မာနမင်းသား ရဲ့ လရိပ်ရောင် (Un...

Von mangae_mochi

708K 50.1K 1K

ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ေဒါသ မာနႀကီး... Mehr

Chapter 1 🔥❄️
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Hire. Com
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50 Extra 1
Chapter 51 Extra 2
Chapter 52 Extra 3
Chapter 53 Extra 4

Chapter 43

8.5K 674 20
Von mangae_mochi

   အိမ်တံခါးကို ဒုန်းခနဲ ဖွင့်ရင်း အိမ်ထဲသို့ တယီးတယိုင် ၀င်လာသော သားဖြစ်သူကြောင့်

     သားကို မအိပ်ဘဲ အခု အချိန် အထိ စောင့်နေမိသူ ဒေါ်၀တီ လန့်သွားရသည်။

   ရှင်းသန့်ကတော့ သူ့ကို မမြင် အရက်တွေ အရမ်း မူးလာပြီး

    သူ့ အခန်းဆီ ရောက်အောင် ခြေလှမ်းများကို ထိန်းရင်း  မနည်း လျှောက်နေရသည်ကို ကြည့်ရင်း

    သား ဘယ်လောက် အသည်းကွဲ နေရသည်ကို နားလည်လိုက်ရသည် ။

    သား ဒီလို ခံစားနေရသည်ကို ဒေါ်၀တီ မကြည့်ရက်သည်မို့

    သား ဖြစ်သူရဲ့ အခန်းတံခါး ပိတ်သွားပြီး တအိမ်လုံး တိတ်ဆိတ် သွားချိန်တွင် 

  ဒေါ်၀တီ တွေဝေမှုများကို မေ့ထားလိုက်ပြီး ဆုံးဖြတ်ချက် တခုကို ခိုင်မာစွာ ချလိုက်ရင်း

    ဦးမင်းနောင်၏ စာကြည့်ခန်း တံခါးသော့ကို ဖြေးဖြေးလေး လှည့်ဖွင့်လိုက်သည်။

✨✨✨✨✨✨✨✨✨✨✨✨✨

   ရှင်းသန့် အိပ်ရာ နိုးတော့ မနက် 11 နာရီ !

    မနေ့ညက စိတ်ညစ်ညစ်နဲ့ ‌အများကြီး ‌သောက်လာသောကြောင့် ခေါင်းတွေ အသေကိုက်နေသည်။

   ခေါင်းကိုက် သက်သာစေရန် နားထင်ကို နှိပ်ပေးရင်း လရိပ် နဲ့ ရန်ဖြစ်ခဲ့သည်များကို စဉ်းစားမိတော့

"ငါ လွန်သွားတယ် ထင်တယ်"

    သူ လွန်ခဲ့သည်ကို နားလည်မိသည်မို့ ဖုန်းဆက် တောင်းပန်ဖို့ ကြိုးစားပေမယ့်

    လုံး၀ မရ . . . . ကောက်စိန်လေးက ဖုန်းကို ပိတ်ထား‌တော့

"မင်းပဲ စိတ်ကောက် တတ်တာလား ငါလည်း ကောက်တတ်တာပဲ "

     မကျေမနပ် တယောက်တည်း ရေရွတ်ရင်း သူ့ ဖုန်းကို ပိတ်ပစ်လိုက်တော့သည်။

   တနေ့လုံး လရိပ်ရောင်ကို ကောက်ပစ်မယ် တွေးထားပေမယ့် နာရီ လက်တံများ၏ တချောကချောက် ရွေ့လျှားသံ နှင့်အတူ

     ရှင်းသန့်ရဲ့ စိတ်များလည်း ပြောင်းလာသည်။

    သူ လရိပ် နဲ့ အပြိုင် ကောက်လို့မဖြစ် . . . .

      သူ့တွင် လရိပ်ရောင် လိုမျိုး အကြာကြီး ကောက်တတ်သော စိတ်မျိုး မပါလာခဲ့သောကြောင့်

   ဟိုအရင်က အတိုင်း သူကပင် စိတ်လျှော့ကာ သွားချော့မှဖြစ်မည်။

   ✨✨✨✨✨✨✨✨✨✨✨✨✨✨
 
    လရိပ် အိမ်သို့ သွားရန် ရေချိုးပြီး  ထွက်လာသော အခါတွင်

   ရှင်းသန့် ကို စောင့်နေသော အဖေ့ကို တွေ့လိုက်ရသည်မို့

" ဒီ အခန်းထဲ ဘာလာလုပ်တာလဲ ?"

"မင်းက ready ဖြစ်နေပြီပဲ "

"ဘာကိုလဲ? "

"မင်း အိမ်ထောင်ဖက် သွားတွေ့ဖို့လေ "

"ကျွန်တော် မတွေ့နိုင်ဘူးလို့ ပြောပြီးပြီလေ "

"မင်းမှာ ငါ့ကို ငြင်းခွင့် မရှိဘူး ငါ ခိုင်းတဲ့ အတိုင်း လုပ် ! မလုပ်ရင် လရိပ်ရောင် ဆိုတဲ့ ကောင်လေး လူ အများရဲ့ အထင်သေး ခံရမယ် "

    သူ အရမ်း မုန်းသော အဖေ့ရဲ့ အမိန့်သံ . . . .

    သူ အရမ်း မုန်းပေမယ့် သူ့တွင် အဖေ့ အမိန့်ကို ဖီဆန်လို့ မဖြစ်သည့် အကြောင်းက ရှိနေသည်မို့

    သူ ထို မိန်းကလေးကို သွားတွေ့ရလိမ့်မည်။

   အတွေးတခုက ခေါင်းထဲမှာ လက်ခနဲ ဖြတ်ပြေးသွားတော့

"ကျွန်တော် သွားတွေ့ရင် အဖေ cctv video ကို ဖျက်ပေးမှာလား "

"အဲ့လောက် မလွယ်ဘူးဆိုတာ မင်းသိမှာပါ "

"သဘောပဲလေ ကျွန်တော်လည်း သွားမတွေ့နိုင်ဘူး "

"မင်းမှာ ငါ့ အမိန့်ကို ငြင်းလို့ မရတဲ့ အခြေအနေဆိုတာ မေ့နေတာလား "

      သူ့ကို ‌လှောင်သလို ကြည့်နေသော အဖေနဲ့ ထပ်တူ အပြုံးမျိုး သူပြုံးရင်း

"ကျွန်တော် သွားမတွေ့ရင် လရိပ် နာမည်ပျက် ရတာထက် . . . . အဖေ့ကို အဖေ့ မိတ်ဆွေတွေက ကတိမတည်တဲ့ လူလို့ အထင်သေး သွားမှာက အရင်ဆိုတာ အဖေ မေ့နေတယ် ထင်တယ် "

    မိတ်ဆွေများကြား အထင်သေး ခံရမည်ကို အလွန်‌ ကြောက်သော

   အဖေ့ရဲ့ အားနည်းချက်ကို သူ  ချုပ်ကိုင်လိုက်တော့

     သူ့ရဲ့ တုံ့ပြန်မှုကို မျှော်လင့်မထားသော အဖေ မျက်နှာပျက် သွားပေမယ့် အမြန် ပြန်ထိန်းလိုက်ရင်း

"မင်းကို တကယ် လျှော့တွက်လို့ မရဘူးပဲ . . . . "

"အဖေ ရွေးပေါ့ . . . အဲ့ဒီ video တွေကို အကုန် ဖျက်ပေးမလား ? ဒါမှမဟုတ် အဖေ့ မိတ်ဆွေတွေကြားမှာ ကတိမတည်တဲ့ လူ အဖြစ်ခံမလား "

"မင်း အဲ့ဒီ ကောင်မလေးနဲ့ ပြေပြေလည်လည် သွားတွေ့မယ် ဆိုရင် ငါ မင်းပြောသလို ဖျက်ပေးမယ် "

     ထို video တွေသာ မရှိတော့ရင် သူနှင့် လရိပ်ကြားမှာ ဘာ အခက်အခဲမှ မရှိတော့သည်မို့

"အဖေ့ ကတိတည်ပါစေ "

  ✨✨✨✨✨✨✨✨✨✨✨✨✨✨

" ကို ရှင်းသန့်မင်းနောင် ဟုတ်ပါသလား?"

