မာနမင်းသား ရဲ့ လရိပ်ရောင် (Un...

By mangae_mochi

708K 50.1K 1K

ဒေါသ မာနကြီးသော ရှင်းသန့်မင်းနောင် တစ်ယောက် အေးချမ်းလှသော လရိပ်ရောင် နှင့် တွေ့ဆုံလာသောအခါ . . . ေဒါသ မာနႀကီး... More

Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Hire. Com
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50 Extra 1
Chapter 51 Extra 2
Chapter 52 Extra 3
Chapter 53 Extra 4

Chapter 1 🔥❄️

56.3K 1.9K 22
By mangae_mochi

MN Private University

University campus ထဲတွင် uniform shirtအကျီ ကို အပေါ်ကြယ်သီး နှစ်လုံး ဖြုတ်ထားပြီး တကယ့်ကို သပ်ရပ် ခန့်ညားနေသော ရှင်းသန့်မင်းနောင် တစ်‌ယောက် ဘောင်းဘီအိတ်ထဲ လက်ထည့်ရင်း အေးဆေးစွာ လမ်းလျှောက်နေမိသည်။

ပတ်၀န်းကျင်တွင် ရှင်းသန့် တယောက်မှလွဲ၍ ကျန်ကျောင်းသား ကျောင်းသူများ အတန်းမှီအောင် ပြေးလွားနေကြသည်။

အတန်းမှီအောင် ပြေးလွားနေကြသော ကျောင်းသူ ကျောင်းသားများကို ရှင်းသန့် စိတ်ထဲတွင် လှောင်ပြောင်နေမိသည်။ သူ့ အတွက် အတန်း နောက်ကျသည် မကျသည်က အရေးမပါပါ။

ရှင်းသန့် အတန်း နောက်ကျတော့ရော ဆရာတွေက ဘာပြောနိုင်မှာမို့ ဒါ ရှင်းသန့် အဖေ ဦးမင်းနောင် ပိုင်တဲ့ ကျောင်းလေ

အမြဲတမ်းတော့ ရှင်းသန့် လည်း အခြား ကျောင်းသားများလို အတန်းမှီအောင် ပြေးရသည်။ ဒါပေမယ့် ဒီနေ့တော့ အိမ်က မာမီနှင့် ရန်ဖြစ်ခဲ့သည်မို့ စိတ်ညစ်နေသောကြောင့် အရွဲ့တိုက်မိနေခြင်း ဖြစ်သည်။

"ဟို . . . ဟိုလေ "

ရှင်းသန့် နောက်မှ မရဲတရဲ ခေါ်သံကြားလိုက်ရသည်။ နာမည်တတ် မခေါ်သောကြောင့် သူ့ခေါ်ခြင်း မဖြစ်နိုင်ဟု စဉ်းစားကာ ဆက်လျှောက်လာခဲ့သည်။

"ဟို ခဏလေးပါ"

နောက်က အသံပိုင်ရှင်က ရှင်းသန့် ကို မှီအောင် အပြေးလေး လိုက်လာတော့ မနက်ကတည်းက မကြည်သော စိတ်နှင့် ဆတ်ခနဲ လှည့်ကြည့်လိုက်ရင်း

"ဘာလဲ"

လို့ ဟောက်ထည့်လိုက်သည်။

ရှင်းသန့်ရဲ့ မာကြောသော လေသံကြောင့် အသံပိုင်ရှင် ကောင်လေး လန့်သွားပြီး ရှင်းသန့်ကို ကြောင်ကြည့်နေသည်။

ကောင်လေးက အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး ၊နှုတ်ခမ်းလေးက ဖူးဖူးလေးနှင့် ရုပ်တရက် ကြည့်ရင် မိန်းကလေးလို့ ထင်မိနိုင်သည်။ အရပ်ကတော့ ရှင်းသန့် ပခုံးအထိပဲ ရှိသဖြင့် ငုံ့ကြည့်နေရသည်။

ရှင်းသန့်လည်း ဒီ အူကြောင်ဂျပုကို အပေါ်စီးက ဖိဟောက်လိုက်သည်။

"ဘာလို့ ငါ့ကို လိုက်ခေါ်နေတာလဲ ဘာပြောစရာရှိလို့လဲ"

ရှင်းသန့်ရဲ့ စိတ်မရှည်တဲ့ အမေးတွင် ကောင်လေး သတိပြန်၀င်လာပြီး

"ဟို ကျွန်တော်က ဒီနေ့မှ ကျောင်းပြောင်းလာတာပါ ။ ကျွန်တော့်ကို Third Yearဆောင် စာသင်ခန်း 12 ဘယ်မှာလဲ ပြောပြပေးနိုင်မလား ခင်ဗျာ"

ညင်သာစွာ လေသံတိုးတိုးလေးနဲ့ ယဉ်ကျေးစွာ မေးလာ‌သော်လည်း

ထို ကောင်လေး ကံမကောင်းပါ။

အိမ်နှင့် ရန်ဖြစ်လာသဖြင့် တယောက်ယောက်ကို ဒုက္ခပေးချင်နေသော ရှင်းသန့် သားကောင် တွေ့ပြီဟု တွေးလိုက်မိသည်။

