လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၄ (တစ္ဆေမျက်နှာ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၂၅ (ဝတ်ရုံဖြူ)

16.4K 2.9K 113
By Ling____

Unicode

ခန်း ၂၅
ဝတ်ရုံဖြူ

(T/N -- ယဲ့ပိုင်ရီးရဲ့ 'ပိုင်ရီး' ဆိုတဲ့နာမည်ဟာ တိုက်ရိုက်ဘာသာပြန်ရရင် 'ဝတ်ရုံဖြူ' လို့အဓိပ္ပာယ်ရပါတယ်။)

ဝမ်းခယ့်ရှင်သည်ကား ယခုကြိုးတုပ်ဖမ်းဆီးခံထားရသောတစ္ဆေမိစ္ဆာဆိုသူထက် ကျိုးကျစ်ရှူးအပေါ်တွင်သာ စိတ်ဝင်တစားရှိနေသည်မှာ သိသာထင်ရှားလှသည်။ သူထွက်သွားသည်ကိုတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင်အနောက်မှလိုက်သွားလေတော့သည်။ သို့သော် ခုနလေးတင် သိသာထင်ရှားစွာပင် မျက်စိရှေ့မှောက်၌ရှိနေခဲ့သူမှာ လှစ်ခနဲပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူကထင်ပါအံ့နည်း။ ဝမ်းခယ့်ရှင်၏ခြေလှမ်းများမှာ တုံ့ဆိုင်းရပ်တန့်သွား၏။ အဆုံးမရှိအပြောကျယ်လှသောလူပင်လယ်ကြီးအတွင်းသို့ တစ်ချက်မျှဝေ့ဝဲကြည့်ရှုလိုက်လေသည်။

ကျိုးကျစ်ရှူးမှာ အပြောကျယ်လှသည့်ပင်လယ်သမုဒ္ဒရာပြင်ကြီးထဲသို့ တိုးဝင်သွားသော ရေစက်ရေပေါက်လေးတစ်ပေါက်သဖွယ်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူ၏အရိပ်အယောင်အစအနကိုရှာမတွေ့တော့ပါချေ။ ဝမ်းခယ့်ရှင်တစ်​ယောက် ပဟေဠိဖြစ်သွားလျက် မျက်လုံးများကိုမှေးကျဉ်းကာ လက်မလျှော့နိုင်သေးသည့်အလား သူပျောက်ဆုံးသွားသည့်အရပ်မျက်နှာဘက်သို့ အာရုံစူးစိုက်၍ပိုက်စိပ်တိုက်လှည့်ပတ်ကြည့်ရှုလိုက်သည်။ သို့သော် အနှီလူသည်ကား အမှန်တကယ့်ကိုပင် သူ့မျက်စိရှေ့မှောက်မှ လှစ်ခနဲပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိရှိလိုက်ရလေသည်။

ထိုတခဏအတွင်း သူ့စိတ်ထဲတွင်အပြင်လူများကိုမပြောပြနိုင်သောခံစားချက်တို့ ရုတ်တရက်ဖြစ်တည်ပေါက်ဖွားလာ၏။ လက်ခုပ်ထဲသို့ရောက်နေပြီးသားအရာတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့်နှယ်၊ ထို့အပြင် အကြောင်းပြချက်မည်မည်ရရမရှိဘဲ အမျက်ဒေါသစိတ်ကလေးများလည်းရှင်သန်ကြီးထွားလာတော့သည်။

လတ်စသတ်တော့ ဤလူသည်ကား အချိန်မရွေးပျောက်ကွယ်သွားနိုင်စွမ်းရှိသူဖြစ်သည်__ဝမ်းခယ့်ရှင်က သူ၏အဆင့်အတန်းကိုမှန်းဆနိုင်ခဲ့လျှင်တောင်မှ၊ သူ၏အတွေးစိတ်ကူးများကိုခန့်မှန်းနိုင်ခဲ့လျှင်တောင်မှပင် သူအလိုရှိသည့်အတိုင်း အချိန်မရွေးပျောက်ကွယ်သွားနိုင်စွမ်းရှိနေဆဲဖြစ်သည်။

၎င်းသည်ကား ကောင်းကင်ပြတင်း၏ဟာကွက်မရှိသောပိုက်ကွန်အတွင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့သော တစ်လောကလုံးတွင် ဉာဏ်နီဉာဏ်နက်အများဆုံး ငါးတစ်ကောင်ပင်တည်း။

ကျိုးကျစ်ရှူးက ဝမ်းခယ့်ရှင်ကို မျက်ခြေဖြတ်ထားခဲ့ပြီးနောက် ငွေတိုက်တစ်ခုထံသို့သွားရောက်ခဲ့သည်။

တုံ့ထင်တွင်သာမက ကျန်းဟူတစ်ခွင်တွင် နာမည်အကြီးဆုံးဖြစ်သော ငွေတိုက်တစ်ခု၏အမည်နာမသည်ကား အလွန်တရာရိုးရှင်းလှသည်။ နာမည်မှာ 'ဖျင်အန်းငွေတိုက်' ဟူ၍ဖြစ်သည်။ အဆိုပါစီးပွားရေးလုပ်ငန်းမှာ အထိုက်အလျောက်အောင်မြင်နေသည့်လုပ်ငန်းတစ်ခုဖြစ်သည့်တိုင် လူအများ၏အာရုံစိုက်မှုကိုအလွန်အကြူးမခံရပါချေ။ မည်သည့်အခါမှလည်း အခြားနေရာဒေသများထံသို့ စီးပွားရေးနယ်ပယ်ချဲ့ထွင်လိုပုံမရပေ။ ကြည့်ရသည်မှာ ပိုင်ရှင်ဖြစ်သူသည်ကား ရည်မှန်းချက်ကြီးကြီးမားမားရှိသူမဟုတ်ဘဲ ရေခံမြေခံကောင်းသော ဤမြို့လေး၌သာ ရောင့်ရဲတင်းတိမ်စွာဖြင့် စီးပွားရှာလိုခြင်းသာဖြစ်ပေလိမ့်မည်။

ကျိုးကျစ်ရှူးက ငွေတိုက်ရှေ့၌ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကိုမော့ကြည့်လိုက်ပြီးသကာလ တံခါးကိုတွန်းဖွင့်ကာ အတွင်းသို့ဝင်လိုက်သည်။ ချက်ချင်းပင် အထဲမှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

"ဧည့်သည်တော်ကြီး အထဲသို့ကြွပါခင်ဗျ။ လူကြီးမင်းက ငွေလက်မှတ်လဲလှယ်လိုတာလား...ဒါမှမဟုတ်...."

ကျိုးကျစ်ရှူးက အလုပ်သမားလေးကိုဖြတ်ကျော်ကာ ဆိုင်ရှင်ထံသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထို့နောက် အသာအယာပြုံးပြကာ တိုးညင်းစွာစကားဆိုလိုက်သည်။

"ကျွန်တော် စုန့်အိမ်တော်ထိန်းကို အကူအညီတောင်းစရာလေးတစ်ခုရှိလို့ပါ။ ခင်ဗျား သူ့ကို တဆိတ်​လောက်ဆက်သွယ်အကြောင်းကြားပေးလို့ရမလားဗျ"

ဆိုင်ရှင်ဖြစ်သူမှာ ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားကာ ခေါင်းမော့လာပြီး ကျိုးကျစ်ရှူးကိုအတန်ကြာအကဲခတ်ကြည့်ရှုလိုက်ပြီးသော် သတိကြီးစွာထားကာမေးမြန်းလိုက်သည်။

"မင်းက...."

ကျိုးကျစ်ရှူးက မူလအသံထက်ပိုမိုတိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

"ကျွန်တော်က 'အရှင်ခုနစ်' ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ပါ။ မျိုးရိုးနာမည်က 'ကျိုး' ဖြစ်ပါတယ်"

'အရှင်ခုနစ်' ဟူသည့်စကားလုံးနှစ်လုံးထွက်လာသည်နှင့်တစ်ပြိုင်နက် ဆိုင်ရှင်ဖြစ်သူ၏မျက်နှာအမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားကာ လေးနက်တည်တံ့သွားတော့သည်။ သူက ကပျာကယာဖြင့် အရှေ့သို့ထွက်လာကာ ကျိုးကျစ်ရှူးအား ကိုယ်တိုင်ကိုယ်ကျနေရာထိုင်ခင်းစီစဥ်​ပေး၍ အလုပ်သမားလေးတစ်ဦးအား လက်ဖက်ရည်အိုးဖြင့်ဧည့်ခံစေလျက် သူကိုယ်တိုင်ကမူ အနားတွင်ရပ်ကာ ရိုသေလေးစားစွာပြောလာသည်။

"လူကြီးမင်း သုံးဆောင်ပါ၊ သုံးဆောင်ပါခင်ဗျ။ ကျွန်တော်မျိုး စုန့်အိမ်တော်ထိန်းကို အခုချက်ချင်းအကြောင်းကြားလိုက်ပါ့မယ်။ ဒါပေမဲ့ အိမ်တော်ထိန်းက အခု တုံ့ထင်မြို့မှာ မရှိတာမို့ လူကြီးမင်း နောက်ထပ်ရက်အနည်းငယ်လောက်စောင့်ဆိုင်းပေးလို့ရမလား ခင်ဗျ...."

ကျိုးကျစ်ရှူး ခေါင်းညိတ်ပြလိုက်သည်။

"ရပါတယ် အလျင်မလိုပါဘူး။ ခင်ဗျားလဲ ခဏလောက်ဝင်ထိုင်ပါဦး"

ထိုလူအား သူနှင့်အတူထိုင်ရန် ယဥ်ယဥ်ကျေးကျေးဖိတ်ခေါ်လိုက်စေကာမူ ၎င်းမှာ ခေါင်းတခါခါလက်တခါခါဖြင့် အကြောက်အကန်ငြင်းဆန်နေလျက် ဆက်လက်၍သာမေးမြန်းလာသည်။

"ကျိုးလူကြီးမင်းက အိမ်တော်ထိန်းကြီးနဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံစကားပြောလိုတာလား။ ဒါမှမဟုတ် အရင်ဆုံး အခုလောလောဆယ် ကျွန်တော်မျိုး ဘာများကူညီပေးနိုင်တာရှိမလဲခင်ဗျ"

တခဏမျှစဥ်းစားပြီးနောက် ကျိုးကျစ်ရှူးကမေးမြန်းလိုက်သည်။

"ဘာမှရေးကြီးခွင်ကျယ်ကိစ္စတော့မဟုတ်ပါဘူး။ ခင်ဗျား 'ကျောက်သလင်းပြာ' ဆိုတဲ့ပစ္စည်းကိုကြားဖူးသလားမသိဘူးနော်"

ဆိုင်ရှင်ဖြစ်သူမှာ အံ့သြဘနန်းဖြစ်သွားရှာသည်။

"ကျွန်တော်မျိုး တစွန်းတစတော့ကြားဖူးပါတယ်။ ကျိုးလူကြီးမင်းပြောတဲ့အရာက သလင်းကျောက်အစိတ်အပိုင်းငါးခုနဲ့ပြုလုပ်ထားတဲ့ ကျောက်သလင်းပြာကိုပြောတာမဟုတ်လား"

ကျိုးကျစ်ရှူးခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပါပဲ"

ဆိုင်ရှင်ဖြစ်သူက တခဏမျှလေးလေးနက်နက်စဉ်းစားတွေးတောလိုက်ပြီးသော် စာရွက်တစ်ရွက်ကိုဖြန့်ခင်းကာ 'ကျောက်သလင်းပြာ' ဟူသည့်စကားလုံးသုံးလုံးကို ရေးသားလိုက်သည်။