   ရှင်းသန့် cafe တခုတွင် မေလ၀န်း ဟုခေါ်သော

     အဖေ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ တယောက်၏ သမီးကို စောင့်နေမိစဉ်

    သူ့ ကို မေးလာသော ထို မိန်းကလေးကို . . . .

"မေလ၀န်း လား ?"

   သူ့ အမေးကို အပြာရောင် ဂါ၀န်တိုကို ၀တ်ဆင်ထားသော မိန်းကလေးက ရှက်ပြုံးလေးနဲ့ . . . .

"ဟုတ် ကျွန်မက မေလ၀န်းပါ "

"တွေ့ရတာ ၀မ်းသာပါတယ် "

    မေလ၀န်းကို စကားပြော ကြည့်သောအခါ ရှင်းသန့် သိလာရသည်က

    အဖေ ဘာလို့ မေလ၀န်းကို ရွေးချယ်ခဲ့သည်ကို . . . .

  မေလ၀န်း က ယဉ်ကျေးသည်။ စကားပြောရင် မျက်လွှာလေး ချရင်း ရှက်ပြုံးလေးနဲ့ တုံ့ပြန်တတ်ပြီး

    အလုပ်အကိုင်က designer တယောက် ဖြစ်သလို

     လ နဲ့ သက်ဆိုင်သော နာမည်ကို ပိုင်ဆိုင်ထားပြီး

    ဖြူစင်သော အသားအရေ, ချိုသာသော အပြုံးတို့က ရှင်းသန့်ကို တစုံတယောက်ကို သတိရစေသည်။

     ဆိုင်ထဲသို့ မကျေမနပ် ၀င်လာသော ကောင်လေးကိုပေါ့  . . . .

     လရိပ် ကို ဒီမှာ တွေ့ရမည်လို့ ရှင်းသန့် လုံး၀ မထင်ထား မိသောကြောင့်

    သောက်နေသော coffee များပင် သည်းသွားရတော့သည်။

      လရိပ်က သူ့ကို မြင်သည်နှင့် မေလ၀န်း ကျောခိုင်းထားသော

   အနောက်ဘက်ရှိ စားပွဲတွင် ထိုင်ရင်း သူ့ကို မီး၀င်း၀င်း တောက်သော အကြည့်မျိုးနှင့် ကြည့်နေသလို

    လရိပ်နှင့် အတူ ပါလာသော ဖူးပွင့် ကတော့ 'နင်တော့ သေပြီ ' ဟူသော အမူအရာ လုပ်ပြနေသည်မို့

     Drama ဇတ်လမ်းများထဲက ဖောက်ပြန်တာ လူမိသွားသော ယောင်္ကျား တယောက် အလား ခံစားနေရပြီး ချွေးပြန်လာ‌မိသည်။

    မေလ၀န်းကတော့ သူ့ အဖြစ်ကို မသိ စကားများ ဆက်ပြောနေဆဲ

    စားပွဲပေါ် တင်ထားသော ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာသော Message လေးက

' အခု ချက်ချင်း ထမပြန်ရင် ကိုကို့ကို တသက် မခေါ်တော့ဘူး '

   သူ့ကို မကျေမနပ် ကြည့်နေသော လရိပ်ကို လှမ်းကြည့်ရင်း

     မနေ့ညက ဦးသီဟ ဘက်က ကာကွယ်ပေးခဲ့ပုံများကို သတိရမိသော အခါ

    သူ ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်တော့ လရိပ် မျက်နှာပေါ်တွင်

      မယုံနိုင်မှုများ ၀မ်းနည်းမှုများ ဖြတ်ပြေး သွားကြသည်ကို သူ မြင်လိုက်ရသည်။

     ငိုချင်နေသည်ကို နှုတ်ခမ်းများကို ဖိကိုက်ရင်း ထိန်းချုပ်ထားသော ကောင်လေးကို

   သူ အခုချက်ချင်း ပွေ့ဖက်ထားရင်း ချော့လိုက်ချင်ပေမယ့်

      လရိပ် တယောက် ဦးသီဟနဲ့ နီးနီးကပ်ကပ် နေသည်ကို မြင်ရတိုင်း

    ဦးသီဟ ဘက်က ရပ်တည်တိုင်း ရှင်းသန့် ဘယ်လို ခံစားခဲ့ရသည်ကို

     လရိပ်ကို နားလည်စေချင် သည်မို့ သူ မသိချင်ဆောင် နေလိုက်သည်။

      ရှင်းသန့်ကို နောက်ဆုံး အကြိမ် နာကြည်းစွာ ကြည့်ရင်း

     လရိပ် တယောက် ဆိုင်ပြင်ကို ပြေးထွက်သွားတော့

" အကောင်စုတ် နင် သေချင်နေလား !!"

     ရှင်းသန့်တို့ ဝိုင်းသို့ ဒေါသတကြီး‌ လျှောက်လာသော

    ဖူးပွင့်ရဲ့ လက်ဝါးသိုင်းကွင် များကို  ကြိုးစား ရှောင်ရင်း

"မိဖူး ! တော်တော့!"

    သူ တားလိုက်တော့မှ ဖူးပွင့်က ဆက်မရိုက်တော့‌ ပေမယ့်

   သူ့ ညာလက် တဘက်ကတော့ ဖူးပွင့်ပေးသော ဒဏ်ရာများနဲ့ အပြည့်

" နင်ကများ ငါ့ကလေးကို ငိုအောင်လုပ်ရလား ! အခုချက်ချင်း လိုက်ချော့!"

    ရှင်းသန့်ရဲ့ လရိပ်ကိုများ သူ့ကလေးတဲ့   . . . .

    ရှင်းသန့် အထွန့်တက် ချင်ပေမယ့် ဖူးပွင့်၏ အကြည့်များက မီး၀င်း၀င်းတောက်နေသည်မို့ ဘာမှမပြောရဲ

    ရှင်းသန့်တို့ နှစ်ယောက်ကို အံ့ဩစွာ ကြည့်နေသော မေလ၀န်းကို ဖူးပွင့်က အချိုသာဆုံး အပြုံးလေးနဲ့

"ညီမလေး , ဒီ အကောင်က ငကြောက်! အလကား သုံးစားမရဘူး"

    ဖူးပွင့်၏ အပြုံးက ချိုသလောက် စကားများက ခါးသက်လှသည်။

" အဲ့လောက်လည်း မမြှောက်ပါနဲ့ဟာ "

       ရှင်းသန့် တိုးတိုးလေး ရွဲ့ပြောလိုက်တော့ ဖူးပွင့်က သူ့ကို အစိမ်းလိုက် ဝါးစားမလို ကြည့်ရင်း

"နင် လရိပ် အဖွားရှေ့မှာ ငါ့ အကြောင်း ပြောတာလောက် မဆိုးသေးပါဘူး ဟာ "

     ရှင်းသန့် သိလိုက်ပြီ ။ ဖူးပွင့် သိသွားပြီမို့ သူ မကြာခင် သေရတော့မည်ကို ။

"ငါ သေလောက်တဲ့ အပြစ် ကျူးလွန်မိပါတယ် ငါ့ကို ခွင့်လွှတ်ပါ "

     ရှင်းသန့်ရဲ့ တောင်းပန် စကားကို ဖူးပွင့်က ဂရုစိုက်ခြင်း အလျဉ်း မရှိ

    အေးစက်စွာ လျစ်လျူရှုရင်း မေလ၀န်းကို အပြုံးလေးနဲ့

"သူ့မှာ လရိပ်ရောင် ဆိုတဲ့ ကောင်လေး တယောက်လုံး ရှိတာကို သူ့ အဖေကို မလွန်ဆန် ရဲတာနဲ့ ညီမလေးကို လာတွေ့ရတာ။ အလကား မိန်းမတွေကို စိတ်၀င်စားတာလည်း မဟုတ်ဘဲနဲ့ "

