လေလွင့်ခရီးသည်

By Ling____

1.4M 209K 16.9K

More

အခန်း ၁ (ကောင်းကင်ပြတင်း)
အခန်း ၂ (တွေ့ဆုံခြင်း)
အခန်း ၃ (စွန့်ပစ်ထားသောဘုရားကျောင်း)
အခန်း ၄ (သစ္စာရှင်)
အခန်း ၅ (တစ္ဆေမိစ္ဆာ)
အခန်း ၆ (ကိုလူချော)
အခန်း ၇ (ခရီးဆက်ခြင်း)
အခန်း ၈ (လရိပ်)
အခန်း ၉ (သစ်တောအလယ်)
အခန်း ၁၀ (မရဏတိုင်းပြည်)
အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)
အခန်း ၁၂ (ပုံရိပ်ယောင်)
အခန်း ၁၃ (သရုပ်မှန်)
အခန်း ၁၄ (ထောင်ချောက်အတွင်းမှ လွတ်မြောက်ခြင်း)
အခန်း ၁၅ (စားသောက်ဆိုင်)
အခန်း ၁၆ (မြေခွေးဝိညာဥ်)
အခန်း ၁၇ (ကျောက်သလင်းပြာ)
အခန်း ၁၈ (တုံ့ထင်)
အခန်း ၁၉ (သန်းခေါင်ယံ လောင်မီး)
အခန်း ၂ဝ (ဝတ်ရုံနီ)
အခန်း ၂၁ (အဆိပ်ကင်းမြီးကောက်)
အခန်း ၂၂ (နတ်ဆေးဆရာ)
အခန်း ၂၃ (ပုံပြင်)
အခန်း ၂၅ (ဝတ်ရုံဖြူ)
အတွဲ(၂) အခန်း ၂၆ (အရှင်ခုနစ်)
အခန်း ၂၇ (အစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး)
အခန်း ၂၈ (ဆရာတော်ကူ)
အခန်း ၂၉ (နှောင်းနောင်တ)
အခန်း ၃၀ (မိုးည)
အခန်း ၃၁ (အခွံထဲမှဖောက်ထွက်ခြင်း)
အခန်း ၃၂ (ရုံရွှမ့်)
အခန်း ၃၃ (မိစ္ဆာအရှင်သခင်)
အခန်း ၃၄ (မိစ္ဆာမယ်)
အခန်း ၃၅ (အစိမ်းရောင်မိစ္ဆာ)
အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)
အခန်း ၃၇ (ဟာသပြဇာတ်)
အခန်း ၃၈ (ဘေးကျပ်နံကျပ်)
အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)
အခန်း ၄၀ (အရှင်ခုနစ်)
အခန်း ၄၁ (မျှော်လင့်ချက်ပျက်သုဥ်းခြင်း)
အခန်း ၄၂ (ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း)
အခန်း ၄၃ (ကယ်တင်ခြင်း)
အခန်း ၄၄ (ရှူကျုံး)
အခန်း ၄၅ (မျှော်လင့်ချက်)
အခန်း ၄၆ (ကံဆိုးမိုးမှောင်ကျခြင်း)
အခန်း ၄၇ (ရုပ်သေးရုပ်)
အခန်း ၄၈ (အန္တရာယ်စက်ကွင်း)
အခန်း ၄၉ (လုံချွဲ့)
အခန်း ၅၀ (သော့)
အခန်း ၅၁ (အတိတ်ဖြစ်ရပ်)
အခန်း ၅၂ (တောင်ကြားအိမ်တော်)
အခန်း ၅၃ (နှစ်သစ်ကူးပွဲတော်ကျင်းပခြင်း)
အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)
အခန်း ၅၅ (နံရံအောက်ခြေ)
အခန်း ၅၆ (ကျီးနက်များ)
အခန်း ၅၇ (လောင်းကစားသမား)
အခန်း ၅၈ (ရင်တုန်ပန်းတုန်အတွေ့အကြုံ)
အခန်း ၅၉ (ပြန်လည်တွေ့ဆုံခြင်း)
အခန်း ၆၀ (အကြင်လင်မယား)
အခန်း ၆၁ (အစီအမံ)
အခန်း ၆၂ (မျှခြေ)
အခန်း ၆၃ (အကြိုည)
အခန်း ၆၄ (အသက်ကိုလောင်းကြေးထပ်ခြင်း)
အခန်း ၆၅ (အထိတ်တလန့်ဖြစ်ခြင်း)
အခန်း ၆၆ (ညအချိန် ချောင်းမြောင်းတိုက်ခိုက်ခြင်း)
အခန်း ၆၇ (လမ်းခွဲ)
အခန်း ၆၈ (စွန့်လွှတ်ခြင်း)
အခန်း ၆၉ (ပြန်လာခြင်း)
အခန်း ၇၀ (အကြိုနေ့)
အခန်း ၇၁ (အချင်းချင်းခွက်စောင်းခုတ်ကြခြင်း)
အခန်း ၇၂ (သရုပ်မှန်ပေါ်ပေါက်ခြင်း)
အခန်း ၇၃ (စည်းမျဉ်းစည်းကမ်းများ)
အခန်း ၇၄ (စစ်ပွဲကြီး)
အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)
အခန်း ၇၆ (ဇာတ်သိမ်းပိုင်း-၂)
အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)
အချပ်ပို (၁)
အချပ်ပို (၂)
အချပ်ပို (၃)
အချပ်ပို (၄)
Audio Drama
Announcement

အခန်း ၂၄ (တစ္ဆေမျက်နှာ)

17.3K 2.7K 175
By Ling____

Unicode

ခန်း ၂၄
တစ္ဆေမျက်နှာ

ကျိုးကျစ်ရှူးသည်ကား ထိုကိစ္စနှင့်ပတ်သက်ပြီး စိုးစဉ်းမျှပင်စိတ်ဝင်စားမှုမရှိပါချေ။ ခွေးခေါင်းမကလို့ ဝက်ခေါင်းဖြစ်သည်အထိပင် ရိုက်နှက်သတ်ပုတ်ကြပါစေ၊ သူနှင့်မဆိုင်ရေးချမဆိုင်ပါလေ။ ယခုအချိန်တွင် သူ လုပ်ချင်သည့်တစ်ခုတည်းသောအရာမှာ စားသောက်ဆိုင်တစ်ဆိုင်ထံသို့ အမြန်သွားကာ ဗလာကျင်းနေပြီဖြစ်သော သူ၏သေရည်အိုးအလွတ်ကို အပြည့်အလျှံဖြည့်တင်းလိုခြင်းသာဖြစ်သည်။ ထို့နောက်တွင်မူ အသိုက်တစ်ခုရှာကာ မိုးစုံးစုံးချုပ်သည်အထိ တရေးတမောအိပ်စက်အနားယူလိုက်ပြီး သူ့ဦးနှောက်တစ်ခုလုံးထဲတွင်ပြည့်နှက်နေသော 'လူနီလေးက ဧရာမတောင်ကြီးကိုမည်သို့မည်ပုံခွဲခြမ်းပြီး မြွေဖြူမလေးကိုကယ်ထုတ်သွားသည့်ပုံပြင်' ကို ခေါင်းထဲမှပြောင်သလင်းခါသွားအောင်ခါထုတ်လိုသောကြောင့်ဖြစ်သည်။

ထို့ကြောင့် လိမ္မာပါးနပ်စွာပင် ချောင်ဝေ့နင်၏လက်ထဲမှ အသာအယာရုန်းထွက်ဖယ်ခွာရင်း ရှင်းပြလိုက်သည်။

"ကျွန်တော်တို့ ဒီကလေးကို ကျောက်သူရဲကောင်းဆီ အရင်ပြန်ပို့ပေးရဦးမယ်လေ"

ချောင်ဝေ့နင်မှာ သူ့ဦးခေါင်းကိုလက်​ဖြင့်တဖျတ်ဖျတ်ပြန်ရိုက်ရင်းဆို၏။

"ဟုတ်သားပဲ...ဟုတ်သားပဲ။ ကျွန်တော် ဒီကိစ္စကိုမေ့သွားတယ်"

ချောင်ဝေ့နင်က ကျန်းချန်လင်ဘက်သို့လှည့်ကြည့်လိုက်သည်။ စိတ်ခံစားချက်များကို အတော်အတန်မဖုံးကွယ်မသိုဝှက်တတ်သောမျက်နှာလေးပေါ်တွင် အနည်းငယ်ထူးဆန်းစွာပင် သနားကရုဏာသက်ဖွယ်ကောင်းလှသော အမူအရာတို့ထင်ဟပ်ထွက်ပေါ်လာ၏။ သူ သက်ပြင်းတစ်ချက်ချကာ ကျန်းချန်လင်၏ပုခုံးကို အသာအယာပုတ်ရင်းပြောလိုက်သည်။

"မင်းလဲ အသက်ငယ်ငယ်လေးနဲ့ ဒီလောက်များပြားတဲ့ဒုက္ခတွေကိုခံစားခဲ့ရတာပဲ။ နောက်တစ်ခါဆို ကိုယ့်ကိုယ်ကိုယ် ဒီထက်ပိုပြီးသေသေချာချာဂရုစိုက်နော်"

ကျန်းချန်လင်ကမူ ချောင်ဝေ့နင်နှင့်ခင်မင်ရင်းနှီးခြင်းမရှိသည့်အတွက် သူ့စကားကိုလျစ်လျူရှုကာ အင်းမလုပ်၊ အဲမလုပ်ပါချေ။ ဝမ်းခယ့်ရှင်သည်သာလျှင် တုံ့ပြန်မှုပြုလိုက်ပြီး ကြားဖြတ်မေးမြန်းလိုက်သည်။

"ဘယ်လိုဖြစ်လို့လဲ။ သူတို့တွေ အခုထိကျောက်သလင်းပြာကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတုန်းပဲလား။ ဧကန္တ သူတို့က ကျန်းမိသားစုကိုများ သံသယဝင်နေတာလား"

သူ ကျန်းချန်လင်ကို တစ်ချက်မျှလှမ်းကြည့်ပြီးနောက် စကားကိုရပ်တန့်လိုက်လေသည်။

ချောင်ဝေ့နင်က သူတို့သုံးဦးစလုံးအား အပြင်လူများသဖွယ်သဘောမထားသည့်အလျောက် ဖြစ်ကြောင်းကုန်စင်ကို အိတ်သွန်ဖာမှောက်ရှင်းပြလေတော့သည်။

"ဒီလိုအချိန်မျိုးမှာ အစ်ကိုတို့က လျှောက်သွားနေနိုင်သေးတယ်။ မနေ့ကလေးတင် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်သွားတယ်လေ။ ဖုန်းရှောင်ဖုန်းက 'ကျောက်သလင်းပြာ' ဆိုတဲ့စကားလုံးသုံးလုံးကိုပြောလိုက်တာနဲ့ အကုန်လုံးအုတ်အော်သောင်းနင်း ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြတာပဲ။ ကောင်းသူရဲကောင်းနဲ့ ဆရာတော်ချီမုတို့လို လူတော်နှစ်ယောက်က လူအုပ်ကြီးကိုမနည်းထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းကိုင်တွယ်လိုက်ရတယ်။ ဒီကြားထဲ ပြဿနာကိုမကြီးကြီးအောင် မီးမွှေးချင်သူတွေတစ်ပုံကြီးရှိသေးတယ်။ ဟွရှန်းဂိုဏ်းက ယွီ​ချိုးဖုန်းက ပထမဆုံးမတ်တပ်ထရပ်လာပြီး ကျောက်သူရဲကောင်း ကျောက်ကျင့်ကိုမေးတယ်။ ကျန်းမိသားစုရဲ့သားဖြစ်သူ ကျန်းချန်လင်ကို တမင်သက်သက်သေတွင်းထဲပို့ပြီး သူတို့မိသားစုဆီက ကျောက်သလင်းပြာတစ်ပိုင်းကို သိမ်းယူထားတာလားလို့မေးလိုက်တော့ အကုန်လုံး ဆူညံပွက်လောရိုက်ကုန်ပါလေရောလား"

ချောင်ဝေ့နင်က ခေတ္တခဏမျှတွေးတောပြီးနောက် စာအုပ်ထဲမှ စကားလုံးများကိုအလွတ်ရွတ်ဖတ်အာဂုံဆောင်ပြနေသည့်အလား ခပ်တည်တည်ဖြင့်ပြန်ပြောင်းပြောပြနေသည်။

"ယွီချိုးဖုန်းဆိုတဲ့ကောင်ကလဲ နှာရည်တရှုံ့ရှုံ့ မျက်ရည်လေးတစမ်းစမ်းနဲ့။ မသိရင် တုံ့ထင်ကိုလာတာ အသုဘအိမ်ရောက်နေသလားမှတ်ရတယ်။ အော်မေ့ဂိုဏ်း၊ ခွန်းတုန်းဂိုဏ်းနဲ့ ချန်းရှန်းဂိုဏ်းတွေက အရင်ကတည်းက သူတို့ဟွရှန်းဂိုဏ်းနဲ့ ပလဲနံပသင့်နေတဲ့ မိတ်ရင်းဆွေရင်းတွေဆိုတော့ ဒီတစ်ကြိမ်မှာ ယွီချိုးဖုန်းဘက်ကနေပဲရပ်တည်ကြတာပေါ့။ ကျောက်အိမ်တော်အပြင်ဘက်မှာဖြစ်ခဲ့တဲ့ လူသေမှုကိစ္စတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လာကြတယ်။ ဖုန်းရှောင်ဖုန်းတို့လိုလူတွေကလဲ မီးလောင်ရာလေပင့်လုပ်ကြတယ်လေ။ နောက်ဆုံးတော့ သူတစ်လှည့်ကိုယ်တစ်လှည့်ရိုက်ကြနှက်ကြတဲ့ လူရိုက်ပွဲကြီးဖြစ်သွားတော့တာပဲ။ တချို့ကလဲ သရဲတောင်ကြားကကောင်တွေ ကျန်းဟူမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကောင်းသူရဲကောင်းကိုမေးမြန်းကြတယ်။ ကျောက်သလင်းပြာဆိုတာ ဘယ်လိုပစ္စည်းလဲဆိုတဲ့အကြောင်း သူတို့ကိုအသေးစိတ်ရှင်းပြခိုင်းကြတယ်"

ကျိုးကျစ်ရှူးနှင့်ဝမ်းခယ့်ရှင်တို့နှစ်​ယောက်သား ချောင်ဝေ့နင်ကို စိတ်ဝင်တစားကြည့်နေလိုက်ကြသည်။ အူတိအူ​ကြောင်နိုင်လှသော အနှီငတုံးလေးသည်ကား တစ်ရက်လောက်မတွေ့လိုက်ရုံဖြင့် မည်သို့မည်ပုံ နှုတ်သွက်လျှာသွက်ဖြစ်သွားရသနည်းဟု စိတ်ထဲ၌တွေးတောနေကြလေသည်။

