Part - 20 ( Unicode)

5.5K 587 16
                                    

ကြယ်တွေဆီသို့

ကလောမြို့စွန်တစ်နေရာရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် အဖြူရောင်သတိုးသားဝတ်စုံပြည့်ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်ရပ်နေသည်။ ထိုကောင်လေး၏ ရှေ့တည့်တည့်တွင်တော့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက မင်္ဂလာပွဲတစ်ခုကို ချီးမြှောက်ပေးရန်အတွက် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသည်။

ဘုရားကျောင်းခန်းမထဲတွင် လူအများကြီး ရှိမနေ။ ကျိူးတို့ကျဲတဲထိုင်နေသော လူလေးငါးယောက်လောက်သာ ရှိလေသည်။

ဘုရားကျောင်း၏တစ်ဖက်အဝင်ပေါက်ထိ အနီရောင်ကောဇောတစ်ချိူ့ကိုပြန်ပြူးနေအောင်ဖြန့်ခင်းထားသည်။ထိုကောဇော၏ အဆုံးတွင်တော့ ခုနကကောင်လေးနည်းတူ အဖြူရောင်သတိုးသားဝတ်စုံဝတ်ဆင်ထားတဲ့ဖြူဖျော့ဖျော့ ကောင်လေးတစ်ယောက်ကို ဝှီးချလ်ပေါ်ကိုတင်လျက် လူတစ်ယောက်ကဖြေးညှင်းစွာ တွန်းလာလေသည်။

" အဆင့်သင့်ပဲလား ဒန်နီရယ် "

ဦးကျော်စွာကသားဖြစ်သူကိုတင်ဆောင်ထားသည့် ဝှီးချလ်ကို ဘုရားကျောင်းအဝင်ဝလေးမှာရပ််လိုက်သည်။

"ဒယ်ဒီ ဆွတ်ရိန်ဆီကို ကျွန်တော်ကိုယ်တိုင်လျှောက်သွားချင်တယ် "

ဒန်နီရယ့်စကားကြောင့် ဝှီးချလ်ကိုတွန်းနေသော ဦးကျော်စွာရဲ့ လက်တွေ တုံ့ခနဲ ရပ်သွားသည်။သားဖြစ်သူရဲ့ နောက်ဆုံးအခြေအနေတစ်ခုကို ခက်ခက်ခဲခဲရင်ဆိုင်နေရချိန်မှာ ဖခင် တစ်ယောက်အနေနဲ့ သူ အတတ်နိုင်ဆုံး သားဘေးနားမှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့အားတင်းထားဖို့လိုသည်။

ဒန်နီရယ်ရဲ့လက်ရှိအခြေအနေမျိူးက လမ်းလျှောက်နိုင်ဖို့ဝေလာဝေး။ အိပ်ယာပေါ်မှာနာကျင်ကိုက်ခဲမှုတွေ သက်သာအောင်ဆေးသွင်းပြီး သက်သာအောင်နေရမယ့် အခြေအနေမျိုးမို့သားကို အပင်ပန်းမခံစေချင်။

သို့သော် ဒီနေ့ဟာ တစ်ဦးတည်းသော သားလေးရဲ့ မင်္ဂလာပွဲ။ သားရဲ့နောက်ဆုံးအချိန်တွေမှာ သားရဲ့ဆန္ဒမှန်သမျှကို လိုက်လျောပေးနိုင်ဖို့သာ ဦးကျော်စွာ ဆုံးဖြတ်ထားသည်။

 Way to the stars [Completed] Z+UWhere stories live. Discover now