"ကျွန်တော်မျိုးသိသမျှက သိပ်ပြီးပြည့်စုံနှံ့စပ်မှုမရှိမှာကို စိုးရိမ်မိပါတယ်။ အကယ်၍ ကျိုးသခင်လေး ရက်အနည်းငယ်လောက်စောင့်ဆိုင်းနိုင်မယ်ဆိုရင်ဖြင့် ကျွန်တော်မျိုးနည်းလမ်းအဆက်အသွယ်တွေကိုသုံးပြီး သခင်လေးကိုယ်စား စုံစမ်းပေးနိုင်ပါတယ်"

ကျိုးကျစ်ရှူးက ဆိုင်ရှင်ဖြစ်သူကို အကဲခတ်ကြည့်ရှုလိုက်သည်။ အသက်အရွယ်အားဖြင့် အသက်သုံးဆယ်နှင့်လေးဆယ်ဝန်းကျင်ခန့်ရှိကာ မျက်နှာအမူအရာမှာလိမ္မာပါးနပ်ပုံရပြီး စကားပြောဆိုရာတွင်လည်း ရေတစ်စက်မျှအဖိတ်အစဉ်မရှိသည့်နှယ်၊ လေသံမှာမြန်ဆန်ခြင်းမရှိဘဲ စကားတစ်ခွန်းကိုမပြောဆိုမီ သုံးကြိမ်သုံးခါလောက်စဉ်းစားတတ်သောသူဖြစ်သည်။ တကယ့်ကိုပင် ထူးချွန်ထက်မြက်သောလူ၏လက်အောက်မှထွက်လာသော မြေခွေးအိုကြီးများနှင့်မြေခွေးငယ်လေးတစ်အုပ်ပင်တည်း။ သူ၏အနှီမိတ်ဆွေဖြစ်သူမှာ မင်းနေပြည်တော်မှ ထွက်ခွာလာပြီးနောက်ပိုင်း နှစ်ပေါင်းများစွာအတွင်း သူ၏သြဇာအရှိန်အဝါလွှမ်းမိုးနိုင်စွမ်းတို့ကို ရေရေရာရာလက်လှမ်းမမီမသိရှိနိုင်တော့သည့်တိုင် ယခုကြည့်လိုက်သောအခါတွင်မူ ငွေတိုက်လေးများကိုတည်ထောင်ထားရုံလောက် ရိုးရှင်းမည်မဟုတ်ပါချေ။

လက်ဖက်ရည်တစ်ခွက်ကိုကုန်စင်အောင်သောက်သုံးပြီးနောက် သူ ထိုနေရာမှပြန်လည်ထွက်ခွာလာခဲ့သည်။ တစ်ခေတ်တစ်ခါက ကောင်းကင်ပြတင်း၏ခေါင်းဆောင်ဟောင်းဖြစ်သူတစ်ယောက်သည်ကား ယခုအခါတွင် သတင်းအကြောင်းအရာများကိုစုဆောင်းရန်အတွက် ဤကဲ့သို့အခြားလူများအပေါ်တွင် အားကိုးအားထားပြုနေရလိမ့်မည်ဟုမထင်မိခဲ့ပါချေ။ ထို့အပြင် ကျန်းချန်လင်ဟူသောအရှုပ်ထုပ်လေး၏ အသက်ကိုကယ်တင်ရန်အလို့ငှာ အခြားသူများထံတွင်အကူအညီတောင်းခံနေရလိမ့်မည်ဟုလည်း မထင်မိခဲ့ပါချေ။ သို့သော်ပြောရလျှင် ကျိုးကျစ်ရှူးကိုယ်တိုင်လည်းနားမလည်တော့ပေ၊ သူနှင့်ကျန်းချန်လင်တို့မှာ ခရီးသွားဟန်လွှဲအမှတ်မထင်တွေ့ဆုံကြုံကြိုက်ခဲ့ကြသူများသာဖြစ်သည်လေ။ သူ့အသက်က မိမိနှင့်ဘာများသက်ဆိုင်ပါမည်နည်း။

တကယ့်ကို အလုပ်မရှိ ကြောင်ရေချိုးနေမိတာပဲ

သို့သော် လူ့ဘဝသက်တမ်းတစ်လျှောက်၌ အမြဲလိုလိုပင် အချို့သောအချိန်အခါ၊ အချို့သောလူများ၊ အချို့သောကိစ္စများသည်ကား ကိုယ်နှင့်မဆိုင်လျှင် ဝင်မပါသင့်မှန်း သိသိလျက်နှင့်ပင် မနေနိုင်မထိုင်နိုင်ဝင်ပါမိတတ်ကြသည်မဟုတ်ပါလား။ ကျိုးကျစ်ရှူးစိတ်ထဲ၌တွေးလိုက်မိသည်။

ဧကန္တ ဒါဟာ ငါ့ရဲ့ကံကြမ္မာပဲလား

သို့မဟုတ်ပါလျှင် ဤမျှကြီးမားကျယ်ပြန့်လှသည့် ကျန်းဟူတစ်လွှားတွင် ထိုကလေးနှင့်မှ တိုက်တိုက်ဆိုင်ဆိုင်ရေစက်ဆုံမိပါမည်နည်း။

၎င်းမှာ အထွေအထူးလုပ်စရာမရှိသည့်အတွက် နေပူစာလှုံရင်း လမ်းမကြီးတစ်လျှောက် အေးအေးလူလူလျှောက်သွားနေလိုက်သည်။ တုံ့ထင်မြို့၏သာယာလှပသောရှုမျှော်ခင်းအဖုံဖုံ မြင်ကွင်းအစုံစုံကို အချိန်အတန်ကြာလိုက်လံလည်ပတ်ကြည့်ရှုပြီးသော် တောင်စွယ်နေကွယ်သောအချိန်ရောက်မှပင် ကျေနပ်ပီတိဖြာဝေစွာဖြင့် စားသောက်ဆိုင်တစ်ဆိုင်ပေါ်သို့တက်သွားလိုက်လေသည်။ သေရည်တစ်အိုးနှင့် စားကောင်းသောက်ဖွယ်ဟင်းလျာအချို့ကိုမှာယူရင်း ယနေ့သည်ကား အလွန်တရာကြည်လင်သာယာသောနေ့တစ်နေ့ဖြစ်သည်ဟု စိတ်ထဲတွင်တွေးတောနေမိသည်။ သူ့ဘဝတွင် ဤမျှလောက် ကောင်းမွန်ပြည့်စုံသာယာသောနေ့ရက်တစ်ရက်ကို မခံစားခဲ့ဖူးသည့်အလား။ ယခင်အချိန်များ၌ ကိုယ်တိုင်ကိုယ်ကျ တစ်ချိန်လုံးပြေးလွှားလှုပ်ရှား၍အလုပ်ရှုပ်နေခြင်းမဟုတ်ပါက သူများတကာကိုပြေးလွှားလှုပ်ရှားစေပြီး အလုပ်ရှုပ်အောင်ကြံစည်ခဲ့ရသည်သာဖြစ်သည်။

ဘေးနားတွင်မူ မိန်းမပျိုလေးတစ်ယောက်က ဗျပ်စောင်းတစ်ခုကိုတီးခတ်လျက် တေးသီချင်းသံသာများဖြင့် ဧည့်ခံဖျော်ဖြေနေလျက်ရှိသည်။ လူကလည်း တက်ကြွရွှင်မြူးလှသလို သီချင်းသံမှာလည်း သာယာငြိမ့်ညောင်းလှ၏။ ကြည့်လေလေ တင့်တယ်လှပလေပင်။ သီချင်းတစ်ပုဒ်ပြီးဆုံးသွားသောအခါ စားသောက်ဆိုင်အပေါ်ထပ်နှင့်အောက်ထပ်ရှိ ဧည့်ပရိသတ်အားလုံးက တညီတညာတည်းလက်ခုပ်သြဘာများတီးကာ သောင်းသောင်းဖြဖြအော်ဟစ်ချီးမြှောက်ကြသည်။ ကျိုးကျစ်ရှူးသည်လည်း သူ့ကိုကြည့်နေရင်း မျက်စိပသာဒဖြစ်ကာ စိတ်နှလုံးကြည်နူးရွှင်ပျလာသောကြောင့် ငွေစတစ်စကိုဆွဲထုတ်ယူကာ ရက်ရက်ရောရောပင် သူ့ပန်းကန်ပြားပေါ်သို့တင်ပေးလိုက်သည်။ ထိုမိန်းမပျိုလေးမှာ ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ကျိုးကျစ်ရှူးကို ခေါင်းညိတ်ပြုံးပြ၍ ဆုမွန်ကောင်းတောင်းပေးကာ တိုးညင်းစွာကျေးဇူးတင်စကားဆိုလိုက်သည်။ ကျိုးကျစ်ရှူး၏စိတ်နှလုံးသည်လည်း ပို၍ပင်ကြည်နူးဝမ်းမြောက်သွားရှာတော့သည်။

ရုတ်တရက် သူနှင့်မျက်နှာချင်းဆိုင်စားပွဲတွင် ထိုင်နေသူတစ်ဦး။ ထိုလူသည်ကား ဖြစ်သင့်ဖြစ်ထိုက်သည့်အလား ဘွင်းဘွင်းရှင်းရှင်းတဲ့တိုးပြောဆိုလိုက်သည်။

"ငါရောက်လာပြီလေ၊ မင်း ငါ့ကို ယမကာတစ်အိုးနဲ့ဧည့်ခံတော့"

ကျိုးကျစ်ရှူးခမျာ စိတ်နှလုံးတင်းကျပ်သွားရှာတော့သည်__အကြွေးရှင်ဖြစ်သူပါတကား။

ယဲ့ပိုင်ရီးမှာ စိုးစဉ်းမျှပင် အားနာရကောင်းမှန်းမသိပါချေ။ သူ့အမြင်တွင်မူ သူ့အနေဖြင့် ထမင်းစားခြင်း၊ သေရည်သောက်သုံးခြင်း အစရှိသော လောကဝတ်တရားတို့ကို လိုက်လျောပေးသည်ကပင် တစ်ဖက်လူအားချီးမြင့်မြှောက်စားရာကျနေပြီဖြစ်သည်။ တစ်ဖက်လူမှာ သူ့ကိုကပျာကယာအလန့်တကြားဖြင့် ကြိုဆိုဧည့်ခံသမှုပြုသင့်ပေ၏။ သူကတော့ အလိုအလျောက်ပင် နည်းနည်းလေးသော်မျှ အားတုံ့အားနာဖြစ်စရာမလိုအပ်ပါချေ။ သို့ဖြစ်ရာ ကျိုးကျစ်ရှူးကိုလည်း အရေးမလုပ်ဘဲ သူ့ဘာသာသူ စားပွဲထိုးလေးကိုအော်ခေါ်ကာ ဟင်းလျာအမည်များကို တရစပ်ရွတ်ဆိုနေတော့သည်။ ထို့နောက် ခပ်တည်တည်ဖြင့် ကျိုးကျစ်ရှူးကိုပြောလိုက်သည်။

"မင်း စားချင်တာတွေလဲ စိတ်ကြိုက်မှာစားနော်၊ အားမနာနဲ့"

ကျိုးကျစ်ရှူးခမျာ သူ့ကို အထူးအဆန်းသဖွယ် တအံ့တသြကြည့်ရှုနေလျက် စိတ်ထဲ၌တွေးလိုက်မိသည်။

ကျွန်တော့်ပုံစံက အားတုံ့အားနာဖြစ်နေတယ်လို့ ခင်ဗျားက ဘယ်မျက်လုံးနဲ့ကြည့်လိုက်တာလဲ

အနှီဆရာတော်ကူ၏နောက်မျိုးဆက်ဆိုသူသည်ကား သူ့ကို တမင်သက်သက်ဟန်ဆောင်ခြိမ်းခြောက်နေသလားဟုပင် မဆိုစလောက်သံသယဝင်မိလေတော့သည်။ ခုနတုန်းက သူ မှာယူခဲ့သောအစားအသောက်များမှာ လူနှစ်ယောက်မပြောနှင့်။ ဝက်နှစ်ကောင်ပင် ဝဝလင်လင်စားလို့သောက်လို့ရသောအနေအထားတွင်ရှိနေသည်။

