မာနမင်းသား ရဲ့ လရိပ်ရောင် (Un...
By mangae_mochi
708K 50.1K 1K
ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ေဒါသ မာနႀကီး... More
Chapter 1 🔥❄️
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Hire. Com
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50 Extra 1
Chapter 51 Extra 2
Chapter 52 Extra 3
Chapter 53 Extra 4
Chapter 44
8.6K 650 16
By mangae_mochi
" ၀တီ!"
ဦးမင်းနောင် ဇနီး ဖြစ်သူ ရှိရာ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့
"ဘာဖြစ်တာလဲ ?"
  အိပ်ရာပေါ်တွင် ခေါင်းမူးသည်ဟု ဆိုကာ လှဲလျောင်းနေသော ဇနီးဖြစ်သူက သူ့ကို အလန့်တကြား မေးလာသောအခါ
"မင်း ငါ့ ကွန်ပြူတာကို ကိုင်ခဲ့တယ် မဟုတ်လား ?"
   ဒီ မေးခွန်းလေးကို လိမ်ညာ‌ ငြင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့ပေမယ့်
"ကိုင်တယ် "
အမှန်အတိုင်း ၀န်ခံလာသည်မို့ အံ့ဩသွားရသည်။
"အဲ့ဒီ အထဲမှာ အရေးကြီးတဲ့ file တွေ ရှိလို့ မကိုင်ပါနဲ့ ပြောထားရက်နဲ့ ဘာလို့ကိုင်တာလဲ ?"
  သူ့ရဲ့ အေးစက်သော လေသံနဲ့ အမေးကို အမြဲလို ဇနီး ဖြစ်သူက ကြောက်ရွံသွားခြင်း မရှိဘဲ
"သားကို အကြတ်ကိုင်နေတဲ့ video ကို ဖျက်ဖို့ "
သူ့ အကြည့်များကို ရင်ဆိုင်ရင်း ရဲရင့်စွာ ပြောလာသော ဇနီးရဲ့ စကားကြောင့်
ကြိုးစား ထိန်းချုပ် ထားသော သူ၏ ဒေါသများ ပေါက်ကွဲသွားရတော့သည်။
"ဘာ! မင်း ဦးနှောက် မရှိဘူးလား?! အဲ့ဒါ သားနဲ့ သူ့ ကောင်လေးကို ခွဲနိုင်တဲ့ တခုတည်းသော လက်နက်ကွ မင်းသိလား ?! "
"သိတယ်! သိလို့ ဖျက်ပစ်လိုက်တာ "
'သိလို့ ဖျက်ပစ်လိုက်သည်' တဲ့ ဇနီး ဖြစ်သူကို သူ တကယ် နားမလည်နိုင်တော့
"ကျွန်မတို့ရဲ့ အတ္တ မာနတွေကို လျှော့လိုက်ကြရအောင် "
"မင်း ဘာတွေ ပြောနေတာလဲ "
"သားနဲ့ လရိပ်ရောင်ကို ကျွန်မတို့ လက်ခံပေး လိုက်ကြရအောင် "
  သူ့ လက်မောင်းကို ကိုင်ရင်း အတင်းအကျပ် ပြောလာသော ဇနီးကို
"ဘာ?! ငါ‌ သေတောင် လက်မခံနိုင်ဘူး "
တွန်းလွှတ်လိုက်တော့ အိပ်ရာပေါ် ဝုန်းခနဲ လဲကျသွားရာမှ အမြန် ပြန်ထလိုက်ရင်း
" သဘောတူပေးလိုက်ပါ ! သားက အဲ့ဒီ ကောင်လေးကို သူ့ အသက်ထက်တောင် ချစ်တာ ရှင်လည်း သိရက်နဲ့ ဒီအတိုင်းသာ ဆက်သွားနေရင် သား သေသွားလိမ့်မယ် "
သား ဖြစ်သူ အတွက် စိုးရိမ်ပူပန်မှုများဖြင့် ထပ်မံ အတင်းအကျပ် တောင်းဆိုလာသော အခါ
"မင်းကသာ သေမယ် ပြောနေတာ ဟိုက သူ့ကောင်လေးနဲ့ ဟန်ဆောင် လမ်းခွဲခဲ့တာတဲ့ "
သူ့ စကားအဆုံး ဇနီးသည်ရဲ့ မျက်နှာပေါ်တွင် အပျော်များဖြင့် တောက်ပသွားသည်ကို မြင်လိုက်ရသည့် တခဏ
" မင်းက သူ့တို့ ဘက်ကလား? "
  သူ့ရဲ့ မယုံနိုင်သော အမေးကို ဇနီး ဖြစ်သူက ခေါင်းကို ဖြည်းညင်းစွာ ငြိမ့်ပြလိုက်ရင်း
" ကျွန်မ သားကို ပျော်စေချင်တယ်။ အဲ့ဒါကြောင့် သားဘက်က ရပ်တည်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ . . . . ကျွန်မ တောင်းပန်ပါတယ် "
သူ့ကို တောင်းပန်လာသော ဇနီး ဖြစ်သူကို သူ မယုံနိုင်စွာ ကြည့်နေမိသည်။
အခု သူ့ ဘက်မှာ မည်သူမျှ မရှိတော့သည်လား . . . . .
