ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြ...

By lazyass-latte

1.5M 202K 11.2K

Status: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (complete... More

Let talk about This Novel
အခန္​း(၁)
အခန်း(၁)
အခန္​း(၂) / အခန်း(၂)
အခန္​း(၃)/အခန်း(၃)
အခန္​း(၄)/အခန်း(၄)
အခန္​း(၅)/အခန်း(၅)
အခန္​း(၆)/အခန်း(၆)
အခန္​း(၇)/အခန်း(၇)
အခန္​း(၉)/အခန်း(၉)
အခန္​း(၁၀)/အခန်း(၁၀)
အခန္​း(၁၁)/အခန်း(၁၁)
အခန္​း(၁၂)/အခန်း(၁၂)
အခန္​း(၁၃)/အခန်း(၁၃)
အခန္​း(၁၄)/အခန်း(၁၄)
အခန္​း(၁၅)/အခန်း(၁၅)
အခန္​း(၁၆)/အခန်း(၁၆)
အခန္​း(၁၇)/အခန်း(၁၇)
အခန္​း(၁၈)/အခန်း(၁၈)
အခန္​း(၁၉)/အခန်း(၁၉)
အခန္​း(၂၀)/အခန်း(၂၀)
အခန္​း(၂၁)/အခန်း(၂၁)
အခန္​း(၂၂)/အခန်း(၂၂)
အခန္​း(၂၃)/အခန်း(၂၃)
အခန္​း(၂၄)/အခန်း(၂၄)
အခန္​း(၂၅)/အခန်း(၂၅)
အခန္​း(၂၆)/အခန်း(၂၆)
အခန္​း(၂၇)/အခန်း(၂၇)
အခန္​း(၂၈)/အခန်း(၂၈)
အခန္​း(၂၉)/အခန်း(၂၉)
အခန္း(၃၀)/အခန်း(၃၀)
အခန္​း(၃၁)/အခန်း(၃၁)
အခန္​း(၃၂)/အခန်း(၃၂)
အခန္​း(၃၃)/အခန်း(၃၃)
အခန္​း(၃၄)/အခန်း(၃၄)
အခန္​း(၃၅)/အခန်း(၃၅)
အခန္​း(၃၆)/အခန်း(၃၆)
အခန္​း(၃၇)/အခန်း(၃၇)
အခန္​း(၃၈)/အခန်း(၃၈)
အခန္​း(၃၉)/အခန်း(၃၉)
အခန္​း(၄၀)/အခန်း(၄၀)
အခန္​း(၄၁)/အခန်း(၄၁)
အခန္​း(၄၂)/အခန်း(၄၂)
အခန္​း(၄၃)/အခန်း(၄၃)
အခန္​း(၄၄)/အခန်း(၄၄)
အခန္​း(၄၅)/အခန်း(၄၅)
အခန္​း(၄၆) /အခန်း(၄၆)
အခန္​း(၄၇)/အခန်း(၄၇)
အခန္း(၄၈)/အခန်း(၄၈)
အခန္း(၄၉)/အခန်း(၄၉)
အခန္​း(၅၀)/အခန်း(၅၀)
အခန္​း(၅၁)/အခန်း(၅၁)
အခန္​း(၅၂)/အခန်း(၅၂)
အခန္​း(၅၃)/အခန်း(၅၃)
အခန္​း(၅၄)/အခန်း(၅၄)
အခန္​း(၅၅)/အခန်း(၅၅)
အခန္​း(၅၆)/အခန်း(၅၆)
အခန္​း(၅၇)/အခန်း(၅၇)
အခန္​း(၅၈)/အခန်း(၅၈)
အပိုခ်ပ္​(၁​.၁)/အပိုချပ်(၁.၁)
အပိုခ်ပ္​(၁.၂)/အပိုချပ်(၁.၂)
အပိုခ်ပ္​(၁.၃)/အပိုချပ်(၁.၃)
အပိုခ်ပ္​(၂.၁)/အပိုချပ်(၂.၁)
အပိုခ်ပ္​(၂.၂)/အပိုချပ်(၂.၂)
အပိုခ်ပ္​(၂.၃)/အပိုချပ်(၂.၃)
အပိုခ်ပ္​(၂.၄)/အပိုချပ်(၂.၄)
အပိုခ်ပ္​(၂.၅)/အပိုချပ်(၂.၅)
အပိုခ်ပ္​(၂.၆)/အပိုချပ်(၂.၆)
အပိုခ်ပ္​(၂.၇)/အပိုချပ်(၂.၇)
အပိုခ်ပ္​(၃)/အပိုချပ်(၃)
​ေက်းဇူးတင္​လႊာႏွင္​့ ​ေရာက္​တတ္​ရာရာ/ကျေးဇူးတင်လွှာနှင့်ရောက်တတ်ရာရာ
Announcement; Latte's FB

အခန္​း(၈)/အခန်း(၈)

17.3K 3.1K 45
By lazyass-latte

Zawgyi
ဘာျပႆနာမွမ႐ွိဘဲ သံုးပတ္​တာကာလကုန္​ဆံုးသြား
သည္​။ ဒီလိုမ်ိဳးအခ်ိန္​အၾကာႀကီး က်န္​႔​ေ႐ွာင္​ယဲ့ ျပႆနာ
မတက္​ဘူးဆိုတာ ​ေတာ္​​ေတာ္​​ေလး႐ွားတယ္​။ တကၠသိုလ္​႒ာနရဲ႕ အုပ္​ခ်ဳပ္​​ေရးမႉး သူ႔အ​ေဒၚ ႐ွန္​႔​ေယာင္​းမိန္​​ေတာင္​ အံ့ၾသသြားရတယ္​။ ​ေ႐ွာင္​ယဲ့ရဲ႕ အခန္​း​ေဖာ္​အသစ္​​ေလးက ​ေ႐ွာင္​ယဲ့ရဲ႕ ပံုစံကို ​ေျပာင္​းလဲပစ္​တဲ့လူျဖစ္​လိမ္​့မယ္​လို႔ သူမ မယံုသကၤာ ျဖစ္​မိတယ္​။

"အဲ့တာက ဘယ္​လိုလုပ္​ျဖစ္​ႏိုင္​မွာလဲ" လို႔ စာျပန္​လိုက္​ၿပီး
အဲ့ဒီ့မသကၤာမႈႀကီးကို က်န္​႔​ေ႐ွာင္​ယဲ့ပယ္​ခ်လိုက္​သည္​။

သို႔​ေပမဲ့လည္​း သူစိတ္​ထဲမွာ​ေတာ့ ​ေသ​ေသခ်ာခ်ာ​ေလး ​ေတြး​ေနမိသည္​။ ဝမ္​က်ိဳရဲ႕ တည္​႐ွိမႈက တကယ္​ႀကီးအက်ိဳးသက္​​ေရာက္​မႈနည္​းနည္​း​ေတာ့ ႐ွိတယ္​။ တစ္​ခါတစ္​​ေလ သူတစ္​ခုခုကိုစိတ္​ဓာတ္​က်ၿပီး ဝမ္​က်ဳိကို သြားညည္​းျပလိုက္​ရင္​ သူက ျပံဳးၿပီး​ေတာ့ အဲ့တာကိုစိတ္​ထဲအရမ္​းမထားဖို႔ ႏွစ္​သိမ္​့​ေပးတယ္​။
အရင္​တုန္​းကဆို သူက တစ္​​ေယာက္​တည္​း​ေနခဲ့ရတာမို႔ အဲ့တာကို စဥ္​းစားလိုက္​တိုင္​း ပိုပိုၿပီး​ေဒါသထြက္​ရလြန္​းလို႔
သူ႔​ေဒါသ​ေတြဆူပြက္​လာၿပီး ၊ အိပ္​ရာက​ေနထ ၊ ရန္​သြားျဖစ္​တဲ့အထိပဲ။

အခန္​း​ေဖာ္​႐ွိတာ အရမ္​းႀကီးမဆိုးတဲ့ပံုပဲ။

ဘယ္​လိုပဲျဖစ္​ျဖစ္​ သူနဲ႔ က်ိဳး​ေရြးက​ေတာ့ ခပ္​ျဖည္​းျဖည္​း​ေလး သြား​ေနၾကတုန္​း။ က်ိဳး​ေရြးက တစ္​ခါတစ္​​ေလ​ ​
​ေတာ္​​ေတာ္​​ေလး ဗိုလ္​က်တယ္​ဆို​ေပမဲ့ မ်ား​ေသာအားျဖင္​့​ေတာ့ သူ႔အ​ေပၚ​ေကာင္​းပါတယ္​။ က်ိဳး​ေရြး​က ​ေန႔ဘက္​​ေတြဆို သူ႔ကို
ထမင္​းအတူတူစားဖို႔​ေခၚတယ္​။ ညဘက္​​ေတြဆို သူ႔ကို စာပို႔
ျပီး​ေတာ့ အားလပ္​ရက္​​ေတြဆို date လုပ္​ဖို႔​ေခၚတယ္​။

သို႔​ေပမဲ့လည္​း က်န္​႔​ေ႐ွာင္​ယဲ့ တစ္​ခ်ိန္​လံုး ခံစားခ်က္​အခ်ိဳ႕ ​ေပ်ာက္​ဆံုး​ေနသလို ခံစားရတယ္​။

