တိမ်တိုက်၌ဖြစ်တည်သော

By Aelennar

1.4M 113K 5.6K

​​လောကရဲ့နိယာမ ဘယ်အရာမှမတည်မြဲခဲ့​ပေမဲ့...... More

Intro
Story
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
အပိုင္း(၂၄)
အပိုင္း(၂၅)
အပိုင္း(၂၆)
အပိုင္း(၂၇)
အပိုင္း(၂၈)
အပိုင္း(၂၉)
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း(၃၂)
အပိုင္း(၃၃)
အပိုင္း(၃၄)
အပိုင္း(၃၅)
အပိုင္း(၃၆)
အပိုင္း(၃၇)
အပိုင္း(၃၈)
အပိုင္း(၃၉)
အပိုင္း(၄၀)
အပိုင္း(၄၁)
အပိုင္း(၄၂)
အပိုင္း(၄၃)
အပိုင္း(၄၄)
အပိုင္း(၄၅)
အပိုင္း(၄၆)
အပိုင္း(၄၇)
အပိုင္း(၄၈)
အပိုင္း(၄၉)
(ဇာတ္သိမ္းပိုင္း)
တိမ္တိုက္၌ျဖစ္တည္ေသာ
Extra-1
Extra-2
Extra-3
Extra-4
Extra-5

အပိုင္း(၂၃)

18.3K 1.7K 26
By Aelennar

""ေက်ာင္းသြားဖို႕အခ်ိန္ကလိုေသးတယ္
မဟုတ္လားဒီကိုခဏလာခဲ႕အံုးထက္ျမတ္""

""ဟုတ္ အေမ""

ဧည့္ခန္းထဲအေဖေရာအေမေရာထိုင္ေနတာ။
အေဖကသတင္းစာတစ္ေစာင္ကိုသာစိတ္ဝင္
တစားဖတ္ေနျပီးသူ႕ကိုမျကည့္ေပမဲ႕အေမက
ေတာ့ဝင္ထိုင္လိုက္တာနဲ႕မ်က္စိေထာက္ေဒါက္
ျကည့္ေနသည္။

""ဟိုေကာင္ေလးဇြဲခန္႕ကသားကိုလာျကိဳအံုး
မာလား""

""ဟုတ္""

""ေန႕တိုင္းလာျကိဳလိုက္ပို႕လိုက္နဲ႕သူမ်ားကိုဘာလို႕ဒုကၡေပးေနတာလဲ။သူ႕အေမေတြ
မျကိဳက္မွျဖင့္။အိမ္ကကားအျကိဳအပို႕လုပ္ေပး
တာနဲ႕က်ေတာ့လဲမသြားခ်င္ဘူး။အတန္းျပီး
တာနဲ႕အိမ္ကိုျပန္လာရမွာစိုးလို႕မလား
ထက္ျမတ္""

""မဟုတ္ဘူးအေမ။လမ္းကသင့္ေနေတာ့
ဇြဲခန္႕ကလဲလာျကိဳေပးမယ္ေျပာတာနဲ႕""

အိမ္ကဒရိုင္ဘာနဲ႕အျကိဳအပို႕လုပ္ေပးမဲ႕အစား
ကားေမာင္းသင္ခြင့္ေပးပါလားဆိုသည့္စကားလံုးေတြကအေတြးထဲကေနပဲေပ်ာက္ကြယ္သြားသည္။ငယ္ေသးတယ္စိတ္မခ်ဘူးဆိုသည့္
စကားပဲထပ္ျကားေနရအံုးမည္မို႕အျပင္ကို
ထြက္မက်လာရဲ။ဘာမွလဲမေျပာခ်င္ေတာ့ပါ။

""ထားေတာ့အတန္းေတြအားလံုးျပီးတာနဲ႕
အိမ္ကိုျပန္လာျကားလား။တကၠသိုလ္ေရာက္ျပီဆိုျပီးလြတ္လြတ္လပ္လပ္နဲ႕ေလ်ွာက္မသြားေနနဲ႕။ဒီေခတ္ကအေပါင္းအသင္းမွားသြားရင္
ပ်က္စီးတတ္တယ္""

""ဟုတ္""

""ထက္ျမတ္""

""ဗ်ာ အေဖ""

ျသဇာရွိသည့္အေဖ့ရဲ႕အသံကဧည့္ခန္းတစ္ခုလံုးကိုဖံုးလႊမ္းသြားသည္။အေမ့လိုစကားမ်ားမ်ား
ဆူပူမေျပာေပမဲ႕တစ္ခြန္းဆိုတစ္ခြန္းေျကာက္ရသည္။

ေက်ာင္းတက္ရတာအဆင္ေျပလား""

""ဟုတ္။ေျပ…ေျပပါတယ္""

အသိအမွတ္ျပဳသည့္ဟန္သာျပျပီးဘာမွ
ဆက္မေျပာဘဲသတင္းစာဆက္ဖတ္ေနသည္ကို
ေတြ႕မွသာစိတ္ေအးရသည္။

""အဆင္ကဘာမေျပစရာရွိလဲ။မိဘေတြက
အကုန္လိုအပ္တာမွန္သမ်ွျဖည့္ဆည္းေပးထားတာပဲ။ဒီေက်ာင္းမွာဘြဲ႕တစ္ခုကိုရေအာင္ယူ။
ျပီးရင္ေတာ့မင္းအေဖဆီကလုပ္ငန္းတစ္ခုခုကို
ဆက္ခံရမွာပဲေလ။ေက်ာင္းျပီးတာနဲ႕မင္းအေဖလက္ေအာက္ထဲဝင္ေတာ့""

အေဖ့သေဘာကအေမ့သေဘာပဲ။
အေမကသူ႕အျကည့္ကိုသိေနသည့္အလား
သတင္းစာဖတ္ေနသည့္အေဖ့ကိုမ်က္စျပစ္ျပ
သည္။

ခြန္းတံု႕မျပန္အထြန္႕မတက္ရဲ။
ဘာကိုဆက္ခံရမွာလဲ။တစ္သက္စားမကုန္တဲ႕
အေမြေတြရွိေနတာေတာင္မိဘကပိုက္ဆံရွိလို႕
ဆိုျပီးကိုယ့္အရည္အခ်င္းနဲ႕ဝါသနာပါတာကို
မလုပ္ရဘဲမိဘအေမြကိုဘဲဆက္ခံရမွာလား။
မိဘအေမြသားသမီးဆက္ခံရတာကိုသိေပမဲ႕
သူတက္ေနတဲ႕ေက်ာင္းမွာဘာကိုဝါသနာပါ
တယ္ဘာလုပ္ခ်င္တယ္အေမတို႕ေတြးမွေတြးမိပါရဲ႕လား။စိတ္မခ်ဘူးဆိုျပီးကေလး
တစ္ေယာက္လိုအိမ္ထဲထည့္ထားျပီးဘာေတြကို
တာဝန္ယူခိုင္းအံုးမွာလဲ။တစ္ကယ္လဲအျပင္
ေလာကကိုေျကာက္ေနတုန္းျဖစ္တဲ႕သူကဒါ
ေတြကိုရင္ဆိုင္နိုင္ပါ့မလား။

အိမ္မွာျဖစ္နိုင္ရင္ျကာျကာမေနခ်င္ေတာ့။

ဇြဲ…ငါ့ကိုျမန္ျမန္လာေခၚပါ။

------

အတန္းဆင္းခ်ိန္ကခါတိုင္းထက္ကိုေနာက္က်
ေနသျဖင့္ဇြဲခန္႕ အတန္းလႊတ္တာနဲ႕စာအုပ္
ေတြျမန္ျမန္ေကာက္သိမ္းကာအခန္းထဲက
ထြက္လာခဲ႕သည္။

ဘယ္အခ်ိန္ေတာင္ရွိျပီလဲ။
လက္ထဲနာရီကိုငံု႕ျကည့္ရင္း
စိတ္ေလာရသည္။ဒီအခ်ိန္ဆိုထက္ျမတ္ျပန္ဖို႕
သူ႕ကိုေစာင့္ေနေရာေပါ့။ေက်ာင္းေဆာင္
ေတြကိုခပ္ျမန္ျမန္ျဖတ္ေလ်ွာက္လာရင္းmufl
ေက်ာင္းဝင္းကသိပ္မက်ယ္ေတာ့ကားထားတဲ႕
ေနရာေရာက္ဖို႕အခ်ိန္ေတာ့သိပ္မျကာေပ။

""ဟိတ္ဇြဲ အတန္းလႊတ္ျပီလား။ျပန္ေတာ့မလို႕လား""

အေနာက္ကေနစာအုပ္နဲ႕သူ႕ေနာက္ေက်ာကို
ခပ္ဖြဖြထုျပီးေဘးနားကပ္ေလ်ွာက္လာတဲ႕
ေကာင္မေလးေျကာင့္ဇြဲခန့္ေျခလွမ္းေတြကို
အရွိန္ေလ်ွာ့လိုက္ရသည္။သူတို႕နဲ႕ေမဂ်ာတူ
ကပဲရင္းနွီးေနသည့္ေကာင္မေလး။

""အင္း နင္ေရာျပန္ေတာ့မလို႕လား""

""အင္းေလ။နင္ကဘာေတြေလာေနတာလဲဇြဲရဲ႕။
ငါနင့္ကိုေတြ႕လိုက္လို႕လွမ္းေခၚမလို႕ဟာအ
ေနာက္ကေနအမွီလိုက္ရတယ္။ဘာေတြ
ဒီေလာက္ေတာင္အေရးျကီးေနလဲ""

""ငါ့ကိုေစာင့္ေနတဲ႕သူရွိလို႕""

""အမယ္။နင့္ေကာင္မေလးမလား""

သူ႕မ်က္နွာကိုစိုက္ျကည့္ကာျပံဳးရယ္လ်က္ေမး
ေနတဲ႕ေကာင္မေလးကိုဇြဲခန္႕ဆြံအေနသူ
တစ္ေယာက္လိုရုတ္တရက္ဘာျပန္ေျဖရမယ္
မွန္းမသိ။

ပတ္ဝန္းက်င္ကခဏတာေအးစက္သြားသည္။

""မဟုတ္ဘူး ။ငါ့……ငါ့…""

"" ညီေလး""

ေျပာထြက္သြားမိျပီးမွဇြဲခန္႕စိတ္ေတြေလးလံသြားကာခုနကမေျပးရံုတစ္မယ္လွမ္းလာခဲ႕
တဲ႕ေျခလွမ္းေတြကအားေလ်ွာ့သြားရသည္။
ထက္ျမတ္မ်က္နွာကိုျမင္ေယာင္လာမိေတာ့
ကိုယ့္ကိုကိုယ္အျပစ္တင္မိျပီးမလံုမလဲျဖစ္လာ
သည္။

ေက်ာင္းဝင္းတစ္ေလ်ွာက္
ေလ်ွာက္လာခဲ႕တဲ႕ေျခလွမ္းေတြကအားမပါ
ေတာ့။ေဘးကေနပါလာတဲ႕ေကာင္မေလးဘာ
ေတြေျပာမွန္းလဲျကားတစ္ခ်က္မျကားတစ္ခ်က္။

""ဟိုမွာလားနင့္ကားေဘးနားမွာ
မတ္တပ္ရပ္ေနတာ။ငါတို႕ကိုလွမ္းျကည့္
ေနတယ္။နင့္ညီေလးကိုေတာ္ေတာ္ခ်စ္ပံုပဲေနာ္။
ငါသြားျပီ ဘိုင့္""

