အခန်း ၁
ကောင်းကင်ပြတင်း
တရုတ်ဆီး(ဇီး)ပန်းပွင့်များသည်ကား မြေပြင်ထက်ဝယ် ခြံဝင်းတစ်ခုလုံးအပြည့် နေရာအနှံ့ပြန့်ကျဲကြွေကျလို့နေသည်မှာ မြေကြီးထက်ရှိအရည်ပျော်လုဆဲဆဲ နှင်းမှုန်များနှင့် အလွန်တရာမှပနံသင့်လိုက်ဖက်ညီလှပေသည်။ ရုတ်တရက်ကြည့်လိုက်ပါသော် မည်သည့်နေရာက နှင်းမှုန်နှင်းပွင့်များ၊ မည်သည့်နေရာက ဆီးပန်းပွင့်များဟူ၍တိတိပပမခွဲခြားနိုင်သည့်နှယ်။ လေအဝှေ့တွင် မွှေးကြူသင်းပျံ့သောပန်းရနံ့တို့က အေးဆေးကြည်သာစွာဖြင့် ခြံဝင်းတစ်ခုလုံးအနှံ့ပျံ့လွင့်နေတော့သည်။
အချိန်ကား နေဝင်ရီတရော မှောင်စပျိုးချိန်ဖြစ်သည်။ အိမ်ခေါင်မိုးထက်ရှိ တံစက်မြိတ်အစွန်း၌မူ စန္ဒာလမင်းကြီးထံမှ ရေတမျှအေးစက်လှပါသော သော်တာလရောင်ခြည်တို့ထွန်းလင်းဖြာကျနေလျက်။
ခြံဝင်းငယ်လေး၏အဆုံးပိုင်းတွင် တရုတ်ဆီးသီးပင်ကြီးများနှင့် တစ်စိတ်တစ်ပိုင်းဖုံးကွယ်နေလျက်ရှိသော အနည်းငယ်အိုဟောင်းနေသည့် ထောင့်ချိုးဂိတ်တံခါးတစ်ခုတည်ရှိသည်။ တံခါးကိုတွန်းဖွင့်ကာ အတွင်းသို့ဝင်သွားမည်ဆိုပါက အတွင်းပိုင်းသည် အပြင်ဘက်နှင့်လုံးလုံးလျားလျားကွဲပြားခြားနားလို့နေသည်ကိုတွေ့မြင်နိုင်သည်။ ဂိတ်တံခါးဝတွင် စစ်ဝတ်တန်ဆာများအပြည့်အစုံဝတ်ဆင်ထားပြီး ဓားလက်နက်များကိုင်ဆောင်ထားသော စစ်သည်တော်နှစ်ဦး စောင့်ကြပ်နေ၏။ အောက်ဘက်တွင် ထုံးကျောက်တုံးများအစီအရီခင်းထားသော ကျောက်ခင်းလမ်းလေးတစ်ခုရှိပြီး လမ်းလေးအဆုံးတွင်တော့ ပိန်းပိတ်အောင်မှောင်မည်းနေသော အကျဉ်းထောင်တစ်ခုရှိကာ သေမင်းတမန်အငွေ့အသက်များက နင့်နဲသိပ်သည်းစွာပျံ့လွင့်ရိုက်ခတ်လို့နေသည်။
မွှေးပျံ့သင်းထုံသော ပန်းမာလာရနံ့များကမူ ဂိတ်တံခါးနားတွင်သာပြတ်တောက်အဆုံးသတ်သွားပြီး အတွင်းဘက်သို့အနည်းငယ်သော်မျှမတိုးဝင်နိုင်ရှာပေ။
ထိုနေရာတွင်လည်း များပြားလှသော တော်ဝင်အစောင့်စစ်သည်များက ဓားတို၊ ဓားရှည်လက်နက်မျိုးစုံကိုင်ဆောင်ထားလျက် ကျောက်ဆစ်ရုပ်များအလား တုတ်တုတ်မျှပင်မလှုပ်ဘဲ ငြိမ်သက်စွာစောင့်ကြပ်နေကြသည်။ ထိုလူကြီးများ၏လက်မောင်းများမှာ ဧရာမသံတိုင်ကြီးများအလား တုတ်ခိုင်ကြ၏။
အကျဉ်းထောင်ထဲရှိ မှောင်မည်းကျဉ်းမြောင်းသောလမ်းလေးအတိုင်း ဆက်လျှောက်သွားမည်ဆိုပါက စက်ယန္တရားများဖြင့်ထိန်းချုပ်ထားသောကျောက်သားတံခါးပေါက်သုံးပေါက်ကိုတွေ့ရမည်ဖြစ်သည်။ တံခါးတစ်ပေါက်စီတိုင်းတွင် အစောင့်တစ်ယောက်စီစောင့်ကြပ်နေလျက်ရှိ၏။ ထိုတံခါးပေါက်သုံးပေါက်အတွင်းသို့ဆက်လက်ဝင်ရောက်သွားလျှင် သက်ရှိဟူသည့်အရိပ်အယောင်ကို စိုးစဥ်းမှမတွေ့ရသော ရှည်လျားကျဉ်းမြောင်းသော လမ်းဟောင်းလေးတစ်ခုရှိပြီး မကျွတ်မလွတ်သော ဝိညာဉ်များစုဝေးရာ မရဏလမ်းဆီသို့ ဦးတည်ခေါ်ဆောင်နေသယောင်။ လမ်းတစ်လျှောက်ထွန်းညှိထားသော မီးအိမ်များမှ အလင်းရောင်များကလည်း မီးစုန်းများအလား အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ်ထွန်းလင်းနေလျက်။
အတွင်းဘက်အကျဆုံးအကျဉ်းထောင်တစ်ခုထဲတွင်မူ အမျိုးသားတစ်ဦး၏ တိုးညင်းဖျော့တော့သော ဗလုံးဗထွေးရေရွတ်သံများထွက်ပေါ်လာ၏။ ထို့နောက်တွင်မူ ခေတ္တမျှတိတ်ဆိတ်သွားပြန်သည်။ ကြည့်ရသည်မှာ အခြားလူတစ်ယောက်က တိုးညင်းစွာသက်ပြင်းချလိုက်ပုံရသည်။
ရုတ်တရက် အကျဉ်းထောင်ထဲရှိအမှောင်ထုအတွင်းမှ သွေးပျက်ခြောက်ခြားစရာကောင်းလှသောစူးစူးဝါးဝါး အော်သံတစ်သံထွက်ပေါ်လာသည်။ ဆီမီးရောင်လေးသည်ပင် တစ်ချက်မျှဟုပ်ခနဲငြိမ်းသက်သွားတော့မယောင်။ သေခါနီးတိရစ္ဆာန်တစ်ကောင်၏ နာနာကျင်ကျင် ဆွဲဆွဲငင်ငင်အော်ဟစ်ညည်းညူသံပမာ။ ကြားရသူတိုင်း၏နှလုံးသည်းအိမ်အတွင်း အေးစိမ့်သောခံစားချက်များလျှံတက်လာရလေတော့သည်။
အကျဉ်းထောင်ကိုနောက်ကျောပေးလျက်မတ်တပ်ရပ်နေသော အစောင့်စစ်သည်တော်နှစ်ယောက်အနက် တစ်ယောက်သောစစ်သည်တော်လေးမှာ ယခုမှအသစ်ဝင်ရောက်လာပုံရပြီး မျက်နှာထက်တွင်ငယ်ရွယ်နုနယ်သောအငွေ့အသက်တို့သယ်ဆောင်ထားသည်။ ထိုစစ်သည်တော်ငယ်လေးမှာ အနှီစူးရှသောအော်ဟစ်သံကိုကြားသော် မနေနိုင်ဘဲ တုန်တက်သွားရှာပြီး ဘေးရှိအဖော်တပ်သားကို တစ်ချက်မျှခိုး၍လှမ်းကြည့်လိုက်၏။ တစ်ဖက်လူမှာမူ နားမကြားသူတစ်ဦးပမာ တောင်ကြီးတစ်တောင်သဖွယ် မားမားမတ်မတ်ရပ်နေဆဲဖြစ်သည်ကိုတွေ့မြင်လိုက်ရသော် ၎င်းမှာလည်း သူ့စိတ်ကိုပြန်လည်ထိန်းချုပ်လိုက်ကာ မျက်လွှာချထားလိုက်လေတော့သည်။
သို့သော် အဆိုပါအော်ဟစ်ညည်းညူသံများမှာ အချိန်အတန်ကြာသည်အထိ စူးစူးဝါးဝါးအော်ဟစ်နေဆဲဖြစ်ပြီး လည်ချောင်းများအက်ကွဲလာသည့်တိုင်အောင် မရပ်တန့်သွားသေးပါချေ။ နောက်ဆုံးတွင်တော့ ဆက်လက်၍အသက်ရှူနိုင်စွမ်းမရှိတော့ဘဲ အာခေါင်ခြစ်အော်ဟစ်သံများမှာလည်း ဝူးဝူးဝါးဝါးညည်းတွားသံများအဖြစ်သို့ပြောင်းလဲသွားရှာတော့သည်။ သို့သော် ထိုညည်းညူသံများမှာ ပို၍ပင်သနားစဖွယ်ကောင်းနေ၏။
အသစ်စက်စက်အစောင့်စစ်သည်တော်လေးမှာတော့ တစ်ကိုယ်လုံးအနှံ့ကြက်သီးမွေးညင်းများ တဖြန်းဖြန်းထလာရှာသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာမျှကြာညောင်းသော် ထိုလူ၏အသံမှာ တိတ်ဆိတ်ပျောက်ကွယ်သွား၏။ ခေတ္တခဏကြာသော် သေသလား ရှင်သလားမသိရသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကို လူနှစ်ယောက်က အပြင်သို့ဆွဲထုတ်လာ၏။ ၎င်းမှာ လက်ဗလာနှင့် ဦးခေါင်းမှာတစ်ဖက်သို့ငိုက်စိုက်ကျနေလျက် တစ်ခေါင်းလုံးလည်း ချွေးများဖြင့်စိုရွှဲနေပြီး နှုတ်ခမ်းနှင့်လျှာကိုဖိကိုက်ထားသောဒဏ်ရာများကြောင့် ပါးစပ်ထောင့်စွန်းမှသွေးစများစီးကျနေသည်။ ခန္ဓာကိုယ်ပေါ်တွင်မူ မည်သည့်ဒဏ်ရာဒဏ်ချက်မျှရှိမနေပါချေ။ သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်နေရာအသီးသီး၌ အနီရင့်ရောင်သံအပ်ချောင်းများဖြင့် ထိုးစိုက်ထားသော အပေါက်ရာ ၇ ချက်သာရှိနေသည်။
ထိုအမှတ်အသားများမှာ ထူးဆန်းပြီးကြောက်စရာကောင်းလှသော ရုပ်ပုံသဏ္ဌာန်တစ်ခုနှင့်ပင်ဆင်တူလှသည်။ အစောင့်တပ်သားငယ်လေးမှာ ထိုသက်လတ်ပိုင်းလူကြီးကို လိုက်မကြည့်ဘဲမနေနိုင်ရှာပေ။ နောက်ဆုံးတွင်တော့ အနှီလူမှာ ကျောက်သားတံခါးနောက်ကွယ်သို့ ခေါ်ဆောင်သွားခြင်းခံရပြီး မြင်ကွင်းမှပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်၌ သူ့နောက်မှ ခပ်တိုးတိုးအသံတစ်သံကိုကြားလိုက်ရသည်။
"ဒီမြင်ကွင်းမျိုးကိုမြင်ရတော့ နောင်တရနေပြီလား"
အစောင့်စစ်သည်တော်လေးခမျာ ရုတ်တရက် အထိတ်တလန့်ဖြစ်ကာတုန်တက်သွားရှာပြီး နောက်သို့လှည့်ကြည့်လိုက်သောအခါတွင်မူ မည်သည့်အချိန်ကတည်းက အသံမပေးဘာမပေးဖြင့် သူ့အနောက်တွင်မတ်တပ်ရပ်နေသည့် နီလာပြာရောင်ဝတ်ရုံရှည်အား ဆင်မြန်းထားသောအမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရသည်။ တစ်ဖက်တွင်ရှိနေသည့်အစောင့်စစ်သည်တော်က ဒူးထောက်ကာအရိုအသေပြုလိုက်သောကြောင့် သူလည်းအသိပြန်ဝင်လာပြီး မဆိုင်းမတွပင် ဒူးထောက်အရိုအသေပြုရင်း နှုတ်မှစကားဆိုလိုက်လေသည်။
"အိမ်တော်အရှင်သခင်”
အဆိုပါဝတ်ရုံရှည်နှင့်အမျိုးသားမှာ အသက် ၂၈၊ ၂၉ နှစ်ခန့်သာရှိဦးမည်ဖြစ်သည်။ ယဉ်ကျေးပျူငှာသောသွင်ပြင်ပုံစံရှိပြီး စာပေပညာရှင်တစ်ယောက်နှင့်တူလှသည်။ မျက်နှာပြင်ထက်တွင်မူ နာမကျန်းဖြစ်နေဟန်အလွှာတစ်လွှာဖုံးလွှမ်းထား၏။ မျက်နှာကောက်ကြောင်းသဏ္ဌာန်မှာ အတော်အတန်ရှင်းလင်းပြတ်သားလှသလို ခပ်စိပ်စိပ်မျက်တောင်ရှည်များဖြင့်တစ်ဝက်ခန့်ဖုံးကာထားသော တဖျတ်ဖျတ်လက်နေသည့် မျက်ဝန်းများမှာ အမြဲတစေမသိမသာမျက်လွှာချထားလျက်။ ရံဖန်ရံခါ ခေါင်းမော့လိုက်ချိန်ဝယ် ပြောမပြတတ်သောအေးစက်မှုတို့ထွက်ပေါ်လာပြီး မြင်ရသူတိုင်း၏နှလုံးအိမ်ထဲမှာလည်း အေးစိမ့်သွားရသလို။ ဖြောင့်စင်းပြေပြစ်သောနှာတံကိုပိုင်ဆိုင်ထားပြီး အလွန်တရာမှကို ထီမထင်ဟန် ကွေးညွှတ်နေသောနှုတ်ခမ်းတစ်စုံတို့ကမူ ထိုလူ၏ချောမောလှပသောရုပ်ရည်အပေါ်၌ ဘာရယ်ကြောင့်မှန်းမသိ အပြောင်းအလဲလွယ်သောအငွေ့အသက်တစ်မျိုးတစ်ဖုံအား ထပ်လောင်းအားဖြည့်ပေးနေသကဲ့သို့ပင်ရှိချေသည်။
စစ်သည်တော်လေး၏နှုတ်ခွန်းဆက်သံကိုကြားလိုက်ရသောအခါ အဆိုပါအမျိုးသားမှာ ၎င်းကိုတစ်ချက်မျှထပ်မကြည့်ဘဲမနေနိုင်စွာဖြင့် အသာအယာပြုံးလျက်ဆို၏။
"အသစ်ဝင်လာတဲ့သူလား"
စစ်သည်တော်လေးက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်"
ထိုအမျိုးသားက သူ့လက်ကိုပင့်မြှောက်လိုက်ရင်း စစ်သည်တော်လေး၏ ပုခုံးကိုနှစ်ချက်ခန့်အသာအယာပုတ်လိုက်လေသည်။
"ဒါဆိုရင် မှတ်ထား၊ နောက်ဆို ငါ့ကို အိမ်တော်အရှင်သခင်လို့ ခေါ်စရာမလိုတော့ဘူး။ ဒီအတိုင်း ကျိုးလူကြီးမင်းလို့ခေါ်ရင်ရပြီ"
