်ယောက်ကဖြေကြားနေပြီး နှစ်ဦးလုံး၏စကားအသွားအလာမှာ မနှေးလွန်းမမြန်လွန်းဘဲရှိချေသည်။ နတ်ဆေးဆရာလေးသည်လည်း တစ်ခွန်းတလေမျှကြားဖြတ်ပြောဆိုခြင်းမပြုဘဲ ဘေးတစ်ဖက်တွင်သာ တိတ်တဆိတ်နားစွင့်လို့နေသည်။ အမွှေးနံ့သာအိုးထဲမှ ထွက်ပေါ်လာသောအခိုးအငွေ့များက လေထုအတွင်းတလူလူပျံ့လွင့်နေလျက်ရှိပေရာ အချိန်ကာလများပင် ဖြည်းညင်းနှေးကွေးစွာ ရွေ့လျားစီးဆင်းနေသယောင်။

ဝမ်းခယ့်ရှင်က ထိုလူနှစ်ဦးကြားရှိ ထူးခြားဆန်းကြယ်သောလေထုအခြေအနေကိုခံစားမိသွားသည်။ ဤသို့ဤနှယ် တည်ငြိမ်အေးဆေးစွာပင် ထိုနေရာ၌ထိုင်နေရင်း လက်ဖက်ရည်လေးသောက်လိုက်၊ အာလာပသလ္လာပစကားဆိုလိုက်လုပ်နေသော ကျိုးကျစ်ရှူးကို သူတစ်ကြိမ်တစ်ခါမျှပင် တွေ့မြင်ဖူးခဲ့ခြင်းမရှိပါချေ။ သူတို့နှစ်ဦးသည်ကား နှစ်ပေါင်းများစွာကွဲကွာခဲ့ရသော စိတ်တူကိုယ်တူမိတ်ဆွေဟောင်းများပမာ၊ ယခုကဲ့သို့ အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ရစေကာမူ ပျော်ရွှင်ဝမ်းမြောက်သည့်အရိပ်အယောင်ကိုတွေ့မြင်ရခြင်းမရှိဘဲ နှုတ်ဖျားထက်ဝယ် အရေးမပါသောစကားများကိုသာလျှင် ရောက်တက်ရာရာပြောဆိုနေကြလေသည်။ သို့သော်ငြား သူတို့၏နှလုံးသားတစ်စုံမှာမူ အချင်းချင်းသွယ်တန်းဆက်နွှယ်နေသည့်နှယ်။

ဝမ်းခယ့်ရှင်မှာ အဆိုပါ 'အရှင်ခုနစ်' ဆိုသူအား မျက်စိစပါးမွေးစူးလာကာ စိတ်ထဲ၌တွေးလိုက်၏။

ဒီမျက်နှာဖြူကောင်က ဘယ်ကနေရောက်လာတဲ့ကောင်လဲ။ တစ်ချိန်လုံး 'အရှင်ခုနစ်' 'အရှင်ခုနစ်' နဲ့၊ သူ့ရဲ့နာမည်အရင်းကိုတောင် ထုတ်မပြောရဲဘဲနဲ့များ။ သေချာပေါက်ကို ဘယ်လိုမှ လူကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။

သို့ဖြစ်ရာ ဝမ်းခယ့်ရှင်က အလွန်အမင်းမကျေမချမ်းဖြစ်သွားလျက် သူ့မျက်နှာပေါ်မှ မျက်နှာဖုံးတစ်လွှာကိုဆွဲဖြဲလိုက်ပြီးနောက် တစ်ဖက်၌ အကြောင်သားငေးစိုက်ကြည့်နေရှာသည့် ကုရှန်းနှင့်ကျန်းချန်လင်တို့နှစ်ဦးသားကို လက်ယပ်ခေါ်လိုက်၏။

"ဟိုနှစ်ကောင်.....ဒီကိုလာခဲ့"

လျှပ်တစ်ပြက်အတွင်းမှာပင် အခြားသောလူသုံးယောက်၏အကြည့်တို့က သူ့ကိုယ်ပေါ်သို့လွှဲပြောင်းကျရောက်သွားလေသည်။ အရှင်ခုနစ်၏မျက်နှာထက်ဝယ် ဝိုးတိုးဝါးတားအတိတ်ဖြစ်ရပ်တို့ကို လွမ်းဆွတ်တမ်းတသတိရနေသောအရိပ်အသက်တို့မှာ ပျောက်ကွယ်လွင့်ပါးမသွားသေးဘဲ သူက လွှတ်ခနဲမေးမြန်းလိုက်သည်။

"ဒီပုဂ္ဂိုလ်က"

ကျိုးကျစ်ရှူးက တဒင်္ဂမျှချိတုံချတုံဖြစ်နေပြီးနောက်တွင်မှ ပြန်လည်ဖြေကြားလိုက်သည်။

"ကျန်းဟူမှာတွေ့ခဲ့တဲ့....... သူငယ်ချင်းတစ်ယောက်ပါ"

သို့ရာ၌ သူ့စကားမဆုံးသေးခင်မှာပင် ဝမ်းခယ့်ရှင်က လက်သွက်ခြေသွက်ဖြင့် စားပွဲငယ်လေးပေါ်တွင်တင်ထားသော ကျိုးကျစ်ရှူး၏လက်တစ်ဖက်ကို ဆတ်ခနဲဆွဲယူလိုက်ပြီးသော် သူ့ရင်ဘတ်ပေါ်သို့ဖိကပ်ထားလိုက်ကာ မျက်စောင်းတထိုးထိုးဖြင့် ကျိုးကျစ်ရှူးကိုကြည့်လိုက်ရင်း ဆိုလာ၏။

"ကျန်းဟူက သူငယ်ချင်းတဲ့လား။ အရင်တုန်းကတော့ ခင်ဗျား ကျွန်တော့်ကိုအဲ့လိုပြောခဲ့တာမဟုတ်ပါဘူး။ ဘာလို့လဲ ...အားရွှိ...ခင်ဗျားက ကျွန်တော့်ကိုကစားတုန်းကတော့ကစားပြီး အခုတော့စွန့်ပစ်တော့မယ်ပေါ့လေ"

ထိုတခဏအတွင်း အရှင်ခုနစ်၏မျက်နှာအမူအရာကိုသရုပ်ဖော်ညွှန်းရသော် 'အံ့သြဆွံ့အခြင်း' ဟူသည့်အမူအရာမျိုးပင်တည်း။ တစ်ချိန်လုံးအသံတစ်ချက်မျှမထွက်ဘဲ ဘေးတစ်ဖက်တွင်ထိုင်နေသည့် နတ်ဆေးဆရာလေးသည်ပင် တဒင်္ဂမျှတုံ့ဆိုင်းသွားလျက် သူ၏နက်မှောင်သောမျက်ဆန်နက်နှစ်ခုတို့မှာ အနှီလူနှစ်ယောက်အကြား ခေါက်တုံ့ခေါက်ပြန်ပြေးလွှားဖြတ်သန်းနေပြီး နောက်ဆုံးတွင်မူ သူ့အကြည့်တို့မှာ ထူးဆန်းအံ့ဩဖွယ်ကောင်းစွာပင် ဝမ်းခယ့်ရှင်ဆုပ်ကိုင်ထားသော ထိုလက်တစ်ဖက်ပေါ်၌ မြဲမြံစွာအခြေကျသွားရှာတော့သည်။

ကျိုးကျစ်ရှူးက ကျန်လက်တစ်ဖက်ကိုမြှောက်လိုက်ရင်း ဝမ်းခယ့်ရှင်၏တံတောင်ဆစ်နားရှိ အာရုံကြောနေရာပေါ်သို့ လျင်မြန်သွက်လက်စွာ ခပ်ဆဆတစ်ချက်တောက်လိုက်ပြီး သူ့လက်ကိုတွန်းထုတ်လိုက်၏။ ထို့နောက် မှင်သေသေဖြင့် အကြမ်းပန်းကန်လုံးကိုပင့်မြှောက်ကာ ဘာတစ်ခုမျှမဖြစ်သည့်နှယ် အေးအေးလူလူစကားဆိုလိုက်သည်။

"သူ့နာမည်က ဝမ်းခယ့်ရှင်ပါ။ လူကတော့ သိပ်ပြီးကျပ်မပြည့်ရှာတဲ့အပြင် တစ်ခါတလေ ပေါက်ပန်းလေးဆယ်စကားတွေလျှောက်ပြောတတ်ပါသေးတယ်။ အရှင်ခုနစ်က ကျေးဇူးပြုပြီး ဗွေမယူလိုက်ပါနဲ့ခင်ဗျ"

အရှင်ခုနစ်မှာ အချိန်အတန်ကြာသည်အထိ အံ့ဩဆွံ့အသွားရှာပြီးသော် အဆုံးတွင်မူ ဆက်လက်၍ကြည့်မနေနိုင်တော့သည့်အလား ပြောဆိုလိုက်၏။

"ဖျင်အန်း....မင်းရဲ့မျက်လုံးတွေကို ဘာလုပ်ဖို့ထားထားတာလဲ။ ကျိုးသခင်လေးကို လက်ဖက်ရည်ထပ်မဖြည့်ပေးသေးဘူးလား"

ကျိုးကျစ်ရှူးက ယခုလေးတင် အိပ်မက်မက်ရင်းလန့်နိုးလာသူတစ်ယောက်သဖွယ် သူ့လက်ထဲ၌ကိုင်ထားသော အကြမ်းပန်းကန်လုံးအလွတ်ကို အောက်သို့ပြန်ချလိုက်ပြီးသော် ဝမ်းခယ့်ရှင်ကို ဒေါသတကြီးစူးစိုက်ကြည့်ရှုလိုက်လေတော့သည်။ ဝမ်းခယ့်ရှင်ကမူ ထိုအကြည့်များကို ပျားသကာရည်ပမာနှယ် ချိုမြပြုံးရွှင်စွာလက်ခံလိုက်ပြီးသော် တစ်ဖက်သားအား သွားတယားယားဖြစ်လာစေမည့် ရူးကြောင်ကြောင်အပြုံးမျိုးကိုလှစ်ဟပြသလာ၏။

အရှင်ခုနစ်က ကမ္ဘာလောကကြီးတစ်ခုလုံးအုတ်အော်သောင်းနင်းမဖြစ်မှာကို စိုးရိမ်နေသည့်အလား သက်ပြင်းဖွဖွချကာ ​စကားဆက်လာပြန်သည်။

"ပြန်စဥ်းစားကြည့်မယ်ဆိုရင် ဟိုးအရင်နှစ်တွေတုန်းက ရွှေစင်ခွက်နဲ့ကျောက်စိမ်းဆံထိုးလို ကြီးကျယ်ခမ်းနားထည်ဝါမှုတွေအားလုံးဟာ အခုချိန်မှာတော့ သက်မဲ့ပစ္စည်းတွေအဖြစ်သာကျန်ရစ်ပြီး လူတွေကတော့မရှိရှာတော့ဘူးပဲ။ မျက်နှာချေမှုန့်တွေ အထပ်လိုက်အပုံလိုက်တည်ရှိခဲ့တဲ့ ဝမ့်ယွဲ့မြစ်နဒီကြီးရော၊ အနုစိတ်ထွင်းဆစ်ထားတဲ့လှေကားလက်ရန်းတွေ၊ ကျောက်စိမ်းလှေကားထစ်တွေရော ဒီနေ့ဒီအချိန်မှာ ဘယ်လိုပုံစံတွေပြောင်းလဲသွားကုန်ကြပြီလဲ မသိနိုင်တော့ဘူး။ အဲဒီနှစ်တုန်းက မင်းနေပြည်တော်မှာ အုတ်အော်သောင်းနင်းဖြစ်နေတဲ့အရေးပေါ်အခြေအနေထဲ နန်းမြင့်မျှော်စင်ကြီးပေါ်မှာ မောင်မင်းနဲ့ ငါကိုယ်တော်တို့ ကတိကဝတ်ပြုခဲ့ကြဖူးတယ်မဟုတ်လား။ တကယ်လို့များ နောင်လာမဲ့အနာဂတ်မှာ ငါတို့နှစ်ယောက်ပြန်လည်ဆုံတွေ့ခွင့်ရနိုင်ဦးမယ်ဆိုရင် အဲဒီအချိန်ကျရင် မမူးမချင်းသေရည်အဝသောက်ကြမယ်ဆိုပြီးတော့လေ။ ငါ နန်ကျန်းမှာစောင့်မျှော်နေရင်း သေရည်တွေသာအေးစက်သွားတယ်၊ မိတ်ဆွေဟောင်းကြီးကတော့ ရောက်အောင်လာဖို့ နည်းနည်းလေးမှတောင် စိတ်ကူးမရှိခဲ့ပါလား"

ရုတ်ချည်းပင် အရှင်ခုနစ်က စကားလမ်းကြောင်းပြောင်းလဲလိုက်၏။ သူ၏မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းများထဲ၌ ကျီစယ်စနောက်လိုဟန်အရိပ်အသက်တစ်ခု လှစ်ခနဲဖြတ်ပြေးသွားပြီးနောက် သူက ရည်ရွယ်ချက်ရှိရှိဖြင့်ထပ်မံပြောဆိုလိုက်သည်။

"ကျစ်ရှူး....မင်းဘက်က ကတိမတည်ခဲ့ပေမဲ့ ငါ့ဘက်ကတော့ ကတိမဖျက်ခဲ့ဘူး​နော်။ ငါ အခုချိန်ထိမှတ်မိနေပါသေးတယ်။ နန်ကျန်းက ခါးသေးညွှတ်သွယ်တဲ့ မိန်းမပျိုလေးတစ်ယောက်လောက်ကို မင်းကိုယ်စားရှာဖွေပေးဖို့ ငါ့ကိုပြောခဲ့ဖူးတယ်လေ။ ဒီအတောအတွင်း အဲ့လိုမိန်းမလှလေးတွေတော်တော်များများကို ငါသတိပြုမိခဲ့တယ်။ ဆို​တော့ အခု မင်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး...."

