တိမ်တိုက်၌ဖြစ်တည်သော

By Aelennar

1.4M 113K 5.6K

​​လောကရဲ့နိယာမ ဘယ်အရာမှမတည်မြဲခဲ့​ပေမဲ့...... More

Intro
Story
အပိုင္း(၁)
အပိုင္း(၂)
အပိုင္း(၃)
အပိုင္း(၄)
အပိုင္း(၅)
အပိုင္း(၆)
အပိုင္း(၇)
အပိုင္း(၈)
အပိုင္း(၉)
အပိုင္း(၁၀)
အပိုင္း(၁၁)
အပိုင္း(၁၂)
အပိုင္း(၁၃)
အပိုင္း(၁၄)
အပိုင္း(၁၆)
အပိုင္း(၁၇)
အပိုင္း(၁၈)
အပိုင္း(၁၉)
အပိုင္း(၂၀)
အပိုင္း(၂၁)
အပိုင္း(၂၂)
အပိုင္း(၂၃)
အပိုင္း(၂၄)
အပိုင္း(၂၅)
အပိုင္း(၂၆)
အပိုင္း(၂၇)
အပိုင္း(၂၈)
အပိုင္း(၂၉)
အပိုင္း(၃၀)
အပိုင္း(၃၁)
အပိုင္း(၃၂)
အပိုင္း(၃၃)
အပိုင္း(၃၄)
အပိုင္း(၃၅)
အပိုင္း(၃၆)
အပိုင္း(၃၇)
အပိုင္း(၃၈)
အပိုင္း(၃၉)
အပိုင္း(၄၀)
အပိုင္း(၄၁)
အပိုင္း(၄၂)
အပိုင္း(၄၃)
အပိုင္း(၄၄)
အပိုင္း(၄၅)
အပိုင္း(၄၆)
အပိုင္း(၄၇)
အပိုင္း(၄၈)
အပိုင္း(၄၉)
(ဇာတ္သိမ္းပိုင္း)
တိမ္တိုက္၌ျဖစ္တည္ေသာ
Extra-1
Extra-2
Extra-3
Extra-4
Extra-5

အပိုင္း(၁၅)

17.9K 1.8K 166
By Aelennar

ေက်ာင္းသြားဖို႕ကိုေတာ္ေတာ္ျကာမွအိမ္ထဲက
ထြက္လာျပီးရပ္ေစာင့္ေနေသာသူ႕ေရွ႕
လြယ္အိတ္ကိုမနိုင္တစ္နိုင္ပံုစံသယ္ျပလာ
သည္။လုပ္ေနျကအရာတစ္ခုလိုလႊဲေျပာင္းယူ
ေပးလိုက္ေတာ့ ေက်နပ္သြားတဲ႕အျပံဳးက
အရာအားလံုးကိုလိုက္ေလ်ာေပးေစနိုင္သည္။

"သြားမယ္ေဟ်ာင့္ ေက်ာင္းေနာက္က်မယ္"

ေဘးကေနသူ႕လြယ္အိတ္ကိုလြယ္ေပးျပီး
စက္ဘီးကိုျငိမ္သက္စြာတြန္းလာကာ
ဘာမွမေျပာသည့္ေတဇကိုျကည့္ရင္း
ထက္ျမတ္ေနရခက္ေနသည္။

""မင္းငါ့ကိုစိတ္ဆိုးေနတုန္းလား""

ေဘးတိုက္အေနအထားနဲ႕ေတဇပံုစံက
တည္ျငိမ္လြန္းေနသည္။ေျဖးညွင္းစြာေခါင္း
ကိုိုခါလိုက္ပံုကအရာရာကိုနားလည္ေပးထား
သည့္သူတစ္ေယာက္ဟန္။

တစ္ကယ္ပါပဲရြယ္တူခ်င္းအတူတူဒီေကာင္္ကိုက
ရင့္က်က္ေနတဲ႕ပံုစံနဲ႕။

"ငါ့ေျကာင့္စိတ္ရႈပ္မခံနဲ႕… ငါဘာမွမျဖစ္ဘူး"

"မင္းေျကာင့္ငါကစိတ္ရႈပ္ရမယ္… ေဝးေသး
ငါ့အျပစ္ျဖစ္ေနမွာဆိုးလို႕ေမးတာ…
ရာရာစစငါကမ်ားမင္းေျကာင့္စိတ္ရႈပ္ရမယ္
လို႕…မင္းအေျကာင္းေခါင္းထဲမွာကိုမရွိတာ"

""အင္းပါ…မင္းမေျပာလဲငါသိတယ္""

အသံ ခပ္တိုးတိုးနဲ႕ျပန္ေျဖပံုက အရာရာကို
အေလ်ာ့ေပးထားျပီးမသိရင္သူကပဲဆိုးသြမ္း
ေနသည့္သူတစ္ေယာက္နွယ္။အရင္လိုျပန္
မစဘဲ ျငိမ္သက္လြန္းေနသည္။

"ဒါနဲ႕မင္း ျမပုလဲသြယ္ကိုေတာ္ေတာ္ခ်စ္ပံုပဲ
ေနာ္…ငါ့ကိုေျပာေတာ့သူငယ္ခ်င္းေလးဘာ
ေလးနဲ႕။ငါနဲ႕အတူတူျပန္လာေနရင္းကခ်က္ခ်င္း
ေျပးသြားျပီးအေရွ႕ကေနကာကြယ္ေနလိုက္
တာမ်ား။ငါ့က္ုမင္းတစ္ေယာက္ထဲထားခဲ႕လို႕
ပိုျပီးေဒါသထြက္သြားတာ"

""ဘာ""

့ဟုတ္တယ္မလားဆိုသည့္
မ်က္နွာေပးနွင့္ျပံဳးရယ္ေနဟန္။
လြဲတာမွဘယ္
ေနရာကစလြဲလဲဆိုတာ မသိေတာ့။
ေျဖရွင္းခ်က္ေပးမည့္အေတြးက
မင္းဝန္ခံလိုက္ေတာ့ဆိုသည့္စကားလံုး
ေတြေနာက္ေပ်ာက္ကြယ္သြားရသည္။

ပကတိျဖဴစင္တဲ႕အျကည့္နဲ႕မ်က္ဝန္းေတြ
အတိုင္းအမရွိအခုန္ျမန္လာတဲ႕
ရင္ခုန္သံေနာက္။

"ဟုတ္တယ္ကြာ… ခ်စ္တယ္ အရမ္းခ်စ္တယ္
ေျပာမျပတတ္ေအာင္ခ်စ္တယ္ "

မင္းကို လို႕ဆက္မေျပာမိေအာင္အသိစိတ္နဲ႕
မနဲထိန္းရင္းထက္ျမတ္ကိုစိုက္ျကည့္ကာ
တစ္လံုးခ်င္းဆီေျပာထြက္နိုင္ဖို႕မနဲျကိဳးစား
လိုက္ရသည္။ဘယ္ကေနသတၱိေတြရလာလဲ
မသိေပမဲ႕တစ္စကၠန္႕မွအျကည့္မလႊဲပဲ
တည္ျငိမ္စြာေျပာလိုက္ပီးေနာက္အေရွ႕
ကေကာင္ေလးကေတာ့သူ႕ကိုရည္ရြယ္ျပီး
ေျပာေနသည္ဆိုတာသိဖို႕ေနေနသာသာ
တစ္ခြီးခြီးရယ္ေနသည္။

