လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၄၀ (အရှင်ခုနစ်)

14.4K 2.4K 83
By Ling____

Unicode

အခန်း ၄၀
အရှင်ခုနစ်

ကျန်းချန်လင်မှာ ခေါင်းထဲ၌ရိုးတိုးရိပ်တိပ်ဖြစ်လာနေသည်။ ကင်းမြီးကောက်အဆိပ်က စတင်အစွမ်းပြနေတာဖြစ်နိုင်သည်။ သူ့နားထဲတွင် မိုးကြိုးပစ်နေသကဲ့သို့ ဝုန်းဝုန်းဒိုင်းဒိုင်းအသံများဆူညံစွာမြည်ဟီးလို့နေသည်။ ဘေးပတ်ဝန်းကျင်ရှိအသံများနှင့်သူ့အကြားဝယ် ပိတ်သားတစ်လွှာကာဆီးခြားနားနေသကဲ့သို့ပင်။ အသံများကိုကြားနေရစေကာမူ အနည်းငယ်အစစ်အမှန်မဟုတ်သကဲ့သို့ပင်ခံစားနေရ၏။

သူ မြားလာရာလမ်းကြောင်းဆီသို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ အမျိုးသားနှစ်ဦးကိုတွေ့လိုက်ရသည်။

လက်ထဲ၌ဒူးလေးတစ်လက်ကိုကိုင်ဆောင်ထားသူသည် အပြာရင့်ရောင်ဝတ်ရုံရှည်တစ်ထည်ကိုဆင်မြန်းလွှမ်းခြုံထားပြီး သူ၏ရှည်လျားသောဝတ်ရုံလက်အနားတို့မှာ လေအဝှေ့တွင်တဖျတ်ဖျတ်လွင့်နေသည်။ ခါးပေါ်တွင် လက်ဖဝါးအရွယ်မျှကျယ်ဝန်းသော ခါးပတ်တစ်ခုကိုပတ်ထားကာ ခါးဘေးတွင်မူ အဖြူရောင်ကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့် ပုလွေတစ်ချောင်းကိုချိတ်ဆွဲထား၏။ သူ့ပုံစံကိုကြည့်ရသည်မှာ သိုင်းလောကသားတစ်ဦးနှင့်မတူသကဲ့သို့ စာသင်သားတစ်ဦးနှင့်လည်းတူညီခြင်းမရှိဘဲ ချမ်းသာကြွယ်ဝ၍မြင့်မြတ်သောမျိုးရိုးအသိုင်းအဝိုင်းမှဆင်းသက်ပေါက်ဖွားလာသော ဂုဏ်သရေရှိမင်းသားလေးတစ်ပါးနှင့်တူညီလှပေသည်။ ဖျတ်ခနဲကြည့်လိုက်မည်ဆိုပါက သူ၏မက်မွန်ပန်းသဏ္ဌာန်မျက်ဝန်းအစုံထဲတွင် အပြုံးမမည်သောအပြုံးတစ်ပွင့် ရေးတေးတေးထင်ဟပ်နေသယောင်ရှိစေကာမူ စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ပါမူ နောက်ဆုံးသောအဆိပ်ကင်းမြီးကောက်တပ်သားတစ်ယောက်ကို လှမ်းကြည့်လိုက်သောသူ့အကြည့်ထဲဝယ် အေးစက်စက်အလင်းရောင်တို့မဆိုစလောက်စိမ့်ဝင်ပျံ့နှံ့နေလျက်ရှိပေသည်။

ကျန်းချန်လင်မှာ ငူငူငိုင်ငိုင်ဖြစ်သွားရှာပြီး စိတ်ထဲ၌တွေးလိုက်မိသည်။ ထိုလူသည်ကား သူ့ဘဝတစ်လျှောက်လုံးတွေ့ခဲ့ဖူးသမျှလူအားလုံးထဲတွင် အချောမောအလှပဆုံးလူတစ်ယောက်ဖြစ်သည်ဟူ၍။

သူ့နံဘေးတွင် နောက်ထပ်လူတစ်ယောက်အတူလိုက်ပါလာသည်။ ထိုလူမှာမူ တစ်ကိုယ်လုံးအပြည့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အေးစက်မှုန်မှိုင်းသောမျက်နှာအသွင်အပြင်ကိုပိုင်ဆိုင်ထား၏။ သူ၏ပုခုံးထက်ဝယ် မြွေပါကတိုးကောင်လေးတစ်ကောင်အခန့်သားထိုင်နေလျက်။

အနှီအဆိပ်ကင်းမြီးကောက်အသေခံတပ်သားမှာ ခေတ္တခဏမျှတွန့်ဆုတ်တွေဝေသွားပြီးနောက် မြားကြိုးမှပစ်လွှတ်လိုက်သောမြားတစ်စင်းပမာ ဒူးလေးကိုင်ဆောင်ထားသူထံသို့ တစ်ဟုန်ထိုးပြေးဝင်လာ၏။ ကျန်းချန်လင်မှာ ပြောမပြတတ်လောက်အောင်ပင် သူ၏နားရွက်အနီးမှ ဝှစ်ခနဲဖြတ်သန်းသွားသည့် အေးစက်သောလေတိုးသံသဲ့သဲ့တစ်ချက်ကိုသာကြားလိုက်ရပြီးသော် ဘာတွေဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်ခင်မှာပင် ထိုအဆိပ်ကင်းမြီးကောက်မှာ ကင်းမြီးကောက်အသေတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်ကြောင်းကို တွေ့မြင်လိုက်ရပေသည်။

အစောတုန်းက သူနှင့်ခပ်လှမ်းလှမ်းတွင်ရှိနေသော အနက်ရောင်ဝတ်ရုံနှင့်လူမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ဘေးနားသို့ရောက်ရှိလာတော့သည်။ သူက ကိုယ်ကိုငုံ့ကိုင်းလိုက်ကာ သွေးထွက်နေသော သူ့လက်တစ်ဖက်ကိုကောက်ကိုင်ကြည့်ရှုလိုက်ပြီးသော် သူ၏အကြောမှတ်များကိုလှမ်း၍ပိတ်ဆို့ပေးလိုက်၏။ ထို့နောက် သူ့ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးကိုထိုးထည့်ပေးရင်း ပြောလာ၏။

"မျိုချလိုက်၊ အဲဒါတွေက ကင်းမြီးကောက်အဆိပ်တွေပဲ"

ကျန်းချန်လင်ခမျာ ကျန်သည့်အရာများကိုဂရုမစိုက်နိုင်တော့ဘဲ ထိုလူ၏ဝတ်ရုံလက်အနားကိုသာ အသားကုန်ဆုပ်ကိုင်လျက်ပြောလိုက်သည်။

"ကု....ကု ရှန်း....ကျဲ....သူ့ကို ကယ်ပေးပါ......"

၎င်းမှာ ရှိသမျှလက်ကျန်ခွန်အားတို့ကိုစုစည်းပြီး ပြောလိုက်ရသည့်စကားများမှာ ပါးစပ်ဖျားသို့ရောက်သောအခါတွင်မူ ဗလုံးဗထွေးဖြစ်ကာ မပီမသစကားလုံးများအဖြစ်သို့သာပြောင်းလဲသွားရှာသည်။ အနားတွင်ရပ်နေသော အပြာရင့်ရောင်ဝတ်ရုံရှည်နှင့်လူမှာ တခဏမျှကြောင်အမ်းဆွံ့အသွားသည့်တိုင် သူပြောလိုသည့်အရာကိုနားလည်သွားဟန်ဖြင့် နူးညံ့ညင်သာစွာမေးမြန်းလာ၏။

"မင်းက ငါတို့ကို တစ်ယောက်ယောက်ကို ကယ်ပေးဖို့အကူအညီတောင်းနေတာလား၊
သူက ဘယ်မှာလဲ"

ကျန်းချန်လင်က လက်ညှိုးတစ်ချောင်းကိုဆန့်တန်းလိုက်ရင်း သူလာခဲ့သည့်အရပ်မျက်နှာသို့ညွှန်ပြနေကာ နှုတ်မှလည်းတတွတ်တွတ်ရေရွတ်နေလျက်။

"ကု....ကုကျယ်ကျဲ....ခင်ဗျားတို့ သူ့ကို.....ကယ်...ကယ်ပေးပါ....."

အနက်ရောင်ဝတ်ရုံနှင့်လူက နံဘေးရှိသူ့အဖော်ဖြစ်သူကိုခေါင်းမော့ကြည့်လိုက်သောအခါ အဆိုပါဝတ်ရုံရှည်နှင့်လူထံမှစကားသံကိုသာလျှင်ကြားလိုက်ရ၏။

"အမြန်မသွားသေးဘူးလား"

ဝတ်ရုံနက်နှင့်လူက သူ့ပုခုံးပေါ်၌ထိုင်နေသည့် မြွေပါကတိုးကောင်လေးကို အသာအယာဆွဲချလိုက်ပြီး ထိုသူ၏ရင်ခွင်အတွင်းသို့ လှမ်းပစ်ပေးလိုက်လေသည်။

"အရှင့်သား ဂရုစိုက်ပါ။ ကျွန်တော် ချက်ချင်းပြန်လာခဲ့ပါမယ်"

ထို့နောက် နောက်သို့တစ်ချက်လှည့်လိုက်သည်နှင့် ထိုလူမှာ မျက်စိရှေ့မှလှစ်ခနဲပျောက်ကွယ်သွားတော့သည်။ ကျန်းချန်လင်မှာ ထိုသူ၏ပုံရိပ်ပျောက်ကွယ်သွားသည့်နေရာသို့ ဂဏာမငြိမ်စွာဖြင့် စိုးရိမ်တကြီးငေးစိုက်ကြည့်ရှုနေရှာ၏။ အဆိုပါဝတ်ရုံရှည်နှင့်လူက သူ့ကိုထူမပေးလိုက်ကာ ကိုယ်ကိုမတ်မတ်ထိုင်စေလျက်ညွှန်ကြားလိုက်သည်။

"မျက်စိကိုမှိတ်ပြီး အာရုံစူးစိုက်ထား​။ မင်းရဲ့အတွေးတွေကိုမပျံ့လွင့်စေနဲ့။ တခြားအရာတွေကိုစိတ်ပူမနေဘဲ ကိုယ့်အသက်ကို အရင်ဆုံးကာကွယ်စောင့်ရှောက်ရမယ်"

ကျန်းချန်လင်မှာလည်း သူစိတ်ပူနေရုံမျှဖြင့် ဘာမှထူးခြားလာမည်မဟုတ်မှန်းသိနေသောကြောင့် ထိုလူ၏စကားအတိုင်း မျက်လုံးစုံမှိတ်လိုက်သည်။ အနှီမြွေပါကတိုးကောင်လေးက ထိုလူ၏ရင်ခွင်အတွင်းမှ တလှုပ်လှုပ်တိုးထွက်လာကာ ခန္ဓာကိုယ်ကိုဘောလုံးလေးတစ်လုံးနှယ် ကွေးကြုံ့ခွေခေါက်နေလျက် သူ့သခင်ဖြစ်သူကို ဟိုဟိုသည်သည်တရှုံ့ရှုံ့နမ်းရှိုက်နေသည်။ လေထုထဲ၌ သွေးညှီနံ့များခပ်ရေးရေးပျံ့လွင့်နေပြီး ထိုလူ၏ဝတ်ရုံပေါ်ဝယ် သင်းပျံ့ကြိုင်လှိုင်သောမွှေးရနံ့သင်းသင်းတို့ငြိတွယ်ခိုကပ်နေသည်။ ထိုမွှေးရနံ့ပေါင်းစုံတို့အလယ်မှာပင် ကျန်းချန်လင်တစ်ယောက် ဖြည်းဖြည်းချင်း သတိလစ်မေ့မြောသွားရှာတော့သည်။

သူသတိပြန်ရလာချိန်၌ မိုးစုံးစုံးချုပ်နေပြီဖြစ်သည်။ ကျန်းချန်လင်၏ခန္ဓာကိုယ်အနှံ့အပြားရှိထုံကျဥ်မှုတို့က ကင်းမြီးကောက်အဆိပ်နှင့်အတူ လျော့ပါးသက်သာသွားပြီဖြစ်လေရာ သူက ဖြည်းဖြည်းချင်းကုန်းရုန်းထလာ၏။ ၎င်းမှာ တခဏမျှငေါင်စင်းစင်းဖြစ်နေရှာပြီး ဘာတွေဘယ်လိုဖြစ်သွားမှန်းမစဉ်းစားတတ်တော့ပါချေ။ ထိုအခိုက် အနားရှိ မိန်းကလေးတစ်ဦးထံမှအော်သံတစ်သံကိုကြားလိုက်ရသည်။

"အာ.....မင်းနိုးလာပြီပဲ"

ကျန်းချန်လင်မှာ အတိုင်းမသိဝမ်းသာအားရဖြစ်သွားပြီး ခေါင်းကိုလှည့်ကြည့်လိုက်၏။ ကုရှန်း၏ပုံစံမှာ အနည်းငယ်ဖရိုဖရဲဖြစ်နေသည့်တိုင် တစ်ကိုယ်လုံးအကောင်းပကတိအတိုင်းရှိနေသေးသည်။ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာကိုလည်း ကောင်းကောင်းကုသထားပြီးဖြစ်ကာ ယခုအခါ မီးပုံတစ်ခုအနီးတွင်ထိုင်ရင်း မီးလှုံနေသည်။ ထိုအခိုက်မှာပင် အသားမာများပြည့်နှက်နေသည့်လက်တစ်ဖက်ကလှမ်းလာပြီး လက်ချောင်းထိပ်လေးဖြင့် ကျန်းချန်လင်၏လက်ကောက်ဝတ်ပေါ်ရှိ သွေးခုန်နှုန်းကိုစမ်းသပ်စစ်ဆေးလိုက်သည်။ တအောင့်ကြာသောအခါမှ လက်ကိုပြန်လွှတ်ပေးရင်း ပြောလာသည်။