ယဲ့ပိုင်ရီးသည်ကား မည်သည့်ဟင်းလျာမှထပ်မံမှာယူခြင်းမပြုသော ကျိုးကျစ်ရှူးကိုတွေ့သောအခါဝယ် တစ်စုံတစ်ခုကိုသဘောပေါက်သွားဟန်ဖြင့်ပြောလာသည်။

"သြော် ဟုတ်သားပဲ။ မင်းမှာ အတွင်းဒဏ်ရာတွေရှိတော့ အစားအသောက်တွေကို သိပ်ပြီးခံတွင်းတွေ့မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ မင်းကို တစ်ခုလောက်တော့တိုက်တွန်းလိုက်မယ်။ မင်းစားနိုင်တဲ့အချိန်မှာ များများစားထား၊ အသက်ရှင်ဖို့လဲ အချိန်ဘယ်လောက်မှကျန်တော့တာမဟုတ်တာ"

ကျိုးကျစ်ရှူး၏အကြည့်များမှာ ပို၍ပင်အထူးအဆန်းဖြစ်သွားရှာပြီး စိတ်ထဲတွင်တွေးလိုက်သည်။ ဤလူသည်ကား ဆရာတော်ကူ၏တပည့်သာဟုတ်မနေပါက တကယ့်ကိုပင် တစ်နေကုန်တစ်နေခမ်း လူအများထံမှ အသားကုန်ထုထောင်းရိုက်ပုတ်ခြင်းကိုခံရနိုင်သော သဲအိတ်တစ်အိတ်ဖြစ်နေမလားဟူ၍။

ထိုအခိုက် သူတို့၏အနားသို့ဖိတ်ခေါ်ထားခြင်းမရှိသော နောက်ထပ်ဧည့်သည်တော်တစ်ယောက် လျှောက်လှမ်းလာပြီး အနားရှိထိုင်ခုံတစ်လုံးကိုဆွဲယူကာ ဘာမပြောညာမပြောဝင်ထိုင်လိုက်၏။ သူက ယဲ့ပိုင်ရီးကို အပြုံးမမည်သောအပြုံးတစ်ခုဖြင့် အကဲခတ်ကြည့်ရှုနေရင်း စကားဆိုလိုက်၏။

"အားရွှိရယ်....ကျွန်တော့်ကို နှုတ်တောင်မဆက်ဘဲ ဒီတစ်နေ့လယ်ခင်းလုံး မပြောမဆိုနဲ့ အရိပ်အယောင်ပျောက်သွားလိုက်တာ၊ လတ်စသတ်တော့ တခြားတစ်ယောက်ရှိနေတာကိုး"

အစောတုန်းက မိန်းမပျိုလေး၏တောက်ပလင်းလက်သောအပြုံးများကြောင့် ကျိုးကျစ်ရှူး၏ရွှင်မြူးတက်ကြွနေသော စိတ်ခံစားချက်တို့သည်ကား အစအနမကျန်အောင်ပြိုကွဲပျက်ဆီးသွားရှာတော့သည်။ သူ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး 'အဆွေတော်တို့နှစ်ဦး ကိုယ့်ဘာသာကိုယ်ဆက်လက်သုံးဆောင်ကြပါ' ဟုပြောဆိုပြီး ထထွက်သွားလျှင်ကောင်းမလားဟူ၍ စိတ်ထဲ၌တွေးတောလိုက်သည်။ သို့ရာတွင် ဝမ်းခယ့်ရှင်က သူ့ဘက်ကိုလှည့်လာပြီး ဘာရယ်ကြောင့်မှန်းမသိ မဆိုစလောက်အံတကြိတ်ကြိတ်ဖြင့်မေးမြန်းလာသည်။

"သူက ဘယ်သူလဲ"

"သူက...."

ကျိုးကျစ်ရှူးက ထိုသူမှာ အမှတ်မထင်တွေ့ဆုံဖူးသော အသိမိတ်ဆွေတစ်ဦးသာဖြစ်ကြောင်း ရှင်းပြရန်ပြင်လိုက်စေကာမူ ပြောမည့်စကားလုံးများမှာ ပါးစပ်ဖျားသို့ရောက်လာချိန်မှာပင် ရုတ်တရက် နားမလည်နိုင်ဘဲဖြစ်သွား၏။ စိတ်ထဲတွင် ဘာကြောင့် သူ့ကိုရှင်းပြရမည်နည်းဟုတွေးလိုက်မိပြီး မျက်နှာအမူအရာထူးဆန်းစွာဖြင့် စကားလုံးများမှာရပ်တန့်သွားရှာတော့သည်။

ယဲ့ပိုင်ရီးကမူ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဝမ်းခယ့်ရှင်ကိုလှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ငါ့နာမည်က ယဲ့ပိုင်ရီးပါ"

ဝမ်းခယ့်ရှင်က ဟန်ဆောင်ပန်ဆောင်ပြုံးပြကာ တစ်ဖက်သို့လှည့်ပြီး တစ်ခုခုပြောရန်ပြင်လိုက်စဉ် ယဲ့ပိုင်ရီး၏တုန်လှုပ်ချောက်ချားခြင်းကင်းစွာ ပြောလိုက်သောစကားသံကိုကြားလိုက်ရသည်။

"ငါ မင်းကိုသိတယ်။ မင်းက ဟိုတစ်နေ့က ကျန်းသခင်လေးရဲ့အိပ်ဆောင်ကို မီးရှို့တဲ့သူပဲ"

သေရည်ခွက်ကိုကိုင်ထားသော ကျိုးကျစ်ရှူး၏လက်မှာ လေထဲ၌ တိုးလိုးတန်းလန်းရပ်တန့်သွားပြီး ဝမ်းခယ့်ရှင်၏မျက်နှာပေါ်ရှိအပြုံးရိပ်တို့မှာလည်း တမုဟုတ်ချင်းပျောက်ကွယ်သွားတော့သည်။ သူ၏မျက်ဝန်းတစ်စုံသည်ကား ယဲ့ပိုင်ရီးကိုစူးရဲစွာစိုက်ကြည့်နေလျက်။ သက်မဲ့အရာဝတ္ထုတစ်ခုကိုစူးစိုက်ကြည့်နေသည့်နှယ်၊ သူ့ကိုယ်ပေါ်တွင် ပြောမပြတတ်သော နက်ရှိုင်းအေးစက်သည့် လူသတ်မည့်အငွေ့အသက်များ ဖြည်းဖြည်းချင်းစုစည်းဖြစ်တည်လာနေသည်။

ကျိုးကျစ်ရှူးသည်ပင် ကြက်သီးမွေးညင်းများထသွားရှာပြီး မျက်မှောင်ကြုတ်လိုက်မိ၏။

ထိုအခိုက် အချိန်ကိုက်ပင် စားစရာဟင်းလျာများသယ်ဆောင်လာသော စားပွဲထိုးကောင်လေးမှာ သူ၏လူသတ်တော့မည့်ဟန်ပန်အရှိန်အဝါများကြောင့် အလန့်တကြားဖြစ်သွားရှာပြီး လက်ထဲမှ ပန်းကန်များအောက်သို့လွတ်ကျသွားလေတော့သည်။ သို့သော် လျှပ်တစ်ပြက်အတွင်းမှာပင် သူ့မျက်စိရှေ့၌ အဖြူရောင်အရိပ်သဏ္ဌာန်တစ်ခုကိုလှစ်ခနဲတွေ့လိုက်ရပြီး လွတ်ကျသွားသည့်ပန်းကန်များမှာ ဘာကြောင့်မှန်းမသိဘဲ အနှီအဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့်သခင်လေးတစ်ဦး၏ လက်ပေါ်၌ မြဲမြံစွာတင်ကျန်နေသည်ကိုတွေ့လိုက်ရလေသည်။ ဟင်းတစ်ဖတ်၊ ဟင်းရည်တစ်စက်သော်မျှဖိတ်စင်သွားခြင်းမရှိပါချေ။

ကျိုးကျစ်ရှူး၏အမြင်အာရုံဖြင့်ပင် သူ၏လှုပ်ရှားမှုများကို ရှင်းလင်းသဲကွဲစွာမတွေ့လိုက်ရပါချေ။

ယဲ့ပိုင်ရီးရဲ့ အစွမ်းအစကမသေးဘူးပဲ။ တကယ်လို့ သူသာ ဆရာတော်ကူရဲ့နောက်မျိုးဆက်ဖြစ်မယ်ဆိုရင်...ဒါဖြင့် ဒဏ္ဍာရီထဲက ချန်မင်တောင်က ဆရာတော်ကူဟာ.....

ကျိုးကျစ်ရှူး၏နောက်ကျောပြင်၌ ချွေးစေးချွေးပေါက်တို့ဖြင့်ရွှဲနစ်သွားလေတော့သည်။ အဆိုပါအလွန်တရာလျှို့ဝှက်ဆန်းကြယ်သော ဆရာတော်ကူနှင့်ပတ်သက်ပြီး ကောင်းကင်ပြတင်းအဖွဲ့၏ခန့်မှန်းတွက်ဆချက်များမှာ တကယ်တမ်းတွင်မူ တိကျမှန်ကန်မှုမရှိကြောင်းသဘောပေါက်သွားသည်။

တခဏအတွင်း ဝမ်းခယ့်ရှင်၏မျက်ဆန်များမှာကျုံ့ဝင်သွားပြီး မျက်နှာအမူအရာမှာကြောက်လန့်တုန်လှုပ်ခြင်းအလျဉ်းမရှိသော်ငြား သူ၏အမျက်ဒေါသတို့ကိုပြန်လည်ရုတ်သိမ်းလိုက်ကာ အဆိုပါအဖြူရောင်ဝတ်စုံနှင့်လူငယ်အမျိုးသားကို အကဲခတ်လိုက်၏။

သူ့ရဲ့အသက်က ၂၅၊ ၂၆ လောက်ရှိမလား။ မဟုတ်ဘူး၊ သူ့ရဲ့အသားအရည်က နုနယ်ပျိုမျစ်နေပေမဲ့ တကယ်တော့ အသက်အရွယ်က အဲ့လောက်မကနိုင်ဘူး၊ ဒါဖြင့် ၃၀ ကျော်လောက်လား။ အဲ့လိုလဲမတူဘူး....

