တိမ်တိုက်၌ဖြစ်တည်သော

By Aelennar

1.4M 115K 5.7K

​​လောကရဲ့နိယာမ ဘယ်အရာမှမတည်မြဲခဲ့​ပေမဲ့...... More

Intro
Story
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
အပိုင္း(၂၃)
အပိုင္း(၂၄)
အပိုင္း(၂၅)
အပိုင္း(၂၆)
အပိုင္း(၂၇)
အပိုင္း(၂၈)
အပိုင္း(၂၉)
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း(၃၂)
အပိုင္း(၃၃)
အပိုင္း(၃၄)
အပိုင္း(၃၅)
အပိုင္း(၃၆)
အပိုင္း(၃၇)
အပိုင္း(၃၈)
အပိုင္း(၃၉)
အပိုင္း(၄၀)
အပိုင္း(၄၁)
အပိုင္း(၄၂)
အပိုင္း(၄၃)
အပိုင္း(၄၄)
အပိုင္း(၄၅)
အပိုင္း(၄၆)
အပိုင္း(၄၇)
အပိုင္း(၄၈)
အပိုင္း(၄၉)
(ဇာတ္သိမ္းပိုင္း)
တိမ္တိုက္၌ျဖစ္တည္ေသာ
Extra-1
Extra-3
Extra-4
Extra-5

Extra-2

26.1K 1.8K 24
By Aelennar

"ဒီမွာဘာေတြလုပ္ေနတာလဲ"

ေမာ့ျကည့္လာတဲ႕မ်က္ဝန္းေတြက လူကပါ
ခပ္ယဲ႕ယဲ႕။တစ္မနက္လံုး မ်က္စိေရွ႕မွာတင္
ရွိေနရင္းက ရုတ္တစ္ရက္ခ်က္ခ်င္းျကီး
ဘယ္ကိုေပ်ာက္လို႕ေပ်ာက္သြားမွန္းမသိ
လို႕လိုက္ရွာေနတာ။ဒီေကာင္ေလးက
ေဆးရံုမသြားခ်င္လို႕ဒီမွာလာပုန္းေနတယ္။
သြားခါနီးမေတြ႕လို႕ နမယ္တစ္သြင္သြင္ေခၚျပီး
လိုက္ရွာေနတာကိုဘာအသံမွျပန္မေပး
အိပ္ခန္းထဲဝင္ျကည့္ေပမဲ႕ေရခ်ိဳးခန္းမွာ
ဘာအသံမွမျကားေတာ့ ရွိေနတယ္ဘယ္ထင္
မလဲ။ကိုယ့္မာေတာ့ တစ္အိမ္လံုးပတ္ရွာတာ
မေတြ႕လို႕ ေအာက္ဆင္းသြားလားဆိုျပီး
လိုက္ျကည့္ဖို႕လုပ္ေနတာ မထင္ထားတဲ႕
ေနရာမွာလာေနေနတယ္။

"ဘာလုပ္ေနတာလဲလို႕ ေဆးရံုသြားရေတာ့
မယ္ေလ"

"ငါမသြားခ်င္ဘူး"

အသံတိုးတိုးက ေခါင္းျပန္ငံု႕ျပီးေလ်ွာ္လက္စ
ကိုယ့္အက်ီ ၤကိုလက္နဲ႕ဖိေခ်ေနတယ္။
ေဆးရံုသြားရမဲ႕ ဟာကိုေရခ်ိဳးခန္းထဲမွာ
ပုန္းျပီးတိတ္တိတ္ေလး အဝတ္ထိုင္ေလ်ွာ္
ေနတာ။ဘယ္လိုေျပာေျပာမရဘူး ကိုယ့္
အက်ီ ၤေတြဆိုရင္သက္သက္ခြဲျပီးသူကိုယ္တိုင္
လက္နဲ႕ေသခ်ာတိုက္ဖြတ္ေလ်ွာ္ျပီးမီးပူတိုက္
ရမွ။ကိုယ့္ဘာသာလုပ္မယ္ဆိုလည္းမရဘူး။

"အခုထေတာ့ ေရေတြစိုေနျပီငါဆက္လုပ္
လိုက္မယ္"

"မထိနဲ႕"

"ထက္ျမတ္"

"ငါမသြားခ်င္ပါဘူးဆို ဘာလို႕အတင္းပို႕ေန
တာလဲ ေနလဲေကာင္းေနတာပဲေလ ဘာမွ
မျဖစ္ေတာ့တဲ႕ဟာ အဲ႕ဒီေဆးရံုကအျမဲတမ္း
မျဖစ္မေနသြားေနရမွာလား"

ကိုယ့္ကိုေမာ့ျကည့္ျပီး မနားတမ္းေအာ္ဟစ္
ေနျပီးမွမ်က္နွာမေကာင္းေတာ့ပဲေခါင္းျပန္ငံု႕
သြားသည္။မသြားခ်င္တာသိတယ္ သိတာေပါ့
ကိုယ့္မွာလဲသူမသြားခ်င္တဲ႕ေနရာကိုအျမဲတမ္း
ဘယ္ပို႕ခ်င္ပါ့မလဲ။

"ကိုယ္ေတြလက္ေတြေအးေနျပီ ထေတာ့ေနာ္
အက်ီ ၤအရင္သြားလဲထား အခ်ိန္မရွိေတာ့ဘူး။
အဝတ္ေတြေရေဆးဖို႕ပဲ က်န္တာမလား
ငါဆက္လုပ္လိုက္မယ္ အခုထြက္ေတာ့"

မထလို႕လဲမရေတာ့။ေအာ္မိျပီးမွ ကိုယ့္ထက္ပို
မ်က္နွာမေကာင္းျဖစ္သြားတဲ႕သူ႕ေရွ႕ဆက္
မေနရဲေတာ့ပဲေရခ်ိဳးခန္းထဲကထြက္လာခဲ႕ရ
သည္။

ပိတ္သြားတဲ႕ေရခ်ိဳးခန္းတံခါးကိုျပန္ျကည့္ရင္း
အခန္းထဲ ေျခလွမ္းေတြတစ္လွမ္းခ်င္းလွမ္း
ရင္းလူကဘာမွမလုပ္ခ်င္ေတာ့သလိုပင္။
ဒီေန႕လဲျပႆနာရွာမိျပန္ျပီ။ကိုယ့္အတြက္ပဲ
သူေျပာေနတယ္ဆိုတာသိသိရင္းနဲ႕ သူ႕ကိုပဲ
ဆိုးခ်င္ေနတဲ႕စိတ္ကျပန္ေျပာမိသလိုျဖစ္သြား
တယ္။

သက္ျပင္းေတြခ်ျပီး မႈိင္မေနေတာ့ပဲသူ႕စကား
နားေထာင္တဲ႕အေနနဲ႕ ေဆးရံုသြားဖို႕အက်ီ ၤ
လဲျပီး ဘယ္မွေလ်ွာက္မပုန္းေနေတာ့ပဲ
ကုတင္ေပၚမွာသူ႕ကိုထိုင္ေစာင့္ေနလိုက္သည္။
မသြားခ်င္ေပမဲ႕လည္း ဘဝေပးကံအရသြားရ
အံုးမွာပါပဲ။ေက်ာပိုးအိတ္ထဲေဆးစာအုပ္ေတြ
လိုအပ္တာေတြထည့္ရင္း ကုတင္ေဘးက
ဘီရိုအံဆြဲထဲမွာဖြက္ထားသည့္ ဘူးေလးကို
သတိတရျပန္ထုတ္ျကည့္မိသည္။

စိတ္မေကာင္းျဖစ္ေနတာေတြပါေမ့သြားျပီး
နႈတ္ခမ္းေတြ ကအျပံဳးေတြျဖစ္တည္လာရ၏။
သူနွင့္အတူဝတ္ခ်င္တယ္လို႕ရည္ရြယ္ထားတဲ႕
လက္စြပ္ ဆင္တူလက္စြပ္ေလးနွစ္ကြင္း
ပါ။ဒါေပမဲ႕အခုထိေတာ့အခ်ိန္အေတာ္ျကာ
ပိုင္ရွင္မဲ႕ေနသည္။ဒီကိုေရာက္လာထဲက
သူမသိေအာင္ တစ္ေယာက္ထဲတိတ္တိတ္
ေလးသြားလုပ္ထားျပီး သူ႕ကိုေပးမယ္လုပ္တုိင္း
ဘယ္လိုစကားစရမယ္မွန္းမသိ ရွက္ေနတာ
ေရာ ေျကာက္ေနတာေရာေပါင္းျပီးအခုထိ
အေကာင္အထည္မေဖာ္နိုင္ပါေသးပါ။
သူဝတ္ခ်င္ပါ့မလား။

ဘူးထဲကလက္စြပ္ေလးေတြကို တစ္ဖြဖြ
ကိုင္ျကည့္ေနတုန္း ေရခ်ိဳးခန္းထဲကေနသူ
ထြက္လာေတာ့ အလ်င္ျမန္ပင္ထရပ္ျပီး
လက္နွစ္ဖက္ကိုအေနာက္ပစ္ကာ ဖြက္လိုက္
မိသည္။

"ဘာလုပ္ေနတာလဲ အက်ီ ၤလဲျပီးျပီလား
ကားပိတ္တာနဲ႕အခုခ်ိန္ေလာက္သြားမွ
အဆင္ေျပမယ္ မသြားခ်င္လို႕မရဘူးေနာ္
ထက္ျမတ္"

"ငါ ငါသိပါတယ္ဆို"

လက္ကိုအေနာက္ပစ္ျပီး မ်က္လံုးေတြက
ဟိုမျငိမ္ဒီမျငိမ္ျဖစ္ေနတာကိုထိန္းမရ ဒီအတိုင္း
ရပ္ေနမိေတာ့ သူကဘာမဟုတ္တာေတြလုပ္
ထားျပန္ျပီလဲ မသကၤာသလိုျကည့္ေနျပီး
အနားကိုတစ္ျဖည္းျဖည္းေလ်ွာက္လာေလ
ရင္ေတြအဆမတန္တုန္ျပီးဘာလုပ္ရမွန္း
မသိေတာ့ပါ။

"အေနာက္ကဘာလဲ"

သူစိုက္ျကည့္ေနေတာ့ရင္ထဲထိတ္ခနဲပင္။

"ဟို ဟိုဟာ"

သူ႕နဲ႕အျကည့္ခ်င္းဆံုေနရင္း ဘာဆက္ေျပာရ
မည္မသိေတာ့ပဲ တစ္ေယာက္ထဲမျငိမ္မသက္
ျဖစ္ေနေတာ့ ထူးဆန္းေနသလိုျကည့္ေနေတာ့
သည္။

"ဘာ ဘာမွမဟုတ္ဘူး"

