Part - 11(Unicode)

4.2K 588 0
                                    

Way to the stars - ကြယ်တွေဆီသို့


"ဆွတ်ရိန် ဒီလောက်ဆိုးတဲ့ကောင်ကို မင်း ဘယ်လို သည်းခံပြီး ပြုစုနေတာလဲ ငါတော့လက်ဖျားခါတယ်"

သန့်ဝေ၏ စိတ်ပျက်လက်ပျက် ညည်းညူသံအဆုံး သူ စိတ်လွတ်လက်လွတ် ရယ်မိသည်။ ဒန်နီရယ် တစ်ယောက် သန့်ဝေကိုဘယ်လိုတွေ ပညာပေးလွှတ်လိုက်လဲမသိ။ သန့်ဝေ၏ အသံသည် တိုက်ပွဲမဝင်ခင်ကတည်းက ကျနေသည့် စစ်သားလိုလို မောပန်းနွမ်းနယ်နေသည်။

" အန်တီရော သက်သာလား ဘယ်လိုလဲ "

"အင်း သက်သာပါတယ် ငါလည်း မေမေ့ကို ပဲ ဂရုတစိုက်နဲ့ ကြည့်နေရတာ "

"ဟိုဘိုးတော် ထပ်မလာတော့ဖူးမလားနောက်တစ်ခါ အန်တီ့ကိုတစ်ခုခုလာလုပ်ရင် တရားစွဲပြစ်ကွာ "

သန့်ဝေ၏လေသံတိုးတိုးကပင်အနယ်ထိုင်အောင် မနဲဖြေလျော့ထားရတဲ့ သူ့စိတ်ရေပြင်ကို ခဲတစ်လုံးနဲ့ ပစ်ပေါက်လိုက်သည့်နှယ်လှုပ်ခတ်သွားစေသည်။

အဖေ့ကို သူ သိပ်မုန်းသည်။ သတ်ပစ်ချင်လောက်သည့် စိတ်ရိုင်းတွေဝင်လာလောက်အောင်ပင် သူ နာကြည်းမိသည်။

လွန်ခဲ့တဲ့တစ်ပတ် ဒန်နီရယ် နဲ့ ဘောလုံးပွဲ ကြည့်ပြီးပြန်သောညမှာ ပြသနာက စနေပြီးသား ဖြစ်သည်။

သူအိမ်ပြန်ရောက်သွားတဲ့အချိန်မှာ အမေ့မျက်နှာ တစ်ခုလုံးသည် မျက်ရည်ရွှဲလဲ ဖြစ်နေသည့်အပြင် အညိုအမည်းဒဏ်ရာများစွာနဲ့ ဖူးယောင်ကိုင်းနေခဲ့သည်။

" အမေ့.... ဟိုလူ့လက်ချက်ပဲမလား "

သူ ဒေါသတကြီးနဲ့ အမေ့ကိုမေးလိုက်သည်။

"အမေ့ကို ဂရုစိုက်မနေနဲ့ သား ညီမလေးဆေးရုံမှာ သားအရင်လိုက်သွား အမေ နောက်က လိုက်လာခဲ့မယ်"

အဲနေ့ကသူနဲ့အတူ သန့်ဝေလည်းရှိနေ၍ တော်သေးသည်။သန့်ဝေက အမေနဲ့အတူ ကျန်နေခဲ့ကာ သူကညီမလေးရှိနေသော ဆေးရုံသို့ ပြေးရသည်။

ဆေးရုံကိုရောက်တော့ အသဲအသန် ဖြစ်နေသော ညီမလေးကို ဆရာဝန်တစ်ချိူ့က အသက်ကယ်ထားပြီး ဖြစ်သောကြောင့် သူ့ရင်ဘတ်ထဲက အလုံးကြီးကျသွားရသည်။

 Way to the stars [Completed] Z+UWhere stories live. Discover now