Alluring [ ဘာသာပြန် ]

Oleh xiaochong17

19.6K 1.2K 69

绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်... Lebih Banyak

Description
Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59.1
Chapter 59.2
Chapter 60
Chapter 61
Chapter 62
Chapter 63
Translator'notes

Chapter 64 ( Ending )

689 35 2
Oleh xiaochong17

မိုးဖွဲ​လေး​တွေကျလာရင် မိုး​သောက်ယံကနှင်းစက်​လေး​တွေ ရှိ​နေမယ်

( ယွီ​လော့ချွမ်ရှ ပိုင်လု​ဝေ့ရှီ )

ရူ​ဖေးမှ ​ဝေ့ရှီ​သေဆုံး​ကြောင်း အ​ကြောင်းကြားစာ လက်ခံရရှိချိန်တွင် ​နောက်တစ်နှစ်၏ ​နွေရာသီပင် ​ရောက်​နေပြီဖြစ်သည်။​မေလ၏ပန်းများအပြည့် ပွင့်လန်းချိန် ​တောင်ပိုင်း၏ရှုခင်းများလှပသည့်မြို့ငယ်​လေးတစ်ခုတွင် သူမ၏ခန္ဓာကိုယ်နှင့် အသုံးပြု​နေကျပစ္စည်း​လေးများကို ​တွေ့လိုက်ရ၏။

ရိုးရှင်းလှသည့်ခရီး​ဆောင်အိတ် ပန်းချီ​ဆေးများနှင့် ပန်းချီကားဘုတ်ပြားအပြင် ဆီ​ဆေးဖြင့်​ရေးဆွဲထားသည့် '​ချောင်ယင်း' ဆိုသည့်ပန်းချီကား​ပေါ်မှ လင်း​လော့ချွမ်၏ကြွကြွရွရွပုံရိပ်က ကံဆိုးမိုး​မှောင်ကျ​နေမှုကြားမှ လူသားများကိုကယ်တင်​ပေးနိုင်မည့် အနက်​ရောင်သူရဲ​ကောင်းလိုလို။ ဤအရာက ​ဝေ့ရှီ၏​​နောက်ဆုံး​သော လက်ရာပန်းချီကားဖြစ်၏။

ရူ​ဖေးက ​ဝေ့ရှီ​နေသွားခဲ့သည့် ​အေးစက်စိုစွတ်​နေသည့်အခန်းငယ်​လေးထဲတွင်ထိုင်ပြီး အသုံးပြုခဲ့သည့်ပစ္စည်းများကို ကြည့်ရင်း မျက်ရည်များစီးကျလာ​တော့သည်။

ရူ​ဖေး​ အမြဲတမ်း​တွေးထားခဲ့သည်က ​ဝေ့ရှီက အသက်ရှင်​နေဆဲဖြစ်ပြီး မည်သည့်​ကမ္ဘာတစ်ခုတွင်ရှင်သန်​နေမှန်းမသိခြင်းသာ။ ​ဝေ့ရှီ​သေဆုံး​ကြောင်းသတင်းကို ကြားလိုက်ရသည့်အချိန်တွင်လည်း ​သူမ မ​သေခင်​ပျော်ရွှင်သွားခဲ့လား မှန်း မသိခဲ့ပြန်။

လင်း​လော့ချွမ်က ​နောင်တတရားများဖြင့်ထွက်သွားခဲ့ပြီး ​ဝေ့ရှီက သူ့အားခွင့်လွှတ်​ပေးခဲ့ရှိမရှိ ၊ သူ့အား အမှန်တကယ်ချစ်ခဲ့သည်ကိုလည်း မသိသွားခဲ့​ပေ။သို့​သော် ဤပန်းချီကားကိုမြင်လိုက်ရသည့်အချိန်တွင်​တော့ ရူ​ဖေးသိလိုက်ရ၏။ ​ဝေ့ရှီ သူ့ကိုချစ်ခဲ့တယ် အရမ်းအရမ်းကိုမှချစ်ခဲ့တယ်။

ကံမ​ကောင်းစွာဖြင့် လင်း​လော့ချွမ် ထာဝရအတွက်မသိနိုင်​တော့၏။

ရူ​ဖေးက ​ဝေ့ရှီ၏အရိုးပြာကိုသယ်ပြီး သူမအသက်ရှိစဥ်အချိန်ကာလများ၌ ဘဝတစ်ခုလုံးစာလုံးနီးပါး ကြိုးစားရုန်းကန်ခဲ့ကြရာမြို့​တော် သူတို့၏​ပျော်ရွှင်စရာများ ဝမ်းနည်းစရာများ နာကျင်စရာများနှင့် အမှတ်တရများအားလုံးစု​ဝေးရာ​နေရာဆီသို့ ပြန်လာခဲ့သည်။

​ဝေ့ရှီ၏​နောက်ဆုံး​သောဆန္ဒအရ မြေကြီးနက်နက်ထဲတွင်နစ်မြှုပ်ရမည့်အစား ​တောင်တန်း၏အမြင့်ဆုံး​နေရာတွင်ရပ်ကာ ​နေ​ရောင်​ဖျော့​ဖျော့ မြူနှင်းစက်​တွေ​ပျောက်မကွယ်ခင်မနက်ခင်းတွင် '​ချောင်ယင်း'ဟု ​ခေါ်သည့်ပန်းချီကားနှင့်အတူ ​လေနှင်ရာအတိုင်း ​ပြန့်ကျဲခေါ်​ဆောင်သွား​စေ​တော့၏။

'အသက်ရှင်တဲ့အချိန် ​စောင်ခြုံထားသလို ​သေတဲ့အချိန်လည်း အုတ်ဂူကြီးထဲ​နေရပြန်ရတယ်' ဤစကားက ​​လောကကြီးထဲမှထွက်ခွာသွား​သောဝေ့ရှီ၏​နောက်ဆုံး​သောဆန္ဒဖြစ်၍ ညီအစ်မလို​နေထိုင်ခဲ့သည့်သူမကသာ ​ဝေ့ရှီ၏ညှင်းပန်းနှိပ်စက်မှုများပြည့်နှက်ရာဘဝအား နှစ်သိမ့်လိုငြား ဖြည့်ဆည်း​ပေးခဲ့သည်။

ဤအခိုက်အတန့်တွင် နှလုံးသားကိုလိမ်ဖဲ့ခံ​နေရသလိုနာကျင်​နေရသည့်ရူ​ဖေးတစ်​ယောက် နားမလည်နိုင်​သေးသည့်အရာတစ်ခုရှိ​နေ​သေး၏။အားလုံး​ပြောကြသည်က အထက်​ကောင်းကင်နတ်မင်းကြီးဟာ စိတ်ဝိဥာဥ်တစ်ခုလုံးကိုအ​လျော့မ​ပေးဘဲ ကြိုးစားသူများကိုဂရုစိုက်​ပေးတတ်သည်ဟူ၍။သို့​သော် အဘယ်​ကြောင့်များ အချိန်ပြည့်အသက်ရှင်သန်​နေဖို့ရာကြိုးစား​နေခဲ့သည့် ​ဝေ့ရှီအား ယခုလိုအဆုံးသတ်မျိုး​ပေးအပ်ခဲ့သနည်း။

​ဝေ့ရှီ၏အရိုးပြာများ ​လေထုထဲ တစ်စနှင့်တစ်စ​ပျောက်ကွယ်လွင့်ပျယ်သွားသည်ကိုကြည့်ပြီး ​နောက်ဆုံးနားလည်သွားခဲ့၏။ဖြစ်နိုင်သည်က ဤအဆုံးသတ်က ​ဝေ့ရှီ​ အမှန်တကယ်မျှော်လင့်​နေ​သောအရာတစ်ခုဟူ၍ပင် ချစ်ရ​သောသူနှင့်အတူရှိ​နေနိုင်ပြီး ​သေဆုံးသည်ဖြစ်​​​စေ ရှင်သန်သည်ဖြစ်​စေ အမြဲတစ်သက်လုံးမ​ပြောင်းမလဲ...

