ဖူးပွင့် အမေရဲ့ အသံကြောင့် ရှင်းသန့် မျှော်လင့်ချက်ကြီးစွာဖြင့် အိမ်ထဲသို့ ၀င်လာသော အသက် 70 ကျော် အမျိုးသမီးကြီးနဲ့ ယောကျာ်းသား တယောက်ကို ကြည့်မိတော့ . . .
လရိပ်ရောင် မဟုတ်သည့်အတွက် ရှင်းသန့်မျောက်တကောင်လို မှိုင်ကျသွားသည်။
အဘွားမေ က သူ့ အတွက် ပြင်ဆင်ပေးထားသော နေရာတွင် ထိုင်လိုက်ပြီး လရိပ် ဦးလေးဖြစ်ဟန်တူသော ထိုလူက မိတ်ဆွေများကို လိုက် နှုတ်ဆက်နေသည်။
" အဘွားမေ မြေးလေးရော မပါဘူးလား။ ခေါ်ခဲ့တာ မဟုတ်ဘူး ။ မိဖူးနဲ့ မိတ်ဆက်ပေးရအောင်လို့ "
ဖူးပွင့် အဘွားစကားကို ရှင်းသန့် သဘောမကျမိ။
"မြေးလေးက သူငယ်ချင်းတယောက် က ဖုန်းဆက်လို့ ခုနလေးကမှ ရန်ကုန် ပြန်သွားတယ်။ အာ့ကြောင့်ပေါ့ မဟုတ်ရင် ဘွားမြေး ဘယ်လောက် ဖြူနုပြီး ချောကြောင်း ကြွားချင်လို့ ကို ခေါ်ခဲ့မှာ"
ဘွားမေ စကားကြောင့် လူအများ ပွဲကျသွားပေမယ့် မရီနိုင်သည်က ရှင်းသန့် . .။
'သူငယ်ချင်းတဲ့ သူ့ မှာ သူ ငယ်ချင်း ရှိလို့လား '
ရှင်းသန့် တယောက် အတွေးနယ်ချဲ့နေခိုက် လရိပ် ဦးလေးက ရှင်းသန့်ထိုင်နေသော ဝိုင်းမှ မိတ်ဆွေတယောက်ကို လာနှုတ်ဆက်သည်။ စကားကောင်း နေချိန် ဖုန်းသံကြောင့် စကားစ ပြတ်သွားပြီး . . .
"အင်း လရိပ်လေး ပြော"
ဖုန်းဆက်သူမှာ လရိပ် ဖြစ်သည်ဆိုသောကြောင့် ရှင်းသန့် လရိပ်ဦးလေး ဖုန်းပြောသည်ကို သေချာနားထောင်နေမိသည်။
"အဲ့ဒါမှ ဒုက္ခပဲ လေးလေးက 12 လောက် အလုပ် ပြန်ပြေးရအုံးမှာ ဘယ်လို လုပ်ရပါ့မလဲ "
လရိပ်ဦးလေးရဲ့ အဆိုကြောင့် ရင်ထဲ ထိပ်ခနဲ . .။
' ဘာများ ဖြစ်လို့ပါလိမ့် '
သိချင်သော်လည်း မမေးရဲ ။
"ဘာဖြစ်လို့လဲ ဦးငယ်"
ဘယ်အချိန်ထဲ က အနားရောက်နေမှန်း မသိသော ဖူးပွင့်မက မေးလိုက်သည်။
"လရိပ်က ဦးငယ်ကားကို ယူသွားတာ အခု လှည်းကူး အ၀င်နား မှာ ကား ပျက် နေလို့တဲ့
ဦးကလည်း သူ လောတာနဲ့ ကားကို သေချာ စစ်ပေးလိုက်ဖို့ မေ့သွားတယ်။ ခု ဦးက ရုံးကို ပြေးရအုံးမယ် သူ့ သွားခေါ်လို့လည်း မရဘူး။ ဘယ်လို လုပ်ရမှန်းမသိတော့ဘူး "
"ဘာမှ စိတ်မပူနဲ့ ဖူးပွင့်တို့ ခုပဲ ရန်ကုန် ပြန်တော့မှာ ဖူးပွင့်တို့ တခါတည်း ခေါ်သွားလိုက်မယ်။ "
"တကယ်လား။ ကျေးဇူးပါကွာ။ သူ့ အဘွားသိလို့လည်း မဖြစ် ဦးငယ် ဗျာများနေတာ "
"ရပါတယ်။ လရိပ်က ဖူးပွင့်တို့ သူငယ်ချင်းပဲဟာ ကူညီရမှာပေါ့ "
ဖူးပွင့် သူ့ အမျိုးများကို ပြန်တော့မည် အကြောင်း လိုက်နှုတ်ဆက်နေသည်။
ရှင်းသန့်ကတော့ ကားရှိရာ ပြေးမတတ် မြန်မြန် လျှောက်သွားမိသည်။
ဖူးပွင့်မ ကျေးဇူးကြောင့် သူ လရိပ်ကို တွေ့ရတော့မည်။
လရိပ်ကို အရမ်း တွေ့ချင်နေပြီး တောင်းပန်ချင်သည်။
"မြန်မြန်လာကွာ။ သွားမယ်"
ရှင်းသန့် စိတ်မရှည်နဲ့ အပြောကို ဖူးပွင့်က တော်တော်ဖြစ်ဟု မျက်စောင်းလှမ်းထိုးတော့ ဂရုမစိုက်နိုင် ရှင်းသန့်အတွက် လရိပ် နဲ့ မတွေ့ရသော တစက္ကန့်ကို တောင် နှမြောနေ မိသည် . ။
* * * * * * * * * * * * * * * * * * * * * * * *
လရိပ် တယောက် အဘွား ရဲ့ခြံထဲတွင် အေးအေးဆေးဆေး ipad တလုံး နှင့် Tuxedo design ပုံတခု ဆွဲနေမိသည်။
ဒီ Tuxedo ၏ ပိုင်ရှင်မှာ ရှင်းသန့်ဖြစ်သည်။
လရိပ်ကို ရက်စက်ရက်သော ရှင်းသန့်ကို မုန်းမိသော်လည်း professional ပီသစွာ မိမိအလုပ်ကို လုပ်ရမည်ဟု ခံယူထားသောကြောင့် ဒီဇိုင်းဆွဲနေမိခြင်း ဖြစ်သည်။
လရိပ် Taxi ဖြင့် ဒုံးဇိုင်းကြီး ရောက်ချလာတော့ အဘွားရော ဦးလေးပါ အံဩသွားကြသည်။
အဖေ နဲ့ အဘွားကို ကတောက်ကဆ မဖြစ်စေချင်သဖြင့် အဘွားကို လွမ်းလို့ ပြန်လာတာပါ ပြောသော်လည်း အကင်းပါးသော အဘွားက မယုံ။ ဖေဖေ့ကို ဖုန်းလှမ်းဆက်ပြီး စကားများကျသည်။
အိမ်ပြန်ရင် ဖေဖေ့ဒေါသတွေက လရိပ် အပေါ် ကျလာကျလိမ့်အုံးမည်။
လရိပ် မြန်မာပြည်မှာ တကယ် ဆက်မနေချင်တော့ ။ Singapore ကို ပြန်ချင်သည်။
မေမေလည်း မရှိသည်မို့ ဘွားဘွားကလည်း ဟိုမှာ တယောက်တည်း နေဖို့ ဘယ်တော့မှ ခွင့်မပြုမည်ကို သိနေသည်။
လရိပ် drawing app လေးကို ပိတ်လိုက်ပြီး စိတ်ပြေလက်ပြေ Facebook သုံးရင်း ဟိုဟိုဒီဒီ ရောက်တတ်ရာရာ သတင်းတွေ ကြည့်နေစဉ် Singapore မှ တဦးတည်းသော အချစ်ရဆုံး သူငယ်ချင်းဆီမှ video call ၀င်လာသဖြင့် မြန်မြန်လေး answer လုပ်လိုက်တော့ ဆူပုတ်ပုတ် မျက်နှာထားနဲ့ Alvin ကို မြင်လိုက်ရသည်။
လရိပ် အခုတလော အဆက်အသွယ် မလုပ်မိသဖြင့် ကောက်နေခြင်း ဖြစ်သည်။
"Hi Alvin"
လရိပ် မျက်နှာချိုသွေးလိုက်တော့ Alvin က မကျေမနပ် မဲ့လိုက်ရင်း . .