ရှင်းသန့် သိပ်တော်ခဲ့သည်။ သူ့ကို လှည့်စားနိုင် ရုံမက သူ ချစ်ရသော ‌ဇနီး ဖြစ်သူကိုပါ သူ့ဘက် ပါအောင် ခေါ်နိုင်ခဲ့သည်။
ဒါပေမယ့် ပြသနာ မဟုတ်။ သူ အနိုင်ရသူ တယောက် ဖြစ်ရန် သိပ်မလိုတော့ . . . . .
သူ အခုမှတော့ လက်မလျှော့နိုင်တော့ . . . . . ရှင်းသန့်ကို နိုင်ချင်သည်။ သူသာလျင် အနိုင်ရသူ ဖြစ်စေရမည်။
  ဇနီးသည်ရဲ့ သဘောထား အစစ်အမှန်ကို နားလည်လိုက်သည်မို့ သူ ဆက်ပြော နေစရာ မလိုတော့
" မင်း ဘာပဲပြောပြော ငါ့ကို အရူးလုပ်တဲ့ ကောင်ကို ငါ လက်တုံ့ပြန်မယ်! သူ ချစ်ရတဲ့ လရိပ်ရောင် လူပုံ အလယ်မှာ အရှက်တကွဲ ဖြစ်ရတာ ဒင်းမြင်စေရမယ် "
သူ ကြုံးဝါးရင်း အိပ်ခန်းထဲမှာ ထွက်သွားရန် ပြင်လိုက်သော ‌သူ့ ခြေလှမ်းများ ရပ်တန့်သွားရသည်က
"ကျွန်မ အဲ့ဒီ့ video တွေကို အကုန်ဖျက်လိုက်ပြီ ရှင် ဘာမှ ဆက်လုပ်လို့မရတော့ဘူး "
အပိုင်ကြီး ခြိမ်းခြောက်လာသော ဇနီးသည် စကားက သူ့ကို ဟားတိုက် ရီမောစေသည်။
"မင်းတို့ သားအမိ ငါ့ကို အရမ်း အထင်သေးတယ်‌နော် "
သူ့ကို နားမလည်စွာ ကြည့်နေသော ဇနီးဖြစ်သူကို
"ငါ့မှာ copy တွေ အများကြီး ရှိသေးတယ် "
အံ့ဩခြင်းများစွာဖြင့် ပြည့်နေသော မျက်လုံး တစုံကို အောင်နိုင်သူ အပြုံးနဲ့ နှုတ်ဆက်ခဲ့ရင်း
အောက်ထပ်ရှိ စာကြည့်ခန်းသို့ သွားရန် ပြင်လိုက်သော သူ့ ခြေလှမ်းများကို
"မလုပ်ပါနဲ့ ယောင်္ကျားရယ် "
ဇနီးဖြစ်သူက သူ့ ခါးကို ဖက်ထားရင်း မသွားနိုင်အောင် တားထားသည်မို့
"မင်း ဘာအရူးထတာလဲ ? ဖယ်စမ်း!"
သူ ဘယ်လို တွန်းတွန်း ဇနီးဖြစ်သူက လွှတ်မပေး . . . . တင်းကျပ်စွာ ဖက်ထားရင်း
"ရှင် သူတို့ကို မုန်းရင် ကျွန်မတို့ တခြားသွားနေရအောင် ဒါမှ မဟုတ်ရင်လည်း သားတို့ကို နိုင်ငံခြားမှာ နေခိုင်းရအောင် သူတို့ကိုတော့ လက်ခံပေးလိုက်ပါနော် "
"ဖယ်စမ်း ဒီ မိန်းမ !"