ဆယ်နှစ်ကြာပြီး​နောက်

ရူ​ဖေးက ချီ​မော့နှင့်အတူ ပန်းဆိုင်တစ်ဆိုင်ဖွင့်ထားပြီး ​လောကကြီးထဲရှိ အရိုးရှင်းဆုံး​သောဇနီး​မောင်နှံအဖြစ် ​နေထိုင်ကြ၏။ဘဝက ရိုးရှင်း​သော်လည်း ​အေးချမ်းလွန်းလှသည်။​လောကကြီးထဲရှိအခြား​သော စုံတွဲများလို ​သေး​သေးမွှားမွှားကိစ္စ​လေးများအတွက် စကားများရန်ဖြစ်ကြကာ အရေးမပါ​သောကိစ္စ​လေးများစိတ်ဆိုးစိတ်​ကောက်ကြ​သော်လည်း ဘယ်​သောအခါမှ ခွဲခွာသွားဖို့မ​တွေးကြ​ပေ။

အောက်​မေ့သတိရနှစ်ပတ်လည်​နေ့တိုင်း ​မေပယ်​တောင်ကုန်းရှိ ​​သေဆုံးသွားခဲ့​သော​မိတ်​ဆွေ​ဟောင်း တစ်ချိန်တစ်ခါ သူတို့အား ​သေမင်းတံခါးဝဆီသို့​တွန်းပို့ခဲ့ဖူးသူ​သောသူတစ်​ယောက်၏ အုတ်ဂူအား ​လှည်းကျင်းသန့်ရှင်း​ပေးကြသည်။

ဆယ်နှစ်ကြာသွားပြီး​နောက်တွင် ထိုအချိန်ကဖြစ်ခဲ့​သောအရာအားလုံးအားပြန်လှည့်ကြည့်လိုက်လျှင် ​လောကကြီးထဲရှိခပ်​ရေး​ရေးထင်ဟပ်​နေ​သောမှတ်ဥာဏ်များအဖြစ်သာ ရှိ​နေ​ပါတော့၏။

လူသားများဟာ ယခုလို ​သေးငယ်ပြီး ​မေ့လွယ်​ပျောက်လွယ်​သောသတ္တဝါများသာဖြစ်​နေ​တော့သည်။

ဤမြို့​တော်ကြီးထဲတွင် မည်သူကမျှ ရွမ်​ရှောက်နန်ဟူ၍ လင်း​လော့ချွမ်ဟူ၍မသိကြ​တော့သလို လု​ဝေ့ရှီဟူ၍လည်း မမှတ်မိ​ကြ​တော့၏။တစ်ကြိမ်တစ်ခါက ​တောက်ပထင်ရှားခဲ့ဖူး​သောနာမည်များက နှစ်ရှည်လများစွာကြာလာပြီး​နောက် သဲ​သောင်ပြင်ထူထူထဲနစ်မြှုပ်သွားခဲ့သလို ​မှေးမှိန်​ပျောက်ကွယ်သွားခဲ့ကာ မသိလိုက်ရပါ​သောလျှို့ဝှက်ချက်များစွာဖြင့် ကြားရသူအဖို့ရင်ကွဲ​စေ​လောက်​သောဒဏ္ဍာရီလိုသာ ရှိ​နေ​တော့​လေသည်။

သို့​သော် နှစ်တစ်နှစ်၏​မေလ​ရောက်တိုင်း ရူ​ဖေးက ​ဝေ့ရှီအကြိုက်ဆုံးဖြစ်သည့် သစ်ကြားသီးကိတ်ကိုယူကာ မညီညာကြမ်းတမ်းလှ​သောလမ်းအတိုင်း​လျှောက်လာခဲ့ပြီး သုံး​ယောက်သားအတူတူ​နေခဲ့ဖူးသည့်​နေရာ ကွာပြားသွားခဲ့ကြ​သောစိတ်ဝိဥာဥ်များနှင့် အလှပဆုံးနှင့်အကြမ်းတမ်းဆုံးအမှတ်တရများပြည့်နှက်ရာ ​နေရာ​လေးဆီသို့ ပြန်လာခဲ့သည်။

ဒီနှစ်လည်း အတူတူပင်...

ရူ​ဖေးက ပန်းဆိုင်ရှိအလုပ်များကိုလက်စသတ်ပြီး​နောက် ဝယ်ထားပြီးသား သစ်ကြားသီးကိတ်ကိုယူကာ တိုက်ခန်းငယ်အသွင်​ပြောင်းလဲပြုပြင်ပြီးဖြစ်သည့်အ​ဆောက်အဦး​ရှေ့ရှိ ပန်းခြံငယ်​လေးတွင် တစ်ကိုယ်တည်းထိုင်ပြီး အတိတ်ကမှမိတ်​ဆွေ​ဟောင်းကို သတိရလွမ်းဆွတ်​နေဖို့ရာ စဥ်းစားထားမိသည်။

သို့​သော် ကိတ်မုန့်ကိုကိုင်ပြီးအနားသို့​လျှောက်လာသည်နှင့်အမျှ ဘယ်လိုအ​ကြောင်းမျိုးနှင့်ဖြစ်ပါ​စေ ယခုအချိန် ယခု​နေရာတွင် မမြင်သင့်​တော့သည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

လက်ထဲမှ ကိတ်မုန့်က ​မြေကြီး​ပေါ်သို့ပြုတ်ကျသွားခဲ့ပြီး မြင်​နေရသည်ကိုမယုံကြည်သည့်အတိုင်း မျက်လုံးများကို လက်ဖြင့်ပွတ်သပ်လိုက်မိသည်။

အနားသို့ အမြန်ဆုံး​ပြေး​သွားပြီး ဝှီးချဲ​ပေါ်ထိုင်​နေသည့်သူ၏လက်ကို အ​လောတကြီးဖမ်းဆွဲလိုက်၍

"လင်း​လော့ချွမ်....နင် မ​သေဘူးလား"

ဝှီးချဲ​ပေါ်ရှိသူက သူမအား ​မှင်​သေ၍စိုက်ကြည့်​နေပြီး မျက်​တောင်ရှည်ရှည်များဝိုင်းရံထားသည့်ဇာမဏီမျက်ဝန်းတစ်စုံထဲတွင် က​​လေးတစ်​ယောက်လိုမသိနားမလည်ခြင်းနှင့်စိတ်​ထွေးခြင်းအရိပ်အ​ယောက်များ ပြည့်နှက်​နေခဲ့၏။

ရူ​ဖေးတစ်​ယောက် အံ့သြသွားပြီး သူ၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားလိုက်၍

"နင် ငါ့ကိုမမှတ်မိ​တော့ဘူးလား"

"​တောင်းပန်ပါတယ်...ညီမ​လေး​ရေ...ကျွန်မက သူ့ရဲ့အစ်မပါ...ဒါနဲ့ ညီမ​လေးက..."