"ဘာ hi လဲ လရိပ်က Alvin ကို အဆက်အသွယ်လဲ မလုပ်ဘူး။ I hate you!"
Alvin ရဲ့ မကျေမနပ် အပြောကြောင့် . . .
" တောင်းပန်ပါတယ် Alvin "
လရိပ် တကယ် Alvin ကို အဆက်အသွယ် မလုပ်မိတာ အရမ်း အားနာပါသည်။
"Whatever"
Alvin ရဲ့ ရီကျဲကျဲ အပြောကြောင့် Alvin စိတ်ကောက်ပြေသွား မှန်း သိလိုက်ရသညိ။
Alvin ကို လရိပ် သဘောကျခြင်းမှာ ထို အရာဖြစ်သည်။ ဘယ်တော့မှ စိတ်အကြာကြီး မကောက်တတ် ။
" Alvin အခု ဘယ်မှာလဲ သိလား "
"Umm . . . Singapore မှာလား? "
"Wrong!! Bangkok မှာ မြန်မာပြည်ကို လာဖို့ လေယာဉ်ပေါ် တက်တော့မလို့ "
Alvin စကား ကြောင့် လရိပ် မျက်လုံး ပြူးသွားရပြီး . . .
"What?!!!"
"See ya Bye ~"
Alvin က သူ့ စိတ်တိုင်းကျ အကြီးအကျယ် surprise တိုက်ပြီး ဖုန်းချသွားတော့ ပြာယာခတ် ကျန်ခဲ့သည်က လရိပ်။
ရန်ကုန် အမြန်ပြန်ရန် ပြင်ရတော့သည်။ ကား ပါမလာသဖြင့် အလှူသွားရန် ပြင်နေသော လေးလေးဆီက ကားကို ယူသွားဖို့ တောင်းလိုက်သည်။
ဘွားဘွားကိုလည်း ရှင်းပြရသည်။ ဘွားဘွားက အမှာတမ်းတွေ တသီကြီး ချွေပြီးမှ သွားခွင့်ပြုလိုက်သည်။
* * * * * * * * * * * * * * * * * * * * * * * *
မြန်မြန် လေဆိပ် ရောက်ချင်ပါတယ်ဆိုမှ ကားက ရုပ်တရက် ထိုးရပ်သွားတော့ လရိပ် ဘာလုပ်ရမှန်းမသိ ဟိုဒီ ကလိကြည့်ဖို့ကလည်း လရိပ် ကားသာ မောင်းတတ်သည် ကားမပြင်တတ် . .။
အနီးအနားက ဖြတ်သွားဖြတ်လာ အကူအညီတောင်းဖို့ဆိုတော့ အနားတွင် အိမ်မရှိ။ ကားလည်း အတော်ပြတ်သည်။
စိတ်ညစ်ညစ်ဖြင့် လေးလေးကို ဖုန်းဆက်လိုက်တော့ လေးလေးက လာခဲ့မယ်ဟု ပြန်ဖြေတော့ ကားဘေးတွင် စောင့်နေလိုက်သည်။
* * * * * * * * * * * * * * * * * * * * * * * *
လရိပ် ကားဘေးကို Land cruiser အနက်ရောင် တစီး လာရပ်တော့ အားတက်သွားမိပေမယ့် ပွင့်လာသော ကားမှန်အနက် နှင့် အတူ မောင်းသူ မျက်နှာကို မြင်လိုက်ရတော့ ထိုအားတက်မှုတွေ ချက်ချင်း ပျောက်ဆုံးသွားပြီး ဒေါသများသာ ထွက်လာသည်။
လရိပ်ရဲ့ ဒေါသ မျက်၀န်းများကို ရှင်းသန့်က ရင်မဆိုင်ရဲသလို ခေါင်းငုံနေသည်ကို မြင်လိုက်ရတော့ နေရာခြင်း ပြောင်းသွားသော သူတိုနှစ်ယောက် အဖြစ် ကို လရိပ် ဟားတိုက် ရီမောလိုက်ချင်မိသည်။
"လရိပ် "
ရှင်းသန့်ဘေးက lover seat တွင် ထိုင်နေသော မိန်းကလေး က လှမ်းခေါ်သည်။
သူ့ကို လရိပ်သိသည်။ ရှင်းသန့်တို့ အဖွဲ့ထဲမှာ အမြဲမြင်ဖူးသည်။
' ရှင်းသန့်ရဲ့ girlfriend ထင်တယ် '
"နင့် ဦးငယ်က မအားလို့ ငါတို့လည်း ရန်ကုန် ပြန်မှာနဲ့ နင့်ကို တပါတည်း လာခေါ်တာ လိုက်ခဲ့နော် "
ထို မိန်းကလေးကို လရိပ် ခေါင်းခါပြလိုက်သည်။ ရှင်းသန့်ကတော့ ကားအရှေ့ကိုသာ ကြည့်နေသည်။
"ရှင်းသန့် နင့်ကို ဘာမှ မလုပ်စေရဘူး။ ငါ တယောက်လုံး ရှိတယ်။ လာ ပါ လာ "
နောက်တခါး ဖွင့်ပေးလိုက်ပြီး အတင်း ခေါ်နေသည်က တကြောင်း . .။
"ကားကို ဒီ အတိုင်းထားခဲ့ ။ ဦးငယ်က နောက်မှာ ဆိုင်ကယ်နဲ့ လိုက်လာတယ် "
လရိပ်လည်း အလျင်လိုနေသည်မို့ ခေါင်းငြိမ့်လိုက်ရပြီး နောက်ခုံတွင် ဝင်ထိုင်လိုက်သည်။
* * * * * * * * * * * * * * * * * * * * * * *
"ငါ့နာမည်က ဖူးပွင့်မေ ။ ရှင်းသန့်တို့ရဲ့ သူငယ်ချင်း ။ "
ဖူးပွင့်က မိတ်ဆက်တော့ လရိပ်လည်း မိမိကိုယ်ကို ပြန် မိတ်ဆက်လိုက်သည်။
"နင့်အဘွားနဲ့ ငါ့ အဘွားတို့က တလမ်းတည်းနေတယ်။ နင့် အဘွားက ငါ့ကို အမြဲ နင့် အကြောင်းတွေ ပြောပြတယ် "
"အော် "
ဟုသာ လရိပ် တုံ့ပြန်လိုက်သည်။
လရိပ် မျက်လုးများက အပြင် ပြတင်းပေါက် ဆီကိုသာ . . . ရှင်းသန့်ကလည်း ကားကို သာ ကြိုးကြိုးစားစား မောင်းနေသည်။
ဖူးပွင့် လုံး၀ အားမရ ။
ဖူးပွင့် အကြံတခု ရသွားမိသည်။
ပြတင်းပေါက်က ကြည့်လိုက်တော့ ထောက်ကြန့် ၀င်စပြုနေပြီ ။
"အား! "
ဖူးပွင့်ရဲ့ စူးစူးရဲရဲ အော်သံကြောင့် ရှင်းသန့်ရော လရိပ်ပါ လန့်သွားကြသည်။
ဖူးပွင့် ဟန်ပါပါနဲ့ ဗိုက်ကို လက်နဲ့ ဖိထားလိုက်ရင်း . . .
"အား အမေ ကယ်ပါ!"
"ဘာဖြစ်တာလဲ"
ရှင်းသန့်ရဲ့ အမေးကို အကယ်ဒမီ မင်းသမီးတယောက် ဗိုက်နာနေသလို အိုင်တင်အပြည့်နဲ့ ဖူးပွင့်က . . .
