Part - 12 ( Unicode)

4.2K 607 8
                                    

Way to the stars - ကြယ်တွေဆီသို့

မျက်နှာပေါ်တိုက်ခတ်လာတဲ့ လေနုအေးအေးကို ဆွတ်ရိန် အားပါးတရ ရှူသွင်းလိုက်သည်။ မနက်ခင်း၏ ကောင်းကင်သည် သာယာကြည်စင်နေကာ မြင်မြင်သမျှ အရာအားလုံးသည် လှပသစ်လွင်နေပေသည်။

" မေမေ ..ကျွန်တော်သွားပြီနော် "

မီးဖိုခန်းထဲက မေမေ့ကို အော်ဟစ်နှုတ်ဆက်လိုက်ပြီး ရှူးဖိနပ်ကြိုးကိုခပ်တင်းတင်းချည်လိုက်ကာ သွက်လက်သောခြေလှမ်းများနဲ့ ဒန်နီရယ်၏ အိမ်သို့ သူ ထွက်လာခဲ့သည်။

မနက်ခင်းရုံးတတ်ချိန် ကျောင်းတတ်ချိန်ဖြစ်၍ လာခဲ့သော လမ်းတစ်လျှောက် ပုံမှန်ထက်ပိုရှုပ်နေသော ကားများနဲ့ မီးနီများတစ်ခုပြီးတစ်ခု ဖြတ်လာသည့်တိုင် သူစိတ်မပျက်မိ ။

အချစ်သည် အရာရာကို စိတ်ရှည်သည်းခံတတ်အောင်လည်း သင်ပေးတတ်သည်လား..

" မောနင်း အန်တီဆွေ "

ဒန်နီရယ်၏ အိမ်ကိုရောက်တော့ မီးဖိုခန်းထဲ ၀င်ကာ အန်တီဆွေ့ကို အရင်နှုတ်ဆက်လိုက်သည်။

" ပြုံးလို့ ရွှင်လို့ပါလား ဆွတ်ရိန် "

သူ စိတ်ထဲက အပျော်တွေဟာ မျက်နှာမှာပါ ထင်ဟပ်နေသလားကိုမသိပါ။ အန်တီဆွေကပြုံးရင်း စကားဆိုလာတော့ သူစပ်ဖြီးဖြီးကလေးသာ ရယ်ပြမိသည်။

ထိုနောက် ဒန်နီရယ်စားဖို့ မနက်စာကို ယူလျက် ခြေလှမ်းကျဲကြီးများဖြင့် လှေကားပေါ်တတ်လာခဲ့သည်။

အခန်းတံခါးကို ဖြေးဖြေးချင်းတွန်းဖွင့်၀င်မိတော့ ဒန်နီရယ် မနိုးသေးတာကို တွေ့ရသည်။ လက်ထဲကကျောပိုးအိတ်နဲ့ မနက်စာလင်ဗန်းကို စားပွဲမှာ အသာအယာချပြီး ဒန်နီရယ့် ကုတင်ဘေးမှာ ၀င်ထိုင်လိုက်သည်။

အပြစ်ကင်းစင်စွာ အားပါးတရ အိပ်ပျော်နေသော ယောကျာ်းတစ်ယောက်၏ ဖြူစင်သော မျက်နှာ၊ ဘေးတစ်စောင်း အိပ်နေတာကြောင့် နှာတံစင်းစင်းကထင်းနေကာ မညီမညာ စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးအောက်က နှုတ်ခမ်းတစ်စုံက ယောကျာ်းဆန်သောမျက်နှာပေါက်နဲ့မလိုက်ဖက်စွာပင် နီရဲနေပေသည် ။

 Way to the stars [Completed] Z+UWhere stories live. Discover now