     ထို စကားအဆုံး မေလ၀န်းက သူ့ကို စိတ်ပျက်စွာ တချက် ကြည့်ရင်း ဆိုင်ထဲက ထွက်သွားတော့

    မေလ၀န်းကို သူ့အစား စိတ်ပျက်သွားအောင် လုပ်ပေးသော ဖူးပွင့်ကို သူ ကျေးဇူး အခါခါ တင်မိတော့သည်။

"ကျေးဇူးပါပဲ မိဖူး"

    ဖူးပွင့်ကို ပွေ့ဖက်လိုက်တော့ လက်ဝါးစောင်း ထက်ထက် တခုက သူ့ ကျောပြင်ကို ကျရောက်လာသည်မို့

" အား ! နင်ကလည်း ဖြည်းဖြည်း လုပ်ပါဟာ "

"ငါ နင့်ကို တောက်တေက်ကြော် လုပ်စားပစ်ချင်တာ သိလား ?! နင် သေရင် လရိပ်လေး ၀မ်းနည်း ရမှာမို့ မလုပ်တာ "

"နင်က စိတ်ကောင်းရှိတဲ့ မိန်းကလေး တယောက်ပါ မိဖူးရယ် "

     ဖူးပွင့်ကို လေပြေလေးနဲ့ စိတ်ကျေနပ်အောင် ပြောလိုက်ပြီး

    လရိပ်ကို သွားချော့ရန် သူ အမြန်လေး အပြင်ကို ပြေးထွက်ရင်း

     ကားများစွာ ရပ်ထားသော အနည်းငယ် မှောင်နေသော ကားပါကင်ထဲတွင်

    လရိပ်ရောင်၏ ကားကို ရှာနေမိပေမယ့် ချစ်ရသူ၏ အပြာရောင် fit ကားလေးကို ဘယ်မှာမှ ရှာမတွေ့ 

  အိမ်ပြန်သွားပြီ ထင်သည် . . . . သူ တကယ် ဘယ်လို လုပ်ရပါ့ . . . . .

    လရိပ် အိမ်သို့ သွားရန် သူ့ကားရှိရာသို့ အမြန်လေး သွားလိုက်တော့

     သူ့ ကားဘေးတွင် ခေါင်းလေးငုံ့ရင်း ရပ်နေသော လရိပ်ကို မြင်လိုက်ရသည့် တခဏ

"ကိုကိုက ချစ်ပြန်သွားပြီ ထင်နေတာ "

    လရိပ် အနား ကပ်သွားရင်း ပြောလိုက်ပေမယ့် လရိပ်က ခေါင်းလေးငုံနေဆဲ

"စောစောတုံးက . . . ."

    ရှင်းသန့် စကားကို ဖြတ်လိုက်သော ငိုရှိုက်သံလေး တခုကြောင့် လရိပ် ခေါင်းလေးကို ဆွဲမော့လိုက်တော့

   သူ ထင်သည့် အတိုင်း မျက်ရည်လေးများ ပြည့်နေသော မျက်လုံး ကလေးများက သူ့ကို ကြည့်နေသည်။

"ဘာလို့ ငိုနေတာလဲ ချစ်ရာ ခုနက ကိုကို့အဖေ အတင်း တွေ့ခိုင်းလို့ လာတွေ့ရတဲ့ ကောင်မလေးပါ  "

     ပါးပြင်ပေါ်က မျက်ရည်လေးများကို သုတ်ပေးရင်း ပြောလိုက်တော့

"မနေ့ညတုံးက လရိပ် ဦးသီဟ ဘက်က ပါခဲ့တုံးက ကိုကို ဘယ်လို ခံစားရမလဲ တွေးမိသွားလို့ပါ "

     လရိပ်ရောင်ရဲ့ ကိုယ်သေးသေးလေးက သူ့ရင်ခွင်ထဲ တိုး၀င်ရင်း

" လရိပ် တောင်းပန်ပါတယ်နော် ညက လရိပ်ကြောင့် ကိုကို အရမ်း ခံစားခဲ့ရမှာပဲ "

     သူ့ ရင်ခွင်ထဲတွင် တရှုံ့ရှုံ့ ငိုနေသော လရိပ်ကို ပြန်ဖက်ထားရင်း

"ကိုကိုလည်း တောင်းပန်ပါတယ် ချစ်ကို ခက်ထန်တဲ့ စကားတွေ ပြောခဲ့မိလို့"

     မျက်ရည်များကြားက ရှင်းသန့်ကို မော့ကြည့်နေသော လရိပ်ရဲ့ နှုတ်ခမ်းလေးများကို ဖွဖွလေး အနမ်းလေး ပေးလိုက်သော အခါ

      အသည်းယား စဖွယ် နှုတ်ခမ်း ဖူးဖူးလေး ပေါ်တွင် အပြုံးပန်းလေးများ ပွင့်လာတော့သည်။

   ✨  ✨✨✨✨✨✨✨✨✨✨✨✨

"အဲ့တော့ ပြန်ပြေလည် သွားကြပြီလား ?"

     ရှင်းသန့် လရိပ် လက်ကို ဆွဲရင်း ဆိုင်ထဲ ၀င်လာသော အခါ

     မျက်နှာကို ဟန်ပါပါ မဲ့ရင်း မေးလာသော ဖူးပွင့်ကို

"အင်းပေါ့ ငါတို့က သိပ်ချစ်ကြတာလေ"

    လရိပ် ပါးလေးကို အနမ်းလေး ပေးရင်း ဖြေလိုက်သော ရှင်းသန့်ရဲ့ အဖြေကို ကြားသည့် တခဏ

"ဝေါ့ ပိုလိုက်တာ "

      အန်ချင်သလို ရင်ဘတ်ကို လက်နှင့် ထုနေသော ဖူးပွင့်ကို သူ စိတ်ထဲကနေ မေတ္တာပို့ပေးလိုက်မိသည်။

" မဖူးက လရိပ်ကို ဒီကို ခေါ်လာတာ ဘာပြောဖို့လဲ "

     လရိပ်က မေးလာတော့ ဖူးပွင့် မျက်နှာက မဲ့လိုက်ရင်း

"ရှင်းသန့်က ဒီမှာ ကောင်မလေး တယောက်နဲ့ ရှိနေမယ် သတင်း အတိအကျ ရထားလို့ ခေါ်လာတာလေ "

"နင် ယုတ်မာတာ ကြည့်စမ်း !"

    ရှင်းသန့်ရဲ့ စကားကို အလေးမထားသလို လျှာထုပ်ပြနေသေးသည်။

    ဒီလို စိတ်ပုတ်မကို စေမန် ဘယ်လိုများ ချစ်မိခဲ့သည်ကို

   ရှင်းသန့် ဘယ်တော့မှ နားလည်မည် မဟုတ် ။

"အလကား စတာပါ ငါ နင်နဲ့ လရိပ်ကို ပေးစရာလေး ရှိလို့ "

    ဖူးပွင့် မျက်နှာက ရုပ်တရက်ကြီး တည်သွားပြီး

     Memory stick တခုကို ပေးလိုက်သည်မို့ . . . .

"ဒါဘာလဲ "

"ဒီ အထဲမှာ နင့်ရဲ့ ရန်သူကို အလှဲထိုးနိုင်မယ့် အရာတွေ ပါတယ် "

     ရှင်းသန့်ရဲ့ ရန်သူ ? ရှင်းသန့်တွင် ရန်သူ တယောက်ပဲ ရှိသည် ။

  ဦးမင်းနောင် ဟုခေါ်သော အဖေ . . . .

