လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၃၂ (ရုံရွှမ့်)

15.5K 2.7K 77
By Ling____

Unicode

ခန်း ၃၂
ရုံရွှမ့်

ကျိုးကျစ်ရှူးတို့သုံးဦးသားသည် ဤကဲ့ဤနှယ် ဖုတ်ဖတ်ခါကာ ပြောင်ပြောင်တင်းတင်းထွက်ပြေးလွတ်မြောက်သွားကြလေတော့သည်။ ထိုအချိန်၌ ကောင်းအိမ်တော်တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေရှာတော့သည်။ ချောင်ဝေ့နင်ကမူ ဟွရှန်းဂိုဏ်း၏ရိုးသားကြင်နာမှုမရှိသောလုပ်ရပ်များနှင့်ပတ်သက်ပြီး သူ့အနားရှိလူများနှင့် မခံမရပ်နိုင်စွာပြစ်တင်ဝေဖန်ပြောဆိုနေသည်။ မော့ဟွိုင်ခုန်းက သူ့ကိုဆွဲခေါ်သွားကာ တိုတိုတုတ်တုတ်အမိန့်ပေးလိုက်သည်။

"မင်း ပါးစပ်ပိတ်ထားစမ်း"

ချောင်ဝေ့နင်က ဆရာတူဦးလေးဖြစ်သူကို တစ်ချက်လှည့်ကြည့်ကာ တစ်ခုခုပြောရန်ပြင်လိုက်၏။

ဆရာတူဦးလေးက ဒီလိုဆိုးဝါးရွံရှာဖွယ်လုပ်ရပ်တွေကိုမြင်လျက်သားနဲ့ ဘာလို့ ခေါင်းငုံ့နေရတာလဲ

ထိုအခိုက် မော့ဟွိုင်ခုန်းက ယွီချိုးဖုန်းကိုလက်ညှိုးညွှန်ပြလိုက်ရင်း ပြောလာ၏။

"ဟိုကောင်တောင် သူ့သေတွင်းသူတူးမိတော့မလိုဖြစ်သွားတာမမြင်ဘူးလား။ ဘာပဲဖြစ်ဖြစ် မင်းအပူတစ်ပြားမှမပါဘူး။ ပါးစပ်ပိတ်ထားပြီးသာ တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေစမ်းပါ"

ထိုအခါ ချောင်ဝေ့နင်ခမျာ နာခံကျိုးနွံစွာပင် ပါးစပ်ပိတ်သွားရှာတော့သည်။

သူက ဘေးဘီဝဲယာကို တခဏမျှစူးစမ်းကြည့်ရှုပြီးသော် လေသံကိုနှိမ့်ကာ မော့ဟွိုင်ခုန်းကိုမေးမြန်းလိုက်သည်။

"ဆရာတူဦးလေး၊ အစ်ကိုကျိုးက ကျန်းချန်လင်ကိုခေါ်ထုတ်သွားတာကို ကျောက်သူရဲကောင်းနဲ့ကောင်းသူရဲကောင်းတို့က ဘာဖြစ်လို့ အသာတကြည်ခွင့်ပြုပေးလိုက်ရတာလဲ"

မော့ဟွိုင်ခုန်းမှာ သိမ်းငှက်တစ်ကောင်အလား စူးရဲထက်ရှသောမျက်လုံးများဖြင့် ရှေ့တည့်တည့်သို့ကြည့်နေရင်းမှာပင် အနှီစကားကိုကြားသော် ချောင်ဝေ့နင်ကိုစွေခနဲလှည့်ကြည့်လိုက်ရင်း စကားတစ်ခွန်းကို သွားကြားထဲမှဖျစ်ညှစ်ပြောထုတ်လာ၏။

"မင်းရဲ့ဦးနှောက်ကို ခွေးစားသွားတာလား"

ချောင်ဝေ့နင်သည်ကား ဆရာတူဦးလေးဖြစ်သူထံမှ အဆူအဆဲအကြိမ်းအမောင်းမျိုးစုံကို မကြာခဏခံရစမြဲဖြစ်လေရာ အကြောတင်းအရေထူနေပြီဖြစ်သည်။ ထို့ကြောင့် တစ်ချက်ကလေးသော်မျှ မျက်နှာပျက်ယွင်းသွားခြင်းမရှိဘဲ ယခင်အတိုင်း အလွန်အမင်းရိုးသားစစ်မှန်စွာဖြင့် ဆရာတူဦးလေး၏အဖြေစကားကိုစောင့်မျှော်လို့နေ၏။ သို့ရာတွင် မော့ဟွိုင်ခုန်းက တစ်ဖက်သို့မျက်နှာလွှဲသွားကာ သူ့ကိုအရေးမလုပ်တော့ပါချေ။ ချောင်ဝေ့နင်မှာ တခဏမျှကြာသောအခါမှသာလျှင် နားလည်သဘောပေါက်သွား၏။ သူ့ဦးနှောက်ကို အမှန်တကယ် ခွေးစားသွားတာပဲဖြစ်ရမည်။ သို့တိုင်အောင် သူသေသေချာချာမစဉ်းစားတတ်သေးပေ__သူ့ဆရာတူဦးလေးဖြစ်သူကိုယ်တိုင်လည်း ဘာကြောင့်မှန်း ရေရေရာရာမသိသည်မှာ သိသာထင်ရှားလှပေသည်။

ဆရာတော်ချီမုက ရေးကြီးသုတ်ပျာဖြင့်ရောက်ရှိလာသည်။ သူ့နောက်တွင် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးလည်း တစ်ပါတည်းလိုက်ပါလာ၏။ ၎င်းမှာ ခန္ဓာကိုယ်ပိန်ပါးသွယ်လျပြီး တစ်ကိုယ်လုံးအနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထား၏။ ထိုအမျိုးသား၏နှုတ်ခမ်းထောင့်စွန်းများမှာ အောက်ဘက်သို့ကွေးညွတ်နေလျက် နက်ရှိုင်းသောအပြုံးရိပ်အရေးအကြောင်းများကိုပိုင်ဆိုင်ထားသည်။ ဓားသွားတမျှထက်ရှသည့်မျက်ခုံးနှစ်ဖက်မှာ နားထင်​စောင်းရှိ ဆံနွယ်များအတွင်းသို့ သွယ်တန်းတိုးဝင်နေလျက်ရှိကာ မျက်လုံးတစ်စုံမှာလည်း အလွန်တရာစူးရှတောက်ပလှပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန်အညတရလူတစ်ဦးမဖြစ်နိုင်ကြောင်းတွေ့မြင်နိုင်သည်။ ဆရာတော်ချီမုက အနှီအုတ်အော်သောင်းနင်းဖြစ်နေသောမြင်ကွင်းကိုတွေ့မြင်သောအခါဝယ် ရှောင်လင်ကျောင်း၏ခြင်္သေ့ဟိန်းသံသိုင်းပညာကို မဖြစ်မနေထုတ်သုံးလိုက်ရပြီး တစ်ချက်မျှအော်ဟစ်ဟိန်းဟောက်လိုက်လေသည်။ သိုင်းပညာအရည်အချင်းနိမ့်ပါးသောလူအမြောက်အမြားမှာ ထိုအသံကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့၏မျက်စိရှေ့တွင်မှောင်မိုက်သွားရှာပြီး လူအုပ်ကြီးမှာ တိခနဲတိတ်ဆိတ်ငြိမ်သက်သွားရှာတော့သည်။

ကောင်းချုံနှင့်ကျောက်ကျင့်တို့နှစ်ဦးက ဆရာတော်ချီမု၏အနောက်မှလိုက်ပါလာသောထိုလူကို မြင်လျှင်မြင်ချင်း မတ်တပ်ထရပ်လိုက်ကြသည်။ ကျောက်ကျင့်က ထိုလူ၏မူလအဆင့်အတန်းကို ဦးစွာမှတ်မိသွားဟန်ဖြင့် ထုတ်ဖော်ပြောဆိုလိုက်၏။

"နောင်တော်ရှိန်"

မော့ဟွိုင်ခုန်းတစ်ယောက် အံ့အားသင့်စွာဖြင့် 'အာ' ဟုတစ်ချက်ရေရွတ်လိုက်သောအခါ ချောင်ဝေ့နင်က ရရှိလာသောအခွင့်အရေးကိုလက်လွတ်မခံဘဲ မဆိုင်းမတွမေးမြန်းလိုက်၏။

"ဆရာတူဦးလေး၊ သူက ဘယ်သူများလဲ"

မော့ဟွိုင်ခုန်းက မျက်မှောင်ကြုတ်လျက်ပြောလာသည်။

"အဲဒီလူက ရှူကျုံးမြို့က ရှိန်အိမ်တော်ရဲ့အရှင်သခင်ရှိန်ရှန့်ပဲ။ များသောအားဖြင့် သူက မိန်းမပျိုလေးတစ်ယောက်လိုပဲ အိမ်ထဲကအိမ်ပြင်ကို ခြေတစ်လှမ်းတောင်ထွက်တာမဟုတ်ဘူး။ သူ့ရဲ့ဖြူဝင်းချောမွတ်နေတဲ့ မျက်နှာချောချောလေးကို နေလောင်သွားမှာစိုးလို့ဆိုလား။ ဒါပေမဲ့ အဲ့လိုလူက သူ့ရဲ့နုနုထွတ်ထွတ်အသားအရည်လေးကိုစတေးခံပြီး တုံ့ထင်လိုခရီးအဝေးကြီးကို ဘာကိစ္စရောက်လာရတာလဲ။ တကယ်ပဲ ထူးတော့ထူးဆန်းတယ်"

ချောင်ဝေ့နင်က ထိုလူအကြောင်းကို တစ်ကြိမ်တစ်ခါမျှကြားဖူးနားဝမရှိသော​ကြောင့် အူတီးအူကြောင်ဖြင့် 'သြော်' ဟုသာရေရွတ်လိုက်၏။ မော့ဟွိုင်ခုန်းက သူ၏နလပိန်းတုံးအမူအရာမျိုးကို သည်းမခံနိုင်ဆုံးဖြစ်လေရာ ချောင်ဝေ့နင်ကို တစ်ချက်မျှစူးစိုက်ကြည့်ရှုလိုက်ပြီးသော် နောက်ဆုံး၌ ဖြစ်ကြောင်းကုန်စင်အသေးစိတ်ကိုရှင်းပြလိုက်လေတော့သည်။

"မင်းတို့အခုခေတ်လူငယ်တွေတစ်ဝက်ကျော်လောက်က အရင်တုန်းကအကြောင်းတွေကို မသိကြတော့ဘူးပဲ။ ဟိုးရှေးရှေးတုန်းက ကျန်းဟူမှာ နာမည်ဂုဏ်သတင်းကျော်ဇောထင်ရှားပြီး သြဇာတိက္ကမကြီးမားတဲ့ စံအိမ်တော်ငါးအိမ်ရှိတယ်။ ကျန်းနန်က ကျန်းအိမ်တော်၊ ထိုက်ဟူက ကျောက်အိမ်​တော်၊ တုံ့ထင်က ကောင်းအိမ်တော်၊ ရှူကျုံးက ရှိန်အိမ်တော်နဲ့ ထိုက်ရှင်က လုအိမ်တော်တို့ပဲ။ ဒါပေမဲ့ အခုချိန်မှာတော့ ကျောက်ကျင့်နဲ့ကောင်းချုံတို့ကလွဲရင် ကျန်းအိမ်တော်မှာလဲ ဆက်ခံသူ ကျန်းမျိုးဆက်တစ်ယောက်ပဲကျန်တော့တယ်။ ရှိန်အိမ်တော်ကတော့ အစောကြီးကတည်းက ရွှေလင်ပန်းနဲ့လက်ဆေးသွားခဲ့ပြီး ကျန်းဟူရဲ့အရေးကိစ္စတွေမှာဝင်မပါတော့ဘဲ လက်ရှောင်နေခဲ့တာအတော်ကြာပြီ။ လုအိမ်တော်မှာလဲ ဆက်ခံသူတစ်ယောက်မှမရှိတော့ဘူး။ အရင်ကတည်းက စံအိမ်တော်ငါးအိမ်ရဲ့ နာမည်ဂုဏ်သတင်းကျော်ဇောမှုတွေဟာလဲ တစတစမှေးမှိန်လျော့ပါးလာပြီး မင်းတို့လိုတချို့လူငယ်တွေက သူတို့ကိုမသိကြတော့တာပဲ"

ချောင်ဝေ့နင်က သူ့လက်ချောင်းများကိုတစ်ချောင်းချင်းချိုး၍တွက်ဆနေရင်း မေးမြန်းလိုက်၏။

"မဟုတ်သေးဘူးလေ....ဆရာတူဦးလေး...ကျန်းအိမ်တော်က မျိုးဆက်ကိုထည့်တွက်ထားရင်တောင်မှ စံအိမ်တော်လေးအိမ်ပဲရှိတာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ငါးအိမ်တော်ဖြစ်နေရတာလဲ"