""ေတြ႕လား …ငါမွန္းရင္မလြဲပါဘူးဆို ""

သက္ျပင္းတစ္ခုသာအသာခ်လိုက္ေတာ့သည္။
မေန႕ကအထိခ်ဳပ္ထိန္းထားသမ်ွသူ႕ရဲ႕ေဒါသ
ေတြကအခုမွထြက္လာေတာ့မည္။ အရယ္
မရပ္ေသးတဲ႕ေကာင္ေလးကို
အေနာက္မွာထားကာစက္ဘီးကိုျမန္ျမန္တြန္းလ်က္ျခံအျပင္ထြက္လာလိုက္သည္။
ငါ့ခံစားခ်က္ကိုအေလးထားျပီးသိရေလာက္
ေအာင္အထိမင္းအတြက္အေရးမပါေပမဲ႕
ငါကေတာ့မင္းဆီမွာအရာအားလံုးပံုအပ္ထားခဲ႕
တာ။

""ေဟ်ာင့္ ငါ့ကိုေစာင့္အံုးေလ""

အေရွ႕ကေနခပ္သြက္သြက္သြားေနရာကရပ္
ေစာင့္ေပးလိုက္ေတာ့အေနာက္ကလိုက္လာျပီး
ေဘးခ်င္းကပ္လ်က္ခပ္သဲ႕သဲ႕ျပံဳးျပသည္။
ပကတိျဖဴစင္လြန္းေနတဲ႕အျပံဳးေတြ။
ငါ့ကိုယ္ငါရူးသြပ္လြန္းေနျပီဆိုတာသိေပမဲ႕
မင္းျဖစ္ေနေတာ့လဲ။

နွစ္ေယာက္လံုးအိမ္အျပင္ဘက္ထြက္လာ
တုန္းျခံေရွ႕မွာလာရပ္တဲ႕ဆိုင္ကယ္တစ္စီး။
အေနာက္မွထိုင္ေနတဲ႕လူျကီးကဆင္းလာကာ
သူတို႕အေရွ႕မွာလာရပ္သည္။

""ဟိန္းေတဇပိုင္"'"

မေတြ႕တာျကာျပီ ျဖစ္ေသာ
အေဖကိုဒီမာရုတ္တရက္ေတြ႕
လိုက္ရတာ

"""အေဖ """

ေဒါသထြက္သလိုျကည့္ေနျပီး
ထက္ျမတ္ကိုပါစူးစမ္းသလိုျကည့္ေနေတာ့
လူေျကာက္တတ္တဲ႕ေကာင္ေလးတစ္
ေယာက္ကအေနာက္မွာခ်က္ခ်င္းလာ
ဝင္ပုန္းသည္။သူစိမ္းေတြဆိုရင္အရမ္း
ေျကာက္တဲ႕ေကာင္ေလးကိုအေနာက္လွည့္ျကည့္
ျပီးဘာမွမျဖစ္ဘူးဆ္ုတဲ႕သေဘာျပဲဳးျပလိုက္ရသည္။ေမာ့ျကည့္လာတဲ႕မ်က္ဝန္းေလးေတြက
ေျကာက္ေနတာအသိသာ။

"မင္းအခုခ်က္ခ်င္းအိမ္ျပန္လာခဲ႕
ဟိန္းေတဇပိုင္"

အသံကသိပ္မက်ယ္ေပမဲ႕ မာေနသည္။
တစ္ခြန္းထဲသာေျပာျပီး
ဆိုင္ကယ္ေပၚတက္ကာထြက္သြားတဲ႕
သူ႕အေဖကိုေငးျကည့္ျပီး
ျငိမ္ျငိမ္သက္သက္ရပ္ေနမိတယ္။

"အဲ႕တာမင္းအေဖ လား ။
ဘာျဖစ္လို႕လာေခၚတာလဲ"

"ထက္…ငါအိမ္ျပန္မွျဖစ္မယ္။မင္းအေမကို
ိုေျပာေပးေနာ္…အရင္ေက်ာင္းသြားလိုက္
ေနာက္မွငါလာခဲ႕မယ္ "

"ငါက တစ္ေယာက္ထဲ ေက်ာင္းသြားရမွာလား
ေနာက္မွျပန္လို႕မရဘူးလား"

အလိုမက်စြာေျပာေနပံုက ခဏေလးမွ
မခြဲခ်င္ေအာင္သူ႕စိတ္ကိုမတင္မက်ျဖစ္ေစ
သည္။ဒါေပမဲ႕ အေရးျကီးေနပံုရတဲ႕သူ႕အေဖ။

"မျပန္လို႕မျဖစ္လို႕ပါ…လိမၼာတယ္။
ေက်ာင္းသြားေနာ္ အိမ္ကကားနဲ႕ပဲသြား
လိုက္ေတာ့"

လြယ္ေပးထားသည့္လြယ္အိတ္ကို
လက္ထဲျပန္ထည့္ေပးကာစက္ဘီးေပၚတက္ထြက္သြားရန္ျပင္ေတာ့ျကည့္ေနသည့္မ်က္ဝန္း
တစ္စံုကသူ႕စိတ္ကိုေလးလံေစသည္။

""ဟိန္းပိုင္ ""

ကမ္းေပးလိုက္တဲ႕ေက်ာပိုးအိတ္ကိုလဲ
ေသခ်ာမယူဘဲ နႈတ္ခမ္းေလးဆူမေယာင္နဲ႕
ျကည့္ေနသည္။အျမဲျကည္လင္ေနတဲ႕မ်က္ဝန္း
ေတြကပါအလိုမက်တာထက္ ေမွးမိန္ေနသလို။
အသံခပ္တိုးတိုးကနွစ္ေယာက္ျကားမွာ
သူ႕ရင္ကိုလႈပ္ခတ္သြားသည္။

""မင္းျပန္လာခဲ႕ေနာ္""

မထင္မွတ္ထားေသာေျကာင့္ခဏတာ
အသက္ရူသံေတာင္ရပ္ေတာ့မတတ္။
္ဘာမွျပန္မေျပာျဖစ္ေတာ့ ရပ္က်န္ေနခဲ႕တဲ႕
သူကိုတစ္ခ်က္ျကည့္ျပီးေတာ့သာစက္ဘီးနင္းထြက္လာခဲ႕သည္။အနားမွာရွိေနတုန္းကေတာ့
မလိုအပ္တဲ႕သူလိုေအာ္ေငါက္ေနျပီးစိတ္ကို
အတတ္နိုင္ဆံုးထိန္းေနရပါသည္ဆိုမွဒီေကာင္
ေလးကလူကိုကေမာက္ကမျဖစ္ေအာင္လုပ္
ေနတယ္။

မင္းျပန္လာခဲ႕တဲ႕။ေသမယ္ဆိုရင္မင္းအခု
ုေသလိုက္လို႕ရျပီဟိန္းေတဇပိုင္။
ဘယ္လိုပံုစံနဲ႕ပဲျဖစ္ျဖစ္သူ႕ကို
လိုအပ္တဲ႕သူလိုစိတ္ထဲရွိေနပါလား
ဆိုတာကအိမ္ျပန္ရမည့္အေျကာင္းအရာ
ကိုေတာင္ေမ့သြားေစသည္။

