တိမ်တိုက်၌ဖြစ်တည်သော

By Aelennar

1.4M 113K 5.6K

​​လောကရဲ့နိယာမ ဘယ်အရာမှမတည်မြဲခဲ့​ပေမဲ့...... More

Intro
Story
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၅)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၂)
အပိုင္း(၂၃)
အပိုင္း(၂၄)
အပိုင္း(၂၅)
အပိုင္း(၂၆)
အပိုင္း(၂၇)
အပိုင္း(၂၈)
အပိုင္း(၂၉)
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း(၃၂)
အပိုင္း(၃၃)
အပိုင္း(၃၄)
အပိုင္း(၃၅)
အပိုင္း(၃၆)
အပိုင္း(၃၇)
အပိုင္း(၃၈)
အပိုင္း(၃၉)
အပိုင္း(၄၀)
အပိုင္း(၄၁)
အပိုင္း(၄၂)
အပိုင္း(၄၃)
အပိုင္း(၄၄)
အပိုင္း(၄၅)
အပိုင္း(၄၆)
အပိုင္း(၄၇)
အပိုင္း(၄၈)
အပိုင္း(၄၉)
(ဇာတ္သိမ္းပိုင္း)
တိမ္တိုက္၌ျဖစ္တည္ေသာ
Extra-1
Extra-2
Extra-3
Extra-4
Extra-5

အပိုင္း(၂၁)

17.8K 1.8K 31
By Aelennar

MUFL(မႏ ၱေလးနိုင္ငံျခားဘာသာတကၠသိုလ္)

မနက္ပိုင္းဆိုကားပိတ္တတ္သည္႕ ၆၂လမ္းမ
ကMUFLေရွ႕ကားရႈပ္ေနတဲ႕လမ္းမွာေက်ာင္း
ေရာက္ဖို႕ဇြဲခန္႕စိတ္မရွည္ေတာ့။ေက်ာင္းဝင္း
ထဲကားဝင္လာတာနဲ႕ဆင္းဖို႕အဆင့္သင့္ျပင္
ေနျပီျဖစ္တဲ႕ထက္ျမတ္။ဇြဲခန္႕ကားပါကင္ထိုးဖို႕
ေနရာရွာကာေဘးနားကထက္ျမတ္ကိုလွမ္း
တားရသည္။

"ေနအံုးေလ ဘာလို႕ဒီေလာက္ေလာေနလဲ"

"ငါအတန္းေနာက္က်ေနပီဒီေန႕tutoရွိတယ္"

ေက်ာပိုးအိတ္ကိုေသခ်ာျပန္လြယ္ ထမင္းခ်ိဳင့္
ေကာက္ကိုင္ေနေသာထက္ျမတ္ကေက်ာင္း
တုန္းကပံုစံထက္လူေရာစိတ္ပါ
အရြယ္ေရာက္ျပီးသားေကာင္ေလး
တစ္ေယာက္လိုေျပာင္းလဲသြားျပီ။

""ေန႕လည္ ကန္တင္းမွာထမင္းစားဖို႕
လာေခၚမယ္""

"မလာနဲ႕ေတာ့ ။မင္းတို႕အေဆာင္နဲ႕ ငါ့
အေဆာင္ကနီးတယ္ဆိုေတာ့။ေန႕လည္ခဏ
ေလးအတန္းဆင္းတဲ႕အခ်ိန္နဲ႕ ကန္တင္းမွာ
လူကတိုးရအံုးမွာ။လူရႈပ္တဲ႕ေနရာေတြငါမျကိဳက္တာမင္းသိသားပဲ။ထမင္းခ်ိဳင့္ထည့္လာတဲ႕
ဟာ အလုပ္ရႈပ္ခံျပီးမလာနဲ႕ေတာ့""

ထက္ျမတ္ကသူ႕ကိုဆိုအကုန္နားလည္ေပး
သည္။ဘာဆိုဘာမွအနိုင္ယူတာမ်ိဳးမရွိ။
ငယ္ငယ္ထဲကခင္မင္လာခဲ႕တဲ႕သူတို႕
နွစ္ေယာက္ဆက္ဆံေရးကသေဘာထားမ
တိုက္ဆိုင္စရာအေျကာင္းမရွိထက္ျမတ္ကလဲ
အေသးအဖြဲကအစသူ႕ကိုအျပစ္ေျပာတာ
မလုပ္ခဲ႕။ခ်စ္သူေတြလိုမ်ိဳးဂရုစိုက္ေပးယု
ယခ်င္ေပမဲ႕ထက္ျမတ္ကအခုထိလက္ေလး
ကိုင္တာကိုေတာင္မေနတတ္ျဖစ္ေနတုန္း။ျပီး
ေတာ့သူ႕ကိုယ္သူအားကိုးနိုင္တဲ႕သူတစ္
ေယာက္လိုလဲျမင္ေစခ်င္ေနေတာ့။

""ေမဂ်ာတူရင္ေကာင္းမွာကြာ။ စိတ္မခ်ဘူး။
japanအမွတ္မမွီတာနီးရက္နဲ႕
ေဝးေနရတယ္""

စိတ္ညစ္သလိုေျပာလိုက္ေတာ့ထက္ျမတ္က
သူ႕စကားကိုသေဘာတက်ရီသည္။

""အပိုေတြေျပာမေနနဲ႕ေတာ့ ။
မင္းလဲကိုယ့္အတန္းကိုယ္သြားေတာ့။
ေနာက္က်ေနမယ္""

""အတူတူသြားမယ္ေလ အတန္းေရွ႕ထိ
လိုက္ပို႕ေပးမယ္""

""ရတယ္…မပို႕နဲ႕ေတာ့""

အသံကခပ္တိုးတိုးျဖစ္ေပမဲ႕ဇြဲခန္႕
အံ႕ျသမႈေျကာင့္ ထက္ျမတ္ကိုေငးျကည့္ေတာ့
ျငိမ္သက္သြားတဲ႕ထက္ျမတ္ကသူ႕
ကိုေသခ်ာစိုက္ျကည့္ေနသည္။

"ငါတို႕နွစ္ေယာက္တတြဲတြဲလုပ္ေနလြန္းလို႕
မင္းလာျကိဳတိုင္းအတန္းထဲကေကာင္မေလး
တစ္ခ်ိဳ႕ငါတို႕ကိုပဲျကည့္ေနတာ။ဘာေတြေျပာ
ေနမွန္းမသိေပမဲ႕ မင္းအတြက္မေကာင္းနိုင္
ဘူး။ငါကသူငယ္ခ်င္းမရွိလို႕ဘယ္သူမွလာ
မစနိုင္ေပမဲ႕မင္းကအေပါင္းအသင္းေတြနဲ႕
ေက်ာင္းမွာသိတဲ႕သူေတြမ်ားတာ။တစ္ခုခု
ေျပာျကရင္မင္းအတြက္မေကာင္းနိုင္ဘူး။
ျပီးေတာ့ငါေက်ာင္းကိုေအးေအးေဆးေဆးပဲ
တက္ခ်င္တယ္""

