တုန်လှုပ်ခြင်း (Part -1)
ရွမ်ရှောက်နန် ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်နှင့် မှိန်ဝါးဝါးလေးရှိနေသည့်အလင်းရောင်ကိုမြင်လိုက်ရ၏။မနက်မိုးလင်းလေပြီ။
ပတ်ဝန်းကျင်တွင်မြင်သမျှအရာအားလုံးကို ဝေ့ဝဲကြည့်နေမိကာ ငရဲမှ ကောင်းကင်ဘုံသို့ ပြန်ရောက်လာရသည့်အဖြစ်လို။ဤနေရာက သူ၏စာကြည့်ခန်း သန့်ရှင်းသပ်ရပ်ကာလင်းထင်းနေပြီး အမှောင်ထုကြီးလည်းကြီးစိုးမနေတော့သလို ပြတင်ပေါက်အပြင်ဘက်တွင်လည်း မိုးရွာမနေတော့ပေ။
မတ်တပ်ရပ်လိုက်ပြီး လည်ပင်းနှင့်ပုခုံးရှိအကြောများကိုဖြေလျော့လိုက်၏။အစေခံတစ်ဦးက အပြင်ဘက်မှ တံခါးခေါက်၍
"လူကြီးမင်း...မမလေးနိုးနေပြီ..."
နတ်ဘုရားများမှ ချက်ချင်းရိုက်ပုတ်ပြီးနှိုးသလို အသိစိတ်ပြန်ကပ်လာတော့၏။ မနေ့က ဝေ့ရှီအား အပြင်ခေါ်သွားပေးမည်ဟု ကတိပေးထားသည်မဟုတ်လား။ ယခုလိုအပြင်ထွက်ဖို့ရာအတွက် သူမဘက်မှ အများကြီးမျှော်လင့်ထားခဲ့ခြင်းဖြစ်၍ မည်မျှပင် ပင်ပန်းနုံးချိနေပါစေ ကတိဖျက်ဖို့ရန်မဖြစ်နိုင်။
အားလပ်ရက်ဖြစ်သောကြောင့် လမ်းမကြီးတိုင်းတွင် ပျားပန်းခပ်မျှလှုပ်ရှားနေသော လူပင်လယ်ကြီးများအပြည့်။ဘဝအတွက်ရုန်းကန်ဖို့ရာ မည်သို့ပင်ခက်ခဲပင်ပန်းနေကြပါစေ ယခုလိုနေ့မျိုးတွင်တော့ အေးအေးဆေးဆေးပျော်ရွှင်စွာဖြတ်သန်းနေကြစမြဲ။
ဝေ့ရှီက ပင်လယ်ပြင်မှ ကုန်းပေါ်သို့ရောက်လာသည့်ရေသူမလေးလို မြင်မြင်သမျှအရာအားလုံးအပေါ် စိတ်ဝင်တစားလိုက်ကြည့်နေလေသည်။ရွမ်ရှောက်နန်က ကားပြတင်းမှန်နားတွင်ကပ်နေသည့်သူအား အရိပ်တကြည့်ကြည့်ဖြင့်လိုက်ကြည့်နေကာ သူမ၏မျက်လုံးထဲ စိတ်ဝင်တစားဖြစ်သွား၏အရာကိုတွေ့တိုင်း သူ၏အကျီလက်အနားစကိုဆွဲကာ အပြင်ဘက်သို့ညွှန်ပြ၍ အော်ပြောလေ၏။
"ရှောက်နန်...ဟိုမှာကြည့်!...ဟိုမှာကြည့်!.."