မော့ဟွိုင်ခုန်းက စိတ်မရှည်စွာပြန်ဖြေလိုက်သည်။

"အဲဒါက ဘာဖြစ်လို့လဲဆိုတော့ လုအိမ်တော်ရဲ့အရှင်သခင်ဖြစ်သူက လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက်ကပဲ နာမကျန်းဖြစ်ပြီးအသက်ဆုံးပါးသွားခဲ့တယ်။ အဲဒီလူက အရင်ဘဝတုန်းက ကုသိုလ်ကောင်းမှုတွေများများစားစားမလုပ်ခဲ့လေတော့ ဒီဘဝမှာ သူ့မျိုးဆက်ကိုဆက်ခံမဲ့သူတစ်ယောက်တလေမှမရှိဘဲ သူလဲ သေသွားရော မျိုးဆက်ပါတစ်ခါတည်းပြတ်သွားတော့တာပဲ။ ဒါပေမဲ့ သူက သရဲဘဝပြောင်းသွားတဲ့ ဟွရှန်းဂိုဏ်းချုပ် ဟွာဖန်လင်နဲ့ ခင်မင်ရင်းနှီးစွဲရှိတဲ့အတွက် သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ လက်​အောက်ငယ်သားတပည့်တပန်းအနည်းငယ်ကို ဟွရှန်းဂိုဏ်းဆီ ယုံယုံကြည်ကြည်နဲ့လွှဲပြောင်းပေးအပ်ခဲ့တယ်။ ဟွာချင်းစုန့်ကလဲ အခုဒီနေရာမှာရောက်နေတာဆိုတော့ သူ့ကို လုအိမ်တော်အဖြစ် သတ်မှတ်လို့ရတယ်လေ။ မင်းက ဒါလေးတောင်မသိဘဲ ဘာလို့ဒီလောက်တောင်မေးခွန်းတွေအများကြီးမေးနေရတာလဲ။ ဘယ်သူမေးမေး ငါက မင်းရဲ့ဆရာတူဦးလေးလို့မပြောနဲ့၊ ရှက်ဖို့ကောင်းလွန်းလို့"

ရှိန်ရှန့်က ဆရာတော်ချီမုနှင့် တီးတိုးပြောဆိုနေသည်ကိုတွေ့လိုက်ရသည်။ ဆရာတော်ချီမုက သက်ပြင်းတစ်ချက်ချလိုက်ကာ ဘုရားတလိုက်ရှာပြီး ခေါင်းညိတ်ပြလေ၏။ ထို့နောက်တွင်မူ ရှိန်ရှန့်က မတ်တပ်ထရပ်လိုက်ပြီး နောက်သို့လှည့်ကာ ရှိန်အိမ်တော်မှတပည့်တစ်ဦး၏ လက်ပေါ်တွင်ဆက်သလာသည့် သေတ္တာဘူးလေးတစ်ဘူးကိုလက်ခံယူကာ ဘူးအဖုံးကိုဖွင့်လိုက်သည်။ အတွင်း၌ပိုးသားပိတ်စဖြင့်ထုပ်ပိုးထားသည့် အိတ်လေးတစ်အိတ်ရှိနေ၏။ ရှိန်ရှန့်က ထိုအိတ်ကိုဖွင့်လှစ်ပြ​သလိုက်ချိန်ဝယ် တစ်စုံတစ်ယောက်ထံမှ ရင်သတ်ရှုမောလှစွာသော အံ့သြတကြီးအော်ဟစ်သံတို့ထွက်ပေါ်လာသည်။

"ကျောက်သလင်းပြာပဲ"

ချောင်ဝေ့နင်သည်လည်း လည်တဆန့်ဆန့်ဖြင့် စူးစမ်းကြည့်ရှုနေရှာသည်။ ထိုသေတ္တာဘူးထဲမှပစ္စည်းကို အများရှေ့မှောက်သို့ အပြည့်အဝရုပ်လုံးပေါ်အောင်ထုတ်ယူပြသလိုက်သောအခါဝယ် လက်ဖဝါးအရွယ်မျှသာရှိသော အလွန်အင်မတန်အသေးစိတ်ပြီးအနုသုခုမလက်ရာမြောက်လှသည့် သလင်းကျောက်အပိုင်းအစတစ်ခုကိုတွေ့လိုက်ရလေသည်။ ထိုပစ္စည်းမှာ လူပေါင်းများစွာ၏အကြည့်များအောက်ဝယ် တလက်လက်လင်းလက်တောက်ပနေ၏။ အကယ်၍ ထိုပစ္စည်းသည်ကျောက်သလင်းပြာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါက ထိုသလင်းကျောက်အစိတ်အပိုင်းလေးတစ်ခုမှာ သိုင်းလောကတစ်ခွင်လုံးကို အညှီအဟောက်လေပြင်းမုန်တိုင်းထန်စေကာ သွေးမိုးရွာသွန်းဖြိုးစေခဲ့သည့်အရာဖြစ်ကြောင်း မည်သူကသိပါအံ့နည်း။

ယွီချိုးဖုန်း၏လည်မျိုမှာ မဆိုစလောက်လှုပ်ခတ်သွားကာ သူက လည်ချောင်းရှင်းလိုက်ရင်း ဗလုံးဗထွေးမေးမြန်းလိုက်သည်။

"အဲဒါက တကယ်ပဲ ကျောက်သလင်းပြာအစိတ်အပိုင်းငါးခုထဲက တစ်ခုလား"

ရှိန်ရှန့်က ပြန်ဖြေလိုက်သည်။

"သေချာတာပေါ့ဗျာ"

စကားဆုံးသော် သူ့အကြည့်များမှာ ကောင်းချုံထံသို့လွှဲပြောင်းရောက်ရှိသွား၏။

ကောင်းချုံ၏မျက်နှာအမူအရာမှာ ခန့်မှန်းရခက်ခဲလွန်းလှသည်။ သူက တခဏမျှနှုတ်ဆိတ်နေပြီးနောက်တွင်မူ တစ်ဖက်တွင်ရပ်နေသည့် သန့်ခွန်းကိုပြောလိုက်၏။

"ငါ့စာကြည့်ခန်းရဲ့ ဘယ်ဘက်ခြမ်းတံခါးနားက စာအုပ်စင်ရဲ့တတိယမြောက်အတန်းမှာ 'ဂန္ထဝင်ဓလေ့ထုံးတမ်းများ' ဆိုတဲ့စာအုပ်ရှိတယ်။ အဲဒီစာအုပ်နောက်မှာ လျှို့ဝှက်အံဝှက်လေးတစ်ခုရှိတယ်။ မင်း အဲဒါကိုဖွင့်ပြီး အထဲမှာရှိနေတဲ့ပစ္စည်းကိုယူလာခဲ့"

သန့်ခွန်းမှာ အကြောင်းရင်းကို ကောင်းစွာနားမလည်သည့်တိုင် ဆရာဖြစ်သူ၏ညွှန်ကြားချက်အတိုင်းထွက်သွားကာ ခေတ္တခဏကြာသော် လက်ထဲတွင်သေတ္တာဘူးငယ်လေးတစ်ခုနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။ ကောင်းချုံက ထိုဘူးလေးကိုလှမ်းယူကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အားလုံး၏ရှေ့မှောက်တွင် ဘူးကိုဖွင့်ကာ ရှိန်ရှန့်၏အနှီဘူးလေးနှင့်အတူ ဘေးချင်းယှဥ်လျက်ချထားလိုက်၏။ ဒဏ္ဍာရီလာကျောက်သလင်းပြာအစိတ်အပိုင်းနှစ်ခုသည်ကား ဤသို့ဤနှယ် လူအများရှေ့မှောက်တွင် ပေါ်ပေါ်ထင်ထင်ထွက်ပေါ်လာပြီဖြစ်သည်။

ကောင်းချုံကပြောလာသည်။

"ကိစ္စတွေကဒီလို​ဖြစ်လာပြီဆိုမှတော့ လူကြီးမင်းတို့ကို ဒီအဘိုးကြီးက မဖြစ်မနေဖြေရှင်းချက်တစ်ခုပေးရတော့မှာပေါ့ဗျာ။ အမှန်စင်စစ် ကျောက်သလင်းပြာက အစိတ်အပိုင်းငါးခုရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့ တစ်ယောက်ချင်းစီက အစိတ်အပိုင်းတစ်ခုစီကိုယူထားခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က နောင်တော်လု အချိန်မတိုင်ခင်ကွယ်လွန်အနိစ္စရောက်သွားတဲ့အခါ သူ့ရဲ့ကျောက်သလင်းပြာကို ထိုက်ဆန်းဂိုဏ်းချုပ်ဖြစ်တဲ့ 'ဟွာသူရဲကောင်း' ထံ ယုံကြည်စိတ်ချစွာအပ်နှံခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒါက သူ့အတွက် သေမင်းတမန်ဘေးအန္တရာယ်ဆိုးကြီးကို ဖိတ်ခေါ်လိုက်သလိုဖြစ်သွားခဲ့တာပဲ"

ဆရာတော်ချီမုက စကားဆက်လိုက်၏။

"အောမီထောဖော...ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုတာကို ကိုယ်တော်လဲ သိသင့်သလောက်သိထားခဲ့ပါတယ်"

လူအားလုံး၏အကြည့်များသည်ကား ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးများဆွတ်ဆွတ်ဖြူနေသည့် ဥပဓိရုပ်ရည်တည်ကြည်ခန့်ညားလှသော ရှောင်လင်​ကျောင်းထိုင်ဆရာတော်ကြီးထံသို့ လွှဲပြောင်းကျရောက်သွားကြလေသည်။

"အခုဒီနေရာမှာရှိနေတဲ့ဧည့်သည်တော်တွေထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်တုန်းက သိုင်းလောကတစ်ခွင်မှာဖြစ်ပျက်သွားခဲ့တဲ့ ကပ်ဘေးဆိုးကြီးကိုမှတ်မိတဲ့လူများရှိကြဦးမလားမသိဘူး"

စကားဆုံးသည်နှင့်တစ်ပြိုင်နက် လူအုပ်ထဲရှိဧည့်ပရိသတ်ထဲမှ အသက်အရွယ်ကြီးရင့်သူတချို့၏မျက်နှာအမူအရာတို့မှာ ရုတ်ချည်းပြောင်းလဲသွားရှာတော့သည်။ အုတ်အော်သောင်နင်းဖြစ်နေသောမြင်ကွင်းကို တစ်ချိန်လုံး ဘေးမှလက်ပိုက်ရပ်ကြည့်နေသည့် ယဲ့ပိုင်ရီးသည်ပင် မဆိုစလောက်ခေါင်းထောင်လာသည်။

တစ်ချိန်တည်းမှာပင် ကျိုးကျစ်ရှူးကလည်း သူသိထားခဲ့သမျှ ကျန်းအိမ်တော်၏ ရှေးဟောင်းနှောင်းဖြစ်များကို ဘာဆိုဘာမျှမသိနားမလည်သော အူလည်လည်ဖြစ်နေရှာသည့် ကျန်းချန်လင်ကိုပြန်ပြောင်းပြောပြနေသည်။ တစ်ဖက်တွင်​မူ ဝမ်းခယ့်ရှင်မှာ ပတ်ဝန်းကျင်ကိုလုံးဝဥဿုံလျစ်လျူရှုထားလျက် အိပ်ကောင်းကောင်းနှင့်စက်တော်ခေါ်နေရှာသည်။ ကျိုးကျစ်ရှူးက သူ့ကိုခြေထောက်ဖြင့်ကန်ထုတ်လိုက်သော်ငြား သူ့အင်္ကျီစကိုမလွှတ်တမ်းဆုပ်ကိုင်ထားရင်း မြေပြင်ပေါ်၌ ခြေကားယားလက်ကားယားဖြင့် ဣန္ဒြေသိက္ခာကင်းမဲ့စွာဆန့်ဆန့်ကြီးလဲလျောင်းနေ၏။

ကျိုးကျစ်ရှူးခမျာ နံနက်စာစားရန်ပြင်နေခိုက်မှာပင် နံနက်ဝေလီဝေလင်းအချိန်၌ ချောင်ဝေ့နင်ဆွဲခေါ်ရာနောက်သို့ ဒရောသောပါးလိုက်လာခဲ့ရသဖြင့် မနက်စာမစားခဲ့ရရှာပေ။ သို့ဖြစ်ရာ သူက စားစရာတချို့ကို သိမ်းထုပ်ယူဆောင်လာခဲ့သည်။ ယခုအခါ ထိုယူလာခဲ့သောစားစရာများကိုထုတ်ကာ ကျန်းချန်လင်ကိုလှမ်းပေးလိုက်ပြီး ထိုကောင်လေး အငမ်းမရပလုပ်ပလောင်းစားသောက်နေသည်ကို ကြည့်ရှုနေလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်က အဖြစ်အပျက်တွေဆိုတော့ ငါလဲအကြမ်းဖျင်းလောက်ပဲသိတယ်။ အဲဒီတုန်းက မင်းအဖေလဲ အသက်ငယ်ငယ်လူရွယ်တစ်ယောက်အရွယ်ပဲရှိဦးမှာပေါ့။ ကျန်းဟူမှာ ရုံရွှမ့်လို့ခေါ်တဲ့ ပါရမီရှင်သိုင်းသမားတစ်ဦးပေါ်ထွက်လာခဲ့တယ်။ သူ့ရဲ့ဓားရှည်တစ်လက်နဲ့အတူ သူဟာ သိုင်းလောကတစ်ခွင်မှာ အနှိုင်းမဲ့ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ဦးဖြစ်လာခဲ့တယ်။ သူက ခရီးသွားလာရတာကိုကြိုက်နှစ်သက်တဲ့အတွက် အရပ်မျက်နှာအနှံ့လေလွင့်လျှောက်သွားရင်း သူရဲကောင်းအသီးသီးနဲ့မိတ်ဆွေဖွဲ့ခဲ့တယ်။ ပြောကြတာက အိမ်တော်ငါးအိမ်က ရှေ့မျိုးဆက်အရှင်သခင်ငယ်လေးတွေနဲ့ အတော်လေးခင်မင်ရင်းနှီးခဲ့ကြတယ်တဲ့။ အခုတော့ အိမ်တော်ငါးခုလုံးက သူ့အကြောင်းကိုစကားတောင်မဟကြတော့ပေမဲ့ မင်းကတော့ ကျန်းမိသားစုရဲ့ဆက်ခံသူဖြစ်တာမို့ အကြောင်းစုံကိုသိထားမှာပေါ့"

ကျန်းချန်လင်က ခေါင်းညိတ်ပြလိုက်၏။ ပါးစပ်ထောင့်နားတွင်မူ မုန့်အစအနတချို့ ပေကျံကပ်ငြိနေသည်။ သူက ပြောလာသည်။

"ဒါပေမဲ့ အဖေက သူ့အကြောင်းကိုတစ်ခါမှမပြောပြဖူးဘူး"

"မင်းအဖေမှမပြောပြတာမဟုတ်ဘူး၊ နှစ်ပေါင်းသုံးဆယ်လုံးလုံး သူ့နာမည်ဟာ သိုင်းလောကမှာ ဘယ်သူမှထုတ်မပြောရဲကြတဲ့ တားမြစ်ချက်တစ်ခုဖြစ်ခဲ့တာမို့လို့ပဲ"

ကျိုးကျစ်ရှူးက သက်ပြင်းတစ်ချက်ချကာ စကားကိုဆက်သည်။

"နောက်တော့ သူ အိမ်ထောင်ပြုလိုက်တယ်။ ပြောကြတာက သူ့ရဲ့ဇနီးမယားဖြစ်သူဟာလဲ အလွန်အင်မတန်ရုပ်ဆင်းအင်္ဂါချောမောလှပသူဖြစ်ရုံသာမက ပညာအရာထူးချွန်ထက်မြက်တဲ့ နတ်ဆေးဆရာတောင်ကြားက ထွက်လာတဲ့သူဆိုပဲ....."

