Ending (Unicode)

12.2K 850 136
                                    

Way to the stars - ကြယ်တွေဆီသို့

"ဒန်နီရယ် "

မြူနှင်းများဝေနေသော ကလောမြို့၏ ချမ်းစိမ့်စိမ့် နံနက်ခင်းတစ်ခုတွင် ဖြစ်သည်။

ဆွတ်ရိန်က ဒန်နီရယ်ကိုတင်ဆောင်လာသော ဝှီးချဲလ်အား တွန်းလာသည်ကိုရပ်လိုက်ရင်း ဝှီးချလ်ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်သည်။

" အေးနေလား .......ချစ်သူ "

ဆွတ်ရိန်က နူးညံ့စွာမေးလိုက်ရင်း ဒန်နီရယ့်၏လည်တိုင်တွင် အဖြူရောင်မာဖလာတစ်ထည်ကို အမြတ်တနိုးစီးနှောင်ပေးလိုက်ကာ နဖူးပြင်အားတစ်ချက်ငုံ့နမ်းလိုက်သည်။

"ဒီအအေးလောက်ကတော့ ...အပျော့ပါကွာ"

ဒန်နီရယ် ပုခုံးတွန့်ပြရင်းပြောတော့ ဆွတ်ရိန် ပြုံးလိုက်မိသည်။

အခုလိုချစ်စရာကောင်းပြီး မြတ်နိုးလွန်းရတဲ့ သူ့ချစ်သူကိုဘယ်လိုအင်အားမျိူးနှင့်စွန့်လွတ်ရမယ်မှန်း ယခုထက်တိုင်အဖြေရှာမရသေးပါ။

ဝေဒနာကို အလူးအလဲခံစားနေရတာကြောင့် ပါးရိုးတွေပင် ချိူင့်၀င်ကာ ပိန်ကပ်ကပ်ဖြစ်နေသော ချစ်သူအားကြည့်ပြီး ယောကျာ်းတန်မဲ့ မျက်ရည်ကျချင်စိတ်ကို ဟန်ဆောင်ဖုံးဖိရင်း အားတင်းကာပြုံးနိုင်ဖို့ ကြိုးစားရသည်မှာလည်း လွယ်ကူလှသည်တော့ မဟုတ်လှပါ။

"ငါ့အတွက်....မင်းရေးခဲ့တဲ့ စာရော "

ဆွတ်ရိန်က အကျီအိတ်ကပ်ထဲမှာ ထည့်လာသော စာအိတ်ဖြင့်သေချာစွာထုတ်ပိုးထားတဲ့ စာရွက်ခေါက်လေးကို ထုတ်လိုက်ပြီး ဒန်နီရယ်ရေးထားသောစာကိုပါယူရင်း စာနှစ်ခုကိုပူးပြီး ကြိုးချည်လိုက်ကာဖန်ပုလင်းအလွတ်တစ်လုံးထဲ၌ ထည့်လိုက်သည်။မနေ့ညက သူရော ဒန်နီရယ်ပါ စာတစ်စောင်ဆီရေးခဲ့ကာ နောင်ငါးနှစ်အကြာမှ ဖွင့်ဖောက်ရန် ကတိပြုခဲ့ကြတာ ဖြစ်သည်။

ထိုအကြံအစည်ကို ဒန်နီရယ့်ဘက်က စပြီးကြံစည်ခဲ့တာဖြစ်သည်။ နောင်ငါးနှစ်တွင် ပိုင်ရှင်မဲ့နေနိုင်သော သူ့စာအိတ်လေးအတွက် ထိုအကြံအစည်အား သူ့ဘက်က လက်မခံခဲ့သော်လည်း ဒန်နီရယ်ကတော့ အပြုံးမပျက်စွာဖြင့်.....

 Way to the stars [Completed] Z+UWhere stories live. Discover now