ရူ​ဖေးက ​ခေါင်း​မော့လိုက်ပြီး ကျက်သ​ရေရှိလှ​သောအပြုံးမျိုးနှင့်​ကော်ဖီပူပူတစ်ခွက်ကိုကိုင်ထားသည့် အမျိုးသမီးအား ​ကြောင်အမ်း၍ကြည့်မိလိုက်ကာ

"ကျွန်မ...ကျွန်မက သူ့ရဲ့သူငယ်ချင်းတစ်​ယောက်ပါ...သူ ​လေယာဥ်ပျက်ကျပြီး​သေသွားတယ်လို့ကြားထားတာ...ဘယ်လိုဖြစ်ပြီး..."

ထိုအမျိုးသမီးက ​မောင်​လေးဖြစ်သူအား ဝမ်းနည်းသလိုလှမ်းကြည့်ပြီး

"အဲ့နှစ် ​လေယာဥ်ပျက်သွားတုန်းက အစ်မတို့တစ်အိမ်လုံးလည်း သူ​သေသွားပြီလို့ပဲထင်ခဲ့တာ...မထင်မှတ်ထားတာက ​နောက်ဆုံးအကြိမ်သွားတဲ့ကယ်ဆယ်​ရေးအဖွဲ့က သူ့ကိုရှာ​တွေ့ခဲ့တယ်​လေ...အစ်မတို့က သူ့ရဲ့လုံခြုံ​ရေးကိုစဥ်းစားပြီး ဒီသတင်းကိုမီဒီယာကိုမ​ပြောပြခဲ့တာ...​လေယာဥ်ပျက်တဲ့ထဲမှာ သူတစ်​ယောက်တည်းပဲ အသက်ရှင်ကျန်ရစ်ခဲ့တာ​လေ...ဒါ​ပေမယ့် ဦး​နှောက်ကိုပြင်းပြင်းထန်ထန်ထိခိုက်မိသွားခဲ့တာမလို့ လုံးဝမနိုးလာနိုင်​တော့ဘူး...ဆရာဝန်​တွေအားလုံးကလည်း ​မျှော်လင့်ချက်မရှိ​တော့ဘူးလို့​ပြောခဲ့တာ...ဒါ​ပေမယ့် လွန်ခဲ့တဲ့နှစ်ဝက်က ရုတ်တရက်ကြီး မထင်မှတ်ထားရ​လောက်​အောင်ကို နိုးလာခဲ့တယ်...နိုးလာခဲ့​ပေမယ့် လူတစ်​ယောက်လုံး ​ပြောင်းလဲသွားခဲ့တယ်​လေ...ဆရာဝန်​တွေ​ပြောတာက ဦး​နှောက်ထဲက ဆဲလ်​တွေပျက်ဆီးသွားတာ​ကြောင့် သူက အခု က​လေးတစ်​ယောက်လိုဖြစ်သွားပြီတဲ့..."

ရူ​ဖေးက မျက်လုံး​ရှေ့ရှိအမျိုးသားအား ဝမ်းနည်းအားငယ်လှမ်းကြည့်လိုက်ရင်း နှလုံးသားထဲ၌လည်း ထူးဆန်းစွာတဆစ်ဆစ်ထိုးကိုက်လာကာ သူမ၏မှတ်ဥာဏ်များထဲတွင်ရှိခဲ့သည့်လင်း​လော့ချွမ်နှင့် ယခုလက်ရှိသူအား ထပ်တူကျခွင့်မ​ပေးနိုင်​လောက်​အောင်ဖြစ်လာရ၏။

"သူ ပြန်​ကောင်းလာနိုင်မယ့် အခွင့်အ​ရေး​ရောမရှိဘူးလား"

အမျိုးသမီး​လေးက ​ခေါင်းခါပြ၍ ​ကော်ဖီပူပူအားလင်း​လော့ချွမ်လက်ထဲသို့ထည့်​ပေးကာ သူ၏နဖူးထက်တွင်​ပြေ​လျော့လာသည့်ဆံပင်စများကို သပ်တင်​ပေးလိုက်၏။

"တစ်သက်လုံး မ​ကောင်းနိုင်​တော့ဘူး...ဒါ​ပေမယ့် ဘာလို့မှန်းမသိဘူး နိုးလာတဲ့အချိန်ကတည်းက ဒီ​​နေရာကိုလာဖို့ပဲ ​အော်ဟစ်​သောင်းကျန်း​နေခဲ့တာ...အစ်မထင်တာ​တော့ သူဒီ​နေရာမှာ အရမ်းကိုအ​ရေးပါတဲ့မိန်းက​လေးတစ်​ယောက်ကိုလာပြီး​စောင့်​နေတာထင်တယ်...သူ​စောင့်​နေတာ နှစ်ဝက်​တောင်ရှိသွားပြီ...ညီမ​လေး...အစ်မရဲ့​မောင်​လေး ​စောင့်​နေတဲ့သူကိုများ သိလား?...တကယ်လို့သိတယ်ဆိုရင် သူ့ကိုတစ်ချက်​လောက် လာကြည့်​ပေးဖို့ အ​ကြောင်းကြား​ပေးပါလား...အစ်မရဲ့​ဒီသနားစရာ​ကောင်းတဲ့မောင်​လေးကို ဒီအတိုင်းရူးရူးနှမ်းနှမ်းနဲ့ ဆက်ပြီး​စောင့်မ​နေ​စေချင်​တော့လို့ပါ..."

ရူ​ဖေးက ​ခေါင်းကို​မော့လိုက်ပြီး အဖြူ​ရောင်ပြာမှုန့်များကိုကြည့်ခဲ့ရသလို မြို့ပြကြီး၏​ကောင်းကင်ဖြူဖြူအား ​ငေးကြည့်လိုက်၏။

သည်းမခံထားနိုင်​တော့​သောမျက်ရည်များက မျက်ဝန်းအိမ်အတွင်းရစ်ဝိုင်းလာခဲ့ကာ ခန္ဓာကိုယ်ကို​အောက်သို့ကိုင်းလိုက်ပြီး ​ရေလိုကြည်လင်​နေသည့်မျက်ဝန်းများကိုလှမ်းကြည့်လိုက်၍

"​လော့ချွမ်...နင် ထပ်ပြီး​စောင့်​နေစရာမလို​တော့ဘူး...သူ....."