စစ်သည်တော်လေးက ခေါင်းမော့လာကာ ထိုသူအားအလျင်အမြန်လှမ်းကြည့်လိုက်ပြီးနောက် လေးစားကျိုးနွံစွာဖြင့်ခေါင်းပြန်ငုံ့ကာဖြေကြားလိုက်လေသည်။
"ဟုတ်ကဲ့ပါ ကျိုးလူကြီးမင်း"
ထိုအမျိုးသားက ခေါင်းညိတ်ကာ လက်ခါပြလိုက်သည်။
"မင်းတို့နှစ်ယောက် သွားလို့ရပြီ။ ငါတစ်ယောက်တည်း ခဏလောက် အေးအေးဆေးဆေးနေဦးမယ်"
စစ်သည်တော်နှစ်ဦးမှာ အမိန့်နာခံပြီးနောက် ဘေးချင်းယှဉ်လျက် အတူတကွထွက်ခွာလေသွားတော့သည်။
စစ်သည်တော်ငယ်လေးမှာ မနေနိုင်မထိုင်စွာပင် နောက်သို့တစ်ချက်မျှ လည်ပြန်ကြည့်မိလိုက်၏။ အဆိုပါအပြာရောင်ဝတ်ရုံရှည်နှင့်လူမှာ တံခါးဘောင်ကိုအမှီပြုလျက် သူ့မျက်လုံးများက ဗလာနတ္ထိဖြစ်နေသောလေထုထဲမှ တစ်စုံတစ်ခုကိုငေးမောကြည့်ရှုနေသယောင်။ သို့သော်ငြား မည်သည့်အရာကိုသော်မျှမမြင်ရသည့်နှယ်၊ လူငယ်လေးမှာ အထူးအဆန်းဖြစ်သွားရှာရင်း ထိုလူသည်ကား အလွန်တရာဝေးလံခေါင်ဖျားသောနေရာတစ်နေရာသို့ထွက်ခွာသွားတော့မလိုခံစားလိုက်ရလေတော့သည်။
ပထမဆုံး သံမဏိတံခါးကြီးအောက်သို့ကျဆင်းပိတ်ဆို့သွားချိန်မှာတော့ စကားတစ်ခွန်းမှမဆိုဘဲ တိတ်ဆိတ်နေခဲ့သော သူ့ဘေးရှိ စစ်သည်အိုကြီးက လေသံခပ်တိုးတိုးဖြင့်ပြောလာ၏။
“မင်းကြည့်လိုက် စာပေပညာရှင်တစ်ယောက်လို ယဉ်ကျေုးပျူငှာပြီးနွေးထွေးဖော်ရွေတဲ့လူကြီးမင်းရဲ့ပုံစံက ခုနက လောင်ပိကို "ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ" ဆိုတဲ့ပြစ်ဒဏ်မျိုး သူ့လက်နဲ့ကိုယ်တိုင်ကိုယ်ကျပေးခဲ့တဲ့သူလို့တောင် မထင်ရဘူးမလား”
စစ်သည်တော်ငယ်လေးခမျာ အထိတ်တလန့်ဖြစ်သွားလျက် စစ်သည်တော်အိုကြီးအားတစ်ချက်လှည့်ကြည့်လိုက်လေသည်။ နားထင်နှစ်ဖက်လုံး၌ဆံပင်များဆွတ်ဆွတ်ဖြူနေရှာသည့် စစ်သည်တော်အိုကြီးသည်ကား သက်ပြင်းတစ်ချက်ချလိုက်ရင်း စကားဆက်၏။
"မင်းမသိသေးတာတွေ အများကြီးရှိသေးတယ်။ ငါတို့ရဲ့ 'ကောင်းကင်ပြတင်း' လို့ခေါ်တဲ့ 'ထျန်းချွမ်း ' ဆိုတဲ့အဖွဲ့အစည်းဟာ ဝင်လာပြီးရင်လုံးဝပြန်ထွက်ခွင့်မရှိတော့ဘူး။ တကယ်လို့ ထွက်သွားချင်တယ်ဆိုရင် ခြေလက်တွေကျိုးကန်းပျက်စီးပြီး သေချာပေါက်အသေထွက်မှပဲရမယ်"
တာ့ချင်တိုင်းပြည်ကြီးတွင် ‘ရုန်ကျား’ လေးနှစ်တာကာလအတွင်း "ကောင်းကင်ပြတင်း" ဟူသည့်အဖွဲ့အစည်းကို နာမည်ကြားရုံမျှနှင့်ပင် သာမန်တိုင်းသူပြည်သားများသာမက ရွှေနန်းတော်တစ်ခွင်ရှိ မည်သူမဆိုကြောက်ဒူးတုန်ကြရစမြဲသာဖြစ်၏။
'ကောင်းကင်ပြတင်း' ဆိုသည့်အဖွဲ့မှာ လျှို့ဝှက်သူလျှိုများနှင့် ကြေးစားလူသတ်သမားများဖြင့်ဖွဲ့စည်းထားပြီး မင်းဧကရာဇ်၏အမိန့်တော်ကိုသာလျှင်တိုက်ရိုက်နာခံသော ဘုရင်မင်းမြတ်၏သစ္စာတော်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည်။ သူတို့အဖွဲ့၌ အဖွဲ့ဝင်မည်မျှရှိပြီး မည်သည့်နေရာများတွင်ပုန်းအောင်းနေထိုင်ကြသလဲဆိုသည်ကို မည်သူတစ်ဦးတစ်ယောက်မှမသိရှိကြပါချေ__သို့သော် သူတို့အဖွဲ့၏ခြေတံလက်တံများသည် မိုးမြေအဆုံးထိဖြန့်ကျက်ဆန့်တန်းနိုင်စွမ်းရှိသည်ဟူသောအချက်ကိုလည်း မည်သူကမှယုံမှားသံသယမဝင်ကြပါချေ။ ရုန်ကျားဧကရာဇ်ဖြစ်သော ဟယ့်လျန်ရိက အိမ်ရှေ့မင်းသားဘဝတွင် သူ့လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျတည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေရာ ယခုအချိန်အခါတွင် စည်းကမ်းတင်းကြပ်ပြီး အင်အားတောင့်တင်းခိုင်မာသောအဖွဲ့အစည်းကြီးတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။
‘ကောင်းကင်ပြတင်း’ ၏ ပထမဆုံးသောခေါင်းဆောင်အကြီးအကဲဖြစ်သူ__ နီလာပြာရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသူအမျိုးသားသည်ကား ယခင်က ‘လေးရာသီစံအိမ်တော်၏အရှင်သခင်’ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် ကျိုးလူကြီးမင်းဟုခေါ်တွင်သော ကျိုးကျစ်ရှူးပင်တည်း။
ရွှေနန်းတော်အတွင်းရှိလျှို့ဝှက်ချက်များမှအစ သာမန်တိုင်းသူပြည်သားများ၏အရေးကိစ္စများအဆုံး ထိုအဖွဲ့အစည်းအတွင်း၌ လျှို့ဝှက်ချက်ဟူ၍စိုးစဥ်းမျှမရှိသည့်နှယ်။ ထို့ကြောင့် အဖွဲ့၏စည်းကမ်းမှာ အဖွဲ့သားတစ်ယောက် စကားပြောနိုင်နေသရွေ့တော့ အသက်ရှင်လျက် အဖွဲ့မှထွက်သွားခွင့်မရှိပေ။ အဖွဲ့အတွင်းသို့ဝင်ရောက်လာပြီးမှ ပြန်ထွက်ချင်သူများအဖို့ အသေထွက်လျှင်ထွက် သို့တည်းမဟုတ် ‘ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ’ အပြစ်ဒဏ်အပ်စိုက်ခြင်းကို လိုလိုလားလားခံယူပြီးမှသာလျှင် ထွက်ခွင့်ရှိလေသည်။
'ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ' ဆိုသည့်ပြစ်ဒဏ်မှာ ခန္ဓာကိုယ်၏ရင်ဘတ်နှင့်ဝမ်းဗိုက်ပေါ်ရှိ အရေးအကြီးဆုံး နေရာ ခုနစ်နေရာသို့ အဆိပ်သံအပ်များကို ထိုးစိုက်သွင်းပြီး အကြောများကိုပိတ်ဆို့ပစ်ခြင်းဖြစ်သည်။ ထို့နောက်ပိုင်းတွင် သိုင်းပညာများလုံးဝပျက်စီးသွားပြီး စကားမပြောနိုင်တော့သလို ခြေလက်လေးဖက်လုံးမှာလည်း အနည်းငယ်မျှပင်မလှုပ်ရှားနိုင်တော့သည့် အသုံးမကျသောဒုက္ခိတတစ်ယောက်အဖြစ်သို့ရောက်ရှိသွားလိမ့်မည်။ သုံးနှစ်ခန့်ကြာလျှင် ထိုအဆိပ်မှာ ကိုယ်တွင်းကလီစာငါးခုအတွင်းသို့ ပျံနှံ့ရောက်ရှိသွားပြီးနောက် အသက်ဇီဝိန်ချုပ်ငြိမ်းရပေလိမ့်မည်။
သို့သော် သုံးနှစ်မျှရည်ရွယ်ချက်မဲ့စွာအသက်ရှင်သန်နေရခြင်းထက်စာလျှင် သေသွားတာကပင်ပို၍ကောင်းပေဦးမည်။
သို့တိုင် ထိုကဲ့သို့ ရှင်လျက်နှင့်သေနေသူဘဝအဖြစ်ကိုခံယူကာ ကောင်းကင်ပြတင်းအဖွဲ့မှ ထွက်ချင်သူများရှိကြသည်။ သူတို့အဖို့ ဦးတည်ချက်မဲ့စွာလေလွင့်လျှောက်သွားနေရမည့် သုံးနှစ်ဆိုသောအချိန်ကာလသည်ကား ဘုရားပေးသောဆုလာဘ်ကဲ့သို့ပင်။
လက်အောက်ငယ်သားများကို ထွက်ခွာစေပြီးနောက် ကျိုးကျစ်ရှူးသည် အကျဉ်းထောင်ငယ်လေးအတွင်းသို့ပြန်ဝင်သွားကာ တံခါးကိုပိတ်လိုက်သည်။ လက်နှစ်ဖက်ကိုနောက်ပစ်ထားလျက် တစ်စုံတစ်ခုကို နက်နက်နဲနဲတွေးတောစဥ်းစားနေရင်း အေးအေးလူလူဖြင့်လမ်းတစ်ပတ်လျှောက်လိုက်၏။ ထို့နောက်တွင်မူ ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး နံရံထောင့်တစ်နေရာ၌ထားရှိသော သံအပ်များထည့်ထားသည့် သေတ္တာဘူးလေးတစ်ဘူးကိုထုတ်ယူလိုက်သည်။ သေတ္တာဘူးလေးကိုဖွင့်လိုက်သောအခါဝယ် ကြောက်စရာအသွင်အပြင်ရှိသည့် အနှီသေးငယ်သောအရာများထံမှ ဆီးသီးပန်းရနံ့များအလား သင်းပျံ့မွှေးကြိုင်သောအနံ့များပျံ့လွင့်ထွက်ပေါ်လာသည်။ ကျိုးကျစ်ရှူးက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက် လက်ကိုဆန့်ထုတ်ကာ ကိုယ်ပေါ်မှ ဝတ်ရုံရှည်ကို ဖြည်ချွတ်လိုက်သည်။
၎င်းမှာ အပြင်ပန်းမှကြည့်လျှင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး အရပ်အမောင်းမြင့်မားသူတစ်ဦးဖြစ်သော်ငြား ဝတ်ရုံချွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ခြောက်သွေ့ရှုံ့တွနေသော ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်ထွက်ပေါ်လာတော့သည်။ အဆိုပါကြုံလှီညိုးနွမ်းနေရှာသော ရင်ဘတ်နှင့်ဝမ်းဗိုက်တို့အကြား၌ သံအပ်ခြောက်ချောင်းအား သိသာထင်ရှားစွာပင် ထိုးစိုက်ထားခဲ့ပြီးဖြစ်သည်။ မည်သည့်အချိန်ကတည်းက ထိုးစိုက်ထားခဲ့သည်မသိ၊ သံအပ်များအားလုံးမှာ အသားထဲသို့ပင် နစ်မြုပ်ဝင်နေလေပြီ။
ကျိုးကျစ်ရှူးက မိမိ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီးနောက် ခပ်ထေ့ထေ့လှောင်ရယ်လိုက်ရင်း အနီးရှိဓားတစ်ချောင်းကို ကောက်ယူလိုက်သည်။ ထို့နောက် အံကိုတင်းတင်းကြိတ်လျက် သံအပ်များအနီးတစ်ဝိုက်တွင် ကပ်တွယ်နေရှာသော အသားလွှာတို့ကို ဓားဖြင့်အသစ်တစ်ဖန်လှီးဖြတ်ထုတ်လိုက်သည်။ ထိုခန္ဓာကိုယ်ပိုင်ရှင်မှာ သူမဟုတ်သကဲ့သို့ပင်။ သူ၏ဓားချက်များမှာ အလွန်တရာလျင်မြန်ပြီး အလွန်တရာတည်ငြိမ်လွန်းလှသည်။ မသိလျှင် ဓားဖြင့်လှီးဖြတ်နေသည့်အရာမှာ သူ့ခန္ဓာကိုယ်မဟုတ်သည့်အလား။ အနည်းငယ်မျှသောဓားချက်များအောက်ဝယ် ရှေ့ရင်ဘတ်တစ်ခုလုံးသည်ကား သွေးများဖြင့်ရဲရဲနီသွားလေတော့သည်။ ကြည့်လိုက်ပါက အနှီသံအပ်ချောင်းများမှာ အစောကြီးကတည်းက ထိုးစိုက်ထားခြင်းမဟုတ်ဘဲ ယခုလေးတင်မှထိုးစိုက်လိုက်သည့်ပမာ။
ထို့နောက်တွင်မူ အကြံအစည်တစ်ခုကိုအသက်သွင်းလိုက်သည့်နှယ် နင့်နင့်နဲနဲအော်ဟစ်မြည်တမ်းလိုက်ပြီး လူတစ်ကိုယ်လုံးမှာလည်း အားနည်းဖျော့တော့စွာဖြင့် အခန်းထောင့်ကိုမှီထားလျက် ဖြည်းဖြည်းချင်း အောက်သို့လျှောကျသွားရှာတော့သည်။ ၎င်းမှာ တစ်ကိုယ်လုံး အဆက်မပြတ်တုန်ရီလို့နေကာ နှုတ်ခမ်းထောင့်စွန်းရှိသွေးရောင်များမှာလည်း ပျောက်ကွယ်သွားရှာပြီဖြစ်သည်။ အံကိုတော့ ခပ်တင်းတင်းကြိတ်ထားဆဲ။ ထို့နောက် ရုတ်တရက် တစ်ကြိမ်မျှတွန့်လိမ်အကြောဆွဲသွားပြီး မျက်လုံးများမှာအနည်းငယ်ပြူးကျယ်လာ၏။ ထို့နောက်တွင်မူ မျက်လွှာများဖြည်းဖြည်းချင်းပိတ်သွားပြီး ဘေးတစ်ဖက်သို့ခေါင်းငိုက်စိုက်ကျသွားလေတော့သည်။