"ငါ စောနက အလှူမှာ မှို စားမိလိုက်တယ်ထင်တယ်။ ငါ အခု အိမ်သာ အရမ်းသွားချင်နေတယ်။ ဖူးပွင့်က မှိုနဲ့ Allergic ရှိတယ်လေ"
ရှင့်သန့် အမေးကိုလည်း ဖြေ တဆက်တည်း လရိပ်ကိုလည်း ရှင်းပြလိုက်သည်။
"မှိုဟင်း ဘယ်မှာပါ. . . အား ! "
အရိပ်ပြ အကောင်မထင်သော ငတုံး ရှင်းသန့် ပေါင်ကို ကျိတ်လိမ်ဆွဲလိုက်ပြီး . . .
" ၅ မိနစ်လောက် ထပ်မောင်းရင် ငါ့ အမေ သူငယ်ချင်း ဆရာ၀န် တယောက်ရဲ့ အိမ်ဟ ။ သူ့ ဆီမှာ အိမ်သာ၀င်တက်ပြီး ဖြေဆေး ထိုးလိုက်ရင် သက်သာသွားမှာ ငါ့ကို အဲ့မှာ ရပ်ပေး "
"အဲ့ တိုက် အပြာလေး ဟုတ်တယ် အဲ့မှာ ရပ်ရပ် "
ရှင်းသန့် ကားကို လမ်းဘေးထိုးရပ်လိုက်တော့ ဘယ်သူမှ ကားပေါ်က မဆင်းနိုင်ခင် ဖူးပွင့် စွေ့ခနဲ ခုန်ဆင်းလိုက်ပြီး . . .
"နင်တို့ နှစ်ယောက် ရန်ကုန် ကို ဆက်မောင်းသွားတော့ ငါ ဒီမှာ သက်သာမှ ဒီက ဦးလေးကို လိုက်ပို့ခိုင်းတော့မယ် "
ဖူးပွင့် အပြောကြောင့် လရိပ် တုန်လှုပ်သွားမိပြီး ပြာပြာသလဲ . . .
"အဲ့လို မလုပ်ပါနဲ့ ကျွန်တော်လည်း အမ သက်သာတဲ့ အထိ နေ . . . "
"ရတယ် ရတယ် ။ အမ သက်သာဖို့က ကြာအုံးမှာ။ လရိပ် အလျင်လိုတယ် ဟုတ် ? ရှင်းသန့် သူသွားချင်တဲ့ နေရာ သေချာ ပို့ပေးလိုက်နော် ခု ငါ အိမ်သာ ပြေးချင်နေပြီ သွားတော့ "
ဖူးပွင့် သူ့အတွက် ဂွင်ဆင်ပေးတာ သိသော ရှင်းသန့်က ဖူးပွင့်ကို မျက်လုံးခြင်း ကျေးဇူးတင်စကား ပြောပြီး ကားလေးကို မောင်းထွက်သွားသည်။
ရှင်းသန့်ရဲ့ ကား မျက်လုံးထဲ ပျောက်သွားမှ ဖူးပွင့် အိမ်ကို လာခေါ်ရန် ဖုန်းဆက်လိုက် ပြီး အရိပ်တနေရာတွင် ရပ်စောင့်နေလိုက်သည်။
"ဟူး ငါလို cupid အချောလေး ရှိတာ ကံကောင်းတယ်မှတ်ပါ မောင်ရှင်းသန့် "
* * * * * * * * * * * * * * * * * * * * * *
လရိပ်နှင့် ဘာစကား မှ မပြောဘဲ မောင်းလာတာ မဂ်လာဒုံ နား နီးလာပြီ ဖြစ်သည်။
"ဘယ်ကို ပို့ပေးရမလဲ "
"ကားရပ်ပေးပါ။ taxi နဲ့ သွားမယ် "
လရိပ်က သူ့ လွယ်အိပ်သေးသေးလေးကို လွယ်လိုက်ရင်း ပြောတော့ ရှင်းသန့် ကားကို အရှိန်ပိုမြင့်လိုက်သည်။
"ရပ်ပေးဆို "
"ကိုယ် တို့ အခု cafe တခုကို သွားရအောင် ကိုယ် မင်းနဲ့ အေးအေးဆေးဆေးစကားပြောချင်တယ် "
"ဟင့်အင်း မသွားဘူး။ ကားကို အခု ချက်ချင်းရပ် "
"ခဏလေးပါ ။ ကိုယ့်ကို ခဏလေးပဲ အချိန်ပေးပါကွာ။ "
"မရဘူး။ ငါ ခုန်ဆင်း လိုက်မှာနော် "
လရိပ် က ခြိမ်းခြောက်လာတော့ မတတ်နိုင်တော့ ရှင်းသန့် ကားကို လမ်းဘေး ချရပ်လိုက်သည်။
"ခဏလေး လရိပ် "
ကားပေါ်က ခုန်ဆင်းသွားသော လရိပ်နောက် အမြန် လိုက်သွားပြီး taxi တားနေသော လရိပ် လက်ကလးကို ဖမ်းဆွဲလိုက်တော့ . .
"ဘာလုပ်တာလဲ လွှတ်"
ရှင်းသန့်ကို တွန်းလွှတ်နေသော နောက်လက်တဖက်ကိုပါ ချုပ်ထားလိုက်သည်။
"ကိုယ် ပြောတာ ခဏလေး နားထောင်ပါကွာ "
"မထောင်နိုင်ဘူး ။ လက်ကို လွှတ် "
ချုပ်ထားသော လက်နှစ်ဖက်ကို လရိပ် ဘယ်လို ရုံးရုံး မလွှတ်ပေး ။
"ဟာ ကိုရီးယားကား ရိုက်နေတယ်ဟ"
လိုင်းကားပေါ်က လူများ နောက်အော်သွားကြတော့ လရိပ်တယောက် ပိုမို ရုန်းကန်လာသည်မို့ မတတ်နိုင်တော့ လရိပ်ကို ရှင်းသန့် ရင်ခွင်ထဲ ဆွဲသွင်းပြီး ပွေ့ဖက် ထားလိုက်တော့ လရိပ်တယောက် လန့်သွားသည်မို့ ခဏ ငြိမ်သွားသည်။
"ကိုယ် ပြောတာ ခဏလေး နားထောင်ပေးပါ "
ရှင်းသန့်ရဲ့ အပြောကို လရိပ်က ခေါင်းကိုသာ ဇွတ်ခါနေတော့ သူ ဘယ်လို ပြောပြော နားထောင်မည် မဟုတ်ဟု နားလည်လိုက်သည်။
"ကိုယ် မင်းကို တကယ် တောင်းပန်ပါတယ်။ တောင်းပန်ရုံနဲ့ မလုံလောက်ဘူး ဆိုတာ ကိုယ်သိပါတယ်။ မင်းကိုယ့်ကို မုန်းနိုင်ပါတယ်။ မင်းဆီက ခွင့်လွှတ်ဖို့ကို ကိုယ် တကယ် မမျှော်လင့်ပါဘူး ။ ကိုယ် အဲ့နေ့က ဘာကြောင့် အဲ့လို ယုတ်မာတဲ့ ကိစ္စ ကို လုပ်မိတယ်ဆိုတာလေးပဲ ရှင်းပြခွင့်ပြုပါကွာ။ ကိုယ် တကယ် အနှုးညွတ်တောင်းဆိုပါတယ်"
လရိပ် တယောက် စဉ်းစားနေဟန် ခဏတော့ ငြိမ်သွားသည်မို့ ပျော်သွားမိသော်လည်း ထို အပျော်များက ကြာကြာမခံ . . ။
"ယောကျာ်း နှစ်ယောက် ဖက်နေတာဟ။ ဟီဟီ အစစ်မ ငါတို့ တွေ တကယ် နေ၀င်ချိန်တန်ပြီဟယ်"
စက်ဘီးပေါ်က ကောင်မလေး နှစ်ယောက်က မကြားတကြား စသွားသံကို ကြားလိုက်ရတော့ . . .