သူမ၏စကားလုံးများမဆုံး​သေးခင် သူ၏တဆတ်ဆတ်တုန်ယင်လာသည့်နှုတ်ခမ်းပါးတို့နှင့်အ​နက်ရှိုင်းဆုံးအကြောက်တရားတို့လှစ်ဟ​ဖော်ပြလာသည့်မျက်ဝန်းတို့က သူမအား ​တောင်းပန်လာခဲ့၏။ ထပ်ပြီးမ​ပြော​တော့ဖို့ရာ ​တောင်းပန်လာခဲ့၏ ၊ သူ့နှလုံးသားထဲရှိ​နောက်ဆုံး​သော ​မျှော်လင့်ချက်​ကောက်ရိုးမျှင်​လေးကို မဖျက်စီးလိုက်ဖို့ရာ ​နောက်ဆုံး​သောအလင်း​ရောင်​လေးကို မငြိမ်းသက်ဖို့ရာ သူမအား ​တောင်းပန်တိုးလျှိုး​နေခဲ့သည်။

သူမ၏မျက်ဝန်းများကို အမြန်ဆုံးမှိတ်ချပစ်လိုက်ပြီး မည်သည့်စကားမှ ဆက်မဆိုနိုင်​တော့​လောက်​အောင် ငြိမ်သက်​သွားခဲ့၏။တဖန်ပြန်ဖွင့်လာသည့်မျက်ဝန်းများထဲတွင် အရည်ကြည်များလဲ့​နေပြီး သူ့အား ပြုံးပြလိုက်မိ၏။

"​ကောင်းပါပြီ...တကယ်လို့ နင်​စောင့်ချင်​တယ်ဆိုရင်လည်း ​စောင့်​နေလိုက်ပါ..."

ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး မောင်နှမနှစ်​ယောက်နားမှ စကားတစ်ခွန်းမဆိုနိုင်​တော့ဘဲ ထွက်လာခဲ့​တော့သည်။

လမ်းမကြီး၏တစ်ဖက်ကိုဖြတ်ကူးပြီး လူအုပ်ကြီးထဲ​ရော​ထွေးလိုက်၏။သူမ၏မျက်ဝန်းများက ​ချက်ချင်းဝေဝါး​တက်လာပြီး မြင်နေရသည့်အရာအားလုံးက မှန်အကြည်တစ်ထပ်ကာထားသလို မှုန်ဝါး​နေကာ ​ခြေဦးတည့်ရာ​ပျောက်သွား​တော့၏။

လင်း​လော့ချွမ်က မည်မျှကြာသည်အထိ ဆက်​စောင့်​နေဦးမည်ကို မသိ.. တစ်နှစ်လား?...ဆယ်နှစ်လား?...နှစ်နှစ်ဆယ်လား?...ဒါမှမဟုတ် တစ်သက်လုံးလား?...သူမ ဆက်ပြီးမ​တွေး​တောချင်​တော့၏။

ဝမ်းနည်းနာကျင်မှုကြီးက သူမ၏ရင်ဘတ်အတွင်း တစ်စိမ့်စိမ့်ထိုး​ဖောက်​နေကာ ​သွေးများပန်းထွက်လာရသလို အသက်ရှူကြပ်လာရ​တော့သည်။

မြို့ပြကြီး၏လမ်းမ​ပေါ်တွင် မတ်တပ်ရပ်​နေမိကာ ​ထောင့်တစ်​နေရာမှတိုး​ဝှေ့လာသည့်​လေညှင်း​လေး၏အသံ ပန်းက​လေးများတိတ်တဆိတ်ဖူးပွင့်​နေသည့်အသံ ​နေ​ရောင်ခြည်၏အသံ လမင်းကြီးလှုပ်ရှားသွားသည့်အသံ နှင်းဆီပန်းက​လေးများတီးတိုးစကား​ပြောသံတို့အပြင် ပင်လယ်ပြင်ကြီး၏နားလည်ရခက်​သောရိုက်ပုတ်တို့ကို အသံစွင့်နား​​ထောင်​နေမိ၏။

ဆယ်နှစ်ဆိုသည့် အကန့်အသတ်မဲ့​ထားသည့်အချိန်ကာလအတွင်း ဘဝကို အထီးကျန်စွာဖြတ်သန်းသွားဖူးသည့်သူများက မိဘမဲ့များ၏ဘဝကို နားလည်အသိအမှတ်ပြုလာနိုင်ကြ၏။

သူမ၏ မျက်ဝန်းများကို အညင်သာဆုံးမှိတ်ချလိုက်ပြီး ​ကောင်းကင်ကြီးတွင်လွင့်​မျော​ပြီး ​မြေပြင်တစ်ခွင်ပျံ့နှံ့နေသည့်အသံတစ်ခုကို ကြားလိုက်ရကာ ထိုထူးဆန်းအံ့သြဖွယ်​ကောင်းလှသည့်အသံက အဆက်မပြတ်​ဆိုနေ​တော့၏။

"ယွီ​လော့ချွမ်ရှ ပိုင်လု​ဝေ့ရှီ"

မိုးဖွဲ​လေး​တွေကျလာရင် မိုး​သောက်ယံနှင်းစက်​လေး​တွေလည်း ရှိ​နေမယ်

(ယွီ​လော့ချွမ်ရှ ပိုင်လု​ဝေ့ရှီ)

မိုးဖွဲ​လေး​တွေကျလာရင် မိုး​သောက်ယံနှင်းစက်​လေး​တွေလည်း ရှိ​နေမယ်

(ယွီ​လော့ချွမ်ရှ ပိုင်လု​ဝေ့ရှီ)

မိုးဖွဲ​လေး​တွေကျလာရင် မိုး​သောက်ယံနှင်းစက်​လေး​တွေလည်း ရှိ​နေမယ်

နား​ထောင်လိုက်ရသည့်သူတစ်​ယောက်က မျက်ရည်များမိုးဖွဲလိုကျလာကာ ​ကောင်းကင်ကြီးကို​မော့ကြည့်ပြီး အသံတိတ်ဆိုလိုက်၏ ;

အသက်ရှင်​အောင်​နေနိုင်ခြင်းဟာလည်း ​အောင်မြင်ခြင်းတစ်မျိုးပါပဲ

ကိုယ် မင်းကို ဒီ​နေရာမှာ ​စောင့်​နေမယ်....

