'နင်'ဆိုတာ ထပ်ပြီးမရှိ
ရွမ်ရှောက်နန်က စာကြည့်ခန်းအတွင်းသို့ဝင်လာခဲ့ပြီး တံခါးကိုလော့ခ်ချလိုက်သည်။ထို့နောက် ထိုင်ခုံပေါ်တွင်ထိုင်လိုက်ပြီး လက်ထဲတွင်ကိုင်ထားသည့် ဗလာကျင်းနေသောဆေးဘူးကို ငုံ့ကြည့်လိုက်၏။သူ့ထံတွင် တားမြစ်လိုက်ဖို့ရာ အခွင့်အရေးရှိနေခဲ့သည့်တိုင် သူမလုပ်ခဲ့။ သူ၏တစ်ကိုယ်ကောင်းဆန်သည့်အတွေးများက သူမက အရာအားလုံးကိုမေ့ပျောက်သွားပြီး နောက်တစ်ကြိမ်အသစ်တဖန်ပြန်စနိုင်ဖို့ရာသာ တွေးနေခဲ့ခြင်း။သို့သော် 'အထက်ကောင်းကင်နတ်မင်းများစောင့်ကြည့်နေသည်'ဆိုသည့်စကားအား သူမေ့လျော့သွားခဲ့သည်။အထက်ကောင်းကင်နတ်မင်းကြီးက သူ့အား ပိုက်ကွန်ချထောင်ဖမ်းလိုက်သဖြင့် လွတ်မြောက်ဖို့ရာမဖြစ်နိုင်တော့၏။
သူမက နောက်ဆုံးတွင် ဤဆေးလုံးများကြောင့် သေရတော့မည်ဖြစ်ပြီး သူကိုယ်၌က တစ်စက်ကလေးမျှမရိပ်မိခဲ့ဘဲ အခြေအနေများအားလုံးကို ကြည့်နေခဲ့မိသည်။
နှလုံးသားကို တဆစ်ဆစ်နဲ့ထိုးဆွနေသည့်နာကျင်မှု! သူထပ်ပြီး မတွေးချင်တော့ကာ အံဆွဲကိုဖွင့်ပြီး ပြောင်လက်နေသည့်ပစ်စတိုတစ်လက်ကို ထုတ်ယူလိုက်၏။ဝေ့ရှီ၏မျက်ဝန်းများထဲတွင်ရှိနေသည့်တည်ငြိမ်အေးချမ်းခြင်းများနှင့်ထပ်တူညီနေသည့် သူ၏မျက်ဝန်းများက သေစေနိုင်သောလက်နက်ကိုစိုက်ကြည့်နေ၏။သူ၏စိတ်ဝိဥာဥ်က ခန္ဓာကိုယ်အထဲမှ လွင့်ပျံသွားပြီး ရွှေဝါရောင်များလွှမ်းနေသည့် နွေးထွေးသောအဝေးတစ်နေရာမှအတိတ်ဆီသို့ ပြန်သွားခဲ့လေသည်။
ကြည်လင်နေသောကောင်းကင်ကြီးအောက် မေပယ်ပင်များပြည့်နှက်ရာတောင်ကုန်း ဆောင်းဦးရာသီ၏လေညှင်းက ညနေခင်းဆည်းဆာအချိန်တွင် ခြံဝန်းလေးအတွင်း တိတ်တဆိတ်ဖြတ်လျှောက်သွားခဲ့၏။သူက အဖြူရောင်ရှပ်အကျီကိုဝတ်ထားပြီး ဆောင်းဦးရာသီညနေခင်းဆည်းဆာအောက်ရှိ အဝေးတစ်နေရာတွင်ရပ်နေသည့် သူမက တဖြည်းဖြည်းလေး သေးသေးသွားပြီး နှစ်ယောက်သားစတွေ့ခဲ့ကြသည့် ဆယ့်လေးနှစ်အရွယ်အထိရောက်သွားခဲ့သည်ကို လှမ်းကြည့်နေခဲ့သည်။
သူမက အဖြူရောင်ဂါဝန်ကိုဝတ်ထားပြီး နက်မှောက်သည့်ဆံပင်ရှည်များက လရောင်လောင်းချထားသလို လှပနေ၏။ဒဏ်ရာရနေသည့်ခွေးကလေးတစ်ကောင်ကိုပွေ့ထားပြီး မျက်ရည်များဖြင့်သူ့အားလှမ်းကြည့်ကာ "ရှောင်ပါလေး သေတော့မယ်...သူ့ကို ကယ်ပေးလို့မရဘူးလား"
ခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီး လှမ်းကြည့်မိလိုက်သည့် သူမ၏သလင်းကျောက်လိုလှပသည့်မျက်ဝန်းများကို မြင်လိုက်ရသည့်တစ်မှိတ်စာလေးအတွင်း အရာအားလုံးကံဆိုးမိုးမှောင်ကျသွားရသည့်အခြေအနေသို့ပြောင်းပြန်လှန်ခံလိုက်ရ၏။
ပစ်စတိုကိုယူပြီး သူ၏နားထင်ပေါ်သို့ထောက်လိုက်၍ မျက်နှာကိုမော့ကာ မဲမှောင်နေသည့်မျက်နှာကျက်ကို မျက်နှာချင်းဆိုင်လိုက်၏။သေခြင်းတရားနှင့်အနီးကပ်ဆုံးဖြစ်နေသည့်ကမ္ဘာကြီးက တိတ်ဆိတ်လွန်းပြီး သူ၏နှလုံးသားထဲပြည့်နှက်နေသည့် ဝမ်းနည်းနာကျင်မှုများက လှိုင်းတံပိုးကြီးများရိုက်ပုတ်နေရာမှ ငြိမ်သက်သွားသလို တဖြည်းဖြည်းနှင့် ငြိမ်ကျသွားခဲ့တော့၏။
ပတ်ပတ်လည်တွင်ရှိနေသည့်အမှောင်ထုကြီးက လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့သလို မျက်လုံးကိုမှိတ်ချလိုက်တော့၏။နှစ်လရာသီများအနောက်ပြန်ဆုတ်သွားသည့်အသံကိုနားထောင်ရင်း အသက်ဆယ့်လေးနှစ်ဝေ့ရှီလေး၏လှပသောမျက်နှာလေးကို မြင်ယောင်လာခဲ့သည်။ တစ်ဖက်က ရှောင်ပါကိုပွေ့ထားပြီး မျက်နှာထက်တွင်အချိုသာဆုံးအပြုံးတစ်ခုရှိနေကာ တစ်ဖက်က သူ့အား လက်ရမ်းပြရင်း ရွှေဝါရောင်အလင်းတန်းများကြား ပျောက်ကွယ်သွားခဲ့၏။
နောက်ဆုံးသောစက္ကန့်ပိုင်းတွင် သူတွေးကြည့်မိလိုက်၏။အကယ်၍များ အရာအားလုံး အစမှပြန်၍စတင်ခွင့်ရခဲ့လျှင် သူတို့နှစ်ဦးထံ၌ မတူညီသောအဆုံးသတ်တစ်ခုရှိလာလေမလား?