သူနဲ႔အတူ႐ွိရင္​ သက္​​ေတာင္​့သက္​သာျဖစ္​မိတယ္​ဆိုတဲ့ ခံစားခ်က္​မ်ိဳး။

ဝမ္​က်ိဳ​ေၾကာင္​့သာမဟုတ္​ဘူးဆိုရင္​ ​ေ႐ွာင္​ယဲ့ က်ိဳး​ေရြးနဲ႔တြဲဖို႔ လြယ္​လြယ္​သ​ေဘာတူလိုက္​မိမွာ။ ဒါ​ေပမဲ့ ဝမ္​က်ိဳက သူ႔ကို တစ္​​ေယာက္​​ေယာက္​ကို တကယ္​ႀကိဳက္​ႏွစ္​သက္​တယ္​ဆိုတာ စစ္​မွန္​တဲ့အာရံုစူးစိုက္​မႈ သူ႔အ​ေပၚ​ေပးရမယ္​ဆိုတာကို သတိျပဳမိ​ေစခဲ့တယ္​။

တစ္​ခါ လ်ိဳ႕ဟန္​က သူငယ္​ခ်င္​း​ေတြနဲ႔ ဘဲကင္​အ​ေၾကာင္​း
လိုင္​း​ေပၚမွာ ​ေဆြး​ေႏြး​ေနၾကတာကို ​ေ႐ွာင္​ယဲ့​ေတြ႕လိုက္​​ေတာ့ "မင္​းအဲ့အ​ေၾကာင္​းကို​ေျပာကတည္းက ငါစားခ်င္​​ေန
ၿပီ" ဆိုၿပီး ​ေကာမန္​႔​ေရး​ေပးလိုက္​တယ္​။ ဒါ​ေပမဲ့ သူအဲ့တာကို တကယ္​ႀကီး​ စိတ္​ထဲကပါၿပီး ​ေျပာလိုက္​တာမဟုတ္​ဘူး။ အဲ့တာအျပင္​ သူတို႔​ေက်ာင္​းနားမွာလဲ ဘာဘဲကင္​ဆိုင္​မွမ႐ွိဘူး။ ၿပီး​ေတာ့ အဲ့တာကိုစားဖို႔အ​ေရး အ​ေဝးႀကီးသြားရမွာအရမ္း ​ပ်င္​းဖို႔​ေကာင္​းတယ္​။

ဝမ္​က်ိဳက အဲ့ညက ဘဲကင္​ကို သူ႔အတြက္​ဝယ္​လာခဲ့တယ္​။

​အ​ေရခြံပါးပါး​ေလးရယ္ ၾကက္​သြန္​ၿမိတ္​​ေလး​နဲ႔ဘဲကင္​ကို အလႊာခ်ပ္​ပါးပါး​ေလး​ေတြလွီးထားၿပီး အႏွစ္​ရည္​​ေတြနဲ႔အတူ ဘူး​ေလးတစ္​ခုထဲမွာထုပ္​ထားတယ္​။ ၿပီး​ေတာ့ အဲ့ဘူးကိုပဲ သီးသန္​႔အပူ​ေပးတဲ့ဘူးထဲမွာ ထည္​့ထ​ား​ေသးတယ္​။ အဲ့တာက အခုမွ ​oven ထဲကထြက္​လာသလိုမ်ိဴး ပူ​ေႏြး​ေနသည္​။

အနီးဆံုး​ေနရာကဘဲကင္ဆိုင္​က ကားနဲ႔သြားရင္​​ေတာင္​ ၁နာရီၾကာတယ္​။ delivery လည္​းမ႐ွိဘူး။

ဝမ္​က်ဳိက သူ႔ကိုဘာတစ္​ခုမွ​ေတာင္​ အထိမခံဘူး။ ဘဲသား​အခ်ပ္​​ေလး​ေတြကို အႏွစ္​နဲ႔ သူဘာသာတို႔​ေပးၿပီး ၾကက္​သြန္​ၿမိတ္​​ေလးကိုပါစမ္​းလိုက္​​ေသး။ ၿပီး​ေတာ့ ဝမ္​က်ဳိက သူ႔ကို သူ႔ဘာသာ​ေတာင္​ စားခြင္​့​ေတာင္​မ​ေပး​ေတာ့မဲ့နီးပါးပဲ။

အလြန္​႔အလြန္​႔ကုိ ရက္​စက္​ၾကမ္​းၾကဳတ္​တတ္​တဲ့ယဲ့​ေကာဆိုၿပီး အယ္​လ္​ဖာ​ေတာ္​​ေတာ္​မ်ားဆီက​​ေနအ​ေခၚရတဲ့ က်န္​႔​ေ႐ွာင္​ယဲ့၊ ၿပီး​ေတာ့ငယ္​ငယ္​​ေလးကတည္​းက ဂ႐ုစိုက္​မခံခဲ့ရတဲ့ အိုမီဂါက်န္​႔​ေ႐ွာင္​ယဲ့ဟာဆိုရင္​ျဖင္​့ ဒီ​ေနရာမွာ​ေတာ့ ကိုယ္​့ကိုယ္​ကို ဂ႐ုမစိုက္​ႏိုင္​တဲ့ သံုးႏွစ္​သား​ေလးလိုမ်ိဳး ဆက္​ဆံခံ​ေနရပါ​ေတာ့သည္​။

​သူ႔ႏွလံုးသားက လႈပ္​႐ွားမသြားဘူးလို႔​ေျပာတာက ​မျဖစ္​ႏုိင္​မွန္​း သိသာ​ေနတာပဲ။ သူငယ္​ငယ္​​ေလးကတည္​းက သူ႔မွာ ၾကံ့ခိုင္​တဲ့စိတ္​ဓာတ္​႐ွိခဲ့တယ္​။ တစ္​ျခားလူအ​ေပၚကိုမွီခိုရတာက သူ႔ရဲ႕ဂုဏ္​သိကၡာ​ေတြကို ​ေအာက္ခ်လိုက္​ရသလိုပဲ အျမဲတမ္​းခဲ့စားခဲ့ရတာ။ သူ႔ရဲ႕မိသားစုကလည္​း အလိုလိုက္​​ေသးတယ္​။ ​ေ႐ွာင္​ယဲ့ သူ႔ကိုအလိုလိုက္​တဲ့အျပင္​လူကို ​ေတြ႕ဖူးတာ ဒါပထမဆံုးအႀကိမ္​ပဲ။ အဲ့တာ​ေၾကာင္​့ပဲ ဒီတစ္​ျခားလူက
အရမ္​းကိုကြဲျပားတယ္​ဆိုတာကို သူအလိုလိုခံစား​ေနမိတာ။

ဒါ​ေပမဲ့ သူ႔ႏွလံုးသားကဘယ္​​ေလာက္ထိ လႈပ္​႐ွား​ေနမိၿပီလဲဆိုကို တိုင္​းတာဖို႔ၾက​ေတာ့ က်န္​႔​ေ႐ွာင္​ယဲ့ သူကိုယ္​တိုင္​​ေတာင္​ မ​ေသခ်ာဘူး။

ဝမ္​က်ိဳက သူ႔အိမ္​က golden retrieverအႀကီးႀကီးနဲ႔ တကယ္​တူတာ။ သူက က်န္​​ေ႐ွာင္​ယဲ့က သူ႔ဘဝရဲ႕အဓိကဗဟိုလိုမ်ဳိး ​ေအာက္​က်ိဳ႕သည္​းခံတယ္​ ၊ အ​ေလးထားတယ္​ ၿပီး​ေတာ့ အျမဲတမ္​းခ်စ္​​ေပးၿပီးသစၥာလည္​း႐ွိတယ္​။

အဲ့လိုမ်ိဳး ႏူးႏူးညံ့ညံ့နဲ႔ ဂ႐ုစိုက္​ခံရ​ေတာ့ က်ိဳး​ေရြး​ရဲ႕အ​ေလး​ေပးတဲ့အဆင္​့က အ​ေလာ္​​ေတာ္​​​ေလာက္​​ေတာင္​မ႐ွိဘူးလို႔ ​ေ႐ွာင္​ယဲ့ ခံစားလိုက္​ရသည္​။

​ေသာၾကာ​ေန႔ညႀကီး က်ိဳး​ေရြး​က သူ႔ကို ပါတီသြားဖို႔ဆိုၿပီး ​ေနာက္​တစ္​ႀကိမ္​လာ​ေခၚျပန္​တယ္​။ ​ေနာက္​ဆံုးတစ္​​ေခါက္​တုန္​းက သူမသြားခဲ့တာ​ေၾကာင္​့ ဒီတစ္​​ေခါက္​က​ေတာ့ ​ေခါင္​း​ေ႐ွာင္​ဖို႔ မ​ေကာင္​း​ေတာ့ဘူး။ က်န္​႔​ေ႐ွာင္​ယဲ့ခမ်ာ သ​ေဘာ
တူလိုက္​ရ​ေတာ့တယ္​။ ဘာပဲျဖစ္​ျဖစ္​ သူဒီတစ္​ပတ္​ပိတ္​ရက္​အိမ္​ျပန္​မွာမွ မဟုတ္​တာ။ အဲ့ဒီ့​ေတာ့ ​အမူး​ေသာက္​ရမွာလည္​း မဆိုးဘူး။