မင္းနဲ႕ငါ ရင္းနွီးေနေလာက္ျပီလို႕ထင္ရေပမဲ႕
တစ္ေန႕ငါမင္းအေပၚမရိုးသားခဲ႕တာသိသြား
ရင္ မင္းငါ့ကိုမုန္းသြားမလား။

_________

အိမ္အတြင္းကတိတ္ဆိတ္ေနျပီး
ေျခာက္ကပ္လြန္းေနသည္။
။အရင္က ေက်ာင္းပိတ္ရက္
ေတြျပန္လာျဖစ္ေသာ္လည္း
ဆယ္တန္းစတက္ခထဲက
ျပန္မလာျဖစ္လာတာဘယ္ေလာက္ျကာျပီလဲ။

အိမ္ထဲဝင္လိုက္ေတာ့ ျပတင္းေပါက္ေတြ
ပိတ္ထားျပီး အလင္းေရာင္မဝင္နိုင္တဲ႕
သူတို႕အိမ္ကေမွာင္မဲေနသည္။

အေမွာင္တစ္ေနရာမွာထိုင္ေနသည့္သူ႕
အေဖကေခါင္းငိုက္စိုက္ျကလ်က္
အတန္ျကာသည္အထိဘာမွမေျပာဘဲ
ျငိမ္သက္စြာထိုင္ေနသည္။

"ငါ့သားကသူမ်ားအိမ္မွာအခိုင္းေစလိုေနေန
တာ…သူမ်ားေျပာမွသိရတဲ႕အထိဒီအေဖက
မင္းကိုလႊတ္ထားခဲ႕မိတာပဲ"

""အေဖ ""

"မင္းဘာလိုအပ္လို႕လဲ…ေက်ာင္းစရိတ္လဲငါ
မင္းကိုေပးေနတာပဲ…အဲ႕ဒီအိမ္က
ေတာ္ေတာ္ခ်မ္းသာတယ္ဆို။ငါ့ကိုေျပာသြားတုန္းကသူငယ္ခ်င္းအိမ္မွာေနမယ္နဲ႕
ဟမ္မင္းဘာအခ်ိဳးလဲ "

""အိမ္ကိုျပန္လာခဲ႕ေတာ့""

ဦးမင္းပိုင္ရဲ႕ေအာ္ဟစ္သံက တိတ္ဆိတ္ေနတဲ႕
တစ္အိမ္လံုးကို ဟိန္းထြက္သြားသည္။

""က်ေနာ္ျပန္မလာနိုင္ေသးဘူး…အေဖ""

"မင္းကိုငါစကားေကာင္းေကာင္းေျပာေနတာ
ေနာ္ဟိန္းေတဇပိုင္… ငါေမြးထားတဲ႕ငါ့သားက
သူမ်ားအိမ္မွာက်ြန္ခံေနဖို႕မဟုတ္ဘူး။
မခ်မ္းသာေပမဲ႕မင္းကိုပညာတတ္တစ္ေယာက္
ျဖစ္ေအာင္ေတာ့မင္းအေဖကလုပ္ေပးနိုင္
တယ္။ငါအိမ္မွာမေနလို႕မင္းလဲအိမ္မာမေနဘူးဆိုတဲ႕အခ်ိဳးလား။မင္းေတာ္ေတာ္ဆိုးသြမ္းေနပါလား။ဟိန္းေတဇ ဒီအေဖကမင္းကိုလႊတ္ထား
တယ္ဆိုတာငယ္ငယ္ရြယ္ရြယ္နဲ႕အလုပ္လုပ္
ျပီးကိုယ့္အားကိုယ္ကိုးေနတဲ႕မင္းယံုလို႕"

"အခုကစျပီးအေဖလဲအလုပ္ျပီးတာနဲ႕
အိမ္မွာပဲေနေတာ့မယ္ သားလဲျပန္လာေတာ့ "

ဘာမွျပန္မေျပာ ေခါင္းငံု႕ကာသာရပ္ေနသည့္
ေတဇကိုျကည့္ရင္းဦးမင္းပိုင္ ေဒါသေတြကိုျမိဳ
သိပ္ေနရသည္။ မင္းကအေဖဘယ္ေလာက္
တန္ဖိုးထားရတဲ႕သားလဲ။ဒီအေဖရဲ႕အတၱ
ေတြေျကာင့္ပဲသူ႕သားကိုဆင္းရဲတြင္းထဲပို႕
ခဲ႕သလိုျဖစ္ေနျပီ။

"ဆင္းရဲလို႕ငါနဲ႕မေနခ်င္တာလားဟမ္။မင္း
ေတာ္ေတာ္ခ်မ္းသာတဲ႕အိမ္မာေနခ်င္ေနလား
မင္းလဲမင္းအေမလိုပံုစံဘဲ"

တစ္ျကိမ္တစ္ခါမွေျပာျခင္းမရွိခဲ႕ဘူးေသာအေမ့အေျကာင္းပါလာသည့္အတြက္အံ႕ျသသြားသည္
ထက္ ေျကကြဲေနဟန္အေဖ့ကိုအားနာမႈက
အတိုင္းထက္မသိဝင္ေရာက္လာသည္။

"မဟုတ္ဘူးအေဖ…က်ြန္ေတာ္ျပန္လာမယ္
ေက်ာင္းတက္ေနတုန္းေတာ့ခဏေလာက္ထပ္
ေနခြင့္ေပးပါ"

ခဏေလး ေက်ာင္းတက္ေနတုန္းပဲျဖစ္ျဖစ္
သူ႕အနားမွာေနလို႕ရသေလာက္ေနခ်င္မိတာ။

""အသံုးမက်တဲ႕ေကာင္""

စားပြဲေပၚကအရက္ပုလင္းကိုဦးမင္းပိုင္ျကမ္း
ျပင္ေပၚခပ္ျကမ္းျကမ္းခြဲခ်လိုက္သည္။
ခြမ္းကနဲ အရက္ပုလင္းက်ကြဲသံက အိမ္အတြင္းတစ္စစီထြက္ေပၚလာသည္။ 

ဖန္ကြဲစမ်ားကျကမ္းျပင္ေပၚျပန့္ျကဲလ်က္။

______

ေက်ာင္းဆင္းထဲကေက်ာင္းေအာက္ဆံုးထပ္
အေဆာင္ေလွကားေအာက္ကေနသူရပ္ေစာင့္
ေနတာေတာ္ေတာ္ျကာျပီ ။ေစာင့္ေနသူက
အေတာ္ျကာမွေပၚလာျပီးေခါင္းငံု႕ကာ
ေလွကားကိုတစ္ဆင့္ခ်င္းဆင္းလာျပီးအားမရွိ
ေနတဲ႕ပံုစံနဲ႕။သူ႕ကိုျမင္ေတာ့မွတစ္အံ႕တျသ
ေလွကားကေနေျပးဆင္းလာသည္။

""ဇြဲ """

"ျဖည္းျဖည္းဆင္းေလ… ျပဳတ္က်မယ္"

"မျပန္ေသးဘူးလားဘာလုပ္ေနတာလဲ"

"ဘာလုပ္ရမွာလဲ…မင္းကိုေစာင့္ေနတာေပါ့
အတူတူျပန္မယ္လာ"

