Part - 6 ( Unicode)

4.7K 683 40
                                    

Way to the stars - ကြယ်တွေဆီသို့

တိတ်ဆိတ်နေခြင်းက ငါ့ရဲ့နာကျင်မှုတွေကိုဖော်ပြပေးတဲ့ နောက်ထပ် စကားလုံးတစ်ခုပဲ

ကျွန်တော်စိတ်လှုပ်ရှားနေမိသည်။တစ်ပတ်တိတိ
မတွေ့ရသေးတဲ့ မျက်နှာလေးတစ်ခုကို မြင်ရဖို့ ဆန္ဒတွေလောကြီးနေမိသည်။

" သား ဆွတ်ရိန် "

ဒန်နီရယ့်အခန်းတံခါးကို တွန်းဖွင့်ဖို့ လက်လှမ်းလိုက်စဉ်မှာပဲ ခေါ်သံတစ်ခုကြောင့် ကျွန်တော် နောက်လှည့်ကြည့်လိုက်မိသည်။ ကျွန်တော့်အား ညိုးငယ်စွာကြည့်နေသူက အန်တီဒေါ်မာလာခင်နဲ့ အန်ကယ်ကျော်စွာ ( ခေါ် ) အန်ကယ်စတီဗင် ။

နှစ်ယောက်စလုံး မျက်နှာ မကောင်းတာမို့ ကျွန်တော့် စိုးရိမ်နေမှတ်တွေသည် အနဲငယ်မြှင့်တတ်သွားသည် ။

" အန်တီ နဲ့ စကားနဲနဲပြောရအောင် သား "

" ဟုတ်ကဲ့ "

မသိမသာတုန်ခါနေသော အသံကို ထိန်းပြောကာ ကျွန်တော် ခေါင်းငြိမ့်ပြလိုက်မိသည်။ ထို့နောက် ဒန်နီရယ့် မိဘနှစ်ပါးနဲ့ ကျွန်တော် ပထမထပ်ကဧည့်ခန်းမှာ မျက်နှာချင်းဆိုင် နေရာယူထိုင်ရင်းဆွေးနွေးဖြစ်ကြသည်။

စကားဝိုင်းက ပထမတော့တိတ်ဆိတ် ငြိမ်သက်
နေသည်။

"ဒန်နီရယ် သိပ်ကြာကြာနေနိုင်တော့မှာမဟုတ်ဖူး သား သူ့ကင်ဆာဆဲလ်တွေက အဆုတ်တစ်ခုလုံးပျံ့နေပြီ အန်တီ ဒန်နီရယ့်ကိုနောက်ဆုံးအချိန်ထိ မနာကျင်စေဖူး ဒန်နီရယ် လုပ်ချင်တာမှန်သမျှ အကုန်လိုက်လျောပေးချင်တယ် သူစိတ်ချမ်းသာအောင်ထားပေးပါနော် သား အန်တီတောင်းဆိုတာပါ "

စူးခနဲ ဖြစ်သွားတဲ့ နာကျင့်အောင့်သက်မှုက ကျွန်တော့်ရင်ဘတ်အတွင်းပိုင်းကို လာရိုက်ခတ်သွားသည်။

မလွဲမသွေကြုံတွေ့ရမယ့် အမှန်တရားပင် ဖြစ်သော်လည်း ကျွန်တော်ရင်မဆိုင်ချင်။ဒီစကားလုံးတွေကို ကျွန်တော်ဘယ်တုန်းကမှမကြားချင်ခဲ့ပါ ။ ရင်အတွင်းပိုင်းဆီ အောင့်မျက်လာတဲ့ နာကျက်မှုတွေက မျက်ရည်အဖြစ်ဝဲတတ်လာသည်ကို ဖုံးကွယ်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

 Way to the stars [Completed] Z+UWhere stories live. Discover now