မ်က္နွာလႊဲျပီး ကိုယ့္နႈတ္ခမ္းကိုယ္ဖိကိုက္
ရသည္။သူ႕ကိုဘာပဲျဖစ္ျဖစ္ေျပာရဲခဲ႕ေသာ္
လည္း အခုက် တစ္ကယ္အေရးျကီးတဲ႕
အခ်ိန္က်ဘာလို႕ရွက္ေနရသလဲေလ။

ေခါင္းငံု႕ကာ သူ႕ကိုရင္မဆိုင္ရဲေတာ့ပဲဖြက္ထားတဲ႕လက္ထဲကဘူးေလးကိုသာပို၍ တင္းတင္း
ျကပ္ျကပ္ဆုပ္ကိုင္လိုက္ရသည္။

"ေဆးရံုသြားရေတာ့မယ္မလား။အိမ္ေရွ႕မွာ
သြားေစာင့္ေန ငါအခုထြက္လာခဲ႕မယ္
ယူစရာရွိေသးလို႕"

ဒီအတိုင္းသူရပ္ေနေသးသည္ကို ေဆးရံုသြား
မယ္လို႕ေျပာျပီး အတင္းထြက္ခိုင္းမွ
ေနာက္လွည့္ျကည့္နဲ႕ အခန္းျပင္ထြက္သြား
သည္။အတင္းမေမးလို႕သာေတာ္ေသးတယ္။
အခုမွရင္ေတြတုန္ေနရာကေန အသက္ကို
ရဲရဲရႈရဲျပီး ဖြက္ထားတဲ႕လက္နွစ္ဖက္ကို
အေရွ႕ထုတ္ရသည္။

လက္စြပ္ေလးေတြကိုအျမတ္တစ္နိုးျပန္ျကည့္
ရင္း သူ႕ေနရာျဖစ္သည့္အံဆြဲထဲျပန္ထည့္
သိမ္းလိုက္ေတာ့ စိတ္ကမေကာင္းေတာ့ပါ။

မင္္းတို႕ပိုင္ရွင္က သတိၱမရွိေသးလို႕
ခဏေစာင့္ေနေပးပါေနာ္။
________________

ကားေမာင္းေနရင္း ေဘးကလူသားေလးကို
လည္းတစ္ခ်က္တစ္ခ်က္လွည့္ျကည္႕ရသည္။
ဒူးနွစ္ဖက္ကိုပိုက္ ေမးတင္ျပီးကားမွန္အျပင္
ဘက္ကိုသာေငးျကည့္ျပီးေတာ့ပဲ တိတ္
တဆိတ္ပါလာတာ။

ေဆးရံုေဆးခန္းကျပန္လာရင္အဲ႕လိုပဲ။
ဘယ္သြားခ်င္လဲေမးတာေတာင္ အရင္တုန္း
ကလိုမိုးခ်ဳပ္တဲ႕အထိ သူသြားခ်င္တဲ႕ေနရာေတြ
ကိုလိုက္မပို႕ခိုင္းပဲမႈိင္ေနျပီးအိမ္ပဲျပန္ခ်င္
တယ္တဲ႕ေလ။

ကားတံခါးဖြင့္ေပးျပီးသည့္တိုင္ မဆင္းလာေသး
အထဲကေန ကိုယ့္ကိုသာျကည့္လို႕ေနသည္။
သူ႕ေက်ာပိုးအိတ္ ကိုဆြဲယူေပးျပီး
လက္တစ္ဖက္ကိုကိုင္ေတာ့အသာရုန္းသည္။

"မတြဲနဲ႕ ငါ့ဘာသာေလ်ွာက္နိုင္တယ္"

ေျမညီထပ္ကားပါကင္မွာလူေတြမရွိ ဘယ္သူမွ
လည္းကိုယ္ေတြကို အထူးတလည္လိုက္
မျကည့္ေနသည့္တိုင္ေအာင္ ဒီေကာင္ေလးက
အျကည့္ေတြကိုစိုးရိမ္ေနဟန္တူပါသည္။
အိမ္ထဲမွာ လူေတြမျမင္ရတဲ႕အခ်ိန္မွာသာ
သူခ်ြဲခ်င္ရင္ခ်ြဲမယ္ ဆိုးခ်င္ရင္ဆိုးမယ္
အျပင္မွာေတာ့ထိန္းသိမ္းတတ္လာသည္။
အဲ႕ေလာက္ထိမလိုပါဘူးေျပာတာေတာင္မရ
ကိုယ္ကအလုပ္သြားေနရတဲ႕သူဆိုေတာ့
အျမင္ေတြကိုစိတ္ပူလို႕ပါတဲ႕ေလ။

အေရွ႕ကေန မေစာင့္ပဲျဖည္းျဖည္းခ်င္းသြားေန
သည္မွာေျခလွမ္းေတြကအားမပါ။
သူ႕ေက်ာပိုးအိတ္ေသးေသးေလးကို
ကိုင္ေပးျပီး အေနာက္ကလိုက္ရင္းပုခံုးကေန
ထိန္းကိုင္ေပးလိုက္ေတာ့ ေမာ့ျကည့္လာျပီး
အားမရွိေနတာေတာင္ မသိမသာရုန္းေနသည္။
ဆိုးခ်င္ေနတာ။

"ဟိုမွာေကာင္မေလးေတြေနာ္"

ဓာတ္ေလွကားထဲကေနထြက္လာသည္႕
ေကာင္မေလးေတြကို မ်က္စပစ္ျပေတာ့
ရုန္းေနရာကေန ခ်က္ခ်င္းရင္ခြင္ထဲကိုတိုးဝင္
လာျပီးမလႊတ္စတမ္း တြယ္ဖက္လာသည္မွာ
အင့္ကနဲ။မရယ္ရက္ပါ။

ထိန္းထိန္းသိမ္းသိမ္းေနတတ္ေအာင္ ျကိဳးစား
ေနသည့္ေကာင္ေလးက ဒီလိုမ်ိဳးလဲစိတ္
အေျပာင္းအလဲျမန္တတ္ပါသည္။ရင္ခြင္ထဲက
ကိုယ္ေလးကိုငံု႕ျကည့္ရင္း ကိုယ့္ကိုဒီေလာက္
ထိ သံေယာဇဥ္တြယ္တာပါလား ဆိုသည့္
စိတ္ေလးကို တစ္ျဖည္းျဖည္းနားလည္
လာရင္းသနားရသည္။အားနည္းေနတဲ႕
ကိုယ္ေသးေသးေလးကို ထိန္းကိုင္ရင္း
ေလ်ွာက္လာေတာ့ မ်က္နွာကိုဖြက္ထားျပီး
ခါးကိုဖက္ထားသည္မွာလံုးဝမလႊတ္ေတာ့။
ထက္ျမတ္ရယ္။

"ေခါင္းမူးေနေသးလား"

အိမ္ထဲေရာက္တာနဲ႕ အခန္းထဲဝင္ျပီးေတာင္
မလဲွနိုင္ ဆိုဖာမွာပဲေခြေခြေလးေကြးျပီးမွိန္းေန
ေတာ့သည္။ေဘးမွာဝင္ထိုင္ျပီးနဖူးကို
ကိုယ္ပူစမ္း ဆံပင္ေတြကိုသပ္တင္ေပးေတာ့
မ်က္လံုးေလးပဲ ဖြင့္လာျပီးလွဲေနရာကေန
မလႈပ္။

"ဟင္အင္း ဘာမွမျဖစ္ဘူးအိပ္ခ်င္လို႕"

"အခုမအိပ္နဲ႕အံုး ထမင္းစားရေအာင္ေနာ္"

"မစားခ်င္ေသးဘူး"

"မစားခ်င္လို႕မရဘူး ညေနေစာင္းေနျပီ။
မနက္ထဲကဘာမွလဲသိပ္မစားထားဘူး
စားျပီးရင္ေဆးေသာက္ရမယ္ေလ"

"ငါမွမလႈပ္ခ်င္တာ"

အသံတိုးတိုးေလးက လွဲေနသည့္အတိုင္းသာ
မလႈပ္မလ်က္ေတာ့ပဲ မ်က္လံုးေတြမွိတ္ဖို႕ျပင္
ေနပါေတာ့သည္။ပင္ပန္းလို႕နားခ်င္ေနတာ
သိေပမဲ႕ ေဆးကသူ႕အခ်ိန္နဲ႕သူေသာက္မွ
ျဖစ္မည္ အခ်ိန္လြန္လို႕မရ။

ဒီအတိုင္းဆိုေခၚလို႕ရေတာ့မွာမဟုတ္ေတာ့
ဧည့္ခန္းမွာခဏထားခဲ႕ျပီး မီးဖိုေခ်ာင္ကို
ထြက္လာခဲ႕ရသည္။ထမင္းကိုျပန္ေနႊးလိုက္ျပီး သူ႕တစ္ေယာက္စာပန္းကန္နဲ႕ထည့္ရင္း
အစာဝင္ေအာင္ေတာ့ေခ်ာ့ေက်ြးရမည္။
ဟင္းေတြကေတာ့ အန္တီငယ္ေလးလူလႊတ္
ျပီးတစ္ပတ္တစ္ခါေလာက္လာပို႕ေပးတတ္
ေတာ့အဆင္ေျပသည္။ကိုယ္တစ္ေယာက္
ထဲတုန္းက ကိစၥမရွိ။စားခ်င္တဲ႕အခ်ိန္မွ
အျပင္မွာျကံဳသလို အရက္နဲ႕ေမ်ာလိုက္လို႕ရ
သည္။အခုဘဝတစ္ခုကိုထူေထာင္ေနတဲ႕
အခ်ိန္မွာနွစ္ေယာက္လံုးထမင္းကလြဲျပီးမခ်က္
တတ္ေတာ့ အျပင္မွာပဲထြက္စားျဖစ္တာမ်ား
သည္။သူ႕က်န္းမာေရးအတြက္အိမ္ထမင္း
အိမ္ဟင္းေတာင္ ေသခ်ာဂရုစိုက္စားရမည့္
အခ်ိန္မွာ အျပင္ကပဲဝယ္ေက်ြးေနရတာ။
တစ္ခါတစ္ေလဘယ္မွမထြက္ခ်င္ရင္အိမ္မွာ
ရွိတာနဲ႕ပဲစားတတ္သည္ အဲ႕ဒီေကာင္ေလးက
ထမင္းမစားခ်င္ဘူးေျပာတာကလြဲရင္ဘာကိုမွ
မညီးညဴ။အခုအန္တီငယ္ကိုယ္တိုင္ခ်က္ထားတဲ႕အိမ္ထမင္းဟင္းေတြပို႕လာေပးေတာ့
မ်ားမ်ားေက်ြးျပီးေဆးဝင္ေအာင္တိုက္ရမည္။