ဝမ္​က်ဳိက လိုက္​ခဲ့ခ်င္​​ေန​ေပမဲ့လည္​း က်န္​႔​ေ႐ွာင္​ယဲ့ သူတို႔ႏွစ္​​ေယာက္​​ေတြ႔ရင္​ ထပ္​ၿပီးရန္​ျဖစ္​​ေနမွာကို ​ေၾကာက္​​ေနရတယ္​။ အဲ့တာ​ေၾကာင္​့ ဝမ္​က်ဳိကို မလိုက္​ခိုင္​းဘဲ​ေနလိုက္​သည္​။ အဲ့ကိုမသြားခင္​မွာ ဝမ္​က်ိဳက ​ေ႐ွာင္​ယဲ့ကိုတစ္​ခုခုျဖစ္​လာခဲ့ရင္​ သူကိုက်ိန္​း​ေသဖုန္​းဆက္​ဖို႔ ထပ္​ခါတလဲလဲမွာ​ေန​ေတာ့သည္​။
သူသိၿပီဆိုတာကို ျပဖို႔ ​ေ႐ွာင္​ယဲ့ လက္​ယမ္​းျပလိုက္​သည္​။

​ေက်ာင္​း​ေဘးနားက KTV မွာ​ပဲ​ေတြ႔ၾကဖို႔ အခ်ိန္​းအခ်က္​လုပ္​လိုက္​ၾကသည္​။ က်န္​႔​ေ႐ွာင္​ယဲ့ တံခါးကို ဖြင္​့လ်ွင္​ဖြင္​့ခ်င္​းပဲ
ျပင္​းထန္​လြန္​းလွတဲ့အသံလိႈင္​း​ေၾကာင္​့ အံ့အားသင္​့သြားရသည္​။ အသံ​ေနာက္​​ေန ​ေဆးလိပ္​​ေငြ႕​နဲ႔အရက္​နံ႔က ကပ္​ပါလာသည္​။ က်န္​႔​ေ႐ွာင္​ယဲ့ ​ေဆးလိပ္​​ေငြ႕​ေၾကာင္​့ မ်က္​​ေမွာင္ၾကဳတ္​လိုက္​မိသည္​။

က်ိဳး​ေရြး​က သူ႔ကိုလက္​ယပ္​​ေခၚ​ေလသည္။ "​ေ႐ွာင္​ယဲ့ ၊ဒီကိုလာ"

က်န္​႔​ေ႐ွာင္​ယဲ့ သူ႔​ေဘးနားကိုသြားထိုင္​လိုက္​ၿပီး​ေတာ့ လွည္​့ပတ္​ၾကည္​့လိုက္​သည္​။ ကာယာအို​ေကစက္​နားမွာ​ေတာ့ ​ေက်ာင္​းတူတဲ့လူနည္​းနည္​း႐ွိတယ္​။ သူ​တို႔​ေတြ ​ေ႐ွာင္​ယဲ့ကိုၾကည္​့လာတာ​ေၾကာင္​့ ​ေ႐ွာင္​ယဲ့ နည္​းနည္​းစိတ္​လႈပ္​႐ွားသြားသည္​။ အဲ့ဒီ့​ေနာက္​ သူတို႔​ေတြက က်ိဳး​ေရြး​ကို အားက်တဲ့မ်က္​လံုး​ေတြနဲ႔ ၾကည္​့​ေန​ေလ၏။

က်န္​႔​ေ႐ွာင္​ယဲ့ အဲ့အၾကည္​့ကိုနားမလည္​ဘူး။ သူတို႔​ေတြဘာ​ေတြလုပ္​​ေနမွန္​းလည္​း သူနားမလည္​ဘူး။ အဲ့အခ်ိန္​မွာပဲ က်ိဳး​ေရြး​က သူ႔ပုခံုး​ေပၚကို လက္​လာတင္​သည္​။ သူ႔မ်က္​ႏွာက
အနည္​းငယ္​​နီရဲ​ေနတာ​ေၾကာင္​့ သူ​ေတာ္​​ေတာ္​​ေလး ​ေသာက္​
ၿပီးသြားၿပီ​ေနမယ္​။
"ဘာလို႔မင္​းက အ​ေဝးႀကီးမွာထိုင္​​ေနရတာလဲ? အကုန္​လံုး
ဒီကိုလာၾကပါ။ ငါရဲ႕​ေ႐ွာင္​ယဲ့​ေလးက မကိုက္​ပါဘူး, ဟုတ္​တယ္​မလား?"

က်ိဳး​ေရြး​က သူ႔မ်က္​ႏွာမွာ အျပံဳးတစ္​ခုခ်ိတ္​ဆြဲထားၿပီး ​ေ႐ွာင္​ယဲ့ကို လွည္​့ၾကည္​့လာသည္​။ အတင္​းကပ္​​ေနတာ​ေၾကာင္​့ သူ႔ရဲ႕ႏႈတ္​ခမ္​းက ​ေ႐ွာင္​ယဲ့ရဲ႕နားကို ထိ​ေတာ့မဲ့စဲစဲပင္​။ အရက္​နံ႔​ေရာ​ေနတဲ့ ပူျပင္​းတဲ့အသက္​႐ွဴ​ေငြ​ေတြက သူ႔ကို ​ေနရထိုင္​ရအဆင္​မ​ေျပ​ေအာင္​လုပ္​​ေနသည္​။ မ်က္​​ေတာင္​တစ္​ခ်က္​မခတ္​ဘဲ ​ေ႐ွာင္​ယဲ့ က်ိဳး​ေရြး​ကို "မင္​း​ေနာက္​တစ္​ခါထပ္​တိုးလာရင္​ ငါမင္​းကိုကိုက္​ပစ္​မွာ" လို႔​ေျပာရင္​း သူ႔ကုိ အ​ေနာက္​ကို တြန္​းလိုက္​သည္​။

သူပံုစံက အသက္​မပါတဲ့ပံုဆို​ေပမဲ့လည္​း ဒါကက်ီဆယ္​တယ္​ဆိုတာ အရမ္​းသိသာ​ေနတာပဲ။
"T တကၠသုိလ္​ရဲ႕ သြားမ႐ႈပ္​ရတဲ့ အ​ေရးႀကီးဆံုးလူမ်ား"စာရင္​းက ထိပ္​ဆံုးလူျဖစ္​တဲ့ ယဲ့​ေကာက ဒီလိုမ်ိဳး က်ီဆယ္​တတ္​တယ္​လို႔ လူတိုင္​းမ​ေမွ်ာ္​လင္​့ထားမိဘူး။ သူတို႔​ေတြ
ယဲ့​ေကာကို ​ေတာ္​​ေတာ္​​ေလး ထိန္​းခ်ဳပ္​ထားႏိုင္​တဲ့က်ိဳး​ေရြးကို မ​ေလးစားအားမက်ဘဲ မ​ေနႏိုင္​​ေတာ့ဘူး။

က်ိဳး​ေရြး​ မ်က္​ႏွာက သူ႔အစိတ္​အ​ေျခအ​ေနက so good ​ေနသလိုမ်ိဳး ျမင္​့တက္​လာ​ေတာ့သည္​။သူ သ​ေဘာထားႀကီးစြာနဲ႔ ဆုပ္​ကိုင္​ထားတာကို ​ေလ်ာ့​ေပးလိုက္​သည္​။ အရက္​ခြက္​တစ္​ခြက္​ကို ယူလိုက္​ၿပီး​ေတာ့ က်န္​႔​ေ႐ွာင္​ယဲ့ဆီကမ္​း​ေပးလိုက္​ၿပီးတဲ့​ေနာက္​ သူတို႔ရဲ႕လက္​​ေမာင္​း​ေတြကုိ ခ်ိတ္​လိုက္​သည္​။ အဲ့ပံုက မဂၤ​လာ​ေဆာင္​မွာ ဝိုင္​ခြက္​လဲတဲ့ပံုနဲ႔ ​ေတာ္​​ေတာ္​​ေလးတူလွသည္​။ က်ိဳး​ေရြး​က စ​ေနာက္​သလိုမ်ိဳး
"ငါတုိ႔ ​ေသာက္​ၾကမလား" ​ဆိုၿပီး​ေျပာလိုက္​သည္​။
(ET/N မိန္​းမနဲ႔​ေယာက္​်ားက မဂၤ​လာ​ေဆာင္​မွာ သူတို႔လက္​​ေမာင္​းခ်ိတ္​ၿပီးအရက္​ခြက္​​ေသာက္​သလိုမ်ိဳးပါ)

က်န္​႔​ေ႐ွာင္​ယဲ့ ​ေၾကာက္​ရြံမ​ေန​ေပ၊ "​ေသာက္​ၾကတာ​ေပါ့"

ႏွစ္​​ေယာက္​သားတစ္​​ေယာက္​ကို တစ္​​ေယာက္​ၾကည္​့လိုက္​
ၿပီး တစ္​ခ်ိန္​တည္​းမွာပဲ ခြက္​​ေတြကို ​ေျမႇာက္​လိုက္​သည္​။ ​ေဘးပတ္​ပတ္​လည္​က လူ​ေတြက​ေဝဖန္​​ေနၿပီး အား​ေပးအား​ေျမႇာက္​ျပဳ​ေနတာ​ေၾကာင္​့ သူတို႔ တစ္​​ေယာက္​ခ်င္​းစီ ​ခြက္​​ေတြအကုန္​လံုး​ေျပာင္​သြားတဲ့အထိ အျပင္​းဆံုးနဲ႔အၾကာဆံုးျဖစ္​​ေအာင္​ ​ေသာက္​ခဲ့ၾကတယ္​။