ျပံဳးျပကာနႈတ္ဆက္ျပီးသူ႕ကားေပၚတက္ကာ
သြားတဲ႕ေကာင္မေလးကို ျပန္ျပံဳးျပလိုက္မိရဲ႕လားဇြဲခန္႕ေသခ်ာမသိ။
ေျခလွမ္းက်ဲေတြနဲ႕ထက္ျမတ္ရပ္ေနတဲ႕သူ႕
ကားေဘးနားေလ်ွာက္သြားလိုက္သည္။
သူလာေနတာကိုဒီအတိုင္းသာရပ္ျကည့္ေနတဲ႕ထက္ျမတ္ကမတုန္မလႈပ္နဲ႕သာ။

""ေစာင့္ေနရတာျကာေနျပီလား ""

""မျကာပါဘူး။ငါလဲအတန္းလႊတ္တာ
သိပ္မျကာေသးဘူး""

""အဲ႕တာေျကာင့္ေျပာတယ္မလားကားေသာ့
ယူသြားပါဆို။ငါေနာက္က်ရင္ကားထဲဝင္ထိုင္
ေနလို႕ရတာေပါ့""

""မင္းကားဟာကို""

အဆင္ေျပသည့္သေဘာနဲ႕နႈတ္ခမ္းေလး
အနည္းငယ္ေကြးရံုသာျပံဳးျပေနတဲ႕ထက္ျမတ္
ကိုဇြဲခန္႕အားမလိုအားမရေတြျဖစ္လာသည္။
ခ်စ္သူေတြျခင္းဘာေတြအားနာျပီးခြဲျခားေနစရာလိုလို႕လဲ။

""ခုနကေကာင္မေလးကသူငယ္ခ်င္းေနာ္""

""ငါကဘာေျပာေနလို႕လဲ ေမာင္းေတာ့အိမ္ျပန္မယ္ """

အသံခပ္တိုးတိုးနဲ႕ဘာမွမျဖစ္သလိုေျပာေနတဲ႕
ထက္ျမတ္ကိုျကည့္ရင္းဇြဲခန္႕စိတ္ေတြမြန္း
က်ပ္လာသလိုပင္။ေဘးနားမွာထိုင္ေနတဲ႕
ထက္ျမတ္ကိုကားခါးပတ္ပတ္ေပးဖို႕လက္လွမ္းလိုက္ေပမဲ႕သူ႕ဘာသာပတ္ျပီးေနျပီ။
သူငယ္ခ်င္းဘဝတုန္းကေတာင္
သူ႕ကို အေလးမေပးေတာ့မွာစိုးလို႕
ူဘယ္ေကာင္မေလးနဲ႕တြဲေနရင္မျကိဳက္ဘူူး။
သူ႕ကိုပဲေခၚ။လိုခ်င္တာေတြပူဆာ။ငယ္စဥ္က
တည္းကသူ႕ကိုဆိုကေလးတစ္ေယာက္လို
ခ်ြဲတတ္လြန္းေသာထက္ျမတ္ကတစ္ျဖည္းျဖည္း
နဲ႕လူျကီးဆန္လာတာပဲလားခ်စ္သူျဖစ္ထဲက
အကုန္ေျပာင္းလဲသြားသေလာက္ပင္။

ဇြဲခန္႕ေဘးနားကထက္ျမတ္ကိုတစ္ခ်က္ျကည့္
ျပီးကားစက္ကိုနႈိးလိုက္သည္။ကားထဲအဲကြန္း
ဖြင့္ထားတာေတာင္မေအးခ်မ္းနိုင္မန္းေလးေနပူပူကဒီေန႕မွပိုလို႕သူ႕ရင္ထဲပူေလာင္ေနသလိုပဲ။

""ဇြဲ ။ခဏရပ္ ကားခဏရပ္""

ထက္ျမတ္ရဲ႕အလ်င္လိုေနတဲ႕
အသံေျကာင့္ဇြဲခန္႕ကားဘရိတ္ကိုခပ္ျမန္ျမန္နင္းလိုက္ေတာ့အရွိန္နဲ႕ကိုယ္ကကားစတီယာရင္နားအေရွ႕ကိုယိုင္သြားရသည္။ေဘးနားက
ထက္ျမတ္ကသူ႕ဘက္ကကားမွန္အျပင္ကိုသာစိုက္ျကည့္ေနသျဖင့္

""ဘာျဖစ္လို႕လဲ…ထက္ျမတ္""

""ခုနကေက်ာင္းေရွ႕လမ္းမက
ျဖတ္သြားတဲ႕ဆိုင္ကယ္က"""

""အင္…ဘာျဖစ္လို႕လဲ

""ငဟိန္းနဲ႕တူလို႕။ျမန္လိုက္တာေနာက္ေက်ာပဲ
ေတြ႕လိုက္တယ္။မဟုတ္ဘူးထင္ပါတယ္
ငါအျမင္မွားသြားတာျဖစ္မယ္""

သူ႕ဘက္ျပန္မလွည့္လာေသးကားမွန္ကိုျကည့္ကာစိတ္ပ်က္သြားသလိုျပီးျငီးျငီးျငဴျငဴေျပာေနတာ။

ဇြဲခန္႕ေဒါသေတြထိန္းမရေအာင္ထြက္
လာသည္။ကားရပ္ထားတာက
ေက်ာင္းတံခါးေပါက္ဝေရွ႕မွာျဖစ္ေနေတာ့
ကားကိုအရွိန္တင္ကာထက္ျမတ္ျကည့္ေနသည့္ဘက္နဲ႕ဆန္႕က်င္ဘကကို္ေမာင္းထြက္လာခဲ႕သည္။ျမန္ဆန္လြန္းတဲ႕အရွိန္နဲ႕အတူ
မန္းေလးျမိဳ႕ရဲ႕ေန႕ခင္းကလမ္းမထက္မွာ
ပိတ္ေနတဲ႕ကားေတြျကားကေနစိတ္မရွည္
နိုင္ဟြန္းတီးျပီးကားေတြကိုျဖတ္ေက်ာ္
အရွိန္ျပင္းျပင္းေမာင္းလာခဲ႕သည္။
သတ္မွတ္ထားတဲ႕မိုင္ေတြကိုမေက်ာ္လြန
္ေအာင္ဂီယာတင္ရင္းစိတ္ေတြမနဲထိန္းေနရ
သည္။

""ဇြဲ ကားကိုေျဖးေျဖးေမာင္းေလ""

ေဘးနားကေနအသံခပ္တိုးတိုးထြက္လာေသာ္လည္းဇြဲခန္႕ဂရုမစိုက္ပိုျပီးအရွိန္တင္လိုက္သည္။အရွိန္ျပင္းျပင္းေမာင္းနွင္လာရင္းျမိဳ႕လယ္
ေခါင္မွာမိေနသည့္မီးပြိင့္ကိုေရာက္မွကားကို
ရပ္လိုက္ရသည္။မီးနီမိလို႕ရပ္ထားရတာ
ေျကာင့္ဇြဲခန္႕ေတာက္တစ္ခ်က္ေခါက္ျပီး
ေဒါသေတြပိုထြက္လာသည္။

တစ္လမ္းလံုးဘာစကားမွမေျပာတဲ႕
နွစ္ေယာက္လံုးအေျခအေနအရကားထဲက
တိတ္ဆိတ္ေနသည္။ထက္ျမတ္သူ႕ကိုျကည့္ေနတာသိေပမဲ႕အလိုမက်တဲ႕စိတ္ေျကာင့္တင္းမာေနတဲ႕မ်က္နွာေျကာကိုေလ်ာ့လို႕မရ။

ေနာက္ဆံုးမွေမာင္းလာရင္းလမ္းရွင္းေနတဲ႕
တစ္ေနရာမွာဇြဲခန္႕ကားကိုလမ္းေဘးထိုးရပ္
လိုက္သည္။

ကားရပ္လိုက္တာနဲ႕ဇြဲခန္႕ထက္ျမတ္နဲ႕မ်က္နွာခ်င္းဆိုင္လိုက္ျပီးထက္ျမတ္ရဲ႕မ်က္ဝန္းေတြကိုစူးစိုက္ျကည့္လိုက္သည္။

""ဇြဲ။မင္းဘာေတြျဖစ္ေနတာလဲ""

""မင္းကိုရွိတယ္လို႕ေတာင္မထင္သူငယ္ခ်င္းဆိုျပီးတစ္ခါေလးေတာင္လာမေတြ႕တဲ႕
ေကာင္ကိုသတိရေနတာလားဟမ္။ငါ့ေရွ႕မွာ
အဲ႕ေကာင္အေျကာင္းထပ္မေျပာနဲ႕""

""ဘာလို႕ေဒါသေတြထြက္ေနတာလဲ…ဇြဲ""

သူကသာအသံမာေနေပမဲ႕သူ႕ကိုစိတ္ပူသလိုသာျကည့္ေနျပီးေလေျပနဲ႕ခပ္ေအးေအးသာ
ေျပာေနတဲ႕ထက္ျမတ္ကတည္ျငိမ္ေနသည္။
ဘာမွနားမလည္သည့္ပံုမို႕ဇြဲခန္႕စိတ္ေလ်ွာ့
ျပီးထက္ျမတ္နဲ႕အျကည့္ခ်င္းလႊဲလိုက္ရသည္။
ကို္ယ့္ဘာသာစိတ္ရႈပ္ေနရာကေနထက္ျမတ္ကို
စိတ္မထိန္းနိုင္ဘဲအျပစ္ေျပာမိသလိုျဖစ္သြား
တယ္။

""မင္းဘာလို႕ငဟိန္းနဲ႕ပတ္သက္လာရင္စိတ္တိုလြယ္လဲေတာ့ငါမသိဘူး။သူနဲ႕ငါအဆက္
အသြယ္မရွိေတာ့တာဆယ္တန္းျပီးထဲက။
အခ်ိန္အတိုင္းအတာတစ္ခုထိခင္ခဲ႕ေတာ့
သူအဆင္ေျပလားသိခ်င္ရံုေလာက္ပါပဲ။ငါ့မွာ
သူငယ္ခ်င္းအမ်ားျကီးမွမရွိခဲ႕တာ""

""အင္းငါသိတယ္။ငါ့စိတ္ေတြညစ္ေနလို႕
ထက္ျမတ္။စိတ္ရႈပ္ေနတဲ႕အခ်ိန္မင္းကတစ္ျခား
တစ္ေယာက္အေျကာင္းေျပာေနေတာ့""

""မင္းဘာေတြစိတ္ပူေနလဲမသိေပမဲ႕ငါက
ေယာက်ာ္းေလးတစ္ေယာက္ဆိုတာမင္းမေမ့ပါနဲ႕။ငါတို႕ကသာဒီလိုမ်ိဳးေယာက်ာ္းေလးခ်င္း
ပတ္သက္မႈျဖစ္ေနတာငဟိန္းကဒီလိုမ်ိဳး
မဟုတ္ဘူး။သူျကိဳက္ေနတဲ႕ေကာင္မေလးရွိျပီးသား""

""အဲ႕ေကာင္ျကိဳက္ေနတဲ႕ေကာင္မေလးရွိတယ္။ဘယ္သူလဲ""

""ျမပုလဲသြယ္ေလ။ငါတို႕stageေက်ာင္းတုန္း
ကမင္းလဲသိတယ္မလား။အဲ႕ေကာင္မေလးကိုထိရင္မယားတရူးေကာင္ကအေရွ႕ကေနကာ
ကြယ္ေပးရတာနဲ႕ေလ။အခုေလာက္ဆိုရင္
ေတာ့သူတို႕နွစ္ေယာက္အဆင္ေျပေန
ေလာက္ျပီေပါ့။ငါ့လိုေယာက်ာ္းေလးခ်င္းျကိက္
ေနတဲ႕ေကာင္ကိုသူကရြံ႕ျပီးသူငယ္ခ်င္းဆက္
မလုပ္ခ်င္ေတာ့တာပဲေနမွာ""