ပြောနေရင်းတန်းလန်းမှာပင် ကျိုးကျစ်ရှူးက ရုတ်တရက်စကားစပြတ်သွားပြီး ခေါင်းကိုငုံ့လျက် ဝမ်းခယ့်ရှင်ကိုတစ်ချက်လှမ်းကြည့်ကာ စိတ်ထဲ၌တွေးတောလိုက်သည်။

သူလဲ နတ်ဆေးဆရာတောင်ကြားကထွက်လာတဲ့လူပဲ။ ဧကန္တ တိုက်ဆိုင်တာများလား

ကျိုးကျစ်ရှူးခေါင်းပြန်မော့လိုက်သောအခါ ကျန်းချန်လင်က မျက်တောင်တစ်ချက်မခတ်ဘဲ သူစကားဆက်လာမည်ကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသည်ကိုတွေ့လိုက်ရသည်။ ကျိုးကျစ်ရှူး၏စိတ်ထဲတွင် မဆိုစလောက်သံသယစိတ်တို့ဝင်လာသည့်တိုင် ကျန်းချန်လင်ရှေ့တွင် ထုတ်ဖော်ပြသခြင်းမပြုဘဲ စကားဆက်လိုက်၏။

"သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အလွန်အင်မတန် ချစ်ခင်မြတ်နိုးကြတယ်။ နတ်ဖတ်တဲ့စုံတွဲလိုပဲ။ ဒါပေမဲ့ ဘယ်သူထင်မှာတဲ့လဲ။ တစ်နေ့မှာ အဲဒီရုံရွှမ့်ရဲ့ဇနီးသည်ဟာ တစ်စုံတစ်ယောက်ရဲ့လုပ်ကြံသတ်ဖြတ်ခြင်းကိုခံလိုက်ရတယ်"

ကျန်းချန်လင်က အံ့သြတုန်လှုပ်သွားလျက် တုံးအနုံချာသောမေးခွန်းကိုမေးလိုက်၏။

"ဘာလို့လဲ"

ကျိုးကျစ်ရှူးက ရယ်မောလိုက်သည်။ တစ်ယောက်ယောက်ကိုသတ်ဖို့အတွက် အကြောင်းပြချက်လိုအပ်ပါမည်လား။

သို့တိုင် သူ စဥ်းစားတွေးတောပြီး ရှင်းပြလိုက်သည်။

"အများစုကတော့ အပြစ်မဲ့တဲ့သာမန်လူတစ်ယောက်ဟာ ကျောက်စိမ်းလက်စွပ်ကိုရင်ဝယ်ပိုက်မိတဲ့အတွက် အပြစ်သားတစ်ယောက်ဘဝကိုရောက်သွားရတဲ့အဖြစ်မျိုးပါပဲ။ ရုံရွှမ့်ရဲ့ဓားသိုင်းပညာကို ငါလဲတစ်ခါမှမမြင်ဖူးခဲ့ဘူး။ ပြောစကားတွေအရတော့ သူရဲ့သိုင်းပညာဟာ 'အနှိုင်းမဲ့' ဆိုတဲ့စကားလုံးလေးလုံးနဲ့ တကယ့်ကိုလိုက်ဖက်ညီလှတယ်တဲ့။ သူ အသက်သုံးဆယ်မပြည့်တပြည့်မှာတော့ သူ့ဘာသာသူ ဂိုဏ်းတစ်ဂိုဏ်းကိုဖွဲ့စည်းတည်ထောင်ပြီး ဒဏ္ဍာရီလာပြိုင်ဘက်ကင်း 'ဖုန်းရှန်းဓား' ဆိုတာကို တီထွင်ဖန်တီးခဲ့တယ်။ တောင်တွေကိုအစိတ်စိတ်အမြွှာမြွှာထွင်းဖောက်လို့ ပင်လယ်သမုဒ္ဒရာကိုအပိုင်းပိုင်းဖြတ်တောက်နိုင်တဲ့ ဖုန်းရှန်းဓားသိုင်းပညာရဲ့ အံ့ချီးဖွယ်စွမ်းအားတွေကို ​ဒီတစ်သက်မြင်တွေ့ခွင့်မရခဲ့တာဟာ နောင်တကြီးတစ်ခုပဲ။ အဲဒီဖုန်းရှန်းဓားသိုင်းပညာရပ်ကို သူက အတွဲ ၂ တွဲပိုင်းခြားထားခဲ့တယ်။ ပထမတွဲက ပင်မသိုင်းကျမ်းတွေ၊ ဒုတိယပိုင်းကတော့ သူကိုယ်တိုင်တီထွင်ဖန်တီးထားတဲ့ ဓားသိုင်းပညာတွေပဲ။ ကောလာဟလတွေအရတော့ ပထမတွဲက သူအမှတ်မထင်ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းလျှို့ဝှက်သိုင်းကျမ်းထဲက သိုင်းပညာတွေတဲ့။ သူ့ရဲ့စိတ်နှလုံးဟာလဲ အဲဒါတွေကြောင့်ပြောင်းလဲယိမ်းယိုင်သွားခဲ့တယ်။ မင်းလဲသိမှာပေါ့၊ 'ပြိုင်ဘက်ကင်းသိုင်းပညာရှင်' ဆိုတဲ့စကားလုံးဟာ လူသားတွေကို ဘယ်လောက်တောင်ရူးသွပ်သွားစေနိုင်တဲ့စကားလဲဆိုတာ"

ကျန်းချန်လင်က ဆက်မေးလိုက်သည်။

"နောက်တော့ရော ဘာ​တွေဆက်ဖြစ်သွားကြလဲဟင်"

"နောက်တော့ သူ့စိတ်နှလုံးထဲမှာ ပူဆွေးသောကတွေကြီးမားလာပြီး မိစ္ဆာလမ်းစဉ်ထဲကိုဝင်ရောက်သွားတယ်။ စိတ်နေသဘောထားတွေပါ ဖောက်လွှဲဖောက်ပြန်ဖြစ်သွားပြီး အပြစ်မဲ့တဲ့လူကောင်းတွေကိုပါ လိုက်လံသတ်ဖြတ်တော့တယ်။ နောက်ဆုံးတော့ အိမ်တော်ငါးအိမ်လဲ ဘယ်လိုမှမတတ်သာတော့ဘဲ ဒီဖြစ်ရပ်တွေထဲပါဝင်ပတ်သက်လာရပြီး ရှန်းဟယ်အမိန့်ပြားကိုဆင့်ခေါ်လိုက်တယ်။ အချင်းချင်းလက်တွဲပူးပေါင်းပြီး သူ့ကိုလိုက်လံသတ်ဖြတ်ရတယ်__စဥ်းစားကြည့်ရင် ရှန်းဟယ်အမိန့်ပြားဟာ ဒီလောကကြီးထဲကိုထွက်ပေါ်လာကတည်းက ဒီနေ့ဒီအချိန်ထိဆိုရင် နှစ်ပေါင်းသုံးဆယ်တောင်ရှိသွားပြီပဲ။ နောက်တော့ ရုံရွှမ့်ဟာ ဖုန်းရာတောင်တန်းတွေပေါ်က ချင်းကျူတောင်ကြားထဲကိုထွက်ပြေးဝင်ရောက်သွားပြီး အဲဒီနေရာမှာပဲ သူ့ကိုလိုက်လံဖမ်းဆီးတဲ့အိမ်တော်ငါးအိမ်က အဖွဲ့သားတွေနဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်ကြတယ်။ လူတွေ ဘယ်နှယောက်တောင်သေဆုံးသွားကြသလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ဒီနေ့ဒီအချိန်ထိ ညဘက်ဆိုရင် သေဆုံးသွားတဲ့ဝိညာဥ်တွေရဲ့ ငိုကြွေးမြည်တမ်းသံတွေကိုတောင်ကြားနေရသေးတယ်လို့ပြောကြတာတွေရှိတယ်။ တစ်ချိန်တုန်းက ဘောင်းဘီတစ်ထည်တည်းကို အတူတကွဝတ်ဆင်ဖူးတဲ့လူတွေဟာ တစ်ယောက်ကိုတစ်ယောက် မသေမချင်း တုတ်တပြက်ဓားတပြက်တိုက်ခိုက်သတ်ဖြတ်ရမဲ့ ရန်သူတွေဖြစ်သွား​ရလိမ့်မယ်လို့ ဘယ်သူကထင်မှာတဲ့လဲ"

ဤကမ္ဘာလောကကြီးပေါ်တွင် မိတ်ဆွေသံယောဇဉ်ဟူသောအရာမှာ ဤကဲ့သို့အပြောင်းအလဲလွယ်တတ်ပါသည်လား။

ကျိုးကျစ်ရှူးက ခေတ္တခဏမျှရပ်နားပြီးနောက် ခေါင်းတဆတ်ဆတ်ညိတ်ကာ ဆက်ပြောလာ၏။

"အမှန်ပဲ။ ဖုန်းရာတောင်ပေါ်က ချင်းကျူတောင်တန်းဆိုတာ တကယ်တော့ သရဲတောင်ကြားကိုပြောတာပဲ။ အဲဒီတုန်းက တစ္ဆေမိစ္ဆာတွေဟာ ဘာကြောင့် ရုံရွှမ့်ရဲ့ဘက်ကနေ ရပ်တည်တိုက်ခိုက်ပေးခဲ့ကြသလဲဆိုတာကို ဒီနေ့ဒီအချိန်ထိ ဘယ်သူမှနားမလည်ကြဘူး။ တိုက်ပွဲဟာ နေ့ပေါင်းများစွာ၊ ညပေါင်းများစွာကြာမြင့်ခဲ့ပြီး နောက်ဆုံး ရုံရွှမ့်တစ်ယောက် သူ့ကိုယ်သူသတ်သေသွားတဲ့အခါကျမှပဲ အဆုံးသတ်သွားတော့တယ်။ သိုင်းလောကတစ်ခွင်မှာလဲ သူရဲကောင်းတွေတစ်ဝက်လောက်နီးပါးထိခိုက်ဆုံးရှုံးခဲ့ပြီး အိမ်တော်ငါးအိမ်ဟာလဲ အဲဒီအချိန်ကစလို့ နလန်မထူနိုင်အောင်ဖြစ်ခဲ့ရတယ်။ နှစ်ဖက်လုံး အထိအခိုက်အကျအဆုံးများခဲ့ပြီးတဲ့နောက် အဆုံးမှာတော့ သရဲတောင်ကြားထဲကို ဝင်ပြီးရင်ပြန်ထွက်ခွင့်မရှိဘူး ဆိုတဲ့စည်းမျဥ်းတစ်ခုကိုချမှတ်ခဲ့ပြီး
နှစ်ပေါင်းသုံးဆယ်စာ တည်ငြိမ်အေးချမ်းမှုကိုဆောင်ကြဉ်းပေးခဲ့ကြတယ်"

ဤနေရာအရောက်တွင်မူ ကျိုးကျစ်ရှူးမျက်မှောင်ကြုတ်လိုက်မိသည်။ သူကိုယ်တိုင်လည်း ယခုအဖြစ်အပျက်များကို တဆင့်စကားတဆင့်နားဖြင့်သာကြားခဲ့ရသူဖြစ်သောကြောင့် သူ၏ကိုယ်ပိုင်ခန့်မှန်းယူဆချက်များကို တစ်လုံးတစ်ပါဒမျှထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။ ယခုကဲ့သို့ ဖြစ်ကြောင်းကုန်စင်ကို တဆင့်ပြန်လည်ပြောပြရသောအခါတွင်မူ အမှန်တကယ်တမ်း သူနားမလည်နိုင်သောနေရာများစွာရှိနေခဲ့သည်။ ဥပမာအားဖြင့် ထိုစဉ်နှစ်ကာလများ၌ ဖုန်းရာတောင်ပေါ်တွင် မည်ကဲ့သို့​သောဖြစ်ရပ်မျိုးတွေဖြစ်ပျက်ခဲ့သလဲဆိုတာနှင့် ရုံရွှမ့်၏ဇနီးသည်မှာ အဘယ်ကြောင့်အသတ်ခံခဲ့ရသလဲဆိုသည့်အချက်တို့ပင်ဖြစ်သည်။ သူ့ခေတ်သူ့အခါက ထူးချွန်ထက်မြက်လှသည့် ပါရမီရှင်သိုင်းပညာရှင်တစ်ဦးသည်ကား မည်သည့်အကြောင်းကြောင့် သရဲတောင်ကြားထဲသို့ကျရောက်သွားပြီး ထိုအုပ်စုနှင့် ပူးပေါင်းလက်တွဲခဲ့ပါသနည်း။ ကံကောင်းသည်ကား ကျန်းချန်လင်မှာ လိမ္မာပါးနပ်သောကလေးတစ်ယောက်မဟုတ်သည့်အတွက် နားမလည်ပါးမလည်နှင့် သူပြောသမျှကိုသာ အူတီးအူကြောင်ဖြင့်နားထောင်နေရှာသည်။