တစ္​မိနစ္​မွ်​ေလာက္​ အရင္​​ေသာက္​လို႔ၿပီးသြားတဲ့ က်ိဳး​ေရြး​ကရယ္​​ေလသည္​။ "ငါႏိုင္​ၿပီ"
က်န္​႔​ေ႐ွာင္​ယဲ့လည္​းပဲ ရယ္​လိုက္​သည္​။ " အဲ့တာၿပိဳင္တာလို႔မင္​းမ​ေျပာခဲ့ဘူး​ေလ"

က်ိဳး​ေရြး တစ္​ခဏ​ေလာက္​စကားမ​ေျပာႏုိင္​ဘဲ ၾကက္​​ေသ​ေသသြားသည္​။

က်န္​႔​ေ႐ွာင္​ယဲ့က သူ႔ရဲ႕​ေၾကာက္​မက္​ဖြယ္​ဂုဏ္​သတင္​း​
​ေၾကာင္​့ သက္​သက္​ ၾကည္​ညိဳခံ​ေနရတာ။ဒါ​ေပမဲ့ သူက တကယ္​တမ္​း​ေတာ့ ဘယ္​လိုမွ ရက္​စက္​ၾကမ္​းၾကဳတ္​တဲ့ပံုမ​ေပၚဘူး။ သူ႔ရဲ႕မ်က္​ခံုး​ေတြက ထူထဲၿပီး​ေတာ့ သာမန္​အိုမီဂါ​ေတြထက္​ပုိၿပီး ခံ့ညားထည္​ဝါ​ေနတာကလြဲလို႔​ေပါ့။ အျမဲတမ္​းလိုလို သူ႔ရဲ႕သိမ္​​ေမြ႔ႏူးညံ့တဲ့ မ်က္​ႏွာ​ေပါက္​​ေလးကို သူ႔ရဲ႕ ​ေအးစက္​စက္​ႏိုင္​တဲ့ မ်က္​ႏွာထားက ဖံုးထားတာ​ေၾကာင္​့ အဲ့တာက တစ္​ျခားလူ​ေတြ သူ႔ကို​ေၾကာက္​လာ​ေစတဲ့ ​​ေအးစက္​စက္​မ်က္​ႏွာႀကီး ျဖစ္​လာ​ေတာ့တာပဲ။

ဒါ​ေပမဲ့ ​ေ႐ွာင္​ယဲ့ အခု​ျပံဳး​ေနတယ္​​ေလ။ သူ႔ရဲ႕အ​ေပၚကိုလန္​တက္​​ေနတဲ့ ႏႈတ္​ခမ္​း​ေလးက အရက္​​ေၾကာင္​့ အနီ​ေရာင္​သမ္​းၿပီးရႊန္​းရႊန္​းစို​ေနသည္​။ ၿပီး​ေတာ့ သူ႔ရဲ႕​ေအးစက္​စက္​ႏုိင္​မႈ​ေတြကို ​ေပ်ာက္​ကြယ္​​ေစတဲ့ အနီ​ေရာင္​႐ွပ္​​ေျပး​ေလးက သူ႔​ပါး​ေပၚမွာ႐ွိ​ေနတယ္​။ ဒါ​ေပမဲ့ ဓားတစ္​​ေခ်ာင္​းမွာ႐ွိတဲ့
ထိပ္​ခြၽန္​ပိုင္​းရဲ႕ တလက္​လက္​​ေတာက္​ပ​ေနသလိုမ်ိဳး သူ႔မ်က္​လံုးထဲက အထက္စီးဆန္​မႈက​ေတာ့ ​ေလ်ာ့မသြားဘူး။
အဲ့တာက ​ေယာက္​်ားတစ္​​ေယာက္​ကို တစ္​ခုခုလုပ္​လိုက္​ဖို႔ လႈံ႕​ေဆာ္​​ေနတဲ့ အလွတရား ဆို​ေပမဲ့လည္​း အဲ့လိုမ်ိဳး လုပ္​မဲ့သူကို အႏ ၱရာယ္​​ေတြကိုလည္​းပဲကမ္​းလွမ္​း​ေနတယ္​​ေလ။

က်ိဳး​ေရြး​ က်န္​႔​ေ႐ွာင္​ယဲ့ရဲ႕လက္​ကိုဆြဲလိုက္​ၿပီး​ေတာ့ တံ​ေတြးကိုခက္​ခက္​ခဲခဲ မ်ိဳခ်လိုက္​ရသည္​။ ​ေဘးပတ္​ပတ္​လည္​မွာ႐ွိတဲ့ လူ​ေတြရဲ႕ က်ာ္​ျပန္​႔လွတဲ့အၾကည္​့​ေတြ​ေအာက္​မွာ
က်ိဳး​ေရြး ​ေ႐ွာင္​ယဲ့ကို နမ္​းလိုက္​သည္​။

မ​ေမွ်ာ္​လင္​့ထားတဲ့ လုပ္​ရပ္​ျဖစ္​တာ​ေၾကာင္​့မို႔ က်န္​႔​ေ႐ွာင္​ယဲ့ အဲ့တာကို​ေ႐ွာင္​ဖို႔ အခ်ိန္​မရလိုက္​ဘူး။သူ သူ႔ရဲ႕​​ေခါင္​းကိုပဲ ​ေစာင္​းလိုက္​ႏိုင္​တာ​ေၾကာင္​့ က်ိဳး​ေရြး​ရဲ႕ အနမ္​းက သူ႔ရဲ႕ပါး​ေပၚကိုသာ ​ေရာက္​သြား​ေတာ့သည္​။
တစ္​ျခားလူ​ေတြက​ေတာ့ ​ေ႐ွာင္​ယဲ့ ႐ွက္​​ေနတာပဲလို႔ ထင္​လိုက္​မိၾကၿပီး ဆက္​ၿပီး က်ယ္​က​်ယ္​ေ​လာင္​​ေလာင္​ပဲ အား​ေပးအား​ေျမႇာက္​ျပဳ​ေနၾက​ေတာ့သည္​။ က်န္​႔​ေ႐ွာင္​ယဲ့ သူ႔​
​ေခါင္​းကိုလွည္​့ၿပီး​ေတာ့ ​ေဘးပတ္​လည္​ကို ​ေအးတိ​ေအးစက္​ၾကည္​့လိုက္​တာ​ေၾကာင္​့ သူတို႔​ေတြ ခ်က္​ခ်င္​းကို လံုးဝ တိတ္ဆိတ္​သြား​ေအာင္​ လုပ္​လိုက္​သလိုပင္​။

"ငါအ​ေျခအ​ေနမ​ေကာင္​းသလိုခံစားရလို႔ ငါအရင္​ျပန္​ႏွင္​့လိုက္​မယ္​" သူ က်ိဳး​ေရြး​ကို ​ေလးစားသမႈနဲ႔ ​ေျပာလိုက္​​ေပမဲ့ လူတိုင္​းက​ေတာ့ အဲ့တာက အ​ေၾကာင္​းျပခ်က္​သက္​သက္​ပဲဆိုတာ သိ​ေနတာပဲ။
​ေ႐ွာင္​ယဲ့ အခန္​းထဲက ထြက္​ဖို႔ ခ်က္​ခ်င္​းထလိုက္​သည္​။ သူ ​ေျခလွမ္​းနည္​းနည္​းပဲ လွမ္​းရ​ေသး က်ိဳး​ေရြး​က သူ႔​ေနာက္​က လိုက္​လာၿပီး သူ႔ကိုဖမ္​းမိသြားသည္။

"မင္​း႐ူး​ေနလား?" က်ိဳး​ေရြး​ ဘယ္​​ေတာ့ကမွ ဒီလိုမ်ိဳး
လူျမင္​ကြင္​းႀကီးမွာ မ်က္​ႏွာပ်က္​​ေအာင္​အလုပ္​ခံရၿပီး ခဏခဏအျငင္​းခံရတာမ်ဳိး မျဖစ္​ဖူးဘူး။​ ​ေနာက္​ဆံုး​ေတာ့ သူ႔ရဲ႕ အခ်ိန္​ၾကာျမင္​့စြာ ဖိႏွိပ္​ခ်ဳပ္​ခ်ယ္​ထားတဲ့ ​မ​​ေက်နပ္​ခ်က္​က
လြတ္​ထြက္​သြား​ေတာ့သည္​။

က်န္​႔​ေ႐ွာင္​ယဲ့ရဲ႕ မ်က္​ခံုး​ေတြ ​ေအးစက္​သြား​သည္​။ "မင္​းကိုလည္​း ငါ အတူတူပဲ​ေမးရမလိုပဲ။ မင္​း ငါ့ရဲ႕သ​ေဘာတူညီခ်က္​​ေတြကို စည္​း​ေက်ာ္​​ေနတာလား?"

