Way to the stars
မင်းကို ငါ ချစ်တယ် ....
ရာစုနှစ်ပေါင်းများစွာမှာ ....
လူတွေ ဒါပဲပြောကြတယ် ....
.
.
.
မှောင်ရီပျိူးနေသော လမ်းကလေးပေါ်တွင်ကားလေးတစ်စီး တရွေ့ရွေ့လာနေသည်။ ည ၉ နာရီကျော်ပြီ ဖြစ်သည်ကတစ်ကြောင်း အအေးဓါတ်သည် တစ်လောကလုံးကို လွှမ်းခြုံထားတာကြောင့် လူတော်တော်များများကိုတော့ လမ်းပေါ်မှာမတွေ့ရတော့ ။
မြို့ပတ်လမ်းဖြစ်သည်မို့ မြို့ထဲမှာလိုတော့ ညည်းနက်သည်အထိ လူရှုပ်မနေ။ အရေးတကြီးကိစ္စရှိ၍ မဖြစ်မနေသွားလာနေသောလူ အနဲအကျဉ်းကိုသာ တွေ့ရလေသည်။
ကားလေးသည် တရွေ့ရွေ့လာနေရင်း အဝါရောင် မီးများ ထိန်ထိန်လင်းနေသော လမ်းကြားလေးတစ်ခုထဲသို့ ချိူးကွေ့၀င်သွားသည်။ ထို့နောက် ခြံ၀န်းကျယ်တစ်ခုထဲမှာ ကားကို ရပ်လိုက်လေသည်။
" ရောက်ပြီလား "
ဒန်နီရယ်၏ အသံကြောင့် ဆွတ်ရိန် ကားပါကင်ထိုးနေရင်းမှ လှည့်ကြည့်လိုက်သည်။
"ညကြီးမင်းကြီး အပြင်ခေါ်လာတာ မင်းငါ့ကို လူကုန်ကူးမလို့တော့ မဟုတ်ဖူးမလား "
ဒန်နီရယ်၏ ခပ်နောက်နောက်အပြောကို ဆွတ်ရိန် အားပါတရ ရယ်မောလိုက်သည်။ တကယ်လည်း သူဘယ်ကို ခေါ်လာသလဲဆိုတာကိုတော့ ဒန်နီရယ်ကိုကြိုမပြောထားခဲ့။
အိမ်က စထွက်ကတည်းက ဒန်နီရယ့် မျက်လုံးကို အနက်ရောင်အ၀တ်စဖြင့်စီးလျက် ကားပေါ်မှာ တိတ်တဆိတ်ထိုင်ကာ လိုက်ခိုင်းခဲ့တာဖြစ်သည်။
အစကတော့ ဒန်နီရယ်သည် သူ့မျက်လုံးကိုအ၀တ်စနဲ့ စီးနှောင်ထားရမည့် ဆွတ်ရိန်၏ အကြံအစည်ကို လက်မခံ။
သို့သော် ဆွတ်ရိန်က ....