အဖြေသည်ကား မသေချာ။ မရှိနိုင်လောက်။ အဘယ်ကြောင့်ဆိုသော် သူက ရွမ်ရှောက်နန် ၊ ကံကြမ္မာကယခုလိုဖြစ်နေသ၍ သူ့ထံတွင်ရွေးချယ်စရာမရှိသလို သူမအပေါ် တွယ်တာနေသည့်သံယောဇဥ်ဆက်နွယ်မှုကို တစ်သက်လုံးလွှတ်ချလိုက်မည်မဟုတ်ပေ။ဤအရာက သူ၏ပင်ကိုစရိုက် သူ၏ကံကြမ္မာ...
မျက်ရည်တစ်စက်က အမှောင်ထုထဲတွင် အတိတ်ဆိတ်ဆုံးကျဆင်းသွားခဲ့၏။
"ကိုယ် မင်းကို ကိုယ့်အနားကထွက်သွားဖို့ကိုခွင့်ပြုဖို့အတွက် ဘယ်လိုမှမတတ်နိုင်လို့ပါ...ဒီနည်းလမ်းတစ်ခုတည်းကသာ မင်းရဲ့နာကျင်မှုတွေရော ကိုယ့်ရဲ့နာကျင်မှုတွေကိုရော ဖြေဖျောက်ပေးနိုင်တော့မှာ...ဒါကြောင့်မလို့ ဝေ့ရှီ...ကိုယ့်ကိုပါ ခေါ်သွားလိုက်ပါ..."
သေနတ်သံတစ်ချက်က တုန်လှုပ်လောပြာနေသည့်နှလုံးသားကို ပြင်းပြင်းထန်ထန်ထိုးကျိတ်လိုက်သလို တိတ်ဆိတ်နေသည့်ညနက်ကြီးအား ထိုးဖောက်ကြီးစိုးသွားခဲ့သည်။
ညအမှောင်ထဲတွင် ဝေ့ရှီ၏မျက်ဝန်းတစ်စုံပွင့်လာခဲ့ပြီး အစေခံများ၏အော်ဟစ်ကြောက်လန့်သံ ပဲ့တင်ထပ်နေသောခြေသံများကြားမှ အိမ်တော်ထိန်း၏တံခါးကို အလောတကြီးခေါက်သံ ရဲကားသံများက ညနက်ကြီးထဲစီးလာသည့် ရေသံများလို တဖြည်းဖြည်းနှင့် သူမ၏နားစည်အတွင်းဆူညံနေတော့သည်။
ဘေးနားတွင်ချထားသည့် ပန်းချီကားကို ထိတွေ့လိုက်ပြီး မျက်ဝန်းထောင့်စွန်းတွင်ရစ်သီနေသည့် အေးစက်သည့်မျက်ရည်များက ပန်းချီကားပေါ်ရှိသူ၏မျက်နှာမှတဆင့် ရေးခြယ်ထားသည့်ပန်းပွင့်ဆီသို့ စီးကျသွားခဲ့၏။
'ချောင်ယင်း' ၊ ဒေလီယာပန်းအမျိုးအစားများစွာထဲကမှ အလှပဆုံးသောတစ်ပွင့် ၊ ထာဝရပျော်ရွှင်ခြင်းနှင့်မျှော်လင့်ချက်များကို ကိုယ်စားပြုပြီး သေစေနိုင်လောက်သောဆွဲဆောင်ခြင်းများအပြည့်ရှိသည့်ပန်း။
ခြေတစ်လှမ်းစာလေးဖြင့်လည်း ကြီးမားလှသည့်ကံဆိုးမိုးမှောင်မှုကြီး လွှမ်းခြုံခံလိုက်ရနိုင်၏။ငရဲနှင့်ကောင်းကင်ဘုံကြားရှိ အကွာအဝေးဟာ နီးကပ်လွန်းပြီး စည်းတစ်ခုပင်မခြားထားတော့သည်ဟု ထင်မှတ်ရသည်အထိ။ လက်စားချေပြီးနောက် ရလာသည့်ခံစားချက်ထဲတွင် နာကျင်မှုရောချိုမြိန်မှုပါရောနှောနေခဲ့သလို...
လျှောက်လာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် တစ်လမ်းလုံးနီးပါး ယိုယွင်းပျက်စီးနေခဲ့ရာကနေ ဒုက္ခတွင်းထဲ ကိုယ်ကိုယ်တိုင်ပျောက်ဆုံးသွားရတဲ့အထိ။
>>>>>
ရွမ်ရှောက်နန် သေဆုံးပြီးနောက် ဝေ့ရှီက သူ၏အုတ်ဂူအား ပတ်ပတ်လည် မေပယ်ပင်များအပြည့်ရှိသည့်တောင်ကုန်းနေရာတွင် မြှုပ်နှံပေးခဲ့၏။ဆောင်းဦးရာသီရောက်တိုင်း မီးတောက်လိုနီစွေးနေသည့်မေပယ်ရွက်များက တစ်တောလုံးအပြည့်ဖြင့် ရွှေရောင်အိပ်မက်ထဲကလို နွေးထွေးပြီးသာယာနေလိမ့်မည်။
သူသေချာပေါက်သဘောကျမည်မှန်း သူမသိပါ၏။
လူအများအပြားဖြင့် သူ၏စျာပနကို ကြီးကြီးကျယ်ကျယ်ပြုလုပ်ကြပြီး ထင်ပေါ်သည့်လူများအစုကလည်း မျက်ရည်များဖြင့် ဘုရားကျောင်းတော်ကြီးထဲ ဆုတောင်းပေးကြသည်။ဘုရားကျောင်းတော်ကြီး၏ဓမ္မတေးသီဆိုသည့်အဖွဲ့မှလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်သီချင်းကို သီဆိုပေးကာ ဘုန်းတော်ကြီးတစ်ပါးမှ သူ၏ဝိဥာဥ်အား ကောင်းကင်ဘုံတွင်ငြိမ်းချမ်းစွာအနားယူရန်ဆုတောင်းပေး၏။