ချောင်ဝေ့နင်က ချောင်းဟန့်လိုက်ရင်း ဆို၏။

"ကျွန်တော့်ရဲ့ဆရာတူဦးလေးကတော့ အဲဒီလိုတွေပြောတာပဲ။ တကယ်တမ်း မနေ့ကအုတ်အော်သောင်းနင်းဖြစ်သွားတဲ့ ပြဿနာအသေးစိတ်ကိုတော့ ကျွန်တော်လဲ သေချာနားမလည်ပါဘူး"

ဒါကြောင့် စာသားတွေကိုနှုတ်တိုက်အာဂုံဆောင်ပြီးရွတ်ပြနေသလိုဖြစ်နေတာကိုး။

ကျိုးကျစ်ရှူးက ကျန်းချန်လင်ထံသို့ ရုတ်တရက်လှည့်မေးလာသည်။

"ကောင်လေး၊ မင်းရော တစ်ခုခုသိထားတာများမရှိဘူးလား။ မဟုတ်ရင် အရင်ဦးဆုံး မင်းတည်းခိုနေတဲ့အဆောင်မီးရှို့ခံရမှာမဟုတ်ဘူး။ ပြီးတော့ တစ်ယောက်ယောက်က အဆိပ်ကင်းမြီးကောက်အဖွဲ့ကိုလာဘ်ထိုးငှားရမ်းပြီး မင်းကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားမှာမဟုတ်ဘူး"

ကျန်းချန်လင်မှာ တုံဏှိဘာဝေပုံစံဖြင့်သာ သူ့ကိုအူတီးအူကြောင်ငေးကြည့်နေလျက် ခေါင်းကိုခါယမ်းပြလိုက်သည်။

ကျိုးကျစ်ရှူးတစ်ယောက် မျက်ဖြူသာလှန်ပြလိုက်ပြီး တကယ့်ကိုပင် ထိုကဲ့သို့တုံးတုံးအအပုံစံကိုဆက်မကြည့်နိုင်တော့လေရာ သူ့ကိုအရေးမလုပ်တော့ဘဲ ချောင်ဝေ့နင်ထံသို့လှည့်ကာပြောလိုက်သည်။

"နောင်တော်ချောင်ကိုပဲ ဒုက္ခပေးရဦးမယ်၊ ကျေးဇူးပြုပြီး သူ့ကို ကျောက်သူရဲကောင်းရှိတဲ့နေရာဆီ ခေါ်သွားပေးလို့ရမလား"

စကားဆုံးသော် ချာခနဲလှည့်ထွက်သွားလေတော့သည်။ ၎င်းမှာ သိုင်းလောကတစ်ခွင်လုံးရှိသူရဲကောင်းများ၏ အရှုပ်အထွေးပြဿနာများကို လုံးလုံးလျားလျားစိတ်ဝင်စားမှုမရှိသည်မှာ သိသာထင်ရှားလှပေသည်။

ကျန်းချန်လင်မှာ နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ကျိုးကျစ်ရှူး၏နောက်ကျောပြင်ကိုသာ တိတ်တိတ်လေးငေးစိုက်ကြည့်နေရှာသည်။

ရုတ်တရက် လက်တစ်ဖက်က သူ့ဦးခေါင်းကိုအသာအယာပုတ်လာသည်ကို ခံစားလိုက်ရသည်။ လက်ပိုင်ရှင်အား မော့ကြည့်လိုက်သော် သူ့ကိုပြုံးပြနေသော ဝမ်းခယ့်ရှင်ကိုတွေ့လိုက်ရသည်။ သူက ဗလုံးဗထွေးရေရွတ်လိုက်၏။

"လူကြီးမင်း"

ဝမ်းခယ့်ရှင်ကဆိုသည်။

"မင်းရဲ့ဆရာက တခြားသူတွေကိုဆိုရင် ကောင်းကောင်းမွန်မွန် ယဥ်ယဥ်ကျေးကျေးဆက်ဆံပြောဆိုသလောက် မင်းအပေါ်မှာကျတော့ ဘာလို့ ဒီလိုမျိုးစိတ်မရှည်တဲ့ပုံပေါက်နေတာလဲဆိုတာ သိလား"

ကျန်းချန်လင်က ခေါင်းငိုက်စိုက်ချလျက် မကြားတကြားရေရွတ်လိုက်သည်။

"ကျွန်တော်က သိပ်ကိုတုံးအလွန်းလို့ဖြစ်မှာပါ...."

ဝမ်းခယ့်ရှင်က ခပ်ဟဟရယ်မောလိုက်သည်။

"မင်းကတုံးတော့တုံးပေမဲ့ 'အရမ်းကြီး' တုံးအနေတာမျိုးတော့မဟုတ်ပါဘူး။ သူက မင်းအပေါ်မှာ စာတစ်တန်ပေတစ်တန်နဲ့ ရည်ရည်မွန်မွန် ဟန်ဆောင်ပန်ဆောင်ပေါက်ကရစကားတွေလျှောက်ပြောမနေဘူးလေ။ အဲဒါ သူကလဲ မင်းနဲ့ရင်းနှီးချင်လို့ဆိုတာအသိသာကြီးပဲ။ သူ့ပါးစပ်ကထုတ်ပြောလို့မကောင်းလို့သာ။ ငါကြည့်ရသလောက်တော့ သူကရှက်နေတာပဲ"

ကျန်းချန်လင်တစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားရှာ၏။

"တကယ်လားဟင်"

ဝမ်းခယ့်ရှင်၏မျက်ဝန်းများမှာ ပြုံးယောင်သန်းလျက် ကျိုးကျစ်ရှူး၏နောက်ကျောပြင်ကိုလှမ်းမျှော်ကြည့်နေရင်း အမှုမဲ့အမှတ်မဲ့ပြောလိုက်သည်။

"သူ့ကိုမွေးခဲ့တဲ့လူက သူ့မိဘတွေ။ သူ့အကြောင်းကိုအသိဆုံးလူကတော့ သူကိုယ်တိုင်ပဲ။ ကမ္ဘာပေါ်မှာ သူ့ရဲ့ဖူးစာရှင်ဖြစ်နိုင်တဲ့လူကတော့ ငါတစ်ယောက်တည်းပဲလေ။ ဒါကြောင့် မင်းကို လုံးဝမညာပါဘူးကွ"

ထိုလူ၏ခန္ဓာကိုယ်ပေါ်မှ အတွင်းဒဏ်ရာများ၊ ထိုလူ၏ရုပ်ပြောင်းရုပ်လွှဲပညာ၊ ထိုလူ၏ပုံမှန်အချိန်များတွင် ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း၊ အမှတ်တမဲ့သော်လည်းကောင်း ကိုယ်ရောင်ကိုယ်ဝါဖျောက်ထားတတ်သောအလေ့အကျင့်များ၊ ထိုလူ၏သိုင်းပညာ၊ ကျန်းဟူတစ်လွှားရှိ ရှေးဟောင်းနှောင်းဖြစ်ကိစ္စအသွယ်သွယ်တို့အား ခရေစေ့တွင်းကျသိနေသည့်ပုံစံတို့ကိုကြည့်ခြင်းအားဖြင့် 'ကောင်းကင်ပြတင်း' အဖွဲ့အစည်းမှလွဲ၍ ဒုတိယမြောက်ဖြေရှင်းချက်ကို သူစဉ်းစားလို့မထွက်ပါချေ။

ဒါပေမဲ့ သူက တကယ်ပဲ 'ကောင်းကင်ပြတင်း' ကဆိုရင် နာမည်ကြီး 'ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ ' အပြစ်ဒဏ်ကနေ ဘယ်လိုလုပ်ပြီး ထွက်ပြေးလွတ်မြောက်လာနိုင်တာလဲ

ရက်အနည်းငယ်ခန့်ကြာသည်အထိ ဝမ်းခယ့်ရှင်တစ်​ယောက် အဆိုပါမေးခွန်းကိုကြိမ်ဖန်များစွာစဥ်းစားသုံးသပ်ပြီးနောက် ရုတ်ချည်းပင် သဘောတရားတစ်ခုကိုနားလည်သွားသည်။ အရေးကြီးဆုံးအချက်သည်ကား ၎င်းမှာ 'ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ' မှမည်သို့မည်ပုံထွက်ပြေးလာနိုင်ခြင်းမဟုတ်ဘဲ မည်သို့မည်ပုံလွတ်မြောက်အောင်ထွက်ပြေးရမလဲဆိုသည်ကို သိရှိထားသောအချက်ပင်တည်း။

သူတွေးလိုက်သည်။

ငါတော့ တကယ့်အကောင်ကြီးကြီးနောက်ကိုမှ လိုက်မိပြီလားမသိဘူး...

ကျန်းချန်လင်ခမျာ ဝမ်းခယ့်ရှင်ပြောလိုက်သောစကားများ၏ နက်ရှိုင်းသောအနက်အဓိပ္ပာယ်ကို လုံးစေ့ပတ်စေ့နားမလည်ခင်မှာပင် တစ်ဖက်တွင်ရှိနေသော ချောင်ဝေ့နင်က နားမလည်ပါးမလည်ဖြင့်သက်ပြင်းတစ်ချက်ချကာပြောလာသည်။

"ကျွန်တော်တစ်ချိန်လုံးထူးဆန်းသလိုခံစားနေခဲ့မိတယ်။ အစ်ကိုတော်တို့နှစ်ယောက်က ယောကျ်ားလေးအချင်းချင်းဖြစ်နေကြတော့လေ။ ဒါပေမဲ့ ဒီနေ့ကြည့်လိုက်တော့လဲ လူတစ်ယောက်ရဲ့ဘဝတစ်သက်တာမှာ စကားများများစားစားပြောစရာမလိုဘဲ ကိုယ့်ကိုအလိုလိုသိနားလည်နေတဲ့ စိတ်တူကိုယ်တူဖူးစာရှင်တစ်ယောက်သာရှိမယ်ဆိုရင် အမတနတ်ဘုရားစုံတွဲတွေထက်တောင် ပိုပြီးပျော်ရွှင်ကြည်နူးစရာကောင်းဦးမယ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ဘာအရေးလဲ"

စကားဆုံးသော် ၎င်းမှာ ခေါင်းလေးတယမ်းယမ်းအမြီးလေးတနှံ့နှံ့ဖြင့် ကျေနပ်ပီတိဖြာဝေစွာ ကဗျာလင်္ကာတစ်ပုဒ်ကိုစတင်ရွတ်ဆိုလေတော့၏။

"*ကမ္ဘာလောကကြီးထဲက ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုအရာများပါလိမ့်ကွယ်....ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတရားကို တိုက်ရိုက်သင်ကြားပြသပေးကြတယ်...**မိုင်ထောင်ချီနက်ရှိုင်းတဲ့ မက်မွန်ရေကန်နှင့်သော်မှ နှိုင်းယှဥ်မမီ.....နှိုင်း..ယှဥ်...မ..မီ...."

(T/N

*ကဗျာဆရာကြီး 'ယွမ်ဟောင့်ဝမ့်' ၏ကဗျာမှ ကောက်နုတ်ချက်ဖြစ်ပါသည်။

**ကဗျာဆရာကြီး 'လီပိုင်' ၏ကဗျာမှ ကောက်နုတ်ချက်ဖြစ်ပါသည်။)

ဘာကိုနှိုင်းယှဉ်မမီမှန်း သူပြောလို့မထွက်တော့ပါချေ။ ပြောလိုသည့်စကားလုံးက ပါးစပ်ဖျားသို့ရောက်နေသော်ငြား မည်သို့ပင်အသည်းအသန်ဖျစ်ညှစ်စဥ်းစားပါစေ မမှတ်မိတော့သည့်အဆုံး၌ အလွန်အမင်းရှိုးတိုးရှန့်တန့်ဖြစ်သွားရှာပြီးသော် နောက်ဆုံး၌မှတ်ချက်ပြုလိုက်ရှာ၏။

"ဒါက စာရေးဆရာကြီး ဆရာတုဖူရေးစပ်သီကုံးခဲ့တဲ့ကဗျာလေ။ နည်းနည်းလေးနားလည်ရခက်ခဲပေမဲ့ ဆရာကြီးရဲ့ ဂန္ထဝင်မြောက်အနုပညာလက်ရာတစ်ပုဒ်ဖြစ်ပြီး တကယ့်ကိုနက်ရှိုင်းတဲ့အနက်အဓိပ္ပာယ်ရှိတာပဲ"

ကျန်းချန်လင်နှင့်ဝမ်းခယ့်ရှင်တို့နှစ်ဦးသားမှာမူ အထူးအဆန်းဖြစ်နေသောမျက်နှာထားဖြင့် သူ့ကိုကြည့်လိုက်မိကြလေသည်။

အတန်ကြာသောအခါမှသာ ဝမ်းခယ့်ရှင်က စကားဆိုလိုက်သည်။

"ချင်းဖုန်းဂိုဏ်းက လူရည်ချွန်တပည့်တွေဟာ တကယ့်ကို စာပေအရာမှာလဲထူးချွန်သလို သိုင်းပညာအရာမှာလဲထူးချွန်ကြတဲ့သူတွေပဲ။ လေးစားပါတယ် လေးစားပါတယ်ဗျာ"

ချောင်ဝေ့နင်မှာ မျက်နှာအရေခွံပါးလျသူဖြစ်လေရာ ဤကဲ့သို့ချီးကျူးစကားသံကိုကြားလိုက်ရသောအခါ အနည်းငယ်အားတုံ့အားနာဖြစ်သွားသလို ခံစားလိုက်ရပြီး ရှက်ကိုးရှက်ကန်းဖြင့်ရယ်ကျဲကျဲလုပ်ကာ ဆိုလိုက်သည်။

"မဟုတ်တာ မဟုတ်တာပါဗျာ၊ ကျွန်တော့ဆရာပြောဖူးတယ်။ ကျွန်တော်တို့သိုင်းလောကလူတွေဟာ စာပေအရာမှာ အလွန်အင်မတန်အားနည်းကြတယ်တဲ့။ ကျွမ့်ယွမ်အဆင့်အောင်မြင်ဖို့ဆိုတာ မျှော်လင့်ချက်မရှိတဲ့ကိစ္စပဲ။ နည်းနည်းပါးပါး သေစာရှင်စာလောက် ရေးတတ်ဖတ်တတ်ရင်ပဲရပြီ။ သိုင်းပညာကိုပဲ သေသေချာချာအားထုတ်လေ့ကျင့်သင်ယူရင်ရပြီတဲ့လေ။ ကျွန်တော်ဆိုလဲ စာပေပညာနဲ့ပတ်သက်ရင် စာအုပ်တစ်အုပ်နှစ်အုပ်လောက်ပဲဖတ်ဖူးတာဆိုတော့ အပေါ်ယံနည်းနည်းပါးပါး တီးမိခေါက်မိရုံပဲရှိတာပါ"