ခပ္ဖြဖြျပံဳးကာေျပာေနတဲ႕ထက္ျမတ္ကိုဇြဲခန္႕
အားမရျဖစ္ကာထက္ျမတ္ရဲ႕လက္
ကိုခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္။
ျပန္ျကည့္လာတဲ႕မ်က္ဝန္းေတြကျဖဴစင္
လြန္းလို႕ သူကိုယ့္သူေတာင္ငါလုပ္ေနတာ
ေတြမွန္ရဲ႕လားလို႕ေတာင္ထင္မိတယ္။

ငါ့အတြက္ေတြးေပးေနတာထက္ငါကမင္းနဲ႕
ပဲသက္ဆိုင္တယ္ဆိုတာလူေတြသိေအာင္
မေနျပခ်င္ဘူးလားဆိုသည့္ေျပာမည့္စကား
ေတြကအေတြးထဲကေနပဲေပ်ာက္ကြယ္သြားရ
သည္။လူသိမခံနိုင္သည့္ဆက္ဆံေရးကသူ႕
လက္ေတြကိုအားေလ်ွာ့သြားေစသည္။
ထက္ျမတ္ကဘာမွမျဖစ္သလိုျပံဳးျပေနေတာ့
ဇြဲခန္႕ကိုယ့္ကိုကိုယ္သတၱိမရွိသလိုခံစားလာ
ရသည္။

""ငါသြားျပီအခ်ိန္မရွိေတာ့ဘူး။ညေနျပန္ရင္
ေစာင့္ေနေပးေနာ္။ဖုန္းဆက္လိုက္မယ္""

သူဘာမွမေျပာနိုင္ခင္မွာဘဲတံခါးဖြင့္ကာ
ကားေပၚကေနဆင္းသြားတဲ႕ထက္ျမတ္က
လြန္ခဲ႕တဲ႕နွစ္ေတြကလိုမဟုတ္ေတာ့။
japanesemajorအထူးျပဳဒုတိယနွစ္
ေရာက္ေနျပီ ျဖစ္သည့္ထက္ျမတ္အရင္က
ထက္ပိုျပီးရင့္က်က္လာသည္။ျပႆနာတစ္ခုခု
ျဖစ္ရင္လဲအရာရာကိုတည္တည္ျငိမ္ျငိမ္နဲ႕
ေျဖရွင္းတတ္ေနျပီ။

ထက္ျမတ္အနားမွာေနရင္း
တစ္ေန႕ထက္တစ္ေန႕အရြယ္ေရာက္လာတဲ႕
ေကာင္ေလးကိုျကည့္ျပီးျကည္နူးရသည္။
ငယ္ငယ္ထဲကလဲပထမဆံုးစေတြ႕တဲ႕
အခ်ိန္ထဲကညီေလးတစ္ေယာက္
လိုခ်စ္ရသည္။ျကီးလာေတာ့လဲဒီေကာင္
ေလးကိုဘယ္သူ႕လက္ထဲမွအပါမခံနိုင္သည္
အထိခ်စ္ရသည္ေလ။

______

ေန႕လည္အတန္းဆင္းခ်ိန္ကအတန္းထဲမွာ
လူသိပ္မရွိေတာ့ ။အတန္းထဲမွာနွစ္ေယာက
္တြဲ သံုးေယာက္တြဲ စကားေျပာေနတဲ႕
သူေတြနဲ႕။တစ္ေယာက္ထဲျဖစ္ေနေပမဲ႕
အေထြအထူးဘာမွမခံစားရေတာ့။ဒီလိုျဖစ္
ေနတာဘယ္သူနဲ႕မွေရာေရာေနွာေနွာခင္
ခင္မင္မင္မေနတတ္ခဲ႕တဲ႕သူ႕ေျကာင့္ပါပဲ။

ဇြဲခန္႕ကေတာ့အားတိုင္းသူ႕ဆီလာေပးတတ္
ေပမဲ႕ အတန္းခဏလႊတ္တာကိုအခ်ိန္ေပးျပီး
မလာေစခ်င္ေတာ့။တစ္ခါတစ္ေလဆိုသူ႕
သူငယ္ခ်င္းေတြနဲ႕ခ်ိန္းထားေတာင္ဖ်က္ျပီး
သူ႕ေဘးနားမွာလာေနေပးတတ္ေတာ့ အားနာ
ရတဲ႕အထိပဲ။ဘာမွအားငယ္ေနစရာမလိုဘူး။
ေဘးနားမွာဇြဲခန္႕ရွိတယ္။

သူငယ္ခ်င္းမလိုဘူး။
လိုလဲမလိုခ်င္ေတာ့ဘူး။

ထမင္းခ်ိဳင့္ကိုဖြင့္ တစ္ဇြန္း နွစ္ဇြန္းေလာက္
စားလိုက္ျပီးေတာ႕အစားနည္းတာအက်င့္ျဖစ္
ေနတဲ႕အတိုင္းဆက္မစားခ်င္ေတာ့။ေက်ာင္း
တက္တုန္းကေဘးနားကေနထမင္းမကုန္မခ်င္း
ထိုင္ေစာင့္ေပးတတ္တဲ႕သူကိုရုတ္တရက္
အမွတ္ရလာေတာ့ေဒါသနဲ႕ကိုယ့္အေတြးကိုယ္
ေမာင္းထုတ္ျပီးထမင္းခ်ိဳင့္ကိုျမန္ျမန္သိမ္းလိုက္
ရသည္။

ေသာက္ေရးမပါတာေတြ။

--------

""ထက္ျမတ္ ""

အိမ္ထဲဝင္ဝင္ခ်င္းဧည့္ခန္းထဲကေနတင္းမာေနတဲ႕အေမရဲ႕ေခၚသံ။လက္ပိုက္ကာထိုင္လ်က္
သူ႕ကိုျကည့္ေနသည့္အေမ့ကိုထက္ျမတ္
ျပန္မျကည့္ရဲ။ငယ္ငယ္ထဲေနအခုထိအျပစ္မ
လုပ္ထားတာေတာင္ရွိန္ျပီးေျကာက္ေနရဆဲပါ။

""ဒီကိုလာခဲ႕အံုး""

ဧည့္ခန္းထဲေလ်ွာက္သြားကာ
ဆိုဖာေပၚထိုင္ခ်လိုက္ေတာ့
သူ႕ကိုစူးစိုက္ျကည့္ကာ အကဲခတ္ေနတဲ႕
အေမေျကာင့္ထက္ျမတ္ကိုယ္က်ံဳ႕ဝင္သြား
သလိုခံစားေနရသည္။ဒါေပမဲ႕အခုငယ္ငယ္
တုန္းကလိုေျကာက္စိတ္ထက္

""အခုဒါ ဘယ္ကျပန္လာတာလဲ ""

""ေက်ာင္းက… အေမ""

"ေက်ာင္းကဟုတ္လား။မလိမ္နဲ႕ ထက္ျမတ္။
ငါနင့္အေမနင့္ကိုေမြးထားတာ။ဒီအခ်ိန္က
ေက်ာင္းကျပန္လာတဲ႕အခ်ိန္မဟုတ္ဘူး။
ေက်ာင္းမတက္ဘဲဘယ္ေတြေလ်ွာက္သြား
ေနတာလဲ"