"မင်း လုံးဝမျှော်လင့်မထားတဲ့ ဟာမျိူးကွာ မင်း ပျော်သွားစေရမယ်လို့ ငါအာမခံတယ် "
ဟု ဇွတ်အာမခံပြီးခေါ်လာသောကြောင့် မလိုက်ချင် လိုက်ချင်နဲ့လိုက်လာရခြင်းဖြစ်သည်။
ဆွတ်ရိန်က ကားပေါ်ကအရင်ဆင်းလိုက်ကာ ဒန်နီရယ့်ဘက်က ကားတံခါးကို ဆွဲဖွင့်ပေးလျက်ဒန်နီရယ့်ကို ဘေးကနေ တွဲကူပေးလိုက်သည်။
ထိုနောက် ဒန်နီရယ့်၏လက်ကိုတွဲခေါ်ကာအဆင်သင့်ပြင်ဆင်ထားသော တစ်နေရာအရောက်မှာ ရပ်စေလိုက်သည်။
အဲဒီနောက် ဒန်နီရယ်၏မျက်လုံးမှာ စည်းနှောင်ထားသည့် အမဲရောင်အ၀တ်စကို ဖြေးဖြေးချင်းဖယ်ပေးလိုက်သည်။
ဖုန်းကွယ်ထားသော အမဲရောင်အ၀တ်စ တဖြေးဖြေးပြေလျော့သွားတော့ မျက်စိရှေ့မှာစပြီး မြင်လိုက်ရသည်က အဝါရောင်မီးများဖြာကျနေတဲ့အောက်က စိမ်းစိုစိုမြက်ခြင်းပြင်တစ်ခုနဲ့ စနစ်တကျတည်ဆောက်ထားတဲ့ အချိန်ပိုင်းဌားပြီး ကန်ရသော ဖူဆယ်ဘောလုံးကွင်းငယ်တစ်ခု ။
ဘောလုံးကွင်းကို မြင်လိုက်သည် နဲ့ ဒန်နီရယ်သည် ပါးစပ်အဟောင်းသားနဲ့အတူ ဆွတ်ရိန်ဘက် တစ်ချက်လှမ်းကြည့်လာသည်။
" ရွှီး ......... "
ထိုဘောလုံးကွင်း အလယ်ကနေ ရုတ်တရက်ထောင်တတ်သွားတဲ့ မီးရှူးပန်းနဲ့အတူကောင်းကင်မှာ ပြန့်ကျဲသွားသည့် လှပလွန်းသော ရောင်စုံမီးပန်းများ ။
အဆက်မပြတ်ထွက်ပေါ်လာနေသောရောင်စုံ မီးပန်းတွေကြားက ကောင်းကင်ကို မော့ကြည့်ကာ အံ့သြခြင်းများစွာနဲ့အတူ ဒန်နီရယ်က တဟားဟား အော်ရယ်လေသည်။
ဒန်နီရယ်ရဲ့တုံ့ပြန်ပုံသည် ကိုယ့်ချစ်သူရည်းစားက မထင်မှတ်ပဲ အံ့သြပျော်ရွင်အောင်လုပ်ပေးခံလိုက်သော မိန်းကလေးတွေ၏ အမူအယာနဲ့မတူ ၊ဝမ်းသာလွန်းသဖြင့်မျက်ရည်ဝဲတာတို့ လူကိုလာဖက်တာတို့မဟုတ်ပါပဲ တဟားဟား အော်ရယ်လိုက်တာကြောင့် ဆွတ်ရိန်ခမျာ နင်သွားရသည်။
အေးလေ ... ငါ Suprise တိုက်လိုက်တာက
ယောကျာ်း ရင့်မကြီးလေ ! ငါ့ကို အရူးအမူး
ချစ်နေတဲ့ စိတ်လှုပ်ရှားလွယ်တဲ့ မိန်းကလေးမှ မဟုတ်တာ
"ငါ့ရဲ့ ဘောလုံးသမားလေး ဒန်နီရယ်အတွက် ဂုဏ်ပြုပေးတာ စလိုက်ရအောင် အထဲမှာ ပြိုင်ဘက်တွေ စောင့်နေတယ် "
" really .....? "
မျက်ခုံးတွေပင် ပင့်လိုက်ကာ တအံ့တသြပြောလိုက်သော ဒန်နီရယ်၏အသံ ။
ဘောလုံးကွင်းထဲကို လျှောက်၀င်သွားတော့ ပွဲကြည့်စင်မှာ ထိုင်နေခဲ့သောယောက်ျားလေးတစ်အုပ်စုကလည်း ရှိနေသည်။
ဆွတ်ရိန် နဲ့ ဒန်နီရယ်ကို မြင်တော့ ထိုအုပ်စုထဲက တစ်ယောက်ကထလာသည်။