သူ့ကို အရှုံးပေးရန် ပြောနေသော မိန်းမကို ဒေါသများကို မထိန်းနိုင်မိ အရှိန် အပြည့်နဲ့ တွန်းလိုက်တော့
"အာ့ !"
ကြမ်းပြင်ပေါ် လဲကျသွားပြီး ပြန်ထမလာခဲ့ . . . .
လက်ကောက်၀တ်ကို ကိုင်ရင်း နာကျင်စွာ ညီးနေသော ဇနီး ဖြစ်သူရဲ့ မျက်လုံးများထဲကို သူ သေချာကြည့်ရင်း
"ငါ ပြောပြီးသားပဲ ဒီလောကမှာ ငါပဲ အနိုင်ရသူ ဖြစ်ရမယ်လို့"
သူနဲ့ ရည်ရွက်ချက်ခြင်း မတူတော့သော ကြမ်းပေါ်တွင် လှဲနေသော ဇနီးကို အေးစက်စွာ ထားခဲ့ရင်း
သူ့ ခြေလှမ်းများကို စာကြည့်ခန်းဆီ ဦးတည်လိုက်တော့
"ရှင် အဲ့ဒီလို ဆက်လုပ်နေရင် သားနဲ့ ကျွန်မက ငြိမ်ခံနေမှာ မဟုတ်ဘူး"
သူ့ကို ခြိမ်းခြောက်လာသော ဇနီးသည်ကို သူ တည်ငြိမ်စွာ မေးလိုက်သည်။
"ငြိမ်မခံတော့ မင်းတို့က ဘာလုပ်မှာလဲ?"
သူ့ရဲ့ အေးစက်သော အကြည့်များကို စိုက်ကြည့်လိုက်သော ဇနီး ဖြစ်သူရဲ့ အကြည့်များထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များကို မြင်လိုက်ရသည်။
"ရှင် သိလာမှာပါ အဲ့ အခါကျ နောင်တမရပါစေနဲ့ "
ထို စကားက သူ့ကို ပြုံးမိစေသည်။ ဘယ်သော အခါမှ သူ့ကို ယှဉ်နိုင်ခြင်း မရှိသော ဇနီးနဲ့ သားက သူ့ကို နောင်တရအောင် လုပ်မည်တဲ့လား . . . .
" မင်းတို့ သားအမိလို ပျော့ညံ့တဲ့ လူတွေက ငါ့လို လူကို ဘယ်တော့မှ ‌နောင်တ ရအောင် လုပ်နိုင်မှာ မဟုတ်ဘူး "
   ✨✨✨✨✨✨✨✨✨✨✨✨✨✨
စာကြည့်ခန်း အတွင်းရှိ သူတဦးတည်းသာ ဖွင့်နိုင်သော မီးခံသေတ္တာ အတွင်းမှ . . . .
အကယ်၍များ ကွန်ပျူတာ အတွင်းမှ ဟို video များ မတော်တဆ ဖျက်မိရင် အသုံးပြုရန်
  သူ သေသေချာချာ သိမ်းထားခဲ့သော memory stick တခုကို ယူလိုက်ရင်း သူ ကျေနပ်စွာ ပြုံးလိုက်မိသည်။
"မင်း ငါ့ကို လှည့်စားတာ အကြီးမားဆုံး အပြစ်ပဲ ရှင်းသန့် ! အဲ့ဒီ အပြစ်ကို မင်း ပေးဆပ်ရတော့မယ် "
✨✨✨✨✨✨✨✨✨✨✨✨✨
"လရိပ်တို့ အတွက် ရွှေရောင်နေ့ရက် တွေဆိုတာ ဘာကို ပြောချင်တာလဲ "
လရိပ်က နားမလည်စွာ မေးလာတော့ရှင်းသန့် ရှင်းပြရန် ပြင်လိုက်ပေမယ့်
  အချိန်ကိုက် ၀င်လာသော ဖုန်းသံလေးက အိမ်မှ ဖြစ်နေသည်။
အိမ်ဖုန်းကို အရေးအကြောင်းရှိမှသာ အသုံးပြုတတ်သော ရှင်းသန့်တို့ မိသားစု အကျင့်ကြောင့်
  အိမ်မှာ ‌အမေများ တခုခုများ ဖြစ်သလား ရင်ထဲထိပ်ခနဲ ဖြစ်သွားရပြီး
"ချစ် ခဏနော် "
လရိပ်ကို ခွင့်တောင်းလိုက်တော့ ခေါင်းလေး ငြိမ့်ပြသည်နှင့်
ဖုန်းကို အမြန် ကိုင်လိုက်တော့ ဖုန်းခေါ်သူက အိမ်မှ အကူ ကောင်မလေး . . . .
