Part - 7 ( Unicode)

4.5K 657 17
                                    

Way to the stars - ကြယ်တွေဆီသို့

ပြိုင်ပွဲဆိုသည့် အရာသည် နှစ်သက်စရာ အလွန်ကောင်းသည်။ ခက်ခက်ခဲခဲယှဉ်ပြိုင်ရင်း နိုင်လာသော ပီတိသည် ကျေနပ်အားရစရာ အတိပြီး၏

ကျွန်တော်နဲ့ ဒန်နီရယ်၏ ထပ်တူညီသော အချက်တွေထဲတွင် ပြိုင်ပွဲတွေကို နှစ်သက်တတ်တာခြင်းလည်းပါသည်။

" ဒန်နီရယ် "

အဲနေ့က ကျွန်တော်နဲ့ ဒန်နီရယ် ပြတင်းပေါက်ဘောင်အစွန်းတစ်ဖက်စီမှာ နေရာယူရင်းမျက်နှာချင်းဆိုင်ထိုင်နေကျတာဖြစ်သည်။

နေရောင်ခြည်တစ်စွန်းတစ်စကျနေသော ဒန်နီရယ့်၏ သွယ်လျသော ဘေးတစောင်း မျက်နှာသည် နားရွက်ဖုံးသော အမဲရောင်ဦးထုတ်နဲ့ အလွန်တရာ ကြည့်ကောင်းနေလေသည်။

"အဲ ဦးထုတ်ကြီးပဲ အမြဲစောင်းထားမှာလား ငါ့ကို ဦးထုတ်ချွတ်ပြ ဆံပင်ရှည်နဲ့လိုက်တဲ့ကောင်က ကတုံးနဲ့ရောလိုက်လားသိချင်လို့ "

ဒန်နီရယ့်ကို စချင်လာတာမို့ ကျွန်တော် ပါးစပ်ထဲရှိရာပြောလိုက်ခြင်းပင်။

ယောကျ်ားလေးတန်မဲ့ ဆံပင်ရှည်တွေကို ကြိုက်တတ်သော ဒန်နီရယ်သည် ဆံပင်တွေ အကုန်လုံးကို ရိပ်လိုက်ပြီးကတည်းက ဦးထုတ်အမဲကို မချွတ်တမ်းဆောင်းထားတတ်တာဖြစ်သည်။

ဖုံးကွယ်ထားသည့်အရာကိုမှ ပိုပြီးမြင်ချင်တွေ့ချင်တဲ့အစိုးမရသော လူတွေရဲ့သဘာဝကြောင့်ပေလား။

ဖြစ်နိူင်လျှင် ဒန်နီရယ့် ခေါင်းတုံးပြောင်ပြောင်လေးကိုပင် ကျွန်တော် ထိုင်ငေးကြည့်ချင်နေမိသည်။

"ငါ့လို ဆော်ကြည်ပြီးသားကောင်က ဘယ်လိုကေ ထားထား ဆော်ကြည်ပြီးသားဆိုတာ မင်းမသိတာလား ဆွတ်ရိန် ဆံပင်မပါလည်း ငါ့ကိုကြွေတယ့် ဆော်တွေ အများကြီးပဲ "

ဘယ်တော့ဖြစ်ဖြစ်ပြန်ပြောဖို့ စကားလုံးတွေ
အဆင်သင့်ဖြစ်နေတတ်သော ဒန်နီရယ့်ကို ကျွန်တော် ဘယ်တော့မှနိုင်လေ့ မရှိပါ

"ဘယ်သူဆော်ပိုကြည်လဲ ပြိုင်မလားဟေ့ကောင်
မင်းကိုမင်း ယုံကြည်မှုတွေ သိပ်ရှိနေတယ်ပေါ့ "

 Way to the stars [Completed] Z+UWhere stories live. Discover now