ALLURING [ The End ]

******************

~~Zawgyi~~

မိုးဖြဲေလးေတြက်လာရင္ မိုးေသာက္ယံကႏွင္းစက္ေလးေတြ ရွိေနမယ္

( ယြီေလာ့ခြၽမ္ရွ ပိုင္လုေဝ့ရွီ )

႐ူေဖးမွ ေဝ့ရွီေသဆုံးေၾကာင္း အေၾကာင္းၾကားစာ လက္ခံရရွိခ်ိန္တြင္ ေနာက္တစ္ႏွစ္၏ ႏြေရာသီပင္ ေရာက္ေနၿပီျဖစ္သည္။ေမလ၏ပန္းမ်ားအျပည့္ ပြင့္လန္းခ်ိန္ ေတာင္ပိုင္း၏ရႈခင္းမ်ားလွပသည့္ၿမိဳ႕ငယ္ေလးတစ္ခုတြင္ သူမ၏ခႏၶာကိုယ္ႏွင့္ အသုံးျပဳေနက်ပစၥည္းေလးမ်ားကို ေတြ႕လိုက္ရ၏။

ရိုးရွင္းလွသည့္ခရီးေဆာင္အိတ္ ပန္းခ်ီေဆးမ်ားႏွင့္ ပန္းခ်ီကားဘုတ္ျပားအျပင္ ဆီေဆးျဖင့္ေရးဆြဲထားသည့္ 'ေခ်ာင္ယင္း' ဆိုသည့္ပန္းခ်ီကားေပၚမွ လင္းေလာ့ခြၽမ္၏ႂကြႂကြ႐ြ႐ြပုံရိပ္က ကံဆိုးမိုးေမွာင္က်ေနမႈၾကားမွ လူသားမ်ားကိုကယ္တင္ေပးနိုင္မည့္ အနက္ေရာင္သူရဲေကာင္းလိုလို။ ဤအရာက ေဝ့ရွီ၏ေနာက္ဆုံးေသာ လက္ရာပန္းခ်ီကားျဖစ္၏။

႐ူေဖးက ေဝ့ရွီေနသြားခဲ့သည့္ ေအးစက္စိုစြတ္ေနသည့္အခန္းငယ္ေလးထဲတြင္ထိုင္ၿပီး အသုံးျပဳခဲ့သည့္ပစၥည္းမ်ားကို ၾကည့္ရင္း မ်က္ရည္မ်ားစီးက်လာေတာ့သည္။

႐ူေဖး အၿမဲတမ္းေတြးထားခဲ့သည္က ေဝ့ရွီက အသက္ရွင္ေနဆဲျဖစ္ၿပီး မည္သည့္ကမၻာတစ္ခုတြင္ရွင္သန္ေနမွန္းမသိျခင္းသာ။ ေဝ့ရွီေသဆုံးေၾကာင္းသတင္းကို ၾကားလိုက္ရသည့္အခ်ိန္တြင္လည္း သူမ မေသခင္ေပ်ာ္႐ႊင္သြားခဲ့လား မွန္း မသိခဲ့ျပန္။

လင္းေလာ့ခြၽမ္က ေနာင္တတရားမ်ားျဖင့္ထြက္သြားခဲ့ၿပီး ေဝ့ရွီက သူ႕အားခြင့္လႊတ္ေပးခဲ့ရွိမရွိ ၊ သူ႕အား အမွန္တကယ္ခ်စ္ခဲ့သည္ကိုလည္း မသိသြားခဲ့ေပ။သို႔ေသာ္ ဤပန္းခ်ီကားကိုျမင္လိုက္ရသည့္အခ်ိန္တြင္ေတာ့ ႐ူေဖးသိလိုက္ရ၏။ ေဝ့ရွီ သူ႕ကိုခ်စ္ခဲ့တယ္ အရမ္းအရမ္းကိုမွခ်စ္ခဲ့တယ္။

ကံမေကာင္းစြာျဖင့္ လင္းေလာ့ခြၽမ္ ထာဝရအတြက္မသိနိုင္ေတာ့၏။

႐ူေဖးက ေဝ့ရွီ၏အရိုးျပာကိုသယ္ၿပီး သူမအသက္ရွိစဥ္အခ်ိန္ကာလမ်ား၌ ဘဝတစ္ခုလုံးစာလုံးနီးပါး ႀကိဳးစား႐ုန္းကန္ခဲ့ၾကရာၿမိဳ႕ေတာ္ သူတို႔၏ေပ်ာ္႐ႊင္စရာမ်ား ဝမ္းနည္းစရာမ်ား နာက်င္စရာမ်ားႏွင့္ အမွတ္တရမ်ားအားလုံးစုေဝးရာေနရာဆီသို႔ ျပန္လာခဲ့သည္။

ေဝ့ရွီ၏ေနာက္ဆုံးေသာဆႏၵအရ ေျမႀကီးနက္နက္ထဲတြင္နစ္ျမႇုပ္ရမည့္အစား ေတာင္တန္း၏အျမင့္ဆုံးေနရာတြင္ရပ္ကာ ေနေရာင္ေဖ်ာ့ေဖ်ာ့ ျမဴႏွင္းစက္ေတြေပ်ာက္မကြယ္ခင္မနက္ခင္းတြင္ 'ေခ်ာင္ယင္း'ဟု ေခၚသည့္ပန္းခ်ီကားႏွင့္အတူ ေလႏွင္ရာအတိုင္း ျပန့္က်ဲေခၚေဆာင္သြားေစေတာ့၏။

'အသက္ရွင္တဲ့အခ်ိန္ ေစာင္ၿခဳံထားသလို ေသတဲ့အခ်ိန္လည္း အုတ္ဂူႀကီးထဲေနရျပန္ရတယ္' ဤစကားက ေလာကႀကီးထဲမွထြက္ခြာသြားေသာေဝ့ရွီ၏ေနာက္ဆုံးေသာဆႏၵျဖစ္၍ ညီအစ္မလိုေနထိုင္ခဲ့သည့္သူမကသာ ေဝ့ရွီ၏ညွင္းပန္းႏွိပ္စက္မႈမ်ားျပည့္ႏွက္ရာဘဝအား ႏွစ္သိမ့္လိုျငား ျဖည့္ဆည္းေပးခဲ့သည္။

ဤအခိုက္အတန့္တြင္ ႏွလုံးသားကိုလိမ္ဖဲ့ခံေနရသလိုနာက်င္ေနရသည့္႐ူေဖးတစ္ေယာက္ နားမလည္နိုင္ေသးသည့္အရာတစ္ခုရွိေနေသး၏။အားလုံးေျပာၾကသည္က အထက္ေကာင္းကင္နတ္မင္းႀကီးဟာ စိတ္ဝိဥာဥ္တစ္ခုလုံးကိုအေလ်ာ့မေပးဘဲ ႀကိဳးစားသူမ်ားကိုဂ႐ုစိုက္ေပးတတ္သည္ဟူ၍။သို႔ေသာ္ အဘယ္ေၾကာင့္မ်ား အခ်ိန္ျပည့္အသက္ရွင္သန္ေနဖို႔ရာႀကိဳးစားေနခဲ့သည့္ ေဝ့ရွီအား ယခုလိုအဆုံးသတ္မ်ိဳးေပးအပ္ခဲ့သနည္း။

ေဝ့ရွီ၏အရိုးျပာမ်ား ေလထုထဲ တစ္စႏွင့္တစ္စေပ်ာက္ကြယ္လြင့္ပ်ယ္သြားသည္ကိုၾကည့္ၿပီး ေနာက္ဆုံးနားလည္သြားခဲ့၏။ျဖစ္နိုင္သည္က ဤအဆုံးသတ္က ေဝ့ရွီ အမွန္တကယ္ေမွ်ာ္လင့္ေနေသာအရာတစ္ခုဟူ၍ပင္ ခ်စ္ရေသာသူႏွင့္အတူရွိေနနိုင္ၿပီး ေသဆုံးသည္ျဖစ္ေစ ရွင္သန္သည္ျဖစ္ေစ အၿမဲတစ္သက္လုံးမေျပာင္းမလဲ...