ခပ္ျပံဳးျပံဳးေျပာေနေပမဲ႕မ်က္ဝန္းေတြက
အသက္မပါ။ကေလးအေတြးနဲ႕လူေတြကိုယံု
လြယ္ျပီးသံေယာဇဥ္တြယ္တတ္လြန္းတဲ႕
ေကာင္ေလး။ေလာကျကီးအေျကာင္းမသိအ
ေပါင္းအသင္းလဲမရွိဒီေလာကျကီးမွာလူတိုင္း
ကမင္းထင္ထားသလိုမရိုးရွင္းဘူးထက္ျမတ္ရဲ႕။
ဟိန္းေတဇသာပုလဲကိုျကိဳက္ေနတယ္ဆိုရင္သူတို႕နွစ္ေယာက္အဆင္ေျပေနတာျကာျပီ။ပုလဲကဘက္ကသာျဖစ္ေနတာသူသိေနတာပဲ။
ဒီလိုထင္ေနတာလဲေကာင္းတာပဲ။စိတ္မေကာင္း
ျဖစ္ေနတာသိေပမဲ႕မင္းဘယ္ေတာ့မွမသိတာ
ကအေကာင္းဆံုးပဲထက္ျမတ္။

""သူမ်ားအေျကာင္းေတြမေျပာနဲ႕ေတာ့ငါတို႕
အေျကာင္းဘဲေျပာမယ္""

""ငါတို႕အေျကာင္း'"""

""အင္…ငါတို႕အေျကာင္း""

ဇြဲခန္႕ထက္ျမတ္အနားကိုပိုတိုးကပ္လိုက္ျပီး
မ်က္နွာခ်င္းဆိုင္ကာ ဒီအေနအထားကို
ထက္ျမတ္မေနတတ္ျဖစ္ေနတာသိေပမဲ႕အ
ေနာက္ဆုတ္ဖို႕ျပင္ေနတဲ႕ထက္ျမတ္ရဲ႕လက္ကိုဇြဲခန္႕တင္းျကပ္စြာဆြဲယူလိုက္သည္။

""ငါတို႕နွစ္ေယာက္ကငယ္ငယ္ထဲကသူငယ္ခ်င္းလိုေနလာရာကေနအခုထိဒီအေျခအေနကိုမင္းေနသားမက်ေသးတာငါသိတယ္။
ဒါေပမဲ႕ဘယ္အခ်ိန္ထိဒီလိုေနေနမွာလဲ။
ငါ့ကိုမင္းမေက်နပ္တာရွိရင္ေျပာလို႕ရတယ္။
ငါ့ရဲ႕အရိပ္အကဲကိုမျကည့္ေနဘဲ
ဘယ္ေကာင္မေလးနဲ႕တြဲေနရင္မျကိဳက္ဘူး။
ဘယ္ကိုသြားရင္မျကိဳက္ဘူးေျပာလို႕ရတယ္။
ငါတို႕ရဲ႕ပတ္သက္မႈကလူသိလို႕မရတာကလြဲရင္တစ္ျခားအတြဲေတြလိုမ်ိဳးခ်စ္သူျခင္းဂရုစိုက္မႈမ်ိဳးအျပန္အလွန္နားလည္မႈမ်ိဳးေတြကတျခား
သူေတြထက္ငါမင္းကိုေပးနိုင္တယ္""

သူ႕မ်က္နွာကိုေငးျကည့္ေနတဲ႕ထက္ျမတ္ရဲ႕
ပုခံုးနွစ္ဖက္ကိုဇြဲခန္႕ခပ္ဖြဖြလႈပ္ကိုင္လိုက္သည္။

""ဟင္ ငါေျပာတာနားလည္လားထက္ျမတ္။
ငါကိုမင္းရဲ႕သူငယ္ခ်င္းလိုအစ္ကိုတစ္
ေယာက္လိုမ်ိဳးထက္ခ်စ္သူတစ္ေယာက္လိုမ်ိဳးအားကိုးေစခ်င္တာ""

ထက္ျမတ္ေခါင္းကိုခပ္ေျဖးေျဖးညိတ္ျပလာ
ေတာ့ဇြဲခန္႕ထက္ျမတ္ရဲ႕ပါးျပင္တစ္ဖက္ကို
လက္္နဲ႕အုပ္ကိုင္လိုက္သည္။

"""နားလည္ရင္ေနာက္တစ္ခါအားနာတာေတြ
သူစိမ္းဆန္သလိုမ်ိဳးေတြထပ္မလုပ္နဲ႕။မင္းနဲ႕ငါေဝးသြားသလိုမ်ိဳးခံစားရလို႕"""

""မင္းငါ့ေဘးနားကေနထြက္သြားမွာစိုးလို႕""

အသံခပ္တိုးတိုးကနွစ္ကိုယ္ထဲျကားရံုေလး။

""မင္းမွာလဲလြတ္လပ္ခြင့္ဆိုတာရွိေတာ့ခ်စ္သူဆိုျပီးကေလးတစ္ေယာက္လိုမ်ိဳးမင္းကိုအရာရာပိတ္ပင္ျပီးငါ့ဘက္ကဘဲအနိုင္မယူခ်င္ဘူး။
ငါ့ေျကာင့္မင္းကိုစိတ္မရႈပ္ေစခ်င္ဘူး။
ေယာက်ာ္းေလးနွစ္ေယာက္ျဖစ္ေနတဲ႕ငါတို႕
နွစ္ေယာက္ရဲ႕ဆက္ဆံေရးမွာပ်င္းစရာေကာင္းတဲ႕ငါ့ကိုမင္းစိတ္ကုန္ျပီးငါ့အနားကထြက္သြားရင္ငါဆက္ျပီးရပ္တည္နိုင္မွာမဟုတ္ဘူး။ငါ့မွာမင္းပဲရွိေတာ့တာ""

လူျကီးလဲမျဖစ္ေသးဘဲအရာရာကိုကေလး
အေတြးနဲ႕တစ္ေယာက္ထဲေလ်ွာက္ေတြးေနရတာဘယ္ေလာက္ပင္ပန္းေနလိမ့္မလဲ။

ဇြဲခန္႕ထက္ျမတ္ကိုရင္ခြင္ထဲထည့္ကာ
တင္းတင္းျကပ္ျကပ္ဖက္တြက္လိုက္သည္။

""ငါကမင္းဘာဘဲျဖစ္ျဖစ္ခ်စ္တာမို႕လို႕ဘာကိုမွ
ေတြးပူေနစရာမလိုဘူး။ျကားလား""

""အင္း""

ျပန္လည္ေထြးေပြ႕လာတဲ႕လက္ေလးနွစ္ဖက္
သူ႕ေက်ာျပင္ေပၚေရာက္ရွိလာသည္နွင့္ဇြဲခန္႕
ထက္ျမတ္ကိုပိုလို႕တိုးဖက္လိုက္သည္။

စိတ္ခ်ငါကမင္းေဘးနားကဘယ္ေတာ့မွ
ထြက္သြားမွာမဟုတ္ဘူး။
_
_
_
_
_
""ေဟ့ေကာင္ေတြအဆင္ေျပျကလား""

studioထဲဝင္လာျပီးေခါင္းမွာေဆာင္းထားတဲ႕ဦးထုပ္ကိုခ်ြတ္။ဆိုင္ကယ္ေသာ့ကိုပစ္ခ်ျပီး
ခပ္ျပံဳးျပံဳးေျပာေနတဲ႕ေက်ာ္ျကီး။

""မင္းျပန္လာေသးတယ္ေနာ္ေက်ာ္ျကီး။
ပိုင္ရွင္ကေစာ္နဲ႕တစ္ေနကုန္သြားခ်ိန္းေနတယ္။ဒီမွာေစာင့္ခိုင္းထားတဲ႕ငါတို႕ကိုမင္းခန္႕ထားတဲ႕အလုပ္သမားေတြမ်ားထင္ေနလား""

""ငါ့ေကာင္မေလးစိတ္ေကာက္ေနလို႕
ေခ်ာ့ေနရတာနဲ႕ျကာသြားတာပါမင္းကလဲဟဲဟဲ ။ေတဇရွိေနတာပဲဟာဘာစိတ္မခ်စရာရွိလဲ""

ေက်ာ္ျကီးကိုျပည့္ျဖိဳးတမင္စလိုက္ျခင္းပင္။သူလဲေက်ာင္းမသြားတဲ႕ေန႕ေတြဒီမွာပဲလာေနတာပဲ။မန္းေလးမွာundergroundကစျပီးလူငယ္
ေတြအတြက္ဖြင့္ထားတဲ႕ဒီstudioမွာေပ်ာ္
တတ္ျပီးဆက္ဆံေရးေကာင္းတဲ႕ေက်ာ္ျကီးနဲ႕
အစထဲကရင္းနွီးေနျကသည္။စကားဝိုင္းထဲဝင္
မပါဘဲဂီတာကိုရင္ခြင္ထဲပိုက္ျပီးkeyboardေရွ႕မွာထိုင္ေနတဲ႕ေတဇဆီေက်ာ္ျကီးေလ်ွာက္သြားလိုက္သည္။

""အဆင္ေျပလားေတဇ။
recordingလာအပ္ထားတဲ႕သူေတြေရာ""

""အင္း music beatနဲနဲျပန္ျပင္ေပးတာနဲ႕
refrenceျပန္လုပ္ေပးရတာေလာက္ပဲ""

""okမင္းရွိေနေတာ့ငါမင္းကိုလႊဲထားလို႕
ရတယ္""

ေတဇပုခံုးကိုအေနာက္ကေနပုတ္လ်က္
FLေပၚမွာေတဇလုပ္ထားတဲ႕beatေတြကိုနား
ေထာင္ရင္းေက်ာ္ျကီးေတဇေရးထားတဲ႕
သီခ်င္းစာရြက္ကိုေကာက္ကိုင္လိုက္သည္။

""မင္းသီခ်င္းေတြေရာျပီးျပီလား ေဟ့ေကာင္။
အားလံုးေပါင္းဘယ္နွစ္ပုဒ္လဲအားလံုးျပီး
ရင္audioအသံသြင္းေတာ့။မင္းလုပ္ေနတာ
ေတြကဘယ္ေလာက္ေတာင္ျကာေနျပီလဲ။
ဘာမေျပာညာမေျပာနဲ႕ထပ္မေပ်ာက္သြားနဲ႕
ေတာ့""

ေတဇခပ္ဖြဖြသာရယ္ျပီးဂီတာကိုအာရံုစိုက္တီးလိုက္သည္။

""စာသားေတြကအရမ္းထိတယ္ကြာ။
ငါ့ေကာင္ျကီးဘယ္ကေကာင္မေလးအတြက္
ခံစားျပီးေရးထားတာလဲ""

""ေကာင္မေလး မဟုတ္ဘူး""

""ဟာ ေဟ့ေရာင္""

ထိုင္ခံုေပၚမွာဂီတာတီးေနရင္းပံုမွန္ေလသံနဲ႕
ဘာကိုမွဂရုမစိုက္သလိုေျပာေနတဲ႕ေတဇကို
ျပည့္ျဖိဳးလွမ္းေအာ္လိုက္ျပီး sudioအျပင္ဘက္ဆြဲေခၚလာခဲ႕သည္။
ေက်ာ္ျကီးကအသံသြင္းတဲ႕အခန္းထဲဝင္သြားျပီး
သိပ္မျကားလိုက္တဲ႕ပံုမို႕လို႕သာ
ေတာ္ေသးတယ္။

""မင္းအခုထိမေမ့နိုင္ေသးဘူးမလား""

""ဘာကိုလဲကြာ။မင္းမွာမီးျခစ္ရွိလားျပည့္ျဖိဳး""