ျပံဳးရယ္ျပေသာ္လည္းအရင္လိုတက္တက္
္ျကြျကြမရွိေန။ေလ်ွာက္ေနတဲ႕ေျခလွမ္းေတြက
အစတစ္လွမ္းခ်င္ဆီမွာအားမပါေန။မ်က္နွာေလး
ကဘာစိတ္ညစ္စရာရွိလို႕လဲမႈိင္ေတြသလိုျဖစ္
ေနတာ။ေက်ာင္းဝင္းထဲေဘးခ်င္းကပ္
ေလ်ာက္လာရင္းစိတ္ထဲထိန္းမထားနိုင္ေတာ့။

"ဘာျဖစ္ေနတာလဲ ဘာလို႕မႈိင္ေနတာလဲ "

"ငါလား…ဘယ္မွာမႈိင္ေနလို႕လဲ။
ဘာမွမျဖစ္ပါဘူး"

"မင္းမ်က္နွာမွာေပၚေနတယ္ေလ။
ဘာျဖစ္ေနတာလဲေျပာ…ငါနဲ႕မျပန္ခ်င္လို႕လား"

အထိတ္တစ္လန္႕နွင့္အလ်င္ျမန္ေခါင္းခါ
လိုက္တာကိုျမင္မွသူ႕စိတ္ေတြ
သက္သာရာရသြားသည္။

"ငါကမင္းနဲ႕ဘာလို႕မျပန္ခ်င္ရမွာလဲ။
ဟိုေကာင္ေပါ့အိမ္ျပန္သြားတာ
ဘယ္နရက္ရွိျပီလဲ…အခုထိျပန္မလာ
ေသးဘူး… ေက်ာင္းလဲလာမတက္ဘဲဘယ္မွာ
အေလလိုက္ေနလဲမသိဘူး "

သူမဟုတ္ေသာတစ္ျခားတစ္ေယာက္အ
ေျကာင္းကိုအေရးတယူေျပာေနေသာ
ထက္ျမတ္ကိုျကည့္ရင္းစိတ္ေတြအစိုးမရေတာ့။
ဒီေကာင္ကိုဘာမ်ားအေရးတယူသတိရ
ေနစရာအေျကာင္းရွိလို႕လဲ။

"အဲ႕တာေျကာင့္မႈိင္ေနတာလား။
ဘာလဲ လြမ္းေနလို႕လား"

"မဟုတ္ပါဘူး…ဘာလို႕လြမ္းရမွာလဲ။
ဒီမွာငါ့လြယ္အိတ္ကစာအုပ္ေတြနဲ႕ေလးလြန္းလို႕
ပုခံုးနာေနတာေသေတာ့မယ္။ဟိန္းပိုင္ကေက်ာင္း
ျပန္ရင္ငါ့လြယ္အိတ္ကိုအျမဲသယ္ေပးတယ္
ေလ။ သူမရွိေတာ့ကိုယ့္ဘာသာသယ္ေနရတယ္
လမ္းေတာင္ေကာင္းေကာင္းမေလ်ွာက္နိုင္ဘူး"

ပင္ပန္းေနဟန္တစ္ျငီးတစ္ျငဴေျပာေနတာ။
့္ကိုယ့္ေခါင္းကိုယ္ပင္ျပန္ထုခ်င္သြားသည္။
သူဘာလို႕ဒီေလာက္ညံ႕ရတာလဲ။
မေန႕တစ္ေန႕ကမွထက္ျမတ္ေဘးနား
ေရာက္လာတဲ႕ေကာင္ကနွစ္ေပါင္းမ်ားစြာ
ေဘးနားရွိေနတဲ႕သူ႕ထက္  ပိုျပီးထက္ျမတ္
ကိုဂရုစိုက္ျပေနတာ။ထက္ျမတ္တစ္ျဖည္း
ျဖည္းနဲ႕သူ႕ထက္က္ုပိုျပီးအေရးေပးခင္တြယ္
သြားမွာကိုေတာ့လံုးဝလက္မခံနိုင္။
မင္းစိတ္ထဲမွာငါပဲရွိရမယ္။

"ငါ့ကိုေပး… ငါသယ္ေပးမယ္ "

"အယ္…ရရဲ႕လားငါ့လြယ္အိတ္က
အေလးျကီး…မင္းပုခံုးနာေနမယ္"

"ဒီေလာက္ေလးက စာေတာင္မဖြဲ႕ဘူး
ေနာက္ဆို…ေက်ာင္းလဲငါနဲ႕ပဲတူတူျပန္ေတာ့"

ေက်ာပိုးအိတ္ကိုလႊဲေျပာင္းယူလိုက္သည့္
သူ႕ကို ထက္ျမတ္တအံ႕တျသျကည့္ရင္း
မႈိင္ေတြေနရာကျပံဳးလာသည္။လြယ္အိတ္နွစ္
လံုးနဲ႕သူ႕ကိုျကည့္ျပီးဘာေတြသေဘာက်
ေနမွန္းမသိ။ဒီေကာင္ေလးကေတာ့။

""ဇြဲခန္႕။က်ဴရွင္သြားမယ္မလား…
ဒီေန႕ငါ့အိမ္ကလာမျကိဳလို႕အတူတူျပန္မယ္ေလ""

ရုတ္တရက္အေရွ႕မွာလာရပ္သည္႕
ဆံပင္နွစ္ခြက်စ္စျမီးနွင့္အေရွ႕ကအသံခ်ိဳခ်ိဳနွင့္
ေကာင္မေလးသည္ခ်စ္စရာေကာင္းသည္
ထက္ကိုပိုေနသည္။ရွက္ေနဟန္ေခါင္းငံု႕
ထားျပီးအခ်ိန္္အတန္ျကာသည္အထိ
ဘာမွမေျပာေပမဲ႕ျငင္းလဲမျငင္းဆို။
ထက္ျမတ္ဘာအရင္ေျပာမလဲေစာင့္
ေနမိျခင္းသာ။

ေဘးနားကေကာင္ေလးကေတာ့မ်က္နွာေလး
ဆူပုတ္သလိုျဖစ္သြားျပီးေကာင္မေလးကိုျကည့္ျပီးဘာမွေတာ့မေျပာ။သူကိုင္ေပးထားသည္႕ေက်ာ
ပ္ုးအိတ္ကိုသာလႊဲေျပာင္းယူသည္။

""ငါအရင္ျပန္နွင့္မယ္""

တစ္လွမ္း။

နွစ္လွမ္း။

ေျဖးညင္းစြာေလ်ွာက္လာေသာ္လည္း
ေမ်ာ္လင့္ထားသလိုအေနာက္ကလိုက္လာ
သည့္ေျခသံမ်ားကိုမျကားခဲ႕ရ။ဇြဲ ဆိုတာအဲ႕လို
ပဲ ေကာင္မေလးေတြနဲ႕ေတြ႕ရင္သူ႕ကိုအေရး
မေပးေတာ့ဘူး။ဘာရယ္မသိစိတ္ကဝမ္းနည္း
လာသလိုပဲ။ဒီေန႕စိတ္မေကာင္းပါဘူးဆိုဝမ္း
နည္းေနရျပန္ျပီ။တစ္ေယာက္ထဲအထီးက်န္
လြန္းသည့္ခံစားမႈ။ေသာက္သံုးမက်တဲ႕
ေကာင္ကဘယ္ေတြေရာက္ေနလဲ။
ဒီအခ်ိန္မင္းငါ့အနားမွာရွိေပးေနသင့္တယ္။