သူ႕ကိုေတြ႕ခ်င္ေနျကပါတယ္ ခ်စ္ျကပါတယ္
ဆိုတာကို မယံုဘူးမေတြ႕ရဲဘူးပဲေျပာေနတာ
ထက္ျမတ္ ေနမေကာင္းဘူးဆိုတာသိလို႕
ဘြားတို႕ကလွမ္းျပီး သတင္းေမးဂရုစိုက္ေပး
ျကပါသည္။ေတြ႕ခ်င္ေနျကပါသည္။
ဒီေကာင္ေလးကဘယ္ေနရာေရာက္ေရာက္
အခ်စ္ခံလူသားေလးပါ။

အိမ္ေရွ႕ကိုျပန္ထြက္လာတဲ႕အခ်ိန္ လက္နွစ္
ဖက္ကိုပိုက္ ကိုယ္ေလးကိုေကြးျပီး အိပ္ေန
ေလျပီ။ထမင္းပန္းကန္ကိုစားပြဲေပၚတင္ရင္း
အနားသြားကာမနႈိးရက္ေပမဲ႕လည္းနႈိးရေတာ့
သည္။

"ထက္ျမတ္"

အိပ္ေနလ်က္သား တစ္အင္းအင္းနဲ႕ညီးညဴ
ေနျပီးမ်က္လံုးေတြကေတာ့ပြင့္မလာ။

"ခဏထေလေနာ္ ျပီးမွျပန္အိပ္ခ်င္အိပ္
လိမ္မာတယ္"

ေဘးမွာဝင္ထိုင္ ငံု႕မိုးျပီးေျပာေတာ့အိပ္ေရးမဝ
သလိုမ်က္နွာေလးဆူပုတ္ျပီးကုန္ရံုးထလာရွာ
ပါသည္။ခပ္ျမန္ျမန္ပင္ ထမင္းပန္းကန္ကိုင္ျပီး
ကေလးထမင္းေက်ြးဖို႕ျပင္ရသည္။ေနမ
ေကာင္းတဲ႕အခ်ိန္ ေဆးရံုေဆးခန္းကျပန္လာတဲ႕အခ်ိန္ဆိုအရမ္းအီတတ္တာ ျပီးေတာ့ဒီလို
အခ်ိန္ဆိုျငိမ္ေနျပီး သူ႕အေမကိုသတိရေန
တတ္တာသိေတာ့ ကိုယ့္မွာလဲစိတ္မေကာင္း
ပါ။ကိုယ့္ဘက္ကဘယ္ေလာက္ပဲျဖည့္ျဖည့္
မိဘေမတၱာကိုေတာ့ဘယ္မွီနိုင္ပါ့မလဲေလ။

"ျဖည္းျဖည္းစား"

မစားခ်င္ဘူး ဘာညာဂ်ီမက်ခင္ဇြန္းကိုင္ျပီး
ခြံ႕ေက်ြးလိုက္ေတာ့ ဘာမွအထြန္႕မတတ္ေတာ့
ပဲသူကပဲ ရွက္ေနသလိုေခါင္းငံု႕ရင္းခြံ႕ေပးသမ်ွစားေနသည္။ဂ်ီက်ခ်င္ရင္ လမ္းမေလ်ွာက္
တတ္ေသးတဲ႕ကေလးငယ္ေလးလိုထမင္း
ခြံ႕ခိုင္းတာကဘယ္သူပါလဲ။

"ပုစြန္နဲ႕"

တစ္ျမံဳ႕ျမံဳ႕ထိုင္ဝါးေနျပီးပန္းကန္ထဲကစား
ခ်င္တာကိုလက္ညွိဳးထိုးျပသည္။

"အင္း ပုစြန္နဲ႕"

ကိုယ္ခ်စ္လို႕ပဲကိုယ့္မ်က္လံုးထဲမွာ ခ်စ္ဖို႕
ေကာင္းေနတာလား ထမင္းထိုင္ဝါးေနတဲ႕ပံုစံ
ေလးကိုကတစ္ကယ္အေကာင္ေပါက္ေလးပါ။
အဲ႕ဒီအေကာင္ေပါက္က ကိုယ္ခြံေပးမွထမင္း
ကိုကုန္ေအာင္စားသည္။အက်င့္ပ်က္သြား
ေအာင္လုပ္လိုက္တာေတာ့မဟုတ္ပါဘူး။
ကိုယ့္ေရွ႕မွာသာကေလးလိုေနေနတာ
ထက္ျမတ္က ဘာမွေျပာစရာမလိုေအာင္
ကိုယ့္ထက္ေတာင္သိတတ္ျပီးသားပါ။

"ထမင္းစားပီး ခဏေနရင္ေဆးေသာက္မယ္"

"ေဆးကအမ်ားျကီးပဲ"

ေဆးေတြေသာက္ရ လြယ္ေအာင္ျခမ္းေပး
ေနတာကိုေဘးကေနထိုင္ျကည့္ေနျပီး
မ်က္နွာေလးက မေကာင္းေတာ့။

"နည္းနည္းခ်င္းဆီေသာက္ေလေနာ္ ခဏပဲ
ေသာက္ျပီးရင္ျပီးျပီ"

"မေသာက္ခ်င္ပါဘူးဆို"

"ထက္ျမတ္"

"မင္းက ငါေဆးမေသာက္မွာကိုပဲစိတ္ပူတာ
ငါ့ကိုစိတ္ပူတာမဟုတ္ဘူး။"

လာျပန္ျပီ အဲ႕ဒီျဂိဳလ္သားစကားေတြ။
ဘယ္လိုအေျဖရွာရမွန္းမသိေအာင္ သူပဲ
ေျပာလဲေျပာတတ္တယ္။ေဆးေတြက
မ်ားလြန္းေတာ့တစ္ေန႕တစ္ေန႕မေသာက္ခ်င္
ေတာ့ဘူးဆိုတာ ကိုေတာ့ေဘးကျကည့္ေနရ
တဲ႕ကိုယ္ေတာင္ကိုယ္ခ်င္းစာပါသည္။

မ်က္နွာငယ္ေလးနဲ႕ေဘးကေန ဘာေတြမွန္း
မသိထံုးစံအတိုင္းတစ္ေယာက္ထဲေရရြတ္ေနျပီး
ေနာက္ဆံုးေတာ့လဲ စကားနားေထာင္ျပီး
ေသာက္ရွာသည္။လူအေကာင္ေလးနဲ႕
ေသာက္ရတဲ႕ေဆးေတြနဲ႕က မလိုက္ေတာ့
ျကိဳးစားျပီးေသာက္ေနရတာကိုျကည့္ေနရတဲ႕
ကိုယ့္မွာလည္းရင္ေမာရသည္။တစ္ခါထဲ
အကုန္ေသာက္ျပီးေမာသြားျပီလား ေဆးထုပ္
ေတြသိမ္းဖို႕လုပ္ေနတဲ႕ ကိုယ့္ကိုမလႊတ္ေပး
ေတာ့ပဲ လက္ေမာင္းတစ္ဖက္ကိုလာဆြဲျပီး
ေခါင္းေလးမွီတြယ္ခ်လာေတာ့၏။

"ငါအိပ္ခ်င္ပီ"

"အင္ ခဏေနရင္အိပ္ရမယ္ေလေနာ္
ေဆးေသာက္ထားတာ အခုခဏ
ထိုင္လိုက္အံုး"

ျငိမ္ျငိမ္သက္သက္နွင့္ ကိုယ့္ကိုသာမွီထိုင္
ထားျပီးစကားနားေထာင္ရွာပါသည္။
ကိုယ္ေနြးေနြးေလးရဲ႕အေနြးဓာတ္က ပိုတိုးလို႕
ေနေတာ့ လက္ေတြကိုကိုင္ျကည့္ခ်ိန္ကိုယ့္
လက္ေခ်ာင္းေတြထဲသြက္ယွက္ျပီးေမာ့ျကည့္
လာတာ။မ်က္နွာငယ္ေလးကအိပ္မေပ်ာ္မခ်င္း
ဂ်ီက်ေနမွာပါပဲ။

ေနမေကာင္းရင္အဲ႕ဒီလိုပဲ အားငယ္တတ္တယ္ သူ႕အနားမွာပဲေနေစခ်င္တယ္ သူ႕မွာလဲကိုယ့္
တစ္မ်က္နွာနဲ႕ဒီမွာအားကိုးရာဆိုလို႕ကိုယ္ပဲ
ရွိတာေလ။

ေခါင္းေလးကိုပြတ္ေပးေတာ့ ေဆးအရွိန္နဲ႕
ကိုယ့္ကိုသာမွီထားျပီးမွိန္းေနေတာ့သည္။
သူ႕ကိုလွဲျပီးေပးမအိပ္ေတာ့ ကိုယ့္ကိုမွီထားျပီး
ထိုင္ရက္အိပ္မည္ေပါ့။ပင္ပန္းလို႕အရမ္းအိပ္
ခ်င္ေနတာ ျပီးေတာ့ ဒီလိုအခ်ိန္ဆိုလူနားမွာပဲ
ေက်ာရိုးမဲ႕ အေကာင္ေပါက္ေလးလို တြယ္ကပ္
ခ်င္သည္။မွီရလြယ္ေအာင္အေနအထားျပင္
ေပးျပီး အိပ္ေပ်ာ္သြားမွအခန္းထဲပို႕ေပးဖို႕ျကံ
ေနတုန္းဧည့္ခန္းထဲက ဖုန္းမည္သံေျကာင့္
အလ်င္ျမန္ထပိတ္ဖို႕ျကံေပမဲ႕မ်က္လံုးေတြကို
ပြတ္သပ္ျပီးရင္ခြင္ထဲကေနထြက္လာျပီ။
အလုပ္ဖုန္းေတြဘာေတြလာရင္ အလိုက္
သတိေနေပးတတ္ေတာ့ခဏထားခဲ႕ရကာ
ျပန္လာထဲကေမ့ေနသည္႕ဖုန္းကိုျပန္ရွာရသည္။

ဖုန္းမ်က္နွာျပင္ကိုျကည့္လိုက္ေတာ့ ဆက္ေန
တာက တစ္ျခားသူမဟုတ္ထက္ျမတ္အေမ
အန္တီေကသီပါ။

"အန္တီဖုန္းဆက္တယ္"

"ဟင္ မင္းဖုန္းကိုဆက္တာလား ငါ့ကို
မဟုတ္ပဲ"

ထိုင္ေနရာကေန တီဗီစင္နားကိုခ်က္ခ်င္း
ေျပးလာျပီး ဖုန္းကိုင္လိုက္သည့္ကိုယ့္ကိုသာ
ေမာ့ျကည့္လို႕ေနေတာ့ဘာမွမျဖစ္ဘူးဆိုတာ
အသာျပံဳးျပရသည္။

"ဟုတ္ကဲ႕ အန္တီ"

ေဘးကေနေျခဖ်ားေထာက္ျပီးမမွီတမွီနဲ႕
အနားကပ္ကာ လိုက္နားေထာင္ေနေသာ
မ်က္နွာငယ္ေလးကိုျကည့္ရင္း သတိျကီးျကီး
ထားျပီးေျပာရသည္။

