မာနမင်းသား ရဲ့ လရိပ်ရောင် (Un...
By mangae_mochi
708K 50.1K 1K
ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ေဒါသ မာနႀကီး... More
Chapter 1 🔥❄️
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Hire. Com
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50 Extra 1
Chapter 51 Extra 2
Chapter 52 Extra 3
Chapter 53 Extra 4
Chapter 12
15.7K 1.3K 29
By mangae_mochi
"ဒါက Alvin "
  Alvin, ဖူးပွင့်ရဲ့ သူငယ်ချင်းများကို Alvin ရဲ့ trademark အပြုံးချိုချို လေးနဲ့ ပြုံးပြ နှုတ်ဆက်လိုက်သည်။
"ဒါက စေမန်။ ဒါက ရှင်းသန့် ဒါက ဇိုင်း "
   ဖူးပွင့် စကား အဆုံး ဇိုင်းနဲ့ မျက်လုံးချင်း ဆုံမိချိန်တွင် Alvin ရဲ့ အပြုံးများ ပျောက်ကွယ်သွားသည်။  သို့ပေမယ့် ဟန်ဆောင်ကောင်းလှသော Alvin အပြုံးတပွင့်ကို ချက်ချင်း ပြန် အသက်သွင်းလိုက်သည်ကို ဇိုင်းက လွဲ၍ မည်သူမျှ မမြင်လိုက် . . .
"ဟုတ် တွေ့ရတာ ၀မ်းသာပါတယ်"
   Alvin ရှင်းသန့်ကို အကဲခတ်ကြည့်မိတော့ . . .
   အ၀တ်အစားများ သေသေသတ်သတ် smart ကျစွာ ၀တ်ဆင်တတ်သည်။ အသားဖြူဖြူလေးနဲ့ အလွန်ချစ်ဖို့ကောင်းသော လရိပ်နဲ့ ပြောင်းပြန် ၊ ရှင်းသန့်က အသားညိုညို အရပ်ရှည်ရှည်နဲ့ ဗမာချော ချောသည်။  body ချင်း ယှဉ်ကြည့်ပြန်ရင်လည်း gym ဆော့ထားသော ရှင်းသန့် ရဲ့ body က တောင့်သည်။ လရိပ်ကတော့ သေးသေးပိန်ပိန် လေး ဖြစ်သည်။
'နှစ်ယောက်သား တွဲသွားရင်တော့ အရမ်း လိုက်ဖက်မှာပဲ '
  Alvin မိမိအတွေးနဲ့ အတူ ပြုံးနေမိသည်မှာ မိမိကို စိုက်ကြည့်နေသော မျက်လုံးတစုံကို သတိမထားမိ . . .
"လရိပ်နဲ့ Alvin က ဘယ်တုံးတည်းက သိကြတာလဲ " ဖူးပွင့်က မေးလာတော့ . . .
"ကျွန်တော် Singapore စရောက်တည်းကဆိုတော့ 4 နှစ်လောက်တော့ ရှိပြီ ။ တကျောင်းလုံးမှာ မြန်မာနိုင်ငံသားဆိုလို့ ကျွန်တော်တို့ နှစ်ယောက်တည်းရယ်လေ။ အဲ့တော့ တယောက်ကို တယောက် ဖေးမကူညီရင်း ရင်းနှီးလာကြတာပေါ့။ သူ့ကို မြန်မာစကား သင်ပေးခဲ့တာ ကျွန်တော်လေ "
  သွက်သော Alvin က လရိပ်အစား ဖြေပေးလိုက်ပြီး လရိပ်ကတော့ ခေါင်းလေးသာ ညိမ့် ပြလိုက်သည်။