ဆွတ်ရိန်သည် ဒန်နီရယ်ကို ဘောလုံးကွင်းထဲခေါ်လာမည့် အစီအစဉ်ကို နေ့လည်ကတည်းက ကြိတ်ပြီး စီစဉ်နေခဲ့တာဖြစ်သည်။
ဆွတ်ရိန်က အပေါင်းအသင်းနဲသူမို့သန့်ဝေကိုအကူ အညီတောင်းကာ ဘောလုံးကန်နေကျ သန့်ဝေ သူငယ်ချင်းတွေကို ညဘက် အတူလာကန်ပေးဖို့ တကူးတကခေါ်ထားရတာပင်။
" ဟေ့ ဆွတ်ရိန် ဘယ်လိုလဲ စတော့မလား "
သန့်ဝေက ဒန်နီရယ်နဲ့ ဆွတ်ရိန်ရှိနေသော နေရာဆီသို့ ရောက်လာသည် ။
သန့်ဝေပါမက အနောက်မှာ ထိုင်နေတဲ့ယောကျာ်းလေးအုပ်စုကပါ အားကစားဝတ်စုံတွေ ၀တ်ထားတာမို့ ဒန်နီရယ် သဘောတကျ ပြုံးရယ်လိုက်သည်။
"ဘယ်လိုလဲ ဒန်နီရယ် စိတ်ပါရဲ့လား ဟိုးနောက်မှာ ထိုင်နေတဲ့လူတွေက သန့်ဝေ ရဲ့ သူငယ်ချင်းတွေ အပြင်မှာလည်းဘောလုံးကန်နေကြတဲ့ ကောင်တွေ မင်းယှဉ်ရဲပါ့မလား "
"ဆွတ်ရိန် ငါ့အကြောင်းမင်းသိတယ်နော် ဒီနေ့ Suprise အတွက်တော့ ကျေးဇူးတင်တယ် ဒါပေမဲ့ မင်းကိုတော့ ငါအရှုံးပေးမှာ မဟုတ်ဖူး "
" အပြောကြီး လှချည်လားကွ "
ဒန်နီရယ်က ဆွတ်ရိန်ကို မင်းမနိုင်ပါဖူးကွာ ဟူသော အကြည့်မျိူးနဲ့ကြည့်လိုက်တာကြောင့် ဆွတ်ရိန်က ခပ်ဟဟရယ်လျက် ပုခုံးတွန့်ပြလိုက်သည်။
ထို့နောက် ဒန်နီရယ်က အ၀တ်လဲဦးမည်ဟုဆိုကာဆွတ်ရိန်အသင့်ယူလာခဲ့ပေးတဲ့ အင်္ကျီကိုလဲဖို့ ကားထဲ၀င်သွားတာကြောင့် သန့်ဝေက ဆွတ်ရန်အနားတိုးကပ်လာသည်။
"ဆွတ်ရန် မင်းလူကအဆင်ပြေပါ့မလာလမ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့လူမမာကို ဘောလုံးကွင်းထဲ ဘောလုံး၀င်ကန်ခိုင်းတာက လွန်လွန်းရာမကျဖူးလား "
"မင်းမသိဖူး သန့်ဝေ ဒန်နီရယ်က စိတ်ဓါတ်အရမ်းမာတဲ့သူ သူရဲ့နောက်ဆုံးအချိန်ထိသူ့ဆန္ဒတွေအကုန်လုံးကို ငါဖြည့်ဆည်းပေးချင်တာ ပြီးတော့ သူ့ကို လူမမာ တစ်ယောက်လို ဘယ်တော့မှမဆက်ဆံချင်ဖူးကွာ "
သန့်ဝေနဲ့ပြောနေရင်း ဝဲတတ်လာတဲ့ မျက်ရည်တစ်ချိူ့ကို သန့်ဝေ မမြင်အောင် ဆွတ်ရိန်က မျက်နှာကို တစ်ဖက်လွှဲပစ်လိုက်သည်။
သန့်ဝေကလည်း သူ့ခံစားချက်ကို နားလည်သည့်
နှယ် သူ့ပုခုံးကို ပုတ်ကာ " သားကြီး မင်းတို့အဆင်ပြေရင်ပြီးရောကွာ " ဟု ပြောပြီးအလိုက်တသိနဲ့ တခြားဘောလုံးသမားတွေဆီ ထွက်သွားတာမို့ သူ လေးပင်စွာပင် ခေါင်းငြိမ့်ပြလိုက်သည်။
မင်းမရှိတဲ့ အချိန်တွေကို ငါဘယ်လိုရင်ဆိုင်ရမလဲ ဒန်နီရယ်......