"ဟုတ္ကဲဲ႕ ဒီေန႕သြားျပတာပါ။ဟုတ္ စိတ္မပူပါနဲ႕က်ေနာ္ဂရုစိုက္ပါ့မယ္ဟုတ္ကဲ႕"

သူ႕ကိုမဆက္ပဲကိုယ့္ကိုတိုက္ရ္ုက္ဆက္လာ
ေတာ့ ဘာေတြေျပာမလဲဆိုတာစိုးရိမ္ေနသည့္
ပံုစံေလးက။

"အေမကေျပာမယ္တဲ႕"

ဖုန္းကိုကမ္းေပးလိုက္တာ့ အလ်င္အျမန္
ယူသည္။

"ေမ့"

"မဟုတ္ပါဘူး သားလိမ္မာပါတယ္"

"ေမ့ကိုလြမ္းေနတာ"

သတိလက္လြတ္ေျပာျပီးမွ ကိုယ့္ကိုအားနာ
သလိုမ်က္ဝန္းေတြနဲ႕ျပန္လည္ေမာ့ျကည့္
သည္။ကိုယ့္ဘက္ကပဲစတင္၍ သူ႕အေမနဲ႕
လြတ္လြတ္လပ္လပ္စကားေျပာနိုင္ေအာင္
အနားကထြက္လာခဲ႕ျပီး အလုပ္မ်ားေနသလို
ေနလိုက္ရသည္။ကိုယ့္ကိုပဲလွည့္ျကည့္
လွည့္ျကည့္နဲ႕ ဖုန္းကိုင္ျပီးေနာက္ဆံုးအိပ္ခန္း
ထဲဝင္သြားသည္။သူ႕အေမကိုစိတ္ျကိဳက္ခ်ြဲပါ
ေစေလ။

ရန္ကုန္နဲ႕မန္းေလးကဘယ္ေလာက္မွေတာ့
မေဝးေပမဲ႕ အခုခ်ိန္ထိသူ႕မိဘေတြနဲ႕မေတြ႕ရ
ပဲကိုယ့္ေနာက္ကိုလိုက္လာေပးတာ။မိဘေတြ
အေပၚအရမ္းသိတတ္္လိမ္မာတဲ႕ေကာင္ေလး
က ဘာကိုမွမစဥ္းစားပဲ ကိုယ့္တစ္မ်က္နွာကို
ပဲျကည့္ေပးခဲ႕တာ။သူ႕မိဘအိမ္ကိုေတာ့
မလြမ္းပဲဘယ္ေနမွာလဲ။ကိုယ္ေတာင္
ဒီေလာက္ခ်စ္ေနရရင္ သူ႕မိဘေတြဆိုေျပာစရာ
မလိုပါ။ဒါေပမဲ႕သူမ်ား သားသမီးကိုအပိုင္ယူ
ထားတယ္ပဲေျပာေျပာျပန္မေပးနိုင္ပါ။
ျပန္မေပးခ်င္ေတာ့ပါ။

တစ္ေယာက္ထဲ အိမ္ေရွ႕မွာထိုင္ေနမိတာ
အခ်ိန္အေတာ္ျကာသြားေတာ့ ေနလို႕မရေတာ့။
အခုခ်ိန္ဆိုရင္ေတာ့ သူ႕အေမကိုခ်ြဲလို႕ျပီး
ေလာက္ပါျပီ။ထရပ္ျပီးေျခလွမ္းေတြကအိပ္ခန္း
ထဲကိုေရာက္သြားတဲ႕အခ်ိန္ မအိပ္ေသးပဲ
ကိုယ့္စကားနားေထာင္ျပီးကုတင္ေပၚမွာထိုင္ေန
ေပးသည္။တံခါးဖြင့္သံေနာက္မွာကိုယ့္ကို
ေတြ႕သည္နွင့္နွစ္နွစ္ျခိဳက္ျခိဳက္ျပံဳးျပလာတာ။

"ငါအခုအိပ္လို႕ရျပီလား"

"အေမဘာေျပာလဲ"

ေဘးမွာဝင္ထိုင္ေတာ့ ဘာမွမျဖစ္သလိုျပံဳးျပ
ေနသည္မွာ ကိုယ္ကသူ႕မ်က္နွာကိုအရိပ္လို
ျကည့္လာတဲ႕ေကာင္ပါ။

"ဘာ ဘာမွေတာ့အေထြအထူးမေျပာပါဘူး။
ဒီေန႕ေဆးရံုသြားရတယ္ဆိုလို႕ ငါ့ကိုစိတ္ပူလို႕
အေျခအေနေမးတာ ဘာမွမဟုတ္ဘူး"

"တစ္ကယ္ဒါပဲလား"

စိုက္ျကည့္ျပီးေမးေတာ့ ရွင္းျပေနရာကေန
ခ်က္ခ်င္းျငိမ္က်သြားျပီးမ်က္နွာငယ္ေလးက
အျပံဳး ေတြတစ္ျဖည္းျဖည္းေမွးမွိန္သြားသည္။

"အေမ ငါ့ကိုသတိရေနတဲ႕ပံုပဲ။ ငါ့ေျကာင္႔
အေဖနဲ႕လဲသိပ္အဆင္မေျပ အေမက
က်န္းမာေရးမေကာင္းေတာ့အျပင္လဲ
သိပ္ထြက္လို႕မရဘူးေလ။ဒီအသက္အရြယ္မွာ
ငါကေဘးကေနျပဳစုေပးသင့္တာကို"

"ထက္ျမတ္ မန္းေလးျပန္ခ်င္လား ျပန္မလား"

ခ်က္ခ်င္းအေရာင္ေျပာင္းသြားသည့္ မ်က္ဝန္း
ေတြက ဘယ္ေလာက္ျပန္ခ်င္ေနလဲဆိုတာ
သိသာေစသည္။ ကိုယ့္ေျကာင့္သာဒီကိုလိုက္
လာတာ ထက္ျမတ္ထည္ဝါဆိုတဲ႕ေကာင္ေလး
ကသူ႕ေမြးရပ္ေျမမႏ ၱေလးျမိဳ႕ကို အရမ္းခ်စ္တဲ႕
ေကာင္ေလးပါ။

"အေမ့ကိုလြမ္းေနတယ္မလား မင္းျပန္ခ်င္ရင္
ငါျပန္လိုက္ပို႕ေပးမယ္"

"မင္း ငါ့ကိုစိတ္ကုန္သြားလို႕မႏ ၱေလးျပန္ပို႕
ေတာ့မလို႕လား"

သူ႕မွာေပ်ာ္ေနရာကေန ခ်က္ခ်င္းကိုယ့္ကိုပဲ
ျကည့္ေနျပီး အနားကိုတိုးကပ္လာကာ
လက္ေမာင္းတစ္ဖက္ကိုလာဆြဲသည္။
ေပ်ာ္ေနရာကေနခ်က္ခ်င္းမဟုတ္တာေတြ
လိုက္ေတြးေနျပန္ပါျပီ။

"ဘယ္သူက တစ္ေယာက္ထဲျပန္ရမယ္ေျပာေန
လို႕လဲ အရူးေလးရဲ႕"

ဆံပင္ေတြကိုသပ္တင္ေပးသည့္တိုင္
ကိုယ့္ကိုပဲ တစ္စိုက္မတ္မတ္ျကည့္ေနျပီး
မျပံုးနိုင္ေသး။

"အေဖနဲ႕အေမကို ျပန္ကန္ေတာ့မလား။ဒီလ
ရက္ျကီးခါျကီးမွာလည္း မျပန္လိုက္ရဘူးေလ
ဒီဇင္ဘာမွာျပန္မလား"

"မင္း မင္းတစ္ကယ္ေျပာေနတာလား"

စိုးရိမ္ေနသည့္ မ်က္နွာေလးနားကိုကပ္ကာ
ေခါင္းလံုးလံုးေလးကိုလက္နဲ႕ဆြဲဖြေတာ့
မ်က္နွာေလးက အေပ်ာ္ေတြကိုမဖံုးနိုင္ေတာ့။
မ်က္ရည္ျကည္ေတြ ခ်က္ခ်င္းဝဲလာျပီး
ရင္ခြင္ထဲခ်က္ခ်င္းတိုးဝင္ကာကိုယ့္ကို
တြယ္ဖက္ထားပါေတာ့သည္။အဲ႕ဒီေလာက္
ေတာင္မန္းေလးျပန္ခ်င္ေနတာလား။

"အိမ္ျပန္ေရာက္လို႕ အေဖငါ့ကိုျပန္မလႊတ္
ေတာ့ရင္ဘယ္လိုလုပ္မလဲ"

ရင္ခြင္ထဲမွာ ျငိမ္သက္ေနရာကေနေမာ့ျကည့္
လာျပန္သည္။

"အဲ႕ေလာက္ထိ မလုပ္ေလာက္ပါဘူး"

"အေမကငါတို႕ဘက္မွာရွိတယ္လို႕ထင္တာပဲ။
ငါ့အေဖအေျကာင္းေတာ့ငါသိတယ္ အခ်ိန္
ဘယ္ေလာက္ျကာျကာ စိတ္ကေလ်ွာ့မွာ
မဟုတ္ဘူး။မင္းကိုအျပစ္တင္ေနမွာပဲ
ငါစိတ္ပူတာ"

"အျပစ္တင္မယ္ဆိုရင္လဲဒီေလာက္ေတာ့ခံရမွာ
ေပါ့ သူတို႕ရဲ႕အဖိုးတန္သားေလးကိုငါက
သေဘာမပါပဲနွစ္ျကမ္နွစ္ခါေတာင္ေခၚလာခဲ႕
တာကို"

မ်က္နွာေလးျပံဳးလာေအာင္ အတတ္နိုင္ဆံုး
ျကိဳးစားေနသည့္တိုင္ေအာင္ကိုယ့္ကိုသာ
ျကည့္ေနျပီး ဘာေတြေလ်ွာက္ေတြးေနျပန္ပါျပီ
လဲ။သူ႕ခမ်ာအေမကိုေတြ႕ခ်င္ေနစိတ္ ကိုယ့္ကို
စိုးရိမ္စိတ္ေတြနဲ႕။

"တစ္ခုခုဆိုရင္ငါ ငါမင္းကိုကာကြယ္မွာ"

စိတ္ဆံုးျဖတ္ထားသလို ဟစ္ေျကြးေနသည့္
ပံုစံေလးက တစ္ကယ္အသည္းယားစရာ။

"တစ္ကယ္လား အဲ႕တာဆိုမင္းအေနာက္မွာ
ငါေနမယ္ေနာ္။အားကိုးရွိျပီ"

"အင္း မင္းဘာမွမျဖစ္ေစရဘူး"