သူ၏အုတ်ဂူရှေ့တွင် လူစုဝေးကြပြီး စျာပန်ပန်းပွင့်များကိုယ်စီ သေရည်ကိုယ်စီဖြင့် မြေကြီးပေါ်သို့လောင်းချကြပြီး အသံတိတ်ငိုကြွေးကာ ဝမ်းနည်းကြောင်းကိုပြသကြ၏။သို့သော် လူအများအပြားနားမလည်နိုင်တော့သည့်အရာက သူ၏ကျန်ရစ်နေခဲ့သော တစ်ဦးတည်းသောဆွေမျိုးသားချင်းဖြစ်သည့် အမျိုးသမီးဖြစ်သူက အဘယ်ကြောင့်တိတ်ဆိတ်နေခဲ့သနည်းကိုသာ ဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘယ်လောက်များခဲ့သည့်ဇာတ်ကြောင်းများ ဘယ်လောက်များခဲ့အကြံအစည်များ ဘယ်လောက်ထိနာကျင်ခံစားခဲ့ရသောနှလုံးသားများက ဤနောက်ကွယ်တွင်ရှိနေခဲ့မှန်း မသိသောကြောင့်ဖြစ်ပါလိမ့်မည်။
ပိုပြီး မသိနိုင်ခဲ့သည်က ဤကြေကွဲဖွယ်ကောင်းသောအဆုံးသတ်၏နောက်ကွယ်တွင် မိန်းမောသွားစေလောက်သောစွဲလမ်းမက်မောခြင်းများပြည့်နှက်ခဲ့သည့်ဒဏ္ဍာရီတစ်ပုဒ်ရှိနေခဲ့ခြင်းပင်။
ဤလျှို့ဝှက်ချက်များအားလုံး ၊ မျက်နှာထက်တွင်မဖော်ပြထားသည့် အနက်ရှိုင်းဆုံးသောပူဆွေးသောကများ ၊ မြင်ရအောက်ထုတ်မပြဖြစ်ခဲ့သောမျက်ရည်များက နှလုံးသားထဲအပြည့်ရှိနေကြောင်းအား သူမ တစ်ယောက်တည်းကသာ သိနေပါလိမ့်မည်။
သူမဆီမှအတင်းလုယူထားသော လုမိသားစု၏ပိုင်ဆိုင်မှုများအပြင် ရွမ်ရှောက်နန်၏ပိုင်ဆိုင်မှုအားလုံးကို ဝေ့ရှီသာ အမွေလွှဲပြောင်းဆက်ခံခွင့်ရခဲ့သည်။ ဝမ်တုန်းရန်နှင့်အတူ ရှေ့နေရုံးထဲတွင်ထိုင်ပြီး ရွမ်ရှောက်နန်၏ရှေ့နေမှ သူမအား ရွမ်ရှောက်နန်ထားပေးခဲ့သည့် ပိုင်ဆိုင်မှုတစ်ခုချင်းစီတိုင်းကို အသေးစိတ်ရွတ်ဖတ်ပြနေသည်။
ထို တုန်လှုပ်ခြောက်ခြားကောင်းလှသည့် ကိန်းဂဏာန်းနံပါတ်များကို နှလုံးသားထဲတွင်လှိုင်းတစ်ချက်ထသွားခြင်းတောင်မရှိဘဲ နားထောင်နိုင်ခဲ့၏။
လူတိုင်းလူတိုင်း လောကကြီးထဲသို့ လက်ဗလာဖြင့်သာရောက်လာကြရခြင်းဖြစ်ပြီး ပြန်ထွက်သွားသည့်အခါ၌လည်း မည်သည့်အရာကိုမှ သယ်သွားလို့ရကြသည်မဟုတ်။သို့သော် ဤစကား၏အဓိပ္ပါယ်က သေဆုံးသွားသူတစ်ယောက်က အသက်ရှင်ကျန်နေရစ်ခဲ့သူအပေါ် နာကျင်ဝမ်းနည်းမှုများနှင့် ပြန်မဆပ်နိုင်တော့သည့် သွေးကြွေးများကို မချန်ထားခဲ့ခြင်းဟု ဆိုလိုခြင်းမဟုတ်ပါ။
ရှေ့နေရုံးမှထွက်လာပြီးနောက် ဝမ်တုန်းရန်က သူမအား ရူဖေးနှင့်ချီမော့ အသက်ရှင်နေသေးကြောင်းပြောပြလာ၏။သူမကို ကာကွယ်ဖို့အတွက်နှင့် ချီမော့က ဦးခေါင်းဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ရွမ်ရှောက်နန်က သူတို့နှစ်ဦးအား ကုသရေးစင်တာတစ်ခုတွင် နေအိမ်အကျယ်ချုပ်ဖြင့်ပိတ်လှောင်ထားခဲ့သည်။
ဝေ့ရှီက သူမဤအကြောင်းကိစ္စများကို အရင်ကတည်းကသိနှင့်ပြီးသားဖြစ်ကြောင်းသားပြောပြလိုက်၏။သူမနှင့်ရွမ်ရှောက်နန်က သုံးနှစ်တိတိ ခင်ပွန်းနှင့်ဇနီးလိုပေါင်းသင်းခဲ့ကြခြင်းဖြစ်၍ တစ်ယောက်နှင့်တစ်ယောက်ကြားတွင် လျှို့ဝှက်ချက်ထားရန်ခက်ခဲလွန်းလိမ့်မည်။
ဝမ်တုန်းရန်က မျက်လုံးရှေ့တွင်မြင်နေရသည့်အမျိုးသမီး၏ နည်းနည်းလေးမျှပင်လှုပ်ခတ်မသွားသောတည်ငြိမ်မှုတို့ကို ထူးဆန်းအံ့သြမိလာတော့၏။ရုတ်တရုတ်တွေးမိလိုက်သည်ကလည်း စောလျှင်သည့်အချိန်တည်းက အရာအားလုံးက ဤအမျိုးသမီး၏ထိန်းချုပ်အောက်သို့ ရောက်နှင့်နေခြင်းအပြင် သူ၏သူဌေးဖြစ်သူ သေဆုံးသွားပုံနှင့်ပတ်သတ်၍လည်း ဆက်နွယ်ကောင်းဆက်နွယ်နေနိုင်လိမ့်မည်။