"နင် ဒါတွေကို ဘယ်က ရတာလဲ? "

     ဖူးပွင့်က မဖြေ . . .  . အတန်ကြာမှ အဓိပ္ပာယ်ပါသော အပြုံးတခု ပြုံးရင်း

"နင် ဒီမှာ ရှိနေမယ်ဆိုတာ ပြောပြပေးတဲ့ သူ ဆီက ရတာ "
 
     ရှင်းသန့် ဒီနေ့ ဒီမှာ ရှိနေမည် ဆိုသည်ကို သိသောသူ . . . .

     ဘယ်သူ ဖြစ်မည်ကို ရှင်းသန့် တကယ် မတွေးတတ်တော့

"နင်တို့ နှစ်ယောက် အတွက် ရွှေရောင်နေ့ရက်တွေ ရောက်လာတော့မှာပါ "

     ဖူးပွင့်က နားလည်ရခက်သော အပြုံးလေး တခုနဲ့

"စေမန် ခေါ်နေလို့ ငါသွားတော့မယ်နော်"

   ဖူးပွင့် ပြန်သွားတော့ ရှင်းသန့် လရိပ် ကားထဲတွင် ပါလာသော laptop ဖြင့်

     ဖူးပွင့် ပေးခဲ့သော stick ကို ဖွင့်ကြည့်မိသော အခါ

"ကိုကို ဒါတွေက . . . . "

       Stick ထဲတွင် ပါသော စာရင်းဇယား များကို သေချာစွာ ဖတ်ရှုလိုက်ပြီး

     ရှင်းသန့် laptop ကို ပိတ်ပြစ်လိုက်ရင်း . . . .

"ဖူးပွင့် ပြောတာ မှန်တယ်။ ကိုကိုတို့ အတွက် ရွှေရောင်နေ့ရက်တွေ ရောက်လာတော့မယ် "

✨✨✨✨✨✨✨✨✨✨✨✨✨
    

   ဦးမင်းနောင် မေလ၀န်း ၏ အဖေ ဖြစ်သော သူ၏ အပြစ်တင် ပြောဆိုသံများ ဆက်နားမထောင်နိုင်တော့

    ဖုန်းကို ချပြစ်လိုက်ပြီး မိမိ၏ စာကြည့်ခန်းရှိ ကွန်ပြူတာ သို့ အချိန် လျှောက်သွားလိုက်သည်။

"ရှင်းသန့် , မင်းက ဟန်ဆောင် လမ်းခွဲပြီး ငါ့ကို အရူးလုပ်တယ်ပေါ့လေ တွေ့ကြသေးတာပေါ့ "

     ကွန်ပြူတာထဲတွင် သိမ်းထားသော cctv video လေးရှိရာ file လေးကို ဖွင့်လိုက်ချိန်တွင်

"ဒါက ဘယ်လို . . . "

      လရိပ်ရောင်ရဲ့ cctv video များ လုံး၀ မရှိတော့

    ဗလာကျင်းနေသော file ကို ကြည့်ရင်း သူ ငြိမ်နေမိသည်။
    
     တစုံတ‌ယောက်က သူ့ ကွန်ပြူတာထဲက ဒီ video ကို ဖျက်ခဲ့သည်။

    ထိုသူက ဘယ်သူဆိုတာ သိဖို့ သိပ် မခက် . . . .

     အမြဲ သော့ခတ်ထားသော ဒီ အခန်းကို ၀င်နိုင်သူ . . . .

    Password ချထားသော ဒီ ကွန်ပြူတာကို ဖွင့်နိုင်သော သူက . . .

   ဒီ ကမ္ဘာပေါ် တွင် ဦးမင်းနောင် မှလွဲ၍ အခြားသူ တစ်ဦးတည်းသာ ရှိသည်။

"၀တီ !  "

   ✨✨✨✨✨✨✨✨✨✨✨✨✨✨

(AN)

    ဒီနေ့ ပြန်ပါလာတဲ့ character က ဖူးပွင့် ဖြစ်ပါတယ် !!! ♥️

     ဇိုင်း နဲ့ Alvin ကို အားလုံးက ခန့်မှန်းကြ‌လိမ့်မယ်လို့ သာသာ တကယ် မမျှော်လင့် ထားခဲ့မိဘူး 😌😅  အရမ်း လန့်သွားရသလို ပျော်လည်း ပျော်ရတယ် 💕။

    Alvin နဲ့ ဇိုင်းကို အားပေးကြတဲ့ readers လေးတွေ အများကြီး ရှိပေမယ့်

       သူတို့ နှစ်ယောက်ကို သာသာ ဒီစာအုပ်ထဲမှာ ဘာလို့ အများကြီး မထည့်ထားတာလဲ ဆိုတော့လေ . . . .

      သူတို့ ဇတ်လမ်းက ရှင်းသန့်နဲ့ လရိပ် တို့နဲ့ တချိန်တည်းမှာ ဖြစ်နေတာဆိုတော့ Spoilers တွေ ပါသွားမှာ စိုးလို့ပါ 😭

      သာသာရဲ့ ချစ် readers လေးတွေကို သူတို့ရဲ့ ဇတ်လမ်းလေးကို မြန်မြန် ချပြချင်ပေမယ့်

    သာသာ ဒီ လရိပ်တို့ ဇတ်လမ်းရယ်၊ ဘုန်းမြတ်သွေးတို့ ဇတ်လမ်းရယ်

  ပြီးတော့ သာသာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေရယ်နဲ့ အသစ် မရေးဖြစ်ဘူး ဖြစ်နေလို့ ဟီး 😀

    သာသာ့ရဲ့ ဒီ ဇတ်လမ်း နှစ်ခုထဲက တခု ပြီးသွားရင်တော့ သာသာ ဇိုင်းတို့ ဇတ်လမ်းလေးကို တင်ပေးမယ်နော် 💕 သာသာ့ကိုသည်းခံစောင့်ပေးပါလို့ 😙😙💕

 
{ ZawGyi }

  
  အိမ္တံခါးကို ဒုန္းခနဲ ဖြင့္ရင္း အိမ္ထဲသို႔ တယီးတယိုင္ ၀င္လာေသာ သားျဖစ္သူေၾကာင့္

     သားကို မအိပ္ဘဲ အခု အခ်ိန္ အထိ ေစာင့္ေနမိသူ ေဒၚ၀တီ လန႔္သြားရသည္။

   ရွင္းသန့္ကေတာ့ သူ႕ကို မျမင္ အရက္ေတြ အရမ္း မူးလာၿပီး

    သူ႕ အခန္းဆီ ေရာက္ေအာင္ ေျခလွမ္းမ်ားကို ထိန္းရင္း  မနည္း ေလွ်ာက္ေနရသည္ကို ၾကည့္ရင္း

    သား ဘယ္ေလာက္ အသည္းကြဲ ေနရသည္ကို နားလည္လိုက္ရသည္ ။

    သား ဒီလို ခံစားေနရသည္ကို ေဒၚ၀တီ မၾကည့္ရက္သည္မို႔

    သား ျဖစ္သူရဲ႕ အခန္းတံခါး ပိတ္သြားၿပီး တအိမ္လုံး တိတ္ဆိတ္ သြားခ်ိန္တြင္ 

  ေဒၚ၀တီ ေတြေဝမႈမ်ားကို ေမ့ထားလိုက္ၿပီး ဆုံးျဖတ္ခ်က္ တခုကို ခိုင္မာစြာ ခ်လိဳက္ရင္း

    ဦးမင္းေနာင္၏ စာၾကည့္ခန္း တံခါးေသာ့ကို ေျဖးေျဖးေလး လွည့္ဖြင့္လိုက္သည္။

✨✨✨✨✨✨✨✨✨✨✨✨✨

   ရွင္းသန႔္ အိပ္ရာ နိုးေတာ့ မနက္ 11 နာရီ !