အသံခပ္ေအးေအးသာျဖစ္ေသာ္လည္း 
ထက္ျမတ္ တစ္ကိုယ္လံုးတုန္တက္သြား
မတတ္ထိတ္လန္႕သြားသည္။အရွိန္အဝါနဲ႕
အာဏာျပင္းလွေသာအေဖနဲ႕အေမကိုလက္
ေအာက္ငယ္သားေတြမေျပာနွင့္ေဆြေတာ္
မ်ိဳးေတာ္ေတြျကားထဲမွာေတာင္ေမာ္ျကည့္ရဲ
တဲ႕သူမရွိ။

"က်ေနာ္မလိမ္ဘူးအေမ။ ေက်ာင္းကျပန္
လာတာအမွန္ပဲ။ ဒီေန႕အတန္းနဲနဲေစာလႊတ္
လို႕ အျပင္ခဏေလ်ွာက္သြားျပီးျပန္လာတာ"

"ဇြဲခန့္မင္းသူနဲ႕ေလ်ွာက္လည္ေနျပန္ပီမလား
ဟမ္။မင္းတို႕ကငယ္သူငယ္ခ်င္းမို႕လို႕မေျပာ
ခ်င္လို႕ျကည့္ေနတာျကာျပီ။ အိမ္ကကားနဲ႕
အျကိဳအပို႕လုပ္ေပးမယ္ဆိုေတာ့လဲလက္
မခံဘူး။အဲ႕ေကာင္ေလးလာေခၚတိုင္း
မင္းကအျမဲတမ္းပါပါသြားတယ္။သူ႕အေမကို
ဖုန္းဆက္ျပီးေျပာမွျဖစ္ေတာ့မယ္။တစ္ခါတစ္
ေလဆိုျပီးအျပင္ထြက္တာျပီးရင္အတတ္
ေကာင္းေတြတတ္လာမွ"

"ဇြဲခန္႕နဲ႕ဘာမွမဆိုင္ဘူးအေမ။
သားသြားခ်င္လို႕သူလိုက္ပို႕ေပးတာ။
ေျပာခ်င္ရင္သားကိုပဲေျပာပါ"

"တစ္ခါတစ္ေလနဲ႕ေနာက္အက်င့္ပါသြားရင္
ဘယ္လိုလုပ္မလဲ။အခုကေနရာတိုင္းလိုလို
လုယက္မႈေတြျဖစ္ေနတာ။အေမကမင္းကို
စိတ္မခ်လို႕ေျပာေနတာ။ေနာက္ေန႕ေတြ
ညေနေျခာက္နာရီေက်ာ္ရင္အျပင္ထြက္ဖို႕
မစဥ္းစားနဲ႕""

ရွင္းျပခ်င္ေပမဲ႕သူ႕အေမကိုမဝံ႕ရဲစြာသာ
ေခါင္းငံု႕လိုက္ရသည္။အျပင္ထြက္ျပီး
ေသာက္စားမူးရစ္ဆိုးသြမ္းေနတာလဲမဟုတ္
ဘူး။တစ္ျခားေက်ာင္းသားေတြလိုအေပါင္းအ
သင္းမရွိတဲ႕သူကဘယ္ေနရာကိုမွလဲမ်ားမ်ား
စားစားမေရာက္ဖူးဘူး။တစ္ခါတစ္ေလေတာင္
အျပင္ထြက္ခြင့္မရွိအိမ္နဲ႕ေက်ာင္းပဲအသြား
အျပန္လုပ္ေနရေအာင္သူကအခုထိ အရြယ္
မေရာက္ေသးတဲ႕ေကာင္ေလးလား။
ဘာမွလဲထပ္ေျပာခ်င္စိတ္မရွိေတာ့။

""က်ေနာ္ အိမ္ေပၚမွာသြားနားေတာ့မယ္""

""ဒီေန႕လည္ကမစႏၵာလာသြားတယ္။သူ႕
သားနဲ႕သမီးနွစ္ေယာက္လံုးကေဆးေက်ာင္း
တက္ေနတာ။နွစ္ေယာက္လံုးကဘယ္ေလာက္
လိမၼာတယ္ သားနဲ႕သမီးကဆရာဝန္ဆိုေတာ့
အိမ္မွာလူျကီးေတြတစ္ခုခုျဖစ္ရင္စိတ္ပူစရာ
မရွိဘူးေပါ့အမရယ္ဆိုျပီးေတာ႕ေခါင္းေပၚမ
တတ္ရံုတမယ္ဝင္ျကြားသြားတာ။ငါတို႕ထက္
အဆင့္နိမ့္တဲ႕သူေတြကိုမင္းအေမကဘာမွ
ျပန္ေျပာစရာမရွိဘဲဒီအတိုင္းထိုင္ေနရတဲ႕
အျဖစ္။ေဆးအမွတ္မွီေအာင္ေျဖခဲ႕ပါဆိုစာ
မရတာလဲမဟုတ္ဘဲနဲ႕အသံုးမက်တာ။ေဆး
ေက်ာင္းတက္ရင္မင္းအတြက္မိဘကဘယ္
ေလာက္ေတာင္ဂုဏ္ရွိလိုက္မလဲ""

ေျပာသမ်ွကိုေခါင္းငံု႕ကာ ဘာမွျပန္မေျပာတဲ႕
ထက္ျမတ္ကိုျကည့္ရင္းေဒၚေကသီစိတ္
ေလ်ွာ့လိုက္ရသည္။သားတစ္ေယာက္ထဲရွိလို႕
ထူးထူးခ်ြန္ခ်ြန္ျဖစ္ေစခ်င္လို႕ငယ္ငယ္ထဲက
လိုရာကိုပံုသြင္းလာတာ။မိဘရဲ႕အတၱဆိုရင္
ေတာင္ဒါကကိုယ့္ေမြးထားတဲ႕ကိုယ့္သား
ဲအတြက္ပဲ။

""အားလံုးကသားအတြက္ပဲေျပာေနတာသိ
တယ္မလားထက္ျမတ္။အခုသားတတ္ခ်င္တာ
ကိုစိတ္တိုင္းက်ေပးတတ္ထားတာအေလ
လိုက္ဖို႕မစဥ္းစားနဲ႕။မင္းအေဖျပန္လာရင္
အေဖေရွ႕မွာအခ်ိဳးေျပေျပေန။စာကိုေသခ်ာ
လုပ္။သြားေတာ့""

ဒါပါပဲ။စိတ္ဒဏ္ရာရေလာက္တဲ႕အထိေျပာ
ခ်င္တာေျပာျပီိးရင္ေလေျပနဲ႕အခ်ိဳသပ္မယ္။
ငယ္ငယ္တုန္းကလိုျပန္ေခ်ာ့လိုက္ရင္
အေမ့ရင္ခြင္ထဲတိုးမဝင္မိေတာ့။