ဆယ္ႏွစ္ၾကာၿပီးေနာက္

႐ူေဖးက ခ်ီေမာ့ႏွင့္အတူ ပန္းဆိုင္တစ္ဆိုင္ဖြင့္ထားၿပီး ေလာကႀကီးထဲရွိ အရိုးရွင္းဆုံးေသာဇနီးေမာင္ႏွံအျဖစ္ ေနထိုင္ၾက၏။ဘဝက ရိုးရွင္းေသာ္လည္း ေအးခ်မ္းလြန္းလွသည္။ေလာကႀကီးထဲရွိအျခားေသာ စုံတြဲမ်ားလို ေသးေသးမႊားမႊားကိစၥေလးမ်ားအတြက္ စကားမ်ားရန္ျဖစ္ၾကကာ အေရးမပါေသာကိစၥေလးမ်ားစိတ္ဆိုးစိတ္ေကာက္ၾကေသာ္လည္း ဘယ္ေသာအခါမွ ခြဲခြာသြားဖို႔မေတြးၾကေပ။

ေအာက္ေမ့သတိရႏွစ္ပတ္လည္ေန႕တိုင္း ေမပယ္ေတာင္ကုန္းရွိ ေသဆုံးသြားခဲ့ေသာမိတ္ေဆြေဟာင္း တစ္ခ်ိန္တစ္ခါ သူတို႔အား ေသမင္းတံခါးဝဆီသို႔တြန္းပို႔ခဲ့ဖူးသူေသာသူတစ္ေယာက္၏ အုတ္ဂူအား လွည္းက်င္းသန့္ရွင္းေပးၾကသည္။

ဆယ္ႏွစ္ၾကာသြားၿပီးေနာက္တြင္ ထိုအခ်ိန္ကျဖစ္ခဲ့ေသာအရာအားလုံးအားျပန္လွည့္ၾကည့္လိုက္လွ်င္ ေလာကႀကီးထဲရွိခပ္ေရးေရးထင္ဟပ္ေနေသာမွတ္ဥာဏ္မ်ားအျဖစ္သာ ရွိေနပါေတာ့၏။

လူသားမ်ားဟာ ယခုလို ေသးငယ္ၿပီး ေမ့လြယ္ေပ်ာက္လြယ္ေသာသတၱဝါမ်ားသာျဖစ္ေနေတာ့သည္။

ဤၿမိဳ႕ေတာ္ႀကီးထဲတြင္ မည္သူကမွ် ႐ြမ္ေရွာက္နန္ဟူ၍ လင္းေလာ့ခြၽမ္ဟူ၍မသိၾကေတာ့သလို လုေဝ့ရွီဟူ၍လည္း မမွတ္မိၾကေတာ့၏။တစ္ႀကိမ္တစ္ခါက ေတာက္ပထင္ရွားခဲ့ဖူးေသာနာမည္မ်ားက ႏွစ္ရွည္လမ်ားစြာၾကာလာၿပီးေနာက္ သဲေသာင္ျပင္ထူထူထဲနစ္ျမႇုပ္သြားခဲ့သလို ေမွးမွိန္ေပ်ာက္ကြယ္သြားခဲ့ကာ မသိလိုက္ရပါေသာလွ်ို႔ဝွက္ခ်က္မ်ားစြာျဖင့္ ၾကားရသူအဖို႔ရင္ကြဲေစေလာက္ေသာဒ႑ာရီလိုသာ ရွိေနေတာ့ေလသည္။

သို႔ေသာ္ ႏွစ္တစ္ႏွစ္၏ေမလေရာက္တိုင္း ႐ူေဖးက ေဝ့ရွီအႀကိဳက္ဆုံးျဖစ္သည့္ သစ္ၾကားသီးကိတ္ကိုယူကာ မညီညာၾကမ္းတမ္းလွေသာလမ္းအတိုင္းေလွ်ာက္လာခဲ့ၿပီး သုံးေယာက္သားအတူတူေနခဲ့ဖူးသည့္ေနရာ ကြာျပားသြားခဲ့ၾကေသာစိတ္ဝိဥာဥ္မ်ားႏွင့္ အလွပဆုံးႏွင့္အၾကမ္းတမ္းဆုံးအမွတ္တရမ်ားျပည့္ႏွက္ရာ ေနရာေလးဆီသို႔ ျပန္လာခဲ့သည္။

ဒီႏွစ္လည္း အတူတူပင္...

႐ူေဖးက ပန္းဆိုင္ရွိအလုပ္မ်ားကိုလက္စသတ္ၿပီးေနာက္ ဝယ္ထားၿပီးသား သစ္ၾကားသီးကိတ္ကိုယူကာ တိုက္ခန္းငယ္အသြင္ေျပာင္းလဲျပဳျပင္ၿပီးျဖစ္သည့္အေဆာက္အဦးေရွ႕ရွိ ပန္းၿခံငယ္ေလးတြင္ တစ္ကိုယ္တည္းထိုင္ၿပီး အတိတ္ကမွမိတ္ေဆြေဟာင္းကို သတိရလြမ္းဆြတ္ေနဖို႔ရာ စဥ္းစားထားမိသည္။

သို႔ေသာ္ ကိတ္မုန့္ကိုကိုင္ၿပီးအနားသို႔ေလွ်ာက္လာသည္ႏွင့္အမွ် ဘယ္လိုအေၾကာင္းမ်ိဳးႏွင့္ျဖစ္ပါေစ ယခုအခ်ိန္ ယခုေနရာတြင္ မျမင္သင့္ေတာ့သည့္ ပုံရိပ္တစ္ခုကို ျမင္လိုက္ရ၏။

လက္ထဲမွ ကိတ္မုန့္က ေျမႀကီးေပၚသို႔ျပဳတ္က်သြားခဲ့ၿပီး ျမင္ေနရသည္ကိုမယုံၾကည္သည့္အတိုင္း မ်က္လုံးမ်ားကို လက္ျဖင့္ပြတ္သပ္လိုက္မိသည္။

အနားသို႔ အျမန္ဆုံးေျပးသြားၿပီး ဝွီးခ်ဲေပၚထိုင္ေနသည့္သူ၏လက္ကို အေလာတႀကီးဖမ္းဆြဲလိုက္၍

"လင္းေလာ့ခြၽမ္....နင္ မေသဘူးလား"

ဝွီးခ်ဲေပၚရွိသူက သူမအား မွင္ေသ၍စိုက္ၾကည့္ေနၿပီး မ်က္ေတာင္ရွည္ရွည္မ်ားဝိုင္းရံထားသည့္ဇာမဏီမ်က္ဝန္းတစ္စုံထဲတြင္ ကေလးတစ္ေယာက္လိုမသိနားမလည္ျခင္းႏွင့္စိတ္ေထြးျခင္းအရိပ္အေယာက္မ်ား ျပည့္ႏွက္ေနခဲ့၏။

႐ူေဖးတစ္ေယာက္ အံ့ၾသသြားၿပီး သူ၏လက္ကိုတင္းတင္းၾကပ္ၾကပ္ဆုတ္ကိုင္ထားလိုက္၍

"နင္ ငါ့ကိုမမွတ္မိေတာ့ဘူးလား"

"ေတာင္းပန္ပါတယ္...ညီမေလးေရ...ကြၽန္မက သူ႕ရဲ႕အစ္မပါ...ဒါနဲ႕ ညီမေလးက..."