"ဟို ဘက်ကို သွား ပြီး ညာဘက်ကွေ့လိုက် ရောက်ပြီ"

ရှင်းသန့် မိမိ၏ ညာဘက်ကို လမ်းညွှန်ပြလိုက်တော့

"ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ"

အပြုံးချိုချို လေးနှင့် နှုတ်ဆက်ပြီး ရှင်းသန့် ညွှန်ပြရာ ဘက်ကို ပြေးထွက်သွားသည်။

အမှန်တကယ်က ထို ဂျပု သွားချင်သော နေရာမှာ ရှင်းသန့် ညွှန်လိုက်သော နေရာရဲ့ အခြားတဖက်တွင် ရှိသည်။ ရှင်းသန့် ညွှန်လိုက်သော နေရာမှာ မိန်းကလေး ရေကူး အားကစားသမားများ အတွက် နားနေဆောင် ရှိသော နေရာ ဖြစ်သည်။

"မင်းတော့ ဒုက္ခလှလှ တွေ့တော့မှာပဲ "

ရှင်းသန့် လေလေး ချွန်ရင်း မိမိ စာသင်ခန်း ဘက်ဆီ ခြေဦး လှည့်လိုက်သည်။

* * * * * * * * * * * * * * * * * * *

လရိပ်ရောင် တယောက် အရပ်ရှည်ရှည် အသားညိုညို ကျောင်းသား ညွှန်ပြခဲ့သော ဘက်သို့ မပြေးရုံတမယ် သွက်သွက်လေး လျှောက်သွားလိုက်သည်။

ပထမဆုံး ကျောင်းတက်ရသော နေ့မို့ နောက်မကျရန် မနေ့ကတည်းက အရာရာ ပြင်ဆင်ထားသော်လည်း ရန်ကုန်မြို့၏ ကားလမ်းကျတ်မှုကို ပေါ့ပေါ့လေး တွက်ခဲ့မိသော သူ့ အပြစ်ကြောင့် ပထမဆုံး နေ့တွင် အတန်းနောက်ကျရတော့မည်။

"တော်သေး လမ်း သေချာ ညွှန်ပေးလိုက်လို့"

Singapore တွင် အသက် 5နှစ်မှ 19 နှစ်အထိ နေခဲ့ရသော လရိပ်တယောက် မြန်မာစကားကို သေချာပြောတတ်သော်လည်း မြန်မာစာ သိပ် မဖတ်တတ်။ သူသာ ဖတ်နိုင်ခဲ့ ရင် အဆောင်ရှေ့တွင် ရေးထားသော

'အမျိုးသမီး ရေကူး အားကစားသမားများ အဆောင်။ ယောကျာ်းသားများ မ၀င်ရ ' ကို ဖတ်မိမှာ သေချာသည်။

လရိပ် ကျောင်းဆောင်ကို ရောက်တော့ ဘယ်သူမှ မရှိ စာသင်ခန်း တော်တော်များများကိုလည်း ပိတ်ထားသည်။

တခုခုတော့ တခုခုပဲဟု တွေးရင်း အသံများ ကြားနေရသော စာသင်ခန်း တခုဆီသို့ လျှောက်သွားလိုက်သည်။

"ကျွန်တော့ကို ၀င်ခွင့်ပြုပါ"

မျက်လွှာလေးချပြီး ခွင့်တောင်းလိုက်တော့ အတွင်းမှ အသံများ တိတ်သွားပြီး လရိပ် မျက်လွှာ အပွင့်တွင် မိမိဆီသို့ ပစ္စည်းပေါင်းများစွာ ဝဲပျံလာသည်ကို မြင်လိုက်ရသည်။

ဝဲပျံလာသော ပစ္စည်းများကို အမြန် ရှောင်လိုက်ရင်း ဖျတ်ခနဲ အခန်းထဲကို ကြည့်မိတော့  ဒေါသမီး ၀င်း၀င်းတောက်နေသော ရေကူး၀တ်စုံနှင့် မိန်းကလေးများကို မြင်လိုက်ရသည်။

"ကယ်ကြပါ!"

"ဒီမှာ နှာဘူးကောင် ကျွန်မတို့ အ၀တ်လဲနေတာ လာကြည့်နေပါတယ်! တီချယ်ရေ"

ကောင်မလေးများက ထ အော်ကြတော့သည်။

လရိပ် မျက်နှာရဲခနဲ ဖြစ်သွားပြီး ရှင်းပြဖို့ ကြိုးစားပေမယ့် အရမ်း နောက်ကျသွားပြီ ဖြစ်သည်။ တီချယ်များ ပြေးလာနေကြသည်ကို မြင်လိုက်ရသည်။

သွားပြီ။ သူ ချောက်ချ ခံလိုက်ရပြီ။

* * * * * * * * * * * * * * *
"ဟားဟားဟားဟား "