နတ်ဆေးဆရာလေးထံမှ တိုးညင်းသောချောင်းဟန့်သံတစ်ချက်ထွက်ပေါ်လို့လာသည်။ သူ၏ရေခဲတမျှအေးစက်လှသောမျက်နှာထက်ဝယ် ရေးတေးတေးအပြုံးရိပ်တစ်ခုထင်ဟပ်လာတော့သည်။ ကျိုးကျစ်ရှူးခမျာ ဤနေရာ၌ဆက်လက်ထိုင်နေရန်မဖြစ်တော့ချေဟုယူဆလိုက်ပြီးသကာလ အလျင်စလိုမတ်တပ်ထရပ်လိုက်ပြီး ကမန်းကတန်းလက်နှစ်ဖက်ကိုပိုက်ယှက်ကာ ပျာပျာသလဲနှုတ်ဆက်စကားဆိုလိုက်သည်။

"အာ....အရှင်ခုနစ်က အခုလေးတင်မှ တုံ့ထင်မြို့ကိုရောက်လာကြဆိုတော့ ခရီးပန်းနေရှာတော့မှာပဲ။ ကျွန်တော်မျိုးတို့ ဆက်ပြီးအနှောင့်အယှက်မပေးတော့ပါဘူး...."

အရှင်ခုနစ်က ဆို၏။

"တကယ်တော့ ငါတို့ နည်းနည်းလေးမှ မပင်ပန်းပါဘူး"

တစ်ချိန်တည်းမှာပင် ဝမ်းခယ့်ရှင်ထံမှ အော်ဟစ်သံတို့ထွက်ပေါ်လို့လာတော့သည်။

"ဘာ... အားရွှိ....ခင်ဗျား အဲ့လိုပြောခဲ့ဖူးတာလား"

ရုတ်ချည်းပင် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းအတိကျသွားရှာတော့သည်။ အချို့လူများမှာ အံ့သြဆွံ့အသွားလျက် မျက်လုံးအဝိုင်းသားဖြင့်ကြည့်ရှုနေကြ၏။ အရိပ်သုံးပါးနားမလည်သော ကုရှန်းက အသိစိတ်လွတ်ကာ အူတီးအူကြောင်ငေးမောကြည့်ရှုနေသည့် ကျန်းချန်လင်၏ဦးခေါင်းကို ရုတ်တရက် ဖတ်ခနဲရိုက်ပုတ်ကာ သက်ပြင်းတချချပြောလိုက်သည်။

" ဒါကဘာလဲဆိုတော့ '*တစ်ညတာလွမ်းဆွတ်တမ်းတမှုတွေဟာ ဘယ်လောက်များပါသလဲ၊ **နွေဦးမှာ လူသေကောင်လို့အိပ်ပျော်နေလို့ နံနက်အရုဏ်ကိုမသိလိုက်ပါ' ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ။ ချန်လင်လေး....ကြည့်ရတာ ငါတို့နှစ်ယောက်ပဲ အစ်ကိုချောင်ကိုပြန်သွားကယ်ရအောင်။ ဒီလူတွေက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အချစ်စမ်းပြီး ရှာလကာရည်သောက်နေကြတာဆိုတော့ သူတို့ကိုဘယ်လိုမှအားကိုးလို့ရမှာမဟုတ်ဘူး"

(T/N -- ပထမစာသားက ထန်မင်းဆက်ခေတ်က ကဗျာဆရာ ကျန်းကျုံ့စုရဲ့ 'ပျံလွှားမျှော်စင်'《燕子楼》 ကဗျာမှဖြစ်ပြီး ဒုတိယစာသားကတော့ ထန်မင်းဆက်ခေတ်က ကဗျာဆရာ မုန့်ဟောက်ရန်ရဲ့ 'နွေဦးအရုဏ်' 《春晓》ကဗျာမှဖြစ်ပါတယ်။ ကုရှန်းပြောသွားတဲ့စကားထဲက ကဗျာစာသားတွေဟာ နည်းနည်းလေးစီမှားယွင်းနေပါတယ်။)

အရှင်ခုနစ်က ရယ်မောလိုက်၏။

"မိန်းကလေး အစိုးရိမ်မလွန်ပါနဲ့ဦး။ မင်းပြောတဲ့ အဲဒီအစ်ကိုချောင်ဆိုတဲ့တစ်ယောက်က ချင်းဖုန်းဂိုဏ်းကဆိုတော့ ဟိုလူထူးလူဆန်းတွေက သူ့ကိုလက်လွတ်စပယ်ဒုက္ခမပေးနိုင်လောက်ပါဘူး။ အကယ်၍ မင်းတို့က ဘာကြိုတင်ပြင်ဆင်မှုမှမရှိဘဲ ကမူးရှူးထိုးသွားလိုက်တော့မှ သူ့ရဲ့အပြစ်တွေပိုကြီးအောင်လုပ်မိသလိုဖြစ်သွားပြီး သူ့ကိုပိုပြီးပြဿနာတက်သွားစေလိမ့်မယ်__ကျစ်ရှူး....အချိန်တောင်ဘယ်လောက်မှ
မကြာသေးတဲ့ဟာကို မင်းက သွားတော့မလို့လား။ ခဏလောက် နေပါဦး။ ရှေးလူကြီးတွေက နှမြောတသဖြစ်စွာပြောခဲ့ကြဖူးတယ်။ 'လူငယ်ဘဝရဲ့နေ့ရက်တွေကို အတူမျှဝေကုန်ဆုံးပေးဖို့ အဖော်မရှိခဲ့ပါ' တဲ့။ မင်းနဲ့ငါနဲ့က အခုမှ ခက်ခက်ခဲခဲပြန်ဆုံတွေ့ရတာ။ ဟိုတုန်းကရှေးဟောင်းနှောင်းဖြစ်အ​ကြောင်းတွေကို ပန်းကန်လုံးတစ်လုံးစာပြည့်အောင်တောင် အားရပါးရတသသပြန်မပြောရသေးဘူး။ မင်းက ဘာဖြစ်လို့များ အသည်းအသန်ပြန်ချင်နေရတာတုန်း"

ထိုပုဂ္ဂိုလ်သည်ကား စကားပြောဆိုရာ၌ အဆက်အစပ်မရှိဘဲ စာတစ်တန်ပေတစ်တန် လေတစ်လုံးမိုးတစ်လုံးပြောဆိုတတ်သည့်အပြင် သူပြောချင်ရာလျှောက်ပြောနေသည်ဟု ဝမ်းခယ့်ရှင်တစ်ယောက်ခံစားလိုက်ရလေရာ ၎င်းမှာ တကယ့်ကိုပင် ကြာလေ မျက်စိစပါးမွေးစူးလေဖြစ်လာပြီး စိတ်ထဲ၌တွေးလိုက်၏။

'တင့်တယ်ကျော့ရှင်းသူများသည် ကြီးစွာသောအတုအယောင်တို့ကိုစုဆောင်းသူများဖြစ်ကြပြီး ကြမ်းတမ်းရိုင်းပျသူများသည် နက်ရှိုင်းသောသူတော်ကောင်းတရားတို့ကိုစုဆောင်းသူများဖြစ်ကြသည်' ဟူသည့်ဆိုရိုးစကားတို့မှာ တကယ့်ကို မှန်ကန်လွန်းလှပေသည်။ စကားကြီးစကားကျယ်ပြောဆိုတတ်သူများမှာ တကယ့်တမ်းတွင် လူအမြင်ကတ်စရာကောင်းသူများသာဖြစ်၏။ လူချောတစ်ယောက်ပင်ဖြစ်စေ၊ တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းအလှပဂေးတစ်ဦးပင်ဖြစ်ပါစေ။ သို့ဖြစ်ရာ သူက ကျိုးကျစ်ရှူးကိုဆွဲခေါ်ကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်....ဟုတ်ပါတယ်....ဟုတ်ပါတယ်။ လူကြီးမင်းတို့အနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး။ ကျွန်တော်တို့မှာလဲ လုပ်စရာကိစ္စလေးတွေရှိသေးလို့ပါ"

နတ်ဆေးဆရာလေးမှာမူ ခေါင်းကိုအသာခါယမ်းကာပြုံးလိုက်ရင်း အခြားတစ်ဖက်တွင်မူ လက်နှစ်​ချောင်းကြား၌ညှပ်ကိုင်ထားသော ကျားစေ့လေးကိုအောက်သို့ချလိုက်ပြီးသော် ထိုင်နေရာမှ မတ်တပ်ထရပ်လာကာ စကားဆိုလိုက်သည်။

"ကျိုးလူကြီးမင်း...ကျွန်တော်ကြည့်ရသလောက် လူကြီးမင်းရဲ့အသားအရောင်က သိပ်မကောင်းဘူး။ ပုံပန်းသွင်ပြင်အရလဲ မဆိုစလောက်နှေးကွေးထိုင်းမှိုင်းနေပုံပဲ။ လူကြီးမင်းရဲ့သွေးခုန်နှုန်းကို ကျွန်တော် တစ်ချက်လောက်စမ်းသပ်ကြည့်ပေးလို့ရမလား"

ကျိုးကျစ်ရှူးက တုံ့ဆိုင်းရပ်တန့်သွား၏။ ဝမ်းခယ့်ရှင်က သူ့လက်ကို ရုတ်တရက် တင်းကျပ်စွာဆုပ်ကိုင်လိုက်လေသည်။

အရှင်ခုနစ်၏မျက်နှာပေါ်မှ ရွှတ်နောက်နောက်အရိပ်အယောင်တို့ပျောက်ဆုံးသွားပြီး မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။

"ဘာဖြစ်လို့လဲ"

နတ်ဆေးဆရာလေးက ဆိုသည်။

"ကျွန်တော်တစ်ချက်လောက်ကြည့်ပြီးမှပဲ ဘာဖြစ်တာလဲဆိုတာကို တိတိကျကျပြောနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခုလို ပွင့်ပွင့်လင်းလင်းတဲ့တိုးပြောလိုက်ရတဲ့အတွက် ခွင့်လွှတ်ပါ။ ကျိုးလူကြီးမင်း....အသင့်ရဲ့ပုံပန်းသွင်ပြင်ကိုကြည့်ရတာ မီးစာကုန်ဆီခန်းတော့မဲ့ အသွင်သဏ္ဌာန်မျိုးဖြစ်နေပါတယ်။ တကယ်ပဲ ဘာတွေများဖြစ်ပျက်ခဲ့တာပါလဲ"

အနှီစကားကိုကြားသော် ဝမ်းခယ့်ရှင်က ကျိုးကျစ်ရှူးကို ဖြည်းညင်းစွာလွှတ်လိုက်ပြီး နဂိုမူလက သူ၏ပြောင်ချော်ချော်မျက်နှာပေးမှာ လေးနက်တည်တံ့သွားတော့သည်။

အရှင်ခုနစ်က ရုတ်ချည်းမေးမြန်းလာ၏။

"ဘာလို့လဲ။ ဟယ့်လျန်ရိက မင်းကိုတောင်အလွတ်မပေးခဲ့ဘူးတဲ့လား"

'ဟယ့်လျန်ရိ' ဆိုသည်မှာ လက်ရှိအချိန်ကာလ၌ ထီးနန်းစိုးစံနေဆဲဖြစ်သည့် မင်းဧကရာဇ်တစ်ပါး၏ အလွယ်တကူထုတ်ဖော်ပြောကြားရန်မသင့်လျော်သော အမည်နာမတော်ဖြစ်သော်ငြား သူက တစက်လေးမျှအလေးမထားဟန်ဖြင့် နှုတ်မှလွှတ်ခနဲပြောဆိုရေရွတ်လိုက်၏။ သို့သော် ယခုအချိန်၌ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုဘာမဟုတ်သည့်အသေးစိတ်အချက်အလက်ကိုသတိထားမိခြင်းမရှိခဲ့ပါချေ။ အတွင်းသိအစင်းသိများပင်ဖြစ်စေ၊ အကြောင်းမသိသူများပင်ဖြစ်စေ ထိုအချိန်၌ ရှိသမျှလူအားလုံးသည်ကား ကျိုးကျစ်ရှူးကိုသာကြည့်နေကြလေတော့သည်။

ကျိုးကျစ်ရှူးက ခပ်ဖွဖွရယ်မောလိုက်ရင်း သူ့လက်ကောက်ဝတ်ကိုဆန့်ထုတ်လိုက်ပြီး နတ်ဆေးဆရာလေး၏လက်ပေါ်သို့တင်ပေးရင်း ပြုံးလျက်ဆိုသည်။

"အရှင်ခုနစ်....အဲဒီနေရာက ဘယ်လိုနေရာမျိုးမို့လို့ပါလဲ။ သူ..... သူကရော ဘယ်လိုလူမျိုးမို့လို့ပါလဲ။ အရှင်က ကျွန်တော့်ထက်တောင် ပိုပြီးကောင်းကောင်းသိမှာပဲ မဟုတ်ပါလား"

နတ်ဆေးဆရာလေးက ကျိုးကျစ်ရှူး၏သွေးကြောပေါ်သို့ လက်သုံးချောင်းကိုတင်လိုက်သည်။ ၎င်းမှာ တဖြည်းဖြည်း မျက်မှောင်ကြုတ်သထက်ကြုတ်သွားပြီးနောက် ခေတ္တခဏကြာသောအခါမှသာ ကျိုးကျစ်ရှူးကိုလွှတ်ပေးလိုက်လေသည်။ ထို့နောက် သက်ပြင်းဖွဖွချကာ မေးမြန်းလာသည်။