ျကိဳးပိုးအိတ္ကိုခပ္ျမန္ျမန္ေကာက္လြယ္ကာ
ထက္ျမတ္ဧည့္ခန္းထဲကထြက္လာခဲ႕သည္။

--------

ေလွကားေပၚေျပးတက္လာရင္းအခန္းတံခါး
ပိတ္ကုတင္အိပ္ခ်လိုက္တာေတာင္စိတ္
သက္သာရာမရ။

က်ေနာ္ဆရာဝန္လုပ္ဖို႕ဝါသနာ
မပါဘူးအေမ။ဆရာဝန္လဲမျဖစ္ခ်င္ဘူး။
ေအာင္စရင္းထြက္ကထဲကမွန္းထားသ
ေလာက္မျဖစ္ခဲ႕ေတာ့သူ႕ကိုေန႕ေန႕ညည
ေအာ္ခဲ႕တာ။သားအတြက္ဆိုျပီးလူျကားထဲ
ေဆြမ်ိဳးေတြထဲအေမတို႕ဂုဏ္တက္ခ်င္တိုင္း
သားဘာျဖစ္ခ်င္္လဲဘာလုပ္ခ်င္လဲတစ္ခါ
ေလာက္ေမးခဲ႕ဘူးလား။တင္းျကပ္လာတဲ႕
စိတ္နဲ႕အေမေရွ႕မွာမ်ိဳသိပ္ထားရသမ်ွမ်က္
ရည္ေတြဝဲတက္လာသည္။ငယ္ငယ္ထဲက
စိတ္မခ်ဘူးဆိုျပီးအျပင္သြားရင္တစ္ေယာက္
တည္းေပးမသြားတာ အိမ္ကအလုပ္သမား
ေတြပါမွသြားရတာ။မင္းသားတစ္ပါးလိုမ်ိဳးေန
ခဲ႕ရေပမဲ႕ဘယ္တုန္းကမွမေပ်ာ္ခဲ႕ဘူး။ျကီးလာတဲ႕ထိသူ႕ကိုစိတ္မခ်ဘူးဆိုျပီးလြတ္လပ္ခြင့္
နည္းနည္းေလးေတာင္မေပးနိုင္ျကေသးဘူး
လား။

ဘယ္တုန္းကမွေျပာခ်င္တာကိုဖြင့္မေျပာရ
ဲမ်ိဳသိပ္ထားရသမ်ွကမ်က္ရည္ေတြအျဖစ္စီး
က်လာသည္။

မ်က္ရည္ေတြကိုခပ္ျကမ္းျကမ္းသုတ္ျပစ္ျပီး
ေဒါသေတြကအခန္းနံရံမွာခ်ိတ္ထားတဲ႕ဂီတာ
ဆီေရာက္ရွိသြားသည္။ေဒါသထြက္ရင္တစ္ခု
ထဲေသာစိတ္ေျဖေဖ်ာက္ရာအျဖစ္ပစၥည္းတစ္
ခုခုကိုေကာက္ေပါက္ဖ်က္ဆီးပစ္တတ္သည့္
အက်င့္ကဂီတာကိုနံရံကေနဆြဲယူျပီးရိုက္ခ်ိဳးဖို႕
လက္ျပင္ျပီးျပီ။

လက္ထဲေရာက္လာေသာဂီတာကို
မလႊဲေျမာက္ခင္မွာပဲအသိစိတ္နဲ႕ကိုယ့္
ကိုကိုယ္အသိေပးလိုက္ရသည္။

စိတ္ေလ်ွာ့ထက္ျမတ္။စိတ္ေလ်ွာ့။

အားအင္ခ်ိနဲ႕စြာနဲ႕ဂီတာကိုဆြဲကိုင္ခဲ႕ျပီး
ကုတင္ေပၚကိုယ္တစ္ဝက္လွဲခ်အိပ္ခ်
လိုက္သည္။ေဘးမွာရွိေနတဲ႕ေဆးေရာင္
ေတြျပယ္ေနျပီျဖစ္တဲ႕ဂီတာကိုကိုင္ျကည့္ရင္း
ျကိဳးတစ္ေခ်ာင္းခ်င္းဆီကိုလက္နဲ႕ခပ္ျဖည္းျဖည္းဆြဲကိုင္ေနမိသည္။

နွစ္ျကာသြားျပီေသာေျကာင့္ေဆးေရာင္
ေတြျပယ္ေနျပီျဖစ္သည့္အျပင္ျကိဳးေတြကလဲ
အသံေလ်ွာ့ေနျပီ။ဒီဂီတာကိုဘာလို႕မလႊတ္
ပစ္ပဲသံေယာဇဥ္တြယ္ျပီးအခန္းထဲဒီအတိုင္း
ထားထားမိတာလဲ။သူ႕သခင္ကေတာင္ထပ္
မေတြ႕ခ်င္လို႕သူတီးေနက်ဂီတာအိမ္မွာက်န္
သြားတာခဲ႕တာေတာင္လာျပန္မယူတာပဲ။အဲ႕
ေလာက္ေတာင္ငါ့ကိုမေတြ႕ခ်င္ေတာ့တာလား။
ပစၥည္းေတြသိမ္းေနတဲ႕ေန႕ကစိတ္တိုတိုနဲ႕
ျမန္ျမန္ထြက္သြားလမ္းမွာေတြ႕ရင္ေတာင္
ငါ့ကိုမေခၚလို႕နဲ႕ေအာ္ေျပာခဲ႕မိတာသူ႕ကို
ျပန္ျကည့္လာတဲ႕ေအးစက္စက္အျကည့္
ေတြကိုဘာသာမျပန္တတ္ေပမဲ႕အခုထိ
မွတ္မိေနတုန္းပဲ။

မင္းဘယ္ေတြေရာက္ေနလဲ။
မႏၱေလးမွာေရာရွိေနေသးရဲ႕လား။

ဝမ္းနည္းမႈကဘာမွန္းမသိမ်က္ရည္ေတြကသူ႕အလိုလိုအဆက္မပ်က္က်လာျပန္သည္။
အေမနဲ႕ေအာ္ခံထိရင္အေနာက္မွာဖြက္ျပီးသူ႕
အျပစ္ေတြကိုအစားခံေပးခဲ႕တာ။ဒီလိုအခ်ိန္
ဆိုသူ႕ကိုနွစ္သိမ့္ေပးတတ္တာ။
သူ႕မွာေတာ့သူကအဖက္မလုပ္အနိုင္က်င့္လဲ
ဘာလုပ္လုပ္နားလည္ေပးတတ္တဲ႕သူငယ္ခ်င္း
ရွိတယ္ဆိုျပီးေပ်ာ္ေနခဲ႕တာ။မင္းကေတာ့အဲ႕လို
မဟုတ္ခဲ႕ဘူးပဲ။မင္းကိုအနိုင္ပဲက်င့္ေနတဲ႕ငါ့ကို
သည္းခံေနရရင္းမုန္းေနခဲ႕မွာေပါ့။

အသက္ေတြပဲျကီးလာေပမဲ႕အခုထိမရင့္က်က္
ေသးတာကိုယ္ကိုယ္တိုင္ပဲသိတယ္။အမ်ား
အျမင္မွာရင့္က်က္ေအာင္ေနေနေပမဲ႕တစ္ခုခု
ဆိုရင္ဖြင့္စရာလူမရွိဘူး။ထစ္ကနဲရွိဝမ္းနည္း
တတ္ အားငယ္တတ္တဲ႕ကိုယ့္ကိုကိုယ္ပဲ
တည္ျငိမ္ေအာင္ျကိဳးစားေနေနတယ္။

