Part - 19 (Unicode)

4.3K 543 10
                                    

ကြယ်တွေဆီသို့

"ဆွတ်ရိန် ကျွန်မရှင်နဲ့ဆွေးနွေးစရာရှိလို့ အချိန်ခဏလောက် ပေးနိုင်မလားဟင် "

မိုးဖွဲဖွဲကျနေသည့် နေတစ်နေ့ ....။

ညနေခင်းတစ်ခု၌ ထိုစကားလေးတစ်ခွန်းနဲ့အစချီပြီး ဆိတ်ငြိမ်အေးချမ်းသည့်ကော်ဖီဆိုင်တစ်ဆိုင်မှာ ကျွန်တော်နဲ့နုငယ်သွေး ဆုံခဲ့မိတာပဲဖြစ်သည်။

"ဒန်နီရယ့်ကို ရှင်ဘယ်လောက်ထိချစ်လဲဆွတ်ရိန်"

ခါးသက်ပုံရတဲ့ အေးစက်ပြုနေပြီ ဖြစ်သောကော်ဖီ တစ်ခွက်ကိုငေးစိုက်ကြည့်နေရင်းနုငယ်သွေးက ထိုမေးခွန်းကို ကျွန်တော့်အားခပ်တိုးတိုးလေးမေးခဲ့တာ ဖြစ်သည်။

"ကျွန်တော်မပြောတတ်ဖူး မနုငယ်သွေး ကျွန်တော်သိတာတစ်ခုက ဒန်နီရယ့်အနားမှာ နေခွင့်ရသမျှအချိန်ထိ ကျွန်တော် တွယ်ကပ်နေချင်တယ် သူခံစားနေရတဲ့ ဝေဒနာတွေကို ကျွန်တော်ပါ အတူလိုက် ခံစားပေးချင်တယ် သူ နာကျင်နေတဲ့အချိန်ဆိုကျွန်တော်လည်း အလိုလိုနာကျင်လာတယ် သူရဲ့ဝေယျာဝိစ္စကြီးငယ်မရွေးကျွန်တော်မငြီးမငြူလုပ်ပေးချင်မိတယ် နောက်
ဆုံးဗျာ သူ့ဘဝရဲ့အဆိုးဝါးဆုံး အချိန်တွေကို ရင်ဆိုင်ရတော့မယ်ဆိုရင်တောင် သူ့လက်ဖျားတွေကို မလွှတ်တမ်းဆုပ်ကိုင်ထားပြီး သူ့အနားမှာပဲ ကျွန်တော်အတူရှိနေချင်တာ "

အဆုံးသတ်မှာအဖျားခတ်သွားတဲ့ အနဲငယ်တုန်ယင်နေတဲ့ အသံနဲ့အတူ ဆွတ်ရိန်ကရေပေါက်ရေစက်ကလေးများ တဖွဲဖွဲကျနေသည့် ဆိုင်ရဲ့ပြတင်းမှန်ကနေတဆင့် လမ်းမပေါ်ကို အကြည့်လွှဲလိုက်သည်။

နုငယ်သွေးကတော့ မျက်စိရှေ့က အေးစက်စက်ကော်ဖီကို တကြိုက်မျှငုံ့သောက်လိုက်ရင်း မျက်ခမ်းစပ်မှာ ဝေ့သီလာတဲ့ မျက်ရည်တစ်စကို မသိမသာ ခိုးသုပ်လိုက်သည် ။

"ရှင်တို့ နှစ်ယောက်အကြောင်းကို မမဆိုဖီယာပြောပြထားလို့ ကျွန်မသိသင့်သလောက်တော့သိထားတယ် ရှင်ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ ဆွတ်ရိန် "

နုငယ်သွေးက ကျွန်တော့်ကို သူမရဲ့အညိုရောင်မျက်ဝန်းတွေကတဆင့် စူးစိုက်ကြည့်လာခဲ့သည်။
ကျွန်တော်ကတော့ မျက်ဝန်းတွေကို အောက်ကိုစိုက်ချထားပြီး ခေါင်းကိုပဲတွင်တွင်ငုံ့ထားမိလေရဲ့။

 Way to the stars [Completed] Z+UWhere stories live. Discover now