ရှင်းသန့်နှင့် စေမန် တို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ရယ်သံကြီးများ အခန်းထဲတွင် လွင့်ပြန်လာတော့ ဖူးပွင့်က ဖုန်း ကလိနေရာမှ လှမ်းကြည့်သည်။

အဝေးထောင့် တွင် စာဖတ်နေသော ဇိုင်းက တိုးတိုးလို့ လှမ်းပြောတော့ ရှင်းသန့်က ဇိုင်းကို မတိုးနိုင်ဘူးကွာဟု ပြောပြီး လျှာထုတ်ပြလိုက်သည်။

ဇိုင်းကတော့ ရှင်းသန့်တို့ နှစ်ယောက်ကို စိတ်ပျက်သည်ဟု ဆိုကာ ရှင်းသန့်တို့ သူငယ်ချင်း လေးယောက် ပိုင်ဆိုင်သော နားနေခန်းမှ ထွက်သွားသည်။

ဒီ အခန်းက ရှင်းသန့်၊ စေမန်၊ ဇိုင်း နှင့် ဖူးပွင့် တို့ ပိုင်သော သီးသန့် အခန်းဖြစ်သည်။ သူတို့ သုံးယောက်လုံးရဲ့ မိဘများက ရှင်းသန့်တို့ ကျောင်းတွင် ရှယ်ယာ၀င်ထားကြပြီး မိဘများလည်း ရင်းနှီး ကြသဖြင့် ကျောင်းတွင် နား‌နေရန် အခန်းတခု စီစဉ်ပေးထားခြင်းဖြစ်သည်။

University campus ရဲ့ တောင်ဘက် လူသိပ်မလာသော အဆောင်ရဲ့ ဒုတိယထပ်တွင် ရှိပြီး Condo အခန်းတခန်းလောက် သားနားစွာ ပြင်ဆင်ထားသည်။

အခုလည်း ထို အခန်းထဲတွင် ရှင်းသန့်က စေမန်ကို သူ ကျောင်းသားသစ်ကို ဘယ်ဘို ချောက်ချခဲ့ကြောင်း ဖောက်သည်ချနေခြင်း ဖြစ်သည်။

"နင် အဲ့လို လုပ်တာ မကောင်းဘူး။ ခု လရိပ်ရောင်ကို မိန်းကလေးတွေက နှာဘူးလို့ ခေါ်နေကြပြီ ။ သနားပါတယ်"

ဖူးပွင့်က တခြား မိန်းကလေး သူငယ်ချင်းများနှင့် chat နေရင်း လှမ်းပြောတော့

"နာမည်က လရိပ်ရောင် တဲ့လား။ မိန်းမဆန်လိုက်တာကွာ "

ရှင်းသန့် နှင့် စေမန် လှောင်ရယ်လိုက်သည်ကို ဖူးပွင့်က မကြိုက်။

"နင်တို့နော် သူများသားသမီးကို "

ဖူးပွင့် မျက်စောင်းတချက် လက်ဆောင်ပေးလိုက်တော့မှ နှစ်ယောက်သား ငြိမ်သွားကြသည်။

"ဘာပဲပြောပြော နင် သူ့ကို လုပ်လိုက်တာ လုံး၀ မကောင်းဘူး"

"ပိုလိုက်တာ မိဖူးရယ်။ ငါတို့ အခါတိုင်းလည်း ကျောင်းသားသစ်တွေဆို ပညာပေးနေကျလေ။ နင်လည်း ၀င်ပါခဲ့တာပဲ ဟာကို "

စေမန်စကားကို ရှင်းသန့် အပြည့်အ၀ ထောက်ခံသည်။

"ဟဲ့ ဟို အရင် ကျောင်းသားသစ်တွေက ဘ၀င်ရူး စောင့်ကြွားစောင့်ကြွား တွေမို့ ပညာပေးတာလေ ။ အခုက လရိပ် က ယဉ်ယဉ်ကျေးကျေးလေးကို ဘာလို့ အလကား ဒုက္ခသွားပေးတာလဲ "

"အဲ့ဒါ ငါ့ကို စကားလာပြောလို့ အပြစ်ပေးခံရတာလို့ ခေါ်တယ် ။ သနားမနေပါနဲ့ အလကား "

ရှင်းသန့် ရဲ့ စောင့်ကြွားကြွား ပြောသံကြောင့် ဖူးပွင့် ဖုန်းကို ခဏ ချလိုက်ရင်း

"အောင်မယ် နင်က ဘာကောင်မို့ နင့်ကို စကားပြောတာနဲ့ အပြစ်ပေးရတာလဲ "

"ငါက ဒီကျောင်းရဲ့ ဘုရင်လေ ငါ သဘောမကျရင် ဘယ်သူ့ကိုမဆို ကျောင်းထုတ်ပိုင်ခွင့် ရှိတယ်"

ရှင်းသန့် ဖူးပွင့်ကို ခတ်စူးစူး ဆိုက်ကြည့်ရင်း ပြောလိုက်သည်။ စေမန်ကတော့ ရယ်နေသည်။