လရိပ်တယောက် ဒီ ဝိုင်းကို စထိုင်တည်းက ရှင်းသန့်ဘက်ကို မကြည့်မိအောင် ကြိုးစားနေမိသော်လည်း မိမိ ရှေ့တွင်ထိုင်နေသော ရှင်းသန့်ကို မကြည့်ဖို့ဆိုသည်မှာလည်း တော်တော်ပင် ခက်သည်။ တခါတလေ အကြည့်ချင်း ခလုပ်တိုက်မိပါက အမြန် မျက်နှာလွှဲလိုက်သည်။
"အော် တော်တော် ရင်းနှီးခဲ့တာပဲနော် "
"အင်းပေါ့ ကျွန်တော့်မှာ သူပဲရှိသလို သူ့မှာလဲ ကျွန်တော်ပဲရှိတာလေ "
  Alvin တယောက် လရိပ် ပုခုံးကို သိုင်းဖက်လိုက်ရင်း
" လရိပ်က ဒီလောကကြီးမှာ ကျွန်‌တော့်ကို အချစ်ဆုံးလေ "
ရှင်းသန့်ကို တည့်တည့်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။
   Alvin ရဲ့ စိန်ခေါ်နေသော မျက်လုံးများကို  ရှင်းသန့် သိနေသည်။
   ပြိုင်ပွဲ အပြင်ဘက် ထွက်ထားပေးရန် ဆုံးဖြတ်ထားပေမယ့် အခုလို စိန်ခေါ်လာတော့ ရှင်းသန့် သွေးများ ဆူပွက်လာသည်။
  Alvin ကို အေးစက်သော အကြည့်များနှင့် ပြန်ကြည့်လိုက်တော့ သကောင့်သားလေးက ဂရုမစိုက် . . . လရိပ် ပုခုံးလေးကို ပို တင်းကျပ်စွာ ဖက်လိုက်သည်။
   လရိပ်ကို ပိုင်စိုးပိုင်နင်း ချုပ်ကိုင်ထားသော လက်များကို ဆွဲသာဖယ်ချင် စိတ်များ ထိန်းမရ ။
   အကင်းပါးသော ဖူးပွင့် တယောက် Alvin ရဲ့ အကွက်များကို ချက်ခြင်း ရိတ်မိသွားသည်။
    Alvin လရိပ်ကို ကြိုက်နေတာတော့ လုံး၀ မဖြစ်နိုင် ရှင်းသန့် မနာလိုအောင် သက်သက် ကလိနေခြင်းသာ ဖြစ်နိုင်သည်။  ရှင်းသန့် ကတော့ Alvin ထောင်ချောက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀င်ရောက်သွားပြီ ဖြစ်သည်။
   Alvin ကတော့ ရှင်းသန့်ရဲ့ အသက်သေစေနိုင်သော  အကြည့်များကို ဂရုမစိုက်  တလောကလုံး သူနဲ့ လရိပ် နှစ်ယောက်တည်း ရှိသလိုမျိုး လက်ဖက်တစ်ဇွန်း လရိပ်ကို ခွံ့ကျွေးလိုက်ပြီး လရိပ် ဆံပင်လေးများကို သပ်တင်ပေးနေသည်။
"ဒီနေ့ည ကိုယ်တို့ club သွားကြမလား club မသွားရတာ ကြာပြီလေနော် "
    လရိပ် ဆံပင်လေးများကို တယုတယ သပ်ပေးရင်း ပြောလိုက်သော Alvin ရဲ့ ပါးစပ်ကို ပိတ်ရန် လရိပ် နောက်ကျသွားခဲ့သည်။
"လရိပ်က club သွားတယ်?"