ဝမ္းနည္းမႈနွင့္အတူမ်က္လံုးအိမ္ထဲ
မ်က္ရည္ေတြကပါရစ္ဝိုင္းလာမိသည္။

ေက်ာင္းအျပင္ေရာက္ေတာ့
အိမ္ကလာျကိဳသည့္ကားရပ္ထားသည္
နွင့္ျမန္ျမန္တံခါးဖြင့္ျပီးတက္ရန္ျပင္လိုက္တဲ႕
အခ်ိန္လက္ကိုလာဆြဲတဲ႕သူတစ္ေယာက္။

ရင္းနွီးေနေသာအထိအေတြ႕အရ မဝံ႕မရဲနဲ႕
အေနာက္လွည့္ျကည့္လိုက္ေတာ့နဖူးမွာ
ေခ်ြးစေတြနဲ႕ေျပးလာဟန္ေပၚသည့္ဇြဲ ။

"မင္းအိမ္ကကားကိုျပန္လႊတ္လိုက္။ငါနဲ႕
အတူတူျပန္"

""ဘာျဖစ္လို႕လဲ ""

ဇြဲခန္႕က ေခါင္းတစ္ခ်က္ငံု႕လိုက္ျပီးမွ
စဥ္းစားေနဟန္နွင့္ခဏျကာေတာ့မွ
ထက္ျမတ္နွင့္မ်က္နွာခ်င္းဆိုင္လာသည္။

""မခြဲခ်င္လို႕ ""

အရာရာဟာတိတ္ဆိတ္သြားျပီးပတ္ဝန္းက်င္
တစ္ခုလံုးမွာသူတို႕နွစ္ေယာက္ပဲရွိေတာ့သလို
တစ္ေယာက္ကိုတစ္ေယာက္စိုက္ျကည့္ေန
မိျကသည္။

နွစ္ကိုယ္ျကားတိုက္ခတ္လာတဲ႕ေလေျပ
ေလညင္းေလးေတြကအစလွပေနသလို။

ထက္ျမတ္ မင္းသိရဲ႕လား။မင္းေလာက္ငါ့အတြက္
ဘယ္သူမွအေရးမပါဘူးဆိုတာ မင္းသိရဲ႕လား။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Unicode

ကျောင်းသွားဖို့ကိုတော်တော်ကြာမှအိမ်ထဲက
ထွက်လာပြီးရပ်စောင့်နေသောသူ့ရှေ့
လွယ်အိတ်ကိုမနိုင်တစ်နိုင်ပုံစံသယ်ပြလာ
သည်။လုပ်နေကြအရာတစ်ခုလိုလွှဲပြောင်းယူ
ပေးလိုက်တော့ ကျေနပ်သွားတဲ့အပြုံးက
အရာအားလုံးကိုလိုက်လျောပေးစေနိုင်သည်။

"သွားမယ်ဟျောင့် ကျောင်းနောက်ကျမယ်"

ဘေးကနေသူ့လွယ်အိတ်ကိုလွယ်ပေးပြီး
စက်ဘီးကိုငြိမ်သက်စွာတွန်းလာကာ
ဘာမှမပြောသည့်တေဇကိုကြည့်ရင်း
ထက်မြတ်နေရခက်နေသည်။

""မင်းငါ့ကိုစိတ်ဆိုးနေတုန်းလား""

ဘေးတိုက်အနေအထားနဲ့တေဇပုံစံက
တည်ငြိမ်လွန်းနေသည်။ဖြေးညှင်းစွာခေါင်း
ကိုခါလိုက်ပုံကအရာရာကိုနားလည်ပေးထား
သည့်သူတစ်ယောက်ဟန်။

တစ်ကယ်ပါပဲရွယ်တူချင်းအတူတူဒီကောင်ကိုက
ရင့်ကျက်နေတဲ့ပုံစံနဲ့။

"ငါ့ကြောင့်စိတ်ရှုပ်မခံနဲ့… ငါဘာမှမဖြစ်ဘူး"

"မင်းကြောင့်ငါကစိတ်ရှုပ်ရမယ်… ဝေးသေး
ငါ့အပြစ်ဖြစ်နေမှာဆိုးလို့မေးတာ…
ရာရာစစငါကများမင်းကြောင့်စိတ်ရှုပ်ရမယ်
လို့…မင်းအကြောင်းခေါင်းထဲမှာကိုမရှိတာ"

""အင်းပါ…မင်းမပြောလဲငါသိတယ်""

အသံ ခပ်တိုးတိုးနဲ့ပြန်ဖြေပုံက အရာရာကို
အလျော့ပေးထားပြီးမသိရင်သူကပဲဆိုးသွမ်း
နေသည့်သူတစ်ယောက်နှယ်။အရင်လိုပြန်
မစဘဲ ငြိမ်သက်လွန်းနေသည်။

"ဒါနဲ့မင်း မြပုလဲသွယ်ကိုတော်တော်ချစ်ပုံပဲ
နော်…ငါ့ကိုပြောတော့သူငယ်ချင်းလေးဘာ
လေးနဲ့။ငါနဲ့အတူတူပြန်လာနေရင်းကချက်ချင်း
ပြေးသွားပြီးအရှေ့ကနေကာကွယ်နေလိုက်
တာများ။ငါ့က်ုမင်းတစ်ယောက်ထဲထားခဲ့လို့
ပိုပြီးဒေါသထွက်သွားတာ"

""ဘာ""

့ဟုတ်တယ်မလားဆိုသည့်
မျက်နှာပေးနှင့်ပြုံးရယ်နေဟန်။
လွဲတာမှဘယ်
နေရာကစလွဲလဲဆိုတာ မသိတော့။
ဖြေရှင်းချက်ပေးမည့်အတွေးက
မင်းဝန်ခံလိုက်တော့ဆိုသည့်စကားလုံး
တွေနောက်ပျောက်ကွယ်သွားရသည်။

ပကတိဖြူစင်တဲ့အကြည့်နဲ့မျက်ဝန်းတွေ
အတိုင်းအမရှိအခုန်မြန်လာတဲ့
ရင်ခုန်သံနောက်။

"ဟုတ်တယ်ကွာ… ချစ်တယ် အရမ်းချစ်တယ်
ပြောမပြတတ်အောင်ချစ်တယ် "

မင်းကို လို့ဆက်မပြောမိအောင်အသိစိတ်နဲ့
မနဲထိန်းရင်းထက်မြတ်ကိုစိုက်ကြည့်ကာ
တစ်လုံးချင်းဆီပြောထွက်နိုင်ဖို့မနဲကြိုးစား
လိုက်ရသည်။ဘယ်ကနေသတ္တိတွေရလာလဲ
မသိပေမဲ့တစ်စက္ကန့်မှအကြည့်မလွှဲပဲ
တည်ငြိမ်စွာပြောလိုက်ပီးနောက်အရှေ့
ကကောင်လေးကတော့သူ့ကိုရည်ရွယ်ပြီး
ပြောနေသည်ဆိုတာသိဖို့နေနေသာသာ
တစ်ခွီးခွီးရယ်နေသည်။

""တွေ့လား …ငါမှန်းရင်မလွဲပါဘူးဆို ""