ဆက်၍ ဘာတွေများဖြစ်ဦးမည်နည်း။ မြို့တော်ကြီးတစ်ခုလုံးကို ကိုင်လှုပ်ဦးမည်လော?။
ရွမ်ရှောက်နန်၏ကျန်ရစ်သူအမျိုးသမီးက သူ့နာမည်အောက်ရှိပိုင်ဆိုင်မှုအများအပြားကို လွန်ခဲ့သည့်သုံးနှစ်ကလေယာဥ်ပျက်ကျထဲတွင်နစ်နာခဲ့ရသည့်မိသားစုများအတွက် ရွမ်ရှောက်နန်၏အမည်ဖြင့်လှူဒါန်းခဲ့သည်။ 'ရိထျန်း'လုပ်ငန်းစု၏ရှယ်ယာများအား ကူယုံးလင်၏ 'ဖုဟွမ်'လုပ်ငန်းစုသို့ အနိမ့်ဆုံးစျေးဖြင့်ရောင်းချပေးခဲ့၏။
ထိုသနားစရာကောင်းသည့်အမျိုးသမီးက သူမ၏သစ္စာဖောက်မှုအတွက် နောင်တရနေဆဲဖြစ်ပြီး တကယ့်တကယ် သူမအားသတ်ဖြတ်ခဲ့သည့် နောက်ကွယ်မှလူသတ်သမားအစစ်အမှန်က သူမ၏ တစ်ကြိမ်တစ်ခါက 'အမျိုးသားလောင်း'ဟုခေါ်သူမှန်း မသိခဲ့ပေ။
ကျန်ရှိနေသေးသောပိုင်ဆိုင်မှုများက ကမ္ဘာ့ကလေးသူငယ်များအစည်းအရုံးသို့ လှူဒါန်းခဲ့၏။
သူမအမေ၏ပိုင်ဆိုင်မှုဖြစ်ခဲ့သင့်သော လုမိသားစု၏အိမ်တော်ဟောင်းကြီးကိုသာ ဝေ့ရှီက ရူဖေးနှင့်ချီမော့အတွက် ချန်ထားပေးခဲ့သည်။
ကိစ္စများအားလုံး စီစဥ်ပြီးဆုံးသွားပြီးနောက် ကောင်းကင်ကြီးသာယာပြီး တိမ်စိုင်များကင်းစင်သောနေ့တစ်နေ့ကို ရွေးကာ သူမ၏သေဆုံးသွားသောခင်ပွန်း တစ်ကြိမ်တစ်ခါကအသက်တမျှချစ်ခဲ့ရသောယောက်ျား အသွေးအသားထဲကကိုမုန်းတီးရသောရန်သူဆီသို့ အောက်မေ့သတိရခြင်းအနေဖြင့် ရောက်လာခဲ့၏။
သူမက မြေကြီးပေါ်သို့ ထိုင်ချလိုက်ပြီး ငယ်ငယ်တုန်းကဒန်းပေါ်တွင်ထိုင်ပြီးသူ၏ရင်ခွင်ထဲသို့တိုးဝှေ့နေခဲ့သလို သူ၏အုတ်ဂူထက်သို့မှီလိုက်၏။
ခေါင်းမော့လိုက်ရင်း ကြည်လင်နေသည့်ကောင်းကင်ပြာကြီးကိုကြည့်၍ သူ့အား စကားဆိုလိုက်၏။
"ငါ နင့်ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို နင့်ကြောင့်ထိခိုက်နစ်နာခဲ့တဲ့သူတွေကို လှူပေးခဲ့ပြီ တမလွန်မှာ နင်ငြိမ်းချမ်းပါစေလို့ ငါဆုတောင်းပေးပါတယ်...နင် ငါ့ကိုပြောခဲ့ဖူးသလိုမျိုး ငါသူ့ရဲ့ဓါတ်ပုံကိုကိုင်ပြီး တိတ်တိတ်လေးသေသွားမှာကို နင်ခွင့်မပြုဘူးဆိုတဲ့စကားလေ...ဒါပေမယ့်အခုချိန်မှာ အဲ့လိုမျိုးလေး ငါအနေချင်ဆုံးပဲ...ငါ သူ့ကိုချစ်တယ် ငယ်ငယ်တုန်းကနင့်ကိုချစ်ခဲ့သလိုမျိုးပေါ့...ဒါပေမယ့် ငါ သူ့ကို "ငါနင့်ကိုချစ်တယ်"ဆိုတဲ့စကားလေးတစ်ခွန်းတောင် မပြောလိုက်ရဘူး...ဒီလိုမျိုး ခါးသက်နေတဲ့နောင်တတွေပြည့်နေတဲ့ခံစားချက်ကြီးကို နင်နားလည်နိုင်ရဲ့လား..."
တစ်ဖက်သို့လှည့်ပြီး အုတ်ဂူထက်မှ ဓါတ်ပုံအား အကျီလက်အနားစများဖြင့်ပွတ်သပ်လိုက်ကာ အတိုးဖျဆုံးဖြင့်
"ရှောက်နန်...နှုတ်ဆက်ခဲ့ပါတယ်...အကယ်၍များ နောက်ဘဝဆိုတာရှိလာခဲ့ရင် ငါ အထက်ကောင်းကင်နတ်မင်းကြီးဆီမှာသွားတောင်းဆိုမယ်...ငါ့ကို ငါးသေးသေးလေးတစ်ကောင်အဖြစ်ပြောင်းပေးပြီး သူနဲ့အတူ ရေကန်ကျဥ်းကျဥ်းလေးထဲမှာ ပြေးတမ်းလိုက်တမ်းကစားခွင့်ပေးဖို့...အကယ်၍များ နောက်ဘဝဆိုတာရှိလာခဲ့ရင် ငါလေ စစ်ပွဲတွေ အငတ်ဘေးတွေ ခေါင်းပါးတာတွေ ရေကြီးတာတွေကိုခံစားနေရမှာထက် ငါ့ရဲ့ဘဝထဲမှာ 'နင်' ဆိုတာ ထပ်မရှိလာဖို့ မျှော်လင့်ပါတယ်..."