က်ိဳး​ေရြး​ေတာ္​​ေတာ္​​ေလး ​ေဒါသထြက္​သြားသည္​။
"ငါက ဘာျဖစ္​​ေနလို႔လဲ? မင္​း ငါ့ကိုႀကိဳက္​တယ္​။ ငါလည္​းမင္​းကိုႀကိဳက္​တယ္​။ ​ေနာက္​ဆံုး ငါတို႔တြဲရမွာပဲ​ေလ။ ၿပီး​ေတာ့ ငါ​ေျပာတာမမွာဘူးဆို ​ေနာက္​လအနည္​းငယ္​​ေလာက္​က်ရင္​ မင္​းရဲ႕ ပထမဆံုး heat ကလာ​ေတာ့မွာ​ေလ၊ ဟုတ္​တယ္​မလား? အဲ့အခ်ိန္​မွာ ငါ​တို႔အတူတူအိပ္​ရ​ေတာ့မွာ​ေလ။ အဲ့​ေတာ့ အခုအဲ့တာကို ႀကိဳ​ေလ့က်င္​့ထားရမွာက ပံုမွန္​မဟုတ္​ဘူးလား?"

စကားလံုး​ေတြက အရမ္​းကိုပဲ တိက်ျပတ္​သားၿပီးပြင္​့လင္​းလြန္​းတယ္​။ ဒါ​ေပမဲ့ က်န္​႔​ေ႐ွာင္​ယဲ့မွာ ဘာစိုးရိမ္​​ပူပန္​မႈမွမ႐ွိဘူး။ မ်က္​ခံုးကိုျမင္​့လိုက္​ၿပီး သ​ေရာ္​ျပံဳးျပံဳးလိုက္​မယ္​။
"မင္​းက ငါကမင္​းနဲ႔အိပ္​လိမ္​့မယ္​ဆိုၿပီး အရမ္​း ယံုၾကည္​ခ်က္​​႐ွိ​ေနတာ​ေပါ့?"

"ဘယ္​သူ႐ွိ​ေသးလုိ႔လဲ" လို႔ က်ိဳး​ေရြး​ ​ေမးလိုက္​သည္​။ "မင္​းမွာ တစ္​ျခားလူ႐ွိ​ေသးလို႔လား? ဥပမာအ​ေနနဲ႔ မင္​းရဲ႕ pheromone ခ်ိဳ႕တဲ့​ေနတ​ဲ့ အခန္​း​ေဖာ္​​ေလးလား? ဟာသ​ေတြ​ေျပာ​ေနတာ ​ေတာ္​လိုက္​​ေတာ့။ အဲ့အယ္​လ္​ဖာရဲ႕ pheromone က အရမ္​းအားနည္​းတယ္​ဆိုတာ မင္​းလည္​း သိ​ေနတာပဲ။ မင္​း မင္​းရဲ႕ heat ႏွိပ္​စက္​ညႇင္​းပန္​း တာကို ခံရလိမ္​့မယ္​"

က်န္​႔​ေ႐ွာင္​ယဲ့ ျပန္​ၿပီး မျငင္​းႏိုင္​ခဲ့ဘူး။ တကယ္​တမ္​း​ေတာ့ ​ေနာက္​ႏွစ္​လ​ေနလို႔မွ သူ အင္​အားႀကီးတဲ့အယ္​လ္​ဖာတစ္​​ေယာက္​ကို ျမန္​ျမန္​မႀကိဳက္​ဘူးဆိုရင္​ ၿပီး​ေတာ့ အဲ့တစ္​​ေယာက္​ကလည္​း သူ႔ကိုျပန္​မႀကိဳက္​ဘူးဆိုရင္​ သူ႔heatအတြက္​ သူ႔ရဲ႕​ေရြးခ်ယ္​စရာက က်ိဳး​ေရြး​ မဟုတ္​ရင္​ တစ္​ျခား က်ံဳရာက်ပန္​း လြတ္​လပ္​​ေနတဲ့ အယ္​လ္​ဖာပဲ ျဖစ္​လာလိမ္​့မယ္​။

​ေ႐ွာင္​ယဲ့ ဝမ္​က်ဳိကို မႀကိဳက္​တာ​ေတာ့ မဟုတ္​​ေပမဲ့ အဲ့တာက ဝမ္​က်ိဳရဲ႕ pheromone က သူ႔heat ရဲ႕fever ကို ဖ်က္​ႏုိင္​မွာမဟုတ္​ဘူး။အဲ့လိုဆိုရင္​ သူ႔ရဲ႕က်န္​းမာ​ေရးက အႏ ၱရာယ္​ျဖစ္​လာလိမ္​့မယ္​။ အဲ့တာ​ေၾကာင္​့မို႔ ဝမ္​က်ဳိက ​ေရြးရမွာက အရမ္​းကိုမွ အရဲစြန္​႔ရလြန္​းတယ္​။

ဒါ​ေပမဲ့ ​သူနဲ႔က်ိဳး​ေရြး​က တစ္​​ေယာက္​​နဲ႔တစ္​​ေယာက္​ ႀကိဳက္​လို႔အတူ႐ွိတာမဟုတ္​ဘဲ ဇီဝ​ေဗဒအရ အတူ႐ွိဖို႔လိုအပ္​သလိုမ်ိဳး က်ိဳး​ေရြး​ အဲ့တာကို ​ေျပာလိုက္​တာကို ​ေ႐ွာင္​ယဲ့ တကယ္​ပဲ လံုးဝမၾကိဳက္​ဘူး။

"မင္​းလုပ္​ခဲ့တဲ့ အမွားအ​ေပၚ ျပန္​ၿပီး​ေတာ့ မင္​းကို ​ေျပာစရာငါ့မွာဘာမွမ႐ွိ​ေတာ့ဘူး။ သို႔မဟုတ္​ရင္​ မင္​း ငါ့နား ထပ္​မလာနဲ႔​ေတာ့"

​ေ႐ွာင္​ယဲ့ အဲ့တာကို ယဥ္​ယဥ္​​ေက်း​ေက်း​ေျပာလိုက္​သည္​။
ၿပီး​ေတာ့က်ိဳး​ေရြး​ရဲ႕လက္​ကို ခါထုတ္​လိုက္​ၿပီး သူ႔ကိုစိတ္​ထဲက ထုတ္​လိုက္​သည္​။ ​ေ႐ွာင္​ယဲ့ ​ေနာက္​ကိုမၾကည္​့ဘဲ လွည္​့ထြက္​သြားလိုက္​သည္​။

တကယ္​လို႔ ​ေနာက္​ဆံုးမွာ သူ က်ိဳး​ေရြး​နဲ႔ပဲအတူ႐ွိဖို႔တြန္​းအား​ေပးခံရမယ္​ဆုိရင္​​ေတာင္​မွ ဒီအခ်ိန္​မွာ​ေတာ့ သူ ႐ို​ေသ​ေလးစားမႈမ႐ွိဘဲ႐ိုင္​းျပတတ္​တဲ့ အယ္​လ္​ဖာတစ္​​ေယာက္​ကို သူ႔စိတ္​ႀကိဳက္​ဘာမဆိုလုပ္​ဖို႔ ဘယ္​​​ေတာ့မွခြင္​့ျပဳမွာမဟုတ္​ဘူး။

ဒါက သူ႔ရဲ႕ပနာမ အခ်က္​ပဲ၊ ၿပီး​ေတာ့ သူ႔heat မလာခင္​ သူ႔ရဲ႕ ​ေနာက္​ဆံုး စစ္​တလင္​းပဲ။

T/N
ႏွစ္​ရက္​​ေတာင္​ update မ​ေပးႏိုင္​ခဲ့ဘူး။ အစားထိုး ​ေပးပါ့မယ္​​ေနာ္​။

Unicode

ဘာပြဿနာမှမရှိဘဲ သုံးပတ်တာကာလကုန်ဆုံးသွားသည်။ ဒီလိုမျိုးအချိန်အကြာကြီး ကျန့်ရှောင်ယဲ့ ပြဿနာမတက်ဘူးဆိုတာ တော်တော်လေးရှားတယ်။ တက္ကသိုလ်ဋ္ဌာနရဲ့ အုပ်ချုပ်ရေးမှူး သူ့အဒေါ် ရှန့်ယောင်းမိန်တောင် အံ့သြသွားရတယ်။ ရှောင်ယဲ့ရဲ့ အခန်းဖော်အသစ်လေးက ရှောင်ယဲ့ရဲ့ ပုံစံကို ပြောင်းလဲပစ်တဲ့လူဖြစ်လိမ့်မယ်လို့ သူမ မယုံသင်္ကာ ဖြစ်မိတယ်။

"အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" လို့ စာပြန်လိုက်ပြီးအဲ့ဒီ့မသင်္ကာမှုကြီးကို ကျန့်ရှောင်ယဲ့ပယ်ချလိုက်သည်။

သို့ပေမဲ့လည်း သူစိတ်ထဲမှာတော့ သေသေချာချာလေး တွေးနေမိသည်။ ဝမ်ကျိုရဲ့ တည်ရှိမှုက တကယ်ကြီးအကျိုးသက်ရောက်မှုနည်းနည်းတော့ ရှိတယ်။ တစ်ခါတစ်လေ သူတစ်ခုခုကိုစိတ်ဓာတ်ကျပြီး ဝမ်ကျိုကို သွားညည်းပြလိုက်ရင် သူက ပြုံးပြီးတော့ အဲ့တာကိုစိတ်ထဲအရမ်းမထားဖို့ နှစ်သိမ့်ပေးတယ်။
အရင်တုန်းကဆို သူက တစ်ယောက်တည်းနေခဲ့ရတာမို့ အဲ့တာကို စဉ်းစားလိုက်တိုင်း ပိုပိုပြီးဒေါသထွက်ရလွန်းလို့ သူ့ဒေါသတွေဆူပွက်လာပြီး ၊ အိပ်ရာကနေထ ၊ ရန်သွားဖြစ်တဲ့အထိပဲ။