သွေးများချင်းချင်းနီနေသောခန္ဓာကိုယ်နှင့် ဆွတ်ဆွတ်ဖြူဖျော့နေသောမျက်နှာသွင်ပြင်ကြောင့် သူ၏ပုံစံမှာ လူသေကောင်တစ်ကောင်အလား။
နောက်တစ်နေ့ နံနက်မိုးသောက်အလင်းရောက်ချိန်ဝယ် အခန်းထောင့်၌ခွေခေါက်လဲလျောင်းနေသည့်လူမှာ အသာအယာလူးလွန့်လှုပ်ရှားလာပြီး မျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာ၏။ ၎င်းမှာ ပထမအကြိမ် မတ်တပ်ရပ်ရန်ကြိုးစားလိုက်ချိန်၌ အားနည်းချိနဲ့နေသော ခြေထောက်အစုံကြောင့် မြေပြင်ပေါ်သို့ပြန်လဲကျသွားခဲ့သည်။ ဒုတိယအကြိမ်ခက်ခက်ခဲခဲကြိုးစားပြီးနောက်မှသာလျှင် အောင်မြင်စွာမတ်တပ်ရပ်နိုင်သွားသည်။ သူက အဝတ်စတစ်စကိုထုတ်ယူကာ ရေဆွတ်ပြီး ရင်ဘတ်ပေါ်ရှိသွေးစသွေးနများကို သေသေချာချာ ဆေးကြောသန့်စင်လိုက်သည်။ ထို့နောက် အဝတ်အစားများကိုပြန်လည်ဝတ်ဆင်လိုက်ကာ သံအပ်တစ်ချောင်းကို ဝတ်ရုံအတွင်း၌ သိုဝှက်သိမ်းဆည်းထားလိုက်လေသည်။
ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး အခန်းတံခါးကိုတွန်းဖွင့်ကာ အပြင်သို့ထွက်လာသည်။
အကျဉ်းထောင်ထဲမှထွက်လာသောအခါ ဖြူဖွေးနေသောဆီးပန်းပွင့်ချပ်များအပြည့်ရှိသည့် ခြံဝင်းထဲသို့ပြန်လည်ရောက်ရှိလာ၏။ သင်းပျံ့မွှေးကြိုင်လှသော ဆီးသီးပန်းရနံ့များသည် နှလုံးသည်းအိမ်အတွင်းထိတိုင် ထိုးဖောက်တိုးဝင်လာသကဲ့သို့ ကျိုးကျစ်ရှူးတစ်ယောက်ခံစားလိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးအပြည့်ဖုံးလွှမ်းနေသောသွေးညှီနံ့များအား အသာအယာဆေးကြောသန့်စင်ပေးလိုက်သည့်နှယ်။ ၎င်းသည် ဆီးပန်းပင်ကြီးတစ်ပင်အောက်၌ အချိန်အတန်ကြာရပ်နေရင်း ပန်းရနံ့များအားရှူရှိုက်ခံစားနေလျက် သူ့မျက်နှာပြင်ထက်ဝယ် မသိလိုက်မသိဘာသာဖြင့် အပြုံးတစ်ပွင့်ဖြစ်တည်လို့လာသည်။
ထို့နောက်တွင်မူ သက်ပြင်းဖွဖွချလိုက်ပြီးသော် ခပ်တိုးတိုးခေါ်လိုက်သည်။
“လာစမ်း”
အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က အရိပ်တစ်ခုအလား တစ်နေရာမှပေါ်ထွက်လာပြီး အရိုအသေပြုလိုက်ကာ သူ၏ညွှန်ကြားချက်ကိုစောင့်ဆိုင်းနေ၏။ ကျိုးကျစ်ရှူးက အရောင်ရင့်ရင့် အမိန့်ပြားတစ်ခုကို ထိုလူထံသို့ လှမ်းပစ်ပေးလိုက်ရင်းဆို၏။
"ငါနဲ့အတူ ဘုရင်မင်းမြတ်ဆီ အခစားဝင်ဖို့ သွမ့်အိမ်တော်ထိန်းကိုသွားခေါ်လိုက်"
အနက်ရောင်ဝတ်ရုံပိုင်ရှင်သည်ကား အမိန့်ပြားကိုယူဆောင်ကာ ချက်ချင်းပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။ ၎င်းသည်ကား ထိုနေရာ၌မည်သည့်အခါကမှ ထွက်ပေါ်လာခြင်းမရှိသည့်နှယ်။
အိမ်တော်ထိန်းသွမ့်ဖုန်ကျွီမှာ ကျိုးကျစ်ရှူး ကောင်းကင်ပြတင်းအဖွဲ့အားထိန်းချုပ်ကိုင်တွယ်ပြီးသည့်နောက်ပိုင်း၌ ကိုယ်တိုင်ကိုယ်ကျရွေးချယ်ပျိုးထောင်ထားသောတပည့်တစ်ဦးဖြစ်သည်။ ၎င်းသည် ကျိုးကျစ်ရှူးတစ်ဦးတည်း၏အမိန့်ကိုသာလျှင်နာခံလေ့ရှိပြီး ထူးချွန်ထက်မြက်ကာ ရည်မှန်းချက်လည်း အလွန်ကြီးမားသူတစ်ဦးဖြစ်သည်။ သူ၏ရည်မှန်းချက်အားထုတ်ဖော်ပြသရန်အတွက်လည်း ဘယ်သောအခါမှနှမြောတွန့်တိုခြင်းမရှိခဲ့ပေ။
တစ်ခါတရံ ကျိုးကျစ်ရှူးသည် ထိုသူအားကြည့်နေချိန်၌ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က မိမိကိုယ်မိမိပြန်မြင်နေရသကဲ့သို့ပင် ခံစားရဖူးလေ၏။ အချိန်အနည်းငယ်ကြာပြီးနောက် အမိန့်ပြားနှင့်အတူ သွမ့်ဖုန်ကျွီတစ်ယောက် သူ့ထံသို့ရောက်ရှိလာသည်။ ၎င်းမှာ အနည်းငယ်ဇဝေဇဝါဖြစ်လို့နေသည်။ မည်သို့ပင်ဖြစ်စေ ထိုလူများသည်ကား တော်ရုံတန်ရုံတွေ့မြင်ရခဲသောလူများဖြစ်သည်လေ။ ပုံမှန်အချိန်များတွင် ကျိုးကျစ်ရှူးတစ်ဦးတည်းမှလွဲ၍ ကျန်လူများမှာ ဘုရင်မင်းမြတ်အားဖူးမြော်ခွင့်ရရန်ခဲယဉ်းလှသည်။
ကျိုးကျစ်ရှူးကလည်း စကားများများစားစားမပြောဘဲ နံနက်စာစားပြီးနောက် နံနက်ခင်းညီလာခံကျင်းပပြီးစီးမည့်အချိန်ကိုမှန်းဆနေရင်း "သွားကြစို့ " ဟု တစ်ခွန်းတည်းသာပြောလိုက်သည်။
ခေါင်းဆောင်ဖြစ်သူ၏ ရည်ရွယ်ချက်ကို စိုးစဉ်းမျှမသိရှိရစေကာမူ သွမ့်ဖုန်ကျွီမှာ များများစားစားမေးမြန်းခြင်းမပြုဘဲ နန်းတွင်းသို့ဝင်ရာလမ်းတစ်လျှောက် တိတ်ဆိတ်စွာပင် သူ့နောက်မှလိုက်ပါလာခဲ့သည်။
သူတို့နှစ်ဦးသည်ကား ရှေ့ဆင့်နောက်ဆင့်ပင် တော်ဝင်စာကြည့်ဆောင်သို့ရောက်ရှိသွားသည်။ ရုန်ကျား မင်းဧကရာဇ် ဟယ့်လျန်ရိက ထိုနေရာ၌ရောက်ရှိနေနှင့်ပြီးဖြစ်သည်။ သူတို့နှစ်ဦးရောက်ရှိလာသည်ကိုကြားသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် အခစားဝင်စေသည်။ ကျိုးကျစ်ရှူးနှင့်သွမ့်ဖုန်ကျွီတို့နှစ်ဦးသည် ဘုရင်မင်းမြတ်ကို ဂါရဝပြုပြီးနောက် ကျိုးကျစ်ရှူးက သူ၏အင်္ကျီလက်အတွင်းမှ ဝါးကျည်တောက်တစ်ခုကို ထုတ်ယူကာ ဟယ့်လျန်ရိအား ဆက်သလိုက်သည်။
" အရှင်မင်းကြီး နောက်ဆုံးညွှန်ကြားစေခိုင်းထားတဲ့ကိစ္စပါ"
ဟယ့်လျန်ရိက လှမ်းယူလိုက်သည်။ သို့ရာ၌ အလျင်စလိုဖွင့်မကြည့်သေးဘဲ ကျိုးကျစ်ရှူးကို အသေအချာကြည့်ရှုလိုက်ရင်း မျက်မှောင်ကြုတ်လျက်မိန့်တော်မူ၏။
“မင်းရဲ့မျက်နှာအသွေးအရောင်က ကြည့်ရတာတဖြည်းဖြည်းမကောင်းတော့သလိုပဲ။ ပြန်သွားရင် နန်းတွင်းသမားတော်ကြီးကိုခေါ်ပြီး ကောင်းကောင်းပြသလိုက်ဦး။ ခန္ဓာကိုယ်ပေါ်မှာ အတွင်းဒဏ်ရာမျိုးသေချာပေါက်ရှိလိမ့်မယ်။ လုံးဝပေါ့ပေါ့ဆဆမနေသင့်ဘူး။ အသက်ငယ်သေးတယ်ဆိုပြီး ဘာမှမဖြစ်ဘူးလို့ထင်မနေနဲ့ဦး”
ကျိုးကျစ်ရှူးက ခပ်ဖျော့ဖျော့ပြုံးလိုက်သော်ငြား ခေါင်းညိတ်ခြင်းတော့မပြုခဲ့ပေ။
"အရှင်မင်းကြီးကိုစိတ်ပူစေမိပါပြီ"
ဟယ့်လျန်ရိက သွမ့်ဖုန်ကျွီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အရင်ဦးဆုံးတအံ့တသြဖြစ်သွားပြီးမှ စကားဆို၏။
"ဖုန်ကျွီ ဒီနေ့ မင်းလဲ ဘယ်လိုဖြစ်ပြီးလိုက်လာတာလဲ။ ကိုယ်တော် မင်းကိုမတွေ့ရတာတောင် တော်တော်ကြာနေပြီ။ ကြည့်ရတာတော့ အရင်အတိုင်း ဖျတ်လတ်တက်ကြွနေတုန်းပေပဲ"
သွမ့်ဖုန်ကျွီက မျက်ဝန်းများကိုမှေးကျဉ်းလိုက်ရင်း အလိုက်သင့်ပင် ပြုံးရယ်လျက်ပြန်လည်လျှောက်ထားလိုက်သည်။
"အရှင်မင်းကြီးက တိုင်းရေးပြည်ရာကိစ္စရပ်များနဲ့ မအားလပ်တဲ့ကြားက ကျွန်တော်မျိုးကို ယခုအချိန်ထိအမှတ်တရရှိနေသေးတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းပါ"
ဟယ့်လျန်ရိက သဘောတကျပြုံးရယ်လိုက်၏။ ကျိုးကျစ်ရှူးထံတွင် အခြားလျှောက်တင်စရာများရှိနေသေးသလိုခံစားလိုက်ရသောကြောင့် ဟယ့်လျန်ရိက ရှေးဦးစွာ သူယူလာသော ဝါးကျည်တောက်အတွင်းမှ စာလိပ်ကိုထုတ်ယူကြည့်ရှုလိုက်သည်။ စာပါအကြောင်းအရာကို ခပ်မြန်မြန်ဖတ်ရှုပြီးနောက်တွင်တော့ သူ့မျက်နှာပေါ်တွင်အပြုံးရိပ်သန်းလာပြီးသော် ခေါင်းမော့ကာ ကျိုးကျစ်ရှူးကို လှမ်းကြည့်ပြီးမိန့်တော်မူလေသည်။
"ဒီကိစ္စကို အတော်လေးလှလှပပဖြစ်အောင် လုပ်ဆောင်ခဲ့ပြန်တာပဲ။ ကျစ်ရှူး မင်းကို ငါကိုယ်တော် ဘယ်လိုဆုတော်လာဘ်တော်တွေချီးမြှင့်ပေးသနားရမလဲ"
__ရောက်လာပြီ။
ကျိုးကျစ်ရှူးက ဝတ်ရုံကိုဆွဲမ,ကာ ရုတ်တရက်ဒူးထောက်ချလိုက်သည်။ သွမ့်ဖုန်ကျွီမှာလည်း ဘာမှန်းမသိပါဘဲ အူတီးအူကြောင့်ဖြင့် သူနှင့်အတူ လိုက်ပါ၍ဒူးထောက်လိုက်ရရှာတော့သည်။
ဟယ့်လျန်ရိက မျက်မှောင်ကြုတ်ကာမေးမြန်းလိုက်၏။
"မင်း ဒါကဘာလုပ်တာလဲ"
ကျိုးကျစ်ရှူးက အားအင်ကုန်ခမ်းနေသည့်နှယ် တိုးညင်းစွာလျှောက်တင်လိုက်သည်။
"ကျွန်တော်မျိုး အရဲစွန့်ပြီး အရှင်မင်းကြီးထံမှ တစ်ခုလောက် တောင်းဆိုချင်ပါတယ်"
ဟယ့်လျန်ရိက ရယ်မောလိုက်လေသည်။
"ထပြီးပြောပါ။ ဒီနှစ်တွေမှာ မောင်မင်းက ငါကိုယ်တော်ရဲ့တာ့ချင်ပြည်ကြီးအတွက် အသက်နဲ့ရင်းပြီး တာဝန်ထမ်းဆောင်ပေးခဲ့တာပဲမဟုတ်လား။ ဒီတောတောင်မြစ်ချောင်းတွေကလွဲရင် ကိုယ်တော်က မင်းကို ဘာများကတိမပေးနိုင်စရာရှိမှာမို့လို့လဲ၊ ပြောစရာရှိတာပြောပါလေ"
ကျိုးကျစ်ရှူးက ကိုယ်ကိုမတ်လိုက်သည်။ သို့သော် ဒူးထောက်ထားဆဲ။ ထို့နောက် တိတ်ဆိတ်စွာပင် သူ့ဝတ်ရုံရှည်ကိုတစ်လွှာချင်းချွတ်လိုက်လေသည်။ အဆိုပါထူထဲပြီး လေတိုးမပေါက်နိုင်သော ဝတ်ရုံအား ဖြည်ချွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ခပ်စို့စို့သွေးညှီနံ့တို့က ချက်ချင်းဆိုသလိုလေထုအတွင်းပျံ့လွင့်လာတော့သည်။ မြင်းကိုဒုန်းစိုင်းစီးနင်းလာခဲ့ရသောလမ်းခရီးကြောင့် အနာဖေးတက်နေပြီဖြစ်သော ဒဏ်ရာများမှ သွေးများပြန်စိမ့်ထွက်လာနေခြင်းဖြစ်သည်။
ဟယ့်လျန်ရိက ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
“ကျစ်ရှူး!”