    မေန႕ညက စိတ္ညစ္ညစ္နဲ႕ ‌အမ်ားႀကီး ‌ေသာက္လာေသာေၾကာင့္ ေခါင္းေတြ အေသကိုက္ေနသည္။

   ေခါင္းကိုက္ သက္သာေစရန္ နားထင္ကို ႏွိပ္ေပးရင္း လရိပ္ နဲ႕ ရန္ျဖစ္ခဲ့သည္မ်ားကို စဥ္းစားမိေတာ့

"ငါ လြန္သြားတယ္ ထင္တယ္"

    သူ လြန္ခဲ့သည္ကို နားလည္မိသည္မို႔ ဖုန္းဆက္ ေတာင္းပန္ဖို႔ ႀကိဳးစားေပမယ့္

    လုံး၀ မရ . . . . ေကာက္စိန္ေလးက ဖုန္းကို ပိတ္ထား‌ေတာ့

"မင္းပဲ စိတ္ေကာက္ တတ္တာလား ငါလည္း ေကာက္တတ္တာပဲ "

     မေက်မနပ္ တေယာက္တည္း ေရ႐ြတ္ရင္း သူ႕ ဖုန္းကို ပိတ္ပစ္လိုက္ေတာ့သည္။

   တေန႕လုံး လရိပ္ေရာင္ကို ေကာက္ပစ္မယ္ ေတြးထားေပမယ့္ နာရီ လက္တံမ်ား၏ တေခ်ာကေခ်ာက္ ေ႐ြ႕လွ်ားသံ ႏွင့္အတူ

     ရွင္းသန႔္ရဲ႕ စိတ္မ်ားလည္း ေျပာင္းလာသည္။

    သူ လရိပ္ နဲ႕ အၿပိဳင္ ေကာက္လို႔မျဖစ္ . . . .

      သူ႕တြင္ လရိပ္ေရာင္ လိုမ်ိဳး အၾကာႀကီး ေကာက္တတ္ေသာ စိတ္မ်ိဳး မပါလာခဲ့ေသာေၾကာင့္

   ဟိုအရင္က အတိုင္း သူကပင္ စိတ္ေလွ်ာ့ကာ သြားေခ်ာ့မွျဖစ္မည္။

   ✨✨✨✨✨✨✨✨✨✨✨✨✨✨
 
    လရိပ္ အိမ္သို႔ သြားရန္ ေရခ်ိဳးၿပီး  ထြက္လာေသာ အခါတြင္

   ရွင္းသန့္ ကို ေစာင့္ေနေသာ အေဖ့ကို ေတြ႕လိုက္ရသည္မို႔

" ဒီ အခန္းထဲ ဘာလာလုပ္တာလဲ ?"

"မင္းက ready ျဖစ္ေနၿပီပဲ "

"ဘာကိုလဲ? "

"မင္း အိမ္ေထာင္ဖက္ သြားေတြ႕ဖို႔ေလ "

"ကြၽန္ေတာ္ မေတြ႕နိုင္ဘူးလို႔ ေျပာၿပီးၿပီေလ "

"မင္းမွာ ငါ့ကို ျငင္းခြင့္ မရွိဘူး ငါ ခိုင္းတဲ့ အတိုင္း လုပ္ ! မလုပ္ရင္ လရိပ္ေရာင္ ဆိုတဲ့ ေကာင္ေလး လူ အမ်ားရဲ႕ အထင္ေသး ခံရမယ္ "

    သူ အရမ္း မုန္းေသာ အေဖ့ရဲ႕ အမိန႔္သံ . . . .

    သူ အရမ္း မုန္းေပမယ့္ သူ႕တြင္ အေဖ့ အမိန႔္ကို ဖီဆန္လို႔ မျဖစ္သည့္ အေၾကာင္းက ရွိေနသည္မို႔

    သူ ထို မိန္းကေလးကို သြားေတြ႕ရလိမ့္မည္။

   အေတြးတခုက ေခါင္းထဲမွာ လက္ခနဲ ျဖတ္ေျပးသြားေတာ့

"ကြၽန္ေတာ္ သြားေတြ႕ရင္ အေဖ cctv video ကို ဖ်က္ေပးမွာလား "

"အဲ့ေလာက္ မလြယ္ဘူးဆိုတာ မင္းသိမွာပါ "

"သေဘာပဲေလ ကြၽန္ေတာ္လည္း သြားမေတြ႕နိုင္ဘူး "

"မင္းမွာ ငါ့ အမိန႔္ကို ျငင္းလို႔ မရတဲ့ အေျခအေနဆိုတာ ေမ့ေနတာလား "

      သူ႕ကို ‌ေလွာင္သလို ၾကည့္ေနေသာ အေဖနဲ႕ ထပ္တူ အၿပဳံးမ်ိဳး သူၿပဳံးရင္း

"ကြၽန္ေတာ္ သြားမေတြ႕ရင္ လရိပ္ နာမည္ပ်က္ ရတာထက္ . . . . အေဖ့ကို အေဖ့ မိတ္ေဆြေတြက ကတိမတည္တဲ့ လူလို႔ အထင္ေသး သြားမွာက အရင္ဆိုတာ အေဖ ေမ့ေနတယ္ ထင္တယ္ "

    မိတ္ေဆြမ်ားၾကား အထင္ေသး ခံရမည္ကို အလြန္‌ ေၾကာက္ေသာ

   အေဖ့ရဲ႕ အားနည္းခ်က္ကို သူ  ခ်ဳပ္ကိုင္လိုက္ေတာ့

     သူ႕ရဲ႕ တုံ႕ျပန္မႈကို ေမွ်ာ္လင့္မထားေသာ အေဖ မ်က္ႏွာပ်က္ သြားေပမယ့္ အျမန္ ျပန္ထိန္းလိုက္ရင္း

"မင္းကို တကယ္ ေလွ်ာ့တြက္လို႔ မရဘူးပဲ . . . . "

"အေဖ ေ႐ြးေပါ့ . . . အဲ့ဒီ video ေတြကို အကုန္ ဖ်က္ေပးမလား ? ဒါမွမဟုတ္ အေဖ့ မိတ္ေဆြေတြၾကားမွာ ကတိမတည္တဲ့ လူ အျဖစ္ခံမလား "

"မင္း အဲ့ဒီ ေကာင္မေလးနဲ႕ ေျပေျပလည္လည္ သြားေတြ႕မယ္ ဆိုရင္ ငါ မင္းေျပာသလို ဖ်က္ေပးမယ္ "

     ထို video ေတြသာ မရွိေတာ့ရင္ သူႏွင့္ လရိပ္ၾကားမွာ ဘာ အခက္အခဲမွ မရွိေတာ့သည္မို႔

"အေဖ့ ကတိတည္ပါေစ "

  ✨✨✨✨✨✨✨✨✨✨✨✨✨✨

" ကို ရွင္းသန႔္မင္းေနာင္ ဟုတ္ပါသလား?"

   ရွင္းသန႔္ cafe တခုတြင္ ေမလ၀န္း ဟုေခၚေသာ

     အေဖ့ရဲ႕ အရင္းႏွီးဆုံး မိတ္ေဆြ တေယာက္၏ သမီးကို ေစာင့္ေနမိစဥ္

    သူ႕ ကို ေမးလာေသာ ထို မိန္းကေလးကို . . . .

"ေမလ၀န္း လား ?"

   သူ႕ အေမးကို အျပာေရာင္ ဂါ၀န္တိုကို ၀တ္ဆင္ထားေသာ မိန္းကေလးက ရွက္ၿပဳံးေလးနဲ႕ . . . .

"ဟုတ္ ကြၽန္မက ေမလ၀န္းပါ "

"ေတြ႕ရတာ ၀မ္းသာပါတယ္ "

    ေမလ၀န္းကို စကားေျပာ ၾကည့္ေသာအခါ ရွင္းသန႔္ သိလာရသည္က

    အေဖ ဘာလို႔ ေမလ၀န္းကို ေ႐ြးခ်ယ္ခဲ့သည္ကို . . . .