"အဆိပ်ကတော့ ပြေသွားပါပြီ"

သူ့ကို သွေးခုန်နှုန်းစမ်းသပ်ပေးလိုက်သည့်လူမှာ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသူပင်တည်း။ ထိုလူက သူ့ကိုအထူးအဆန်းသဖွယ်စူးစိုက်ကြည့်ရှုနေသည့် ကျန်းချန်လင်၏မျက်ဝန်းတစ်စုံကိုတွေ့မြင်လိုက်ရသော်ငြား မသိကျိုးကျွံပြုကာ ခေါင်းတစ်ချက်ညိတ်လိုက်ရင်း စုတ်တံတစ်ချောင်းသဖွယ် ကိုယ်ကိုမတ်မတ်ထားလျက် သစ်ပင်အောက်၌အမှီပြုထိုင်နေ၏။ သူ၏လေးနက်တည်တံ့လှသော ရုပ်သွင်အင်္ဂါငါးပါးမှာ ဘေးဘက်မှကြည့်လိုက်ပါလျှင် ကျောက်တုံးတစ်တုံးကိုထွင်းထုပုံဖော်ထားသည့်အလား။ ထိုလူကိုလှမ်းကြည့်နေသည့် ကုရှန်း၏အကြည့်များထဲဝယ် ရိုသေလေးစားသည့်အမူအရာများပြည့်နှက်နေသည်ကိုအံ့အားသင့်ဖွယ်တွေ့မြင်လိုက်ရသည်။ စကားကိုရုန့်ရင်းကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုတတ်သည့် သူ၏မွေးရာပါအကျင့်စရိုက်အပြုအမူတို့ကို ချုပ်တည်းထားနေရဟန်ဖြင့်။

သို့ဖြစ်ရာ ကျန်းချန်လင်က အထစ်အငေါ့ငေါ့ပြောလိုက်သည်။

"ကျွန်တော်တို့ကိုအသက်ကယ်ပေးခဲ့တဲ့ သူရဲကောင်းကြီးနှစ်ဦးကို အထူး....အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ"

ထိုဝတ်ရုံနက်နှင့်လူက အနှီစကားကိုကြားသော် ခေါင်းကိုညိတ်သည်ဆိုရုံမျှညိတ်ပြရင်း ခွန်းတုံ့ပြန်လိုက်၏။

"မလိုပါဘူး"

ထို့နောက် သူ့ကိုဆက်ကြည့်မနေတော့ဘဲ ခေါင်းလှည့်သွားပြီး အခြားတစ်နေရာသို့လှမ်းမျှော်ကြည့်ရှုလိုက်လေသည်။

ကျန်းချန်လင်လည်း သူ့အကြည့်များအတိုင်း လိုက်လံကြည့်ရှုလိုက်သောအခါဝယ် နံနက်ပိုင်းတုန်းက ဒူးလေးတစ်ချောင်းကိုကိုင်ဆောင်ထားခဲ့သည့်ဝတ်ရုံရှည်နှင့်လူသည် လက်ထဲတွင်ထင်းချောင်းများ တပွေ့တပိုက်သယ်ဆောင်လျက်ပြန်လာနေသည်ကို တွေ့လိုက်ရ၏။ ဝတ်ရုံနက်နှင့်လူက ထသွားရန်ပြင်လိုက်စဥ်မှာပင် ကုရှန်းက အရင်ဦးစွာ အားကြိုးမာန်တက် ပျာပျာသလဲအပြေးသွားလိုက်ပြီး သူ့လက်ထဲမှထင်းချောင်းများကို လွှဲပြောင်းသယ်ယူပေးကာ စကားဆိုလိုက်သည်။

"အရှင်ခုနစ်....ထိုင်ပါ....ထိုင်ပါ။ ဒီလိုအလုပ်တွေကို ကျွန်မတာဝန်ထားလိုက်ပါ။ အရှင်က ဒီလိုအလုပ်ကြမ်းတွေကို ဘာဖြစ်လို့ကိုယ်တိုင်ကိုယ်ကျလုပ်ပေးနေရတာပါလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မက အစကတည်းက သူများရဲ့အစေခံတစ်ယောက်ပါပဲလေ"

ကုရှန်း၏နှုတ်ဖျားမှ 'အရှင်ခုနစ်' ဟူသည့်အမည်ကိုကြားလိုက်ရသောအခါ ထိုလူ၏မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းများမှာ ကွေးညွတ်၍ပြုံးယောင်သန်းသွားပြီးသော် လက်ထဲမှထင်းချောင်းများကို ကုရှန်းထံသို့ အသာတကြည်လွှဲပြောင်းပေးလိုက်ကာ ဝတ်ရုံနက်နှင့်လူ၏နံဘေးတွင်သွားထိုင်လိုက်သည်။ ဝတ်ရုံနက်နှင့်လူက မည်သည့်နေရာမှထုတ်ယူလာမှန်းမသိရသော လက်အနွေးအိုးလေးတစ်လုံးကို လုပ်နေကျအလုပ်တစ်ခုပမာ ကျင့်သားရနေသည့်အလား ထိုလူ၏လက်ထဲသို့ထိုးထည့်ပေးလိုက်ရင်း ဝတ်ရုံလက်အနားတွင်ကပ်ငြိနေသော သစ်ရွက်ခြောက်လေးတစ်ရွက်ကို ညင်သာသွက်လက်စွာဆွဲယူဖယ်ရှားပေးလိုက်သည်။ ကျန်းချန်လင်မှာ သူ့ကိုယ်သူထင်ယောင်ထင်မှားဖြစ်နေသလားဆိုသည်ကိုမသိနိုင်စေကာမူ ဝတ်ရုံနက်နှင့်လူမှာ ထိုတခဏအတွင်း အသက်ဝိညာဉ်ကင်းမဲ့နေသောကျောက်တုံးကြီးတစ်တုံးအဖြစ်မှသည် အသွေးအသားတို့ဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော သက်ရှိလူသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသလိုခံစားလိုက်ရပေ၏။ သူ့မျက်ဝန်းများသည်ပင် အနွေးဓာတ်တို့ယှက်သန်းလာသယောင်။

သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် စကားများများစားစားမပြောကြစေကာမူ နှစ်ဦးသား၏လှုပ်ရှားမှုတစ်ခုချင်းစီထဲတွင် စကားလုံးများဖြင့်ဖော်ညွှန်း၍မရနိုင်သော ရင်းနှီးကျွမ်းဝင်မှုနှင့်အပြန်အလှန်နားလည်မှုတို့ ခပ်ရေးရေးထင်ဟပ်နေသည်။

အရှင်ခုနစ်က ကျန်းချန်လင်ကိုကြည့်ကာ မေးလာသည်။

"မင်း နည်းနည်းလောက် သက်သာသွားပြီလား"

ထိုလူ၏စကားသံမှာ စူးရှကျယ်လောင်ခြင်းအလျဥ်းမရှိဘဲ အလွန်တရာချိုသာပျော့ပျောင်းကာ နားဝင်ပီယံရှိလှပေသည်။ ကျန်းချန်လင်မှာ ဘာရယ်ကြောင့်မှန်းမသိဘဲ ရုတ်တရက်ရှိုးတိုးရှန့်တန့်ဖြစ်သွားလျက် ခေါင်းကိုငုံ့ချလိုက်ပြီးသော် အသံမထွက်ဘဲခေါင်းညိတ်ပြလိုက်မိသည်။ သို့တိုင် နောက်တစ်ကြိမ်ခေါင်းမော့ကာ ထိုသူကို မသိမသာခိုးကြည့်လိုစိတ်တို့လည်းတဖွားဖွားဖြစ်ပေါ်မိပြန်သည်__ထိုနေ့က စားသောက်ဆိုင်၌ သူတွေ့မြင်ခဲ့ရသည့်အမျိုးသမီးမှာ ပြစ်မျိုးမှဲ့မထင်ချောမောလှပသူဖြစ်သော်ငြား ယခု ထိုအမျိုးသား၏မျက်နှာနှင့်နှိုင်းယှဥ်ကြည့်လိုက်ပါမူ သူ(မ) ၏မျက်နှာမှာ စာရွက်ပေါ်၌ဆေးခြယ်ထားသည့် ပါးလျသောအတုအယောင်မျက်နှာပြင်အရေပြားတစ်ခုနှင့်သာ ပို၍ဆင်တူနေသကဲ့သို့ ကျန်းချန်လင်ရုတ်တရက်ခံစားလိုက်ရ၏။

အရှင်ခုနစ်က ထပ်မံ၍မေးမြန်းလာသည်။

"မင်းရဲ့မျိုးရိုးနာမည်က ဘာတဲ့လဲ။ ခုနက လူတွေက....."

ကျန်းချန်လင်ခမျာ တုံ့ပြန်မှုမပြုလိုက်ရသေးခင်မှာပင် မီးပုံထဲသို့ထင်းချောင်းများပစ်ထည့်နေသည့် ကုရှန်းမှာ အနားသို့ရောက်လာကာ ပါးစပ်မှကရားရေလွှတ်တတွတ်တွတ်ပြောကြားလိုက်၏။

"သူက ကျွန်မမောင်လေးပါ။ မျိုးရိုးကတော့ ကုမျိုးရိုးပါပဲ။ ကျွန်မတို့နှစ်ယောက်က အစတုန်းက စံအိမ်တော်က အရှင်သခင်တစ်ယောက်ဆီမှာ အလုပ်အကျွေးပြုသူတွေပါ။ ကျွန်မက အစေခံမလေးတစ်ဦးဖြစ်ပြီး သူကတော့ အလုပ်သမားကောင်လေးတစ်ယောက်ပေါ့။ ဒါပေမဲ့ ကျွန်မတို့အရှင်သခင်လေးရဲ့အိမ်တော်က အခုလိုမျိုးကံဆိုးမိုးမှောင်ကျသွားရှာလိမ့်မယ်လို့ ဘယ်သူကထင်မှာတဲ့လဲ။ သူတို့တွေက ဘယ်ကရောက်လာကြသူတွေမှန်းလဲ မသိပါဘူး။ သူတို့က ကျွန်မတို့လို အောက်လက်ငယ်သားအစေခံတွေကိုတောင်မှ အလွတ်မပေးဘဲ ရှိသမျှလူအကုန်လုံးကို တစ်ယောက်မကျန်သုတ်သင်ရှင်းလင်းချင်နေတဲ့ပုံပဲ။ တကယ့်ကို လူမဆန်တဲ့ကောင်တွေ။ အနာဂတ်မှာ သူတို့ရဲ့သားသမီးတွေမွေးဖွားလာရင် သေချာပေါက်ကို ဖင်မှာအပေါက်ပါလာမှာမဟုတ်ဘူး။ ဒီကလူကြီးမင်းနှစ်ယောက်ကိုတော့ အထူးကျေးဇူးတင်ပါတယ်...."

ဝတ်ရုံနက်နှင့်လူက ခေါင်းထောင်လာပြီး သူ့ကိုဖျတ်ခနဲလှမ်းကြည့်လိုက်လေရာ ကုရှန်းမှာ ပြောလက်စစကားများရပ်တန့်သွားရှာပြီး ပြူးကြောင်ကြောင်မျက်လုံးများဖြင့်သာ ကျီးကန်းတောင်းမှောက် ဟိုကြည့်သည်ကြည့်လုပ်နေလိုက်ရရှာတော့သည်။

ကုရှန်းမှာ ပေါက်ကရလေးဆယ်လျှောက်​ပြောနေခြင်းဖြစ်သော်ငြား အရှင်ခုနစ်က လုံးဝကို သူနှင့်ဖက်ပြိုင်ငြင်းခုံခြင်းမပြုခဲ့ရုံသာမက ဖော်ရွေကြည်သာစွာပင် ထပ်မံ၍စကားဆက်လာပြန်၏။

"မင်းတို့နှစ်ယောက်လုံး ဒဏ်ရာကိုယ်စီရထားကြတယ်။ အစကတော့ မင်းတို့ကိုတည်းခိုခန်းတစ်ခုဆီခေါ်သွားဖို့စီစဥ်ခဲ့ပေမဲ့ မြို့ထဲမှာ မင်းတို့ကိုလိုက်သတ်ကြမဲ့သူတွေရှိပြီး လုံခြုံမှုမရှိနိုင်ဘူးလို့ မိန်းကလေးကပြောတဲ့အတွက် ဒီတစ်ညတော့ ဒီနေရာမှာပဲနည်းနည်းလောက်ဒုက္ခခံပြီးနေလိုက်ကြပါ။ မနက်ဖြန်မနက်မိုးလင်းမှပဲ ဘာဆက်လုပ်မလဲဆိုတာ အစီအစဥ်ဆွဲကြပေါ့။ ဒါနဲ့ မင်းတို့မှာ တခြားသွားစရာနေရာရောရှိရဲ့လား"

