မာနမင်းသား ရဲ့ လရိပ်ရောင် (Un...
By mangae_mochi
731K 50.6K 1.1K
ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ေဒါသ မာနႀကီး... More
Chapter 1 🔥❄️
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Hire. Com
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50 Extra 1
Chapter 51 Extra 2
Chapter 52 Extra 3
Chapter 53 Extra 4
Chapter 23
12.2K 868 10
By mangae_mochi
လရိပ် ကို ကျောင်းအပြန် ကား parking နားက စောင့်နေတော့ လရိပ်က Fashion Castleကို သွားမှ ဖြစ်မယ် ဆိုပြီး သူ့ကားနဲ့ သူ ပြန်မည်ဟု ပြောလာတော့
"စောစော ပြန်လာခဲ့နော် "
  ရှင်းသန့် အိမ်သော့ ကို ယူရင်း ပြောလိုက်သည်။
"အင်းပါ "
"ကိုကို ညစာ ချက်ထားပြီး စောင့်နေမယ်နော်"
  လရိပ်က ရှင်းသန့် စကားကြားတော့ ပြာပြာသလဲ အတင်းတားတော့သည်။
"မချက်နဲ့ မချက်နဲ့ "
"ဘာလို့လဲ လရိပ်ရဲ့"
"မီးဖိုထဲ တခါမှ မ၀င်ဖူးဘူး မလား။ တော်ကြာ မီးတွေ ဘာတွေ လောင်နေမှာ စိုးလို့"
  လရိပ်က အားတုံအားနာ ပြောလာတော့ ရှင်းသန့် မီးဖို ထဲ တခါမှ မ၀င်ဖူးသည်ကို ၀န်မခံချင်သည်မို့
"ဟာ ကိုကို ချက်တတ်ပါတယ် "
လရိပ်က မယုံ။
"ကိုကို မချက်တော့ပါဘူး "
ရှင်းသန့် ကတိပေးလိုက်မှ လရိပ်က စိတ်ချသွားပြီး ကားလေးကို မောင်းထွက်သွားသည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
   လရိပ်ကို ပေးထားသော condo ကို မသွားမှီ အမေ့ကို နှုတ်ဆက်ရန် အိမ်ကို အရင် သွားလိုက်သည်။
   ရှင်းသန့် အိမ်မှာ မနေ။ သူငယ်ချင်းတစ်ယောက်နဲ့ သူ ၀ယ်ထားသော condo မှာ သွားနေမည်ဆိုတော့ အမေက သဘောမကျ။
"သားရယ် သားဖေဖေက သားကို စိတ်ဆိုးပြေနေပါပြီ အိမ်မှာပဲ နေပါ"
"သား မနေချင်ဘူး အမေ ။ သား သူငယ်ချင်းနဲ့ အကုန် ပြောဆိုပြီးပြီ ။ သား အဲ့ condo မှာပဲ နေလိုက်တော့မယ် "
  သူ့ကို ဘယ်လိုမှ တားမရမှန်း သိနေသဖြင့် အမေက ဘာမှ ဆက်မပြောတော့ ။
"ဒါနဲ့ သား သူငယ်ချင်းက ဘယ်သူလဲ ။ ဇိုင်းတို့ တွေလား"
  အမေ့ အမေးကို သူ ကြိုတင် စဉ်းစားထား သော အလိမ်အညာ အဖြေတခု ပေးလိုက်သည်။
"ဟင့်အင်း ကျွန်တော်နဲ့ ကျောင်းမှာ ခင်တဲ့ သူငယ်ချင်း ။ ပြောလည်း အမေ မသိပါဘူး "
အမေက သူ့ အဖြေကို သဘောမကျသလို မျက်မှောင်ကြုတ် ကြည့်လိုက်ရင်း
"သားနော် ကောင်မလေးကို ခေါ်မထားရဘူးနော် "
အမေက သူ့ သူငယ်ချင်းဆိုသည်ကို သူ့ ချစ်သူ ကောင်မလေးကို ခေါ်ထားသည် ထင်နေပုံရသည်။
"စိတ်ချ ။ ကျွန်တော်က ကောင်လေးပဲ ခေါ်ထားမှာ" လို့ စိတ်ထဲမှာ ပြောလိုက်ပေမယ့် . . .