ဝမ်းခယ့်ရှင်ကတော့ ချောင်ဝေ့နင်၏ 'အပေါ်ယံနည်းနည်းပါးပါးလောက်သာ တီးမိခေါက်မိသည်' ဆိုသည့် အရည်အချင်းသည်ပင် တကယ့်ကိုအံ့မခန်းပါလားဟု ခံစားလိုက်ရလေသည်။

ထို့နောက်တွင်မူ သူတို့နှစ်ယောက် ကျန်းချန်လင်ကိုပြန်ပို့ပေးလိုက်ကြသည်။ ကျောက်ကျင့်ခမျာ အရူးတစ်ပိုင်းဖြစ်လုနီးပါး သူ့ကိုဆွဲခေါ်ကာ ဖြစ်သမျှအကြောင်းစုံကို ဟိုမေးသည်မြန်းလုပ်လေတော့သည်။ ဝမ်းခယ့်ရှင်က သူတို့ကိုဘေးမှရပ်ကြည့်နေရင်း ကျောက်ကျင့်ဟူသည့် အနှီလူအိုကြီးသည်ကား အလွန်အင်မတန်ဉာဏ်နီဉာဏ်နက်များသူတစ်ဦးဖြစ်သော်ငြား မိတ်ဆွေ၏သားဖြစ်သူအပေါ်မှာတော့ မျက်နှာလွှဲခဲပစ်မလုပ်နိုင်ကြောင်း ခံစားလိုက်ရသည်။ သူ တိတ်တဆိတ်ပြန်လှည့်ထွက်လာရန်ပြင်လိုက်စဉ်မှာပင် အကြည့်တစ်စုံက သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသလို ခံစားလိုက်ရလေသည်။

ဝမ်းခယ့်ရှင်၏ခြေလှမ်းများမှာ တုံ့ခနဲရပ်တန့်သွားသည်။ ထိုလူနှင့်သူ အကြည့်ချင်းဆုံသွားချိန်ဝယ် ၎င်းမှာ မျက်ဝန်းထဲတွင် မီးဝင်းဝင်းတောက်နေလျက် သူ့ထံသို့မာန်ဖီခုန်အုပ်တော့မည့်ခွေးရူးတစ်ကောင်ပမာ။ ထိုသူ့ထံသို့ တရိုတသေသွားရောက်ဂါရဝပြုနှုတ်ဆက်နေရှာသော ချောင်ဝေ့နင်ကိုကြည့်ကာ ထိုသူသည်ကား နာမည်ဆိုးဖြင့်ကျော်ကြားသော ချောင်ဝေ့နင်၏ဆရာတူဦးလေးဖြစ်သူ ချင်းဖုန်းဂိုဏ်းမှ မော့ဟွိုင်ခုန်းဖြစ်နိုင်ကြောင်း ဝမ်းခယ့်ရှင်၏စိတ်ထဲတွင်မှန်းဆမိလိုက်၏။

မော့ဟွိုင်ခုန်းသည်ကား ချောင်ဝေ့နင်တတွတ်တွတ်နှင့် ပြောသမျှအလုံးစုံကိုနားထောင်နေရင်း သူညွှန်ပြလာသော ဝမ်းခယ့်ရှင်ရှိရာ​အရပ်မျက်နှာဘက်သို့လှမ်းကြည့်လိုက်သည်။ အရင်ဦးစွာ ဤလူကို အနည်းငယ်မြင်ဖူးနေသလိုခံစားမိသော်လည်း သူ၏တည်ငြိမ်နက်ရှိုင်းသောမျက်ဝန်းများကြောင့် စိတ်ထဲတွင် မဆိုစလောက်ထိတ်လန့်ချောက်ချားသွားရရှာတော့သည်။ သို့သော် မည်သို့ပင်စဉ်းစားပါစေ၊ စဉ်းစားလို့မထွက်ပေ။

အံ့အားသင့်စွာပင် ဝမ်းခယ့်ရှင်က နှုတ်ခမ်းထောင့်စွန်းများကိုကွေးညွတ်ကာ သူ့ကိုပြန်လည်ပြုံးပြလာသည်ကို အချိန်ကိုက်မြင်တွေ့လိုက်ရလေသည်။ ချောင်ဝေ့နင်က သူနှင့်အခြားအမျိုးသားတစ်ယောက်တို့ မည်သို့မည်ပုံနက်နက်ရှိုင်းရှိုင်းတွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ကြပုံကို ရေပက်မဝင်အောင် ပြောဆိုနေလေရာ ၎င်းမှာ မနေနိုင်မထိုင်နိုင်ဖြစ်သွားလျက် ဟွန့်ခနဲနှာမှုတ်လိုက်ပြီးသော် အနှီဝမ်းမျိုးရိုးနှင့်ကောင်သည်ကား ခေါင်းအစခြေအဆုံးထိ တစ်နေရာမှကောင်းကွက်မရှိသူတစ်ယောက်ပါလားဟု စိတ်ထဲ၌တွေးလိုက်မိလေသည်။

သူက ချောင်ဝေ့နင်ဘက်သို့လှည့်ကာ မာန်မဲကြိမ်းမောင်းလိုက်တော့၏။

"မင်း ပြောလို့မပြီးသေးဘူးလား"

ချောင်ဝေ့နင်ခမျာ တစ်ဝက်သို့ရောက်နေသော ပြောလက်စစကားလုံးများကိုပြန်မျိုချကာ ဆရာဖြစ်သူ၏အမိန့်အတိုင်း နှုတ်ခမ်းနှစ်လွှာကိုတင်းတင်းစေ့ပိတ်လိုက်ရရှာတော့သည်။

ထိုနေ့ညဉ့်အခါသမယတွင် ကျိုးကျစ်ရှူးတစ်ယောက် ညစာစားသောက်ပြီးချိန်၌ စားသောက်ဆိုင်ဝရန်တာလက်တန်းကိုမှီကာ အသစ်မှာယူထားသောသေရည်ယမကာများကို တစ်ကျိုက်ပြီးတစ်ကျိုက်မော့သောက်နေခိုက် ရုတ်တရက် ဆိုင်ထဲသို့လူတစ်ဦးဝင်လာကာ ဘေးစားပွဲတွင်ထိုင်နေသောလူအချို့အား ဘာပြောလိုက်သည်မသိ၊ ထိုလူများမှာ ချက်ချင်းဆိုသလိုပင် ထမင်းဖိုးရှင်းကာ ထထွက်သွားကြသည်။ ကျိုးကျစ်ရှူး မျက်ခုံးပင့်ကြည့်လိုက်သောအခါ လျှပ်တစ်ပြက်အတွင်း စားသောက်ဆိုင်အတွင်းရှိ ဧည့်သည်တော်တစ်ဝက်လောက်နီးပါး ကြက်ပျောက်ငှက်ပျောက်ပျောက်ဆုံးသွားသည်ကို တွေ့လိုက်ရသည်။ သူက အနားရှိတွေ့ရာလူငယ်တစ်ယောက်ကိုလှမ်းဆွဲကာ မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ခုနကပဲ သတင်းတစ်ခုပျံ့လာတယ်။ ကောင်းအိမ်တော်ထဲမှာ သရဲတောင်ကြားက တစ္ဆေတစ်ကောင်ကိုဖမ်းမိလို့ အများပြည်သူရှေ့မှာစီရင်ကြမလို့တဲ့"

ကျိုးကျစ်ရှူး ခပ်ရေးရေးမျက်မှောင်ကြုတ်လိုက်သည်။

ကောင်းချုံက ချင်းကျူတောင်တန်းက တစ္ဆေတစ်ကောင်ကိုဖမ်းမိတယ်ဆိုပါလား

သည်နေ့သည်အချိန်တွင် တစ္ဆေမိစ္ဆာများ ကျန်းဟူအတွင်းသို့ နောက်တစ်ကြိမ်ဝင်ရောက်လာကြခြင်းအပေါ် သူသံသယမဝင်မိတော့ပါချေ။ သူကိုယ်တိုင်သည်ပင် သရဲနှစ်ကောင်ကိုမျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ဖူးပြီဖြစ်သည်။

ဒါပေမဲ့ သရဲတောင်ကြားက ဘာသဘောနဲ့လုပ်တာလဲ။

တစ္ဆေမိစ္ဆာတွေက ကောက်ကျစ်စဉ်းလဲပြီး မကောင်းမှုဒုစရိုက်တွေကျူးလွန်ခဲ့လို့ လူ့လောကကြီးထဲမှာ ရပ်တည်နေထိုင်ဖို့မဖြစ်နိုင်တော့တဲ့အတွက် သရဲတောင်ကြားထဲမှာ သွားရောက်ခိုလှုံခဲ့ရတာမဟုတ်လား။ ဒီလိုမျိုး နောက်တစ်ကြိမ် ပေါ်ပေါ်ထင်ထင်ပြန်ထွက်ပေါ်လာရဲတယ်ဆိုတော့ သူတို့က အကြောက်အလန့်မရှိတော့ဘူးလား။

ဧကန္တ အဲဒီ 'ကျောက်သလင်းပြာ' ဆိုတဲ့ပစ္စည်းထဲမှာ ဘယ်လိုတောင်ကြီးကြီးမားမားလျှို့ဝှက်ချက်တွေရှိနေလို့ သရဲတောင်ကြားကအသိုက်တစ်ခုလုံး အပြင်ကိုထွက်လာကြတာလဲ။ ကောင်းချုံလိုလူတောင် ဘာတစ်ခွန်းမှမပြောနိုင်ဘဲ ပါးစပ်ကိုတင်းတင်းစေ့ပိတ်ထားရပြီး ဒီလိုမျိုးဘာမဟုတ်တဲ့ ကလေးကလားအကွက်တွေကိုသုံးပြီး လူတွေကိုအာရုံပြောင်းသွားအောင်လုပ်နေရတာလဲ။

ကျိုးကျစ်ရှူးသည်ကား အတွေးရေယာဉ်ကြောထဲနစ်မြောနေရင်းက လှေကားမှဆင်းလာချိန်တွင် တစ်စုံတစ်ယောက်ကိုတန်းတန်းမတ်မတ်ဝင်တိုက်မိသွားလေသည်။ သူက နှုတ်မှ တောင်းပန်စကားဆိုလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သောအခါ တုန့်ခနဲရပ်တန့်သွားရသည်။ ထိုလူသည်ကား သာမန်သေမျိုးလူသားများ၏ မီးဖြင့်ချက်ပြုတ်စီမံထားသော စားကောင်းသောက်ဖွယ်များကိုစားသုံးခြင်းမရှိသူဟူ၍ပြောဆိုခံရလေ့ရှိသော ဆရာတော်ကူ၏နောက်မျိုးဆက်တပည့်ဆိုသူပင်တည်း။

ရုတ်တရက် သူ့စိတ်ထဲတွင် အဆီအငေါ်မတည့်သောအတွေးတစ်ခုထွက်ပေါ်လာသည်။

လတ်စသတ်တော့ သူလဲ ထမင်းစားရတာပါပဲလား

ဆရာတော်ကူ၏မျိုးဆက်ဆိုသူက 'ကိစ္စမရှိပါဘူး' ဟူ၍စကားတစ်ခွန်းဆိုလိုက်ပြီးသော် သူ၏အဝတ်အစားကို သေသေသပ်သပ်ဖြစ်အောင်ပြုပြင်ပြင်ဆင်လိုက်ပြီး သူ့ကိုကြည့်ကာ ဦးစွာနှုတ်ဆက်စကားဆိုလာသည်။

"ချင်းဖုန်းဂိုဏ်းက ညီနောင်လေးတစ်ယောက်ပြောတာကြားမိတာတော့ အဆွေတော်က ကျန်းမိသားစုက သခင်လေးကို ထိုက်ဟူဆီ ခရီးလမ်းတစ်လျှောက် စောင့်ရှောက်ခေါ်ဆောင်လာပေးတဲ့သူဆိုလားပဲ။ တွေ့ရတာဝမ်းသာပါတယ်။ ငါ့နာမည်က ယဲ့ပိုင်ရီးပါ"

ထိုသူမှာ လူပေါင်းများစွာနှင့် အာပေါင်အာရင်းသန်သန်စကားပြောဆိုဆက်ဆံရသည်ကို ကြိုက်နှစ်သက်လေ့ရှိသော ကောင်းချုံ၏ပုံစံနှင့် လုံးဝကိုမတူလှပါချေ။ ကိုယ်နှင့်မဆိုင်သည့်ကိစ္စများတွင် ဝင်ရောက်ပြောဆိုလေ့မရှိသည့်ပုံစံမျိုးဖြစ်ပြီး လုံးလုံးလျားလျားကို ဤကမ္ဘာလောကကြီးအတွင်း၌ တည်ရှိမနေသူတစ်ဦးကဲ့သို့ခံစားရစေသည်။ ဘာရယ်ကြောင့်မှန်းမသိဘဲ လူတစ်ကိုယ်လုံးမှာ အနည်းငယ်ထူးခြားစွာပင် လိုအင်ဆန္ဒကင်းမဲ့သည့်ခံစားချက်တို့ထိုးဖောက်ထွက်ပေါ်နေသည်။

ကျိုးကျစ်ရှူးခမျာ ကြောင်အမ်းအမ်းဖြစ်သွားရှာသည်။ ဤလူက မိမိအား အဘယ့်ကြောင့် ရုတ်တရက်ကြီး အာလာပသလ္လာပစကားဆိုနေရသလဲဆိုသည်ကိုမသိသော်ငြား ထိုကဲ့သို့အခြေအနေများကို ကျင့်သားရနေပြီဖြစ်သည့်အလျောက် အလိုက်အထိုက်ပင် ထွေရာလေးပါးတုံ့ပြန်နှုတ်ဆက်စကားဆိုလိုက်သည်။

သို့သော် ယဲ့ပိုင်ရီးက သူ့ကိုအရေးမလုပ်ဘဲ ခံစားချက်ကင်းမဲ့နေသောမျက်နှာထားဖြင့် သူ့ကိုတခဏမျှအကဲခတ်ကြည့်ရှုလိုက်ပြီးသော် နောက်ထပ်စကားတစ်ခွန်းဆိုလာသည်။

"ငါကြည့်ရသလောက် မင်းရဲ့အသက်ရှူနှုန်းကနှေးကွေးနေပြီး လှုပ်ရှားမှုကလေးလံနေတယ်။ ရောဂါက ခန္ဓာကိုယ်ရဲ့အရေးကြီးအစိတ်အပိုင်းတွေကို ထိခိုက်သွားတဲ့ပုံပဲ။ မကြာခင်ပဲသေပန်းပွင့်တော့မဲ့လူတစ်ယောက်က ဘာကြောင့်များ ဒီလိုမျိုးတက်ကြွလန်းဆန်းနေတာလဲ။ တကယ့်ကို သိပ်ကိုထူးခြားဆန်းကြယ်လှတာပဲ"

ကျိုးကျစ်ရှူးတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရှာတော့သည်။ အနှီညီနောင်သည်ကား သူ၏ဆရာဖြစ်သူနှင့်အတူ မသေမျိုးလမ်းစဉ်များကိုကျင့်ကြံအားထုတ်ရင်း ချန်မင်တောင်ပေါ်တွင်နေထိုင်ခဲ့သည့်အချိန်ကာလမှာ အလွန်တရာကြာညောင်းသွားပြီဖြစ်သည့်အတွက် လူစကားမပြောတတ်ခြင်းဖြစ်လိမ့်မည်ဟုသာတွေးလိုက်မိလေတော့သည်။

ယဲ့ပိုင်ရီးက စဉ်းစားတွေးဆလိုက်ပြီးသော် ထပ်မံ၍မေးမြန်းလိုက်ပြန်သည်။

"မင်းမှာ အချိန်ဘယ်လောက်ကျန်သေးလဲ။ သုံးနှစ်လား နှစ်နှစ်လား"

ဤအကြောင်းအရာနှင့်ပတ်သက်၍ ကျိုးကျစ်ရှူးမှာ ခေါင်းညိတ်ရန်လည်းမတတ်သာ၊ ခေါင်းခါရန်လည်းမဖြစ်နိုင်သည့်အတွက် မချိတင်ကဲတစ်ချက်မျှပြုံးပြကာ ဆိုလိုက်၏။

"နောင်တော်ယဲ့က တကယ့်ကို မျက်စိလျင်တဲ့သူပဲဗျာ....တကယ်ပဲ....."