*******************
~~Zawgyi~~
'နင္'ဆိုတာ ထပ္ၿပီးမရွိ
႐ြမ္ေရွာက္နန္က စာၾကည့္ခန္းအတြင္းသို႔ဝင္လာခဲ့ၿပီး တံခါးကိုေလာ့ခ္ခ်လိဳက္သည္။ထို႔ေနာက္ ထိုင္ခုံေပၚတြင္ထိုင္လိုက္ၿပီး လက္ထဲတြင္ကိုင္ထားသည့္ ဗလာက်င္းေနေသာေဆးဘူးကို ငုံ႕ၾကည့္လိုက္၏။သူ႕ထံတြင္ တားျမစ္လိုက္ဖို႔ရာ အခြင့္အေရးရွိေနခဲ့သည့္တိုင္ သူမလုပ္ခဲ့။ သူ၏တစ္ကိုယ္ေကာင္းဆန္သည့္အေတြးမ်ားက သူမက အရာအားလုံးကိုေမ့ေပ်ာက္သြားၿပီး ေနာက္တစ္ႀကိမ္အသစ္တဖန္ျပန္စနိုင္ဖို႔ရာသာ ေတြးေနခဲ့ျခင္း။သို႔ေသာ္ 'အထက္ေကာင္းကင္နတ္မင္းမ်ားေစာင့္ၾကည့္ေနသည္'ဆိုသည့္စကားအား သူေမ့ေလ်ာ့သြားခဲ့သည္။အထက္ေကာင္းကင္နတ္မင္းႀကီးက သူ႕အား ပိုက္ကြန္ခ်ေထာင္ဖမ္းလိုက္သျဖင့္ လြတ္ေျမာက္ဖို႔ရာမျဖစ္နိုင္ေတာ့၏။
သူမက ေနာက္ဆုံးတြင္ ဤေဆးလုံးမ်ားေၾကာင့္ ေသရေတာ့မည္ျဖစ္ၿပီး သူကိုယ္၌က တစ္စက္ကေလးမွ်မရိပ္မိခဲ့ဘဲ အေျခအေနမ်ားအားလုံးကို ၾကည့္ေနခဲ့မိသည္။
ႏွလုံးသားကို တဆစ္ဆစ္နဲ႕ထိုးဆြေနသည့္နာက်င္မႈ! သူထပ္ၿပီး မေတြးခ်င္ေတာ့ကာ အံဆြဲကိုဖြင့္ၿပီး ေျပာင္လက္ေနသည့္ပစ္စတိုတစ္လက္ကို ထုတ္ယူလိုက္၏။ေဝ့ရွီ၏မ်က္ဝန္းမ်ားထဲတြင္ရွိေနသည့္တည္ၿငိမ္ေအးခ်မ္းျခင္းမ်ားႏွင့္ထပ္တူညီေနသည့္ သူ၏မ်က္ဝန္းမ်ားက ေသေစနိုင္ေသာလက္နက္ကိုစိုက္ၾကည့္ေန၏။သူ၏စိတ္ဝိဥာဥ္က ခႏၶာကိုယ္အထဲမွ လြင့္ပ်ံသြားၿပီး ေ႐ႊဝါေရာင္မ်ားလႊမ္းေနသည့္ ႏြေးေထြးေသာအေဝးတစ္ေနရာမွအတိတ္ဆီသို႔ ျပန္သြားခဲ့ေလသည္။
ၾကည္လင္ေနေသာေကာင္းကင္ႀကီးေအာက္ ေမပယ္ပင္မ်ားျပည့္ႏွက္ရာေတာင္ကုန္း ေဆာင္းဦးရာသီ၏ေလညွင္းက ညေနခင္းဆည္းဆာအခ်ိန္တြင္ ၿခံဝန္းေလးအတြင္း တိတ္တဆိတ္ျဖတ္ေလွ်ာက္သြားခဲ့၏။သူက အျဖဴေရာင္ရွပ္အက်ီကိုဝတ္ထားၿပီး ေဆာင္းဦးရာသီညေနခင္းဆည္းဆာေအာက္ရွိ အေဝးတစ္ေနရာတြင္ရပ္ေနသည့္ သူမက တျဖည္းျဖည္းေလး ေသးေသးသြားၿပီး ႏွစ္ေယာက္သားစေတြ႕ခဲ့ၾကသည့္ ဆယ့္ေလးႏွစ္အ႐ြယ္အထိေရာက္သြားခဲ့သည္ကို လွမ္းၾကည့္ေနခဲ့သည္။
သူမက အျဖဴေရာင္ဂါဝန္ကိုဝတ္ထားၿပီး နက္ေမွာက္သည့္ဆံပင္ရွည္မ်ားက လေရာင္ေလာင္းခ်ထားသလို လွပေန၏။ဒဏ္ရာရေနသည့္ေခြးကေလးတစ္ေကာင္ကိုေပြ႕ထားၿပီး မ်က္ရည္မ်ားျဖင့္သူ႕အားလွမ္းၾကည့္ကာ "ေရွာင္ပါေလး ေသေတာ့မယ္...သူ႕ကို ကယ္ေပးလို႔မရဘူးလား"
ခႏၶာကိုယ္ကိုကိုင္းလိုက္ၿပီး လွမ္းၾကည့္မိလိုက္သည့္ သူမ၏သလင္းေက်ာက္လိုလွပသည့္မ်က္ဝန္းမ်ားကို ျမင္လိုက္ရသည့္တစ္မွိတ္စာေလးအတြင္း အရာအားလုံးကံဆိုးမိုးေမွာင္က်သြားရသည့္အေျခအေနသို႔ေျပာင္းျပန္လွန္ခံလိုက္ရ၏။
ပစ္စတိုကိုယူၿပီး သူ၏နားထင္ေပၚသို႔ေထာက္လိုက္၍ မ်က္ႏွာကိုေမာ့ကာ မဲေမွာင္ေနသည့္မ်က္ႏွာက်က္ကို မ်က္ႏွာခ်င္းဆိုင္လိုက္၏။ေသျခင္းတရားႏွင့္အနီးကပ္ဆုံးျဖစ္ေနသည့္ကမၻာႀကီးက တိတ္ဆိတ္လြန္းၿပီး သူ၏ႏွလုံးသားထဲျပည့္ႏွက္ေနသည့္ ဝမ္းနည္းနာက်င္မႈမ်ားက လွိုင္းတံပိုးႀကီးမ်ားရိုက္ပုတ္ေနရာမွ ၿငိမ္သက္သြားသလို တျဖည္းျဖည္းႏွင့္ ၿငိမ္က်သြားခဲ့ေတာ့၏။
ပတ္ပတ္လည္တြင္ရွိေနသည့္အေမွာင္ထုႀကီးက လုံးလုံးလ်ားလ်ားေပ်ာက္ကြယ္သြားခဲ့သလို မ်က္လုံးကိုမွိတ္ခ်လိဳက္ေတာ့၏။ႏွစ္လရာသီမ်ားအေနာက္ျပန္ဆုတ္သြားသည့္အသံကိုနားေထာင္ရင္း အသက္ဆယ့္ေလးႏွစ္ေဝ့ရွီေလး၏လွပေသာမ်က္ႏွာေလးကို ျမင္ေယာင္လာခဲ့သည္။ တစ္ဖက္က ေရွာင္ပါကိုေပြ႕ထားၿပီး မ်က္ႏွာထက္တြင္အခ်ိဳသာဆုံးအၿပဳံးတစ္ခုရွိေနကာ တစ္ဖက္က သူ႕အား လက္ရမ္းျပရင္း ေ႐ႊဝါေရာင္အလင္းတန္းမ်ားၾကား ေပ်ာက္ကြယ္သြားခဲ့၏။
ေနာက္ဆုံးေသာစကၠန့္ပိုင္းတြင္ သူေတြးၾကည့္မိလိုက္၏။အကယ္၍မ်ား အရာအားလုံး အစမွျပန္၍စတင္ခြင့္ရခဲ့လွ်င္ သူတို႔ႏွစ္ဦးထံ၌ မတူညီေသာအဆုံးသတ္တစ္ခုရွိလာေလမလား?
အေျဖသည္ကား မေသခ်ာ။ မရွိနိုင္ေလာက္။ အဘယ္ေၾကာင့္ဆိုေသာ္ သူက ႐ြမ္ေရွာက္နန္ ၊ ကံၾကမၼာကယခုလိုျဖစ္ေနသ၍ သူ႕ထံတြင္ေ႐ြးခ်ယ္စရာမရွိသလို သူမအေပၚ တြယ္တာေနသည့္သံေယာဇဥ္ဆက္ႏြယ္မႈကို တစ္သက္လုံးလႊတ္ခ်လိဳက္မည္မဟုတ္ေပ။ဤအရာက သူ၏ပင္ကိုစရိုက္ သူ၏ကံၾကမၼာ...