သွမ့်ဖုန်ကျွီခမျာမှာတော့ အကြောက်လွန်ပြီး မည်သည့်အသံမှထွက်မလာတော့ပါချေ။
ထပ်မံ၍ ကျိုးကျစ်ရှူးက သူ့လက်ဖဝါးကိုဖြန့်လိုက်ပြန်သည်။ သွယ်လျပြေပြစ်သောလက်ဖဝါးပေါ်တွင် လဲလျောင်းတည်ရှိနေသည့်အရာမှာ ‘ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ’ ၏ နောက်ဆုံးသောသံအပ်တစ်ချောင်းဖြစ်သည်။
"အရှင်မင်းကြီး.... ကျွန်တော်မျိုးရဲ့ ခန္ဓာကိုယ်ထဲမှာ ယခင်ကတည်းက သံအပ်ခြောက်ချောင်းကိုထိုးစိုက်ခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့သာ သည်ခုနစ်ချောင်းမြောက်သောသံအပ်ကို ထိုးစိုက်လိုက်မယ်ဆိုရင်ဖြင့် ရွှေနန်းတော်ကြီးအတွင်းသို့အခစားဝင်ပြီး အရှင်မင်းကြီးအား နှုတ်ဆက်စကားဆိုနိုင်ခြင်းမရှိတော့မှာကို စိုးရိမ်မိပါတယ်။ သို့ပါ၍ အရှင်မင်းကြီးက သနားငဲ့ညှာသောအားဖြင့် ကျွန်တော်မျိုးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ဖုန်ကျွီကိုခွင့်ပြုပေးစေလိုပါတယ်”
ဟယ့်လျန်ရိသည်ကား အချိန်အတန်ကြာသည်အထိ စကားတစ်ခွန်းမှမဆိုဘဲကြောင်အမ်းအမ်းဖြစ်လို့နေသည်။ နေ့တစ်ဝက်လောက်ကြာမှပင် စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့်ပြန်ထိုင်ချလိုက်ပြီး ခေါင်းမော့ကာ စာကြည့်ဆောင်ခေါင်မိုးရှိထုပ်တန်းလေးများကိုငေးစိုက်ကြည့်ရင်း တစ်ကိုယ်တည်းတိုးညင်းစွာရေရွတ်နေလေသည်။
"ယွင်ရှင်က ဟိုးအဝေးကြီးက အနောက်မြောက်ပိုင်းမှာသွားနေပြီ။
ပေယွမ်း...ပေယွမ်းလဲ မရှိတော့ဘူး။ အခု မင်းကပါ ငါ့ကိုထားသွားတော့မလို့လား"
ကျိုးကျစ်ရှူးကမူ တိတ်ဆိတ်နေဆဲ။
ဟယ့်လျန်ရိက ခေတ္တခဏမျှနှုတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်ရင်းဆို၏။
"ငါကိုယ်တော်က အထီးကျန်ရမယ့်ဇာတာကိုပါလာတာပါလား"
ကျိုးကျစ်ရှူးက စကားဆက်လာသည်။
" အရှင်မင်းကြီး ကောင်းကင်ပြတင်းအဖွဲ့အတွက်တော့စိုးရိမ်တော်မမူပါနဲ့...ဖုန်ကျွီက ဒီနှစ်တွေမှာ ကျွန်တော့်နောက်ကနေတောက်လျှောက်လိုက်နေခဲ့တာမို့ သူ့ကိုယုံကြည်လို့ရပါတယ်။ နောက်ပြီး သူကအရည်အချင်းလဲပြည့်ဝသူပါ....”
သွမ့်ဖုန်ကျွီက ကြားဖြတ်ပြောလိုက်သည်။
“အိမ်တော်အရှင် အရှင် ဒီလိုပြောလို့မရဘူးလေ။ ကျွန်တော် လောင်သွမ့်မှာ အဲဒီလိုအတွေးမျိုးလုံးဝမရှိပါဘူး။ အရှင် အရှင် ဒီလိုလုပ်လို့မရ....”
ကျိုးကျစ်ရှူးက ခပ်တိုးတိုးပြောလိုက်သည်။
“ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ၊ သုံးနှစ်ပြည့်ရင် သေချာပေါက်သေဆုံးရမှာပဲ။ ပစ်လွှတ်ပြီးသားမြားဟာ နောက်ကြောင်းပြန်လှည့်လာရိုးထုံးစံမရှိဘူး___”
ကျိုးကျစ်ရှူးက ကိုယ်ကိုကိုင်းညွတ်ကာ ဘုရင်မင်းမြတ်ကို ဦးတိုက်အရိုအသေပြုလိုက်သည်။ ထို့နောက် ဦးခေါင်းကိုပြန်လည်မော့မကြည့်သေးဘဲ လျှောက်ထားလိုက်၏။
"ယခုအချိန်ထိ နှစ်ပေါင်းများစွာအတွင်း အရှင်မင်းကြီးအတွက် ကျွန်တော်မျိုးထမ်းဆောင်ပေးခဲ့တဲ့ လုပ်ဆောင်ချက်များကို စဉ်းစားငဲ့ညှာပေးသောအားဖြင့် ကျွန်တော်မျိုးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးစေလိုပါတယ်"
သွေးများဖြင့်စိုရွှဲနစ်နေသော ထိုလူအား ဟယ့်လျန်ရိ အတောင့်သားငေးစိုက်ကြည့်နေမိသည်။ ထိုခဏ၌ ဘဝ၏အထွတ်အထိပ်အသက်အရွယ်အပိုင်းအခြားသို့ရောက်ရှိနေသော ဘုရင်မင်းမြတ်၏စိတ်ကူးထဲမှအတွေးများကို မည်သူမှမသိနိုင်ကြပါချေ__ထိုနှစ်များစွာအတွင်း ဂရုတစိုက်စီစဉ်တွက်ချက်မှုများ၊ ထိုနှစ်များစွာအတွင်း မဟာဗျူဟာမြောက်နည်းပရိယာယ်များ၊ ထိုနှစ်များစွာအတွင်း အရပ်လေးမျက်နှာပတ်လည်ဝိုင်းရံနေသောစစ်မီးတောက်မီးလျှံများ၊ ထိုနှစ်များစွာအတွင်း ပင်ပန်းဆင်းရဲမှုများ၊ ထိုနှစ်များစွာအတွင်း.....နောက်ဆုံး၌ ကမ္ဘာလောကကြီးတစ်ခုလုံးကို သူသိမ်းပိုက်အုပ်စိုးနိုင်ခဲ့သည်။ သို့သော် ထိုလူများအားလုံးမှာမရှိတော့ဘဲ သူတစ်ဦးတည်းသာကျန်ရစ်ခဲ့လေသည်။
ပြောင်းလဲရွေ့လျောတတ်သောအချိန်ယန္တရားနှင့် ကမ္ဘာလောကကြီး၏မတည်မြဲသောနိယာမသဘောတရားတို့ကို မည်သူမှရှောင်လွှဲနိုင်ခြင်းမရှိသည်တမုံ့။
အတန်ကြာသော် ဘုရင်မင်းမြတ်က မျက်လုံးများမှိတ်ကာ လက်ခါပြလိုက်သည်။
ကျိုးကျစ်ရှူး၏နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရိပ်တစ်ခုထွက်ပေါ်လို့လာသည်။
"အရှင်မင်းကြီးရဲ့ သနားကြင်နာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
သူ့ကိုကြည့်ရသည်မှာ အလွန်အင်မတန်ဝမ်းမြောက်စရာကောင်းလှသည့်ကိစ္စတစ်ခုကိုကြုံတွေ့လိုက်ရသည့်နှယ်။ သွေးဆုတ်ဖြူရော်နေသော မကျန်းမာသည့်မျက်နှာထက်ဝယ် အနည်းငယ်သွေးရောင်သန်းလာတော့သည်။ သူက ကြည်သာရွှင်ပျစွာဖြင့် သွမ့်ဖုန်ကျွီဘက်သို့လှည့်လိုက်ကာ နောက်ဆုံးသံအပ်တစ်ချောင်းကို သူ့လက်ဖဝါးထဲသို့ထိုးထည့်ပေးလိုက်သည်။
"လုပ်တော့"
သွမ့်ဖုန်ကျွီမှာ အချိန်အတန်ကြာတုံ့ဆိုင်းတွေဝေနေ၏။ သူ အံကိုတင်းတင်းကြိတ်လိုက်ရင်း နားမလည်နိုင်စွာပင် အဆိုပါအနီရင့်ရောင်သံအပ်ကို သူ၏အိမ်တော်အရှင်သခင်ဖြစ်သူ၏ အသွေးအသားခန္ဓာကိုယ်အတွင်းသို့ မြဲမြံစွာထိုးစိုက်သွင်းလိုက်လေတော့သည်။ ထိုအခြင်းအရာက အလွန်တရာနာကျင်လိမ့်မည်ဖြစ်ကြောင်း သူကောင်းကောင်းသိပါ၏။ သည်နှစ်များစွာအတွင်း သူတွေ့မြင်ဖူးခဲ့ပြီးသားဖြစ်သည်။ အားကောင်းမောင်းသန်ယောကျ်ားရင့်မာကြီးတစ်ယောက်သည်ပင် အနှီသံအပ်တစ်ချက်ကိုခံနိုင်ရည်မရှိဘဲ ငယ်သံပျောက်သည်အထိစူးစူးဝါးဝါးအော်ဟစ်မြည်တမ်းရစမြဲဖြစ်သည်။
သို့ပေသိ ကျိုးကျစ်ရှူးကတော့ အနည်းငယ်တွန့်ခနဲဖြစ်သွားရုံမှအပ ခန္ဓာကိုယ်တစ်ခုလုံးယခင်အတိုင်း ခပ်မတ်မတ်တောင့်ခံလို့ထား၏။ အော်ဟစ်မြည်တမ်းခြင်းအလျဉ်းမရှိ။ တိုးညင်းဖျော့တော့သောခပ်အုပ်အုပ်ညည်းတွားသံတစ်ချက်သာထွက်ပေါ်လာသည်။
သို့သော် ကျိုးကျစ်ရှူး၏ထိုညည်းတွားသံထဲ၌ပင် ပျော်ရွှင်မှုများရောစွက်နေသယောင် သူခံစားလိုက်ရလေသည်။
သွမ့်ဖုန်ကျွီကတော့ သူ့သခင်ဖြစ်သူမှာရူးများရူးသွားပြီလားဟုပင် ထင်မှတ်မိလေ၏။
ကျိုးကျစ်ရှူးက မူလနေရာ၌ပင် အချိန်အတန်ကြာသည်အထိ သက်တောင့်သက်သာနေနေ၏။ နောက်ဆုံးတွင်မှ ဟယ့်လျန်ရိဘက်သို့ ဦးတိုက်အရိုအသေပြုလိုက်သည်။ မျက်နှာမှာမူ စက္ကူဖြူတစ်ရွက်ပမာ ဖွေးဖွေးဆုတ်နေလျက်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိအားအင်များမှာ အလျင်အမြန်ယုတ်လျော့ကုန်ဆုံးသွားသည့်အလား။ ထုံကျဉ်သောခံစားချက်တို့က ဖြည်းဖြည်းချင်းမြင့်တက်လို့လာနေသည်။ ထို့နောက် ပါးစပ်ကိုဖွင့်ဟကာနောက်ဆုံးသောစကားလုံးလေးလုံးကိုပြောဆိုလိုက်လေသည်။
"အရှင်မင်းကြီး ဂရုစိုက်တော်မူပါ"
ထို့နောက်တွင်မူ ဟယ့်လျန်ရိထံမှ စကားပြန်ကိုပင် မစောင့်တော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် စာကြည့်ဆောင်ထဲမှ ထွက်ခွာသွားလေ၏။ နှစ်ပေါင်းများစွာထမ်းပိုးထားခဲ့ရသော ဝန်ထုပ်ဝန်ပိုးကြီးကိုလွှတ်ချလိုက်ရသော လွတ်လပ်ပေါ့ပါးမှုမျိုးဖြင့် အရိပ်အယောင်ပင်မတွေ့လိုက်ရဘဲ မြင်ကွင်းရှေ့မှဖျတ်ခနဲပျောက်ကွယ်သွားလေတော့သည်။
**************
Zawgyi
အပိုင္း ၁
ေကာင္းကင္ျပတင္း
တ႐ုတ္ဆီး(ဇီး)ပန္းပြင့္မ်ားသည္ကား ေျမျပင္ထက္ဝယ္ ၿခံဝင္းတစ္ခုလုံးအျပည့္ ေနရာအႏွံ႕ျပန့္က်ဲေႂကြက်လိဳ႕ေနသည္မွာ ေျမႀကီးထက္ရွိအရည္ေပ်ာ္လုဆဲဆဲ ႏွင္းမႈန္မ်ားႏွင့္ အလြန္တရာမွပနံသင့္လိုက္ဖက္ညီလွေပသည္။ ႐ုတ္တရက္ၾကည့္လိုက္ပါေသာ္ မည္သည့္ေနရာက ႏွင္းမႈန္ႏွင္းပြင့္မ်ား၊ မည္သည့္ေနရာက ဆီးပန္းပြင့္မ်ားဟူ၍တိတိပပမခြဲျခားနိုင္သည့္ႏွယ္။ ေလအေဝွ႕တြင္ ေမႊးၾကဴသင္းပ်ံ့ေသာပန္းရနံ႕တို႔က ေအးေဆးၾကည္သာစြာျဖင့္ ၿခံဝင္းတစ္ခုလုံးအႏွံ႕ပ်ံ့လြင့္ေနေတာ့သည္။
အခ်ိန္ကား ေနဝင္ရီတေရာ ေမွာင္စပ်ိဳးခ်ိန္ျဖစ္သည္။ အိမ္ေခါင္မိုးထက္ရွိ တံစက္ၿမိတ္အစြန္း၌မူ စႏၵာလမင္းႀကီးထံမွ ေရတမွ်ေအးစက္လွပါေသာ ေသာ္တာလေရာင္ျခည္တို႔ထြန္းလင္းျဖာက်ေနလ်က္။