ဤလူသည်ကား တကယ့်ကို သူ၏အမည်နာမအတိုင်းပင်ဖြစ်သည်။ ဟာလာဟင်းလင်းဗလာနတ္ထိဖြစ်နေလျက်။ သူသည် ထိုနေရာ၌ထိုင်နေခိုက် စကားပြောမနေသည့်အချိန်မျိုးတွင် လူအရုပ်ကြီးတစ်ခုနှင့်တူလှသည်။ သူ၏စိတ်ခံစားချက်အနိမ့်အမြင့်အတက်အကျကို အခြားလူများခံစားလို့မရနိုင်ပါချေ။ မိမိ၏စိတ်ခံစားချက်များသည်ကား သူ့အပေါ်တွင်သက်ရောက်မှုမရှိနိုင်သည့်အလား။ အနားတွင်ဘေးချင်းကပ်လျက်ထိုင်နေသည့်တိုင် မတူညီသောကမ္ဘာလောကကြီးနှစ်ခုအတွင်း ရှင်သန်နေသူများကဲ့သို့ပင်။

ယဲ့ပိုင်ရီးမှာမူ သူ၏စကားတစ်ခွန်းကို စိုးစဉ်းမျှသတိမမူမိသလို အခြားလူနှစ်ဦး၏စူးရှပြင်းထန်သောတုံ့ပြန်မှုတို့ကိုလည်း အနည်းငယ်မျှပင်အရေးမစိုက်ဘဲ စားပွဲပေါ်ရှိစားသောက်ဖွယ်ရာများကိုသာ ခေါင်းမဖော်စတမ်းအားရပါးရအပြတ်လွေးနေတော့သည်။ တစ်ချပ်ပြီးတစ်ချပ်ထပ်ဆင့်လာသော ပြောင်သလင်းခါသွားသည့်ပန်းကန်များနှင့်အတူ ကျိုးကျစ်ရှူးနှင့်ဝမ်းခယ့်ရှင်တို့နှစ်ဦးသား၏ မျက်နှာအမူအရာတို့မှာလည်း တစတစမဲ့ရွဲ့ရှုံ့တွလာတော့သည်။

ဒီဆရာတော်ကူရဲ့နောက်မျိုးဆက်ဆိုတဲ့ကောင်က တကယ့်ကို တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတဲ့ ထမင်းအိုးကြီးပဲ

၎င်းမှာ လျှပ်စီးလက်သလိုအမြန်နှုန်းဖြင့် ပါးစပ်ထဲသို့အစားအသောက်များကို သွတ်သွင်းစားသောက်နေတော့သည်။ ကြမ်းတမ်းရိုင်းပျသည့်ပုံစံပေါက်မနေသည့်တိုင် လေဆင်နှာမောင်းဝင်မွှေသွားသည့်အနေအထားမှာ လုံးဝကို ရှစ်ဘဝဆက်တိုက်အစာရေစာငတ်ပြတ်လာခဲ့ရသည့်ပုံစံမျိုးပေါက်နေကာ အလွန်တရာလျင်မြန်လွန်းလှသည်။ တူတစ်စုံမှာ ကျိုင်းကောင်တစ်ကောင်ပမာ ပျံဝဲနေလျက်ရှိပြီး ရန်သူများအတွက် ဟင်းတစ်ဖတ်တလေမျှတောင် ချန်ရစ်ထားခြင်းမရှိပါချေ။ အစကတည်းက ဗိုက်ဆာမနေသော ကျိုးကျစ်ရှူးနှင့် အသိသာကြီးကို စားချင်သောက်ချင်စိတ်ရှိမနေသည့် ဝမ်းခယ့်ရှင်တို့နှစ်ဦးသည်ကား သူ၏စိတ်အားထက်သန်စွာစားသောက်နေသည့်ပုံစံကိုကြည့်ကာ မနေနိုင်မထိုင်နိုင်ဖြစ်သွားလျက် တူများကိုကောက်ကိုင်လိုက်ကြပြီး ဤစားသောက်ဆိုင်ရှိဟင်းလျာများမှာ မည်ရွေ့မည်မျှ တမူထူးခြားပြီး အနံ့အရသာထူးကဲကောင်းမွန်နေသလဲဆိုသည်ကို မြည်းစမ်းချင်စိတ်များတဖွားဖွားဖြစ်ပေါ်လာကြလေတော့သည်။

စားပွဲပေါ်ရှိပန်းကန်ခွက်ယောက်များအားလုံး ဖရိုဖရဲဖြစ်ကာ မျက်စိဖြင့်မြင်ရက်စရာမရှိအောင်ဆိုးဝါးလှသော စစ်တလင်းပမာ ပန်းကန်များအားလုံးပြောင်သလင်းခါသွားသည့်အခါမှသာလျှင် ယဲ့ပိုင်ရီးက လက်ထဲမှတူကိုချကာ စိတ်ကျေနပ်မှုအပြည့်အဝရသွားဟန်ဖြင့် ပါးစပ်ကိုသုတ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းထောင့်စွန်းထက်ဝယ် အပြုံးတစ်ခုဟု ယူဆ၍ရနိုင်သော ခပ်ရေးရေးစက်ဝန်းကွေးလေးတစ်ခုဖြစ်တည်သွားပြီးသော် ကျိုးကျစ်ရှူးကိုပြောလိုက်လေသည်။

"အခုလို ကျွေးမွေးဧည့်ခံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်​"

စကားဆုံးသည်နှင့်တစ်ပြိုင်နက် မျက်နှာအမူအရာကင်းမဲ့စွာပင် စားပွဲဝိုင်းမှ သည်အတိုင်းထ၍ထွက်ခွာသွားလေတော့သည်။

ကျိုးကျစ်ရှူး ရုတ်တရက် စိတ်ထဲ၌တွေးလိုက်သည်။ ဤကဲ့သို့အစားသရဲမျိုးကိုပြုစုပျိုးထောင်ပေးခဲ့သည့် ဆရာတော်ကူဆိုသူသည်ကား တကယ့်ကို အံ့မခန်းလူတော်တစ်ယောက်ပင်ဖြစ်ရမည်ဟူ၍။

ထိုစဥ် ဝမ်းခယ့်ရှင်ထံမှ ရုတ်တရက်စကားသံထွက်လာသည်။

"သူ ခုနက ပြောတာတွေက...တကယ်တော့ ကျွန်တော်က ....."

သူ့စကားသံမှာ ရုတ်တရက်ရပ်တန့်သွား၏။ အနည်းငယ်ဇဝေဇဝါဖြစ်သွားသည့်အလား။ မိမိမှာ ဘာကြောင့်များ ဤကိစ္စကိုရုတ်တရက်ပြောမိသွားမှန်းမသိတော့သလို ရင်ဘတ်တစ်ခုလုံးအနည်းငယ်​မွန်းကျပ်လာတော့သည်။ အလျင်အမြန်မျက်လုံးပင့်ကာ ကျိုးကျစ်ရှူးကိုဖျတ်ခနဲလှမ်းကြည့်ပြီးနောက် မျက်လွှာပြန်ချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်သည့်အနေဖြင့် ပြုံးရယ်လိုက်ရင်း ခေါင်းတယမ်းယမ်းဖြင့် သူ၏နဂိုမူလပုံစံအတိုင်းပြန်လည်ထိန်းသိမ်းကာ ဆိုလိုက်သည်။

"ဒါလား ဆရာတော်ကူရဲ့ နောက်မျိုးဆက်ဆိုတာ၊ ကျွန်တော်ကြည့်ရတာတော့ ကျိုင်းကောင်ကို အရေခွံအဖြူရောင်ပတ်ပေးထားသလိုပါပဲလား"

ကျိုးကျစ်ရှူးက သေရည်အိုးကိုမြှောက်လိုက်ကာ အိုးဖင်တွင်ကပ်ကျန်နေသော လက်ကျန်သေရည်တစ်စက်ကို အပြီးသတ်မော့ချလိုက်သည်။ မီးလောင်သည့်ကိစ္စနှင့်ပတ်သက်၍ တစ်ခွန်းတလေမျှပင် စကားမဟပါချေ။

ဝမ်းခယ့်ရှင်သည်ကား ကျန်းချန်လင်ကို အမှန်စင်စစ် သတ်ဖြတ်လိုစိတ်ရှိပါမူ ပုရွတ်ဆိတ်လေးတစ်ကောင်ကိုဖိသတ်သကဲ့သို့နှယ် လွယ်ကူလွန်းမှန်း ကျိုးကျစ်ရှူး သေချာသိရှိပြီးဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်မျှရှိမနေသည့်အချိန်အခါကို တကူးတကရွေးချယ်၍ ရုတ်ရုတ်သဲသဲမီးလောင်မှုမျိုးဖြစ်အောင် ဖန်တီးရန်လုံးဝမလိုအပ်ပေ။ သူ့ထံတွင် မကောင်းသောအကြံအစည်ရှိသည်ဆိုခြင်းထက် တစ်ခုခုကိုသိထားသောကြောင့် ကြိုတင်သတိပေးလိုသည့်သဘောပင်ဖြစ်ပေလိမ့်မည်။

ပြဿနာမှာ ယဲ့ပိုင်ရီးက ထိုအကြောင်းကို မည်ကဲ့သို့သိရှိနေပါသနည်း။

သို့ရာတွင် ကျိုးကျစ်ရှူး အခြားကိစ္စတစ်ခုကို ရုတ်တရက်သတိရသွား၏။ သူ့ရင်ဘတ်အတွင်းသို့ ဟိုနှိုက်သည်နှိုက် စမ်းသပ်ရှာဖွေလိုက်ပြီးသော် အလွန်တရာအံ့ဩထိတ်လန့်ဖြစ်သွားဟန်ဖြင့် ခေါင်းမော့ကာမေးမြန်းလိုက်၏။

"ဟိုလေ...မင်းမှာ ငွေစအလုံအလောက်တော့ ပါလာတယ်မဟုတ်လား"

သူနှင့်ဝမ်းခယ့်ရှင်တို့နှစ်ယောက်သည်ကား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေတော့သည်။


Faraway Wanderers အတွဲ (၁) ဤတွင်ပြီးပါပြီ။

***************

Zawgyi

အခန္း ၂၅
ဝတ္႐ုံျဖဴ

(T/N -- ယဲ့ပိုင္ရီးရဲ႕ 'ပိုင္ရီး' ဆိုတဲ့နာမည္ဟာ တိုက္ရိုက္ဘာသာျပန္ရရင္ 'ဝတ္႐ုံျဖဴ' လို႔အဓိပၸာယ္ရပါတယ္။)

ဝမ္းခယ့္ရွင္သည္ကား ယခုႀကိဳးတုပ္ဖမ္းဆီးခံထားရေသာတစ္ေဆမိစ္ဆာဆိုသူထက္ က်ိဳးက်စ္ရႉးအေပၚတြင္သာ စိတ္ဝင္တစားရွိေနသည္မွာ သိသာထင္ရွားလွသည္။ သူထြက္သြားသည္ကိုေတြ႕လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ခ်က္ခ်င္းပင္အေနာက္မွလိုက္သြားေလေတာ့သည္။ သို႔ေသာ္ ခုနေလးတင္ သိသာထင္ရွားစြာပင္ မ်က္စိေရွ႕ေမွာက္၌ရွိေနခဲ့သူမွာ လွစ္ခနဲေပ်ာက္ကြယ္သြားလိမ့္မည္ဟု မည္သူကထင္ပါအံ့နည္း။ ဝမ္းခယ့္ရွင္၏ေျခလွမ္းမ်ားမွာ တုံ႕ဆိုင္းရပ္တန႔္သြား၏။ အဆုံးမရွိအေျပာက်ယ္လွေသာလူပင္လယ္ႀကီးအတြင္းသို႔ တစ္ခ်က္မွ်ေဝ့ဝဲၾကည့္ရႈလိုက္ေလသည္။

က်ိဳးက်စ္ရႉးမွာ အေျပာက်ယ္လွသည့္ပင္လယ္သမုဒၵရာျပင္ႀကီးထဲသို႔ တိုးဝင္သြားေသာ ေရစက္ေရေပါက္ေလးတစ္ေပါက္သဖြယ္။ လွ်ပ္တစ္ျပက္အတြင္းမွာပင္ သူ၏အရိပ္အေယာင္အစအနကိုရွာမေတြ႕ေတာ့ပါေခ်။ ဝမ္းခယ့္ရွင္တစ္​ေယာက္ ပေဟဠိျဖစ္သြားလ်က္ မ်က္လုံးမ်ားကိုေမွးက်ဥ္းကာ လက္မေလွ်ာ့နိုင္ေသးသည့္အလား သူေပ်ာက္ဆုံးသြားသည့္အရပ္မ်က္ႏွာဘက္သို႔ အာ႐ုံစူးစိုက္၍ပိုက္စိပ္တိုက္လွည့္ပတ္ၾကည့္ရႈလိုက္သည္။ သို႔ေသာ္ အႏွီလူသည္ကား အမွန္တကယ့္ကိုပင္ သူ႕မ်က္စိေရွ႕ေမွာက္မွ လွစ္ခနဲေပ်ာက္ကြယ္သြားၿပီျဖစ္ေၾကာင္း သိရွိလိုက္ရေလသည္။