လမ်းတစ်လျှောက်လုံး သူ့အဖို့ အပြင်ဘက်မှရှူခင်းများထက် ဝေ့ရှီက ပို၍စိတ်ဝင်စားစရာကောင်းနေခဲ့သည်။
ရောက်လာခဲ့သည်က မြို့တော်၏ အကြီးဆုံးအပန်းဖြေဥယျာဥ်တစ်ခုဆီသို့ဖြစ်သည်။ အပန်းဖြေဥယျာဥ်တစ်ခုလုံးကို ပတ်ပေးသည့်ရထားအသေးစားလေးကိုစီး ၊ ချားရဟတ်အပြင် ရေလွှာလျှောစီးပြီးနောက် သရဲအိမ်ထဲသို့ဝင်ပြီးသည့်အပြင် လေးဖက်မြင်ရုပ်ရှင်ကိုပါ ကြည့်ကြ၏။ဝေ့ရှီက အပန်းဖြေဥယျာဥ်ထဲသို့ ကစားနည်းပေါင်းစုံကို သူနှင့်အတူကစားကြသည်ဖြစ်ရာ သူ၏အဖြစ်က အရွယ်မရောက်သေးသည့်သမီးတစ်ယောက်ကိုထိန်းနေရသည့် အဖေကြီးနှင့်တူလှသည်။ သူမ၏ပျော်ရွှင်နေပြီး ဖြူစင်နေလှသည့်အပြုံးများကိုသာ မြင်နေရလျှင် သူ နာကျည်းဝမ်းနည်းစရာများကို ခံစားနေရလျှင်တောင်မှ ထိုက်တန်ပါ၏။
ဝေ့ရှီအား သူ့ဘေးနားတွင် အတူနေပေးနေဖို့ရာ ဆန္ဒရှိနေခြင်းမဟုတ်လား။ တစ်သက်လုံး တစ်ဘဝလုံး မခွဲမခွာ...
သူမအား တစ်ဘဝလုံးလိမ်ညာထားရမည်ဆိုလျှင်တောင်မှ...ဤလျှို့ဝှက်ချက်ကြီးကို အဆုံးထိသယ်ထားရမည်ဆိုလျှင်တောင်မှ...ကျန်နေသည့်ဘဝတစ်လျှောက်လုံး အမြင့်တစ်နေရာတွင်ချိတ်ဆွဲခံထားရပြီး ပြုတ်ကျလာမည့်အချိန်ကို တွေး၍ကြောက်လန့်နေသလို အသက်ရှင်နေရလျှင်တောင်မှ...ယခုလိုလေးအတိုင်း ဆက်ရှိသွားဖို့ရာ ဆန္ဒရှိပါ၏။
ယခုလိုအတွေးများတွေးနေသည့်အချိန်တွင် နှစ်ယောက်သားက လက်လုပ်ရေခဲမုန့်ဆိုင်ထဲတွင်ထိုင်နေခြင်းဖြစ်သည်။ဝေ့ရှီက အရောင်းကောင်တာဆီသို့တစ်ယောက်တည်းပြေးသွားခဲ့ပြီး ခွက်အကြီးဆုံးဆိုဒ်ဖြင့်ရေခဲမုန့်နှစ်ပွဲဝယ်လာခဲ့သည်။
ရွမ်ရှောက်နန်က အရှေ့တွင်ချပေးလာသည့်ရေခဲမုန့်ခွက်ကိုကြည့်ပြီးနောက် ဝေ့ရှီ၏မေးဖျားကို တစ်ချက်ဆွဲညစ်၍
"ကိုယ် ဒီလောက်အများကြီးမကုန်ဘူးလေ.."
ဝေ့ရှီက ရေခဲမုန့်ဇွန်းကိုကိုက်ထားရင်း သူ့အားလှမ်းကြည့်၍
"နင် ဘယ်အရသာကြိုက်မှန်းမသိတာနဲ့ တစ်မျိုးနည်းနည်းစီယူလိုက်တာ...အခုလိုအများကြီးဖြစ်သွားရော..."
ရွမ်ရှောက်နန်က သဘောတကျရယ်ပြလိုက်ပြီးနောက် တစ်ဇွန်းပြီးတစ်ဇွန်း ခပ်စားလေ၏။
ဝေ့ရှီက အထူးအဆန်းလိုကြည့်နေရင်း အသံလေးနိမ့်ပြီးမေးလိုက်၏။
"ရှောက်နန်...ငါ အရင်တုန်းက နင့်ကိုဆို ကောင်းကောင်းမဆက်ဆံဘူးမလား?.."
