တိမ်တိုက်၌ဖြစ်တည်သော

By Aelennar

1.4M 115K 5.7K

​​လောကရဲ့နိယာမ ဘယ်အရာမှမတည်မြဲခဲ့​ပေမဲ့...... More

Intro
Story
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
အပိုင္း(၂၃)
အပိုင္း(၂၄)
အပိုင္း(၂၅)
အပိုင္း(၂၆)
အပိုင္း(၂၇)
အပိုင္း(၂၈)
အပိုင္း(၂၉)
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း(၃၂)
အပိုင္း(၃၃)
အပိုင္း(၃၄)
အပိုင္း(၃၆)
အပိုင္း(၃၇)
အပိုင္း(၃၈)
အပိုင္း(၃၉)
အပိုင္း(၄၀)
အပိုင္း(၄၁)
အပိုင္း(၄၂)
အပိုင္း(၄၃)
အပိုင္း(၄၄)
အပိုင္း(၄၅)
အပိုင္း(၄၆)
အပိုင္း(၄၇)
အပိုင္း(၄၈)
အပိုင္း(၄၉)
(ဇာတ္သိမ္းပိုင္း)
တိမ္တိုက္၌ျဖစ္တည္ေသာ
Extra-1
Extra-2
Extra-3
Extra-4
Extra-5

အပိုင္း(၃၅)

18.2K 1.6K 126
By Aelennar

"ထက္ျမတ္ထည္ဝါ"

တစ္ခ်က္သာလွည့္ျကည့္ျပီးမ်က္လံုးခ်င္း
ဆံုသြားပါရက္နဲ႕မသိရင္သူ မေတြ႕လိုက္
သလိုျပန္လွည့္ျပီးကေလးတစ္သိုက္ျကား
ပတ္ေျပးေနသည္။

ခပ္လွမ္းလွမ္းကေအာ္ေခၚေတာ့မျကားခ်င္
ေယာင္ေဆာင္ေနတာ။ဒီေကာင္ေလးေတာ့။
ခ်ံဳပုတ္ေတြအျပင္ဘက္ကေန ျခံစည္းရိုး
မခတ္ထားတဲ႕ေျမကြက္လပ္ထဲေက်ာ္ဝင္
ရသည္။

"ဒီကိုလာထက္ျမတ္ အခုလာခဲ႕။မိုးခ်ဳပ္
ေနျပီအိမ္ျပန္မယ္"

ခပ္က်ယ္က်ယ္လွမ္းေအာ္မွကေလးေတြ
ျကားေဘာလံုးလိုက္လုေနရင္းေနာက္
လွည့္ျကည့္ျပီးရရွိလိုက္တာကမ်က္ေစာင္း
မမည္ေသာအျကည့္တစ္ခ်က္။လက္ထဲက
ေဘာလံုးကိုပစ္ခ် မ်က္နွာဆူပုတ္ျပီးအနား
ကိုေလ်ွာက္လာတဲ႕သူအေနာက္ကစုေဝး
လိုက္လာတဲ႕ကေလးတစ္သိုက္။

တစ္ေနညေလးလမ္းေလ်ွာက္ထြက္လိုက္
တာရပ္ကြက္ထဲကကေလးတစ္သိုက္နဲ႕
ေဘာ္ဒါေတြျဖစ္ျပီးဘယ္လိုခင္လာလဲမသိ အဲ႕တာေျကာင့္ေပ်ာ္ေနတာ။ေနာက္ေန႕
ကေလးတစ္အုပ္နဲ႕အုပ္စုက်ျပီးေဆာ့ေနတာ
ထိန္းမရေတာ့။ဟိုကေလးေတြကလဲ ထက္
ျမတ္က လူေကာင္ကသာသူတို႕ထက္ျကီး
ေနတာစိတ္က ကေလးစိတ္မေပ်ာက္ေသး
ေတာ့ အုပ္စုက်ေနျကမွာေပါ့။တစ္ေန႕တစ္
ေန႕ေဘာလံုးကန္ဖို႕လာေခၚသြားလိုက္ဟိုနား
ဒီနား မုန္႕စားဖို႕လာေခၚသြားလိုက္ကေလး
ေပါက္စေတြစုမိျပီးသူတို႕ဟာသူတို႕ေတာ့
ဟုတ္ေနတာပဲ။အေကာင္ေပါက္က ကေလး
ေတြျကားမွာကေလးဗိုလ္သြားလုပ္ေနတာ။

"ဘာလဲဒီမွာပြဲမျပီးေသးဘူး"

"ေတာ္ျပီေနာက္ေန႕မွကန္ေတာ့။တစ္အား
မိုးမခ်ဳပ္ခင္အိမ္ျပန္လာလို႕မင္းကိုငါမမွာ
ထားဘူးလား"

ထက္ျမတ္ထည္ဝါတို႕မ်က္နွာဆူပုတ္ျပီး
စတင္ေကာက္ေကြးေနပါျပီ။

"ကိုဟိန္း ကိုထက္သားတို႕ကိုပိတ္ထုျပီး
အနိုင္က်င့္တယ္"

"ေဟ့ေကာင္ေတြမင္းတို႕ဘာေတြေလ်ွာက္
ေျပာေနတာလဲ နာခ်င္ေနျပီလား။သြား
ကိုယ့္အိမ္ကိုယ္ျပန္ျကေတာ့ေမွာင္ေနျပီ"

အနားမွာဝိုင္းေနသည့္ကေလးတစ္အုပ္ကို
ပိတ္ေဟာက္ျပီး ျပန္ခိုင္းေနသည္။ကေလး
ေတြကလဲျပန္ေျပာင္ျပ သူတို႕အစ္ကိုျကီးက
လဲတြန္းတိုက္ျပီးျပန္ခိုင္းနဲ႕ ေဆာ့ေနတာကို
ေစာင့္ေနရေသးသည္။ကေလးတစ္သိုက္
ျပန္သြားမွျပံဳးျဖီးျဖီးပံုစံေလးနဲ႕အနားကိုလာ
ကပ္သည္။

"ငါဘာမွမလုပ္ဘူးေနာ္ အဲ႕ေကာင္ေတြ
ေဘာလံုးကန္တာသူတို႕ငါ့ကိုမနိုင္လို႕
အလကားသက္သက္မင္းကိုတိုင္ေျပာ
ေနတာ။ငါကအခုေလးတင္ျပန္လာမလ္ု႕ပဲ
အဲ႕ေကာင္ေလးေတြအတင္းဆြဲထားလို႕
ငါဘာမွမသိဘူး"

အျပစ္လုပ္ထားေတာ့မ်က္နွာခ်ိဳေသြးျပီး
အဆူခံရမွာေျကာက္ေနတာ။မ်က္နွာငယ္
ေလးနဲ႕မ်က္လံုးေတြကိုဟိုျကည့္ဒီျကည္႕
လုပ္ေနတာက ဘယ္လိုစိတ္နဲ႕ဆူနိုင္အံုး
မာလဲ။ပံုစံမ်ိဳးစံုသူပဲလုပ္လဲလုပ္တတ္တယ္။
စိုက္ျကည့္ေနတာကိုလဲမ်က္လံုးေလးေတြ
မွိတ္သည္အထိကေလးလိုရယ္ျပေနတယ္။
ေပ်ာ္ေနတာ။ေပ်ာ္ေနတာသိေပမဲ႕ညဘက္
ေမွာင္ေနတဲ႕အထိစိတ္မခ် ။

မ်က္နွာငယ္ေလးကိုျကည့္ရင္းရင္ေမာရ
သည္။အျမဲျဖဴစင္ရွင္းသန္႕ေနသည့္မ်က္နွာ
နုနုမွာဖုန္ေတြေပတလူးေနတာ ေဘာလံုး
ကန္ထားတာလား ေျမျကီးလူးထားတာ
လားမသဲကြဲ။ဘယ္လိုေတာင္ေဆာ့ထား
လို႕ဒီလိုမ်က္နွာျဖစ္သြားရတာလဲကြာ။ျမင္
ရတာစိတ္မေကာင္း ။အက်ီ ၤစနဲ႕မ်က္နွာ
မွာေပေနတာေတြကိုလိုက္သုတ္ေပးေတာ့
မ်က္လံုးေလးကလယ္ကလယ္နဲ႕လိုက္
ျကည့္ေနျပီးသာ ဘာမွမေျပာလုပ္ေပး
သမ်ွျငိမ္ခံေနသည္။အာေပတူးေလး။

"မ်က္နွာကိုျကည့္အံုးေပတူးေနတာပဲ
ဘယ္ေလာက္ေတာင္ေဆာ့ထားလဲ။မသိ
တဲ႕သူေတြကဒီေကာင္ေလးရုပ္ေလးက
သန္႕သန္႕ျပန္႕ျပန္႕နဲ႕ကေလးေတြနဲ႕လိုက္
ေဆာ့ေနတာညစ္ပတ္ေနတာပဲထင္သြား
ရင္ဘယ္လိုလုပ္မလဲ။မရွက္ဘူးလား"

"မရွက္ပါဘူးဘာလို႕ရွက္ရမွာလဲ။ဘယ္သူ
မွလဲဘာမွမေျပာပါဖူး"

ေမာ့ျကည့္လာျပီး နႈတ္ခမ္းဖူးဖူးကဆူပုတ္
သေယာင္တိုင္တည္ေျပာလာသည္။တစ္
ကယ့္ကေလး။မ်က္နွာကိုစင္ေအာင္သုတ္
ေပးျပီးကိုယ္ေပၚကဖုန္ေတြသဲေတြကိုပါခါ
ေပးမိသည္။ကိုယ့္ကိုကိုယ္လဲဘာေတြလုပ္
ေနမိမွန္းမသိ။ကစားထားလို႕ေပမဲ႕အျမဲျဖဴ
စင္သန္႕ရွင္းေနတတ္သည့္ေကာင္ေလးကို
တစ္ခါတစ္ေလေလးေတာင္ မသိတဲ႕လူ
ေတြကဒီကေလးေပေရေနတာပဲအျမင္မခံ
နိုင္။ဒါဘယ္လိုေျပာရမလဲ။အခုျဖစ္ေနတာ
ထက္ျမတ္က ကေလးဆိုရင္မိဘတစ္
ေယာက္ကကိုယ့္ကေလးကိုဘယ္သူ႕ဆီ
ကမွအထင္ေသးတဲ႕အျကည္႕နဲ႕အျကည့္
မခံနိုင္တဲ႕စိတ္မ်ိဳး။ကိုယ့္ကေလးကိုအျမဲခ်စ္
ဖို႕ေကာင္းေနတာပဲျမင္ေစခ်င္သည္။ခက္
ေတာ့တာပါပဲ။

"လာခဲ႕…အိမ္ျပန္မယ္"

လက္ေကာက္ဝတ္ကေနဆြဲေတာ့လူက
ေက်ာက္ရုပ္လိုအေနာက္ကေနမပါလာ
ေနာက္လက္တစ္ဖက္နဲ႕ေခါင္းငံု႕ျပီးေျခ
ေထာက္နွစ္ဖက္ကိုလက္သီးဆုပ္ေတြနဲ႕
ထုေနသည္။ဘာျဖစ္ရျပန္ျပီလဲ။

""ေျခေထာက္ဘာျဖစ္လို႕လဲ""

"ဘာမွမျဖစ္ဘူး။ငါေဘာလံုးကန္ထားရ
တာပင္ပန္းလို႕ေျခေထာက္ေတြေညာင္း
ေနျပီလမ္းမေလ်ွာက္နိုင္ေတာ့ဘူး။မင္း
ဆိုင္ကယ္မယူလာဘူးလား"

"မယူလာဘူး။ေညာင္းရင္အိမ္ေရာက္မွ
ဆက္ထုေတာ့ ခဏေလးေလ်ွာက္ရင္
ေရာက္ပီဟာအရင္ျပန္မယ္"

"ခဏေလးေတာင္မေလ်ွာက္နိုင္ေတာ့
ပါဘူး ေျခေထာက္ေညာင္းလို႕လမ္းမ
ေလ်ွာက္နိုင္ေတာ့ပါဘူးဆို မင္းငါ့ကို
မသနားဘူးလား။ဘာလို႕အတင္းလမ္း
ေလ်ွာက္ျပန္ခိုင္းေနတာလဲ။မင္းငါ့ကို
အနိုင္က်င့္တယ္"