"ငါ့ကို လွှတ်"
ရင်ခွင် ထဲက ရုံးထွက်ဖို့ ကြိုးစားနေတဲ့ လရိပ်ကို သူတင်းကျပ်စွာ ဖက်ထားမိသည်။ ရှင်းသန့် ရဲ့ ဝုံးဒိုင်းကြဲ ဆူညံနေသော ရင်ခုန်သံများ လရိပ် ကြားမှာ သေချာသည်။
"မင်း ရှင်းပြတာ နားထောင်ပေးမယ်။ ငါ့ကို တော့ ခုလွှတ်ပေး "
ထို အခါမှ သူ မလွှတ်ချင် လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရသည်။
"ကားပေါ် သွားရအောင် ဒီမှာ လူတွေက ကြည့်နေတယ် "
လရိပ်ရဲ့ အပြောကြောင့် ရှင်းသန့် ဝေ့ဝဲကြည့်မိတော့ . . . အားပါး! လူတွေ သူတို့ကို ရုပ်ရှင်ရိုက်နေသည့်အလား ဝိုင်းကြည့်နေကြသည်။
ရှင်းသန့် လရိပ် လက်လေးကို ဆွဲရင်း ကားဆီသို့ ပြန်ခေါ်လာခဲ့တော့ လရိပ်က လက်ကို မရုံးသဖြင့် သူ အံ့သြမိသလို ၀မ်းသာနေမိသည်။
ထိုနောက် ဝိုင်းအုံနေသော လူစုနဲ့ ဝေးရာ တနေရာကို ခဏ မောင်းလိုက်သည်။
"ကိုယ် မင်းကို တကယ်တောင်းပန်ပါတယ်။ ဒီတခေါက် ကိစ္စ တခုတည်း မဟုတ်ပါဘူး။ ကိုယ်တို့ စတွေ့ထဲက မင်းကို ချောက်ချခဲ့တာတွေ မင်းကို သတ်သတ်မဲ့ ရန်ရှာခဲ့တာတွေ အကုန် တောင်းပန်ပါတယ် "
လရိပ်ကတော့ မတုန်မလှုပ်။
"မင်းကိုယ့်ကို ခွင့် မလွှတ်နိုင်ဘူး ဆိုတာ ကိုယ် သိပါတယ်။ ကိုယ် ခွင့်လွှတ်ဖို့လည်း မတောင်းဆိုပါဘူး။ ကိုယ့်မှာ အဲ့လို တောင်းဆိုပိုင်ခွင့်လည်း မရှိပါဘူး "
"အရင်က ကိစ္စတွေကို ငါ အကုန် ခွင့်လွှတ်နိုင်တယ်။ မင်းကြောင့်ငါ နှာဘူး လို့ခေါ်ခံရတယ် ။ ကိစ္စမရှိဘူး ငါ့ လိပ်ပြာငါလုံတယ်။ လူတွေရှေ့ ငါ့ကို အော်ငေါက်တယ် ကိစ္စမရှိဘူး ငါ့ အဖေက မင်းထင်တောင်ဆိုးသေးတယ်။ ဒါပေမယ့် ငါ့ အဖေရှေ့မှာ ပြီး မင်း အမေ ရှေ့မှာ ပြီးတော့ မင်းအိမ်က အလုပ်သမားတွေ ရှေ့မှာ မင်းငါ့ကို တံတွေးခွက် ပက်လက်မျောအောင် လုပ်ခဲ့တယ်။ ငါ မျက်စိမှိတ်လိုက်တိုင်း အဲ့ အထင်သေးတဲ့ မျက်လုံး တွေကို မြင်နေရတယ်။ အထူးသဖြင့် ငါ့အဖေ . . . ငါ့ အဖေ ငါ့ကို ဘယ်လောက် မုန်းနေခဲ့တယ်ဆိုတာ မင်းသိလား ။ ငါ. . . "
လရိပ် မျက်ရည်များ စီးကျလာပြီး ငိုချလိုက်မိသည်။ ရင်ဖွင့်စရာ လူမရှိသဖြင့် သိမ်းဆည်းထားခဲ့သော ခံစားချက်များ ပွင့်ကျလာသည်။
လရိပ်ရဲ့ မျက်ရည်များကို မြင်တော့ ရှင်းသန့် မနေနိုင်။ ရင်ဘတ်ထဲမှာ ဆူးအောင့်ကာ နာကျင်လာပြီး ငိုချင်လာမိသည်။။
လရိပ်ရဲ့ မျက်ရည်လေးများကို လက်မလေးနဲ့ ညင်ညင်သာသာလေး သုတ်ပေးလိုက်ရင်း . .
"ကိုယ် တကယ်တောင်းပန်ပါတယ်"
ထိုစကားမှ လွဲ၍ သူ့မှာ ပြောစရာ စကား မရှိ။
လရိပ်ကိုယ်လေးကို ပွေ့ဖက်ထားလိုက်တော့ လရိပ်က သူ့ကို တွန်းမပြစ်။
ရင်ခွင်ထဲတွင် တသိမ့်သိမ့်တုန်နေသော လရိပ် ကျောပြင်လေးကို ညင်ညင်သာသာလေး သပ်ပေးနေမိသည်။
ရှင်းသန့်ရဲ့ မာနများကို လရိပ် အပေါ်ထားရှိတဲ့ အချစ်များက အလဲထိုး အနိုင်ယူနိုင်ခဲ့ပြီဖြစ်သည်။ ဟုတ်သည်။
သူ လရိပ် ကို ရူးရူးမူးမူး ချစ်မိနေပြီ ဖြစ်သည်။
* * * * * * * * * * * * * * * * * * * * * * *
Hi ~ 🤗
ဒီ chapter လေးက တော်တော်ရှည်တော့ ဖတ်ရတာ ပျင်းသွားပြီလား မသိဘူး 😅
သာသာလည်း သင်တန်းတွေပိတ်တော့ အိမ်ထဲမှာပဲ နေ နေရတော့ စာတွေ အများကြီး ရေးဖြစ်နေလို့ ရေးရင်းရေးရင်း ရှည်သွားတာ 😅😅
သာသာ ဒီ fic လေးကို တင်မယ့် ရက် နောင်တရက် ထပ်တိုးလိုက်ပါပြီ ။ တနလ်ာနေ့တွေမှာလည်း တင်ပေးပါ့မယ်နော် 💕
ကဲ ! ရှင်းသန့်ကတော့ လရိပ်ကို သူ ချစ်မိနေတာ သူ့ကိုယ်သူ သိသွားပြီ ။
သူ ဖွင့်ပြောမှာလား ။ သူ ဖွင့်ပြောလာရင်ရော လရိပ်က လက်ခံမှာလား ဆိုတာ . . .
See you on Monday နော် 😁💕
{ ZawGyi }
ဖူးပြင့္ အေမရဲ႕ အသံေၾကာင့္ ရွင္းသန႔္ ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္ အိမ္ထဲသို႔ ၀င္လာေသာ အသက္ 70 ေက်ာ္ အမ်ိဳးသမီးႀကီးနဲ႕ ေယာက်ာ္းသား တေယာက္ကို ၾကည့္မိေတာ့ . . .
လရိပ္ေရာင္ မဟုတ္သည့္အတြက္ ရွင္းသန႔္ေမ်ာက္တေကာင္လို မွိုင္က်သြားသည္။
အဘြားေမ က သူ႕ အတြက္ ျပင္ဆင္ေပးထားေသာ ေနရာတြင္ ထိုင္လိုက္ၿပီး လရိပ္ ဦးေလးျဖစ္ဟန္တူေသာ ထိုလူက မိတ္ေဆြမ်ားကို လိုက္ ႏႈတ္ဆက္ေနသည္။
" အဘြားေမ ေျမးေလးေရာ မပါဘူးလား။ ေခၚခဲ့တာ မဟုတ္ဘူး ။ မိဖူးနဲ႕ မိတ္ဆက္ေပးရေအာင္လို႔ "
ဖူးပြင့္ အဘြားစကားကို ရွင္းသန႔္ သေဘာမက်မိ။
"ေျမးေလးက သူငယ္ခ်င္းတေယာက္ က ဖုန္းဆက္လို႔ ခုနေလးကမွ ရန္ကုန္ ျပန္သြားတယ္။ အာ့ေၾကာင့္ေပါ့ မဟုတ္ရင္ ဘြားေျမး ဘယ္ေလာက္ ျဖဴႏုၿပီး ေခ်ာေၾကာင္း ႂကြားခ်င္လို႔ ကို ေခၚခဲ့မွာ"
ဘြားေမ စကားေၾကာင့္ လူအမ်ား ပြဲက်သြားေပမယ့္ မရီနိုင္သည္က ရွင္းသန႔္ . .။
'သူငယ္ခ်င္းတဲ့ သူ႕ မွာ သူ ငယ္ခ်င္း ရွိလို႔လား '
ရွင္းသန႔္ တေယာက္ အေတြးနယ္ခ်ဲ့ေနခိုက္ လရိပ္ ဦးေလးက ရွင္းသန႔္ထိုင္ေနေသာ ဝိုင္းမွ မိတ္ေဆြတေယာက္ကို လာႏႈတ္ဆက္သည္။ စကားေကာင္း ေနခ်ိန္ ဖုန္းသံေၾကာင့္ စကားစ ျပတ္သြားၿပီး . . .