ထိုစဉ်ကအဖြစ်အပျက်တို့မှာ နှစ်ပေါင်းများစွာတိုင်အောင်မြှုပ်နှံ​ခံလိုက်ရသည်။ မည်ရွေ့မည်မျှကများ အလင်းရောက်အောက်သို့ ထပ်မံရောက်ရှိလာနိုင်တော့ပါမည်နည်း။

ထိုဖြစ်ရပ်ထဲ၌ ကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်ခဲ့ကြသူများမှာ သေလျှင်သေ၊ မသေသေးလျှင် ပါးစပ်ကိုတင်းတင်းစေ့ပိတ်ထားသူများသာဖြစ်လေသည်။ ကောင်းကင်ပြတင်းသည်ပင် ထိုနှစ်တုန်းက မှန်ကန်သောအချက်အလက်တို့ကိုရှာဖွေစုဆောင်းခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။ ကျိုးကျစ်ရှူး သံသယဝင်မိသည်။ ကျောက်သလင်းပြာဆိုသည့်ပစ္စည်းမှာ ထိုစဉ်အခါက ဖုန်းရာတောင်တိုက်ပွဲအပြီး၌ ကျန်ရစ်ခဲ့သည့်အရာပေလော။

ညနေစောင်းသော် ကျိုးကျစ်ရှူးမှာ သူ့အင်္ကျီကိုအသားကုန်ဆုပ်ကိုင်ထားသော ဝမ်းခယ့်ရှင်၏လက်ကို အောင်အောင်မြင်မြင်ဆွဲဖြုတ်နိုင်ခဲ့ပြီးနောက် တောကောင်ငယ်လေးအချို့ကိုအမဲလိုက်လာပြီး ညစာအဖြစ်အသားကင်များပြုလုပ်လိုက်လေသည်။ သူချင့်ချိန်တွေးဆလိုက်သည်။ မိမိမှာ မည်သည့်နေရာသို့သွားပါစေ၊ ကိစ္စမရှိသော်ငြား ထိုကလေးကို အတူခေါ်ဆောင်သွားရခြင်းမှာ သူ့အတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ်ဖြစ်နေသည်။

သို့ရာတွင် သူ့ကိုမည်သို့မျှဖိအားပေးလိုစိတ်မရှိဘဲ ဘယ်သွား၍ဘာလုပ်မည်ကို ကျန်းချန်လင်စိတ်တိုင်းကျခွင့်ပြုပေးထားလေသည်။

ဝမ်းခယ့်ရှင်မှာမူ အတော်လေးအကွဲအပြဲသောက်ထားပုံရသည်။ မိုးစုံးစုံးချုပ်သွားသည့်တိုင်အောင် အမူးမပြေသေးဘဲ ရွှံ့တုံးကြီးသဖွယ် မြေပြင်ပေါ်၌ပိုးလိုးပက်လက်လဲလျောင်းနေဆဲဖြစ်သည်။ ကျိုးကျစ်ရှူးက ကျန်းချန်လင်ကို သင်ခန်းစာများနှင့်ပတ်သက်ပြီး အလွယ်မှတ်နည်းတချို့သင်ကြားပြသပေးကာ သူ့ဘာသာသူကျေညက်နားလည်သည်အထိ သွားလေ့ကျင့်ခိုင်းလိုက်သည်။ ထို့နောက် တစ်ဖက်တွင်မှီကာ မျက်လုံးများကိုမှိတ်ချပြီး အနားယူမှေးစက်လိုက်သည်။ အချိန်မည်မျှကြာမြင့်သွားသည်မသိ၊ သူအိပ်မှုံစုံမွှားဖြစ်နေခိုက်မှာပင် လက်တစ်ဖက်သည်ကား သူ့ကိုယ်ပေါ်သို့တရွေ့ရွေ့ပွတ်သပ်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ အဆိုပါလက်မှာ ခိုးကြောင်ခိုးဝှက်ဖြင့် သူ၏အင်္ကျီပေါ်ရှိကြယ်သီးများကိုဆွဲဖြုတ်နေသည်။

ကျိုးကျစ်ရှူးက ထိုလက်​ကောက်ဝတ်ကို ဆတ်ခနဲဖမ်းချုပ်လိုက်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

ဝမ်းခယ့်ရှင်၏ပုံစံကိုကြည့်ရသည်မှာ ထိုအချိန်၌ အနည်းငယ်မျှပင် မူးယစ်ရီဝေနေဟန်မရှိတော့ပါချေ။ ၎င်းမှာ ဤကဲ့သို့ဖမ်းဆုပ်ခံလိုက်ရသော်ငြား အံ့သြတုန်လှုပ်သွားခြင်းမရှိဘဲ မှောင်ရိပ်ထဲ၌ ကျိုးကျစ်ရှူးကိုရယ်ကျဲကျဲလုပ်ပြလိုက်သေး၏။ ထို့နောက် ကျိုးကြောင်းဆီလျော်မှုရှိလှသော ဖြေရှင်းချက်တစ်ခုကိုပေးလာတော့သည်။

"ကျွန်တော်က ယုံတမ်းစကားတွေထဲက နာမည်ကြီး 'ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ' ဆိုတာဘယ်လိုပုံစံမျိုးလဲလို့မြင်ဖူးချင်ရုံသက်သက်ပါဗျ။ ခင်ဗျားကိုဘာမှမလုပ်ပါဘူး။ တမင်တကာ မဖွယ်မရာလုပ်ဖို့ရည်ရွယ်ချက်လဲမရှိပါဘူး"

'ဖြေရှင်းချက်ပေးခြင်းသည် ဖုံးကွယ်ရန်ကြိုးစားခြင်းဖြစ်ပြီး ဖုံးကွယ်ရန်ကြိုးစားခြင်းသည် အမှားတစ်ခု၏အစကနဦးပင်ဖြစ်သည်' ဟူသည့်ဆိုရိုးစကားသည်ကား ထိုဝမ်းမျိုးရိုးကလေကချေကောင်အတွက် အထူးတလည်သရုပ်ဖော်ရေးသားထားသကဲ့သို့ပင်။

သူ၏လက်တစ်ဖက်မှာ မြေကြီးပေါ်တွင်ထောက်ထားလျက်ရှိပြီး ကျန်လက်ကောက်ဝတ်တစ်ဖက်မှာမူ ကျိုးကျစ်ရှူး၏ဖမ်းချုပ်ခြင်းကိုခံထားရသောကြောင့် ဝမ်းခယ့်ရှင်၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ကျိုးကျစ်ရှူးကိုယ်ပေါ်သို့ အုပ်မိုးထားသည့်နှယ်။ ထိုအချိန်၌ ကျန်းချန်လင်မှာမူ လူသေကောင်ကဲ့သို့ နှစ်နှစ်​ခြိုက်ခြိုက်အိပ်မောကျနေလျက်ရှိရာ သူတို့နှစ်ဦးမှာ အသက်ရှူသံများနှင့်စကားသံတို့ကို အလွန်တရာတိုးဖွညင်သာစွာပြောဆိုနေရရှာသည်။ အမှောင်ထုအတွင်း စကားလုံးများဖြင့်ဖော်ညွှန်း၍မရနိုင်သော အိုးတိုးအမ်းတမ်းပုံစံအနေအထားတွင်ရှိနေတော့သည်။

ဝမ်းခယ့်ရှင်က ရုတ်ချည်းဆိုသလိုပင် ကျိုးကျစ်ရှူးအနားသို့တိုးကပ်လာကာ သူ၏အပေါ်ဝတ်ရုံကိုချွတ်၍ ကျိုးကျစ်ရှူးကိုယ်ပေါ်သို့လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် ကျိုးကျစ်ရှူး၏နားထင်တစ်ဝိုက် ကပိုကရိုဝဲကျနေသော ဆံချည်မျှင်များကို လက်ဖြင့်လျှောက်ဖွနေရင်း လေသံသဲ့သဲ့ဖြင့်မေးလာ၏။

"အားရွှိ....'ကျိုးရွှိ' ဆိုတာ ခင်ဗျားရဲ့နာမည်အရင်းလား"

ကျိုးကျစ်ရှူးက ဝမ်းခယ့်ရှင်၏လက်ကိုဖျတ်ခနဲပုတ်ထုတ်ကာ သူ့ကိုတွန်းထုတ်လိုက်ပြီး ဖြောင့်မတ်တည်ကြည်သောလေသံဖြင့် ခွန်းတုံ့ပြန်လိုက်၏။

"နောင်တော်ဝမ်းက ဘယ်လိုဟာသမျိုးပြောလိုက်တာပါလိမ့်။ 'ဝမ်းခယ့်ရှင်' ဆိုတာ မင်းရဲ့နာမည်အရင်းလားလို့ ပြန်မေးရမလိုတောင်ဖြစ်နေပြီ"

အနှီစကားကိုကြားသော် ဝမ်းခယ့်ရှင်မှာ မျက်ခုံးနှစ်ဖက်မြင့်တက်သွားကာ ပို၍တိုးဖွညင်သာသောလေသံဖြင့် တန်ပြန်မေးခွန်းထုတ်လိုက်လေ၏။

"ဒါဖြင့် ခင်ဗျားရဲ့သဘောအရဆိုရင် ကျွန်တော့်ကို ဘယ်လိုများခေါ်ချင်လို့တုန်း"

ကျိုးကျစ်ရှူးက ခေတ္တခဏတိတ်ဆိတ်သွားပြီးနောက် ခပ်တိုးတိုးမေးမြန်းလာသည်။

"နောင်တော်ဝမ်း...မင်းရဲ့မျိုးရိုးနာမည်က တကယ်ပဲ 'ဝမ်း' ရောဟုတ်ရဲ့လား။ ငါထင်နေတာက မင်းက 'ရုံ' မျိုးရိုးများလားလို့"

***********

Zawgyi

အခန္း ၃၂
႐ုံ႐ႊမ့္

က်ိဳးက်စ္ရႉးတို႔သုံးဦးသားသည္ ဤကဲ့ဤႏွယ္ ဖုတ္ဖတ္ခါကာ ေျပာင္ေျပာင္တင္းတင္းထြက္ေျပးလြတ္ေျမာက္သြားၾကေလေတာ့သည္။ ထိုအခ်ိန္၌ ေကာင္းအိမ္ေတာ္တစ္ခုလုံးမွာ ဆူညံပြက္ေလာရိုက္ေနရွာေတာ့သည္။ ေခ်ာင္ေဝ့နင္ကမူ ဟြရွန္းဂိုဏ္း၏ရိုးသားၾကင္နာမႈမရွိေသာလုပ္ရပ္မ်ားႏွင့္ပတ္သက္ၿပီး သူ႕အနားရွိလူမ်ားႏွင့္ မခံမရပ္နိုင္စြာျပစ္တင္ေဝဖန္ေျပာဆိုေနသည္။ ေမာ့ဟြိုင္ခုန္းက သူ႕ကိုဆြဲေခၚသြားကာ တိုတိုတုတ္တုတ္အမိန႔္ေပးလိုက္သည္။

"မင္း ပါးစပ္ပိတ္ထားစမ္း"

ေခ်ာင္ေဝ့နင္က ဆရာတူဦးေလးျဖစ္သူကို တစ္ခ်က္လွည့္ၾကည့္ကာ တစ္ခုခုေျပာရန္ျပင္လိုက္၏။

ဆရာတူဦးေလးက ဒီလိုဆိုးဝါး႐ြံရွာဖြယ္လုပ္ရပ္ေတြကိုျမင္လ်က္သားနဲ႕ ဘာလို႔ ေခါင္းငုံ႕ေနရတာလဲ

ထိုအခိုက္ ေမာ့ဟြိုင္ခုန္းက ယြီခ်ိဳးဖုန္းကိုလက္ညွိုးၫႊန္ျပလိုက္ရင္း ေျပာလာ၏။

"ဟိုေကာင္ေတာင္ သူ႕ေသတြင္းသူတူးမိေတာ့မလိုျဖစ္သြားတာမျမင္ဘူးလား။ ဘာပဲျဖစ္ျဖစ္ မင္းအပူတစ္ျပားမွမပါဘူး။ ပါးစပ္ပိတ္ထားၿပီးသာ တိတ္တိတ္ဆိတ္ဆိတ္ၾကည့္ေနစမ္းပါ"

ထိုအခါ ေခ်ာင္ေဝ့နင္ခမ်ာ နာခံက်ိဳးႏြံစြာပင္ ပါးစပ္ပိတ္သြားရွာေတာ့သည္။

သူက ေဘးဘီဝဲယာကို တခဏမွ်စူးစမ္းၾကည့္ရႈၿပီးေသာ္ ေလသံကိုႏွိမ့္ကာ ေမာ့ဟြိုင္ခုန္းကိုေမးျမန္းလိုက္သည္။

"ဆရာတူဦးေလး၊ အစ္ကိုက်ိဳးက က်န္းခ်န္လင္ကိုေခၚထုတ္သြားတာကို ေက်ာက္သူရဲေကာင္းနဲ႕ေကာင္းသူရဲေကာင္းတို႔က ဘာျဖစ္လို႔ အသာတၾကည္ခြင့္ျပဳေပးလိုက္ရတာလဲ"

ေမာ့ဟြိုင္ခုန္းမွာ သိမ္းငွက္တစ္ေကာင္အလား စူးရဲထက္ရွေသာမ်က္လုံးမ်ားျဖင့္ ေရွ႕တည့္တည့္သို႔ၾကည့္ေနရင္းမွာပင္ အႏွီစကားကိုၾကားေသာ္ ေခ်ာင္ေဝ့နင္ကိုေစြခနဲလွည့္ၾကည့္လိုက္ရင္း စကားတစ္ခြန္းကို သြားၾကားထဲမွဖ်စ္ညွစ္ေျပာထုတ္လာ၏။