ေနရာမွာပဲမတုန္မလႈပ္ေပကပ္ရပ္ေနျပီး
မ်က္နွာငယ္ကပါဆူပုတ္လာျပီ။လမ္းထိပ္
ေလးတင္ပဲဆိုေတာ့လမ္းေလ်ွာက္လာ
တာ အိမ္ကိုခဏေလာက္ေလ်ွာက္ရင္
ျပန္ေရာက္ေနျပီဟာကိုေျပးလႊားေနတုန္း
ကေတာ့အေကာင္းျကီး ဆူပုတ္ေနတဲ႕
မ်က္နွာေလးကိုျကည့္ရင္းသိလိုက္ျပီေလ။
ဒီေကာင္ေလးဂ်စ္တိုက္ေနျပီဆိုတာ။

"အဲ႕တာဆိုလဲဒီမွာခဏေစာင့္။ငါအရင္
ျပန္ျပီးဆိုင္ကယ္သြားျပန္ယူလိုက္မယ္"

"ဟင္အင္း…မယူနဲ႕"

"ေဟာဗ်ာ အဲ႕တာဆိုဘယ္လိုျပန္မွာလဲ"

"ငါ့ကိုအိမ္ထိကုန္းပိုးပါလား။ငါကုန္းပိုး
တစ္ခါမွမစီးဖူးလို႕"

အနားတိုးကပ္လာျပီးမ်က္နွာခ်ိဳေသြး
ကေလးတစ္ေယာက္လိုခ်င္တာပူဆာ
ေနသလိုအသံတိုးဖြဖြ။ဒီတစ္ခါေက်ာက္
ရုပ္ျဖစ္သြားရတာကကိုယ္ကိုတိုင္။ရုတ္
တရက္ရင္ေတြတုန္ျပီးအသက္ရူေတာင္ရပ္
ေတာ့မလို။မ်က္နွာငယ္ကိုမျကည့္မိေအာင္
အျကည့္လႊဲရသည္။ဘာေတြလုပ္ခိုင္းေန
တာလဲ။ဒီေကာင္ေလးနဲ႕ေတာ့ခက္ပါတယ္။

"ကေလးလုပ္မေနနဲ႕။လူျမင္မေကာင္းဘူး
အိမ္အရင္ျပန္မယ္"

"မင္းပဲငါကကေလးဆို အခုျကတစ္မ်ိဳး
ေျပာျပန္ပီ။မင္းမကုန္းပိုးရင္ငါအိမ္မျပန္
ဘူး ဒီမွာပဲေနေနလိုက္မယ္။ေမွာင္ေနတာ
လမ္းမာဘယ္သူမွလဲမျမင္ဘူးေလ။ငါ့ေျခ
ေထာက္တခုခုျဖစ္တယ္ဆိုျပီးမင္းကိုညာ
လိုက္ရင္မင္းခ်က္ခ်င္းငါ့ကိုကုန္းပိုးသြားမွာ
သိတယ္။ငါလိမၼာတယ္ေလအဲ႕လိုလဲမလုပ္
ဘူး တစ္ကယ္ လမ္းမေလ်ွာက္ခ်င္ေတာ့
ဘူးကုန္းပိုးစီးခ်င္လို႕ ငါ့ကိုယ္ကမေလးပါဘူး
မင္းေအးေဆးနိုင္ပါတယ္။ေနာ္"

ေဘးနားမွာေပကပ္ျပီးအက်ီ ၤစကိုလာ
ဆြဲလိုက္ လက္ေမာင္းကိုသူ႕လက္သီး
ဆုပ္ေတြနဲ႕ထိုးလိုက္ ဂ်ီက်ေနတာ။ပတ္
ဝန္းက်င္တစ္ခြင္လံုးေနေရာင္လံုးလံုး
ေပ်ာက္ကြယ္လို႕ေမွာင္ေနျပီ။ဒီေန႕အိမ္
ျပန္ရဖို႕မရွိ။ဘာေျပာနိုင္အံုးမွာလဲ။
ဘယ္တုန္းကေရာေျပာနိုင္ဖူးလို႕လဲ။

ေက်ာေပးျပီးအေရွ႕မွာထိုင္ခ်လိုက္
ေတာ့ ရီသံလြင္လြင္ေနာက္ခ်က္ခ်င္း
ကုပ္ကပ္တြယ္တက္လာသည္။ကိုယ္ေသး
ေသးေလးကလူတစ္ေယာက္ကိုသယ္ပိုး
ထားတယ္မထင္ရေအာင္ကိုတစ္ကယ္
ေပါ့လြန္းတာ။အေနာက္ကေနလည္ပင္းကို
သူ႕လက္နွစ္ဖက္နဲ႕သိုင္းဖက္ျပီး တစ္ဝူးဝူး
တစ္ဝါးဝါးေအာ္ေနေသးသည္။ေပ်ာ္ေနတာ။
ခ်ီတံုခ်တံုျဖစ္ေနတဲ႕ရင္ဘတ္အစံုကို
ထိန္းရင္းေျခလွမ္းေတြလွမ္းလိုက္သည္။

ေက်ာေပၚကျငိမ္ျငိမ္မေနတဲ႕အေကာင္
ေပါက္ကိုထိန္းရင္းလူေနအိမ္လမ္းျဖစ္
ေပမဲ႕ ေယာက်ာ္းေလးနွစ္ေယာက္ကုန္း
ပိုးလ်က္သြားေနသည့္အေနအထားက
အျမင္မေတာ္သည္မို႕ကိုယ့္မွာလမ္းကလူ
ေတြမျမင္ေအာင္သစ္ပင္ရိပ္ အေမွာင္ရိပ္
က်တဲ႕ ေနရာကိုေရြးျပီးသြားေနရေပမဲ႕
ေက်ာေပၚကအေကာင္ေပါက္ကေတာ့
ေခါင္းေလးေထာင္ျပီးဘယ္တုန္းကခင္
သြားမွန္းမသိတဲ႕တစ္လမ္းထဲေနေတြ႕သမ်ွ
သူေတြကိုေဒၚေဒၚေနေကာင္းလား ျကီးျကီး
ထမင္းစားပီးပီးလားလွမ္းျပီးမိတ္ဖြဲ႕ေန
ေသးသည္။အတတ္နိုင္ဆံုးထက္ျမတ္
မ်က္နွာကိုမသိျကေစခ်င္ ကိုယ္ေတြက
ရိုးေပမဲ႕လူေတြရဲ႕စကားမွာနည္းနည္း
ေလးေတာင္မဆန္းေစခ်င္။အခ်ိန္တန္ရင္
အိမ္ျပန္မဲ႕သူရဲ႕အနာဂတ္မွာကိုယ့္ေျကာင့္
တစ္ခ်ိန္ပတ္ဝန္းက်င္မွာစကားနဲ႕ေတာင္
အျပစ္အနာဆာအျဖစ္မခံနိုင္ပါ။အတတ္
နိုင္ဆံုးဒီမွာေနေနတုန္းအိမ္ထဲမွာပဲေနေစ
ခ်င္တာကိုသူ႕အိမ္မွာေတာင္အခန္းထဲက
အခန္းျပင္မထြက္သည့္ေကာင္ေလးက
ေနေကာင္းျပီးထဲကရပ္ကြက္တစ္ခြင္
ေလ်ွာက္သြားေနတာဒီရပ္ကြက္ထဲသူ
မသိတဲ႕သူေရာရွိပါ့ေတာ့မလား။ခ်မ္းေအး
ေနတဲ႕ရာသီဥတုနဲ႕အတူဒီနားကသူေတြ
ကေအးေအးခ်မ္းခ်မ္းရွိလို႕သာေတာ္
ေသးသည္။

ျငိမ္ျငိမ္မေနရင္ပစ္ခ်လိုက္မယ္ေျပာလိုက္
မွအေနာက္ကေနလည္ပင္းကိုလက္နွစ္
ဖက္နဲ႕ခပ္တင္းတင္းဖက္လာျပီးပုခံုးေပၚ
ေခါင္းေမွာက္ခ် ခ်က္ခ်င္းျငိမ္က်သြားတာ
ကသံပတ္ေပးထားျပီးလည္ေနတဲ႕အရုပ္
ေလးအားကုန္လို႕ရပ္သြားသည့္အတိုင္း။
ဟင္း…တတ္ေနတာ။ခံစားေနရတဲ႕ကိုယ္
ေနြးေနြးမွာပုခံုးေပၚေခါင္းတစ္ျခမ္းေစာင္း
ထားသည္မို႕ဝင္သက္ထြက္သက္အသက္္
ရူသံေလးေတြကိုပါထိေတြ႕ခံစားေနရတာ
ကအတိုင္းသား။ေက်ာေပၚကလူသားေလး
ကိုသယ္ပိုးထားသည့္လက္နွစ္ဖက္ကိုပို
အားထည့္လိုက္သည္။

"ဟိန္းပိုင္"

"အင္း"

"ငါဆိုးသမ်ွကိုဘာလို႕သည္းခံေပးတာလဲ"

"ဘယ္သူေျပာလဲမင္းကိုဆိုးတယ္လို႕။
တစ္ျခားသူေတြနဲ႕ဆိုမင္းဒီလိုေတြမလုပ္
ဘူးမလား။ငါဘာမွေျပာျပစရာမလိုေအာင္
မင္းကရင့္က်က္ျပီးသားပဲ။ျပီးေတာ့…
ငါတို႕ကသူငယ္ခ်င္းေတြေလ"

"မင္းလိုသူငယ္ခ်င္းမ်ိဳးရွိလို႕ငါဆိုးေနတာ"

ေျခလွမ္းေတြလွမ္းရင္းခပ္ဖြဖြျပံဳးမိသည္။
အခုေတာ့သူငယ္ခ်င္းဆိုတဲ႕စကားကိုစိတ္
ရွင္းစြာထုတ္ေျပာေနနိုင္ျပီလား။အင္း…
ေနာက္ဆိုတစ္ျဖည္းျဖည္းနဲ႕က်င့္သားရ
သြားမွာပါ။

"ငါေမာေနပီ ခဏေလာက္အိပ္လိုက္အံုး
မယ္။အိမ္ျပန္ေရာက္ရင္နႈိး"

"ေရွ႕နားေလးတင္အိမ္ေရာက္ေတာ့မာကို
အိပ္အံုးမလို႕လား"

ပုခံုးေပၚေခါင္းတင္လ်က္သားျငိမ္သက္
ေနတဲ႕သူဆီကအေျဖျပန္မလာေတာ့။
သူ႕ခမ်ွာလဲေမာေနရွာမာေပါ့ေျပးလႊား
ေဆာ့ကစားထားရတာကို။နီးကပ္ေနတဲ႕
အေနထားမွာအသက္ရူသံတစ္ခ်က္တိုင္း
ကလာေရာက္ထိခတ္ေနတာ။အေမွာင္ထု
ထဲလမ္းမကိုသာျကည့္ေနမိရင္းအိမ္ျပန္
ေရာက္ဖို႕အျမန္လွမ္းေနတဲ႕ေျခလွမ္းေတြ
ကိုအရွိန္ေလ်ွာ့လိုက္မိသည္။

အိပ္။ငါမင္းကိုအိမ္ျပန္ေခၚသြားေပးမယ္။

အင္း တစ္ခဏတာအိမ္။

_____

အခန္းထဲကေနထြက္လာတဲ႕ပံုေလးက
ကိုယ္႕ရွပ္အက်ီ ၤလက္ရွည္ေပးဝတ္ထား
လို႕အက်ီ ၤထဲကိုယ္ေသးေသးေလးက
တစ္ကိုယ္လံုးျမဳပ္ဝင္ေနျပီး လက္ေတြပါ
အျပင္မွာမျမင္ရ။တဘက္ကိုေခါင္းမွာဒီ
အတိုင္းျခံဳျပီးအိပဲ႕အိပဲ႕နဲ႕ေလ်ွာက္လာတဲ႕
ပံုစံကိုက ေမြးကင္းစကေလးကိုအနွီးျဖဴျဖဴ
နဲ႕ထုတ္ထားသည့္အတိုင္း။ခ်စ္ဖို႕ေကာင္း
ေနေတာ့တာပါပဲ။