မ်က္နွာေပၚကလက္က်န္မ်က္ရည္
ေတြကို ခပ္ျကမ္းျကမ္းသုတ္ျပစ္လိုက္တယ္။

ဘာအေျကာင္းနဲ႕မွဝမ္းနည္းေနစရာမရွိဘူး။
သူ႕ေဘးနားမွာသူငယ္ခ်င္းလိုေရာခ်စ္သူလို
ေရာေနေပးေနတဲ႕ဇြဲခန္႕ရွိေနတာပဲ။အေပၚယံ
ေတြမလိုအပ္ဘူး။အစ္ကိုတစ္ေယာက္လိုငယ္
ငယ္ထဲကခ်စ္ေပးခဲ႕တဲ႕ဇြဲ တစ္ေယာက္လံုး
ရွိေနတာဘာေတြကိုေတြးျပီးဝမ္းနည္းေနရအံုးမွာတဲ႕လဲ။စိတ္မပူရေအာင္ကိုယ့္ဆီကအိမ္က
စိတ္ညစ္စရာေတြကိုသူ႕ကိုပါမကူးစက္ေစခ်င္
ေပမဲ႕တစ္ေယာက္ထဲမခံစားနိုင္ေတာ့တဲ႕
အခါက်ရင္အရမ္းစိတ္ေတြမသက္သာျဖစ္
လာတဲ႕အခါျကရင္ေတာ႕ဇြဲကိုပဲရင္ဖြင့္ရမွာပဲ။
ဇြဲ ကသူရဲ႕တစ္ခုတည္းေသာအားကိုးရာပဲ။

အဆင္ေျပေအာင္ေနေနတယ္။ဇြဲကေတာ့
သူ႕ကိုဘယ္ေတာ့မွထားသြားမဟုတ္ဘူးေလ။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode

MUFL(မန ္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်)

မနက်ပိုင်းဆိုကားပိတ်တတ်သည့် ၆၂လမ်းမ
ကMUFLရှေ့ကားရှုပ်နေတဲ့လမ်းမှာကျောင်း
ရောက်ဖို့ဇွဲခန့်စိတ်မရှည်တော့။ကျောင်းဝင်း
ထဲကားဝင်လာတာနဲ့ဆင်းဖို့အဆင့်သင့်ပြင်
နေပြီဖြစ်တဲ့ထက်မြတ်။ဇွဲခန့်ကားပါကင်ထိုးဖို့
နေရာရှာကာဘေးနားကထက်မြတ်ကိုလှမ်း
တားရသည်။

"နေအုံးလေ ဘာလို့ဒီလောက်လောနေလဲ"

"ငါအတန်းနောက်ကျနေပီဒီနေ့tutoရှိတယ်"

ကျောပိုးအိတ်ကိုသေချာပြန်လွယ် ထမင်းချိုင့်
ကောက်ကိုင်နေသောထက်မြတ်ကကျောင်း
တုန်းကပုံစံထက်လူရောစိတ်ပါ
အရွယ်ရောက်ပြီးသားကောင်လေး
တစ်ယောက်လိုပြောင်းလဲသွားပြီ။

""နေ့လည် ကန်တင်းမှာထမင်းစားဖို့
လာခေါ်မယ်""

"မလာနဲ့တော့ ။မင်းတို့အဆောင်နဲ့ ငါ့
အဆောင်ကနီးတယ်ဆိုတော့။နေ့လည်ခဏ
လေးအတန်းဆင်းတဲ့အချိန်နဲ့ ကန်တင်းမှာ
လူကတိုးရအုံးမှာ။လူရှုပ်တဲ့နေရာတွေငါမကြိုက်တာမင်းသိသားပဲ။ထမင်းချိုင့်ထည့်လာတဲ့
ဟာ အလုပ်ရှုပ်ခံပြီးမလာနဲ့တော့""

ထက်မြတ်ကသူ့ကိုဆိုအကုန်နားလည်ပေး
သည်။ဘာဆိုဘာမှအနိုင်ယူတာမျိုးမရှိ။
ငယ်ငယ်ထဲကခင်မင်လာခဲ့တဲ့သူတို့
နှစ်ယောက်ဆက်ဆံရေးကသဘောထားမ
တိုက်ဆိုင်စရာအကြောင်းမရှိထက်မြတ်ကလဲ
အသေးအဖွဲကအစသူ့ကိုအပြစ်ပြောတာ
မလုပ်ခဲ့။ချစ်သူတွေလိုမျိုးဂရုစိုက်ပေးယု
ယချင်ပေမဲ့ထက်မြတ်ကအခုထိလက်လေး
ကိုင်တာကိုတောင်မနေတတ်ဖြစ်နေတုန်း။ပြီး
တော့သူ့ကိုယ်သူအားကိုးနိုင်တဲ့သူတစ်
ယောက်လိုလဲမြင်စေချင်နေတော့။

""မေဂျာတူရင်ကောင်းမှာကွာ။ စိတ်မချဘူး။
japanအမှတ်မမှီတာနီးရက်နဲ့
ဝေးနေရတယ်""

စိတ်ညစ်သလိုပြောလိုက်တော့ထက်မြတ်က
သူ့စကားကိုသဘောတကျရီသည်။

""အပိုတွေပြောမနေနဲ့တော့ ။
မင်းလဲကိုယ့်အတန်းကိုယ်သွားတော့။
နောက်ကျနေမယ်""

""အတူတူသွားမယ်လေ အတန်းရှေ့ထိ
လိုက်ပို့ပေးမယ်""

""ရတယ်…မပို့နဲ့တော့""

အသံကခပ်တိုးတိုးဖြစ်ပေမဲ့ဇွဲခန့်
အံ့သြမှုကြောင့် ထက်မြတ်ကိုငေးကြည့်တော့
ငြိမ်သက်သွားတဲ့ထက်မြတ်ကသူ့
ကိုသေချာစိုက်ကြည့်နေသည်။

"ငါတို့နှစ်ယောက်တတွဲတွဲလုပ်နေလွန်းလို့
မင်းလာကြိုတိုင်းအတန်းထဲကကောင်မလေး
တစ်ချို့ငါတို့ကိုပဲကြည့်နေတာ။ဘာတွေပြော
နေမှန်းမသိပေမဲ့ မင်းအတွက်မကောင်းနိုင်
ဘူး။ငါကသူငယ်ချင်းမရှိလို့ဘယ်သူမှလာ
မစနိုင်ပေမဲ့မင်းကအပေါင်းအသင်းတွေနဲ့
ကျောင်းမှာသိတဲ့သူတွေများတာ။တစ်ခုခု
ပြောကြရင်မင်းအတွက်မကောင်းနိုင်ဘူး။
ပြီးတော့ငါကျောင်းကိုအေးအေးဆေးဆေးပဲ
တက်ချင်တယ်""