  ေမလ၀န္း က ယဥ္ေက်းသည္။ စကားေျပာရင္ မ်က္လႊာေလး ခ်ရင္း ရွက္ၿပဳံးေလးနဲ႕ တုံ႕ျပန္တတ္ၿပီး

    အလုပ္အကိုင္က designer တေယာက္ ျဖစ္သလို

     လ နဲ႕ သက္ဆိုင္ေသာ နာမည္ကို ပိုင္ဆိုင္ထားၿပီး

    ျဖဴစင္ေသာ အသားအေရ, ခ်ိဳသာေသာ အၿပဳံးတို႔က ရွင္းသန့္ကို တစုံတေယာက္ကို သတိရေစသည္။

     ဆိုင္ထဲသို႔ မေက်မနပ္ ၀င္လာေသာ ေကာင္ေလးကိုေပါ့  . . . .

     လရိပ္ ကို ဒီမွာ ေတြ႕ရမည္လို႔ ရွင္းသန႔္ လုံး၀ မထင္ထား မိေသာေၾကာင့္

    ေသာက္ေနေသာ coffee မ်ားပင္ သည္းသြားရေတာ့သည္။

      လရိပ္က သူ႕ကို ျမင္သည္ႏွင့္ ေမလ၀န္း ေက်ာခိုင္းထားေသာ

   အေနာက္ဘက္ရွိ စားပြဲတြင္ ထိုင္ရင္း သူ႕ကို မီး၀င္း၀င္း ေတာက္ေသာ အၾကည့္မ်ိဳးႏွင့္ ၾကည့္ေနသလို

    လရိပ္ႏွင့္ အတူ ပါလာေသာ ဖူးပြင့္ ကေတာ့ 'နင္ေတာ့ ေသၿပီ ' ဟူေသာ အမူအရာ လုပ္ျပေနသည္မို႔

     Drama ဇတ္လမ္းမ်ားထဲက ေဖာက္ျပန္တာ လူမိသြားေသာ ေယာကၤ်ား တေယာက္ အလား ခံစားေနရၿပီး ေခြၽးျပန္လာ‌မိသည္။

    ေမလ၀န္းကေတာ့ သူ႕ အျဖစ္ကို မသိ စကားမ်ား ဆက္ေျပာေနဆဲ

    စားပြဲေပၚ တင္ထားေသာ ဖုန္းမ်က္ႏွာျပင္ေပၚတြင္ ေပၚလာေသာ Message ေလးက

' အခု ခ်က္ခ်င္း ထမျပန္ရင္ ကိုကို႔ကို တသက္ မေခၚေတာ့ဘူး '

   သူ႕ကို မေက်မနပ္ ၾကည့္ေနေသာ လရိပ္ကို လွမ္းၾကည့္ရင္း

     မေန႕ညက ဦးသီဟ ဘက္က ကာကြယ္ေပးခဲ့ပုံမ်ားကို သတိရမိေသာ အခါ

    သူ ျဖည္းျဖည္းခ်င္း ေခါင္းခါျပလိုက္ေတာ့ လရိပ္ မ်က္ႏွာေပၚတြင္

      မယုံနိုင္မႈမ်ား ၀မ္းနည္းမႈမ်ား ျဖတ္ေျပး သြားၾကသည္ကို သူ ျမင္လိုက္ရသည္။

     ငိုခ်င္ေနသည္ကို ႏႈတ္ခမ္းမ်ားကို ဖိကိုက္ရင္း ထိန္းခ်ဳပ္ထားေသာ ေကာင္ေလးကို

   သူ အခုခ်က္ခ်င္း ေပြ႕ဖက္ထားရင္း ေခ်ာ့လိုက္ခ်င္ေပမယ့္

      လရိပ္ တေယာက္ ဦးသီဟနဲ႕ နီးနီးကပ္ကပ္ ေနသည္ကို ျမင္ရတိုင္း

    ဦးသီဟ ဘက္က ရပ္တည္တိုင္း ရွင္းသန႔္ ဘယ္လို ခံစားခဲ့ရသည္ကို

     လရိပ္ကို နားလည္ေစခ်င္ သည္မို႔ သူ မသိခ်င္ေဆာင္ ေနလိုက္သည္။

      ရွင္းသန႔္ကို ေနာက္ဆုံး အႀကိမ္ နာၾကည္းစြာ ၾကည့္ရင္း

     လရိပ္ တေယာက္ ဆိုင္ျပင္ကို ေျပးထြက္သြားေတာ့

" အေကာင္စုတ္ နင္ ေသခ်င္ေနလား !!"

     ရွင္းသန႔္တို႔ ဝိုင္းသို႔ ေဒါသတႀကီး‌ ေလွ်ာက္လာေသာ

    ဖူးပြင့္ရဲ႕ လက္ဝါးသိုင္းကြင္ မ်ားကို  ႀကိဳးစား ေရွာင္ရင္း

"မိဖူး ! ေတာ္ေတာ့!"

    သူ တားလိုက္ေတာ့မွ ဖူးပြင့္က ဆက္မရိုက္ေတာ့‌ ေပမယ့္

   သူ႕ ညာလက္ တဘက္ကေတာ့ ဖူးပြင့္ေပးေသာ ဒဏ္ရာမ်ားနဲ႕ အျပည့္

" နင္ကမ်ား ငါ့ကေလးကို ငိုေအာင္လုပ္ရလား ! အခုခ်က္ခ်င္း လိုက္ေခ်ာ့!"

    ရွင္းသန့္ရဲ႕ လရိပ္ကိုမ်ား သူ႕ကေလးတဲ့   . . . .

    ရွင္းသန႔္ အထြန႔္တက္ ခ်င္ေပမယ့္ ဖူးပြင့္၏ အၾကည့္မ်ားက မီး၀င္း၀င္းေတာက္ေနသည္မို႔ ဘာမွမေျပာရဲ

    ရွင္းသန႔္တို႔ ႏွစ္ေယာက္ကို အံ့ဩစြာ ၾကည့္ေနေသာ ေမလ၀န္းကို ဖူးပြင့္က အခ်ိဳသာဆုံး အၿပဳံးေလးနဲ႕

"ညီမေလး , ဒီ အေကာင္က ငေၾကာက္! အလကား သုံးစားမရဘူး"

    ဖူးပြင့္၏ အၿပဳံးက ခ်ိဳသေလာက္ စကားမ်ားက ခါးသက္လွသည္။

" အဲ့ေလာက္လည္း မျမႇောက္ပါနဲ႕ဟာ "

       ရွင္းသန႔္ တိုးတိုးေလး ႐ြဲ႕ေျပာလိုက္ေတာ့ ဖူးပြင့္က သူ႕ကို အစိမ္းလိုက္ ဝါးစားမလို ၾကည့္ရင္း

"နင္ လရိပ္ အဖြားေရွ႕မွာ ငါ့ အေၾကာင္း ေျပာတာေလာက္ မဆိုးေသးပါဘူး ဟာ "

     ရွင္းသန႔္ သိလိုက္ၿပီ ။ ဖူးပြင့္ သိသြားၿပီမို႔ သူ မၾကာခင္ ေသရေတာ့မည္ကို ။

"ငါ ေသေလာက္တဲ့ အျပစ္ က်ဴးလြန္မိပါတယ္ ငါ့ကို ခြင့္လႊတ္ပါ "

     ရွင္းသန႔္ရဲ႕ ေတာင္းပန္ စကားကို ဖူးပြင့္က ဂ႐ုစိုက္ျခင္း အလ်ဥ္း မရွိ

    ေအးစက္စြာ လ်စ္လ်ဴရႈရင္း ေမလ၀န္းကို အၿပဳံးေလးနဲ႕

"သူ႕မွာ လရိပ္ေရာင္ ဆိုတဲ့ ေကာင္ေလး တေယာက္လုံး ရွိတာကို သူ႕ အေဖကို မလြန္ဆန္ ရဲတာနဲ႕ ညီမေလးကို လာေတြ႕ရတာ။ အလကား မိန္းမေတြကို စိတ္၀င္စားတာလည္း မဟုတ္ဘဲနဲ႕ "