ရွမ်ရှောက်နန်က စားနေရင်းသီးသွားကာ သစ်သီးဖျော်ရည်တစ်ငုံသောက်ပြီးမှ
"ဘာလို့ ဒီလိုမေးရတာလဲ"
"ဘာလို့လဲဆို...ငါ နင့်အပေါ်ကို နည်းနည်းကောင်းကောင်းလေး ပိုပြီးဆက်ဆံလိုက်တိုင်း နင်က အရမ်းကိုပျော်သွားတဲ့ပုံစံကြီးဖြစ်ဖြစ်သွားတာလေ...အရမ်းသိသာနေတာ...အဲ့ဒါကြောင့်မလို့ ငါတွေးမိသွားတာက ငါအရင်တုန်းက နင့်ကိုကောင်းကောင်းမဆက်ဆံခဲ့ဘူးလို့လေ...မဟုတ်ရင် နင်ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေမှာလဲ"
ရွမ်ရှောက်နန်က လက်ကိုဆန့်ထုတ်လာပြီး ဝေ့ရှီ၏မျက်နှာကိုထိတွေ့လိုက်ကာ
"မင်း ကိုယ့်အပေါ် အရမ်းကိုကောင်းခဲ့တာ...အမြဲတမ်း ကောင်းခဲ့တာ...ကိုယ်ကသာ မမြင်ခဲ့ဘဲ မင်းကို ဘယ်လိုတန်ဖိုးထားရမှန်းမသိခဲ့တာ.."
ဝေ့ရှီက ခေါင်းငဲ့ငဲ့လေးစောင်းကာလှမ်းကြည့်ပြီး နားမလည်တော့သလိုမေးလာခဲ့၏။
"ငါတို့ အရင်က ဘယ်လိုပုံစံမျိုးလဲ"
ရွမ်ရှောက်နန်က ရုတ်တရက်ငြိမ်သွားပြီးမှ ခပ်ဖွဖွလေးပြုံးလိုက်၍
"ကိုယ် ပြောပြပြီးပြီမဟုတ်ဘူးလား?...ကိုယ်တို့မိသားစုနှစ်ခုက ဟိုးအရင်တည်းကရင်းနှီးတဲ့သူတွေ...ကိုယ်တို့နှစ်ယောက်က ငယ်ငယ်လေးထဲကသိခဲ့တာ...နောက်တော့ မင်းရဲ့ဖေဖေက မင်းကို ကိုယ်နဲ့လက်ထပ်ပေးလိုက်တယ်...ဒါပေမယ့် မင်း ကိုယ့်ကိုလက်ထပ်ပြီးသိပ်မကြာခင်မှာပဲ မင်းတို့မိသားစုသုံးယောက် အပြင်သွားရင်းကားအက်ဆီးဒင့်ဖြစ်သွားခဲ့တယ်...မိဘနှစ်ပါးစလုံးက ကံမကောင်းစွာနဲ့ကွယ်လွန်သွားရပြီး မင်းကတော့ ခေါင်းကိုအကြီးအကျယ်ထိခိုက်မိသွားလို့ အတိတ်ကဟာတွေအားလုံးမေ့သွားခဲ့တယ်လေ..."
"ငါ့ဆီမှာ တခြားညီအစ်ကိုမောင်နှမတွေမရှိဘူးလား"
ရွမ်ရှောက်နန်က နေရောင်အောက်တွင်အရည်ပျော်ကျနေပြီဖြစ်သည့် ရေခဲမုန့်ကိုငုံ့ကြည့်ရင်း
"မရှိဘူး...မင်းက တစ်ဦးတည်းသောသမီး.."
ဝေ့ရှီက ခေါင်းငြိမ့်ပြကာ သစ်သီးဖျော်ရည်တစ်ငုံသောက်လိုက်ပြီးမှ
"ဒါဆို နင်တစ်ယောက်တည်း ငါ့ကိုစောင့်ရှောက်ပေးခဲ့ရတာ..အရမ်းပင်ပန်းမှာပဲ.."
"တစ်စက်ကလေးတောင် မပင်ပန်းဘူး...မင်းအစား အဲ့ဒီနာကျင်မှုတွေကိုမယူပေးနိုင်လို့ ကိုယ့်ကိုကိုယ်တောင် ပိုမုန်းတယ်"
ဝေ့ရှီက ဇွန်းကိုကိုက်ထားပြီး သဘောတကျရယ်လိုက်ကာ ဗလုံးဗထွေးဖြင့်
"ရှောက်နန်...နင် ငါ့အပေါ်ကိုအရမ်းကောင်းတာပဲ..."
ရွမ်ရှောက်နန်က ဝေ့ရှီ၏နှာခေါင်းထိပ်ကို အသာအယာညှစ်လိုက်၍
"အရူးမလေး...ဒါလေးနဲ့ကို ကျေနပ်သွားတာလား.."
"နင်သာ ဒီထက်ပိုပြီးပျော်နေရင် ငါဒီထက်ပိုပြီးတောင်ကျေနပ်ဦးမှာ..."
