မာနမင်းသား ရဲ့ လရိပ်ရောင် (Un...
By mangae_mochi
708K 50.1K 1K
ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ေဒါသ မာနႀကီး... More
Chapter 1 🔥❄️
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Hire. Com
Chapter 25
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50 Extra 1
Chapter 51 Extra 2
Chapter 52 Extra 3
Chapter 53 Extra 4
Chapter 26
11.6K 825 14
By mangae_mochi
Ring ring ring
ရှင်းသန့်ရဲ့ ဖုန်းမှ မြည်လာသော အသံကြောင့် ရှင်းသန့် လန့်နိုးသွားသည်။
ရှင်းသန့် အမြန် ဖုန်းကို ကိုင်လိုက်တော့ . . .
"လဒ မင်း အခု ဘယ်မှာလဲ "
စေမန် ဆီမှ ဖြစ်နေသည်။
"လဒ ဘယ် အချိန် မို့လို့ ဖုန်း ခေါ်ရတာလဲကွာ"
" မင်းမေ့ နေ့လည် ၁၂ နာရီ ရှိနေပြီ ။ ခုထိ အိပ်ရာထဲမှာလား ။ ထတော့ ငါတို့ project လုပ်ရမယ်။ ကျောက်မြောင်းက ငါ့ တိုက်ခန်းကို နာရီ ၀က်အတွင်း ရောက်အောင် လာခဲ့ "
စေမန် က ပြောချင်ရာ ပြောပြီး ဖုန်းချသွားတော့မှ သူ ဒီနေ့ project လုပ်ရန် ချိန်းထားသည်ကို သတိရသွားသည်။
သူ့ ရင်ခွင်ထဲ အိပ်ပျော်နေသော sleeping beautyလေးကို သူ မနိုးရက် . . .
ထို အချိန်တွင် sleeping beautyလေးရဲ့ မျက်လုံးလေး များ ပွင့်လာပြီး အလှလေး အိပ်ရာမှ နိုးထလာတော့ သည်။
"Good afternoon ချစ်လေး "
လရိပ်ရဲ့ ဆံပင်ပျော့ပျော့လေးကို သူ တချက် နမ်းရှိုက်ရင်း နှုတ်ဆက်လိုက်တော့
"ကိုကို ဘယ်သူ့ဆီက ဖုန်းလဲ "
"စေမန် ဆီက ။ projectလုပ်ဖို့ ချိန်းထားလို့ ကိုကို သွားရမယ် "
"သွားလေ "
လရိပ်က ထထိုင်လိုက်တော့ အာ့ခနဲ တချက် တိုးတိုးလေး ညည်းလိုက်ရင်း မျက်နှာလေးက ငိုမဲ့မဲ့ ဖြစ်နေသည်။
"ဘာဖြစ်လို့လဲ ချစ်လေး "
"ကိုကို့ ကြောင့်ပေါ့ " တဲ့ မျက်စောင်းထိုးရင်း ရန်တွေ့တော့ သူ ပထမ နားမလည်။ သူ သဘောပေါက်သွားတော့ ပြုံးမိသွားသည်။
"Sorryပါ ချစ်လေးရယ် ။ အရမ်း နာနေလား "
လရိပ် ရဲ့ မက်မွန်သီး လုံးလုံးလေးကို လှမ်းကိုင်လိုက်တော့ သူ့ လက်ကို တွန်းလွှတ်ပြီး အရှက်သည်းနေသော လရိပ်ကို သူ အသည်းယားစွာ စလိုက်မိသည်။
"ရှက်မနေပါနဲ့ကွာ မင်းတကိုယ်လုံး ကိုကို မကိုင်ဖူးတဲ့ နေရာ မရှိတော့ပါဘူး "
"ကိုကို! "
ရှင်းသန့်ကို ထုရိုက်ဖို့ လုပ်ပေမယ့် နာကျင်နေသော အောက်ပိုင်းကြောင့် မရိုက်နိုင်
လရိပ် ဒီလို အခြေအနေမျိုးမှာ သူ လရိပ်ကို တစိယောက်တည်း အိမ်မှာ မထားခဲ့နိုင် ။
"လရိပ် ကို ဒီလို နာကျင်အောင် လုပ်မိတဲ့ အတွက် ကိုကို လရိပ် အနားမှာနေပေးမယ်။ ကိုကို ဒီနေ့ ဘယ်မှ မသွားတော့ဘူး"
"ကိုကို project တွေ မပြီးသေးဘူးဆို။ သွားပါ။ လရိပ် အဆင်ပြေပါတယ် "
လရိပ်က လက်မခံ သူ့ကို အတင်း သွားခိုင်းနေသည်။
သူ ဘယ်လိုနည်း နဲ့ မှ လရိပ် ကို တစ်ယောက်တည်း မထားခဲ့နိုင်။ သူ့ project များကိုလည်း အချိန်မီ ပြီးအောင် လုပ်ရအုံးမည် . . . .