     ထို စကားအဆုံး ေမလ၀န္းက သူ႕ကို စိတ္ပ်က္စြာ တခ်က္ ၾကည့္ရင္း ဆိုင္ထဲက ထြက္သြားေတာ့

    ေမလ၀န္းကို သူ႕အစား စိတ္ပ်က္သြားေအာင္ လုပ္ေပးေသာ ဖူးပြင့္ကို သူ ေက်းဇူး အခါခါ တင္မိေတာ့သည္။

"ေက်းဇူးပါပဲ မိဖူး"

    ဖူးပြင့္ကို ေပြ႕ဖက္လိုက္ေတာ့ လက္ဝါးေစာင္း ထက္ထက္ တခုက သူ႕ ေက်ာျပင္ကို က်ေရာက္လာသည္မို႔

" အား ! နင္ကလည္း ျဖည္းျဖည္း လုပ္ပါဟာ "

"ငါ နင့္ကို ေတာက္ေတက္ေၾကာ္ လုပ္စားပစ္ခ်င္တာ သိလား ?! နင္ ေသရင္ လရိပ္ေလး ၀မ္းနည္း ရမွာမို႔ မလုပ္တာ "

"နင္က စိတ္ေကာင္းရွိတဲ့ မိန္းကေလး တေယာက္ပါ မိဖူးရယ္ "

     ဖူးပြင့္ကို ေလေျပေလးနဲ႕ စိတ္ေက်နပ္ေအာင္ ေျပာလိုက္ၿပီး

    လရိပ္ကို သြားေခ်ာ့ရန္ သူ အျမန္ေလး အျပင္ကို ေျပးထြက္ရင္း

     ကားမ်ားစြာ ရပ္ထားေသာ အနည္းငယ္ ေမွာင္ေနေသာ ကားပါကင္ထဲတြင္

    လရိပ္ေရာင္၏ ကားကို ရွာေနမိေပမယ့္ ခ်စ္ရသူ၏ အျပာေရာင္ fit ကားေလးကို ဘယ္မွာမွ ရွာမေတြ႕ 

  အိမ္ျပန္သြားၿပီ ထင္သည္ . . . . သူ တကယ္ ဘယ္လို လုပ္ရပါ့ . . . . .

    လရိပ္ အိမ္သို႔ သြားရန္ သူ႕ကားရွိရာသို႔ အျမန္ေလး သြားလိုက္ေတာ့

     သူ႕ ကားေဘးတြင္ ေခါင္းေလးငုံ႕ရင္း ရပ္ေနေသာ လရိပ္ကို ျမင္လိုက္ရသည့္ တခဏ

"ကိုကိုက ခ်စ္ျပန္သြားၿပီ ထင္ေနတာ "

    လရိပ္ အနား ကပ္သြားရင္း ေျပာလိုက္ေပမယ့္ လရိပ္က ေခါင္းေလးငုံေနဆဲ

"ေစာေစာတုံးက . . . ."

    ရွင္းသန႔္ စကားကို ျဖတ္လိုက္ေသာ ငိုရွိုက္သံေလး တခုေၾကာင့္ လရိပ္ ေခါင္းေလးကို ဆြဲေမာ့လိုက္ေတာ့

   သူ ထင္သည့္ အတိုင္း မ်က္ရည္ေလးမ်ား ျပည့္ေနေသာ မ်က္လုံး ကေလးမ်ားက သူ႕ကို ၾကည့္ေနသည္။

"ဘာလို႔ ငိုေနတာလဲ ခ်စ္ရာ ခုနက ကိုကို႔အေဖ အတင္း ေတြ႕ခိုင္းလို႔ လာေတြ႕ရတဲ့ ေကာင္မေလးပါ  "

     ပါးျပင္ေပၚက မ်က္ရည္ေလးမ်ားကို သုတ္ေပးရင္း ေျပာလိုက္ေတာ့

"မေန႕ညတုံးက လရိပ္ ဦးသီဟ ဘက္က ပါခဲ့တုံးက ကိုကို ဘယ္လို ခံစားရမလဲ ေတြးမိသြားလို႔ပါ "

     လရိပ္ေရာင္ရဲ႕ ကိုယ္ေသးေသးေလးက သူ႕ရင္ခြင္ထဲ တိုး၀င္ရင္း

" လရိပ္ ေတာင္းပန္ပါတယ္ေနာ္ ညက လရိပ္ေၾကာင့္ ကိုကို အရမ္း ခံစားခဲ့ရမွာပဲ "

     သူ႕ ရင္ခြင္ထဲတြင္ တရႈံ႕ရႈံ႕ ငိုေနေသာ လရိပ္ကို ျပန္ဖက္ထားရင္း

"ကိုကိုလည္း ေတာင္းပန္ပါတယ္ ခ်စ္ကို ခက္ထန္တဲ့ စကားေတြ ေျပာခဲ့မိလို႔"

     မ်က္ရည္မ်ားၾကားက ရွင္းသန႔္ကို ေမာ့ၾကည့္ေနေသာ လရိပ္ရဲ႕ ႏႈတ္ခမ္းေလးမ်ားကို ဖြဖြေလး အနမ္းေလး ေပးလိုက္ေသာ အခါ

      အသည္းယား စဖြယ္ ႏႈတ္ခမ္း ဖူးဖူးေလး ေပၚတြင္ အၿပဳံးပန္းေလးမ်ား ပြင့္လာေတာ့သည္။

   ✨  ✨✨✨✨✨✨✨✨✨✨✨✨

"အဲ့ေတာ့ ျပန္ေျပလည္ သြားၾကၿပီလား ?"

     ရွင္းသန႔္ လရိပ္ လက္ကို ဆြဲရင္း ဆိုင္ထဲ ၀င္လာေသာ အခါ

     မ်က္ႏွာကို ဟန္ပါပါ မဲ့ရင္း ေမးလာေသာ ဖူးပြင့္ကို

"အင္းေပါ့ ငါတို႔က သိပ္ခ်စ္ၾကတာေလ"

    လရိပ္ ပါးေလးကို အနမ္းေလး ေပးရင္း ေျဖလိုက္ေသာ ရွင္းသန႔္ရဲ႕ အေျဖကို ၾကားသည့္ တခဏ

"ေဝါ့ ပိုလိုက္တာ "

      အန္ခ်င္သလို ရင္ဘတ္ကို လက္ႏွင့္ ထုေနေသာ ဖူးပြင့္ကို သူ စိတ္ထဲကေန ေမတၱာပို႔ေပးလိုက္မိသည္။

" မဖူးက လရိပ္ကို ဒီကို ေခၚလာတာ ဘာေျပာဖို႔လဲ "

     လရိပ္က ေမးလာေတာ့ ဖူးပြင့္ မ်က္ႏွာက မဲ့လိုက္ရင္း

"ရွင္းသန႔္က ဒီမွာ ေကာင္မေလး တေယာက္နဲ႕ ရွိေနမယ္ သတင္း အတိအက် ရထားလို႔ ေခၚလာတာေလ "

"နင္ ယုတ္မာတာ ၾကည့္စမ္း !"

    ရွင္းသန႔္ရဲ႕ စကားကို အေလးမထားသလို လွ်ာထုပ္ျပေနေသးသည္။

    ဒီလို စိတ္ပုတ္မကို ေစမန္ ဘယ္လိုမ်ား ခ်စ္မိခဲ့သည္ကို

   ရွင္းသန႔္ ဘယ္ေတာ့မွ နားလည္မည္ မဟုတ္ ။

"အလကား စတာပါ ငါ နင္နဲ႕ လရိပ္ကို ေပးစရာေလး ရွိလို႔ "

    ဖူးပြင့္ မ်က္ႏွာက ႐ုပ္တရက္ႀကီး တည္သြားၿပီး

     Memory stick တခုကို ေပးလိုက္သည္မို႔ . . . .

"ဒါဘာလဲ "

"ဒီ အထဲမွာ နင့္ရဲ႕ ရန္သူကို အလွဲထိုးနိုင္မယ့္ အရာေတြ ပါတယ္ "

     ရွင္းသန႔္ရဲ႕ ရန္သူ ? ရွင္းသန႔္တြင္ ရန္သူ တေယာက္ပဲ ရွိသည္ ။

  ဦးမင္းေနာင္ ဟုေခၚေသာ အေဖ . . . .

