Part - 9 ( Unicode)

4.4K 613 27
                                    

Way to the stars - ကြယ်တွေဆီသို့

"ဦးလေး..... အမိုက်စား ကတုံးကေညှပ်ပေးဗျာ "

လမ်းထိပ်က ဆံပင်ညှပ်ဆိုင်ကိုသွားကာ ဆွတ်ရိန် ဆံပင်ညှပ်တဲ့ ခုံပေါ်ဝင်ထိုင်လိုက်သည်။

သူ့ကိုညှပ်ပေးနေကျ ဦးလေးက ကပ်ကြေးကိုင်ထားလျက် ကြောင်စီစီအကြည့်မျိူးဖြင့်သာကြည့်နေလေသည်။

ထို့နောက်ဆံပင်ညှပ်ဆရာသည် ဆွတ်ရိန်အား စပြီး ညှပ်လေတော့သည်။ ဆွတ်ရိန် တစ်ယောက်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးဖြီးလျက်။

အချစ်အတွက် ဆံပင်လေးလောက်တော့စွန့်လွှတ်
ရဲရမှာပေါ့လေ...... ။

ဆံပင်ညှပ်အပြီး ဒန်နီရယ့်အိမ်ကို ရောက်သွားသည့် အချိန်မှာတော့ Family Doctor ပင်ဒန်နီရယ့် အား ကြည့်ပြီးလျက် ပြန်သွားပြီဖြစ်သည်။

အိပ်ယာထက်ဆေးသွင်းရင်း ငြိမ်သက်စွာလှဲလျောင်းနေသော ဒန်နီရယ့်ကို မြင်လိုက်ရတာမို့ ဆွတ်ရိန် မျက်နှာကိုတစ်ဖက်သို့ လွှဲလိုက်သည်။

ဒန်နီရယ် အားနဲနေတဲ့ ပုံစံကို သူ ဘယ်လိုမှ ရင်မဆိုင်ချင်ပါ။ရင်ဆိုင်နိုင်ဖို့လည်း သူ့မှာအားအင်လုံလောက်စွာ မရှိသေးပါ ။

ပါလာတဲ့ကျောပိုးအိတ်ကိုချွတ်လိုက်ကာ ဆွတ်ရိန်က ဒန်နီရယ့် ကုတင်ဘေး ဝင်ထိုင်လိုက်ရင်း သူရောက်နေသည့် အကြောင်းအသိပေးသလို ချောင်းတစ်ချက် ဟန့်လိုက်သည်။

ထို့နောက် ခပ်ငိုက်ငိုက်ဆောင်းထားခဲ့သော လျှာထိုး ဦးထုပ်ကို ချွတ်လိုက်တော့ ဒန်နီရယ်က မျက်စိမှိတ်ထားရာမှ တဖြေးဖြေး ဖွင့်လာကာ
သူ့ကို တအံ့တသြနဲ့ ကြောင်ကြည့်နေပေသည်။

ထိုနောက် ဒန်နီရယ့် မျက်ခုံးတန်းများတွန့်ကွေးလာကာ အထာပေါက်သွားစွာပင် တဟားဟားအော်ရယ်လိုက်သည်။

" အရူးကောင် လူမိုက်ဗိုလ်နဲ့တူတယ် "

"ငါ့ကို ဖဲ့ဖို့ စကားလုံးတွေက မင်းဆီမှာ အမြဲ အသင့်ရှိနေတာပဲနော် "

ဆွတ်ရိန်တစ်ယောက် မျက်နှာကြီးရှုံမဲ့လျက်ပြောလိုက်တော့ ဒန်နီရယ်က အားပါးတရ ရယ်မောလိုက်သည်။

 Way to the stars [Completed] Z+UWhere stories live. Discover now