ရှင်းသန့် တယောက် အေးအေးဆေးဆေး game ဆော့နိုင်ရန် အင်းယားလမ်းရှိ cafe တခုကို သွားလိုက်သည်။
သူငယ်ချင်းများကို လှမ်းခေါ်ပေမယ့် စေမန်က သူ့အမေ မွေးနေ့ ဘုရား သွားရမည်ဟု ဆိုသည်။ ဇိုင်းကလည်း သူ့ အဖေ company မှာ အလုပ်ဆင်းရမည် ပြီးမှ လိုက်လာမည်ဟု ဆိုသည်။ ဖူးပွင့်ကတော့ BL စာအုပ်တွေ ဖတ်ရမည် ဟုဆိုကာ ငြင်းလိုက်သည်။
Final year ကျောင်းသားများ ဖြစ်ကြသော်လည်း စာတစက်မှ မလုပ်သော အဖွဲ့ဖြစ်သည်။
"တော်တော်ကောင်းတဲ့ ဟာတွေ"
ရှင်းသန့် တကိုယ်တည်း ရေရွတ်လိုက်ပြီး game ကိုသာ ဆက်ဆော့နေလိုက်သည်။
ဆိုင်လေးက မနက် 9 နာရီခွဲ ဖွင့်ကာစမို့ လူသိပ်မရှိ။ ရှင်းသန့်ရယ် နိုင်ငံခြားသား couple ရယ်သာ ရှိသည်။
ရှင်းသန့် အခုတလော ကျောင်းတွင် ရှင်းသန့် ချောက်ချခဲ့သော ကောင်လေးနှင့် မတွေ့ဖြစ်။ မတွေ့ဆို အူကြောင်ကြား ဂျပုက သူ့ကို မြင်သည်နှင့် ပြေးနေတာမှ တန်းလို့ ။ မသိ ရှင်းသန့်က သူ့ကို နှိပ်စက်နေသလိုလို။
ရှင်းသန့် ထို အပြုအမှုများကို လုံး၀ သဘောမကျ ရှင်းသန့်ကို ဒေါသထွက်အောင် ဆွနေသလို ဖြစ်နေသည်။
ရှင်းသန့် game ဆော့ရင်း မိမိမှာထားသော coffee ကုန်သွားပြီကို သတိပြုမိသည်။ စိတ်ထဲမှာ ဗိုက်ဆာသလို ခံစားနေရသဖြင့် တခုခု ထပ်မှာရန် ဆုံးဖြတ်လိုက်သည်။
ဆိုင်လေးက ကောင်တာမှာ မိမိ မှာချင်တာ ကိုယ်တိုင် သွားမှာရသော စနစ်ဖြစ်သောကြောင့် သွားမှာရန် နေရာမှ ထရပ်လိုက်တော့
"အား ပူတယ်"
ရှင်းသန့် ကိုယ်ပေါ်ကို အရမ်းပူသော coffee များ လောင်းချခံလိုက် ရသောကြောင့် လန့်အော်မိသွားသည်။
"တောင်း . . . တောင်းပန်ပါတယ်"
ရှင်းသန့် ဒီ အသံကို အရမ်း ရင်းနှီးနေသည်။ ဆတ်ခနဲ အသံပိုင်ရှင်ကို ကြည့်လိုက်တော့ သူ ချောက်ချခဲ့သော ဂျပု . . .
လရိပ် တယောက် ကျောင်းပိတ်ရက် အိမ်မှာ အေးအေးဆေးဆေး design ဆွဲမည်ဟု စဉ်းစားထားသော်လည်း အိမ်မှာ အဆင်မပြေသောကြောင့် မိမိ၏ Honda Fit အပြာရောင်လေးနှင့် ထိုင်နေကျ cafe သို့ ထွက်ခဲ့လိုက်သည်။
ဆိုင်ထဲသို့ ၀င်ရန် တံခါး ဖွင့်လိုက်ပြီးမှ မြင်လိုက်ရသော လူတယောက်ကြောင့် လရိပ် နောက်သို့ ပြန်ပြေးချင်စိတ်များ ပေါက်သွားသည်။
ငွေရှင်းကောင်တာ အနားရှိ စားပွဲတွင် မိုးမမြင် လေမမြင် latest iphone နှင့် game ဆော့နေသူကို လရိပ် ရင်မဆိုင်ချင်။
လရိပ် ကျောင်းစတက်တာ နှစ်လ ကျော်ပြီ ဖြစ်သော်လည်း အခုထိ အနှီလူ၏ ကျေးဇူးကြောင့် လူတွေက လရိပ်ကို နှာဘူးဟု ခေါ်နေကြဆဲ . . .