အခန်းဖော်ရှိတာ အရမ်းကြီးမဆိုးတဲ့ပုံပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ ကျိုးရွေးကတော့ ခပ်ဖြည်းဖြည်းလေး သွားနေကြတုန်း။ ကျိုးရွေးက တစ်ခါတစ်လေ တော်တော်လေး ဗိုလ်ကျတယ်ဆိုပေမဲ့ များသောအားဖြင့်တော့ သူ့အပေါ်ကောင်းပါတယ်။ ကျိုးရွေးက နေ့ဘက်တွေဆို သူ့ကိုထမင်းအတူတူစားဖို့ခေါ်တယ်။ ညဘက်တွေဆို သူ့ကို စာပို့ပြီးတော့ အားလပ်ရက်တွေဆို date လုပ်ဖို့ခေါ်တယ်။

သို့ပေမဲ့လည်း ကျန့်ရှောင်ယဲ့ တစ်ချိန်လုံး ခံစားချက်အချို့ ပျောက်ဆုံးနေသလို ခံစားရတယ်။

သူနဲ့အတူရှိရင် သက်တောင့်သက်သာဖြစ်မိတယ်ဆိုတဲ့ ခံစားချက်မျိုး။

ဝမ်ကျိုကြောင့်သာမဟုတ်ဘူးဆိုရင် ရှောင်ယဲ့ ကျိုးရွေးနဲ့တွဲဖို့ လွယ်လွယ်သဘောတူလိုက်မိမှာ။ ဒါပေမဲ့ ဝမ်ကျိုက သူ့ကို တစ်ယောက်ယောက်ကို တကယ်ကြိုက်နှစ်သက်တယ်ဆိုတာ စစ်မှန်တဲ့အာရုံစူးစိုက်မှု သူ့အပေါ်ပေးရမယ်ဆိုတာကို သတိပြုမိစေခဲ့တယ်။

တစ်ခါ လျို့ဟန်က သူငယ်ချင်းတွေနဲ့ ဘဲကင်အကြောင်းလိုင်းပေါ်မှာ ဆွေးနွေးနေကြတာကို ရှောင်ယဲ့တွေ့လိုက်တော့
"မင်းအဲ့အကြောင်းကိုပြောကတည်းက ငါစားချင်နေပြီ" ဆိုပြီး ကောမန့်ရေးပေးလိုက်တယ်။ ဒါပေမဲ့ သူအဲ့တာကို တကယ်ကြီး စိတ်ထဲကပါပြီး ပြောလိုက်တာမဟုတ်ဘူး။ အဲ့တာအပြင် သူတို့ကျောင်းနားမှာလဲ ဘာဘဲကင်ဆိုင်မှမရှိဘူး။ ပြီးတော့ အဲ့တာကိုစားဖို့အရေး အဝေးကြီးသွားရမှာအရမ်း ပျင်းဖို့ကောင်းတယ်။

ဝမ်ကျိုက အဲ့ညက ဘဲကင်ကို သူ့အတွက်ဝယ်လာခဲ့တယ်။

အရေခွံပါးပါးလေးရယ် ကြက်သွန်မြိတ်လေးနဲ့ဘဲကင်ကို အလွှာချပ်ပါးပါးလေးတွေလှီးထားပြီး အနှစ်ရည်တွေနဲ့အတူ ဘူးလေးတစ်ခုထဲမှာထုပ်ထားတယ်။ ပြီးတော့ အဲ့ဘူးကိုပဲ သီးသန့်အပူပေးတဲ့ဘူးထဲမှာ ထည့်ထားသေးတယ်။ အဲ့တာက အခုမှ oven ထဲကထွက်လာသလိုမျိူး ပူနွေးနေသည်။

အနီးဆုံးနေရာကဘဲကင်ဆိုင်က ကားနဲ့သွားရင်တောင် ၁နာရီကြာတယ်။ delivery လည်းမရှိဘူး။

ဝမ်ကျိုက သူ့ကိုဘာတစ်ခုမှတောင် အထိမခံဘူး။ ဘဲသားအချပ်လေးတွေကို အနှစ်နဲ့ သူဘာသာတို့ပေးပြီး ကြက်သွန်မြိတ်လေးကိုပါစမ်းလိုက်သေး။ ပြီးတော့ ဝမ်ကျိုက သူ့ကို သူ့ဘာသာတောင် စားခွင့်တောင်မပေးတော့မဲ့နီးပါးပဲ။

အလွန့်အလွန့်ကို ရက်စက်ကြမ်းကြုတ်တတ်တဲ့ယဲ့ကောဆိုပြီး အယ်လ်ဖာတော်တော်များဆီကနေအခေါ်ရတဲ့ ကျန့်ရှောင်ယဲ့၊ ပြီးတော့ငယ်ငယ်လေးကတည်းက ဂရုစိုက်မခံခဲ့ရတဲ့ အိုမီဂါကျန့်ရှောင်ယဲ့ဟာဆိုရင်ဖြင့် ဒီနေရာမှာတော့ ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်တဲ့ သုံးနှစ်သားလေးလိုမျိုး ဆက်ဆံခံနေရပါတော့သည်။

သူ့နှလုံးသားက လှုပ်ရှားမသွားဘူးလို့ပြောတာက မဖြစ်နိုင်မှန်း သိသာနေတာပဲ။ သူငယ်ငယ်လေးကတည်းက သူ့မှာ ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိခဲ့တယ်။ တစ်ခြားလူအပေါ်ကိုမှီခိုရတာက သူ့ရဲ့ဂုဏ်သိက္ခာတွေကို အောက်ချလိုက်ရသလိုပဲ အမြဲတမ်းခဲ့စားခဲ့ရတာ။ သူ့ရဲ့မိသားစုကလည်း အလိုလိုက်သေးတယ်။ ရှောင်ယဲ့ သူ့ကိုအလိုလိုက်တဲ့အပြင်လူကို တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ အဲ့တာကြောင့်ပဲ ဒီတစ်ခြားလူက
အရမ်းကိုကွဲပြားတယ်ဆိုတာကို သူအလိုလိုခံစားနေမိတာ။

ဒါပေမဲ့ သူ့နှလုံးသားကဘယ်လောက်ထိ လှုပ်ရှားနေမိပြီလဲဆိုကို တိုင်းတာဖို့ကြတော့ ကျန့်ရှောင်ယဲ့ သူကိုယ်တိုင်တောင် မသေချာဘူး။

ဝမ်ကျိုက သူ့အိမ်က golden retrieverအကြီးကြီးနဲ့ တကယ်တူတာ။ သူက ကျန်ရှောင်ယဲ့က သူ့ဘဝရဲ့အဓိကဗဟိုလိုမျိုး အောက်ကျို့သည်းခံတယ် ၊ အလေးထားတယ် ပြီးတော့ အမြဲတမ်းချစ်ပေးပြီးသစ္စာလည်းရှိတယ်။

အဲ့လိုမျိုး နူးနူးညံ့ညံ့နဲ့ ဂရုစိုက်ခံရတော့ ကျိုးရွေးရဲ့အလေးပေးတဲ့အဆင့်က အလော်တော်လောက်တောင်မရှိဘူးလို့ ရှောင်ယဲ့ ခံစားလိုက်ရသည်။

သောကြာနေ့ညကြီး ကျိုးရွေးက သူ့ကို ပါတီသွားဖို့ဆိုပြီး နောက်တစ်ကြိမ်လာခေါ်ပြန်တယ်။ နောက်ဆုံးတစ်ခေါက်တုန်းက သူမသွားခဲ့တာကြောင့် ဒီတစ်ခေါက်ကတော့ ခေါင်းရှောင်ဖို့ မကောင်းတော့ဘူး။ ကျန့်ရှောင်ယဲ့ခမျာ သဘောတူလိုက်ရတော့တယ်။ ဘာပဲဖြစ်ဖြစ် သူဒီတစ်ပတ်ပိတ်ရက်အိမ်ပြန်မှာမှ မဟုတ်တာ။ အဲ့ဒီ့တော့ အမူးသောက်ရမှာလည်း မဆိုးဘူး။

ဝမ်ကျိုက လိုက်ခဲ့ချင်နေပေမဲ့လည်း ကျန့်ရှောင်ယဲ့ သူတို့နှစ်ယောက်တွေ့ရင် ထပ်ပြီးရန်ဖြစ်နေမှာကို ကြောက်နေရတယ်။ အဲ့တာကြောင့် ဝမ်ကျိုကို မလိုက်ခိုင်းဘဲနေလိုက်သည်။ အဲ့ကိုမသွားခင်မှာ ဝမ်ကျိုက ရှောင်ယဲ့ကိုတစ်ခုခုဖြစ်လာခဲ့ရင် သူကိုကျိန်းသေဖုန်းဆက်ဖို့ ထပ်ခါတလဲလဲမှာနေတော့သည်။
သူသိပြီဆိုတာကို ပြဖို့ ရှောင်ယဲ့ လက်ယမ်းပြလိုက်သည်။