တစ္ကယ္စိုးရိမ္ေနရွာတာ ဆံုးျဖတ္ခ်က္ျပတ္
သားေနသလိုမ်က္နွာေလးက ကိုယ့္ကိုအတင္း
ဆြဲဖက္လာျပီးသူ႕ရင္ခြင္ထဲကိုခိုနားေစသည္။
ခပ္ဖြဖြရယ္မိေပမဲ႕ ရင္ထဲမွာေတာ့ျကည္နူးေန
ပါသည္ သူ႕ကိုယ္သူအားနည္းတယ္လို႕ခံယူ
ထားတဲ႕ေကာင္ေလးတစ္ေယာက္က
ကာကြယ္မယ္ဆိုတဲ႕ စကားကိုလြယ္လြယ္
ဘယ္ေျပာထြက္နိုင္မွာလဲ။ေသးငယ္ေပမဲ႕
ဒီရင္ခြင္ေလးက ကိုယ့္ကိုစိတ္ေအးခ်မ္းမႈ
အမ်ားျကီးေပးနိုင္သည္။ကိုယ့္ကိုပိုတိုးလို႕
ဖက္ျပီးေက်ာျပင္ကိုပြတ္သပ္ေပးကာ
သူ႕ကိုအားကိုးေစခ်င္ေျကာင္းလဲ
သက္ေသျပေနပါသည္။

ဘဝမွာ ခ်စ္ျခင္းေမတၱာငတ္ခဲ႕တဲ႕ေကာင္ကို
သူခ်စ္တတ္သလိုေလး ခ်စ္ျပေနသည့္
ေကာင္ေလး၊သူ႕ကိုခ်စ္ပါရဲ႕လား ခ်စ္တယ္လို႕
ေျပာေပးပါလားလို႕ ဝမ္းနည္းတဲ႕အခ်ိန္
တိုင္း အျမဲေတာင္းဆိုေနတတ္သည့္
ေကာင္ေလးက ကိုယ္တိုင္ေတာ့ဘာလို႕
ထုတ္မေျပာခ်င္ရပါသလဲေလ။

ဒီေကာင္က သိပ္ခ်စ္ပါတယ္ကေလးေလးရယ္။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
wallထဲမွာ ေနာက္ထပ္ျကိဳးစားရမဲ႕
"ရာေထာင္ခ်ီ"ဆိုတဲ႕ဒုတိယfic
အသစ္တစ္ပုဒ္ေလး တင္ထားပါတယ္။
အခ်စ္ေတြနဲ႕ ျပန္ေတြ႕ခ်င္ပါတယ္ေနာ္။

Unicode

"ဒီမှာဘာတွေလုပ်နေတာလဲ"

မော့ကြည့်လာတဲ့မျက်ဝန်းတွေက လူကပါ
ခပ်ယဲ့ယဲ့။တစ်မနက်လုံး မျက်စိရှေ့မှာတင်
ရှိနေရင်းက ရုတ်တစ်ရက်ချက်ချင်းကြီး
ဘယ်ကိုပျောက်လို့ပျောက်သွားမှန်းမသိ
လို့လိုက်ရှာနေတာ။ဒီကောင်လေးက
ဆေးရုံမသွားချင်လို့ဒီမှာလာပုန်းနေတယ်။
သွားခါနီးမတွေ့လို့ နမယ်တစ်သွင်သွင်ခေါ်ပြီး
လိုက်ရှာနေတာကိုဘာအသံမှပြန်မပေး
အိပ်ခန်းထဲဝင်ကြည့်ပေမဲ့ရေချိုးခန်းမှာ
ဘာအသံမှမကြားတော့ ရှိနေတယ်ဘယ်ထင်
မလဲ။ကိုယ့်မာတော့ တစ်အိမ်လုံးပတ်ရှာတာ
မတွေ့လို့ အောက်ဆင်းသွားလားဆိုပြီး
လိုက်ကြည့်ဖို့လုပ်နေတာ မထင်ထားတဲ့
နေရာမှာလာနေနေတယ်။

"ဘာလုပ်နေတာလဲလို့ ဆေးရုံသွားရတော့
မယ်လေ"

"ငါမသွားချင်ဘူး"

အသံတိုးတိုးက ခေါင်းပြန်ငုံ့ပြီးလျှော်လက်စ
ကိုယ့်အကျီ ၤကိုလက်နဲ့ဖိချေနေတယ်။
ဆေးရုံသွားရမဲ့ ဟာကိုရေချိုးခန်းထဲမှာ
ပုန်းပြီးတိတ်တိတ်လေး အဝတ်ထိုင်လျှော်
နေတာ။ဘယ်လိုပြောပြောမရဘူး ကိုယ့်
အကျီ ၤတွေဆိုရင်သက်သက်ခွဲပြီးသူကိုယ်တိုင်
လက်နဲ့သေချာတိုက်ဖွတ်လျှော်ပြီးမီးပူတိုက်
ရမှ။ကိုယ့်ဘာသာလုပ်မယ်ဆိုလည်းမရဘူး။

"အခုထတော့ ရေတွေစိုနေပြီငါဆက်လုပ်
လိုက်မယ်"

"မထိနဲ့"

"ထက်မြတ်"

"ငါမသွားချင်ပါဘူးဆို ဘာလို့အတင်းပို့နေ
တာလဲ နေလဲကောင်းနေတာပဲလေ ဘာမှ
မဖြစ်တော့တဲ့ဟာ အဲ့ဒီဆေးရုံကအမြဲတမ်း
မဖြစ်မနေသွားနေရမှာလား"

ကိုယ့်ကိုမော့ကြည့်ပြီး မနားတမ်းအော်ဟစ်
နေပြီးမှမျက်နှာမကောင်းတော့ပဲခေါင်းပြန်ငုံ့
သွားသည်။မသွားချင်တာသိတယ် သိတာပေါ့
ကိုယ့်မှာလဲသူမသွားချင်တဲ့နေရာကိုအမြဲတမ်း
ဘယ်ပို့ချင်ပါ့မလဲ။

"ကိုယ်တွေလက်တွေအေးနေပြီ ထတော့နော်
အကျီ ၤအရင်သွားလဲထား အချိန်မရှိတော့ဘူး။
အဝတ်တွေရေဆေးဖို့ပဲ ကျန်တာမလား
ငါဆက်လုပ်လိုက်မယ် အခုထွက်တော့"

မထလို့လဲမရတော့။အော်မိပြီးမှ ကိုယ့်ထက်ပို
မျက်နှာမကောင်းဖြစ်သွားတဲ့သူ့ရှေ့ဆက်
မနေရဲတော့ပဲရေချိုးခန်းထဲကထွက်လာခဲ့ရ
သည်။

ပိတ်သွားတဲ့ရေချိုးခန်းတံခါးကိုပြန်ကြည့်ရင်း
အခန်းထဲ ခြေလှမ်းတွေတစ်လှမ်းချင်းလှမ်း
ရင်းလူကဘာမှမလုပ်ချင်တော့သလိုပင်။
ဒီနေ့လဲပြဿနာရှာမိပြန်ပြီ။ကိုယ့်အတွက်ပဲ
သူပြောနေတယ်ဆိုတာသိသိရင်းနဲ့ သူ့ကိုပဲ
ဆိုးချင်နေတဲ့စိတ်ကပြန်ပြောမိသလိုဖြစ်သွား
တယ်။

သက်ပြင်းတွေချပြီး မှိုင်မနေတော့ပဲသူ့စကား
နားထောင်တဲ့အနေနဲ့ ဆေးရုံသွားဖို့အကျီ ၤ
လဲပြီး ဘယ်မှလျှောက်မပုန်းနေတော့ပဲ
ကုတင်ပေါ်မှာသူ့ကိုထိုင်စောင့်နေလိုက်သည်။
မသွားချင်ပေမဲ့လည်း ဘဝပေးကံအရသွားရ
အုံးမှာပါပဲ။ကျောပိုးအိတ်ထဲဆေးစာအုပ်တွေ
လိုအပ်တာတွေထည့်ရင်း ကုတင်ဘေးက
ဘီရိုအံဆွဲထဲမှာဖွက်ထားသည့် ဘူးလေးကို
သတိတရပြန်ထုတ်ကြည့်မိသည်။

စိတ်မကောင်းဖြစ်နေတာတွေပါမေ့သွားပြီး
နှုတ်ခမ်းတွေ ကအပြုံးတွေဖြစ်တည်လာရ၏။
သူနှင့်အတူဝတ်ချင်တယ်လို့ရည်ရွယ်ထားတဲ့
လက်စွပ် ဆင်တူလက်စွပ်လေးနှစ်ကွင်း
ပါ။ဒါပေမဲ့အခုထိတော့အချိန်အတော်ကြာ
ပိုင်ရှင်မဲ့နေသည်။ဒီကိုရောက်လာထဲက
သူမသိအောင် တစ်ယောက်ထဲတိတ်တိတ်
လေးသွားလုပ်ထားပြီး သူ့ကိုပေးမယ်လုပ်တိုင်း
ဘယ်လိုစကားစရမယ်မှန်းမသိ ရှက်နေတာ
ရော ကြောက်နေတာရောပေါင်းပြီးအခုထိ
အကောင်အထည်မဖော်နိုင်ပါသေးပါ။
သူဝတ်ချင်ပါ့မလား။

ဘူးထဲကလက်စွပ်လေးတွေကို တစ်ဖွဖွ
ကိုင်ကြည့်နေတုန်း ရေချိုးခန်းထဲကနေသူ
ထွက်လာတော့ အလျင်မြန်ပင်ထရပ်ပြီး
လက်နှစ်ဖက်ကိုအနောက်ပစ်ကာ ဖွက်လိုက်
မိသည်။

"ဘာလုပ်နေတာလဲ အကျီ ၤလဲပြီးပြီလား
ကားပိတ်တာနဲ့အခုချိန်လောက်သွားမှ
အဆင်ပြေမယ် မသွားချင်လို့မရဘူးနော်
ထက်မြတ်"

"ငါ ငါသိပါတယ်ဆို"

လက်ကိုအနောက်ပစ်ပြီး မျက်လုံးတွေက
ဟိုမငြိမ်ဒီမငြိမ်ဖြစ်နေတာကိုထိန်းမရ ဒီအတိုင်း
ရပ်နေမိတော့ သူကဘာမဟုတ်တာတွေလုပ်
ထားပြန်ပြီလဲ မသင်္ကာသလိုကြည့်နေပြီး
အနားကိုတစ်ဖြည်းဖြည်းလျှောက်လာလေ
ရင်တွေအဆမတန်တုန်ပြီးဘာလုပ်ရမှန်း
မသိတော့ပါ။

"အနောက်ကဘာလဲ"

သူစိုက်ကြည့်နေတော့ရင်ထဲထိတ်ခနဲပင်။

"ဟို ဟိုဟာ"