ထိုတခဏအတြင္း သူ႕စိတ္ထဲတြင္အျပင္လူမ်ားကိုမေျပာျပနိုင္ေသာခံစားခ်က္တို႔ ႐ုတ္တရက္ျဖစ္တည္ေပါက္ဖြားလာ၏။ လက္ခုပ္ထဲသို႔ေရာက္ေနၿပီးသားအရာတစ္ခုကို လက္လႊတ္ဆုံးရႈံးလိုက္ရသည့္ႏွယ္၊ ထို႔အျပင္ အေၾကာင္းျပခ်က္မည္မည္ရရမရွိဘဲ အမ်က္ေဒါသစိတ္ကေလးမ်ားလည္းရွင္သန္ႀကီးထြားလာေတာ့သည္။

လတ္စသတ္ေတာ့ ဤလူသည္ကား အခ်ိန္မေ႐ြးေပ်ာက္ကြယ္သြားနိုင္စြမ္းရွိသူျဖစ္သည္__ဝမ္းခယ့္ရွင္က သူ၏အဆင့္အတန္းကိုမွန္းဆနိုင္ခဲ့လွ်င္ေတာင္မွ၊ သူ၏အေတြးစိတ္ကူးမ်ားကိုခန႔္မွန္းနိုင္ခဲ့လွ်င္ေတာင္မွပင္ သူအလိုရွိသည့္အတိုင္း အခ်ိန္မေ႐ြးေပ်ာက္ကြယ္သြားနိုင္စြမ္းရွိေနဆဲျဖစ္သည္။

၎သည္ကား ေကာင္းကင္ျပတင္း၏ဟာကြက္မရွိေသာပိုက္ကြန္အတြင္းမွ ထြက္ေျပးလြတ္ေျမာက္လာခဲ့ေသာ တစ္ေလာကလုံးတြင္ ဉာဏ္နီဉာဏ္နက္အမ်ားဆုံး ငါးတစ္ေကာင္ပင္တည္း။

က်ိဳးက်စ္ရႉးက ဝမ္းခယ့္ရွင္ကို မ်က္ေျချဖတ္ထားခဲ့ၿပီးေနာက္ ေငြတိုက္တစ္ခုထံသို႔သြားေရာက္ခဲ့သည္။

တုံ႕ထင္တြင္သာမက က်န္းဟူတစ္ခြင္တြင္ နာမည္အႀကီးဆုံးျဖစ္ေသာ ေငြတိုက္တစ္ခု၏အမည္နာမသည္ကား အလြန္တရာရိုးရွင္းလွသည္။ နာမည္မွာ 'ဖ်င္အန္းေငြတိုက္' ဟူ၍ျဖစ္သည္။ အဆိုပါစီးပြားေရးလုပ္ငန္းမွာ အထိုက္အေလ်ာက္ေအာင္ျမင္ေနသည့္လုပ္ငန္းတစ္ခုျဖစ္သည့္တိုင္ လူအမ်ား၏အာ႐ုံစိုက္မႈကိုအလြန္အၾကဴးမခံရပါေခ်။ မည္သည့္အခါမွလည္း အျခားေနရာေဒသမ်ားထံသို႔ စီးပြားေရးနယ္ပယ္ခ်ဲ့ထြင္လိုပုံမရေပ။ ၾကည့္ရသည္မွာ ပိုင္ရွင္ျဖစ္သူသည္ကား ရည္မွန္းခ်က္ႀကီးႀကီးမားမားရွိသူမဟုတ္ဘဲ ေရခံေျမခံေကာင္းေသာ ဤၿမိဳ႕ေလး၌သာ ေရာင့္ရဲတင္းတိမ္စြာျဖင့္ စီးပြားရွာလိုျခင္းသာျဖစ္ေပလိမ့္မည္။

က်ိဳးက်စ္ရႉးက ေငြတိုက္ေရွ႕၌ခ်ိတ္ဆြဲထားေသာ ဆိုင္းဘုတ္ကိုေမာ့ၾကည့္လိုက္ၿပီးသကာလ တံခါးကိုတြန္းဖြင့္ကာ အတြင္းသို႔ဝင္လိုက္သည္။ ခ်က္ခ်င္းပင္ အထဲမွ အသံတစ္သံ ႐ုတ္တရက္ထြက္ေပၚလာသည္။

"ဧည့္သည္ေတာ္ႀကီး အထဲသို႔ႂကြပါခင္ဗ်။ လူႀကီးမင္းက ေငြလက္မွတ္လဲလွယ္လိုတာလား...ဒါမွမဟုတ္...."

က်ိဳးက်စ္ရႉးက အလုပ္သမားေလးကိုျဖတ္ေက်ာ္ကာ ဆိုင္ရွင္ထံသို႔သာ တန္းတန္းမတ္မတ္ ေလွ်ာက္သြားလိုက္သည္။ ထို႔ေနာက္ အသာအယာၿပဳံးျပကာ တိုးညင္းစြာစကားဆိုလိုက္သည္။

"ကြၽန္ေတာ္ စုန့္အိမ္ေတာ္ထိန္းကို အကူအညီေတာင္းစရာေလးတစ္ခုရွိလို႔ပါ။ ခင္ဗ်ား သူ႕ကို တဆိတ္​ေလာက္ဆက္သြယ္အေၾကာင္းၾကားေပးလို႔ရမလားဗ်"

ဆိုင္ရွင္ျဖစ္သူမွာ ႐ုတ္တရက္ေၾကာင္အမ္းအမ္းျဖစ္သြားကာ ေခါင္းေမာ့လာၿပီး က်ိဳးက်စ္ရႉးကိုအတန္ၾကာအကဲခတ္ၾကည့္ရႈလိုက္ၿပီးေသာ္ သတိႀကီးစြာထားကာေမးျမန္းလိုက္သည္။

"မင္းက...."

က်ိဳးက်စ္ရႉးက မူလအသံထက္ပိုမိုတိုးညင္းစြာ ျပန္လည္ေျဖၾကားလိုက္သည္။

"ကြၽန္ေတာ္က 'အရွင္ခုနစ္' ရဲ႕မိတ္ေဆြေဟာင္းတစ္ေယာက္ပါ။ မ်ိဳးရိုးနာမည္က 'က်ိဳး' ျဖစ္ပါတယ္"

'အရွင္ခုနစ္' ဟူသည့္စကားလုံးႏွစ္လုံးထြက္လာသည္ႏွင့္တစ္ၿပိဳင္နက္ ဆိုင္ရွင္ျဖစ္သူ၏မ်က္ႏွာအမူအရာမွာ ႐ုတ္ခ်ည္းေျပာင္းလဲသြားကာ ေလးနက္တည္တံ့သြားေတာ့သည္။ သူက ကပ်ာကယာျဖင့္ အေရွ႕သို႔ထြက္လာကာ က်ိဳးက်စ္ရႉးအား ကိုယ္တိုင္ကိုယ္က်ေနရာထိုင္ခင္းစီစဥ္​ေပး၍ အလုပ္သမားေလးတစ္ဦးအား လက္ဖက္ရည္အိုးျဖင့္ဧည့္ခံေစလ်က္ သူကိုယ္တိုင္ကမူ အနားတြင္ရပ္ကာ ရိုေသေလးစားစြာေျပာလာသည္။

"လူႀကီးမင္း သုံးေဆာင္ပါ၊ သုံးေဆာင္ပါခင္ဗ်။ ကြၽန္ေတာ္မ်ိဳး စုန့္အိမ္ေတာ္ထိန္းကို အခုခ်က္ခ်င္းအေၾကာင္းၾကားလိုက္ပါ့မယ္။ ဒါေပမဲ့ အိမ္ေတာ္ထိန္းက အခု တုံ႕ထင္ၿမိဳ႕မွာ မရွိတာမို႔ လူႀကီးမင္း ေနာက္ထပ္ရက္အနည္းငယ္ေလာက္ေစာင့္ဆိုင္းေပးလို႔ရမလား ခင္ဗ်...."

က်ိဳးက်စ္ရႉး ေခါင္းညိတ္ျပလိုက္သည္။

"ရပါတယ္ အလ်င္မလိုပါဘူး။ ခင္ဗ်ားလဲ ခဏေလာက္ဝင္ထိုင္ပါဦး"

ထိုလူအား သူႏွင့္အတူထိုင္ရန္ ယဥ္ယဥ္ေက်းေက်းဖိတ္ေခၚလိုက္ေစကာမူ ၎မွာ ေခါင္းတခါခါလက္တခါခါျဖင့္ အေၾကာက္အကန္ျငင္းဆန္ေနလ်က္ ဆက္လက္၍သာေမးျမန္းလာသည္။

"က်ိဳးလူႀကီးမင္းက အိမ္ေတာ္ထိန္းႀကီးနဲ႕ ကိုယ္တိုင္ကိုယ္က်ေတြ႕ဆုံစကားေျပာလိုတာလား။ ဒါမွမဟုတ္ အရင္ဆုံး အခုေလာေလာဆယ္ ကြၽန္ေတာ္မ်ိဳး ဘာမ်ားကူညီေပးနိုင္တာရွိမလဲခင္ဗ်"

တခဏမွ်စဥ္းစားၿပီးေနာက္ က်ိဳးက်စ္ရႉးကေမးျမန္းလိုက္သည္။

"ဘာမွေရးႀကီးခြင္က်ယ္ကိစၥေတာ့မဟုတ္ပါဘူး။ ခင္ဗ်ား 'ေက်ာက္သလင္းျပာ' ဆိုတဲ့ပစၥည္းကိုၾကားဖူးသလားမသိဘူးေနာ္"

ဆိုင္ရွင္ျဖစ္သူမွာ အံ့ၾသဘနန္းျဖစ္သြားရွာသည္။

"ကြၽန္ေတာ္မ်ိဳး တစြန္းတစေတာ့ၾကားဖူးပါတယ္။ က်ိဳးလူႀကီးမင္းေျပာတဲ့အရာက သလင္းေက်ာက္အစိတ္အပိုင္းငါးခုနဲ႕ျပဳလုပ္ထားတဲ့ ေက်ာက္သလင္းျပာကိုေျပာတာမဟုတ္လား"

က်ိဳးက်စ္ရႉးေခါင္းညိတ္ျပလိုက္သည္။

"အမွန္ပါပဲ"

ဆိုင္ရွင္ျဖစ္သူက တခဏမွ်ေလးေလးနက္နက္စဥ္းစားေတြးေတာလိုက္ၿပီးေသာ္ စာ႐ြက္တစ္႐ြက္ကိုျဖန႔္ခင္းကာ 'ေက်ာက္သလင္းျပာ' ဟူသည့္စကားလုံးသုံးလုံးကို ေရးသားလိုက္သည္။

"ကြၽန္ေတာ္မ်ိဳးသိသမွ်က သိပ္ၿပီးျပည့္စုံႏွံ႕စပ္မႈမရွိမွာကို စိုးရိမ္မိပါတယ္။ အကယ္၍ က်ိဳးသခင္ေလး ရက္အနည္းငယ္ေလာက္ေစာင့္ဆိုင္းနိုင္မယ္ဆိုရင္ျဖင့္ ကြၽန္ေတာ္မ်ိဳးနည္းလမ္းအဆက္အသြယ္ေတြကိုသုံးၿပီး သခင္ေလးကိုယ္စား စုံစမ္းေပးနိုင္ပါတယ္"