"လာ…ဒီမွာလာထိုင္"

ေလ်ွာက္လာျပီးေဘးနားမွာ ျကမ္းျပင္
ေပၚထိုင္ခ်လိုက္တာကဆတ္ခနဲ ။ေရခ်ိဳး
ေခါင္းေလ်ွာ္ျပီးခ်က္ခ်င္းအိပ္လိုက္မွာစိုး
လို႕အခန္းထဲကေနအျပင္ေခၚထုတ္တာ
ထင္သည့္အတိုင္း တဘတ္ကိုေခါင္းမွာ
ဒီအတိုင္းျခံဳျပီးမ်က္လံုးေတြကမွိတ္တုတ္
မွိတ္တုတ္ျဖစ္ေနျပီ။

"ဆံပင္ေတြစိုေနတာကိုမသုတ္ျပန္ဘူး"

"မသုတ္နိုင္ေတာ့ဘူး။ငါအိပ္ငိုက္ေနျပီ"

'ဆံပင္ေတြဒီေလာက္စိုေနတာကို
ေနမေကာင္းျပန္ျဖစ္မယ္မအိပ္ရဘူး"

ဘာမွေတာင္ျပန္မေျပာနိုင္ေတာ႔
ထိုင္ရက္အိမ္မက္ကမာ႓ထဲေရာက္
ေတာ့မည့္သူအနားအလိုက္တသိနဲ႕
သာတိုးကပ္သြားလိုက္သည္။ေခါင္းေပၚ
မွာျခံဳထားတဲ႕တဘက္ကိုဆြဲယူ ရွန္ပူနံ႕
သင္းေနေသာဆံပင္ေလးေတြကိုအေနာက္
ကေနခပ္ဖြဖြသုတ္ေပးရင္းရပ္ထားခ်င္မိ
တဲ႕အခ်ိန္အခိုက္အတန္႕။ေက်ာင္းတုန္း
ကလဲသုတ္ေပးေနျကဆိုေတာ့ ဒါကဘာ
မွမထူးဆန္းေတာ့ပါဘူး။

ျကမ္းျပင္ေပၚပံု႕ပံု႕ေလးထိုင္ျပီး ျငိမ္ျငိမ္
သက္သက္ေခါင္းသုတ္ေပးေနတာကို
ျငိမ္ခံေနသည္။လိမၼာေနတာ။ျငိမ္ေနမွာ
ေပါ့အိပ္ငိုက္ေနတာကို တစ္ခ်က္ခ်က္
အေရွ႕ကိုယိုင္ယိုင္က်သြားသည့္ေခါင္းကို
အေနာက္ကေနျပန္ထိန္းေနရသည္။ငုတ္
တုတ္ျကီးအိပ္ငိုက္ေနျပန္ျပီ။

သင္းေသာရွန္ပူအနံ႕နွင့္အတူခံစားေနရ
သည္႕ကိုယ္ေငြ႕ေနြးေနြး အေနာက္ကေန
ဆြဲညစ္ေပြ႕ဖက္ပစ္ခ်င္စရာခႏၶာကိုယ္ေသး
ေသး။နွစ္ကိုယ္ျကားနီးကပ္မႈကေနြးေသာ
ကိုယ္သင္းနံ႕ကိုတစ္ရႈိက္မက္မက္ရရွိေန
တဲ႕အထိ။ရုတ္တရက္ဆံပင္ေတြကိုသုတ္
ေပးေနသည္႕လက္ေတြတစ္ျဖည္းျဖည္း
နဲ႕ျငိမ္သက္သြားမိျပီး ျဖဴေဖြးေနေသာ
လည္ကုတ္အနားမ်က္လံုးေတြမွိတ္ျပီး
ေယာင္ယမ္းတိုးကပ္လိုက္မိသည္။
ေနြးေထြးေသာကိုယ္သင္းနံ႕ကိုမ်က္လံုး
ေတြမွိတ္ခံစားရင္းအလြတ္မွတ္သားေန
မိသည္။ခဏေလးမွခဏေလးပါ။အေနာက္
ျပန္ဆုတ္ရင္းခပ္ဖြဖြျပံဳးမိသည္။ဒီေလာက္
ဆိုရပါျပီ။

အေနာက္ကေနရင္ခြင္ထဲကိုယ္ေသး
ေသးေလးကိုေထြးဖက္ပစ္ခ်င္သည့္
စိတ္ကိုဆံပင္ေတြကိုသာတစ္ယုတစ္ယ
ျပန္လည္သုတ္ေပးျခင္းျဖင့္ထိန္းရပါသည္။
ေထြးေပြ႕ခ်င္တယ္ဆိုတာအဲ႕ဒီစိတ္က
ကေလးတစ္ေယာက္ကိုအသည္းယားလို႕
ေပြ႕ဖက္ပစ္ခ်င္သည့္စိတ္ပါ။ပံုမွန္မဟုတ္
တဲ႕အေနအထားနဲ႕နီးကပ္ေနတာေတာင္
တစ္ျခားဘယ္အရာမွမေတြးမိ ကေလး
တစ္ေယာက္လိုရင္ခြင္ထဲေထြးေပြ႕မိျခင္
သည့္စိတ္ကလြဲဒီေကာင္ေလးကိုတစ္
ျဖည္းျဖည္းနဲ႕ေပးဆပ္အခ်စ္နဲ႕ခ်စ္တတ္
ခဲ႕ျပီထင္ပါတယ္။ကိုယ္ဟာဧကန္မႈခ်ပုထု
စဥ္လူသားတစ္ေယာက္ပါ။ဒီေကာင္ေလး
ကိုစခ်စ္မိထဲကရင္ထဲမွာပဲထည့္အျမဲတမ္း
ေငးျကည့္ျပီးခ်စ္ခဲ႕ရေတာ့ ကိုယ္ကိုတိုင္
ေတာင္မသိလိုက္တဲ႕ အခ်ိန္မွာပိုင္ဆိုင္လို
ျခင္းစိုးစိတ္မပါ ျဖည့္ဆည္းေပးတဲ႕အခ်စ္
နဲ႕ခ်စ္တတ္ခဲ႕ျပီ။ဒဏ္ရာေတြကအနာက်က္
ေနခဲ႕ျပီထင္ပါသည္။

ဒီေကာင္ေလးကိုအရာရာစိုးရိမ္ပူပန္မိ
သည့္တစ္ဖတ္သတ္အခ်စ္နဲ႕ခ်စ္ရသလို
တစ္ခါတစ္ေလကေလးတစ္ေယာက္ကို
ဂရုစိုက္ေပးခ်င္သလိုမ်ိဳး ခ်စ္ရသည္။ပူ
ေလာင္ျခင္းကင္းသည့္ေအးခ်မ္းစြာခ်စ္
တတ္သည့္ တစ္ေန႕ေရာက္ဖို႕ေတာ့
ျကိဳးစားရပါအံုးမည္။ဘာပဲျဖစ္ျဖစ္အရာ
အားလံုးထက္ျမတ္နိုးတန္ဖိုးထားသည့္
စိတ္ကပိုရပါသည္။

မင္းကိုသူငယ္ခ်င္းတစ္ေယာက္လိုမခ်စ္
ေပးနိုင္ခဲ႕တဲ႕အတြက္ေတာင္းပန္ပါတယ္။

နီးကပ္ေနတဲ႕အေနအထားနဲ႕အနားမွာ
ျကာျကာမေနသင့္ေတာ့။ေခါင္းငိုက္စိုက္
အိမ္မက္ကမ႓ာထဲေရာက္ေနသူကိုလႈပ္နႈိး
ရသည္။မ်က္လံုးနွစ္ဖက္ကိုေယာင္ယမ္း
ပြတ္သပ္ေနသူေခါင္းေပၚတဘတ္ျခံဳေပး၍
ထည့္ေပး၍ထထြက္ခဲ႕သည္။

""မသုတ္ေပးေတာ့ဘူးလား""

"ေရေျခာက္ေနျပီ ကိုယ့္ဟာကိုယ္ဆက္
သုတ္လိုက္ေတာ့။ဒီမွာပဲေနအခန္းထဲဝင္
မအိပ္နဲ႕အံုးေနာ္။ငါေရသြားခ်ိဳးလိုက္အံုးမယ္"

အိမ္မက္ေယာင္ေနသူကိုထားပစ္ခဲ႕၍
ေရခ်ိဳးဖို႕ျကိဳးတန္းေပၚကေလ်ွာ္စရာ
အဝတ္ေတြကိုဆြဲျဖဳတ္လိုက္သည္။
သူေဌးသားအခန္းထဲကေလ်ွာ္စရာေတြ
ပါသြားယူရမယ္။သူ႕အိမ္မွာထမင္းစားဖို႕
ခူးေက်ြးတဲ႕အကူေတြကအဆင္သင့္
အဝတ္ေလ်ွာ္ဖို႕မေျပာနဲ႕ကိုယ့္ပန္းကန္
ေတာင္ကိုယ္မေဆးရတဲ႕သူကိုဘာမွမ
ခိုင္းရက္ပါ။အလိုလိုက္တာေတာ့မဟုတ္
ဘူး ကိုယ့္တာဝန္ကိုယ္ေက်ရေအာင္နွစ္
ေယာက္တစ္ဘဝထူေထာင္ေနတာလဲမ
ဟုတ္ဘူးေလ။ဒီေကာင္ကပဲျဖည္႕ဆည္းပါ
ရေစသား။ပူအိုက္လာ၍ဝတ္ထားတဲ႕တီရွပ္
ကိုေခါင္းကေနဆြဲခ်ြတ္လိုက္သည္။ကေလး
ေပါက္စကိုလွည့္ျကည့္ေတာ့ တဘတ္ျကီး
ကိုင္ျပီးငုတ္တုတ္ထိုင္ငိုက္ေနတုန္း။အခန္း
ထဲဝင္မအိပ္နဲ႕အံုးေျပာထားေတာ့အျပင္မွာ
အိပ္သည္ေပါ့။အဲ႕လိုမ်ိဳးခ်စ္ဖို႕ေကာင္းေအာင္
ေနတတ္တာ။

"မင္း…မင္း ဘယ္ဘက္ရင္ဘတ္မွာဘာလဲ"

ရုတ္တရက္သတိေမ့သြားတာ။အိပ္ခ်င္
မူးတူးအနားကိုေလ်ွာက္လာျပီးစူးစမ္း
ေတာ႕မဲ႕သူ မေတြ႕ေအာင္ ခ်ြတ္ထားတဲ႕
တီရွပ္အမဲကို အနားေရာက္မလာခင္
ခပ္ျမန္ျမန္ျပန္ေကာက္စြပ္လိုက္ရသည္။
ခ်က္ခ်င္းပဲအေရွ႕မွာပိတ္ရပ္လိုက္တဲ႕သူ
ကေတာ့မ်က္ေမွာင္ေတြပါျကံဳ႕ျပီးတရားခံ
စစ္ေတာ့မလိုမ်က္နွာေပးနဲ႕။

"ရင္ဘတ္ေပၚကစာတန္းကတက္တူး
မလား။ဘာထိုးထားတာလဲ။ဘယ္သူ႕
နမယ္ထိုးထားတာလဲ။ဘယ္တုန္းကထိုး
ထားတာလဲ။တစ္ခ်က္ျပျကည့္ အေဝးက
ေနငါမျမင္လိုက္ရဘူး"

ခုနကထိအိပ္ငိုက္ေနတဲ႕သူကမ်က္လံုး
ေတြျပဴးျပီးအနားတိုးကပ္လာတာ။မဟုတ္
တာမလုပ္ထားေသာ္လည္းတရားခံစစ္ခံ
ရသလိုခံစားေနရတယ္။

"ဘယ္သူ႕နမယ္မွမဟုတ္ဘူး မျကည့္နဲ႕"