"မဟုတ်ပါဘူး အမေကလည်း "
အမေက သူ့ကို မယုံသလို တချက် ကြည့်ပြီးမှ စိတ်လျှော့သွားသည်။
"ကောင်းပြီလေ သားက မိဘ မျက်နှာပျက်စရာ ဖြစ်အောင် မလုပ်ဘူးလို့ မေမေ ယုံလိုက်မယ် "
အမေ စကားကြောင့် သူ လိပ်ပြာမလုံ ဖြစ်သွားမိသည်။
  မေမေ့ကို အမှန်အတိုင်း ဖွင့်ပြောပြချင်ပေမယ့်လည်း သူနဲ့ လရိပ် အချစ်ကို ဘယ်လိုမှ လက်မခံမည်ကို သိနေသဖြင့် မပြောချင်မိ . .။
   မိဘ မျက်နှာပျက်အောင် မလုပ်ပါဘူး လို့ ကတိပေးပြီး ထွက်လာခဲ့လိုက်သည်။
" သား ခြူး ကိုလည်း သွားတွေ့လိုက်ပါအုံး။ ခြူး မေမေက သားကို တမေးတည်းမေးနေတယ် "
  အမေ့ကို ခေါင်းတချက် ငြိမ့်ပြလိုက်ပြီး ထွက်လာခဲ့လိုက်သည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
    ရှင်းသန့် ရဲ့ တချိန်က တိတ်ဆိတ်နေခဲ့သော Condo အခန်းလေးက အခုတော့လည်း လရိပ်ရဲ့ အငွေ့အသက်များ ဖြင့် ပြည့်နေသည်။
   လရိပ် စိတ်တိုင်းကျ ရိုးရိုးရှင်းရှင်းလေး အလှဆင်ထားတဲ့ သူ့ condo လေးကို ပတ်ကြည့်ရင်း ရှင်းသန့် အပျော်ကြီး ပျော်နေမိသည်။
  သူ ဒီ condo ကို ၀ယ်စဉ်က ‌အရမ်း ချုပ်ချယ်သော အဖေ့ အရိပ်မှ ထွက်လာရန်  မိဘများကို အသိ မပေးဘဲ ခိုး၀ယ်ခဲ့ခြင်း ဖြစ်သည်
  တခါမှ မိမိ ချစ်ရသူနှင့် နှစ်ယောက် အတူတူ နေမည်ကို စိတ်မကူးခဲ့ . . ။
  အခုတော့ သူ ချစ်ရသော လရိပ်နှင့် အတူတူ နေရတော့မည်။ အတွေးနဲ့တင် ရှင်းသန့် ထ ကမိချင်အောင် ပျော်သွားမိသည်။
  လရိပ်ရဲ့ အလုပ်ခန်းထဲ ၀င်လာလိုက်တော့ စာရေးစားပွဲပေါ်မှာ ပုံဆွဲ စာအုပ်များ ၊ fashion magazine များကို သေသေချာချာ စီထား‌ပြီး နံရံပေါ်မှာ လရိပ် ဆွဲထားသော design ပုံလေးများကို ကပ်ထားသည်။
  ရှင်းသန့်က ကလေးလေးလို သဘောထားချင်ပေမယ့် ရှင်းသန့် ချစ်သူက အဲ့လို သပ်သပ်ခပ်ခပ်နှင့် အလုပ်ကြိုးစားသော လူကြီးလေး ဖြစ်သည် . .။
  နံရံပေါ်က design ပုံများဘေးတွင် ကောင်လေးတစ်ယောက်ရဲ့ ပုံတူ ခဲခြစ်ပန်းချီလေးကို မြင်တော့ ရှင်းသန့် ရင်ထဲ  အပျော်များ ကြည်နှုးစိတ်များ ထိန်းမရ . .။