"နင္ ဒါေတြကို ဘယ္က ရတာလဲ? "

     ဖူးပြင့္က မေျဖ . . .  . အတန္ၾကာမွ အဓိပၸာယ္ပါေသာ အၿပဳံးတခု ၿပဳံးရင္း

"နင္ ဒီမွာ ရွိေနမယ္ဆိုတာ ေျပာျပေပးတဲ့ သူ ဆီက ရတာ "
 
     ရွင္းသန႔္ ဒီေန႕ ဒီမွာ ရွိေနမည္ ဆိုသည္ကို သိေသာသူ . . . .

     ဘယ္သူ ျဖစ္မည္ကို ရွင္းသန႔္ တကယ္ မေတြးတတ္ေတာ့

"နင္တို႔ ႏွစ္ေယာက္ အတြက္ ေ႐ႊေရာင္ေန႕ရက္ေတြ ေရာက္လာေတာ့မွာပါ "

     ဖူးပြင့္က နားလည္ရခက္ေသာ အၿပဳံးေလး တခုနဲ႕

"ေစမန္ ေခၚေနလို႔ ငါသြားေတာ့မယ္ေနာ္"

   ဖူးပြင့္ ျပန္သြားေတာ့ ရွင္းသန႔္ လရိပ္ ကားထဲတြင္ ပါလာေသာ laptop ျဖင့္

     ဖူးပြင့္ ေပးခဲ့ေသာ stick ကို ဖြင့္ၾကည့္မိေသာ အခါ

"ကိုကို ဒါေတြက . . . . "

       Stick ထဲတြင္ ပါေသာ စာရင္းဇယား မ်ားကို ေသခ်ာစြာ ဖတ္ရႈလိုက္ၿပီး

     ရွင္းသန႔္ laptop ကို ပိတ္ျပစ္လိုက္ရင္း . . . .

"ဖူးပြင့္ ေျပာတာ မွန္တယ္။ ကိုကိုတို႔ အတြက္ ေ႐ႊေရာင္ေန႕ရက္ေတြ ေရာက္လာေတာ့မယ္ "

✨✨✨✨✨✨✨✨✨✨✨✨✨
    

   ဦးမင္းေနာင္ ေမလ၀န္း ၏ အေဖ ျဖစ္ေသာ သူ၏ အျပစ္တင္ ေျပာဆိုသံမ်ား ဆက္နားမေထာင္နိုင္ေတာ့

    ဖုန္းကို ခ်ျပစ္လိုက္ၿပီး မိမိ၏ စာၾကည့္ခန္းရွိ ကြန္ျပဴတာ သို႔ အခ်ိန္ ေလွ်ာက္သြားလိုက္သည္။

"ရွင္းသန႔္ , မင္းက ဟန္ေဆာင္ လမ္းခြဲၿပီး ငါ့ကို အ႐ူးလုပ္တယ္ေပါ့ေလ ေတြ႕ၾကေသးတာေပါ့ "

     ကြန္ျပဴတာထဲတြင္ သိမ္းထားေသာ cctv video ေလးရွိရာ file ေလးကို ဖြင့္လိုက္ခ်ိန္တြင္

"ဒါက ဘယ္လို . . . "

      လရိပ္ေရာင္ရဲ႕ cctv video မ်ား လုံး၀ မရွိေတာ့

    ဗလာက်င္းေနေသာ file ကို ၾကည့္ရင္း သူ ၿငိမ္ေနမိသည္။
    
     တစုံတ‌ေယာက္က သူ႕ ကြန္ျပဴတာထဲက ဒီ video ကို ဖ်က္ခဲ့သည္။

    ထိုသူက ဘယ္သူဆိုတာ သိဖို႔ သိပ္ မခက္ . . . .

     အၿမဲ ေသာ့ခတ္ထားေသာ ဒီ အခန္းကို ၀င္နိုင္သူ . . . .

    Password ခ်ထားေသာ ဒီ ကြန္ျပဴတာကို ဖြင့္နိုင္ေသာ သူက . . .

   ဒီ ကမာၻေပၚ တြင္ ဦးမင္းေနာင္ မွလြဲ၍ အျခားသူ တစ္ဦးတည္းသာ ရွိသည္။

"၀တီ !  "

   ✨✨✨✨✨✨✨✨✨✨✨✨✨✨

(AN)

    ဒီေန႕ ျပန္ပါလာတဲ့ character က ဖူးပြင့္ ျဖစ္ပါတယ္ !!! ♥️

     ဇိုင္း နဲ႕ Alvin ကို အားလုံးက ခန႔္မွန္းၾက‌လိမ့္မယ္လို႔ သာသာ တကယ္ မေမွ်ာ္လင့္ ထားခဲ့မိဘူး 😌😅  အရမ္း လန႔္သြားရသလို ေပ်ာ္လည္း ေပ်ာ္ရတယ္ 💕။

    Alvin နဲ႕ ဇိုင္းကို အားေပးၾကတဲ့ readers ေလးေတြ အမ်ားႀကီး ရွိေပမယ့္

       သူတို႔ ႏွစ္ေယာက္ကို သာသာ ဒီစာအုပ္ထဲမွာ ဘာလို႔ အမ်ားႀကီး မထည့္ထားတာလဲ ဆိုေတာ့ေလ . . . .

      သူတို႔ ဇတ္လမ္းက ရွင္းသန႔္နဲ႕ လရိပ္ တို႔နဲ႕ တခ်ိန္တည္းမွာ ျဖစ္ေနတာဆိုေတာ့ Spoilers ေတြ ပါသြားမွာ စိုးလို႔ပါ 😭

      သာသာရဲ႕ ခ်စ္ readers ေလးေတြကို သူတို႔ရဲ႕ ဇတ္လမ္းေလးကို ျမန္ျမန္ ခ်ျပခ်င္ေပမယ့္

    သာသာ ဒီ လရိပ္တို႔ ဇတ္လမ္းရယ္၊ ဘုန္းျမတ္ေသြးတို႔ ဇတ္လမ္းရယ္

  ၿပီးေတာ့ သာသာ ကိုယ္ေရးကိုယ္တာ ကိစၥေလးေတြရယ္နဲ႕ အသစ္ မေရးျဖစ္ဘူး ျဖစ္ေနလို႔ ဟီး 😀

    သာသာ့ရဲ႕ ဒီ ဇတ္လမ္း ႏွစ္ခုထဲက တခု ၿပီးသြားရင္ေတာ့ သာသာ ဇိုင္းတို႔ ဇတ္လမ္းေလးကို တင္ေပးမယ္ေနာ္ 💕 သာသာ့ကိုသည္းခံေစာင့္ေပးပါလို႔ 😙😙💕

    

  

   
  

   

Weiterlesen

Das wird dir gefallen

193K 7.7K 73
"မင်းနာမည်က" "အရိုင်းပင် ....ငါ့နာမည်ကအရိုင်းပင်"
1.3K 68 6
ချူယူကချူပါ... ယူလိုကယူပါ... မောင်ချူယူလိုက်သောအရာတွေသည် ဝိုင် အပေးချင်ဆုံးရသဖြစ်ခဲ့လေတော့... ဝိုင်
157K 5.8K 81
Zawgyi မင္းသိလား မင္းကငါ့ရဲ႕အရာရာဆိုတာ... Unicode မင်းသိလား မင်းကငါ့ရဲ့အရာရာဆိုတာ... Cover photo from pinterest 》Notebook《 Starting date - 21.12.2018...
200K 14.4K 28
ချစ်ရပါ​သောရှပ်ပြာ​လေးနဲ့တည်မြဲ​သောအချစ်ရဲ့S2​လေးပါရှင့် daddies​တွေပြီး​တော့သားသားတို့အလှည့်​ပေါ့💖 ဖတ်ရှု​ဝေဖန်​ပေးပါ ကြိုးစားလျက်..ရွှန်း..