"အင္း လရိပ္ေလး ေျပာ"
ဖုန္းဆက္သူမွာ လရိပ္ ျဖစ္သည္ဆိုေသာေၾကာင့္ ရွင္းသန႔္ လရိပ္ဦးေလး ဖုန္းေျပာသည္ကို ေသခ်ာနားေထာင္ေနမိသည္။
"အဲ့ဒါမွ ဒုကၡပဲ ေလးေလးက 12 ေလာက္ အလုပ္ ျပန္ေျပးရအုံးမွာ ဘယ္လို လုပ္ရပါ့မလဲ "
လရိပ္ဦးေလးရဲ႕ အဆိုေၾကာင့္ ရင္ထဲ ထိပ္ခနဲ . .။
' ဘာမ်ား ျဖစ္လို႔ပါလိမ့္ '
သိခ်င္ေသာ္လည္း မေမးရဲ ။
"ဘာျဖစ္လို႔လဲ ဦးငယ္"
ဘယ္အခ်ိန္ထဲ က အနားေရာက္ေနမွန္း မသိေသာ ဖူးပြင့္မက ေမးလိုက္သည္။
"လရိပ္က ဦးငယ္ကားကို ယူသြားတာ အခု လွည္းကူး အ၀င္နား မွာ ကား ပ်က္ ေနလို႔တဲ့
ဦးကလည္း သူ ေလာတာနဲ႕ ကားကို ေသခ်ာ စစ္ေပးလိုက္ဖို႔ ေမ့သြားတယ္။ ခု ဦးက ႐ုံးကို ေျပးရအုံးမယ္ သူ႕ သြားေခၚလို႔လည္း မရဘူး။ ဘယ္လို လုပ္ရမွန္းမသိေတာ့ဘူး "
"ဘာမွ စိတ္မပူနဲ႕ ဖူးပြင့္တို႔ ခုပဲ ရန္ကုန္ ျပန္ေတာ့မွာ ဖူးပြင့္တို႔ တခါတည္း ေခၚသြားလိုက္မယ္။ "
"တကယ္လား။ ေက်းဇူးပါကြာ။ သူ႕ အဘြားသိလို႔လည္း မျဖစ္ ဦးငယ္ ဗ်ာမ်ားေနတာ "
"ရပါတယ္။ လရိပ္က ဖူးပြင့္တို႔ သူငယ္ခ်င္းပဲဟာ ကူညီရမွာေပါ့ "
ဖူးပြင့္ သူ႕ အမ်ိဳးမ်ားကို ျပန္ေတာ့မည္ အေၾကာင္း လိုက္ႏႈတ္ဆက္ေနသည္။
ရွင္းသန႔္ကေတာ့ ကားရွိရာ ေျပးမတတ္ ျမန္ျမန္ ေလွ်ာက္သြားမိသည္။
ဖူးပြင့္မ ေက်းဇူးေၾကာင့္ သူ လရိပ္ကို ေတြ႕ရေတာ့မည္။
လရိပ္ကို အရမ္း ေတြ႕ခ်င္ေနၿပီး ေတာင္းပန္ခ်င္သည္။
"ျမန္ျမန္လာကြာ။ သြားမယ္"
ရွင္းသန႔္ စိတ္မရွည္နဲ႕ အေျပာကို ဖူးပြင့္က ေတာ္ေတာ္ျဖစ္ဟု မ်က္ေစာင္းလွမ္းထိုးေတာ့ ဂ႐ုမစိုက္နိုင္ ရွင္းသန႔္အတြက္ လရိပ္ နဲ႕ မေတြ႕ရေသာ တစကၠန႔္ကို ေတာင္ ႏွေျမာေန မိသည္ . ။
* * * * * * * * * * * * * * * * * * * * * * * *
လရိပ္ တေယာက္ အဘြား ရဲ႕ၿခံထဲတြင္ ေအးေအးေဆးေဆး ipad တလုံး ႏွင့္ Tuxedo design ပုံတခု ဆြဲေနမိသည္။
ဒီ Tuxedo ၏ ပိုင္ရွင္မွာ ရွင္းသန႔္ျဖစ္သည္။
လရိပ္ကို ရက္စက္ရက္ေသာ ရွင္းသန႔္ကို မုန္းမိေသာ္လည္း professional ပီသစြာ မိမိအလုပ္ကို လုပ္ရမည္ဟု ခံယူထားေသာေၾကာင့္ ဒီဇိုင္းဆြဲေနမိျခင္း ျဖစ္သည္။
လရိပ္ Taxi ျဖင့္ ဒုံးဇိုင္းႀကီး ေရာက္ခ်လာေတာ့ အဘြားေရာ ဦးေလးပါ အံဩသြားၾကသည္။
အေဖ နဲ႕ အဘြားကို ကေတာက္ကဆ မျဖစ္ေစခ်င္သျဖင့္ အဘြားကို လြမ္းလို႔ ျပန္လာတာပါ ေျပာေသာ္လည္း အကင္းပါးေသာ အဘြားက မယုံ။ ေဖေဖ့ကို ဖုန္းလွမ္းဆက္ၿပီး စကားမ်ားက်သည္။
အိမ္ျပန္ရင္ ေဖေဖ့ေဒါသေတြက လရိပ္ အေပၚ က်လာက်လိမ့္အုံးမည္။
လရိပ္ ျမန္မာျပည္မွာ တကယ္ ဆက္မေနခ်င္ေတာ့ ။ Singapore ကို ျပန္ခ်င္သည္။
ေမေမလည္း မရွိသည္မို႔ ဘြားဘြားကလည္း ဟိုမွာ တေယာက္တည္း ေနဖို႔ ဘယ္ေတာ့မွ ခြင့္မျပဳမည္ကို သိေနသည္။
လရိပ္ drawing app ေလးကို ပိတ္လိုက္ၿပီး စိတ္ေျပလက္ေျပ Facebook သုံးရင္း ဟိုဟိုဒီဒီ ေရာက္တတ္ရာရာ သတင္းေတြ ၾကည့္ေနစဥ္ Singapore မွ တဦးတည္းေသာ အခ်စ္ရဆုံး သူငယ္ခ်င္းဆီမွ video call ၀င္လာသျဖင့္ ျမန္ျမန္ေလး answer လုပ္လိုက္ေတာ့ ဆူပုတ္ပုတ္ မ်က္ႏွာထားနဲ႕ Alvin ကို ျမင္လိုက္ရသည္။
လရိပ္ အခုတေလာ အဆက္အသြယ္ မလုပ္မိသျဖင့္ ေကာက္ေနျခင္း ျဖစ္သည္။
"Hi Alvin"
လရိပ္ မ်က္ႏွာခ်ိဳေသြးလိုက္ေတာ့ Alvin က မေက်မနပ္ မဲ့လိုက္ရင္း . .
"ဘာ hi လဲ လရိပ္က Alvin ကို အဆက္အသြယ္လဲ မလုပ္ဘူး။ I hate you!"
Alvin ရဲ႕ မေက်မနပ္ အေျပာေၾကာင့္ . . .