"လူျမင္လို႕မရတဲ႕ေနရာမွာထိုးထားတာ
ျပီးေတာ့ရင္ဘတ္ေပၚနားမွာ ငါ့ကိုငပိန္းမ်ား
ထင္ေနလား။တစ္ေယာက္ေယာက္နာမယ္
ဆိုတာေသခ်ာတယ္။ဘယ္သူ႕နမယ္လဲ
မင္းေကာင္မေလးပုလဲနမယ္မလား"

ေမာ့ျကည့္ျပီးအနားမွာတိုးကပ္ေမးေနတဲ႕
သူကိုျကည့္ျပီးေအာင့္ျမက္လာတဲ႕ရင္ဘတ္
ကိုလစ္လ်ဴရႈရင္းေျခာက္ကပ္ကပ္ရယ္မိ
သည္။ပုလဲနဲ႕အခုခ်ိန္ထိတစ္လြဲေတြထင္
ေနတုန္း။

"ဘာရယ္တာလဲ။ပုလဲနဲ႕မင္းနဲ႕ကအခု
အေျခေနဘယ္လိုရွိလဲ။မင္းပုလဲဆီသြား
ေတြ႕တာလည္းငါမေတြ႕ဘူး"

"ဘယ္လိုရွိရမလဲ။ဒီလိုပဲသူငယ္ခ်င္းေတြပဲ"

"ဟင္ မင္းတို႕ကအခုခ်ိန္ထိခ်စ္သူေတြ
မျဖစ္ျကေသးဘူးလား။ျမပုလဲသြယ္က
ရတနာပံုမွာနမယ္ဘယ္ေလာက္ျကီးလဲ
ဆိုတာငါတို႕ေက်ာင္းထိကိုေရာက္တာေနာ္
မင္းတို႕အခုခ်ိန္ထိဘာမွမျဖစ္ေသးဘူးလား။
တစ္ကယ္လား။ပုလဲကမင္းကိုဒီေလာက္
ေက်ာင္းထဲကအေရးေပးတာမင္းမဖြင့္
ေျပာရေသးဘူးလားအခုခ်ိန္ထိ"

တည္တည္ျငိမ္ျငိမ္မ်က္လံုးခ်င္းဆံုျပီး
ေတာ့ကိုအေလးအနက္ေမးေနတာ

"ပုလဲကသူ႕ဟာသူေနေနတာ။စကားမ်ား
မေနနဲ႕ေတာ့ ငါေရသြားခ်ိဳးေတာ့မယ္"

လွည့္ထြက္ေတာ့မည့္ေျခလွမ္းေတြကို
အေရွ႕ကပိတ္ရပ္သည္။တည္ျငိမ္ေန
ေသာမ်က္နွာေလးကိုျကည့္ရင္းသူသိခ်င္
တာမေျဖမခ်င္းဒီအေျခအေနကလြတ္
ေျမာက္မွာမဟုတ္ေတာ့။

"မင္းဘယ္တုန္းကထိုးထားတာလဲ"

"ဆယ္တန္းျပီးေတာ့မင္းအိမ္ကထြက္
လာတုန္းက"

"ေသာက္ေရးမပါတာေတြ။ငါကအဲ႕လို
ေစာက္ရူးထတာေတြကိုေစာင္ရမ္း
ေသာက္ျမင္ကတ္တာ။ကိုယ့္အသား
အနာခံျပီးေတာ့မ်ား ခ်စ္ျပေနမင္းကဖြင့္
မေျပာဘဲဟိုကဘယ္လိုသိမွာလဲ။ပုလဲက
မိန္းကေလးမလား မင္းကိုသံေယာဇဥ္ရွိ
ေနရင္ေတာင္ သူ႕ဘက္ကမိန္းကေလး
သိကၡာဆိုတာရွိေသးတယ္။မင္းဘက္က
သတိၱရွိရွိအရင္ဖြင့္မေျပာဘဲနဲ႕ေတာ့ဒီတစ္
သက္ဘာမွျဖစ္လာဖို႕မရွိဘူး။ အဲ႕ဒီမွာပဲမင္း
ေသလိုက္ေတာ့"

မ်က္နွာတည္နဲ႕လံုးဝကိုေဒါသထြက္ေန
သည့္ပံု။ကိုယ့္ဘက္ကစိတ္နာေပးေနတာ
ကိုပဲေက်းဇူးတင္ရမလား အရႈံးသမားလို
ေအာ္ဟစ္ပစ္ရမလားမသိသည့္အေျခအေန။
ေအာ္။ဆိုးရြားလိုက္တဲ႕ဘဝ။

ဘာမွမေျပာခ်င္ေတာ့၍ ဒီအေျခအေန
ကိုေရွာင္ဖယ္မည္လုပ္ေသာ္လည္းအေရွ႕
ကေနပိတ္ရပ္ထားကိုမဖယ္ေပး။ကိုယ္
ေသးေသးေလးကမထြက္စဖူးေဒါသေတြ
ထြက္ေနတာ ဟန္မေဆာင္တတ္တဲ႕မ်က္
နွာမွာအထင္းသား။သူျကည့္ဖူးတဲ႕ရုပ္ရွင္ထဲ
ကလူေတြလိုလက္နွစ္ဖက္အျပည့္ထိုးထား
တာလဲမဟုတ္ပါပဲနွင္႔တက္တူးထိုးတာလူမိုက္
ဘာညာ စသျဖင့္ေကာင္ေလးတစ္ေယာက္
နမယ္ထိုးထားတာ သံုးနွစ္ေလာက္ျကာေန
ျပီျဖစ္တဲ႕တက္တူးကိုေျပာလိုက္တာမျပီး
ေတာ့ဘူး။ေအးပါကြာ။မင္းေျပာသလိုပဲရူး
မိုက္ခဲ႕တာေပါ့။

"တက္တူးဆိုတာဖ်က္လို႕ရတဲ႕
အရာမ်ားထင္ေနလား"

""ဖ်က္လို႕ရပါတယ္""

"မင္းမဖ်က္ဘူးေလ။ဘယ္နနွစ္ေတာင္
ရွိေနပီလဲ"

မ်က္နွာေလးကမႈန္ကုတ္ကုတ္။
ဒီအခ်ိန္မွာအျကည့္ခ်င္းဆံုဖို႕ဆက္ျပီး
မဝံ႕ရဲေတာ့။

""ငါေရသြားခ်ိဳးေတာ့မယ္""

မဖယ္ေပး အေရွ႕ကေနပိတ္ရပ္ျပန္သည္။

"ဘာထိုးထားတာလဲငါ့ကိုတစ္ခ်က္
ေလာက္ျပျကည့္ပါဆို"

""ကေလးေတြသိစရာမလိုဘူး""

သူ႕ကိုကေလးလို႕ေျပာရင္မ်က္နွာဆူပုတ္
သြားတာကလဲြစိတ္မဆိုးတတ္သူသည္
မေက်နပ္သလိုမ်က္ေမွာင္ျကံဳ႕မ်က္နွာ
ျကီးတည္ျပီး ေရွာင္ဖယ္ခြင့္မေပး အတင္း
ပိတ္ရပ္ထားသည္။ဟိုဘက္ေျခလွမ္းလ်ွင္
အေရွ႕ကလိုက္ပိတ္ ဒီဘက္လွမ္းလ်ွင္
လည္းမရမရလိုက္ပိတ္သည္။လွည့္ထြက္
ခြင့္မေပး။ဒီတစ္ခါဂ်စ္တိုက္ျပီးစိတ္ေကာက္
ေနပံုကေတာ့ဒီေန႕ေရသြားခ်ိဳးရဖို႕လမ္း
မျမင္ေတာ့။နွစ္ေယာက္လံုးဘာမွမေျပာ
အင္အားမသံုးခ်င္၍ ကိုယ္ကေျခလွမ္း
လိုက္ထက္ျမတ္ကပိတ္ရပ္လိုက္နဲ႕သံသရာ
ထဲလည္ေနတုန္းတိတ္ဆိတ္ေနတဲ႕အိမ္ထဲ
ျပတ္သားစြာထြက္ေပၚလာေသာဖုန္းသံ။

ေမာ့ျကည့္လာတဲ႕မ်က္ဝန္းေတြက
ခ်က္ခ်င္းအေရာင္ေျပာင္းသြားသည္။
ေဘာင္းဘီအိတ္ကပ္ထဲကဖုန္းကို
ခ်က္ခ်င္းဆြဲထုတ္ျပီးဖုန္းမ်က္နွာျပင္ကို
ျကည့္လိုက္ေသာတစ္ခဏ ေျပာင္းလဲ
သြားေသာမ်က္နွာေလး ဘယ္သူလဲေမး
ျကည့္စရာပင္မလိုေတာ့ပါ။အေရွ႕မွာပိတ္
ရပ္ထားတာကိုဖယ္ေပးျပီးခုနကနွင့္ျခား
နားစြာ ျငိမ္သက္စြာပင္ရပ္ေနေတာ့သည္။

ဖုန္းျပန္ရျပီးထဲက အဆက္မျပတ္လာေန
ေသာဇြဲခန္႕ရဲ႕ဖုန္းကိုမကိုင္ခဲ႕။ငါဇြဲကိုဒုကၡမ
ေပးခ်င္ဘူးဆိုတာကိုေရရြတ္၍မ်က္နွာမ
ပ်က္ေနခဲ႕သည္။အခုေတာ့လင္းေနေသာ
ဖုန္းမ်က္နွာျပင္ကိုဒီအတိုင္းျကည့္ေနရင္း
ေတြေဝေနသည္႕ပံု။

အိမ္ထဲမွာနွစ္ေယာက္လံုးတိတ္ဆိတ္ေန
ေပမဲ႕ဖုန္းသံကေတာ့အဆက္မျပတ္က်ယ္
ေလာင္စြာထြက္ေပၚေနသည္။

"ငါကိုင္လိုက္ရမလား"

"မင္းသေဘာပဲ"

"ငါ့သေဘာမဟုတ္ဘူး။မင္းသေဘာကို
ေမးေနတာ"

မ်က္ဝန္းမ်ားက ဆံုးျဖတ္ရခက္ေနဟန္။
သူ႕အေျကာင္းေတြအကုန္လံုးကိုအျမဲ
ေျပာျပတိုင္ပင္တတ္သူကိုဒီတစ္ခါေတာ့
အျကံဥာဏ္ေပးဖို႕က။

"ငါနဲ႕ဘာဆိုင္လို႕လဲ"

"မင္းကငါ့သူငယ္ခ်င္းေလ တိုင္ပင္တာေပါ့"

"မင္းသေဘာပဲ"

ဖုန္းမ်က္နွာျပင္ကိုျကည့္လ်က္တစ္ခဏ
တာျငိမ္သက္ေခါင္းငံု႕ေနျပီးဆံုးျဖတ္
ခ်က္ခ်လိုက္သလိုဖုန္းကိုလက္ထဲတင္း
တင္းဆုပ္ကိုင္ အိမ္အျပင္ထြက္သြားသည့္
သူ၏ေျခလွမ္းေတြကျမန္ဆန္ေနသလား
လို႕။ကိုယ့္ဘက္မွာက်န္ခဲ႕တဲ႕ေနာက္ေက်ာ
ကိုသာေငးျကည့္ေနမိခဲ႕ရင္းတစ္စစေဝးကြာ
သြားသည္။

တိတ္ဆိတ္စြာက်န္ခဲ႕တဲ႕အိမ္ထဲမွာ
ေျခလွမ္းေတြအားအင္မဲ႕ထိုင္ခ်မိရင္း
ဘာမွမေတြးနိုင္ေတာ့။အရႈံးသမားတစ္
ေယာက္အတြက္ေတာ့ေနာက္ဆံုးဒီလို
ပဲျဖစ္လာမွာျကိဳသိေနရက္နဲ႕အခုခ်ိန္ထိ
မိုက္မဲေနတုန္းပါပဲ။မင္းလိုေနတဲ႕အခါသံုး
မလိုေတာ့တဲ႕အခ်ိန္ထားပစ္ခဲ႕ရင္ေတာင္
လိုအပ္ခ်က္ေတြျဖည့္ဆည္းေပးခဲ႕ရတဲ႕
အတြက္ေျဖသာပါတယ္ေလ။