ခပ်ဖွဖွပြုံးကာပြောနေတဲ့ထက်မြတ်ကိုဇွဲခန့်
အားမရဖြစ်ကာထက်မြတ်ရဲ့လက်
ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
ပြန်ကြည့်လာတဲ့မျက်ဝန်းတွေကဖြူစင်
လွန်းလို့ သူကိုယ့်သူတောင်ငါလုပ်နေတာ
တွေမှန်ရဲ့လားလို့တောင်ထင်မိတယ်။

ငါ့အတွက်တွေးပေးနေတာထက်ငါကမင်းနဲ့
ပဲသက်ဆိုင်တယ်ဆိုတာလူတွေသိအောင်
မနေပြချင်ဘူးလားဆိုသည့်ပြောမည့်စကား
တွေကအတွေးထဲကနေပဲပျောက်ကွယ်သွားရ
သည်။လူသိမခံနိုင်သည့်ဆက်ဆံရေးကသူ့
လက်တွေကိုအားလျှော့သွားစေသည်။
ထက်မြတ်ကဘာမှမဖြစ်သလိုပြုံးပြနေတော့
ဇွဲခန့်ကိုယ့်ကိုကိုယ်သတ္တိမရှိသလိုခံစားလာ
ရသည်။

""ငါသွားပြီအချိန်မရှိတော့ဘူး။ညနေပြန်ရင်
စောင့်နေပေးနော်။ဖုန်းဆက်လိုက်မယ်""

သူဘာမှမပြောနိုင်ခင်မှာဘဲတံခါးဖွင့်ကာ
ကားပေါ်ကနေဆင်းသွားတဲ့ထက်မြတ်က
လွန်ခဲ့တဲ့နှစ်တွေကလိုမဟုတ်တော့။
japanesemajorအထူးပြုဒုတိယနှစ်
ရောက်နေပြီ ဖြစ်သည့်ထက်မြတ်အရင်က
ထက်ပိုပြီးရင့်ကျက်လာသည်။ပြဿနာတစ်ခုခု
ဖြစ်ရင်လဲအရာရာကိုတည်တည်ငြိမ်ငြိမ်နဲ့
ဖြေရှင်းတတ်နေပြီ။

ထက်မြတ်အနားမှာနေရင်း
တစ်နေ့ထက်တစ်နေ့အရွယ်ရောက်လာတဲ့
ကောင်လေးကိုကြည့်ပြီးကြည်နူးရသည်။
ငယ်ငယ်ထဲကလဲပထမဆုံးစတွေ့တဲ့
အချိန်ထဲကညီလေးတစ်ယောက်
လိုချစ်ရသည်။ကြီးလာတော့လဲဒီကောင်
လေးကိုဘယ်သူ့လက်ထဲမှအပါမခံနိုင်သည်
အထိချစ်ရသည်လေ။

______

နေ့လည်အတန်းဆင်းချိန်ကအတန်းထဲမှာ
လူသိပ်မရှိတော့ ။အတန်းထဲမှာနှစ်ယောက
်တွဲ သုံးယောက်တွဲ စကားပြောနေတဲ့
သူတွေနဲ့။တစ်ယောက်ထဲဖြစ်နေပေမဲ့
အထွေအထူးဘာမှမခံစားရတော့။ဒီလိုဖြစ်
နေတာဘယ်သူနဲ့မှရောရောနှောနှောခင်
ခင်မင်မင်မနေတတ်ခဲ့တဲ့သူ့ကြောင့်ပါပဲ။

ဇွဲခန့်ကတော့အားတိုင်းသူ့ဆီလာပေးတတ်
ပေမဲ့ အတန်းခဏလွှတ်တာကိုအချိန်ပေးပြီး
မလာစေချင်တော့။တစ်ခါတစ်လေဆိုသူ့
သူငယ်ချင်းတွေနဲ့ချိန်းထားတောင်ဖျက်ပြီး
သူ့ဘေးနားမှာလာနေပေးတတ်တော့ အားနာ
ရတဲ့အထိပဲ။ဘာမှအားငယ်နေစရာမလိုဘူး။
ဘေးနားမှာဇွဲခန့်ရှိတယ်။

သူငယ်ချင်းမလိုဘူး။
လိုလဲမလိုချင်တော့ဘူး။

ထမင်းချိုင့်ကိုဖွင့် တစ်ဇွန်း နှစ်ဇွန်းလောက်
စားလိုက်ပြီးတော့အစားနည်းတာအကျင့်ဖြစ်
နေတဲ့အတိုင်းဆက်မစားချင်တော့။ကျောင်း
တက်တုန်းကဘေးနားကနေထမင်းမကုန်မချင်း
ထိုင်စောင့်ပေးတတ်တဲ့သူကိုရုတ်တရက်
အမှတ်ရလာတော့ဒေါသနဲ့ကိုယ့်အတွေးကိုယ်
မောင်းထုတ်ပြီးထမင်းချိုင့်ကိုမြန်မြန်သိမ်းလိုက်
ရသည်။

သောက်ရေးမပါတာတွေ။

--------

""ထက်မြတ် ""

အိမ်ထဲဝင်ဝင်ချင်းဧည့်ခန်းထဲကနေတင်းမာနေတဲ့အမေရဲ့ခေါ်သံ။လက်ပိုက်ကာထိုင်လျက်
သူ့ကိုကြည့်နေသည့်အမေ့ကိုထက်မြတ်
ပြန်မကြည့်ရဲ။ငယ်ငယ်ထဲနေအခုထိအပြစ်မ
လုပ်ထားတာတောင်ရှိန်ပြီးကြောက်နေရဆဲပါ။

""ဒီကိုလာခဲ့အုံး""

ဧည့်ခန်းထဲလျှောက်သွားကာ
ဆိုဖာပေါ်ထိုင်ချလိုက်တော့
သူ့ကိုစူးစိုက်ကြည့်ကာ အကဲခတ်နေတဲ့
အမေကြောင့်ထက်မြတ်ကိုယ်ကျုံ့ဝင်သွား
သလိုခံစားနေရသည်။ဒါပေမဲ့အခုငယ်ငယ်
တုန်းကလိုကြောက်စိတ်ထက်

""အခုဒါ ဘယ်ကပြန်လာတာလဲ ""

""ကျောင်းက… အမေ""

"ကျောင်းကဟုတ်လား။မလိမ်နဲ့ ထက်မြတ်။
ငါနင့်အမေနင့်ကိုမွေးထားတာ။ဒီအချိန်က
ကျောင်းကပြန်လာတဲ့အချိန်မဟုတ်ဘူး။
ကျောင်းမတက်ဘဲဘယ်တွေလျှောက်သွား
နေတာလဲ"

အသံခပ်အေးအေးသာဖြစ်သော်လည်း 
ထက်မြတ် တစ်ကိုယ်လုံးတုန်တက်သွား
မတတ်ထိတ်လန့်သွားသည်။အရှိန်အဝါနဲ့
အာဏာပြင်းလှသောအဖေနဲ့အမေကိုလက်
အောက်ငယ်သားတွေမပြောနှင့်ဆွေတော်
မျိုးတော်တွေကြားထဲမှာတောင်မော်ကြည့်ရဲ
တဲ့သူမရှိ။