ဒါ ရှင်းသန့် လရိပ်ကို Tom N Toms Cafe မှာ ပထမဆုံး ချစ်မိသွားခဲ့တဲ့နေ့က ဆွဲပေးခဲ့သော လရိပ်ရဲ့ ပုံတူ ခဲခြစ်ပန်းချီလေး ဖြစ်သည်။
လရိပ် က အခုအထိ ထို ပန်းချီလေးကို တယုတယ သိမ်းထားဆဲမို့ ရင်ထဲ ကြည်နှုးစိတ်များဖြင့် အပျော်ကြီး ပျော်ရသည်။
ရှင်းသန့် uniform ကို ချွတ်လိုက်ပြီး လန်းသွားအောင် ရေချိုးလိုက်သည်။
  ရှင်းသန့်ရဲ့ အ၀တ်အစားများကို စနစ်တကျ မီးပူတိုက်ပြီး ခေါက်သိမ်းပေးထားသည်ကို မြင်တော့ ကြည်နှုးစိတ်များ ရင်ထဲ ပြည့်လျှံလာပြန်သည်။
လရိပ် နှင့် ဆင်တူ ညအိပ် ၀တ်စုံလေးကို လဲလိုက်ပြီး လရိပ် ပြန်အလာကို laptop တစ်လုံးနှင့် အလုပ်ရှုပ်ရင်း စောင့်နေလိုက်သည်။
   ရှင်းသန့် နံရံက နာရီကို မော့ကြည့်မိတော့ 10:30 ။
   လရိပ်က အခုအထိ ပြန်မလာသေးတော့ ရှင်းသန့် စိတ်ပူလာသည်။
    စိုးရိမ်စိတ်များ ထိန်းမရတော့  တိုက်အောက်ကို သွားပြီး စောင့်နေလိုက်သည်။
    မကြာခင် လရိပ်ရဲ့ ကားလေး မောင်း၀င်လာသည်ကို မြင်လိုက်ရမှ သက်ပြင်းချနိုင်‌တော့သည်။
"ဘာလို့ ထွက်စောင့်နေတာလဲ "
လက်ထဲတွင် အထုပ်တွေ အပြည့်နှင့် လရိပ်ကို သူ အထုပ်တချို့ ကူဆွဲပေးလိုက်ရင်း . . .
"မင်း ဒီ အချိန်အထိ ပြန်မလာတော့ ကိုယ် စိတ်ပူတာပေါ့ "
  သူ ခတ်မာမာ ပြောလိုက်မိတော့ လရိပ် မျက်နှာ မကောင်း ။
"လရိပ်က ကိုကို ပြန်ရောက်နေတော့ လိုတာတွေ ၀င်၀ယ်နေလို့ ကြာသွားတာပါ ။လရိပ် ညစာ လည်း ၀ယ်ခဲ့တယ် ။ စိတ်မဆိုးနဲ့နော် "
ရှင်းသန့် ပြန်မဖြေ။ နံရံကို မှီရင်း elevator စောင့်နေလိုက်သည်။
"ကိုကို စိတ်မဆိုးပါနဲ့ဆို "
လရိပ်က ရှင်းသန့် ရဲ့ လက်မောင်းကို ဖွဖွလေး လာထိုးတော့ သူ ဆက် မကောက်နိုင်တော့။
  ရှင်းသန့် လက်နှစ်ဖက်ကို ကားလိုက်တော့ လရိပ်က အလိုက်သိစွာ သူ့ ရင်ခွင်ထဲ တိုး၀င်လာသည်။
   ရင်ခွင်ထဲ တိုး၀က်လာသော ကိုယ်သေးသေးလေးကို ပြန်ဖက်ထားလိုက်ရင်း
"နောက်ည တွေ စောစော ပြန်ကွာ။ ကိုကို စိတ်ပူတယ် "