"လရိပ် ကိုကို နဲ့ လိုက်ခဲ့ပါလား "
"ဘယ်ကိုလဲ "
"စေမန့် တိုက်ခန်းကို! ဟိုမှာက ကိုကို တို့ သူငယ်ချင်း လေးယောက်ပဲ ရှိမှာ မုန့်တွေလည်း ရှိတယ်။ ကိုကို့ လရိပ် အနားမှာ ရှိပေးချင်လို့ပါ။ ‌လိုက်ခဲ့နော် "
လရိပ် မလိုက်ချင်လိုက်ချင်နှင့် လိုက်မည်ဟု ကတိပေးလိုက်သည်။
လရိပ် ကိုယ့်ဘာသာ ကိုယ် ရေချိုးမည်ဟု ပြောသည်ကို ရှင်းသန့် လက်မခံ ။လရိပ် ကိုယ်လေးကို ဆွေ့ ခနဲ ချီလိုက်ရင်း bath tub ထဲတွင် ဖွဖွလေး ချပေးလိုက်သည်။ ပြီး ရှင်းသန့်ပါ ၀င်ထိုင်လိုက်သည် ။
"ရှက်မနေပါနဲ့ ချစ်လေးရာ ကိုကို အကုန် မြင်ပြီးပါပြီ "
ရှင်းသန့်ရဲ့ ရွတ်နောက်နောက် အပြောကို လရိပ်က ဆပ်ပြာရေနှင့် လှမ်းပက်သည်။
အချိန်မရှိတော့သည်မို့ မြန်မြန်လေး လရိပ်ကို အ၀တ်လဲပေးတော့ . . .
"လည်ပင်းပြည့် အကျီ ၀တ်မယ် "
လရိပ် က သူ့ ပေး‌သော shirt အကျီ အစိမ်းလေးကို မယူ ။
"ဟာ ရာသီဥတုက ဒီလောက်ပူနေတာ အပူရှပ်သွားမှာပေါ့ "
"ဒါမဲ့ "
လရိပ် အဘယ်ကြောင့် လည်ပြည့် အကျီ ၀တ်ချင်နေသည်ကို လရိပ်ရဲ့ လည်ပင်းပေါ်ကို သူ အကြည့်ရောက်တော့ သူ နားလည်သွားသည်။
"ချစ်ရယ် ဖုံး မ‌နေပါနဲ့ ။ ရာသီဥတု က အရမ်းပူတာ ချစ်လေး တော်ကြာ အပူကြီးပြီး မေ့လဲတာတွေ ဘာတွေ ဖြစ်နေအုံးမယ် "
ရှင်းသန့် တကယ် စိတ်ပူမိသည်။ မြန်မာပြည်ရဲ့ ‌အပူဒဏ်အောက်တွင် လည်ပင်းပြည့် အကျီ ထူထူ ၀တ်ပြီး လူတစ်ယောက် ဘယ်လိုမှ မနေနိုင်သည် ကို ဗေဒင်ဆရာ သွားမေးစရာ မလို လူတိုင်းသိကြသည်။
လရိပ် က ခေါင်းငြိမ့်ပြလိုက်တော့ သူ shirt အကျီ စိမ်းစိမ်းလေးကို လရိပ် ကိုယ်ပေါ်တွင် ၀တ်ဆင်ပေးလိုက်သည်။
"လာ မတွဲနဲ့ "
လရိပ် ကို သူတွဲတော့ ရန်တွေ့နေသော စူပုတ်လေးကို ရှင်းသန့် လွှတ်ပေးလိုက်ရသည်။
လရိပ်ရဲ့ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်ပုံလေးက ချစ်ဖို့ ကောင်းလှသော်လည်း ဒီ နှုန်းနဲ့ ရှင်းသန့် ကားရှိရာ ကို ဒီ တသက် ရောက်မည့် ပုံ မပေါ် သည်မို့
"ဘာလုပ်တာလဲ?! "
ရှင်းသန့် လရိပ်ကို ပွေ့ချီလိုက်တော့ လရိပ်က လန့်အော်တော့သည်။
"လူတွေကြည့်နေမှာပေါ့ "
အနီးအနားတွင် သက်ရှိ ဟူ၍ ခွေးတကောင် ကြောင် တမြီးတောင် မရှိ . . . .