ယဲ့ပိုင်ရီးသည်ကား သူ၏နားထဲ၌ ရေစစ်ဇကာတစ်ခုတပ်ဆင်ထားသည့်နှယ်။ သူနားမထောင်ချင်သည့်အပိုစကားများကို တိုက်ရိုက်စစ်ထုတ်ဖယ်ရှားလိုက်ပြီး ကျိုးကျစ်ရှူး၏စကားဆုံးသည်ကိုပင်မစောင့်ဘဲ တစ်ကိုယ်တည်းပြောဆိုလိုက်ပြန်သည်။

"နတ်ဗြဟ္မာတွေဟာ နတ်သက်ကြွေခါနီးရင် *ပျက်စီးခြင်းနိမိတ်ကြီးငါးပါးကိုပြသလေ့ရှိကြတယ်။ စကားလုံးတွေနဲ့ဖော်ပြလို့မရနိုင်တဲ့ နာကျင်မှုဝေဒနာတွေကို မချိမဆန့်အလူးအလဲခံစားရတတ်လေ့ရှိတယ်။ ဒါပေမဲ့ မင်းကတော့ အခုထိခုန်လိုက်ပေါက်လိုက်၊ စားလိုက်သောက်လိုက်၊ ပျော်လိုက်ပါးလိုက်လုပ်နေနိုင်တုန်းပဲ။ တကယ့်ကို နောက်မျိုးဆက်သစ်တွေက ရှေ့မျိုးဆက်ဟောင်းတွေထက် ပိုပြီးလက်စွမ်းထက်ကြတာပဲ။ အလယ်ပိုင်းမြေပြန့်သိုင်းလောကတစ်ခွင်မှာ ဒီလောက်များတဲ့လူရည်ချွန်တွေ ဘယ်အချိန်တုန်းက ထွက်ပေါ်လာတာလဲ"

(T/N- *ပျက်စီးခြင်းနိမိတ်ကြီးငါးပါး--နတ်ဘုရားများမှာ နတ်သက်ကြွေခါနီးအချိန်သို့ရောက်လာလျှင် လက္ခဏာရပ်ငါးမျိုးကိုပြသလေ့ရှိသည်။ (၁) နတ်ဝတ်နတ်စားများ ညစ်ပေစွန်းထင်းလာခြင်း (၂) ဦးခေါင်းထက်တွင်ဆင်မြန်းထားသောပန်းမကိုဋ်များ ညှိုးလျော်နွမ်းခြောက်လာြခင်း (၃) ခန္ဓာကိုယ်ညစ်ပေကာ အနံ့ဆိုးများထွက်ပေါ်လာခြင်း (၄) ချိုင်းအောက်မှ ချွေးများထွက်လာခြင်းနှင့် (၅) မည်သည့်နေရာတွင်နေထိုင်ရစေကာမူ မပျော်မရွှင်ဖြစ်လာခြင်းတို့ဖြစ်သည်။)

သူက ပြောရင်းဆိုရင်းပင် ချာခနဲလှည့်ထွက်သွားတော့သည်။ ကျိုးကျစ်ရှူးကိုလည်း အရေးမလုပ်တော့ပါချေ။

ခပ်လှမ်းလှမ်းရောက်သောအခါမှသာ တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် နောက်လှည့်ကြည့်ကာ ကျိုးကျစ်ရှူးကိုလှမ်းပြောလိုက်သည်။

"မင်း တကယ်လို့အချိန်ရရင် ငါ့ကို အရက်တစ်အိုးလောက်တော့
ဧည့်ခံမယ်မလား"

သူ့ကို သေရည်အရက်ဖြင့်တည်ခင်းဧည့်ခံရမည့်ကိစ္စမှာ တစ်ဖက်လူအဖို့ အကြီးမားဆုံးဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကိစ္စရပ်ကြီးတစ်ခုပမာ၊ ကျိုးကျစ်ရှူးသည်ကား မည်သည့်စကားမျှမဆိုဘဲ နှုတ်ဆိတ်လျက်သာနေလိုက်လေသည်။

ထို့နောက်တွင်မူ ပါးစပ်ရာဇဝင်များထဲမှ 'တစ္ဆေမိစ္ဆာ' ဆိုသူကိုကြည့်ရှုရန်အလို့ငှာ လူအုပ်ကြီးနောက်သို့လိုက်သွားရင်း ကောင်းစံအိမ်တော်သို့ရောက်ရှိသွားလေသည်။ တကယ်တမ်းတွင်မူ ဘာမှထူးထူးခြားခြားမတွေ့ရပါချေ။ သရဲသဘက်တစ်ကောင်နှင့်အလားသဏ္ဌာန်တူသော ရုပ်ဆင်းအင်္ဂါဆိုးဝါးသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်အား လက်နောက်ပြန်ကြိုးတုပ်ထားပြီး လူအများရှေ့၌ပြသထားသည်ကိုသာလျှင်တွေ့လိုက်ရ၏။ အကျဉ်းသားတစ်ယောက်အား လမ်းတကာအရပ်တကာသို့ လှည့်လည်ပြသနေသည့်ခံစားချက်မျိုးပင်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အဝတ်အစားများကင်းမဲ့ကာ ကိုယ်လုံးတီးဖြစ်နေလျက် ခါးပေါ်တွင်ကြောက်မက်ဖွယ်ကောင်းလှသော တစ္ဆေမျက်နှာပုံတစ်ခုကို လူအများမြင်တွေ့စေရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လှစ်ဟထုတ်ဖော်ပြသထား၏။ ထိုသူမှာ ပစ္စည်းမစစ်မှန်လျှင် ပိုက်ဆံပြန်အမ်းမည်ဟုအာမခံထားသော ပစ္စည်းစစ်ပစ္စည်းမှန်ဖြစ်ကြောင်းညွှန်ပြ​နေသည့်အလား။

ကျိုးကျစ်ရှူးတစ်ယောက် ထိုလူကိုမျက်နှာမူထားလျက် အတွေးထဲနစ်မြောနေစဥ်မှာပင် ရုတ်တရက် သူ့ပုခုံးပေါ်သို့ လက်တစ်ဖက်ချိတ်တွယ်သိုင်းဖက်လာသည်ကိုခံစားလိုက်ရသည်။ မည်သည့်နေရာမှပေါ်ထွက်လာမှန်းမသိသော ဝမ်းခယ့်ရှင်က သွားများကိုဖြဲကာ မျက်နှာချိုသွေးလျက် ခပ်ပြုံးပြုံးပြောလာသည်။

"ခင်ဗျားကို တစ်နေ့လုံးလိုက်ရှာနေတာ။ ဘယ်တွေသွားနေတာလဲ"

ကျိုးကျစ်ရှူးက သူ့ကိုလျစ်လျူရှုဥပေက္ခာပြုလိုက်ပြီး ထိုကြိုးတုပ်ခံထားရသောလူကို လက်ညှိုးထိုးပြရင်း မေးမြန်းလိုက်၏။

"မင်းပြောကြည့်၊ အဲဒီလူက အစစ်လား အတုလား"

"ဟင်"

ဝမ်းခယ့်ရှင်က သူညွှန်ပြရာသို့ဖျတ်ခနဲလှမ်းကြည့်ကာ အလွန်တရာသဘောမတူသည့်ဟန်ဖြင့်ဖြေကြားလိုက်သည်။

"ခါးပေါ်မှာ တစ္ဆေမျက်နှာပုံဆေးမင်ကြောင်ထိုးထားတဲ့သူတွေဟာ အဲဒီဆေးမင်ကြောင်ထိုးလိုက်တဲ့အချိန်ကစပြီး နေ့ခင်းကြောင်တောင်အချိန်မျိုးမှာ လူမြင်ကွင်းရှေ့ကိုထွက်လာလို့မရဘူးတော့လေ။
ဘယ်သူက တိကျခိုင်မာတဲ့အကြောင်းရင်းမရှိဘဲ ကိုယ့်နောက်ကျောမှာ ဆေးမင်ကြောင်ထိုးပြီးအပြင်ထွက်လာမှာတဲ့လဲ။ ဒါပေမဲ့ ဒီကံဆိုးမိုးမှောင်ကျသွားရှာတဲ့လူဟာ တစ်ယောက်ယောက်ကိုအပြစ်ပြုစော်ကားမိလို့ အကွက်ဆင်ချောက်တွန်းခံရပြီး အခုလိုလူအများရှေ့မှာ ပြသခံထားရတာလဲဖြစ်နိုင်တယ်"

သူက အမှုမဲ့အမှတ်မဲ့ပြောလိုက်ခြင်းသာဖြစ်သည့်တိုင် ကျိုးကျစ်ရှူးသည်ကား ကံကောင်းတိုက်ဆိုင်စွာဖြင့် အချို့သောကိစ္စရပ်များကိုသိရှိသွားလေသည်။ ဥပမာအားဖြင့် အဆိုပါတစ္ဆေမျက်နှာပုံဆေးမင်ကြောင်ထိုးသည့်နေရာ၌ အသုံးပြုသည့်ဆိုးဆေးတစ်မျိုးမှာ 'မရဏမြက်ပင်' ဟုခေါ်ဆိုသည့် အပင်၏သစ်ရွက်များကို ထုထောင်းကြိတ်ချေရာမှရရှိခြင်းဖြစ်သည်။ ထိုအပင်မှာ သရဲတောင်ကြားအတွင်း၌သာရှိလေသည်။

ဥပမာအားဖြင့် သရဲတောင်ကြားသို့ဝင်ရောက်သွားကြသူတိုင်းသည်လည်း တစ္ဆေသရဲတစ်ကောင်အဖြစ်ပြောင်းလဲသွားကာ အသက်ရှင်သန်နိုင်စွမ်းရှိကြမည်မဟုတ်ပါချေ။ သေလွန်သွားသော ဝိညာဉ်တိုင်းသည်ကား နောက်တစ်ကြိမ်လူပြန်ဝင်စားခြင်း သို့မဟုတ် တစ္ဆေသရဲများအဖြစ်ပြောင်းလဲသွားခြင်းမျိုးကဲ့သို့မဟုတ်ပါဘဲ ကမ္ဘာလောကကြီးအတွင်းမှ အစအနမကျန်အောင် ပျောက်ချင်းမလှပျောက်ကွယ်သွားရတာလည်းဖြစ်နိုင်ပေသည်။ ထိုနေရာသည်ကား လူမှလူကိုစားသော၊ သရဲမှသရဲကိုစားသော အလွန့်အလွန်ရက်စက်ကြမ်းကြုတ်ဆိုးဝါးသည့်နေရာတစ်ခုပင်ဖြစ်သည်။ အင်အားနည်းသူက အင်အားကြီးသူ၏သားကောင်ဖြစ်ရမည်ဟူသော ဥပဒေသကိုသာ လက်ကိုင်ထားသည့်နေရာဖြစ်သည်။ ထိုနေရာသို့ဝင်ရောက်သွားပြီဆိုတာနှင့် ရှိသမျှလူအားလုံးကို သတိထားစောင့်ကြည့်နေရမည်ဖြစ်သလို အားလုံးအပေါ်တွင်နိုင့်လိုမင်းထက်ပြုမူနိုင်ပါမှသာလျှင် အသက်ရှင်သန်နိုင်မည့်အရည်အချင်းများရှိလာပြီး အနှီဆေးမင်ကြောင်ကိုရရှိမည်ဖြစ်သည်။

ကျိုးကျစ်ရှူးက အနှီဆေးမင်ကြောင်ထိုးထားသူကို တွေးတွေးဆဆဖြင့် စူးစိုက်ကြည့်ရှုလိုက်သည်။ ထိုအချိန်၌ လူအုပ်ကြီးမှာ သွေးပွက်ပွက်ဆူလာပြီး ဟွရှန်းဂိုဏ်းသားတစ်ဦးက မတ်တပ်ထရပ်လာကာ ထိုသူကို အရှင်လတ်လတ်မီးရှို့သတ်ရန်တောင်းဆိုလိုက်သည်။

သူ ရုတ်ချည်းပင် နောက်လှည့်ကျောခိုင်းကာ ခြေလှမ်းကျဲကြီးများဖြင့် လူအုပ်ကြီးအတွင်းမှ အပြင်ဘက်သို့ထွက်ခွာသွားလေ
တော့သည်။

****************

Zawgyi

အခန္း ၂၄
တေစၦမ်က္ႏွာ

က်ိဳးက်စ္ရႉးသည္ကား ထိုကိစၥႏွင့္ပတ္သက္ၿပီး စိုးစဥ္းမွ်ပင္စိတ္ဝင္စားမႈမရွိပါေခ်။ ေခြးေခါင္းမကလို႔ ဝက္ေခါင္းျဖစ္သည္အထိပင္ ရိုက္ႏွက္သတ္ပုတ္ၾကပါေစ၊ သူႏွင့္မဆိုင္ေရးခ်မဆိုင္ပါေလ။ ယခုအခ်ိန္တြင္ သူ လုပ္ခ်င္သည့္တစ္ခုတည္းေသာအရာမွာ စားေသာက္ဆိုင္တစ္ဆိုင္ထံသို႔ အျမန္သြားကာ ဗလာက်င္းေနၿပီျဖစ္ေသာ သူ၏ေသရည္အိုးအလြတ္ကို အျပည့္အလွ်ံျဖည့္တင္းလိုျခင္းသာျဖစ္သည္။ ထို႔ေနာက္တြင္မူ အသိုက္တစ္ခုရွာကာ မိုးစုံးစုံးခ်ဳပ္သည္အထိ တေရးတေမာအိပ္စက္အနားယူလိုက္ၿပီး သူ႕ဦးေႏွာက္တစ္ခုလုံးထဲတြင္ျပည့္ႏွက္ေနေသာ 'လူနီေလးက ဧရာမေတာင္ႀကီးကိုမည္သို႔မည္ပုံခြဲျခမ္းၿပီး ေႁမြျဖဴမေလးကိုကယ္ထုတ္သြားသည့္ပုံျပင္' ကို ေခါင္းထဲမွေျပာင္သလင္းခါသြားေအာင္ခါထုတ္လိုေသာေၾကာင့္ျဖစ္သည္။