ထိုလူ၏လေသံမှာ မနှေးလွန်းမမြန်လွန်းဘဲ နူးညံ့ပျော့ပျောင်းလွန်းလှပေရာ လူမမည်ကလေးငယ်လေးနှစ်ယောက်အား နှစ်သိမ့်ချော့မြူနေသည့်နှယ်။ ကျန်းချန်လင်မှာ နားထောင်ရင်းနားထောင်ရင်းမှာပင် ရုတ်ချည်းဆိုသလို ဝမ်းနည်းအားငယ်စိတ်တို့ဖြစ်ပေါ်လာကာ စိတ်ထဲ၌တွေးတောမိလိုက်၏။ သူတို့ ဘယ်နေရာ၊ ဘယ်ဒေသကိုများသွားနိုင်ဦးပါမည်နည်း။ သူ၏အဖေမှာလည်း အစောကြီးကတည်းက သေဆုံးသွားရှာပြီဖြစ်သလို တစ်မိသားစုလုံးလည်း တစ်ယောက်မကျန်အသတ်ခံလိုက်ရသည်။ လက်ရှိအချိန်၌ လူဆိုးပင်ဖြစ်စေ၊ လူကောင်းပင်ဖြစ်စေ အားလုံးမှာ သူ့ကိုဖမ်းဆီးချင်နေကြသူချည်းသာဖြစ်သည်။ သူ့အဖြစ်မှာ လေးကိုင်းလေးတစ်ချက်မျှလှုပ်ခတ်သွားရုံဖြင့် စိုးရွံ့ထိတ်လန့်နေရသော ငှက်ကလေးတစ်ကောင်သဖွယ်၊ အတောင်ပံများ ကျိုးကျေမတတ်ပျံသန်းနေရရှာသည်။ အပြောကျယ်လှသည့် ဤကမ္ဘာလောကကြီးဝယ် သူ့အတွက်ခြေချစရာနေရာတစ်နေရာမျှပင်ရှိမနေခဲ့ပါချေ။ ကျန်းချန်လင်မှာ မျက်လုံးများရဲရဲနီစွေးလာကာ မည်သည့်စကားမျှမဆိုဘဲ တိတ်ဆိတ်သွားတော့သည်။

ကုရှန်းက တွေးတောလိုက်ပြီးသော် စကားဆက်လာ၏။

"အစကတော့ ကျွန်မရဲ့သခင်နဲ့ သူ့ရဲ့ဆရာဖြစ်သူတို့က ကျွန်မတို့နှစ်ယောက်နဲ့တွေ့ဆုံဖို့အချိန်းအချက်လုပ်ထားပြီးသားပါ။ မမျှော်လင့်ဘဲ ရုတ်တရက် လူသတ်သမားတစ်စုရဲ့လိုက်လံသတ်ဖြတ်တာကိုခံလိုက်ရတော့ ကျွန်မတို့လဲပြေးမိပြေးရာထွက်ပြေးခဲ့ရပါတယ်။ ဒီတော့ သူတို့နှစ်ယောက် ကျွန်မတို့ကိုရှာတွေ့မလား၊ မတွေ့ဘူးလားဆိုတာလဲ မသိတော့ပါဘူး..."

ကျန်းချန်လင်က ချောင်ဝေ့နင်ကိုသတိရသွားပြီးနောက် ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီအထင်နှင့် နောက်ထပ်စကားတစ်ခွန်းဖြည့်စွက်ပြောကြားလိုက်၏။

"နောက်ပြီး အစ်ကိုချောင်လဲ ရှိသေးတယ်၊ သူ့ကိုလဲ ထူးဆန်းတဲ့လူတွေက ဖမ်းခေါ်သွားကြတယ်"

ကုရှန်းက ချက်ချင်းဆိုသလိုပင် ဓားသွားတမျှစူးရှပြင်းထန်သောအကြည့်စူးစူးတို့ကို ကျန်းချန်လင်ဆီသို့ပို့လွှတ်လိုက်ကာ အနှီငတုံးကောင်လေးအား စကားကိုလက်လွတ်စပယ်လျှောက်မပြောရန် သတိပေးဟန့်တားသည့်အရိပ်အကဲမျိုးပြသလိုက်သည်။ သို့သော် မည်သူကထင်ပါအံ့နည်း။ သူ့သာသာသူ တစ်ကိုယ်တည်းငူငူငိုင်ငိုင်ဖြင့် စိတ်နှလုံးနာကျင်ညှိုးနွမ်းနေရှာသော ကျန်းချန်လင်မှာ ကုရှန်း၏မျက်ရိပ်မျက်ကဲပြမှုများကို သတိထားမိခြင်းမရှိပါချေ။ အရှင်ခုနစ်ထံမှ နောက်ဆက်တွဲမေးခွန်းကိုကြားလိုက်ရသည်။

"ထူးဆန်းတဲ့လူတွေဆိုတာ ဘယ်လိုလူမျိုးတွေကိုပြောတာလဲ"

ကျန်းချန်လင်က ရိုးသားပွင့်လင်းစွာဖြေကြားလိုက်၏။

"လူပုလေးတစ်ယောက်ရယ်၊ ဧရာမလူသန်ကြီးတစ်​ယောက်ရယ်၊ ပြီးတော့ တောက်တောက်ပြောင်ပြောင် လှလှပပဝတ်စားထားတဲ့ အဘိုးအဘွားစုံတွဲရယ်ပါ"

ကုရှန်းမှာ မျက်ဖြူသာလှန်လိုက်ရင်း ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပြီး ကျန်းချန်လင်ဟူသည့် ငတုံးငအလေးကို နောက်တစ်ကြိမ်သတိလစ်မေ့မြောသွားအောင် ထုထောင်းရိုက်နှက်ချင်စိတ်တို့တဖွားဖွားဖြစ်ပေါ်လာတော့သည်။

အရှင်ခုနစ်က သိုင်းလောကသားများနှင့်အကျွမ်းတဝင်ရှိပုံမရဟန်ဖြင့် တခဏမျှကြောင်အမ်းအမ်းဖြစ်သွားပြီးသော် မေးမြန်းလာ၏။

"သူတို့က ဘယ်သူတွေများလဲ"

အနားရှိဝတ်ရုံနက်နှင့်လူထံမှ စကားသံကိုကြားလိုက်ရ၏။

"မြေနတ်အရှင် ဖုန်းရှောင်ဖုန်းနဲ့ သူ့ရဲ့ငယ်ကျွန်တော်ကောင်းရှန်းတို့ပါ။ တောက်တောက်ပြောင်ပြောင်ဝတ်စားထားတဲ့အဘိုးအဘွားတွေဆိုတာတော့....မက်မွန်နီဘွားဘွားနဲ့မိုးမခစိမ်းဘိုးဘိုးတို့ဖြစ်နိုင်တယ်"

ထိုသူက ကျန်းချန်လင်ထံသို့ လျှပ်စီးတမျှလျင်မြန်သောအကြည့်တို့ကိုပစ်လွှတ်လိုက်ရင်း အေးတိအေးစက်မေးလိုက်သည်။

"သူတို့တွေအားလုံးက လူကောင်းသူကောင်းတွေမဟုတ်ကြဘူးဆိုပေမဲ့ ကိုယ့်အထာနဲ့ကိုယ်၊ ကိုယ့်အဆင့်အတန်းနဲ့ကိုယ်နေကြတဲ့သူတွေပဲ။ အဆိပ်ကင်းမြီးကောက်အဖွဲ့သားတွေနဲ့ လုံးဝတပူးပူးတတွဲတွဲလုပ်နေမှာမဟုတ်ဘူး။ သူတို့က ဘာကြောင့်များ မင်းတို့ကိုတောက်လျှောက်လိုက်သတ်နေရတာလဲ"

ဖျတ်ခနဲလှမ်းကြည့်လိုက်သည့် သူ့အကြည့်တို့ကြောင့် ကျန်းချန်လင်ခမျာ သူ့ရင်ဘတ်ပေါ်သို့ရေခဲတမျှအေးစက်လှသည့် ကျောက်တုံးကြီးတစ်တုံးဖိနှိပ်ထားသကဲ့သို့ခံစားလိုက်ရပြီး ချက်ချင်းလက်ငင်းပင် အသက်ရှူကျပ်သလိုဖြစ်သွားရရှာသည်။

အရှင်ခုနစ်ကမူ ပြုံးရယ်လျက်

"အဆိပ်သခင်လေး....ကလေးကို လန့်အောင်မလုပ်ပါနဲ့တော့"

အနှီစကားကိုကြားသော် ဝတ်ရုံနက်နှင့်လူမှာ အမှန်တကယ် နာခံကျိုးနွံစွာပင် မျက်လွှာချလိုက်ကာ ကျန်းချန်လင်နှင့်ကုရှန်းတို့နှစ်ယောက်ကိုအရေးမလုပ်တော့ဘဲ ဘုန်းတော်အိုကြီးတစ်ပါးသဖွယ် တရားထိုင်နေလိုက်တော့သည်။

အရှင်ခုနစ်၏အကြည့်များမှာ စိုးရိမ်ကြောင့်ကြမှုကြောင့် ဂဏာမငြိမ်ဖြစ်နေရှာသော ကုရှန်းထံ၌ ခေတ္တခဏရပ်တန့်သွားပြီးနောက် ကျန်းချန်လင်ဘက်သို့လှည့်ကာ ရုတ်ချည်းမေးမြန်းလာသည်။

"ကလေး....ငါမေးမယ်....ဧကန္တ မင်းရဲ့ဆရာဆိုတဲ့သူက ကျိုးမျိုးရိုးနဲ့လူများလား"

ကုရှန်းမှာ ကျန်းချန်လင်ပါးစပ်ထဲမှနောက်ထပ် သတင်းအချက်အလက်တစ်ခုခုထွက်ပေါ်သွားမည်ကို ထိတ်လန့်စိုးရိမ်သွားလျက် အလျင်အမြန်ကြားဖြတ်ဖြေကြားလိုက်၏။

"မဟုတ်ပါဘူး...သူ့ဆရာက 'ကျိုး' မျိုးရိုးမဟုတ်ဘူး၊ 'ထန်း' မျိုးရိုးပါ။ ပြောရရင် စုတ်တီးစုတ်ပဲ့နဲ့ နှာဘူးကျတတ်တဲ့အဘိုးကြီးတစ်ယောက်ပေါ့"

သို့ရာတွင် သူ၏ရဲဘော်ရဲဘက်ဖြစ်သော ထိုဝက်ပေါက်စတစ်ကောင်နှင့်တူသည့် ကျန်းချန်လင်မှာ မျက်မှောင်ကြီးကြုတ်ကာလှမ်းကြည့်ရင်း မဟုတ်မခံတတ်သော ဖြောင့်မတ်မှန်ကန်သူကြီးသဖွယ် သူ့ကိုခွန်းတုံ့ပြန်လိုက်လိမ့်မည်ဟု မည်သူကထင်ပါအံ့နည်း။

"ကျွန်တော့်ဆရာက ဘာမှစုတ်တီးစုတ်ပဲ့နဲ့ နှာဘူးထတတ်တဲ့အဘိုးကြီးတစ်ယောက်မဟုတ်ဘူး။ အစ်မ မဟုတ်တာတွေလျှောက်မပြောနဲ့နော်"

ကုရှန်း၏လက်ဆယ်ချောင်းလုံးမှာ တဆတ်ဆတ်တုန်ယင်သွားပြီး အနှီသတ္တဝါလေးအား လည်ပင်းညှစ်သတ်ချင်စိတ်တို့တဖွားဖွားပေါ်ပေါက်လာတော့သည်။

အရှင်ခုနစ်က ခေါင်းတယမ်းယမ်းဖြင့် သဘောတကျရယ်မောလိုက်၏။

"ဘယ်ကလာတဲ့ ထူးဆန်းတဲ့ကောင်မလေးလဲ။ ထားပါ​တော့၊ ငါတို့က လူဆိုးတွေမဟုတ်ပါဘူး။ ပြီးတော့ ပြောရရင် မင်းရဲ့ဆရာကျိုးနဲ့ ငါနဲ့က ဟိုးအရင်ကတည်းက အသိမိတ်ဆွေတွေဖြစ်ခဲ့ဖူးပါတယ်"

ကုရှန်း၏မျက်လုံးများမှာ တစ်ပတ်လည်သွားလျက် မေးမြန်းလိုက်၏။

"ဒါဆိုရင် ပြောပါဦး၊ သူ့ဆရာက နာမည်ဘယ်လိုခေါ်သလဲ၊ ဘယ်လိုပုံစံမျိုးလဲ"

အရှင်ခုနစ်က ဆို၏။

"သူ့ဆရာရဲ့ မျိုးရိုးနာမည်က 'ကျိုး' ၊ နာမည်အပြည့်အစုံကတော့...."