သက်ပြင်းတစ်ခုသာအသာချလိုက်တော့သည်။
မနေ့ကအထိချုပ်ထိန်းထားသမျှသူ့ရဲ့ဒေါသ
တွေကအခုမှထွက်လာတော့မည်။ အရယ်
မရပ်သေးတဲ့ကောင်လေးကို
အနောက်မှာထားကာစက်ဘီးကိုမြန်မြန်တွန်းလျက်ခြံအပြင်ထွက်လာလိုက်သည်။
ငါ့ခံစားချက်ကိုအလေးထားပြီးသိရလောက်
အောင်အထိမင်းအတွက်အရေးမပါပေမဲ့
ငါကတော့မင်းဆီမှာအရာအားလုံးပုံအပ်ထားခဲ့
တာ။

""ဟျောင့် ငါ့ကိုစောင့်အုံးလေ""

အရှေ့ကနေခပ်သွက်သွက်သွားနေရာကရပ်
စောင့်ပေးလိုက်တော့အနောက်ကလိုက်လာပြီး
ဘေးချင်းကပ်လျက်ခပ်သဲ့သဲ့ပြုံးပြသည်။
ပကတိဖြူစင်လွန်းနေတဲ့အပြုံးတွေ။
ငါ့ကိုယ်ငါရူးသွပ်လွန်းနေပြီဆိုတာသိပေမဲ့
မင်းဖြစ်နေတော့လဲ။

နှစ်ယောက်လုံးအိမ်အပြင်ဘက်ထွက်လာ
တုန်းခြံရှေ့မှာလာရပ်တဲ့ဆိုင်ကယ်တစ်စီး။
အနောက်မှထိုင်နေတဲ့လူကြီးကဆင်းလာကာ
သူတို့အရှေ့မှာလာရပ်သည်။

""ဟိန်းတေဇပိုင်"'"

မတွေ့တာကြာပြီ ဖြစ်သော
အဖေကိုဒီမာရုတ်တရက်တွေ့
လိုက်ရတာ

"""အဖေ """

ဒေါသထွက်သလိုကြည့်နေပြီး
ထက်မြတ်ကိုပါစူးစမ်းသလိုကြည့်နေတော့
လူကြောက်တတ်တဲ့ကောင်လေးတစ်
ယောက်ကအနောက်မှာချက်ချင်းလာ
ဝင်ပုန်းသည်။သူစိမ်းတွေဆိုရင်အရမ်း
ကြောက်တဲ့ကောင်လေးကိုအနောက်လှည့်ကြည့်
ပြီးဘာမှမဖြစ်ဘူးဆ်ုတဲ့သဘောပြဲုးပြလိုက်ရသည်။မော့ကြည့်လာတဲ့မျက်ဝန်းလေးတွေက
ကြောက်နေတာအသိသာ။

"မင်းအခုချက်ချင်းအိမ်ပြန်လာခဲ့
ဟိန်းတေဇပိုင်"

အသံကသိပ်မကျယ်ပေမဲ့ မာနေသည်။
တစ်ခွန်းထဲသာပြောပြီး
ဆိုင်ကယ်ပေါ်တက်ကာထွက်သွားတဲ့
သူ့အဖေကိုငေးကြည့်ပြီး
ငြိမ်ငြိမ်သက်သက်ရပ်နေမိတယ်။

"အဲ့တာမင်းအဖေ လား ။
ဘာဖြစ်လို့လာခေါ်တာလဲ"

"ထက်…ငါအိမ်ပြန်မှဖြစ်မယ်။မင်းအမေကို
ိုပြောပေးနော်…အရင်ကျောင်းသွားလိုက်
နောက်မှငါလာခဲ့မယ် "

"ငါက တစ်ယောက်ထဲ ကျောင်းသွားရမှာလား
နောက်မှပြန်လို့မရဘူးလား"

အလိုမကျစွာပြောနေပုံက ခဏလေးမှ
မခွဲချင်အောင်သူ့စိတ်ကိုမတင်မကျဖြစ်စေ
သည်။ဒါပေမဲ့ အရေးကြီးနေပုံရတဲ့သူ့အဖေ။

"မပြန်လို့မဖြစ်လို့ပါ…လိမ္မာတယ်။
ကျောင်းသွားနော် အိမ်ကကားနဲ့ပဲသွား
လိုက်တော့"

လွယ်ပေးထားသည့်လွယ်အိတ်ကို
လက်ထဲပြန်ထည့်ပေးကာစက်ဘီးပေါ်တက်ထွက်သွားရန်ပြင်တော့ကြည့်နေသည့်မျက်ဝန်း
တစ်စုံကသူ့စိတ်ကိုလေးလံစေသည်။

""ဟိန်းပိုင် ""

ကမ်းပေးလိုက်တဲ့ကျောပိုးအိတ်ကိုလဲ
သေချာမယူဘဲ နှုတ်ခမ်းလေးဆူမယောင်နဲ့
ကြည့်နေသည်။အမြဲကြည်လင်နေတဲ့မျက်ဝန်း
တွေကပါအလိုမကျတာထက် မှေးမိန်နေသလို။
အသံခပ်တိုးတိုးကနှစ်ယောက်ကြားမှာ
သူ့ရင်ကိုလှုပ်ခတ်သွားသည်။

""မင်းပြန်လာခဲ့နော်""

မထင်မှတ်ထားသောကြောင့်ခဏတာ
အသက်ရူသံတောင်ရပ်တော့မတတ်။
်ဘာမှပြန်မပြောဖြစ်တော့ ရပ်ကျန်နေခဲ့တဲ့
သူကိုတစ်ချက်ကြည့်ပြီးတော့သာစက်ဘီးနင်းထွက်လာခဲ့သည်။အနားမှာရှိနေတုန်းကတော့
မလိုအပ်တဲ့သူလိုအော်ငေါက်နေပြီးစိတ်ကို
အတတ်နိုင်ဆုံးထိန်းနေရပါသည်ဆိုမှဒီကောင်
လေးကလူကိုကမောက်ကမဖြစ်အောင်လုပ်
နေတယ်။

မင်းပြန်လာခဲ့တဲ့။သေမယ်ဆိုရင်မင်းအခု
ုသေလိုက်လို့ရပြီဟိန်းတေဇပိုင်။
ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်သူ့ကို
လိုအပ်တဲ့သူလိုစိတ်ထဲရှိနေပါလား
ဆိုတာကအိမ်ပြန်ရမည့်အကြောင်းအရာ
ကိုတောင်မေ့သွားစေသည်။

မင်းနဲ့ငါ ရင်းနှီးနေလောက်ပြီလို့ထင်ရပေမဲ့
တစ်နေ့ငါမင်းအပေါ်မရိုးသားခဲ့တာသိသွား
ရင် မင်းငါ့ကိုမုန်းသွားမလား။

_________

အိမ်အတွင်းကတိတ်ဆိတ်နေပြီး
ခြောက်ကပ်လွန်းနေသည်။
။အရင်က ကျောင်းပိတ်ရက်
တွေပြန်လာဖြစ်သော်လည်း
ဆယ်တန်းစတက်ခထဲက
ပြန်မလာဖြစ်လာတာဘယ်လောက်ကြာပြီလဲ။

အိမ်ထဲဝင်လိုက်တော့ ပြတင်းပေါက်တွေ
ပိတ်ထားပြီး အလင်းရောင်မဝင်နိုင်တဲ့
သူတို့အိမ်ကမှောင်မဲနေသည်။