အျပင္ထြက္သြားသူသည္အခ်ိန္တစ္ခ်ိဳ႕
ျကာကုန္ဆံုးသြားသည္အထိအထဲျပန္မ
ဝင္လာခဲ႕။ဘယ္အခ်ိန္ေတာင္ရွိေနျပီလဲ
ဒီေလာက္ဆိုရပီေလ။ဘာလဲ အလြမ္းသယ္
ေနျကလို႕မပီးေသးဘူးလား။အိမ္အျပင္
ဘက္ေလေအးထိပါမ်ားရင္ေနမေကာင္း
တတ္သူကိုသတိရလာ၍ ခ်က္ခ်င္းထထြက္
မိသည္။

ေအးစက္စက္ေလထုမ်ားကအိမ္အျပင္
ဘက္ကိုေရာက္သည္နွင့္တိုက္ခတ္လာ
သည့္ေလမ်ားကသည္းစြာ။ခံုတန္းမွာဒီ
အတိုင္းထိုင္ေနတဲ႕သူက မလႈပ္မယွက္။
တံခါးနားမွာဒီအတိုင္းရပ္ေနမိျပီးအေမွာင္
ထုထဲထိုင္ေနသူအနားမသြားျဖစ္ေတာ့။

အေမွာင္ထုထဲခံုတန္းမွာျငိမ္သက္စြာထိုင္
ေနတဲ႕သူကတစ္ခ်က္သာလွည့္ျကည့္ျပီး
အျပင္ဘက္ကိုသာေငးျကည့္လို႕ေနသည္။
တိတ္ဆိတ္ေနတဲ႕သူကိုဒီအတိုင္းသာေငး
ျကည့္ေနမိရင္းအခ်ိန္တစ္ခဏကုန္ဆံုး
လို႕သြားသည္။

"ငါဇြဲနဲ႕ျပန္လိုက္သြားေတာ့မယ္"

ခံုတန္းေပၚထိုင္ေနတဲ႕သူအနားကိုသြားဖို႕
ေျခလွမ္းေတြကိုရပ္တန္႕လိုက္ေစတဲ႕
စကားသံ။တစ္ကယ္ေတာ႔မင္းကို
သူငယ္ခ်င္းလိုပဲခ်စ္နိုင္ေအာင္ျကိဳးစား
ေတာ့မယ္ဆိုတာငါ့ကိုယ္ငါညာေနတာပါ။

အေမွာင္ထုထဲေကာင္ေလးတစ္ေယာက္
ရဲ႕ပံုရိပ္ကိုသာအလြတ္မွတ္သားလို႕ေနမိသည္။

ဒီထက္ပိုျပီးနာက်င္စရာေတြမရွိေတာ့ပါဘူး။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode

"ထက်မြတ်ထည်ဝါ"

တစ်ချက်သာလှည့်ကြည့်ပြီးမျက်လုံးချင်း
ဆုံသွားပါရက်နဲ့မသိရင်သူ မတွေ့လိုက်
သလိုပြန်လှည့်ပြီးကလေးတစ်သိုက်ကြား
ပတ်ပြေးနေသည်။

ခပ်လှမ်းလှမ်းကအော်ခေါ်တော့မကြားချင်
ယောင်ဆောင်နေတာ။ဒီကောင်လေးတော့။
ချုံပုတ်တွေအပြင်ဘက်ကနေ ခြံစည်းရိုး
မခတ်ထားတဲ့မြေကွက်လပ်ထဲကျော်ဝင်
ရသည်။

"ဒီကိုလာထက်မြတ် အခုလာခဲ့။မိုးချုပ်
နေပြီအိမ်ပြန်မယ်"

ခပ်ကျယ်ကျယ်လှမ်းအော်မှကလေးတွေ
ကြားဘောလုံးလိုက်လုနေရင်းနောက်
လှည့်ကြည့်ပြီးရရှိလိုက်တာကမျက်စောင်း
မမည်သောအကြည့်တစ်ချက်။လက်ထဲက
ဘောလုံးကိုပစ်ချ မျက်နှာဆူပုတ်ပြီးအနား
ကိုလျှောက်လာတဲ့သူအနောက်ကစုဝေး
လိုက်လာတဲ့ကလေးတစ်သိုက်။

တစ်နေညလေးလမ်းလျှောက်ထွက်လိုက်
တာရပ်ကွက်ထဲကကလေးတစ်သိုက်နဲ့
ဘော်ဒါတွေဖြစ်ပြီးဘယ်လိုခင်လာလဲမသိ အဲ့တာကြောင့်ပျော်နေတာ။နောက်နေ့
ကလေးတစ်အုပ်နဲ့အုပ်စုကျပြီးဆော့နေတာ
ထိန်းမရတော့။ဟိုကလေးတွေကလဲ ထက်
မြတ်က လူကောင်ကသာသူတို့ထက်ကြီး
နေတာစိတ်က ကလေးစိတ်မပျောက်သေး
တော့ အုပ်စုကျနေကြမှာပေါ့။တစ်နေ့တစ်
နေ့ဘောလုံးကန်ဖို့လာခေါ်သွားလိုက်ဟိုနား
ဒီနား မုန့်စားဖို့လာခေါ်သွားလိုက်ကလေး
ပေါက်စတွေစုမိပြီးသူတို့ဟာသူတို့တော့
ဟုတ်နေတာပဲ။အကောင်ပေါက်က ကလေး
တွေကြားမှာကလေးဗိုလ်သွားလုပ်နေတာ။

"ဘာလဲဒီမှာပွဲမပြီးသေးဘူး"

"တော်ပြီနောက်နေ့မှကန်တော့။တစ်အား
မိုးမချုပ်ခင်အိမ်ပြန်လာလို့မင်းကိုငါမမှာ
ထားဘူးလား"

ထက်မြတ်ထည်ဝါတို့မျက်နှာဆူပုတ်ပြီး
စတင်ကောက်ကွေးနေပါပြီ။

"ကိုဟိန်း ကိုထက်သားတို့ကိုပိတ်ထုပြီး
အနိုင်ကျင့်တယ်"

"ဟေ့ကောင်တွေမင်းတို့ဘာတွေလျှောက်
ပြောနေတာလဲ နာချင်နေပြီလား။သွား
ကိုယ့်အိမ်ကိုယ်ပြန်ကြတော့မှောင်နေပြီ"

အနားမှာဝိုင်းနေသည့်ကလေးတစ်အုပ်ကို
ပိတ်ဟောက်ပြီး ပြန်ခိုင်းနေသည်။ကလေး
တွေကလဲပြန်ပြောင်ပြ သူတို့အစ်ကိုကြီးက
လဲတွန်းတိုက်ပြီးပြန်ခိုင်းနဲ့ ဆော့နေတာကို
စောင့်နေရသေးသည်။ကလေးတစ်သိုက်
ပြန်သွားမှပြုံးဖြီးဖြီးပုံစံလေးနဲ့အနားကိုလာ
ကပ်သည်။

"ငါဘာမှမလုပ်ဘူးနော် အဲ့ကောင်တွေ
ဘောလုံးကန်တာသူတို့ငါ့ကိုမနိုင်လို့
အလကားသက်သက်မင်းကိုတိုင်ပြော
နေတာ။ငါကအခုလေးတင်ပြန်လာမလ်ု့ပဲ
အဲ့ကောင်လေးတွေအတင်းဆွဲထားလို့
ငါဘာမှမသိဘူး"

အပြစ်လုပ်ထားတော့မျက်နှာချိုသွေးပြီး
အဆူခံရမှာကြောက်နေတာ။မျက်နှာငယ်
လေးနဲ့မျက်လုံးတွေကိုဟိုကြည့်ဒီကြည့်
လုပ်နေတာက ဘယ်လိုစိတ်နဲ့ဆူနိုင်အုံး
မာလဲ။ပုံစံမျိုးစုံသူပဲလုပ်လဲလုပ်တတ်တယ်။
စိုက်ကြည့်နေတာကိုလဲမျက်လုံးလေးတွေ
မှိတ်သည်အထိကလေးလိုရယ်ပြနေတယ်။
ပျော်နေတာ။ပျော်နေတာသိပေမဲ့ညဘက်
မှောင်နေတဲ့အထိစိတ်မချ ။

မျက်နှာငယ်လေးကိုကြည့်ရင်းရင်မောရ
သည်။အမြဲဖြူစင်ရှင်းသန့်နေသည့်မျက်နှာ
နုနုမှာဖုန်တွေပေတလူးနေတာ ဘောလုံး
ကန်ထားတာလား မြေကြီးလူးထားတာ
လားမသဲကွဲ။ဘယ်လိုတောင်ဆော့ထား
လို့ဒီလိုမျက်နှာဖြစ်သွားရတာလဲကွာ။မြင်
ရတာစိတ်မကောင်း ။အကျီ ၤစနဲ့မျက်နှာ
မှာပေနေတာတွေကိုလိုက်သုတ်ပေးတော့
မျက်လုံးလေးကလယ်ကလယ်နဲ့လိုက်
ကြည့်နေပြီးသာ ဘာမှမပြောလုပ်ပေး
သမျှငြိမ်ခံနေသည်။အာပေတူးလေး။

"မျက်နှာကိုကြည့်အုံးပေတူးနေတာပဲ
ဘယ်လောက်တောင်ဆော့ထားလဲ။မသိ
တဲ့သူတွေကဒီကောင်လေးရုပ်လေးက
သန့်သန့်ပြန့်ပြန့်နဲ့ကလေးတွေနဲ့လိုက်
ဆော့နေတာညစ်ပတ်နေတာပဲထင်သွား
ရင်ဘယ်လိုလုပ်မလဲ။မရှက်ဘူးလား"

"မရှက်ပါဘူးဘာလို့ရှက်ရမှာလဲ။ဘယ်သူ
မှလဲဘာမှမပြောပါဖူး"

မော့ကြည့်လာပြီး နှုတ်ခမ်းဖူးဖူးကဆူပုတ်
သယောင်တိုင်တည်ပြောလာသည်။တစ်
ကယ့်ကလေး။မျက်နှာကိုစင်အောင်သုတ်
ပေးပြီးကိုယ်ပေါ်ကဖုန်တွေသဲတွေကိုပါခါ
ပေးမိသည်။ကိုယ့်ကိုကိုယ်လဲဘာတွေလုပ်
နေမိမှန်းမသိ။ကစားထားလို့ပေမဲ့အမြဲဖြူ
စင်သန့်ရှင်းနေတတ်သည့်ကောင်လေးကို
တစ်ခါတစ်လေလေးတောင် မသိတဲ့လူ
တွေကဒီကလေးပေရေနေတာပဲအမြင်မခံ
နိုင်။ဒါဘယ်လိုပြောရမလဲ။အခုဖြစ်နေတာ
ထက်မြတ်က ကလေးဆိုရင်မိဘတစ်
ယောက်ကကိုယ့်ကလေးကိုဘယ်သူ့ဆီ
ကမှအထင်သေးတဲ့အကြည့်နဲ့အကြည့်
မခံနိုင်တဲ့စိတ်မျိုး။ကိုယ့်ကလေးကိုအမြဲချစ်
ဖို့ကောင်းနေတာပဲမြင်စေချင်သည်။ခက်
တော့တာပါပဲ။

"လာခဲ့…အိမ်ပြန်မယ်"

လက်ကောက်ဝတ်ကနေဆွဲတော့လူက
ကျောက်ရုပ်လိုအနောက်ကနေမပါလာ
နောက်လက်တစ်ဖက်နဲ့ခေါင်းငုံ့ပြီးခြေ
ထောက်နှစ်ဖက်ကိုလက်သီးဆုပ်တွေနဲ့
ထုနေသည်။ဘာဖြစ်ရပြန်ပြီလဲ။

""ခြေထောက်ဘာဖြစ်လို့လဲ""

"ဘာမှမဖြစ်ဘူး။ငါဘောလုံးကန်ထားရ
တာပင်ပန်းလို့ခြေထောက်တွေညောင်း
နေပြီလမ်းမလျှောက်နိုင်တော့ဘူး။မင်း
ဆိုင်ကယ်မယူလာဘူးလား"

"မယူလာဘူး။ညောင်းရင်အိမ်ရောက်မှ
ဆက်ထုတော့ ခဏလေးလျှောက်ရင်
ရောက်ပီဟာအရင်ပြန်မယ်"