သူ ရုတ်တရက် ရပ်တန့်သွားသည်။ မက်မွန်ပန်းသဏ္ဌာန်မျက်ဝန်းတို့မှာ ကျဥ်းမြောင်းသွားလျက် ခေတ္တခဏစဥ်းစားတွေးတောလိုက်သည်။

ကျိုးကျစ်ရှူး....ဒီလူက ခေါင်းကိုဖုံးပြီးအမြီးဖော်ထားရတာကို ကျင့်သားရနေတဲ့လူဆိုတော့ သေချာပေါက် နာမည်အရင်းကိုသုံးမှာမဟုတ်ဘူး။ တခြားဘယ်နာမည်ကိုများပြောင်းလဲထားလေမလဲ။

မျက်လုံးပင့်ကြည့်လိုက်သောအခါဝယ် သူ့ကိုပြူးကျယ်ဝိုင်းစက်သောမျက်လုံးအစုံဖြင့် မျက်တောင်မခတ်စတမ်းစူးစိုက်ကြည့်ရှုနေသည့် ကုရှန်းကိုတွေ့လိုက်ရသောအခါ စိတ်ထဲတွင်ရယ်ချင်ပက်ကျိဖြစ်သွားရှာ၏။ မထင်မှတ်ဘဲ အနှီကလေးမလေး၏မေးခွန်းကြောင့် တကယ့်ကိုပင်အကျပ်ရိုက်သွားရလေသည်။ ထို့နောက် လျှပ်တစ်ပြက်အတွင်းမှာပင် ခေါင်းထဲ၌အတွေးတစ်ခုလက်ခနဲဖြစ်သွားပြီး လွှတ်ခနဲပြောလိုက်၏။

"သူ့နာမည်က 'ကျိုးရွှိ' တဲ့...ဟုတ်တယ်မလား။ 'လူက တိမ်စိုင်တိမ်လွှာတွေလို လေနှင်ရာမျောလွင့်နေတတ်ပြီး နှလုံးသားကတော့ ဝါဂွမ်းစလေးလိုပျံသန်းနေတတ်တယ်' ဆိုတဲ့ကဗျာထဲက 'ဝါဂွမ်းစလေး' ဆိုတဲ့ 'ရွှိ' စကားလုံးပဲ။ နောက်ပြီး သူ့မှာ ကျိုးယွင်လို့ခေါ်တဲ့ ညီလေးတစ်ယောက်လဲရှိသေးတယ်။ ပုံစံက ဘယ်လိုပုံစံမျိုးလဲဆို​တော့.....
အင်း...သူကအမြဲလိုလို ရုပ်ဖျက်ထားတတ်တာဆို​တော့ သူ့ရဲ့လက်ရှိပုံစံကို ငါလဲ သေချာမပြောပြတတ်ဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တစ်ချိန်လုံး သိပ်ပြီးထူးမခြားနားလှပါဘူး။ ပြီးတော့ သူက ဘယ်လိုပဲရုပ်ဖျက်ထားတယ်ပြောပြော ဝါကျင့်ကျင့်စိမ်းဖန့်ဖန့်မျက်နှာနဲ့ စုတ်တီးစုတ်ပဲ့အမျိုးသားတစ်ယောက်ပဲမဟုတ်လား"

ကျိုးကျစ်ရှူးသည်ကား 'ကျိုးရွှိ' သို့မဟုတ် 'ကျိုးယွင်' စသဖြင့် မည်သည့်နာမည်အတုကိုပြောင်းလဲအသုံးပြုလိမ့်မည်မှန်း သူတပ်အပ်မပြောနိုင်သော်ငြား ထိုလူ၏အကျင့်စရိုက်အရ အမြဲတစေ တိုတိုတုတ်တုတ်နာမည်များကိုသာအသုံးပြုနိုင်လောက်သည်။ သို့ဖြစ်ရာ သူက ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မှန်းသန်းရမ်းဆ၍ဖြီးဖြန်းပြောဆိုလိုက်လေသည်။

သို့ရာတွင် သူ့စကားများမှာ ကုရှန်းကိုအမှန်တကယ်ပင် အရူးလုပ်နိုင်သွားပြီး သူ(မ)မှာ ယုံတဝက်မယုံတဝက်ဖြင့်ပြောလာ၏။

"ဟင်....ကျိုးရွှိမှာ ညီလေးတစ်ယောက်ရှိသေးတာလား"

ကုရှန်းမှာ ကျိုးကျစ်ရှူးကိုသိကျွမ်းခဲ့သည်မှာ အချိန်အတိုင်းအတာတစ်ခုအထိကြာမြင့်ခဲ့ပြီးဖြစ်သလို သူ့ဆရာဖြစ်သူ ဝမ်းခယ့်ရှင်၏ပြောစကားအရဆိုပါလျှင် ၎င်းမှာ 'ကောင်းကင်ပြတင်း' ဟူသောအဖွဲ့အစည်းမှ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်နိုင်သည်ဟုကြားဖူးထားသည့်တိုင် ထိုလူသည်ကား အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်မှုများနှင့်ပြည့်နှက်နေကြောင်းခံစားနေခဲ့ရသည်။ မည်သည့်နေရာမှလာ၍ မည်သည့်နေရာသို့သွားနေမှန်းမသိရသလို သူ၏နောက်ကြောင်းရာဇဝင်နှင့် မည်သည့်ဂိုဏ်းအဖွဲ့အစည်းမှဆင်းသက်လာသလဲဆိုသည်ကိုလည်း မသိရှိရပါချေ။ ထို့ပြင် သူ့ထံတွင် ညီလေးတစ်ယောက်ရှိသည်ဟူ၍ပင်မကြားဖူးခဲ့ပေ။

ထို့နောက် နောက်တစ်ကြိမ်အတွေးပြောင်းသွားပြန်သည်။ သူတို့၏မျက်စိရှေ့မှ လူနှစ်ဦး။ အပြာရောင်ဝတ်ရုံနှင့်လူမှာ ခန့်မှန်းပြောဆိုရန်ခက်ခဲလှသော်လည်း အနက်ရောင်ဝတ်ရုံနှင့်အမျိုးသားသည်ကား သူ့ဘဝတစ်လျှောက်လုံး၌ တွေ့ဖူးခဲ့သမျှလူအားလုံးအနက် ကြုံတောင့်ကြုံခဲလက်ရည်မြင့်ဆရာကြီးတစ်ဦးဖြစ်လိမ့်မည်မှာတော့ မလွဲဧကန်ပင်။ အကယ်၍ ဆရာဖြစ်သူသာ ယခုနေရာ၌ရှိနေပါကလည်း မည်သူကမည်သူ့ထက် ပို၍လက်စောင်းထက်လှကြောင်းပြောနိုင်ရန်ခက်ခဲပေလိမ့်မည်။ သို့ဖြစ်ရာ ထိုသူတို့မှာ သူနှင့်ကျန်းချန်လင်တို့နှစ်ယောက်ကိုအမှန်တကယ်ဒုက္ခပေးလိုစိတ်ရှိပါက ပိုးကောင်လေးနှစ်ကောင်ကို လက်ဖြင့်ညှစ်သတ်ရသလိုလွယ်ကူလွန်းလှပေလိမ့်မည်။ တကယ်တကယ့်တမ်း အလိမ်အညာစကားများကိုပြောကြားနေရန်မလိုအပ်ပေ။ သို့ဖြစ်ရာ ထိုလူနှစ်ဦးကို စိတ်ထဲတွင် ယုံကြည်စိတ်ချထားလိုက်လေတော့သည်။

အရှင်ခုနစ်က အူတီးအူကြောင်ဖြစ်နေရှာသော အနှီကလေးနှစ်ယောက်ကိုမြင်လိုက်ရသောအခါ မျက်လွှာအသာချကာ အလျှံတညီးညီးတောက်လောင်နေသော မီးပုံကိုသာငေးမောကြည့်ရှုကြည့်နေရင်း စိတ်ထဲ၌ အသံတိတ်ကြိတ်ရယ်မိလေတော့သည်။

ဤသို့ဖြင့် ဒုတိယမြောက်နေ့တွင် ကုရှန်းက ကျန်းချန်လင်ကိုခေါ်ဆောင်ကာ အဆိုပါအမျိုးသားနှစ်ဦးနှင့်အတူ ခရီးဆက်ခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးတွင်လည်း အခြားသူများ၏မျက်လုံးများ၊ အကြည့်များကို သတိကြီးစွာရှောင်တိမ်းခဲ့ရသည်။ အရှင်ခုနစ်က သူတို့နှစ်ယောက်ကို ငွေတိုက်တစ်ခုထံသို့ခေါ်ဆောင်သွား၏။ ထိုနေရာသို့ရောက်သောအခါတွင်မူ ဆိုင်ရှင်ဖြစ်သူနှင့် သူ့အနောက်မှ ပေါက်စီတစ်လုံးနှင့်တူသောအိမ်တော်ထိန်းဖြစ်သူတို့က ချက်ချင်းပင် အလျင်အမြန်ထွက်လာကြကာ ထိုသူနှစ်ဦးအား 'အရှင်ခုနစ်' နှင့် 'နတ်ဆေးဆရာလေး' ဟူ၍ရိုသေလေးစားစွာဖြင့် အသီးသီးနှုတ်ခွန်းဆက်သကာ ခရီးဦးကြိုပြုလိုက်ကြသည်။

အရှင်ခုနစ်က ကုရှန်းတို့နှစ်ယောက်ကို ဆိုင်အတွင်း၌နေရာထိုင်ခင်းပေးကာ အဆာပြေမုန့်ပဲသရေစာများကိုယူဆောင်လာစေပြီးသော် အစားအသောက်များဧည့်ခံကျွေးမွေးခဲ့သည်။ သူကတော့ အခြားတစ်ဖက်တွင်ထိုင်လိုက်ပြီး ဝတ်ရုံနက်နှင့်အတူ အလွန်တရာစိတ်ပါဝင်စားလှစွာဖြင့် ကျားကစားနေတော့သည်။ ဤသို့ဤနှယ် အချိန်နာရီများကိုကုန်ဆုံးစေပြီးသကာလ နေ့လယ်ပိုင်းသို့ရောက်လာသောအခါဝယ် ငွေတိုက်အိမ်တော်ထိန်းဖြစ်သူက ရုတ်တရက်အခန်းတွင်းသို့ပြန်ဝင်လာကာ အရှင်ခုနစ်ကိုလျှောက်တင်လိုက်၏။

"ကျိုးလူကြီးမင်းကိုရှာတွေ့ခဲ့လို့ အခု ဒီနေရာကို ရောက်ရှိလာပါပြီ"

ထိုအခါ အရှင်ခုနစ်က ကျားစေ့များကို ဘေးသို့လွှင့်ပစ်ဖယ်ရှားလိုက်ကာ မတ်တပ်ထရပ်လိုက်ရင်း သူ၏ဖြူဖျော့သွယ်ပျောင်းလှသည့်လက်တစ်စုံကို ဝတ်ရုံလက်ရှည်အတွင်းသို့လျှိုသွင်းလိုက်ပြီးသော် ကြည်လင်ရွှင်ပျစွာ ညွှန်ကြားလိုက်လေသည်။

"လူ့ဘဝရဲ့အကြီးမားဆုံး ကံကောင်းခြင်းလေးမျိုးထဲကတစ်မျိုးက ရှေးတုန်းကသိကျွမ်းခင်မင်ခဲ့ဖူးတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို မွေးရပ်မြေရဲ့အဝေးတစ်နေရာမှာ ပြန်လည်ဆုံတွေ့ရခြင်းပဲတဲ့၊ ဖျင်အန်း....သူ့ကို အထဲကိုဝင်လာဖို့ အမြန်မဖိတ်ခေါ်သေးဘူးလား"

*************

Zawgyi

အခန္း ၄၀
အရွင္ခုနစ္

က်န္းခ်န္လင္မွာ ေခါင္းထဲ၌ရိုးတိုးရိပ္တိပ္ျဖစ္လာေနသည္။ ကင္းၿမီးေကာက္အဆိပ္က စတင္အစြမ္းျပေနတာျဖစ္နိုင္သည္။ သူ႕နားထဲတြင္ မိုးႀကိဳးပစ္ေနသကဲ့သို႔ ဝုန္းဝုန္းဒိုင္းဒိုင္းအသံမ်ားဆူညံစြာျမည္ဟီးလို႔ေနသည္။ ေဘးပတ္ဝန္းက်င္ရွိအသံမ်ားႏွင့္သူ႕အၾကားဝယ္ ပိတ္သားတစ္လႊာကာဆီးျခားနားေနသကဲ့သို႔ပင္။ အသံမ်ားကိုၾကားေနရေစကာမူ အနည္းငယ္အစစ္အမွန္မဟုတ္သကဲ့သို႔ပင္ခံစားေနရ၏။

သူ ျမားလာရာလမ္းေၾကာင္းဆီသို႔ ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ အမ်ိဳးသားႏွစ္ဦးကိုေတြ႕လိုက္ရသည္။

လက္ထဲ၌ဒူးေလးတစ္လက္ကိုကိုင္ေဆာင္ထားသူသည္ အျပာရင့္ေရာင္ဝတ္႐ုံရွည္တစ္ထည္ကိုဆင္ျမန္းလႊမ္းၿခဳံထားၿပီး သူ၏ရွည္လ်ားေသာဝတ္႐ုံလက္အနားတို႔မွာ ေလအေဝွ႕တြင္တဖ်တ္ဖ်တ္လြင့္ေနသည္။ ခါးေပၚတြင္ လက္ဖဝါးအ႐ြယ္မွ်က်ယ္ဝန္းေသာ ခါးပတ္တစ္ခုကိုပတ္ထားကာ ခါးေဘးတြင္မူ အျဖဴေရာင္ေက်ာက္စိမ္းျဖင့္ျပဳလုပ္ထားသည့္ ပုေလြတစ္ေခ်ာင္းကိုခ်ိတ္ဆြဲထား၏။ သူ႕ပုံစံကိုၾကည့္ရသည္မွာ သိုင္းေလာကသားတစ္ဦးႏွင့္မတူသကဲ့သို႔ စာသင္သားတစ္ဦးႏွင့္လည္းတူညီျခင္းမရွိဘဲ ခ်မ္းသာႂကြယ္ဝ၍ျမင့္ျမတ္ေသာမ်ိဳးရိုးအသိုင္းအဝိုင္းမွဆင္းသက္ေပါက္ဖြားလာေသာ ဂုဏ္သေရရွိမင္းသားေလးတစ္ပါးႏွင့္တူညီလွေပသည္။ ဖ်တ္ခနဲၾကည့္လိုက္မည္ဆိုပါက သူ၏မက္မြန္ပန္းသဏၭာန္မ်က္ဝန္းအစုံထဲတြင္ အၿပဳံးမမည္ေသာအၿပဳံးတစ္ပြင့္ ေရးေတးေတးထင္ဟပ္ေနသေယာင္ရွိေစကာမူ ေစ့ေစ့စပ္စပ္ၾကည့္ရႈလိုက္ပါမူ ေနာက္ဆုံးေသာအဆိပ္ကင္းၿမီးေကာက္တပ္သားတစ္ေယာက္ကို လွမ္းၾကည့္လိုက္ေသာသူ႕အၾကည့္ထဲဝယ္ ေအးစက္စက္အလင္းေရာင္တို႔မဆိုစေလာက္စိမ့္ဝင္ပ်ံ့ႏွံ႕ေနလ်က္ရွိေပသည္။