"ရှက်မနေနဲ့! ခင်ဗျားလေး ညက မူး‌နေတုံး ကလည်း ဒီလိုပဲ ချီခေါ်လာခဲ့ရတာ "
လရိပ် ကို ရှင်းသန့် lover seat တွင် ဖြေးဖြေးလေး ချပေးလိုက်ပြီး ကားကို မောင်းထွက်လိုက်သည်။
ရှင်းသန့် သတိမထားမိလိုက်သည်က အနားတွင် ရပ်ထားသော sticker အနက်ရောင် ကပ်ထားသော ကားပေါ်က camera တစ်လုံးနှင့် ရှင်းသန့်တို့ ပုံရိပ်များကို ဓာတ်ပုံ ရိုက်နေသော လူတစ်ယောက် . . . . . .
✨✨✨✨✨✨✨✨✨✨✨✨✨✨
"လဒ နာရီ ၀က် အတွင်း လာဆို အခု ဘယ် အချိန် ရှိနေပြီလဲ အော် လရိပ် ! "
တံခါးဖွင့်ဖွင့် ချင်း ဟောက်ချလိုက်သော စေမန် လရိပ် ကိုပါ မြင်တော့အံ့ဩသွားသည်။
"လရိပ်!!!"
ဖူးပွင့်က လရိပ် ကို မြင်တော့ ၀မ်းသာအားရ ပြေးဖက်လိုက်ပြီး
"လရိပ် လာထိုင်။ မုန့်စားမလား ။ ရုပ်ရှင် ကြည့်မလား "
ဖူးပွင့်က လရိပ်ကို သူ့ အနားမှာ ထိုင်စေပြီး ရှင်းသန့်ကတော့ အနီးက စားပွဲပေါ်မှာ laptop ကို power on လိုက်သည်။
"ရှင်းသန့် မင်းနောင်! နင် လရိပ်ကို ဘာလုပ်လိုက်တာလဲ !"
ဖူးပွင့် အသံခြစ်အော်တော့ ရုပ်တရက်မို့ ရှင်းသန့်တို့ သူငယ်ချင်း သုံးယောက် လန့်သွားကြပြီး
" ဘာလဲဟ "
" လရိပ် လည်ပင်းကို ကြည့်စမ်း နင့်ကိုနင် vampire များ မှတ်နေလား ကောင်စုတ်ရဲ့ "
ဖူးပွင့် စကားကြောင့် ဇိုင်းနှင့် စေမန် မျက်လုံးများက လရိပ်ရဲ့ လည်ပင်းဆီကို ကျရောက်သွားသည်။ သေချာသည် ။ လရိပ် တယောက်တော့ ပုံးဖို့ ကြွက်တွင်း လိုက်ရှာနေသည်မှာ ။
"သားကြီး ညက မင်း ဗိုက်ပြည့်သွားတယ်ပေါ့။ con con ပါ သူငယ်ချင်းရာ "
စေမန်က လှမ်းစနေပြီး . . . .