ဒန်နီရယ်အ၀တ်လဲပြီး သူ့ဆီလျှောက်လာသည်ကို မြင်လိုက်တာမို့ မျက်ခမ်းစပ်မှာဝေ့သီနေတဲ့ မျက်ရည်တွေကို ဆွတ်ရိန် ခပ်မြန်မြန် ဖိသုတ်လိုက်ကာ မျက်ခုံးများကို အကြောင်းမဲ့ နှိပ်နယ်နေမိသည်။
သူ မျက်ရည်ဝဲနေတာ ဒန်နီရယ် မမြင်စေလို ။
အကြောင်းမဲ့ သက်သက် မျက်ရည်လွယ်တဲ့
ကောင်ဟု ပြောလာမှာကိုလည်း သူမလိုချင်ပါ။
ထို့နောက် အဖွဲ့ခွဲကာ ဘောလုံးစကန်ကြသည်။ ဒန်နီရယ်က အနီသင်းဘက်က အလယ်တန်းနေရာယူပြီး ဆွတ်ရိန်က အပြာဘက်ကဂိုးသမားနေရာကို ယူလိုက်တာမို့ သူတို့နှစ်ယောက်သည် တစ်ဖွဲ့စီကွဲသွားသည်။
~~~~ ~~~~ ~~~~~ ~~~~~ ~~~~~ ~~~~~
" ဂိုး ........ "
ဒန်နီရယ်နဲ့ အတူ အနီသင်းတစ်ဖွဲ့သားလုံး၏၀မ်းသာအားရ အော်ဟစ်သံ ။
ပွဲစပြီး ဆယ့်ငါးမိနစ်လောက် အကြိတ်အနယ် ကန်ပြီးသည့်နောက် ဒန်နီရယ်က ဆွတ်ရိန်၏ အလစ်တွင် ဘောလုံးကို ဂိုးတိုင်ထဲသို့ ကန်သွင်းလိုက်ခြင်း။
" ဘယ်လိုလဲ ဆွတ်ရိန် "
အနားကပ်လာကာ ခနဲတဲ့တဲ့ လာလုပ်တဲ့ ဒန်နီရယ့်ကို ဆွတ််ရိန်က " နေနှင့်ဦးပေါ့ကွာ " ဟူသော အကြည့်နှင့် ပြန်ကြည့်ပေးလိုက်သည်။
ဒန်နီရယ်၏မျက်နှာသည် ပင်ပင်ပန်းပန်း ပြေးနေရတာကြောင့် ပတ်၀န်းကျင်က အေးစိမ့်နေတာတောင် ချွေးသီးချွေးပေါက်တွေက နားထင်စပ်နားမှာတွဲလွဲခိုနေပေသည်။
တကယ်တော့ ဆွတ်ရိန်သည် တစ်ဖက်အသင်း ဂိုးမရဖို့ ကာကွယ်ရေးထက် ဒန်နီရယ့်ကိုသာ မျက်ခြေအပြတ် စောင့်ကြည့်နေတာပင်။
ဒန်နီရယ်၏ခြေထောက်ရိုးများသည် လှုပ်ရှားရတာများသွားလျှင် အချိန်မရွေးနာကျင်လာနိုင်သည့်မို့ သူ စိုးရိမ်နေမိသည်။
ဒန်နီရယ်သည်လည်း ပြေးနေရင်း တစ်ချက်တစ်ချက် ယိုင်သွားတတ်တာကြောင့် ဆွတ်ရိန် ခမျာ ရင်တမမနဲ့စောင့်ကြည့်နေရပေသည် ။
ဆွတ်ရိန် မျက်ခြေမလတ်် ကြည့်နေတဲ့ ကြားမှာပင် ဒန်နီရယ်သည် ကွင်းအလယ်တည့်တည့်မှာ ဘုန်းခနဲ ပစ်လဲသွားသည်။