က်ိဳးက်စ္ရႉးက ဆိုင္ရွင္ျဖစ္သူကို အကဲခတ္ၾကည့္ရႈလိုက္သည္။ အသက္အ႐ြယ္အားျဖင့္ အသက္သုံးဆယ္ႏွင့္ေလးဆယ္ဝန္းက်င္ခန႔္ရွိကာ မ်က္ႏွာအမူအရာမွာလိမၼာပါးနပ္ပုံရၿပီး စကားေျပာဆိုရာတြင္လည္း ေရတစ္စက္မွ်အဖိတ္အစဥ္မရွိသည့္ႏွယ္၊ ေလသံမွာျမန္ဆန္ျခင္းမရွိဘဲ စကားတစ္ခြန္းကိုမေျပာဆိုမီ သုံးႀကိမ္သုံးခါေလာက္စဥ္းစားတတ္ေသာသူျဖစ္သည္။ တကယ့္ကိုပင္ ထူးခြၽန္ထက္ျမက္ေသာလူ၏လက္ေအာက္မွထြက္လာေသာ ေျမေခြးအိုႀကီးမ်ားႏွင့္ေျမေခြးငယ္ေလးတစ္အုပ္ပင္တည္း။ သူ၏အႏွီမိတ္ေဆြျဖစ္သူမွာ မင္းေနျပည္ေတာ္မွ ထြက္ခြာလာၿပီးေနာက္ပိုင္း ႏွစ္ေပါင္းမ်ားစြာအတြင္း သူ၏ၾသဇာအရွိန္အဝါလႊမ္းမိုးနိုင္စြမ္းတို႔ကို ေရေရရာရာလက္လွမ္းမမီမသိရွိနိုင္ေတာ့သည့္တိုင္ ယခုၾကည့္လိုက္ေသာအခါတြင္မူ ေငြတိုက္ေလးမ်ားကိုတည္ေထာင္ထား႐ုံေလာက္ ရိုးရွင္းမည္မဟုတ္ပါေခ်။

လက္ဖက္ရည္တစ္ခြက္ကိုကုန္စင္ေအာင္ေသာက္သုံးၿပီးေနာက္ သူ ထိုေနရာမွျပန္လည္ထြက္ခြာလာခဲ့သည္။ တစ္ေခတ္တစ္ခါက ေကာင္းကင္ျပတင္း၏ေခါင္းေဆာင္ေဟာင္းျဖစ္သူတစ္ေယာက္သည္ကား ယခုအခါတြင္ သတင္းအေၾကာင္းအရာမ်ားကိုစုေဆာင္းရန္အတြက္ ဤကဲ့သို႔အျခားလူမ်ားအေပၚတြင္ အားကိုးအားထားျပဳေနရလိမ့္မည္ဟုမထင္မိခဲ့ပါေခ်။ ထို႔အျပင္ က်န္းခ်န္လင္ဟူေသာအရႈပ္ထုပ္ေလး၏ အသက္ကိုကယ္တင္ရန္အလို႔ငွာ အျခားသူမ်ားထံတြင္အကူအညီေတာင္းခံေနရလိမ့္မည္ဟုလည္း မထင္မိခဲ့ပါေခ်။ သို႔ေသာ္ေျပာရလွ်င္ က်ိဳးက်စ္ရႉးကိုယ္တိုင္လည္းနားမလည္ေတာ့ေပ၊ သူႏွင့္က်န္းခ်န္လင္တို႔မွာ ခရီးသြားဟန္လႊဲအမွတ္မထင္ေတြ႕ဆုံႀကဳံႀကိဳက္ခဲ့ၾကသူမ်ားသာျဖစ္သည္ေလ။ သူ႕အသက္က မိမိႏွင့္ဘာမ်ားသက္ဆိုင္ပါမည္နည္း။

တကယ့္ကို အလုပ္မရွိ ေၾကာင္ေရခ်ိဳးေနမိတာပဲ

သို႔ေသာ္ လူ႕ဘဝသက္တမ္းတစ္ေလွ်ာက္၌ အၿမဲလိုလိုပင္ အခ်ိဳ႕ေသာအခ်ိန္အခါ၊ အခ်ိဳ႕ေသာလူမ်ား၊ အခ်ိဳ႕ေသာကိစၥမ်ားသည္ကား ကိုယ္ႏွင့္မဆိုင္လွ်င္ ဝင္မပါသင့္မွန္း သိသိလ်က္ႏွင့္ပင္ မေနနိုင္မထိုင္နိုင္ဝင္ပါမိတတ္ၾကသည္မဟုတ္ပါလား။ က်ိဳးက်စ္ရႉးစိတ္ထဲ၌ေတြးလိုက္မိသည္။

ဧကႏၱ ဒါဟာ ငါ့ရဲ႕ကံၾကမၼာပဲလား

သို႔မဟုတ္ပါလွ်င္ ဤမွ်ႀကီးမားက်ယ္ျပန႔္လွသည့္ က်န္းဟူတစ္လႊားတြင္ ထိုကေလးႏွင့္မွ တိုက္တိုက္ဆိုင္ဆိုင္ေရစက္ဆုံမိပါမည္နည္း။

၎မွာ အေထြအထူးလုပ္စရာမရွိသည့္အတြက္ ေနပူစာလႈံရင္း လမ္းမႀကီးတစ္ေလွ်ာက္ ေအးေအးလူလူေလွ်ာက္သြားေနလိုက္သည္။ တုံ႕ထင္ၿမိဳ႕၏သာယာလွပေသာရႈေမွ်ာ္ခင္းအဖုံဖုံ ျမင္ကြင္းအစုံစုံကို အခ်ိန္အတန္ၾကာလိုက္လံလည္ပတ္ၾကည့္ရႈၿပီးေသာ္ ေတာင္စြယ္ေနကြယ္ေသာအခ်ိန္ေရာက္မွပင္ ေက်နပ္ပီတိျဖာေဝစြာျဖင့္ စားေသာက္ဆိုင္တစ္ဆိုင္ေပၚသို႔တက္သြားလိုက္ေလသည္။ ေသရည္တစ္အိုးႏွင့္ စားေကာင္းေသာက္ဖြယ္ဟင္းလ်ာအခ်ိဳ႕ကိုမွာယူရင္း ယေန႕သည္ကား အလြန္တရာၾကည္လင္သာယာေသာေန႕တစ္ေန႕ျဖစ္သည္ဟု စိတ္ထဲတြင္ေတြးေတာေနမိသည္။ သူ႕ဘဝတြင္ ဤမွ်ေလာက္ ေကာင္းမြန္ျပည့္စုံသာယာေသာေန႕ရက္တစ္ရက္ကို မခံစားခဲ့ဖူးသည့္အလား။ ယခင္အခ်ိန္မ်ား၌ ကိုယ္တိုင္ကိုယ္က် တစ္ခ်ိန္လုံးေျပးလႊားလႈပ္ရွား၍အလုပ္ရႈပ္ေနျခင္းမဟုတ္ပါက သူမ်ားတကာကိုေျပးလႊားလႈပ္ရွားေစၿပီး အလုပ္ရႈပ္ေအာင္ႀကံစည္ခဲ့ရသည္သာျဖစ္သည္။

ေဘးနားတြင္မူ မိန္းမပ်ိဳေလးတစ္ေယာက္က ဗ်ပ္ေစာင္းတစ္ခုကိုတီးခတ္လ်က္ ေတးသီခ်င္းသံသာမ်ားျဖင့္ ဧည့္ခံေဖ်ာ္ေျဖေနလ်က္ရွိသည္။ လူကလည္း တက္ႂကြ႐ႊင္ျမဴးလွသလို သီခ်င္းသံမွာလည္း သာယာၿငိမ့္ေညာင္းလွ၏။ ၾကည့္ေလေလ တင့္တယ္လွပေလပင္။ သီခ်င္းတစ္ပုဒ္ၿပီးဆုံးသြားေသာအခါ စားေသာက္ဆိုင္အေပၚထပ္ႏွင့္ေအာက္ထပ္ရွိ ဧည့္ပရိသတ္အားလုံးက တညီတညာတည္းလက္ခုပ္ၾသဘာမ်ားတီးကာ ေသာင္းေသာင္းျဖျဖေအာ္ဟစ္ခ်ီးျမႇောက္ၾကသည္။ က်ိဳးက်စ္ရႉးသည္လည္း သူ႕ကိုၾကည့္ေနရင္း မ်က္စိပသာဒျဖစ္ကာ စိတ္ႏွလုံးၾကည္ႏူး႐ႊင္ပ်လာေသာေၾကာင့္ ေငြစတစ္စကိုဆြဲထုတ္ယူကာ ရက္ရက္ေရာေရာပင္ သူ႕ပန္းကန္ျပားေပၚသို႔တင္ေပးလိုက္သည္။ ထိုမိန္းမပ်ိဳေလးမွာ ႐ုတ္တရက္ေၾကာင္အမ္းအမ္းျဖစ္သြားၿပီးမွ က်ိဳးက်စ္ရႉးကို ေခါင္းညိတ္ၿပဳံးျပ၍ ဆုမြန္ေကာင္းေတာင္းေပးကာ တိုးညင္းစြာေက်းဇူးတင္စကားဆိုလိုက္သည္။ က်ိဳးက်စ္ရႉး၏စိတ္ႏွလုံးသည္လည္း ပို၍ပင္ၾကည္ႏူးဝမ္းေျမာက္သြားရွာေတာ့သည္။

႐ုတ္တရက္ သူႏွင့္မ်က္ႏွာခ်င္းဆိုင္စားပြဲတြင္ ထိုင္ေနသူတစ္ဦး။ ထိုလူသည္ကား ျဖစ္သင့္ျဖစ္ထိုက္သည့္အလား ဘြင္းဘြင္းရွင္းရွင္းတဲ့တိုးေျပာဆိုလိုက္သည္။

"ငါေရာက္လာၿပီေလ၊ မင္း ငါ့ကို ယမကာတစ္အိုးနဲ႕ဧည့္ခံေတာ့"

က်ိဳးက်စ္ရႉးခမ်ာ စိတ္ႏွလုံးတင္းက်ပ္သြားရွာေတာ့သည္__အေႂကြးရွင္ျဖစ္သူပါတကား။

ယဲ့ပိုင္ရီးမွာ စိုးစဥ္းမွ်ပင္ အားနာရေကာင္းမွန္းမသိပါေခ်။ သူ႕အျမင္တြင္မူ သူ႕အေနျဖင့္ ထမင္းစားျခင္း၊ ေသရည္ေသာက္သုံးျခင္း အစရွိေသာ ေလာကဝတ္တရားတို႔ကို လိုက္ေလ်ာေပးသည္ကပင္ တစ္ဖက္လူအားခ်ီးျမင့္ျမႇောက္စားရာက်ေနၿပီျဖစ္သည္။ တစ္ဖက္လူမွာ သူ႕ကိုကပ်ာကယာအလန႔္တၾကားျဖင့္ ႀကိဳဆိုဧည့္ခံသမႈျပဳသင့္ေပ၏။ သူကေတာ့ အလိုအေလ်ာက္ပင္ နည္းနည္းေလးေသာ္မွ် အားတုံ႕အားနာျဖစ္စရာမလိုအပ္ပါေခ်။ သို႔ျဖစ္ရာ က်ိဳးက်စ္ရႉးကိုလည္း အေရးမလုပ္ဘဲ သူ႕ဘာသာသူ စားပြဲထိုးေလးကိုေအာ္ေခၚကာ ဟင္းလ်ာအမည္မ်ားကို တရစပ္႐ြတ္ဆိုေနေတာ့သည္။ ထို႔ေနာက္ ခပ္တည္တည္ျဖင့္ က်ိဳးက်စ္ရႉးကိုေျပာလိုက္သည္။

"မင္း စားခ်င္တာေတြလဲ စိတ္ႀကိဳက္မွာစားေနာ္၊ အားမနာနဲ႕"

က်ိဳးက်စ္ရႉးခမ်ာ သူ႕ကို အထူးအဆန္းသဖြယ္ တအံ့တၾသၾကည့္ရႈေနလ်က္ စိတ္ထဲ၌ေတြးလိုက္မိသည္။

ကြၽန္ေတာ့္ပုံစံက အားတုံ႕အားနာျဖစ္ေနတယ္လို႔ ခင္ဗ်ားက ဘယ္မ်က္လုံးနဲ႕ၾကည့္လိုက္တာလဲ

အႏွီဆရာေတာ္ကူ၏ေနာက္မ်ိဳးဆက္ဆိုသူသည္ကား သူ႕ကို တမင္သက္သက္ဟန္ေဆာင္ၿခိမ္းေျခာက္ေနသလားဟုပင္ မဆိုစေလာက္သံသယဝင္မိေလေတာ့သည္။ ခုနတုန္းက သူ မွာယူခဲ့ေသာအစားအေသာက္မ်ားမွာ လူႏွစ္ေယာက္မေျပာႏွင့္။ ဝက္ႏွစ္ေကာင္ပင္ ဝဝလင္လင္စားလို႔ေသာက္လို႔ရေသာအေနအထားတြင္ရွိေနသည္။