မ်က္ရည္တစ္စက္က အေမွာင္ထုထဲတြင္ အတိတ္ဆိတ္ဆုံးက်ဆင္းသြားခဲ့၏။
"ကိုယ္ မင္းကို ကိုယ့္အနားကထြက္သြားဖို႔ကိုခြင့္ျပဳဖို႔အတြက္ ဘယ္လိုမွမတတ္နိုင္လို႔ပါ...ဒီနည္းလမ္းတစ္ခုတည္းကသာ မင္းရဲ႕နာက်င္မႈေတြေရာ ကိုယ့္ရဲ႕နာက်င္မႈေတြကိုေရာ ေျဖေဖ်ာက္ေပးနိုင္ေတာ့မွာ...ဒါေၾကာင့္မလို႔ ေဝ့ရွီ...ကိုယ့္ကိုပါ ေခၚသြားလိုက္ပါ..."
ေသနတ္သံတစ္ခ်က္က တုန္လႈပ္ေလာျပာေနသည့္ႏွလုံးသားကို ျပင္းျပင္းထန္ထန္ထိုးက်ိတ္လိုက္သလို တိတ္ဆိတ္ေနသည့္ညနက္ႀကီးအား ထိုးေဖာက္ႀကီးစိုးသြားခဲ့သည္။
ညအေမွာင္ထဲတြင္ ေဝ့ရွီ၏မ်က္ဝန္းတစ္စုံပြင့္လာခဲ့ၿပီး အေစခံမ်ား၏ေအာ္ဟစ္ေၾကာက္လန့္သံ ပဲ့တင္ထပ္ေနေသာေျခသံမ်ားၾကားမွ အိမ္ေတာ္ထိန္း၏တံခါးကို အေလာတႀကီးေခါက္သံ ရဲကားသံမ်ားက ညနက္ႀကီးထဲစီးလာသည့္ ေရသံမ်ားလို တျဖည္းျဖည္းႏွင့္ သူမ၏နားစည္အတြင္းဆူညံေနေတာ့သည္။
ေဘးနားတြင္ခ်ထားသည့္ ပန္းခ်ီကားကို ထိေတြ႕လိုက္ၿပီး မ်က္ဝန္းေထာင့္စြန္းတြင္ရစ္သီေနသည့္ ေအးစက္သည့္မ်က္ရည္မ်ားက ပန္းခ်ီကားေပၚရွိသူ၏မ်က္ႏွာမွတဆင့္ ေရးျခယ္ထားသည့္ပန္းပြင့္ဆီသို႔ စီးက်သြားခဲ့၏။
'ေခ်ာင္ယင္း' ၊ ေဒလီယာပန္းအမ်ိဳးအစားမ်ားစြာထဲကမွ အလွပဆုံးေသာတစ္ပြင့္ ၊ ထာဝရေပ်ာ္႐ႊင္ျခင္းႏွင့္ေမွ်ာ္လင့္ခ်က္မ်ားကို ကိုယ္စားျပဳၿပီး ေသေစနိုင္ေလာက္ေသာဆြဲေဆာင္ျခင္းမ်ားအျပည့္ရွိသည့္ပန္း။
ေျခတစ္လွမ္းစာေလးျဖင့္လည္း ႀကီးမားလွသည့္ကံဆိုးမိုးေမွာင္မႈႀကီး လႊမ္းၿခဳံခံလိုက္ရနိုင္၏။ငရဲႏွင့္ေကာင္းကင္ဘုံၾကားရွိ အကြာအေဝးဟာ နီးကပ္လြန္းၿပီး စည္းတစ္ခုပင္မျခားထားေတာ့သည္ဟု ထင္မွတ္ရသည္အထိ။ လက္စားေခ်ၿပီးေနာက္ ရလာသည့္ခံစားခ်က္ထဲတြင္ နာက်င္မႈေရာခ်ိဳၿမိန္မႈပါေရာႏွောေနခဲ့သလို...
ေလွ်ာက္လာခဲ့သည့္ လမ္းတစ္ေလွ်ာက္လုံးတြင္ တစ္လမ္းလုံးနီးပါး ယိုယြင္းပ်က္စီးေနခဲ့ရာကေန ဒုကၡတြင္းထဲ ကိုယ္ကိုယ္တိုင္ေပ်ာက္ဆုံးသြားရတဲ့အထိ။
>>>>>
႐ြမ္ေရွာက္နန္ ေသဆုံးၿပီးေနာက္ ေဝ့ရွီက သူ၏အုတ္ဂူအား ပတ္ပတ္လည္ ေမပယ္ပင္မ်ားအျပည့္ရွိသည့္ေတာင္ကုန္းေနရာတြင္ ျမႇုပ္ႏွံေပးခဲ့၏။ေဆာင္းဦးရာသီေရာက္တိုင္း မီးေတာက္လိုနီေစြးေနသည့္ေမပယ္႐ြက္မ်ားက တစ္ေတာလုံးအျပည့္ျဖင့္ ေ႐ႊေရာင္အိပ္မက္ထဲကလို ႏြေးေထြးၿပီးသာယာေနလိမ့္မည္။
သူေသခ်ာေပါက္သေဘာက်မည္မွန္း သူမသိပါ၏။
လူအမ်ားအျပားျဖင့္ သူ၏စ်ာပနကို ႀကီးႀကီးက်ယ္က်ယ္ျပဳလုပ္ၾကၿပီး ထင္ေပၚသည့္လူမ်ားအစုကလည္း မ်က္ရည္မ်ားျဖင့္ ဘုရားေက်ာင္းေတာ္ႀကီးထဲ ဆုေတာင္းေပးၾကသည္။ဘုရားေက်ာင္းေတာ္ႀကီး၏ဓမၼေတးသီဆိုသည့္အဖြဲ႕မွလည္း ဝမ္းနည္းျခင္းအထိမ္းအမွတ္သီခ်င္းကို သီဆိုေပးကာ ဘုန္းေတာ္ႀကီးတစ္ပါးမွ သူ၏ဝိဥာဥ္အား ေကာင္းကင္ဘုံတြင္ၿငိမ္းခ်မ္းစြာအနားယူရန္ဆုေတာင္းေပး၏။
သူ၏အုတ္ဂူေရွ႕တြင္ လူစုေဝးၾကၿပီး စ်ာပန္ပန္းပြင့္မ်ားကိုယ္စီ ေသရည္ကိုယ္စီျဖင့္ ေျမႀကီးေပၚသို႔ေလာင္းခ်ၾကၿပီး အသံတိတ္ငိုေႂကြးကာ ဝမ္းနည္းေၾကာင္းကိုျပသၾက၏။သို႔ေသာ္ လူအမ်ားအျပားနားမလည္နိုင္ေတာ့သည့္အရာက သူ၏က်န္ရစ္ေနခဲ့ေသာ တစ္ဦးတည္းေသာေဆြမ်ိဳးသားခ်င္းျဖစ္သည့္ အမ်ိဳးသမီးျဖစ္သူက အဘယ္ေၾကာင့္တိတ္ဆိတ္ေနခဲ့သနည္းကိုသာ ျဖစ္ၾက၏။