"ခဏလေးတောင်မလျှောက်နိုင်တော့
ပါဘူး ခြေထောက်ညောင်းလို့လမ်းမ
လျှောက်နိုင်တော့ပါဘူးဆို မင်းငါ့ကို
မသနားဘူးလား။ဘာလို့အတင်းလမ်း
လျှောက်ပြန်ခိုင်းနေတာလဲ။မင်းငါ့ကို
အနိုင်ကျင့်တယ်"

နေရာမှာပဲမတုန်မလှုပ်ပေကပ်ရပ်နေပြီး
မျက်နှာငယ်ကပါဆူပုတ်လာပြီ။လမ်းထိပ်
လေးတင်ပဲဆိုတော့လမ်းလျှောက်လာ
တာ အိမ်ကိုခဏလောက်လျှောက်ရင်
ပြန်ရောက်နေပြီဟာကိုပြေးလွှားနေတုန်း
ကတော့အကောင်းကြီး ဆူပုတ်နေတဲ့
မျက်နှာလေးကိုကြည့်ရင်းသိလိုက်ပြီလေ။
ဒီကောင်လေးဂျစ်တိုက်နေပြီဆိုတာ။

"အဲ့တာဆိုလဲဒီမှာခဏစောင့်။ငါအရင်
ပြန်ပြီးဆိုင်ကယ်သွားပြန်ယူလိုက်မယ်"

"ဟင်အင်း…မယူနဲ့"

"ဟောဗျာ အဲ့တာဆိုဘယ်လိုပြန်မှာလဲ"

"ငါ့ကိုအိမ်ထိကုန်းပိုးပါလား။ငါကုန်းပိုး
တစ်ခါမှမစီးဖူးလို့"

အနားတိုးကပ်လာပြီးမျက်နှာချိုသွေး
ကလေးတစ်ယောက်လိုချင်တာပူဆာ
နေသလိုအသံတိုးဖွဖွ။ဒီတစ်ခါကျောက်
ရုပ်ဖြစ်သွားရတာကကိုယ်ကိုတိုင်။ရုတ်
တရက်ရင်တွေတုန်ပြီးအသက်ရူတောင်ရပ်
တော့မလို။မျက်နှာငယ်ကိုမကြည့်မိအောင်
အကြည့်လွှဲရသည်။ဘာတွေလုပ်ခိုင်းနေ
တာလဲ။ဒီကောင်လေးနဲ့တော့ခက်ပါတယ်။

"ကလေးလုပ်မနေနဲ့။လူမြင်မကောင်းဘူး
အိမ်အရင်ပြန်မယ်"

"မင်းပဲငါကကလေးဆို အခုကြတစ်မျိုး
ပြောပြန်ပီ။မင်းမကုန်းပိုးရင်ငါအိမ်မပြန်
ဘူး ဒီမှာပဲနေနေလိုက်မယ်။မှောင်နေတာ
လမ်းမာဘယ်သူမှလဲမမြင်ဘူးလေ။ငါ့ခြေ
ထောက်တခုခုဖြစ်တယ်ဆိုပြီးမင်းကိုညာ
လိုက်ရင်မင်းချက်ချင်းငါ့ကိုကုန်းပိုးသွားမှာ
သိတယ်။ငါလိမ္မာတယ်လေအဲ့လိုလဲမလုပ်
ဘူး တစ်ကယ် လမ်းမလျှောက်ချင်တော့
ဘူးကုန်းပိုးစီးချင်လို့ ငါ့ကိုယ်ကမလေးပါဘူး
မင်းအေးဆေးနိုင်ပါတယ်။နော်"

ဘေးနားမှာပေကပ်ပြီးအကျီ ၤစကိုလာ
ဆွဲလိုက် လက်မောင်းကိုသူ့လက်သီး
ဆုပ်တွေနဲ့ထိုးလိုက် ဂျီကျနေတာ။ပတ်
ဝန်းကျင်တစ်ခွင်လုံးနေရောင်လုံးလုံး
ပျောက်ကွယ်လို့မှောင်နေပြီ။ဒီနေ့အိမ်
ပြန်ရဖို့မရှိ။ဘာပြောနိုင်အုံးမှာလဲ။
ဘယ်တုန်းကရောပြောနိုင်ဖူးလို့လဲ။

ကျောပေးပြီးအရှေ့မှာထိုင်ချလိုက်
တော့ ရီသံလွင်လွင်နောက်ချက်ချင်း
ကုပ်ကပ်တွယ်တက်လာသည်။ကိုယ်သေး
သေးလေးကလူတစ်ယောက်ကိုသယ်ပိုး
ထားတယ်မထင်ရအောင်ကိုတစ်ကယ်
ပေါ့လွန်းတာ။အနောက်ကနေလည်ပင်းကို
သူ့လက်နှစ်ဖက်နဲ့သိုင်းဖက်ပြီး တစ်ဝူးဝူး
တစ်ဝါးဝါးအော်နေသေးသည်။ပျော်နေတာ။
ချီတုံချတုံဖြစ်နေတဲ့ရင်ဘတ်အစုံကို
ထိန်းရင်းခြေလှမ်းတွေလှမ်းလိုက်သည်။

ကျောပေါ်ကငြိမ်ငြိမ်မနေတဲ့အကောင်
ပေါက်ကိုထိန်းရင်းလူနေအိမ်လမ်းဖြစ်
ပေမဲ့ ယောကျာ်းလေးနှစ်ယောက်ကုန်း
ပိုးလျက်သွားနေသည့်အနေအထားက
အမြင်မတော်သည်မို့ကိုယ့်မှာလမ်းကလူ
တွေမမြင်အောင်သစ်ပင်ရိပ် အမှောင်ရိပ်
ကျတဲ့ နေရာကိုရွေးပြီးသွားနေရပေမဲ့
ကျောပေါ်ကအကောင်ပေါက်ကတော့
ခေါင်းလေးထောင်ပြီးဘယ်တုန်းကခင်
သွားမှန်းမသိတဲ့တစ်လမ်းထဲနေတွေ့သမျှ
သူတွေကိုဒေါ်ဒေါ်နေကောင်းလား ကြီးကြီး
ထမင်းစားပီးပီးလားလှမ်းပြီးမိတ်ဖွဲ့နေ
သေးသည်။အတတ်နိုင်ဆုံးထက်မြတ်
မျက်နှာကိုမသိကြစေချင် ကိုယ်တွေက
ရိုးပေမဲ့လူတွေရဲ့စကားမှာနည်းနည်း
လေးတောင်မဆန်းစေချင်။အချိန်တန်ရင်
အိမ်ပြန်မဲ့သူရဲ့အနာဂတ်မှာကိုယ့်ကြောင့်
တစ်ချိန်ပတ်ဝန်းကျင်မှာစကားနဲ့တောင်
အပြစ်အနာဆာအဖြစ်မခံနိုင်ပါ။အတတ်
နိုင်ဆုံးဒီမှာနေနေတုန်းအိမ်ထဲမှာပဲနေစေ
ချင်တာကိုသူ့အိမ်မှာတောင်အခန်းထဲက
အခန်းပြင်မထွက်သည့်ကောင်လေးက
နေကောင်းပြီးထဲကရပ်ကွက်တစ်ခွင်
လျှောက်သွားနေတာဒီရပ်ကွက်ထဲသူ
မသိတဲ့သူရောရှိပါ့တော့မလား။ချမ်းအေး
နေတဲ့ရာသီဥတုနဲ့အတူဒီနားကသူတွေ
ကအေးအေးချမ်းချမ်းရှိလို့သာတော်
သေးသည်။

ငြိမ်ငြိမ်မနေရင်ပစ်ချလိုက်မယ်ပြောလိုက်
မှအနောက်ကနေလည်ပင်းကိုလက်နှစ်
ဖက်နဲ့ခပ်တင်းတင်းဖက်လာပြီးပုခုံးပေါ်
ခေါင်းမှောက်ချ ချက်ချင်းငြိမ်ကျသွားတာ
ကသံပတ်ပေးထားပြီးလည်နေတဲ့အရုပ်
လေးအားကုန်လို့ရပ်သွားသည့်အတိုင်း။
ဟင်း…တတ်နေတာ။ခံစားနေရတဲ့ကိုယ်
နွေးနွေးမှာပုခုံးပေါ်ခေါင်းတစ်ခြမ်းစောင်း
ထားသည်မို့ဝင်သက်ထွက်သက်အသက်
ရူသံလေးတွေကိုပါထိတွေ့ခံစားနေရတာ
ကအတိုင်းသား။ကျောပေါ်ကလူသားလေး
ကိုသယ်ပိုးထားသည့်လက်နှစ်ဖက်ကိုပို
အားထည့်လိုက်သည်။

"ဟိန်းပိုင်"

"အင်း"

"ငါဆိုးသမျှကိုဘာလို့သည်းခံပေးတာလဲ"

"ဘယ်သူပြောလဲမင်းကိုဆိုးတယ်လို့။
တစ်ခြားသူတွေနဲ့ဆိုမင်းဒီလိုတွေမလုပ်
ဘူးမလား။ငါဘာမှပြောပြစရာမလိုအောင်
မင်းကရင့်ကျက်ပြီးသားပဲ။ပြီးတော့…
ငါတို့ကသူငယ်ချင်းတွေလေ"

"မင်းလိုသူငယ်ချင်းမျိုးရှိလို့ငါဆိုးနေတာ"

ခြေလှမ်းတွေလှမ်းရင်းခပ်ဖွဖွပြုံးမိသည်။
အခုတော့သူငယ်ချင်းဆိုတဲ့စကားကိုစိတ်
ရှင်းစွာထုတ်ပြောနေနိုင်ပြီလား။အင်း…
နောက်ဆိုတစ်ဖြည်းဖြည်းနဲ့ကျင့်သားရ
သွားမှာပါ။

"ငါမောနေပီ ခဏလောက်အိပ်လိုက်အုံး
မယ်။အိမ်ပြန်ရောက်ရင်နှိုး"

"ရှေ့နားလေးတင်အိမ်ရောက်တော့မာကို
အိပ်အုံးမလို့လား"

ပုခုံးပေါ်ခေါင်းတင်လျက်သားငြိမ်သက်
နေတဲ့သူဆီကအဖြေပြန်မလာတော့။
သူ့ခမျှာလဲမောနေရှာမာပေါ့ပြေးလွှား
ဆော့ကစားထားရတာကို။နီးကပ်နေတဲ့
အနေထားမှာအသက်ရူသံတစ်ချက်တိုင်း
ကလာရောက်ထိခတ်နေတာ။အမှောင်ထု
ထဲလမ်းမကိုသာကြည့်နေမိရင်းအိမ်ပြန်
ရောက်ဖို့အမြန်လှမ်းနေတဲ့ခြေလှမ်းတွေ
ကိုအရှိန်လျှော့လိုက်မိသည်။

အိပ်။ငါမင်းကိုအိမ်ပြန်ခေါ်သွားပေးမယ်။

အင်း တစ်ခဏတာအိမ်။

_____

အခန်းထဲကနေထွက်လာတဲ့ပုံလေးက
ကိုယ့်ရှပ်အကျီ ၤလက်ရှည်ပေးဝတ်ထား
လို့အကျီ ၤထဲကိုယ်သေးသေးလေးက
တစ်ကိုယ်လုံးမြုပ်ဝင်နေပြီး လက်တွေပါ
အပြင်မှာမမြင်ရ။တဘက်ကိုခေါင်းမှာဒီ
အတိုင်းခြုံပြီးအိပဲ့အိပဲ့နဲ့လျှောက်လာတဲ့
ပုံစံကိုက မွေးကင်းစကလေးကိုအနှီးဖြူဖြူ
နဲ့ထုတ်ထားသည့်အတိုင်း။ချစ်ဖို့ကောင်း
နေတော့တာပါပဲ။

"လာ…ဒီမှာလာထိုင်"