"မင္းရဲ႕ဦးႏွောက္ကို ေခြးစားသြားတာလား"

ေခ်ာင္ေဝ့နင္သည္ကား ဆရာတူဦးေလးျဖစ္သူထံမွ အဆူအဆဲအႀကိမ္းအေမာင္းမ်ိဳးစုံကို မၾကာခဏခံရစၿမဲျဖစ္ေလရာ အေၾကာတင္းအေရထူေနၿပီျဖစ္သည္။ ထို႔ေၾကာင့္ တစ္ခ်က္ကေလးေသာ္မွ် မ်က္ႏွာပ်က္ယြင္းသြားျခင္းမရွိဘဲ ယခင္အတိုင္း အလြန္အမင္းရိုးသားစစ္မွန္စြာျဖင့္ ဆရာတူဦးေလး၏အေျဖစကားကိုေစာင့္ေမွ်ာ္လို႔ေန၏။ သို႔ရာတြင္ ေမာ့ဟြိုင္ခုန္းက တစ္ဖက္သို႔မ်က္ႏွာလႊဲသြားကာ သူ႕ကိုအေရးမလုပ္ေတာ့ပါေခ်။ ေခ်ာင္ေဝ့နင္မွာ တခဏမွ်ၾကာေသာအခါမွသာလွ်င္ နားလည္သေဘာေပါက္သြား၏။ သူ႕ဦးႏွောက္ကို အမွန္တကယ္ ေခြးစားသြားတာပဲျဖစ္ရမည္။ သို႔တိုင္ေအာင္ သူေသေသခ်ာခ်ာမစဥ္းစားတတ္ေသးေပ__သူ႕ဆရာတူဦးေလးျဖစ္သူကိုယ္တိုင္လည္း ဘာေၾကာင့္မွန္း ေရေရရာရာမသိသည္မွာ သိသာထင္ရွားလွေပသည္။

ဆရာေတာ္ခ်ီမုက ေရးႀကီးသုတ္ပ်ာျဖင့္ေရာက္ရွိလာသည္။ သူ႕ေနာက္တြင္ သက္လတ္ပိုင္းအ႐ြယ္လူႀကီးတစ္ဦးလည္း တစ္ပါတည္းလိုက္ပါလာ၏။ ၎မွာ ခႏၶာကိုယ္ပိန္ပါးသြယ္လ်ၿပီး တစ္ကိုယ္လုံးအနက္ေရာင္ဝတ္႐ုံကိုဝတ္ဆင္ထား၏။ ထိုအမ်ိဳးသား၏ႏႈတ္ခမ္းေထာင့္စြန္းမ်ားမွာ ေအာက္ဘက္သို႔ေကြးၫြတ္ေနလ်က္ နက္ရွိုင္းေသာအၿပဳံးရိပ္အေရးအေၾကာင္းမ်ားကိုပိုင္ဆိုင္ထားသည္။ ဓားသြားတမွ်ထက္ရွသည့္မ်က္ခုံးႏွစ္ဖက္မွာ နားထင္​ေစာင္းရွိ ဆံႏြယ္မ်ားအတြင္းသို႔ သြယ္တန္းတိုးဝင္ေနလ်က္ရွိကာ မ်က္လုံးတစ္စုံမွာလည္း အလြန္တရာစူးရွေတာက္ပလွေပသည္။ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ သာမန္အညတရလူတစ္ဦးမျဖစ္နိုင္ေၾကာင္းေတြ႕ျမင္နိုင္သည္။ ဆရာေတာ္ခ်ီမုက အႏွီအုတ္ေအာ္ေသာင္းနင္းျဖစ္ေနေသာျမင္ကြင္းကိုေတြ႕ျမင္ေသာအခါဝယ္ ေရွာင္လင္ေက်ာင္း၏ျခေသၤ့ဟိန္းသံသိုင္းပညာကို မျဖစ္မေနထုတ္သုံးလိုက္ရၿပီး တစ္ခ်က္မွ်ေအာ္ဟစ္ဟိန္းေဟာက္လိုက္ေလသည္။ သိုင္းပညာအရည္အခ်င္းနိမ့္ပါးေသာလူအေျမာက္အျမားမွာ ထိုအသံကိုၾကားလိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ သူတို႔၏မ်က္စိေရွ႕တြင္ေမွာင္မိုက္သြားရွာၿပီး လူအုပ္ႀကီးမွာ တိခနဲတိတ္ဆိတ္ၿငိမ္သက္သြားရွာေတာ့သည္။

ေကာင္းခ်ဳံႏွင့္ေက်ာက္က်င့္တို႔ႏွစ္ဦးက ဆရာေတာ္ခ်ီမု၏အေနာက္မွလိုက္ပါလာေသာထိုလူကို ျမင္လွ်င္ျမင္ခ်င္း မတ္တပ္ထရပ္လိုက္ၾကသည္။ ေက်ာက္က်င့္က ထိုလူ၏မူလအဆင့္အတန္းကို ဦးစြာမွတ္မိသြားဟန္ျဖင့္ ထုတ္ေဖာ္ေျပာဆိုလိုက္၏။

"ေနာင္ေတာ္ရွိန္"

ေမာ့ဟြိုင္ခုန္းတစ္ေယာက္ အံ့အားသင့္စြာျဖင့္ 'အာ' ဟုတစ္ခ်က္ေရ႐ြတ္လိုက္ေသာအခါ ေခ်ာင္ေဝ့နင္က ရရွိလာေသာအခြင့္အေရးကိုလက္လြတ္မခံဘဲ မဆိုင္းမတြေမးျမန္းလိုက္၏။

"ဆရာတူဦးေလး၊ သူက ဘယ္သူမ်ားလဲ"

ေမာ့ဟြိုင္ခုန္းက မ်က္ေမွာင္ၾကဳတ္လ်က္ေျပာလာသည္။

"အဲဒီလူက ရႉက်ဳံးၿမိဳ႕က ရွိန္အိမ္ေတာ္ရဲ႕အရွင္သခင္ရွိန္ရွန့္ပဲ။ မ်ားေသာအားျဖင့္ သူက မိန္းမပ်ိဳေလးတစ္ေယာက္လိုပဲ အိမ္ထဲကအိမ္ျပင္ကို ေျခတစ္လွမ္းေတာင္ထြက္တာမဟုတ္ဘူး။ သူ႕ရဲ႕ျဖဴဝင္းေခ်ာမြတ္ေနတဲ့ မ်က္ႏွာေခ်ာေခ်ာေလးကို ေနေလာင္သြားမွာစိုးလို႔ဆိုလား။ ဒါေပမဲ့ အဲ့လိုလူက သူ႕ရဲ႕ႏုႏုထြတ္ထြတ္အသားအရည္ေလးကိုစေတးခံၿပီး တုံ႕ထင္လိုခရီးအေဝးႀကီးကို ဘာကိစၥေရာက္လာရတာလဲ။ တကယ္ပဲ ထူးေတာ့ထူးဆန္းတယ္"

ေခ်ာင္ေဝ့နင္က ထိုလူအေၾကာင္းကို တစ္ႀကိမ္တစ္ခါမွ်ၾကားဖူးနားဝမရွိေသာ​ေၾကာင့္ အူတီးအူေၾကာင္ျဖင့္ 'ေၾသာ္' ဟုသာေရ႐ြတ္လိုက္၏။ ေမာ့ဟြိုင္ခုန္းက သူ၏နလပိန္းတုံးအမူအရာမ်ိဳးကို သည္းမခံနိုင္ဆုံးျဖစ္ေလရာ ေခ်ာင္ေဝ့နင္ကို တစ္ခ်က္မွ်စူးစိုက္ၾကည့္ရႈလိုက္ၿပီးေသာ္ ေနာက္ဆုံး၌ ျဖစ္ေၾကာင္းကုန္စင္အေသးစိတ္ကိုရွင္းျပလိုက္ေလေတာ့သည္။

"မင္းတို႔အခုေခတ္လူငယ္ေတြတစ္ဝက္ေက်ာ္ေလာက္က အရင္တုန္းကအေၾကာင္းေတြကို မသိၾကေတာ့ဘူးပဲ။ ဟိုးေရွးေရွးတုန္းက က်န္းဟူမွာ နာမည္ဂုဏ္သတင္းေက်ာ္ေဇာထင္ရွားၿပီး ၾသဇာတိကၠမႀကီးမားတဲ့ စံအိမ္ေတာ္ငါးအိမ္ရွိတယ္။ က်န္းနန္က က်န္းအိမ္ေတာ္၊ ထိုက္ဟူက ေက်ာက္အိမ္​ေတာ္၊ တုံ႕ထင္က ေကာင္းအိမ္ေတာ္၊ ရႉက်ဳံးက ရွိန္အိမ္ေတာ္နဲ႕ ထိုက္ရွင္က လုအိမ္ေတာ္တို႔ပဲ။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ ေက်ာက္က်င့္နဲ႕ေကာင္းခ်ဳံတို႔ကလြဲရင္ က်န္းအိမ္ေတာ္မွာလဲ ဆက္ခံသူ က်န္းမ်ိဳးဆက္တစ္ေယာက္ပဲက်န္ေတာ့တယ္။ ရွိန္အိမ္ေတာ္ကေတာ့ အေစာႀကီးကတည္းက ေ႐ႊလင္ပန္းနဲ႕လက္ေဆးသြားခဲ့ၿပီး က်န္းဟူရဲ႕အေရးကိစၥေတြမွာဝင္မပါေတာ့ဘဲ လက္ေရွာင္ေနခဲ့တာအေတာ္ၾကာၿပီ။ လုအိမ္ေတာ္မွာလဲ ဆက္ခံသူတစ္ေယာက္မွမရွိေတာ့ဘူး။ အရင္ကတည္းက စံအိမ္ေတာ္ငါးအိမ္ရဲ႕ နာမည္ဂုဏ္သတင္းေက်ာ္ေဇာမႈေတြဟာလဲ တစတစေမွးမွိန္ေလ်ာ့ပါးလာၿပီး မင္းတို႔လိုတခ်ိဳ႕လူငယ္ေတြက သူတို႔ကိုမသိၾကေတာ့တာပဲ"

ေခ်ာင္ေဝ့နင္က သူ႕လက္ေခ်ာင္းမ်ားကိုတစ္ေခ်ာင္းခ်င္းခ်ိဳး၍တြက္ဆေနရင္း ေမးျမန္းလိုက္၏။

"မဟုတ္ေသးဘူးေလ....ဆရာတူဦးေလး...က်န္းအိမ္ေတာ္က မ်ိဳးဆက္ကိုထည့္တြက္ထားရင္ေတာင္မွ စံအိမ္ေတာ္ေလးအိမ္ပဲရွိတာမဟုတ္ဘူးလား။ ဘယ္လိုလုပ္ၿပီး ငါးအိမ္ေတာ္ျဖစ္ေနရတာလဲ"

ေမာ့ဟြိုင္ခုန္းက စိတ္မရွည္စြာျပန္ေျဖလိုက္သည္။

"အဲဒါက ဘာျဖစ္လို႔လဲဆိုေတာ့ လုအိမ္ေတာ္ရဲ႕အရွင္သခင္ျဖစ္သူက လြန္ခဲ့တဲ့ဆယ္ႏွစ္ဝန္းက်င္ေလာက္ကပဲ နာမက်န္းျဖစ္ၿပီးအသက္ဆုံးပါးသြားခဲ့တယ္။ အဲဒီလူက အရင္ဘဝတုန္းက ကုသိုလ္ေကာင္းမႈေတြမ်ားမ်ားစားစားမလုပ္ခဲ့ေလေတာ့ ဒီဘဝမွာ သူ႕မ်ိဳးဆက္ကိုဆက္ခံမဲ့သူတစ္ေယာက္တေလမွမရွိဘဲ သူလဲ ေသသြားေရာ မ်ိဳးဆက္ပါတစ္ခါတည္းျပတ္သြားေတာ့တာပဲ။ ဒါေပမဲ့ သူက သရဲဘဝေျပာင္းသြားတဲ့ ဟြရွန္းဂိုဏ္းခ်ဳပ္ ဟြာဖန္လင္နဲ႕ ခင္မင္ရင္းႏွီးစြဲရွိတဲ့အတြက္ သူ႕ရဲ႕ပိုင္ဆိုင္မႈေတြနဲ႕ လက္​ေအာက္ငယ္သားတပည့္တပန္းအနည္းငယ္ကို ဟြရွန္းဂိုဏ္းဆီ ယုံယုံၾကည္ၾကည္နဲ႕လႊဲေျပာင္းေပးအပ္ခဲ့တယ္။ ဟြာခ်င္းစုန႔္ကလဲ အခုဒီေနရာမွာေရာက္ေနတာဆိုေတာ့ သူ႕ကို လုအိမ္ေတာ္အျဖစ္ သတ္မွတ္လို႔ရတယ္ေလ။ မင္းက ဒါေလးေတာင္မသိဘဲ ဘာလို႔ဒီေလာက္ေတာင္ေမးခြန္းေတြအမ်ားႀကီးေမးေနရတာလဲ။ ဘယ္သူေမးေမး ငါက မင္းရဲ႕ဆရာတူဦးေလးလို႔မေျပာနဲ႕၊ ရွက္ဖို႔ေကာင္းလြန္းလို႔"