ကျောင်းဘေးနားက KTV မှာပဲတွေ့ကြဖို့ အချိန်းအချက်လုပ်လိုက်ကြသည်။ ကျန့်ရှောင်ယဲ့ တံခါးကို ဖွင့်လျှင်ဖွင့်ချင်းပဲ
ပြင်းထန်လွန်းလှတဲ့အသံလှိုင်းကြောင့် အံ့အားသင့်သွားရသည်။ အသံနောက်နေ ဆေးလိပ်ငွေ့နဲ့အရက်နံ့က ကပ်ပါလာသည်။ ကျန့်ရှောင်ယဲ့ ဆေးလိပ်ငွေ့ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ကျိုးရွေးက သူ့ကိုလက်ယပ်ခေါ်လေသည်။ "ရှောင်ယဲ့ ၊ဒီကိုလာ"

ကျန့်ရှောင်ယဲ့ သူ့ဘေးနားကိုသွားထိုင်လိုက်ပြီးတော့ လှည့်ပတ်ကြည့်လိုက်သည်။ ကာယာအိုကေစက်နားမှာတော့ ကျောင်းတူတဲ့လူနည်းနည်းရှိတယ်။ သူတို့တွေ ရှောင်ယဲ့ကိုကြည့်လာတာကြောင့် ရှောင်ယဲ့ နည်းနည်းစိတ်လှုပ်ရှားသွားသည်။ အဲ့ဒီ့နောက် သူတို့တွေက ကျိုးရွေးကို အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်နေလေ၏။

ကျန့်ရှောင်ယဲ့ အဲ့အကြည့်ကိုနားမလည်ဘူး။ သူတို့တွေဘာတွေလုပ်နေမှန်းလည်း သူနားမလည်ဘူး။ အဲ့အချိန်မှာပဲ ကျိုးရွေးက သူ့ပုခုံးပေါ်ကို လက်လာတင်သည်။ သူ့မျက်နှာက
အနည်းငယ်နီရဲနေတာကြောင့် သူတော်တော်လေး သောက်ပြီးသွားပြီနေမယ်။
"ဘာလို့မင်းက အဝေးကြီးမှာထိုင်နေရတာလဲ? အကုန်လုံးဒီကိုလာကြပါ။ ငါရဲ့ရှောင်ယဲ့လေးက မကိုက်ပါဘူး, ဟုတ်တယ်မလား?"

ကျိုးရွေးက သူ့မျက်နှာမှာ အပြုံးတစ်ခုချိတ်ဆွဲထားပြီး ရှောင်ယဲ့ကို လှည့်ကြည့်လာသည်။ အတင်းကပ်နေတာကြောင့် သူ့ရဲ့နှုတ်ခမ်းက ရှောင်ယဲ့ရဲ့နားကို ထိတော့မဲ့စဲစဲပင်။ အရက်နံ့ရောနေတဲ့ ပူပြင်းတဲ့အသက်ရှူငွေတွေက သူ့ကို နေရထိုင်ရအဆင်မပြေအောင်လုပ်နေသည်။ မျက်တောင်တစ်ချက်မခတ်ဘဲ ရှောင်ယဲ့ ကျိုးရွေးကို
"မင်းနောက်တစ်ခါထပ်တိုးလာရင် ငါမင်းကိုကိုက်ပစ်မှာ" လို့ပြောရင်း သူ့ကို အနောက်ကို တွန်းလိုက်သည်။

သူပုံစံက အသက်မပါတဲ့ပုံဆိုပေမဲ့လည်း ဒါကကျီဆယ်တယ်ဆိုတာ အရမ်းသိသာနေတာပဲ။
"T တက္ကသိုလ်ရဲ့ သွားမရှုပ်ရတဲ့ အရေးကြီးဆုံးလူများ"စာရင်းက ထိပ်ဆုံးလူဖြစ်တဲ့ ယဲ့ကောက ဒီလိုမျိုး ကျီဆယ်တတ်တယ်လို့ လူတိုင်းမမျှော်လင့်ထားမိဘူး။ သူတို့တွေ
ယဲ့ကောကို တော်တော်လေး ထိန်းချုပ်ထားနိုင်တဲ့ကျိုးရွေးကို မလေးစားအားမကျဘဲ မနေနိုင်တော့ဘူး။

ကျိုးရွေး မျက်နှာက သူ့အစိတ်အခြေအနေက so good နေသလိုမျိုး မြင့်တက်လာတော့သည်။သူ သဘောထားကြီးစွာနဲ့ ဆုပ်ကိုင်ထားတာကို လျော့ပေးလိုက်သည်။ အရက်ခွက်တစ်ခွက်ကို ယူလိုက်ပြီးတော့ ကျန့်ရှောင်ယဲ့ဆီကမ်းပေးလိုက်ပြီးတဲ့နောက် သူတို့ရဲ့လက်မောင်းတွေကို ချိတ်လိုက်သည်။ အဲ့ပုံက မင်္ဂလာဆောင်မှာ ဝိုင်ခွက်လဲတဲ့ပုံနဲ့ တော်တော်လေးတူလှသည်။ ကျိုးရွေးက စနောက်သလိုမျိုး
"ငါတို့ သောက်ကြမလား" ဆိုပြီးပြောလိုက်သည်။
(ET/N မိန်းမနဲ့ယောက်ျားက မင်္ဂလာဆောင်မှာ သူတို့လက်မောင်းချိတ်ပြီးအရက်ခွက်သောက်သလိုမျိုးပါ)

ကျန့်ရှောင်ယဲ့ ကြောက်ရွံမနေပေ၊ "သောက်ကြတာပေါ့"

နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ခွက်တွေကို မြှောက်လိုက်သည်။ ဘေးပတ်ပတ်လည်က လူတွေကဝေဖန်နေပြီး အားပေးအားမြှောက်ပြုနေတာကြောင့် သူတို့ တစ်ယောက်ချင်းစီ ခွက်တွေအကုန်လုံးပြောင်သွားတဲ့အထိ အပြင်းဆုံးနဲ့အကြာဆုံးဖြစ်အောင် သောက်ခဲ့ကြတယ်။

တစ်မိနစ်မျှလောက် အရင်သောက်လို့ပြီးသွားတဲ့ ကျိုးရွေးကရယ်လေသည်။
"ငါနိုင်ပြီ"
ကျန့်ရှောင်ယဲ့လည်းပဲ ရယ်လိုက်သည်။
" အဲ့တာပြိုင်တာလို့မင်းမပြောခဲ့ဘူးလေ"

ကျိုးရွေး တစ်ခဏလောက်စကားမပြောနိုင်ဘဲ ကြက်သေသေသွားသည်။

ကျန့်ရှောင်ယဲ့က သူ့ရဲ့ကြောက်မက်ဖွယ်ဂုဏ်သတင်းကြောင့် သက်သက် ကြည်ညိုခံနေရတာ။ဒါပေမဲ့ သူက တကယ်တမ်းတော့ ဘယ်လိုမှ ရက်စက်ကြမ်းကြုတ်တဲ့ပုံမပေါ်ဘူး။ သူ့ရဲ့မျက်ခုံးတွေက ထူထဲပြီးတော့ သာမန်အိုမီဂါတွေထက်ပိုပြီး ခံ့ညားထည်ဝါနေတာကလွဲလို့ပေါ့။ အမြဲတမ်းလိုလို သူ့ရဲ့သိမ်မွေ့နူးညံ့တဲ့ မျက်နှာပေါက်လေးကို သူ့ရဲ့ အေးစက်စက်နိုင်တဲ့ မျက်နှာထားက ဖုံးထားတာကြောင့် အဲ့တာက တစ်ခြားလူတွေ သူ့ကိုကြောက်လာစေတဲ့ အေးစက်စက်မျက်နှာကြီး ဖြစ်လာတော့တာပဲ။

ဒါပေမဲ့ ရှောင်ယဲ့ အခုပြုံးနေတယ်လေ။ သူ့ရဲ့အပေါ်ကိုလန်တက်နေတဲ့ နှုတ်ခမ်းလေးက အရက်ကြောင့် အနီရောင်သမ်းပြီးရွှန်းရွှန်းစိုနေသည်။ ပြီးတော့ သူ့ရဲ့အေးစက်စက်နိုင်မှုတွေကို ပျောက်ကွယ်စေတဲ့ အနီရောင်ရှပ်ပြေးလေးက သူ့ပါးပေါ်မှာရှိနေတယ်။ ဒါပေမဲ့ ဓားတစ်ချောင်းမှာရှိတဲ့ ထိပ်ချွန်ပိုင်းရဲ့ တလက်လက်တောက်ပနေသလိုမျိုး သူ့မျက်လုံးထဲက အထက်စီးဆန်မှုကတော့ လျော့မသွားဘူး။
အဲ့တာက ယောက်ျားတစ်ယောက်ကို တစ်ခုခုလုပ်လိုက်ဖို့ လှုံ့ဆော်နေတဲ့ အလှတရား ဆိုပေမဲ့လည်း အဲ့လိုမျိုး လုပ်မဲ့သူကို အန ္တရာယ်တွေကိုလည်းပဲကမ်းလှမ်းနေတယ်လေ။

ကျိုးရွေး ကျန့်ရှောင်ယဲ့ရဲ့လက်ကိုဆွဲလိုက်ပြီးတော့ တံတွေးကိုခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ဘေးပတ်ပတ်လည်မှာရှိတဲ့ လူတွေရဲ့ ကျာ်ပြန့်လှတဲ့အကြည့်တွေအောက်မှာ
ကျိုးရွေး ရှောင်ယဲ့ကို နမ်းလိုက်သည်။