လျှောက်လာပြီးဘေးနားမှာ ကြမ်းပြင်
ပေါ်ထိုင်ချလိုက်တာကဆတ်ခနဲ ။ရေချိုး
ခေါင်းလျှော်ပြီးချက်ချင်းအိပ်လိုက်မှာစိုး
လို့အခန်းထဲကနေအပြင်ခေါ်ထုတ်တာ
ထင်သည့်အတိုင်း တဘတ်ကိုခေါင်းမှာ
ဒီအတိုင်းခြုံပြီးမျက်လုံးတွေကမှိတ်တုတ်
မှိတ်တုတ်ဖြစ်နေပြီ။

"ဆံပင်တွေစိုနေတာကိုမသုတ်ပြန်ဘူး"

"မသုတ်နိုင်တော့ဘူး။ငါအိပ်ငိုက်နေပြီ"

'ဆံပင်တွေဒီလောက်စိုနေတာကို
နေမကောင်းပြန်ဖြစ်မယ်မအိပ်ရဘူး"

ဘာမှတောင်ပြန်မပြောနိုင်တော့
ထိုင်ရက်အိမ်မက်ကမ္ဘာထဲရောက်
တော့မည့်သူအနားအလိုက်တသိနဲ့
သာတိုးကပ်သွားလိုက်သည်။ခေါင်းပေါ်
မှာခြုံထားတဲ့တဘက်ကိုဆွဲယူ ရှန်ပူနံ့
သင်းနေသောဆံပင်လေးတွေကိုအနောက်
ကနေခပ်ဖွဖွသုတ်ပေးရင်းရပ်ထားချင်မိ
တဲ့အချိန်အခိုက်အတန့်။ကျောင်းတုန်း
ကလဲသုတ်ပေးနေကြဆိုတော့ ဒါကဘာ
မှမထူးဆန်းတော့ပါဘူး။

ကြမ်းပြင်ပေါ်ပုံ့ပုံ့လေးထိုင်ပြီး ငြိမ်ငြိမ်
သက်သက်ခေါင်းသုတ်ပေးနေတာကို
ငြိမ်ခံနေသည်။လိမ္မာနေတာ။ငြိမ်နေမှာ
ပေါ့အိပ်ငိုက်နေတာကို တစ်ချက်ချက်
အရှေ့ကိုယိုင်ယိုင်ကျသွားသည့်ခေါင်းကို
အနောက်ကနေပြန်ထိန်းနေရသည်။ငုတ်
တုတ်ကြီးအိပ်ငိုက်နေပြန်ပြီ။

သင်းသောရှန်ပူအနံ့နှင့်အတူခံစားနေရ
သည့်ကိုယ်ငွေ့နွေးနွေး အနောက်ကနေ
ဆွဲညစ်ပွေ့ဖက်ပစ်ချင်စရာခန္ဓာကိုယ်သေး
သေး။နှစ်ကိုယ်ကြားနီးကပ်မှုကနွေးသော
ကိုယ်သင်းနံ့ကိုတစ်ရှိုက်မက်မက်ရရှိနေ
တဲ့အထိ။ရုတ်တရက်ဆံပင်တွေကိုသုတ်
ပေးနေသည့်လက်တွေတစ်ဖြည်းဖြည်း
နဲ့ငြိမ်သက်သွားမိပြီး ဖြူဖွေးနေသော
လည်ကုတ်အနားမျက်လုံးတွေမှိတ်ပြီး
ယောင်ယမ်းတိုးကပ်လိုက်မိသည်။
နွေးထွေးသောကိုယ်သင်းနံ့ကိုမျက်လုံး
တွေမှိတ်ခံစားရင်းအလွတ်မှတ်သားနေ
မိသည်။ခဏလေးမှခဏလေးပါ။အနောက်
ပြန်ဆုတ်ရင်းခပ်ဖွဖွပြုံးမိသည်။ဒီလောက်
ဆိုရပါပြီ။

အနောက်ကနေရင်ခွင်ထဲကိုယ်သေး
သေးလေးကိုထွေးဖက်ပစ်ချင်သည့်
စိတ်ကိုဆံပင်တွေကိုသာတစ်ယုတစ်ယ
ပြန်လည်သုတ်ပေးခြင်းဖြင့်ထိန်းရပါသည်။
ထွေးပွေ့ချင်တယ်ဆိုတာအဲ့ဒီစိတ်က
ကလေးတစ်ယောက်ကိုအသည်းယားလို့
ပွေ့ဖက်ပစ်ချင်သည့်စိတ်ပါ။ပုံမှန်မဟုတ်
တဲ့အနေအထားနဲ့နီးကပ်နေတာတောင်
တစ်ခြားဘယ်အရာမှမတွေးမိ ကလေး
တစ်ယောက်လိုရင်ခွင်ထဲထွေးပွေ့မိခြင်
သည့်စိတ်ကလွဲဒီကောင်လေးကိုတစ်
ဖြည်းဖြည်းနဲ့ပေးဆပ်အချစ်နဲ့ချစ်တတ်
ခဲ့ပြီထင်ပါတယ်။ကိုယ်ဟာဧကန်မှုချပုထု
စဉ်လူသားတစ်ယောက်ပါ။ဒီကောင်လေး
ကိုစချစ်မိထဲကရင်ထဲမှာပဲထည့်အမြဲတမ်း
ငေးကြည့်ပြီးချစ်ခဲ့ရတော့ ကိုယ်ကိုတိုင်
တောင်မသိလိုက်တဲ့ အချိန်မှာပိုင်ဆိုင်လို
ခြင်းစိုးစိတ်မပါ ဖြည့်ဆည်းပေးတဲ့အချစ်
နဲ့ချစ်တတ်ခဲ့ပြီ။ဒဏ်ရာတွေကအနာကျက်
နေခဲ့ပြီထင်ပါသည်။

ဒီကောင်လေးကိုအရာရာစိုးရိမ်ပူပန်မိ
သည့်တစ်ဖတ်သတ်အချစ်နဲ့ချစ်ရသလို
တစ်ခါတစ်လေကလေးတစ်ယောက်ကို
ဂရုစိုက်ပေးချင်သလိုမျိုး ချစ်ရသည်။ပူ
လောင်ခြင်းကင်းသည့်အေးချမ်းစွာချစ်
တတ်သည့် တစ်နေ့ရောက်ဖို့တော့
ကြိုးစားရပါအုံးမည်။ဘာပဲဖြစ်ဖြစ်အရာ
အားလုံးထက်မြတ်နိုးတန်ဖိုးထားသည့်
စိတ်ကပိုရပါသည်။

မင်းကိုသူငယ်ချင်းတစ်ယောက်လိုမချစ်
ပေးနိုင်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်။

နီးကပ်နေတဲ့အနေအထားနဲ့အနားမှာ
ကြာကြာမနေသင့်တော့။ခေါင်းငိုက်စိုက်
အိမ်မက်ကမ္ဘာထဲရောက်နေသူကိုလှုပ်နှိုး
ရသည်။မျက်လုံးနှစ်ဖက်ကိုယောင်ယမ်း
ပွတ်သပ်နေသူခေါင်းပေါ်တဘတ်ခြုံပေး၍
ထည့်ပေး၍ထထွက်ခဲ့သည်။

""မသုတ်ပေးတော့ဘူးလား""

"ရေခြောက်နေပြီ ကိုယ့်ဟာကိုယ်ဆက်
သုတ်လိုက်တော့။ဒီမှာပဲနေအခန်းထဲဝင်
မအိပ်နဲ့အုံးနော်။ငါရေသွားချိုးလိုက်အုံးမယ်"

အိမ်မက်ယောင်နေသူကိုထားပစ်ခဲ့၍
ရေချိုးဖို့ကြိုးတန်းပေါ်ကလျှော်စရာ
အဝတ်တွေကိုဆွဲဖြုတ်လိုက်သည်။
သူဌေးသားအခန်းထဲကလျှော်စရာတွေ
ပါသွားယူရမယ်။သူ့အိမ်မှာထမင်းစားဖို့
ခူးကျွေးတဲ့အကူတွေကအဆင်သင့်
အဝတ်လျှော်ဖို့မပြောနဲ့ကိုယ့်ပန်းကန်
တောင်ကိုယ်မဆေးရတဲ့သူကိုဘာမှမ
ခိုင်းရက်ပါ။အလိုလိုက်တာတော့မဟုတ်
ဘူး ကိုယ့်တာဝန်ကိုယ်ကျေရအောင်နှစ်
ယောက်တစ်ဘဝထူထောင်နေတာလဲမ
ဟုတ်ဘူးလေ။ဒီကောင်ကပဲဖြည့်ဆည်းပါ
ရစေသား။ပူအိုက်လာ၍ဝတ်ထားတဲ့တီရှပ်
ကိုခေါင်းကနေဆွဲချွတ်လိုက်သည်။ကလေး
ပေါက်စကိုလှည့်ကြည့်တော့ တဘတ်ကြီး
ကိုင်ပြီးငုတ်တုတ်ထိုင်ငိုက်နေတုန်း။အခန်း
ထဲဝင်မအိပ်နဲ့အုံးပြောထားတော့အပြင်မှာ
အိပ်သည်ပေါ့။အဲ့လိုမျိုးချစ်ဖို့ကောင်းအောင်
နေတတ်တာ။

"မင်း…မင်း ဘယ်ဘက်ရင်ဘတ်မှာဘာလဲ"

ရုတ်တရက်သတိမေ့သွားတာ။အိပ်ချင်
မူးတူးအနားကိုလျှောက်လာပြီးစူးစမ်း
တော့မဲ့သူ မတွေ့အောင် ချွတ်ထားတဲ့
တီရှပ်အမဲကို အနားရောက်မလာခင်
ခပ်မြန်မြန်ပြန်ကောက်စွပ်လိုက်ရသည်။
ချက်ချင်းပဲအရှေ့မှာပိတ်ရပ်လိုက်တဲ့သူ
ကတော့မျက်မှောင်တွေပါကြုံ့ပြီးတရားခံ
စစ်တော့မလိုမျက်နှာပေးနဲ့။

"ရင်ဘတ်ပေါ်ကစာတန်းကတက်တူး
မလား။ဘာထိုးထားတာလဲ။ဘယ်သူ့
နမယ်ထိုးထားတာလဲ။ဘယ်တုန်းကထိုး
ထားတာလဲ။တစ်ချက်ပြကြည့် အဝေးက
နေငါမမြင်လိုက်ရဘူး"

ခုနကထိအိပ်ငိုက်နေတဲ့သူကမျက်လုံး
တွေပြူးပြီးအနားတိုးကပ်လာတာ။မဟုတ်
တာမလုပ်ထားသော်လည်းတရားခံစစ်ခံ
ရသလိုခံစားနေရတယ်။

"ဘယ်သူ့နမယ်မှမဟုတ်ဘူး မကြည့်နဲ့"

"လူမြင်လို့မရတဲ့နေရာမှာထိုးထားတာ
ပြီးတော့ရင်ဘတ်ပေါ်နားမှာ ငါ့ကိုငပိန်းများ
ထင်နေလား။တစ်ယောက်ယောက်နာမယ်
ဆိုတာသေချာတယ်။ဘယ်သူ့နမယ်လဲ
မင်းကောင်မလေးပုလဲနမယ်မလား"

မော့ကြည့်ပြီးအနားမှာတိုးကပ်မေးနေတဲ့
သူကိုကြည့်ပြီးအောင့်မြက်လာတဲ့ရင်ဘတ်
ကိုလစ်လျူရှုရင်းခြောက်ကပ်ကပ်ရယ်မိ
သည်။ပုလဲနဲ့အခုချိန်ထိတစ်လွဲတွေထင်
နေတုန်း။

"ဘာရယ်တာလဲ။ပုလဲနဲ့မင်းနဲ့ကအခု
အခြေနေဘယ်လိုရှိလဲ။မင်းပုလဲဆီသွား
တွေ့တာလည်းငါမတွေ့ဘူး"

"ဘယ်လိုရှိရမလဲ။ဒီလိုပဲသူငယ်ချင်းတွေပဲ"

"ဟင် မင်းတို့ကအခုချိန်ထိချစ်သူတွေ
မဖြစ်ကြသေးဘူးလား။မြပုလဲသွယ်က
ရတနာပုံမှာနမယ်ဘယ်လောက်ကြီးလဲ
ဆိုတာငါတို့ကျောင်းထိကိုရောက်တာနော်
မင်းတို့အခုချိန်ထိဘာမှမဖြစ်သေးဘူးလား။
တစ်ကယ်လား။ပုလဲကမင်းကိုဒီလောက်
ကျောင်းထဲကအရေးပေးတာမင်းမဖွင့်
ပြောရသေးဘူးလားအခုချိန်ထိ"