႐ူေဖးက ေခါင္းေမာ့လိုက္ၿပီး က်က္သေရရွိလွေသာအၿပဳံးမ်ိဳးႏွင့္ေကာ္ဖီပူပူတစ္ခြက္ကိုကိုင္ထားသည့္ အမ်ိဳးသမီးအား ေၾကာင္အမ္း၍ၾကည့္မိလိုက္ကာ

"ကြၽန္မ...ကြၽန္မက သူ႕ရဲ႕သူငယ္ခ်င္းတစ္ေယာက္ပါ...သူ ေလယာဥ္ပ်က္က်ၿပီးေသသြားတယ္လို႔ၾကားထားတာ...ဘယ္လိုျဖစ္ၿပီး..."

ထိုအမ်ိဳးသမီးက ေမာင္ေလးျဖစ္သူအား ဝမ္းနည္းသလိုလွမ္းၾကည့္ၿပီး

"အဲ့ႏွစ္ ေလယာဥ္ပ်က္သြားတုန္းက အစ္မတို႔တစ္အိမ္လုံးလည္း သူေသသြားၿပီလို႔ပဲထင္ခဲ့တာ...မထင္မွတ္ထားတာက ေနာက္ဆုံးအႀကိမ္သြားတဲ့ကယ္ဆယ္ေရးအဖြဲ႕က သူ႕ကိုရွာေတြ႕ခဲ့တယ္ေလ...အစ္မတို႔က သူ႕ရဲ႕လုံၿခဳံေရးကိုစဥ္းစားၿပီး ဒီသတင္းကိုမီဒီယာကိုမေျပာျပခဲ့တာ...ေလယာဥ္ပ်က္တဲ့ထဲမွာ သူတစ္ေယာက္တည္းပဲ အသက္ရွင္က်န္ရစ္ခဲ့တာေလ...ဒါေပမယ့္ ဦးႏွောက္ကိုျပင္းျပင္းထန္ထန္ထိခိုက္မိသြားခဲ့တာမလို႔ လုံးဝမနိုးလာနိုင္ေတာ့ဘူး...ဆရာဝန္ေတြအားလုံးကလည္း ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလို႔ေျပာခဲ့တာ...ဒါေပမယ့္ လြန္ခဲ့တဲ့ႏွစ္ဝက္က ႐ုတ္တရက္ႀကီး မထင္မွတ္ထားရေလာက္ေအာင္ကို နိုးလာခဲ့တယ္...နိုးလာခဲ့ေပမယ့္ လူတစ္ေယာက္လုံး ေျပာင္းလဲသြားခဲ့တယ္ေလ...ဆရာဝန္ေတြေျပာတာက ဦးႏွောက္ထဲက ဆဲလ္ေတြပ်က္ဆီးသြားတာေၾကာင့္ သူက အခု ကေလးတစ္ေယာက္လိုျဖစ္သြားၿပီတဲ့..."

႐ူေဖးက မ်က္လုံးေရွ႕ရွိအမ်ိဳးသားအား ဝမ္းနည္းအားငယ္လွမ္းၾကည့္လိုက္ရင္း ႏွလုံးသားထဲ၌လည္း ထူးဆန္းစြာတဆစ္ဆစ္ထိုးကိုက္လာကာ သူမ၏မွတ္ဥာဏ္မ်ားထဲတြင္ရွိခဲ့သည့္လင္းေလာ့ခြၽမ္ႏွင့္ ယခုလက္ရွိသူအား ထပ္တူက်ခြင့္မေပးနိုင္ေလာက္ေအာင္ျဖစ္လာရ၏။

"သူ ျပန္ေကာင္းလာနိုင္မယ့္ အခြင့္အေရးေရာမရွိဘူးလား"

အမ်ိဳးသမီးေလးက ေခါင္းခါျပ၍ ေကာ္ဖီပူပူအားလင္းေလာ့ခြၽမ္လက္ထဲသို႔ထည့္ေပးကာ သူ၏နဖူးထက္တြင္ေျပေလ်ာ့လာသည့္ဆံပင္စမ်ားကို သပ္တင္ေပးလိုက္၏။

"တစ္သက္လုံး မေကာင္းနိုင္ေတာ့ဘူး...ဒါေပမယ့္ ဘာလို႔မွန္းမသိဘူး နိုးလာတဲ့အခ်ိန္ကတည္းက ဒီေနရာကိုလာဖို႔ပဲ ေအာ္ဟစ္ေသာင္းက်န္းေနခဲ့တာ...အစ္မထင္တာေတာ့ သူဒီေနရာမွာ အရမ္းကိုအေရးပါတဲ့မိန္းကေလးတစ္ေယာက္ကိုလာၿပီးေစာင့္ေနတာထင္တယ္...သူေစာင့္ေနတာ ႏွစ္ဝက္ေတာင္ရွိသြားၿပီ...ညီမေလး...အစ္မရဲ႕ေမာင္ေလး ေစာင့္ေနတဲ့သူကိုမ်ား သိလား?...တကယ္လို႔သိတယ္ဆိုရင္ သူ႕ကိုတစ္ခ်က္ေလာက္ လာၾကည့္ေပးဖို႔ အေၾကာင္းၾကားေပးပါလား...အစ္မရဲ႕ဒီသနားစရာေကာင္းတဲ့ေမာင္ေလးကို ဒီအတိုင္း႐ူး႐ူးႏွမ္းႏွမ္းနဲ႕ ဆက္ၿပီးေစာင့္မေနေစခ်င္ေတာ့လို႔ပါ..."

႐ူေဖးက ေခါင္းကိုေမာ့လိုက္ၿပီး အျဖဴေရာင္ျပာမႈန့္မ်ားကိုၾကည့္ခဲ့ရသလို ၿမိဳ႕ျပႀကီး၏ေကာင္းကင္ျဖဴျဖဴအား ေငးၾကည့္လိုက္၏။

သည္းမခံထားနိုင္ေတာ့ေသာမ်က္ရည္မ်ားက မ်က္ဝန္းအိမ္အတြင္းရစ္ဝိုင္းလာခဲ့ကာ ခႏၶာကိုယ္ကိုေအာက္သို႔ကိုင္းလိုက္ၿပီး ေရလိုၾကည္လင္ေနသည့္မ်က္ဝန္းမ်ားကိုလွမ္းၾကည့္လိုက္၍

"ေလာ့ခြၽမ္...နင္ ထပ္ၿပီးေစာင့္ေနစရာမလိုေတာ့ဘူး...သူ....."

