Part - 10 (Unicode)

4.3K 590 16
                                    

Way to the stars - ကြယ်တွေဆီသို့


" ဆွတ်ရိန်....."

ဆွတ်ရိန်သည် သူ့ကို ဆွေးဆွေးမြေ့မြေ့ လှမ်းကြည့်နေသည်။နောက်တော့ ကောင်မလေးတစ်ယောက်ရဲ့လက်ဖျားကိုခပ်တင်းတင်းဆုပ်ကိုင်ကာသူ့ကိုကျောခိုင်းလှည့်ထွက်သွားသည်။

" ဆွတ်...... "

လျော့ရဲနေတဲ့ကြားက အားတင်းပြီး ဆွတ်ရိန်နာမည်ကို လှမ်းခေါ်လိုက်သော်လည်း ခြောက်ကပ်အက်ကွဲနေသော သူ့အသံတွေသည် လေထဲမှာတင်ကွယ်ပျောက်သွားသည်။

" ဆွတ်......... ရိန် "

အကြိမ်ကြိမ် ကြိုးစားခေါ်ကာ ဆွတ်ရိန်၏ နောက်သို့ ပြေးလိုက်ရန် သူ့ခန္ဓာကိုယ်က ရုန်းကန်နေပေမဲ့ ခိုင်မြဲသည့် အရာတစ်ခုသည် သူ့အား တင်းတင်းကျပ်ကျပ်ဆွဲထားလေ၏။

တစ်ကိုယ်လုံး မွန်းကြပ်နေသည်။ အသက်တွေပင် ရှုထုတ်မရတော့အောင် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ကြားထဲကနေ ရုတ်တရက်လန့်နိုးလာသည်။

" ဟူး..... အိမ်မက်ဖြစ်နေလို့ တော်ပါသေးရဲ့"

ကုတင်ဘေးက စားပွဲပေါ်မှာရှိနေသည့် ရေဘူးကို မမှီ့တမှီလှမ်းယူလိုက်သည်။ထို့နောက် အားပြုထကာ ခြောက်သွေ့နေတဲ့နှုတ်ခမ်းတစ်စုံက ရေကိုအားပါးတရ စုပ်ယူသောက်လိုက်သည်။

ပုံမှန်ဆို မနက်မိုးလင်းလို့ သူ့မျက်စိနှစ်လုံး ပွင့်လာတိုင်းရေတစ်ခွက်ကိုင်ပြီး အသင့်စောင့်နေတတ်တဲ့ အပြုံး မျက်နှာတစ်ခုက ဆီးကြိုနေကျ။ အခုတော့ ထိုမျက်နှာကိုပင် မမြင်ရတာပင် သုံးရက်မြောက်ခဲ့ပြီ။

မင်း... ဘယ်မှာလဲ....... ဆွတ်ရိန်

" သား.... ဒန်နီရယ် "

ဒေါ်မာလာခင် သည် ဒန်နီရယ်၏ အခန်းတံခါးကို ဖြေးဖြေးချင်း တွန်းဖွင့်လျက် ကြမ်းပြင်ကို ခပ်ဖွဖွ နင်းလျှောက်ရင်း ဝင်လာလေသည်။

ဒေါ်မာလာခင်၏ အနောက်တွင်တော့ ဒန်နီရယ်နဲ့ မတိမ်းမယိမ်းအရွယ် လူငယ်လေး တစ်ယောက် ရပ်နေသည်။

" သားလေး....ကောင်းကောင်းအိပ်ပျော်ရဲ့လား "

ဒေါ်မာလာခင်က ဒန်နီရယ့် နဖူးလေးကို တယုတယ နမ်းလိုက်ရင်း ကုတင်ဘေးမှာ ဝင်ထိုင်လိုက်သည်။

 Way to the stars [Completed] Z+UWhere stories live. Discover now