ယဲ့ပိုင္ရီးသည္ကား မည္သည့္ဟင္းလ်ာမွထပ္မံမွာယူျခင္းမျပဳေသာ က်ိဳးက်စ္ရႉးကိုေတြ႕ေသာအခါဝယ္ တစ္စုံတစ္ခုကိုသေဘာေပါက္သြားဟန္ျဖင့္ေျပာလာသည္။

"ေၾသာ္ ဟုတ္သားပဲ။ မင္းမွာ အတြင္းဒဏ္ရာေတြရွိေတာ့ အစားအေသာက္ေတြကို သိပ္ၿပီးခံတြင္းေတြ႕မွာမဟုတ္ဘူး။ ဒါေပမဲ့ ငါ မင္းကို တစ္ခုေလာက္ေတာ့တိုက္တြန္းလိုက္မယ္။ မင္းစားနိုင္တဲ့အခ်ိန္မွာ မ်ားမ်ားစားထား၊ အသက္ရွင္ဖို႔လဲ အခ်ိန္ဘယ္ေလာက္မွက်န္ေတာ့တာမဟုတ္တာ"

က်ိဳးက်စ္ရႉး၏အၾကည့္မ်ားမွာ ပို၍ပင္အထူးအဆန္းျဖစ္သြားရွာၿပီး စိတ္ထဲတြင္ေတြးလိုက္သည္။ ဤလူသည္ကား ဆရာေတာ္ကူ၏တပည့္သာဟုတ္မေနပါက တကယ့္ကိုပင္ တစ္ေနကုန္တစ္ေနခမ္း လူအမ်ားထံမွ အသားကုန္ထုေထာင္းရိုက္ပုတ္ျခင္းကိုခံရနိုင္ေသာ သဲအိတ္တစ္အိတ္ျဖစ္ေနမလားဟူ၍။

ထိုအခိုက္ သူတို႔၏အနားသို႔ဖိတ္ေခၚထားျခင္းမရွိေသာ ေနာက္ထပ္ဧည့္သည္ေတာ္တစ္ေယာက္ ေလွ်ာက္လွမ္းလာၿပီး အနားရွိထိုင္ခုံတစ္လုံးကိုဆြဲယူကာ ဘာမေျပာညာမေျပာဝင္ထိုင္လိုက္၏။ သူက ယဲ့ပိုင္ရီးကို အၿပဳံးမမည္ေသာအၿပဳံးတစ္ခုျဖင့္ အကဲခတ္ၾကည့္ရႈေနရင္း စကားဆိုလိုက္၏။

"အား႐ႊိရယ္....ကြၽန္ေတာ့္ကို ႏႈတ္ေတာင္မဆက္ဘဲ ဒီတစ္ေန႕လယ္ခင္းလုံး မေျပာမဆိုနဲ႕ အရိပ္အေယာင္ေပ်ာက္သြားလိုက္တာ၊ လတ္စသတ္ေတာ့ တျခားတစ္ေယာက္ရွိေနတာကိုး"

အေစာတုန္းက မိန္းမပ်ိဳေလး၏ေတာက္ပလင္းလက္ေသာအၿပဳံးမ်ားေၾကာင့္ က်ိဳးက်စ္ရႉး၏႐ႊင္ျမဴးတက္ႂကြေနေသာ စိတ္ခံစားခ်က္တို႔သည္ကား အစအနမက်န္ေအာင္ၿပိဳကြဲပ်က္ဆီးသြားရွာေတာ့သည္။ သူ ခ်က္ခ်င္းမတ္တပ္ထရပ္လိုက္ၿပီး 'အေဆြေတာ္တို႔ႏွစ္ဦး ကိုယ့္ဘာသာကိုယ္ဆက္လက္သုံးေဆာင္ၾကပါ' ဟုေျပာဆိုၿပီး ထထြက္သြားလွ်င္ေကာင္းမလားဟူ၍ စိတ္ထဲ၌ေတြးေတာလိုက္သည္။ သို႔ရာတြင္ ဝမ္းခယ့္ရွင္က သူ႕ဘက္ကိုလွည့္လာၿပီး ဘာရယ္ေၾကာင့္မွန္းမသိ မဆိုစေလာက္အံတႀကိတ္ႀကိတ္ျဖင့္ေမးျမန္းလာသည္။

"သူက ဘယ္သူလဲ"

"သူက...."

က်ိဳးက်စ္ရႉးက ထိုသူမွာ အမွတ္မထင္ေတြ႕ဆုံဖူးေသာ အသိမိတ္ေဆြတစ္ဦးသာျဖစ္ေၾကာင္း ရွင္းျပရန္ျပင္လိုက္ေစကာမူ ေျပာမည့္စကားလုံးမ်ားမွာ ပါးစပ္ဖ်ားသို႔ေရာက္လာခ်ိန္မွာပင္ ႐ုတ္တရက္ နားမလည္နိုင္ဘဲျဖစ္သြား၏။ စိတ္ထဲတြင္ ဘာေၾကာင့္ သူ႕ကိုရွင္းျပရမည္နည္းဟုေတြးလိုက္မိၿပီး မ်က္ႏွာအမူအရာထူးဆန္းစြာျဖင့္ စကားလုံးမ်ားမွာရပ္တန႔္သြားရွာေတာ့သည္။

ယဲ့ပိုင္ရီးကမူ တည္တည္ၿငိမ္ၿငိမ္ျဖင့္ပင္ ဝမ္းခယ့္ရွင္ကိုလွည့္ၾကည့္ကာ ေခါင္းညိတ္ျပလိုက္သည္။

"ငါ့နာမည္က ယဲ့ပိုင္ရီးပါ"

ဝမ္းခယ့္ရွင္က ဟန္ေဆာင္ပန္ေဆာင္ၿပဳံးျပကာ တစ္ဖက္သို႔လွည့္ၿပီး တစ္ခုခုေျပာရန္ျပင္လိုက္စဥ္ ယဲ့ပိုင္ရီး၏တုန္လႈပ္ေခ်ာက္ခ်ားျခင္းကင္းစြာ ေျပာလိုက္ေသာစကားသံကိုၾကားလိုက္ရသည္။

"ငါ မင္းကိုသိတယ္။ မင္းက ဟိုတစ္ေန႕က က်န္းသခင္ေလးရဲ႕အိပ္ေဆာင္ကို မီးရွို႔တဲ့သူပဲ"

ေသရည္ခြက္ကိုကိုင္ထားေသာ က်ိဳးက်စ္ရႉး၏လက္မွာ ေလထဲ၌ တိုးလိုးတန္းလန္းရပ္တန့္သြားၿပီး ဝမ္းခယ့္ရွင္၏မ်က္ႏွာေပၚရွိအၿပဳံးရိပ္တို႔မွာလည္း တမုဟုတ္ခ်င္းေပ်ာက္ကြယ္သြားေတာ့သည္။ သူ၏မ်က္ဝန္းတစ္စုံသည္ကား ယဲ့ပိုင္ရီးကိုစူးရဲစြာစိုက္ၾကည့္ေနလ်က္။ သက္မဲ့အရာဝတၳဳတစ္ခုကိုစူးစိုက္ၾကည့္ေနသည့္ႏွယ္၊ သူ႕ကိုယ္ေပၚတြင္ ေျပာမျပတတ္ေသာ နက္ရွိုင္းေအးစက္သည့္ လူသတ္မည့္အေငြ႕အသက္မ်ား ျဖည္းျဖည္းခ်င္းစုစည္းျဖစ္တည္လာေနသည္။

က်ိဳးက်စ္ရႉးသည္ပင္ ၾကက္သီးေမြးညင္းမ်ားထသြားရွာၿပီး မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။

ထိုအခိုက္ အခ်ိန္ကိုက္ပင္ စားစရာဟင္းလ်ာမ်ားသယ္ေဆာင္လာေသာ စားပြဲထိုးေကာင္ေလးမွာ သူ၏လူသတ္ေတာ့မည့္ဟန္ပန္အရွိန္အဝါမ်ားေၾကာင့္ အလန႔္တၾကားျဖစ္သြားရွာၿပီး လက္ထဲမွ ပန္းကန္မ်ားေအာက္သို႔လြတ္က်သြားေလေတာ့သည္။ သို႔ေသာ္ လွ်ပ္တစ္ျပက္အတြင္းမွာပင္ သူ႕မ်က္စိေရွ႕၌ အျဖဴေရာင္အရိပ္သဏၭာန္တစ္ခုကိုလွစ္ခနဲေတြ႕လိုက္ရၿပီး လြတ္က်သြားသည့္ပန္းကန္မ်ားမွာ ဘာေၾကာင့္မွန္းမသိဘဲ အႏွီအျဖဴေရာင္ဝတ္႐ုံဝတ္ဆင္ထားသည့္သခင္ေလးတစ္ဦး၏ လက္ေပၚ၌ ၿမဲၿမံစြာတင္က်န္ေနသည္ကိုေတြ႕လိုက္ရေလသည္။ ဟင္းတစ္ဖတ္၊ ဟင္းရည္တစ္စက္ေသာ္မွ်ဖိတ္စင္သြားျခင္းမရွိပါေခ်။

က်ိဳးက်စ္ရႉး၏အျမင္အာ႐ုံျဖင့္ပင္ သူ၏လႈပ္ရွားမႈမ်ားကို ရွင္းလင္းသဲကြဲစြာမေတြ႕လိုက္ရပါေခ်။

ယဲ့ပိုင္ရီးရဲ႕ အစြမ္းအစကမေသးဘူးပဲ။ တကယ္လို႔ သူသာ ဆရာေတာ္ကူရဲ႕ေနာက္မ်ိဳးဆက္ျဖစ္မယ္ဆိုရင္...ဒါျဖင့္ ဒ႑ာရီထဲက ခ်န္မင္ေတာင္က ဆရာေတာ္ကူဟာ.....

က်ိဳးက်စ္ရႉး၏ေနာက္ေက်ာျပင္၌ ေခြၽးေစးေခြၽးေပါက္တို႔ျဖင့္႐ႊဲနစ္သြားေလေတာ့သည္။ အဆိုပါအလြန္တရာလွ်ို႔ဝွက္ဆန္းၾကယ္ေသာ ဆရာေတာ္ကူႏွင့္ပတ္သက္ၿပီး ေကာင္းကင္ျပတင္းအဖြဲ႕၏ခန႔္မွန္းတြက္ဆခ်က္မ်ားမွာ တကယ္တမ္းတြင္မူ တိက်မွန္ကန္မႈမရွိေၾကာင္းသေဘာေပါက္သြားသည္။

တခဏအတြင္း ဝမ္းခယ့္ရွင္၏မ်က္ဆန္မ်ားမွာက်ဳံ႕ဝင္သြားၿပီး မ်က္ႏွာအမူအရာမွာေၾကာက္လန႔္တုန္လႈပ္ျခင္းအလ်ဥ္းမရွိေသာ္ျငား သူ၏အမ်က္ေဒါသတို႔ကိုျပန္လည္႐ုတ္သိမ္းလိုက္ကာ အဆိုပါအျဖဴေရာင္ဝတ္စုံႏွင့္လူငယ္အမ်ိဳးသားကို အကဲခတ္လိုက္၏။

သူ႕ရဲ႕အသက္က ၂၅၊ ၂၆ ေလာက္ရွိမလား။ မဟုတ္ဘူး၊ သူ႕ရဲ႕အသားအရည္က ႏုနယ္ပ်ိဳမ်စ္ေနေပမဲ့ တကယ္ေတာ့ အသက္အ႐ြယ္က အဲ့ေလာက္မကနိုင္ဘူး၊ ဒါျဖင့္ ၃၀ ေက်ာ္ေလာက္လား။ အဲ့လိုလဲမတူဘူး....