ဇိုင်းကတော့ ပြုံးစိစိ ။ ခေါင်းတချက် ခါပြီး သူ့ laptop ကိုသာ ပြန်ကြည့်နေသည်။
"ငါ ချစ်သူကို ငါ ပိုင်ဆိုင်ကြောင်း တံဆိပ်တတ်တာ နင်နဲ့ ဘာဆိုင်လဲ။ နင်သာ ငါ့ ချစ်လေး ရှက်အောင် အသံဗြဲ ကြီးနဲ့ အော်မနေနဲ့ "
"ခွေးကောင် "
မိဖူးရဲ့ မေတ္တာပို့သံများကို သူဂရုမစိုက်။ laptop ကို မယူလာပြီး အရှက်သည်းနေသော လရိပ် နား သွားထိုင်လိုက်တော့ လရိပ်က ရှင်းသန့် ပခုံးပေါ်မှာ မျက်နှာလေး လာပုံးနေသည်။
လရိပ်ရဲ့ ဆံပင်လေးများကို တချက် ဖြေးဖြေးလေး ဆွဲဖွလိုက်တော့ ဖူးပွင့် နှင့် စေမန် လိုက်စ ကြတော့သည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
ရှင်းသန့် တစ်ယောက် သူငယ်ချင်းများ နှင့် ခေါင်းချင်းဆိုင်ကာ project အတွက် အလုပ်များနေတော့ လရိပ် တစ်ယောက်တည်း ပျင်းနေမိသည်။
လရိပ် လိုင်းပေါ်မှာ ရှိနေတဲ့ Alvin ကို video call ခေါ်လိုက်တော့
"What's up babe"
"Hi babe"
ရှင်းသန့်က ဘာလဲ ဟု တချက် လှမ်းကြည့်ပြီး သူ့ laptop အပေါ် အာရုံပြောင်းသွားသည်။
"ဘာတွေလုပ် "
"ဘာမှ မလုပ်ပါဘူး ။ သူငယ်ချင်းတွေ နဲ့ သွားသောက်မလားလို့ "
Alvin က စိတ်ညစ်မှသာ သောက်တတ်သည်ကို သိနေသောကြောင့် လရိပ် စိတ်ပူသွားမိသည်။
"Alvin က စိတ်ညစ်မှ သောက်တာ မဟုတ်လား။ အဆင်ပြေရဲ့လား Alvin"
"လရိပ်ကလည်း Alvin က ပျော်ရင်လည်း ‌သောက်ပါတယ်"
Alvin ရယ်ကျဲကျဲ ဖြင့် ပြောသော်လည်း လရိပ် မယုံ။ ဒါပေမယ့် ဆက် မမေးဖြစ်တော့. . .
"ထားပါတော့ ဒါနဲ့ Alvin ဟိုတလောက live မှာ ပြောသွားတဲ့ မြန်မာနိုင်ငံကို အပြီး ပြန်လာတော့မယ်ဆိုတာ တကယ်လား "
ခွမ်း !!!
ဖန်ခွက် ကွဲသံ အကျယ်‌ကြီးကြောင့် လရိပ် လန့်သွားမိသည်။
"ဇိုင်း ရရဲ့လား "
ရှင်းသန့် နှင့် စေမန်က ဇိုင်း ကို မေးရင်း မှောက်ကျသွားသော ရေများကို သုတ်နေကြပြီး မဖူးပွင့်ကတော့ တခုခုသိနေသော အပြုံး‌နှင့် ဇိုင်းကို ကြည့်နေသည်။
" အင်း ပြန်လာရင် ကောင်းမလားလို့ "
Alvin ဒီကို လာခဲ့မယ် ကြားတော့ ပျော်ရပေမယ့် တသက်လုံး Singapore မှာ နေဖို့ ဆုံးဖြတ်ထားသော Alvin တယောက် ဘာလို့ ရုပ်တရက်ကြီး အပြီးပြန်လာဖို့ ဆုံးဖြတ်သည်ကိုတော့ လရိပ် နားမလည်နိုင်သည်မို့
"ဘာလို့ ရုပ်တရက်ကြီးလဲ "
"ဒီ အတိုင်းပါပဲ ဒီမှာ လရိပ်လည်း မရှိတော့ ပျင်းလာလို့ "
Alvin ကို လရိပ် မယုံ။ Alvin တွင်် လရိပ် အပြင် ဟိုမှာ သူငယ်ချင်း အများကြီး ရှိသည်။
ရုပ်တရက် ဒီကို ပြန်လာဖို့ ဆုံးဖြတ်သည်မှာ အကြောင်းပြချက် တခုခုတော့ ရှိကို ရှိရမည်။
ဇိုင်း ကြောင့် ပြန်လာတာများလား တွေးမိခဲ့ပေမယ့် ဇိုင်းကို ခိုးကြည့်မိတော့ Alvin ပြန်လာမည့် သတင်းကို ပျော်သည့် ပုံမပေါ် သလို
Alvin ကြည့်ရတာလည်း ဇိုင်း အကြောင်း ပြောရင် မကြိုက်သည်မို့ ဇိုင်းကြောင့် ပြန်လာသည်က မဖြစ်နိုင် . . .