"ကောင်းကင်ပြတင်းအဖွဲ့အစည်းမှာ 'ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ' ဆိုတဲ့ ပြစ်ဒဏ်မျိုးရှိတယ်လို့ ကျွန်တော်ကြားဖူးထားပါတယ်"

"အမှန်ပါပဲ"

"အသင်က သုံးလစီခြားပြီး သံအပ်တစ်ချောင်းစီထိုးစိုက်ခဲ့တယ်။ အပ်ချောင်းတွေက ခန္ဓာကိုယ်ထဲကိုနစ်ဝင်သွားတဲ့အချိန်မှာ သွေးကြောတွေဟာလဲ တဖြည်းဖြည်းညှိုးခြောက်သေဆုံးသွားပါလိမ့်မယ်။ ဒါမှသာ စိတ်ဖောက်လွှဲဖောက်ပြန်ဖြစ်သွားတာမျိုးမရှိဘဲ အတွင်းအားစွမ်းအင်တွေကို ပမာဏအနည်းငယ်ထိ ဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဟုတ်ပါရဲ့လား"

အရှင်ခုနစ်၏မျက်ခွံများမှာ ဆတ်ခနဲလှုပ်ရှားသွားသည်။ ကျိုးကျစ်ရှူးက အပြုံးမပျက်ဘဲ ဖြေကြားလိုက်၏။

"နတ်ဆေးဆရာလေးက အမြင်စူးရှလှပါပေတယ်"

နတ်ဆေးဆရာလေးက ကျိုးကျစ်ရှူး၏စကားကို မသိကျိုးကျွံပြုလိုက်ရင်း လက်ကိုနောက်ပစ်ထားလျက် အခန်းတွင်း၌ ဖြည်းညင်းစွာ ခေါက်တုံ့ခေါက်ပြန်လျှောက်လှမ်းနေတော့သည်။ ဝမ်းခယ့်ရှင်မှာ ရုတ်တရက်အထိတ်တလန့်ဖြစ်သွားရှာပြီး သူ့ပါးစပ်ကိုဟလိုက်သော်ငြား မည်သည့်စကားမျှထွက်လာခြင်းမရှိပါချေ။ ဆန့်ကျင်ဘက်အားဖြင့် အရှင်ခုနစ်က သူ့ကိုယ်စားမေးမြန်းပေးလိုက်လေသည်။

"ဝူးရှီး...မင်းမှာ နည်းလမ်းရှိသလား"

နတ်ဆေးဆရာလေးက အတန်ကြာသည်အထိ နှုတ်ဆိတ်နေလျက် အဆိုပါစကားကိုကြားသော် ခေတ္တခဏမျှစဥ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းကိုဖြည်းညင်းစွာခါယမ်းလိုက်သည်။

"အကယ်၍ အသင်က သံအပ်ခုနစ်ချောင်းလုံးကို တစ်ပြိုင်နက်တည်းထိုးစိုက်လိုက်တယ်ဆိုရင်တောင် စိတ်အခြေအနေဖောက်လွှဲဖောက်ပြန်ဖြစ်သွားနိုင်သည့်တိုင် သူတို့ကိုပြန်ဆွဲနုတ်ဖို့ ကျွန်တော့်မှာ နည်းလမ်းတစ်ခုခုတော့ ရှိကောင်းရှိနေနိုင်ပါတယ်။
အဲဒီနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုတစိုက်ပြုစုစောင့်ရှောက်သွားမယ်ဆိုရင် အတိုင်းအတာတစ်ခုထိတော့အရင်လိုပြန်လည်ကောင်းမွန်သွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အပ်တွေကိုပြန်နုတ်ယူလိုက်တာနဲ့တစ်ပြိုင်နက် သင့်ရဲ့တစ်ကိုယ်လုံးမှာရှိတဲ့ အတွင်းအားစွမ်းအင်တွေဟာ ညှိုးခြောက်ပြီးသေဆုံးခါနီးဖြစ်နေတဲ့ သွေးကြောတွေအားလုံးကို သေချာပေါက်တိုက်စားသွားနိုင်ပြီး အကြောတွေပြတ်ထွက်သွားနိုင်ပါတယ်။ အဲဒီအချိန်ရောက်လာခဲ့ရင်တော့ မိုးနတ်မင်းကြီးကိုယ်တိုင် လာဆင်းကယ်ရင်တောင်မှ ရမယ်မထင်ပါဘူး....."

ယဲ့ပိုင်ရီးကလည်း ထိုကဲ့သို့သောစကားမျိုးကို တစ်ခါကပြောခဲ့ဖူးသည်။ ကျိုးကျစ်ရှူးမှာ ထိုစကားများကို ဒုတိယအကြိမ်ထပ်မံမကြားချင်တော့သည့်မျက်နှာပေးဖြင့် လက်ကိုဝှေ့ယမ်းပြလိုက်၏။ အစောတုန်းက နတ်ဆေးဆရာလေးပြောကြားလာချိန်၌ သူ၏နှုတ်မှဖွင့်ဟပြောဆိုခြင်းမပြုခဲ့သော်ငြား စိတ်ထဲတွင်မူ မျှော်လင့်ချက်ရေးတေးတေးလေးထားခဲ့မိသေးသည်။ သို့မဟုတ်ပါက သူ့လက်ကောက်ဝတ်ကို နတ်ဆေးဆရာလေးထံသို့ အစမ်းသပ်ခံရန်ပြသခဲ့လိမ့်မည်မဟုတ်ပါချေ။

ထိုသို့သောမျှော်လင့်ချက်မျိုးသည်ကား မည်သည့်အချိန်မှစတင်ပေါက်ဖွားလာခဲ့မှန်း သူမသိခဲ့ပေ__ဖြစ်နိုင်တာက သူ့ဘေးနားရှိ ဆူညံပွက်လောရိုက်နေသည့်လူတစ်စုကြောင့်လော၊ သို့မဟုတ် သပွတ်အူတမျှ ရှုပ်ထွေးလှသည့် ပြဿနာအရှုပ်ထုပ်ကြီးထဲသို့ ဆွဲသွင်းခံလိုက်ရခြင်းကြောင့်လော၊ သို့တည်းမဟုတ် သူကိုယ်တိုင်က ဤသေမျိုးလောကကြီးအပေါ်တွယ်ငြိမိသွားသော သံယောဇဥ်နှောင်ကြိုးများကြောင့်ပင်လော။

ဤတစ်ကြိမ်တွင်မူ နတ်ဆေးဆရာလေးထံမှ အဆိုပါစကားများကိုကြားလိုက်ရချိန်ဝယ် သူ့စိတ်ထဲတွင် မဆိုစလောက်စိတ်ပျက်အားလျော့စိတ်တို့လှိုက်တက်လာသည့်တိုင် အားတင်းကာ ကြိုးစားပြုံးပြရင်းဆိုလိုက်သည်။

"ဒီစကားတွေကို ကျွန်တော့်ကိုစောစောကပြောခဲ့ရင် အကောင်းသားဗျာ။ တကယ်လို့ နတ်ဆေးဆရာလေးဆီမှာ 'ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ' သံအပ်ချောင်းတွေအားလုံးကို ပြန်လည်နုတ်ယူနိုင်တဲ့ အံ့ချီးဖွယ်မှော်အတတ်ပညာရပ်တွေရှိနေတာကို အစောကြီးကတည်းကသိခဲ့ရမယ်ဆိုရင် ကျွန်တော်က ကောင်းကင်ပြတင်းအဖွဲ့ရဲ့လုပ်ထုံးလုပ်နည်းတွေကို ပိုပြီးစိတ်ချရတဲ့ပုံစံမျိုးဖြစ်အောင် သေချာပေါက်ပြန်လည်ပြောင်းလဲလိုက်မှာပဲ။ ဒါမှ ကျွန်တော်တို့ရဲ့ပိုက်ကွန်ထဲကနေ ငါးတစ်ကောင်တလေမှ ထွက်ပြေးလို့မရတော့မှာပေါ့"

နတ်ဆေးဆရာလေး၏မျက်ဝန်းတစ်စုံက သူ့ကိုကြည့်လိုက်သည်။ ၎င်းမှာ တန်ပြန်နည်းလမ်းတစ်ခုခုကို စေ့စေ့စပ်စပ်ချင့်ချိန်တွေးဆနေသည့်နှယ် စကားတစ်ခွန်းမျှမဆိုတော့ပါချေ။ ကျိုးကျစ်ရှူးက အရှင်ခုနစ်ကို အသာအယာခေါင်းညိတ်ပြလျက်ဆို၏။

"ဒါဖြင့် ကျွန်တော်တို့ကိုအရင်သွားခွင့်ပြုပါဦး။ နောက်မှပဲ တစ်ရက်လာနှုတ်ဆက်ပါဦးမယ်"

သူတို့တံခါးဝသို့ရောက်သွားချိန်ဝယ် နတ်ဆေးဆရာလေး၏စကားသံကို ရုတ်တရက်ကြားလိုက်ရသည်။

"ခဏလောက်နေပါဦး....ဒါမှမဟုတ်..."

ကျိုးကျစ်ရှူးက တစ်စုံတစ်ရာတုံ့ပြန်မှုမလုပ်လိုက်ရသေးခင်မှာပင် ဝမ်းခယ့်ရှင်က သူ့ကိုလှမ်းဆွဲထားလိုက်ပြီဖြစ်သည်။ ဝမ်းခယ့်ရှင်၏လက်မှာ သံမဏိဖြင့်ပြုလုပ်ထားသည့်အလား၊ ကျိုးကျစ်ရှူး၏လက်ကောက်ဝတ်ပေါ်၌ စွဲမြဲစွာရစ်ပတ်ထားပြီး သူ့ကိုမူလနေရာ၌ အတင်းအဓမ္မသံမှိုစွဲထားလေသည်။ သူက နောက်ပြန်လှည့်ကြည့်လိုက်ရင်း မကြုံစဖူး လေးနက်ယဉ်ကျေးသောလေသံဖြင့်မေးမြန်းလိုက်သည်။

"နတ်ဆေးဆရာလေးက ဘာတွေများ စဥ်းစားမိသွားလို့ပါလဲခင်ဗျ"

နတ်ဆေးဆရာလေးက တခဏမျှချိတုံချတုံဖြစ်နေပြီးမှ စကားဆက်လာ၏။

"ကျိုးလူကြီးမင်း...တကယ်လို့....တကယ်လို့များ...အသင့်ရဲ့တစ်ကိုယ်လုံးမှာရှိတဲ့ သိုင်းပညာစွမ်းရည်တွေကိုစွန့်လွှတ်လိုက်မယ်ဆိုရင်တော့ အသင့်ရဲ့အသက်ကိုကယ်တင်နိုင်ဖို့ ၂ ရာခိုင်နှုန်းလောက်အာမခံနိုင်..."

'တစ်ကိုယ်လုံးရှိသိုင်းပညာများကို စွန့်လွှတ်ရမည်' ဟူသောစကားလုံးတို့ကိုကြားလိုက်ရချိန်၌ ကျိုးကျစ်ရှူး၏သွေးမဲ့ဖြူဆုတ်နေသောမျက်နှာထက်ဝယ် အဓိပ္ပာယ်ဖော်ညွှန်း၍မရနိုင်သော အပြုံးတစ်ခုထွက်ပေါ်လာတော့သည်။ သူက လက်ကိုပင့်မြှောက်ကာ စကားစကိုဖြတ်တောက်လိုက်ပြီး တိုးလျစွာပြန်လည်မေးခွန်းထုတ်လိုက်၏။

"ဒီခန္ဓာကိုယ်ထဲက သိုင်းပညာတွေကိုစွန့်လွှတ်ရမယ်ဆိုရင် ကျွန်တော့်မှာ ဘာများကျန်တော့မှာပါလဲ။ ကျွန်တော်ဟာ ကျွန်တော်နဲ့တူပါဦးတော့မလား။ တကယ်လို့ ကျွန်တော်ဟာ ကျွန်တော်မဟုတ်တော့ဘူးဆိုရင် ဘာလို့များ ဆက်ပြီးအသက်ရှင်သန်နေရဦးမှာလဲ"

ထို့နောက်တွင် သူက ဝမ်းခယ့်ရှင်၏လက်ကိုဖြုတ်ချလိုက်ကာ ချာခနဲလှည့်ထွက်သွားလေတော့သည်။ နတ်ဆေးဆရာလေး၏ နှုတ်ဖျား၌ရောက်နေသည့်စကားလုံးတို့မှာ အဆုံးတွင်မူ အပြင်သို့ထွက်ကျလာခြင်းမရှိတော့ဘဲ တိတ်တခိုးသက်ပြင်းချသံအဖြစ်သို့သာ ပြောင်းလဲသွားရှာတော့သည်။

*************

Zawgyi

အခန္း ၄၁
ေမွ်ာ္လင့္ခ်က္ပ်က္သုဥ္းျခင္း

ယခင္တုန္းက က်ိဳးက်စ္ရႉးတစ္ေယာက္ ဖ်င္အန္းေငြတိုက္သို႔လာေသာအခါတိုင္း အၿမဲတေစ ေျခေထာက္ျမႇောက္လိုက္ၿပီးေနာက္ ဆိုင္ထဲသို႔တန္းဝင္သြားေလ့ရွိသည္။ သို႔ေသာ္ ယေန႕တြင္မူ ဆိုင္ရွင္ျဖစ္သူက သူတို႔ႏွစ္ဦးကို ဆိုင္ရွိဧည့္သည္နားေနေဆာင္ထဲသို႔ေခၚေဆာင္သြားကာ ေနရာခ်ထားေပးလိမ့္မည္ဟု မည္သူကထင္ပါအံ့နည္း။ ေရွးဦးစြာ က်ိဳးက်စ္ရႉးႏွင့္ ေတာသားၿမိဳ႕တက္လာသကဲ့သို႔ ေလးဖက္ေလးတန္ကို က်ီးကန္းေတာင္းေမွာက္လိုက္လံစူးစမ္းၾကည့္ရႈေနသည့္ ဝမ္းခယ့္ရွင္တို႔ႏွစ္ဦးအား လက္ဖက္ရည္တစ္ေယာက္တစ္ခြက္စီျဖင့္ တည္ခင္းဧည့္ခံထားေလသည္။ ၎မွာ ေဘးတစ္ဖက္တြင္မတ္တပ္ရပ္ေနရင္း ၿပဳံးေပ်ာ္႐ႊင္ပ်စြာျဖင့္စကားဆိုလာ၏။