သူ့နဲ့အကြည့်ချင်းဆုံနေရင်း ဘာဆက်ပြောရ
မည်မသိတော့ပဲ တစ်ယောက်ထဲမငြိမ်မသက်
ဖြစ်နေတော့ ထူးဆန်းနေသလိုကြည့်နေတော့
သည်။

"ဘာ ဘာမှမဟုတ်ဘူး"

မျက်နှာလွှဲပြီး ကိုယ့်နှုတ်ခမ်းကိုယ်ဖိကိုက်
ရသည်။သူ့ကိုဘာပဲဖြစ်ဖြစ်ပြောရဲခဲ့သော်
လည်း အခုကျ တစ်ကယ်အရေးကြီးတဲ့
အချိန်ကျဘာလို့ရှက်နေရသလဲလေ။

ခေါင်းငုံ့ကာ သူ့ကိုရင်မဆိုင်ရဲတော့ပဲဖွက်ထားတဲ့လက်ထဲကဘူးလေးကိုသာပို၍ တင်းတင်း
ကြပ်ကြပ်ဆုပ်ကိုင်လိုက်ရသည်။

"ဆေးရုံသွားရတော့မယ်မလား။အိမ်ရှေ့မှာ
သွားစောင့်နေ ငါအခုထွက်လာခဲ့မယ်
ယူစရာရှိသေးလို့"

ဒီအတိုင်းသူရပ်နေသေးသည်ကို ဆေးရုံသွား
မယ်လို့ပြောပြီး အတင်းထွက်ခိုင်းမှ
နောက်လှည့်ကြည့်နဲ့ အခန်းပြင်ထွက်သွား
သည်။အတင်းမမေးလို့သာတော်သေးတယ်။
အခုမှရင်တွေတုန်နေရာကနေ အသက်ကို
ရဲရဲရှုရဲပြီး ဖွက်ထားတဲ့လက်နှစ်ဖက်ကို
အရှေ့ထုတ်ရသည်။

လက်စွပ်လေးတွေကိုအမြတ်တစ်နိုးပြန်ကြည့်
ရင်း သူ့နေရာဖြစ်သည့်အံဆွဲထဲပြန်ထည့်
သိမ်းလိုက်တော့ စိတ်ကမကောင်းတော့ပါ။

မင်းတို့ပိုင်ရှင်က သတ္တိမရှိသေးလို့
ခဏစောင့်နေပေးပါနော်။
________________

ကားမောင်းနေရင်း ဘေးကလူသားလေးကို
လည်းတစ်ချက်တစ်ချက်လှည့်ကြည့်ရသည်။
ဒူးနှစ်ဖက်ကိုပိုက် မေးတင်ပြီးကားမှန်အပြင်
ဘက်ကိုသာငေးကြည့်ပြီးတော့ပဲ တိတ်
တဆိတ်ပါလာတာ။

ဆေးရုံဆေးခန်းကပြန်လာရင်အဲ့လိုပဲ။
ဘယ်သွားချင်လဲမေးတာတောင် အရင်တုန်း
ကလိုမိုးချုပ်တဲ့အထိ သူသွားချင်တဲ့နေရာတွေ
ကိုလိုက်မပို့ခိုင်းပဲမှိုင်နေပြီးအိမ်ပဲပြန်ချင်
တယ်တဲ့လေ။

ကားတံခါးဖွင့်ပေးပြီးသည့်တိုင် မဆင်းလာသေး
အထဲကနေ ကိုယ့်ကိုသာကြည့်လို့နေသည်။
သူ့ကျောပိုးအိတ် ကိုဆွဲယူပေးပြီး
လက်တစ်ဖက်ကိုကိုင်တော့အသာရုန်းသည်။

"မတွဲနဲ့ ငါ့ဘာသာလျှောက်နိုင်တယ်"

မြေညီထပ်ကားပါကင်မှာလူတွေမရှိ ဘယ်သူမှ
လည်းကိုယ်တွေကို အထူးတလည်လိုက်
မကြည့်နေသည့်တိုင်အောင် ဒီကောင်လေးက
အကြည့်တွေကိုစိုးရိမ်နေဟန်တူပါသည်။
အိမ်ထဲမှာ လူတွေမမြင်ရတဲ့အချိန်မှာသာ
သူချွဲချင်ရင်ချွဲမယ် ဆိုးချင်ရင်ဆိုးမယ်
အပြင်မှာတော့ထိန်းသိမ်းတတ်လာသည်။
အဲ့လောက်ထိမလိုပါဘူးပြောတာတောင်မရ
ကိုယ်ကအလုပ်သွားနေရတဲ့သူဆိုတော့
အမြင်တွေကိုစိတ်ပူလို့ပါတဲ့လေ။

အရှေ့ကနေ မစောင့်ပဲဖြည်းဖြည်းချင်းသွားနေ
သည်မှာခြေလှမ်းတွေကအားမပါ။
သူ့ကျောပိုးအိတ်သေးသေးလေးကို
ကိုင်ပေးပြီး အနောက်ကလိုက်ရင်းပုခုံးကနေ
ထိန်းကိုင်ပေးလိုက်တော့ မော့ကြည့်လာပြီး
အားမရှိနေတာတောင် မသိမသာရုန်းနေသည်။
ဆိုးချင်နေတာ။

"ဟိုမှာကောင်မလေးတွေနော်"

ဓာတ်လှေကားထဲကနေထွက်လာသည့်
ကောင်မလေးတွေကို မျက်စပစ်ပြတော့
ရုန်းနေရာကနေ ချက်ချင်းရင်ခွင်ထဲကိုတိုးဝင်
လာပြီးမလွှတ်စတမ်း တွယ်ဖက်လာသည်မှာ
အင့်ကနဲ။မရယ်ရက်ပါ။

ထိန်းထိန်းသိမ်းသိမ်းနေတတ်အောင် ကြိုးစား
နေသည့်ကောင်လေးက ဒီလိုမျိုးလဲစိတ်
အပြောင်းအလဲမြန်တတ်ပါသည်။ရင်ခွင်ထဲက
ကိုယ်လေးကိုငုံ့ကြည့်ရင်း ကိုယ့်ကိုဒီလောက်
ထိ သံယောဇဉ်တွယ်တာပါလား ဆိုသည့်
စိတ်လေးကို တစ်ဖြည်းဖြည်းနားလည်
လာရင်းသနားရသည်။အားနည်းနေတဲ့
ကိုယ်သေးသေးလေးကို ထိန်းကိုင်ရင်း
လျှောက်လာတော့ မျက်နှာကိုဖွက်ထားပြီး
ခါးကိုဖက်ထားသည်မှာလုံးဝမလွှတ်တော့။
ထက်မြတ်ရယ်။

"ခေါင်းမူးနေသေးလား"

အိမ်ထဲရောက်တာနဲ့ အခန်းထဲဝင်ပြီးတောင်
မလဲှနိုင် ဆိုဖာမှာပဲခွေခွေလေးကွေးပြီးမှိန်းနေ
တော့သည်။ဘေးမှာဝင်ထိုင်ပြီးနဖူးကို
ကိုယ်ပူစမ်း ဆံပင်တွေကိုသပ်တင်ပေးတော့
မျက်လုံးလေးပဲ ဖွင့်လာပြီးလှဲနေရာကနေ
မလှုပ်။

"ဟင်အင်း ဘာမှမဖြစ်ဘူးအိပ်ချင်လို့"

"အခုမအိပ်နဲ့အုံး ထမင်းစားရအောင်နော်"

"မစားချင်သေးဘူး"

"မစားချင်လို့မရဘူး ညနေစောင်းနေပြီ။
မနက်ထဲကဘာမှလဲသိပ်မစားထားဘူး
စားပြီးရင်ဆေးသောက်ရမယ်လေ"

"ငါမှမလှုပ်ချင်တာ"

အသံတိုးတိုးလေးက လှဲနေသည့်အတိုင်းသာ
မလှုပ်မလျက်တော့ပဲ မျက်လုံးတွေမှိတ်ဖို့ပြင်
နေပါတော့သည်။ပင်ပန်းလို့နားချင်နေတာ
သိပေမဲ့ ဆေးကသူ့အချိန်နဲ့သူသောက်မှ
ဖြစ်မည် အချိန်လွန်လို့မရ။

ဒီအတိုင်းဆိုခေါ်လို့ရတော့မှာမဟုတ်တော့
ဧည့်ခန်းမှာခဏထားခဲ့ပြီး မီးဖိုချောင်ကို
ထွက်လာခဲ့ရသည်။ထမင်းကိုပြန်နွှေးလိုက်ပြီး သူ့တစ်ယောက်စာပန်းကန်နဲ့ထည့်ရင်း
အစာဝင်အောင်တော့ချော့ကျွေးရမည်။
ဟင်းတွေကတော့ အန်တီငယ်လေးလူလွှတ်
ပြီးတစ်ပတ်တစ်ခါလောက်လာပို့ပေးတတ်
တော့အဆင်ပြေသည်။ကိုယ်တစ်ယောက်
ထဲတုန်းက ကိစ္စမရှိ။စားချင်တဲ့အချိန်မှ
အပြင်မှာကြုံသလို အရက်နဲ့မျောလိုက်လို့ရ
သည်။အခုဘဝတစ်ခုကိုထူထောင်နေတဲ့
အချိန်မှာနှစ်ယောက်လုံးထမင်းကလွဲပြီးမချက်
တတ်တော့ အပြင်မှာပဲထွက်စားဖြစ်တာများ
သည်။သူ့ကျန်းမာရေးအတွက်အိမ်ထမင်း
အိမ်ဟင်းတောင် သေချာဂရုစိုက်စားရမည့်
အချိန်မှာ အပြင်ကပဲဝယ်ကျွေးနေရတာ။
တစ်ခါတစ်လေဘယ်မှမထွက်ချင်ရင်အိမ်မှာ
ရှိတာနဲ့ပဲစားတတ်သည် အဲ့ဒီကောင်လေးက
ထမင်းမစားချင်ဘူးပြောတာကလွဲရင်ဘာကိုမှ
မညီးညူ။အခုအန်တီငယ်ကိုယ်တိုင်ချက်ထားတဲ့အိမ်ထမင်းဟင်းတွေပို့လာပေးတော့
များများကျွေးပြီးဆေးဝင်အောင်တိုက်ရမည်။

သူ့ကိုတွေ့ချင်နေကြပါတယ် ချစ်ကြပါတယ်
ဆိုတာကို မယုံဘူးမတွေ့ရဲဘူးပဲပြောနေတာ
ထက်မြတ် နေမကောင်းဘူးဆိုတာသိလို့
ဘွားတို့ကလှမ်းပြီး သတင်းမေးဂရုစိုက်ပေး
ကြပါသည်။တွေ့ချင်နေကြပါသည်။
ဒီကောင်လေးကဘယ်နေရာရောက်ရောက်
အချစ်ခံလူသားလေးပါ။