အဘယ္ေၾကာင့္ဆိုေသာ္ ဘယ္ေလာက္မ်ားခဲ့သည့္ဇာတ္ေၾကာင္းမ်ား ဘယ္ေလာက္မ်ားခဲ့အႀကံအစည္မ်ား ဘယ္ေလာက္ထိနာက်င္ခံစားခဲ့ရေသာႏွလုံးသားမ်ားက ဤေနာက္ကြယ္တြင္ရွိေနခဲ့မွန္း မသိေသာေၾကာင့္ျဖစ္ပါလိမ့္မည္။
ပိုၿပီး မသိနိုင္ခဲ့သည္က ဤေၾကကြဲဖြယ္ေကာင္းေသာအဆုံးသတ္၏ေနာက္ကြယ္တြင္ မိန္းေမာသြားေစေလာက္ေသာစြဲလမ္းမက္ေမာျခင္းမ်ားျပည့္ႏွက္ခဲ့သည့္ဒ႑ာရီတစ္ပုဒ္ရွိေနခဲ့ျခင္းပင္။
ဤလွ်ို႔ဝွက္ခ်က္မ်ားအားလုံး ၊ မ်က္ႏွာထက္တြင္မေဖာ္ျပထားသည့္ အနက္ရွိုင္းဆုံးေသာပူေဆြးေသာကမ်ား ၊ ျမင္ရေအာက္ထုတ္မျပျဖစ္ခဲ့ေသာမ်က္ရည္မ်ားက ႏွလုံးသားထဲအျပည့္ရွိေနေၾကာင္းအား သူမ တစ္ေယာက္တည္းကသာ သိေနပါလိမ့္မည္။
သူမဆီမွအတင္းလုယူထားေသာ လုမိသားစု၏ပိုင္ဆိုင္မႈမ်ားအျပင္ ႐ြမ္ေရွာက္နန္၏ပိုင္ဆိုင္မႈအားလုံးကို ေဝ့ရွီသာ အေမြလႊဲေျပာင္းဆက္ခံခြင့္ရခဲ့သည္။ ဝမ္တုန္းရန္ႏွင့္အတူ ေရွ႕ေန႐ုံးထဲတြင္ထိုင္ၿပီး ႐ြမ္ေရွာက္နန္၏ေရွ႕ေနမွ သူမအား ႐ြမ္ေရွာက္နန္ထားေပးခဲ့သည့္ ပိုင္ဆိုင္မႈတစ္ခုခ်င္းစီတိုင္းကို အေသးစိတ္႐ြတ္ဖတ္ျပေနသည္။
ထို တုန္လႈပ္ေျခာက္ျခားေကာင္းလွသည့္ ကိန္းဂဏာန္းနံပါတ္မ်ားကို ႏွလုံးသားထဲတြင္လွိုင္းတစ္ခ်က္ထသြားျခင္းေတာင္မရွိဘဲ နားေထာင္နိုင္ခဲ့၏။
လူတိုင္းလူတိုင္း ေလာကႀကီးထဲသို႔ လက္ဗလာျဖင့္သာေရာက္လာၾကရျခင္းျဖစ္ၿပီး ျပန္ထြက္သြားသည့္အခါ၌လည္း မည္သည့္အရာကိုမွ သယ္သြားလို႔ရၾကသည္မဟုတ္။သို႔ေသာ္ ဤစကား၏အဓိပ္ပါယ်က ေသဆုံးသြားသူတစ္ေယာက္က အသက္ရွင္က်န္ေနရစ္ခဲ့သူအေပၚ နာက်င္ဝမ္းနည္းမႈမ်ားႏွင့္ ျပန္မဆပ္နိုင္ေတာ့သည့္ ေသြးေႂကြးမ်ားကို မခ်န္ထားခဲ့ျခင္းဟု ဆိုလိုျခင္းမဟုတ္ပါ။
ေရွ႕ေန႐ုံးမွထြက္လာၿပီးေနာက္ ဝမ္တုန္းရန္က သူမအား ႐ူေဖးႏွင့္ခ်ီေမာ့ အသက္ရွင္ေနေသးေၾကာင္းေျပာျပလာ၏။သူမကို ကာကြယ္ဖို႔အတြက္ႏွင့္ ခ်ီေမာ့က ဦးေခါင္းဒဏ္ရာအျပင္းအထန္ရခဲ့ၿပီး ႐ြမ္ေရွာက္နန္က သူတို႔ႏွစ္ဦးအား ကုသေရးစင္တာတစ္ခုတြင္ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ပိတ္ေလွာင္ထားခဲ့သည္။
ေဝ့ရွီက သူမဤအေၾကာင္းကိစၥမ်ားကို အရင္ကတည္းကသိႏွင့္ၿပီးသားျဖစ္ေၾကာင္းသားေျပာျပလိုက္၏။သူမႏွင့္႐ြမ္ေရွာက္နန္က သုံးႏွစ္တိတိ ခင္ပြန္းႏွင့္ဇနီးလိုေပါင္းသင္းခဲ့ၾကျခင္းျဖစ္၍ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကားတြင္ လွ်ို႔ဝွက္ခ်က္ထားရန္ခက္ခဲလြန္းလိမ့္မည္။
ဝမ္တုန္းရန္က မ်က္လုံးေရွ႕တြင္ျမင္ေနရသည့္အမ်ိဳးသမီး၏ နည္းနည္းေလးမွ်ပင္လႈပ္ခတ္မသြားေသာတည္ၿငိမ္မႈတို႔ကို ထူးဆန္းအံ့ၾသမိလာေတာ့၏။႐ုတ္တ႐ုတ္ေတြးမိလိုက္သည္ကလည္း ေစာလွ်င္သည့္အခ်ိန္တည္းက အရာအားလုံးက ဤအမ်ိဳးသမီး၏ထိန္းခ်ဳပ္ေအာက္သို႔ ေရာက္ႏွင့္ေနျခင္းအျပင္ သူ၏သူေဌးျဖစ္သူ ေသဆုံးသြားပုံႏွင့္ပတ္သတ္၍လည္း ဆက္ႏြယ္ေကာင္းဆက္ႏြယ္ေနနိုင္လိမ့္မည္။