"ဆောက်ရူး ၊ ဘ၀င်ရူး "

ဖူးပွင့်မ အနီးရှိ ဖုန်းနှင့် ကောက်ပေါက်လိုက်သည်။ ပြီး လက်ထဲက စာအုပ်နှင့် ပေါက်ဖို့ လုပ်တော့

"မလုပ်နဲ့နော်။ နင့်ကို ငါ ကျောင်းထုတ် လိုက်ရမလား "

ရှင်းသန့် ရယ်ကျဲကျဲ နှင့် လှမ်းနောက်လိုက်တော့ ဖူးပွင့် ကောက်ပေါက်လိုက်သော စာအုပ်က ရှင်းသန့်ကို လာမှန်တော့သည်။

"ထုတ်ဟေ့ ထုတ်"

ဖူးပွင့်က မျက်စောင်းထိုးရင်း ပြေတော့ စေမန်နှင့် ရှင်းသန့် ဖူးပွင့်ကို ကြည့်ပြီး အားပါးတရ ရယ်ချလိုက်ကြသည်။

ရှင်းသန့်နှင့် ငယ်ငယ်လေးကတည်းက လည်ပင်းဖက် ပေါင်းလာသော ဒီ သူငယ်ချင်း သုံးယောက်ကို သူ ဘယ်တော့မှ စိတ်မဆိုးနိုင်ပါ။

* * * * * * * * * * * *

လရိပ် အရမ်း ငိုချင်သွားမိသည်။

မနက်က ကိစ္စ ဆရာများက ကျောင်းသားသစ်မို့ မှားတာဟု သဘောပေါက်ပြီး အပြစ်မပေးပေမယ့် ကျောင်းသူများကြား လရိပ်က နှာဘူး ဟူသော သတင်းက ပြန့်‌နေပြီ။ လရိပ် ဘယ်သွားသွား ကျောင်းသူတွေက ကွက်ကြည့်ကွက်ကြည့် ။ သူကြားအောင် လှောင်ပြောင် ပြောကြသေးသည်။

ယောက်ျားဆိုတာ မငိုရဘူး။ ငါက သူတို့ ထင်သလို တကယ်မှ မဟုတ်တာဟု စိတ်တင်းရင်း ပထမနေ့ကို မနည်း ကျော်ဖြတ်ခဲ့ရသည်။

လရိပ်ကို ချောက်ချ ခဲ့သော ဟို အရပ်ရှည်ရှည် ကျောင်းသားက ရှင်းသန့်မင်းနောင် ဖြစ်ပြီး ဒီ university ပိုင်ရှင်၏ သားတယောက် ဖြစ်သည်ကိုလည်း သိလိုက်ရသည်။ ဆရာများက လရိပ်ကို ရှင်းသန့်နှင့် ဝေးဝေးနေရန် အကြိမ်ကြိမ် သတိပေးကြသည်။

နောက်နေ့တွေ အရာရာ အဆင်ပြေဖို့ လရိပ် တကယ် မျှော်လင့်ပါသည်။

******†************************

မဂ်လာပါ ^^ Mangae_mochi ပါ ။

ပထမဦးဆုံး ဒီ fic လေးက Mangae ပထမဆုံး ရေးတဲ့ fic လေး ဖြစ်တဲ့အတွက် အမှားပါရင် ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။

ဝေဖန် အကြံပြုချက်များကို အမြဲ ကြိုဆိုနေပါတယ် 💕

"မာနမင်းသားရဲ့ လရိပ်ရောင်" first chapter လေးကို ဖတ်ရှုပေးတဲ့တွက် ကျေးဇူးအများကြီး တင်ပါတယ် 💕

နောက်လည်း ကြိုးစားသွားပါ့မည် 💕

{ ZawGyi }

MN Private University

University campus ထဲတြင္ uniform shirtအက်ီ ကို အေပၚၾကယ္သီး ႏွစ္လုံး ျဖဳတ္ထားၿပီး တကယ့္ကို သပ္ရပ္ ခန႔္ညားေနေသာ ရွင္းသန႔္မင္းေနာင္ တစ္‌ေယာက္ ေဘာင္းဘီအိတ္ထဲ လက္ထည့္ရင္း ေအးေဆးစြာ လမ္းေလွ်ာက္ေနမိသည္။

ပတ္၀န္းက်င္တြင္ ရွင္းသန႔္ တေယာက္မွလြဲ၍ က်န္ေက်ာင္းသား ေက်ာင္းသူမ်ား အတန္းမွီေအာင္ ေျပးလြားေနၾကသည္။

အတန္းမွီေအာင္ ေျပးလြားေနၾကေသာ ေက်ာင္းသူ ေက်ာင္းသားမ်ားကို ရွင္းသန႔္ စိတ္ထဲတြင္ ေလွာင္ေျပာင္ေနမိသည္။ သူ႕ အတြက္ အတန္း ေနာက္က်သည္ မက်သည္က အေရးမပါပါ။