  စေမန်က မယုံနိုင်သလို ၀င်မေးတော့  ရှင်းသန့် နဲ့ ဖူးပွင့်လည်း မယုံကြည်နိုင်။
  ဟုတ်ပါသည်။ လရိပ် ပုံစံက club မပြောနဲ့ ည 8 နာရီ ထိုးပြီဆိုသည် နှင့် ဒေါင်ခနဲ အိပ်ရာ၀င်တတ်သော ကလေးလေးနဲ့ တူသည် မဟုတ်ပါလော။
"ဟာ သွားတာ‌ပေါ့ ။ ကျွန်တော်တို့ gay club တောင် သွား. . . အား!!  ပူတယ်! "
   Alvin ပါးစပ်ထဲကို မုန့်ဟင်းခါး အလုပ်ကြီး တဇွန်း လရိပ် ခွံ့ကျွေးလိုက်တော့ ထအော်တော့သည်။
"ကောင်းတယ်"
"Wow! Gay club တောင် ရောက်ဖူးတယ် ဟုတ်လား "
   ဖူးပွင့်က လှမ်းနောက်‌တော့ လရိပ် ကြောက်အားလန့်အား ခြေကန်ငြင်းလိုက်မိသည်။
"သူ ! သူ အတင်းခေါ်လို့ သွားတာပါ "
"ဘာကို အတင်းခေါ်တာလဲ။ club မှာ အလုပ်လုပ်တဲ့ Bartender အကိုကြီး တယောက်ကို ကြိုက်လို့ဆိုပြီး ငါ မပါဘဲ မင်းတယောက်တည်းတောင် သွားသေးတယ်လေ "
' ဒီ သာလိကာစုတ်တော့ တွေ့မယ် '
  ဟု လရိပ် စိတ်ထဲ ကျုံးဝါးပစ်လိုက်ရင်း အမှတ်မထင် ရှင်းသန့်ကို ကြည့်လိုက်တော့ ရှင်းသန့်မျက်လုံးများထဲတွင် အမည်မတတ်နိုင်သော အရာတခုကို မြင်လိုက်ရသည်။
'  သွားပြီ ရှင်းသန့် လရိပ်ကို အထင်သေးသွားပြီ '
"ဖူးပွင့်လည်း gay club သွားဖူးချင်တာ ဖူးပွင့်မှာ gay သူငယ်ချင်း မရှိလို့ ခက်နေတာ ။ နောက် လရိပ်တို့ကို လိုက်ပို့ခိုင်းရမယ်"
"အမ သူငယ်ချင်းတွေ ခေါ်သွားလေ "
  Alvin ရဲ့ ရွတ်နောက်နောက် အပြောကို ဖူးပွင့်က မျက်နှာမဲ့လိုက်ရင်း
"ဒီကောင်‌တွေ က straight တွေလေ "
အမှန်က Straight ဆိုတဲ့ စကားက ဖူးပွင့် ရွဲ့ပြောခြင်းဖြစ်သည်။
  ဇိုင်းနဲ့ စေမန်ကိုတော့ ဖူးပွင့် မပြောတတ် ရှင်းသန့်ကတော့ လရိပ် ကျေးဇူးဖြင့် ကွေးကွေးလေး ဖြစ်နေပြီ ။
  ဖူးပွင့် ရွဲ့ပြောသည်ကို မသိသော လရိပ် ငိုင်ကျသွားမိသည်။
' အင်းလေ ရှင်းသန့်လိုလူက gay ဘယ်ဟုတ်ပါ့မလဲ '
   ရှင်းသန့် တယောက် straight ဖြစ်သည်ကို သိလျက်သားနဲ့ စိတ်ကူးတွေယဉ်နေ မိသော လရိပ် ကိုယ့်ကိုကိုယ်သာ အပြစ် တင်နေမိတော့သည်။
"Straight တဲ့လား ဟင်းဟင်း "
   Alvin ခနဲ့တဲ့တဲ့ အပြုံးမျိုးနဲ့ တစုံတယောက်ကို ကြည့်လိုက်‌တော့ ထိုသူကလည်း Alvin ကို တခုခု ကြောက်ရွံနေသော မျက်လုံးများနဲ့ ပြန်ကြည့်သည်။
   အမြဲတမ်း အေးတိအေးစက် တည်တည်ကြည်ကြည် နေတတ်သော ဇိုင်း တုန်လှုပ်နေသည်ကို မြင်လိုက်ရသည်ဟု ဖူးပွင့်ထင်သည်။
   အပြင်ပုံစံက ပုံမှန်အတိုင်း အေးဆေးတည်ကြည်နေသော်လည်း Alvin ကို ကြည့်နေတဲ့ မျက်၀န်းများက တခုခုကို ‌ဖုံးကွယ်ထားသော မျက်လုံးများဖြစ်နေသည်။
    ထို နှစ်ယောက် အကြောင်း လေ့လာရန် ဖူးပွင့် တေးထားလိုက်သည် ။
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨
"ကဲ စားလို့ ပြီးပြီဆိုတော့ ပြန်ကျရအောင် မင်း ရွှေတိဂုံ ဘုရား သွားချင်သေးတယ်ဟုတ်? နေမပူခင် မြန်မြန်သွားရ‌အောင် "
  လရိပ် ဒီနေရာတွင် ဆက်မရှိချင်တော့ ။ ထို့ကြောင့် Alvin ကို လောလိုက်မိသည်။
   နှစ်ယောက်သား စားထားသမျှကို ပိုက်ဆံရှင်းရန် ပြင်တော့ တချိန်လုံး ငြိမ်နေသော ရှင်းသန့်က ၀င်တားသည်။
"ကိုယ် ရှင်းလိုက်မယ် "
"မလိုပါဘူး "
  တသောင်းတန် နှစ်ရွက်ကို waiter ဆီ လှမ်းပေးနေသော လရိပ်ရဲ့ လက်က‌လေး ကို ရှင်းသန့်က ဖမ်းဆုတ်လိုက်ပြီး . .