မမျှော်လင့်ထားတဲ့ လုပ်ရပ်ဖြစ်တာကြောင့်မို့ ကျန့်ရှောင်ယဲ့ အဲ့တာကိုရှောင်ဖို့ အချိန်မရလိုက်ဘူး။သူ သူ့ရဲ့ခေါင်းကိုပဲ စောင်းလိုက်နိုင်တာကြောင့် ကျိုးရွေးရဲ့ အနမ်းက သူ့ရဲ့ပါးပေါ်ကိုသာ ရောက်သွားတော့သည်။
တစ်ခြားလူတွေကတော့ ရှောင်ယဲ့ ရှက်နေတာပဲလို့ ထင်လိုက်မိကြပြီး ဆက်ပြီး ကျယ်ကျယ်လောင်လောင်ပဲ အားပေးအားမြှောက်ပြုနေကြတော့သည်။ ကျန့်ရှောင်ယဲ့ သူ့
ခေါင်းကိုလှည့်ပြီးတော့ ဘေးပတ်လည်ကို အေးတိအေးစက်ကြည့်လိုက်တာကြောင့် သူတို့တွေ ချက်ချင်းကို လုံးဝ တိတ်ဆိတ်သွားအောင် လုပ်လိုက်သလိုပင်။

"ငါအခြေအနေမကောင်းသလိုခံစားရလို့ ငါအရင်ပြန်နှင့်လိုက်မယ်" သူ ကျိုးရွေးကို လေးစားသမှုနဲ့ ပြောလိုက်ပေမဲ့ လူတိုင်းကတော့ အဲ့တာက အကြောင်းပြချက်သက်သက်ပဲဆိုတာ သိနေတာပဲ။
ရှောင်ယဲ့ အခန်းထဲက ထွက်ဖို့ ချက်ချင်းထလိုက်သည်။ သူ ခြေလှမ်းနည်းနည်းပဲ လှမ်းရသေး ကျိုးရွေးက သူ့နောက်က လိုက်လာပြီး သူ့ကိုဖမ်းမိသွားသည်။

"မင်းရူးနေလား?" ကျိုးရွေး ဘယ်တော့ကမှ ဒီလိုမျိုး လူမြင်ကွင်းကြီးမှာ မျက်နှာပျက်အောင်အလုပ်ခံရပြီး ခဏခဏအငြင်းခံရတာမျိုး မဖြစ်ဖူးဘူး။ နောက်ဆုံးတော့ သူ့ရဲ့ အချိန်ကြာမြင့်စွာ ဖိနှိပ်ချုပ်ချယ်ထားတဲ့ မကျေနပ်ချက်က လွတ်ထွက်သွားတော့သည်။

ကျန့်ရှောင်ယဲ့ရဲ့ မျက်ခုံးတွေ အေးစက်သွားသည်။
"မင်းကိုလည်း ငါ အတူတူပဲမေးရမလိုပဲ။ မင်း ငါ့ရဲ့သဘောတူညီချက်တွေကို စည်းကျော်နေတာလား?"

ကျိုးရွေးတော်တော်လေး ဒေါသထွက်သွားသည်။
"ငါက ဘာဖြစ်နေလို့လဲ? မင်း ငါ့ကိုကြိုက်တယ်။ ငါလည်းမင်းကိုကြိုက်တယ်။ နောက်ဆုံး ငါတို့တွဲရမှာပဲလေ။ ပြီးတော့ ငါပြောတာမမှာဘူးဆို နောက်လအနည်းငယ်လောက်ကျရင် မင်းရဲ့ ပထမဆုံး heat ကလာတော့မှာလေ၊ ဟုတ်တယ်မလား? အဲ့အချိန်မှာ ငါတို့အတူတူအိပ်ရတော့မှာလေ။ အဲ့တော့ အခုအဲ့တာကို ကြိုလေ့ကျင့်ထားရမှာက ပုံမှန်မဟုတ်ဘူးလား?"

စကားလုံးတွေက အရမ်းကိုပဲ တိကျပြတ်သားပြီးပွင့်လင်းလွန်းတယ်။ ဒါပေမဲ့ ကျန့်ရှောင်ယဲ့မှာ ဘာစိုးရိမ်ပူပန်မှုမှမရှိဘူး။ မျက်ခုံးကိုမြင့်လိုက်ပြီး သရော်ပြုံးပြုံးလိုက်မယ်။
"မင်းက ငါကမင်းနဲ့အိပ်လိမ့်မယ်ဆိုပြီး အရမ်း ယုံကြည်ချက်ရှိနေတာပေါ့?"

"ဘယ်သူရှိသေးလို့လဲ" လို့ ကျိုးရွေး မေးလိုက်သည်။ "မင်းမှာ တစ်ခြားလူရှိသေးလို့လား? ဥပမာအနေနဲ့ မင်းရဲ့ pheromone ချို့တဲ့နေတဲ့ အခန်းဖော်လေးလား? ဟာသတွေပြောနေတာ တော်လိုက်တော့။ အဲ့အယ်လ်ဖာရဲ့ pheromone က အရမ်းအားနည်းတယ်ဆိုတာ မင်းလည်း သိနေတာပဲ။ မင်း မင်းရဲ့ heat နှိပ်စက်ညှင်းပန်း တာကို ခံရလိမ့်မယ်"

ကျန့်ရှောင်ယဲ့ ပြန်ပြီး မငြင်းနိုင်ခဲ့ဘူး။ တကယ်တမ်းတော့ နောက်နှစ်လနေလို့မှ သူ အင်အားကြီးတဲ့အယ်လ်ဖာတစ်ယောက်ကို မြန်မြန်မကြိုက်ဘူးဆိုရင် ပြီးတော့ အဲ့တစ်ယောက်ကလည်း သူ့ကိုပြန်မကြိုက်ဘူးဆိုရင် သူ့heatအတွက် သူ့ရဲ့ရွေးချယ်စရာက ကျိုးရွေး မဟုတ်ရင် တစ်ခြား ကျုံရာကျပန်း လွတ်လပ်နေတဲ့ အယ်လ်ဖာပဲ ဖြစ်လာလိမ့်မယ်။

ရှောင်ယဲ့ ဝမ်ကျိုကို မကြိုက်တာတော့ မဟုတ်ပေမဲ့ အဲ့တာက ဝမ်ကျိုရဲ့ pheromone က သူ့heat ရဲ့fever ကို ဖျက်နိုင်မှာမဟုတ်ဘူး။အဲ့လိုဆိုရင် သူ့ရဲ့ကျန်းမာရေးက အန္တရာယ်ဖြစ်လာလိမ့်မယ်။ အဲ့တာကြောင့်မို့ ဝမ်ကျိုက ရွေးရမှာက အရမ်းကိုမှ အရဲစွန့်ရလွန်းတယ်။

ဒါပေမဲ့ သူနဲ့ကျိုးရွေးက တစ်ယောက်နဲ့တစ်ယောက် ကြိုက်လို့အတူရှိတာမဟုတ်ဘဲ ဇီဝဗေဒအရ အတူရှိဖို့လိုအပ်သလိုမျိုး ကျိုးရွေး အဲ့တာကို ပြောလိုက်တာကို ရှောင်ယဲ့ တကယ်ပဲ လုံးဝမကြိုက်ဘူး။

"မင်းလုပ်ခဲ့တဲ့ အမှားအပေါ် ပြန်ပြီးတော့ မင်းကို ပြောစရာငါ့မှာဘာမှမရှိတော့ဘူး။ သို့မဟုတ်ရင် မင်း ငါ့နား ထပ်မလာနဲ့တော့"

ရှောင်ယဲ့ အဲ့တာကို ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။ပြီးတော့ကျိုးရွေးရဲ့လက်ကို ခါထုတ်လိုက်ပြီး သူ့ကိုစိတ်ထဲက ထုတ်လိုက်သည်။ ရှောင်ယဲ့ နောက်ကိုမကြည့်ဘဲ လှည့်ထွက်သွားလိုက်သည်။

တကယ်လို့ နောက်ဆုံးမှာ သူ ကျိုးရွေးနဲ့ပဲအတူရှိဖို့တွန်းအားပေးခံရမယ်ဆိုရင်တောင်မှ ဒီအချိန်မှာတော့ သူ ရိုသေလေးစားမှုမရှိဘဲရိုင်းပြတတ်တဲ့ အယ်လ်ဖာတစ်ယောက်ကို သူ့စိတ်ကြိုက်ဘာမဆိုလုပ်ဖို့ ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး။

ဒါက သူ့ရဲ့ပနာမ အချက်ပဲ၊ ပြီးတော့ သူ့heat မလာခင် သူ့ရဲ့ နောက်ဆုံး စစ်တလင်းပဲ။

T/N
နှစ်ရက်တောင် update မပေးနိုင်ခဲ့ဘူး။ အစားထိုး ပေးပါ့မယ်နော်။

Continue Reading

You'll Also Like

1M 78.5K 107
This is Book 1 and book2 is on my reading list You can read description in first episode oK Category-Fantasy,modern,boy's love Author-岛上 project So...
554K 40.1K 139
Title {You Own My All} Author {绿野干鹅} Mm translator {Aira} Crd to author and eng translator
1.2M 167K 191
Type : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -on going Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fe...
1.2M 63.9K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...