ၿခံဝင္းငယ္ေလး၏အဆုံးပိုင္းတြင္ တ႐ုတ္ဆီးသီးပင္ႀကီးမ်ားႏွင့္ တစ္စိတ္တစ္ပိုင္းဖုံးကြယ္ေနလ်က္ရွိေသာ အနည္းငယ္အိုေဟာင္းေနသည့္ ေထာင့္ခ်ိဳးဂိတ္တံခါးတစ္ခုတည္ရွိသည္။ တံခါးကိုတြန္းဖြင့္ကာ အတြင္းသို႔ဝင္သြားမည္ဆိုပါက အတြင္းပိုင္းသည္ အျပင္ဘက္ႏွင့္လုံးလုံးလ်ားလ်ားကြဲျပားျခားနားလို႔ေနသည္ကိုေတြ႕ျမင္နိုင္သည္။ ဂိတ္တံခါးဝတြင္ စစ္ဝတ္တန္ဆာမ်ားအျပည့္အစုံဝတ္ဆင္ထားၿပီး ဓားလက္နက္မ်ားကိုင္ေဆာင္ထားေသာ စစ္သည္ေတာ္ႏွစ္ဦး ေစာင့္ၾကပ္ေန၏။ ေအာက္ဘက္တြင္ ထုံးေက်ာက္တုံးမ်ားအစီအရီခင္းထားေသာ ေက်ာက္ခင္းလမ္းေလးတစ္ခုရွိၿပီး လမ္းေလးအဆုံးတြင္ေတာ့ ပိန္းပိတ္ေအာင္ေမွာင္မည္းေနေသာ အက်ဥ္းေထာင္တစ္ခုရွိကာ ေသမင္းတမန္အေငြ႕အသက္မ်ားက နင့္နဲသိပ္သည္းစြာပ်ံ့လြင့္ရိုက္ခတ္လို႔ေနသည္။
ေမႊးပ်ံ့သင္းထုံေသာ ပန္းမာလာရနံ႕မ်ားကမူ ဂိတ္တံခါးနားတြင္သာျပတ္ေတာက္အဆုံးသတ္သြားၿပီး အတြင္းဘက္သို႔အနည္းငယ္ေသာ္မွ်မတိုးဝင္နိုင္ရွာေပ။
ထိုေနရာတြင္လည္း မ်ားျပားလွေသာ ေတာ္ဝင္အေစာင့္စစ္သည္မ်ားက ဓားတို၊ ဓားရွည္လက္နက္မ်ိဳးစုံကိုင္ေဆာင္ထားလ်က္ ေက်ာက္ဆစ္႐ုပ္မ်ားအလား တုတ္တုတ္မွ်ပင္မလႈပ္ဘဲ ၿငိမ္သက္စြာေစာင့္ၾကပ္ေနၾကသည္။ ထိုလူႀကီးမ်ား၏လက္ေမာင္းမ်ားမွာ ဧရာမသံတိုင္ႀကီးမ်ားအလား တုတ္ခိုင္ၾက၏။
အက်ဥ္းေထာင္ထဲရွိ ေမွာင္မည္းက်ဥ္းေျမာင္းေသာလမ္းေလးအတိုင္း ဆက္ေလွ်ာက္သြားမည္ဆိုပါက စက္ယႏၲရားမ်ားျဖင့္ထိန္းခ်ဳပ္ထားေသာေက်ာက္သားတံခါးေပါက္သုံးေပါက္ကိုေတြ႕ရမည္ျဖစ္သည္။ တံခါးတစ္ေပါက္စီတိုင္းတြင္ အေစာင့္တစ္ေယာက္စီေစာင့္ၾကပ္ေနလ်က္ရွိ၏။ ထိုတံခါးေပါက္သုံးေပါက္အတြင္းသို႔ဆက္လက္ဝင္ေရာက္သြားလွ်င္ သက္ရွိဟူသည့္အရိပ္အေယာင္ကို စိုးစဥ္းမွမေတြ႕ရေသာ ရွည္လ်ားက်ဥ္းေျမာင္းေသာ လမ္းေဟာင္းေလးတစ္ခုရွိၿပီး မကြၽတ္မလြတ္ေသာ ဝိညာဥ္မ်ားစုေဝးရာ မရဏလမ္းဆီသို႔ ဦးတည္ေခၚေဆာင္ေနသေယာင္။ လမ္းတစ္ေလွ်ာက္ထြန္းညွိထားေသာ မီးအိမ္မ်ားမွ အလင္းေရာင္မ်ားကလည္း မီးစုန္းမ်ားအလား အဆက္မျပတ္ မွိတ္တုတ္မွိတ္တုတ္ထြန္းလင္းေနလ်က္။
အတြင္းဘက္အက်ဆဳံးအက်ဥ္းေထာင္တစ္ခုထဲတြင္မူ အမ်ိဳးသားတစ္ဦး၏ တိုးညင္းေဖ်ာ့ေတာ့ေသာ ဗလုံးဗေထြးေရ႐ြတ္သံမ်ားထြက္ေပၚလာ၏။ ထို႔ေနာက္တြင္မူ ေခတၱမွ်တိတ္ဆိတ္သြားျပန္သည္။ ၾကည့္ရသည္မွာ အျခားလူတစ္ေယာက္က တိုးညင္းစြာသက္ျပင္းခ်လိဳက္ပုံရသည္။
႐ုတ္တရက္ အက်ဥ္းေထာင္ထဲရွိအေမွာင္ထုအတြင္းမွ ေသြးပ်က္ေျခာက္ျခားစရာေကာင္းလွေသာစူးစူးဝါးဝါး ေအာ္သံတစ္သံထြက္ေပၚလာသည္။ ဆီမီးေရာင္ေလးသည္ပင္ တစ္ခ်က္မွ်ဟုပ္ခနဲၿငိမ္းသက္သြားေတာ့မေယာင္။ ေသခါနီးတိရစာၦန္တစ္ေကာင္၏ နာနာက်င္က်င္ ဆြဲဆြဲငင္ငင္ေအာ္ဟစ္ညည္းၫူသံပမာ။ ၾကားရသူတိုင္း၏ႏွလုံးသည္းအိမ္အတြင္း ေအးစိမ့္ေသာခံစားခ်က္မ်ားလွ်ံတက္လာရေလေတာ့သည္။
အက်ဥ္းေထာင္ကိုေနာက္ေက်ာေပးလ်က္မတ္တပ္ရပ္ေနေသာ အေစာင့္စစ္သည္ေတာ္ႏွစ္ေယာက္အနက္ တစ္ေယာက္ေသာစစ္သည္ေတာ္ေလးမွာ ယခုမွအသစ္ဝင္ေရာက္လာပုံရၿပီး မ်က္ႏွာထက္တြင္ငယ္႐ြယ္ႏုနယ္ေသာအေငြ႕အသက္တို႔သယ္ေဆာင္ထားသည္။ ထိုစစ္သည္ေတာ္ငယ္ေလးမွာ အႏွီစူးရွေသာေအာ္ဟစ္သံကိုၾကားေသာ္ မေနနိုင္ဘဲ တုန္တက္သြားရွာၿပီး ေဘးရွိအေဖာ္တပ္သားကို တစ္ခ်က္မွ်ခိုး၍လွမ္းၾကည့္လိုက္၏။ တစ္ဖက္လူမွာမူ နားမၾကားသူတစ္ဦးပမာ ေတာင္ႀကီးတစ္ေတာင္သဖြယ္ မားမားမတ္မတ္ရပ္ေနဆဲျဖစ္သည္ကိုေတြ႕ျမင္လိုက္ရေသာ္ ၎မွာလည္း သူ႕စိတ္ကိုျပန္လည္ထိန္းခ်ဳပ္လိုက္ကာ မ်က္လႊာခ်ထားလိုက္ေလေတာ့သည္။
သို႔ေသာ္ အဆိုပါေအာ္ဟစ္ညည္းၫူသံမ်ားမွာ အခ်ိန္အတန္ၾကာသည္အထိ စူးစူးဝါးဝါးေအာ္ဟစ္ေနဆဲျဖစ္ၿပီး လည္ေခ်ာင္းမ်ားအက္ကြဲလာသည့္တိုင္ေအာင္ မရပ္တန႔္သြားေသးပါေခ်။ ေနာက္ဆုံးတြင္ေတာ့ ဆက္လက္၍အသက္ရႉနိုင္စြမ္းမရွိေတာ့ဘဲ အာေခါင္ျခစ္ေအာ္ဟစ္သံမ်ားမွာလည္း ဝူးဝူးဝါးဝါးညည္းတြားသံမ်ားအျဖစ္သို႔ေျပာင္းလဲသြားရွာေတာ့သည္။ သို႔ေသာ္ ထိုညည္းၫူသံမ်ားမွာ ပို၍ပင္သနားစဖြယ္ေကာင္းေန၏။
အသစ္စက္စက္အေစာင့္စစ္သည္ေတာ္ေလးမွာေတာ့ တစ္ကိုယ္လုံးအႏွံ႕ၾကက္သီးေမြးညင္းမ်ား တျဖန္းျဖန္းထလာရွာသည္။
အေမႊးတိုင္တစ္တိုင္ထြန္းစာမွ်ၾကာေညာင္းေသာ္ ထိုလူ၏အသံမွာ တိတ္ဆိတ္ေပ်ာက္ကြယ္သြား၏။ ေခတၱခဏၾကာေသာ္ ေသသလား ရွင္သလားမသိရေသာ သက္လတ္ပိုင္းအမ်ိဳးသားတစ္ေယာက္ကို လူႏွစ္ေယာက္က အျပင္သို႔ဆြဲထုတ္လာ၏။ ၎မွာ လက္ဗလာႏွင့္ ဦးေခါင္းမွာတစ္ဖက္သို႔ငိုက္စိုက္က်ေနလ်က္ တစ္ေခါင္းလုံးလည္း ေခြၽးမ်ားျဖင့္စို႐ႊဲေနၿပီး ႏႈတ္ခမ္းႏွင့္လွ်ာကိုဖိကိုက္ထားေသာဒဏ္ရာမ်ားေၾကာင့္ ပါးစပ္ေထာင့္စြန္းမွေသြးစမ်ားစီးက်ေနသည္။ ခႏၶာကိုယ္ေပၚတြင္မူ မည္သည့္ဒဏ္ရာဒဏ္ခ်က္မွ်ရွိမေနပါေခ်။ သူ႕ရင္ဘတ္ႏွင့္ ဝမ္းဗိုက္ေနရာအသီးသီး၌ အနီရင့္ေရာင္သံအပ္ေခ်ာင္းမ်ားျဖင့္ ထိုးစိုက္ထားေသာ အေပါက္ရာ ၇ ခ်က္သာရွိေနသည္။
ထိုအမွတ္အသားမ်ားမွာ ထူးဆန္းၿပီးေၾကာက္စရာေကာင္းလွေသာ ႐ုပ္ပုံသဏၭာန္တစ္ခုႏွင့္ပင္ဆင္တူလွသည္။ အေစာင့္တပ္သားငယ္ေလးမွာ ထိုသက္လတ္ပိုင္းလူႀကီးကို လိုက္မၾကည့္ဘဲမေနနိုင္ရွာေပ။ ေနာက္ဆုံးတြင္ေတာ့ အႏွီလူမွာ ေက်ာက္သားတံခါးေနာက္ကြယ္သို႔ ေခၚေဆာင္သြားျခင္းခံရၿပီး ျမင္ကြင္းမွေပ်ာက္ကြယ္သြားေလေတာ့သည္။
ထိုအခ်ိန္၌ သူ႕ေနာက္မွ ခပ္တိုးတိုးအသံတစ္သံကိုၾကားလိုက္ရသည္။
"ဒီျမင္ကြင္းမ်ိဳးကိုျမင္ရေတာ့ ေနာင္တရေနၿပီလား"
အေစာင့္စစ္သည္ေတာ္ေလးခမ်ာ ႐ုတ္တရက္ အထိတ္တလန့္ျဖစ္ကာတုန္တက္သြားရွာၿပီး ေနာက္သို႔လွည့္ၾကည့္လိုက္ေသာအခါတြင္မူ မည္သည့္အခ်ိန္ကတည္းက အသံမေပးဘာမေပးျဖင့္ သူ႕အေနာက္တြင္မတ္တပ္ရပ္ေနသည့္ နီလာျပာေရာင္ဝတ္႐ုံရွည္အား ဆင္ျမန္းထားေသာအမ်ိဳးသားတစ္ေယာက္ကိုေတြ႕လိုက္ရသည္။ တစ္ဖက္တြင္ရွိေနသည့္အေစာင့္စစ္သည္ေတာ္က ဒူးေထာက္ကာအရိုအေသျပဳလိုက္ေသာေၾကာင့္ သူလည္းအသိျပန္ဝင္လာၿပီး မဆိုင္းမတြပင္ ဒူးေထာက္အရိုအေသျပဳရင္း ႏႈတ္မွစကားဆိုလိုက္ေလသည္။
"အိမ္ေတာ္အရွင္သခင္”
အဆိုပါဝတ္႐ုံရွည္ႏွင့္အမ်ိဳးသားမွာ အသက္ ၂၈၊ ၂၉ ႏွစ္ခန့္သာရွိဦးမည္ျဖစ္သည္။ ယဥ္ေက်းပ်ဴငွာေသာသြင္ျပင္ပုံစံရွိၿပီး စာေပပညာရွင္တစ္ေယာက္ႏွင့္တူလွသည္။ မ်က္ႏွာျပင္ထက္တြင္မူ နာမက်န္းျဖစ္ေနဟန္အလႊာတစ္လႊာဖုံးလႊမ္းထား၏။ မ်က္ႏွာေကာက္ေၾကာင္းသဏၭာန္မွာ အေတာ္အတန္ရွင္းလင္းျပတ္သားလွသလို ခပ္စိပ္စိပ္မ်က္ေတာင္ရွည္မ်ားျဖင့္တစ္ဝက္ခန႔္ဖုံးကာထားေသာ တဖ်တ္ဖ်တ္လက္ေနသည့္ မ်က္ဝန္းမ်ားမွာ အၿမဲတေစမသိမသာမ်က္လႊာခ်ထားလ်က္။ ရံဖန္ရံခါ ေခါင္းေမာ့လိုက္ခ်ိန္ဝယ္ ေျပာမျပတတ္ေသာေအးစက္မႈတို႔ထြက္ေပၚလာၿပီး ျမင္ရသူတိုင္း၏ႏွလုံးအိမ္ထဲမွာလည္း ေအးစိမ့္သြားရသလို။ ေျဖာင့္စင္းေျပျပစ္ေသာႏွာတံကိုပိုင္ဆိုင္ထားၿပီး အလြန္တရာမွကို ထီမထင္ဟန္ ေကြးၫႊတ္ေနေသာႏႈတ္ခမ္းတစ္စုံတို႔ကမူ ထိုလူ၏ေခ်ာေမာလွပေသာ႐ုပ္ရည္အေပၚ၌ ဘာရယ္ေၾကာင့္မွန္းမသိ အေျပာင္းအလဲလြယ္ေသာအေငြ႕အသက္တစ္မ်ိဳးတစ္ဖုံအား ထပ္ေလာင္းအားျဖည့္ေပးေနသကဲ့သို႔ပင္ရွိေခ်သည္။
စစ္သည္ေတာ္ေလး၏ႏႈတ္ခြန္းဆက္သံကိုၾကားလိုက္ရေသာအခါ အဆိုပါအမ်ိဳးသားမွာ ၎ကိုတစ္ခ်က္မွ်ထပ္မၾကည့္ဘဲမေနနိုင္စြာျဖင့္ အသာအယာၿပဳံးလ်က္ဆို၏။
"အသစ္ဝင္လာတဲ့သူလား"
စစ္သည္ေတာ္ေလးက ေခါင္းညိတ္လိုက္သည္။
"ဟုတ္ပါတယ္"
ထိုအမ်ိဳးသားက သူ႕လက္ကိုပင့္ျမႇောက္လိုက္ရင္း စစ္သည္ေတာ္ေလး၏ ပုခုံးကိုႏွစ္ခ်က္ခန့္အသာအယာပုတ္လိုက္ေလသည္။
"ဒါဆိုရင္ မွတ္ထား၊ ေနာက္ဆို ငါ့ကို အိမ္ေတာ္အရွင္သခင္လို႔ ေခၚစရာမလိုေတာ့ဘူး။ ဒီအတိုင္း က်ိဳးလူႀကီးမင္းလို႔ေခၚရင္ရၿပီ"
စစ္သည္ေတာ္ေလးက ေခါင္းေမာ့လာကာ ထိုသူအားအလ်င္အျမန္လွမ္းၾကည့္လိုက္ၿပီးေနာက္ ေလးစားက်ိဳးႏြံစြာျဖင့္ေခါင္းျပန္ငုံ႕ကာေျဖၾကားလိုက္ေလသည္။
"ဟုတ္ကဲ့ပါ က်ိဳးလူႀကီးမင္း"
ထိုအမ်ိဳးသားက ေခါင္းညိတ္ကာ လက္ခါျပလိုက္သည္။
"မင္းတို႔ႏွစ္ေယာက္ သြားလို႔ရၿပီ။ ငါတစ္ေယာက္တည္း ခဏေလာက္ ေအးေအးေဆးေဆးေနဦးမယ္"
စစ္သည္ေတာ္ႏွစ္ဦးမွာ အမိန့္နာခံၿပီးေနာက္ ေဘးခ်င္းယွဥ္လ်က္ အတူတကြထြက္ခြာေလသြားေတာ့သည္။