အမေ လက်ကျိုးသွားသည်တဲ့ သူ့ကို အမြန် ပြန်လာခိုင်းနေသည်မို့ သူ လရိပ်ကို ပြန်ပို့ပေးခဲ့ပြီး ပြန်လာခဲ့လိုက်သည်။
✨✨✨✨✨✨✨✨✨✨✨ ✨✨✨
  အိမ်ကို ပြန်ရောက်သော အခါ အိမ်အောက်ထပ်တွင် ရှင်းသန့်မှ အပ မည်သူမျှ မရှိသလို
အပေါ်ထပ်မှ စကားပြောသံ သဲ့သဲ့မှအပ တအိမ်လုံး တိတ်ဆိတ်မှုများက အတိ
  ခြံထဲတွင် ရပ်ထားလေ့ ရှိသော အဖေ့ကားကို မတွေ့သည်မို့ အဖေ အိမ်မှာ မရှိကြောင်း အတည်ပြုရင်း
"အမေ?"
အပေါ်ထပ်ရှိ အမေ့ အခန်းထဲသို့ ၀င်သွားလိုက်တော့
ညာဘက်လက်ကို ကျောက်ပတ်တီး ကိုင်ထားရသော အမေ့ကို ကုတင်ပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။
" အမေ "
သူ့ကို မြင်သော အခါ ၀မ်းနည်းအားငယ်နေသော အမေ့ မျက်နှာပေါ်တွင် အပြုံးတပွင့် ပွင့်လာပြီး
"အမေ့ကို အဲ့လို ငြင်ငြင်သာသာ အမေလို့ သားမခေါ်တာ အတော်ကြာနေပြီနော် "
အမေ့ စကားကြားရ သောအခါ သူ အခုတလော အမေ့ကို အေးစက်စွာ ဆက်ဆံခဲ့သည်များကို တွေးမိရင်း စိတ်မကောင်း ဖြစ်ရသည်။
"အမေ့ လက်က ဘယ်လိုဖြစ်ရတာလဲ "
ကျောက်ပတ်တီး ကိုင်ထားသော ညာလက်ကို ကြည့်ရင်း စိုးရိမ်စွာ မေးလာသော
သူ့ရဲ့ အမေးကို အမေက သက်ပြင်းလေး တခုချလိုက်ရင်း
"သား အဖေနဲ့ စကားများကြရင်း ချော်လဲတော့ လက်ထောက်မိသွားတာပါ "
ထို စကားလေးက သူ ရင်ကို နှစ်ခြမ်းကွဲစေသည်။
"အဖေ နဲ့ သား အတွက်ကြောင့် ရန်ဖြစ်ကြတာလား ?"
အမေက ငြင်းဆိုဖို့ ကြိုးစားပေမယ့် သူ အကုန်သိနေပြီကို နားလည်လိုက် သောအခါ
ဖြည်းဖြည်းလေး ခေါင်းငြိမ့်ပြလိုက်တော့ . . . . .