သွားပြီ........... ။
စိုးရိမ်စိတ်တွေကြီးစိုးနေသော ဆွတ်ရိန် ၏ ခြေလှမ်းများသည် တစ်ခဏအတွင်းမှာပင် ဒန်နီရယ် ရှိရာသို့ အပြေးတစ်ပိုင်းရောက်သွားသည်။
သန့်ဝေ နဲ့အတူ တခြားဘောလုံးသမားတွေကလည်း ဘေးမှာဝိုင်းအုံလာတာမို့ ဆွတ်ရိန် က အကုန်လုံးကို စဝှေ့ပတ်ကြည့်လိုက်တာ
"ဒီနေ့လာကန်ပေးတာ အကုန်လုံးကို ကျေးဇူးတင်တယ်ကွာ ငါတို့ နားလိုက်ကြစို့ သန့်ဝေ မင်းလည်း ပြန်ချင်ပြန်တော့လေ အမေ့ကို ငါ အိမ်ပြန်နောက်ကျမယ်လို့ပြောလိုက်ဦး ဒန်နီရယ့်ကို ငါပဲ ကြည့်ထား
လိုက်မယ် "
သန့်ဝေက ဂရုစိုက်ဦးဟု ခပ်ဖွဖွ မှာလျက် အလိုက်တသိပင် တခြားလူတွေကို ခေါ်ကာ ဘောလုံးကွင်းထဲက အလျှိူလျှိူ ထွက်သွားကြလေသည်။
ဆွတ်ရိန်သည် ဒီတစ်ခါတော့ ဒန်နီရယ့်ကို မထူပါ ။
ကွင်းထဲမှာ လူတွေအကုန် ရှင်းလင်းသွားတော့မှ ဆွတ်ရိန် ကပါ ဒန်နီရယ့် ဘေးမှာ ပက်လက်လှန်ချပြီး အတူလှဲအိပ်လိုက်သည်။
"ဘာလို့ အကုန် ပြန်ခိုင်းလိုက်တာလဲ ခဏနားပြီး ငါဆက်ကန်ချင်သေးတာကို "
"ပါးစပ်ပိတ်ထားစမ်းကွာ မင်းအတွက်ငါတစ်ယောက်တည်း ရှိနေရုံနဲ့ မလုံလောက်သေးဖူးလား "
မောဟိုက်နေသဖြင့်နှစ်ယောက်လုံး၏ အသံတွေ
သည် ခဏတော့ ပြတ်တောင်းပြတ်တောင်း ဖြစ်နေလေသည်
ဆွတ်ရိန်က ဒန်နီရယ့်ကို ဘေးစောင်းလှည့်ကြည့်လိုက်သည်။ သူ့ကို ပြန်ကြည့်မနေသော်လည်း ဒန်နီရယ်၏ နှုတ်ခမ်းတွေသည် ပြုံးရယ်နေသလို ရှိသည်မို့ သူကျေနပ်သွားမိသည်။
ထို့နောက် စကားသံက တိတ်ဆိတ်သွားကာမရည်ရွယ်ပဲ ကောင်းကင်ကို နှစ်ယောက်လုံးပြိုင်တူ မော့ကြည့်လိုက်မိသည်။
သူတို့နှစ်ယောက်လုံး၏ ကျောပြင်သည် အေးစိမ့်သော မြက်ခင်းပြင်နဲ့ထိကပ်နေတာမို့ လေတစ်ချက်ဝှေ့တိုက်လာတိုင်း ကျောထဲက စိမ့်ခနဲ ဖြစ်ဖြစ်သွားသည်။