" ေတာင္းပန္ပါတယ္ Alvin "
လရိပ္ တကယ္ Alvin ကို အဆက္အသြယ္ မလုပ္မိတာ အရမ္း အားနာပါသည္။
"Whatever"
Alvin ရဲ႕ ရီက်ဲက်ဲ အေျပာေၾကာင့္ Alvin စိတ္ေကာက္ေျပသြား မွန္း သိလိုက္ရသညိ။
Alvin ကို လရိပ္ သေဘာက်ျခင္းမွာ ထို အရာျဖစ္သည္။ ဘယ္ေတာ့မွ စိတ္အၾကာႀကီး မေကာက္တတ္ ။
" Alvin အခု ဘယ္မွာလဲ သိလား "
"Umm . . . Singapore မွာလား? "
"Wrong!! Bangkok မွာ ျမန္မာျပည္ကို လာဖို႔ ေလယာဥ္ေပၚ တက္ေတာ့မလို႔ "
Alvin စကား ေၾကာင့္ လရိပ္ မ်က္လုံး ျပဴးသြားရၿပီး . . .
"What?!!!"
"See ya Bye ~"
Alvin က သူ႕ စိတ္တိုင္းက် အႀကီးအက်ယ္ surprise တိုက္ၿပီး ဖုန္းခ်သြားေတာ့ ျပာယာခတ္ က်န္ခဲ့သည္က လရိပ္။
ရန္ကုန္ အျမန္ျပန္ရန္ ျပင္ရေတာ့သည္။ ကား ပါမလာသျဖင့္ အလႉသြားရန္ ျပင္ေနေသာ ေလးေလးဆီက ကားကို ယူသြားဖို႔ ေတာင္းလိုက္သည္။
ဘြားဘြားကိုလည္း ရွင္းျပရသည္။ ဘြားဘြားက အမွာတမ္းေတြ တသီႀကီး ေခြၽၿပီးမွ သြားခြင့္ျပဳလိုက္သည္။
* * * * * * * * * * * * * * * * * * * * * * * *
ျမန္ျမန္ ေလဆိပ္ ေရာက္ခ်င္ပါတယ္ဆိုမွ ကားက ႐ုပ္တရက္ ထိုးရပ္သြားေတာ့ လရိပ္ ဘာလုပ္ရမွန္းမသိ ဟိုဒီ ကလိၾကည့္ဖို႔ကလည္း လရိပ္ ကားသာ ေမာင္းတတ္သည္ ကားမျပင္တတ္ . .။
အနီးအနားက ျဖတ္သြားျဖတ္လာ အကူအညီေတာင္းဖို႔ဆိုေတာ့ အနားတြင္ အိမ္မရွိ။ ကားလည္း အေတာ္ျပတ္သည္။
စိတ္ညစ္ညစ္ျဖင့္ ေလးေလးကို ဖုန္းဆက္လိုက္ေတာ့ ေလးေလးက လာခဲ့မယ္ဟု ျပန္ေျဖေတာ့ ကားေဘးတြင္ ေစာင့္ေနလိုက္သည္။
* * * * * * * * * * * * * * * * * * * * * * * *
လရိပ္ ကားေဘးကို Land cruiser အနက္ေရာင္ တစီး လာရပ္ေတာ့ အားတက္သြားမိေပမယ့္ ပြင့္လာေသာ ကားမွန္အနက္ ႏွင့္ အတူ ေမာင္းသူ မ်က္ႏွာကို ျမင္လိုက္ရေတာ့ ထိုအားတက္မႈေတြ ခ်က္ခ်င္း ေပ်ာက္ဆုံးသြားၿပီး ေဒါသမ်ားသာ ထြက္လာသည္။
လရိပ္ရဲ႕ ေဒါသ မ်က္၀န္းမ်ားကို ရွင္းသန႔္က ရင္မဆိုင္ရဲသလို ေခါင္းငုံေနသည္ကို ျမင္လိုက္ရေတာ့ ေနရာျခင္း ေျပာင္းသြားေသာ သူတိုႏွစ္ေယာက္ အျဖစ္ ကို လရိပ္ ဟားတိုက္ ရီေမာလိုက္ခ်င္မိသည္။
"လရိပ္ "
ရွင္းသန႔္ေဘးက lover seat တြင္ ထိုင္ေနေသာ မိန္းကေလး က လွမ္းေခၚသည္။
သူ႕ကို လရိပ္သိသည္။ ရွင္းသန႔္တို႔ အဖြဲ႕ထဲမွာ အၿမဲျမင္ဖူးသည္။
' ရွင္းသန႔္ရဲ႕ girlfriend ထင္တယ္ '
"နင့္ ဦးငယ္က မအားလို႔ ငါတို႔လည္း ရန္ကုန္ ျပန္မွာနဲ႕ နင့္ကို တပါတည္း လာေခၚတာ လိုက္ခဲ့ေနာ္ "
ထို မိန္းကေလးကို လရိပ္ ေခါင္းခါျပလိုက္သည္။ ရွင္းသန႔္ကေတာ့ ကားအေရွ႕ကိုသာ ၾကည့္ေနသည္။
"ရွင္းသန႔္ နင့္ကို ဘာမွ မလုပ္ေစရဘူး။ ငါ တေယာက္လုံး ရွိတယ္။ လာ ပါ လာ "
ေနာက္တခါး ဖြင့္ေပးလိုက္ၿပီး အတင္း ေခၚေနသည္က တေၾကာင္း . .။
"ကားကို ဒီ အတိုင္းထားခဲ့ ။ ဦးငယ္က ေနာက္မွာ ဆိုင္ကယ္နဲ႕ လိုက္လာတယ္ "
လရိပ္လည္း အလ်င္လိုေနသည္မို႔ ေခါင္းၿငိမ့္လိုက္ရၿပီး ေနာက္ခုံတြင္ ဝင္ထိုင္လိုက္သည္။
* * * * * * * * * * * * * * * * * * * * * * *
"ငါ့နာမည္က ဖူးပြင့္ေမ ။ ရွင္းသန႔္တို႔ရဲ႕ သူငယ္ခ်င္း ။ "
ဖူးပြင့္က မိတ္ဆက္ေတာ့ လရိပ္လည္း မိမိကိုယ္ကို ျပန္ မိတ္ဆက္လိုက္သည္။
"နင့္အဘြားနဲ႕ ငါ့ အဘြားတို႔က တလမ္းတည္းေနတယ္။ နင့္ အဘြားက ငါ့ကို အၿမဲ နင့္ အေၾကာင္းေတြ ေျပာျပတယ္ "
"ေအာ္ "
ဟုသာ လရိပ္ တုံ႕ျပန္လိုက္သည္။
လရိပ္ မ်က္လုးမ်ားက အျပင္ ျပတင္းေပါက္ ဆီကိုသာ . . . ရွင္းသန႔္ကလည္း ကားကို သာ ႀကိဳးႀကိဳးစားစား ေမာင္းေနသည္။
ဖူးပြင့္ လုံး၀ အားမရ ။
ဖူးပြင့္ အႀကံတခု ရသြားမိသည္။
ျပတင္းေပါက္က ၾကည့္လိုက္ေတာ့ ေထာက္ၾကန႔္ ၀င္စျပဳေနၿပီ ။
"အား! "
ဖူးပြင့္ရဲ႕ စူးစူးရဲရဲ ေအာ္သံေၾကာင့္ ရွင္းသန့္ေရာ လရိပ္ပါ လန႔္သြားၾကသည္။ စ
ဖူးပြင့္ ဟန္ပါပါနဲ႕ ဗိုက္ကို လက္နဲ႕ ဖိထားလိုက္ရင္း . . .
"အား အေမ ကယ္ပါ!"
"ဘာျဖစ္တာလဲ"
ရွင္းသန႔္ရဲ႕ အေမးကို အကယ္ဒမီ မင္းသမီးတေယာက္ ဗိုက္နာေနသလို အိုင္တင္အျပည့္နဲ႕ ဖူးပြင့္က . . .