"အင်း အစောကြီး ပြန်ခဲ့မယ်"
လရိပ်နှင့် သူ ဖက်လို့ မ၀သေးခင် လူမပါသော elevator တံခါးလေးက ပွင့်လာသည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
  လရိပ် ၀ယ်လာသော ထမင်းကြော်ကို နောက်ကျနေပြီမို့ ရှင်းသန့် မစားဖြစ်တော့
    အိပ်ရာ‌ပေါ်တွင်  project အတွက် အလုပ်များနေစဉ် လရိပ်က ရေချိုးပြီး ရှင်းသန့် ဘေးတွင် ၀င်ထိုင်လိုက်သည်။
"ကိုကို အလုပ်များ နေတာလား "
"မများပါဘူး ချစ်လေးရဲ့ ။ ဘာလို့လဲ "
"လရိပ် ကို ခေါင်းသုပ်ပေးပါလား "
  ရှင်းသန့် laptop ကို ပိတ်လိုက်ပြီး လရိပ်ကမ်းပေးသော တဘက်နှင့် လရိပ်ရဲ့ ခေါင်းလျှော်ပြီး ခါစ ဆံပင်လေးများကို ခြောက်သွားအောင် သုပ်ပေးလိုက်သည်။
ရေစိုနေသော ဆံပင်လေးများကို ဆွဲဖွလိုက်တိုင်း Shampoo နံ့ သင်းသင်းလေး က ရှင်းသန့်ကို ကလူကျီစယ်နေပြီး
    အနည်းငယ် ချောင်နေသော ညအိပ် အကျီ ကြောင့် ပေါ်နေသော လရိပ်ရဲ့ ပခုံးသား ဖွေးဖွေးလေးများက ရှင်းသန့် စိတ်ကို အရိုင်းဆန်လာအောင် ဆွနေကြသည်။
ရှင်းသန့် စိတ်မထိန်းနိုင်တော့ ။ ထို ပခုံးလေးကို ဖွဖွလေး ကိုက်လိုက်တော့ လရိပ်ကိုယ်လေး သိမ့်ခနဲ တုန်သွားပြီး
"အာ့! ကိုကို ဘာလုပ် . . ."
လရိပ်ရဲ့ ညည်းညူသံလေးကို ကြားရသည့် ခဏ ရှင်းသန့် အသိစိတ်များ ပြတ်တောက်သွားပြီး လရိပ် ကိုယ်လေးကို အိပ်ရာပေါ် တွန်းလှဲလိုက်ပြီး အပေါ်မှ တက်ထိုင်ကာ ချုပ်ထားလိုက်သည်။
"ကိုကို ဘာလုပ်တာလဲ လွှတ်ဆို"
  လရိပ် အော်သံများကို သူမကြားနိုင် လရိပ် ပခုံးသားလေးများကို အငမ်းမရ တိုက်ခိုက်နေမိသည်။
  လက်တဖက်ကလည်း လရိပ်ရဲ့ ညအိပ် အကျီက ကြယ်သီးများကို  တစ်လုံးခြင်း ဖြုတ်နေမိသည်။
" ရှင်းသန့် လရိပ်ကို လွတ်ဆို အာ့! "
  ရှင်းသန့် လရိပ် လည်ပင်းမှာ စိတ်တိုင်းကျ အမှတ်များ ချန်ထားပြီး ကျေနပ်သွားတော့  လရိပ်ရဲ့ ရင်ဘတ်ပေါ်က ပွင့်ချပ်လေးနှစ်ခုကို မက်မောစွာ နမ်းရှိုက် လိုက်သည်။  ပွင့်ချပ်လေး တခုကို လျှာနဲ့ ကစားလိုက်ပြီး နောက်တခုကို လက်‌ဖြင့် ဖွဖွလေး ကစားပေးလိုက်တော့ လရိပ် ကိုယ်လေးကော့ တက်လာသည်။