စစ္သည္ေတာ္ငယ္ေလးမွာ မေနနိုင္မထိုင္စြာပင္ ေနာက္သို႔တစ္ခ်က္မွ် လည္ျပန္ၾကည့္မိလိုက္၏။ အဆိုပါအျပာေရာင္ဝတ္႐ုံရွည္ႏွင့္လူမွာ တံခါးေဘာင္ကိုအမွီျပဳလ်က္ သူ႕မ်က္လုံးမ်ားက ဗလာနတၳိျဖစ္ေနေသာေလထုထဲမွ တစ္စုံတစ္ခုကိုေငးေမာၾကည့္ရႈေနသေယာင္။ သို႔ေသာ္ျငား မည္သည့္အရာကိုေသာ္မွ်မျမင္ရသည့္ႏွယ္၊ လူငယ္ေလးမွာ အထူးအဆန္းျဖစ္သြားရွာရင္း ထိုလူသည္ကား အလြန္တရာေဝးလံေခါင္ဖ်ားေသာေနရာတစ္ေနရာသို႔ထြက္ခြာသြားေတာ့မလိုခံစားလိုက္ရေလေတာ့သည္။
ပထမဆုံး သံမဏိတံခါးႀကီးေအာက္သို႔က်ဆင္းပိတ္ဆို႔သြားခ်ိန္မွာေတာ့ စကားတစ္ခြန္းမွမဆိုဘဲ တိတ္ဆိတ္ေနခဲ့ေသာ သူ႕ေဘးရွိ စစ္သည္အိုႀကီးက ေလသံခပ္တိုးတိုးျဖင့္ေျပာလာ၏။
“မင္းၾကည့္လိုက္ စာေပပညာရွင္တစ္ေယာက္လို ယဥ္ေက်ဳးပ်ဴငွာၿပီးေႏြးေထြးေဖာ္ေ႐ြတဲ့လူႀကီးမင္းရဲ႕ပုံစံက ခုနက ေလာင္ပိကို "ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ" ဆိုတဲ့ျပစ္ဒဏ္မ်ိဳး သူ႕လက္နဲ႕ကိုယ္တိုင္ကိုယ္က်ေပးခဲ့တဲ့သူလို႔ေတာင္ မထင္ရဘူးမလား”
စစ္သည္ေတာ္ငယ္ေလးခမ်ာ အထိတ္တလန့္ျဖစ္သြားလ်က္ စစ္သည္ေတာ္အိုႀကီးအားတစ္ခ်က္လွည့္ၾကည့္လိုက္ေလသည္။ နားထင္ႏွစ္ဖက္လုံး၌ဆံပင္မ်ားဆြတ္ဆြတ္ျဖဴေနရွာသည့္ စစ္သည္ေတာ္အိုႀကီးသည္ကား သက္ျပင္းတစ္ခ်က္ခ်လိဳက္ရင္း စကားဆက္၏။
"မင္းမသိေသးတာေတြ အမ်ားႀကီးရွိေသးတယ္။ ငါတို႔ရဲ႕ 'ေကာင္းကင္ျပတင္း' လို႔ေခၚတဲ့ 'ထ်န္းခြၽမ္း ' ဆိုတဲ့အဖြဲ႕အစည္းဟာ ဝင္လာၿပီးရင္လုံးဝျပန္ထြက္ခြင့္မရွိေတာ့ဘူး။ တကယ္လို႔ ထြက္သြားခ်င္တယ္ဆိုရင္ ေျခလက္ေတြက်ိဳးကန္းပ်က္စီးၿပီး ေသခ်ာေပါက္အေသထြက္မွပဲရမယ္"
တာ့ခ်င္တိုင္းျပည္ႀကီးတြင္ ‘႐ုန္က်ား’ ေလးႏွစ္တာကာလအတြင္း "ေကာင္းကင္ျပတင္း" ဟူသည့္အဖြဲ႕အစည္းကို နာမည္ၾကား႐ုံမွ်ႏွင့္ပင္ သာမန္တိုင္းသူျပည္သားမ်ားႏွင့္ ေ႐ႊနန္းေတာ္တစ္ခြင္ရွိ မည္သူမဆိုေၾကာက္ဒူးတုန္ၾကရစၿမဲသာျဖစ္၏။
'ေကာင္းကင္ျပတင္း' ဆိုသည့္အဖြဲ႕မွာ လွ်ို႔ဝွက္သူလွ်ိုမ်ားႏွင့္ ေၾကးစားလူသတ္သမားမ်ားျဖင့္ဖြဲ႕စည္းထားၿပီး မင္းဧကရာဇ္၏အမိန႔္ေတာ္ကိုသာလွ်င္တိုက္ရိုက္နာခံေသာ ဘုရင္မင္းျမတ္၏သစၥာေတာ္ခံအဖြဲ႕အစည္းတစ္ခုျဖစ္သည္။ သူတို႔အဖြဲ႕၌ အဖြဲ႕ဝင္မည္မွ်ရွိၿပီး မည္သည့္ေနရာမ်ားတြင္ပုန္းေအာင္းေနထိုင္ၾကသလဲဆိုသည္ကို မည္သူတစ္ဦးတစ္ေယာက္မွမသိရွိၾကပါေခ်__သို႔ေသာ္ သူတို႔အဖြဲ႕၏ေျခတံလက္တံမ်ားသည္ မိုးေျမအဆုံးအထိျဖန႔္က်က္ဆန႔္တန္းနိုင္စြမ္းကိုလည္း မည္သူကမွလည္းသံသယမဝင္ၾကပါေခ်။ ႐ုန္က်ားဧကရာဇ္ျဖစ္ေသာ ဟယ့္လ်န္ရိက အိမ္ေရွ႕မင္းသားဘဝတြင္ သူ႕လက္ျဖင့္ ကိုယ္တိုင္ကိုယ္က်တည္ေထာင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေပရာ ယခုအခ်ိန္အခါတြင္ စည္းကမ္းတင္းၾကပ္ၿပီး အင္အားေတာင့္တင္းခိုင္မာေသာအဖြဲ႕အစည္းႀကီးတစ္ခုအျဖစ္သို႔ ေရာက္ရွိေနၿပီျဖစ္သည္။
‘ေကာင္းကင္ျပတင္း’ ၏ ပထမဆုံးေသာေခါင္းေဆာင္အႀကီးအကဲျဖစ္သူ__ နီလာျပာေရာင္ဝတ္႐ုံရွည္ကိုဝတ္ဆင္ထားသူအမ်ိဳးသားသည္ကား ယခင္က ‘ေလးရာသီစံအိမ္ေတာ္၏အရွင္သခင္’ တစ္ဦးျဖစ္ၿပီး ယခုအခ်ိန္တြင္ က်ိဳးလူႀကီးမင္းဟုေခၚတြင္ေသာ က်ိဳးက်စ္ရႉးပင္တည္း။
ေ႐ႊနန္းေတာ္အတြင္းရွိလွ်ို႔ဝွက္ခ်က္မ်ားမွအစ သာမန္တိုင္းသူျပည္သားမ်ား၏အေရးကိစၥမ်ားအဆုံး ထိုအဖြဲ႕အစည္းအတြင္း၌ လွ်ို႔ဝွက္ခ်က္ဟူ၍စိုးစဥ္းမွ်မရွိသည့္ႏွယ္။ ထို႔ေၾကာင့္ အဖြဲ႕၏စည္းကမ္းမွာ အဖြဲ႕သားတစ္ေယာက္ စကားေျပာနိုင္ေနသေ႐ြ႕ေတာ့ အသက္ရွင္လ်က္ အဖြဲ႕မွထြက္သြားခြင့္မရွိေပ။ အဖြဲ႕အတြင္းသို႔ဝင္ေရာက္လာၿပီးမွ ျပန္ထြက္ခ်င္သူမ်ားအဖို႔ အေသထြက္လွ်င္ထြက္ သို႔တည္းမဟုတ္ ‘ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ’ အျပစ္ဒဏ္အပ္စိုက္ျခင္းကို လိုလိုလားလားခံယူၿပီးမွသာလွ်င္ ထြက္ခြင့္ရွိေလသည္။
'ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ' ဆိုသည့္ျပစ္ဒဏ္မွာ ခႏၶာကိုယ္၏ရင္ဘတ္ႏွင့္ဝမ္းဗိုက္ေပၚရွိ အေရးအႀကီးဆုံး ေနရာ ခုနစ္ေနရာသို႔ အဆိပ္သံအပ္မ်ားကို ထိုးစိုက္သြင္းၿပီး အေၾကာမ်ားကိုပိတ္ဆို႔ပစ္ျခင္းျဖစ္သည္။ ထို႔ေနာက္ပိုင္းတြင္ သိုင္းပညာမ်ားလုံးဝပ်က္စီးသြားၿပီး စကားမေျပာနိုင္ေတာ့သလို ေျခလက္ေလးဖက္လုံးမွာလည္း အနည္းငယ္မွ်ပင္မလႈပ္ရွားနိုင္ေတာ့သည့္ အသုံးမက်ေသာဒုကၡိတတစ္ေယာက္အျဖစ္သို႔ေရာက္ရွိသြားလိမ့္မည္။ သုံးႏွစ္ခန့္ၾကာလွ်င္ ထိုအဆိပ္မွာ ကိုယ္တြင္းကလီစာငါးခုအတြင္းသို႔ ပ်ံႏွံ႕ေရာက္ရွိသြားၿပီးေနာက္ အသက္ဇီဝိန္ခ်ဳပ္ၿငိမ္းရေပလိမ့္မည္။
သို႔ေသာ္ သုံးႏွစ္မွ်ရည္႐ြယ္ခ်က္မဲ့စြာအသက္ရွင္သန္ေနရျခင္းထက္စာလွ်င္ ေသသြားတာကပင္ပို၍ေကာင္းေပဦးမည္။
သို႔တိုင္ ထိုကဲ့သို႔ ရွင္လ်က္ႏွင့္ေသေနသူဘဝအျဖစ္ကိုခံယူကာ ေကာင္းကင္ျပတင္းအဖြဲ႕မွ ထြက္ခ်င္သူမ်ားရွိၾကသည္။ သူတို႔အဖို႔ ဦးတည္ခ်က္မဲ့စြာေလလြင့္ေလွ်ာက္သြားေနရမည့္ သုံးႏွစ္ဆိုေသာအခ်ိန္ကာလသည္ကား ဘုရားေပးေသာဆုလာဘ္ကဲ့သို႔ပင္။
လက္ေအာက္ငယ္သားမ်ားကို ထြက္ခြာေစၿပီးေနာက္ က်ိဳးက်စ္ရႉးသည္ အက်ဥ္းေထာင္ငယ္ေလးအတြင္းသို႔ျပန္ဝင္သြားကာ တံခါးကိုပိတ္လိုက္သည္။ လက္ႏွစ္ဖက္ကိုေနာက္ပစ္ထားလ်က္ တစ္စုံတစ္ခုကို နက္နက္နဲနဲေတြးေတာစဥ္းစားေနရင္း ေအးေအးလူလူျဖင့္လမ္းတစ္ပတ္ေလွ်ာက္လိုက္၏။ ထို႔ေနာက္တြင္မူ ေျခလွမ္းမ်ားကိုရပ္တန့္လိုက္ၿပီး နံရံေထာင့္တစ္ေနရာ၌ထားရွိေသာ သံအပ္မ်ားထည့္ထားသည့္ ေသတၱာဘူးေလးတစ္ဘူးကိုထုတ္ယူလိုက္သည္။ ေသတၱာဘူးေလးကိုဖြင့္လိုက္ေသာအခါဝယ္ ေၾကာက္စရာအသြင္အျပင္ရွိသည့္ အႏွီေသးငယ္ေသာအရာမ်ားထံမွ ဆီးသီးပန္းရနံ႕မ်ားအလား သင္းပ်ံ့ေမႊးႀကိဳင္ေသာအနံ႕မ်ားပ်ံ့လြင့္ထြက္ေပၚလာသည္။ က်ိဳးက်စ္ရႉးက အသက္ျပင္းျပင္းတစ္ခ်က္ရႉသြင္းလိုက္ၿပီးေနာက္ လက္ကိုဆန႔္ထုတ္ကာ ကိုယ္ေပၚမွ ဝတ္႐ုံရွည္ကို ျဖည္ခြၽတ္လိုက္သည္။
၎မွာ အျပင္ပန္းမွၾကည့္လွ်င္ ခႏၶာကိုယ္အခ်ိဳးအစားေျပျပစ္ၿပီး အရပ္အေမာင္းျမင့္မားသူတစ္ဦးျဖစ္ေသာ္ျငား ဝတ္႐ုံခြၽတ္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေျခာက္ေသြ႕ရႈံ႕တြေနေသာ ခႏၶာကိုယ္ပုံပန္းသဏၭာန္ထြက္ေပၚလာေတာ့သည္။ အဆိုပါႀကဳံလွီညိုးႏြမ္းေနရွာေသာ ရင္ဘတ္ႏွင့္ဝမ္းဗိုက္တို႔အၾကား၌ သံအပ္ေျခာက္ေခ်ာင္းအား သိသာထင္ရွားစြာပင္ ထိုးစိုက္ထားခဲ့ၿပီးျဖစ္သည္။ မည္သည့္အခ်ိန္ကတည္းက ထိုးစိုက္ထားခဲ့သည္မသိ၊ သံအပ္မ်ားအားလုံးမွာ အသားထဲသို႔ပင္ နစ္ျမဳပ္ဝင္ေနေလၿပီ။
က်ိဳးက်စ္ရႉးက မိမိ၏ခႏၶာကိုယ္ကို ငုံ႕ၾကည့္လိုက္ၿပီးေနာက္ ခပ္ေထ့ေထ့ေလွာင္ရယ္လိုက္ရင္း အနီးရွိဓားတစ္ေခ်ာင္းကို ေကာက္ယူလိုက္သည္။ ထို႔ေနာက္ အံကိုတင္းတင္းႀကိတ္လ်က္ သံအပ္မ်ားအနီးတစ္ဝိုက္တြင္ ကပ္တြယ္ေနရွာေသာ အသားလႊာတို႔ကို ဓားျဖင့္အသစ္တစ္ဖန္လွီးျဖတ္ထုတ္လိုက္သည္။ ထိုခႏၶာကိုယ္ပိုင္ရွင္မွာ သူမဟုတ္သကဲ့သို႔ပင္။ သူ၏ဓားခ်က္မ်ားမွာ အလြန္တရာလ်င္ျမန္ၿပီး အလြန္တရာတည္ၿငိမ္လြန္းလွသည္။ မသိလွ်င္ ဓားျဖင့္လွီးျဖတ္ေနသည့္အရာမွာ သူ႕ခႏၶာကိုယ္မဟုတ္သည့္အလား။ အနည္းငယ္မွ်ေသာဓားခ်က္မ်ားေအာက္ဝယ္ ေရွ႕ရင္ဘတ္တစ္ခုလုံးသည္ကား ေသြးမ်ားျဖင့္ရဲရဲနီသြားေလေတာ့သည္။ ၾကည့္လိုက္ပါက အႏွီသံအပ္ေခ်ာင္းမ်ားမွာ အေစာႀကီးကတည္းက ထိုးစိုက္ထားျခင္းမဟုတ္ဘဲ ယခုေလးတင္မွထိုးစိုက္လိုက္သည့္ပမာ။
ထို႔ေနာက္တြင္မူ အႀကံအစည္တစ္ခုကိုအသက္သြင္းလိုက္သည့္ႏွယ္ နင့္နင့္နဲနဲေအာ္ဟစ္ျမည္တမ္းလိုက္ၿပီး လူတစ္ကိုယ္လုံးမွာလည္း အားနည္းေဖ်ာ့ေတာ့စြာျဖင့္ အခန္းေထာင့္ကိုမွီထားလ်က္ ျဖည္းျဖည္းခ်င္း ေအာက္သို႔ေလွ်ာက်သြားရွာေတာ့သည္။ ၎မွာ တစ္ကိုယ္လုံး အဆက္မျပတ္တုန္ရီလို႔ေနကာ ႏႈတ္ခမ္းေထာင့္စြန္းရွိေသြးေရာင္မ်ားမွာလည္း ေပ်ာက္ကြယ္သြားရွာၿပီျဖစ္သည္။ အံကိုေတာ့ ခပ္တင္းတင္းႀကိတ္ထားဆဲ။ ထို႔ေနာက္ ႐ုတ္တရက္ တစ္ႀကိမ္မွ်တြန႔္လိမ္အေၾကာဆြဲသြားၿပီး မ်က္လုံးမ်ားမွာအနည္းငယ္ျပဴးက်ယ္လာ၏။ ထို႔ေနာက္တြင္မူ မ်က္လႊာမ်ားျဖည္းျဖည္းခ်င္းပိတ္သြားၿပီး ေဘးတစ္ဖက္သို႔ေခါင္းငိုက္စိုက္က်သြားေလေတာ့သည္။
ေသြးမ်ားခ်င္းခ်င္းနီေနေသာခႏၶာကိုယ္ႏွင့္ ဆြတ္ဆြတ္ျဖဴေဖ်ာ့ေနေသာမ်က္ႏွာသြင္ျပင္ေၾကာင့္ သူ၏ပုံစံမွာ လူေသေကာင္တစ္ေကာင္အလား။
