Part -16 (Unicode)

4.2K 557 27
                                    

ကြယ်တွေဆီသို့

" အား... နာတယ်ကွ ခွေးကောင် ဖြေးဖြေးလုပ် "

မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် ဆွတ်ရိန်၏ မကျေမနပ် ညည်းညူလိုက်သံကြောင့်ဒန်နီရယ်က ဆွတ်ရိန်၏ လည်ပင်းတစ်ဝိုက်ကို ခပ်ကြမ်းကြမ်း နမ်းနေရာမှ လျှော့ချလိုက်သည်။

ဆွတ်ရိန်ကကိုက်ရာတစ်ချိူ့နဲ့ နီရဲပြီး သွေးခြေအုမတတ်ဖြစ်နေသော သူ့လည်ပင်းသူ လက်ဖဝါးဖြင့် ပွတ်လိုက်ကာ

"အရင်ဘဝက ခွေးဝင်စားတာလား ဘယ်လိုတောင် အကိုက်ကြမ်းရတာလဲ "

ဆွတ်ရိန်သည် ဒန်နီရယ့်ကို စိတ်ကြိုက်ချယ်လှယ်မည်ဟု တွေးထားရာမှ ရုတ်တရက် သူကိုယ်တိုင် ဒန်နီရယ့် ဦးဆောင်မှုနောက်ရောက်သွားတာကြောင့် မကျေမချမ်းဖြစ်ကာ ပလုံးပထွေးနဲ့ အော်ဟစ်နေပေသည်။

ဒါတောင် ဒန်နီရယ်က ဘာဆိုဘာမှ မထိရသေး။

အားလေးနဲနဲသုံးပြီး ဆွဲလှည့်လိုက်တယ်ဆိုရုံ အနေ
အထားက 180 ဒီဂရီ လည်သွားတာဖြစ်သည်။

"မရုန်းနဲ့လေကွာ မင်းကို လိုက်ဖမ်းရတာနဲ့ လှုပ်ရတာများတော့ နာလာပြီ "

ဒန်နီရယ့်က သူ့ကိုအပေါ်စီးကငုံ့ကြည့်နေရင်းခပ်တိုးတိုး ဆိုလာလေသည်။ ဒန်နီရယ်၏ မျက်နှာသည် ကျားရိုင်းတစ်ကောင်လို ဖြစ်နေရာမှ သနားစဖွယ် ယုန်သူငယ်လေးအသွင် ချက်ချင်းပြောင်းသွားတာမို့ ဆွတ်ရိန်မျက်မှောင် ကြုတ်ကြည့်လိုက်သည်။

"အဲတာဆို ကိုယ့်နေရာကိုနေလေကွာဘာလို့ သူများနေရာ လာလုနေတာလဲ "

ဆွတ်ရိန်က အောက်ကနေ ကုန်းရုန်းထကာဒန်နီရယ့်ကိုတစ်ခါတွန်းလှဲလိုက်ပြန်သည်။ ထို့နောက် ဒန်နီရယ့် ခါးတွင်ပတ်ချည်ထားတဲ့ တဘက်စကို ဖြည်ချလိုက်သည်။

ထို့နောက်ဆွတ်ရိန်သည် ဒန်နီရယ်၏နဖူးမှစပြီး ခပ်ဖွဖွ နမ်းလိုက်သည်။

အဲဒီနောက်မှာတော့ အပြာရောင်မျက်ဝန်းများကို ဖုံးအုပ်ထားသော မျက်တောင်စင်းစင်းများနဲ့ မှေးစင်းထားသော မျက်ခွံများ။

ချွန်ထက်၍ ဖြောင့်စင်းနေသော နှာတံ ။စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးတွေနဲ့ ကာရံထားတဲ့အနဲငယ်အက်ကွဲ၍ သွေးရောင်လွှမ်းနေသောနှုတ်ခမ်းတစ်စုံ။

 Way to the stars [Completed] Z+UWhere stories live. Discover now