   ရှင်းသန့်တွင် အသိစိတ်တွေ လုံး၀ မရှိတော့ ။ အရိုင်းစိတ်များက လွမ်းမိုးထားသည်။
"ဟင့် "
  ငိုသံလေးတစ်ခု ကြောင့် ရှင်းသန့် အသိစိတ်များ ပြန်၀င်လာတော့
   လရိပ် ရဲ့ မျက်ရည်များ ပြည့်နေသော မျက်လုံးများက ရှင်းသန့်ကို နာကြည်းစွာကြည့်နေသည်။
ရှင်းသန့် မှားသွားခဲ့ပြီ။
ရှင်းသန့် လရိပ် အပေါ်ကနေ အမြန်‌ဖယ်လိုက်ပြီး လရိပ်ရဲ့ တုန်နေသော ကိုယ်သေးသေးလေးကို ဖက်ထားလိုက်တော့ လရိပ်က သူ့ကို တွန်းလွှတ်နေသည်။
" လရိပ်ကို လွှတ်"
"ကိုယ် အသိစိတ် လွတ်သွားတယ်။ တကယ် တောင်းပန်ပါတယ်ကွာ "
ရှင်းသန့် တောင်းပန်ပါတယ် ဆိုတဲ့ စကားကိုသာ တဖွဖွ ရွတ်နေမိတော့သည်။  လရိပ်ကတော့ သူ့စကားကို နားမထောင် အတင်းတွန်းပြီး အိပ်ရာပေါ်က ဆင်း‌ပြေးဖို့ လုပ်တော့ သူ့ ရင်ခွင်ထဲ လရိပ်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ထွက်မသွားပါနဲ့ကွာ။ ကိုယ် တကယ် မင်း မကြိုက်တာ မလုပ်တော့ပါဘူး။ ကိုယ် ကတိပေးပါတယ် "
✨✨✨✨✨✨✨✨✨✨✨✨✨✨
    လရိပ်က ရှင်းသန့်ကို စကားတခွန်းမှ မပြော၊ အိပ်ရာ အလယ်တွင် ‌ဖက်ခေါင်းအုံး ကာထားပြီး ရှင်းသန့်ကို ကျောပေးရင်း အိပ်မောကျနေပေမယ့်
   ရှင်းသန့်ကတော့ လုံး၀ အိပ်မပျော် ။
   နောက်ရက်တွေမှာ  ရှင်းသန် ရဲ့ စိတ်တွေ ဒီနေ့လိုမျိုး လွတ်သွားခဲ့ရင် ရှင်းသန့် ရပ်နိုင်မည် မထင်။
   လရိပ် မကြိုက်သည်ကိုလည်း သူ အတင်းအကျပ် မလုပ်ချင်မိ ။
    ရင်လေးစွာ ရှင်းသန့် သက်ပြင်းရှည်ကြီး တခုကို ချလိုက်မိသည်။
✨✨✨✨✨✨✨✨✨✨✨✨✨
(AN)
🙈🙈🙈🙈🙈🙈🙈🙈🙈🙈🙈🙈
သာသာက အင်နိုးစန့် လေးပါလို့ ☺️
🤧😌
   သာသာက အဖြူထည် လေးပါ 🙈😬🙈😬
See you on Friday နော် 🔜🔜
{ ZawGyi } 💕
"စောစော ပြန်လာခဲ့နော် "
"အင်းပါ "
"မချက်နဲ့ မချက်နဲ့ "
"ဘာလို့လဲ လရိပ်ရဲ့"
လရိပ်က မယုံ။
✨✨✨✨✨✨✨✨✨✨✨✨✨✨
"မဟုတ်ပါဘူး အမေကလည်း "
✨✨✨✨✨✨✨✨✨✨✨✨✨✨