ေနာက္တစ္ေန႕ နံနက္မိုးေသာက္အလင္းေရာက္ခ်ိန္ဝယ္ အခန္းေထာင့္၌ေခြေခါက္လဲေလ်ာင္းေနသည့္လူမွာ အသာအယာလူးလြန့္လႈပ္ရွားလာၿပီး မ်က္လုံးမ်ား ျဖည္းျဖည္းခ်င္းပြင့္လာ၏။ ၎မွာ ပထမအႀကိမ္ မတ္တပ္ရပ္ရန္ႀကိဳးစားလိုက္ခ်ိန္၌ အားနည္းခ်ိနဲ႕ေနေသာ ေျခေထာက္အစုံေၾကာင့္ ေျမျပင္ေပၚသို႔ျပန္လဲက်သြားခဲ့သည္။ ဒုတိယအႀကိမ္ခက္ခက္ခဲခဲႀကိဳးစားၿပီးေနာက္မွသာလွ်င္ ေအာင္ျမင္စြာမတ္တပ္ရပ္နိုင္သြားသည္။ သူက အဝတ္စတစ္စကိုထုတ္ယူကာ ေရဆြတ္ၿပီး ရင္ဘတ္ေပၚရွိေသြးစေသြးနမ်ားကို ေသေသခ်ာခ်ာ ေဆးေၾကာသန့္စင္လိုက္သည္။ ထို႔ေနာက္ အဝတ္အစားမ်ားကိုျပန္လည္ဝတ္ဆင္လိုက္ကာ သံအပ္တစ္ေခ်ာင္းကို ဝတ္႐ုံအတြင္း၌ သိုဝွက္သိမ္းဆည္းထားလိုက္ေလသည္။
ထို႔ေနာက္ အသက္ျပင္းျပင္းတစ္ခ်က္ရႉသြင္းလိုက္ၿပီး အခန္းတံခါးကိုတြန္းဖြင့္ကာ အျပင္သို႔ထြက္လာသည္။
အက်ဥ္းေထာင္ထဲမွထြက္လာေသာအခါ ျဖဴေဖြးေနေသာဆီးပန္းပြင့္ခ်ပ္မ်ားအျပည့္ရွိသည့္ ၿခံဝင္းထဲသို႔ျပန္လည္ေရာက္ရွိလာ၏။ သင္းပ်ံ့ေမႊးႀကိဳင္လွေသာ ဆီးသီးပန္းရနံ႕မ်ားသည္ ႏွလုံးသည္းအိမ္အတြင္းထိတိုင္ ထိုးေဖာက္တိုးဝင္လာသကဲ့သို႔ က်ိဳးက်စ္ရႉးတစ္ေယာက္ခံစားလိုက္ရသည္။ ခႏၶာကိုယ္တစ္ခုလုံးအျပည့္ဖုံးလႊမ္းေနေသာေသြးညွီနံ႕မ်ားအား အသာအယာေဆးေၾကာသန႔္စင္ေပးလိုက္သည့္ႏွယ္။ ၎သည္ ဆီးပန္းပင္ႀကီးတစ္ပင္ေအာက္၌ အခ်ိန္အတန္ၾကာရပ္ေနရင္း ပန္းရနံ႕မ်ားအားရႉရွိုက္ခံစားေနရင္း သူ႕မ်က္ႏွာျပင္ထက္ဝယ္ မသိလိုက္မသိဘာသာျဖင့္ အၿပဳံးတစ္ပြင့္ျဖစ္တည္လို႔လာသည္။
ထို႔ေနာက္တြင္မူ သက္ျပင္းဖြဖြခ်လိဳက္ၿပီးေသာ္ ခပ္တိုးတိုးေခၚလိုက္သည္။
“လာစမ္း”
အနက္ေရာင္ဝတ္စုံႏွင့္ လူတစ္ေယာက္က အရိပ္တစ္ခုအလား တစ္ေနရာမွေပၚထြက္လာၿပီး အရိုအေသျပဳလိုက္ကာ သူ၏ၫႊန္ၾကားခ်က္ကိုေစာင့္ဆိုင္းေန၏။ က်ိဳးက်စ္ရႉးက အေရာင္ရင့္ရင့္ အမိန႔္ျပားတစ္ခုကို ထိုလူထံသို႔ လွမ္းပစ္ေပးလိုက္ရင္းဆို၏။
"ငါနဲ႕အတူ ဘုရင္မင္းျမတ္ဆီ အခစားဝင္ဖို႔ သြမ့္အိမ္ေတာ္ထိန္းကိုသြားေခၚလိုက္"
အနက္ေရာင္ဝတ္႐ုံပိုင္ရွင္သည္ကား အမိန႔္ျပားကိုယူေဆာင္ကာ ခ်က္ခ်င္းပင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကြယ္သြားေတာ့သည္။ ၎သည္ကား ထိုေနရာ၌မည္သည့္အခါကမွ ထြက္ေပၚလာျခင္းမရွိသည့္ႏွယ္။
အိမ္ေတာ္ထိန္းသြမ့္ဖုန္ကြၽီမွာ က်ိဳးက်စ္ရႉး ေကာင္းကင္ျပတင္းအဖြဲ႕အားထိန္းခ်ဳပ္ကိုင္တြယ္ၿပီးသည့္ေနာက္ပိုင္း၌ ကိုယ္တိုင္ကိုယ္က်ေ႐ြးခ်ယ္ပ်ိဳးေထာင္ထားေသာတပည့္တစ္ဦးျဖစ္သည္။ ၎သည္ က်ိဳးက်စ္ရႉးတစ္ဦးတည္း၏အမိန့္ကိုသာလွ်င္နာခံေလ့ရွိၿပီး ထူးခြၽန္ထက္ျမက္ကာ ရည္မွန္းခ်က္လည္း အလြန္ႀကီးမားသူတစ္ဦးျဖစ္သည္။ သူ၏ရည္မွန္းခ်က္အားထုတ္ေဖာ္ျပသရန္အတြက္လည္း ဘယ္ေသာအခါမွႏွေျမာတြန႔္တိုျခင္းမရွိခဲ့ေပ။
တစ္ခါတရံ က်ိဳးက်စ္ရႉးသည္ ထိုသူအားၾကည့္ေနခ်ိန္၌ လြန္ခဲ့ေသာႏွစ္အနည္းငယ္ခန႔္က မိမိကိုယ္မိမိျပန္ျမင္ေနရသကဲ့သို႔ပင္ ခံစားရဖူးေလ၏။ အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ အမိန႔္ျပားႏွင့္အတူ သြမ့္ဖုန္ကြၽီတစ္ေယာက္ သူ႕ထံသို႔ေရာက္ရွိလာသည္။ ၎မွာ အနည္းငယ္ဇေဝဇဝါျဖစ္လို႔ေနသည္။ မည္သို႔ပင္ျဖစ္ေစ ထိုလူမ်ားသည္ကား ေတာ္႐ုံတန္႐ုံေတြ႕ျမင္ရခဲေသာလူမ်ားျဖစ္သည္ေလ။ ပုံမွန္အခ်ိန္မ်ားတြင္ က်ိဳးက်စ္ရႉးတစ္ဦးတည္းမွလြဲ၍ က်န္လူမ်ားမွာ ဘုရင္မင္းျမတ္အားဖူးေျမာ္ခြင့္ရရန္ခဲယဥ္းလွသည္။
က်ိဳးက်စ္ရႉးကလည္း စကားမ်ားမ်ားစားစားမေျပာဘဲ နံနက္စာစားၿပီးေနာက္ နံနက္ခင္းညီလာခံက်င္းပၿပီးစီးမည့္အခ်ိန္ကိုမွန္းဆေနရင္း "သြားၾကစို႔ " ဟု တစ္ခြန္းတည္းသာေျပာလိုက္သည္။
ေခါင္းေဆာင္ျဖစ္သူ၏ ရည္႐ြယ္ခ်က္ကို စိုးစဥ္းမွ်မသိရွိရေစကာမူ သြမ့္ဖုန္ကြၽီမွာ မ်ားမ်ားစားစားေမးျမန္းျခင္းမျပဳဘဲ နန္းတြင္းသို႔ဝင္ရာလမ္းတစ္ေလွ်ာက္ တိတ္ဆိတ္စြာပင္ သူ႕ေနာက္မွလိုက္ပါလာခဲ့သည္။
သူတို႔ႏွစ္ဦးသည္ကား ေရွ႕ဆင့္ေနာက္ဆင့္ပင္ ေတာ္ဝင္စာၾကည့္ေဆာင္သို႔ေရာက္ရွိသြားသည္။ ႐ုန္က်ား မင္းဧကရာဇ္ ဟယ့္လ်န္ရိက ထိုေနရာ၌ေရာက္ရွိေနႏွင့္ၿပီးျဖစ္သည္။ သူတို႔ႏွစ္ဦးေရာက္ရွိလာသည္ကိုၾကားသည္ႏွင့္တစ္ၿပိဳင္နက္ ခ်က္ခ်င္းပင္ အခစားဝင္ေစသည္။ က်ိဳးက်စ္ရႉးႏွင့္သြမ့္ဖုန္ကြၽီတို႔ႏွစ္ဦးသည္ ဘုရင္မင္းျမတ္ကို ဂါရဝျပဳၿပီးေနာက္ က်ိဳးက်စ္ရႉးက သူ၏အကၤ်ီလက္အတြင္းမွ ဝါးက်ည္ေတာက္တစ္ခုကို ထုတ္ယူကာ ဟယ့္လ်န္ရိအား ဆက္သလိုက္သည္။
" အရွင္မင္းႀကီး ေနာက္ဆုံးၫႊန္ၾကားေစခိုင္းထားတဲ့ကိစၥပါ"
ဟယ့္လ်န္ရိက လွမ္းယူလိုက္သည္။ သို႔ရာ၌ အလ်င္စလိုဖြင့္မၾကည့္ေသးဘဲ က်ိဳးက်စ္ရႉးကို အေသအခ်ာၾကည့္ရႈလိုက္ရင္း မ်က္ေမွာင္ၾကဳတ္လ်က္မိန႔္ေတာ္မူ၏။
“မင္းရဲ႕မ်က္ႏွာအေသြးအေရာင္က ၾကည့္ရတာတျဖည္းျဖည္းမေကာင္းေတာ့သလိုပဲ။ ျပန္သြားရင္ နန္းတြင္းသမားေတာ္ႀကီးကိုေခၚၿပီး ေကာင္းေကာင္းျပသလိုက္ဦး။ ခႏၶာကိုယ္ေပၚမွာ အတြင္းဒဏ္ရာမ်ိဳးေသခ်ာေပါက္ရွိလိမ့္မယ္။ လုံးဝေပါ့ေပါ့ဆဆမေနသင့္ဘူး။ အသက္ငယ္ေသးတယ္ဆိုၿပီး ဘာမွမျဖစ္ဘူးလို႔ထင္မေနနဲ႕ဦး”
က်ိဳးက်စ္ရႉးက ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္ေသာ္ျငား ေခါင္းညိတ္ျခင္းေတာ့မျပဳခဲ့ေပ။
"အရွင္မင္းႀကီးကိုစိတ္ပူေစမိပါၿပီ"
ဟယ့္လ်န္ရိက သြမ့္ဖုန္ကြၽီကို တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး အရင္ဦးဆုံးတအံ့တၾသျဖစ္သြားၿပီးမွ စကားဆို၏။
"ဖုန္ကြၽီ ဒီေန႕ မင္းလည္း ဘယ္လိုျဖစ္ၿပီးလိုက္လာတာလဲ။ ကိုယ္ေတာ္ မင္းကိုမေတြ႕ရတာေတာင္ ေတာ္ေတာ္ၾကာေနၿပီ။ ၾကည့္ရတာေတာ့ အရင္အတိုင္း ဖ်တ္လတ္တက္ႂကြေနတုန္းေပပဲ"
သြမ့္ဖုန္ကြၽီက မ်က္ဝန္းမ်ားကိုေမွးက်ဥ္းလိုက္ရင္း အလိုက္သင့္ပင္ ၿပဳံးရယ္လ်က္ျပန္လည္ေလွ်ာက္ထားလိုက္သည္။
"အရွင္မင္းႀကီးက တိုင္းေရးျပည္ရာကိစၥရပ္မ်ားနဲ႕ မအားလပ္တဲ့ၾကားက ကြၽန္ေတာ္မ်ိဳးကို ယခုအခ်ိန္ထိအမွတ္တရရွိေနေသးတဲ့အတြက္ ဂုဏ္ယူဝမ္းေျမာက္မိေၾကာင္းပါ"
ဟယ့္လ်န္ရိက သေဘာတက်ၿပဳံးရယ္လိုက္၏။ က်ိဳးက်စ္ရႉးထံတြင္ အျခားေလွ်ာက္တင္စရာမ်ားရွိေနေသးသလိုခံစားလိုက္ရေသာေၾကာင့္ ဟယ့္လ်န္ရိက ေရွးဦးစြာ သူယူလာေသာ ဝါးက်ည္ေတာက္အတြင္းမွ စာလိပ္ကိုထုတ္ယူၾကည့္ရႈလိုက္သည္။ စာပါအေၾကာင္းအရာကို ခပ္ျမန္ျမန္ဖတ္ရႈၿပီးေနာက္တြင္ေတာ့ သူ႕မ်က္ႏွာေပၚတြင္အၿပဳံးရိပ္သန္းလာၿပီးေသာ္ ေခါင္းေမာ့ကာ က်ိဳးက်စ္ရႉးကို လွမ္းၾကည့္ၿပီးမိန႔္ေတာ္မူေလသည္။
"ဒီကိစၥကို အေတာ္ေလးလွလွပပျဖစ္ေအာင္ လုပ္ေဆာင္ခဲ့ျပန္တာပဲ။ က်စ္ရႉး မင္းကို ငါကိုယ္ေတာ္ ဘယ္လိုဆုေတာ္လာဘ္ေတာ္ေတြခ်ီးျမႇင့္ေပးသနားရမလဲ"
__ေရာက္လာၿပီ။
က်ိဳးက်စ္ရႉးက ဝတ္႐ုံကိုဆြဲမ,ကာ ႐ုတ္တရက္ဒူးေထာက္ခ်လိဳက္သည္။ သြမ့္ဖုန္ကြၽီမွာလည္း ဘာမွန္းမသိပါဘဲ အူတီးအူေၾကာင့္ျဖင့္ သူႏွင့္အတူ လိုက္ပါ၍ဒူးေထာက္လိုက္ရရွာေတာ့သည္။
ဟယ့္လ်န္ရိက မ်က္ေမွာင္ၾကဳတ္ကာေမးျမန္းလိုက္၏။
"မင္း ဒါကဘာလုပ္တာလဲ"
က်ိဳးက်စ္ရႉးက အားအင္ကုန္ခမ္းေနသည့္ႏွယ္ တိုးညင္းစြာေလွ်ာက္တင္လိုက္သည္။
"ကြၽန္ေတာ္မ်ိဳး အရဲစြန႔္ၿပီး အရွင္မင္းႀကီးထံမွ တစ္ခုေလာက္ ေတာင္းဆိုခ်င္ပါတယ္"
ဟယ့္လ်န္ရိက ရယ္ေမာလိုက္ေလသည္။
"ထၿပီးေျပာပါ။ ဒီႏွစ္ေတြမွာ ေမာင္မင္းက ငါကိုယ္ေတာ္ရဲ႕တာ့ခ်င္ျပည္ႀကီးအတြက္ အသက္နဲ႕ရင္းၿပီး တာဝန္ထမ္းေဆာင္ေပးခဲ့တာပဲမဟုတ္လား။ ဒီေတာေတာင္ျမစ္ေခ်ာင္းေတြကလြဲရင္ ကိုယ္ေတာ္က မင္းကို ဘာမ်ားကတိမေပးနိုင္စရာရွိမွာမို႔လို႔လဲ၊ ေျပာစရာရွိတာေျပာပါ"
က်ိဳးက်စ္ရႉးက ကိုယ္ကိုမတ္လိုက္သည္။ သို႔ေသာ္ ဒူးေထာက္ထားဆဲ။ ထို႔ေနာက္ တိတ္ဆိတ္စြာပင္ သူ႕ဝတ္႐ုံရွည္ကိုတစ္လႊာခ်င္းခြၽတ္လိုက္ေလသည္။ အဆိုပါထူထဲၿပီး ေလတိုးမေပါက္နိုင္ေသာ ဝတ္႐ုံအား ျဖည္ခြၽတ္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ခပ္စို႔စို႔ေသြးညွီနံ႕တို႔က ခ်က္ခ်င္းဆိုသလိုေလထုအတြင္းပ်ံ့လြင့္လာေတာ့သည္။ ျမင္းကိုဒုန္းစိုင္းစီးနင္းလာခဲ့ရေသာလမ္းခရီးေၾကာင့္ အနာေဖးတက္ေနၿပီျဖစ္ေသာ ဒဏ္ရာမ်ားမွ ေသြးမ်ားျပန္စိမ့္ထြက္လာေနျခင္းျဖစ္သည္။
ဟယ့္လ်န္ရိက ထိုင္ေနရာမွ ဝုန္းခနဲ ထရပ္လိုက္သည္။
“က်စ္ရႉး!”