သူ, အမေ့ရဲ့ ၀မ်းနည်းမှုများနှင့် ပြည့်နေသော အကြည့်များကို ရင်ဆိုင်ရန် အား မရှိတော့သည်မို့ ခေါင်းကို ငုံ့ရင်း
"သား တောင်းပန်ပါတယ် . . . . . အရာအားလုံးကိုပေါ့ "
သူ အမေ့ကို အေးစက်စွာ ဆက်ဆံခဲ့သော အရာအားလုံးကို သူ အရမ်း နောင်တရနေမိသည်။
"အမေလည်း တောင်းပန်ပါတယ် . . . . သားရဲ့ ခံစားချက်တွေကို အစောကြီး နားလည်မပေးခဲ့တဲ့ အတွက်ရယ် သားအဖေကို မတားနိုင်တဲ့ အတွက် . . . . "
အမေက တောင်းပန်လာတော့ သူ ၀မ်းနည်းစွာ ခေါင်းခါပြလိုက်မိသည်။
" အမေ တောင်းပန်စရာ မလိုပါဘူး . . . . . သားရော လရိပ်ရော အမေ့ကို နားလည်ပါတယ် "
ဖူးပွင့် ပေးလိုက်သော အဖေ့ကို အနိုင်တိုက်နိုင်သော အချက်အလက်များ ပါ၀င်သော stick လေးကို အနီးရှိ စားပွဲပေါ် တင်လိုက်ရင်း
" ဒီ stick လေး အတွက်လည်း ကျေးဇူးတင်ပါတယ် အမေ ဒါပေမယ့် . . . . . အမေ အဖေ့ရဲ့ ဂုဏ်သိက္ခာ တွေကို ကာကွယ်ဖို့ အတွက် ဒီ stick လေးကို ပြန်သိမ်းထားချင်ရင်လည်း အမေ့ သဘောကို သားလိုက်နာပါ့မယ် "
ဒီ stick လေးက အဖေ့ကို အလှဲထိုးနိုင်သော stick လေး ဖြစ်ပေမယ့်
အဖေ့ကို အလှဲထိုးချင်စိတ် တခုတည်းကြောင့် အပြစ်မရှိသော အမေ တယောက်
လူအများရဲ့ အထင်သေး ခံရမည့် အဖြစ်ကို သူ မကြည့်ရက်သည်မို့
ဒီ stick လေးကို ပိုင်ရှင်ထံ ပြန်အပ်နှံလိုက်ရန် ဆုံးဖြတ်လိုက်သည်။
အမေက စားပွဲပေါ်တွင် လှဲနေသော ထို stick လေးကို အတန်ကြာ ငေးကြည့်နေရင်း တိုးတိုးလေး ပြောလာသည်။
"အမေ သူ့ကို အတတ်နိုင်ဆုံး တားပေမယ့် မရခဲ့ဘူး သားရယ် "
မျက်ရည်များ စီးကျလာရင်း ပြောလာတော့ အမေ့ မျက်ရည်များကို သူ မကြည့်ရက် သည်မို့
"မငိုပါနဲ့ အမေရယ် "
အမေ့ကို ‌ဖက်ထားရင်း မျက်ရည်များကို သုတ်ပေးပေမယ့် အမေ့ မျက်ရည်များက ရပ်မသွားခဲ့
"အမေ သားအဖေ ကို တကယ် ဒီလို မလုပ်ချင်ပါဘူး . . . . "
အမေ့ရဲ့ ငိုရှိုက်သံက သူ့ နှလုံးသားကို အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားစေသည်။
"ဒါပေမယ့် . . . . "
သူ့ လက်ထဲကို အမေ ပြန်ထည့် ပေးလိုက်သော stick လေးကို ကြည့်ရင်း သူ မယုံနိုင်ခဲ့ . . . .
"သား ဒီ stick ကို သုံးရမယ့် အချိန် ရောက်လာတော့မယ် "
ဒီ stick ကို သုံးရမယ့် အချိန် . . . . . ဒါဆို အဖေ . . . .
" သုံးပါ . . . . အမေ သဘောတူပါတယ်"
✨✨✨✨✨✨✨✨✨✨✨✨✨
  Uni ပါကင်မှာ ကားရပ်လိုက်သည်နှင့် လရိပ် စိတ်ထဲ ရင်လေးနေမိသည်။
  တခုခု ဖြစ်တော့မည်ဟု အသိပေးနေသော အသံတခုကို မေ့ဖျောက်ရင်း
  လေးလံ‌နေသော ခြေလှမ်းများဖြင့် ကျောင်းထဲ ၀င်လိုက်သည်နှင့်
  ခြေလှမ်း တိုင်းမှာ လရိပ်ကို ကြည့်နေသော အကြည့်များကို ခံစားနေရပြီး
  ထို အကြည့်များထဲတွင် အထင်သေးမှုများ . . . . .  လှောင်ပြောင်မှုများကို မြင်နေရသည်။
ထို အကြည့်များကို လျစ်လျူရှုလို့ ရပေမယ့် တီးတိုး စကားပြောသံများကို လျစ်လျူရှုလို့ မရ . . . .