က်န္းခ်န္လင္မွာ ငူငူငိုင္ငိုင္ျဖစ္သြားရွာၿပီး စိတ္ထဲ၌ေတြးလိုက္မိသည္။ ထိုလူသည္ကား သူ႕ဘဝတစ္ေလွ်ာက္လုံးေတြ႕ခဲ့ဖူးသမွ်လူအားလုံးထဲတြင္ အေခ်ာေမာအလွပဆုံးလူတစ္ေယာက္ျဖစ္သည္ဟူ၍။

သူ႕နံေဘးတြင္ ေနာက္ထပ္လူတစ္ေယာက္အတူလိုက္ပါလာသည္။ ထိုလူမွာမူ တစ္ကိုယ္လုံးအျပည့္ အနက္ေရာင္ဝတ္႐ုံကိုဝတ္ဆင္ထားၿပီး ေအးစက္မႈန္မွိုင္းေသာမ်က္ႏွာအသြင္အျပင္ကိုပိုင္ဆိုင္ထား၏။ သူ၏ပုခုံးထက္ဝယ္ ေႁမြပါကတိုးေကာင္ေလးတစ္ေကာင္အခန႔္သားထိုင္ေနလ်က္။

အႏွီအဆိပ္ကင္းၿမီးေကာက္အေသခံတပ္သားမွာ ေခတၱခဏမွ်တြန့္ဆုတ္ေတြေဝသြားၿပီးေနာက္ ျမားႀကိဳးမွပစ္လႊတ္လိုက္ေသာျမားတစ္စင္းပမာ ဒူးေလးကိုင္ေဆာင္ထားသူထံသို႔ တစ္ဟုန္ထိုးေျပးဝင္လာ၏။ က်န္းခ်န္လင္မွာ ေျပာမျပတတ္ေလာက္ေအာင္ပင္ သူ၏နား႐ြက္အနီးမွ ဝွစ္ခနဲျဖတ္သန္းသြားသည့္ ေအးစက္ေသာေလတိုးသံသဲ့သဲ့တစ္ခ်က္ကိုသာၾကားလိုက္ရၿပီးေသာ္ ဘာေတြျဖစ္လို႔ျဖစ္သြားမွန္းမသိလိုက္ခင္မွာပင္ ထိုအဆိပ္ကင္းၿမီးေကာက္မွာ ကင္းၿမီးေကာက္အေသတစ္ေကာင္အျဖစ္သို႔ေျပာင္းလဲသြားၿပီျဖစ္ေၾကာင္းကို ေတြ႕ျမင္လိုက္ရေပသည္။

အေစာတုန္းက သူႏွင့္ခပ္လွမ္းလွမ္းတြင္ရွိေနေသာ အနက္ေရာင္ဝတ္႐ုံႏွင့္လူမွာ မ်က္စိတစ္မွိတ္အတြင္းမွာပင္ သူ႕ေဘးနားသို႔ေရာက္ရွိလာေတာ့သည္။ သူက ကိုယ္ကိုငုံ႕ကိုင္းလိုက္ကာ ေသြးထြက္ေနေသာ သူ႕လက္တစ္ဖက္ကိုေကာက္ကိုင္ၾကည့္ရႈလိုက္ၿပီးေသာ္ သူ၏အေၾကာမွတ္မ်ားကိုလွမ္း၍ပိတ္ဆို႔ေပးလိုက္၏။ ထို႔ေနာက္ သူ႕ပါးစပ္ထဲသို႔ ေဆးလုံးတစ္လုံးကိုထိုးထည့္ေပးရင္း ေျပာလာ၏။

"မ်ိဳခ်လိဳက္၊ အဲဒါေတြက ကင္းၿမီးေကာက္အဆိပ္ေတြပဲ"

က်န္းခ်န္လင္ခမ်ာ က်န္သည့္အရာမ်ားကိုဂ႐ုမစိုက္နိုင္ေတာ့ဘဲ ထိုလူ၏ဝတ္႐ုံလက္အနားကိုသာ အသားကုန္ဆုပ္ကိုင္လ်က္ေျပာလိုက္သည္။

"ကု....ကု ရွန္း....က်ဲ....သူ႕ကို ကယ္ေပးပါ......"

၎မွာ ရွိသမွ်လက္က်န္ခြန္အားတို႔ကိုစုစည္းၿပီး ေျပာလိုက္ရသည့္စကားမ်ားမွာ ပါးစပ္ဖ်ားသို႔ေရာက္ေသာအခါတြင္မူ ဗလုံးဗေထြးျဖစ္ကာ မပီမသစကားလုံးမ်ားအျဖစ္သို႔သာေျပာင္းလဲသြားရွာသည္။ အနားတြင္ရပ္ေနေသာ အျပာရင့္ေရာင္ဝတ္႐ုံရွည္ႏွင့္လူမွာ တခဏမွ်ေၾကာင္အမ္းဆြံ႕အသြားသည့္တိုင္ သူေျပာလိုသည့္အရာကိုနားလည္သြားဟန္ျဖင့္ ႏူးညံ့ညင္သာစြာေမးျမန္းလာ၏။

"မင္းက ငါတို႔ကို တစ္ေယာက္ေယာက္ကို ကယ္ေပးဖို႔အကူအညီေတာင္းေနတာလား၊
သူက ဘယ္မွာလဲ"

က်န္းခ်န္လင္က လက္ညွိုးတစ္ေခ်ာင္းကိုဆန့္တန္းလိုက္ရင္း သူလာခဲ့သည့္အရပ္မ်က္ႏွာသို႔ၫႊန္ျပေနကာ ႏႈတ္မွလည္းတတြတ္တြတ္ေရ႐ြတ္ေနလ်က္။

"ကု....ကုက်ယ္က်ဲ....ခင္ဗ်ားတို႔ သူ႕ကို.....ကယ္...ကယ္ေပးပါ....."

အနက္ေရာင္ဝတ္႐ုံႏွင့္လူက နံေဘးရွိသူ႕အေဖာ္ျဖစ္သူကိုေခါင္းေမာ့ၾကည့္လိုက္ေသာအခါ အဆိုပါဝတ္႐ုံရွည္ႏွင့္လူထံမွစကားသံကိုသာလွ်င္ၾကားလိုက္ရ၏။

"အျမန္မသြားေသးဘူးလား"

ဝတ္႐ုံနက္ႏွင့္လူက သူ႕ပုခုံးေပၚ၌ထိုင္ေနသည့္ ေႁမြပါကတိုးေကာင္ေလးကို အသာအယာဆြဲခ်လိဳက္ၿပီး ထိုသူ၏ရင္ခြင္အတြင္းသို႔ လွမ္းပစ္ေပးလိုက္ေလသည္။

"အရွင့္သား ဂ႐ုစိုက္ပါ။ ကြၽန္ေတာ္ ခ်က္ခ်င္းျပန္လာခဲ့ပါမယ္"

ထို႔ေနာက္ ေနာက္သို႔တစ္ခ်က္လွည့္လိုက္သည္ႏွင့္ ထိုလူမွာ မ်က္စိေရွ႕မွလွစ္ခနဲေပ်ာက္ကြယ္သြားေတာ့သည္။ က်န္းခ်န္လင္မွာ ထိုသူ၏ပုံရိပ္ေပ်ာက္ကြယ္သြားသည့္ေနရာသို႔ ဂဏာမၿငိမ္စြာျဖင့္ စိုးရိမ္တႀကီးေငးစိုက္ၾကည့္ရႈေနရွာ၏။ အဆိုပါဝတ္႐ုံရွည္ႏွင့္လူက သူ႕ကိုထူမေပးလိုက္ကာ ကိုယ္ကိုမတ္မတ္ထိုင္ေစလ်က္ၫႊန္ၾကားလိုက္သည္။

"မ်က္စိကိုမွိတ္ၿပီး အာ႐ုံစူးစိုက္ထား​။ မင္းရဲ႕အေတြးေတြကိုမပ်ံ့လြင့္ေစနဲ႕။ တျခားအရာေတြကိုစိတ္ပူမေနဘဲ ကိုယ့္အသက္ကို အရင္ဆုံးကာကြယ္ေစာင့္ေရွာက္ရမယ္"

က်န္းခ်န္လင္မွာလည္း သူစိတ္ပူေန႐ုံမွ်ျဖင့္ ဘာမွထူးျခားလာမည္မဟုတ္မွန္းသိေနေသာေၾကာင့္ ထိုလူ၏စကားအတိုင္း မ်က္လုံးစုံမွိတ္လိုက္သည္။ အႏွီေႁမြပါကတိုးေကာင္ေလးက ထိုလူ၏ရင္ခြင္အတြင္းမွ တလႈပ္လႈပ္တိုးထြက္လာကာ ခႏၶာကိုယ္ကိုေဘာလုံးေလးတစ္လုံးႏွယ္ ေကြးႀကဳံ႕ေခြေခါက္ေနလ်က္ သူ႕သခင္ျဖစ္သူကို ဟိုဟိုသည္သည္တရႈံ႕ရႈံ႕နမ္းရွိုက္ေနသည္။ ေလထုထဲ၌ ေသြးညွီနံ႕မ်ားခပ္ေရးေရးပ်ံ့လြင့္ေနၿပီး ထိုလူ၏ဝတ္႐ုံေပၚဝယ္ သင္းပ်ံ့ႀကိဳင္လွိုင္ေသာေမႊးရနံ႕သင္းသင္းတို႔ၿငိတြယ္ခိုကပ္ေနသည္။ ထိုေမႊးရနံ႕ေပါင္းစုံတို႔အလယ္မွာပင္ က်န္းခ်န္လင္တစ္ေယာက္ ျဖည္းျဖည္းခ်င္း သတိလစ္ေမ့ေျမာသြားရွာေတာ့သည္။

သူသတိျပန္ရလာခ်ိန္၌ မိုးစုံးစုံးခ်ဳပ္ေနၿပီျဖစ္သည္။ က်န္းခ်န္လင္၏ခႏၶာကိုယ္အႏွံ႕အျပားရွိထုံက်ဥ္မႈတို႔က ကင္းၿမီးေကာက္အဆိပ္ႏွင့္အတူ ေလ်ာ့ပါးသက္သာသြားၿပီျဖစ္ေလရာ သူက ျဖည္းျဖည္းခ်င္းကုန္း႐ုန္းထလာ၏။ ၎မွာ တခဏမွ်ေငါင္စင္းစင္းျဖစ္ေနရွာၿပီး ဘာေတြဘယ္လိုျဖစ္သြားမွန္းမစဥ္းစားတတ္ေတာ့ပါေခ်။ ထိုအခိုက္ အနားရွိ မိန္းကေလးတစ္ဦးထံမွေအာ္သံတစ္သံကိုၾကားလိုက္ရသည္။

"အာ.....မင္းနိုးလာၿပီပဲ"

က်န္းခ်န္လင္မွာ အတိုင္းမသိဝမ္းသာအားရျဖစ္သြားၿပီး ေခါင္းကိုလွည့္ၾကည့္လိုက္၏။ ကုရွန္း၏ပုံစံမွာ အနည္းငယ္ဖရိုဖရဲျဖစ္ေနသည့္တိုင္ တစ္ကိုယ္လုံးအေကာင္းပကတိအတိုင္းရွိေနေသးသည္။ ခႏၶာကိုယ္ေပၚရွိ ဒဏ္ရာကိုလည္း ေကာင္းေကာင္းကုသထားၿပီးျဖစ္ကာ ယခုအခါ မီးပုံတစ္ခုအနီးတြင္ထိုင္ရင္း မီးလႈံေနသည္။ ထိုအခိုက္မွာပင္ အသားမာမ်ားျပည့္ႏွက္ေနသည့္လက္တစ္ဖက္ကလွမ္းလာၿပီး လက္ေခ်ာင္းထိပ္ေလးျဖင့္ က်န္းခ်န္လင္၏လက္ေကာက္ဝတ္ေပၚရွိ ေသြးခုန္ႏႈန္းကိုစမ္းသပ္စစ္ေဆးလိုက္သည္။ တေအာင့္ၾကာေသာအခါမွ လက္ကိုျပန္လႊတ္ေပးရင္း ေျပာလာသည္။

"အဆိပ္ကေတာ့ ေျပသြားပါၿပီ"

သူ႕ကို ေသြးခုန္ႏႈန္းစမ္းသပ္ေပးလိုက္သည့္လူမွာ အနက္ေရာင္ဝတ္႐ုံဝတ္ဆင္ထားသူပင္တည္း။ ထိုလူက သူ႕ကိုအထူးအဆန္းသဖြယ္စူးစိုက္ၾကည့္ရႈေနသည့္ က်န္းခ်န္လင္၏မ်က္ဝန္းတစ္စုံကိုေတြ႕ျမင္လိုက္ရေသာ္ျငား မသိက်ိဳးကြၽံျပဳကာ ေခါင္းတစ္ခ်က္ညိတ္လိုက္ရင္း စုတ္တံတစ္ေခ်ာင္းသဖြယ္ ကိုယ္ကိုမတ္မတ္ထားလ်က္ သစ္ပင္ေအာက္၌အမွီျပဳထိုင္ေန၏။ သူ၏ေလးနက္တည္တံ့လွေသာ ႐ုပ္သြင္အဂၤါငါးပါးမွာ ေဘးဘက္မွၾကည့္လိုက္ပါလွ်င္ ေက်ာက္တုံးတစ္တုံးကိုထြင္းထုပုံေဖာ္ထားသည့္အလား။ ထိုလူကိုလွမ္းၾကည့္ေနသည့္ ကုရွန္း၏အၾကည့္မ်ားထဲဝယ္ ရိုေသေလးစားသည့္အမူအရာမ်ားျပည့္ႏွက္ေနသည္ကိုအံ့အားသင့္ဖြယ္ေတြ႕ျမင္လိုက္ရသည္။ စကားကို႐ုန့္ရင္းၾကမ္းတမ္းစြာ ေအာ္ဟစ္ေျပာဆိုတတ္သည့္ သူ၏ေမြးရာပါအက်င့္စရိုက္အျပဳအမူတို႔ကို ခ်ဳပ္တည္းထားေနရဟန္ျဖင့္။