တိတ်ဆိတ်နေသောည လင်းထိန်နေတဲ့ ဘောလုံးကွင်းအလွတ်ထဲမှာ နှစ်ယောက်တည်းရှိနေသည်ဟူသည့် အသိက ရင်ဘတ်ကို တူနဲ့ တဒုန်းဒုန်း စောင့်ထုနေသလို ရင်ခုန်နှုန်းတွေကို ပိုပြီးတော့ မြန်နေစေလေသည်။
နေ့တိုင်းမြင်နေရသော ကောင်းကင်ကြီးသည် ဒီနေ့ကျမှ လခြမ်းကွေးကွေးနဲ့ကြယ်လေးတွေ အစီအရီ ရှိနေတာမို့ ပန်းချီကားတစ်ချပ်လိုပင် ကဗျာဆန်လွန်းနေခဲ့သည်။
" ဒန်နီရယ်.... "
" အင်း "
"ကြယ်တွေက လှတယ်နော် "
" လှတယ် ဒါပေမဲ့ တိမ်တွေကိုတော့ မမှီဖူး "
ဒန်နီရယ်၏စကားကို ဆွတ်ရိန် သဘောတကျပြုံး
ရယ်လိုက်သည်။ ဒန်နီရယ်က သူ သေသွားလျှင် တိမ်လေးပဲ ဖြစ်ချင်တယ်ဟု ပြောထားခဲ့ဖူးတာ ဆွတ်ရိန် မှတ်မိနေ၍ ဖြစ်သည်။
"တိမ်တွေက လေနှင်ရာ လွင့်လို့ရတယ်လေ ကြယ်တွေကကျတော့ တစ်နေရာတည်းမှာပဲ ရပ်နေရတာငါ့စိတ်နဲ့မကိုက်ပါဖူး ငါကတော့ တိမ်တွေလို လေနှင်ရာ လွင့်ဖို့ကိုပဲ စိတ်ဝင်စားတယ် "
" ဒါဆို မင်းက မျက်နှာများတဲ့ ကောင်ပဲ "
" ဟား........ ဟား "
ယောကျ်ားလေးနှစ်ယောက်၏ ရယ်မောသံတွေသည်ကောင်းကင်နဲ့မြေပြင် အနီးတစ်ဝိုက်တွင် ပြန့်နှံ့သွားသည်ဟု ထင်ရလေသည်။
ဆွတ်ရိန်သည်လည်း ရယ်မောနေရာမှ ဒန်နီရယ့် ဘက်ကို စောင်းငဲ့ကြည့်လိုက်သည်။ ခပ်ဟဟ ရယ်နေသောကြောင့် မပွင့်တပွင့် နှုတ်ခမ်းတစ်စုံက မီးရောင်အောက်တွင် နှစ်ချိူ့ဝိုင်တစ်ခွက်လို ရင်ခုန် ယစ်မူးဖွယ်ကောင်းနေလေသည်။
ဒန်နီရယ်၏ နှုတ်ခမ်းပါးပားလျလျကို ငေးနေရင်း
ဆွတ်ရိန်မကြာခဏပင် တံတွေးမျိူချနေမိသည်။
နေပါဦး!.ယောကျ်ားလေးတစ်ယောက်ကို မကြာခဏနမ်းချင်လာမိလောက်အောင် ငါဘယ်လောက်တောင်တဏှာစိတ်တွေ ပြင်းပြနေရတာလဲ.. ။
ကိုယ့်အတွေးနဲ့ကိုယ် ကျောချမ်းလာသည်မို့ဆွတ်ရိန်မျက်လုံးနှစ်ဖက်ကို ခပ်တင်းတင်းဖိပြီး မှိတ်ထားမိသည်။
သို့သော်....သူ့၏ စိတ်ကို ထိန်းချူပ်နိုင်မှုလမ်းစဉ်သည် အောင်မြင်ခဲ့ပါ။ နှလုံးသား၏ပရမ်းပတာနိုင်မှုအောက်တွင် သူ့၏စိတ်အစုံအားထိန်းချူပ်နိုင်စွမ်း ကင်းမဲ့နေပြီဖြစ်သည်။