အိမ်ရှေ့ကိုပြန်ထွက်လာတဲ့အချိန် လက်နှစ်
ဖက်ကိုပိုက် ကိုယ်လေးကိုကွေးပြီး အိပ်နေ
လေပြီ။ထမင်းပန်းကန်ကိုစားပွဲပေါ်တင်ရင်း
အနားသွားကာမနှိုးရက်ပေမဲ့လည်းနှိုးရတော့
သည်။

"ထက်မြတ်"

အိပ်နေလျက်သား တစ်အင်းအင်းနဲ့ညီးညူ
နေပြီးမျက်လုံးတွေကတော့ပွင့်မလာ။

"ခဏထလေနော် ပြီးမှပြန်အိပ်ချင်အိပ်
လိမ်မာတယ်"

ဘေးမှာဝင်ထိုင် ငုံ့မိုးပြီးပြောတော့အိပ်ရေးမဝ
သလိုမျက်နှာလေးဆူပုတ်ပြီးကုန်ရုံးထလာရှာ
ပါသည်။ခပ်မြန်မြန်ပင် ထမင်းပန်းကန်ကိုင်ပြီး
ကလေးထမင်းကျွေးဖို့ပြင်ရသည်။နေမ
ကောင်းတဲ့အချိန် ဆေးရုံဆေးခန်းကပြန်လာတဲ့အချိန်ဆိုအရမ်းအီတတ်တာ ပြီးတော့ဒီလို
အချိန်ဆိုငြိမ်နေပြီး သူ့အမေကိုသတိရနေ
တတ်တာသိတော့ ကိုယ့်မှာလဲစိတ်မကောင်း
ပါ။ကိုယ့်ဘက်ကဘယ်လောက်ပဲဖြည့်ဖြည့်
မိဘမေတ္တာကိုတော့ဘယ်မှီနိုင်ပါ့မလဲလေ။

"ဖြည်းဖြည်းစား"

မစားချင်ဘူး ဘာညာဂျီမကျခင်ဇွန်းကိုင်ပြီး
ခွံ့ကျွေးလိုက်တော့ ဘာမှအထွန့်မတတ်တော့
ပဲသူကပဲ ရှက်နေသလိုခေါင်းငုံ့ရင်းခွံ့ပေးသမျှစားနေသည်။ဂျီကျချင်ရင် လမ်းမလျှောက်
တတ်သေးတဲ့ကလေးငယ်လေးလိုထမင်း
ခွံ့ခိုင်းတာကဘယ်သူပါလဲ။

"ပုစွန်နဲ့"

တစ်မြုံ့မြုံ့ထိုင်ဝါးနေပြီးပန်းကန်ထဲကစား
ချင်တာကိုလက်ညှိုးထိုးပြသည်။

"အင်း ပုစွန်နဲ့"

ကိုယ်ချစ်လို့ပဲကိုယ့်မျက်လုံးထဲမှာ ချစ်ဖို့
ကောင်းနေတာလား ထမင်းထိုင်ဝါးနေတဲ့ပုံစံ
လေးကိုကတစ်ကယ်အကောင်ပေါက်လေးပါ။
အဲ့ဒီအကောင်ပေါက်က ကိုယ်ခွံပေးမှထမင်း
ကိုကုန်အောင်စားသည်။အကျင့်ပျက်သွား
အောင်လုပ်လိုက်တာတော့မဟုတ်ပါဘူး။
ကိုယ့်ရှေ့မှာသာကလေးလိုနေနေတာ
ထက်မြတ်က ဘာမှပြောစရာမလိုအောင်
ကိုယ့်ထက်တောင်သိတတ်ပြီးသားပါ။

"ထမင်းစားပီး ခဏနေရင်ဆေးသောက်မယ်"

"ဆေးကအများကြီးပဲ"

ဆေးတွေသောက်ရ လွယ်အောင်ခြမ်းပေး
နေတာကိုဘေးကနေထိုင်ကြည့်နေပြီး
မျက်နှာလေးက မကောင်းတော့။

"နည်းနည်းချင်းဆီသောက်လေနော် ခဏပဲ
သောက်ပြီးရင်ပြီးပြီ"

"မသောက်ချင်ပါဘူးဆို"

"ထက်မြတ်"

"မင်းက ငါဆေးမသောက်မှာကိုပဲစိတ်ပူတာ
ငါ့ကိုစိတ်ပူတာမဟုတ်ဘူး။"

လာပြန်ပြီ အဲ့ဒီဂြိုလ်သားစကားတွေ။
ဘယ်လိုအဖြေရှာရမှန်းမသိအောင် သူပဲ
ပြောလဲပြောတတ်တယ်။ဆေးတွေက
များလွန်းတော့တစ်နေ့တစ်နေ့မသောက်ချင်
တော့ဘူးဆိုတာ ကိုတော့ဘေးကကြည့်နေရ
တဲ့ကိုယ်တောင်ကိုယ်ချင်းစာပါသည်။

မျက်နှာငယ်လေးနဲ့ဘေးကနေ ဘာတွေမှန်း
မသိထုံးစံအတိုင်းတစ်ယောက်ထဲရေရွတ်နေပြီး
နောက်ဆုံးတော့လဲ စကားနားထောင်ပြီး
သောက်ရှာသည်။လူအကောင်လေးနဲ့
သောက်ရတဲ့ဆေးတွေနဲ့က မလိုက်တော့
ကြိုးစားပြီးသောက်နေရတာကိုကြည့်နေရတဲ့
ကိုယ့်မှာလည်းရင်မောရသည်။တစ်ခါထဲ
အကုန်သောက်ပြီးမောသွားပြီလား ဆေးထုပ်
တွေသိမ်းဖို့လုပ်နေတဲ့ ကိုယ့်ကိုမလွှတ်ပေး
တော့ပဲ လက်မောင်းတစ်ဖက်ကိုလာဆွဲပြီး
ခေါင်းလေးမှီတွယ်ချလာတော့၏။

"ငါအိပ်ချင်ပီ"

"အင် ခဏနေရင်အိပ်ရမယ်လေနော်
ဆေးသောက်ထားတာ အခုခဏ
ထိုင်လိုက်အုံး"

ငြိမ်ငြိမ်သက်သက်နှင့် ကိုယ့်ကိုသာမှီထိုင်
ထားပြီးစကားနားထောင်ရှာပါသည်။
ကိုယ်နွေးနွေးလေးရဲ့အနွေးဓာတ်က ပိုတိုးလို့
နေတော့ လက်တွေကိုကိုင်ကြည့်ချိန်ကိုယ့်
လက်ချောင်းတွေထဲသွက်ယှက်ပြီးမော့ကြည့်
လာတာ။မျက်နှာငယ်လေးကအိပ်မပျော်မချင်း
ဂျီကျနေမှာပါပဲ။

နေမကောင်းရင်အဲ့ဒီလိုပဲ အားငယ်တတ်တယ် သူ့အနားမှာပဲနေစေချင်တယ် သူ့မှာလဲကိုယ့်
တစ်မျက်နှာနဲ့ဒီမှာအားကိုးရာဆိုလို့ကိုယ်ပဲ
ရှိတာလေ။

ခေါင်းလေးကိုပွတ်ပေးတော့ ဆေးအရှိန်နဲ့
ကိုယ့်ကိုသာမှီထားပြီးမှိန်းနေတော့သည်။
သူ့ကိုလှဲပြီးပေးမအိပ်တော့ ကိုယ့်ကိုမှီထားပြီး
ထိုင်ရက်အိပ်မည်ပေါ့။ပင်ပန်းလို့အရမ်းအိပ်
ချင်နေတာ ပြီးတော့ ဒီလိုအချိန်ဆိုလူနားမှာပဲ
ကျောရိုးမဲ့ အကောင်ပေါက်လေးလို တွယ်ကပ်
ချင်သည်။မှီရလွယ်အောင်အနေအထားပြင်
ပေးပြီး အိပ်ပျော်သွားမှအခန်းထဲပို့ပေးဖို့ကြံ
နေတုန်းဧည့်ခန်းထဲက ဖုန်းမည်သံကြောင့်
အလျင်မြန်ထပိတ်ဖို့ကြံပေမဲ့မျက်လုံးတွေကို
ပွတ်သပ်ပြီးရင်ခွင်ထဲကနေထွက်လာပြီ။
အလုပ်ဖုန်းတွေဘာတွေလာရင် အလိုက်
သတိနေပေးတတ်တော့ခဏထားခဲ့ရကာ
ပြန်လာထဲကမေ့နေသည့်ဖုန်းကိုပြန်ရှာရသည်။

ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့ ဆက်နေ
တာက တစ်ခြားသူမဟုတ်ထက်မြတ်အမေ
အန်တီကေသီပါ။

"အန်တီဖုန်းဆက်တယ်"

"ဟင် မင်းဖုန်းကိုဆက်တာလား ငါ့ကို
မဟုတ်ပဲ"

ထိုင်နေရာကနေ တီဗီစင်နားကိုချက်ချင်း
ပြေးလာပြီး ဖုန်းကိုင်လိုက်သည့်ကိုယ့်ကိုသာ
မော့ကြည့်လို့နေတော့ဘာမှမဖြစ်ဘူးဆိုတာ
အသာပြုံးပြရသည်။

"ဟုတ်ကဲ့ အန်တီ"

ဘေးကနေခြေဖျားထောက်ပြီးမမှီတမှီနဲ့
အနားကပ်ကာ လိုက်နားထောင်နေသော
မျက်နှာငယ်လေးကိုကြည့်ရင်း သတိကြီးကြီး
ထားပြီးပြောရသည်။

"ဟုတ်ကဲ့ ဒီနေ့သွားပြတာပါ။ဟုတ် စိတ်မပူပါနဲ့ကျနော်ဂရုစိုက်ပါ့မယ်ဟုတ်ကဲ့"

သူ့ကိုမဆက်ပဲကိုယ့်ကိုတိုက်ရ်ုက်ဆက်လာ
တော့ ဘာတွေပြောမလဲဆိုတာစိုးရိမ်နေသည့်
ပုံစံလေးက။

"အမေကပြောမယ်တဲ့"

ဖုန်းကိုကမ်းပေးလိုက်တာ့ အလျင်အမြန်
ယူသည်။

"မေ့"

"မဟုတ်ပါဘူး သားလိမ်မာပါတယ်"

"မေ့ကိုလွမ်းနေတာ"

သတိလက်လွတ်ပြောပြီးမှ ကိုယ့်ကိုအားနာ
သလိုမျက်ဝန်းတွေနဲ့ပြန်လည်မော့ကြည့်
သည်။ကိုယ့်ဘက်ကပဲစတင်၍ သူ့အမေနဲ့
လွတ်လွတ်လပ်လပ်စကားပြောနိုင်အောင်
အနားကထွက်လာခဲ့ပြီး အလုပ်များနေသလို
နေလိုက်ရသည်။ကိုယ့်ကိုပဲလှည့်ကြည့်
လှည့်ကြည့်နဲ့ ဖုန်းကိုင်ပြီးနောက်ဆုံးအိပ်ခန်း
ထဲဝင်သွားသည်။သူ့အမေကိုစိတ်ကြိုက်ချွဲပါ
စေလေ။