ရွမ်ရှောက်နန်က တအံ့တသြဖြစ်သွားပြီး
"ကိုယ် ဘယ်နားလေးကမပျော်နေလို့လဲ?.."
ဝေ့ရှီက လက်ကိုဆန့်ထုတ်ကာ သူ၏မျက်နှာပေါ်ရှိတွန့်ချိုးထားသည့်အစိတ်အပိုင်းများကို လက်ညှိုးဖြင့်ထောက်၍
"ဒီနား..ဒီနား..ပြီးတော့ ဒီနား..အားလုံးက ငါ့ကိုပြောပြနေတယ်...နင် မပျော်ဘူးတဲ့...ရယ်နေတဲ့အချိန်တောင်မှ နင့်မျက်နှာက ဝမ်းနည်းနေတာ.."
ရွမ်ရှောက်နန်က ဝေ့ရှီ၏လက်ကိုဖမ်းဆွဲ၍ ခပ်ဖွဖွရယ်ပြကာ
"မင်း တွေးချင်တာတွေလျှောက်တွေးနေတာပါကွာ...တော်ပြီ...မပြောတော့ဘူး...ညစာဘာစားချင်လဲဆိုတာ သေချာစဥ်းစားကြည့်ပြီးပြီလား.."
အစားအသောက်အကြောင်းရောက်သွားသည်နှင့် ဝေ့ရှီက တဖန်ပြန်ပြီးတက်ကြွလာကာ
"ငါ ဟိုဟာစားချင်...."
အပြင်ဘက်ဆီသို့ တရုတ်သီချင်းဟောင်းတစ်ပုဒ်၏သီချင်းသံက ပျံ့လွှင့်လာခဲ့၏။ဝေ့ရှီ အဖွင့်တီးလုံးသံကို ကြားကြားလိုက်ချင်း မှော်ဆရာတစ်ဦးမှ ညှို့ယူလိုက်သလို လုံးဝရပ်တန့်သွားခဲ့၏။
ရွမ်ရှောက်နန်က ဝေ့ရှီအား ငေးကြည့်နေရင်းက
"ဘာဖြစ်လို့လဲ?..."
ဝေ့ရှီက ရုတ်တရက်မတ်တပ်ထရပ်ကာ စကားတစ်ခွန်းမှပြန်မဆိုဘဲ အပြင်သို့ပြေးထွက်သွားခဲ့သည်။
ရွမ်ရှောက်နန်၏မျက်နှာအမူအရာများ ချက်ချင်းဆိုသလိုပြောင်းသွားခဲ့ပြီး ပြေးလိုက်၏။ဘေးတွင်ရှိနေသည်က စက်ပစ္စည်းများရောင်းသည့်ဆိုင်ဖြစ်နေကာ သီချင်းသံက ထိုနေရာမှလာနေခြင်းဖြစ်၏။
ဝေ့ရှီက စက်ပစ္စည်းဆိုင်ရှေ့ နေပူကျဲကျဲ လူပုံလယ်ကြီးထဲတွင်ရပ်နေကာ ထိုသီချင်းသံကိုမှင်သေ၍နားထောင်ပြီး မျက်ရည်များ အဆက်မပြတ်ကိုစီးကျနေလေ၏။
အနားသို့အမြန်လျှောက်သွားပြီး ဝေ့ရှီ၏လက်ကိုဆွဲယူလိုက်၍
"ဝေ့ရှီ...ဘာဖြစ်သွားတာလဲ"
ကြည်လင်ပြီးတောက်ပနေသည့်မျက်ဝန်းအပေါ်တွင် ဖုံးအုပ်ထားသည့်မျက်ရည်စများကြားမှ သူ့အားမော့ကြည့်လာကာ လက်တစ်ဖက်က သူမ၏နှလုံးသားနေရာကိုထိုးပြပြီး
"ရှောက်နန်...ငါ....ဒီနေရာက နာတယ်...အရမ်းနာတယ်...အရမ်းနာတာ...ငါဘယ်လိုလုပ်ရမလဲ?"