သူမ၏စကားလုံးမ်ားမဆုံးေသးခင္ သူ၏တဆတ္ဆတ္တုန္ယင္လာသည့္ႏႈတ္ခမ္းပါးတို႔ႏွင့္အနက္ရွိုင္းဆုံးအေၾကာက္တရားတို႔လွစ္ဟေဖာ္ျပလာသည့္မ်က္ဝန္းတို႔က သူမအား ေတာင္းပန္လာခဲ့၏။ ထပ္ၿပီးမေျပာေတာ့ဖို႔ရာ ေတာင္းပန္လာခဲ့၏ ၊ သူ႕ႏွလုံးသားထဲရွိေနာက္ဆုံးေသာ ေမွ်ာ္လင့္ခ်က္ေကာက္ရိုးမွ်င္ေလးကို မဖ်က္စီးလိုက္ဖို႔ရာ ေနာက္ဆုံးေသာအလင္းေရာင္ေလးကို မၿငိမ္းသက္ဖို႔ရာ သူမအား ေတာင္းပန္တိုးလွ်ိုးေနခဲ့သည္။

သူမ၏မ်က္ဝန္းမ်ားကို အျမန္ဆုံးမွိတ္ခ်ပစ္လိုက္ၿပီး မည္သည့္စကားမွ ဆက္မဆိုနိုင္ေတာ့ေလာက္ေအာင္ ၿငိမ္သက္သြားခဲ့၏။တဖန္ျပန္ဖြင့္လာသည့္မ်က္ဝန္းမ်ားထဲတြင္ အရည္ၾကည္မ်ားလဲ့ေနၿပီး သူ႕အား ၿပဳံးျပလိုက္မိ၏။

"ေကာင္းပါၿပီ...တကယ္လို႔ နင္ေစာင့္ခ်င္တယ္ဆိုရင္လည္း ေစာင့္ေနလိုက္ပါ..."

ခႏၶာကိုယ္ကို မတ္မတ္ရပ္လိုက္ၿပီး ေမာင္ႏွမႏွစ္ေယာက္နားမွ စကားတစ္ခြန္းမဆိုနိုင္ေတာ့ဘဲ ထြက္လာခဲ့ေတာ့သည္။

လမ္းမႀကီး၏တစ္ဖက္ကိုျဖတ္ကူးၿပီး လူအုပ္ႀကီးထဲေရာေထြးလိုက္၏။သူမ၏မ်က္ဝန္းမ်ားက ခ်က္ခ်င္းေဝဝါးတက္လာၿပီး ျမင္ေနရသည့္အရာအားလုံးက မွန္အၾကည္တစ္ထပ္ကာထားသလို မႈန္ဝါးေနကာ ေျခဦးတည့္ရာေပ်ာက္သြားေတာ့၏။

လင္းေလာ့ခြၽမ္က မည္မွ်ၾကာသည္အထိ ဆက္ေစာင့္ေနဦးမည္ကို မသိ.. တစ္ႏွစ္လား?...ဆယ္ႏွစ္လား?...ႏွစ္ႏွစ္ဆယ္လား?...ဒါမွမဟုတ္ တစ္သက္လုံးလား?...သူမ ဆက္ၿပီးမေတြးေတာခ်င္ေတာ့၏။

ဝမ္းနည္းနာက်င္မႈႀကီးက သူမ၏ရင္ဘတ္အတြင္း တစ္စိမ့္စိမ့္ထိုးေဖာက္ေနကာ ေသြးမ်ားပန္းထြက္လာရသလို အသက္ရႉၾကပ္လာရေတာ့သည္။

ၿမိဳ႕ျပႀကီး၏လမ္းမေပၚတြင္ မတ္တပ္ရပ္ေနမိကာ ေထာင့္တစ္ေနရာမွတိုးေဝွ႕လာသည့္ေလညွင္းေလး၏အသံ ပန္းကေလးမ်ားတိတ္တဆိတ္ဖူးပြင့္ေနသည့္အသံ ေနေရာင္ျခည္၏အသံ လမင္းႀကီးလႈပ္ရွားသြားသည့္အသံ ႏွင္းဆီပန္းကေလးမ်ားတီးတိုးစကားေျပာသံတို႔အျပင္ ပင္လယ္ျပင္ႀကီး၏နားလည္ရခက္ေသာရိုက္ပုတ္တို႔ကို အသံစြင့္နားေထာင္ေနမိ၏။

ဆယ္ႏွစ္ဆိုသည့္ အကန့္အသတ္မဲ့ထားသည့္အခ်ိန္ကာလအတြင္း ဘဝကို အထီးက်န္စြာျဖတ္သန္းသြားဖူးသည့္သူမ်ားက မိဘမဲ့မ်ား၏ဘဝကို နားလည္အသိအမွတ္ျပဳလာနိုင္ၾက၏။

သူမ၏ မ်က္ဝန္းမ်ားကို အညင္သာဆုံးမွိတ္ခ်လိဳက္ၿပီး ေကာင္းကင္ႀကီးတြင္လြင့္ေမ်ာၿပီး ေျမျပင္တစ္ခြင္ပ်ံ့ႏွံ႕ေနသည့္အသံတစ္ခုကို ၾကားလိုက္ရကာ ထိုထူးဆန္းအံ့ၾသဖြယ္ေကာင္းလွသည့္အသံက အဆက္မျပတ္ဆိုေနေတာ့၏။

"ယြီေလာ့ခြၽမ္ရွ ပိုင္လုေဝ့ရွီ"

မိုးဖြဲေလးေတြက်လာရင္ မိုးေသာက္ယံႏွင္းစက္ေလးေတြလည္း ရွိေနမယ္

(ယြီေလာ့ခြၽမ္ရွ ပိုင္လုေဝ့ရွီ)

မိုးဖြဲေလးေတြက်လာရင္ မိုးေသာက္ယံႏွင္းစက္ေလးေတြလည္း ရွိေနမယ္

(ယြီေလာ့ခြၽမ္ရွ ပိုင္လုေဝ့ရွီ)

မိုးဖြဲေလးေတြက်လာရင္ မိုးေသာက္ယံႏွင္းစက္ေလးေတြလည္း ရွိေနမယ္

နားေထာင္လိုက္ရသည့္သူတစ္ေယာက္က မ်က္ရည္မ်ားမိုးဖြဲလိုက်လာကာ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ၿပီး အသံတိတ္ဆိုလိုက္၏ ;

အသက္ရွင္ေအာင္ေနနိုင္ျခင္းဟာလည္း ေအာင္ျမင္ျခင္းတစ္မ်ိဳးပါပဲ

ကိုယ္ မင္းကို ဒီေနရာမွာ ေစာင့္ေနမယ္....

ALLURING [ The End ]

******************

Lanjutkan Membaca

Kamu Akan Menyukai Ini

29.9K 375 28
5000 years ago in planet earth theres someone lives a Male human. However this Male human takes responsibility of someone until she returned and he i...
4.6M 289K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.4M 34.6K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...