စိတ်၏ စေရာလိုက်ကာ သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဝုန်းခနဲထကာ အိပ်နေလျှက် အနေအထားနဲ့ပင် ဒန်နီရယ့်၏ကိုယ်ပေါ်သူ့တစ်ကိုယ်လုံးဖြင့် အုပ်မိုးလိုက်သည်။
ဒန်နီရယ်၏မျက်နှာသည် သူ့မျက်နှာနှင့်အနီးကပ်
ဆုံးအနေအထားကို ရောက်သွားသည့်အခိုက်မှာတော့ မသိမသာခုန်နေသော ရင်တွေသည် Tempo အမြင့်ဆုံးဖြစ်ကာပရမ်းပတာနှင့် ထိန်းချူပ်လို့ပင် မနိုင်တော့။
ဒန်နီရယ့် နှုတ်ခေါင်းဝမှ ရှူထုတ်လိုက်သောလေငွေ့နွေးနွေးသည် သူ့မျက်နှာပေါ်သို့ တစ်ချက်ချင်း ရိုက်ခတ်နေသည်။
ဒန်နီရယ် မျက်လုံးတွေသည် ရုတ်တရက် သူ့အပေါ်အုပ်မိုးလိုက်သော ဆွတ်ရိန်အားကြောင်ငေးကြည့်နေရာမှ အလိုက်တသိပင် မျက်လုံးများကို ညင်သာစွာမှိတ်ပေးလိုက်သည်။
ဒန်နီရယ့် အပေါ် ငုံမိုးထားသော ဆွတ်ရိန်၏ နှာဖျားသည် တဖြေးဖြေး နီးလာသောကြောင့် ဒန်နီရယ့် နှာဖျားနဲ့ထိကပ်သွားသည်။
ထို့နောက် ဆွတ်ရိန်၏ နှုတ်ခမ်းများသည် ဒန်နီရယ့် နှုတ်ခမ်းများပေါ်သို့ မထိတထိလေးရွေ့လျားသွားသည်။
မျက်စိကိုအတင်းမှိတ်ထားသောဒန်နီရယ့်ကိုဆွတ်ရိန် ရီဝေဝေ စိုက်ကြည့်လိုက်သည်။
အသက်ရှုသံတွေမြန်နေသော ဆွတ်ရိန်သည်တင်း
တင်းစေ့ပိတ်ထားသော ဒန်နီရယ်၏နှုတ်ခမ်းကို အချိန်အတော်ကြာ ငေးကြည့်နေသည်။
ထို့နောက် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်တူ
သော ဆွတ်ရိန်၏ နှုတ်ခမ်းဝဆီမှ နွေးထွေးစိုစွတ်
သော အနမ်းတစ်ခုသည် ဒန်နီရယ့် နဖူးပြင်ပေါ်
သို့ သာ အသာအယာကျ ရောက်သွားခဲ့သည်။
နဖူးပြင်ကို နွေးနွေးကိုထိတွေ့လာတဲ့ စိုစွတ်တဲ့ အနမ်းတစ်ခုသည် အချိန်မည်မျှကြာသွားသည်မသိ။ နှစ်ဦးစလုံးသည် ကြမ်းပြင်တွင် အသက်ရှုရပ်သွားသည်ဟုထင်ရအောင်ပင် မလှုပ်မရှက်နဲ့ ငြိမ်သက်နေကြ၏