လရိပ် ဒီတလောအတွင်း သူနှင့် မဆုံမိအောင် ကြိုးစားခဲ့သည်။ သူ့ကို အဝေး တွင် မြင်လိုက်သည်နှင့် လရိပ် ပြေး ပုံးရသည်မှာ အမော ။ အဲ့လောက် ရှောင်သည့် ကြားမှ တခါတလေ မျက်လုံးခြင်း ခလုတ်တိုက်မိလျင် လရိပ်ကို ဒေါသအပြည့်နှင့် ကြည့်နေတတ်သေးသည်။
ပြန်သွားလို့လည်း မဖြစ်သေးပါဘူးလေ ဟု စိတ်အားတင်းကာ ဆိုင်ထဲ ၀င်လာလိုက်သည်။
လရိပ် သူ့ဘေးက ဖြတ်လျှောက်ပြီး ကောင်တာကို သွားသောအခါ ရင်တထိတ်ထိတ် ။ သူများ ငါ့ကို မော့ကြည့်လိုက်ရင် လို့တွေးကာ လန့်နေရသည်။ ထိုသူကတော့ phone ကိုသာ သဲကြီးမဲကြီး ကြည့်နေသည်။
ထိုအခါမှ လရိပ်လည်း သက်ပြင်းလေး ချကာ Hot Latte တခွက်မှာလိုက်သည်။
လရိပ် coffee ခွက်ကို ဗန်းပေါ်တင်ကာ ပြန်အလှည့် ရုပ်တရက် ထရပ်လိုက်သော သူ့ကို တိုက်မိပြီး coffee အပူတွေနှင့် လောင်းချမိလိုက်သည်။
"အား ပူတယ်"
ရှုးတူးရှဲတဲ အော်နေသော ရှင်းသန့်ကြောင့် လရိပ် ရော ဆိုင်က ၀န်ထမ်း လေးတွေပါ ပြာသွားကြသည်။
"တောင်း. . . တောင်းပန်ပါတယ်"
လရိပ် အသံကို ကြားတော့ သူက ဆတ်ခနဲ ကြည့်လိုက်ပြီး
"အော် မင်းကိုး"
လရိပ်ကို မြင်တော့ ရှင်းသန့် မျက်လုံး များက ချက်ချင်း ဒေါသမီးများ နှင့် တောက်လောင်သွားပြီး တောက်တချက် အကျယ်ကြီး ခေါက်လိုက်သည်။
"မင်း ငါ့ကို လက်စား ချေတာပေါ့လေ။ ဟုတ်လား "
"မဟုတ်ပါဘူး။ တကယ် မတော်တဆပါ "
လရိပ် ကြောက်အားလန့်အား ငြင်းသော်လည်း ရှင်းသန့်က လက်မခံ ။
"အပိုတွေ မပြောနဲ့ ခု မင်းငါ့ကို ဘယ်လို လုပ်ပေးမှာလဲ"
ရှင်းသန့်ရဲ့ coffee တွေ ပေကျံနေသော Gucci အကျီကို ကြည့်ရင်း အကြီးအကျယ် စိတ်ညစ်သွားမိသည်။
Gucci အစစ်ဖြစ်ဖို့ များသည်။ လရိပ် ဘယ်လို လုပ်ရပါ့
"လရိပ် ပြန်လျော်ပေးပါ့မယ်။ အကို့ အကျီက အစစ်လား "
လရိပ် မဝံ့မရဲ မေးလိုက်တော့
"အစစ်ပေါ့ ငါ့လို ကောင်က အတု ၀တ်မလား "
ရှင်းသန့် ပို ပေါက်ကွဲသွားသည်။
"အဲ့လို မဟုတ်ပါဘူး "
"မင်း အခုချက်ချင်း လျော် ပြီး ငါကျေနပ်တဲ့ အထိ တောင်းပန် မဟုတ်လို့ကတော့ မင်း နာပြီသာမှတ်"
လရိပ် ငိုသာ ချလိုက်ချင်တော့သည်။
"အကိုရယ် ဒီက ညီလေးက မတော်တဆ ဖြစ်သွားတာပါ ။ စိတ်လျှော့ပါနော်"