ဝေ့ရှီက လက်နှစ်ဖက်စလုံးဖြင့်နားကိုပိတ်အုပ်လိုက်ကာ လမ်းမကြီးပေါ်တွင်ဒူးထောက်ထိုင်ချလိုက်၏။ထိုသီချင်းသံက ပြေပြေအေးအေးလေးဖြင့်ဆက်၍လွင့်ပျံနေဆဲ ဝမ်းနည်းစရာကောင်းလှသည့်သံစဥ်တို့က ဆောင်းရာသီနေ့ရက်များ၏ကောင်းကင်ကြီးဆီသို့ တဖန်ပြန်လည်သွားတော့၏။
> ဘဝက ဒီနေရာမှာပဲ အဆုံးသတ်သွားခဲ့လို့...
> ကိုယ်မရှိတော့ရင်တောင်..,
> ကောင်းကင်တမန်တော်ကိုသွားရှာပြီး ကိုယ့်အစား မင်းကိုဆက်ချစ်နေခိုင်းပါ့မယ်...
ဝေ့ရှီ ဗီလာသို့ပြန်ရောက်သည့်အချိန်ထိ စိိတ်နှင့်ကိုယ်မကပ်ဘဲမှင်သေနေခဲ့သည်။ညစာစားပြီးနောက် အပေါ်ထပ်ရှိအိပ်ခန်းဆီသို့ တန်းဝင်လာခဲ့၏။ရွမ်ရှောက်နန်က စိုးရိမ်လွန်နေသဖြင့် အနောက်မှတကောက်ကောက်လိုက်ပြီး အိပ်ခန်းထဲသို့လိုက်ဝင်လာခဲ့လျှင် အိပ်ရာထက်တွင်ငြိမ်သက်ပြီးထိုင်နေသည့်ဝေ့ရှီအား မြင်လိုက်ရသည်။
အနားသို့လျှောက်လာပြီး နဖူးပေါ်လက်တင်ပြီးစမ်းလိုက်၏။
"ဝေ့ရှီ...နေလို့ရောကောင်းရဲ့လား"
ဝေ့ရှီက သူ၏လက်ကို အလောတကြီးဖမ်းဆုတ်လိုက်၍
"ရှောက်နန်...ငါ တစ်ခုခုကိုမှတ်မိလာသလိုလိုပဲ.."
ရွမ်ရှောက်နန်၏သွေးကြောများ ဆတ်ခနဲတောင့်တင်းသွားကာ ပြတ်ထွက်တော့မည့်အပ်ချည်ကြိုးမျှင်များအလား။မျက်နှာအမူအရာက တစ်စက်လေးမျှမပျက်ယွင်းသွားဘဲ ငြင်ငြင်သာသာမေးလာ၏။
"ဘာတွေ မှတ်မိလာတာလဲ"
"အကုန်လုံး အပိုင်းအစလေးလိုပြတ်တောင်းပြတ်တောင်းနဲ့...ရိုလာကိုစတာစီးနေရသလိုမျိုး မြင်လိုက်ရတာတွေကအရမ်းမြန်လွန်းလို့ သေချာမမှတ်မိဘူး...ရှောက်နန်...ငါပြန်ကောင်းလာတော့မှာမလား..."
ရွမ်ရှောက်နန်က ပြုံးပြကာ အံဆွဲထဲရှိ ဆေးဘူးကိုထုတ်ရင်း
"ဖြစ်နိုင်လောက်တယ်...အဲဒါကြောင့်မလို့ ဆေးကို အချိန်မှန်သောက်...ဒီလိုနေမကောင်းတဲ့ရောဂါမျိုးက ဆေးအချိန်မှန်သောက်မှ မြန်မြန်သက်သာမှာ..."
ဝေ့ရှီက ခေါင်းကိုအကြိမ်ကြိမ်ငြိမ့်ပြပြီး ဆေးလုံးကိုယူ၍ပါးစပ်ထဲထည့်လိုက်၏။ရွမ်ရှောက်နန် ယူလာပေးသည့် ရေခွက်ကိုယူပြီး တစ်ခါတည်းမျိုချလိုက်၏။
"နောက်ထပ် တစ်လုံးရော?.."
ရွမ်ရှောက်နန်က ဝေ့ရှီ၏လက်ကိုလှမ်းဆွဲကာ ဆေးဘူးကိုညွှန်ပြလိုက်၏။
ဝေ့ရှီက အထူးအဆန်းလိုကြည့်နေရင်း
"တစ်ကြိမ်ကို တစ်လုံးပဲသောက်ရမှာမဟုတ်ဘူးလား"
"မြန်မြန်နေမကောင်းချင်ဘူးလား?.."