"Alvin လရိပ်ကို ဖုံး မထားနဲ့နော် "
"အင်း မဖုံးပါဘူး "
Alvin ကို လရိပ် တချက် မသကာ်သလို ကြည့်တော့ သွားလေး ဖြီးပြသည်။
"ပြီးတာပဲ။ Alvin မှာ အခက်အခဲရှိရင် လရိပ်ကို အချိန်မရွေး ပြော‌နော် "
" Yes sir"
လရိပ် Alvin နှင့် စကား အကြာကြီး ပြောပြီးမှ ဖုန်းချလိုက်သည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
"ဇိုင်း ! ဇိုင်း!!!"
ရှင်းသန့် ဇိုင်း နာမည်ကို သေလောက်အောင် အော်ခေါ်နေသော်လည်း ဇိုင်းက မကြား . . .
စေမန်က ဖူးပွင့်ကို ဘာလဲဟ ဟု မေး‌ငေါ့ပြတော့ ဖူးပွင့် ခေါင်းခါ ပြလိုက်သည်။
"ဇိုင်း!!! "
ရှင်းသန့် ပခုံးကို ရိုက်လိုက်တော့မှ . . .
"Fuck! ဘာတုံးကွ "
"လရိပ် နဲ့ ငါ အပြင်သွားမလို့ စားစရာ ဘာမှာဦးမလဲ မေးနေတာ အခါ တသိန်း ရှိနေပြီ မင်း စိတ်‌တွေ ဘယ်သွားနေတာလဲ "
"Singapore ကို "
မိဖူးက ခနဲ့တဲ့တဲ့ လှမ်းပြောတော့ . . .
"ဖူးပွင့်မေ !"
မိဖူးကို နာမည် အပြည့်ခေါ်လိုက်သော ဇိုင်းကြောင့် အကုန် အံ့ဩသွားကြသည်။
ဇိုင်းပုံစံက ဒေါသအရမ်း ထွက်နေသည်မှာ အထင်အရှား။
"ငါက နောက်တာပါ ဇိုင်းရယ် "
ဖူးပွင့် ရယ်ကျဲကျဲ ပြောပေမယ့် ဇိုင်းကတော့ စိတ် ပြေပုံမရှိသေး။
ရှင်းသန့် မိဖူးနှင့် ဇိုင်းကြား တခုခု ရှိနေသည်ကို သိလိုက်သော်လည်း လရိပ် ဗိုက်ဆာနေမည် စိုးသဖြင့် ၀င်မပါရန် ဆုံးဖြတ်လိုက်သည်။
"မင်း မမှာချင်နေ။ ငါတို့ သွားမယ်။ လာ ချစ်လေး"
ဖူးပွင့် နှင့် ဇိုင်းကို စိုးရိမ်စွာ ကြည့်နေသော လရိပ်ရဲ့ လက်လေးကို ဆွဲကိုင်ရင်း ထွက်လာခဲ့လိုက်သည်။။
"မဖူး နဲ့ ကို ဇိုင်း အဆင်ပြေပါ့မလား မသိဘူးနော် "
လရိပ်က စိုးရိမ်တကြီး မေး‌လာတော့ ရှင်းသန့် ကားမောင်းနေရင်း ပခုံး တွန့်ပြလိုက်သည်။
"ဇိုင်းက ခုတလော ပြောင်းလဲနေတယ်။ ငူငူငိုင်ငိုင် နဲ့ အစက project အချိန်မမှီ မှာ စိုးလို့ ဖြစ်နေတယ် ထင်တာ အဲ့လိုလည်း မဟုတ်ဘူး "
"Alvin လည်း ဇိုင်းလိုပဲ အခုတလော ငိုင်နေတတ်တယ် "
သူ့ သူငယ်ချင်း အကြောင်း ပြောရင်း ၀မ်းနည်းနေသော လရိပ် စကားကြောင့် . . . . Alvin နဲ့ ဇိုင်းအကြား စပ်ဆက်မှု တခုခု ရှိနေသည်ကို ရှင်းသန့် နားလည်လိုက်သည်။
"‌တနေ့တော့ ကိုယ်တို့ သိရမှာပေါ့ကွာ "
"ကိုကို တခုခု သိနေတယ် မလား "
"မသိပါဘူး ချစ်ရယ် "
လရိပ် က မေးလာတော့ ရှင်းသန့် ခေါင်းခါပြလိုက်သည်။
ဇိုင်း ကိုယ်တိုင် မည်သူမျှ မသိစေချင်သော ထို ဖုံးကွယ်ထားတဲ့ အရာကို ရှင်းသန့်တွင် ဖွင့်ပြောခွင့် မရှိသောကြောင့် လိမ်လိုက်ခြင်းဖြစ်သည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
Lotteria . . .