ထို႔ေၾကာင့္ လိမၼာပါးနပ္စြာပင္ ေခ်ာင္ေဝ့နင္၏လက္ထဲမွ အသာအယာ႐ုန္းထြက္ဖယ္ခြာရင္း ရွင္းျပလိုက္သည္။

"ကြၽန္ေတာ္တို႔ ဒီကေလးကို ေက်ာက္သူရဲေကာင္းဆီ အရင္ျပန္ပို႔ေပးရဦးမယ္ေလ"

ေခ်ာင္ေဝ့နင္မွာ သူ႕ဦးေခါင္းကိုလက္​ျဖင့္တဖ်တ္ဖ်တ္ျပန္ရိုက္ရင္းဆို၏။

"ဟုတ္သားပဲ...ဟုတ္သားပဲ။ ကြၽန္ေတာ္ ဒီကိစၥကိုေမ့သြားတယ္"

ေခ်ာင္ေဝ့နင္က က်န္းခ်န္လင္ဘက္သို႔လွည့္ၾကည့္လိုက္သည္။ စိတ္ခံစားခ်က္မ်ားကို အေတာ္အတန္မဖုံးကြယ္မသိုဝွက္တတ္ေသာမ်က္ႏွာေလးေပၚတြင္ အနည္းငယ္ထူးဆန္းစြာပင္ သနားက႐ုဏာသက္ဖြယ္ေကာင္းလွေသာ အမူအရာတို႔ထင္ဟပ္ထြက္ေပၚလာ၏။ သူ သက္ျပင္းတစ္ခ်က္ခ်ကာ က်န္းခ်န္လင္၏ပုခုံးကို အသာအယာပုတ္ရင္းေျပာလိုက္သည္။

"မင္းလဲ အသက္ငယ္ငယ္ေလးနဲ႕ ဒီေလာက္မ်ားျပားတဲ့ဒုကၡေတြကိုခံစားခဲ့ရတာပဲ။ ေနာက္တစ္ခါဆို ကိုယ့္ကိုယ္ကိုယ္ ဒီထက္ပိုၿပီးေသေသခ်ာခ်ာဂ႐ုစိုက္ေနာ္"

က်န္းခ်န္လင္ကမူ ေခ်ာင္ေဝ့နင္ႏွင့္ခင္မင္ရင္းႏွီးျခင္းမရွိသည့္အတြက္ သူ႕စကားကိုလ်စ္လ်ဴရႈကာ အင္းမလုပ္၊ အဲမလုပ္ပါေခ်။ ဝမ္းခယ့္ရွင္သည္သာလွ်င္ တုံ႕ျပန္မႈျပဳလိုက္ၿပီး ၾကားျဖတ္ေမးျမန္းလိုက္သည္။

"ဘယ္လိုျဖစ္လို႔လဲ။ သူတို႔ေတြ အခုထိေက်ာက္သလင္းျပာကိစၥနဲ႕ပတ္သက္ၿပီး အျငင္းပြားေနၾကတုန္းပဲလား။ ဧကႏၲ သူတို႔က က်န္းမိသားစုကိုမ်ား သံသယဝင္ေနတာလား"

သူ က်န္းခ်န္လင္ကို တစ္ခ်က္မွ်လွမ္းၾကည့္ၿပီးေနာက္ စကားကိုရပ္တန႔္လိုက္ေလသည္။

ေခ်ာင္ေဝ့နင္က သူတို႔သုံးဦးစလုံးအား အျပင္လူမ်ားသဖြယ္သေဘာမထားသည့္အေလ်ာက္ ျဖစ္ေၾကာင္းကုန္စင္ကို အိတ္သြန္ဖာေမွာက္ရွင္းျပေလေတာ့သည္။

"ဒီလိုအခ်ိန္မ်ိဳးမွာ အစ္ကိုတို႔က ေလွ်ာက္သြားေနနိုင္ေသးတယ္။ မေန႕ကေလးတင္ ပြဲႀကီးပြဲေကာင္းတစ္ပြဲျဖစ္သြားတယ္ေလ။ ဖုန္းေရွာင္ဖုန္းက 'ေက်ာက္သလင္းျပာ' ဆိုတဲ့စကားလုံးသုံးလုံးကိုေျပာလိုက္တာနဲ႕ အကုန္လုံးအုတ္ေအာ္ေသာင္းနင္း ႐ုတ္႐ုတ္သဲသဲေတြျဖစ္ကုန္ၾကတာပဲ။ ေကာင္းသူရဲေကာင္းနဲ႕ ဆရာေတာ္ခ်ီမုတို႔လို လူေတာ္ႏွစ္ေယာက္က လူအုပ္ႀကီးကိုမနည္းထိန္းထိန္းသိမ္းသိမ္း ေျဖရွင္းကိုင္တြယ္လိုက္ရတယ္။ ဒီၾကားထဲ ျပႆနာကိုမႀကီးႀကီးေအာင္ မီးေမႊးခ်င္သူေတြတစ္ပုံႀကီးရွိေသးတယ္။ ဟြရွန္းဂိုဏ္းက ယြီ​ခ်ိဳးဖုန္းက ပထမဆုံးမတ္တပ္ထရပ္လာၿပီး ေက်ာက္သူရဲေကာင္း ေက်ာက္က်င့္ကိုေမးတယ္။ က်န္းမိသားစုရဲ႕သားျဖစ္သူ က်န္းခ်န္လင္ကို တမင္သက္သက္ေသတြင္းထဲပို႔ၿပီး သူတို႔မိသားစုဆီက ေက်ာက္သလင္းျပာတစ္ပိုင္းကို သိမ္းယူထားတာလားလို႔ေမးလိုက္ေတာ့ အကုန္လုံး ဆူညံပြက္ေလာရိုက္ကုန္ပါေလေရာလား"

ေခ်ာင္ေဝ့နင္က ေခတၱခဏမွ်ေတြးေတာၿပီးေနာက္ စာအုပ္ထဲမွ စကားလုံးမ်ားကိုအလြတ္႐ြတ္ဖတ္အာဂုံေဆာင္ျပေနသည့္အလား ခပ္တည္တည္ျဖင့္ျပန္ေျပာင္းေျပာျပေနသည္။

"ယြီခ်ိဳးဖုန္းဆိုတဲ့ေကာင္ကလဲ ႏွာရည္တရႈံ႕ရႈံ႕ မ်က္ရည္ေလးတစမ္းစမ္းနဲ႕။ မသိရင္ တုံ႕ထင္ကိုလာတာ အသုဘအိမ္ေရာက္ေနသလားမွတ္ရတယ္။ ေအာ္ေမ့ဂိုဏ္း၊ ခြန္းတုန္းဂိုဏ္းနဲ႕ ခ်န္းရွန္းဂိုဏ္းေတြက အရင္ကတည္းက သူတို႔ဟြရွန္းဂိုဏ္းနဲ႕ ပလဲနံပသင့္ေနတဲ့ မိတ္ရင္းေဆြရင္းေတြဆိုေတာ့ ဒီတစ္ႀကိမ္မွာ ယြီခ်ိဳးဖုန္းဘက္ကေနပဲရပ္တည္ၾကတာေပါ့။ ေက်ာက္အိမ္ေတာ္အျပင္ဘက္မွာျဖစ္ခဲ့တဲ့ လူေသမႈကိစၥေတြနဲ႕ပတ္သက္ၿပီး ေမးခြန္းထုတ္လာၾကတယ္။ ဖုန္းေရွာင္ဖုန္းတို႔လိုလူေတြကလဲ မီးေလာင္ရာေလပင့္လုပ္ၾကတယ္ေလ။ ေနာက္ဆုံးေတာ့ သူတစ္လွည့္ကိုယ္တစ္လွည့္ရိုက္ၾကႏွက္ၾကတဲ့ လူရိုက္ပြဲႀကီးျဖစ္သြားေတာ့တာပဲ။ တခ်ိဳ႕ကလဲ သရဲေတာင္ၾကားကေကာင္ေတြ က်န္းဟူမွာ ႐ုတ္တရက္ထြက္ေပၚလာတဲ့ကိစၥနဲ႕ပတ္သက္ၿပီး ေကာင္းသူရဲေကာင္းကိုေမးျမန္းၾကတယ္။ ေက်ာက္သလင္းျပာဆိုတာ ဘယ္လိုပစၥည္းလဲဆိုတဲ့အေၾကာင္း သူတို႔ကိုအေသးစိတ္ရွင္းျပခိုင္းၾကတယ္"

က်ိဳးက်စ္ရႉးႏွင့္ဝမ္းခယ့္ရွင္တို႔ႏွစ္​ေယာက္သား ေခ်ာင္ေဝ့နင္ကို စိတ္ဝင္တစားၾကည့္ေနလိုက္ၾကသည္။ အူတိအူ​ေၾကာင္နိုင္လွေသာ အႏွီငတုံးေလးသည္ကား တစ္ရက္ေလာက္မေတြ႕လိုက္႐ုံျဖင့္ မည္သို႔မည္ပုံ ႏႈတ္သြက္လွ်ာသြက္ျဖစ္သြားရသနည္းဟု စိတ္ထဲ၌ေတြးေတာေနၾကေလသည္။

ေခ်ာင္ေဝ့နင္က ေခ်ာင္းဟန့္လိုက္ရင္း ဆို၏။

"ကြၽန္ေတာ့္ရဲ႕ဆရာတူဦးေလးကေတာ့ အဲဒီလိုေတြေျပာတာပဲ။ တကယ္တမ္း မေန႕ကအုတ္ေအာ္ေသာင္းနင္းျဖစ္သြားတဲ့ ျပႆနာအေသးစိတ္ကိုေတာ့ ကြၽန္ေတာ္လဲ ေသခ်ာနားမလည္ပါဘူး"

ဒါေၾကာင့္ စာသားေတြကိုႏႈတ္တိုက္အာဂုံေဆာင္ၿပီး႐ြတ္ျပေနသလိုျဖစ္ေနတာကိုး။

က်ိဳးက်စ္ရႉးက က်န္းခ်န္လင္ထံသို႔ ႐ုတ္တရက္လွည့္ေမးလာသည္။

"ေကာင္ေလး၊ မင္းေရာ တစ္ခုခုသိထားတာမ်ားမရွိဘူးလား။ မဟုတ္ရင္ အရင္ဦးဆုံး မင္းတည္းခိုေနတဲ့အေဆာင္မီးရွို႔ခံရမွာမဟုတ္ဘူး။ ၿပီးေတာ့ တစ္ေယာက္ေယာက္က အဆိပ္ကင္းၿမီးေကာက္အဖြဲ႕ကိုလာဘ္ထိုးငွားရမ္းၿပီး မင္းကိုလုပ္ႀကံသတ္ျဖတ္ဖို႔ႀကိဳးစားမွာမဟုတ္ဘူး"

က်န္းခ်န္လင္မွာ တုံဏွိဘာေဝပုံစံျဖင့္သာ သူ႕ကိုအူတီးအူေၾကာင္ေငးၾကည့္ေနလ်က္ ေခါင္းကိုခါယမ္းျပလိုက္သည္။

က်ိဳးက်စ္ရႉးတစ္ေယာက္ မ်က္ျဖဴသာလွန္ျပလိုက္ၿပီး တကယ့္ကိုပင္ ထိုကဲ့သို႔တုံးတုံးအအပုံစံကိုဆက္မၾကည့္နိုင္ေတာ့ေလရာ သူ႕ကိုအေရးမလုပ္ေတာ့ဘဲ ေခ်ာင္ေဝ့နင္ထံသို႔လွည့္ကာေျပာလိုက္သည္။

"ေနာင္ေတာ္ေခ်ာင္ကိုပဲ ဒုကၡေပးရဦးမယ္၊ ေက်းဇူးျပဳၿပီး သူ႕ကို ေက်ာက္သူရဲေကာင္းရွိတဲ့ေနရာဆီ ေခၚသြားေပးလို႔ရမလား"

စကားဆုံးေသာ္ ခ်ာခနဲလွည့္ထြက္သြားေလေတာ့သည္။ ၎မွာ သိုင္းေလာကတစ္ခြင္လုံးရွိသူရဲေကာင္းမ်ား၏ အရႈပ္အေထြးျပႆနာမ်ားကို လုံးလုံးလ်ားလ်ားစိတ္ဝင္စားမႈမရွိသည္မွာ သိသာထင္ရွားလွေပသည္။

က်န္းခ်န္လင္မွာ ႏႈတ္ခမ္းကိုတင္းတင္းေစ့လ်က္ က်ိဳးက်စ္ရႉး၏ေနာက္ေက်ာျပင္ကိုသာ တိတ္တိတ္ေလးေငးစိုက္ၾကည့္ေနရွာသည္။

႐ုတ္တရက္ လက္တစ္ဖက္က သူ႕ဦးေခါင္းကိုအသာအယာပုတ္လာသည္ကို ခံစားလိုက္ရသည္။ လက္ပိုင္ရွင္အား ေမာ့ၾကည့္လိုက္ေသာ္ သူ႕ကိုၿပဳံးျပေနေသာ ဝမ္းခယ့္ရွင္ကိုေတြ႕လိုက္ရသည္။ သူက ဗလုံးဗေထြးေရ႐ြတ္လိုက္၏။

"လူႀကီးမင္း"

ဝမ္းခယ့္ရွင္ကဆိုသည္။

"မင္းရဲ႕ဆရာက တျခားသူေတြကိုဆိုရင္ ေကာင္းေကာင္းမြန္မြန္ ယဥ္ယဥ္ေက်းေက်းဆက္ဆံေျပာဆိုသေလာက္ မင္းအေပၚမွာက်ေတာ့ ဘာလို႔ ဒီလိုမ်ိဳးစိတ္မရွည္တဲ့ပုံေပါက္ေနတာလဲဆိုတာ သိလား"

က်န္းခ်န္လင္က ေခါင္းငိုက္စိုက္ခ်လ်က္ မၾကားတၾကားေရ႐ြတ္လိုက္သည္။

"ကြၽန္ေတာ္က သိပ္ကိုတုံးအလြန္းလို႔ျဖစ္မွာပါ...."