ဤလူသည္ကား တကယ့္ကို သူ၏အမည္နာမအတိုင္းပင္ျဖစ္သည္။ ဟာလာဟင္းလင္းဗလာနတၳိျဖစ္ေနလ်က္။ သူသည္ ထိုေနရာ၌ထိုင္ေနခိုက္ စကားေျပာမေနသည့္အခ်ိန္မ်ိဳးတြင္ လူအ႐ုပ္ႀကီးတစ္ခုႏွင့္တူလွသည္။ သူ၏စိတ္ခံစားခ်က္အနိမ့္အျမင့္အတက္အက်ကိဳ အျခားလူမ်ားခံစားလို႔မရနိုင္ပါေခ်။ မိမိ၏စိတ္ခံစားခ်က္မ်ားသည္ကား သူ႕အေပၚတြင္သက္ေရာက္မႈမရွိနိုင္သည့္အလား။ အနားတြင္ေဘးခ်င္းကပ္လ်က္ထိုင္ေနသည့္တိုင္ မတူညီေသာကမၻာေလာကႀကီးႏွစ္ခုအတြင္း ရွင္သန္ေနသူမ်ားကဲ့သို႔ပင္။

ယဲ့ပိုင္ရီးမွာမူ သူ၏စကားတစ္ခြန္းကို စိုးစဥ္းမွ်သတိမမူမိသလို အျခားလူႏွစ္ဦး၏စူးရွျပင္းထန္ေသာတုံ႕ျပန္မႈတို႔ကိုလည္း အနည္းငယ္မွ်ပင္အေရးမစိုက္ဘဲ စားပြဲေပၚရွိစားေသာက္ဖြယ္ရာမ်ားကိုသာ ေခါင္းမေဖာ္စတမ္းအားရပါးရအျပတ္ေလြးေနေတာ့သည္။ တစ္ခ်ပ္ၿပီးတစ္ခ်ပ္ထပ္ဆင့္လာေသာ ေျပာင္သလင္းခါသြားသည့္ပန္းကန္မ်ားႏွင့္အတူ က်ိဳးက်စ္ရႉးႏွင့္ဝမ္းခယ့္ရွင္တို႔ႏွစ္ဦးသား၏ မ်က္ႏွာအမူအရာတို႔မွာလည္း တစတစမဲ့႐ြဲ႕ရႈံ႕တြလာေတာ့သည္။

ဒီဆရာေတာ္ကူရဲ႕ေနာက္မ်ိဳးဆက္ဆိုတဲ့ေကာင္က တကယ့္ကို တစ္ေလာကလုံးမွာ ၿပိဳင္ဘက္ကင္းတဲ့ ထမင္းအိုးႀကီးပဲ

၎မွာ လွ်ပ္စီးလက္သလိုအျမန္ႏႈန္းျဖင့္ ပါးစပ္ထဲသို႔အစားအေသာက္မ်ားကို သြတ္သြင္းစားေသာက္ေနေတာ့သည္။ ၾကမ္းတမ္းရိုင္းပ်သည့္ပုံစံေပါက္မေနသည့္တိုင္ ေလဆင္ႏွာေမာင္းဝင္ေမႊသြားသည့္အေနအထားမွာ လုံးဝကို ရွစ္ဘဝဆက္တိုက္အစာေရစာငတ္ျပတ္လာခဲ့ရသည့္ပုံစံမ်ိဳးေပါက္ေနကာ အလြန္တရာလ်င္ျမန္လြန္းလွသည္။ တူတစ္စုံမွာ က်ိဳင္းေကာင္တစ္ေကာင္ပမာ ပ်ံဝဲေနလ်က္ရွိၿပီး ရန္သူမ်ားအတြက္ ဟင္းတစ္ဖတ္တေလမွ်ေတာင္ ခ်န္ရစ္ထားျခင္းမရွိပါေခ်။ အစကတည္းက ဗိုက္ဆာမေနေသာ က်ိဳးက်စ္ရႉးႏွင့္ အသိသာႀကီးကို စားခ်င္ေသာက္ခ်င္စိတ္ရွိမေနသည့္ ဝမ္းခယ့္ရွင္တို႔ႏွစ္ဦးသည္ကား သူ၏စိတ္အားထက္သန္စြာစားေသာက္ေနသည့္ပုံစံကိုၾကည့္ကာ မေနနိုင္မထိုင္နိုင္ျဖစ္သြားလ်က္ တူမ်ားကိုေကာက္ကိုင္လိုက္ၾကၿပီး ဤစားေသာက္ဆိုင္ရွိဟင္းလ်ာမ်ားမွာ မည္ေ႐ြ႕မည္မွ် တမူထူးျခားၿပီး အနံ႕အရသာထူးကဲေကာင္းမြန္ေနသလဲဆိုသည္ကို ျမည္းစမ္းခ်င္စိတ္မ်ားတဖြားဖြားျဖစ္ေပၚလာၾကေလေတာ့သည္။

စားပြဲေပၚရွိပန္းကန္ခြက္ေယာက္မ်ားအားလုံး ဖရိုဖရဲျဖစ္ကာ မ်က္စိျဖင့္ျမင္ရက္စရာမရွိေအာင္ဆိုးဝါးလွေသာ စစ္တလင္းပမာ ပန္းကန္မ်ားအားလုံးေျပာင္သလင္းခါသြားသည့္အခါမွသာလွ်င္ ယဲ့ပိုင္ရီးက လက္ထဲမွတူကိုခ်ကာ စိတ္ေက်နပ္မႈအျပည့္အဝရသြားဟန္ျဖင့္ ပါးစပ္ကိုသုတ္လိုက္သည္။ ထို႔ေနာက္ ႏႈတ္ခမ္းေထာင့္စြန္းထက္ဝယ္ အၿပဳံးတစ္ခုဟု ယူဆ၍ရနိုင္ေသာ ခပ္ေရးေရးစက္ဝန္းေကြးေလးတစ္ခုျဖစ္တည္သြားၿပီးေသာ္ က်ိဳးက်စ္ရႉးကိုေျပာလိုက္ေလသည္။

"အခုလို ေကြၽးေမြးဧည့္ခံေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္​"

စကားဆုံးသည္ႏွင့္တစ္ၿပိဳင္နက္ မ်က္ႏွာအမူအရာကင္းမဲ့စြာပင္ စားပြဲဝိုင္းမွ သည္အတိုင္းထ၍ထြက္ခြာသြားေလေတာ့သည္။

က်ိဳးက်စ္ရႉး ႐ုတ္တရက္ စိတ္ထဲ၌ေတြးလိုက္သည္။ ဤကဲ့သို႔အစားသရဲမ်ိဳးကိုျပဳစုပ်ိဳးေထာင္ေပးခဲ့သည့္ ဆရာေတာ္ကူဆိုသူသည္ကား တကယ့္ကို အံ့မခန္းလူေတာ္တစ္ေယာက္ပင္ျဖစ္ရမည္ဟူ၍။

ထိုစဥ္ ဝမ္းခယ့္ရွင္ထံမွ ႐ုတ္တရက္စကားသံထြက္လာသည္။

"သူ ခုနက ေျပာတာေတြက...တကယ္ေတာ့ ကြၽန္ေတာ္က ....."

သူ႕စကားသံမွာ ႐ုတ္တရက္ရပ္တန့္သြား၏။ အနည္းငယ္ဇေဝဇဝါျဖစ္သြားသည့္အလား။ မိမိမွာ ဘာေၾကာင့္မ်ား ဤကိစၥကို႐ုတ္တရက္ေျပာမိသြားမွန္းမသိေတာ့သလို ရင္ဘတ္တစ္ခုလုံးအနည္းငယ္​မြန္းက်ပ္လာေတာ့သည္။ အလ်င္အျမန္မ်က္လုံးပင့္ကာ က်ိဳးက်စ္ရႉးကိုဖ်တ္ခနဲလွမ္းၾကည့္ၿပီးေနာက္ မ်က္လႊာျပန္ခ်လိဳက္ၿပီး ကိုယ့္ကိုယ္ကိုယ္ေလွာင္ရယ္သည့္အေနျဖင့္ ၿပဳံးရယ္လိုက္ရင္း ေခါင္းတယမ္းယမ္းျဖင့္ သူ၏နဂိုမူလပုံစံအတိုင္းျပန္လည္ထိန္းသိမ္းကာ ဆိုလိုက္သည္။

"ဒါလား ဆရာေတာ္ကူရဲ႕ ေနာက္မ်ိဳးဆက္ဆိုတာ၊ ကြၽန္ေတာ္ၾကည့္ရတာေတာ့ က်ိဳင္းေကာင္ကို အေရခြံအျဖဴေရာင္ပတ္ေပးထားသလိုပါပဲလား"

က်ိဳးက်စ္ရႉးက ေသရည္အိုးကိုျမႇောက္လိုက္ကာ အိုးဖင္တြင္ကပ္က်န္ေနေသာ လက္က်န္ေသရည္တစ္စက္ကို အၿပီးသတ္ေမာ့ခ်လိဳက္သည္။ မီးေလာင္သည့္ကိစၥႏွင့္ပတ္သက္၍ တစ္ခြန္းတေလမွ်ပင္ စကားမဟပါေခ်။

ဝမ္းခယ့္ရွင္သည္ကား က်န္းခ်န္လင္ကို အမွန္စင္စစ္ သတ္ျဖတ္လိုစိတ္ရွိပါမူ ပု႐ြတ္ဆိတ္ေလးတစ္ေကာင္ကိုဖိသတ္သကဲ့သို႔ႏွယ္ လြယ္ကူလြန္းမွန္း က်ိဳးက်စ္ရႉး ေသခ်ာသိရွိၿပီးျဖစ္သည္။ ထိုကဲ့သို႔ လူတစ္ေယာက္မွ်ရွိမေနသည့္အခ်ိန္အခါကို တကူးတကေ႐ြးခ်ယ္၍ ႐ုတ္႐ုတ္သဲသဲမီးေလာင္မႈမ်ိဳးျဖစ္ေအာင္ ဖန္တီးရန္လုံးဝမလိုအပ္ေပ။ သူ႕ထံတြင္ မေကာင္းေသာအႀကံအစည္ရွိသည္ဆိုျခင္းထက္ တစ္ခုခုကိုသိထားေသာေၾကာင့္ ႀကိဳတင္သတိေပးလိုသည့္သေဘာပင္ျဖစ္ေပလိမ့္မည္။

ျပႆနာမွာ ယဲ့ပိုင္ရီးက ထိုအေၾကာင္းကို မည္ကဲ့သို႔သိရွိေနပါသနည္း။

သို႔ရာတြင္ က်ိဳးက်စ္ရႉး အျခားကိစၥတစ္ခုကို ႐ုတ္တရက္သတိရသြား၏။ သူ႕ရင္ဘတ္အတြင္းသို႔ ဟိုႏွိုက္သည္ႏွိုက္ စမ္းသပ္ရွာေဖြလိုက္ၿပီးေသာ္ အလြန္တရာအံ့ဩထိတ္လန႔္ျဖစ္သြားဟန္ျဖင့္ ေခါင္းေမာ့ကာေမးျမန္းလိုက္၏။

"ဟိုေလ...မင္းမွာ ေငြစအလုံအေလာက္ေတာ့ ပါလာတယ္မဟုတ္လား"

သူႏွင့္ဝမ္းခယ့္ရွင္တို႔ႏွစ္ေယာက္သည္ကား တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္ၾကေလေတာ့သည္။

Faraway Wanderers အတြဲ (၁) ဤတြင္ၿပီးပါၿပီ။

Continue Reading

You'll Also Like

1.1M 189K 139
မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ...
60.1K 4.2K 50
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
185K 20.3K 100
ဘာသာပြန်သူ - စွဲညို့အသင်း