ရှင်းသန့် မှာထားသော ကြက်ကြော်နှင့် cola များကို သွားယူလိုက်ပြီး လရိပ်ရဲ့ ရှေ့ ၀င်ထိုင်လိုက်တော့
"အများကြီးပါလား "
ရှင်းသန့် မှာယူထားသော အစားအစာ များက အလျှံအပယ် ။
"ကိုကို အခုတလော အဆီတက်မယ့် အစာတွေ အရမ်း စားချင်နေတယ် ဘာလို့လဲ မသိဘူး "
ရှင်းသန့် စကားကြားတော့ လရိပ်က ပြုံးစိစိ . . .
"အဲ့ဒါ ကိုကို အသက်ကြီးလာလို့ ဖြစ်မယ် "
"အေးပါကွာ တနှစ်လေး ကြီးတာကို အဘိုးကြီး စာရင်းသွင်းနေလိုက် "
ရှင်းသန့် ရဲ့ စကားကြားတော့ လရိပ်က သဘောကျစွာ ရီတော့သည်။
ရှင်းသန့် လရိပ်ရဲ့ ရီသံလေးကို အရမ်း ချစ်သည်။ ထို ရီသံလေးကို တဘ၀လုံး ကြားချင်မိသည်။
"မောင် ?"
ရုပ်တရက် ခေါ်လိုက်သော အသံကြောင့် လရိပ်ရော ရှင်းသန့်ပါ အသံပိုင်ရှင်ကို ကြည့်လိုက်မိတော့
မြန်မာ ၀တ်စုံကို သေသပ်‌ လှပစွာ ၀တ်ဆင်ထားပြီး နက်မှောင် သန်စွမ်း သော ဆံပင်ရှည်ကို ပိုင်ဆိုင်ထားသော အသံပိုင်ရှင် မိန်းမ က ပြုံးကြည့်နေသည်။
"မ!"
ထို မိန်းမကို မြင်သည်နှင့် ရှင်းသန့်က ၀မ်းသာအားရ နှုတ်ဆက်လိုက်သည်။
"ကြက်ကြော်တွေ စား‌နေလို့ မောင် ဟုတ်ပါ့မလား ကြည့်နေတာ။ တကယ် မောင် ဖြစ်‌နေတာပဲ "
ထို မိန်းမက ရှင်းသန့် ဘေးမှာ ၀င်ထိုင်လိုက်တော့ လရိပ် ထိုမိန်းမ မည်သူဖြစ်သည်ကို ဖြတ်ခနဲ မှတ်မိသွားသည် ။
Alvin ကို သွားကြိုသော နေ့က လေဆိပ်မှာ ရှင်းသန့် လက်မောင်းကို တောက်တဲ့လို တွယ်ကပ်ထားသော မိန်းမ ဖြစ်နေသည်။
"အော် လရိပ်ကို မိတ်ဆက်ပေးရအုံးမယ်"
လရိပ် ပြုံးမပြမိ ။
"ဒါက မခြူးနန္ဒာ ကိုယ် လက်ထပ်ရမယ့်သူ "
✨✨✨✨✨✨✨✨✨✨✨✨✨✨
(AN)
ခြူးနန္ဒာကို အားလုံး မှတ်မိကြလားဟင် ? She's back နော် 🤧🤧🤧
ခြူးနန္ဒာက လရိပ် နဲ့ ရှင်းသန့် ရဲ့ အချစ်ဇတ်လမ်းမှာ ဘယ်လို နေရာက ပါ၀င် ကပြမလဲ ဆိုတာရယ် . . . .