ဝမ္းခယ့္ရွင္က ခပ္ဟဟရယ္ေမာလိုက္သည္။

"မင္းကတုံးေတာ့တုံးေပမဲ့ 'အရမ္းႀကီး' တုံးအေနတာမ်ိဳးေတာ့မဟုတ္ပါဘူး။ သူက မင္းအေပၚမွာ စာတစ္တန္ေပတစ္တန္နဲ႕ ရည္ရည္မြန္မြန္ ဟန္ေဆာင္ပန္ေဆာင္ေပါက္ကရစကားေတြေလွ်ာက္ေျပာမေနဘူးေလ။ အဲဒါ သူကလဲ မင္းနဲ႕ရင္းႏွီးခ်င္လို႔ဆိုတာအသိသာႀကီးပဲ။ သူ႕ပါးစပ္ကထုတ္ေျပာလို႔မေကာင္းလို႔သာ။ ငါၾကည့္ရသေလာက္ေတာ့ သူကရွက္ေနတာပဲ"

က်န္းခ်န္လင္တစ္ေယာက္ ေၾကာင္အမ္းအမ္းျဖစ္သြားရွာ၏။

"တကယ္လားဟင္"

ဝမ္းခယ့္ရွင္၏မ်က္ဝန္းမ်ားမွာ ၿပဳံးေယာင္သန္းလ်က္ က်ိဳးက်စ္ရႉး၏ေနာက္ေက်ာျပင္ကိုလွမ္းေမွ်ာ္ၾကည့္ေနရင္း အမႈမဲ့အမွတ္မဲ့ေျပာလိုက္သည္။

"သူ႕ကိုေမြးခဲ့တဲ့လူက သူ႕မိဘေတြ။ သူ႕အေၾကာင္းကိုအသိဆုံးလူကေတာ့ သူကိုယ္တိုင္ပဲ။ ကမာၻေပၚမွာ သူ႕ရဲ႕ဖူးစာရွင္ျဖစ္နိုင္တဲ့လူကေတာ့ ငါတစ္ေယာက္တည္းပဲေလ။ ဒါေၾကာင့္ မင္းကို လုံးဝမညာပါဘူးကြ"

ထိုလူ၏ခႏၶာကိုယ္ေပၚမွ အတြင္းဒဏ္ရာမ်ား၊ ထိုလူ၏႐ုပ္ေျပာင္း႐ုပ္လႊဲပညာ၊ ထိုလူ၏ပုံမွန္အခ်ိန္မ်ားတြင္ ရည္႐ြယ္ခ်က္ရွိရွိေသာ္လည္းေကာင္း၊ အမွတ္တမဲ့ေသာ္လည္းေကာင္း ကိုယ္ေရာင္ကိုယ္ဝါေဖ်ာက္ထားတတ္ေသာအေလ့အက်င့္မ်ား၊ ထိုလူ၏သိုင္းပညာ၊ က်န္းဟူတစ္လႊားရွိ ေရွးေဟာင္းေႏွာင္းျဖစ္ကိစၥအသြယ္သြယ္တို႔အား ခေရေစ့တြင္းက်သိေနသည့္ပုံစံတို႔ကိုၾကည့္ျခင္းအားျဖင့္ 'ေကာင္းကင္ျပတင္း' အဖြဲ႕အစည္းမွလြဲ၍ ဒုတိယေျမာက္ေျဖရွင္းခ်က္ကို သူစဥ္းစားလို႔မထြက္ပါေခ်။

ဒါေပမဲ့ သူက တကယ္ပဲ 'ေကာင္းကင္ျပတင္း' ကဆိုရင္ နာမည္ႀကီး 'ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ ' အျပစ္ဒဏ္ကေန ဘယ္လိုလုပ္ၿပီး ထြက္ေျပးလြတ္ေျမာက္လာနိုင္တာလဲ

ရက္အနည္းငယ္ခန့္ၾကာသည္အထိ ဝမ္းခယ့္ရွင္တစ္​ေယာက္ အဆိုပါေမးခြန္းကိုႀကိမ္ဖန္မ်ားစြာစဥ္းစားသုံးသပ္ၿပီးေနာက္ ႐ုတ္ခ်ည္းပင္ သေဘာတရားတစ္ခုကိုနားလည္သြားသည္။ အေရးႀကီးဆုံးအခ်က္သည္ကား ၎မွာ 'ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ' မွမည္သို႔မည္ပုံထြက္ေျပးလာနိုင္ျခင္းမဟုတ္ဘဲ မည္သို႔မည္ပုံလြတ္ေျမာက္ေအာင္ထြက္ေျပးရမလဲဆိုသည္ကို သိရွိထားေသာအခ်က္ပင္တည္း။

သူေတြးလိုက္သည္။

ငါေတာ့ တကယ့္အေကာင္ႀကီးႀကီးေနာက္ကိုမွ လိုက္မိၿပီလားမသိဘူး...

က်န္းခ်န္လင္ခမ်ာ ဝမ္းခယ့္ရွင္ေျပာလိုက္ေသာစကားမ်ား၏ နက္ရွိုင္းေသာအနက္အဓိပၸာယ္ကို လုံးေစ့ပတ္ေစ့နားမလည္ခင္မွာပင္ တစ္ဖက္တြင္ရွိေနေသာ ေခ်ာင္ေဝ့နင္က နားမလည္ပါးမလည္ျဖင့္သက္ျပင္းတစ္ခ်က္ခ်ကာေျပာလာသည္။

"ကြၽန္ေတာ္တစ္ခ်ိန္လုံးထူးဆန္းသလိုခံစားေနခဲ့မိတယ္။ အစ္ကိုေတာ္တို႔ႏွစ္ေယာက္က ေယာက်္ားေလးအခ်င္းခ်င္းျဖစ္ေနၾကေတာ့ေလ။ ဒါေပမဲ့ ဒီေန႕ၾကည့္လိုက္ေတာ့လဲ လူတစ္ေယာက္ရဲ႕ဘဝတစ္သက္တာမွာ စကားမ်ားမ်ားစားစားေျပာစရာမလိုဘဲ ကိုယ့္ကိုအလိုလိုသိနားလည္ေနတဲ့ စိတ္တူကိုယ္တူဖူးစာရွင္တစ္ေယာက္သာရွိမယ္ဆိုရင္ အမတနတ္ဘုရားစုံတြဲေတြထက္ေတာင္ ပိုၿပီးေပ်ာ္႐ႊင္ၾကည္ႏူးစရာေကာင္းဦးမယ္။ အမ်ိဳးသားျဖစ္ျဖစ္ အမ်ိဳးသမီးျဖစ္ျဖစ္ ဘာအေရးလဲ"

စကားဆုံးေသာ္ ၎မွာ ေခါင္းေလးတယမ္းယမ္းအၿမီးေလးတႏွံ႕ႏွံ႕ျဖင့္ ေက်နပ္ပီတိျဖာေဝစြာ ကဗ်ာလကၤာတစ္ပုဒ္ကိုစတင္႐ြတ္ဆိုေလေတာ့၏။

"*ကမာၻေလာကႀကီးထဲက ခ်စ္ျခင္းေမတၱာဆိုတာ ဘယ္လိုအရာမ်ားပါလိမ့္ကြယ္....ရွင္သန္ျခင္းနဲ႕ေသဆုံးျခင္းတရားကို တိုက္ရိုက္သင္ၾကားျပသေပးၾကတယ္...**မိုင္ေထာင္ခ်ီနက္ရွိုင္းတဲ့ မက္မြန္ေရကန္ႏွင့္ေသာ္မွ ႏွိုင္းယွဥ္မမီ.....ႏွိုင္း..ယွဥ္...မ..မီ...."

(T/N

*ကဗ်ာဆရာႀကီး 'ယြမ္ေဟာင့္ဝမ့္' ၏ကဗ်ာမွ ေကာက္ႏုတ္ခ်က္ျဖစ္ပါသည္။

**ကဗ်ာဆရာႀကီး 'လီပိုင္' ၏ကဗ်ာမွ ေကာက္ႏုတ္ခ်က္ျဖစ္ပါသည္။)

ဘာကိုႏွိုင္းယွဥ္မမီမွန္း သူေျပာလို႔မထြက္ေတာ့ပါေခ်။ ေျပာလိုသည့္စကားလုံးက ပါးစပ္ဖ်ားသို႔ေရာက္ေနေသာ္ျငား မည္သို႔ပင္အသည္းအသန္ဖ်စ္ညွစ္စဥ္းစားပါေစ မမွတ္မိေတာ့သည့္အဆုံး၌ အလြန္အမင္းရွိုးတိုးရွန႔္တန႔္ျဖစ္သြားရွာၿပီးေသာ္ ေနာက္ဆုံး၌မွတ္ခ်က္ျပဳလိုက္ရွာ၏။

"ဒါက စာေရးဆရာႀကီး ဆရာတုဖူေရးစပ္သီကုံးခဲ့တဲ့ကဗ်ာေလ။ နည္းနည္းေလးနားလည္ရခက္ခဲေပမဲ့ ဆရာႀကီးရဲ႕ ဂႏၳဝင္ေျမာက္အႏုပညာလက္ရာတစ္ပုဒ္ျဖစ္ၿပီး တကယ့္ကိုနက္ရွိုင္းတဲ့အနက္အဓိပၸာယ္ရွိတာပဲ"

က်န္းခ်န္လင္ႏွင့္ဝမ္းခယ့္ရွင္တို႔ႏွစ္ဦးသားမွာမူ အထူးအဆန္းျဖစ္ေနေသာမ်က္ႏွာထားျဖင့္ သူ႕ကိုၾကည့္လိုက္မိၾကေလသည္။

အတန္ၾကာေသာအခါမွသာ ဝမ္းခယ့္ရွင္က စကားဆိုလိုက္သည္။

"ခ်င္းဖုန္းဂိုဏ္းက လူရည္ခြၽန္တပည့္ေတြဟာ တကယ့္ကို စာေပအရာမွာလဲထူးခြၽန္သလို သိုင္းပညာအရာမွာလဲထူးခြၽန္ၾကတဲ့သူေတြပဲ။ ေလးစားပါတယ္ ေလးစားပါတယ္ဗ်ာ"

ေခ်ာင္ေဝ့နင္မွာ မ်က္ႏွာအေရခြံပါးလ်သဴျဖစ္ေလရာ ဤကဲ့သို႔ခ်ီးက်ဴးစကားသံကိုၾကားလိုက္ရေသာအခါ အနည္းငယ္အားတုံ႕အားနာျဖစ္သြားသလို ခံစားလိုက္ရၿပီး ရွက္ကိုးရွက္ကန္းျဖင့္ရယ္က်ဲက်ဲလုပ္ကာ ဆိုလိုက္သည္။

"မဟုတ္တာ မဟုတ္တာပါဗ်ာ၊ ကြၽန္ေတာ့ဆရာေျပာဖူးတယ္။ ကြၽန္ေတာ္တို႔သိုင္းေလာကလူေတြဟာ စာေပအရာမွာ အလြန္အင္မတန္အားနည္းၾကတယ္တဲ့။ ကြၽမ့္ယြမ္အဆင့္ေအာင္ျမင္ဖို႔ဆိုတာ ေမွ်ာ္လင့္ခ်က္မရွိတဲ့ကိစၥပဲ။ နည္းနည္းပါးပါး ေသစာရွင္စာေလာက္ ေရးတတ္ဖတ္တတ္ရင္ပဲရၿပီ။ သိုင္းပညာကိုပဲ ေသေသခ်ာခ်ာအားထုတ္ေလ့က်င့္သင္ယူရင္ရၿပီတဲ့ေလ။ ကြၽန္ေတာ္ဆိုလဲ စာေပပညာနဲ႕ပတ္သက္ရင္ စာအုပ္တစ္အုပ္ႏွစ္အုပ္ေလာက္ပဲဖတ္ဖူးတာဆိုေတာ့ အေပၚယံနည္းနည္းပါးပါး တီးမိေခါက္မိ႐ုံပဲရွိတာပါ"

ဝမ္းခယ့္ရွင္ကေတာ့ ေခ်ာင္ေဝ့နင္၏ 'အေပၚယံနည္းနည္းပါးပါးေလာက္သာ တီးမိေခါက္မိသည္' ဆိုသည့္ အရည္အခ်င္းသည္ပင္ တကယ့္ကိုအံ့မခန္းပါလားဟု ခံစားလိုက္ရေလသည္။

ထို႔ေနာက္တြင္မူ သူတို႔ႏွစ္ေယာက္ က်န္းခ်န္လင္ကိုျပန္ပို႔ေပးလိုက္ၾကသည္။ ေက်ာက္က်င့္ခမ်ာ အ႐ူးတစ္ပိုင္းျဖစ္လုနီးပါး သူ႕ကိုဆြဲေခၚကာ ျဖစ္သမွ်အေၾကာင္းစုံကို ဟိုေမးသည္ျမန္းလုပ္ေလေတာ့သည္။ ဝမ္းခယ့္ရွင္က သူတို႔ကိုေဘးမွရပ္ၾကည့္ေနရင္း ေက်ာက္က်င့္ဟူသည့္ အႏွီလူအိုႀကီးသည္ကား အလြန္အင္မတန္ဉာဏ္နီဉာဏ္နက္မ်ားသူတစ္ဦးျဖစ္ေသာ္ျငား မိတ္ေဆြ၏သားျဖစ္သူအေပၚမွာေတာ့ မ်က္ႏွာလႊဲခဲပစ္မလုပ္နိုင္ေၾကာင္း ခံစားလိုက္ရသည္။ သူ တိတ္တဆိတ္ျပန္လွည့္ထြက္လာရန္ျပင္လိုက္စဥ္မွာပင္ အၾကည့္တစ္စုံက သူ႕ကို စူးစူးရဲရဲစိုက္ၾကည့္ေနသလို ခံစားလိုက္ရေလသည္။

ဝမ္းခယ့္ရွင္၏ေျခလွမ္းမ်ားမွာ တုံ႕ခနဲရပ္တန့္သြားသည္။ ထိုလူႏွင့္သူ အၾကည့္ခ်င္းဆုံသြားခ်ိန္ဝယ္ ၎မွာ မ်က္ဝန္းထဲတြင္ မီးဝင္းဝင္းေတာက္ေနလ်က္ သူ႕ထံသို႔မာန္ဖီခုန္အုပ္ေတာ့မည့္ေခြး႐ူးတစ္ေကာင္ပမာ။ ထိုသူ႕ထံသို႔ တရိုတေသသြားေရာက္ဂါရဝျပဳႏႈတ္ဆက္ေနရွာေသာ ေခ်ာင္ေဝ့နင္ကိုၾကည့္ကာ ထိုသူသည္ကား နာမည္ဆိုးျဖင့္ေက်ာ္ၾကားေသာ ေခ်ာင္ေဝ့နင္၏ဆရာတူဦးေလးျဖစ္သူ ခ်င္းဖုန္းဂိုဏ္းမွ ေမာ့ဟြိုင္ခုန္းျဖစ္နိုင္ေၾကာင္း ဝမ္းခယ့္ရွင္၏စိတ္ထဲတြင္မွန္းဆမိလိုက္၏။