ျပည့္ျဖိဳးသူ႕ေဘာင္းဘီအိပ္ကပ္ထဲဟိုစမ္းဒီစမ္း
နဲ႕မီးျခစ္ကိုေတဇဆီကမ္းေပးလိုက္သည္။
နံရံကိုေက်ာမွီထားျပီးဘယ္အခ်ိန္ထဲကလက္မွာရွိေနမွန္းမသိတဲ႕ေဆးလိပ္ကိုေတဇမီးျငိွျပီးအခိုးအေငြ႕ေတြကိုရူထုတ္လိုက္သည္။သူ႕ကိုေတာင္
ေဆးလိပ္ေတြသိပ္မေသာက္ဖို႕ေျပာေလ့ရွိတဲ႕
ေတဇကစိတ္ညစ္တဲ႕အခ်ိန္မွသာေသာက္
ေလ့ရွိတယ္။ဒီေကာင္ကိုက
မန္းေလးမွာရွိေနရင္ပံုမွန္မဟုတ္တာ။

""မင္းgayလားမgayလားေတာ့ငါမသိဘူးေဟ့
ေကာင္။ေအမင္းကိုဒီလိုျမင္ေနရတာငါစိတ္
ပ်က္လြန္းလို႕ေတဇရာ။ငါေျပာမယ္အဲ႕တာ
ဆိုလဲမင္းသူမွသူျဖစ္ေနရင္အားေနရင္
အေနာက္ကပဲလိုက္မျကည့္ေနဘဲဖြင့္ေျပာ
လိုက္ကြာ။ေယာက်ာ္းေလးခ်င္းျပီးေတာ့ သူ႕မွာဟိုေကာင္ရွိေနတာခဏထားမင္းမွာဖြင့္
ေျပာခြင့္ေတာ့ရွိတာပဲ။ရလာဒ္ကဘာဘဲျဖစ္ေန
ေနမင္းခ်စ္ေနတာသူသိသြားရင္ျပီးတာပဲ။
သတိၱရွိဖို႕ပဲလိုတယ္""

ေဘးနားကျပည့္ျဖိဳးက္ိုအံ႕ျသစြာျကည့္မိေတာ့
ငါအကုန္သိတယ္ဆိုတဲ႕အထာနဲ႕

""ထက္ျမတ္ထည္ဝါနဲ႕ေက်ာင္းထဲကပူးပူးကပ္
ရွိတာဆိုလို႕ဇြဲခန္႕မင္းသူတစ္ေယာက္ထဲရွိ
တယ္။မင္းမေျပာလဲငါသိတယ္။မင္း
ထက္ျမတ္ကိုလံုးဝသြားမေတြ႕ေတာ့တာ
အဲ႕ေကာင္ေျကာင့္လား""

ခပ္တိုးတိုးနဲ႕အယူေတာ္ဝင္ေနတဲ႕ျပည့္ျဖိဳး။
ေျခာက္ကပ္ကပ္ရယ္မိျပီးတြန္းလႊတ္ရသည္။

""ေတာ္ပါေတာ့ကြာ""

သူ႕ပုခံုးကိုအားေပးသလိုပုတ္ျပီးအထဲျပန္ဝင္
သြားတဲ႕ျပည့္ျဖိဳး။မႈတ္ထုတ္လိုက္တဲ႕ေဆးလိပ္
ေငြ႕ေတြကတစ္ျဖည္းျဖည္းပံုရိပ္အျဖစ္
ေပ်ာက္ကြယ္သြားတာကိုျကည့္ရင္း…

ဘဝကျကမ္းတယ္။ျကမ္းတမ္းျပီးဘာမွမရွိတဲ႕
ငါ့ဘဝမွာမင္းကိုဒီအတိုင္းခ်စ္ေနရတာကိုကငါ့အတြက္အရာရာပဲ။

_____

ဇြဲခန္႕အိမ္ေရွ႕မွာဖိနပ္ခ်ြတ္ျပီးအိမ္ထဲဝင္လာ
ေတာ့ဧည္႕ခန္းကဆိုဖာခံုေပၚမွာထိုင္ေနတဲ႕
အေမကအရင္ကသူျပန္လာသလိုျပံဳးျပံဳးရႊင္ရႊင္မရွိ။မ်က္နွာတည္လ်က္သာခပ္တည္တည္ထိုင္
ေနသည္။

ဇြဲခန္႕ ဧည့္ခန္းထဲဝင္ျပီးသူ႕အေမေရွ႕
မွာဝင္ထိုင္လိုက္သည္။

""ျပန္လာျပီလား။သားေနာက္က်တယ္ေနာ္""

""ဟုတ္ေမ…ထက္ျမတ္ကိုျပန္ပို႕ေပးျပီး
ျပန္လာတာ""

""မင္းအေဖမရွိတုန္း
သားကိုအေမစကားေျပာစရာရွိတယ္""

အေရွ႕မွာထိုင္ေနတဲ႕အေမကအသံခပ္တိုးတိုး
နဲ႕သူ႕ကိုစိုက္ျကည့္ကာေျပာသင့္မေျပာသင့္စဥ္းစားေနဟန္နဲ႕မ်က္နွာသိပ္မေကာင္း။ဘာေျပာ
မွာမို႕လို႕အေမကဒီလိုျဖစ္ေနရတာလဲ။

""သားနဲ႕ သားငယ္ေလးနဲ႕ကဘာေတြလဲ""

"""အေမ"""

ထိတ္လန္႕စြာနဲ႕ဇြဲခန္႕သူ႕အေမကိုျကည့္ရင္း
ရုတ္တရက္ေျပာစရာစကားရွာမရေအာင္ဆြံ႕အေနသူတစ္ေယာက္လိုမွင္သက္ေနမိသည္။

""ဟိုတေန႕ကမင္းအခန္းထဲမွာသားငယ္ေလး
နဲ႕ဖုန္းေျပာေနတာအေမျကားလိုက္တယ္။
အေမမင္းတို႕ကိုျကည့္ေနတာျကာျပီ။အရမ္း
ခင္ေနျကလို႕ပါဆိုျပီးအေမ့စိတ္ထဲေျဖထားခဲ႕
ေပမဲ႕ေလ……""

ညွိဳးနြမ္းေနတဲ႕အေမ့မ်က္နွာကိုဇြဲခန္႕ရင္မဆိုင္
ရဲ႕ေတာ့။

""မင္းကိုငယ္ငယ္ထဲက
အေမကဘာတစ္ခုမွမခ်ဳပ္ခ်ယ္ခဲ႔ဘူး။အရာရာကိုလြတ္လပ္စြာနဲ႕သားကိုယ္တိုင္ဆံုးျဖတ္ခြင့္
ေပးခဲ႕တာျကီးပဲ""

ျငိမ္သက္စြာနဲ႕သူ႕ကိုစိုက္ျကည့္ရင္း
ေျပာေနတဲ႕သူ႕အေမရဲ႕အျကည့္ေတြေအာက္
ဇြဲခန္႕ေနရခက္ေနတာထက္ေျဖရခက္ေနသည္။
မိဘေတြကေခတ္မွီျပီးဘာမဆိုလြတ္လပ္ခြင့္
ေပးထားေပမဲ႕သူ႕ကိုgayလို႕ထင္သြားမလား
ဆိုတာအေမေရွ႕မွာရွက္ေနသလိုပူထူ
ေနမိသည္။

""သားနဲ႕ သားငယ္ေလးကဟိုလိုမ်ိဳးလား  ဟုတ္လား။သားတို႕ကျကိဳက္ေနျကတာလား
အေမ့ကိုမွန္မွန္ေျပာစမ္း""

ဇြဲခန္႕ေျဖးညွင္းစြာေခါင္းညိတ္ျပလိုက္ေတာ့
သူ႕အမူအယာကိုျကည့္ကာေဒၚနန္းေမမ်က္နွာထိန္းမရေအာင္ပ်က္သြားသည္။

""ဘာလို႕အဲ႕လိုလုပ္ရတာလဲသား မင္းညီက
လမ္းမွားေနရင္သားကအေရွ႕ကေနထိန္းေပး
ရမွာမလား။ဘာလို႕ကိုယ့္ညီေလးလိုဘာမွမသိတဲ႕ကေလးကိုမင္းကဒီလိုျဖစ္ေအာင္လုပ္ရတာလဲ""

""သားထက္ျမတ္ကိုဘယ္ေလာက္ခ်စ္တာ။
ထက္ျမတ္နဲ႕သားရဲ႕ငယ္ငယ္ထဲက
သံေယာဇဥ္ကိုအေမသိမွာပါ""

""သားငယ္ေလးကိုသားခ်စ္တာအေမသိတာ
ေပါ့။ညီေလးလိုခ်င္တဲ႕သားကဒီကေလးကို
ငယ္ငယ္ထဲကဘယ္ေလာက္ခ်စ္လိုက္လဲအေမသိပ္သိတာေပါ့။ဒါေပမဲ႕သားအခုဘာလုပ္ေနလဲဆိုတာသိရဲ႕လား။သားတို႕နွစ္ေယာက္လံုးက
ေယာက်ာ္းေလးေတြေနာ္။သားဘယ္လိုမ်ိဳးစဥ္းစားျပီးဒီလမ္းကိုေလ်ွာက္ေနတာလဲ။အေပ်ာ္တြဲ
ေနတာဆိုရင္ကိစၥေတြအျကီးအက်ယ္မျဖစ္
ခင္မိဘေတြအခ်င္းခ်င္းမ်က္နွာမပ်က္ေအာင္
သားအခုရပ္သင့္ေနျပီ""

""က်ေနာ္ထက္ျမတ္ကိုအေပ်ာ္တြဲမယ္လို႕
ဘယ္တုန္းကမွမစဥ္းစားခဲ႕ဖူးဘူးအေမ""

""ဒါဆိုအေမေျပာမယ္ ငါ့သားကgayလား""

သူ႕အေမးကိုဘာမွျပန္မေျဖဘဲ
လက္သီးကိုခပ္တင္းတင္းဆုပ္ကာ
နာက်င္ရိပ္ေနသန္းတဲ႕ဇြဲခန္႕ကိုျကည့္ကာ
ေဒၚနန္းေမစိတ္မသက္သာလွ။

""သားကဘာဘဲျဖစ္ျဖစ္အေမ့သားပဲ။ဒီအေမ
ကမင္းအေျကာင္းကိုအသိဆံုးပဲ။ငယ္ငယ္ထဲက
ကိုယ့္အပိုင္လို႕သတ္မွတ္ထားတဲ႕ပစၥည္းကိုသားကသူမ်ားကိုမေပးခ်င္ဘူး။လက္ထဲမွာအ
ပိုင္ရသြားရင္လဲအခ်ိန္နဲနဲျကာသြားရင္ရိုးသြားျပီးလွည့္မျကည့္တတ္ေတာ့ဘူးေလ""

""ထက္ျမတ္ကသက္မဲ႕အရုပ္တစ္ရုပ္မွ
မဟုတ္တာအေမ""

""ေအအေမလဲအဲ႕တာပဲေျပာခ်င္တယ္။သားက
ေကာင္မေလးရည္းစားထားဖူးေပမဲ႕သားငယ္
ေလးကအဲ႕လိုမဟုတ္ဘူးေလ။တစ္ခုခုဆိုစိတ္
ဒဏ္ရာအရသြားနိင္ဆံုးကဒီကေလးပဲ။ ျပီးေတာ့ပတ္ဝန္းက်င္ကိုဂရုမစိုက္ဘဲ
ေယာက်ာ္းေလးတစ္ေယာက္နဲ႕ေရရွည္
လက္တြဲဖို႕သတိၲေတြသားမွာရွိွိလား""

ေခါင္းငိုက္စိုက္က်ကာဇြဲခန္႕ဘာမွျပန္မေျဖေတာ့ ေဒၚနန္းေမသူ႕သားကိုျကည့္ကာစိတ္ဆင္းရဲစြာနဲ႕စိတ္ေလ်ွာ့ခ်လိုက္ရသည္။

""သားငယ္ေလးတို႕မိသားစုကဘယ္ေလာက္
ေရွးဆန္ျပီးအရွိန္အဝါျကီးလဲဆိုတာသား
သိတယ္ေနာ္။သားငယ္ေလးကိုအေမခ်စ္ေပမဲ႕
ငါ့သားကိုတစ္ခုခုထိခိုက္လာမယ္ဆိုရင္ေတာ့
အေမကဒီကိစၥကိုဘယ္လိုမွလက္ခံနိုင္မွာ
မဟုတ္ဘူး။ေသခ်ာစဥ္းစားသား""

တားလဲမတားသလိုသေဘာတူတာမ်ိဳးလဲမဟုတ္။နားလည္မႈရွိသည့္အေမကအရာရာကိုသူ႕
စိတ္ဆႏၵအတိုင္းဆံုးျဖတ္ခြင့္ေပးမယ္ဆိုတာသိပါသည္။ထက္ျမတ္မိဘေတြအေျကာင္းေတြးမိ
ေတာ့ရင္ေမာရျပန္သည္။တစ္ခ်ိန္ခ်ိန္မွာ
ဒါမ်ိဳးေတြျကံဳလာမယ္လို႕ျကိဳတင္မေတြးထားခဲ႕မိတာသူ႕အမွား။

""က်ေနာ္သြားနားေတာ့မယ္အေမ""

""ေအေအ။သြားနားေတာ့သား""

အေမ့ မ်က္နွာကိုျကည့္ဖို႕ခြန္အားေတြမရွိေတာ့။
ဧည့္ခန္းထဲကထထြက္လာခဲ႕သည္။

ဇြဲခန္႕စိတ္ညစ္စြာေလွကားထစ္ေတြကိုတစ္လွမ္းျခင္းစီအားမပါစြာနဲ႕တက္ျပီးအခန္းတံခါးကို
ခပ္ျဖည္းျဖည္းပိတ္လိုက္သည္။

ခုတင္ကိုမွီလ်က္ထိုင္ခ်လိုက္ျပီး
စိတ္ညစ္စြာနဲ႕ေခါင္းကဆံပင္ေတြကို
လက္နွစ္ဖက္နဲ႕ခပ္တင္းတင္း
ဆြဲကိုင္လိုက္သည္။

သက္ျပင္းေတြအျကိမ္ျကိမ္ခ်ရင္း သူ႕စိတ္က
လဲအေတြးေပါင္းစံုနဲ႕ရႈပ္ေထြးလ်က္။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Unicode

""ကျောင်းသွားဖို့အချိန်ကလိုသေးတယ်
မဟုတ်လားဒီကိုခဏလာခဲ့အုံးထက်မြတ်""

""ဟုတ် အမေ""

ဧည့်ခန်းထဲအဖေရောအမေရောထိုင်နေတာ။
အဖေကသတင်းစာတစ်စောင်ကိုသာစိတ်ဝင်
တစားဖတ်နေပြီးသူ့ကိုမကြည့်ပေမဲ့အမေက
တော့ဝင်ထိုင်လိုက်တာနဲ့မျက်စိထောက်ဒေါက်
ကြည့်နေသည်။

""ဟိုကောင်လေးဇွဲခန့်ကသားကိုလာကြိုအုံး
မာလား""

""ဟုတ်""

""နေ့တိုင်းလာကြိုလိုက်ပို့လိုက်နဲ့သူများကိုဘာလို့ဒုက္ခပေးနေတာလဲ။သူ့အမေတွေ
မကြိုက်မှဖြင့်။အိမ်ကကားအကြိုအပို့လုပ်ပေး
တာနဲ့ကျတော့လဲမသွားချင်ဘူး။အတန်းပြီး
တာနဲ့အိမ်ကိုပြန်လာရမှာစိုးလို့မလား
ထက်မြတ်""

""မဟုတ်ဘူးအမေ။လမ်းကသင့်နေတော့
ဇွဲခန့်ကလဲလာကြိုပေးမယ်ပြောတာနဲ့""

အိမ်ကဒရိုင်ဘာနဲ့အကြိုအပို့လုပ်ပေးမဲ့အစား
ကားမောင်းသင်ခွင့်ပေးပါလားဆိုသည့်စကားလုံးတွေကအတွေးထဲကနေပဲပျောက်ကွယ်သွားသည်။ငယ်သေးတယ်စိတ်မချဘူးဆိုသည့်
စကားပဲထပ်ကြားနေရအုံးမည်မို့အပြင်ကို
ထွက်မကျလာရဲ။ဘာမှလဲမပြောချင်တော့ပါ။

""ထားတော့အတန်းတွေအားလုံးပြီးတာနဲ့
အိမ်ကိုပြန်လာကြားလား။တက္ကသိုလ်ရောက်ပြီဆိုပြီးလွတ်လွတ်လပ်လပ်နဲ့လျှောက်မသွားနေနဲ့။ဒီခေတ်ကအပေါင်းအသင်းမှားသွားရင်
ပျက်စီးတတ်တယ်""

""ဟုတ်""

""ထက်မြတ်""

""ဗျာ အဖေ""

သြဇာရှိသည့်အဖေ့ရဲ့အသံကဧည့်ခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။အမေ့လိုစကားများများ
ဆူပူမပြောပေမဲ့တစ်ခွန်းဆိုတစ်ခွန်းကြောက်ရသည်။

ကျောင်းတက်ရတာအဆင်ပြေလား""

""ဟုတ်။ပြေ…ပြေပါတယ်""

အသိအမှတ်ပြုသည့်ဟန်သာပြပြီးဘာမှ
ဆက်မပြောဘဲသတင်းစာဆက်ဖတ်နေသည်ကို
တွေ့မှသာစိတ်အေးရသည်။

""အဆင်ကဘာမပြေစရာရှိလဲ။မိဘတွေက
အကုန်လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးထားတာပဲ။ဒီကျောင်းမှာဘွဲ့တစ်ခုကိုရအောင်ယူ။
ပြီးရင်တော့မင်းအဖေဆီကလုပ်ငန်းတစ်ခုခုကို
ဆက်ခံရမှာပဲလေ။ကျောင်းပြီးတာနဲ့မင်းအဖေလက်အောက်ထဲဝင်တော့""

အဖေ့သဘောကအမေ့သဘောပဲ။
အမေကသူ့အကြည့်ကိုသိနေသည့်အလား
သတင်းစာဖတ်နေသည့်အဖေ့ကိုမျက်စပြစ်ပြ
သည်။

ခွန်းတုံ့မပြန်အထွန့်မတက်ရဲ။
ဘာကိုဆက်ခံရမှာလဲ။တစ်သက်စားမကုန်တဲ့
အမွေတွေရှိနေတာတောင်မိဘကပိုက်ဆံရှိလို့
ဆိုပြီးကိုယ့်အရည်အချင်းနဲ့ဝါသနာပါတာကို
မလုပ်ရဘဲမိဘအမွေကိုဘဲဆက်ခံရမှာလား။
မိဘအမွေသားသမီးဆက်ခံရတာကိုသိပေမဲ့
သူတက်နေတဲ့ကျောင်းမှာဘာကိုဝါသနာပါ
တယ်ဘာလုပ်ချင်တယ်အမေတို့တွေးမှတွေးမိပါရဲ့လား။စိတ်မချဘူးဆိုပြီးကလေး
တစ်ယောက်လိုအိမ်ထဲထည့်ထားပြီးဘာတွေကို
တာဝန်ယူခိုင်းအုံးမှာလဲ။တစ်ကယ်လဲအပြင်
လောကကိုကြောက်နေတုန်းဖြစ်တဲ့သူကဒါ
တွေကိုရင်ဆိုင်နိုင်ပါ့မလား။

အိမ်မှာဖြစ်နိုင်ရင်ကြာကြာမနေချင်တော့။

ဇွဲ…ငါ့ကိုမြန်မြန်လာခေါ်ပါ။

------

အတန်းဆင်းချိန်ကခါတိုင်းထက်ကိုနောက်ကျ
နေသဖြင့်ဇွဲခန့် အတန်းလွှတ်တာနဲ့စာအုပ်
တွေမြန်မြန်ကောက်သိမ်းကာအခန်းထဲက
ထွက်လာခဲ့သည်။

ဘယ်အချိန်တောင်ရှိပြီလဲ။
လက်ထဲနာရီကိုငုံ့ကြည့်ရင်း
စိတ်လောရသည်။ဒီအချိန်ဆိုထက်မြတ်ပြန်ဖို့
သူ့ကိုစောင့်နေရောပေါ့။ကျောင်းဆောင်
တွေကိုခပ်မြန်မြန်ဖြတ်လျှောက်လာရင်းmufl
ကျောင်းဝင်းကသိပ်မကျယ်တော့ကားထားတဲ့
နေရာရောက်ဖို့အချိန်တော့သိပ်မကြာပေ။

""ဟိတ်ဇွဲ အတန်းလွှတ်ပြီလား။ပြန်တော့မလို့လား""

အနောက်ကနေစာအုပ်နဲ့သူ့နောက်ကျောကို
ခပ်ဖွဖွထုပြီးဘေးနားကပ်လျှောက်လာတဲ့
ကောင်မလေးကြောင့်ဇွဲခန့်ခြေလှမ်းတွေကို
အရှိန်လျှော့လိုက်ရသည်။သူတို့နဲ့မေဂျာတူ
ကပဲရင်းနှီးနေသည့်ကောင်မလေး။

""အင်း နင်ရောပြန်တော့မလို့လား""

""အင်းလေ။နင်ကဘာတွေလောနေတာလဲဇွဲရဲ့။
ငါနင့်ကိုတွေ့လိုက်လို့လှမ်းခေါ်မလို့ဟာအ
နောက်ကနေအမှီလိုက်ရတယ်။ဘာတွေ
ဒီလောက်တောင်အရေးကြီးနေလဲ""

""ငါ့ကိုစောင့်နေတဲ့သူရှိလို့""

""အမယ်။နင့်ကောင်မလေးမလား""

သူ့မျက်နှာကိုစိုက်ကြည့်ကာပြုံးရယ်လျက်မေး
နေတဲ့ကောင်မလေးကိုဇွဲခန့်ဆွံအနေသူ
တစ်ယောက်လိုရုတ်တရက်ဘာပြန်ဖြေရမယ်
မှန်းမသိ။

ပတ်ဝန်းကျင်ကခဏတာအေးစက်သွားသည်။

""မဟုတ်ဘူး ။ငါ့……ငါ့…""

"" ညီလေး""

ပြောထွက်သွားမိပြီးမှဇွဲခန့်စိတ်တွေလေးလံသွားကာခုနကမပြေးရုံတစ်မယ်လှမ်းလာခဲ့
တဲ့ခြေလှမ်းတွေကအားလျှော့သွားရသည်။
ထက်မြတ်မျက်နှာကိုမြင်ယောင်လာမိတော့
ကိုယ့်ကိုကိုယ်အပြစ်တင်မိပြီးမလုံမလဲဖြစ်လာ
သည်။

ကျောင်းဝင်းတစ်လျှောက်
လျှောက်လာခဲ့တဲ့ခြေလှမ်းတွေကအားမပါ
တော့။ဘေးကနေပါလာတဲ့ကောင်မလေးဘာ
တွေပြောမှန်းလဲကြားတစ်ချက်မကြားတစ်ချက်။

""ဟိုမှာလားနင့်ကားဘေးနားမှာ
မတ်တပ်ရပ်နေတာ။ငါတို့ကိုလှမ်းကြည့်
နေတယ်။နင့်ညီလေးကိုတော်တော်ချစ်ပုံပဲနော်။
ငါသွားပြီ ဘိုင့်""

ပြုံးပြကာနှုတ်ဆက်ပြီးသူ့ကားပေါ်တက်ကာ
သွားတဲ့ကောင်မလေးကို ပြန်ပြုံးပြလိုက်မိရဲ့လားဇွဲခန့်သေချာမသိ။
ခြေလှမ်းကျဲတွေနဲ့ထက်မြတ်ရပ်နေတဲ့သူ့
ကားဘေးနားလျှောက်သွားလိုက်သည်။
သူလာနေတာကိုဒီအတိုင်းသာရပ်ကြည့်နေတဲ့ထက်မြတ်ကမတုန်မလှုပ်နဲ့သာ။

""စောင့်နေရတာကြာနေပြီလား ""

""မကြာပါဘူး။ငါလဲအတန်းလွှတ်တာ
သိပ်မကြာသေးဘူး""

""အဲ့တာကြောင့်ပြောတယ်မလားကားသော့
ယူသွားပါဆို။ငါနောက်ကျရင်ကားထဲဝင်ထိုင်
နေလို့ရတာပေါ့""

""မင်းကားဟာကို""

အဆင်ပြေသည့်သဘောနဲ့နှုတ်ခမ်းလေး
အနည်းငယ်ကွေးရုံသာပြုံးပြနေတဲ့ထက်မြတ်
ကိုဇွဲခန့်အားမလိုအားမရတွေဖြစ်လာသည်။
ချစ်သူတွေခြင်းဘာတွေအားနာပြီးခွဲခြားနေစရာလိုလို့လဲ။

""ခုနကကောင်မလေးကသူငယ်ချင်းနော်""

""ငါကဘာပြောနေလို့လဲ မောင်းတော့အိမ်ပြန်မယ် """

အသံခပ်တိုးတိုးနဲ့ဘာမှမဖြစ်သလိုပြောနေတဲ့
ထက်မြတ်ကိုကြည့်ရင်းဇွဲခန့်စိတ်တွေမွန်း
ကျပ်လာသလိုပင်။ဘေးနားမှာထိုင်နေတဲ့
ထက်မြတ်ကိုကားခါးပတ်ပတ်ပေးဖို့လက်လှမ်းလိုက်ပေမဲ့သူ့ဘာသာပတ်ပြီးနေပြီ။
သူငယ်ချင်းဘဝတုန်းကတောင်
သူ့ကို အလေးမပေးတော့မှာစိုးလို့
ူဘယ်ကောင်မလေးနဲ့တွဲနေရင်မကြိုက်ဘူူး။
သူ့ကိုပဲခေါ်။လိုချင်တာတွေပူဆာ။ငယ်စဉ်က
တည်းကသူ့ကိုဆိုကလေးတစ်ယောက်လို
ချွဲတတ်လွန်းသောထက်မြတ်ကတစ်ဖြည်းဖြည်း
နဲ့လူကြီးဆန်လာတာပဲလားချစ်သူဖြစ်ထဲက
အကုန်ပြောင်းလဲသွားသလောက်ပင်။

ဇွဲခန့်ဘေးနားကထက်မြတ်ကိုတစ်ချက်ကြည့်
ပြီးကားစက်ကိုနှိုးလိုက်သည်။ကားထဲအဲကွန်း
ဖွင့်ထားတာတောင်မအေးချမ်းနိုင်မန်းလေးနေပူပူကဒီနေ့မှပိုလို့သူ့ရင်ထဲပူလောင်နေသလိုပဲ။

""ဇွဲ ။ခဏရပ် ကားခဏရပ်""

ထက်မြတ်ရဲ့အလျင်လိုနေတဲ့
အသံကြောင့်ဇွဲခန့်ကားဘရိတ်ကိုခပ်မြန်မြန်နင်းလိုက်တော့အရှိန်နဲ့ကိုယ်ကကားစတီယာရင်နားအရှေ့ကိုယိုင်သွားရသည်။ဘေးနားက
ထက်မြတ်ကသူ့ဘက်ကကားမှန်အပြင်ကိုသာစိုက်ကြည့်နေသဖြင့်

""ဘာဖြစ်လို့လဲ…ထက်မြတ်""

""ခုနကကျောင်းရှေ့လမ်းမက
ဖြတ်သွားတဲ့ဆိုင်ကယ်က"""

""အင်…ဘာဖြစ်လို့လဲ

""ငဟိန်းနဲ့တူလို့။မြန်လိုက်တာနောက်ကျောပဲ
တွေ့လိုက်တယ်။မဟုတ်ဘူးထင်ပါတယ်
ငါအမြင်မှားသွားတာဖြစ်မယ်""

သူ့ဘက်ပြန်မလှည့်လာသေးကားမှန်ကိုကြည့်ကာစိတ်ပျက်သွားသလိုပြီးငြီးငြီးငြူငြူပြောနေတာ။

ဇွဲခန့်ဒေါသတွေထိန်းမရအောင်ထွက်
လာသည်။ကားရပ်ထားတာက
ကျောင်းတံခါးပေါက်ဝရှေ့မှာဖြစ်နေတော့
ကားကိုအရှိန်တင်ကာထက်မြတ်ကြည့်နေသည့်ဘက်နဲ့ဆန့်ကျင်ဘကကိုမောင်းထွက်လာခဲ့သည်။မြန်ဆန်လွန်းတဲ့အရှိန်နဲ့အတူ
မန်းလေးမြို့ရဲ့နေ့ခင်းကလမ်းမထက်မှာ
ပိတ်နေတဲ့ကားတွေကြားကနေစိတ်မရှည်
နိုင်ဟွန်းတီးပြီးကားတွေကိုဖြတ်ကျော်
အရှိန်ပြင်းပြင်းမောင်းလာခဲ့သည်။
သတ်မှတ်ထားတဲ့မိုင်တွေကိုမကျော်လွန
်အောင်ဂီယာတင်ရင်းစိတ်တွေမနဲထိန်းနေရ
သည်။

""ဇွဲ ကားကိုဖြေးဖြေးမောင်းလေ""

ဘေးနားကနေအသံခပ်တိုးတိုးထွက်လာသော်လည်းဇွဲခန့်ဂရုမစိုက်ပိုပြီးအရှိန်တင်လိုက်သည်။အရှိန်ပြင်းပြင်းမောင်းနှင်လာရင်းမြို့လယ်
ခေါင်မှာမိနေသည့်မီးပွိင့်ကိုရောက်မှကားကို
ရပ်လိုက်ရသည်။မီးနီမိလို့ရပ်ထားရတာ
ကြောင့်ဇွဲခန့်တောက်တစ်ချက်ခေါက်ပြီး
ဒေါသတွေပိုထွက်လာသည်။

တစ်လမ်းလုံးဘာစကားမှမပြောတဲ့
နှစ်ယောက်လုံးအခြေအနေအရကားထဲက
တိတ်ဆိတ်နေသည်။ထက်မြတ်သူ့ကိုကြည့်နေတာသိပေမဲ့အလိုမကျတဲ့စိတ်ကြောင့်တင်းမာနေတဲ့မျက်နှာကြောကိုလျော့လို့မရ။

နောက်ဆုံးမှမောင်းလာရင်းလမ်းရှင်းနေတဲ့
တစ်နေရာမှာဇွဲခန့်ကားကိုလမ်းဘေးထိုးရပ်
လိုက်သည်။

ကားရပ်လိုက်တာနဲ့ဇွဲခန့်ထက်မြတ်နဲ့မျက်နှာချင်းဆိုင်လိုက်ပြီးထက်မြတ်ရဲ့မျက်ဝန်းတွေကိုစူးစိုက်ကြည့်လိုက်သည်။

""ဇွဲ။မင်းဘာတွေဖြစ်နေတာလဲ""

""မင်းကိုရှိတယ်လို့တောင်မထင်သူငယ်ချင်းဆိုပြီးတစ်ခါလေးတောင်လာမတွေ့တဲ့
ကောင်ကိုသတိရနေတာလားဟမ်။ငါ့ရှေ့မှာ
အဲ့ကောင်အကြောင်းထပ်မပြောနဲ့""

""ဘာလို့ဒေါသတွေထွက်နေတာလဲ…ဇွဲ""

သူကသာအသံမာနေပေမဲ့သူ့ကိုစိတ်ပူသလိုသာကြည့်နေပြီးလေပြေနဲ့ခပ်အေးအေးသာ
ပြောနေတဲ့ထက်မြတ်ကတည်ငြိမ်နေသည်။
ဘာမှနားမလည်သည့်ပုံမို့ဇွဲခန့်စိတ်လျှော့
ပြီးထက်မြတ်နဲ့အကြည့်ချင်းလွှဲလိုက်ရသည်။
ကိုယ့်ဘာသာစိတ်ရှုပ်နေရာကနေထက်မြတ်ကို
စိတ်မထိန်းနိုင်ဘဲအပြစ်ပြောမိသလိုဖြစ်သွား
တယ်။

""မင်းဘာလို့ငဟိန်းနဲ့ပတ်သက်လာရင်စိတ်တိုလွယ်လဲတော့ငါမသိဘူး။သူနဲ့ငါအဆက်
အသွယ်မရှိတော့တာဆယ်တန်းပြီးထဲက။
အချိန်အတိုင်းအတာတစ်ခုထိခင်ခဲ့တော့
သူအဆင်ပြေလားသိချင်ရုံလောက်ပါပဲ။ငါ့မှာ
သူငယ်ချင်းအများကြီးမှမရှိခဲ့တာ""

""အင်းငါသိတယ်။ငါ့စိတ်တွေညစ်နေလို့
ထက်မြတ်။စိတ်ရှုပ်နေတဲ့အချိန်မင်းကတစ်ခြား
တစ်ယောက်အကြောင်းပြောနေတော့""

""မင်းဘာတွေစိတ်ပူနေလဲမသိပေမဲ့ငါက
ယောကျာ်းလေးတစ်ယောက်ဆိုတာမင်းမမေ့ပါနဲ့။ငါတို့ကသာဒီလိုမျိုးယောကျာ်းလေးချင်း
ပတ်သက်မှုဖြစ်နေတာငဟိန်းကဒီလိုမျိုး
မဟုတ်ဘူး။သူကြိုက်နေတဲ့ကောင်မလေးရှိပြီးသား""

""အဲ့ကောင်ကြိုက်နေတဲ့ကောင်မလေးရှိတယ်။ဘယ်သူလဲ""

""မြပုလဲသွယ်လေ။ငါတို့stageကျောင်းတုန်း
ကမင်းလဲသိတယ်မလား။အဲ့ကောင်မလေးကိုထိရင်မယားတရူးကောင်ကအရှေ့ကနေကာ
ကွယ်ပေးရတာနဲ့လေ။အခုလောက်ဆိုရင်
တော့သူတို့နှစ်ယောက်အဆင်ပြေနေ
လောက်ပြီပေါ့။ငါ့လိုယောကျာ်းလေးချင်းကြိက်
နေတဲ့ကောင်ကိုသူကရွံ့ပြီးသူငယ်ချင်းဆက်
မလုပ်ချင်တော့တာပဲနေမှာ""

ခပ်ပြုံးပြုံးပြောနေပေမဲ့မျက်ဝန်းတွေက
အသက်မပါ။ကလေးအတွေးနဲ့လူတွေကိုယုံ
လွယ်ပြီးသံယောဇဉ်တွယ်တတ်လွန်းတဲ့
ကောင်လေး။လောကကြီးအကြောင်းမသိအ
ပေါင်းအသင်းလဲမရှိဒီလောကကြီးမှာလူတိုင်း
ကမင်းထင်ထားသလိုမရိုးရှင်းဘူးထက်မြတ်ရဲ့။
ဟိန်းတေဇသာပုလဲကိုကြိုက်နေတယ်ဆိုရင်သူတို့နှစ်ယောက်အဆင်ပြေနေတာကြာပြီ။ပုလဲကဘက်ကသာဖြစ်နေတာသူသိနေတာပဲ။
ဒီလိုထင်နေတာလဲကောင်းတာပဲ။စိတ်မကောင်း
ဖြစ်နေတာသိပေမဲ့မင်းဘယ်တော့မှမသိတာ
ကအကောင်းဆုံးပဲထက်မြတ်။

""သူများအကြောင်းတွေမပြောနဲ့တော့ငါတို့
အကြောင်းဘဲပြောမယ်""

""ငါတို့အကြောင်း'"""

""အင်…ငါတို့အကြောင်း""

ဇွဲခန့်ထက်မြတ်အနားကိုပိုတိုးကပ်လိုက်ပြီး
မျက်နှာချင်းဆိုင်ကာ ဒီအနေအထားကို
ထက်မြတ်မနေတတ်ဖြစ်နေတာသိပေမဲ့အ
နောက်ဆုတ်ဖို့ပြင်နေတဲ့ထက်မြတ်ရဲ့လက်ကိုဇွဲခန့်တင်းကြပ်စွာဆွဲယူလိုက်သည်။

""ငါတို့နှစ်ယောက်ကငယ်ငယ်ထဲကသူငယ်ချင်းလိုနေလာရာကနေအခုထိဒီအခြေအနေကိုမင်းနေသားမကျသေးတာငါသိတယ်။
ဒါပေမဲ့ဘယ်အချိန်ထိဒီလိုနေနေမှာလဲ။
ငါ့ကိုမင်းမကျေနပ်တာရှိရင်ပြောလို့ရတယ်။
ငါ့ရဲ့အရိပ်အကဲကိုမကြည့်နေဘဲ
ဘယ်ကောင်မလေးနဲ့တွဲနေရင်မကြိုက်ဘူး။
ဘယ်ကိုသွားရင်မကြိုက်ဘူးပြောလို့ရတယ်။
ငါတို့ရဲ့ပတ်သက်မှုကလူသိလို့မရတာကလွဲရင်တစ်ခြားအတွဲတွေလိုမျိုးချစ်သူခြင်းဂရုစိုက်မှုမျိုးအပြန်အလှန်နားလည်မှုမျိုးတွေကတခြား
သူတွေထက်ငါမင်းကိုပေးနိုင်တယ်""

သူ့မျက်နှာကိုငေးကြည့်နေတဲ့ထက်မြတ်ရဲ့
ပုခုံးနှစ်ဖက်ကိုဇွဲခန့်ခပ်ဖွဖွလှုပ်ကိုင်လိုက်သည်။

""ဟင် ငါပြောတာနားလည်လားထက်မြတ်။
ငါကိုမင်းရဲ့သူငယ်ချင်းလိုအစ်ကိုတစ်
ယောက်လိုမျိုးထက်ချစ်သူတစ်ယောက်လိုမျိုးအားကိုးစေချင်တာ""

ထက်မြတ်ခေါင်းကိုခပ်ဖြေးဖြေးညိတ်ပြလာ
တော့ဇွဲခန့်ထက်မြတ်ရဲ့ပါးပြင်တစ်ဖက်ကို
လက်နဲ့အုပ်ကိုင်လိုက်သည်။

"""နားလည်ရင်နောက်တစ်ခါအားနာတာတွေ
သူစိမ်းဆန်သလိုမျိုးတွေထပ်မလုပ်နဲ့။မင်းနဲ့ငါဝေးသွားသလိုမျိုးခံစားရလို့"""

""မင်းငါ့ဘေးနားကနေထွက်သွားမှာစိုးလို့""

အသံခပ်တိုးတိုးကနှစ်ကိုယ်ထဲကြားရုံလေး။

""မင်းမှာလဲလွတ်လပ်ခွင့်ဆိုတာရှိတော့ချစ်သူဆိုပြီးကလေးတစ်ယောက်လိုမျိုးမင်းကိုအရာရာပိတ်ပင်ပြီးငါ့ဘက်ကဘဲအနိုင်မယူချင်ဘူး။
ငါ့ကြောင့်မင်းကိုစိတ်မရှုပ်စေချင်ဘူး။
ယောကျာ်းလေးနှစ်ယောက်ဖြစ်နေတဲ့ငါတို့
နှစ်ယောက်ရဲ့ဆက်ဆံရေးမှာပျင်းစရာကောင်းတဲ့ငါ့ကိုမင်းစိတ်ကုန်ပြီးငါ့အနားကထွက်သွားရင်ငါဆက်ပြီးရပ်တည်နိုင်မှာမဟုတ်ဘူး။ငါ့မှာမင်းပဲရှိတော့တာ""

လူကြီးလဲမဖြစ်သေးဘဲအရာရာကိုကလေး
အတွေးနဲ့တစ်ယောက်ထဲလျှောက်တွေးနေရတာဘယ်လောက်ပင်ပန်းနေလိမ့်မလဲ။

ဇွဲခန့်ထက်မြတ်ကိုရင်ခွင်ထဲထည့်ကာ
တင်းတင်းကြပ်ကြပ်ဖက်တွက်လိုက်သည်။

""ငါကမင်းဘာဘဲဖြစ်ဖြစ်ချစ်တာမို့လို့ဘာကိုမှ
တွေးပူနေစရာမလိုဘူး။ကြားလား""

""အင်း""

ပြန်လည်ထွေးပွေ့လာတဲ့လက်လေးနှစ်ဖက်
သူ့ကျောပြင်ပေါ်ရောက်ရှိလာသည်နှင့်ဇွဲခန့်
ထက်မြတ်ကိုပိုလို့တိုးဖက်လိုက်သည်။

စိတ်ချငါကမင်းဘေးနားကဘယ်တော့မှ
ထွက်သွားမှာမဟုတ်ဘူး။
_
_
_
_
_
""ဟေ့ကောင်တွေအဆင်ပြေကြလား""

studioထဲဝင်လာပြီးခေါင်းမှာဆောင်းထားတဲ့ဦးထုပ်ကိုချွတ်။ဆိုင်ကယ်သော့ကိုပစ်ချပြီး
ခပ်ပြုံးပြုံးပြောနေတဲ့ကျော်ကြီး။

""မင်းပြန်လာသေးတယ်နော်ကျော်ကြီး။
ပိုင်ရှင်ကစော်နဲ့တစ်နေကုန်သွားချိန်းနေတယ်။ဒီမှာစောင့်ခိုင်းထားတဲ့ငါတို့ကိုမင်းခန့်ထားတဲ့အလုပ်သမားတွေများထင်နေလား""

""ငါ့ကောင်မလေးစိတ်ကောက်နေလို့
ချော့နေရတာနဲ့ကြာသွားတာပါမင်းကလဲဟဲဟဲ ။တေဇရှိနေတာပဲဟာဘာစိတ်မချစရာရှိလဲ""

ကျော်ကြီးကိုပြည့်ဖြိုးတမင်စလိုက်ခြင်းပင်။သူလဲကျောင်းမသွားတဲ့နေ့တွေဒီမှာပဲလာနေတာပဲ။မန်းလေးမှာundergroundကစပြီးလူငယ်
တွေအတွက်ဖွင့်ထားတဲ့ဒီstudioမှာပျော်
တတ်ပြီးဆက်ဆံရေးကောင်းတဲ့ကျော်ကြီးနဲ့
အစထဲကရင်းနှီးနေကြသည်။စကားဝိုင်းထဲဝင်
မပါဘဲဂီတာကိုရင်ခွင်ထဲပိုက်ပြီးkeyboardရှေ့မှာထိုင်နေတဲ့တေဇဆီကျော်ကြီးလျှောက်သွားလိုက်သည်။

""အဆင်ပြေလားတေဇ။
recordingလာအပ်ထားတဲ့သူတွေရော""

""အင်း music beatနဲနဲပြန်ပြင်ပေးတာနဲ့
refrenceပြန်လုပ်ပေးရတာလောက်ပဲ""

""okမင်းရှိနေတော့ငါမင်းကိုလွှဲထားလို့
ရတယ်""

တေဇပုခုံးကိုအနောက်ကနေပုတ်လျက်
FLပေါ်မှာတေဇလုပ်ထားတဲ့beatတွေကိုနား
ထောင်ရင်းကျော်ကြီးတေဇရေးထားတဲ့
သီချင်းစာရွက်ကိုကောက်ကိုင်လိုက်သည်။

""မင်းသီချင်းတွေရောပြီးပြီလား ဟေ့ကောင်။
အားလုံးပေါင်းဘယ်နှစ်ပုဒ်လဲအားလုံးပြီး
ရင်audioအသံသွင်းတော့။မင်းလုပ်နေတာ
တွေကဘယ်လောက်တောင်ကြာနေပြီလဲ။
ဘာမပြောညာမပြောနဲ့ထပ်မပျောက်သွားနဲ့
တော့""

တေဇခပ်ဖွဖွသာရယ်ပြီးဂီတာကိုအာရုံစိုက်တီးလိုက်သည်။

""စာသားတွေကအရမ်းထိတယ်ကွာ။
ငါ့ကောင်ကြီးဘယ်ကကောင်မလေးအတွက်
ခံစားပြီးရေးထားတာလဲ""

""ကောင်မလေး မဟုတ်ဘူး""

""ဟာ ဟေ့ရောင်""

ထိုင်ခုံပေါ်မှာဂီတာတီးနေရင်းပုံမှန်လေသံနဲ့
ဘာကိုမှဂရုမစိုက်သလိုပြောနေတဲ့တေဇကို
ပြည့်ဖြိုးလှမ်းအော်လိုက်ပြီး sudioအပြင်ဘက်ဆွဲခေါ်လာခဲ့သည်။
ကျော်ကြီးကအသံသွင်းတဲ့အခန်းထဲဝင်သွားပြီး
သိပ်မကြားလိုက်တဲ့ပုံမို့လို့သာ
တော်သေးတယ်။

""မင်းအခုထိမမေ့နိုင်သေးဘူးမလား""

""ဘာကိုလဲကွာ။မင်းမှာမီးခြစ်ရှိလားပြည့်ဖြိုး""

ပြည့်ဖြိုးသူ့ဘောင်းဘီအိပ်ကပ်ထဲဟိုစမ်းဒီစမ်း
နဲ့မီးခြစ်ကိုတေဇဆီကမ်းပေးလိုက်သည်။
နံရံကိုကျောမှီထားပြီးဘယ်အချိန်ထဲကလက်မှာရှိနေမှန်းမသိတဲ့ဆေးလိပ်ကိုတေဇမီးငြှိပြီးအခိုးအငွေ့တွေကိုရူထုတ်လိုက်သည်။သူ့ကိုတောင်
ဆေးလိပ်တွေသိပ်မသောက်ဖို့ပြောလေ့ရှိတဲ့
တေဇကစိတ်ညစ်တဲ့အချိန်မှသာသောက်
လေ့ရှိတယ်။ဒီကောင်ကိုက
မန်းလေးမှာရှိနေရင်ပုံမှန်မဟုတ်တာ။

""မင်းgayလားမgayလားတော့ငါမသိဘူးဟေ့
ကောင်။အေမင်းကိုဒီလိုမြင်နေရတာငါစိတ်
ပျက်လွန်းလို့တေဇရာ။ငါပြောမယ်အဲ့တာ
ဆိုလဲမင်းသူမှသူဖြစ်နေရင်အားနေရင်
အနောက်ကပဲလိုက်မကြည့်နေဘဲဖွင့်ပြော
လိုက်ကွာ။ယောကျာ်းလေးချင်းပြီးတော့ သူ့မှာဟိုကောင်ရှိနေတာခဏထားမင်းမှာဖွင့်
ပြောခွင့်တော့ရှိတာပဲ။ရလာဒ်ကဘာဘဲဖြစ်နေ
နေမင်းချစ်နေတာသူသိသွားရင်ပြီးတာပဲ။
သတ္တိရှိဖို့ပဲလိုတယ်""

ဘေးနားကပြည့်ဖြိုးကိုအံ့သြစွာကြည့်မိတော့
ငါအကုန်သိတယ်ဆိုတဲ့အထာနဲ့

""ထက်မြတ်ထည်ဝါနဲ့ကျောင်းထဲကပူးပူးကပ်
ရှိတာဆိုလို့ဇွဲခန့်မင်းသူတစ်ယောက်ထဲရှိ
တယ်။မင်းမပြောလဲငါသိတယ်။မင်း
ထက်မြတ်ကိုလုံးဝသွားမတွေ့တော့တာ
အဲ့ကောင်ကြောင့်လား""

ခပ်တိုးတိုးနဲ့အယူတော်ဝင်နေတဲ့ပြည့်ဖြိုး။
ခြောက်ကပ်ကပ်ရယ်မိပြီးတွန်းလွှတ်ရသည်။

""တော်ပါတော့ကွာ""

သူ့ပုခုံးကိုအားပေးသလိုပုတ်ပြီးအထဲပြန်ဝင်
သွားတဲ့ပြည့်ဖြိုး။မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်
ငွေ့တွေကတစ်ဖြည်းဖြည်းပုံရိပ်အဖြစ်
ပျောက်ကွယ်သွားတာကိုကြည့်ရင်း…

ဘဝကကြမ်းတယ်။ကြမ်းတမ်းပြီးဘာမှမရှိတဲ့
ငါ့ဘဝမှာမင်းကိုဒီအတိုင်းချစ်နေရတာကိုကငါ့အတွက်အရာရာပဲ။

_____

ဇွဲခန့်အိမ်ရှေ့မှာဖိနပ်ချွတ်ပြီးအိမ်ထဲဝင်လာ
တော့ဧည့်ခန်းကဆိုဖာခုံပေါ်မှာထိုင်နေတဲ့
အမေကအရင်ကသူပြန်လာသလိုပြုံးပြုံးရွှင်ရွှင်မရှိ။မျက်နှာတည်လျက်သာခပ်တည်တည်ထိုင်
နေသည်။

ဇွဲခန့် ဧည့်ခန်းထဲဝင်ပြီးသူ့အမေရှေ့
မှာဝင်ထိုင်လိုက်သည်။

""ပြန်လာပြီလား။သားနောက်ကျတယ်နော်""

""ဟုတ်မေ…ထက်မြတ်ကိုပြန်ပို့ပေးပြီး
ပြန်လာတာ""

""မင်းအဖေမရှိတုန်း
သားကိုအမေစကားပြောစရာရှိတယ်""

အရှေ့မှာထိုင်နေတဲ့အမေကအသံခပ်တိုးတိုး
နဲ့သူ့ကိုစိုက်ကြည့်ကာပြောသင့်မပြောသင့်စဉ်းစားနေဟန်နဲ့မျက်နှာသိပ်မကောင်း။ဘာပြော
မှာမို့လို့အမေကဒီလိုဖြစ်နေရတာလဲ။

""သားနဲ့ သားငယ်လေးနဲ့ကဘာတွေလဲ""

"""အမေ"""

ထိတ်လန့်စွာနဲ့ဇွဲခန့်သူ့အမေကိုကြည့်ရင်း
ရုတ်တရက်ပြောစရာစကားရှာမရအောင်ဆွံ့အနေသူတစ်ယောက်လိုမှင်သက်နေမိသည်။

""ဟိုတနေ့ကမင်းအခန်းထဲမှာသားငယ်လေး
နဲ့ဖုန်းပြောနေတာအမေကြားလိုက်တယ်။
အမေမင်းတို့ကိုကြည့်နေတာကြာပြီ။အရမ်း
ခင်နေကြလို့ပါဆိုပြီးအမေ့စိတ်ထဲဖြေထားခဲ့
ပေမဲ့လေ……""

ညှိုးနွမ်းနေတဲ့အမေ့မျက်နှာကိုဇွဲခန့်ရင်မဆိုင်
ရဲ့တော့။

""မင်းကိုငယ်ငယ်ထဲက
အမေကဘာတစ်ခုမှမချုပ်ချယ်ခဲ့ဘူး။အရာရာကိုလွတ်လပ်စွာနဲ့သားကိုယ်တိုင်ဆုံးဖြတ်ခွင့်
ပေးခဲ့တာကြီးပဲ""

ငြိမ်သက်စွာနဲ့သူ့ကိုစိုက်ကြည့်ရင်း
ပြောနေတဲ့သူ့အမေရဲ့အကြည့်တွေအောက်
ဇွဲခန့်နေရခက်နေတာထက်ဖြေရခက်နေသည်။
မိဘတွေကခေတ်မှီပြီးဘာမဆိုလွတ်လပ်ခွင့်
ပေးထားပေမဲ့သူ့ကိုgayလို့ထင်သွားမလား
ဆိုတာအမေရှေ့မှာရှက်နေသလိုပူထူ
နေမိသည်။

""သားနဲ့ သားငယ်လေးကဟိုလိုမျိုးလား  ဟုတ်လား။သားတို့ကကြိုက်နေကြတာလား
အမေ့ကိုမှန်မှန်ပြောစမ်း""

ဇွဲခန့်ဖြေးညှင်းစွာခေါင်းညိတ်ပြလိုက်တော့
သူ့အမူအယာကိုကြည့်ကာဒေါ်နန်းမေမျက်နှာထိန်းမရအောင်ပျက်သွားသည်။

""ဘာလို့အဲ့လိုလုပ်ရတာလဲသား မင်းညီက
လမ်းမှားနေရင်သားကအရှေ့ကနေထိန်းပေး
ရမှာမလား။ဘာလို့ကိုယ့်ညီလေးလိုဘာမှမသိတဲ့ကလေးကိုမင်းကဒီလိုဖြစ်အောင်လုပ်ရတာလဲ""

""သားထက်မြတ်ကိုဘယ်လောက်ချစ်တာ။
ထက်မြတ်နဲ့သားရဲ့ငယ်ငယ်ထဲက
သံယောဇဉ်ကိုအမေသိမှာပါ""

""သားငယ်လေးကိုသားချစ်တာအမေသိတာ
ပေါ့။ညီလေးလိုချင်တဲ့သားကဒီကလေးကို
ငယ်ငယ်ထဲကဘယ်လောက်ချစ်လိုက်လဲအမေသိပ်သိတာပေါ့။ဒါပေမဲ့သားအခုဘာလုပ်နေလဲဆိုတာသိရဲ့လား။သားတို့နှစ်ယောက်လုံးက
ယောကျာ်းလေးတွေနော်။သားဘယ်လိုမျိုးစဉ်းစားပြီးဒီလမ်းကိုလျှောက်နေတာလဲ။အပျော်တွဲ
နေတာဆိုရင်ကိစ္စတွေအကြီးအကျယ်မဖြစ်
ခင်မိဘတွေအချင်းချင်းမျက်နှာမပျက်အောင်
သားအခုရပ်သင့်နေပြီ""

""ကျနော်ထက်မြတ်ကိုအပျော်တွဲမယ်လို့
ဘယ်တုန်းကမှမစဉ်းစားခဲ့ဖူးဘူးအမေ""

""ဒါဆိုအမေပြောမယ် ငါ့သားကgayလား""

သူ့အမေးကိုဘာမှပြန်မဖြေဘဲ
လက်သီးကိုခပ်တင်းတင်းဆုပ်ကာ
နာကျင်ရိပ်နေသန်းတဲ့ဇွဲခန့်ကိုကြည့်ကာ
ဒေါ်နန်းမေစိတ်မသက်သာလှ။

""သားကဘာဘဲဖြစ်ဖြစ်အမေ့သားပဲ။ဒီအမေ
ကမင်းအကြောင်းကိုအသိဆုံးပဲ။ငယ်ငယ်ထဲက
ကိုယ့်အပိုင်လို့သတ်မှတ်ထားတဲ့ပစ္စည်းကိုသားကသူများကိုမပေးချင်ဘူး။လက်ထဲမှာအ
ပိုင်ရသွားရင်လဲအချိန်နဲနဲကြာသွားရင်ရိုးသွားပြီးလှည့်မကြည့်တတ်တော့ဘူးလေ""

""ထက်မြတ်ကသက်မဲ့အရုပ်တစ်ရုပ်မှ
မဟုတ်တာအမေ""

""အေအမေလဲအဲ့တာပဲပြောချင်တယ်။သားက
ကောင်မလေးရည်းစားထားဖူးပေမဲ့သားငယ်
လေးကအဲ့လိုမဟုတ်ဘူးလေ။တစ်ခုခုဆိုစိတ်
ဒဏ်ရာအရသွားနိင်ဆုံးကဒီကလေးပဲ။ ပြီးတော့ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ
ယောကျာ်းလေးတစ်ယောက်နဲ့ရေရှည်
လက်တွဲဖို့သတ္တိတွေသားမှာရှှိလား""

ခေါင်းငိုက်စိုက်ကျကာဇွဲခန့်ဘာမှပြန်မဖြေတော့ ဒေါ်နန်းမေသူ့သားကိုကြည့်ကာစိတ်ဆင်းရဲစွာနဲ့စိတ်လျှော့ချလိုက်ရသည်။

""သားငယ်လေးတို့မိသားစုကဘယ်လောက်
ရှေးဆန်ပြီးအရှိန်အဝါကြီးလဲဆိုတာသား
သိတယ်နော်။သားငယ်လေးကိုအမေချစ်ပေမဲ့
ငါ့သားကိုတစ်ခုခုထိခိုက်လာမယ်ဆိုရင်တော့
အမေကဒီကိစ္စကိုဘယ်လိုမှလက်ခံနိုင်မှာ
မဟုတ်ဘူး။သေချာစဉ်းစားသား""

တားလဲမတားသလိုသဘောတူတာမျိုးလဲမဟုတ်။နားလည်မှုရှိသည့်အမေကအရာရာကိုသူ့
စိတ်ဆန္ဒအတိုင်းဆုံးဖြတ်ခွင့်ပေးမယ်ဆိုတာသိပါသည်။ထက်မြတ်မိဘတွေအကြောင်းတွေးမိ
တော့ရင်မောရပြန်သည်။တစ်ချိန်ချိန်မှာ
ဒါမျိုးတွေကြုံလာမယ်လို့ကြိုတင်မတွေးထားခဲ့မိတာသူ့အမှား။

""ကျနော်သွားနားတော့မယ်အမေ""

""အေအေ။သွားနားတော့သား""

အမေ့ မျက်နှာကိုကြည့်ဖို့ခွန်အားတွေမရှိတော့။
ဧည့်ခန်းထဲကထထွက်လာခဲ့သည်။

ဇွဲခန့်စိတ်ညစ်စွာလှေကားထစ်တွေကိုတစ်လှမ်းခြင်းစီအားမပါစွာနဲ့တက်ပြီးအခန်းတံခါးကို
ခပ်ဖြည်းဖြည်းပိတ်လိုက်သည်။

ခုတင်ကိုမှီလျက်ထိုင်ချလိုက်ပြီး
စိတ်ညစ်စွာနဲ့ခေါင်းကဆံပင်တွေကို
လက်နှစ်ဖက်နဲ့ခပ်တင်းတင်း
ဆွဲကိုင်လိုက်သည်။

သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း သူ့စိတ်က
လဲအတွေးပေါင်းစုံနဲ့ရှုပ်ထွေးလျက်။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••


Continue Reading

You'll Also Like

350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
487K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
479K 40.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