ဆိုင် မန်နေဂျာမှ ၀င် ဖြေရှင်းပေးရန် ကြိုးစားသော်လည်း ရှင်းသန့် တယောက် စိတ်လျှော့ဖို့ ဝေး သူ့ကိုပါ ဒေါသမျက်၀န်းများနှင့် ကြည့်လာသဖြင့် မန်နေဂျာ ပါးစပ်ပိတ်ထားရန် ဆုံးဖြတ်လိုက်သည်။
ထို အချိန်တွင် ဇိုင်း ဆိုင်ထဲသို့ ၀င်လာသည်။
"ရှင်းသန့် ဘာဖြစ်နေတာလဲ"
ဇိုင်းက အခြေအနေကို အကဲခတ်ရင်း ရှင်းသန့်နား လာရပ်တော့
"ဒီမှာကွာ သူ ငါ့အပေါ် coffee ပူတွေ လောင်းချလို့"
ရှင်းသန့် ဒေါသတကြီး ပြန်ဖြေသည်။
"မတော်တဆ ဖြစ်တာပါ"
ဇိုင်းကို ငိုမဲ့မဲ့ နှင့် ရှင်းပြနေသော ကောင်လေးကို ကြည့်လိုက်သည်။ ဆိုင်က ၀န်ထမ်းလေးတွေကလည်း ကောင်လေး ဘက်က ကူပြောပေးကြသည်။ ကောင်လေးပုံက တကယ် မတော်တဆ ဖြစ်တာ သိသာပါသည်။
"မင်းကလည်းကွာ တမင် လုပ်တာမှ မဟုတ်တာကိုကွာ စိတ်လျှော့စမ်းပါ "
ဇိုင်း ရှင်းသန့် အထွန့်မတက်နိုင်ခင် ကောင်လေးကို လှမ်းပြောလိုက်သည်။
"ကဲ မင်းလည်း သွားတော့။ ကိုယ့် သူငယ်ချင်းက စိတ်ဆတ်တတ်လို့ နားလည်ပေးပါ ။ ကဲ သွား "
"ဟုတ် ဟုတ် ကျေးဇူးပါ"
ထိုအခါမှ ကောင်လေးလည်း မြန်မြန်လေး ဆိုင်ထဲမှ ထွက်သွားသည်။
ဆိုင်၀န်ထမ်းများလည်း သူ့နေရာသူ ပြန်သွားကြသည်။
"ဇိုင်း! "
မကျေနပ်နိုင်သေးသော ရှင်းသန့်က ဇိုင်းကို ပြဿနာ ရှာလာသည်။
"မင်းမလဲ အမြဲတမ်း ဒေါသကြီးပဲ ။ မင်းက တနေ့ Company မှာ CEO ဖြစ်လာမယ့်ကောင် ကိုယ့် image လေး ကိုယ် ထိန်းပါကွာ "
ဇိုင်းရဲ့ အပြောမှာ ရှင်းသန့် တယောက် ငြိမ်သွားသည်။
"ဘာပဲပြောပြော ငါ အဲ့ ဂျပုကို လုံး၀ မကျေနပ်ဘူးကွာ တခုခုတော့ ပြန်လုပ်ရမှ ကျေနပ်မယ်"
"နောက်မှ မင်း သဘောကွာ။ လာ အခုတော့ စိတ်လျှော့ "
ရှင်းသန့် ခေါင်းထဲတွင် ဂျပုကို ဒုက္ခပေးရန် ညဏ်နီညဏ်နက် တသိန်းလောက် ရေးဆွဲနေလိုက်သည်။
တွေ့ကြသေးတာပေါ့ ဂျပုရာ
*****************************
Chapter 2လေးကို ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အမှားပါရင် ခွင့်လွတ်ပေးပါနော်။
Mangae_Mochi 💕
{ ZawGyi }
ရွင္းသန႔္ တေယာက္ ေအးေအးေဆးေဆး game ေဆာ့နိုင္ရန္ အင္းယားလမ္းရွိ cafe တခုကို သြားလိုက္သည္။