"က်ိဳးလူႀကီးမင္း....ေခတၱခဏေလာက္ ေစာင့္ဆိုင္းေပးပါဦး။ ဒီေန႕ အရွင္ခုနစ္ႂကြျမန္းေရာက္ရွိလာတဲ့အတြက္ အိမ္ေတာ္ထိန္းႀကီးက အထဲမွာသြားေရာက္သတင္းပို႔ေနလို႔ပါ"

က်ိဳးက်စ္ရႉးတစ္ေယာက္ ရင္ထဲ၌ထိတ္ခနဲျဖစ္သြား၏။ ႐ုတ္ခ်ည္းပင္ *'ေမြးရပ္ေျမႏွင့္နီးကပ္လာေလ စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္လာေလ' ဟူေသာခံစားခ်က္ကိုခံစားလိုက္ရေလသည္။

(T/N -- *ကဗ်ာဆရာ စုန႔္က်ီးဝမ့္ရဲ႕ 'ဟန္ျမစ္ကိုျဖတ္ကူးျခင္း'《渡汉江》ကဗ်ာမွေကာက္ႏုတ္ခ်က္ျဖစ္ပါတယ္)

ဝမ္းခယ့္ရွင္ကမူ ႏႈတ္မေစာင့္စည္းဘဲ သူေျပာခ်င္ရာကိုသာဇြတ္တ႐ြတ္ေမးျမန္းလိုက္၏။

"အိုင္း...ေျပာေတာ့ ကုရွန္းနဲ႕က်န္းခ်န္လင္တို႔ႏွစ္​ေယာက္က ဒီေရာက္ေနၾကတယ္ဆို။ အဲဒါဆိုလဲ အဲဒီကေလးစုတ္ေလးႏွစ္ေကာင္ကိုပဲ ဒီအတိုင္းေခၚလာေပးလို႔မရဘူးလား။ ဘာေတြကို အဆင့္ဆင့္သတင္းပို႔ေနရေသးတာလဲ။ မသိရင္ မင္းသားတစ္ပါးရဲ႕အိမ္ေတာ္ကိုအခစားဝင္လာရတဲ့အတိုင္းပဲ"

က်ိဳးက်စ္ရႉးက မည္သည့္စကားမွ်မဆိုဘဲ ခပ္မဆိတ္သာေနလိုက္ရင္း စိတ္ထဲ၌ေတြးလိုက္မိ၏။

ဝမ္းခယ့္ရွင္ဆိုတဲ့ေကာင္က တကယ့္ကို နတ္ဘုရားတစ္ပါးလားမသိဘူး။ တစ္ခါတည္းခန့္မွန္းလိုက္တာနဲ႕ ကြက္တိကိုမွန္ေန​ေတာ့တာပဲ

ေခတၱခဏၾကာေသာအခါ ဖ်င္အန္းက ဆိုင္ထဲမွ ကပ်ာကယာျပန္ထြက္လာၿပီး ေျပာလာသည္။

"က်ိဳးသခင္ေလး...ကြၽန္ေတာ့္ရဲ႕သခင္ႀကီးနဲ႕ နတ္ေဆးဆရာေလးတို႔က လူႀကီးမင္းကို အထဲမွာေစာင့္ဆိုင္းေနၾကပါတယ္"

ဝမ္းခယ့္ရွင္မွာ 'နတ္ေဆးဆရာေလး' ဟူသည့္ စကားလုံးႏွစ္လုံးကိုၾကားလိုက္ရေသာအခါ တအံ့တၾသျဖစ္သြားလ်က္ စိတ္ထဲ၌ေတြးလိုက္ေလသည္။

ဘာ 'နတ္ေဆးဆရာေလး' လဲ။ မဟုတ္မွလြဲေရာ တကယ္ပဲ နန္က်င္းက အလြန္အင္မတန္ထူးျခားဆန္းၾကယ္တဲ့ နာမည္ေက်ာ္နတ္ေဆးဆရာေလးက ဒီကိုေရာက္လာတာလား

အလယ္ပိုင္းေျမျပန့္ေဒသမွ သိုင္းေလာကတစ္ခုလုံးသည္ကား အမွန္တကယ္ပင္ ယခင္ကထက္ပို၍ ကေသာင္းကနင္းျဖစ္လာေတာ့ေပမည္။

သူေစ့ေစ့စပ္စပ္မေတြးဆလိုက္ရေသးခင္မွာပင္ ဝမ္းခယ့္ရွင္မွာ က်ိဳးက်စ္ရႉးေနာက္မွလိုက္ကာ ဆိုင္၏အတြင္းေဆာင္ထဲသို႔ အတူတကြဝင္ေရာက္သြားလိုက္သည္။ အနည္းငယ္သက္တမ္းရင့္ေနၿပီျဖစ္ေသာ သစ္သားတံခါးေဟာင္းႀကီးတစ္ခ်ပ္ကိုတြန္းဖြင့္လိုက္ေသာအခါဝယ္ ၿခံဝန္းငယ္ေလးတစ္ခုကိုေတြ႕လိုက္ရၿပီး ညေမႊးပန္းမ်ားအတန္းလိုက္အစီအရီစိုက္ပ်ိဳးထားသည္ကိုေတြ႕ရ၏။ ၿခံဝန္းအတြင္းသို႔ဝင္ေရာက္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေမႊးပ်ံ့ႀကိဳင္လွိုင္လွသည့္ ခပ္သင္းသင္းပန္းမာလာရနံ႕တို႔ကိုရႉရွိုက္ခံစားလိုက္ရေပသည္။ ဖ်င္အန္းက သူတို႔ႏွစ္ဦးကို အခန္းတစ္ခန္းအတြင္းသို႔ေခၚေဆာင္သြားၿပီးေသာ္ ခန္းဆီးလိုက္ကာစကို ပင့္တင့္လိုက္သည္ႏွင့္ အခန္းတြင္းမွပူႏြေးေသာေလထုက ႐ုတ္ခ်ည္းပင္ သူတို႔ႏွစ္ဦး၏မ်က္ႏွာတည့္တည့္သို႔လာေရာက္ရိုက္ခတ္သြားေလေတာ့သည္။ ဝမ္းခယ့္ရွင္က မ်က္လုံးကိုဝင့္၍အတြင္းသို႔လွမ္းၾကည့္ေသာ္ အခန္းတြင္း၌ ကုရွန္းႏွင့္က်န္းခ်န္လင္တို႔ႏွစ္ေယာက္သာမကပဲ ေနာက္ထပ္အမ်ိဳးသားႏွစ္ဦးပါရွိေနသည္ကိုေတြ႕ျမင္လိုက္ရ၏။

သူ႕အၾကည့္မ်ားမွာ အနက္ေရာင္ဝတ္႐ုံႏွင့္လူထံသို႔ အလိုအေလ်ာက္ေရာက္ရွိသြားလ်က္ ႏွစ္ဦးသားတခဏမွ်အၾကည့္ခ်င္းဆုံသြားၾကေလသည္။ ေနာက္တခဏအၾကာတြင္မူ ၎တို႔ႏွစ္ဦးမွာ ႀကိဳတင္တိုင္ပင္ထားျခင္းအလ်ဥ္းမရွိပါဘဲ တစ္ၿပိဳင္နက္တည္းလိုလို တစ္ဦးကိုတစ္ဦး ေခါင္းညိတ္ျပကာ ယဥ္ေက်းသမႈျဖင့္ ဦးၫႊတ္ႏႈတ္ဆက္လိုက္ၾကၿပီးေသာ္ ျပန္လည္အၾကည့္လႊဲလိုက္ၾက၏။

ဝမ္းခယ့္ရွင္က တစ္ဆက္တည္းမွာပင္ က်န္ရွိသည့္အမ်ိဳးသားတစ္ဦးကို ေျခဆုံးေခါင္းဆုံးအကဲခတ္ၾကည့္ရႈလိုက္ရင္း ထိုလူမွာ ဆိုင္ရွင္ေျပာသည့္ 'အရွင္ခုနစ္' ဆိုသူပင္ျဖစ္ရမည္ဟု ခန့္မွန္းတြက္ဆလိုက္၏။ ဝမ္းခယ့္ရွင္မွာ ထိုလူအား တစ္ခ်က္ေလးၾကည့္လိုက္႐ုံႏွင့္ပင္ သူ႕စိတ္ထဲတြင္ မေနနိုင္မထိုင္ျဖစ္စြာ အံ့ဩမွင္တက္သြားလ်က္ ခ်ီးမြမ္းခန္းဖြင့္လိုက္မိေလေတာ့သည္။ ဤကမၻာေပၚ၌ အလြန္တရာ ေခ်ာေပ့လွေပ့ဆိုသည့္လူမ်ားကို သူေတြ႕ျမင္ဖူးခဲ့သည္မွာ အေရအတြက္အားျဖင့္ မနည္းလွေတာ့ပါေခ်။ သို႔ရာတြင္ ထိုလူအားလုံးတို႔မွာ ဤလူႏွင့္မည္သို႔မွ်ႏွိုင္းယွဥ္မမီနိုင္ပါေခ်။ ထိုလူ၏မ်က္လုံး၊ မ်က္ခုံးတို႔မွာ အတိုင္းထက္အလြန္ေက်ာ့ရွင္းလွပကာ မဆိုစေလာက္ကေရာ္ကမည္ဆန္သည့္ပုံစံမ်ိဳးေပါက္ေနသည့္တိုင္ ခႏၶာကိုယ္တစ္ခုလုံးတြင္လႊမ္းၿခဳံထားေသာ အထက္တန္းလႊာ ေတာ္ဝင္အမ်ိဳးေကာင္းသားတစ္ေယာက္၏အေငြ႕အသက္တို႔ကိုဖိႏွိပ္ထား၏။ တစ္ခုတည္းေသာလွစ္ဟထြက္ေပၚေနသည့္အရာမွာ မဆိုစေလာက္စကားလုံးမ်ားျဖင့္ေဖာ္ၫႊန္း၍မရနိုင္ေသာ အသေရတင့္တယ္ခန႔္ညားမႈပင္ျဖစ္သည္။ 'သစ္ခြပန္းမာလာႏွင့္ေက်ာက္စိမ္းသစ္ပင္' ဟူသည့္စကားလုံးေလးလုံးသည္ကား ထိုလူအတြက္သီးသန႔္ေရးဖြဲ႕ထားသည့္ႏွယ္။

ေနာက္တခဏအၾကာဝယ္ နံေဘးတြင္ရွိေနေသာ က်ိဳးက်စ္ရႉးထံမွ တရိုတေသႏႈတ္ခြန္းဆက္စကားဆိုသံကိုၾကားလိုက္ရသည္။

"အရွင္ခုနစ္၊ နတ္ေဆးဆရာေလး"

အရွင္ခုနစ္က ၿပဳံးပန္းေဝဆာေနေသာမ်က္ႏွာျဖင့္ က်ိဳးက်စ္ရႉးအား ျပန္လည္ဦးေမာ့ေစလ်က္ သူ၏မ်က္ႏွာကိုႏွံ႕စပ္ေသခ်ာစြာၾကည့္ရႈလိုက္ၿပီးေသာ္ သက္ျပင္းဖြဖြခ်ကာဆိုလိုက္၏။

"ဒီေလာက္ႏွစ္ေတြအၾကာႀကီးမေတြ႕ခဲ့ရတာေတာင္မွ...က်စ္ရႉး...မင္းရဲ႕အႀကိဳက္ကေတာ့ေလ ၾကာေလၾကာေလ သူမ်ားလက္မခံခ်င္စရာေကာင္းလာေလေလျဖစ္ေနတာပဲ"

က်ိဳးက်စ္ရႉးက ရယ္ေမာလိုက္ကာ လက္တစ္ဖက္ကိုဆန့္ထုတ္လိုက္ၿပီး သူ၏မ်က္ႏွာကို အသာအယာသန့္စင္ပြတ္သုတ္လိုက္၏။ ထို႔ေနာက္ လူ႕အေရျပားမ်က္ႏွာဖုံးလႊာကို ဆြဲခြာလိုက္ကာ ရင္ဘတ္ထဲသို႔ထိုးထည့္လိုက္ၿပီးေသာ္ မခ်ိတင္ကဲၿပဳံးလ်က္ဆိုလိုက္သည္။

"ဒီေလာက္ႏွစ္ေပါင္းမ်ားစြာၾကာေညာင္းခဲ့တာေတာင္ ငယ္႐ြယ္ႏုနယ္တဲ့မိန္းမပ်ိဳေလးေတြကလြဲရင္ ကိုယ့္ရဲ႕ေခ်ာေခ်ာလွလွမ်က္ႏွာေလးကိုဖုံးကြယ္ၿပီး 'ေခါင္းကိုဖုံးလို႔အၿမီးကိုေဖာ္ထားတတ္တဲ့' လူကလဲ ကြၽန္ေတာ္သိသေလာက္ေတာ့ 'က်ိဳေရွာင္း' အဲဒီအ႐ူးေလးတစ္ေယာက္ပဲရွိပါေသးတယ္"