"ကျနော်မလိမ်ဘူးအမေ။ ကျောင်းကပြန်
လာတာအမှန်ပဲ။ ဒီနေ့အတန်းနဲနဲစောလွှတ်
လို့ အပြင်ခဏလျှောက်သွားပြီးပြန်လာတာ"

"ဇွဲခန့်မင်းသူနဲ့လျှောက်လည်နေပြန်ပီမလား
ဟမ်။မင်းတို့ကငယ်သူငယ်ချင်းမို့လို့မပြော
ချင်လို့ကြည့်နေတာကြာပြီ။ အိမ်ကကားနဲ့
အကြိုအပို့လုပ်ပေးမယ်ဆိုတော့လဲလက်
မခံဘူး။အဲ့ကောင်လေးလာခေါ်တိုင်း
မင်းကအမြဲတမ်းပါပါသွားတယ်။သူ့အမေကို
ဖုန်းဆက်ပြီးပြောမှဖြစ်တော့မယ်။တစ်ခါတစ်
လေဆိုပြီးအပြင်ထွက်တာပြီးရင်အတတ်
ကောင်းတွေတတ်လာမှ"

"ဇွဲခန့်နဲ့ဘာမှမဆိုင်ဘူးအမေ။
သားသွားချင်လို့သူလိုက်ပို့ပေးတာ။
ပြောချင်ရင်သားကိုပဲပြောပါ"

"တစ်ခါတစ်လေနဲ့နောက်အကျင့်ပါသွားရင်
ဘယ်လိုလုပ်မလဲ။အခုကနေရာတိုင်းလိုလို
လုယက်မှုတွေဖြစ်နေတာ။အမေကမင်းကို
စိတ်မချလို့ပြောနေတာ။နောက်နေ့တွေ
ညနေခြောက်နာရီကျော်ရင်အပြင်ထွက်ဖို့
မစဉ်းစားနဲ့""

ရှင်းပြချင်ပေမဲ့သူ့အမေကိုမဝံ့ရဲစွာသာ
ခေါင်းငုံ့လိုက်ရသည်။အပြင်ထွက်ပြီး
သောက်စားမူးရစ်ဆိုးသွမ်းနေတာလဲမဟုတ်
ဘူး။တစ်ခြားကျောင်းသားတွေလိုအပေါင်းအ
သင်းမရှိတဲ့သူကဘယ်နေရာကိုမှလဲများများ
စားစားမရောက်ဖူးဘူး။တစ်ခါတစ်လေတောင်
အပြင်ထွက်ခွင့်မရှိအိမ်နဲ့ကျောင်းပဲအသွား
အပြန်လုပ်နေရအောင်သူကအခုထိ အရွယ်
မရောက်သေးတဲ့ကောင်လေးလား။
ဘာမှလဲထပ်ပြောချင်စိတ်မရှိတော့။

""ကျနော် အိမ်ပေါ်မှာသွားနားတော့မယ်""

""ဒီနေ့လည်ကမစန္ဒာလာသွားတယ်။သူ့
သားနဲ့သမီးနှစ်ယောက်လုံးကဆေးကျောင်း
တက်နေတာ။နှစ်ယောက်လုံးကဘယ်လောက်
လိမ္မာတယ် သားနဲ့သမီးကဆရာဝန်ဆိုတော့
အိမ်မှာလူကြီးတွေတစ်ခုခုဖြစ်ရင်စိတ်ပူစရာ
မရှိဘူးပေါ့အမရယ်ဆိုပြီးတော့ခေါင်းပေါ်မ
တတ်ရုံတမယ်ဝင်ကြွားသွားတာ။ငါတို့ထက်
အဆင့်နိမ့်တဲ့သူတွေကိုမင်းအမေကဘာမှ
ပြန်ပြောစရာမရှိဘဲဒီအတိုင်းထိုင်နေရတဲ့
အဖြစ်။ဆေးအမှတ်မှီအောင်ဖြေခဲ့ပါဆိုစာ
မရတာလဲမဟုတ်ဘဲနဲ့အသုံးမကျတာ။ဆေး
ကျောင်းတက်ရင်မင်းအတွက်မိဘကဘယ်
လောက်တောင်ဂုဏ်ရှိလိုက်မလဲ""

ပြောသမျှကိုခေါင်းငုံ့ကာ ဘာမှပြန်မပြောတဲ့
ထက်မြတ်ကိုကြည့်ရင်းဒေါ်ကေသီစိတ်
လျှော့လိုက်ရသည်။သားတစ်ယောက်ထဲရှိလို့
ထူးထူးချွန်ချွန်ဖြစ်စေချင်လို့ငယ်ငယ်ထဲက
လိုရာကိုပုံသွင်းလာတာ။မိဘရဲ့အတ္တဆိုရင်
တောင်ဒါကကိုယ့်မွေးထားတဲ့ကိုယ့်သား
ဲအတွက်ပဲ။

""အားလုံးကသားအတွက်ပဲပြောနေတာသိ
တယ်မလားထက်မြတ်။အခုသားတတ်ချင်တာ
ကိုစိတ်တိုင်းကျပေးတတ်ထားတာအလေ
လိုက်ဖို့မစဉ်းစားနဲ့။မင်းအဖေပြန်လာရင်
အဖေရှေ့မှာအချိုးပြေပြေနေ။စာကိုသေချာ
လုပ်။သွားတော့""

ဒါပါပဲ။စိတ်ဒဏ်ရာရလောက်တဲ့အထိပြော
ချင်တာပြောပြီးရင်လေပြေနဲ့အချိုသပ်မယ်။
ငယ်ငယ်တုန်းကလိုပြန်ချော့လိုက်ရင်
အမေ့ရင်ခွင်ထဲတိုးမဝင်မိတော့။

ကြိုးပိုးအိတ်ကိုခပ်မြန်မြန်ကောက်လွယ်ကာ
ထက်မြတ်ဧည့်ခန်းထဲကထွက်လာခဲ့သည်။

--------

လှေကားပေါ်ပြေးတက်လာရင်းအခန်းတံခါး
ပိတ်ကုတင်အိပ်ချလိုက်တာတောင်စိတ်
သက်သာရာမရ။

ကျနော်ဆရာဝန်လုပ်ဖို့ဝါသနာ
မပါဘူးအမေ။ဆရာဝန်လဲမဖြစ်ချင်ဘူး။
အောင်စရင်းထွက်ကထဲကမှန်းထားသ
လောက်မဖြစ်ခဲ့တော့သူ့ကိုနေ့နေ့ညည
အော်ခဲ့တာ။သားအတွက်ဆိုပြီးလူကြားထဲ
ဆွေမျိုးတွေထဲအမေတို့ဂုဏ်တက်ချင်တိုင်း
သားဘာဖြစ်ချင်လဲဘာလုပ်ချင်လဲတစ်ခါ
လောက်မေးခဲ့ဘူးလား။တင်းကြပ်လာတဲ့
စိတ်နဲ့အမေရှေ့မှာမျိုသိပ်ထားရသမျှမျက်
ရည်တွေဝဲတက်လာသည်။ငယ်ငယ်ထဲက
စိတ်မချဘူးဆိုပြီးအပြင်သွားရင်တစ်ယောက်
တည်းပေးမသွားတာ အိမ်ကအလုပ်သမား
တွေပါမှသွားရတာ။မင်းသားတစ်ပါးလိုမျိုးနေ
ခဲ့ရပေမဲ့ဘယ်တုန်းကမှမပျော်ခဲ့ဘူး။ကြီးလာတဲ့ထိသူ့ကိုစိတ်မချဘူးဆိုပြီးလွတ်လပ်ခွင့်
နည်းနည်းလေးတောင်မပေးနိုင်ကြသေးဘူး
လား။