သို႔ျဖစ္ရာ က်န္းခ်န္လင္က အထစ္အေငါ့ေငါ့ေျပာလိုက္သည္။

"ကြၽန္ေတာ္တို႔ကိုအသက္ကယ္ေပးခဲ့တဲ့ သူရဲေကာင္းႀကီးႏွစ္ဦးကို အထူး....အထူးေက်းဇူးတင္ရွိပါတယ္ခင္ဗ်ာ"

ထိုဝတ္႐ုံနက္ႏွင့္လူက အႏွီစကားကိုၾကားေသာ္ ေခါင္းကိုညိတ္သည္ဆို႐ုံမွ်ညိတ္ျပရင္း ခြန္းတုံ႕ျပန္လိုက္၏။

"မလိုပါဘူး"

ထို႔ေနာက္ သူ႕ကိုဆက္ၾကည့္မေနေတာ့ဘဲ ေခါင္းလွည့္သြားၿပီး အျခားတစ္ေနရာသို႔လွမ္းေမွ်ာ္ၾကည့္ရႈလိုက္ေလသည္။

က်န္းခ်န္လင္လည္း သူ႕အၾကည့္မ်ားအတိုင္း လိုက္လံၾကည့္ရႈလိုက္ေသာအခါဝယ္ နံနက္ပိုင္းတုန္းက ဒူးေလးတစ္ေခ်ာင္းကိုကိုင္ေဆာင္ထားခဲ့သည့္ဝတ္႐ုံရွည္ႏွင့္လူသည္ လက္ထဲတြင္ထင္းေခ်ာင္းမ်ား တေပြ႕တပိုက္သယ္ေဆာင္လ်က္ျပန္လာေနသည္ကို ေတြ႕လိုက္ရ၏။ ဝတ္႐ုံနက္ႏွင့္လူက ထသြားရန္ျပင္လိုက္စဥ္မွာပင္ ကုရွန္းက အရင္ဦးစြာ အားႀကိဳးမာန္တက္ ပ်ာပ်ာသလဲအေျပးသြားလိုက္ၿပီး သူ႕လက္ထဲမွထင္းေခ်ာင္းမ်ားကို လႊဲေျပာင္းသယ္ယူေပးကာ စကားဆိုလိုက္သည္။

"အရွင္ခုနစ္....ထိုင္ပါ....ထိုင္ပါ။ ဒီလိုအလုပ္ေတြကို ကြၽန္မတာဝန္ထားလိုက္ပါ။ အရွင္က ဒီလိုအလုပ္ၾကမ္းေတြကို ဘာျဖစ္လို႔ကိုယ္တိုင္ကိုယ္က်လဳပ္ေပးေနရတာပါလဲ။ ဘာပဲျဖစ္ျဖစ္ ကြၽန္မက အစကတည္းက သူမ်ားရဲ႕အေစခံတစ္ေယာက္ပါပဲေလ"

ကုရွန္း၏ႏႈတ္ဖ်ားမွ 'အရွင္ခုနစ္' ဟူသည့္အမည္ကိုၾကားလိုက္ရေသာအခါ ထိုလူ၏မက္မြန္ပြင့္သဏၭာန္မ်က္ဝန္းမ်ားမွာ ေကြးၫြတ္၍ၿပဳံးေယာင္သန္းသြားၿပီးေသာ္ လက္ထဲမွထင္းေခ်ာင္းမ်ားကို ကုရွန္းထံသို႔ အသာတၾကည္လႊဲေျပာင္းေပးလိုက္ကာ ဝတ္႐ုံနက္ႏွင့္လူ၏နံေဘးတြင္သြားထိုင္လိုက္သည္။ ဝတ္႐ုံနက္ႏွင့္လူက မည္သည့္ေနရာမွထုတ္ယူလာမွန္းမသိရေသာ လက္အႏြေးအိုးေလးတစ္လုံးကို လုပ္ေနက်အလုပ္တစ္ခုပမာ က်င့္သားရေနသည့္အလား ထိုလူ၏လက္ထဲသို႔ထိုးထည့္ေပးလိုက္ရင္း ဝတ္႐ုံလက္အနားတြင္ကပ္ၿငိေနေသာ သစ္႐ြက္ေျခာက္ေလးတစ္႐ြက္ကို ညင္သာသြက္လက္စြာဆြဲယူဖယ္ရွားေပးလိုက္သည္။ က်န္းခ်န္လင္မွာ သူ႕ကိုယ္သူထင္ေယာင္ထင္မွားျဖစ္ေနသလားဆိုသည္ကိုမသိနိုင္ေစကာမူ ဝတ္႐ုံနက္ႏွင့္လူမွာ ထိုတခဏအတြင္း အသက္ဝိညာဥ္ကင္းမဲ့ေနေသာေက်ာက္တုံးႀကီးတစ္တုံးအျဖစ္မွသည္ အေသြးအသားတို႔ျဖင့္ဖြဲ႕စည္းတည္ေဆာက္ထားေသာ သက္ရွိလူသားတစ္ဦးအျဖစ္သို႔ ေျပာင္းလဲသြားသလိုခံစားလိုက္ရေပ၏။ သူ႕မ်က္ဝန္းမ်ားသည္ပင္ အႏြေးဓာတ္တို႔ယွက္သန္းလာသေယာင္။

သူတို႔ႏွစ္ဦးမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ စကားမ်ားမ်ားစားစားမေျပာၾကေစကာမူ ႏွစ္ဦးသား၏လႈပ္ရွားမႈတစ္ခုခ်င္းစီထဲတြင္ စကားလုံးမ်ားျဖင့္ေဖာ္ၫႊန္း၍မရနိုင္ေသာ ရင္းႏွီးကြၽမ္းဝင္မႈႏွင့္အျပန္အလွန္နားလည္မႈတို႔ ခပ္ေရးေရးထင္ဟပ္ေနသည္။

အရွင္ခုနစ္က က်န္းခ်န္လင္ကိုၾကည့္ကာ ေမးလာသည္။

"မင္း နည္းနည္းေလာက္ သက္သာသြားၿပီလား"

ထိုလူ၏စကားသံမွာ စူးရွက်ယ္ေလာင္ျခင္းအလ်ဥ္းမရွိဘဲ အလြန္တရာခ်ိဳသာေပ်ာ့ေပ်ာင္းကာ နားဝင္ပီယံရွိလွေပသည္။ က်န္းခ်န္လင္မွာ ဘာရယ္ေၾကာင့္မွန္းမသိဘဲ ႐ုတ္တရက္ရွိုးတိုးရွန႔္တန႔္ျဖစ္သြားလ်က္ ေခါင္းကိုငုံ႕ခ်လိဳက္ၿပီးေသာ္ အသံမထြက္ဘဲေခါင္းညိတ္ျပလိုက္မိသည္။ သို႔တိုင္ ေနာက္တစ္ႀကိမ္ေခါင္းေမာ့ကာ ထိုသူကို မသိမသာခိုးၾကည့္လိုစိတ္တို႔လည္းတဖြားဖြားျဖစ္ေပၚမိျပန္သည္__ထိုေန႕က စားေသာက္ဆိုင္၌ သူေတြ႕ျမင္ခဲ့ရသည့္အမ်ိဳးသမီးမွာ ျပစ္မ်ိဳးမွဲ႕မထင္ေခ်ာေမာလွပသူျဖစ္ေသာ္ျငား ယခု ထိုအမ်ိဳးသား၏မ်က္ႏွာႏွင့္ႏွိုင္းယွဥ္ၾကည့္လိုက္ပါမူ သူ(မ) ၏မ်က္ႏွာမွာ စာ႐ြက္ေပၚ၌ေဆးျခယ္ထားသည့္ ပါးလ်ေသာအတုအေယာင္မ်က္ႏွာျပင္အေရျပားတစ္ခုႏွင့္သာ ပို၍ဆင္တူေနသကဲ့သို႔ က်န္းခ်န္လင္႐ုတ္တရက္ခံစားလိုက္ရ၏။

အရွင္ခုနစ္က ထပ္မံ၍ေမးျမန္းလာသည္။

"မင္းရဲ႕မ်ိဳးရိုးနာမည္က ဘာတဲ့လဲ။ ခုနက လူေတြက....."

က်န္းခ်န္လင္ခမ်ာ တုံ႕ျပန္မႈမျပဳလိုက္ရေသးခင္မွာပင္ မီးပုံထဲသို႔ထင္းေခ်ာင္းမ်ားပစ္ထည့္ေနသည့္ ကုရွန္းမွာ အနားသို႔ေရာက္လာကာ ပါးစပ္မွကရားေရလႊတ္တတြတ္တြတ္ေျပာၾကားလိုက္၏။

"သူက ကြၽန္မေမာင္ေလးပါ။ မ်ိဳးရိုးကေတာ့ ကုမ်ိဳးရိုးပါပဲ။ ကြၽန္မတို႔ႏွစ္ေယာက္က အစတုန္းက စံအိမ္ေတာ္က အရွင္သခင္တစ္ေယာက္ဆီမွာ အလုပ္အေကြၽးျပဳသူေတြပါ။ ကြၽန္မက အေစခံမေလးတစ္ဦးျဖစ္ၿပီး သူကေတာ့ အလုပ္သမားေကာင္ေလးတစ္ေယာက္ေပါ့။ ဒါေပမဲ့ ကြၽန္မတို႔အရွင္သခင္ေလးရဲ႕အိမ္ေတာ္က အခုလိုမ်ိဳးကံဆိုးမိုးေမွာင္က်သြားရွာလိမ့္မယ္လို႔ ဘယ္သူကထင္မွာတဲ့လဲ။ သူတို႔ေတြက ဘယ္ကေရာက္လာၾကသူေတြမွန္းလဲ မသိပါဘူး။ သူတို႔က ကြၽန္မတို႔လို ေအာက္လက္ငယ္သားအေစခံေတြကိုေတာင္မွ အလြတ္မေပးဘဲ ရွိသမွ်လူအကုန္လုံးကို တစ္ေယာက္မက်န္သုတ္သင္ရွင္းလင္းခ်င္ေနတဲ့ပုံပဲ။ တကယ့္ကို လူမဆန္တဲ့ေကာင္ေတြ။ အနာဂတ္မွာ သူတို႔ရဲ႕သားသမီးေတြေမြးဖြားလာရင္ ေသခ်ာေပါက္ကို ဖင္မွာအေပါက္ပါလာမွာမဟုတ္ဘူး။ ဒီကလူႀကီးမင္းႏွစ္ေယာက္ကိုေတာ့ အထူးေက်းဇူးတင္ပါတယ္...."

ဝတ္႐ုံနက္ႏွင့္လူက ေခါင္းေထာင္လာၿပီး သူ႕ကိုဖ်တ္ခနဲလွမ္းၾကည့္လိုက္ေလရာ ကုရွန္းမွာ ေျပာလက္စစကားမ်ားရပ္တန့္သြားရွာၿပီး ျပဴးေၾကာင္ေၾကာင္မ်က္လုံးမ်ားျဖင့္သာ က်ီးကန္းေတာင္းေမွာက္ ဟိုၾကည့္သည္ၾကည့္လုပ္ေနလိုက္ရရွာေတာ့သည္။

ကုရွန္းမွာ ေပါက္ကရေလးဆယ္ေလွ်ာက္​ေျပာေနျခင္းျဖစ္ေသာ္ျငား အရွင္ခုနစ္က လုံးဝကို သူႏွင့္ဖက္ၿပိဳင္ျငင္းခုံျခင္းမျပဳခဲ့႐ုံသာမက ေဖာ္ေ႐ြၾကည္သာစြာပင္ ထပ္မံ၍စကားဆက္လာျပန္၏။

"မင္းတို႔ႏွစ္ေယာက္လုံး ဒဏ္ရာကိုယ္စီရထားၾကတယ္။ အစကေတာ့ မင္းတို႔ကိုတည္းခိုခန္းတစ္ခုဆီေခၚသြားဖို႔စီစဥ္ခဲ့ေပမဲ့ ၿမိဳ႕ထဲမွာ မင္းတို႔ကိုလိုက္သတ္ၾကမဲ့သူေတြရွိၿပီး လုံၿခဳံမႈမရွိနိုင္ဘူးလို႔ မိန္းကေလးကေျပာတဲ့အတြက္ ဒီတစ္ညေတာ့ ဒီေနရာမွာပဲနည္းနည္းေလာက္ဒုကၡခံၿပီးေနလိုက္ၾကပါ။ မနက္ျဖန္မနက္မိုးလင္းမွပဲ ဘာဆက္လုပ္မလဲဆိုတာ အစီအစဥ္ဆြဲၾကေပါ့။ ဒါနဲ႕ မင္းတို႔မွာ တျခားသြားစရာေနရာေရာရွိရဲ႕လား"