လြန္ခဲ့ေသာႏွစ္ကာလမ်ား၌ မင္းေနျပည္ေတာ္တြင္ျဖစ္ပြားခဲ့သည့္တိုက္ပြဲအတြင္း အသက္ဆုံးပါးသြားခဲ့ရေသာ ဆရာတူညီေလးျဖစ္သူ လ်န္က်ိဳေရွာင္းမွာ က်ိဳးက်စ္ရႉးအတြက္ ဘဝတစ္သက္တာေနာင္တတရားတစ္ခုျဖစ္ခဲ့သည္။ ထိုအခ်ိန္မွစ၍ က်ိဳးက်စ္ရႉးသည္ သူ၏အမည္နာမကို မည္သည့္အခါမွထုတ္ေဖာ္ေျပာၾကားျခင္းမျပဳခဲ့ေတာ့ပါေခ်။ ထိုအျဖစ္အပ်က္တို႔မွာ သူ႕အတြက္အိပ္မက္တစ္ခုသဖြယ္ထင္က်န္ေနဆဲပင္။ ယခုတစ္ႀကိမ္၌ အတိတ္ေဟာင္းမွ မိတ္ေဆြေဟာင္းတစ္ေယာက္ႏွင့္ ျပန္လည္ဆုံေတြ႕လိုက္ရေသာအခါဝယ္ မိုင္ေပါင္းသုံးဆယ္ခန့္ရွည္လ်ားေသာ ဝမ့္ယြဲ႕ျမစ္ကမ္းေဘးရွိ မင္းေနျပည္ေတာ္သို႔ျပန္လည္ေရာက္ရွိသြားသည့္အလား ခံစားလိုက္ရရွာ၏။ ေရွးယခင္က အတိတ္ျဖစ္ရပ္မ်ားႏွင့္မိတ္ေဆြေဟာင္းတို႔၏ပုံရိပ္မ်ားက သူ႕မ်က္စိေရွ႕တြင္ စဥ္ဆက္မျပတ္တစ္ခုၿပီးတစ္ခုလွစ္ခနဲျဖတ္သန္းေျပးလႊားေနရင္းက ထိုလူ၏အမည္နာမကို ႏႈတ္ဖ်ားမွအမွတ္တမဲ့ေျပာထုတ္မိလိုက္ျခင္းပင္တည္း။

ယခုကဲ့သို႔လႊတ္ခနဲေျပာထြက္သြားေသာအခါတြင္လည္း အမွန္စင္စစ္ ဘာမွ်ေရးႀကီးခြင္က်ယ္မဟုတ္ေတာ့ပါေခ်။ သူ႕ရင္ဘတ္ထဲမွတစ္စုံတစ္ခုကို ဆြဲႏုတ္ယူလိုက္သကဲ့သို႔ ႏွလုံးသား၏အစိတ္အပိုင္းတစ္ခုလစ္ဟာသြားၿပီး ဗလာနတၳိဟာလာဟင္းလင္းျဖစ္သြား႐ုံမွ်သာ။

အရွင္ခုနစ္၏အၿပဳံးပန္းမ်ားက စုစည္းသြား၏။ သူက သက္ျပင္းတစ္ခ်က္ခ်ကာ က်ိဳးက်စ္ရႉးကို တခဏမွ်ေစ့ေစ့စပ္စပ္ၾကည့္ရႈလိုက္ၿပီးေသာ္ မ်က္ေမွာင္ၾကဳတ္လ်က္ဆိုလာသည္။

"မင္း ဘာျဖစ္လို႔ ဒီေလာက္ေတာင္ပိန္သြားရတာလဲ"

က်ိဳးက်စ္ရႉးက ေခါင္းကိုခါယမ္းလိုက္ၿပီး မ်က္လႊာခ်လ်က္ ခပ္ဖြဖြရယ္ေမာရင္းေျဖၾကားလိုက္သည္။

"ေျပာရရင္ေတာ့ ဇာတ္လမ္းကအရွည္ႀကီးပါပဲ။ ျဖစ္နိုင္တာကေတာ့ အသက္အ႐ြယ္ေထာက္လာလို႔ေနမွာပါ"

ဝမ္းခယ့္ရွင္မွာ မူလအစကတည္းက အမ်ိဳးသားမ်ားကို ႏွစ္သက္သေဘာက်ေလ့ရွိသူတစ္ဦးျဖစ္ေလရာ အခန္းတြင္းသို႔ဝင္လာလွ်င္ဝင္လာခ်င္းမွာပင္ အဆိုပါ 'အရွင္ခုနစ္' ဟူသည့္ပုဂၢိုလ္မွာ အမွန္တကယ္ကိုပင္ အသေရတင့္တယ္ခန႔္ညားလွပသူတစ္ဦးျဖစ္ေၾကာင္း တခမ္းတနားခ်ီးက်ဳးအမႊမ္းတင္ခဲ့မိသည္။ သို႔ေသာ္ျငား ယခုအခ်ိန္တြင္မူ သူ႕ရင္ထဲ၌မေက်မခ်မ္းခံစားခ်က္တို႔ စတင္ေပါက္ဖြားလာေတာ့သည္။ သူေတြးလိုက္၏။ မိမိမွာ အခ်ိန္အတန္ၾကာေအာင္ ေခ်ာ့တစ္ခါေျခာက္တစ္လွည့္လုပ္ခဲ့ရေစကာမူ ယြီခ်ိဳးဖုန္းတို႔အုပ္စု၏ အေတာမသတ္နိုင္ေသာျပႆနာရွာမႈတို႔ေၾကာင့္သာမဟုတ္ပါက က်ိဳးက်စ္ရႉး၏မ်က္ႏွာအစစ္အမွန္ကို သည္ေန႕သည္အခ်ိန္ထိ တစ္ခ်က္ေလးေသာ္မွ်ေတြ႕ျမင္ခြင့္ရရန္လမ္းမျမင္ခဲ့ပါေခ်။ သို႔ေသာ္ ထိုလူကေတာ့ ေရာက္လာလွ်င္ေရာက္လာခ်င္းမွာပင္ စကားႏွစ္ခြန္းသုံးခြန္းမွ်ေျပာလိုက္႐ုံျဖင့္ သူ႕မ်က္ႏွာဖုံးကို ကိုယ္တိုင္ကိုယ္က်ဆြဲခြၽတ္ျပေစနိုင္စြမ္းရွိ႐ုံသာမက သူ၏နာမည္အရင္းကိုပါသိေနေသးသည္။

ဝမ္းခယ့္ရွင္၏ရင္ထဲတြင္ ခံျပင္းေဒါသထြက္စိတ္တို႔ရွင္သန္ႀကီးထြားလာေတာ့သည္။

ဖ်င္အန္းက သူတို႔ႏွစ္ေယာက္ကိုေနရာခ်ထားေပးလိုက္ၿပီး လက္ဖက္ရည္ဆက္သလိုက္သည္။ အရွင္ခုနစ္က ထပ္မံေမးျမန္းလာ၏။

"နန္းၿမိဳ႕ေတာ္မွာေရာ.....အေျခအေနေတြေကာင္းရဲ႕လား"

က်ိဳးက်စ္ရႉးက ထိုင္ခုံ၏ေနာက္ေက်ာကိုမွီထိုင္လိုက္ၿပီး တစ္ကိုယ္လုံးသက္ေတာင့္သက္သာရွိသြားဟန္ျဖင့္ ႏွေးေကြးေလးဖင့္စြာေျဖၾကားလိုက္သည္။

"တခ်ိဳ႕က တပ္မႉးေတြအျဖစ္ ေရွ႕တန္းထြက္သြားၾကတဲ့သူေတြရွိသလို တခ်ိဳ႕က ဝန္ႀကီးေတြအျဖစ္ ၿမိဳ႕ေတာ္ကိုျပန္ေရာက္လာၾကသူေတြလဲရွိပါတယ္။ တပ္မႉးငယ္ေလး ဟယ့္ယြင္ရွင္ကေတာ့ က်င့္အန္းမင္းသမီးေလးနဲ႕ လက္ဆက္ထိမ္းျမားခဲ့ၿပီးလို႔ သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးဟာ အေနာက္ေျမာက္ပိုင္းအေဝးတစ္ေနရာကိုထြက္ခြာသြားၾကၿပီး အဲဒီေနရာမွာပဲ အေျခခ်ေနထိုင္သြားေတာ့မဲ့သေဘာရွိပါတယ္။ အရွင္မင္းႀကီး.....အရွင္မင္းႀကီးလဲ အတိုင္းထက္အလြန္က်န္းခန႔္သာလို႔မာပါတယ္။ ဒီႏွစ္မကုန္ခင္ပိုင္းေလာက္မွာပဲ မင္းသားေလးေမြးဖြားလာခဲ့ပါၿပီ။ ကြၽန္ေတာ္က ေ႐ႊၿမိဳ႕ေတာ္ကေန အေဆာတလ်င္ထြက္ခြာလာခဲ့အတြက္ တတိယမင္းသားငယ္ေလးရဲ႕ တစ္လျပည့္ေမြးေန႕ပြဲအခမ္းအနားကိုေတာင္ မမီလိုက္ပါဘူး"

သူတို႔ႏွစ္ဦးသည္ကား တစ္ေယာက္ကေမးခြန္းထုတ္၍
တစ္ေယာက္ကေျဖၾကားေနၿပီး ႏွစ္ဦးလုံး၏စကားအသြားအလာမွာ မႏွေးလြန္းမျမန္လြန္းဘဲရွိေခ်သည္။ နတ္ေဆးဆရာေလးသည္လည္း တစ္ခြန္းတေလမွ်ၾကားျဖတ္ေျပာဆိုျခင္းမျပဳဘဲ ေဘးတစ္ဖက္တြင္သာ တိတ္တဆိတ္နားစြင့္လို႔ေနသည္။ အေမႊးနံ႕သာအိုးထဲမွ ထြက္ေပၚလာေသာအခိုးအေငြ႕မ်ားက ေလထုအတြင္းတလူလူပ်ံ့လြင့္ေနလ်က္ရွိေပရာ အခ်ိန္ကာလမ်ားပင္ ျဖည္းညင္းႏွေးေကြးစြာ ေ႐ြ႕လ်ားစီးဆင္းေနသေယာင္။

ဝမ္းခယ့္ရွင္က ထိုလူႏွစ္ဦးၾကားရွိ ထူးျခားဆန္းၾကယ္ေသာေလထုအေျခအေနကိုခံစားမိသြားသည္။ ဤသို႔ဤႏွယ္ တည္ၿငိမ္ေအးေဆးစြာပင္ ထိုေနရာ၌ထိုင္ေနရင္း လက္ဖက္ရည္ေလးေသာက္လိုက္၊ အာလာပသလႅာပစကားဆိုလိုက္လုပ္ေနေသာ က်ိဳးက်စ္ရႉးကို သူတစ္ႀကိမ္တစ္ခါမွ်ပင္ ေတြ႕ျမင္ဖူးခဲ့ျခင္းမရွိပါေခ်။ သူတို႔ႏွစ္ဦးသည္ကား ႏွစ္ေပါင္းမ်ားစြာကြဲကြာခဲ့ရေသာ စိတ္တူကိုယ္တူမိတ္ေဆြေဟာင္းမ်ားပမာ၊ ယခုကဲ့သို႔ အမွတ္မထင္ျပန္လည္ေတြ႕ဆုံခဲ့ရေစကာမူ ေပ်ာ္႐ႊင္ဝမ္းေျမာက္သည့္အရိပ္အေယာင္ကိုေတြ႕ျမင္ရျခင္းမရွိဘဲ ႏႈတ္ဖ်ားထက္ဝယ္ အေရးမပါေသာစကားမ်ားကိုသာလွ်င္ ေရာက္တက္ရာရာေျပာဆိုေနၾကေလသည္။ သို႔ေသာ္ျငား သူတို႔၏ႏွလုံးသားတစ္စုံမွာမူ အခ်င္းခ်င္းသြယ္တန္းဆက္ႏႊယ္ေနသည့္ႏွယ္။

ဝမ္းခယ့္ရွင္မွာ အဆိုပါ 'အရွင္ခုနစ္' ဆိုသူအား မ်က္စိစပါးေမြးစူးလာကာ စိတ္ထဲ၌ေတြးလိုက္၏။

ဒီမ်က္ႏွာျဖဴေကာင္က ဘယ္ကေနေရာက္လာတဲ့ေကာင္လဲ။ တစ္ခ်ိန္လုံး 'အရွင္ခုနစ္' 'အရွင္ခုနစ္' နဲ႕၊ သူ႕ရဲ႕နာမည္အရင္းကိုေတာင္ ထုတ္မေျပာရဲဘဲနဲ႕မ်ား။ ေသခ်ာေပါက္ကို ဘယ္လိုမွ လူေကာင္းတစ္ေယာက္မျဖစ္နိုင္ဘူး။

သို႔ျဖစ္ရာ ဝမ္းခယ့္ရွင္က အလြန္အမင္းမေက်မခ်မ္းျဖစ္သြားလ်က္ သူ႕မ်က္ႏွာေပၚမွ မ်က္ႏွာဖုံးတစ္လႊာကိုဆြဲၿဖဲလိုက္ၿပီးေနာက္ တစ္ဖက္၌ အေၾကာင္သားေငးစိုက္ၾကည့္ေနရွာသည့္ ကုရွန္းႏွင့္က်န္းခ်န္လင္တို႔ႏွစ္ဦးသားကို လက္ယပ္ေခၚလိုက္၏။

"ဟိုႏွစ္ေကာင္.....ဒီကိုလာခဲ့"

လွ်ပ္တစ္ျပက္အတြင္းမွာပင္ အျခားေသာလူသုံးေယာက္၏အၾကည့္တို႔က သူ႕ကိုယ္ေပၚသို႔လႊဲေျပာင္းက်ေရာက္သြားေလသည္။ အရွင္ခုနစ္၏မ်က္ႏွာထက္ဝယ္ ဝိုးတိုးဝါးတားအတိတ္ျဖစ္ရပ္တို႔ကို လြမ္းဆြတ္တမ္းတသတိရေနေသာအရိပ္အသက္တို႔မွာ ေပ်ာက္ကြယ္လြင့္ပါးမသြားေသးဘဲ သူက လႊတ္ခနဲေမးျမန္းလိုက္သည္။