ရွင္းသန႔္ အတန္း ေနာက္က်ေတာ့ေရာ ဆရာေတြက ဘာေျပာနိုင္မွာမို႔ ဒါ ရွင္းသန႔္ အေဖ ဦးမင္းေနာင္ ပိုင္တဲ့ ေက်ာင္းေလ

အၿမဲတမ္းေတာ့ ရွင္းသန႔္ လည္း အျခား ေက်ာင္းသားမ်ားလို အတန္းမွီေအာင္ ေျပးရသည္။ ဒါေပမယ့္ ဒီေန႕ေတာ့ အိမ္က မာမီႏွင့္ ရန္ျဖစ္ခဲ့သည္မို႔ စိတ္ညစ္ေနေသာေၾကာင့္ အ႐ြဲ႕တိုက္မိေနျခင္း ျဖစ္သည္။

"ဟို . . . ဟိုေလ "

ရွင္းသန႔္ ေနာက္မွ မရဲတရဲ ေခၚသံၾကားလိုက္ရသည္။ နာမည္တတ္ မေခၚေသာေၾကာင့္ သူ႕ေခၚျခင္း မျဖစ္နိုင္ဟု စဥ္းစားကာ ဆက္ေလွ်ာက္လာခဲ့သည္။

"ဟို ခဏေလးပါ"

ေနာက္က အသံပိုင္ရွင္က ရွင္းသန႔္ ကို မွီေအာင္ အေျပးေလး လိုက္လာေတာ့ မနက္ကတည္းက မၾကည္ေသာ စိတ္ႏွင့္ ဆတ္ခနဲ လွည့္ၾကည့္လိုက္ရင္း

"ဘာလဲ"

လို႔ ေဟာက္ထည့္လိုက္သည္။

ရွင္းသန႔္ရဲ႕ မာေၾကာေသာ ေလသံေၾကာင့္ အသံပိုင္ရွင္ ေကာင္ေလး လန႔္သြားၿပီး ရွင္းသန႔္ကို ေၾကာင္ၾကည့္ေနသည္။

ေကာင္ေလးက အသားျဖဴျဖဴ၊ ပိန္ပိန္ပါးပါး ၊ႏႈတ္ခမ္းေလးက ဖူးဖူးေလးႏွင့္ ႐ုပ္တရက္ ၾကည့္ရင္ မိန္းကေလးလို႔ ထင္မိနိုင္သည္။ အရပ္ကေတာ့ ရွင္းသန႔္ ပခုံးအထိပဲ ရွိသျဖင့္ ငုံ႕ၾကည့္ေနရသည္။

ရွင္းသန႔္လည္း ဒီ အူေၾကာင္ဂ်ပဳကို အေပၚစီးက ဖိေဟာက္လိုက္သည္။

"ဘာလို႔ ငါ့ကို လိုက္ေခၚေနတာလဲ ဘာေျပာစရာရွိလို႔လဲ"

ရွင္းသန႔္ရဲ႕ စိတ္မရွည္တဲ့ အေမးတြင္ ေကာင္ေလး သတိျပန္၀င္လာၿပီး

"ဟို ကြၽန္ေတာ္က ဒီေန႕မွ ေက်ာင္းေျပာင္းလာတာပါ ။ ကြၽန္ေတာ့္ကို Third Yearေဆာင္ စာသင္ခန္း 12 ဘယ္မွာလဲ ေျပာျပေပးနိုင္မလား ခင္ဗ်ာ"

ညင္သာစြာ ေလသံတိုးတိုးေလးနဲ႕ ယဥ္ေက်းစြာ ေမးလာ‌ေသာ္လည္း

ထို ေကာင္ေလး ကံမေကာင္းပါ။

အိမ္ႏွင့္ ရန္ျဖစ္လာသျဖင့္ တေယာက္ေယာက္ကို ဒုကၡေပးခ်င္ေနေသာ ရွင္းသန႔္ သားေကာင္ ေတြ႕ၿပီဟု ေတြးလိုက္မိသည္။

"ဟို ဘက္ကို သြား ၿပီး ညာဘက္ေကြ႕လိုက္ ေရာက္ၿပီ"

ရွင္းသန႔္ မိမိ၏ ညာဘက္ကို လမ္းၫႊန္ျပလိုက္ေတာ့

"ေက်းဇူး အမ်ားႀကီး တင္ပါတယ္ ခင္ဗ်ာ"

အၿပဳံးခ်ိဳခ်ိဳ ေလးႏွင့္ ႏႈတ္ဆက္ၿပီး ရွင္းသန႔္ ၫႊန္ျပရာ ဘက္ကို ေျပးထြက္သြားသည္။

အမွန္တကယ္က ထို ဂ်ပဳ သြားခ်င္ေသာ ေနရာမွာ ရွင္းသန႔္ ၫႊန္လိုက္ေသာ ေနရာရဲ႕ အျခားတဖက္တြင္ ရွိသည္။ ရွင္းသန႔္ ၫႊန္လိုက္ေသာ ေနရာမွာ မိန္းကေလး ေရကူး အားကစားသမားမ်ား အတြက္ နားေနေဆာင္ ရွိေသာ ေနရာ ျဖစ္သည္။