ထိုလူ၏ေလသံမွာ မႏွေးလြန္းမျမန္လြန္းဘဲ ႏူးညံ့ေပ်ာ့ေပ်ာင္းလြန္းလွေပရာ လူမမည္ကေလးငယ္ေလးႏွစ္ေယာက္အား ႏွစ္သိမ့္ေခ်ာ့ျမဴေနသည့္ႏွယ္။ က်န္းခ်န္လင္မွာ နားေထာင္ရင္းနားေထာင္ရင္းမွာပင္ ႐ုတ္ခ်ည္းဆိုသလို ဝမ္းနည္းအားငယ္စိတ္တို႔ျဖစ္ေပၚလာကာ စိတ္ထဲ၌ေတြးေတာမိလိုက္၏။ သူတို႔ ဘယ္ေနရာ၊ ဘယ္ေဒသကိုမ်ားသြားနိုင္ဦးပါမည္နည္း။ သူ၏အေဖမွာလည္း အေစာႀကီးကတည္းက ေသဆုံးသြားရွာၿပီျဖစ္သလို တစ္မိသားစုလုံးလည္း တစ္ေယာက္မက်န္အသတ္ခံလိုက္ရသည္။ လက္ရွိအခ်ိန္၌ လူဆိုးပင္ျဖစ္ေစ၊ လူေကာင္းပင္ျဖစ္ေစ အားလုံးမွာ သူ႕ကိုဖမ္းဆီးခ်င္ေနၾကသူခ်ည္းသာျဖစ္သည္။ သူ႕အျဖစ္မွာ ေလးကိုင္းေလးတစ္ခ်က္မွ်လႈပ္ခတ္သြား႐ုံျဖင့္ စိုး႐ြံ႕ထိတ္လန႔္ေနရေသာ ငွက္ကေလးတစ္ေကာင္သဖြယ္၊ အေတာင္ပံမ်ား က်ိဳးေက်မတတ္ပ်ံသန္းေနရရွာသည္။ အေျပာက်ယ္လွသည့္ ဤကမၻာေလာကႀကီးဝယ္ သူ႕အတြက္ေျခခ်စရာေနရာတစ္ေနရာမွ်ပင္ရွိမေနခဲ့ပါေခ်။ က်န္းခ်န္လင္မွာ မ်က္လုံးမ်ားရဲရဲနီေစြးလာကာ မည္သည့္စကားမွ်မဆိုဘဲ တိတ္ဆိတ္သြားေတာ့သည္။

ကုရွန္းက ေတြးေတာလိုက္ၿပီးေသာ္ စကားဆက္လာ၏။

"အစကေတာ့ ကြၽန္မရဲ႕သခင္နဲ႕ သူ႕ရဲ႕ဆရာျဖစ္သူတို႔က ကြၽန္မတို႔ႏွစ္ေယာက္နဲ႕ေတြ႕ဆုံဖို႔အခ်ိန္းအခ်က္လုပ္ထားၿပီးသားပါ။ မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ လူသတ္သမားတစ္စုရဲ႕လိုက္လံသတ္ျဖတ္တာကိုခံလိုက္ရေတာ့ ကြၽန္မတို႔လဲေျပးမိေျပးရာထြက္ေျပးခဲ့ရပါတယ္။ ဒီေတာ့ သူတို႔ႏွစ္ေယာက္ ကြၽန္မတို႔ကိုရွာေတြ႕မလား၊ မေတြ႕ဘူးလားဆိုတာလဲ မသိေတာ့ပါဘူး..."

က်န္းခ်န္လင္က ေခ်ာင္ေဝ့နင္ကိုသတိရသြားၿပီးေနာက္ ကိုယ့္ကိုယ္ကိုယ္ဟုတ္လွၿပီအထင္ႏွင့္ ေနာက္ထပ္စကားတစ္ခြန္းျဖည့္စြက္ေျပာၾကားလိုက္၏။

"ေနာက္ၿပီး အစ္ကိုေခ်ာင္လဲ ရွိေသးတယ္၊ သူ႕ကိုလဲ ထူးဆန္းတဲ့လူေတြက ဖမ္းေခၚသြားၾကတယ္"

ကုရွန္းက ခ်က္ခ်င္းဆိုသလိုပင္ ဓားသြားတမွ်စူးရွျပင္းထန္ေသာအၾကည့္စူးစူးတို႔ကို က်န္းခ်န္လင္ဆီသို႔ပို႔လႊတ္လိုက္ကာ အႏွီငတုံးေကာင္ေလးအား စကားကိုလက္လြတ္စပယ္ေလွ်ာက္မေျပာရန္ သတိေပးဟန့္တားသည့္အရိပ္အကဲမ်ိဳးျပသလိုက္သည္။ သို႔ေသာ္ မည္သူကထင္ပါအံ့နည္း။ သူ႕သာသာသူ တစ္ကိုယ္တည္းငူငူငိုင္ငိုင္ျဖင့္ စိတ္ႏွလုံးနာက်င္ညွိုးႏြမ္းေနရွာေသာ က်န္းခ်န္လင္မွာ ကုရွန္း၏မ်က္ရိပ္မ်က္ကဲျပမႈမ်ားကို သတိထားမိျခင္းမရွိပါေခ်။ အရွင္ခုနစ္ထံမွ ေနာက္ဆက္တြဲေမးခြန္းကိုၾကားလိုက္ရသည္။

"ထူးဆန္းတဲ့လူေတြဆိုတာ ဘယ္လိုလူမ်ိဳးေတြကိုေျပာတာလဲ"

က်န္းခ်န္လင္က ရိုးသားပြင့္လင္းစြာေျဖၾကားလိုက္၏။

"လူပုေလးတစ္ေယာက္ရယ္၊ ဧရာမလူသန္ႀကီးတစ္​ေယာက္ရယ္၊ ၿပီးေတာ့ ေတာက္ေတာက္ေျပာင္ေျပာင္ လွလွပပဝတ္စားထားတဲ့ အဘိုးအဘြားစုံတြဲရယ္ပါ"

ကုရွန္းမွာ မ်က္ျဖဴသာလွန္လိုက္ရင္း ေကာင္းကင္ႀကီးကိုေမာ့ၾကည့္လိုက္ၿပီး က်န္းခ်န္လင္ဟူသည့္ ငတုံးငအေလးကို ေနာက္တစ္ႀကိမ္သတိလစ္ေမ့ေျမာသြားေအာင္ ထုေထာင္းရိုက္ႏွက္ခ်င္စိတ္တို႔တဖြားဖြားျဖစ္ေပၚလာေတာ့သည္။

အရွင္ခုနစ္က သိုင္းေလာကသားမ်ားႏွင့္အကြၽမ္းတဝင္ရွိပုံမရဟန္ျဖင့္ တခဏမွ်ေၾကာင္အမ္းအမ္းျဖစ္သြားၿပီးေသာ္ ေမးျမန္းလာ၏။

"သူတို႔က ဘယ္သူေတြမ်ားလဲ"

အနားရွိဝတ္႐ုံနက္ႏွင့္လူထံမွ စကားသံကိုၾကားလိုက္ရ၏။

"ေျမနတ္အရွင္ ဖုန္းေရွာင္ဖုန္းနဲ႕ သူ႕ရဲ႕ငယ္ကြၽန္ေတာ္ေကာင္းရွန္းတို႔ပါ။ ေတာက္ေတာက္ေျပာင္ေျပာင္ဝတ္စားထားတဲ့အဘိုးအဘြားေတြဆိုတာေတာ့....မက္မြန္နီဘြားဘြားနဲ႕မိုးမခစိမ္းဘိုးဘိုးတို႔ျဖစ္နိုင္တယ္"

ထိုသူက က်န္းခ်န္လင္ထံသို႔ လွ်ပ္စီးတမွ်လ်င္ျမန္ေသာအၾကည့္တို႔ကိုပစ္လႊတ္လိုက္ရင္း ေအးတိေအးစက္ေမးလိုက္သည္။

"သူတို႔ေတြအားလုံးက လူေကာင္းသူေကာင္းေတြမဟုတ္ၾကဘူးဆိုေပမဲ့ ကိုယ့္အထာနဲ႕ကိုယ္၊ ကိုယ့္အဆင့္အတန္းနဲ႕ကိုယ္ေနၾကတဲ့သူေတြပဲ။ အဆိပ္ကင္းၿမီးေကာက္အဖြဲ႕သားေတြနဲ႕ လုံးဝတပူးပူးတတြဲတြဲလုပ္ေနမွာမဟုတ္ဘူး။ သူတို႔က ဘာေၾကာင့္မ်ား မင္းတို႔ကိုေတာက္ေလွ်ာက္လိုက္သတ္ေနရတာလဲ"

ဖ်တ္ခနဲလွမ္းၾကည့္လိုက္သည့္ သူ႕အၾကည့္တို႔ေၾကာင့္ က်န္းခ်န္လင္ခမ်ာ သူ႕ရင္ဘတ္ေပၚသို႔ေရခဲတမွ်ေအးစက္လွသည့္ ေက်ာက္တုံးႀကီးတစ္တုံးဖိႏွိပ္ထားသကဲ့သို႔ခံစားလိုက္ရၿပီး ခ်က္ခ်င္းလက္ငင္းပင္ အသက္ရႉက်ပ္သလိုျဖစ္သြားရရွာသည္။

အရွင္ခုနစ္ကမူ ၿပဳံးရယ္လ်က္

"အဆိပ္သခင္ေလး....ကေလးကို လန့္ေအာင္မလုပ္ပါနဲ႕ေတာ့"

အႏွီစကားကိုၾကားေသာ္ ဝတ္႐ုံနက္ႏွင့္လူမွာ အမွန္တကယ္ နာခံက်ိဳးႏြံစြာပင္ မ်က္လႊာခ်လိဳက္ကာ က်န္းခ်န္လင္ႏွင့္ကုရွန္းတို႔ႏွစ္ေယာက္ကိုအေရးမလုပ္ေတာ့ဘဲ ဘုန္းေတာ္အိုႀကီးတစ္ပါးသဖြယ္ တရားထိုင္ေနလိုက္ေတာ့သည္။

အရွင္ခုနစ္၏အၾကည့္မ်ားမွာ စိုးရိမ္ေၾကာင့္ၾကမႈေၾကာင့္ ဂဏာမၿငိမ္ျဖစ္ေနရွာေသာ ကုရွန္းထံ၌ ေခတၱခဏရပ္တန့္သြားၿပီးေနာက္ က်န္းခ်န္လင္ဘက္သို႔လွည့္ကာ ႐ုတ္ခ်ည္းေမးျမန္းလာသည္။

"ကေလး....ငါေမးမယ္....ဧကႏၱ မင္းရဲ႕ဆရာဆိုတဲ့သူက က်ိဳးမ်ိဳးရိုးနဲ႕လူမ်ားလား"

ကုရွန္းမွာ က်န္းခ်န္လင္ပါးစပ္ထဲမွေနာက္ထပ္ သတင္းအခ်က္အလက္တစ္ခုခုထြက္ေပၚသြားမည္ကို ထိတ္လန႔္စိုးရိမ္သြားလ်က္ အလ်င္အျမန္ၾကားျဖတ္ေျဖၾကားလိုက္၏။

"မဟုတ္ပါဘူး...သူ႕ဆရာက 'က်ိဳး' မ်ိဳးရိုးမဟုတ္ဘူး၊ 'ထန္း' မ်ိဳးရိုးပါ။ ေျပာရရင္ စုတ္တီးစုတ္ပဲ့နဲ႕ ႏွာဘူးက်တတ္တဲ့အဘိုးႀကီးတစ္ေယာက္ေပါ့"

သို႔ရာတြင္ သူ၏ရဲေဘာ္ရဲဘက္ျဖစ္ေသာ ထိုဝက္ေပါက္စတစ္ေကာင္ႏွင့္တူသည့္ က်န္းခ်န္လင္မွာ မ်က္ေမွာင္ႀကီးၾကဳတ္ကာလွမ္းၾကည့္ရင္း မဟုတ္မခံတတ္ေသာ ေျဖာင့္မတ္မွန္ကန္သူႀကီးသဖြယ္ သူ႕ကိုခြန္းတုံ႕ျပန္လိုက္လိမ့္မည္ဟု မည္သူကထင္ပါအံ့နည္း။

"ကြၽန္ေတာ့္ဆရာက ဘာမွစုတ္တီးစုတ္ပဲ့နဲ႕ ႏွာဘူးထတတ္တဲ့အဘိုးႀကီးတစ္ေယာက္မဟုတ္ဘူး။ အစ္မ မဟုတ္တာေတြေလွ်ာက္မေျပာနဲ႕ေနာ္"

ကုရွန္း၏လက္ဆယ္ေခ်ာင္းလုံးမွာ တဆတ္ဆတ္တုန္ယင္သြားၿပီး အႏွီသတၱဝါေလးအား လည္ပင္းညွစ္သတ္ခ်င္စိတ္တို႔တဖြားဖြားေပၚေပါက္လာေတာ့သည္။

အရွင္ခုနစ္က ေခါင္းတယမ္းယမ္းျဖင့္ သေဘာတက်ရယ္ေမာလိုက္၏။

"ဘယ္ကလာတဲ့ ထူးဆန္းတဲ့ေကာင္မေလးလဲ။ ထားပါ​ေတာ့၊ ငါတို႔က လူဆိုးေတြမဟုတ္ပါဘူး။ ၿပီးေတာ့ ေျပာရရင္ မင္းရဲ႕ဆရာက်ိဳးနဲ႕ ငါနဲ႕က ဟိုးအရင္ကတည္းက အသိမိတ္ေဆြေတြျဖစ္ခဲ့ဖူးပါတယ္"

ကုရွန္း၏မ်က္လုံးမ်ားမွာ တစ္ပတ္လည္သြားလ်က္ ေမးျမန္းလိုက္၏။

"ဒါဆိုရင္ ေျပာပါဦး၊ သူ႕ဆရာက နာမည္ဘယ္လိုေခၚသလဲ၊ ဘယ္လိုပုံစံမ်ိဳးလဲ"

အရွင္ခုနစ္က ဆို၏။

"သူ႕ဆရာရဲ႕ မ်ိဳးရိုးနာမည္က 'က်ိဳး' ၊ နာမည္အျပည့္အစုံကေတာ့...."