"ဒီပုဂၢိုလ္က"

က်ိဳးက်စ္ရႉးက တဒဂၤမွ်ခ်ိတုံခ်တဳံျဖစ္ေနၿပီးေနာက္တြင္မွ ျပန္လည္ေျဖၾကားလိုက္သည္။

"က်န္းဟူမွာေတြ႕ခဲ့တဲ့....... သူငယ္ခ်င္းတစ္ေယာက္ပါ"

သို႔ရာ၌ သူ႕စကားမဆုံးေသးခင္မွာပင္ ဝမ္းခယ့္ရွင္က လက္သြက္ေျခသြက္ျဖင့္ စားပြဲငယ္ေလးေပၚတြင္တင္ထားေသာ က်ိဳးက်စ္ရႉး၏လက္တစ္ဖက္ကို ဆတ္ခနဲဆြဲယူလိုက္ၿပီးေသာ္ သူ႕ရင္ဘတ္ေပၚသို႔ဖိကပ္ထားလိုက္ကာ မ်က္ေစာင္းတထိုးထိုးျဖင့္ က်ိဳးက်စ္ရႉးကိုၾကည့္လိုက္ရင္း ဆိုလာ၏။

"က်န္းဟူက သူငယ္ခ်င္းတဲ့လား။ အရင္တုန္းကေတာ့ ခင္ဗ်ား ကြၽန္ေတာ့္ကိုအဲ့လိုေျပာခဲ့တာမဟုတ္ပါဘူး။ ဘာလို႔လဲ ...အား႐ႊိ...ခင္ဗ်ားက ကြၽန္ေတာ့္ကိုကစားတုန္းကေတာ့ကစားၿပီး အခုေတာ့စြန့္ပစ္ေတာ့မယ္ေပါ့ေလ"

ထိုတခဏအတြင္း အရွင္ခုနစ္၏မ်က္ႏွာအမူအရာကိုသ႐ုပ္ေဖာ္ၫႊန္းရေသာ္ 'အံ့ၾသဆြံ႕အျခင္း' ဟူသည့္အမူအရာမ်ိဳးပင္တည္း။ တစ္ခ်ိန္လုံးအသံတစ္ခ်က္မွ်မထြက္ဘဲ ေဘးတစ္ဖက္တြင္ထိုင္ေနသည့္ နတ္ေဆးဆရာေလးသည္ပင္ တဒဂၤမွ်တုံ႕ဆိုင္းသြားလ်က္ သူ၏နက္ေမွာင္ေသာမ်က္ဆန္နက္ႏွစ္ခုတို႔မွာ အႏွီလူႏွစ္ေယာက္အၾကား ေခါက္တုံ႕ေခါက္ျပန္ေျပးလႊားျဖတ္သန္းေနၿပီး ေနာက္ဆုံးတြင္မူ သူ႕အၾကည့္တို႔မွာ ထူးဆန္းအံ့ဩဖြယ္ေကာင္းစြာပင္ ဝမ္းခယ့္ရွင္ဆုပ္ကိုင္ထားေသာ ထိုလက္တစ္ဖက္ေပၚ၌ ၿမဲၿမံစြာအေျခက်သြားရွာေတာ့သည္။

က်ိဳးက်စ္ရႉးက က်န္လက္တစ္ဖက္ကိုျမႇောက္လိုက္ရင္း ဝမ္းခယ့္ရွင္၏တံေတာင္ဆစ္နားရွိ အာ႐ုံေၾကာေနရာေပၚသို႔ လ်င္ျမန္သြက္လက္စြာ ခပ္ဆဆတစ္ခ်က္ေတာက္လိုက္ၿပီး သူ႕လက္ကိုတြန္းထုတ္လိုက္၏။ ထို႔ေနာက္ မွင္ေသေသျဖင့္ အၾကမ္းပန္းကန္လုံးကိုပင့္ျမႇောက္ကာ ဘာတစ္ခုမွ်မျဖစ္သည့္ႏွယ္ ေအးေအးလူလူစကားဆိုလိုက္သည္။

"သူ႕နာမည္က ဝမ္းခယ့္ရွင္ပါ။ လူကေတာ့ သိပ္ၿပီးက်ပ္မျပည့္ရွာတဲ့အျပင္ တစ္ခါတေလ ေပါက္ပန္းေလးဆယ္စကားေတြေလွ်ာက္ေျပာတတ္ပါေသးတယ္။ အရွင္ခုနစ္က ေက်းဇူးျပဳၿပီး ေဗြမယူလိုက္ပါနဲ႕ခင္ဗ်"

အရွင္ခုနစ္မွာ အခ်ိန္အတန္ၾကာသည္အထိ အံ့ဩဆြံ႕အသြားရွာၿပီးေသာ္ အဆုံးတြင္မူ ဆက္လက္၍ၾကည့္မေနနိုင္ေတာ့သည့္အလား ေျပာဆိုလိုက္၏။

"ဖ်င္အန္း....မင္းရဲ႕မ်က္လုံးေတြကို ဘာလုပ္ဖို႔ထားထားတာလဲ။ က်ိဳးသခင္ေလးကို လက္ဖက္ရည္ထပ္မျဖည့္ေပးေသးဘူးလား"

က်ိဳးက်စ္ရႉးက ယခုေလးတင္ အိပ္မက္မက္ရင္းလန့္နိုးလာသူတစ္ေယာက္သဖြယ္ သူ႕လက္ထဲ၌ကိုင္ထားေသာ အၾကမ္းပန္းကန္လုံးအလြတ္ကို ေအာက္သို႔ျပန္ခ်လိဳက္ၿပီးေသာ္ ဝမ္းခယ့္ရွင္ကို ေဒါသတႀကီးစူးစိုက္ၾကည့္ရႈလိုက္ေလေတာ့သည္။ ဝမ္းခယ့္ရွင္ကမူ ထိုအၾကည့္မ်ားကို ပ်ားသကာရည္ပမာႏွယ္ ခ်ိဳျမၿပဳံး႐ႊင္စြာလက္ခံလိုက္ၿပီးေသာ္ တစ္ဖက္သားအား သြားတယားယားျဖစ္လာေစမည့္ ႐ူးေၾကာင္ေၾကာင္အၿပဳံးမ်ိဳးကိုလွစ္ဟျပသလာ၏။

အရွင္ခုနစ္က ကမၻာေလာကႀကီးတစ္ခုလုံးအုတ္ေအာ္ေသာင္းနင္းမျဖစ္မွာကို စိုးရိမ္ေနသည့္အလား သက္ျပင္းဖြဖြခ်ကာ ​စကားဆက္လာျပန္သည္။

"ျပန္စဥ္းစားၾကည့္မယ္ဆိုရင္ ဟိုးအရင္ႏွစ္ေတြတုန္းက ေ႐ႊစင္ခြက္နဲ႕ေက်ာက္စိမ္းဆံထိုးလို ႀကီးက်ယ္ခမ္းနားထည္ဝါမႈေတြအားလုံးဟာ အခုခ်ိန္မွာေတာ့ သက္မဲ့ပစၥည္းေတြအျဖစ္သာက်န္ရစ္ၿပီး လူေတြကေတာ့မရွိရွာေတာ့ဘူးပဲ။ မ်က္ႏွာေခ်မႈန့္ေတြ အထပ္လိုက္အပုံလိုက္တည္ရွိခဲ့တဲ့ ဝမ့္ယြဲ႕ျမစ္နဒီႀကီးေရာ၊ အႏုစိတ္ထြင္းဆစ္ထားတဲ့ေလွကားလက္ရန္းေတြ၊ ေက်ာက္စိမ္းေလွကားထစ္ေတြေရာ ဒီေန႕ဒီအခ်ိန္မွာ ဘယ္လိုပုံစံေတြေျပာင္းလဲသြားကုန္ၾကၿပီလဲ မသိနိုင္ေတာ့ဘူး။ အဲဒီႏွစ္တုန္းက မင္းေနျပည္ေတာ္မွာ အုတ္ေအာ္ေသာင္းနင္းျဖစ္ေနတဲ့အေရးေပၚအေျခအေနထဲ နန္းျမင့္ေမွ်ာ္စင္ႀကီးေပၚမွာ ေမာင္မင္းနဲ႕ ငါကိုယ္ေတာ္တို႔ ကတိကဝတ္ျပဳခဲ့ၾကဖူးတယ္မဟုတ္လား။ တကယ္လို႔မ်ား ေနာင္လာမဲ့အနာဂတ္မွာ ငါတို႔ႏွစ္ေယာက္ျပန္လည္ဆုံေတြ႕ခြင့္ရနိုင္ဦးမယ္ဆိုရင္ အဲဒီအခ်ိန္က်ရင္ မမူးမခ်င္းေသရည္အဝေသာက္ၾကမယ္ဆိုၿပီးေတာ့ေလ။ ငါ နန္က်န္းမွာေစာင့္ေမွ်ာ္ေနရင္း ေသရည္ေတြသာေအးစက္သြားတယ္၊ မိတ္ေဆြေဟာင္းႀကီးကေတာ့ ေရာက္ေအာင္လာဖို႔ နည္းနည္းေလးမွေတာင္ စိတ္ကူးမရွိခဲ့ပါလား"

႐ုတ္ခ်ည္းပင္ အရွင္ခုနစ္က စကားလမ္းေၾကာင္းေျပာင္းလဲလိုက္၏။ သူ၏မက္မြန္ပြင့္သဏၭာန္မ်က္ဝန္းမ်ားထဲ၌ က်ီစယ္စေနာက္လိုဟန္အရိပ္အသက္တစ္ခု လွစ္ခနဲျဖတ္ေျပးသြားၿပီးေနာက္ သူက ရည္႐ြယ္ခ်က္ရွိရွိျဖင့္ထပ္မံေျပာဆိုလိုက္သည္။

"က်စ္ရႉး....မင္းဘက္က ကတိမတည္ခဲ့ေပမဲ့ ငါ့ဘက္ကေတာ့ ကတိမဖ်က္ခဲ့ဘူး​ေနာ္။ ငါ အခုခ်ိန္ထိမွတ္မိေနပါေသးတယ္။ နန္က်န္းက ခါးေသးၫႊတ္သြယ္တဲ့ မိန္းမပ်ိဳေလးတစ္ေယာက္ေလာက္ကို မင္းကိုယ္စားရွာေဖြေပးဖို႔ ငါ့ကိုေျပာခဲ့ဖူးတယ္ေလ။ ဒီအေတာအတြင္း အဲ့လိုမိန္းမလွေလးေတြေတာ္ေတာ္မ်ားမ်ားကို ငါသတိျပဳမိခဲ့တယ္။ ဆို​ေတာ့ အခု မင္း အဲဒီကိစၥနဲ႕ပတ္သက္ၿပီး...."

နတ္ေဆးဆရာေလးထံမွ တိုးညင္းေသာေခ်ာင္းဟန့္သံတစ္ခ်က္ထြက္ေပၚလို႔လာသည္။ သူ၏ေရခဲတမွ်ေအးစက္လွေသာမ်က္ႏွာထက္ဝယ္ ေရးေတးေတးအၿပဳံးရိပ္တစ္ခုထင္ဟပ္လာေတာ့သည္။ က်ိဳးက်စ္ရႉးခမ်ာ ဤေနရာ၌ဆက္လက္ထိုင္ေနရန္မျဖစ္ေတာ့ေခ်ဟဳယူဆလိုက္ၿပီးသကာလ အလ်င္စလိုမတ္တပ္ထရပ္လိုက္ၿပီး ကမန္းကတန္းလက္ႏွစ္ဖက္ကိုပိုက္ယွက္ကာ ပ်ာပ်ာသလဲႏႈတ္ဆက္စကားဆိုလိုက္သည္။

"အာ....အရွင္ခုနစ္က အခုေလးတင္မွ တုံ႕ထင္ၿမိဳ႕ကိုေရာက္လာၾကဆိုေတာ့ ခရီးပန္းေနရွာေတာ့မွာပဲ။ ကြၽန္ေတာ္မ်ိဳးတို႔ ဆက္ၿပီးအႏွောင့္အယွက္မေပးေတာ့ပါဘူး...."