သူငယ္ခ်င္းမ်ားကို လွမ္းေခၚေပမယ့္ ေစမန္က သူ႕အေမ ေမြးေန႕ ဘုရား သြားရမည္ဟု ဆိုသည္။ ဇိုင္းကလည္း သူ႕ အေဖ company မွာ အလုပ္ဆင္းရမည္ ၿပီးမွ လိုက္လာမည္ဟု ဆိုသည္။ ဖူးပြင့္ကေတာ့ BL စာအုပ္ေတြ ဖတ္ရမည္ ဟုဆိုကာ ျငင္းလိုက္သည္။
Final year ေက်ာင္းသားမ်ား ျဖစ္ၾကေသာ္လည္း စာတစက္မွ မလုပ္ေသာ အဖြဲ႕ျဖစ္သည္။
"ေတာ္ေတာ္ေကာင္းတဲ့ ဟာေတြ"
ရွင္းသန႔္ တကိုယ္တည္း ေရ႐ြတ္လိုက္ၿပီး game ကိုသာ ဆက္ေဆာ့ေနလိုက္သည္။
ဆိုင္ေလးက မနက္ 9 နာရီခြဲ ဖြင့္ကာစမို႔ လူသိပ္မရွိ။ ရွင္းသန႔္ရယ္ နိုင္ငံျခားသား couple ရယ္သာ ရွိသည္။
ရွင္းသန႔္ အခုတေလာ ေက်ာင္းတြင္ ရွင္းသန႔္ ေခ်ာက္ခ်ခဲ့ေသာ ေကာင္ေလးႏွင့္ မေတြ႕ျဖစ္။ မေတြ႕ဆို အူေၾကာင္ၾကား ဂ်ပဳက သူ႕ကို ျမင္သည္ႏွင့္ ေျပးေနတာမွ တန္းလို႔ ။ မသိ ရွင္းသန႔္က သူ႕ကို ႏွိပ္စက္ေနသလိုလို။
ရွင္းသန႔္ ထို အျပဳအမႈမ်ားကို လုံး၀ သေဘာမက် ရွင္းသန႔္ကို ေဒါသထြက္ေအာင္ ဆြေနသလို ျဖစ္ေနသည္။
ရွင္းသန႔္ game ေဆာ့ရင္း မိမိမွာထားေသာ coffee ကုန္သြားၿပီကို သတိျပဳမိသည္။ စိတ္ထဲမွာ ဗိုက္ဆာသလို ခံစားေနရသျဖင့္ တခုခု ထပ္မွာရန္ ဆုံးျဖတ္လိုက္သည္။
ဆိုင္ေလးက ေကာင္တာမွာ မိမိ မွာခ်င္တာ ကိုယ္တိုင္ သြားမွာရေသာ စနစ္ျဖစ္ေသာေၾကာင့္ သြားမွာရန္ ေနရာမွ ထရပ္လိုက္ေတာ့
"အား ပူတယ္"
ရွင္းသန႔္ ကိုယ္ေပၚကို အရမ္းပူေသာ coffee မ်ား ေလာင္းခ်ခံလိုက္ ရေသာေၾကာင့္ လန႔္ေအာ္မိသြားသည္။
"ေတာင္း . . . ေတာင္းပန္ပါတယ္"
ရွင္းသန႔္ ဒီ အသံကို အရမ္း ရင္းႏွီးေနသည္။ ဆတ္ခနဲ အသံပိုင္ရွင္ကို ၾကည့္လိုက္ေတာ့ သူ ေခ်ာက္ခ်ခဲ့ေသာ ဂ်ပဳ . . .
လရိပ္ တေယာက္ ေက်ာင္းပိတ္ရက္ အိမ္မွာ ေအးေအးေဆးေဆး design ဆြဲမည္ဟု စဥ္းစားထားေသာ္လည္း အိမ္မွာ အဆင္မေျပေသာေၾကာင့္ မိမိ၏ Honda Fit အျပာေရာင္ေလးႏွင့္ ထိုင္ေနက် cafe သို႔ ထြက္ခဲ့လိုက္သည္။
ဆိုင္ထဲသို႔ ၀င္ရန္ တံခါး ဖြင့္လိုက္ၿပီးမွ ျမင္လိုက္ရေသာ လူတေယာက္ေၾကာင့္ လရိပ္ ေနာက္သို႔ ျပန္ေျပးခ်င္စိတ္မ်ား ေပါက္သြားသည္။
ေငြရွင္းေကာင္တာ အနားရွိ စားပြဲတြင္ မိုးမျမင္ ေလမျမင္ latest iphone ႏွင့္ game ေဆာ့ေနသူကို လရိပ္ ရင္မဆိုင္ခ်င္။
လရိပ္ ေက်ာင္းစတက္တာ ႏွစ္လ ေက်ာ္ၿပီ ျဖစ္ေသာ္လည္း အခုထိ အႏွီလူ၏ ေက်းဇူးေၾကာင့္ လူေတြက လရိပ္ကို ႏွာဘူးဟု ေခၚေနၾကဆဲ . . .
