Part - 3 (Unicode)

6.2K 774 5
                                    

Way to the stars - ကြယ်တွေဆီသို့


ဂိမ်းတစ်ပွဲကို အတူဆော့လိုက်ခြင်းက အစိမ်းသက်သက် ယောကျ်ားလေး နှစ်ယောက်ကြား ခင်မင်ရင်းနှီးမှုတွေကို ပိုတိုးသွားစေနိုင်သလားမသိပါ။

နောက်တစ်ရက် သူ့ အခန်းထဲကျွန်တော် မနက်စာနဲ့ အတူသောက်ရမယ့် ဆေးတွေကိုယူသွားတော့ ဒန်နီရယ်သည် ပထမနေ့ကလိုပေကပ်ကပ်မလုပ်တော့။

" မင်းကိုကြောက်လို့မဟုတ်ဖူးနော် ငါပေးထားတဲ့ ယောကျ်ားကတိကို တည်ချင်လို့ "

ဟု ဆေးသောက်နေရင်း ခပ်တည်တည်ပင်ပြောခဲ့ပါသည်။ ထိုအချိန်တွင် ဒန်နီရယ့် မျက်နှာကြီးသည် တကယ့်ကို လိုချင်တာမရတဲ့ကလေးဆိုးကြီးလို ဆူအောင့်အောင့်ဖြစ်နေတာမို့ ကျွန်တော်ပင် ရယ်ချင်သွားရသည်။

" ဟေ့ကောင် ဘာရယ်တာလဲ မင်းနိုင်တယ်ဆိုပြီး ဘဝင်မြင့်နေတာလား "

" အဟမ်း....မင်းကိုမရယ်ပါဖူး မနေ့ညကငါဖတ်မိတဲ့ဟာသတစ်ခုကို တွေးမိလို့ပါ "

သူ့အဖြေကိုပင် ဒန်နီရယ် ကျေနပ်ပုံမရ။

ရှုံးမဲမဲနေတဲ့ Gamer ကြီးအား ရယ်ချင်စိတ်ကို
မနဲပင် ထိန်းလိုက်ရသည်။

ထို့နောက် ဒန်နီရယ်ကို အိပ်ယာပေါ်လှဲခိုင်းကာလိုအပ်တဲ့ ဆေးတစ်ချိူ့ကို ကျွန်တော် သွင်းပေးရသည်

ဖြူဖွေးနေတဲ့လက်ဖျံရိုးပေါ်က စိမ်းဖန့်ဖန့်သွေး
ကြောကိုရှာပြီး အပ်နဲ့ဖောက်တော့ ဒန်နီရယ်က အားခနဲအော်သည်။

" မင်းက ငကြောက်ပဲ "

" ရှစ်.... မင်းအထိုးခံကြည့်လေ "

ဒန်နီရယ်သည် ဂျစ်တစ်တစ်နိုင်ရုံသာမကတစ်ခါ
တစ်ရံဆတ်ဆတ်ထိမခံ ပြန်ပြောတတ်တဲ့ကောင် ဖြစ်သည်။ အပ်နဲ့ဖောက်ပြီး ဆေးသွင်းပေးထားတော့လည်း မျက်စိကို မှိတ်ထားလျက် ငြိမ်ငြိမ်လေးနေနေတာမို့ ကျွန်တော် သူ့ကိုကြည့်ရင်းပြုံးလိုက်မိပြန်သည်။

ထူထူထဲထဲ ဖြစ်နေရမည့် ရွှေအိုရောင်ဆံပင်ရှည်တွေသည် ကင်ဆာဆေးတွေနဲ့ဓာတ်မတည့်တာကြောင့်လားမသိ အနဲငယ်ပါးနေသည်ဟု ကျွန်တော်ထင်မိသည်။

 Way to the stars [Completed] Z+UWhere stories live. Discover now