တကယ်ချစ်တဲ့သူတွေက နဖူးကိုပဲနမ်းကြတယ်တဲ့။
ကျွန်တော့် နှုတ်ခမ်းနဲ့ ဒန်နီရယ့်နဖူးထိကပ်သွားသောအခါ ရင်ခုန်သံတွေ ဆူပွက်လာပြီးသွေးကြောများပင် ထောင်တတ်သွားသလို ခံစားလိုက်ရသည်။ ယောကျ်ားလေးတန်မဲ့ နှင်းဆီဖူးလို ငုံထွေးနေတဲ့ နှုတ်ခမ်းတစ်စုံပေါ်ကျွန်တော့် နှုတ်ခမ်းကို ထပ်တင်လိုက်လျှင်ဖြင့် ကျွန်တော်ဟာ အသက်ရှုတွေတောင်
ရပ်သွားမလားကို မသိနိုင်ပာ ။
ယောကျ်ားလေးချင်းပင်ဖြစ်နေလင့်ကစား ဒန်နီရယ်
၏ သိက္ခာကိုငဲ့ကွက်၍ နှုတ်ခမ်းဖျား၏ လိုချင်တောင့်တနေတဲ့ဆန္ဒတစ်ခုကို ချူပ်တည်းထားလိုက်ရသည်။
ကျွန်တော်ဘက်က သေချာနေပေမယ့် ဒန်နီရယ့်ဆန္ဒမပါပဲ ကျွန်တော် စည်းမကျော်သင့် ။
ဒန်နီရယ့်အပေါ်ကျွန်တော်၏ တန်ဖိုးထားမှုသည် ပေါ့ပျက်ပျက်မဟုတ်ကြောင်း သက်သေပြချင်တာရယ်မို့ ဆာလောင်မွတ်သိပ်နေတဲ့ စိတ်တစ်ခုကိုအသာအယာပင် ပြန်မျိူချလိုက်ရသည်။
ထို့နောက် ဆွတ်ရိန်သည် ဒန်နီရယ်၏ မျက်နှာကိုအုပ်မိုးထားရာမှ ကိုယ်ချင်းခွာကာမြေပြင်ပေါ်ကို ပြန်လှဲချလိုက်သည်။
ကျယ်လောင်စွာမြည်ဟီးနေတဲ့ နှလုံးခုန်သံတွေသည်လည်း လောကကြီးတစ်ခုလုံးကို တသိမ့်သိမ့် တုန်ခါသွားစေသလိုပင်။
" ဆွတ်ရိန်... မင်းက သတ္တိနဲတဲ့ကောင်ပဲ "
ဒန်နီရယ့် နှုတ်ခမ်းဝဆီမှ လွင့်ပျံလာတဲ့ လေသံတိုးတိုးကြောင့် ဆွတ်ရိန် အံ့အားသင့်သွားသည်။ ထို့နောက်ဆွတ်ရိန်သည် အဓိပ္ပာယ်ပေါက်စွာပင် အားပါးတရ ပြုံးလိုက်သည်။
ကျွန်တော့်ကို သတ္တိနဲသည်ဟု ဆိုလာသော စကားတစ်ခွန်းအား ကျွန်တော် စိတ်မပျက်မိ။
ထိုစကားလုံးများသည်ပင် ရှေ့ဆက်ဖို့အတွက် ခွန်အားတစ်ချိူ့ပေးသနားလိုက်သည်ဟု ထင်မိ
သည်။
.
.
.
ကမ္ဘာပေါ်တွင် ကျွန်တော်နမ်းရှိုက်မိသောအချိန် ကျွန်တော့် ချစ်သူ၏ တုံ့ပြန်ပုံသည် အလှဆုံးဖြစ်လေသည်။
>>>>> Way to the stars <<<<<<
>>>> Next <<<<
A Seinn Kyaw