အမှောင်တစ်နေရာမှာထိုင်နေသည့်သူ့
အဖေကခေါင်းငိုက်စိုက်ကြလျက်
အတန်ကြာသည်အထိဘာမှမပြောဘဲ
ငြိမ်သက်စွာထိုင်နေသည်။

"ငါ့သားကသူများအိမ်မှာအခိုင်းစေလိုနေနေ
တာ…သူများပြောမှသိရတဲ့အထိဒီအဖေက
မင်းကိုလွှတ်ထားခဲ့မိတာပဲ"

""အဖေ ""

"မင်းဘာလိုအပ်လို့လဲ…ကျောင်းစရိတ်လဲငါ
မင်းကိုပေးနေတာပဲ…အဲ့ဒီအိမ်က
တော်တော်ချမ်းသာတယ်ဆို။ငါ့ကိုပြောသွားတုန်းကသူငယ်ချင်းအိမ်မှာနေမယ်နဲ့
ဟမ်မင်းဘာအချိုးလဲ "

""အိမ်ကိုပြန်လာခဲ့တော့""

ဦးမင်းပိုင်ရဲ့အော်ဟစ်သံက တိတ်ဆိတ်နေတဲ့
တစ်အိမ်လုံးကို ဟိန်းထွက်သွားသည်။

""ကျနော်ပြန်မလာနိုင်သေးဘူး…အဖေ""

"မင်းကိုငါစကားကောင်းကောင်းပြောနေတာ
နော်ဟိန်းတေဇပိုင်… ငါမွေးထားတဲ့ငါ့သားက
သူများအိမ်မှာကျွန်ခံနေဖို့မဟုတ်ဘူး။
မချမ်းသာပေမဲ့မင်းကိုပညာတတ်တစ်ယောက်
ဖြစ်အောင်တော့မင်းအဖေကလုပ်ပေးနိုင်
တယ်။ငါအိမ်မှာမနေလို့မင်းလဲအိမ်မာမနေဘူးဆိုတဲ့အချိုးလား။မင်းတော်တော်ဆိုးသွမ်းနေပါလား။ဟိန်းတေဇ ဒီအဖေကမင်းကိုလွှတ်ထား
တယ်ဆိုတာငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်
ပြီးကိုယ့်အားကိုယ်ကိုးနေတဲ့မင်းယုံလို့"

"အခုကစပြီးအဖေလဲအလုပ်ပြီးတာနဲ့
အိမ်မှာပဲနေတော့မယ် သားလဲပြန်လာတော့ "

ဘာမှပြန်မပြော ခေါင်းငုံ့ကာသာရပ်နေသည့်
တေဇကိုကြည့်ရင်းဦးမင်းပိုင် ဒေါသတွေကိုမြို
သိပ်နေရသည်။ မင်းကအဖေဘယ်လောက်
တန်ဖိုးထားရတဲ့သားလဲ။ဒီအဖေရဲ့အတ္တ
တွေကြောင့်ပဲသူ့သားကိုဆင်းရဲတွင်းထဲပို့
ခဲ့သလိုဖြစ်နေပြီ။

"ဆင်းရဲလို့ငါနဲ့မနေချင်တာလားဟမ်။မင်း
တော်တော်ချမ်းသာတဲ့အိမ်မာနေချင်နေလား
မင်းလဲမင်းအမေလိုပုံစံဘဲ"

တစ်ကြိမ်တစ်ခါမှပြောခြင်းမရှိခဲ့ဘူးသောအမေ့အကြောင်းပါလာသည့်အတွက်အံ့သြသွားသည်
ထက် ကြေကွဲနေဟန်အဖေ့ကိုအားနာမှုက
အတိုင်းထက်မသိဝင်ရောက်လာသည်။

"မဟုတ်ဘူးအဖေ…ကျွန်တော်ပြန်လာမယ်
ကျောင်းတက်နေတုန်းတော့ခဏလောက်ထပ်
နေခွင့်ပေးပါ"

ခဏလေး ကျောင်းတက်နေတုန်းပဲဖြစ်ဖြစ်
သူ့အနားမှာနေလို့ရသလောက်နေချင်မိတာ။

""အသုံးမကျတဲ့ကောင်""

စားပွဲပေါ်ကအရက်ပုလင်းကိုဦးမင်းပိုင်ကြမ်း
ပြင်ပေါ်ခပ်ကြမ်းကြမ်းခွဲချလိုက်သည်။
ခွမ်းကနဲ အရက်ပုလင်းကျကွဲသံက အိမ်အတွင်းတစ်စစီထွက်ပေါ်လာသည်။ 

ဖန်ကွဲစများကကြမ်းပြင်ပေါ်ပြန့်ကြဲလျက်။

______

ကျောင်းဆင်းထဲကကျောင်းအောက်ဆုံးထပ်
အဆောင်လှေကားအောက်ကနေသူရပ်စောင့်
နေတာတော်တော်ကြာပြီ ။စောင့်နေသူက
အတော်ကြာမှပေါ်လာပြီးခေါင်းငုံ့ကာ
လှေကားကိုတစ်ဆင့်ချင်းဆင်းလာပြီးအားမရှိ
နေတဲ့ပုံစံနဲ့။သူ့ကိုမြင်တော့မှတစ်အံ့တသြ
လှေကားကနေပြေးဆင်းလာသည်။

""ဇွဲ """

"ဖြည်းဖြည်းဆင်းလေ… ပြုတ်ကျမယ်"

"မပြန်သေးဘူးလားဘာလုပ်နေတာလဲ"

"ဘာလုပ်ရမှာလဲ…မင်းကိုစောင့်နေတာပေါ့
အတူတူပြန်မယ်လာ"

ပြုံးရယ်ပြသော်လည်းအရင်လိုတက်တက်
်ကြွကြွမရှိနေ။လျှောက်နေတဲ့ခြေလှမ်းတွေက
အစတစ်လှမ်းချင်ဆီမှာအားမပါနေ။မျက်နှာလေး
ကဘာစိတ်ညစ်စရာရှိလို့လဲမှိုင်တွေသလိုဖြစ်
နေတာ။ကျောင်းဝင်းထဲဘေးချင်းကပ်
လျောက်လာရင်းစိတ်ထဲထိန်းမထားနိုင်တော့။

"ဘာဖြစ်နေတာလဲ ဘာလို့မှိုင်နေတာလဲ "

"ငါလား…ဘယ်မှာမှိုင်နေလို့လဲ။
ဘာမှမဖြစ်ပါဘူး"

"မင်းမျက်နှာမှာပေါ်နေတယ်လေ။
ဘာဖြစ်နေတာလဲပြော…ငါနဲ့မပြန်ချင်လို့လား"

အထိတ်တစ်လန့်နှင့်အလျင်မြန်ခေါင်းခါ
လိုက်တာကိုမြင်မှသူ့စိတ်တွေ
သက်သာရာရသွားသည်။

"ငါကမင်းနဲ့ဘာလို့မပြန်ချင်ရမှာလဲ။
ဟိုကောင်ပေါ့အိမ်ပြန်သွားတာ
ဘယ်နရက်ရှိပြီလဲ…အခုထိပြန်မလာ
သေးဘူး… ကျောင်းလဲလာမတက်ဘဲဘယ်မှာ
အလေလိုက်နေလဲမသိဘူး "

