Part - 2 ( Unicode)

7.3K 887 4
                                    

Way to the stars - ကြယ်တွေဆီသို့


ကျွန်တော် ပထမဆုံးအလုပ်ဆင်းတဲ့ရက်မှာတော့ အိမ်တော်ထိန်းက ဒန်နီရယ် ကြိုက်တတ်တာတွေ မကြိုက်တာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေ ပြောပြပေးသည်။

"ဒန်နီရယ်က အရင်ကသိပ်လိမ္မာတာ ဒီရောဂါဖြစ်ပြီးကတည်းက ပေပေတေတေ နေတော့တာပဲ သူလည်း ဒီအဖြစ်ဆိုးကို လက်မခံနိုင်ဖူးထင်ပါရဲ့ "

ဒန်နီရယ့်အတွက် မနက်စာပြင်ပေးနေရင်း သူ့ကို စိတ်ပါလက်ပါပြောပြနေသော အိမ်တော်ထိန်းအမျိူးသမီးကြီးသည် သဘောမနောကောင်းသူမှန်း ထိုအချိန် ခဏလေးအတွင်းမှာပင် သူသိခွင့်ရခဲ့သည်။

ထိုအမျိူးသမီး၏ နာမည်သည် ဒေါ်လှဆွေ ဖြစ်သောကြောင့် ကျွန်တော် ထိုအချိန်မှစ၍ အန်တီဆွေဟု တရင်းတနှီးပဲခေါ်ဖြစ်ခဲ့သည်။

"အန်တီဆွေ မနက်စာကို ကျွန်တော်ပဲယူသွားပေး
လိုက်မယ် ပြီးရင်သူ့ကိုဆေးလည်းတိုက်ရဦးမှာမို့"

"သူ စားတာပြီးတဲ့အထိစောင့်ကြည့်ပေးနော်သား ဒန်နီရယ်က ဘေးနားမှာတစ်ယောက်ယောက် စောင့်ကြည့်နေမှစားတာ မဟုတ်ရင်တော့ လူလစ်ရင်လစ်သလို သွန်ပစ်တော့တာပဲသူ့အာရုံထဲမှာ  ဂိမ်းကစားနေရတာကလွဲပြီး ဘာမှအာရုံလာပုံမရဖူး "

သူဂိမ်းကစားတာကို အရမ်းနှစ်ခြိုက်နေတာတော့မဟုတ်ဖူး အန်တီဆွေ။ သူ့ဘဝရဲ့နာကျင်စရာတွေကို ဒီထဲမှာ အာရုံနှစ်ထားတာကပဲအလွယ်တကူမေ့ပျောက်နိုင်တာမို့ သူအတင်းအကျပ်လုပ်ယူနေတာ ကျွန်တော် ရိပ်မိတာပေါ့

ထိုစကားတွေကို စိတ်ထဲကနေပဲ ကျွန်တော်
ခပ်တိုးတိုးပြောဖြစ်ခဲ့ပါသည်။

အဲဒီနောက်မှာတော့ ဒန်နီရယ့်အတွက် ရည်ရွယ်ပြီး ပြင်ထားတဲ့ သကြားမပါတဲ့ ထောပတ်သီးဖျော်ရည်တစ်ခွက် ကြက်ဥပြုတ်တစ်လုံးနဲ့ အရွက်သုပ်တစ်ပွဲသာပါတဲ့ လင်ပန်းကိုသယ်ပြီး မီးဖိုခန်းထဲက ထွက်လာခဲ့လိုက်သည်။

မီးဖိုခန်းထဲကထွက်ပြီး လှေကားပေါ်တတ်အလာမှာတော့ လှေကားဘေးနံရံတွေမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတစ်ချိူ့ကို မြင်လိုက်တာမို့ ကျွန်တော် စိတ်ဝင်တစားငေးမိသွားသည်။

 Way to the stars [Completed] Z+UWhere stories live. Discover now