"လရိပ်ရောင်က သူဌေးကြီး တယောက်ရဲ့ sugar baby တဲ့ "
"တကယ်? ရှင်းသန့် သနားပါတယ် "
"အေးလေ အဖေဆီက အမွေပြတ်ခံရတဲ့ အထိ အဖြစ်ခံခဲ့ပေမယ့် လရိပ်က သူ့ကို ရက်စက်ရက်တယ် "
တီးတိုး စကားများကြောင့် လရိပ် အသားများ တဆတ်ဆတ် တုန်လာပြီး
ဦးမင်းနောင် ဟို video ကို တင်လိုက်ကြောင်း နားလည်လိုက်ရသည်။
ထို တီးတိုး ပြောနေသူများရဲ့ စကားများက နားနှင့် မဆန့် ကြားနေရပြီး
လရိပ်ကို အထင်သေးစွာ ကြည့်လာသော အတန်းဖော်များကို
ဒီ ကိစ္စတွေက အမှန်တရား မဟုတ်ဘူးလို့ ရှင်းပြချင်ပေမယ့်
ထို အထင်သေးသော မျက်လုံးများကို ရင်ဆိုင်ရန် အင်အားများ မရှိတော့သည်မို့
ထို တီးတိုးသံများနဲ့ ဝေးရာသို့ ထွက်ပြေးသွား လိုက်သည်။
✨✨✨✨✨✨✨✨✨✨✨ ✨✨✨
လရိပ် ပြေးလာခဲ့သည်က Uni အပေါ်ဆုံးထပ်ရှိ လူတယောက်မှ မရှိသော စာကြည့်တိုက်လေးဆီ . . . .
ဒီနေရာလေးက တိတ်ဆိတ်သည် ။ အေးချမ်းသည်။
  လရိပ်ရဲ့ အကြိုက်ဆုံး သုခဘုံလေး ဖြစ်သည်။
   လူမရှိသော စာကြည့်တိုက်ရဲ့ ထောင့်လေးမှာ ထိုင်လိုက်ပြီး
   တုန်ရီနေ‌သော လက်များဖြင့် အရဲစွန့်ရင်း uni ရဲ့ page နဲ့ group ထဲကို ၀င်ကြည့်လိုက်သော အခါ
   Page တွင် တင်ထားသော ထို video နဲ့ အတူ
    လရိပ်ကို အထင်သေးသော posts များ comments များကို မျက်ဝါး ထင်ထင် မြင်လိုက်ရသည့် တခဏ
   ဖုန်းကို အမြန် ပိတ်ပြစ်လိုက်ပြီး မငိုမိအောင် ထိန်းထားသည့် ကြားမှ
  မျက်ရည်များက ဆည်ကျိုးသလိုမျိုး ပါးပြင်ပေါ်  စီးကျလာရသည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
  (AN)
  😭😭😭😭😭😭😭😭😭
    My baby လရိပ်လေး 😭😭😭💔
     ရှင်းသန့် တို့ အနိုင်ရမယ့် အလှည့်ကို စောင့်ရင်း သာသာတို့ Monday ကျ ပြန်တွေ့ကြမယ်နော် 😘😘😘😘
{ ZawGyi }
" ၀တီ!"
"ဘာဖြစ်တာလဲ ?"
"ကိုင်တယ် "
"မင်း ဘာတွေ ပြောနေတာလဲ "
" မင်းက သူ့တို့ ဘက်ကလား? "
"ဖယ်စမ်း ဒီ မိန်းမ !"
"အာ့ !"
   ✨✨✨✨✨✨✨✨✨✨✨✨✨✨
✨✨✨✨✨✨✨✨✨✨✨✨✨
"ချစ် ခဏနော် "
✨✨✨✨✨✨✨✨✨✨✨ ✨✨✨
"အမေ?"
" အမေ "
"မငိုပါနဲ့ အမေရယ် "
"ဒါပေမယ့် . . . . "
✨✨✨✨✨✨✨✨✨✨✨✨✨
✨✨✨✨✨✨✨✨✨✨✨ ✨✨✨
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
  (AN)
  😭😭😭😭😭😭😭😭😭
    My baby လရိပ်လေး 😭😭😭💔
Continue Reading
You'll Also Like
157K 5.8K 81
Zawgyi မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Unicode မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Cover photo from pinterest 》Notebook《 Starting date - 21.12.2018...
193K 7.7K 73
"မင်းနာမည်က" "အရိုင်းပင် ....ငါ့နာမည်ကအရိုင်းပင်"
5.7K 182 22
ဘ၀မှာ ပထမဆုံး ခံစားလိုက်ရတဲ့ အချစ်ကြောင့် နှလုံးသားက စေခိုင်းတဲ့ အမိန့်​နဲ့ သူ့အချစ်ရှိရာဆီ သူ့အိမ်မက်တွေကို စွန့်လွှတ်ပြီး ရောက်အောင် လာခဲ့တဲ့ ကောင်...