ရွိန္ရွန့္က ဆရာေတာ္ခ်ီမုႏွင့္ တီးတိုးေျပာဆိုေနသည္ကိုေတြ႕လိုက္ရသည္။ ဆရာေတာ္ခ်ီမုက သက္ျပင္းတစ္ခ်က္ခ်လိဳက္ကာ ဘုရားတလိုက္ရွာၿပီး ေခါင္းညိတ္ျပေလ၏။ ထို႔ေနာက္တြင္မူ ရွိန္ရွန႔္က မတ္တပ္ထရပ္လိုက္ၿပီး ေနာက္သို႔လွည့္ကာ ရွိန္အိမ္ေတာ္မွတပည့္တစ္ဦး၏ လက္ေပၚတြင္ဆက္သလာသည့္ ေသတၱာဘူးေလးတစ္ဘူးကိုလက္ခံယူကာ ဘူးအဖုံးကိုဖြင့္လိုက္သည္။ အတြင္း၌ပိုးသားပိတ္စျဖင့္ထုပ္ပိုးထားသည့္ အိတ္ေလးတစ္အိတ္ရွိေန၏။ ရွိန္ရွန့္က ထိုအိတ္ကိုဖြင့္လွစ္ျပ​သလိုက္ခ်ိန္ဝယ္ တစ္စုံတစ္ေယာက္ထံမွ ရင္သတ္ရႈေမာလွစြာေသာ အံ့ၾသတႀကီးေအာ္ဟစ္သံတို႔ထြက္ေပၚလာသည္။

"ေက်ာက္သလင္းျပာပဲ"

ေခ်ာင္ေဝ့နင္သည္လည္း လည္တဆန့္ဆန့္ျဖင့္ စူးစမ္းၾကည့္ရႈေနရွာသည္။ ထိုေသတၱာဘူးထဲမွပစၥည္းကို အမ်ားေရွ႕ေမွာက္သို႔ အျပည့္အဝ႐ုပ္လုံးေပၚေအာင္ထုတ္ယူျပသလိုက္ေသာအခါဝယ္ လက္ဖဝါးအ႐ြယ္မွ်သာရွိေသာ အလြန္အင္မတန္အေသးစိတ္ၿပီးအႏုသုခုမလက္ရာေျမာက္လွသည့္ သလင္းေက်ာက္အပိုင္းအစတစ္ခုကိုေတြ႕လိုက္ရေလသည္။ ထိုပစၥည္းမွာ လူေပါင္းမ်ားစြာ၏အၾကည့္မ်ားေအာက္ဝယ္ တလက္လက္လင္းလက္ေတာက္ပေန၏။ အကယ္၍ ထိုပစၥည္းသည္ေက်ာက္သလင္းျပာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားျခင္းမရွိခဲ့ပါက ထိုသလင္းေက်ာက္အစိတ္အပိုင္းေလးတစ္ခုမွာ သိုင္းေလာကတစ္ခြင္လုံးကို အညွီအေဟာက္ေလျပင္းမုန္တိုင္းထန္ေစကာ ေသြးမိုး႐ြာသြန္းၿဖိဳးေစခဲ့သည့္အရာျဖစ္ေၾကာင္း မည္သူကသိပါအံ့နည္း။

ယြီခ်ိဳးဖုန္း၏လည္မ်ိဳမွာ မဆိုစေလာက္လႈပ္ခတ္သြားကာ သူက လည္ေခ်ာင္းရွင္းလိုက္ရင္း ဗလုံးဗေထြးေမးျမန္းလိုက္သည္။

"အဲဒါက တကယ္ပဲ ေက်ာက္သလင္းျပာအစိတ္အပိုင္းငါးခုထဲက တစ္ခုလား"

ရွိန္ရွန႔္က ျပန္ေျဖလိုက္သည္။

"ေသခ်ာတာေပါ့ဗ်ာ"

စကားဆုံးေသာ္ သူ႕အၾကည့္မ်ားမွာ ေကာင္းခ်ဳံထံသို႔လႊဲေျပာင္းေရာက္ရွိသြား၏။

ေကာင္းခ်ဳံ၏မ်က္ႏွာအမူအရာမွာ ခန့္မွန္းရခက္ခဲလြန္းလွသည္။ သူက တခဏမွ်ႏႈတ္ဆိတ္ေနၿပီးေနာက္တြင္မူ တစ္ဖက္တြင္ရပ္ေနသည့္ သန့္ခြန္းကိုေျပာလိုက္၏။

"ငါ့စာၾကည့္ခန္းရဲ႕ ဘယ္ဘက္ျခမ္းတံခါးနားက စာအုပ္စင္ရဲ႕တတိယေျမာက္အတန္းမွာ 'ဂႏၳဝင္ဓေလ့ထုံးတမ္းမ်ား' ဆိုတဲ့စာအုပ္ရွိတယ္။ အဲဒီစာအုပ္ေနာက္မွာ လွ်ို႔ဝွက္အံဝွက္ေလးတစ္ခုရွိတယ္။ မင္း အဲဒါကိုဖြင့္ၿပီး အထဲမွာရွိေနတဲ့ပစၥည္းကိုယူလာခဲ့"

သန့္ခြန္းမွာ အေၾကာင္းရင္းကို ေကာင္းစြာနားမလည္သည့္တိုင္ ဆရာျဖစ္သူ၏ၫႊန္ၾကားခ်က္အတိုင္းထြက္သြားကာ ေခတၱခဏၾကာေသာ္ လက္ထဲတြင္ေသတၱာဘူးငယ္ေလးတစ္ခုႏွင့္အတူ ျပန္လည္ေရာက္ရွိလာသည္။ ေကာင္းခ်ဳံက ထိုဘူးေလးကိုလွမ္းယူကာ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး အားလုံး၏ေရွ႕ေမွာက္တြင္ ဘူးကိုဖြင့္ကာ ရွိန္ရွန႔္၏အႏွီဘူးေလးႏွင့္အတူ ေဘးခ်င္းယွဥ္လ်က္ခ်ထားလိုက္၏။ ဒ႑ာရီလာေက်ာက္သလင္းျပာအစိတ္အပိုင္းႏွစ္ခုသည္ကား ဤသို႔ဤႏွယ္ လူအမ်ားေရွ႕ေမွာက္တြင္ ေပၚေပၚထင္ထင္ထြက္ေပၚလာၿပီျဖစ္သည္။

ေကာင္းခ်ဳံကေျပာလာသည္။

"ကိစၥေတြကဒီလို​ျဖစ္လာၿပီဆိုမွေတာ့ လူႀကီးမင္းတို႔ကို ဒီအဘိုးႀကီးက မျဖစ္မေနေျဖရွင္းခ်က္တစ္ခုေပးရေတာ့မွာေပါ့ဗ်ာ။ အမွန္စင္စစ္ ေက်ာက္သလင္းျပာက အစိတ္အပိုင္းငါးခုရွိပါတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔ တစ္ေယာက္ခ်င္းစီက အစိတ္အပိုင္းတစ္ခုစီကိုယူထားခဲ့ၾကတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ေနာင္ေတာ္လု အခ်ိန္မတိုင္ခင္ကြယ္လြန္အနိစၥေရာက္သြားတဲ့အခါ သူ႕ရဲ႕ေက်ာက္သလင္းျပာကို ထိုက္ဆန္းဂိုဏ္းခ်ဳပ္ျဖစ္တဲ့ 'ဟြာသူရဲေကာင္း' ထံ ယုံၾကည္စိတ္ခ်စြာအပ္ႏွံခဲ့တယ္။ ဒါေပမဲ့ မထင္မွတ္ဘဲ အဲဒါက သူ႕အတြက္ ေသမင္းတမန္ေဘးအႏၱရာယ္ဆိုးႀကီးကို ဖိတ္ေခၚလိုက္သလိုျဖစ္သြားခဲ့တာပဲ"

ဆရာေတာ္ခ်ီမုက စကားဆက္လိုက္၏။

"ေအာမီေထာေဖာ...ဘာေတြျဖစ္ပ်က္သြားခဲ့သလဲဆိုတာကို ကိုယ္ေတာ္လဲ သိသင့္သေလာက္သိထားခဲ့ပါတယ္"

လူအားလုံး၏အၾကည့္မ်ားသည္ကား ပါးသိုင္းေမြး၊ မုတ္ဆိတ္ေမြးမ်ားဆြတ္ဆြတ္ျဖဴေနသည့္ ဥပဓိ႐ုပ္ရည္တည္ၾကည္ခန႔္ညားလွေသာ ေရွာင္လင္​ေက်ာင္းထိုင္ဆရာေတာ္ႀကီးထံသို႔ လႊဲေျပာင္းက်ေရာက္သြားၾကေလသည္။

"အခုဒီေနရာမွာရွိေနတဲ့ဧည့္သည္ေတာ္ေတြထဲမွာ လြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးဆယ္တုန္းက သိုင္းေလာကတစ္ခြင္မွာျဖစ္ပ်က္သြားခဲ့တဲ့ ကပ္ေဘးဆိုးႀကီးကိုမွတ္မိတဲ့လူမ်ားရွိၾကဦးမလားမသိဘူး"

စကားဆုံးသည္ႏွင့္တစ္ၿပိဳင္နက္ လူအုပ္ထဲရွိဧည့္ပရိသတ္ထဲမွ အသက္အ႐ြယ္ႀကီးရင့္သူတခ်ိဳ႕၏မ်က္ႏွာအမူအရာတို႔မွာ ႐ုတ္ခ်ည္းေျပာင္းလဲသြားရွာေတာ့သည္။ အုတ္ေအာ္ေသာင္နင္းျဖစ္ေနေသာျမင္ကြင္းကို တစ္ခ်ိန္လုံး ေဘးမွလက္ပိုက္ရပ္ၾကည့္ေနသည့္ ယဲ့ပိုင္ရီးသည္ပင္ မဆိုစေလာက္ေခါင္းေထာင္လာသည္။

တစ္ခ်ိန္တည္းမွာပင္ က်ိဳးက်စ္ရႉးကလည္း သူသိထားခဲ့သမွ် က်န္းအိမ္ေတာ္၏ ေရွးေဟာင္းႏွောင္းျဖစ္မ်ားကို ဘာဆိုဘာမွ်မသိနားမလည္ေသာ အူလည္လည္ျဖစ္ေနရွာသည့္ က်န္းခ်န္လင္ကိုျပန္ေျပာင္းေျပာျပေနသည္။ တစ္ဖက္တြင္​မူ ဝမ္းခယ့္ရွင္မွာ ပတ္ဝန္းက်င္ကိုလုံးဝဥႆုံလ်စ္လ်ဴရႈထားလ်က္ အိပ္ေကာင္းေကာင္းႏွင့္စက္ေတာ္ေခၚေနရွာသည္။ က်ိဳးက်စ္ရႉးက သူ႕ကိုေျခေထာက္ျဖင့္ကန္ထုတ္လိုက္ေသာ္ျငား သူ႕အကၤ်ီစကိုမလႊတ္တမ္းဆုပ္ကိုင္ထားရင္း ေျမျပင္ေပၚ၌ ေျခကားယားလက္ကားယားျဖင့္ ဣႏၵျေသိကၡာကင္းမဲ့စြာဆန့္ဆန့္ႀကီးလဲေလ်ာင္းေန၏။

က်ိဳးက်စ္ရႉးခမ်ာ နံနက္စာစားရန္ျပင္ေနခိုက္မွာပင္ နံနက္ေဝလီေဝလင္းအခ်ိန္၌ ေခ်ာင္ေဝ့နင္ဆြဲေခၚရာေနာက္သို႔ ဒေရာေသာပါးလိုက္လာခဲ့ရသျဖင့္ မနက္စာမစားခဲ့ရရွာေပ။ သို႔ျဖစ္ရာ သူက စားစရာတခ်ိဳ႕ကို သိမ္းထုပ္ယူေဆာင္လာခဲ့သည္။ ယခုအခါ ထိုယူလာခဲ့ေသာစားစရာမ်ားကိုထုတ္ကာ က်န္းခ်န္လင္ကိုလွမ္းေပးလိုက္ၿပီး ထိုေကာင္ေလး အငမ္းမရပလုပ္ပေလာင္းစားေသာက္ေနသည္ကို ၾကည့္ရႈေနလိုက္သည္။

"လြန္ခဲ့တဲ့ႏွစ္ေပါင္းသုံးဆယ္ေလာက္က အျဖစ္အပ်က္ေတြဆိုေတာ့ ငါလဲအၾကမ္းဖ်င္းေလာက္ပဲသိတယ္။ အဲဒီတုန္းက မင္းအေဖလဲ အသက္ငယ္ငယ္လူ႐ြယ္တစ္ေယာက္အ႐ြယ္ပဲရွိဦးမွာေပါ့။ က်န္းဟူမွာ ႐ုံ႐ႊမ့္လို႔ေခၚတဲ့ ပါရမီရွင္သိုင္းသမားတစ္ဦးေပၚထြက္လာခဲ့တယ္။ သူ႕ရဲ႕ဓားရွည္တစ္လက္နဲ႕အတူ သူဟာ သိုင္းေလာကတစ္ခြင္မွာ အႏွိုင္းမဲ့ၿပိဳင္ဘက္ကင္းသိုင္းပညာရွင္တစ္ဦးျဖစ္လာခဲ့တယ္။ သူက ခရီးသြားလာရတာကိုႀကိဳက္ႏွစ္သက္တဲ့အတြက္ အရပ္မ်က္ႏွာအႏွံ႕ေလလြင့္ေလွ်ာက္သြားရင္း သူရဲေကာင္းအသီးသီးနဲ႕မိတ္ေဆြဖြဲ႕ခဲ့တယ္။ ေျပာၾကတာက အိမ္ေတာ္ငါးအိမ္က ေရွ႕မ်ိဳးဆက္အရွင္သခင္ငယ္ေလးေတြနဲ႕ အေတာ္ေလးခင္မင္ရင္းႏွီးခဲ့ၾကတယ္တဲ့။ အခုေတာ့ အိမ္ေတာ္ငါးခုလုံးက သူ႕အေၾကာင္းကိုစကားေတာင္မဟၾကေတာ့ေပမဲ့ မင္းကေတာ့ က်န္းမိသားစုရဲ႕ဆက္ခံသူျဖစ္တာမို႔ အေၾကာင္းစုံကိုသိထားမွာေပါ့"

က်န္းခ်န္လင္က ေခါင္းညိတ္ျပလိုက္၏။ ပါးစပ္ေထာင့္နားတြင္မူ မုန့္အစအနတခ်ိဳ႕ ေပက်ံကပ္ၿငိေနသည္။ သူက ေျပာလာသည္။

"ဒါေပမဲ့ အေဖက သူ႕အေၾကာင္းကိုတစ္ခါမွမေျပာျပဖူးဘူး"

"မင္းအေဖမွမေျပာျပတာမဟုတ္ဘူး၊ ႏွစ္ေပါင္းသုံးဆယ္လုံးလုံး သူ႕နာမည္ဟာ သိုင္းေလာကမွာ ဘယ္သူမွထုတ္မေျပာရဲၾကတဲ့ တားျမစ္ခ်က္တစ္ခုျဖစ္ခဲ့တာမို႔လို႔ပဲ"

က်ိဳးက်စ္ရႉးက သက္ျပင္းတစ္ခ်က္ခ်ကာ စကားကိုဆက္သည္။

"ေနာက္ေတာ့ သူ အိမ္ေထာင္ျပဳလိုက္တယ္။ ေျပာၾကတာက သူ႕ရဲ႕ဇနီးမယားျဖစ္သူဟာလဲ အလြန္အင္မတန္႐ုပ္ဆင္းအဂၤါေခ်ာေမာလွပသူျဖစ္႐ုံသာမက ပညာအရာထူးခြၽန္ထက္ျမက္တဲ့ နတ္ေဆးဆရာေတာင္ၾကားက ထြက္လာတဲ့သူဆိုပဲ....."