လရိပ္ ဒီတေလာအတြင္း သူႏွင့္ မဆုံမိေအာင္ ႀကိဳးစားခဲ့သည္။ သူ႕ကို အေဝး တြင္ ျမင္လိုက္သည္ႏွင့္ လရိပ္ ေျပး ပုံးရသည္မွာ အေမာ ။ အဲ့ေလာက္ ေရွာင္သည့္ ၾကားမွ တခါတေလ မ်က္လုံးျခင္း ခလုတ္တိုက္မိလ်င္ လရိပ္ကို ေဒါသအျပည့္ႏွင့္ ၾကည့္ေနတတ္ေသးသည္။
ျပန္သြားလို႔လည္း မျဖစ္ေသးပါဘူးေလ ဟု စိတ္အားတင္းကာ ဆိုင္ထဲ ၀င္လာလိုက္သည္။
လရိပ္ သူ႕ေဘးက ျဖတ္ေလွ်ာက္ၿပီး ေကာင္တာကို သြားေသာအခါ ရင္တထိတ္ထိတ္ ။ သူမ်ား ငါ့ကို ေမာ့ၾကည့္လိုက္ရင္ လို႔ေတြးကာ လန႔္ေနရသည္။ ထိုသူကေတာ့ phone ကိုသာ သဲႀကီးမဲႀကီး ၾကည့္ေနသည္။
ထိုအခါမွ လရိပ္လည္း သက္ျပင္းေလး ခ်ကာ Hot Latte တခြက္မွာလိုက္သည္။
လရိပ္ coffee ခြက္ကို ဗန္းေပၚတင္ကာ ျပန္အလွည့္ ႐ုပ္တရက္ ထရပ္လိုက္ေသာ သူ႕ကို တိုက္မိၿပီး coffee အပူေတြႏွင့္ ေလာင္းခ်မိလိုက္သည္။
"အား ပူတယ္"
ရႈးတူးရွဲတဲ ေအာ္ေနေသာ ရွင္းသန႔္ေၾကာင့္ လရိပ္ ေရာ ဆိုင္က ၀န္ထမ္း ေလးေတြပါ ျပာသြားၾကသည္။
"ေတာင္း. . . ေတာင္းပန္ပါတယ္"
လရိပ္ အသံကို ၾကားေတာ့ သူက ဆတ္ခနဲ ၾကည့္လိုက္ၿပီး
"ေအာ္ မင္းကိုး"
လရိပ္ကို ျမင္ေတာ့ ရွင္းသန႔္ မ်က္လုံး မ်ားက ခ်က္ခ်င္း ေဒါသမီးမ်ား ႏွင့္ ေတာက္ေလာင္သြားၿပီး ေတာက္တခ်က္ အက်ယ္ႀကီး ေခါက္လိုက္သည္။
"မင္း ငါ့ကို လက္စား ေခ်တာေပါ့ေလ။ ဟုတ္လား "
"မဟုတ္ပါဘူး။ တကယ္ မေတာ္တဆပါ "
လရိပ္ ေၾကာက္အားလန႔္အား ျငင္းေသာ္လည္း ရွင္းသန႔္က လက္မခံ ။
"အပိုေတြ မေျပာနဲ႕ ခု မင္းငါ့ကို ဘယ္လို လုပ္ေပးမွာလဲ"
ရွင္းသန႔္ရဲ႕ coffee ေတြ ေပက်ံေနေသာ Gucci အက်ီကို ၾကည့္ရင္း အႀကီးအက်ယ္ စိတ္ညစ္သြားမိသည္။
Gucci အစစ္ျဖစ္ဖို႔ မ်ားသည္။ လရိပ္ ဘယ္လို လုပ္ရပါ့
"လရိပ္ ျပန္ေလ်ာ္ေပးပါ့မယ္။ အကို႔ အက်ီက အစစ္လား "
လရိပ္ မဝံ့မရဲ ေမးလိုက္ေတာ့
"အစစ္ေပါ့ ငါ့လို ေကာင္က အတု ၀တ္မလား "
ရွင္းသန႔္ ပို ေပါက္ကြဲသြားသည္။
"အဲ့လို မဟုတ္ပါဘူး "
"မင္း အခုခ်က္ခ်င္း ေလ်ာ္ ၿပီး ငါေက်နပ္တဲ့ အထိ ေတာင္းပန္ မဟုတ္လို႔ကေတာ့ မင္း နာၿပီသာမွတ္"
လရိပ္ ငိုသာ ခ်လိဳက္ခ်င္ေတာ့သည္။