"ငါ ေစာနက အလႉမွာ မွို စားမိလိုက္တယ္ထင္တယ္။ ငါ အခု အိမ္သာ အရမ္းသြားခ်င္ေနတယ္။ ဖူးပြင့္က မွိုနဲ႕ Allergic ရွိတယ္ေလ"
ရွင့္သန႔္ အေမးကိုလည္း ေျဖ တဆက္တည္း လရိပ္ကိုလည္း ရွင္းျပလိုက္သည္။
"မွိုဟင္း ဘယ္မွာပါ. . . အား ! "
အရိပ္ျပ အေကာင္မထင္ေသာ ငတုံး ရွင္းသန႔္ ေပါင္ကို က်ိတ္လိမ္ဆြဲလိုက္ၿပီး . . .
" ၅ မိနစ္ေလာက္ ထပ္ေမာင္းရင္ ငါ့ အေမ သူငယ္ခ်င္း ဆရာ၀န္ တေယာက္ရဲ႕ အိမ္ဟ ။ သူ႕ ဆီမွာ အိမ္သာ၀င္တက္ၿပီး ေျဖေဆး ထိုးလိုက္ရင္ သက္သာသြားမွာ ငါ့ကို အဲ့မွာ ရပ္ေပး "
"အဲ့ တိုက္ အျပာေလး ဟုတ္တယ္ အဲ့မွာ ရပ္ရပ္ "
ရွင္းသန႔္ ကားကို လမ္းေဘးထိုးရပ္လိုက္ေတာ့ ဘယ္သူမွ ကားေပၚက မဆင္းနိုင္ခင္ ဖူးပြင့္ ေစြ႕ခနဲ ခုန္ဆင္းလိုက္ၿပီး . . .
"နင္တို႔ ႏွစ္ေယာက္ ရန္ကုန္ ကို ဆက္ေမာင္းသြားေတာ့ ငါ ဒီမွာ သက္သာမွ ဒီက ဦးေလးကို လိုက္ပို႔ခိုင္းေတာ့မယ္ "
ဖူးပြင့္ အေျပာေၾကာင့္ လရိပ္ တုန္လႈပ္သြားမိၿပီး ျပာျပာသလဲ . . .
"အဲ့လို မလုပ္ပါနဲ႕ ကြၽန္ေတာ္လည္း အမ သက္သာတဲ့ အထိ ေန . . . "
"ရတယ္ ရတယ္ ။ အမ သက္သာဖို႔က ၾကာအုံးမွာ။ လရိပ္ အလ်င္လိုတယ္ ဟုတ္ ? ရွင္းသန႔္ သူသြားခ်င္တဲ့ ေနရာ ေသခ်ာ ပို႔ေပးလိုက္ေနာ္ ခု ငါ အိမ္သာ ေျပးခ်င္ေနၿပီ သြားေတာ့ "
ဖူးပြင့္ သူ႕အတြက္ ဂြင္ဆင္ေပးတာ သိေသာ ရွင္းသန႔္က ဖူးပြင့္ကို မ်က္လုံးျခင္း ေက်းဇူးတင္စကား ေျပာၿပီး ကားေလးကို ေမာင္းထြက္သြားသည္။
ရွင္းသန႔္ရဲ႕ ကား မ်က္လုံးထဲ ေပ်ာက္သြားမွ ဖူးပြင့္ အိမ္ကို လာေခၚရန္ ဖုန္းဆက္လိုက္ ၿပီး အရိပ္တေနရာတြင္ ရပ္ေစာင့္ေနလိုက္သည္။
"ဟူး ငါလို cupid အေခ်ာလး ရွိတာ ကံေကာင္းတယ္မွတ္ပါ ေမာင္ရွင္းသန႔္ "
* * * * * * * * * * * * * * * * * * * * * *
လရိပ္ႏွင့္ ဘာစကား မွ မေျပာဘဲ ေမာင္းလာတာ မဂ္လာဒုံ နား နီးလာၿပီ ျဖစ္သည္။
"ဘယ္ကို ပို႔ေပးရမလဲ "
"ကားရပ္ေပးပါ။ taxi နဲ႕ သြားမယ္ "
လရိပ္က သူ႕ လြယ္အိပ္ေသးေသးေလးကို လြယ္လိုက္ရင္း ေျပာေတာ့ ရွင္းသန႔္ ကားကို အရွိန္ပိုျမင့္လိုက္သည္။
"ရပ္ေပးဆို "
"ကိုယ္ တို႔ အခု cafe တခုကို သြားရေအာင္ ကိုယ္ မင္းနဲ႕ ေအးေအးေဆးေဆးစကားေျပာခ်င္တယ္ "
"ဟင့္အင္း မသြားဘူး။ ကားကို အခု ခ်က္ခ်င္းရပ္ "
"ခဏေလးပါ ။ ကိုယ့္ကို ခဏေလးပဲ အခ်ိန္ေပးပါကြာ။ "
"မရဘူး။ ငါ ခုန္ဆင္း လိုက္မွာေနာ္ "
လရိပ္ က ၿခိမ္ေျခာက္လာေတာ့ မတတ္နိုင္ေတာ့ ရွင္းသန႔္ ကားကို လမ္းေဘး ခ်ရပ္လိုက္သည္။
"ခဏေလး လရိပ္ "
ကားေပၚက ခုန္ဆင္းသြားေသာ လရိပ္ေနာက္ အျမန္ လိုက္သြားၿပီး taxi တားေနေသာ လရိပ္ လက္ကလးကို ဖမ္းဆြဲလိုက္ေတာ့ . .
"ဘာလုပ္တာလဲ လႊတ္"
ရွင္းသန႔္ကို တြန္းလႊတ္ေနေသာ ေနာက္လက္တဖက္ကိုပါ ခ်ဳပ္ထားလိုက္သည္။
"ကိုယ္ ေျပာတာ ခဏေလး နားေထာင္ပါကြာ "
"မေထာင္နိုင္ဘူး ။ လက္ကို လႊတ္ "
ခ်ဳပ္ထားေသာ လက္ႏွစ္ဖက္ကို လရိပ္ ဘယ္လို ႐ုံး႐ုံး မလႊတ္ေပး ။
"ဟာ ကိုရီးယားကား ရိုက္ေနတယ္ဟ"
လိုင္းကားေပၚက လူမ်ား ေနာက္ေအာ္သြားၾကေတာ့ လရိပ္တေယာက္ ပိုမို ႐ုန္းကန္လာသည္မို႔ မတတ္နိုင္ေတာ့ လရိပ္ကို ရွင္းသန႔္ ရင္ခြင္ထဲ ဆြဲသြင္းၿပီး ေပြ႕ဖက္ ထားလိုက္ေတာ့ လရိပ္တေယာက္ လန႔္သြားသည္မို႔ ခဏ ၿငိမ္သြားသည္။
"ကိုယ္ ေျပာတာ ခဏေလး နားေထာင္ေပးပါ "
ရွင္းသန႔္ရဲ႕ အေျပာကို လရိပ္က ေခါင္းကိုသာ ဇြတ္ခါေနေတာ့ သူ ဘယ္လို ေျပာေျပာ နားေထာင္မည္ မဟုတ္ဟု နားလည္လိုက္သည္။
"ကိုယ္ မင္းကို တကယ္ ေတာင္းပန္ပါတယ္။ ေတာင္းပန္႐ုံနဲ႕ မလုံေလာက္ဘူး ဆိုတာ ကိုယ္သိပါတယ္။ မင္းကိုယ့္ကို မုန္းနိုင္ပါတယ္။ မင္းဆီက ခြင့္လႊတ္ဖို႔ကို ကိုယ္ တကယ္ မေမွ်ာ္လင့္ပါဘူး ။ ကိုယ္ အဲ့ေန႕က ဘာေၾကာင့္ အဲ့လို ယုတ္မာတဲ့ ကိစၥ ကို လုပ္မိတယ္ဆိုတာေလးပဲ ရွင္းျပခြင့္ျပဳပါကြာ။ ကိုယ္ တကယ္ အႏႈးၫြတ္ေတာင္းဆိုပါတယ္"
လရိပ္ တေယာက္ စဥ္းစားေနဟန္ ခဏေတာ့ ၿငိမ္သြားသည္မို႔ ေပ်ာ္သြားမိေသာ္လည္း ထို အေပ်ာ္မ်ားက ၾကာၾကာမခံ . . ။
"ေယာက်ာ္း ႏွစ္ေယာက္ ဖက္ေနတာဟ။ ဟီဟီ အစစ္မ ငါတို႔ ေတြ တကယ္ ေန၀င္ခ်ိန္တန္ၿပီဟယ္"
စက္ဘီးေပၚက ေကာင္မေလး ႏွစ္ေယာက္က မၾကားတၾကား စသြားသံကို ၾကားလိုက္ရေတာ့ . . .
