Part - 18 (Zawgyi)

5K 641 47
                                    

Way to the stars - ကြယ်တွေဆီသို့


"ဆွတ်ရိန်.... ငါတို့ ဇာတ်လမ်းကို ဒီမှာပဲ
အဆုံးသတ် လိုက်ရအောင်..... "

ဆွတ်ရိန်က နောက်သို့ယိမ်းယိုင်သွားသော ခန္ဓာကိုယ်ကို လက်နှင့်ပြန်ထောက်လိုက်ကာ ဒန်နီရယ့်အား နားမလည်နိုင်သလိုအကြည့်မျိုးဖြင့် ဆွေးမြေ့စွာကြည့်လိုက်သည်။

"ငါ့ကို အဲလိုမနောက်နဲ့ ဒန်နီရယ် ငါမကြိုက်ဖူး "

ဆွတ်ရိန်၏အသံသည်ခြောက်သွေ့ပြီး အနဲငယ် အက်ကွဲနေသည်။ နောက်တော့ ဒန်နီရယ့်မျက်ဝန်းတွေကို ငေးစိုက်ကြည့်ရင်း တစ်ချက်ခန့် ပြုံးသည်။

ထိုအပြုံးသည် သေချာပေါက်ရင်ဆိုင်ရတော့မည့် အရာတစ်ခုကိုမြင်နေရသည့်တိုင် မသိချင်ယောင်ဆောင်သော ရူးချင်ယောင်ဆောင်သည့် အပြုံးမျိုးဖြစ်သည်။

"ဆွတ်ရိန် မင်းသွားတော့ကွာ မနက်ဖန်ကစပြီး မင်းအလုပ်ဆင်းစရာမလိုတော့ဖူး မာမီကို ငါပြောလိုက်မယ် မင်းအတွက်ဘာမှမနစ်နာစေရဖူး နောက်ထပ်အလုပ်တစ်ခုရဖို့အတွက်လည်း မာမီစီစဉ်ပေးလိမ့်မယ် "

"ဒန်နီရယ် မင်းရူးနေပြီလားငါနစ်နာတယ် မနစ်နာဖူးဆိုတာ မင်းဘယ်လိုဆုံးဖြတ်လဲ အခုအချိန် ငါလိုချင်တာ မင်းအနားမှာ နေခွင့်ရဖို့တစ်ခုတည်းပဲ ငါ့ကိုစွန့်ပစ်ဖို့မကြိုးစားနဲ့ ဒန်နီရယ် ငါ တကယ် သေလိမ့်မယ် ပြောစမ်းပါ..... မင်းရော ငါ့ကို လိုအပ်နေသေးတယ် မဟုတ်လား "

မျက်ရည်ကြည်တစ်ချို့သည် ဆွတ်ရိန်၏မျက်ခမ်း စပ်တစ်ဝိုက် ဝှေ့သီလာသည်။ဒန်နီရယ့်အား မည်
သည့် အကြောင်းကြောင်းမှ သူမစွန့်လွှတ်နိုင်။

သူ့အပေါ်ကို အသက်မပါသလို အေးစက်စက်နှင့် စိမ်းကားစွာ ကြည့်နေသော ဒန်နီရယ့်၏ မျက်ဝန်းတွေကိုလည်း သူ ရင်မဆိုင်ရဲပါ။

ထိုမျက်ဝန်းတွေသည် စကားမပြောတတ်သည့်တိုင် သူ့အားလိုလားသည့်ဟန်မပြတာကို သူရိပ်မိသည်ပဲ ။

 Way to the stars [Completed] Z+UWhere stories live. Discover now