ရန်ကုန်နဲ့မန်းလေးကဘယ်လောက်မှတော့
မဝေးပေမဲ့ အခုချိန်ထိသူ့မိဘတွေနဲ့မတွေ့ရ
ပဲကိုယ့်နောက်ကိုလိုက်လာပေးတာ။မိဘတွေ
အပေါ်အရမ်းသိတတ်လိမ်မာတဲ့ကောင်လေး
က ဘာကိုမှမစဉ်းစားပဲ ကိုယ့်တစ်မျက်နှာကို
ပဲကြည့်ပေးခဲ့တာ။သူ့မိဘအိမ်ကိုတော့
မလွမ်းပဲဘယ်နေမှာလဲ။ကိုယ်တောင်
ဒီလောက်ချစ်နေရရင် သူ့မိဘတွေဆိုပြောစရာ
မလိုပါ။ဒါပေမဲ့သူများ သားသမီးကိုအပိုင်ယူ
ထားတယ်ပဲပြောပြောပြန်မပေးနိုင်ပါ။
ပြန်မပေးချင်တော့ပါ။

တစ်ယောက်ထဲ အိမ်ရှေ့မှာထိုင်နေမိတာ
အချိန်အတော်ကြာသွားတော့ နေလို့မရတော့။
အခုချိန်ဆိုရင်တော့ သူ့အမေကိုချွဲလို့ပြီး
လောက်ပါပြီ။ထရပ်ပြီးခြေလှမ်းတွေကအိပ်ခန်း
ထဲကိုရောက်သွားတဲ့အချိန် မအိပ်သေးပဲ
ကိုယ့်စကားနားထောင်ပြီးကုတင်ပေါ်မှာထိုင်နေ
ပေးသည်။တံခါးဖွင့်သံနောက်မှာကိုယ့်ကို
တွေ့သည်နှင့်နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလာတာ။

"ငါအခုအိပ်လို့ရပြီလား"

"အမေဘာပြောလဲ"

ဘေးမှာဝင်ထိုင်တော့ ဘာမှမဖြစ်သလိုပြုံးပြ
နေသည်မှာ ကိုယ်ကသူ့မျက်နှာကိုအရိပ်လို
ကြည့်လာတဲ့ကောင်ပါ။

"ဘာ ဘာမှတော့အထွေအထူးမပြောပါဘူး။
ဒီနေ့ဆေးရုံသွားရတယ်ဆိုလို့ ငါ့ကိုစိတ်ပူလို့
အခြေအနေမေးတာ ဘာမှမဟုတ်ဘူး"

"တစ်ကယ်ဒါပဲလား"

စိုက်ကြည့်ပြီးမေးတော့ ရှင်းပြနေရာကနေ
ချက်ချင်းငြိမ်ကျသွားပြီးမျက်နှာငယ်လေးက
အပြုံး တွေတစ်ဖြည်းဖြည်းမှေးမှိန်သွားသည်။

"အမေ ငါ့ကိုသတိရနေတဲ့ပုံပဲ။ ငါ့ကြောင့်
အဖေနဲ့လဲသိပ်အဆင်မပြေ အမေက
ကျန်းမာရေးမကောင်းတော့အပြင်လဲ
သိပ်ထွက်လို့မရဘူးလေ။ဒီအသက်အရွယ်မှာ
ငါကဘေးကနေပြုစုပေးသင့်တာကို"

"ထက်မြတ် မန်းလေးပြန်ချင်လား ပြန်မလား"

ချက်ချင်းအရောင်ပြောင်းသွားသည့် မျက်ဝန်း
တွေက ဘယ်လောက်ပြန်ချင်နေလဲဆိုတာ
သိသာစေသည်။ ကိုယ့်ကြောင့်သာဒီကိုလိုက်
လာတာ ထက်မြတ်ထည်ဝါဆိုတဲ့ကောင်လေး
ကသူ့မွေးရပ်မြေမန ္တလေးမြို့ကို အရမ်းချစ်တဲ့
ကောင်လေးပါ။

"အမေ့ကိုလွမ်းနေတယ်မလား မင်းပြန်ချင်ရင်
ငါပြန်လိုက်ပို့ပေးမယ်"

"မင်း ငါ့ကိုစိတ်ကုန်သွားလို့မန ္တလေးပြန်ပို့
တော့မလို့လား"

သူ့မှာပျော်နေရာကနေ ချက်ချင်းကိုယ့်ကိုပဲ
ကြည့်နေပြီး အနားကိုတိုးကပ်လာကာ
လက်မောင်းတစ်ဖက်ကိုလာဆွဲသည်။
ပျော်နေရာကနေချက်ချင်းမဟုတ်တာတွေ
လိုက်တွေးနေပြန်ပါပြီ။

"ဘယ်သူက တစ်ယောက်ထဲပြန်ရမယ်ပြောနေ
လို့လဲ အရူးလေးရဲ့"

ဆံပင်တွေကိုသပ်တင်ပေးသည့်တိုင်
ကိုယ့်ကိုပဲ တစ်စိုက်မတ်မတ်ကြည့်နေပြီး
မပြုံးနိုင်သေး။

"အဖေနဲ့အမေကို ပြန်ကန်တော့မလား။ဒီလ
ရက်ကြီးခါကြီးမှာလည်း မပြန်လိုက်ရဘူးလေ
ဒီဇင်ဘာမှာပြန်မလား"

"မင်း မင်းတစ်ကယ်ပြောနေတာလား"

စိုးရိမ်နေသည့် မျက်နှာလေးနားကိုကပ်ကာ
ခေါင်းလုံးလုံးလေးကိုလက်နဲ့ဆွဲဖွတော့
မျက်နှာလေးက အပျော်တွေကိုမဖုံးနိုင်တော့။
မျက်ရည်ကြည်တွေ ချက်ချင်းဝဲလာပြီး
ရင်ခွင်ထဲချက်ချင်းတိုးဝင်ကာကိုယ့်ကို
တွယ်ဖက်ထားပါတော့သည်။အဲ့ဒီလောက်
တောင်မန်းလေးပြန်ချင်နေတာလား။

"အိမ်ပြန်ရောက်လို့ အဖေငါ့ကိုပြန်မလွှတ်
တော့ရင်ဘယ်လိုလုပ်မလဲ"

ရင်ခွင်ထဲမှာ ငြိမ်သက်နေရာကနေမော့ကြည့်
လာပြန်သည်။

"အဲ့လောက်ထိ မလုပ်လောက်ပါဘူး"

"အမေကငါတို့ဘက်မှာရှိတယ်လို့ထင်တာပဲ။
ငါ့အဖေအကြောင်းတော့ငါသိတယ် အချိန်
ဘယ်လောက်ကြာကြာ စိတ်ကလျှော့မှာ
မဟုတ်ဘူး။မင်းကိုအပြစ်တင်နေမှာပဲ
ငါစိတ်ပူတာ"

"အပြစ်တင်မယ်ဆိုရင်လဲဒီလောက်တော့ခံရမှာ
ပေါ့ သူတို့ရဲ့အဖိုးတန်သားလေးကိုငါက
သဘောမပါပဲနှစ်ကြမ်နှစ်ခါတောင်ခေါ်လာခဲ့
တာကို"

မျက်နှာလေးပြုံးလာအောင် အတတ်နိုင်ဆုံး
ကြိုးစားနေသည့်တိုင်အောင်ကိုယ့်ကိုသာ
ကြည့်နေပြီး ဘာတွေလျှောက်တွေးနေပြန်ပါပြီ
လဲ။သူ့ခမျာအမေကိုတွေ့ချင်နေစိတ် ကိုယ့်ကို
စိုးရိမ်စိတ်တွေနဲ့။

"တစ်ခုခုဆိုရင်ငါ ငါမင်းကိုကာကွယ်မှာ"

စိတ်ဆုံးဖြတ်ထားသလို ဟစ်ကြွေးနေသည့်
ပုံစံလေးက တစ်ကယ်အသည်းယားစရာ။

"တစ်ကယ်လား အဲ့တာဆိုမင်းအနောက်မှာ
ငါနေမယ်နော်။အားကိုးရှိပြီ"

"အင်း မင်းဘာမှမဖြစ်စေရဘူး"

တစ်ကယ်စိုးရိမ်နေရှာတာ ဆုံးဖြတ်ချက်ပြတ်
သားနေသလိုမျက်နှာလေးက ကိုယ့်ကိုအတင်း
ဆွဲဖက်လာပြီးသူ့ရင်ခွင်ထဲကိုခိုနားစေသည်။
ခပ်ဖွဖွရယ်မိပေမဲ့ ရင်ထဲမှာတော့ကြည်နူးနေ
ပါသည် သူ့ကိုယ်သူအားနည်းတယ်လို့ခံယူ
ထားတဲ့ကောင်လေးတစ်ယောက်က
ကာကွယ်မယ်ဆိုတဲ့ စကားကိုလွယ်လွယ်
ဘယ်ပြောထွက်နိုင်မှာလဲ။သေးငယ်ပေမဲ့
ဒီရင်ခွင်လေးက ကိုယ့်ကိုစိတ်အေးချမ်းမှု
အများကြီးပေးနိုင်သည်။ကိုယ့်ကိုပိုတိုးလို့
ဖက်ပြီးကျောပြင်ကိုပွတ်သပ်ပေးကာ
သူ့ကိုအားကိုးစေချင်ကြောင်းလဲ
သက်သေပြနေပါသည်။

ဘဝမှာ ချစ်ခြင်းမေတ္တာငတ်ခဲ့တဲ့ကောင်ကို
သူချစ်တတ်သလိုလေး ချစ်ပြနေသည့်
ကောင်လေး၊သူ့ကိုချစ်ပါရဲ့လား ချစ်တယ်လို့
ပြောပေးပါလားလို့ ဝမ်းနည်းတဲ့အချိန်
တိုင်း အမြဲတမ်းတောင်းဆိုနေတတ်သည့်
ကောင်လေးက ကိုယ်တိုင်တော့ဘာလို့
ထုတ်မပြောချင်ရပါသလဲလေ။

ဒီကောင်က သိပ်ချစ်ပါတယ်ကလေးလေးရယ်။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
wallထဲမှာ နောက်ထပ်ကြိုးစားရမဲ့
"ရာထောင်ချီ "ဆိုတဲ့ဒုတိယfic
အသစ်တစ်ပုဒ်လေး တင်ထားပါတယ်။
အချစ်တွေနဲ့ ပြန်တွေ့ချင်ပါတယ်နော်။

Continue Reading

You'll Also Like

6.2M 379K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
5.2M 551K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.5M 90.2K 38
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...
1.7M 123K 67
ဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Maf...