Part - 15 (Unicode)

4.2K 583 26
                                    

ကြယ်တွေဆီသို့


နေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့်
ဒန်နီရယ့်မျက်နှာပေါ်သို့ တစွန်းတစကျရောက်နေသည်။

ကုတင်ပေါ်မှာထိုင်ရင်း နေရောင်ကိုငေးနေခဲ့သော ဒန်နီရယ့်မျက်နှာသည် အေးစက်ကာ တည်ငြိမ်နေသည်။

ထိုင်နေရင်းမှ ဆီးသွားချင်လာတာမို့ တဆစ်ဆစ်ကိုက်နေသော ဒူးခေါင်းကို အားယူရင်းထဖို့ ကြိုးစားကြည့်သည်။ မရ.... ။

ခြေထောက်သည် အနဲငယ်သာကြွလာပြီး နာကျင်လွန်းသဖြင့် ပြန်ပြုတ်ကျသွားသည်။

အားငယ်စိတ်နဲ့ ဝဲတတ်လာတဲ့ မျက်ရည်စတစ်ချိူ့ကို မကျမိအောင် အံ့ကြိတ်ထားမိသည်။

နာနိုင်လွန်းတဲ့ ခြေထောက်ကို စိတ်တိုတိုနဲ့ ပိုနာကျင်အောင် အားပြင်းပြင်းနဲ့ ရိုက်ချလိုက်သည်။

လမ်းမလျှောက်နိူင်ချင်ဦး... နာချင်ဦးကွာ....

လမ်းတောင် မလျှောက်နိုင်တော့တဲ့ ကျွန်တော့်ကို ကျွန်တော်တောင် စိတ်ပျက်တာ ဆွတ်ရိန် ဆိုရင်ရော ကျွန်တော့်ကို ဘယ်လောက်ထိ ချစ်ပေးနိုင်မှာလဲ ?

ခါတိုင်းဆိုလျှင် ကျွန်တော့် ဝေယျာဝစ္စကိစ္စ ကြီးငယ်မဆို အန်တီဆွေ နဲ့ ဆွတ်ရိန်လုပ်ပေးနေကြဖြစ်သည်။

တကယ်တမ်း ကျွန်တော့်ကို လူမမာတစ်ယောက်လို သနားစဖွယ် ပြုစုနေတာကို ကျွန်တော် တကယ်မကြိုက်။

ဆွတ်ရိန် မျက်စိထဲတွင် အားကိုလောက်စရာ
ယောကျ်ားမျိူးသာ ဖြစ်ချင်ခဲ့သည်။

တဆစ်ဆစ်အောင့်လာတဲ့ဆီးခုံက ထိန်းမရအောင် တင်းမာလာတာမို့ ဒန်နီရယ် ထဖို့ ကုတင်ပေါ်က အားပြုဆင်းလိုက်ရင်း အောက်ကို ခွေကျသွားသည်။

တောက်.....ငါဘာလို့ ဒီလောက်တောင် ပျော့ခွေနေရတာလဲ

ဒန်နီရယ်သည် ကိုယ့်ဘာသာ အားမလို အားမရဖြစ်လာကာ ဒေါသတကြီးနဲ့ ကြမ်းပြင်မှာ ထိုင်နေရင်း ကုတင်ကိုတဒုန်းဒုန်းထုရိုက်နေသည် ။

ထိုသို့ ဒေါသတကြီးထုရိုက်နေရင်း ထိန်းချူပ်နိုင်စွမ်း ကင်းမဲ့သွားသော ခန္ဓာကိုယ်တွင်းမှ အရည်ဖြူများသည် တစိမ့်စိမ့်ထွက်ကျလာကာကြမ်းပြင်တစ်ဝိုက်တွင် ပေကျံသွားသည်။

 Way to the stars [Completed] Z+UWhere stories live. Discover now