"ငါ့ကို လႊတ္"
ရင္ခြင္ ထဲက ႐ုံးထြက္ဖို႔ ႀကိဳးစားေနတဲ့ လရိပ္ကို သူတင္းက်ပ္စြာ ဖက္ထားမိသည္။ ရွင္းသန့္ ရဲ႕ ဝုံးဒိုင္းႀကဲ ဆူညံေနေသာ ရင္ခုန္သံမ်ား လရိပ္ ၾကားမွာ ေသခ်ာသည္။
"မင္း ရွင္းျပတာ နားေထာင္ေပးမယ္။ ငါ့ကို ေတာ့ ခုလႊတ္ေပး "
ထို အခါမွ သူ မလႊတ္ခ်င္ လႊတ္ခ်င္နဲ႕ လႊတ္ေပးလိုက္ရသည္။
"ကားေပၚ သြားရေအာင္ ဒီမွာ လူေတြက ၾကည့္ေနတယ္ "
လရိပ္ရဲ႕ အေျပာေၾကာင့္ ရွင္းသန႔္ ေဝ့ဝဲၾကည့္မိေတာ့ . . . အားပါး! လူေတြ သူတို႔ကို ႐ုပ္ရွင္ရိုက္ေနသည့္အလား ဝိုင္းၾကည့္ေနၾကသည္။
ရွင္းသန႔္ လရိပ္ လက္ေလးကို ဆြဲရင္း ကားဆီသို႔ ျပန္ေခၚလာခဲ့ေတာ့ လရိပ္က လက္ကို မ႐ုံးသျဖင့္ သူ အံ့ၾသမိသလို ၀မ္းသာေနမိသည္။
ထိုေနာက္ ဝိုင္းအုံေနေသာ လူစုနဲ႕ ေဝးရာ တေနရာကို ခဏ ေမာင္းလိုက္သည္။
"ကိုယ္ မင္းကို တကယ္ေတာင္းပန္ပါတယ္။ ဒီတေခါက္ ကိစၥ တခုတည္း မဟုတ္ပါဘူး။ ကိုယ္တို႔ စေတြ႕ထဲက မင္းကို ေခ်ာက္ခ်ခဲ့တာေတြ မင္းကို သတ္သတ္မဲ့ ရန္ရွာခဲ့တာေတြ အကုန္ ေတာင္းပန္ပါတယ္ "
လရိပ္ကေတာ့ မတုန္မလႈပ္။
"မင္းကိုယ့္ကို ခြင့္ မလႊတ္နိုင္ဘူး ဆိုတာ ကိုယ္ သိပါတယ္။ ကိုယ္ ခြင့္လႊတ္ဖို႔လည္း မေတာင္းဆိုပါဘူး။ ကိုယ့္မွာ အဲ့လို ေတာင္းဆိုပိုင္ခြင့္လည္း မရွိပါဘူး "
"အရင္က ကိစၥေတြကို ငါ အကုန္ ခြင့္လႊတ္နိုင္တယ္။ မင္းေၾကာင့္ငါ ႏွာဘူး လို႔ေခၚခံရတယ္ ။ ကိစၥမရွိဘူး ငါ့ လိပ္ျပာငါလုံတယ္။ လူေတြေရွ႕ ငါ့ကို ေအာ္ေငါက္တယ္ ကိစၥမရွိဘူး ငါ့ အေဖက မင္းထင္ေတာင္ဆိုးေသးတယ္။ ဒါေပမယ့္ ငါ့ အေဖေရွ႕မွာ ၿပီး မင္း အေမ ေရွ႕မွာ ၿပီးေတာ့ မင္းအိမ္က အလုပ္သမားေတြ ေရွ႕မွာ မင္းငါ့ကို တံေတြးခြက္ ပက္လက္ေမ်ာေအာင္ လုပ္ခဲ့တယ္။ ငါ မ်က္စိမွိတ္လိုက္တိုင္း အဲ့ အထင္ေသးတဲ့ မ်က္လုံး ေတြကို ျမင္ေနရတယ္။ အထူးသျဖင့္ ငါ့အေဖ . . . ငါ့ အေဖ ငါ့ကို ဘယ္ေလာက္ မုန္းေနခဲ့တယ္ဆိုတာ မင္းသိလား ။ ငါ. . . "
လရိပ္ မ်က္ရည္မ်ား စီးက်လာၿပီး ငိုခ်လိဳက္မိသည္။ ရင္ဖြင့္စရာ လူမရွိသျဖင့္ သိမ္းဆည္းထားခဲ့ေသာ ခံစားခ်က္မ်ား ပြင့္က်လာသည္။
လရိပ္ရဲ႕ မ်က္ရည္မ်ားကို ျမင္ေတာ့ ရွင္းသန႔္ မေနနိုင္။ ရင္ဘတ္ထဲမွာ ဆူးေအာင့္ကာ နာက်င္လာၿပီး ငိုခ်င္လာမိသည္။။
လရိပ္ရဲ႕ မ်က္ရည္ေလးမ်ားကို လက္မေလးနဲ႕ ညင္ညင္သာသာေလး သုတ္ေပးလိုက္ရင္း . .
"ကိုယ္ တကယ္ေတာင္းပန္ပါတယ္"
ထိုစကားမွ လြဲ၍ သူ႕မွာ ေျပာစရာ စကား မရွိ။
လရိပ္ကိုယ္ေလးကို ေပြ႕ဖက္ထားလိုက္ေတာ့ လရိပ္က သူ႕ကို တြန္းမျပစ္။
ရင္ခြင္ထဲတြင္ တသိမ့္သိမ့္တုန္ေနေသာ လရိပ္ ေက်ာျပင္ေလးကို ညင္ညင္သာသာေလး သပ္ေပးေနမိသည္။
ရွင္းသန႔္ရဲ႕ မာနမ်ားကို လရိပ္ အေပၚထားရွိတဲ့ အခ်စ္မ်ားက အလဲထိုး အနိုင္ယူနိုင္ခဲ့ၿပီျဖစ္သည္။ ဟုတ္သည္။
သူ လရိပ္ ကို ႐ူး႐ူးမူးမူး ခ်စ္မိေနၿပီ ျဖစ္သည္။
* * * * * * * * * * * * * * * * * * * * * * * *
Hi ~ 🤗
ဒီ chapter ေလးက ေတာ္ေတာ္ရွည္ေတာ့ ဖတ္ရတာ ပ်င္းသြားၿပီလား မသိဘူး 😅
သာသာလည္း သင္တန္းေတြပိတ္ေတာ့ အိမ္ထဲမွ ေန ေနရေတာ့ စာေတြ အမ်ားႀကီး ေရးျဖစ္ေနလို႔ ေရးရင္းေရးရင္း ရွည္သြားတာ 😅😅
သာသာ ဒီ fic ေလးကို တင္မယ့္ ရက္ ေနာင္တရက္ ထပ္တိုးလိုက္ပါၿပီ ။ တနလ္ာေန႕ေတြမွာလည္း တင္ေပးပါ့မယ္ေနာ္ 💕
ကဲ ! ရွင္းသန႔္ကေတာ့ လရိပ္ကို သူ ခ်စ္မိေနတာ သူ႕ကိုယ္သူ သိသြားၿပီ ။
သူ ဖြင့္ေျပာမွာလား ။ သူ ဖြင့္ေျပာလာရင္ေရာ လရိပ္က လက္ခံမွာလား ဆိုတာ . . .
See you on Monday ေနာ္ 😁💕