ေျပာေနရင္းတန္းလန္းမွာပင္ က်ိဳးက်စ္ရႉးက ႐ုတ္တရက္စကားစျပတ္သြားၿပီး ေခါင္းကိုငုံ႕လ်က္ ဝမ္းခယ့္ရွင္ကိုတစ္ခ်က္လွမ္းၾကည့္ကာ စိတ္ထဲ၌ေတြးေတာလိုက္သည္။

သူလဲ နတ္ေဆးဆရာေတာင္ၾကားကထြက္လာတဲ့လူပဲ။ ဧကႏၱ တိုက္ဆိုင္တာမ်ားလား

က်ိဳးက်စ္ရႉးေခါင္းျပန္ေမာ့လိုက္ေသာအခါ က်န္းခ်န္လင္က မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ သူစကားဆက္လာမည္ကို ေမွ်ာ္လင့္တႀကီးေစာင့္ဆိုင္းေနသည္ကိုေတြ႕လိုက္ရသည္။ က်ိဳးက်စ္ရႉး၏စိတ္ထဲတြင္ မဆိုစေလာက္သံသယစိတ္တို႔ဝင္လာသည့္တိုင္ က်န္းခ်န္လင္ေရွ႕တြင္ ထုတ္ေဖာ္ျပသျခင္းမျပဳဘဲ စကားဆက္လိုက္၏။

"သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ အလြန္အင္မတန္ ခ်စ္ခင္ျမတ္နိုးၾကတယ္။ နတ္ဖတ္တဲ့စုံတြဲလိုပဲ။ ဒါေပမဲ့ ဘယ္သူထင္မွာတဲ့လဲ။ တစ္ေန႕မွာ အဲဒီ႐ုံ႐ႊမ့္ရဲ႕ဇနီးသည္ဟာ တစ္စုံတစ္ေယာက္ရဲ႕လုပ္ႀကံသတ္ျဖတ္ျခင္းကိုခံလိုက္ရတယ္"

က်န္းခ်န္လင္က အံ့ၾသတုန္လႈပ္သြားလ်က္ တုံးအႏုံခ်ာေသာေမးခြန္းကိုေမးလိုက္၏။

"ဘာလို႔လဲ"

က်ိဳးက်စ္ရႉးက ရယ္ေမာလိုက္သည္။ တစ္ေယာက္ေယာက္ကိုသတ္ဖို႔အတြက္ အေၾကာင္းျပခ်က္လိုအပ္ပါမည္လား။

သို႔တိုင္ သူ စဥ္းစားေတြးေတာၿပီး ရွင္းျပလိုက္သည္။

"အမ်ားစုကေတာ့ အျပစ္မဲ့တဲ့သာမန္လူတစ္ေယာက္ဟာ ေက်ာက္စိမ္းလက္စြပ္ကိုရင္ဝယ္ပိုက္မိတဲ့အတြက္ အျပစ္သားတစ္ေယာက္ဘဝကိုေရာက္သြားရတဲ့အျဖစ္မ်ိဳးပါပဲ။ ႐ုံ႐ႊမ့္ရဲ႕ဓားသိုင္းပညာကို ငါလဲတစ္ခါမွမျမင္ဖူးခဲ့ဘူး။ ေျပာစကားေတြအရေတာ့ သူရဲ႕သိုင္းပညာဟာ 'အႏွိုင္းမဲ့' ဆိုတဲ့စကားလုံးေလးလုံးနဲ႕ တကယ့္ကိုလိုက္ဖက္ညီလွတယ္တဲ့။ သူ အသက္သုံးဆယ္မျပည့္တျပည့္မွာေတာ့ သူ႕ဘာသာသူ ဂိုဏ္းတစ္ဂိုဏ္းကိုဖြဲ႕စည္းတည္ေထာင္ၿပီး ဒ႑ာရီလာၿပိဳင္ဘက္ကင္း 'ဖုန္းရွန္းဓား' ဆိုတာကို တီထြင္ဖန္တီးခဲ့တယ္။ ေတာင္ေတြကိုအစိတ္စိတ္အႁမႊာႁမႊာထြင္းေဖာက္လို႔ ပင္လယ္သမုဒၵရာကိုအပိုင္းပိုင္းျဖတ္ေတာက္နိုင္တဲ့ ဖုန္းရွန္းဓားသိုင္းပညာရဲ႕ အံ့ခ်ီးဖြယ္စြမ္းအားေတြကို ​ဒီတစ္သက္ျမင္ေတြ႕ခြင့္မရခဲ့တာဟာ ေနာင္တႀကီးတစ္ခုပဲ။ အဲဒီဖုန္းရွန္းဓားသိုင္းပညာရပ္ကို သူက အတြဲ ၂ တြဲပိုင္းျခားထားခဲ့တယ္။ ပထမတြဲက ပင္မသိုင္းက်မ္းေတြ၊ ဒုတိယပိုင္းကေတာ့ သူကိုယ္တိုင္တီထြင္ဖန္တီးထားတဲ့ ဓားသိုင္းပညာေတြပဲ။ ေကာလာဟလေတြအရေတာ့ ပထမတြဲက သူအမွတ္မထင္ရွာေဖြေတြ႕ရွိခဲ့တဲ့ ေရွးေဟာင္းလွ်ို႔ဝွက္သိုင္းက်မ္းထဲက သိုင္းပညာေတြတဲ့။ သူ႕ရဲ႕စိတ္ႏွလုံးဟာလဲ အဲဒါေတြေၾကာင့္ေျပာင္းလဲယိမ္းယိုင္သြားခဲ့တယ္။ မင္းလဲသိမွာေပါ့၊ 'ၿပိဳင္ဘက္ကင္းသိုင္းပညာရွင္' ဆိုတဲ့စကားလုံးဟာ လူသားေတြကို ဘယ္ေလာက္ေတာင္႐ူးသြပ္သြားေစနိုင္တဲ့စကားလဲဆိုတာ"

က်န္းခ်န္လင္က ဆက္ေမးလိုက္သည္။

"ေနာက္ေတာ့ေရာ ဘာ​ေတြဆက္ျဖစ္သြားၾကလဲဟင္"

"ေနာက္ေတာ့ သူ႕စိတ္ႏွလုံးထဲမွာ ပူေဆြးေသာကေတြႀကီးမားလာၿပီး မိစ္ဆာလမ္းစဥ္ထဲကိုဝင္ေရာက္သြားတယ္။ စိတ္ေနသေဘာထားေတြပါ ေဖာက္လႊဲေဖာက္ျပန္ျဖစ္သြားၿပီး အျပစ္မဲ့တဲ့လူေကာင္းေတြကိုပါ လိုက္လံသတ္ျဖတ္ေတာ့တယ္။ ေနာက္ဆုံးေတာ့ အိမ္ေတာ္ငါးအိမ္လဲ ဘယ္လိုမွမတတ္သာေတာ့ဘဲ ဒီျဖစ္ရပ္ေတြထဲပါဝင္ပတ္သက္လာရၿပီး ရွန္းဟယ္အမိန႔္ျပားကိုဆင့္ေခၚလိုက္တယ္။ အခ်င္းခ်င္းလက္တြဲပူးေပါင္းၿပီး သူ႕ကိုလိုက္လံသတ္ျဖတ္ရတယ္__စဥ္းစားၾကည့္ရင္ ရွန္းဟယ္အမိန႔္ျပားဟာ ဒီေလာကႀကီးထဲကိုထြက္ေပၚလာကတည္းက ဒီေန႕ဒီအခ်ိန္ထိဆိုရင္ ႏွစ္ေပါင္းသုံးဆယ္ေတာင္ရွိသြားၿပီပဲ။ ေနာက္ေတာ့ ႐ုံ႐ႊမ့္ဟာ ဖုန္းရာေတာင္တန္းေတြေပၚက ခ်င္းက်ဴေတာင္ၾကားထဲကိုထြက္ေျပးဝင္ေရာက္သြားၿပီး အဲဒီေနရာမွာပဲ သူ႕ကိုလိုက္လံဖမ္းဆီးတဲ့အိမ္ေတာ္ငါးအိမ္က အဖြဲ႕သားေတြနဲ႕ တိုက္ပြဲအႀကီးအက်ယ္ျဖစ္ၾကတယ္။ လူေတြ ဘယ္ႏွေယာက္ေတာင္ေသဆုံးသြားၾကသလဲဆိုတာ ဘယ္သူမွမသိနိုင္ဘူး။ ဒီေန႕ဒီအခ်ိန္ထိ ညဘက္ဆိုရင္ ေသဆုံးသြားတဲ့ဝိညာဥ္ေတြရဲ႕ ငိုေႂကြးျမည္တမ္းသံေတြကိုေတာင္ၾကားေနရေသးတယ္လို႔ေျပာၾကတာေတြရွိတယ္။ တစ္ခ်ိန္တုန္းက ေဘာင္းဘီတစ္ထည္တည္းကို အတူတကြဝတ္ဆင္ဖူးတဲ့လူေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ မေသမခ်င္း တုတ္တျပက္ဓားတျပက္တိုက္ခိုက္သတ္ျဖတ္ရမဲ့ ရန္သူေတြျဖစ္သြား​ရလိမ့္မယ္လို႔ ဘယ္သူကထင္မွာတဲ့လဲ"

ဤကမၻာေလာကႀကီးေပၚတြင္ မိတ္ေဆြသံေယာဇဥ္ဟူေသာအရာမွာ ဤကဲ့သို႔အေျပာင္းအလဲလြယ္တတ္ပါသည္လား။

က်ိဳးက်စ္ရႉးက ေခတၱခဏမွ်ရပ္နားၿပီးေနာက္ ေခါင္းတဆတ္ဆတ္ညိတ္ကာ ဆက္ေျပာလာ၏။

"အမွန္ပဲ။ ဖုန္းရာေတာင္ေပၚက ခ်င္းက်ဴေတာင္တန္းဆိုတာ တကယ္ေတာ့ သရဲေတာင္ၾကားကိုေျပာတာပဲ။ အဲဒီတုန္းက တစ္ေဆမိစ္ဆာေတြဟာ ဘာေၾကာင့္ ႐ုံ႐ႊမ့္ရဲ႕ဘက္ကေန ရပ္တည္တိုက္ခိုက္ေပးခဲ့ၾကသလဲဆိုတာကို ဒီေန႕ဒီအခ်ိန္ထိ ဘယ္သူမွနားမလည္ၾကဘူး။ တိုက္ပြဲဟာ ေန႕ေပါင္းမ်ားစြာ၊ ညေပါင္းမ်ားစြာၾကာျမင့္ခဲ့ၿပီး ေနာက္ဆုံး ႐ုံ႐ႊမ့္တစ္ေယာက္ သူ႕ကိုယ္သူသတ္ေသသြားတဲ့အခါက်မွပဲ အဆုံးသတ္သြားေတာ့တယ္။ သိုင္းေလာကတစ္ခြင္မွာလဲ သူရဲေကာင္းေတြတစ္ဝက္ေလာက္နီးပါးထိခိုက္ဆုံးရႈံးခဲ့ၿပီး အိမ္ေတာ္ငါးအိမ္ဟာလဲ အဲဒီအခ်ိန္ကစလို႔ နလန္မထူနိုင္ေအာင္ျဖစ္ခဲ့ရတယ္။ ႏွစ္ဖက္လုံး အထိအခိုက္အက်အဆုံးမ်ားခဲ့ၿပီးတဲ့ေနာက္ အဆုံးမွာေတာ့ သရဲေတာင္ၾကားထဲကို ဝင္ၿပီးရင္ျပန္ထြက္ခြင့္မရွိဘူး ဆိုတဲ့စည္းမ်ဥ္းတစ္ခုကိုခ်မွတ္ခဲ့ၿပီး
ႏွစ္ေပါင္းသုံးဆယ္စာ တည္ၿငိမ္ေအးခ်မ္းမႈကိုေဆာင္ၾကဥ္းေပးခဲ့ၾကတယ္"