"မင္းေတာ့ ဒုကၡလွလွ ေတြ႕ေတာ့မွာပဲ "

ရွင္းသန႔္ ေလေလး ခြၽန္ရင္း မိမိ စာသင္ခန္း ဘက္ဆီ ေျခဦး လွည့္လိုက္သည္။

* * * * * * * * * * * * * * * * * * *

လရိပ္ေရာင္ တေယာက္ အရပ္ရွည္ရွည္ အသားညိုညို ေက်ာင္းသား ၫႊန္ျပခဲ့ေသာ ဘက္သို႔ မေျပး႐ုံတမယ္ သြက္သြက္ေလး ေလွ်ာက္သြားလိုက္သည္။

ပထမဆုံး ေက်ာင္းတက္ရေသာ ေန႕မို႔ ေနာက္မက်ရန္ မေန႕ကတည္းက အရာရာ ျပင္ဆင္ထားေသာ္လည္း ရန္ကုန္ၿမိဳ႕၏ ကားလမ္းက်တ္မႈကို ေပါ့ေပါ့ေလး တြက္ခဲ့မိေသာ သူ႕ အျပစ္ေၾကာင့္ ပထမဆုံး ေန႕တြင္ အတန္းေနာက္က်ရေတာ့မည္။

"ေတာ္ေသး လမ္း ေသခ်ာ ၫႊန္ေပးလိုက္လို႔"

Singapore တြင္ အသက္ 5ႏွစ္မွ 19 ႏွစ္အထိ ေနခဲ့ရေသာ လရိပ္တေယာက္ ျမန္မာစကားကို ေသခ်ာေျပာတတ္ေသာ္လည္း ျမန္မာစာ သိပ္ မဖတ္တတ္။ သူသာ ဖတ္နိုင္ခဲ့ ရင္ အေဆာင္ေရွ႕တြင္ ေရးထားေသာ

'အမ်ိဳးသမီး ေရကူး အားကစားသမားမ်ား အေဆာင္။ ေယာက်ာ္းသားမ်ား မ၀င္ရ ' ကို ဖတ္မိမွာ ေသခ်ာသည္။

လရိပ္ ေက်ာင္းေဆာင္ကို ေရာက္ေတာ့ ဘယ္သူမွ မရွိ စာသင္ခန္း ေတာ္ေတာ္မ်ားမ်ားကိုလည္း ပိတ္ထားသည္။

တခုခုေတာ့ တခုခုပဲဟု ေတြးရင္း အသံမ်ား ၾကားေနရေသာ စာသင္ခန္း တခုဆီသို႔ ေလွ်ာက္သြားလိုက္သည္။

"ကြၽန္ေတာ့ကို ၀င္ခြင့္ျပဳပါ"

မ်က္လႊာေလးခ်ၿပီး ခြင့္ေတာင္းလိုက္ေတာ့ အတြင္းမွ အသံမ်ား တိတ္သြားၿပီး လရိပ္ မ်က္လႊာ အပြင့္တြင္ မိမိဆီသို႔ ပစၥည္းေပါင္းမ်ားစြာ ဝဲပ်ံလာသည္ကို ျမင္လိုက္ရသည္။

ဝဲပ်ံလာေသာ ပစၥည္းမ်ားကို အျမန္ ေရွာင္လိုက္ရင္း ဖ်တ္ခနဲ အခန္းထဲကို ၾကည့္မိေတာ့  ေဒါသမီး ၀င္း၀င္းေတာက္ေနေသာ ေရကူး၀တ္စုံႏွင့္ မိန္းကေလးမ်ားကို ျမင္လိုက္ရသည္။

"ကယ္ၾကပါ!"

"ဒီမွာ ႏွာဘူးေကာင္ ကြၽန္မတို႔ အ၀တ္လဲေနတာ လာၾကည့္ေနပါတယ္! တီခ်ယ္ေရ"

ေကာင္မေလးမ်ားက ထ ေအာ္ၾကေတာ့သည္။

လရိပ္ မ်က္ႏွာရဲခနဲ ျဖစ္သြားၿပီး ရွင္းျပဖို႔ ႀကိဳးစားေပမယ့္ အရမ္း ေနာက္က်သြားၿပီ ျဖစ္သည္။ တီခ်ယ္မ်ား ေျပးလာေနၾကသည္ကို ျမင္လိုက္ရသည္။

သြားၿပီ။ သူ ေခ်ာက္ခ် ခံလိုက္ရၿပီ။

* * * * * * * * * * * * * * *
"ဟားဟားဟားဟား "

ရွင္းသန႔္ႏွင့္ ေစမန္ တို႔ သူငယ္ခ်င္း ႏွစ္ေယာက္ရဲ႕ ရယ္သံႀကီးမ်ား အခန္းထဲတြင္ လြင့္ျပန္လာေတာ့ ဖူးပြင့္က ဖုန္း ကလိေနရာမွ လွမ္းၾကည့္သည္။