ဘယ်တုန်းကမှပြောချင်တာကိုဖွင့်မပြောရ
ဲမျိုသိပ်ထားရသမျှကမျက်ရည်တွေအဖြစ်စီး
ကျလာသည်။

မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်ပြစ်ပြီး
ဒေါသတွေကအခန်းနံရံမှာချိတ်ထားတဲ့ဂီတာ
ဆီရောက်ရှိသွားသည်။ဒေါသထွက်ရင်တစ်ခု
ထဲသောစိတ်ဖြေဖျောက်ရာအဖြစ်ပစ္စည်းတစ်
ခုခုကိုကောက်ပေါက်ဖျက်ဆီးပစ်တတ်သည့်
အကျင့်ကဂီတာကိုနံရံကနေဆွဲယူပြီးရိုက်ချိုးဖို့
လက်ပြင်ပြီးပြီ။

လက်ထဲရောက်လာသောဂီတာကို
မလွှဲမြောက်ခင်မှာပဲအသိစိတ်နဲ့ကိုယ့်
ကိုကိုယ်အသိပေးလိုက်ရသည်။

စိတ်လျှော့ထက်မြတ်။စိတ်လျှော့။

အားအင်ချိနဲ့စွာနဲ့ဂီတာကိုဆွဲကိုင်ခဲ့ပြီး
ကုတင်ပေါ်ကိုယ်တစ်ဝက်လှဲချအိပ်ချ
လိုက်သည်။ဘေးမှာရှိနေတဲ့ဆေးရောင်
တွေပြယ်နေပြီဖြစ်တဲ့ဂီတာကိုကိုင်ကြည့်ရင်း
ကြိုးတစ်ချောင်းချင်းဆီကိုလက်နဲ့ခပ်ဖြည်းဖြည်းဆွဲကိုင်နေမိသည်။

နှစ်ကြာသွားပြီသောကြောင့်ဆေးရောင်
တွေပြယ်နေပြီဖြစ်သည့်အပြင်ကြိုးတွေကလဲ
အသံလျှော့နေပြီ။ဒီဂီတာကိုဘာလို့မလွှတ်
ပစ်ပဲသံယောဇဉ်တွယ်ပြီးအခန်းထဲဒီအတိုင်း
ထားထားမိတာလဲ။သူ့သခင်ကတောင်ထပ်
မတွေ့ချင်လို့သူတီးနေကျဂီတာအိမ်မှာကျန်
သွားတာခဲ့တာတောင်လာပြန်မယူတာပဲ။အဲ့
လောက်တောင်ငါ့ကိုမတွေ့ချင်တော့တာလား။
ပစ္စည်းတွေသိမ်းနေတဲ့နေ့ကစိတ်တိုတိုနဲ့
မြန်မြန်ထွက်သွားလမ်းမှာတွေ့ရင်တောင်
ငါ့ကိုမခေါ်လို့နဲ့အော်ပြောခဲ့မိတာသူ့ကို
ပြန်ကြည့်လာတဲ့အေးစက်စက်အကြည့်
တွေကိုဘာသာမပြန်တတ်ပေမဲ့အခုထိ
မှတ်မိနေတုန်းပဲ။

မင်းဘယ်တွေရောက်နေလဲ။
မန္တလေးမှာရောရှိနေသေးရဲ့လား။

ဝမ်းနည်းမှုကဘာမှန်းမသိမျက်ရည်တွေကသူ့အလိုလိုအဆက်မပျက်ကျလာပြန်သည်။
အမေနဲ့အော်ခံထိရင်အနောက်မှာဖွက်ပြီးသူ့
အပြစ်တွေကိုအစားခံပေးခဲ့တာ။ဒီလိုအချိန်
ဆိုသူ့ကိုနှစ်သိမ့်ပေးတတ်တာ။
သူ့မှာတော့သူကအဖက်မလုပ်အနိုင်ကျင့်လဲ
ဘာလုပ်လုပ်နားလည်ပေးတတ်တဲ့သူငယ်ချင်း
ရှိတယ်ဆိုပြီးပျော်နေခဲ့တာ။မင်းကတော့အဲ့လို
မဟုတ်ခဲ့ဘူးပဲ။မင်းကိုအနိုင်ပဲကျင့်နေတဲ့ငါ့ကို
သည်းခံနေရရင်းမုန်းနေခဲ့မှာပေါ့။

အသက်တွေပဲကြီးလာပေမဲ့အခုထိမရင့်ကျက်
သေးတာကိုယ်ကိုယ်တိုင်ပဲသိတယ်။အများ
အမြင်မှာရင့်ကျက်အောင်နေနေပေမဲ့တစ်ခုခု
ဆိုရင်ဖွင့်စရာလူမရှိဘူး။ထစ်ကနဲရှိဝမ်းနည်း
တတ် အားငယ်တတ်တဲ့ကိုယ့်ကိုကိုယ်ပဲ
တည်ငြိမ်အောင်ကြိုးစားနေနေတယ်။

မျက်နှာပေါ်ကလက်ကျန်မျက်ရည်
တွေကို ခပ်ကြမ်းကြမ်းသုတ်ပြစ်လိုက်တယ်။

ဘာအကြောင်းနဲ့မှဝမ်းနည်းနေစရာမရှိဘူး။
သူ့ဘေးနားမှာသူငယ်ချင်းလိုရောချစ်သူလို
ရောနေပေးနေတဲ့ဇွဲခန့်ရှိနေတာပဲ။အပေါ်ယံ
တွေမလိုအပ်ဘူး။အစ်ကိုတစ်ယောက်လိုငယ်
ငယ်ထဲကချစ်ပေးခဲ့တဲ့ဇွဲ တစ်ယောက်လုံး
ရှိနေတာဘာတွေကိုတွေးပြီးဝမ်းနည်းနေရအုံးမှာတဲ့လဲ။စိတ်မပူရအောင်ကိုယ့်ဆီကအိမ်က
စိတ်ညစ်စရာတွေကိုသူ့ကိုပါမကူးစက်စေချင်
ပေမဲ့တစ်ယောက်ထဲမခံစားနိုင်တော့တဲ့
အခါကျရင်အရမ်းစိတ်တွေမသက်သာဖြစ်
လာတဲ့အခါကြရင်တော့ဇွဲကိုပဲရင်ဖွင့်ရမှာပဲ။
ဇွဲ ကသူရဲ့တစ်ခုတည်းသောအားကိုးရာပဲ။

အဆင်ပြေအောင်နေနေတယ်။ဇွဲကတော့
သူ့ကိုဘယ်တော့မှထားသွားမဟုတ်ဘူးလေ။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••




Continue Reading

You'll Also Like

1.2M 64.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
336K 35.1K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
472K 40.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