"အကို့ ဆီက ယူ "
   ရှင်းသန့် တသောင်းတန် နှစ်ရွက် ကို စားပွဲထိုးလေးကို လှမ်းပေးလိုက်သည်။
"ပိုတာ ပြန် မအမ်းနဲ့ "
ဟုပင် ဆိုလိုက်သေးသည်။
" လက်ကို  . . "
ရှင်းသန့် မေ့ချင်ယောင်ဆောင်ရင်း ကိုင်ထားသော လက်ကလေးကို မလွှတ်‌ပေးမိတော့ လရိပ်က ရုံးထွက်ရန် ကြိုးစားသည်မို့
"Sorry "
   ရှင်းသန့် လွှတ်မပေးချင်သော်လည်း လွှတ်ပေးလိုက်ရသည်။
"ကား သတိထား မောင်းနော် "
  ရုပ်တရက်ကြီး ပြောလိုက်သော ရှင်းသန့် ကို လရိပ် ကြောင်တောင်တောင်နဲ့ ခေါင်းညိမ့် ပြခဲ့လိုက်ပြီး သူငယ်ချင်း နှစ်ယောက် ထွက်လာခဲ့ ကြသည်။
"ကား သတိထားမောင်း နော် တဲ့ ပိုပါ့ကွာ မင်း ဘယ်အချိန်တည်းက သူများအတွက် စိတ်ပူပေးတတ် သွားတာလဲ "
  စေမန်ရဲ့ ရွတ်နောက်နောက် အပြောကို ရှင်းသန့် ပုခုံးတချက် တွန့်ပြလိုက်သည်။
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨
"နှစ်ယောက်သား အရမ်း လိုက်တာပဲ "
" သိဘူး သဘော်လွင့်မယ် "
"အချစ်စစ်ဆိုတာ ဒါမှ အစစ် "
    ဖူးပွင့် တယောက် လွန်ခဲ့သော ၁၀ မိနစ်က  Alvin ရဲ့ Instagram တွင် တင်ထားသော ပုံ အောက်က comments များကို ရှင်းသန့်ကြားအောင် ဖတ်ပြနေခြင်းဖြစ်သည်။
   ထို ပုံမှာ Alvin နဲ့ လရိပ်  မြန်မာ၀တ်စုံ ဆင်တူလေး ၀တ်ဆင်ထားပြီး ရွှေတိဂုံ ဘုရား တွင် ရိုက်ထားသော ပုံဖြစ်သည်။ 
  နှစ်ယောက်သား အလွန် လိုက်ဖက်ညီနေသည့် အပြင် Alvin တင်ထားသော caption က  "မင်းနဲ့ ငါ ဘ၀ဆက်တိုင်း ဒီအတိုင်းလေး အတူ ရှိနေရပါလို၏ " တဲ့  comments တွေအထင်မှားတာလည်း အပြစ်မဟုတ် ။
"ခုန တုံးက မြန်မာ ၀တ်စုံနဲ့ မဟုတ်ပါဘူး ဘယ်တုံးက ဆင်တူ၀တ်စုံ သွားလဲလိုက်ပါလိမ့် "
     ဖူးပွင့် က ရှင်းသန့်ကို လှမ်းပြောလိုက်သည်ကို တုံ့ပြန်သံ မကြားသဖြင့် လှမ်း ကြည့်တော့ သကောင့်သားက  အလွမ်းသယ်နေသည်။
  မနက်စာစားပြီး သူငယ်ချင်းလေးယောက် လမ်းခွဲလိုက်ကြတော့ ဖူးပွင့်နဲ့ ရှင်းသန့်က project တခု မနက်ဖြန် deadline ဖြစ်သဖြင့် ကျောင်းကို ပြန်လာလိုက်ပြီး laptop တယောက်တလုံးနဲ့ အလုပ်များနေကြခြင်းဖြစ်သည် ။
"အမယ်လေးဟယ် သူတို့ နှစ်ယောက် လုံး၀ ကြိုက်နေတာမဟုတ်ဘူး ။ Alvin က နင့်ကို ဆေးထိုးနေတာ အရူးရဲ့ "
  ဖူးပွင့် သူငယ်ချင်းက အဲ့လို တခါတလေ သိပ်တုံးတာပဲ ။
" Alvin က လရိပ် ရွေးချယ်သင့်တဲ့ လူပါလေ။ ငါက သူ့ကို အမျိုးမျိုး အော်ငေါက်ခဲ့တဲ့ လူလေ အယ်ဗင်ကတော့ သူ့ အနားမှာ အမြဲရှိနေခဲ့တာ. လရိပ် ရွေးချယ်တာ ငါ လက်ခံရမှာပေါ့ "
"မဟုတ်ပါဘူးဆို "
  ဖူးပွင့် အသံကို ရှင်းသန့်က ကြားသည့်ပုံ မတူ ။ အဝေးကို ငေးကြည့်နေရင်း . . .