တည်တည်ငြိမ်ငြိမ်မျက်လုံးချင်းဆုံပြီး
တော့ကိုအလေးအနက်မေးနေတာ

"ပုလဲကသူ့ဟာသူနေနေတာ။စကားများ
မနေနဲ့တော့ ငါရေသွားချိုးတော့မယ်"

လှည့်ထွက်တော့မည့်ခြေလှမ်းတွေကို
အရှေ့ကပိတ်ရပ်သည်။တည်ငြိမ်နေ
သောမျက်နှာလေးကိုကြည့်ရင်းသူသိချင်
တာမဖြေမချင်းဒီအခြေအနေကလွတ်
မြောက်မှာမဟုတ်တော့။

"မင်းဘယ်တုန်းကထိုးထားတာလဲ"

"ဆယ်တန်းပြီးတော့မင်းအိမ်ကထွက်
လာတုန်းက"

"သောက်ရေးမပါတာတွေ။ငါကအဲ့လို
စောက်ရူးထတာတွေကိုစောင်ရမ်း
သောက်မြင်ကတ်တာ။ကိုယ့်အသား
အနာခံပြီးတော့များ ချစ်ပြနေမင်းကဖွင့်
မပြောဘဲဟိုကဘယ်လိုသိမှာလဲ။ပုလဲက
မိန်းကလေးမလား မင်းကိုသံယောဇဉ်ရှိ
နေရင်တောင် သူ့ဘက်ကမိန်းကလေး
သိက္ခာဆိုတာရှိသေးတယ်။မင်းဘက်က
သတ္တိရှိရှိအရင်ဖွင့်မပြောဘဲနဲ့တော့ဒီတစ်
သက်ဘာမှဖြစ်လာဖို့မရှိဘူး။ အဲ့ဒီမှာပဲမင်း
သေလိုက်တော့"

မျက်နှာတည်နဲ့လုံးဝကိုဒေါသထွက်နေ
သည့်ပုံ။ကိုယ့်ဘက်ကစိတ်နာပေးနေတာ
ကိုပဲကျေးဇူးတင်ရမလား အရှုံးသမားလို
အော်ဟစ်ပစ်ရမလားမသိသည့်အခြေအနေ။
အော်။ဆိုးရွားလိုက်တဲ့ဘဝ။

ဘာမှမပြောချင်တော့၍ ဒီအခြေအနေ
ကိုရှောင်ဖယ်မည်လုပ်သော်လည်းအရှေ့
ကနေပိတ်ရပ်ထားကိုမဖယ်ပေး။ကိုယ်
သေးသေးလေးကမထွက်စဖူးဒေါသတွေ
ထွက်နေတာ ဟန်မဆောင်တတ်တဲ့မျက်
နှာမှာအထင်းသား။သူကြည့်ဖူးတဲ့ရုပ်ရှင်ထဲ
ကလူတွေလိုလက်နှစ်ဖက်အပြည့်ထိုးထား
တာလဲမဟုတ်ပါပဲနှင့်တက်တူးထိုးတာလူမိုက်
ဘာညာ စသဖြင့်ကောင်လေးတစ်ယောက်
နမယ်ထိုးထားတာ သုံးနှစ်လောက်ကြာနေ
ပြီဖြစ်တဲ့တက်တူးကိုပြောလိုက်တာမပြီး
တော့ဘူး။အေးပါကွာ။မင်းပြောသလိုပဲရူး
မိုက်ခဲ့တာပေါ့။

"တက်တူးဆိုတာဖျက်လို့ရတဲ့
အရာများထင်နေလား"

""ဖျက်လို့ရပါတယ်""

"မင်းမဖျက်ဘူးလေ။ဘယ်နနှစ်တောင်
ရှိနေပီလဲ"

မျက်နှာလေးကမှုန်ကုတ်ကုတ်။
ဒီအချိန်မှာအကြည့်ချင်းဆုံဖို့ဆက်ပြီး
မဝံ့ရဲတော့။

""ငါရေသွားချိုးတော့မယ်""

မဖယ်ပေး အရှေ့ကနေပိတ်ရပ်ပြန်သည်။

"ဘာထိုးထားတာလဲငါ့ကိုတစ်ချက်
လောက်ပြကြည့်ပါဆို"

""ကလေးတွေသိစရာမလိုဘူး""

သူ့ကိုကလေးလို့ပြောရင်မျက်နှာဆူပုတ်
သွားတာကလွဲစိတ်မဆိုးတတ်သူသည်
မကျေနပ်သလိုမျက်မှောင်ကြုံ့မျက်နှာ
ကြီးတည်ပြီး ရှောင်ဖယ်ခွင့်မပေး အတင်း
ပိတ်ရပ်ထားသည်။ဟိုဘက်ခြေလှမ်းလျှင်
အရှေ့ကလိုက်ပိတ် ဒီဘက်လှမ်းလျှင်
လည်းမရမရလိုက်ပိတ်သည်။လှည့်ထွက်
ခွင့်မပေး။ဒီတစ်ခါဂျစ်တိုက်ပြီးစိတ်ကောက်
နေပုံကတော့ဒီနေ့ရေသွားချိုးရဖို့လမ်း
မမြင်တော့။နှစ်ယောက်လုံးဘာမှမပြော
အင်အားမသုံးချင်၍ ကိုယ်ကခြေလှမ်း
လိုက်ထက်မြတ်ကပိတ်ရပ်လိုက်နဲ့သံသရာ
ထဲလည်နေတုန်းတိတ်ဆိတ်နေတဲ့အိမ်ထဲ
ပြတ်သားစွာထွက်ပေါ်လာသောဖုန်းသံ။

မော့ကြည့်လာတဲ့မျက်ဝန်းတွေက
ချက်ချင်းအရောင်ပြောင်းသွားသည်။
ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကို
ချက်ချင်းဆွဲထုတ်ပြီးဖုန်းမျက်နှာပြင်ကို
ကြည့်လိုက်သောတစ်ခဏ ပြောင်းလဲ
သွားသောမျက်နှာလေး ဘယ်သူလဲမေး
ကြည့်စရာပင်မလိုတော့ပါ။အရှေ့မှာပိတ်
ရပ်ထားတာကိုဖယ်ပေးပြီးခုနကနှင့်ခြား
နားစွာ ငြိမ်သက်စွာပင်ရပ်နေတော့သည်။

ဖုန်းပြန်ရပြီးထဲက အဆက်မပြတ်လာနေ
သောဇွဲခန့်ရဲ့ဖုန်းကိုမကိုင်ခဲ့။ငါဇွဲကိုဒုက္ခမ
ပေးချင်ဘူးဆိုတာကိုရေရွတ်၍မျက်နှာမ
ပျက်နေခဲ့သည်။အခုတော့လင်းနေသော
ဖုန်းမျက်နှာပြင်ကိုဒီအတိုင်းကြည့်နေရင်း
တွေဝေနေသည့်ပုံ။

အိမ်ထဲမှာနှစ်ယောက်လုံးတိတ်ဆိတ်နေ
ပေမဲ့ဖုန်းသံကတော့အဆက်မပြတ်ကျယ်
လောင်စွာထွက်ပေါ်နေသည်။

"ငါကိုင်လိုက်ရမလား"

"မင်းသဘောပဲ"

"ငါ့သဘောမဟုတ်ဘူး။မင်းသဘောကို
မေးနေတာ"

မျက်ဝန်းများက ဆုံးဖြတ်ရခက်နေဟန်။
သူ့အကြောင်းတွေအကုန်လုံးကိုအမြဲ
ပြောပြတိုင်ပင်တတ်သူကိုဒီတစ်ခါတော့
အကြံဉာဏ်ပေးဖို့က။

"ငါနဲ့ဘာဆိုင်လို့လဲ"

"မင်းကငါ့သူငယ်ချင်းလေ တိုင်ပင်တာပေါ့"

"မင်းသဘောပဲ"

ဖုန်းမျက်နှာပြင်ကိုကြည့်လျက်တစ်ခဏ
တာငြိမ်သက်ခေါင်းငုံ့နေပြီးဆုံးဖြတ်
ချက်ချလိုက်သလိုဖုန်းကိုလက်ထဲတင်း
တင်းဆုပ်ကိုင် အိမ်အပြင်ထွက်သွားသည့်
သူ၏ခြေလှမ်းတွေကမြန်ဆန်နေသလား
လို့။ကိုယ့်ဘက်မှာကျန်ခဲ့တဲ့နောက်ကျော
ကိုသာငေးကြည့်နေမိခဲ့ရင်းတစ်စစဝေးကွာ
သွားသည်။

တိတ်ဆိတ်စွာကျန်ခဲ့တဲ့အိမ်ထဲမှာ
ခြေလှမ်းတွေအားအင်မဲ့ထိုင်ချမိရင်း
ဘာမှမတွေးနိုင်တော့။အရှုံးသမားတစ်
ယောက်အတွက်တော့နောက်ဆုံးဒီလို
ပဲဖြစ်လာမှာကြိုသိနေရက်နဲ့အခုချိန်ထိ
မိုက်မဲနေတုန်းပါပဲ။မင်းလိုနေတဲ့အခါသုံး
မလိုတော့တဲ့အချိန်ထားပစ်ခဲ့ရင်တောင်
လိုအပ်ချက်တွေဖြည့်ဆည်းပေးခဲ့ရတဲ့
အတွက်ဖြေသာပါတယ်လေ။

အပြင်ထွက်သွားသူသည်အချိန်တစ်ချို့
ကြာကုန်ဆုံးသွားသည်အထိအထဲပြန်မ
ဝင်လာခဲ့။ဘယ်အချိန်တောင်ရှိနေပြီလဲ
ဒီလောက်ဆိုရပီလေ။ဘာလဲ အလွမ်းသယ်
နေကြလို့မပီးသေးဘူးလား။အိမ်အပြင်
ဘက်လေအေးထိပါများရင်နေမကောင်း
တတ်သူကိုသတိရလာ၍ ချက်ချင်းထထွက်
မိသည်။

အေးစက်စက်လေထုများကအိမ်အပြင်
ဘက်ကိုရောက်သည်နှင့်တိုက်ခတ်လာ
သည့်လေများကသည်းစွာ။ခုံတန်းမှာဒီ
အတိုင်းထိုင်နေတဲ့သူက မလှုပ်မယှက်။
တံခါးနားမှာဒီအတိုင်းရပ်နေမိပြီးအမှောင်
ထုထဲထိုင်နေသူအနားမသွားဖြစ်တော့။

အမှောင်ထုထဲခုံတန်းမှာငြိမ်သက်စွာထိုင်
နေတဲ့သူကတစ်ချက်သာလှည့်ကြည့်ပြီး
အပြင်ဘက်ကိုသာငေးကြည့်လို့နေသည်။
တိတ်ဆိတ်နေတဲ့သူကိုဒီအတိုင်းသာငေး
ကြည့်နေမိရင်းအချိန်တစ်ခဏကုန်ဆုံး
လို့သွားသည်။

"ငါဇွဲနဲ့ပြန်လိုက်သွားတော့မယ်"

ခုံတန်းပေါ်ထိုင်နေတဲ့သူအနားကိုသွားဖို့
ခြေလှမ်းတွေကိုရပ်တန့်လိုက်စေတဲ့
စကားသံ။တစ်ကယ်တော့မင်းကို
သူငယ်ချင်းလိုပဲချစ်နိုင်အောင်ကြိုးစား
တော့မယ်ဆိုတာငါ့ကိုယ်ငါညာနေတာပါ။

အမှောင်ထုထဲကောင်လေးတစ်ယောက်
ရဲ့ပုံရိပ်ကိုသာအလွတ်မှတ်သားလို့နေမိသည်။

ဒီထက်ပိုပြီးနာကျင်စရာတွေမရှိတော့ပါဘူး။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

404K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
563K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.4M 83.8K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...
776K 29.8K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...