Part - 14 ( Unicode)

4.2K 588 24
                                    


" ဟတ်ချိူး..... "

ဆွတ်ရိန် နှာခေါင်းထဲကလေများ ဒလဟော ပွင့်ထွက်ကုန်သည်ဟု ထင်ရသည်။ မနေ့ညကဘောလုံးကွင်းမှာ နာရီဝက်လောက် လှဲအိပ်ခဲ့ပြီးနောက် အေးစိမ့်ရဲ့ ရာသီဥတုဒဏ်ကို မခံနိုင်ပဲ သူအအေးမိသွားခြင်းပင်။

" ဆွတ်ရိန် မင်းက သတ္တိနဲတဲ့ကောင်ပဲ "

နှာတရှုံ့ရှုံ့နဲ့ဖြစ်နေသည့်ကြားပင် ဒန်နီရယ်၏ ထိုစကားအားနားထဲတွင်ကြားယောင်လာမိပြန်သည်။

အမှန်တကယ် ကျွန်တော် သတ္တိနဲတာမဟုတ်ပဲ တန်ဖိုးထားတာဟု ပြောလိုက်ပြန်လျှင်လည်းဒန်နီရယ် တစ်ယောက် ရယ်နေပြန်တော့မည်။

"မေမေ....ကျွန်တော်...ဟတ်...ချိူး...သွားပြီလို့ "

မေမေ့ကိုနှုတ်ဆက်နေရင်းမှပင် ယားကျိကျိဖြစ်လာသော နှာခေါင်းက ဒုက္ခပေးလာပြန်သည်။

မေမေက စက်ချူပ်နေရင်းမှ နှာတရှုံရှုံ့ဖြစ်နေသော သူ့ကို ဂရုဏာသက်သလို ကြည့်ကာ

" သားရယ် နေမကောင်းရင်လည်း နားလိုက်
ပါလားကွယ် နှာတရှုံ့ရှုံနဲ့ ..... "

"အာ....ရတယ် မေမေ ကျွန်တော် ဆေးသောက်လိုက်မယ် ဒီနေ့အရေးတကြီး လုပ်စရာရှိလို့ နားလို့မဖြစ်ဖူး ကျွန်တော် အဆင်ပြေတယ် စိတ်မပူနဲ့ "

"ဒီသားတစ်ယောက်နဲ့တော့ နေမကောင်းနေတာ ကိုကွယ် .... "

စိုးရိမ်စိတ်ဖြင့် ခပ်တိုးတိုးလွင့်ပျံ့လာသော မေမေ၏ ဂရုဏာသံကိုလည်း ဆွတ်ရိန် မကြားမိတော့။

စိတ်အစုံသည် တစ်ယောက်သောသူဆီသို့သာ ခပ်မြန်မြန်ရောက်သွားဖို့ အာရုံများနေသည်။

ဒီနေ့က သတ္တိမနဲကြောင်းပြရမည့်နေ။ မနေ့ညက ညလုံးပေါက် နဖူးပေါ်လက်တင် စဉ်းစားပြီးတဲ့နောက် ထွက်လာသောအဖြေသည် အချိန်မဆွဲဖို့ တစ်ခုတည်းသာရယ်ဖို့ စိတ်ကို အလိုလိုက်ဖို့ သူဆုံးဖြတ်လိုက်သည်။

ဒန်နီရယ့် အခန်းပေါက်ကိုရောက်သွားတော့ထုံးစံအတိုင်းပင် အကျင့်ပာနေသော နှလုံးသားကမြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်လာပြန်သည်။

 Way to the stars [Completed] Z+UWhere stories live. Discover now