Part - 8 ( Unicode)

4.3K 627 13
                                    

Way to the stars - ကြယ်တွေဆီသို့


ညသည် သာမာန်ထက်ပိုပြီး မှောင်မဲနေသည်။ Club ထဲမှာ ထွန်းလင်းနေတဲ့ မီးရောင်စုံတွေသည် မှောင်နေသောညကို ဖြိုခွင်းကာ တလျှပ်လျှပ်နဲ့ တောက်ပ သစ်လွင်နေသည်။

ဒီနေ့က သူတို့နှစ်ယောက်၏ ပြိုင်ပွဲဒုတိယနေ့။

ဆွတ်ရိန် နဲ့ ဒန်နီရယ်သည် နာမည်ကြီး Club ၏ ထောင့်စွန်းစားပွဲတွင် ထိုင်ကာ Cocktail တစ်ခွက်စီနဲ့ တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေကြသည်။

ဒီနေ့ပွဲကတော့ ထူးထူးခြားခြားကြီးတော့မဟုတ်။ အတူတွဲကဖို့ ကောင်မလေး၏အရင် ဖိတ်ခေါ်ခံရသည့်သူကအနိုင်ဖြစ်သည်။

"ဟူး.... မမြင်သေးဖူး မိန်းကလေးတွေ ငါ့ကိုမမြင်ကြသေးဖူး လူလုံးထွက်ပြမှ ဖြစ်တော့မယ် "

ဒန်နီရယ့်၏ ရွှတ်နာက်နောက် ပြောလိုက်သံကြောင့် Cocktail တစ်ကျိူက် မော့လိုက်ရင်း ကျွန်တော် အသံထွက် ရယ်လိုက်မိသည်။

ရီဝေဝေ ဖြစ်နေတာကြောင့်ပဲလား၊ ဒန်နီရယ်၏ နောက်တောက်တောက်မျက်နှာဘေးသည်လွန်စွာ ချစ်စရာကောင်းသည်ဟု ထင်နေမိသည်။

" တို့.... နဲ့ အတူတွဲကချင်လား "

ဆွတ်ရိန် နားရွက်ဖျားနားဆီမှကပ်ထွက်လာသော ချွဲပြစ်ပြစ် မိန်းကလေးသံငယ်လေးတစ်ခု။ အသံလာရာကို လှည့်ကြည့်တော့ Crop Top အတိုအကျပ်လေးနဲ့ ဖင်ဖုံးရုံ လည်သာ စကပ်အကျပ် အနက်လေးကို ခပ်မိုက်မိုက်လေးတွဲဝတ်ထားသော ဘိုမရုပ်နဲ့တူသော ကောင်မလေး တစ်ယောက်။

ဆွတ်ရိန် ထိုင်နေရာမှ ကောက်ခနဲထကာကောင်မလေးကို ခေါင်းတစပ်စပ် ငြိမ့်ပြတော့
ဘိုမရုပ်လေးကတခစ်ခစ်နဲ့ ရယ်နေလေသည်။

ထို့နောက် ဆွတ်ရိန်ကို လက်ကမ်းပေးသော
ကြောင့် ဘိုမရုပ်လေး၏ လက်ကိုတွဲလိုက်ကာ
ဒန်နီရယ့်ကို အောင်နိုင်သူအပြုံးနဲ့ လှည့်ကြည့်လိုက်သည်။

ဒန်နီရယ်၏မျက်နှာသည် တစ်ခုခုကို အလိုမကျသလိုမှုန်ကုပ်ကုပ်ဖြစ်နေတာ မျက်နှာကြီး ရဲတွတ်နေတာကိုမြင်လိုက်ရတာကြောင့် ဆွတ်ရိန်
အကျေနပ်ကြီး ကျေနပ်သွားသည်။

 Way to the stars [Completed] Z+UWhere stories live. Discover now