Part-4 ( Unicode)

5.6K 718 14
                                    

Way to the stars - ကြယ်တွေဆီသို့


အချိန်တွေက ဒဏ်ရာတွေကို ကုစားပေးတာ
မဟုတ်ဖူး ငါတို့ကို ဒီဒဏ်ရာတွေနဲ့ ဘယ်လို
ဆက်ပြီးရှင်သန်ရမလဲ ဆိုတာ သင်ကြားပေးယုံပဲ

                          ( Unknown )

    

အဲဒီနေ့က အပြာရောင်ကောင်းကင်ကြီးမှာ
တိမ်ဖြူဖြူတွေ ဆော့ကစားနေခဲ့သည်။

" ဒန်နီရယ် "

ကြားနေကျ ခေါ်သံတစ်ခုကြောင့်ကောင်းကင်ပြာနဲ့တိမ်တွေကြားထဲ လွင့်မျောနေပုံရတဲ့ ဒန်နီရယ်က သူ့ဘက်ကိုလှည့်ကြည့်သည်။

ဆွတ်ရိန်သည် ဒန်နီရယ့် အတွက်အထူးတလည် ပြင်ဆင်ထားတဲ့ မနက်စာ ကြွေလင်ပန်းကို သယ်ကာ ဒန်နီရယ်ရှိရာကိုလျှောက်လာနေသည်။

မနက်ခင်း အလုပ်လာတိုင်း မီးဖိုခန်းထဲ အရင်ဆုံးဝင်အန်တီဆွေ အဆင်သင့် ပြင်ဆင်ထားတဲ့ မနက်စာကိုဝင်ယူပြီးမှ ဒန်နီရယ့်အခန်းဆီကိုလာနေကျဖြစ်သည်

" ဒီနေ့လည်း သကြားမပါတဲ့ထောပတ်သီးဖျော်ရည်နဲ့ကြက်ဥပြုတ် အရွက်သုပ် ပဲလား "

" စကားမများနဲ့ စားမှာသာစား "

ဒန်နီရယ်သည် ကျွန်တော့်စကားကို မတုံ့ပြန်ခဲ့သလိုသူ့အတွက် ပြင်ဆင်လာသောမနက်စာကိုလည်းစားမနေခဲ့ပါ။ပြတင်းပေါက်ကိုမှီကာ ကောင်းကင်ပြာကိုသာ ငေးမောနေခဲ့ပါသည်

တကယ်တော့ ကင်ဆာသမားတွေရဲ့ဘဝကိုကျွန်တော် စာနာပါသည်။ ထမင်းမစားရ၊ ဂျူံမစားရ၊ အချိူမစားရ ၊ Ready Made Food တွေ
မစားရ စသဖြင့် ကန့်သတ်ချက်တွေ များလွန်းတာမို့ ကျွန်တော်သာဆိုလည်း စိတ်ညစ်မိမှာပဲ ဖြစ်သည်။

" တိမ်တွေကပေါ့ပါးတယ်နော် "

ကျွန်တော် ဒန်နီရယ့်ဘေးမှာဝင်ထိုင်လိုက်ရင်း
ပြတင်းပေါက်ကနေ ကောင်းကင်ကိုအတူမော့ကြည့်လိုက်သည်။ မနက်ခင်းစောစောဖြစ်သောကြောင့် မျက်နှာကိုတိုက်ရိုက်ထိလာသော်လည်း နေရောင်ခြည်သည်နွေးနေ၏

" ငါသေသွားရင်လည်း တိမ်လေး ဖြစ်ခွင့်ရရင်
ကောင်းမယ် အဲဒါမှ လွင့်ချင်ရာ လွင့်လို့ရမှာ "

 Way to the stars [Completed] Z+UWhere stories live. Discover now