ေမာ့ဟြိုင္ခုန္းသည္ကား ေခ်ာင္ေဝ့နင္တတြတ္တြတ္ႏွင့္ ေျပာသမွ်အလုံးစုံကိုနားေထာင္ေနရင္း သူၫႊန္ျပလာေသာ ဝမ္းခယ့္ရွင္ရွိရာ​အရပ္မ်က္ႏွာဘက္သို႔လွမ္းၾကည့္လိုက္သည္။ အရင္ဦးစြာ ဤလူကို အနည္းငယ္ျမင္ဖူးေနသလိုခံစားမိေသာ္လည္း သူ၏တည္ၿငိမ္နက္ရွိုင္းေသာမ်က္ဝန္းမ်ားေၾကာင့္ စိတ္ထဲတြင္ မဆိုစေလာက္ထိတ္လန႔္ေခ်ာက္ခ်ားသြားရရွာေတာ့သည္။ သို႔ေသာ္ မည္သို႔ပင္စဥ္းစားပါေစ၊ စဥ္းစားလို႔မထြက္ေပ။

အံ့အားသင့္စြာပင္ ဝမ္းခယ့္ရွင္က ႏႈတ္ခမ္းေထာင့္စြန္းမ်ားကိုေကြးၫြတ္ကာ သူ႕ကိုျပန္လည္ၿပဳံးျပလာသည္ကို အခ်ိန္ကိုက္ျမင္ေတြ႕လိုက္ရေလသည္။ ေခ်ာင္ေဝ့နင္က သူႏွင့္အျခားအမ်ိဳးသားတစ္ေယာက္တို႔ မည္သို႔မည္ပုံနက္နက္ရွိုင္းရွိုင္းေတြ႕ဆုံခ်စ္ကြၽမ္းဝင္ခဲ့ၾကပုံကို ေရပက္မဝင္ေအာင္ ေျပာဆိုေနေလရာ ၎မွာ မေနနိုင္မထိုင္နိုင္ျဖစ္သြားလ်က္ ဟြန႔္ခနဲႏွာမႈတ္လိုက္ၿပီးေသာ္ အႏွီဝမ္းမ်ိဳးရိုးႏွင့္ေကာင္သည္ကား ေခါင္းအစေျခအဆုံးထိ တစ္ေနရာမွေကာင္းကြက္မရွိသူတစ္ေယာက္ပါလားဟု စိတ္ထဲ၌ေတြးလိုက္မိေလသည္။

သူက ေခ်ာင္ေဝ့နင္ဘက္သို႔လွည့္ကာ မာန္မဲႀကိမ္းေမာင္းလိုက္ေတာ့၏။

"မင္း ေျပာလို႔မၿပီးေသးဘူးလား"

ေခ်ာင္ေဝ့နင္ခမ်ာ တစ္ဝက္သို႔ေရာက္ေနေသာ ေျပာလက္စစကားလုံးမ်ားကိုျပန္မ်ိဳခ်ကာ ဆရာျဖစ္သူ၏အမိန႔္အတိုင္း ႏႈတ္ခမ္းႏွစ္လႊာကိုတင္းတင္းေစ့ပိတ္လိုက္ရရွာေတာ့သည္။

ထိုေန႕ညဉ့္အခါသမယတြင္ က်ိဳးက်စ္ရႉးတစ္ေယာက္ ညစာစားေသာက္ၿပီးခ်ိန္၌ စားေသာက္ဆိုင္ဝရန္တာလက္တန္းကိုမွီကာ အသစ္မွာယူထားေသာေသရည္ယမကာမ်ားကို တစ္က်ိဳက္ၿပီးတစ္က်ိဳက္ေမာ့ေသာက္ေနခိုက္ ႐ုတ္တရက္ ဆိုင္ထဲသို႔လူတစ္ဦးဝင္လာကာ ေဘးစားပြဲတြင္ထိုင္ေနေသာလူအခ်ိဳ႕အား ဘာေျပာလိုက္သည္မသိ၊ ထိုလူမ်ားမွာ ခ်က္ခ်င္းဆိုသလိုပင္ ထမင္းဖိုးရွင္းကာ ထထြက္သြားၾကသည္။ က်ိဳးက်စ္ရႉး မ်က္ခုံးပင့္ၾကည့္လိုက္ေသာအခါ လွ်ပ္တစ္ျပက္အတြင္း စားေသာက္ဆိုင္အတြင္းရွိ ဧည့္သည္ေတာ္တစ္ဝက္ေလာက္နီးပါး ၾကက္ေပ်ာက္ငွက္ေပ်ာက္ေပ်ာက္ဆုံးသြားသည္ကို ေတြ႕လိုက္ရသည္။ သူက အနားရွိေတြ႕ရာလူငယ္တစ္ေယာက္ကိုလွမ္းဆြဲကာ ေမးျမန္းလိုက္သည္။

"ဘာေတြျဖစ္ေနတာလဲ"

"ခုနကပဲ သတင္းတစ္ခုပ်ံ့လာတယ္။ ေကာင္းအိမ္ေတာ္ထဲမွာ သရဲေတာင္ၾကားက တေစၦတစ္ေကာင္ကိုဖမ္းမိလို႔ အမ်ားျပည္သူေရွ႕မွာစီရင္ၾကမလို႔တဲ့"

က်ိဳးက်စ္ရႉး ခပ္ေရးေရးမ်က္ေမွာင္ၾကဳတ္လိုက္သည္။

ေကာင္းခ်ဳံက ခ်င္းက်ဴေတာင္တန္းက တေစၦတစ္ေကာင္ကိုဖမ္းမိတယ္ဆိုပါလား

သည္ေန႕သည္အခ်ိန္တြင္ တေစၦမိစာၦမ်ား က်န္းဟူအတြင္းသို႔ ေနာက္တစ္ႀကိမ္ဝင္ေရာက္လာၾကျခင္းအေပၚ သူသံသယမဝင္မိေတာ့ပါေခ်။ သူကိုယ္တိုင္သည္ပင္ သရဲႏွစ္ေကာင္ကိုမ်က္ျမင္ကိုယ္ေတြ႕ ျမင္ေတြ႕ခဲ့ဖူးၿပီျဖစ္သည္။

ဒါေပမဲ့ သရဲေတာင္ၾကားက ဘာသေဘာနဲ႕လုပ္တာလဲ။

တေစၦမိစာၦေတြက ေကာက္က်စ္စဥ္းလဲၿပီး မေကာင္းမႈဒုစရိုက္ေတြက်ဴးလြန္ခဲ့လို႔ လူ႕ေလာကႀကီးထဲမွာ ရပ္တည္ေနထိုင္ဖို႔မျဖစ္နိုင္ေတာ့တဲ့အတြက္ သရဲေတာင္ၾကားထဲမွာ သြားေရာက္ခိုလႈံခဲ့ရတာမဟုတ္လား။ ဒီလိုမ်ိဳး ေနာက္တစ္ႀကိမ္ ေပၚေပၚထင္ထင္ျပန္ထြက္ေပၚလာရဲတယ္ဆိုေတာ့ သူတို႔က အေၾကာက္အလန႔္မရွိေတာ့ဘူးလား။

ဧကႏၲ အဲဒီ 'ေက်ာက္သလင္းျပာ' ဆိုတဲ့ပစၥည္းထဲမွာ ဘယ္လိုေတာင္ႀကီးႀကီးမားမားလွ်ို႔ဝွက္ခ်က္ေတြရွိေနလို႔ သရဲေတာင္ၾကားကအသိုက္တစ္ခုလုံး အျပင္ကိုထြက္လာၾကတာလဲ။ ေကာင္းခ်ဳံလိုလူေတာင္ ဘာတစ္ခြန္းမွမေျပာနိုင္ဘဲ ပါးစပ္ကိုတင္းတင္းေစ့ပိတ္ထားရၿပီး ဒီလိုမ်ိဳးဘာမဟုတ္တဲ့ ကေလးကလားအကြက္ေတြကိုသုံးၿပီး လူေတြကိုအာ႐ုံေျပာင္းသြားေအာင္လုပ္ေနရတာလဲ။

က်ိဳးက်စ္ရႉးသည္ကား အေတြးေရယာဥ္ေၾကာထဲနစ္ေျမာေနရင္းက ေလွကားမွဆင္းလာခ်ိန္တြင္ တစ္စုံတစ္ေယာက္ကိုတန္းတန္းမတ္မတ္ဝင္တိုက္မိသြားေလသည္။ သူက ႏႈတ္မွ ေတာင္းပန္စကားဆိုလိုက္ၿပီး ေခါင္းေမာ့ၾကည့္လိုက္ေသာအခါ တုန့္ခနဲရပ္တန့္သြားရသည္။ ထိုလူသည္ကား သာမန္ေသမ်ိဳးလူသားမ်ား၏ မီးျဖင့္ခ်က္ျပဳတ္စီမံထားေသာ စားေကာင္းေသာက္ဖြယ္မ်ားကိုစားသုံးျခင္းမရွိသူဟူ၍ေျပာဆိုခံရေလ့ရွိေသာ ဆရာေတာ္ကူ၏ေနာက္မ်ိဳးဆက္တပည့္ဆိုသူပင္တည္း။

႐ုတ္တရက္ သူ႕စိတ္ထဲတြင္ အဆီအေငၚမတည့္ေသာအေတြးတစ္ခုထြက္ေပၚလာသည္။

လတ္စသတ္ေတာ့ သူလဲ ထမင္းစားရတာပါပဲလား

ဆရာေတာ္ကူ၏မ်ိဳးဆက္ဆိုသူက 'ကိစၥမရွိပါဘူး' ဟူ၍စကားတစ္ခြန္းဆိုလိုက္ၿပီးေသာ္ သူ၏အဝတ္အစားကို ေသေသသပ္သပ္ျဖစ္ေအာင္ျပဳျပင္ျပင္ဆင္လိုက္ၿပီး သူ႕ကိုၾကည့္ကာ ဦးစြာႏႈတ္ဆက္စကားဆိုလာသည္။

"ခ်င္းဖုန္းဂိုဏ္းက ညီေနာင္ေလးတစ္ေယာက္ေျပာတာၾကားမိတာေတာ့ အေဆြေတာ္က က်န္းမိသားစုက သခင္ေလးကို ထိုက္ဟူဆီ ခရီးလမ္းတစ္ေလွ်ာက္ ေစာင့္ေရွာက္ေခၚေဆာင္လာေပးတဲ့သူဆိုလားပဲ။ ေတြ႕ရတာဝမ္းသာပါတယ္။ ငါ့နာမည္က ယဲ့ပိုင္ရီးပါ"

ထိုသူမွာ လူေပါင္းမ်ားစြာႏွင့္ အာေပါင္အာရင္းသန္သန္စကားေျပာဆိုဆက္ဆံရသည္ကို ႀကိဳက္ႏွစ္သက္ေလ့ရွိေသာ ေကာင္းခ်ဳံ၏ပုံစံႏွင့္ လုံးဝကိုမတူလွပါေခ်။ ကိုယ္ႏွင့္မဆိုင္သည့္ကိစၥမ်ားတြင္ ဝင္ေရာက္ေျပာဆိုေလ့မရွိသည့္ပုံစံမ်ိဳးျဖစ္ၿပီး လုံးလုံးလ်ားလ်ားကို ဤကမာၻေလာကႀကီးအတြင္း၌ တည္ရွိမေနသူတစ္ဦးကဲ့သို႔ခံစားရေစသည္။ ဘာရယ္ေၾကာင့္မွန္းမသိဘဲ လူတစ္ကိုယ္လုံးမွာ အနည္းငယ္ထူးျခားစြာပင္ လိုအင္ဆႏၵကင္းမဲ့သည့္ခံစားခ်က္တို႔ထိုးေဖာက္ထြက္ေပၚေနသည္။

က်ိဳးက်စ္ရႉးခမ်ာ ေၾကာင္အမ္းအမ္းျဖစ္သြားရွာသည္။ ဤလူက မိမိအား အဘယ့္ေၾကာင့္ ႐ုတ္တရက္ႀကီး အာလာပသလႅာပစကားဆိုေနရသလဲဆိုသည္ကိုမသိေသာ္ျငား ထိုကဲ့သို႔အေျခအေနမ်ားကို က်င့္သားရေနၿပီျဖစ္သည့္အေလ်ာက္ အလိုက္အထိုက္ပင္ ေထြရာေလးပါးတုံ႕ျပန္ႏႈတ္ဆက္စကားဆိုလိုက္သည္။

သို႔ေသာ္ ယဲ့ပိုင္ရီးက သူ႕ကိုအေရးမလုပ္ဘဲ ခံစားခ်က္ကင္းမဲ့ေနေသာမ်က္ႏွာထားျဖင့္ သူ႕ကိုတခဏမွ်အကဲခတ္ၾကည့္ရႈလိုက္ၿပီးေသာ္ ေနာက္ထပ္စကားတစ္ခြန္းဆိုလာသည္။

"ငါၾကည့္ရသေလာက္ မင္းရဲ႕အသက္ရႉႏႈန္းကေႏွးေကြးေနၿပီး လႈပ္ရွားမႈကေလးလံေနတယ္။ ေရာဂါက ခႏၶာကိုယ္ရဲ႕အေရးႀကီးအစိတ္အပိုင္းေတြကို ထိခိုက္သြားတဲ့ပုံပဲ။ မၾကာခင္ပဲေသပန္းပြင့္ေတာ့မဲ့လူတစ္ေယာက္က ဘာေၾကာင့္မ်ား ဒီလိုမ်ိဳးတက္ႂကြလန္းဆန္းေနတာလဲ။ တကယ့္ကို သိပ္ကိုထူးျခားဆန္းၾကယ္လွတာပဲ"

က်ိဳးက်စ္ရႉးတစ္ေယာက္ ပါးစပ္အေဟာင္းသားျဖစ္သြားရွာေတာ့သည္။ အႏွီညီေနာင္သည္ကား သူ၏ဆရာျဖစ္သူႏွင့္အတူ မေသမ်ိဳးလမ္းစဥ္မ်ားကိုက်င့္ႀကံအားထုတ္ရင္း ခ်န္မင္ေတာင္ေပၚတြင္ေနထိုင္ခဲ့သည့္အခ်ိန္ကာလမွာ အလြန္တရာၾကာေညာင္းသြားၿပီျဖစ္သည့္အတြက္ လူစကားမေျပာတတ္ျခင္းျဖစ္လိမ့္မည္ဟုသာေတြးလိုက္မိေလေတာ့သည္။

ယဲ့ပိုင္ရီးက စဥ္းစားေတြးဆလိုက္ၿပီးေသာ္ ထပ္မံ၍ေမးျမန္းလိုက္ျပန္သည္။

"မင္းမွာ အခ်ိန္ဘယ္ေလာက္က်န္ေသးလဲ။ သုံးႏွစ္လား ႏွစ္ႏွစ္လား"

ဤအေၾကာင္းအရာႏွင့္ပတ္သက္၍ က်ိဳးက်စ္ရႉးမွာ ေခါင္းညိတ္ရန္လည္းမတတ္သာ၊ ေခါင္းခါရန္လည္းမျဖစ္နိုင္သည့္အတြက္ မခ်ိတင္ကဲတစ္ခ်က္မွ်ၿပဳံးျပကာ ဆိုလိုက္၏။

"ေနာင္ေတာ္ယဲ့က တကယ့္ကို မ်က္စိလ်င္တဲ့သူပဲဗ်ာ....တကယ္ပဲ....."