သြမ့္ဖုန္ကြၽီခမ်ာမွာေတာ့ အေၾကာက္လြန္ၿပီး မည္သည့္အသံမွထြက္မလာေတာ့ပါေခ်။
ထပ္မံ၍ က်ိဳးက်စ္ရႉးက သူ႕လက္ဖဝါးကိုျဖန႔္လိုက္ျပန္သည္။ သြယ္လ်ေျပျပစ္ေသာလက္ဖဝါးေပၚတြင္ လဲေလ်ာင္းတည္ရွိေနသည့္အရာမွာ ‘ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ’ ၏ ေနာက္ဆုံးေသာသံအပ္တစ္ေခ်ာင္းျဖစ္သည္။
"အရွင္မင္းႀကီး.... ကြၽန္ေတာ္မ်ိဳးရဲ႕ ခႏၶာကိုယ္ထဲမွာ ယခင္ကတည္းက သံအပ္ေျခာက္ေခ်ာင္းကိုထိုးစိုက္ခဲ့ၿပီးျဖစ္ပါတယ္။ တကယ္လို႔သာ သည္ခုနစ္ေခ်ာင္းေျမာက္ေသာသံအပ္ကို ထိုးစိုက္လိုက္မယ္ဆိုရင္ျဖင့္ ေ႐ႊနန္းေတာ္ႀကီးအတြင္းသို႔အခစားဝင္ၿပီး အရွင္မင္းႀကီးအား ႏႈတ္ဆက္စကားဆိုနိုင္ျခင္းမရွိေတာ့မွာကို စိုးရိမ္မိပါတယ္။ သို႔ပါ၍ အရွင္မင္းႀကီးက သနားငဲ့ညွာေသာအားျဖင့္ ကြၽန္ေတာ္မ်ိဳးရဲ႕ဆႏၵကိုျဖည့္ဆည္းေပးဖို႔ ဖုန္ကြၽီကိုခြင့္ျပဳေပးေစလိုပါတယ္”
ဟယ့္လ်န္ရိသည္ကား အခ်ိန္အတန္ၾကာသည္အထိ စကားတစ္ခြန္းမွမဆိုဘဲေၾကာင္အမ္းအမ္းျဖစ္လို႔ေနသည္။ ေန႕တစ္ဝက္ေလာက္ၾကာမွပင္ စိတ္ပ်က္လက္ပ်က္ျဖစ္သြားဟန္ျဖင့္ျပန္ထိုင္ခ်လိဳက္ၿပီး ေခါင္းေမာ့ကာ စာၾကည့္ေဆာင္ေခါင္မိုးရွိထုပ္တန္းေလးမ်ားကိုေငးစိုက္ၾကည့္ရင္း တစ္ကိုယ္တည္းတိုးညင္းစြာေရ႐ြတ္ေနေလသည္။
"ယြင္ရွင္က ဟိုးအေဝးႀကီးက အေနာက္ေျမာက္ပိုင္းမွာသြားေနၿပီ။
ေပယြမ္း...ေပယြမ္းလဲ မရွိေတာ့ဘူး။ အခု မင္းကပါ ငါ့ကိုထားသြားေတာ့မလို႔လား"
က်ိဳးက်စ္ရႉးကမူ တိတ္ဆိတ္ေနဆဲ။
ဟယ့္လ်န္ရိက ေခတၱခဏမွ်ႏႈတ္ဆိတ္ေနၿပီးေနာက္ သက္ျပင္းခ်လိဳက္ရင္းဆို၏။
"ငါကိုယ္ေတာ္က အထီးက်န္ရမယ့္ဇာတာကိုပါလာတာပါလား"
က်ိဳးက်စ္ရႉးက စကားဆက္လာသည္။
" အရွင္မင္းႀကီး ေကာင္းကင္ျပတင္းအဖြဲ႕အတြက္ေတာ့စိုးရိမ္ေတာ္မမူပါနဲ႕...ဖုန္ကြၽီက ဒီႏွစ္ေတြမွာ ကြၽန္ေတာ့္ေနာက္ကေနေတာက္ေလွ်ာက္လိုက္ေနခဲ့တာမို႔ သူ႕ကိုယုံၾကည္လို႔ရပါတယ္။ ေနာက္ၿပီး သူကအရည္အခ်င္းလဲျပည့္ဝသူပါ....”
သြမ့္ဖုန္ကြၽီက ၾကားျဖတ္ေျပာလိုက္သည္။
“အိမ္ေတာ္အရွင္ အရွင္ ဒီလိုေျပာလို႔မရဘူးေလ။ ကြၽန္ေတာ္ ေလာင္သြမ့္မွာ အဲဒီလိုအေတြးမ်ိဳးလုံးဝမရွိပါဘူး။ အရွင္ အရွင္ ဒီလိုလုပ္လို႔မရ....”
က်ိဳးက်စ္ရႉးက ခပ္တိုးတိုးေျပာလိုက္သည္။
“ေဆာင္းဦးသုံးလီ အပ္ေခ်ာင္းခုနစ္ခ်ီ၊ သုံးႏွစ္ျပည့္ရင္ ေသခ်ာေပါက္ေသဆုံးရမွာပဲ။ ပစ္လႊတ္ၿပီးသားျမားဟာ ေနာက္ေၾကာင္းျပန္လွည့္လာရိုးထုံးစံမရွိဘူး___”
က်ိဳးက်စ္ရႉးက ကိုယ္ကိုကိုင္းၫြတ္ကာ ဘုရင္မင္းျမတ္ကို ဦးတိုက္အရိုအေသျပဳလိုက္သည္။ ထို႔ေနာက္ ဦးေခါင္းကိုျပန္လည္ေမာ့မၾကည့္ေသးဘဲ ေလွ်ာက္ထားလိုက္၏။
"ယခုအခ်ိန္ထိ ႏွစ္ေပါင္းမ်ားစြာအတြင္း အရွင္မင္းႀကီးအတြက္ ကြၽန္ေတာ္မ်ိဳးထမ္းေဆာင္ေပးခဲ့တဲ့ လုပ္ေဆာင္ခ်က္မ်ားကို စဥ္းစားငဲ့ညွာေပးေသာအားျဖင့္ ကြၽန္ေတာ္မ်ိဳးရဲ႕ဆႏၵကို ျဖည့္ဆည္းေပးေစလိုပါတယ္"
ေသြးမ်ားျဖင့္စို႐ႊဲနစ္ေနေသာ ထိုလူအား ဟယ့္လ်န္ရိ အေတာင့္သားေငးစိုက္ၾကည့္ေနမိသည္။ ထိုခဏ၌ ဘဝ၏အထြတ္အထိပ္အသက္အ႐ြယ္အပိုင္းအျခားသို႔ေရာက္ရွိေနေသာ ဘုရင္မင္းျမတ္၏စိတ္ကူးထဲမွအေတြးမ်ားကို မည္သူမွမသိနိုင္ၾကပါေခ်__ထိုႏွစ္မ်ားစြာအတြင္း ဂ႐ုတစိုက္စီစဥ္တြက္ခ်က္မႈမ်ား၊ ထိုႏွစ္မ်ားစြာအတြင္း မဟာဗ်ဴဟာေျမာက္နည္းပရိယာယ္မ်ား၊ ထိုႏွစ္မ်ားစြာအတြင္း အရပ္ေလးမ်က္ႏွာပတ္လည္ဝိုင္းရံေနေသာစစ္မီးေတာက္မီးလွ်ံမ်ား၊ ထိုႏွစ္မ်ားစြာအတြင္း ပင္ပန္းဆင္းရဲမႈမ်ား၊ ထိုႏွစ္မ်ားစြာအတြင္း.....ေနာက္ဆုံး၌ ကမာၻေလာကႀကီးတစ္ခုလုံးကို သူသိမ္းပိုက္အုပ္စိုးနိုင္ခဲ့သည္။ သို႔ေသာ္ ထိုလူမ်ားအားလုံးမွာမရွိေတာ့ဘဲ သူတစ္ဦးတည္းသာက်န္ရစ္ခဲ့ေလသည္။
ေျပာင္းလဲေ႐ြ႕ေလ်ာတတ္ေသာအခ်ိန္ယႏၲရားႏွင့္ ကမာၻေလာကႀကီး၏မတည္ၿမဲေသာနိယာမသေဘာတရားတို႔ကို မည္သူမွေရွာင္လႊဲနိုင္ျခင္းမရွိသည္တမုံ႕။
အတန္ၾကာေသာ္ ဘုရင္မင္းျမတ္က မ်က္လုံးမ်ားမွိတ္ကာ လက္ခါျပလိုက္သည္။
က်ိဳးက်စ္ရႉး၏ႏႈတ္ခမ္းေထာင့္စြန္းတြင္ အၿပဳံးရိပ္တစ္ခုထြက္ေပၚလို႔လာသည္။
"အရွင္မင္းႀကီးရဲ႕ သနားၾကင္နာမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
သူ႕ကိုၾကည့္ရသည္မွာ အလြန္အင္မတန္ဝမ္းေျမာက္စရာေကာင္းလွသည့္ကိစၥတစ္ခုကိုႀကဳံေတြ႕လိုက္ရသည့္ႏွယ္။ ေသြးဆုတ္ျဖဴေရာ္ေနေသာ မက်န္းမာသည့္မ်က္ႏွာထက္ဝယ္ အနည္းငယ္ေသြးေရာင္သန္းလာေတာ့သည္။ သူက ၾကည္သာ႐ႊင္ပ်စြာျဖင့္ သြမ့္ဖုန္ကြၽီဘက္သို႔လွည့္လိုက္ကာ ေနာက္ဆုံးသံအပ္တစ္ေခ်ာင္းကို သူ႕လက္ဖဝါးထဲသို႔ထိုးထည့္ေပးလိုက္သည္။
"လုပ္ေတာ့"
သြမ့္ဖုန္ကြၽီမွာ အခ်ိန္အတန္ၾကာတုံ႕ဆိုင္းေတြေဝေန၏။ သူ အံကိုတင္းတင္းႀကိတ္လိုက္ရင္း နားမလည္နိုင္စြာပင္ အဆိုပါအနီရင့္ေရာင္သံအပ္ကို သူ၏အိမ္ေတာ္အရွင္သခင္ျဖစ္သူ၏ အေသြးအသားခႏၶာကိုယ္အတြင္းသို႔ ၿမဲၿမံစြာထိုးစိုက္သြင္းလိုက္ေလေတာ့သည္။ ထိုအျခင္းအရာက အလြန္တရာနာက်င္လိမ့္မည္ျဖစ္ေၾကာင္း သူေကာင္းေကာင္းသိပါ၏။ သည္ႏွစ္မ်ားစြာအတြင္း သူေတြ႕ျမင္ဖူးခဲ့ၿပီးသားျဖစ္သည္။ အားေကာင္းေမာင္းသန္ေယာက်္ားရင့္မာႀကီးတစ္ေယာက္သည္ပင္ အႏွီအပ္တစ္ခ်က္ကိုခံနိုင္ရည္မရွိဘဲ ငယ္သံေပ်ာက္သည္အထိစူးစူးဝါးဝါးေအာ္ဟစ္ျမည္တမ္းရစၿမဲျဖစ္သည္။
သို႔ေပသိ က်ိဳးက်စ္ရႉးကေတာ့ အနည္းငယ္တြန့္ခနဲျဖစ္သြား႐ုံမွအပ ခႏၶာကိုယ္တစ္ခုလုံးယခင္အတိုင္း ခပ္မတ္မတ္ေတာင့္ခံလို႔ထား၏။ ေအာ္ဟစ္ျမည္တမ္းျခင္းအလ်ဥ္းမရွိ။ တိုးညင္းေဖ်ာ့ေတာ့ေသာခပ္အုပ္အုပ္ညည္းတြားသံတစ္ခ်က္သာထြက္ေပၚလာသည္။
သို႔ေသာ္ က်ိဳးက်စ္ရႉး၏ထိုညည္းတြားသံထဲ၌ပင္ ေပ်ာ္႐ႊင္မႈမ်ားေရာစြက္ေနသေယာင္ သူခံစားလိုက္ရေလသည္။
သြမ့္ဖုန္ကြၽီကေတာ့ သူ႕သခင္ျဖစ္သူမွာ႐ူးမ်ား႐ူးသြားၿပီလားဟုပင္ ထင္မွတ္မိေလ၏။
က်ိဳးက်စ္ရႉးက မူလေနရာ၌ပင္ အခ်ိန္အတန္ၾကာသည္အထိ သက္ေတာင့္သက္သာေနေန၏။ ေနာက္ဆုံးတြင္မွ ဟယ့္လ်န္ရိဘက္သို႔ ဦးတိုက္အရိုအေသျပဳလိုက္သည္။ မ်က္ႏွာမွာမူ စကၠဴျဖဴတစ္႐ြက္ပမာ ေဖြးေဖြးဆုတ္ေနလ်က္။
သူ႕ခႏၶာကိုယ္တစ္ခုလုံးရွိအားအင္မ်ားမွာ အလ်င္အျမန္ယုတ္ေလ်ာ့ကုန္ဆုံးသြားသည့္အလား။ ထုံက်ဥ္ေသာခံစားခ်က္တို႔က ျဖည္းျဖည္းခ်င္းျမင့္တက္လို႔လာေနသည္။ ထို႔ေနာက္ ပါးစပ္ကိုဖြင့္ဟကာေနာက္ဆုံးေသာစကားလုံးေလးလုံးကိုေျပာဆိုလိုက္ေလသည္။
"အရွင္မင္းႀကီး ဂ႐ုစိုက္ေတာ္မူပါ"
ထို႔ေနာက္တြင္မူ ဟယ့္လ်န္ရိထံမွ စကားျပန္ကိုပင္ မေစာင့္ေတာ့ဘဲ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ စာၾကည့္ေဆာင္ထဲမွ ထြက္ခြာသြားေလ၏။ ႏွစ္ေပါင္းမ်ားစြာထမ္းပိုးထားခဲ့ရေသာ ဝန္ထုပ္ဝန္ပိုးႀကီးကိုလႊတ္ခ်လိဳက္ရေသာ လြတ္လပ္ေပါ့ပါးမႈမ်ိဳးျဖင့္ အရိပ္အေယာင္ပင္မေတြ႕လိုက္ရဘဲ ျမင္ကြင္းေရွ႕မွဖ်တ္ခနဲေပ်ာက္ကြယ္သြားေလေတာ့သည္။