သူ ႐ုတ္တရက္ ရပ္တန့္သြားသည္။ မက္မြန္ပန္းသဏၭာန္မ်က္ဝန္းတို႔မွာ က်ဥ္းေျမာင္းသြားလ်က္ ေခတၱခဏစဥ္းစားေတြးေတာလိုက္သည္။

က်ိဳးက်စ္ရႉး....ဒီလူက ေခါင္းကိုဖုံးၿပီးအၿမီးေဖာ္ထားရတာကို က်င့္သားရေနတဲ့လူဆိုေတာ့ ေသခ်ာေပါက္ နာမည္အရင္းကိုသုံးမွာမဟုတ္ဘူး။ တျခားဘယ္နာမည္ကိုမ်ားေျပာင္းလဲထားေလမလဲ။

မ်က္လုံးပင့္ၾကည့္လိုက္ေသာအခါဝယ္ သူ႕ကိုျပဴးက်ယ္ဝိုင္းစက္ေသာမ်က္လုံးအစုံျဖင့္ မ်က္ေတာင္မခတ္စတမ္းစူးစိုက္ၾကည့္ရႈေနသည့္ ကုရွန္းကိုေတြ႕လိုက္ရေသာအခါ စိတ္ထဲတြင္ရယ္ခ်င္ပက္က်ိျဖစ္သြားရွာ၏။ မထင္မွတ္ဘဲ အႏွီကေလးမေလး၏ေမးခြန္းေၾကာင့္ တကယ့္ကိုပင္အက်ပ္ရိုက္သြားရေလသည္။ ထို႔ေနာက္ လွ်ပ္တစ္ျပက္အတြင္းမွာပင္ ေခါင္းထဲ၌အေတြးတစ္ခုလက္ခနဲျဖစ္သြားၿပီး လႊတ္ခနဲေျပာလိုက္၏။

"သူ႕နာမည္က 'က်ိဳး႐ႊိ' တဲ့...ဟုတ္တယ္မလား။ 'လူက တိမ္စိုင္တိမ္လႊာေတြလို ေလႏွင္ရာေမ်ာလြင့္ေနတတ္ၿပီး ႏွလုံးသားကေတာ့ ဝါဂြမ္းစေလးလိုပ်ံသန္းေနတတ္တယ္' ဆိုတဲ့ကဗ်ာထဲက 'ဝါဂြမ္းစေလး' ဆိုတဲ့ '႐ႊိ' စကားလုံးပဲ။ ေနာက္ၿပီး သူ႕မွာ က်ိဳးယြင္လို႔ေခၚတဲ့ ညီေလးတစ္ေယာက္လဲရွိေသးတယ္။ ပုံစံက ဘယ္လိုပုံစံမ်ိဳးလဲဆို​ေတာ့.....
အင္း...သူကအၿမဲလိုလို ႐ုပ္ဖ်က္ထားတတ္တာဆို​ေတာ့ သူ႕ရဲ႕လက္ရွိပုံစံကို ငါလဲ ေသခ်ာမေျပာျပတတ္ဘူး။ ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ တစ္ခ်ိန္လုံး သိပ္ၿပီးထူးမျခားနားလွပါဘူး။ ၿပီးေတာ့ သူက ဘယ္လိုပဲ႐ုပ္ဖ်က္ထားတယ္ေျပာေျပာ ဝါက်င့္က်င့္စိမ္းဖန႔္ဖန႔္မ်က္ႏွာနဲ႕ စုတ္တီးစုတ္ပဲ့အမ်ိဳးသားတစ္ေယာက္ပဲမဟုတ္လား"

က်ိဳးက်စ္ရႉးသည္ကား 'က်ိဳး႐ႊိ' သို႔မဟုတ္ 'က်ိဳးယြင္' စသျဖင့္ မည္သည့္နာမည္အတုကိုေျပာင္းလဲအသုံးျပဳလိမ့္မည္မွန္း သူတပ္အပ္မေျပာနိုင္ေသာ္ျငား ထိုလူ၏အက်င့္စရိုက္အရ အၿမဲတေစ တိုတိုတုတ္တုတ္နာမည္မ်ားကိုသာအသုံးျပဳနိုင္ေလာက္သည္။ သို႔ျဖစ္ရာ သူက ဟုတ္ေသာ္ရွိ၊ မဟုတ္ေသာ္ရွိ မွန္းသန္းရမ္းဆ၍ၿဖီးျဖန္းေျပာဆိုလိုက္ေလသည္။

သို႔ရာတြင္ သူ႕စကားမ်ားမွာ ကုရွန္းကိုအမွန္တကယ္ပင္ အ႐ူးလုပ္နိုင္သြားၿပီး သူ(မ)မွာ ယုံတဝက္မယုံတဝက္ျဖင့္ေျပာလာ၏။

"ဟင္....က်ိဳး႐ႊိမွာ ညီေလးတစ္ေယာက္ရွိေသးတာလား"

ကုရွန္းမွာ က်ိဳးက်စ္ရႉးကိုသိကြၽမ္းခဲ့သည္မွာ အခ်ိန္အတိုင္းအတာတစ္ခုအထိၾကာျမင့္ခဲ့ၿပီးျဖစ္သလို သူ႕ဆရာျဖစ္သူ ဝမ္းခယ့္ရွင္၏ေျပာစကားအရဆိုပါလွ်င္ ၎မွာ 'ေကာင္းကင္ျပတင္း' ဟူေသာအဖြဲ႕အစည္းမွ အဆင့္ျမင့္ေခါင္းေဆာင္တစ္ဦးျဖစ္နိုင္သည္ဟုၾကားဖူးထားသည့္တိုင္ ထိုလူသည္ကား အမွန္တကယ္ပင္ လွ်ို႔ဝွက္ဆန္းၾကယ္မႈမ်ားႏွင့္ျပည့္ႏွက္ေနေၾကာင္းခံစားေနခဲ့ရသည္။ မည္သည့္ေနရာမွလာ၍ မည္သည့္ေနရာသို႔သြားေနမွန္းမသိရသလို သူ၏ေနာက္ေၾကာင္းရာဇဝင္ႏွင့္ မည္သည့္ဂိုဏ္းအဖြဲ႕အစည္းမွဆင္းသက္လာသလဲဆိုသည္ကိုလည္း မသိရွိရပါေခ်။ ထို႔ျပင္ သူ႕ထံတြင္ ညီေလးတစ္ေယာက္ရွိသည္ဟူ၍ပင္မၾကားဖူးခဲ့ေပ။

ထို႔ေနာက္ ေနာက္တစ္ႀကိမ္အေတြးေျပာင္းသြားျပန္သည္။ သူတို႔၏မ်က္စိေရွ႕မွ လူႏွစ္ဦး။ အျပာေရာင္ဝတ္႐ုံႏွင့္လူမွာ ခန့္မွန္းေျပာဆိုရန္ခက္ခဲလွေသာ္လည္း အနက္ေရာင္ဝတ္႐ုံႏွင့္အမ်ိဳးသားသည္ကား သူ႕ဘဝတစ္ေလွ်ာက္လုံး၌ ေတြ႕ဖူးခဲ့သမွ်လူအားလုံးအနက္ ႀကဳံေတာင့္ႀကဳံခဲလက္ရည္ျမင့္ဆရာႀကီးတစ္ဦးျဖစ္လိမ့္မည္မွာေတာ့ မလြဲဧကန္ပင္။ အကယ္၍ ဆရာျဖစ္သူသာ ယခုေနရာ၌ရွိေနပါကလည္း မည္သူကမည္သူ႕ထက္ ပို၍လက္ေစာင္းထက္လွေၾကာင္းေျပာနိုင္ရန္ခက္ခဲေပလိမ့္မည္။ သို႔ျဖစ္ရာ ထိုသူတို႔မွာ သူႏွင့္က်န္းခ်န္လင္တို႔ႏွစ္ေယာက္ကိုအမွန္တကယ္ဒုကၡေပးလိုစိတ္ရွိပါက ပိုးေကာင္ေလးႏွစ္ေကာင္ကို လက္ျဖင့္ညွစ္သတ္ရသလိုလြယ္ကူလြန္းလွေပလိမ့္မည္။ တကယ္တကယ့္တမ္း အလိမ္အညာစကားမ်ားကိုေျပာၾကားေနရန္မလိုအပ္ေပ။ သို႔ျဖစ္ရာ ထိုလူႏွစ္ဦးကို စိတ္ထဲတြင္ ယုံၾကည္စိတ္ခ်ထားလိုက္ေလေတာ့သည္။

အရွင္ခုနစ္က အူတီးအူေၾကာင္ျဖစ္ေနရွာေသာ အႏွီကေလးႏွစ္ေယာက္ကိုျမင္လိုက္ရေသာအခါ မ်က္လႊာအသာခ်ကာ အလွ်ံတညီးညီးေတာက္ေလာင္ေနေသာ မီးပုံကိုသာေငးေမာၾကည့္ရႈၾကည့္ေနရင္း စိတ္ထဲ၌ အသံတိတ္ႀကိတ္ရယ္မိေလေတာ့သည္။

ဤသို႔ျဖင့္ ဒုတိယေျမာက္ေန႕တြင္ ကုရွန္းက က်န္းခ်န္လင္ကိုေခၚေဆာင္ကာ အဆိုပါအမ်ိဳးသားႏွစ္ဦးႏွင့္အတူ ခရီးဆက္ခဲ့ၾကသည္။ လမ္းတစ္ေလွ်ာက္လုံးတြင္လည္း အျခားသူမ်ား၏မ်က္လုံးမ်ား၊ အၾကည့္မ်ားကို သတိႀကီးစြာေရွာင္တိမ္းခဲ့ရသည္။ အရွင္ခုနစ္က သူတို႔ႏွစ္ေယာက္ကို ေငြတိုက္တစ္ခုထံသို႔ေခၚေဆာင္သြား၏။ ထိုေနရာသို႔ေရာက္ေသာအခါတြင္မူ ဆိုင္ရွင္ျဖစ္သူႏွင့္ သူ႕အေနာက္မွ ေပါက္စီတစ္လုံးႏွင့္တူေသာအိမ္ေတာ္ထိန္းျဖစ္သူတို႔က ခ်က္ခ်င္းပင္ အလ်င္အျမန္ထြက္လာၾကကာ ထိုသူႏွစ္ဦးအား 'အရွင္ခုနစ္' ႏွင့္ 'နတ္ေဆးဆရာေလး' ဟူ၍ရိုေသေလးစားစြာျဖင့္ အသီးသီးႏႈတ္ခြန္းဆက္သကာ ခရီးဦးႀကိဳျပဳလိုက္ၾကသည္။

အရွင္ခုနစ္က ကုရွန္းတို႔ႏွစ္ေယာက္ကို ဆိုင္အတြင္း၌ေနရာထိုင္ခင္းေပးကာ အဆာေျပမုန႔္ပဲသေရစာမ်ားကိုယူေဆာင္လာေစၿပီးေသာ္ အစားအေသာက္မ်ားဧည့္ခံေကြၽးေမြးခဲ့သည္။ သူကေတာ့ အျခားတစ္ဖက္တြင္ထိုင္လိုက္ၿပီး ဝတ္႐ုံနက္ႏွင့္အတူ အလြန္တရာစိတ္ပါဝင္စားလွစြာျဖင့္ က်ားကစားေနေတာ့သည္။ ဤသို႔ဤႏွယ္ အခ်ိန္နာရီမ်ားကိုကုန္ဆုံးေစၿပီးသကာလ ေန႕လယ္ပိုင္းသို႔ေရာက္လာေသာအခါဝယ္ ေငြတိုက္အိမ္ေတာ္ထိန္းျဖစ္သူက ႐ုတ္တရက္အခန္းတြင္းသို႔ျပန္ဝင္လာကာ အရွင္ခုနစ္ကိုေလွ်ာက္တင္လိုက္၏။

"က်ိဳးလူႀကီးမင္းကိုရွာေတြ႕ခဲ့လို႔ အခု ဒီေနရာကို ေရာက္ရွိလာပါၿပီ"

ထိုအခါ အရွင္ခုနစ္က က်ားေစ့မ်ားကို ေဘးသို႔လႊင့္ပစ္ဖယ္ရွားလိုက္ကာ မတ္တပ္ထရပ္လိုက္ရင္း သူ၏ျဖဴေဖ်ာ့သြယ္ေပ်ာင္းလွသည့္လက္တစ္စုံကို ဝတ္႐ုံလက္ရွည္အတြင္းသို႔လွ်ိုသြင္းလိုက္ၿပီးေသာ္ ၾကည္လင္႐ႊင္ပ်စြာ ၫႊန္ၾကားလိုက္ေလသည္။

"လူ႕ဘဝရဲ႕အႀကီးမားဆုံး ကံေကာင္းျခင္းေလးမ်ိဳးထဲကတစ္မ်ိဳးက ေရွးတုန္းကသိကြၽမ္းခင္မင္ခဲ့ဖူးတဲ့ မိတ္ေဆြေဟာင္းတစ္ေယာက္ကို ေမြးရပ္ေျမရဲ႕အေဝးတစ္ေနရာမွာ ျပန္လည္ဆုံေတြ႕ရျခင္းပဲတဲ့၊ ဖ်င္အန္း....သူ႕ကို အထဲကိုဝင္လာဖို႔ အျမန္မဖိတ္ေခၚေသးဘူးလား"

Continue Reading

You'll Also Like

106K 8.3K 130
Art workကအရမ်းလှလွန်းလို့ရယ်.. ရယ်လည်းရယ်ရလို့ရယ်.. ဒီManhuaလေးကို...စပြီးမြန်မာပြန်ကြည့်လိုက်တာပါ... Enjoy!!! 😍😍😍 I do not own this and all right...
184K 20.2K 100
ဘာသာပြန်သူ - စွဲညို့အသင်း
11.3K 1.1K 8
Mini story. Novel Name: Scrooge's love! Author: YadanarMoe399 Category: BL / Romance / Psycho / Seke / Start&End Date: 22.9.21 ကပ်စေးနည်းယောကျာ်း...
1.1M 189K 139
မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ...