Way to the stars
မျက်နှာပေါ်တိုက်ခတ်လာတဲ့ လေနုအေးအေးကို ဆွတ်ရိန် အားပါးတရ ရှူသွင်းလိုက်သည်။ မနက်ခင်း၏ ကောင်းကင်သည် သာယာကြည်စင်နေကာ မြင်မြင်သမျှ အရာအားလုံးသည် လှပသစ်လွင်နေပေသည်။
" မေမေ ..ကျွန်တော်သွားပြီနော် "
မီးဖိုခန်းထဲက မေမေ့ကို အော်ဟစ်နှုတ်ဆက်လိုက်ပြီး ရှူးဖိနပ်ကြိုးကိုခပ်တင်းတင်းချည်လိုက်ကာ သွက် လက်သောခြေလှမ်းများနဲ့ ဒန်နီရယ်၏ အိမ်သို့ သူ ထွက်လာခဲ့သည်။
မနက်ခင်းရုံးတတ်ချိန် ကျောင်းတတ်ချိန်ဖြစ်၍ လာခဲ့သော လမ်းတစ်လျှောက် ပုံမှန်ထက်ပိုရှုပ်နေသော ကားများနဲ့ မီးနီများတစ်ခုပြီးတစ်ခု ဖြတ်လာသည့်တိုင် သူစိတ်မပျက်မိ ။
အချစ်သည် အရာရာကို စိတ်ရှည်သည်းခံတတ်အောင်လည်း သင်ပေးတတ်သည်လား..
" မောနင်း အန်တီဆွေ "
ဒန်နီရယ်၏ အိမ်ကိုရောက်တော့ မီးဖိုခန်းထဲ ၀ငကြာ အန်တီဆွေ့ကို အရင်နှုတ်ဆက်လိုက်သည်။
" ပြုံးလို့ ရွှင်လို့ပါလား ဆွတ်ရိန် "
သူ စိတ်ထဲက အပျော်တွေဟာ မျက်နှာမှာပါ ထင်ဟပ်နေသလားကိုမသိပါ။ အန်တီဆွေကပြုံးရင်း စကားဆိုလာတော့ သူစပ်ဖြီးဖြီးကလေးသာ ရယ်ပြမိသည်။
ထိုနောက် ဒန်နီရယ်စားဖို့ မနက်စာကို ယူလျက် ခြေလှမ်းကျဲကြီးများဖြင့် လှေကားပေါ်တတ်လာခဲ့သည်။
အခန်းတံခါးကို ဖြေးဖြေးချင်းတွန်းဖွင့်ဝင်မိတော့ ဒန်နီရယ် မနိုးသေးတာကို တွေ့ရသည်။ လက်ထဲကကျောပိုးအိတ်နဲ့ မနက်စာလင်ဗန်းကို စားပွဲမှာ အသာအယာခ်ျပီး ဒန်နီရယ့် ကုတင်ဘေးမှာ ၀ငထြိုငလြိုကသြညြ။
အပြစ်ကင်းစင်စွာ အားပါးတရ အိပ်ပျော်နေသော ယောကျာ်းတစ်ယောက်၏ ဖြူစင်သော မျက်နှာ၊ ဘေးတစ်စောင်း အိပ်နေတာကြောင့် နှာတံစင်းစင်းကထင်းနေကာ မညီမညာ စိမ်းဖန့်ဖန့် နှုတ်ခမ်းမွှေးအောက်က နှုတ်ခမ်းတစ်စုံက ယောကျာ်းဆန်သောမျက်နှာပေါက်နဲ့မလိုက်ဖက်စွာပင် နီရဲနေပေသည် ။
အရိုင်းဆန်ဆန်ဝင်လာသော တမက်တမောနမ်းရှိုက်လိုက်ချင်စိတ်တွေကို သတိနဲ့ပြန်ထိန်းချူပ်လိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
ကမ္ဘာပေါ်တွင် ယောကျာ်းတစ်ယောက်၏ ခပ်တင်းတင်းပိတ်စေ့ထားသော နှုတ်ခမ်းကိုဘယ်လိုဖြားယောင်သွေးဆောင်မှုမျိုးမှမပါပဲ တခြားယောကျာ်းတစ်ယောက်က အမြင်အာရုံလေးတစ်ခုနဲ့တင် မက်မက်မောမော နမ်းရှိက်ချင်လာအောင်လုပ်နိုင်သည့် ဖြစ်ရပ် ဘယ်နှစ်ခုများ ရှိပါသနည်း။
ဒန်နီရယ်၏ မျက်နှာကို အချိန်မည်မျှကြာအောင် သူငေးစိုက်ကြည့်နေမိလဲမသိ။
ထိုအချိန်လေးအတွင်းမှာပင် ဒန်နီရယ့်၏ မျက်ခွံများသည် ဖြေးဖြေးချင်းပွင့်လာခဲ့သည်။
အိပ်မှုန်စုံမွှားနဲ့ထလာသော ဒန်နီရယ်သည် သူ့ဘက်ကိုတစ်ချက်ဝှေ့ကြည့်ကာ မသိမသာပင် အကြည့်ကို ပြန်လွှဲလိုက်သည်။ ထိုနောက် အိပ်ယာမှ ကုန်းရုန်းထကာ မျက်နှာသစ်၊သွားတိုက်ပြီး မနက်စာကို စိတ်မပါ လက်မပါစားနေသည်အထိ ဆွတ်ရိန်ကို စကားတစ်ခွန်းမှမပြောသေးပေ။
ထို့နောက်ဆွတ်ရိန် အဆင်သင့်ပြင်ထားပေးတဲ့ဆေးကိုသောက်လျက် ထုံးစံအတိုင်း ဆိုဖာကိုမှီကာ တီဗီရှေ့ထိုင်လျက် ဂိမ်းတစ်ပွဲကို စတင်ကာ PS4 Controller ကိုခပ်ကြမ်းကြမ်းဖိနှိပ်နေပြန်သည်။
ဆွတ်ရိန်သည် ကိုယ့်ကို ဝိညာဉ်တစ်ကောင်လို မမြင်ချင်ယောင်ဆောင်နေသော ဒန်နီရယ့်ကို ကြည့်ပြီး စိတ်ထဲမရိုးမရွဖြစ်လာလေသည်။
ဒန်နီရယ့် စိတ်ဆိုးစရာ ကိစ္စတစ်ခုခုများ သူလုပ်ထားမိလေသလား ?
အကြိမ်ကြိမ်စဉ်းစားသော်လည်း ခေါင်းထဲအဖြေကပေါ်မလာတာကြောင့် ရူးချင်သွားသည်။
ကလပ်သွားတဲ့ ညက သူနမ်းလိုက်မိလို့လား ?
ဒါမှမဟုတ် ဘောလုံးပွဲကြည့်ပြီး ပြန်လာတဲ့နေ့က ပြောလိုက်သောစကားကြောင့်ပေပဲလား?
ဒါမှမဟုတ် တစ်ပတ်တိတိ ရုတ်တရက်အဆက်အသွယ်မလုပ်ပဲ နေလိုက်မိတာများကြောင့်လား ?
မရေရာသော မေးခွန်းတွေ အဖြေထုတ်မရတဲ့ အဆုံး ဆွတ်ရိန်သည် ဒန်နီရယ့် အနားသွားကာတီဗီကို ပါဝါပစ်လိုက်သည်။
ဆော့လက်စ ပွဲပျက်သွားတာမို့ ဒန်နီရယ် ဆွတ်ရိန်ကို မကြည်သလို တစ်ချက်စိုက်ကြည့်လျက် ဂိမ်းခလုတ်ကို ခပ်ကြမ်းကြမ်းပစ်ချကာ ထိုင်နေရာမှ ထလျက် ၀ရံတာဘကျထှကျသှားတာကွောင့ျ ဆွတ်ရိန် အပြေးတစ်ပိုင်းလိုက်ရပြန်သည်။
" ဒန်နီရယ် ဘာဖြစ်နေတာလဲ ဘာကိစ္စနဲ့ မင်းငါ့ကို ရှောင်နေတာလဲ "
ကြည်လင်နေသာ စိတ်တွေက ပျက်ပြယ်စပြုနေပြီမို့ ဆွတ်ရိန်သည်ဒန်နီရယ့်ပုခုံးကို ခပ်ကြမ်းကြမ်းဆုပ် ကိုင်ကာ အ်ာလိုက်သည်။
ဒန်နီရယ်သည် သူ့ပုခုံးပေါ်က ဆွတ်ရိန်ရဲ့လက်တွေကို ဆတ်ခနဲ ပြန်ပုတ်ချလိုက်ကာ ဆွတ်ရိန်ကို ခပ်စူးစူး တစ်ချက်စိုက်ကြည့်လျက်
"မင်းကရော ဘာကိစ္စနဲ့ငါ့ရှေ့ပြန်ပေါ်လာသေးတာလဲ ငါနဲ့မတွေ့ရတဲ့ တစ်ပတ်အတွင်း မင်း သိပ်ပျော်နေတယ်မလား သွားလေ.....ငါ့ရှေ့ကထွက်သွား မင်းဘာသာမင်း အပြင်မှာပျော်ပျော်နေလိုက် "
" မင်း ဘာကိုဆိုလိုတာလဲ ဒန်နီရယ် "
ဒန်နီရယ် ဆိုလိုသော အကြောင်းအရာကို ဆွတ်ရိန်တကယ်နားမလည်။ ဒန်နီရယ် သူ့ကို ဘာပြောချင်နေတာလဲ ?
"မင်းဘာသာ အသိဆုံးဖြစ်မှာပဲလေ မင်းမိသားစုကိစ္စ အဆင်မပြေဖူးဆိုရင်တောင် အနဲဆုံး မင်းငါ့ကို ပြောပြသင့်တယ် မင်းငါ့ကို ဘယ်တုန်းကမှ မင်းဘ၀ရဲ့အရင်းနှီးဆုံးလူလို့ သတ်မှတ်ခဲ့တာ မဟုတ်ဖူး မင်း မိသားစုကိစ္စ မင်း ကောင်မလေးကိစ္စ ငါ့ကို တစ်ခါလေးတောင် မင်း အသိပေးခဲ့ဖူးလို့လား "
" ဘာ.... ငါ့ကောင်မလေး ......"
မထင်မှတ်ထားတဲ့ စကားကြောင့် ဆွတ်ရိန်ခေါင်းရှုပ်သွားသည်။
"မင်းဘာတွေလာပြောနေတာလဲ ဒန်နီရယ့် ငါ့ မိသားစု အကြောင်းတွေက မလိုအပ်ဖူးထင်လို့ငါ မပြောခဲ့တာ ပြီးတော့ မင်းထင်သလို ငါ့မှာဘယ်ကောင်မလေးမှလည်း မရှိဖူး "
"အဲဒါဆို ဟိုနေ့ညနေက မင်းနဲ့ ကောင်မလေးတစ်ယောက်က ကြေးအိုးဆိုင်ရှေ့မှာပျော်ပါးနေတာကြတော့ရော "
" ဘယ်လို ..... "
ဒန်နီရယ် ဘာကိုများမြင်ခဲ့တာလဲ ။
ဆွတ်ရိန် လက်နှစ်ဖက်နဲ့ခေါင်းကို ခပ်တင်းတင်းဖိပြီး စဉ်းစားလိုက်သည်။
သူ မှတ်မိပြီ.... အဲညနေက ဒန်နီရယ့်ကို သတိရမိနေတာကြောင့် ညီမလေးကိုခေါ်ပြီး သူ ပစ္စည်းတွေလိုက်ဝယ်ပေးကာ ဒန်နီရယ်နဲ့စားနေကြဆိုင်မှာ ကြေးအိုးလိုက်ကျွေးသောနေ့။
ဆွတ်ရိန်သည် အခုမှအထာပေါက်သွားကာအားပါး
တရ ပြုံးလိုက်မိသည်။ တကယ်တော့ ဒန်နီရယ် သူ့ကို သ၀န်တိုပြီး ပေါက်ကွဲနေတာ ။
ယောကျာ်းလေးချင်း သ၀န်တိုတာကို အမည်တပ်မရတဲ့ ခံစားချက်ကြောင့် ဒန်နီရယ် မခံမရပ်နိုင် ဖြစ်နေတာ ။
ဒေါသစိတ်ကြောင့်တင်းမာနေသော ဒန်နီရယ်၏ ဘေးတစ်စောင့် မျက်နှာထားကိုကြည့်ကာ ဆွတ်ရိန် တဟားဟား အော်ရယ်တော့ ဒန်နီရယ် ကသူ့ဘက်ကို ဘုကြည့်လှမ်းကြည့်လာသည်။
ဆွတ်ရိန်သည် ဘောင်းဘီအိပ်ကပ်ထဲက ပိုက်ဆံအိတ်ကိုထုတ်လိုက်ကာ သူဘွဲ့ယူတုန်းကအမေရယ် သူရယ် ညီမလေးရယ် သုံးယောက်တွဲရိုက်ထားတဲ့ ဓါတ်ပုံလေးကို ဒန်နီရယ့်ထံလှမ်းပေးလိုက်သည်
"ငါနဲ့တွေ့ခဲ့တယ်ဆိုတာ အဲဒီဓါတ်ပုံထဲက
ကောင်မလေးလား "
ဓါတ်ပုံကိုကြည့်ကာ ဒန်နီရယ်က သူ့ကိုနားမလည်သလို စိုက်ကြည့်လာသည်။
"အဲတာ ငါ့အမေနဲ့ငါ့ညီမလေးပဲ မောင်နှမချင်းစွပ်စွပ်စွဲစွဲကွာ ငရဲတွေကြီးကုန်တော့မှာပဲ "
ဆွတ်ရိန်က ရယ်မောပြီးပြောလိုက်တော့ ဒန်နီရယ့်ကဓါတ်ပုံကို ဆွတ်ရိန်လက်ထဲ အမြန်ထိုးပေးလိုက်ကာ ရှက်ကိုးရှက်ကန်းနဲ့ လှည့်ထွက်ဖို့ပြင်နေတာမို့ ဆွတ်ရိန်က ဒန်နီရယ့်လက်ကို အမြန်ဆွဲဖမ်းထားလိုက်သည်။
ဘေးတစ်စောင်းမြင်နေရသော ဒန်နီရယ်၏ နားရွက်ဖျားလေးတွေပင် ရှက်စိတ်ကြောင့်လားမသိ နီရဲနေတာမို့ ဆွတ်ရိန် ထပ်ပြီးပြုံးလိုက်မိသည်။
"နောက်တစ်ခါငါ့ကိုပွင့်ပွင့်လင်းလင်းမမေးဘဲထင်ရာမြင်ရာတွေ လျှောက်စဉ်းစားပြီး မထုံတတ်တေး လုပ်နေရင် မင်းကို ငါတကယ်ထိုးမှာနော် "
ဒန်နီရယ်ခဏတော့ငြိမ်နေသည်။ ထို့နောက်ဆွတ်ရိန် ဆွဲထားသော သူ့လက်သူဆောင့်ရုန်းလိုက်ကာ ထုံးစံအတိုင်း ခွေးကောင် ဟု ပြစ်ပြစ်နှစ်နှစ်ဆဲလိုက်ပြီး ဆွတ်ရိန်ကို လက်သီးနဲ့လှမ်းရွယ်လိုက်သည်။
" ခွေးကောင် "
ဆွတ်ရိန်က ဘေးသို့ရှောင်လိုက်ပြီးမှ ဟန်ပျက်သလို
ဖြစ်သွားတာမို့ ကပိုကရိုပုံစံကြားကပင် နှစ်ယောက် လုံး စိတ်ရှင်းရှင်းနဲ့ ရယ်မောလိုက်ကြသည်။
သံသယကင်းစင်သွားဟန်ပြုတဲ့အပြုံးနဲ့ဒန်နီရယ်၏ ရယ်သံကိုကြားရတော့မှ ညစ်နွမ်းစပြုနေပြီဖြစ်သော ဆွတ်ရိန်၏ စိတ်တွေသည် ပြန်ပြီးကြည်လင်သွားရတော့သည်။
ထို့နောက် ဒန်နီရယ့်ကို ဆွတ်ရိန်ကစူးစူးစိုက်စိုက် ကြည့်လိုက်ကာ
"မင်းသိထားဖို့က ငါ့ဘ၀မှာ ငါ့မိသားစုနဲ့ မင်းကလွဲရင် ဘာဆို ဘာမှမရှိဖူးဆိုတာပဲ "
လေးနက်စွာပြောလိုက်သော ဆွတ်ရိန်၏ ထိုစကားကိုတော့ ဒန်နီရယ် ဘာမှမတုံ့ပြန်ခဲ့ပါ။
တရွေ့ရွေ့ပြေးနေသာ တိမ်တွေကြားကိုသာ ငေးမောကြည့်နေတာမို့ ဆွတ်ရိန်ပါလိုက်ကြည့်လိုက်သည်။
ငါ့ဘဝမှာမင်းတစ်ယောက်တည်း ရှိတာဒန်နီရယ်.....
ထို့နောက် ၀ရံတာပြေါ ထောက်ထားတဲ့ ဒန်နီရယ်၏ အေးစက်နေတဲ့ သွယ်သွယ်ဖြူဖြူ လက်ချောင်းကလေးများပေါ် သူ့လက်ဖဝါးကိုထပ်တင်လိုက်တော့ ဒန်နီရယ်သည့် အနဲငယ် တွန့်သွားရုံမှအပ ရုန်းတော့မရုန်းခဲ့ ။
လက်ဖဝါးလေးတွေရဲ့ နူးညံ့တဲ့ ထိတွေ့မှုကလေးကပင်သူ့ရင်ကိုတဒိတ်ဒိတ်နဲ့ဆောင့်ခုန်နေစေခဲ့ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်ကအဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ အဆုံးမရှိတဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ
အဲဒါမှ တိမ်ကလေး ဘယ်လိုပြေးပြေး ကျွန်တော့်ရဲ့ ရင်ပြင်ကျယ်ကြီးထဲကနေ မလွတ်မြောက်နိုင်မှာလေ
Thank you for Cover. Sis Aye Myat Mon ❤