အေဝးေထာင့္ တြင္ စာဖတ္ေနေသာ ဇိုင္းက တိုးတိုးလို႔ လွမ္းေျပာေတာ့ ရွင္းသန႔္က ဇိုင္းကို မတိုးနိုင္ဘူးကြာဟု ေျပာၿပီး လွ်ာထုတ္ျပလိုက္သည္။

ဇိုင္းကေတာ့ ရွင္းသန႔္တို႔ ႏွစ္ေယာက္ကို စိတ္ပ်က္သည္ဟု ဆိုကာ ရွင္းသန႔္တို႔ သူငယ္ခ်င္း ေလးေယာက္ ပိုင္ဆိုင္ေသာ နားေနခန္းမွ ထြက္သြားသည္။

ဒီ အခန္းက ရွင္းသန႔္၊ ေစမန္၊ ဇိုင္း ႏွင့္ ဖူးပြင့္ တို႔ ပိုင္ေသာ သီးသန႔္ အခန္းျဖစ္သည္။ သူတို႔ သုံးေယာက္လုံးရဲ႕ မိဘမ်ားက ရွင္းသန႔္တို႔ ေက်ာင္းတြင္ ရွယ္ယာ၀င္ထားၾကၿပီး မိဘမ်ားလည္း ရင္းႏွီး ၾကသျဖင့္ ေက်ာင္းတြင္ နား‌ေနရန္ အခန္းတခု စီစဥ္ေပးထားျခင္းျဖစ္သည္။

University campus ရဲ႕ ေတာင္ဘက္ လူသိပ္မလာေသာ အေဆာင္ရဲ႕ ဒုတိယထပ္တြင္ ရွိၿပီး Condo အခန္းတခန္းေလာက္ သားနားစြာ ျပင္ဆင္ထားသည္။

အခုလည္း ထို အခန္းထဲတြင္ ရွင္းသန႔္က ေစမန္ကို သူ ေက်ာင္းသားသစ္ကို ဘယ္ဘို ေခ်ာက္ခ်ခဲ့ေၾကာင္း ေဖာက္သည္ခ်ေနျခင္း ျဖစ္သည္။

"နင္ အဲ့လို လုပ္တာ မေကာင္းဘူး။ ခု လရိပ္ေရာင္ကို မိန္းကေလးေတြက ႏွာဘူးလို႔ ေခၚေနၾကၿပီ ။ သနားပါတယ္"

ဖူးပြင့္က တျခား မိန္းကေလး သူငယ္ခ်င္းမ်ားႏွင့္ chat ေနရင္း လွမ္းေျပာေတာ့

"နာမည္က လရိပ္ေရာင္ တဲ့လား။ မိန္းမဆန္လိုက္တာကြာ "

ရွင္းသန႔္ ႏွင့္ ေစမန္ ေလွာင္ရယ္လိုက္သည္ကို ဖူးပြင့္က မႀကိဳက္။

"နင္တို႔ေနာ္ သူမ်ားသားသမီးကို "

ဖူးပြင့္ မ်က္ေစာင္းတခ်က္ လက္ေဆာင္ေပးလိုက္ေတာ့မွ ႏွစ္ေယာက္သား ၿငိမ္သြားၾကသည္။

"ဘာပဲေျပာေျပာ နင္ သူ႕ကို လုပ္လိုက္တာ လုံး၀ မေကာင္းဘူး"

"ပိုလိုက္တာ မိဖူးရယ္။ ငါတို႔ အခါတိုင္းလည္း ေက်ာင္းသားသစ္ေတြဆို ပညာေပးေနက်ေလ။ နင္လည္း ၀င္ပါခဲ့တာပဲ ဟာကို "

ေစမန္စကားကို ရွင္းသန႔္ အျပည့္အ၀ ေထာက္ခံသည္။

"ဟဲ့ ဟို အရင္ ေက်ာင္းသားသစ္ေတြက ဘ၀င္႐ူး ေစာင့္ႂကြားေစာင့္ႂကြား ေတြမို႔ ပညာေပးတာေလ ။ အခုက လရိပ္ က ယဥ္ယဥ္ေက်းေက်းေလးကို ဘာလို႔ အလကား ဒုကၡသြားေပးတာလဲ "

"အဲ့ဒါ ငါ့ကို စကားလာေျပာလို႔ အျပစ္ေပးခံရတာလို႔ ေခၚတယ္ ။ သနားမေနပါနဲ႕ အလကား "

ရွင္းသန႔္ ရဲ႕ ေစာင့္ႂကြားႂကြား ေျပာသံေၾကာင့္ ဖူးပြင့္ ဖုန္းကို ခဏ ခ်လိဳက္ရင္း

"ေအာင္မယ္ နင္က ဘာေကာင္မို႔ နင့္ကို စကားေျပာတာနဲ႕ အျပစ္ေပးရတာလဲ "