ယဲ့ပိုင္ရီးသည္ကား သူ၏နားထဲ၌ ေရစစ္ဇကာတစ္ခုတပ္ဆင္ထားသည့္ႏွယ္။ သူနားမေထာင္ခ်င္သည့္အပိုစကားမ်ားကို တိုက္ရိုက္စစ္ထုတ္ဖယ္ရွားလိုက္ၿပီး က်ိဳးက်စ္ရႉး၏စကားဆုံးသည္ကိုပင္မေစာင့္ဘဲ တစ္ကိုယ္တည္းေျပာဆိုလိုက္ျပန္သည္။

"နတ္ျဗဟၼာေတြဟာ နတ္သက္ေႂကြခါနီးရင္ *ပ်က္စီးျခင္းနိမိတ္ႀကီးငါးပါးကိုျပသေလ့ရွိၾကတယ္။ စကားလုံးေတြနဲ႕ေဖာ္ျပလို႔မရနိုင္တဲ့ နာက်င္မႈေဝဒနာေတြကို မခ်ိမဆန့္အလူးအလဲခံစားရတတ္ေလ့ရွိတယ္။ ဒါေပမဲ့ မင္းကေတာ့ အခုထိခုန္လိုက္ေပါက္လိုက္၊ စားလိုက္ေသာက္လိုက္၊ ေပ်ာ္လိုက္ပါးလိုက္လုပ္ေနနိုင္တုန္းပဲ။ တကယ့္ကို ေနာက္မ်ိဳးဆက္သစ္ေတြက ေရွ႕မ်ိဳးဆက္ေဟာင္းေတြထက္ ပိုၿပီးလက္စြမ္းထက္ၾကတာပဲ။ အလယ္ပိုင္းေျမျပန႔္သိုင္းေလာကတစ္ခြင္မွာ ဒီေလာက္မ်ားတဲ့လူရည္ခြၽန္ေတြ ဘယ္အခ်ိန္တုန္းက ထြက္ေပၚလာတာလဲ"

(T/N- *ပ်က္စီးျခင္းနိမိတ္ႀကီးငါးပါး--နတ္ဘုရားမ်ားမွာ နတ္သက္ေႂကြခါနီးအခ်ိန္သို႔ေရာက္လာလွ်င္ လကၡဏာရပ္ငါးမ်ိဳးကိုျပသေလ့ရွိသည္။ (၁) နတ္ဝတ္နတ္စားမ်ား ညစ္ေပစြန္းထင္းလာျခင္း (၂) ဦးေခါင္းထက္တြင္ဆင္ျမန္းထားေသာပန္းမကိုဋ္မ်ား ညွိုးေလ်ာ္ႏြမ္းေျခာက္လာျခင္း (၃) ခႏၶာကိုယ္ညစ္ေပကာ အနံ႕ဆိုးမ်ားထြက္ေပၚလာျခင္း (၄) ခ်ိဳင္းေအာက္မွ ေခြၽးမ်ားထြက္လာျခင္းႏွင့္ (၅) မည္သည့္ေနရာတြင္ေနထိုင္ရေစကာမူ မေပ်ာ္မ႐ႊင္ျဖစ္လာျခင္းတို႔ျဖစ္သည္။)

သူက ေျပာရင္းဆိုရင္းပင္ ခ်ာခနဲလွည့္ထြက္သြားေတာ့သည္။ က်ိဳးက်စ္ရႉးကိုလည္း အေရးမလုပ္ေတာ့ပါေခ်။

ခပ္လွမ္းလွမ္းေရာက္ေသာအခါမွသာ တစ္စုံတစ္ခုကိုသတိရသြားဟန္ျဖင့္ ေနာက္လွည့္ၾကည့္ကာ က်ိဳးက်စ္ရႉးကိုလွမ္းေျပာလိုက္သည္။

"မင္း တကယ္လို႔အခ်ိန္ရရင္ ငါ့ကို အရက္တစ္အိုးေလာက္ေတာ့
ဧည့္ခံမယ္မလား"

သူ႕ကို ေသရည္အရက္ျဖင့္တည္ခင္းဧည့္ခံရမည့္ကိစၥမွာ တစ္ဖက္လူအဖို႔ အႀကီးမားဆုံးဂုဏ္ယူဝမ္းေျမာက္ဖြယ္ရာကိစၥရပ္ႀကီးတစ္ခုပမာ၊ က်ိဳးက်စ္ရႉးသည္ကား မည္သည့္စကားမွ်မဆိုဘဲ ႏႈတ္ဆိတ္လ်က္သာေနလိုက္ေလသည္။

ထို႔ေနာက္တြင္မူ ပါးစပ္ရာဇဝင္မ်ားထဲမွ 'တေစၦမိစာၦ' ဆိုသူကိုၾကည့္ရႈရန္အလို႔ငွာ လူအုပ္ႀကီးေနာက္သို႔လိုက္သြားရင္း ေကာင္းစံအိမ္ေတာ္သို႔ေရာက္ရွိသြားေလသည္။ တကယ္တမ္းတြင္မူ ဘာမွထူးထူးျခားျခားမေတြ႕ရပါေခ်။ သရဲသဘက္တစ္ေကာင္ႏွင့္အလားသဏၭာန္တူေသာ ႐ုပ္ဆင္းအဂၤါဆိုးဝါးသည့္ သက္လတ္ပိုင္းအ႐ြယ္လူႀကီးတစ္ေယာက္အား လက္ေနာက္ျပန္ႀကိဳးတုပ္ထားၿပီး လူအမ်ားေရွ႕၌ျပသထားသည္ကိုသာလွ်င္ေတြ႕လိုက္ရ၏။ အက်ဥ္းသားတစ္ေယာက္အား လမ္းတကာအရပ္တကာသို႔ လွည့္လည္ျပသေနသည့္ခံစားခ်က္မ်ိဳးပင္ျဖစ္သည္။ သူ၏ခႏၶာကိုယ္အေပၚပိုင္းမွာ အဝတ္အစားမ်ားကင္းမဲ့ကာ ကိုယ္လုံးတီးျဖစ္ေနလ်က္ ခါးေပၚတြင္ေၾကာက္မက္ဖြယ္ေကာင္းလွေသာ တေစၦမ်က္ႏွာပုံတစ္ခုကို လူအမ်ားျမင္ေတြ႕ေစရန္အလို႔ငွာ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ လွစ္ဟထုတ္ေဖာ္ျပသထား၏။ ထိုသူမွာ ပစၥည္းမစစ္မွန္လွ်င္ ပိုက္ဆံျပန္အမ္းမည္ဟုအာမခံထားေသာ ပစၥည္းစစ္ပစၥည္းမွန္ျဖစ္ေၾကာင္းၫႊန္ျပ​ေနသည့္အလား။

က်ိဳးက်စ္ရႉးတစ္ေယာက္ ထိုလူကိုမ်က္ႏွာမူထားလ်က္ အေတြးထဲနစ္ေျမာေနစဥ္မွာပင္ ႐ုတ္တရက္ သူ႕ပုခုံးေပၚသို႔ လက္တစ္ဖက္ခ်ိတ္တြယ္သိုင္းဖက္လာသည္ကိုခံစားလိုက္ရသည္။ မည္သည့္ေနရာမွေပၚထြက္လာမွန္းမသိေသာ ဝမ္းခယ့္ရွင္က သြားမ်ားကိုၿဖဲကာ မ်က္ႏွာခ်ိဳေသြးလ်က္ ခပ္ၿပဳံးၿပဳံးေျပာလာသည္။

"ခင္ဗ်ားကို တစ္ေန႕လုံးလိုက္ရွာေနတာ။ ဘယ္ေတြသြားေနတာလဲ"

က်ိဳးက်စ္ရႉးက သူ႕ကိုလ်စ္လ်ဴရႈဥေပကၡာျပဳလိုက္ၿပီး ထိုႀကိဳးတုပ္ခံထားရေသာလူကို လက္ညွိုးထိုးျပရင္း ေမးျမန္းလိုက္၏။

"မင္းေျပာၾကည့္၊ အဲဒီလူက အစစ္လား အတုလား"

"ဟင္"

ဝမ္းခယ့္ရွင္က သူၫႊန္ျပရာသို႔ဖ်တ္ခနဲလွမ္းၾကည့္ကာ အလြန္တရာသေဘာမတူသည့္ဟန္ျဖင့္ေျဖၾကားလိုက္သည္။

"ခါးေပၚမွာ တေစၦမ်က္ႏွာပုံေဆးမင္ေၾကာင္ထိုးထားတဲ့သူေတြဟာ အဲဒီေဆးမင္ေၾကာင္ထိုးလိုက္တဲ့အခ်ိန္ကစၿပီး ေန႕ခင္းေၾကာင္ေတာင္အခ်ိန္မ်ိဳးမွာ လူျမင္ကြင္းေရွ႕ကိုထြက္လာလို႔မရဘူးေတာ့ေလ။
ဘယ္သူက တိက်ခိဳင္မာတဲ့အေၾကာင္းရင္းမရွိဘဲ ကိုယ့္ေနာက္ေက်ာမွာ ေဆးမင္ေၾကာင္ထိုးၿပီးအျပင္ထြက္လာမွာတဲ့လဲ။ ဒါေပမဲ့ ဒီကံဆိုးမိုးေမွာင္က်သြားရွာတဲ့လူဟာ တစ္ေယာက္ေယာက္ကိုအျပစ္ျပဳေစာ္ကားမိလို႔ အကြက္ဆင္ေခ်ာက္တြန္းခံရၿပီး အခုလိုလူအမ်ားေရွ႕မွာ ျပသခံထားရတာလဲျဖစ္နိုင္တယ္"

သူက အမႈမဲ့အမွတ္မဲ့ေျပာလိုက္ျခင္းသာျဖစ္သည့္တိုင္ က်ိဳးက်စ္ရႉးသည္ကား ကံေကာင္းတိုက္ဆိုင္စြာျဖင့္ အခ်ိဳ႕ေသာကိစၥရပ္မ်ားကိုသိရွိသြားေလသည္။ ဥပမာအားျဖင့္ အဆိုပါတေစၦမ်က္ႏွာပုံေဆးမင္ေၾကာင္ထိုးသည့္ေနရာ၌ အသုံးျပဳသည့္ဆိုးေဆးတစ္မ်ိဳးမွာ 'မရဏျမက္ပင္' ဟုေခၚဆိုသည့္ အပင္၏သစ္႐ြက္မ်ားကို ထုေထာင္းႀကိတ္ေခ်ရာမွရရွိျခင္းျဖစ္သည္။ ထိုအပင္မွာ သရဲေတာင္ၾကားအတြင္း၌သာရွိေလသည္။

ဥပမာအားျဖင့္ သရဲေတာင္ၾကားသို႔ဝင္ေရာက္သြားၾကသူတိုင္းသည္လည္း တေစၦသရဲတစ္ေကာင္အျဖစ္ေျပာင္းလဲသြားကာ အသက္ရွင္သန္နိုင္စြမ္းရွိၾကမည္မဟုတ္ပါေခ်။ ေသလြန္သြားေသာ ဝိညာဥ္တိုင္းသည္ကား ေနာက္တစ္ႀကိမ္လူျပန္ဝင္စားျခင္း သို႔မဟုတ္ တေစၦသရဲမ်ားအျဖစ္ေျပာင္းလဲသြားျခင္းမ်ိဳးကဲ့သို႔မဟုတ္ပါဘဲ ကမာၻေလာကႀကီးအတြင္းမွ အစအနမက်န္ေအာင္ ေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားရတာလည္းျဖစ္နိုင္ေပသည္။ ထိုေနရာသည္ကား လူမွလူကိုစားေသာ၊ သရဲမွသရဲကိုစားေသာ အလြန႔္အလြန္ရက္စက္ၾကမ္းၾကဳတ္ဆိုးဝါးသည့္ေနရာတစ္ခုပင္ျဖစ္သည္။ အင္အားနည္းသူက အင္အားႀကီးသူ၏သားေကာင္ျဖစ္ရမည္ဟူေသာ ဥပေဒသကိုသာ လက္ကိုင္ထားသည့္ေနရာျဖစ္သည္။ ထိုေနရာသို႔ဝင္ေရာက္သြားၿပီဆိုတာႏွင့္ ရွိသမွ်လူအားလုံးကို သတိထားေစာင့္ၾကည့္ေနရမည္ျဖစ္သလို အားလုံးအေပၚတြင္နိုင့္လိုမင္းထက္ျပဳမူနိုင္ပါမွသာလွ်င္ အသက္ရွင္သန္နိုင္မည့္အရည္အခ်င္းမ်ားရွိလာၿပီး အႏွီေဆးမင္ေၾကာင္ကိုရရွိမည္ျဖစ္သည္။

က်ိဳးက်စ္ရႉးက အႏွီေဆးမင္ေၾကာင္ထိုးထားသူကို ေတြးေတြးဆဆျဖင့္ စူးစိုက္ၾကည့္ရႈလိုက္သည္။ ထိုအခ်ိန္၌ လူအုပ္ႀကီးမွာ ေသြးပြက္ပြက္ဆူလာၿပီး ဟြရွန္းဂိုဏ္းသားတစ္ဦးက မတ္တပ္ထရပ္လာကာ ထိုသူကို အရွင္လတ္လတ္မီးရွို႔သတ္ရန္ေတာင္းဆိုလိုက္သည္။

သူ ႐ုတ္ခ်ည္းပင္ ေနာက္လွည့္ေက်ာခိုင္းကာ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ လူအုပ္ႀကီးအတြင္းမွ အျပင္ဘက္သို႔ထြက္ခြာသြားေလေတာ့သည္။

Continue Reading

You'll Also Like

105K 9.1K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
967K 183K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
555K 62.6K 64
Zawgyiသမားေတြအတြက္ေအာက္ဆြဲခ်ၿပီးဖတ္ၾကည့္ပါေနာ္ ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to o...
158K 14K 22
!!Host...တျခားဘဝကုိသြားဖုိ႔အဆင္သင့္ဘဲလာ!! . . . .!!!FUCK!!!ခ်ီးမုိ႔လုိ႔ !!!Hostစိတ္ထိန္းသင္တယ္ တာဝန္ေတြထမ္းေဆာင္ပီးမွ hostဘဝကုိျပန္သြားလုိ႔ရမွာ.... ~...