ဤေနရာအေရာက္တြင္မူ က်ိဳးက်စ္ရႉးမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူကိုယ္တိုင္လည္း ယခုအျဖစ္အပ်က္မ်ားကို တဆင့္စကားတဆင့္နားျဖင့္သာၾကားခဲ့ရသူျဖစ္ေသာေၾကာင့္ သူ၏ကိုယ္ပိုင္ခန့္မွန္းယူဆခ်က္မ်ားကို တစ္လုံးတစ္ပါဒမွ်ထည့္သြင္းေျပာၾကားခဲ့ျခင္းမရွိေပ။ ယခုကဲ့သို႔ ျဖစ္ေၾကာင္းကုန္စင္ကို တဆင့္ျပန္လည္ေျပာျပရေသာအခါတြင္မူ အမွန္တကယ္တမ္း သူနားမလည္နိုင္ေသာေနရာမ်ားစြာရွိေနခဲ့သည္။ ဥပမာအားျဖင့္ ထိုစဥ္ႏွစ္ကာလမ်ား၌ ဖုန္းရာေတာင္ေပၚတြင္ မည္ကဲ့သို႔​ေသာျဖစ္ရပ္မ်ိဳးေတြျဖစ္ပ်က္ခဲ့သလဲဆိုတာႏွင့္ ႐ုံ႐ႊမ့္၏ဇနီးသည္မွာ အဘယ္ေၾကာင့္အသတ္ခံခဲ့ရသလဲဆိုသည့္အခ်က္တို႔ပင္ျဖစ္သည္။ သူ႕ေခတ္သူ႕အခါက ထူးခြၽန္ထက္ျမက္လွသည့္ ပါရမီရွင္သိုင္းပညာရွင္တစ္ဦးသည္ကား မည္သည့္အေၾကာင္းေၾကာင့္ သရဲေတာင္ၾကားထဲသို႔က်ေရာက္သြားၿပီး ထိုအုပ္စုႏွင့္ ပူးေပါင္းလက္တြဲခဲ့ပါသနည္း။ ကံေကာင္းသည္ကား က်န္းခ်န္လင္မွာ လိမၼာပါးနပ္ေသာကေလးတစ္ေယာက္မဟုတ္သည့္အတြက္ နားမလည္ပါးမလည္ႏွင့္ သူေျပာသမွ်ကိုသာ အူတီးအူေၾကာင္ျဖင့္နားေထာင္ေနရွာသည္။

ထိုစဥ္ကအျဖစ္အပ်က္တို႔မွာ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ျမႇုပ္ႏွံ​ခံလိုက္ရသည္။ မည္ေ႐ြ႕မည္မွ်ကမ်ား အလင္းေရာက္ေအာက္သို႔ ထပ္မံေရာက္ရွိလာနိုင္ေတာ့ပါမည္နည္း။

ထိုျဖစ္ရပ္ထဲ၌ ကိုယ္တိုင္ကိုယ္က်ပါဝင္ပတ္သက္ခဲ့ၾကသူမ်ားမွာ ေသလွ်င္ေသ၊ မေသေသးလွ်င္ ပါးစပ္ကိုတင္းတင္းေစ့ပိတ္ထားသူမ်ားသာျဖစ္ေလသည္။ ေကာင္းကင္ျပတင္းသည္ပင္ ထိုႏွစ္တုန္းက မွန္ကန္ေသာအခ်က္အလက္တို႔ကိုရွာေဖြစုေဆာင္းျခင္းငွာ မစြမ္းနိုင္ခဲ့ေပ။ က်ိဳးက်စ္ရႉး သံသယဝင္မိသည္။ ေက်ာက္သလင္းျပာဆိုသည့္ပစၥည္းမွာ ထိုစဥ္အခါက ဖုန္းရာေတာင္တိုက္ပြဲအၿပီး၌ က်န္ရစ္ခဲ့သည့္အရာေပေလာ။

ညေနေစာင္းေသာ္ က်ိဳးက်စ္ရႉးမွာ သူ႕အကၤ်ီကိုအသားကုန္ဆုပ္ကိုင္ထားေသာ ဝမ္းခယ့္ရွင္၏လက္ကို ေအာင္ေအာင္ျမင္ျမင္ဆြဲျဖဳတ္နိုင္ခဲ့ၿပီးေနာက္ ေတာေကာင္ငယ္ေလးအခ်ိဳ႕ကိုအမဲလိုက္လာၿပီး ညစာအျဖစ္အသားကင္မ်ားျပဳလုပ္လိုက္ေလသည္။ သူခ်င့္ခ်ိန္ေတြးဆလိုက္သည္။ မိမိမွာ မည္သည့္ေနရာသို႔သြားပါေစ၊ ကိစၥမရွိေသာ္ျငား ထိုကေလးကို အတူေခၚေဆာင္သြားရျခင္းမွာ သူ႕အတြက္ဝန္ထုပ္ဝန္ပိုးတစ္ခုသဖြယ္ျဖစ္ေနသည္။

သို႔ရာတြင္ သူ႕ကိုမည္သို႔မွ်ဖိအားေပးလိုစိတ္မရွိဘဲ ဘယ္သြား၍ဘာလုပ္မည္ကို က်န္းခ်န္လင္စိတ္တိုင္းက်ခြင့္ျပဳေပးထားေလသည္။

ဝမ္းခယ့္ရွင္မွာမူ အေတာ္ေလးအကြဲအၿပဲေသာက္ထားပုံရသည္။ မိုးစုံးစုံးခ်ဳပ္သြားသည့္တိုင္ေအာင္ အမူးမေျပေသးဘဲ ႐ႊံ႕တုံးႀကီးသဖြယ္ ေျမျပင္ေပၚ၌ပိုးလိုးပက္လက္လဲေလ်ာင္းေနဆဲျဖစ္သည္။ က်ိဳးက်စ္ရႉးက က်န္းခ်န္လင္ကို သင္ခန္းစာမ်ားႏွင့္ပတ္သက္ၿပီး အလြယ္မွတ္နည္းတခ်ိဳ႕သင္ၾကားျပသေပးကာ သူ႕ဘာသာသူေက်ညက္နားလည္သည္အထိ သြားေလ့က်င့္ခိုင္းလိုက္သည္။ ထို႔ေနာက္ တစ္ဖက္တြင္မွီကာ မ်က္လုံးမ်ားကိုမွိတ္ခ်ၿပီး အနားယူေမွးစက္လိုက္သည္။ အခ်ိန္မည္မွ်ၾကာျမင့္သြားသည္မသိ၊ သူအိပ္မႈံစုံမႊားျဖစ္ေနခိုက္မွာပင္ လက္တစ္ဖက္သည္ကား သူ႕ကိုယ္ေပၚသို႔တေ႐ြ႕ေ႐ြ႕ပြတ္သပ္လာသည္ကို ႐ုတ္တရက္ခံစားလိုက္ရသည္။ အဆိုပါလက္မွာ ခိုးေၾကာင္ခိုးဝွက္ျဖင့္ သူ၏အကၤ်ီေပၚရွိၾကယ္သီးမ်ားကိုဆြဲျဖဳတ္ေနသည္။

က်ိဳးက်စ္ရႉးက ထိုလက္​ေကာက္ဝတ္ကို ဆတ္ခနဲဖမ္းခ်ဳပ္လိုက္ကာ မ်က္လုံးဖြင့္ၾကည့္လိုက္သည္။

ဝမ္းခယ့္ရွင္၏ပုံစံကိုၾကည့္ရသည္မွာ ထိုအခ်ိန္၌ အနည္းငယ္မွ်ပင္ မူးယစ္ရီေဝေနဟန္မရွိေတာ့ပါေခ်။ ၎မွာ ဤကဲ့သို႔ဖမ္းဆုပ္ခံလိုက္ရေသာ္ျငား အံ့ၾသတုန္လႈပ္သြားျခင္းမရွိဘဲ ေမွာင္ရိပ္ထဲ၌ က်ိဳးက်စ္ရႉးကိုရယ္က်ဲက်ဲလုပ္ျပလိုက္ေသး၏။ ထို႔ေနာက္ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိလွေသာ ေျဖရွင္းခ်က္တစ္ခုကိုေပးလာေတာ့သည္။

"ကြၽန္ေတာ္က ယုံတမ္းစကားေတြထဲက နာမည္ႀကီး 'ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ' ဆိုတာဘယ္လိုပုံစံမ်ိဳးလဲလို႔ျမင္ဖူးခ်င္႐ုံသက္သက္ပါဗ်။ ခင္ဗ်ားကိုဘာမွမလုပ္ပါဘူး။ တမင္တကာ မဖြယ္မရာလုပ္ဖို႔ရည္႐ြယ္ခ်က္လဲမရွိပါဘူး"

'ေျဖရွင္းခ်က္ေပးျခင္းသည္ ဖုံးကြယ္ရန္ႀကိဳးစားျခင္းျဖစ္ၿပီး ဖုံးကြယ္ရန္ႀကိဳးစားျခင္းသည္ အမွားတစ္ခု၏အစကနဦးပင္ျဖစ္သည္' ဟူသည့္ဆိုရိုးစကားသည္ကား ထိုဝမ္းမ်ိဳးရိုးကေလကေခ်ေကာင္အတြက္ အထူးတလည္သ႐ုပ္ေဖာ္ေရးသားထားသကဲ့သို႔ပင္။

သူ၏လက္တစ္ဖက္မွာ ေျမႀကီးေပၚတြင္ေထာက္ထားလ်က္ရွိၿပီး က်န္လက္ေကာက္ဝတ္တစ္ဖက္မွာမူ က်ိဳးက်စ္ရႉး၏ဖမ္းခ်ဳပ္ျခင္းကိုခံထားရေသာေၾကာင့္ ဝမ္းခယ့္ရွင္၏ခႏၶာကိုယ္အေပၚပိုင္းမွာ က်ိဳးက်စ္ရႉးကိုယ္ေပၚသို႔ အုပ္မိုးထားသည့္ႏွယ္။ ထိုအခ်ိန္၌ က်န္းခ်န္လင္မွာမူ လူေသေကာင္ကဲ့သို႔ ႏွစ္ႏွစ္​ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနလ်က္ရွိရာ သူတို႔ႏွစ္ဦးမွာ အသက္ရႉသံမ်ားႏွင့္စကားသံတို႔ကို အလြန္တရာတိုးဖြညင္သာစြာေျပာဆိုေနရရွာသည္။ အေမွာင္ထုအတြင္း စကားလုံးမ်ားျဖင့္ေဖာ္ၫႊန္း၍မရနိုင္ေသာ အိုးတိုးအမ္းတမ္းပုံစံအေနအထားတြင္ရွိေနေတာ့သည္။

ဝမ္းခယ့္ရွင္က ႐ုတ္ခ်ည္းဆိုသလိုပင္ က်ိဳးက်စ္ရႉးအနားသို႔တိုးကပ္လာကာ သူ၏အေပၚဝတ္႐ုံကိုခြၽတ္၍ က်ိဳးက်စ္ရႉးကိုယ္ေပၚသို႔လႊမ္းၿခဳံေပးလိုက္သည္။ ထို႔ေနာက္ က်ိဳးက်စ္ရႉး၏နားထင္တစ္ဝိုက္ ကပိုကရိုဝဲက်ေနေသာ ဆံခ်ည္မွ်င္မ်ားကို လက္ျဖင့္ေလွ်ာက္ဖြေနရင္း ေလသံသဲ့သဲ့ျဖင့္ေမးလာ၏။

"အား႐ႊိ....'က်ိဳး႐ႊိ' ဆိုတာ ခင္ဗ်ားရဲ႕နာမည္အရင္းလား"

က်ိဳးက်စ္ရႉးက ဝမ္းခယ့္ရွင္၏လက္ကိုဖ်တ္ခနဲပုတ္ထုတ္ကာ သူ႕ကိုတြန္းထုတ္လိုက္ၿပီး ေျဖာင့္မတ္တည္ၾကည္ေသာေလသံျဖင့္ ခြန္းတုံ႕ျပန္လိုက္၏။

"ေနာင္ေတာ္ဝမ္းက ဘယ္လိုဟာသမ်ိဳးေျပာလိုက္တာပါလိမ့္။ 'ဝမ္းခယ့္ရွင္' ဆိုတာ မင္းရဲ႕နာမည္အရင္းလားလို႔ ျပန္ေမးရမလိုေတာင္ျဖစ္ေနၿပီ"

အႏွီစကားကိုၾကားေသာ္ ဝမ္းခယ့္ရွင္မွာ မ်က္ခုံးႏွစ္ဖက္ျမင့္တက္သြားကာ ပို၍တိုးဖြညင္သာေသာေလသံျဖင့္ တန္ျပန္ေမးခြန္းထုတ္လိုက္ေလ၏။

"ဒါျဖင့္ ခင္ဗ်ားရဲ႕သေဘာအရဆိုရင္ ကြၽန္ေတာ့္ကို ဘယ္လိုမ်ားေခၚခ်င္လို႔တုန္း"

က်ိဳးက်စ္ရႉးက ေခတၱခဏတိတ္ဆိတ္သြားၿပီးေနာက္ ခပ္တိုးတိုးေမးျမန္းလာသည္။

"ေနာင္ေတာ္ဝမ္း...မင္းရဲ႕မ်ိဳးရိုးနာမည္က တကယ္ပဲ 'ဝမ္း' ေရာဟုတ္ရဲ႕လား။ ငါထင္ေနတာက မင္းက '႐ုံ' မ်ိဳးရိုးမ်ားလားလို႔"

Continue Reading

You'll Also Like

40K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
158K 14K 22
!!Host...တျခားဘဝကုိသြားဖုိ႔အဆင္သင့္ဘဲလာ!! . . . .!!!FUCK!!!ခ်ီးမုိ႔လုိ႔ !!!Hostစိတ္ထိန္းသင္တယ္ တာဝန္ေတြထမ္းေဆာင္ပီးမွ hostဘဝကုိျပန္သြားလုိ႔ရမွာ.... ~...
437K 55.2K 148
စိတ်ဓာတ်ပြင်းပြတဲ့လက်ဝှေ့သမားလေး နဲ့ နူးညံ့ဖြူစင်တဲ့ ဘဲလေးကချေသည်ကောင်လေး ကြားက ချစ်စဖွယ် ပုံပြင်လေးတစ်ပုဒ်❣ •Cover photo fully credit to Google.• Th...
93K 8.2K 66
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...