အရွင္ခုနစ္က ဆို၏။

"တကယ္ေတာ့ ငါတို႔ နည္းနည္းေလးမွ မပင္ပန္းပါဘူး"

တစ္ခ်ိန္တည္းမွာပင္ ဝမ္းခယ့္ရွင္ထံမွ ေအာ္ဟစ္သံတို႔ထြက္ေပၚလို႔လာေတာ့သည္။

"ဘာ... အား႐ႊိ....ခင္ဗ်ား အဲ့လိုေျပာခဲ့ဖူးတာလား"

႐ုတ္ခ်ည္းပင္ အခန္းတစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္ျခင္းအတိက်သြားရွာေတာ့သည္။ အခ်ိဳ႕လူမ်ားမွာ အံ့ၾသဆြံ႕အသြားလ်က္ မ်က္လုံးအဝိုင္းသားျဖင့္ၾကည့္ရႈေနၾက၏။ အရိပ္သုံးပါးနားမလည္ေသာ ကုရွန္းက အသိစိတ္လြတ္ကာ အူတီးအူေၾကာင္ေငးေမာၾကည့္ရႈေနသည့္ က်န္းခ်န္လင္၏ဦးေခါင္းကို ႐ုတ္တရက္ ဖတ္ခနဲရိုက္ပုတ္ကာ သက္ျပင္းတခ်ခ်ေျပာလိုက္သည္။

" ဒါကဘာလဲဆိုေတာ့ '*တစ္ညတာလြမ္းဆြတ္တမ္းတမႈေတြဟာ ဘယ္ေလာက္မ်ားပါသလဲ၊ **ႏြေဦးမွာ လူေသေကာင္လို႔အိပ္ေပ်ာ္ေနလို႔ နံနက္အ႐ုဏ္ကိုမသိလိုက္ပါ' ဆိုတဲ့ ဆိုရိုးစကားအတိုင္းပဲ။ ခ်န္လင္ေလး....ၾကည့္ရတာ ငါတို႔ႏွစ္ေယာက္ပဲ အစ္ကိုေခ်ာင္ကိုျပန္သြားကယ္ရေအာင္။ ဒီလူေတြက တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္အခ်စ္စမ္းၿပီး ရွာလကာရည္ေသာက္ေနၾကတာဆိုေတာ့ သူတို႔ကိုဘယ္လိုမွအားကိုးလို႔ရမွာမဟုတ္ဘူး"

(T/N -- ပထမစာသားက ထန္မင္းဆက္ေခတ္က ကဗ်ာဆရာ က်န္းက်ဳံ႕စုရဲ႕ 'ပ်ံလႊားေမွ်ာ္စင္'《燕子楼》 ကဗ်ာမွျဖစ္ၿပီး ဒုတိယစာသားကေတာ့ ထန္မင္းဆက္ေခတ္က ကဗ်ာဆရာ မုန႔္ေဟာက္ရန္ရဲ႕ 'ႏြေဦးအ႐ုဏ္' 《春晓》ကဗ်ာမွျဖစ္ပါတယ္။ ကုရွန္းေျပာသြားတဲ့စကားထဲက ကဗ်ာစာသားေတြဟာ နည္းနည္းေလးစီမွားယြင္းေနပါတယ္။)

အရွင္ခုနစ္က ရယ္ေမာလိုက္၏။

"မိန္းကေလး အစိုးရိမ္မလြန္ပါနဲ႕ဦး။ မင္းေျပာတဲ့ အဲဒီအစ္ကိုေခ်ာင္ဆိုတဲ့တစ္ေယာက္က ခ်င္းဖုန္းဂိုဏ္းကဆိုေတာ့ ဟိုလူထူးလူဆန္းေတြက သူ႕ကိုလက္လြတ္စပယ္ဒုကၡမေပးနိုင္ေလာက္ပါဘူး။ အကယ္၍ မင္းတို႔က ဘာႀကိဳတင္ျပင္ဆင္မႈမွမရွိဘဲ ကမူးရႉးထိုးသြားလိုက္ေတာ့မွ သူ႕ရဲ႕အျပစ္ေတြပိုႀကီးေအာင္လုပ္မိသလိုျဖစ္သြားၿပီး သူ႕ကိုပိုၿပီးျပႆနာတက္သြားေစလိမ့္မယ္__က်စ္ရႉး....အခ်ိန္ေတာင္ဘယ္ေလာက္မွ
မၾကာေသးတဲ့ဟာကို မင္းက သြားေတာ့မလို႔လား။ ခဏေလာက္ ေနပါဦး။ ေရွးလူႀကီးေတြက ႏွေျမာတသျဖစ္စြာေျပာခဲ့ၾကဖူးတယ္။ 'လူငယ္ဘဝရဲ႕ေန႕ရက္ေတြကို အတူမွ်ေဝကုန္ဆုံးေပးဖို႔ အေဖာ္မရွိခဲ့ပါ' တဲ့။ မင္းနဲ႕ငါနဲ႕က အခုမွ ခက္ခက္ခဲခဲျပန္ဆုံေတြ႕ရတာ။ ဟိုတုန္းကေရွးေဟာင္းႏွောင္းျဖစ္အ​ေၾကာင္းေတြကို ပန္းကန္လုံးတစ္လုံးစာျပည့္ေအာင္ေတာင္ အားရပါးရတသသျပန္မေျပာရေသးဘူး။ မင္းက ဘာျဖစ္လို႔မ်ား အသည္းအသန္ျပန္ခ်င္ေနရတာတုန္း"

ထိုပုဂၢိုလ္သည္ကား စကားေျပာဆိုရာ၌ အဆက္အစပ္မရွိဘဲ စာတစ္တန္ေပတစ္တန္ ေလတစ္လုံးမိုးတစ္လုံးေျပာဆိုတတ္သည့္အျပင္ သူေျပာခ်င္ရာေလွ်ာက္ေျပာေနသည္ဟု ဝမ္းခယ့္ရွင္တစ္ေယာက္ခံစားလိုက္ရေလရာ ၎မွာ တကယ့္ကိုပင္ ၾကာေလ မ်က္စိစပါးေမြးစူးေလျဖစ္လာၿပီး စိတ္ထဲ၌ေတြးလိုက္၏။

'တင့္တယ္ေက်ာ့ရွင္းသူမ်ားသည္ ႀကီးစြာေသာအတုအေယာင္တို႔ကိုစုေဆာင္းသူမ်ားျဖစ္ၾကၿပီး ၾကမ္းတမ္းရိုင္းပ်သဴမ်ားသည္ နက္ရွိုင္းေသာသူေတာ္ေကာင္းတရားတို႔ကိုစုေဆာင္းသူမ်ားျဖစ္ၾကသည္' ဟူသည့္ဆိုရိုးစကားတို႔မွာ တကယ့္ကို မွန္ကန္လြန္းလွေပသည္။ စကားႀကီးစကားက်ယ္ေျပာဆိုတတ္သူမ်ားမွာ တကယ့္တမ္းတြင္ လူအျမင္ကတ္စရာေကာင္းသူမ်ားသာျဖစ္၏။ လူေခ်ာတစ္ေယာက္ပင္ျဖစ္ေစ၊ တစ္ေလာကလုံးတြင္ ၿပိဳင္ဘက္ကင္းအလွပေဂးတစ္ဦးပင္ျဖစ္ပါေစ။ သို႔ျဖစ္ရာ သူက က်ိဳးက်စ္ရႉးကိုဆြဲေခၚကာ ေျပာလိုက္သည္။

"ဟုတ္ပါတယ္....ဟုတ္ပါတယ္....ဟုတ္ပါတယ္။ လူႀကီးမင္းတို႔အနားယူေနတာကို မႏွောင့္ယွက္ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔မွာလဲ လုပ္စရာကိစၥေလးေတြရွိေသးလို႔ပါ"

နတ္ေဆးဆရာေလးမွာမူ ေခါင္းကိုအသာခါယမ္းကာၿပဳံးလိုက္ရင္း အျခားတစ္ဖက္တြင္မူ လက္ႏွစ္​ေခ်ာင္းၾကား၌ညွပ္ကိုင္ထားေသာ က်ားေစ့ေလးကိုေအာက္သို႔ခ်လိဳက္ၿပီးေသာ္ ထိုင္ေနရာမွ မတ္တပ္ထရပ္လာကာ စကားဆိုလိုက္သည္။

"က်ိဳးလူႀကီးမင္း...ကြၽန္ေတာ္ၾကည့္ရသေလာက္ လူႀကီးမင္းရဲ႕အသားအေရာင္က သိပ္မေကာင္းဘူး။ ပုံပန္းသြင္ျပင္အရလဲ မဆိုစေလာက္ႏွေးေကြးထိုင္းမွိုင္းေနပုံပဲ။ လူႀကီးမင္းရဲ႕ေသြးခုန္ႏႈန္းကို ကြၽန္ေတာ္ တစ္ခ်က္ေလာက္စမ္းသပ္ၾကည့္ေပးလို႔ရမလား"

က်ိဳးက်စ္ရႉးက တုံ႕ဆိုင္းရပ္တန႔္သြား၏။ ဝမ္းခယ့္ရွင္က သူ႕လက္ကို ႐ုတ္တရက္ တင္းက်ပ္စြာဆုပ္ကိုင္လိုက္ေလသည္။

အရွင္ခုနစ္၏မ်က္ႏွာေပၚမွ ႐ႊတ္ေနာက္ေနာက္အရိပ္အေယာင္တို႔ေပ်ာက္ဆုံးသြားၿပီး မ်က္ေမွာင္ၾကဳတ္လ်က္ ေမးျမန္းလိုက္သည္။

"ဘာျဖစ္လို႔လဲ"

နတ္ေဆးဆရာေလးက ဆိုသည္။

"ကြၽန္ေတာ္တစ္ခ်က္ေလာက္ၾကည့္ၿပီးမွပဲ ဘာျဖစ္တာလဲဆိုတာကို တိတိက်က်ေျပာနိုင္ပါလိမ့္မယ္။ ဒါေပမဲ့ အခုလို ပြင့္ပြင့္လင္းလင္းတဲ့တိုးေျပာလိုက္ရတဲ့အတြက္ ခြင့္လႊတ္ပါ။ က်ိဳးလူႀကီးမင္း....အသင့္ရဲ႕ပုံပန္းသြင္ျပင္ကိုၾကည့္ရတာ မီးစာကုန္ဆီခန္းေတာ့မဲ့ အသြင္သဏၭာန္မ်ိဳးျဖစ္ေနပါတယ္။ တကယ္ပဲ ဘာေတြမ်ားျဖစ္ပ်က္ခဲ့တာပါလဲ"

အႏွီစကားကိုၾကားေသာ္ ဝမ္းခယ့္ရွင္က က်ိဳးက်စ္ရႉးကို ျဖည္းညင္းစြာလႊတ္လိုက္ၿပီး နဂိုမူလက သူ၏ေျပာင္ေခ်ာ္ေခ်ာ္မ်က္ႏွာေပးမွာ ေလးနက္တည္တံ့သြားေတာ့သည္။

အရွင္ခုနစ္က ႐ုတ္ခ်ည္းေမးျမန္းလာ၏။

"ဘာလို႔လဲ။ ဟယ့္လ်န္ရိက မင္းကိုေတာင္အလြတ္မေပးခဲ့ဘူးတဲ့လား"

'ဟယ့္လ်န္ရိ' ဆိုသည္မွာ လက္ရွိအခ်ိန္ကာလ၌ ထီးနန္းစိုးစံေနဆဲျဖစ္သည့္ မင္းဧကရာဇ္တစ္ပါး၏ အလြယ္တကူထုတ္ေဖာ္ေျပာၾကားရန္မသင့္ေလ်ာ္ေသာ အမည္နာမေတာ္ျဖစ္ေသာ္ျငား သူက တစက္ေလးမွ်အေလးမထားဟန္ျဖင့္ ႏႈတ္မွလႊတ္ခနဲေျပာဆိုေရ႐ြတ္လိုက္၏။ သို႔ေသာ္ ယခုအခ်ိန္၌ မည္သူတစ္ဦးတစ္ေယာက္ကမွ် ထိုဘာမဟုတ္သည့္အေသးစိတ္အခ်က္အလက္ကိုသတိထားမိျခင္းမရွိခဲ့ပါေခ်။ အတြင္းသိအစင္းသိမ်ားပင္ျဖစ္ေစ၊ အေၾကာင္းမသိသူမ်ားပင္ျဖစ္ေစ ထိုအခ်ိန္၌ ရွိသမွ်လူအားလုံးသည္ကား က်ိဳးက်စ္ရႉးကိုသာၾကည့္ေနၾကေလေတာ့သည္။

က်ိဳးက်စ္ရႉးက ခပ္ဖြဖြရယ္ေမာလိုက္ရင္း သူ႕လက္ေကာက္ဝတ္ကိုဆန့္ထုတ္လိုက္ၿပီး နတ္ေဆးဆရာေလး၏လက္ေပၚသို႔တင္ေပးရင္း ၿပဳံးလ်က္ဆိုသည္။

"အရွင္ခုနစ္....အဲဒီေနရာက ဘယ္လိုေနရာမ်ိဳးမို႔လို႔ပါလဲ။ သူ..... သူကေရာ ဘယ္လိုလူမ်ိဳးမို႔လို႔ပါလဲ။ အရွင္က ကြၽန္ေတာ့္ထက္ေတာင္ ပိုၿပီးေကာင္းေကာင္းသိမွာပဲ မဟုတ္ပါလား"

နတ္ေဆးဆရာေလးက က်ိဳးက်စ္ရႉး၏ေသြးေၾကာေပၚသို႔ လက္သုံးေခ်ာင္းကိုတင္လိုက္သည္။ ၎မွာ တျဖည္းျဖည္း မ်က္ေမွာင္ၾကဳတ္သထက္ၾကဳတ္သြားၿပီးေနာက္ ေခတၱခဏၾကာေသာအခါမွသာ က်ိဳးက်စ္ရႉးကိုလႊတ္ေပးလိုက္ေလသည္။ ထို႔ေနာက္ သက္ျပင္းဖြဖြခ်ကာ ေမးျမန္းလာသည္။

"ေကာင္းကင္ျပတင္းအဖြဲ႕အစည္းမွာ 'ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ' ဆိုတဲ့ ျပစ္ဒဏ္မ်ိဳးရွိတယ္လို႔ ကြၽန္ေတာ္ၾကားဖူးထားပါတယ္"

"အမွန္ပါပဲ"

"အသင္က သုံးလစီျခားၿပီး သံအပ္တစ္ေခ်ာင္းစီထိုးစိုက္ခဲ့တယ္။ အပ္ေခ်ာင္းေတြက ခႏၶာကိုယ္ထဲကိုနစ္ဝင္သြားတဲ့အခ်ိန္မွာ ေသြးေၾကာေတြဟာလဲ တျဖည္းျဖည္းညွိုးေျခာက္ေသဆုံးသြားပါလိမ့္မယ္။ ဒါမွသာ စိတ္ေဖာက္လႊဲေဖာက္ျပန္ျဖစ္သြားတာမ်ိဳးမရွိဘဲ အတြင္းအားစြမ္းအင္ေတြကို ပမာဏအနည္းငယ္ထိ ဆက္လက္ထိန္းသိမ္းထားနိုင္မွာျဖစ္ပါတယ္။ ဟုတ္ပါရဲ႕လား"