သူမဟုတ်သောတစ်ခြားတစ်ယောက်အ
ကြောင်းကိုအရေးတယူပြောနေသော
ထက်မြတ်ကိုကြည့်ရင်းစိတ်တွေအစိုးမရတော့။
ဒီကောင်ကိုဘာများအရေးတယူသတိရ
နေစရာအကြောင်းရှိလို့လဲ။

"အဲ့တာကြောင့်မှိုင်နေတာလား။
ဘာလဲ လွမ်းနေလို့လား"

"မဟုတ်ပါဘူး…ဘာလို့လွမ်းရမှာလဲ။
ဒီမှာငါ့လွယ်အိတ်ကစာအုပ်တွေနဲ့လေးလွန်းလို့
ပုခုံးနာနေတာသေတော့မယ်။ဟိန်းပိုင်ကကျောင်း
ပြန်ရင်ငါ့လွယ်အိတ်ကိုအမြဲသယ်ပေးတယ်
လေ။ သူမရှိတော့ကိုယ့်ဘာသာသယ်နေရတယ်
လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး"

ပင်ပန်းနေဟန်တစ်ငြီးတစ်ငြူပြောနေတာ။
့်ကိုယ့်ခေါင်းကိုယ်ပင်ပြန်ထုချင်သွားသည်။
သူဘာလို့ဒီလောက်ညံ့ရတာလဲ။
မနေ့တစ်နေ့ကမှထက်မြတ်ဘေးနား
ရောက်လာတဲ့ကောင်ကနှစ်ပေါင်းများစွာ
ဘေးနားရှိနေတဲ့သူ့ထက်  ပိုပြီးထက်မြတ်
ကိုဂရုစိုက်ပြနေတာ။ထက်မြတ်တစ်ဖြည်း
ဖြည်းနဲ့သူ့ထက်က်ုပိုပြီးအရေးပေးခင်တွယ်
သွားမှာကိုတော့လုံးဝလက်မခံနိုင်။
မင်းစိတ်ထဲမှာငါပဲရှိရမယ်။

"ငါ့ကိုပေး… ငါသယ်ပေးမယ် "

"အယ်…ရရဲ့လားငါ့လွယ်အိတ်က
အလေးကြီး…မင်းပုခုံးနာနေမယ်"

"ဒီလောက်လေးက စာတောင်မဖွဲ့ဘူး
နောက်ဆို…ကျောင်းလဲငါနဲ့ပဲတူတူပြန်တော့"

ကျောပိုးအိတ်ကိုလွှဲပြောင်းယူလိုက်သည့်
သူ့ကို ထက်မြတ်တအံ့တသြကြည့်ရင်း
မှိုင်တွေနေရာကပြုံးလာသည်။လွယ်အိတ်နှစ်
လုံးနဲ့သူ့ကိုကြည့်ပြီးဘာတွေသဘောကျ
နေမှန်းမသိ။ဒီကောင်လေးကတော့။

""ဇွဲခန့်။ကျူရှင်သွားမယ်မလား…
ဒီနေ့ငါ့အိမ်ကလာမကြိုလို့အတူတူပြန်မယ်လေ""

ရုတ်တရက်အရှေ့မှာလာရပ်သည့်
ဆံပင်နှစ်ခွကျစ်စမြီးနှင့်အရှေ့ကအသံချိုချိုနှင့်
ကောင်မလေးသည်ချစ်စရာကောင်းသည်
ထက်ကိုပိုနေသည်။ရှက်နေဟန်ခေါင်းငုံ့
ထားပြီးအချိန်အတန်ကြာသည်အထိ
ဘာမှမပြောပေမဲ့ငြင်းလဲမငြင်းဆို။
ထက်မြတ်ဘာအရင်ပြောမလဲစောင့်
နေမိခြင်းသာ။

ဘေးနားကကောင်လေးကတော့မျက်နှာလေး
ဆူပုတ်သလိုဖြစ်သွားပြီးကောင်မလေးကိုကြည့်ပြီးဘာမှတော့မပြော။သူကိုင်ပေးထားသည့်ကျော
ပ်ုးအိတ်ကိုသာလွှဲပြောင်းယူသည်။

""ငါအရင်ပြန်နှင့်မယ်""

တစ်လှမ်း။

နှစ်လှမ်း။

ဖြေးညင်းစွာလျှောက်လာသော်လည်း
မျော်လင့်ထားသလိုအနောက်ကလိုက်လာ
သည့်ခြေသံများကိုမကြားခဲ့ရ။ဇွဲ ဆိုတာအဲ့လို
ပဲ ကောင်မလေးတွေနဲ့တွေ့ရင်သူ့ကိုအရေး
မပေးတော့ဘူး။ဘာရယ်မသိစိတ်ကဝမ်းနည်း
လာသလိုပဲ။ဒီနေ့စိတ်မကောင်းပါဘူးဆိုဝမ်း
နည်းနေရပြန်ပြီ။တစ်ယောက်ထဲအထီးကျန်
လွန်းသည့်ခံစားမှု။သောက်သုံးမကျတဲ့
ကောင်ကဘယ်တွေရောက်နေလဲ။
ဒီအချိန်မင်းငါ့အနားမှာရှိပေးနေသင့်တယ်။

ဝမ်းနည်းမှုနှင့်အတူမျက်လုံးအိမ်ထဲ
မျက်ရည်တွေကပါရစ်ဝိုင်းလာမိသည်။

ကျောင်းအပြင်ရောက်တော့
အိမ်ကလာကြိုသည့်ကားရပ်ထားသည်
နှင့်မြန်မြန်တံခါးဖွင့်ပြီးတက်ရန်ပြင်လိုက်တဲ့
အချိန်လက်ကိုလာဆွဲတဲ့သူတစ်ယောက်။

ရင်းနှီးနေသောအထိအတွေ့အရ မဝံ့မရဲနဲ့
အနောက်လှည့်ကြည့်လိုက်တော့နဖူးမှာ
ချွေးစတွေနဲ့ပြေးလာဟန်ပေါ်သည့်ဇွဲ ။

"မင်းအိမ်ကကားကိုပြန်လွှတ်လိုက်။ငါနဲ့
အတူတူပြန်"

""ဘာဖြစ်လို့လဲ ""

ဇွဲခန့်က ခေါင်းတစ်ချက်ငုံ့လိုက်ပြီးမှ
စဉ်းစားနေဟန်နှင့်ခဏကြာတော့မှ
ထက်မြတ်နှင့်မျက်နှာချင်းဆိုင်လာသည်။

""မခွဲချင်လို့ ""

အရာရာဟာတိတ်ဆိတ်သွားပြီးပတ်ဝန်းကျင်
တစ်ခုလုံးမှာသူတို့နှစ်ယောက်ပဲရှိတော့သလို
တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေ
မိကြသည်။

နှစ်ကိုယ်ကြားတိုက်ခတ်လာတဲ့လေပြေ
လေညင်းလေးတွေကအစလှပနေသလို။

ထက်မြတ် မင်းသိရဲ့လား။မင်းလောက်ငါ့အတွက်
ဘယ်သူမှအရေးမပါဘူးဆိုတာ မင်းသိရဲ့လား။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••






Continue Reading

You'll Also Like

1M 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
333K 18.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
485K 41.1K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
849K 39.8K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023