ရှင်းသန့် တို့ နှစ်ယောက်ကို ဓာတ်ပုံ ရိုက်တဲ့လူကရော ဘယ်သူလဲ ဆိုတာကိုတော့ . . . . .
See you all on Friday နော် 🔜🔜🔜
Vote ပေးဖို့ မမေ့နဲ့နော် 💕💕💕 love you all 💕💕💕
{ ZawGyi }
Ring ring ring
"လဒ မင်း အခု ဘယ်မှာလဲ "
စေမန် ဆီမှ ဖြစ်နေသည်။
"သွားလေ "
"ဘာဖြစ်လို့လဲ ချစ်လေး "
"Sorryပါ ချစ်လေးရယ် ။ အရမ်း နာနေလား "
"ကိုကို! "
"ဘယ်ကိုလဲ "
"ဒါမဲ့ "
"လာ မတွဲနဲ့ "
"ဘာလုပ်တာလဲ?! "
"လူတွေကြည့်နေမှာပေါ့ "
✨✨✨✨✨✨✨✨✨✨✨✨✨✨
"လရိပ်!!!"
"လရိပ် လာထိုင်။ မုန့်စားမလား ။ ရုပ်ရှင် ကြည့်မလား "
" ဘာလဲဟ "
စေမန်က လှမ်းစနေပြီး . . . .
"ခွေးကောင် "
✨✨✨✨✨✨✨✨✨✨✨✨✨✨
"What's up babe"
"Hi babe"
"ဘာတွေလုပ် "
ခွမ်း !!!
"ဇိုင်း ရရဲ့လား "
Alvin ကို လရိပ် မယုံ။ Alvin တွင် လရိပ် အပြင် ဟိုမှာ သူငယ်ချင်း အများကြီး ရှိသည်။
"အင်း မဖုံးပါဘူး "
Alvin ကို လရိပ် တချက် မသက်ာသလို ကြည့်တော့ သွားလေး ဖြီးပြသည်။
" Yes sir"
✨✨✨✨✨✨✨✨✨✨✨✨✨✨
"ဇိုင်း ! ဇိုင်း!!!"
"ဇိုင်း!!! "
"Fuck! ဘာတုံးကွ "
"Singapore ကို "
"ဖူးပွင့်မေ !"
"မင်း မမှာချင်နေ။ ငါတို့ သွားမယ်။ လာ ချစ်လေး"
"မသိပါဘူး ချစ်ရယ် "
✨✨✨✨✨✨✨✨✨✨✨✨✨✨
Lotteria . . .
"အများကြီးပါလား "
"မောင် ?"
"မ!"
လရိပ် ပြုံးမပြမိ ။
✨✨✨✨✨✨✨✨✨✨✨✨✨✨
(AN)
ခြူးနန္ဒာက လရိပ် နဲ့ ရှင်းသန့် ရဲ့ အချစ်ဇတ်လမ်းမှာ ဘယ်လို နေရာက ပါဝင် ကပြမည် ဆိုတာကိုတော့ . . . .
Continue Reading
You'll Also Like
200K 14.4K 28
ချစ်ရပါ​သောရှပ်ပြာ​လေးနဲ့တည်မြဲ​သောအချစ်ရဲ့S2​လေးပါရှင့် daddies​တွေပြီး​တော့သားသားတို့အလှည့်​ပေါ့💖 ဖတ်ရှု​ဝေဖန်​ပေးပါ ကြိုးစားလျက်..ရွှန်း..
276K 13.8K 26
အိမ်ထောင်သည်ရဲ့အချစ်ဦး
193K 7.7K 73
"မင်းနာမည်က" "အရိုင်းပင် ....ငါ့နာမည်ကအရိုင်းပင်"
2.2M 148K 104
Doctor Handsome & Medical Student