ဆက္၍ ဘာေတြမ်ားျဖစ္ဦးမည္နည္း။ ၿမိဳ႕ေတာ္ႀကီးတစ္ခုလုံးကို ကိုင္လႈပ္ဦးမည္ေလာ?။
႐ြမ္ေရွာက္နန္၏က်န္ရစ္သူအမ်ိဳးသမီးက သူ႕နာမည္ေအာက္ရွိပိုင္ဆိုင္မႈအမ်ားအျပားကို လြန္ခဲ့သည့္သုံးႏွစ္ကေလယာဥ္ပ်က္က်ထဲတြင္နစ္နာခဲ့ရသည့္မိသားစုမ်ားအတြက္ ႐ြမ္ေရွာက္နန္၏အမည္ျဖင့္လႉဒါန္းခဲ့သည္။ 'ရိထ်န္း'လုပ္ငန္းစု၏ရွယ္ယာမ်ားအား ကူယုံးလင္၏ 'ဖုဟြမ္'လုပ္ငန္းစုသို႔ အနိမ့္ဆုံးေစ်းျဖင့္ေရာင္းခ်ေပးခဲ့၏။
ထိုသနားစရာေကာင္းသည့္အမ်ိဳးသမီးက သူမ၏သစၥာေဖာက္မႈအတြက္ ေနာင္တရေနဆဲျဖစ္ၿပီး တကယ့္တကယ္ သူမအားသတ္ျဖတ္ခဲ့သည့္ ေနာက္ကြယ္မွလူသတ္သမားအစစ္အမွန္က သူမ၏ တစ္ႀကိမ္တစ္ခါက 'အမ်ိဳးသားေလာင္း'ဟုေခၚသူမွန္း မသိခဲ့ေပ။
က်န္ရွိေနေသးေသာပိုင္ဆိုင္မႈမ်ားက ကမၻာ့ကေလးသူငယ္မ်ားအစည္းအ႐ုံးသို႔ လႉဒါန္းခဲ့၏။
သူမအေမ၏ပိုင္ဆိုင္မႈျဖစ္ခဲ့သင့္ေသာ လုမိသားစု၏အိမ္ေတာ္ေဟာင္းႀကီးကိုသာ ေဝ့ရွီက ႐ူေဖးႏွင့္ခ်ီေမာ့အတြက္ ခ်န္ထားေပးခဲ့သည္။
ကိစၥမ်ားအားလုံး စီစဥ္ၿပီးဆုံးသြားၿပီးေနာက္ ေကာင္းကင္ႀကီးသာယာၿပီး တိမ္စိုင္မ်ားကင္းစင္ေသာေန႕တစ္ေန႕ကို ေ႐ြးကာ သူမ၏ေသဆုံးသြားေသာခင္ပြန္း တစ္ႀကိမ္တစ္ခါကအသက္တမွ်ခ်စ္ခဲ့ရေသာေယာက္်ား အေသြးအသားထဲကကိုမုန္းတီးရေသာရန္သူဆီသို႔ ေအာက္ေမ့သတိရျခင္းအေနျဖင့္ ေရာက္လာခဲ့၏။
သူမက ေျမႀကီးေပၚသို႔ ထိုင္ခ်လိဳက္ၿပီး ငယ္ငယ္တုန္းကဒန္းေပၚတြင္ထိုင္ၿပီးသူ၏ရင္ခြင္ထဲသို႔တိုးေဝွ႕ေနခဲ့သလို သူ၏အုတ္ဂူထက္သို႔မွီလိုက္၏။
ေခါင္းေမာ့လိုက္ရင္း ၾကည္လင္ေနသည့္ေကာင္းကင္ျပာႀကီးကိုၾကည့္၍ သူ႕အား စကားဆိုလိုက္၏။
"ငါ နင့္ရဲ႕ပိုင္ဆိုင္မႈေတြအားလုံးကို နင့္ေၾကာင့္ထိခိုက္နစ္နာခဲ့တဲ့သူေတြကို လႉေပးခဲ့ၿပီ တမလြန္မွာ နင္ၿငိမ္းခ်မ္းပါေစလို႔ ငါဆုေတာင္းေပးပါတယ္...နင္ ငါ့ကိုေျပာခဲ့ဖူးသလိုမ်ိဳး ငါသူ႕ရဲ႕ဓါတ္ပုံကိုကိုင္ၿပီး တိတ္တိတ္ေလးေသသြားမွာကို နင္ခြင့္မျပဳဘူးဆိုတဲ့စကားေလ...ဒါေပမယ့္အခုခ်ိန္မွာ အဲ့လိုမ်ိဳးေလး ငါအေနခ်င္ဆုံးပဲ...ငါ သူ႕ကိုခ်စ္တယ္ ငယ္ငယ္တုန္းကနင့္ကိုခ်စ္ခဲ့သလိုမ်ိဳးေပါ့...ဒါေပမယ့္ ငါ သူ႕ကို "ငါနင့္ကိုခ်စ္တယ္"ဆိုတဲ့စကားေလးတစ္ခြန္းေတာင္ မေျပာလိုက္ရဘူး...ဒီလိုမ်ိဳး ခါးသက္ေနတဲ့ေနာင္တေတြျပည့္ေနတဲ့ခံစားခ်က္ႀကီးကို နင္နားလည္နိုင္ရဲ႕လား..."
တစ္ဖက္သို႔လွည့္ၿပီး အုတ္ဂူထက္မွ ဓါတ္ပုံအား အက်ီလက္အနားစမ်ားျဖင့္ပြတ္သပ္လိုက္ကာ အတိုးဖ်ဆဳံးျဖင့္
"ေရွာက္နန္...ႏႈတ္ဆက္ခဲ့ပါတယ္...အကယ္၍မ်ား ေနာက္ဘဝဆိုတာရွိလာခဲ့ရင္ ငါ အထက္ေကာင္းကင္နတ္မင္းႀကီးဆီမွာသြားေတာင္းဆိုမယ္...ငါ့ကို ငါးေသးေသးေလးတစ္ေကာင္အျဖစ္ေျပာင္းေပးၿပီး သူနဲ႕အတူ ေရကန္က်ဥ္းက်ဥ္းေလးထဲမွာ ေျပးတမ္းလိုက္တမ္းကစားခြင့္ေပးဖို႔...အကယ္၍မ်ား ေနာက္ဘဝဆိုတာရွိလာခဲ့ရင္ ငါေလ စစ္ပြဲေတြ အငတ္ေဘးေတြ ေခါင္းပါးတာေတြ ေရႀကီးတာေတြကိုခံစားေနရမွာထက္ ငါ့ရဲ႕ဘဝထဲမွာ 'နင္' ဆိုတာ ထပ္မရွိလာဖို႔ ေမွ်ာ္လင့္ပါတယ္..."
*******************