"ငါက ဒီေက်ာင္းရဲ႕ ဘုရင္ေလ ငါ သေဘာမက်ရင္ ဘယ္သူ႕ကိုမဆို ေက်ာင္းထုတ္ပိုင္ခြင့္ ရွိတယ္"

ရွင္းသန႔္ ဖူးပြင့္ကို ခတ္စူးစူး ဆိုက္ၾကည့္ရင္း ေျပာလိုက္သည္။ ေစမန္ကေတာ့ ရယ္ေနသည္။

"ေဆာက္႐ူး ၊ ဘ၀င္႐ူး "

ဖူးပြင့္မ အနီးရွိ ဖုန္းႏွင့္ ေကာက္ေပါက္လိုက္သည္။ ၿပီး လက္ထဲက စာအုပ္ႏွင့္ ေပါက္ဖို႔ လုပ္ေတာ့

"မလုပ္နဲ႕ေနာ္။ နင့္ကို ငါ ေက်ာင္းထုတ္ လိုက္ရမလား "

ရွင္းသန႔္ ရယ္က်ဲက်ဲ ႏွင့္ လွမ္းေနာက္လိုက္ေတာ့ ဖူးပြင့္ ေကာက္ေပါက္လိုက္ေသာ စာအုပ္က ရွင္းသန႔္ကို လာမွန္ေတာ့သည္။

"ထုတ္ေဟ့ ထုတ္"

ဖူးပြင့္က မ်က္ေစာင္းထိုးရင္း ေျပေတာ့ ေစမန္ႏွင့္ ရွင္းသန႔္ ဖူးပြင့္ကို ၾကည့္ၿပီး အားပါးတရ ရယ္ခ်လိဳက္ၾကသည္။

ရွင္းသန႔္ႏွင့္ ငယ္ငယ္ေလးကတည္းက လည္ပင္းဖက္ ေပါင္းလာေသာ ဒီ သူငယ္ခ်င္း သုံးေယာက္ကို သူ ဘယ္ေတာ့မွ စိတ္မဆိုးနိုင္ပါ။

* * * * * * * * * * * *

လရိပ္ အရမ္း ငိုခ်င္သြားမိသည္။

မနက္က ကိစၥ ဆရာမ်ားက ေက်ာင္းသားသစ္မို႔ မွားတာဟု သေဘာေပါက္ၿပီး အျပစ္မေပးေပမယ့္ ေက်ာင္းသူမ်ားၾကား လရိပ္က ႏွာဘူး ဟူေသာ သတင္းက ျပန႔္‌ေနၿပီ။ လရိပ္ ဘယ္သြားသြား ေက်ာင္းသူေတြက ကြက္ၾကည့္ကြက္ၾကည့္ ။ သူၾကားေအာင္ ေလွာင္ေျပာင္ ေျပာၾကေသးသည္။

ေယာက္်ားဆိုတာ မငိုရဘူး။ ငါက သူတို႔ ထင္သလို တကယ္မွ မဟုတ္တာဟု စိတ္တင္းရင္း ပထမေန႕ကို မနည္း ေက်ာ္ျဖတ္ခဲ့ရသည္။

လရိပ္ကို ေခ်ာက္ခ် ခဲ့ေသာ ဟို အရပ္ရွည္ရွည္ ေက်ာင္းသားက ရွင္းသန႔္မင္းေနာင္ ျဖစ္ၿပီး ဒီ university ပိုင္ရွင္၏ သားတေယာက္ ျဖစ္သည္ကိုလည္း သိလိုက္ရသည္။ ဆရာမ်ားက လရိပ္ကို ရွင္းသန႔္ႏွင့္ ေဝးေဝးေနရန္ အႀကိမ္ႀကိမ္ သတိေပးၾကသည္။

ေနာက္ေန႕ေတြ အရာရာ အဆင္ေျပဖို႔ လရိပ္ တကယ္ ေမွ်ာ္လင့္ပါသည္။

******†************************

မဂ္လာပါ ^^ Mangae_mochi ပါ ။

ပထမဦးဆုံး ဒီ fic ေလးက Mangae ပထမဆုံး ေရးတဲ့ fic ေလး ျဖစ္တဲ့အတြက္ အမွားပါရင္ ခြင့္လႊတ္ေပးပါလို႔ ေျပာခ်င္ပါတယ္။

ေဝဖန္ အႀကံျပဳခ်က္မ်ားကို အၿမဲ ႀကိဳဆိုေနပါတယ္ 💕








Continue Reading

You'll Also Like

4M 270K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
927K 51.1K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
38.4K 1.4K 35
အချစ်ဆိုတဲ့အရာရဲ့နိဂုံးအများစုက ပျော်ရွှင်ခြင်းနဲ့ ချုပ်ခဲ့ကြတယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံးလေးရော ဘယ်လို ချူပ်ပါ့မလဲ ထင်သလိုပျော်ရွှင်ရပါ့မလား.....? မဟာသဣ...
406K 22.6K 41
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင္ဆိုင္ခ်င္ေသာရပ္ဝန္းတစ္ခုအား ပို...