"အကိုရယ္ ဒီက ညီေလးက မေတာ္တဆ ျဖစ္သြားတာပါ ။ စိတ္ေလွ်ာ့ပါေနာ္"
ဆိုင္ မန္ေနဂ်ာမွ ၀င္ ေျဖရွင္းေပးရန္ ႀကိဳးစားေသာ္လည္း ရွင္းသန႔္ တေယာက္ စိတ္ေလွ်ာ့ဖို႔ ေဝး သူ႕ကိုပါ ေဒါသမ်က္၀န္းမ်ားႏွင့္ ၾကည့္လာသျဖင့္ မန္ေနဂ်ာ ပါးစပ္ပိတ္ထားရန္ ဆုံးျဖတ္လိုက္သည္။
ထို အခ်ိန္တြင္ ဇိုင္း ဆိုင္ထဲသို႔ ၀င္လာသည္။
"ရွင္းသန႔္ ဘာျဖစ္ေနတာလဲ"
ဇိုင္းက အေျခအေနကို အကဲခတ္ရင္း ရွင္းသန႔္နား လာရပ္ေတာ့
"ဒီမွာကြာ သူ ငါ့အေပၚ coffee ပူေတြ ေလာင္းခ်လိဳ႕"
ရွင္းသန႔္ ေဒါသတႀကီး ျပန္ေျဖသည္။
"မေတာ္တဆ ျဖစ္တာပါ"
ဇိုင္းကို ငိုမဲ့မဲ့ ႏွင့္ ရွင္းျပေနေသာ ေကာင္ေလးကို ၾကည့္လိုက္သည္။ ဆိုင္က ၀န္ထမ္းေလးေတြကလည္း ေကာင္ေလး ဘက္က ကူေျပာေပးၾကသည္။ ေကာင္ေလးပုံက တကယ္ မေတာ္တဆ ျဖစ္တာ သိသာပါသည္။
"မင္းကလည္းကြာ တမင္ လုပ္တာမွ မဟုတ္တာကိုကြာ စိတ္ေလွ်ာ့စမ္းပါ "
ဇိုင္း ရွင္းသန႔္ အထြန႔္မတက္နိုင္ခင္ ေကာင္ေလးကို လွမ္းေျပာလိုက္သည္။
"ကဲ မင္းလည္း သြားေတာ့။ ကိုယ့္ သူငယ္ခ်င္းက စိတ္ဆတ္တတ္လို႔ နားလည္ေပးပါ ။ ကဲ သြား "
"ဟုတ္ ဟုတ္ ေက်းဇူးပါ"
ထိုအခါမွ ေကာင္ေလးလည္း ျမန္ျမန္ေလး ဆိုင္ထဲမွ ထြက္သြားသည္။
ဆိုင္၀န္ထမ္းမ်ားလည္း သူ႕ေနရာသူ ျပန္သြားၾကသည္။
"ဇိုင္း! "
မေက်နပ္နိုင္ေသးေသာ ရွင္းသန႔္က ဇိုင္းကို ျပႆနာ ရွာလာသည္။
"မင္းမလဲ အၿမဲတမ္း ေဒါသႀကီးပဲ ။ မင္းက တေန႕ Company မွာ CEO ျဖစ္လာမယ့္ေကာင္ ကိုယ့္ image ေလး ကိုယ္ ထိန္းပါကြာ "
ဇိုင္းရဲ႕ အေျပာမွာ ရွင္းသန႔္ တေယာက္ ၿငိမ္သြားသည္။
"ဘာပဲေျပာေျပာ ငါ အဲ့ ဂ်ပဳကို လုံး၀ မေက်နပ္ဘူးကြာ တခုခုေတာ့ ျပန္လုပ္ရမွ ေက်နပ္မယ္"
"ေနာက္မွ မင္း သေဘာကြာ။ လာ အခုေတာ့ စိတ္ေလွ်ာ့ "
ရွင္းသန႔္ ေခါင္းထဲတြင္ ဂ်ပဳကို ဒုကၡေပးရန္ ညဏ္နီညဏ္နက္ တသိန္းေလာက္ ေရးဆြဲေနလိုက္သည္။
ေတြ႕ၾကေသးတာေပါ့ ဂ်ပဳရာ
*****************************
Chapter 2ေလးကို ဖတ္ရႈေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္။
အမွားပါရင္ ခြင့္လြတ္ေပးပါေနာ္။
Mangae_Mochi 💕