Part - 13 (Zawgyi)

5.7K 698 67
                                    

Way to the stars

မင်းကို ငါ ချစ်တယ် ....

ရာစုနှစ်ပေါင်းများစွာမှာ ....

လူတွေ ဒါပဲပြောကြတယ် ....
.
.
.

မှောင်ရီပျိုးနေသော လမ်းကလေးပေါ်တွင်ကားလေးတစ်စီး တရွေ့ရွေ့လာနေသည်။ ည ၉ နာရီကျော်ပြီ ဖြစ်သည်ကတစ်ကြောင်း အအေးဓါတ်သည် တစ်လောကလုံးကို လွှမ်းခြုံထားတာကြောင့် လူတော်
တော်များများကိုတော့ လမ်းပေါ်မှာမတွေ့ရတော့

မြို့ပတ်လမ်းဖြစ်သည်မို့ မြို့ထဲမှာလိုတော့ ညည်းနက်သည်အထိ လူရှုပ်မနေ။ အရေးတကြီးကိစ္စရှိ၍ မဖြစ်မနေသွားလာနေသောလူ အနဲအကျဉ်းကိုသာ တွေ့ရလေသည်။

ကားလေးသည် တရွေ့ရွေ့လာနေရင်း အဝါရောင် မီးများ ထိန်ထိန်လင်းနေသော လမ်းကြားလေးတစ်ခုထဲသို့ ချိုးကွေ့ဝင်သွားသည်။ ထို့နောက် ခြံဝန်းကျယ်တစ်ခုထဲမှာ ကားကို ရပ်လိုက်လေသည်။

" ရောက်ပြီလား "

ဒန်နီရယ်၏ အသံကြောင့် ဆွတ်ရိန် ကားပါကင်ထိုးနေရင်းမှ လှည့်ကြည့်လိုက်သည်။

"ညကြီးမင်းကြီး အပြင်ခေါ်လာတာ မင်းငါ့ကို လူကုန်ကူးမလို့တော့ မဟုတ်ဖူးမလား "

ဒန်နီရယ်၏ ခပ်နောက်နောက်အပြောကို ဆွတ်ရိန် အားပါတရ ရယ်မောလိုက်သည်။ တကယ်လည်း သူဘယ်ကို ခေါ်လာသလဲဆိုတာကိုတော့ ဒန်နီရယ်ကိုကြိုမပြောထားခဲ့။

အိမ်က စထွက်ကတည်းက ဒန်နီရယ့် မျက်လုံးကို အနက်ရောင်အ၀တ်စဖြင့်စီးလျက် ကားပေါ်မှာ တိတ်တဆိတ်ထိုင်ကာ လိုက်ခိုင်းခဲ့တာဖြစ်သည်။

အစကတော့ ဒန်နီရယ်သည် သူ့မျက်လုံးကိုအ၀တ်စနဲ့ စီးနှောင်ထားရမည့် ဆွတ်ရိန်၏ အကြံအစည်ကို လက်မခံ။

သို့သော် ဆွတ်ရိန်က ....

"မင်း လုံးဝမျှော်လင့်မထားတဲ့ ဟာမျိုးကွာ မင်း ပျော်သွားစေရမယ်လို့ ငါအာမခံတယ် "

 Way to the stars [Completed] Z+UWhere stories live. Discover now