Part - 1 (Unicode)

16.6K 1.1K 16
                                    

ကြယ်တွေဆီသို့စတင်ခြင်း


The trouble is you think you have time

( Buddha )


" Male Nurse တစ်ဦးအမြန်အလိုရှိသည်။ "

သတင်းစာထဲက ကြော်ငြာအပိုင်းအစလေးတစ်ခုကငြိမ်သက်နေသည့် ကျွန်တော်စိတ်တွေကိုလှုပ်ခတ်သွားစေသည်။Posting မကျခင်သူနာပြုကျောင်းဆင်းခါစလူသစ်လေးကျွန်တော့်အတွက် ယခုလိုကြော်ငြာမျိူးက အလွန်ပင် စိတ်လှုပ်ရှားဖွယ်ကောင်း၏။

Private Nurse တဲ့ ။ ဂဏန်းခြောက်လုံးအထက်ရှိသည့် မက်မောလောက်စရာ လစာကလည်း ထိုအလုပ်ကိုလျှောက်ဖြစ်ဖို့ကျွန်တော့အားတွန်းအားပေးနေလေသည်။

ဤလစာပမာဏနဲ့ဆိုလျှင် ကျွန်တော်ရော ကျွန်တော့်မိသားစုပါ ဖူလုံရုံမက လုံလောက်သည်ဆိုတာထက်ပင် ပိုနေမှာအသေအချာ။

ဟိုးငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်လွန်းခဲ့သည့်ကျွန်တော် ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်နဲ့အနဲငယ်လွဲချော်ခဲ့သော်ငြား သူနာပြုကျောင်းကို ရွေးချယ်ဖြစ်ခဲ့ခြင်းအတွက်တော့ နောင်တမရမိ။

ကျွန်တော့်ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်ကိုက ကမ္ဘာပေါ်မှာရှိတဲ့လူတွေ ကျန်းကျန်းမာမာနေနိုင်ဖို့၊သူတို့ခံစားနေရတဲ့ဝေဒနာတွေကို ကျွန်တော့်လက်နဲ့ပဲဖြစ်ဖြစ် အနဲငယ်သက်သာစေဖို့၊ အားနဲနေတဲ့လူတွေကိုကူညီစောင့်ရှောက်ပြီး ပြန်လည် ထူထောင်ပေးချင်တာရယ်မို့ ကျွန်တော် ဒီလမ်းပေါ်ကို ရွေးပြီးလျှောက်မိခဲ့ခြင်ဖြစ်သည်။

ထိုကြော်ငြာအတွက် အနဲငယ်လောက်ကြိုးစားကြည့်လျှင်ကောင်းမည်ဟုကျွန်တော်ထင်မိသည်။

ဘာမှမလုပ်ဘဲ မျှော်လင့်ချက်ထားလို့မရသည်
ထက်စာလျှင်တော့ ကြိုးစားကြည့်တာကမှ 50% တော့မျှော်လင့်ခွင့်ရှိသေးသည်မဟုတ်လား။

ထို့နောက် သတင်းစာအပိုင်းအစကို လက်ထဲကျစ်
ကျစ်ပါအောင်ဆုပ်ရင်း ကျွန်တော့်ခြေလှမ်းတွေမှာယုံကြည်မှုတွေအဆစ်ပေါင်းထည့်လိုက်သည်။

ကျွန်တော့်အတွက်

ကျွန်တော့်မိသားစုအတွက်

 Way to the stars [Completed] Z+UWhere stories live. Discover now