အရွင္ခုနစ္၏မ်က္ခြံမ်ားမွာ ဆတ္ခနဲလႈပ္ရွားသြားသည္။ က်ိဳးက်စ္ရႉးက အၿပဳံးမပ်က္ဘဲ ေျဖၾကားလိုက္၏။

"နတ္ေဆးဆရာေလးက အျမင္စူးရွလွပါေပတယ္"

နတ္ေဆးဆရာေလးက က်ိဳးက်စ္ရႉး၏စကားကို မသိက်ိဳးကြၽံျပဳလိုက္ရင္း လက္ကိုေနာက္ပစ္ထားလ်က္ အခန္းတြင္း၌ ျဖည္းညင္းစြာ ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္လွမ္းေနေတာ့သည္။ ဝမ္းခယ့္ရွင္မွာ ႐ုတ္တရက္အထိတ္တလန့္ျဖစ္သြားရွာၿပီး သူ႕ပါးစပ္ကိုဟလိုက္ေသာ္ျငား မည္သည့္စကားမွ်ထြက္လာျခင္းမရွိပါေခ်။ ဆန႔္က်င္ဘက္အားျဖင့္ အရွင္ခုနစ္က သူ႕ကိုယ္စားေမးျမန္းေပးလိုက္ေလသည္။

"ဝူးရွီး...မင္းမွာ နည္းလမ္းရွိသလား"

နတ္ေဆးဆရာေလးက အတန္ၾကာသည္အထိ ႏႈတ္ဆိတ္ေနလ်က္ အဆိုပါစကားကိုၾကားေသာ္ ေခတၱခဏမွ်စဥ္းစားေတြးေတာလိုက္ၿပီးေနာက္ ေခါင္းကိုျဖည္းညင္းစြာခါယမ္းလိုက္သည္။

"အကယ္၍ အသင္က သံအပ္ခုနစ္ေခ်ာင္းလုံးကို တစ္ၿပိဳင္နက္တည္းထိုးစိုက္လိုက္တယ္ဆိုရင္ေတာင္ စိတ္အေျခအေနေဖာက္လႊဲေဖာက္ျပန္ျဖစ္သြားနိုင္သည့္တိုင္ သူတို႔ကိုျပန္ဆြဲႏုတ္ဖို႔ ကြၽန္ေတာ့္မွာ နည္းလမ္းတစ္ခုခုေတာ့ ရွိေကာင္းရွိေနနိုင္ပါတယ္။
အဲဒီေနာက္ပိုင္းမွာ ကိုယ့္ကိုယ္ကိုယ္ ေကာင္းေကာင္းဂ႐ုတစိုက္ျပဳစုေစာင့္ေရွာက္သြားမယ္ဆိုရင္ အတိုင္းအတာတစ္ခုထိေတာ့အရင္လိုျပန္လည္ေကာင္းမြန္သြားနိုင္ပါတယ္။ ဒါေပမဲ့ တစ္ခုရွိတာက အပ္ေတြကိုျပန္ႏုတ္ယူလိုက္တာနဲ႕တစ္ၿပိဳင္နက္ သင့္ရဲ႕တစ္ကိုယ္လုံးမွာရွိတဲ့ အတြင္းအားစြမ္းအင္ေတြဟာ ညွိုးေျခာက္ၿပီးေသဆုံးခါနီးျဖစ္ေနတဲ့ ေသြးေၾကာေတြအားလုံးကို ေသခ်ာေပါက္တိုက္စားသြားနိုင္ၿပီး အေၾကာေတြျပတ္ထြက္သြားနိုင္ပါတယ္။ အဲဒီအခ်ိန္ေရာက္လာခဲ့ရင္ေတာ့ မိုးနတ္မင္းႀကီးကိုယ္တိုင္ လာဆင္းကယ္ရင္ေတာင္မွ ရမယ္မထင္ပါဘူး....."

ယဲ့ပိုင္ရီးကလည္း ထိုကဲ့သို႔ေသာစကားမ်ိဳးကို တစ္ခါကေျပာခဲ့ဖူးသည္။ က်ိဳးက်စ္ရႉးမွာ ထိုစကားမ်ားကို ဒုတိယအႀကိမ္ထပ္မံမၾကားခ်င္ေတာ့သည့္မ်က္ႏွာေပးျဖင့္ လက္ကိုေဝွ႕ယမ္းျပလိုက္၏။ အေစာတုန္းက နတ္ေဆးဆရာေလးေျပာၾကားလာခ်ိန္၌ သူ၏ႏႈတ္မွဖြင့္ဟေျပာဆိုျခင္းမျပဳခဲ့ေသာ္ျငား စိတ္ထဲတြင္မူ ေမွ်ာ္လင့္ခ်က္ေရးေတးေတးေလးထားခဲ့မိေသးသည္။ သို႔မဟုတ္ပါက သူ႕လက္ေကာက္ဝတ္ကို နတ္ေဆးဆရာေလးထံသို႔ အစမ္းသပ္ခံရန္ျပသခဲ့လိမ့္မည္မဟုတ္ပါေခ်။

ထိုသို႔ေသာေမွ်ာ္လင့္ခ်က္မ်ိဳးသည္ကား မည္သည့္အခ်ိန္မွစတင္ေပါက္ဖြားလာခဲ့မွန္း သူမသိခဲ့ေပ__ျဖစ္နိုင္တာက သူ႕ေဘးနားရွိ ဆူညံပြက္ေလာရိုက္ေနသည့္လူတစ္စုေၾကာင့္ေလာ၊ သို႔မဟုတ္ သပြတ္အူတမွ် ရႈပ္ေထြးလွသည့္ ျပႆနာအရႈပ္ထုပ္ႀကီးထဲသို႔ ဆြဲသြင္းခံလိုက္ရျခင္းေၾကာင့္ေလာ၊ သို႔တည္းမဟုတ္ သူကိုယ္တိုင္က ဤေသမ်ိဳးေလာကႀကီးအေပၚတြယ္ၿငိမိသြားေသာ သံေယာဇဥ္ႏွောင္ႀကိဳးမ်ားေၾကာင့္ပင္ေလာ။

ဤတစ္ႀကိမ္တြင္မူ နတ္ေဆးဆရာေလးထံမွ အဆိုပါစကားမ်ားကိုၾကားလိုက္ရခ်ိန္ဝယ္ သူ႕စိတ္ထဲတြင္ မဆိုစေလာက္စိတ္ပ်က္အားေလ်ာ့စိတ္တို႔လွိုက္တက္လာသည့္တိုင္ အားတင္းကာ ႀကိဳးစားၿပဳံးျပရင္းဆိုလိုက္သည္။

"ဒီစကားေတြကို ကြၽန္ေတာ့္ကိုေစာေစာကေျပာခဲ့ရင္ အေကာင္းသားဗ်ာ။ တကယ္လို႔ နတ္ေဆးဆရာေလးဆီမွာ 'ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ' သံအပ္ေခ်ာင္းေတြအားလုံးကို ျပန္လည္ႏုတ္ယူနိုင္တဲ့ အံ့ခ်ီးဖြယ္ေမွာ္အတတ္ပညာရပ္ေတြရွိေနတာကို အေစာႀကီးကတည္းကသိခဲ့ရမယ္ဆိုရင္ ကြၽန္ေတာ္က ေကာင္းကင္ျပတင္းအဖြဲ႕ရဲ႕လုပ္ထုံးလုပ္နည္းေတြကို ပိုၿပီးစိတ္ခ်ရတဲ့ပုံစံမ်ိဳးျဖစ္ေအာင္ ေသခ်ာေပါက္ျပန္လည္ေျပာင္းလဲလိုက္မွာပဲ။ ဒါမွ ကြၽန္ေတာ္တို႔ရဲ႕ပိုက္ကြန္ထဲကေန ငါးတစ္ေကာင္တေလမွ ထြက္ေျပးလို႔မရေတာ့မွာေပါ့"

နတ္ေဆးဆရာေလး၏မ်က္ဝန္းတစ္စုံက သူ႕ကိုၾကည့္လိုက္သည္။ ၎မွာ တန္ျပန္နည္းလမ္းတစ္ခုခုကို ေစ့ေစ့စပ္စပ္ခ်င့္ခ်ိန္ေတြးဆေနသည့္ႏွယ္ စကားတစ္ခြန္းမွ်မဆိုေတာ့ပါေခ်။ က်ိဳးက်စ္ရႉးက အရွင္ခုနစ္ကို အသာအယာေခါင္းညိတ္ျပလ်က္ဆို၏။

"ဒါျဖင့္ ကြၽန္ေတာ္တို႔ကိုအရင္သြားခြင့္ျပဳပါဦး။ ေနာက္မွပဲ တစ္ရက္လာႏႈတ္ဆက္ပါဦးမယ္"

သူတို႔တံခါးဝသို႔ေရာက္သြားခ်ိန္ဝယ္ နတ္ေဆးဆရာေလး၏စကားသံကို ႐ုတ္တရက္ၾကားလိုက္ရသည္။

"ခဏေလာက္ေနပါဦး....ဒါမွမဟုတ္..."

က်ိဳးက်စ္ရႉးက တစ္စုံတစ္ရာတုံ႕ျပန္မႈမလုပ္လိုက္ရေသးခင္မွာပင္ ဝမ္းခယ့္ရွင္က သူ႕ကိုလွမ္းဆြဲထားလိုက္ၿပီျဖစ္သည္။ ဝမ္းခယ့္ရွင္၏လက္မွာ သံမဏိျဖင့္ျပဳလုပ္ထားသည့္အလား၊ က်ိဳးက်စ္ရႉး၏လက္ေကာက္ဝတ္ေပၚ၌ စြဲၿမဲစြာရစ္ပတ္ထားၿပီး သူ႕ကိုမူလေနရာ၌ အတင္းအဓမၼသံမွိုစြဲထားေလသည္။ သူက ေနာက္ျပန္လွည့္ၾကည့္လိုက္ရင္း မႀကဳံစဖူး ေလးနက္ယဥ္ေက်းေသာေလသံျဖင့္ေမးျမန္းလိုက္သည္။

"နတ္ေဆးဆရာေလးက ဘာေတြမ်ား စဥ္းစားမိသြားလို႔ပါလဲခင္ဗ်"

နတ္ေဆးဆရာေလးက တခဏမွ်ခ်ိတုံခ်တဳံျဖစ္ေနၿပီးမွ စကားဆက္လာ၏။

"က်ိဳးလူႀကီးမင္း...တကယ္လို႔....တကယ္လို႔မ်ား...အသင့္ရဲ႕တစ္ကိုယ္လုံးမွာရွိတဲ့ သိုင္းပညာစြမ္းရည္ေတြကိုစြန႔္လႊတ္လိုက္မယ္ဆိုရင္ေတာ့ အသင့္ရဲ႕အသက္ကိုကယ္တင္နိုင္ဖို႔ ၂ ရာခိုင္ႏႈန္းေလာက္အာမခံနိုင္..."

'တစ္ကိုယ္လုံးရွိသိုင္းပညာမ်ားကို စြန႔္လႊတ္ရမည္' ဟူေသာစကားလုံးတို႔ကိုၾကားလိုက္ရခ်ိန္၌ က်ိဳးက်စ္ရႉး၏ေသြးမဲ့ျဖဴဆုတ္ေနေသာမ်က္ႏွာထက္ဝယ္ အဓိပၸာယ္ေဖာ္ၫႊန္း၍မရနိုင္ေသာ အၿပဳံးတစ္ခုထြက္ေပၚလာေတာ့သည္။ သူက လက္ကိုပင့္ျမႇောက္ကာ စကားစကိုျဖတ္ေတာက္လိုက္ၿပီး တိုးလ်စြာျပန္လည္ေမးခြန္းထုတ္လိုက္၏။

"ဒီခႏၶာကိုယ္ထဲက သိုင္းပညာေတြကိုစြန႔္လႊတ္ရမယ္ဆိုရင္ ကြၽန္ေတာ့္မွာ ဘာမ်ားက်န္ေတာ့မွာပါလဲ။ ကြၽန္ေတာ္ဟာ ကြၽန္ေတာ္နဲ႕တူပါဦးေတာ့မလား။ တကယ္လို႔ ကြၽန္ေတာ္ဟာ ကြၽန္ေတာ္မဟုတ္ေတာ့ဘူးဆိုရင္ ဘာလို႔မ်ား ဆက္ၿပီးအသက္ရွင္သန္ေနရဦးမွာလဲ"

ထို႔ေနာက္တြင္ သူက ဝမ္းခယ့္ရွင္၏လက္ကိုျဖဳတ္ခ်လိဳက္ကာ ခ်ာခနဲလွည့္ထြက္သြားေလေတာ့သည္။ နတ္ေဆးဆရာေလး၏ ႏႈတ္ဖ်ား၌ေရာက္ေနသည့္စကားလုံးတို႔မွာ အဆုံးတြင္မူ အျပင္သို႔ထြက္က်လာျခင္းမရွိေတာ့ဘဲ တိတ္တခိုးသက္ျပင္းခ်သံအျဖစ္သို႔သာ ေျပာင္းလဲသြားရွာေတာ့သည္။

Continue Reading

You'll Also Like

95.6K 10.1K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
106K 8.3K 130
Art workကအရမ်းလှလွန်းလို့ရယ်.. ရယ်လည်းရယ်ရလို့ရယ်.. ဒီManhuaလေးကို...စပြီးမြန်မာပြန်ကြည့်လိုက်တာပါ... Enjoy!!! 😍😍😍 I do not own this and all right...
1.1M 189K 139
မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ...
185K 20.3K 100
ဘာသာပြန်သူ - စွဲညို့အသင်း