"ငါ့မှာ လရိပ်ကို ချစ်ပိုင်ခွင့် မရှိဘူး ဆိုတာ ငါသိနှင့်နေပါတယ်ဟာ "
     အခုလို စိတ်ဓာတ်ကျနေတာ မြင်ရတော့လည်း ဖူးပွင့် စိတ်မကောင်း ။
မဖြစ်တော့ ဒီ ဇတ်လမ်းထဲ ဖူးပွင့် ၀င်ပါမှ ဖြစ်တော့မည် ။ Alvin အကူအညီပါ ယူမှ ဖြစ်မည်။
✨✨✨✨✨✨✨✨✨✨✨✨✨✨
Hi 🤗
ဒီနေ့ပဲ ဒီ fic လေး 1.06k votes ဖြစ်သွားပါတယ် 🎉🎉🎉
  ဒီ fic လေးကို vote ပေးတဲ့ reader လေး‌တွေ တယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ် 💕💕💕
ကဲ! Cupid လေး ဖူးပွင့်ကတော့ ရှင်းသန့်နဲ့ ဖူးပွင့် ကို ကယ်တင်ဖို့ မြားလေးတွေ ပြင်နေပြီနော်  🏹
  သူ့ရဲ့ ပစ်မှတ်လေး‌တွေ ထိလာမလား ဆိုတာ 🎯 . . .
See u on Monday နော် 😁💕
{ ZawGyi }
"ဒါက Alvin "
"လရိပ်က club သွားတယ်?"
"ကောင်းတယ်"
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨
"ကိုယ် ရှင်းလိုက်မယ် "
"မလိုပါဘူး "
"အကို့ ဆီက ယူ "
"ပိုတာ ပြန် မအမ်းနဲ့ "
ဟုပင် ဆိုလိုက်သေးသည်။
" လက်ကို  . . "
"Sorry "
"ကား သတိထား မောင်းနော် "
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨
" သိဘူး သဘော်လွင့်မယ် "
"မဟုတ်ပါဘူးဆို "
✨✨✨✨✨✨✨✨✨✨✨✨✨✨
Hi 🤗
See u on Monday နော် 😁💕
Continue Reading
You'll Also Like
253K 17.2K 62
ဒီထူးပန်နဲ့ငစိုင်းရဲ့ Married Lifeလေးက ရီဒါလေးတွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှလဲဖြစ်မယ်အဆွိနဲ့အရိုချည်းပဲလဲဖြစ်ချင်မှဖြစ်မှာမို့ အတတ်နိုင်ဆုံးစိတ...
439K 31.2K 36
ချစ်မိလာသောမနက်ဖြန်သည် ချစ်၍မုန်းခဲ့သည်၏ အပိုင်းဆက် S2 ဖြစ်ပါသည်။
1.2K 68 6
ချူယူကချူပါ... ယူလိုကယူပါ... မောင်ချူယူလိုက်သောအရာတွေသည် ဝိုင် အပေးချင်ဆုံးရသဖြစ်ခဲ့လေတော့... ဝိုင်
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...