"သေချာပေါက် ကောင်းချင်တာပေါ့"
"ဒါဆို တစ်လုံးပိုသောက်လိုက်ရင် ဆေးအာနိသင်ပိုများလာပြီး မြန်မြန်နေကောင်းလာမှာ..."
"ဟုတ်သားပဲ...ဒါဆို ဒီနေ့ကစပြီးနေ့တိုင်း တစ်လုံးပိုသောက်တော့မယ်"
ရွမ်ရှောက်နန်၏မျက်နှာထက်တွင် နွေးထွေးပြီးနှစ်လိုဖွယ်ကောင်းသည့်အပြုံးတစ်ခုရေးထင်လာခဲ့ပြီး သူ၏ဇနီးသေးသေးလေးတစ်ယောက် ဆေးလုံးကို စိတ်လိုလက်ရမျိုချနေသည်ကိုမြင်ရပြီးမှ သူ၏နှလုံးသားတစ်ခုလည်း ပြန်ငြိမ်သက်သွားတော့သည်။
ဝေ့ရှီက ဆေးသောက်ပြီးသည်နှင့် သန်းဝေလာခြင်းကြောင့် ရွမ်ရှောက်နန်က
"အိပ်ချင်နေပြီလား"
"အင်း..." ဝေ့ရှီက သူ၏ရင်ခွင်ကျယ်ထဲသို့ခေါင်းအပ်လိုက်၏။
"ဒါဆို အိပ်တော့လေ..."
ဝေ့ရှီက သူ၏ကျောပြင်ပေါ်သို့ လက်နှင့်ကုတ်ကပ်တွယ်တက်ပြီး လေးလေးပင်ပင်ဖြင့်
"ဒါပေမယ့် ငါ ဒီနေ့လာမယ့်ဇာတ်လမ်းတွဲကိုမကြည့်ရသေးဘူးလေ..."
"ကိုယ် ကူးထားပေးမှာပေါ့..."
ဝေ့ရှီကခေါင်းငြိမ့်ပြ၍
"ဒါဆိုလည်း ပြီးရော.."
ရွမ်ရှောက်နန်က ဝေ့ရှီလှဲအိပ်ဖို့ရာကူညီပေး၏။ဝေ့ရှီက သူ၏လက်ဖဝါးထဲမျက်နှာကိုအပ်ထား၍
"ရှောက်နန်...ငါ နေပြန်ကောင်းသွားရင် ငါတို့နှစ်ယောက်ရဲ့အရင်ကအကြောင်းတွေကိုပြန်မှတ်မိလာမှာ...အဲ့ချိန်ကျရင် ငါက ဇနီးကောင်းလေးဖြစ်လာတော့မှာလေ ဟုတ်တယ်မလား..."
သူမ၏ဆံပင်များကို ဖြေးဖြေးသာသာပွတ်သပ်ပေးရင်း
"အင်း..."
"အဲ့နေ့ကိုမြန်မြန်ရောက်ဖို့ တကယ်မျှော်လင့်နေတာ..."
ဝေ့ရှီက ဝိုးတိုးဝါးတားပြောဆိုနေရင်း အိပ်မောကျသွားခဲ့၏။
"ကိုယ်လည်းမျှော်လင့်နေတယ်...."
အတိုးဖျဆုံးဆိုရင်း ဝေ့ရှီ၏နှုတ်ခမ်းပါးကိုနမ်းရှိုက်လိုက်၍
"ကိုယ်လည်းမျှော်လင့်နေတယ်....အဲ့လိုနေ့တွေ တစ်သက်လုံး ရောက်မလာဖို့..."
နောက်ပိုင်းရက်များတွင် ဝေ့ရှီက ဆေးကိုတစ်နေ့တစ်ခြားပိုပိုသောက်လာပြီး လှုပ်ရှားမှုများက ခါတိုင်းထက် ပို၍နည်းလာခဲ့၏။ထမင်းမစားရေမသောက် အိပ်ခန်းထဲ၌အမှောင်ချပြီး မည်သူ့ကိုမှအသိမပေးဘဲ တစ်နေကုန်တစ်နေခန်းအိပ်နေတတ်၏။
အိမ်တော်ထိန်းက တစ်ခုခုမူမမှန်သည့်ဝေ့ရှီကို သတိထားမိပြီး ရွမ်ရှောက်နန်အား
"လူကြီးမင်းရွမ်...မမလေးက အခုတလော ဗိုက်အောင့်နေတယ်လို့ပြောတယ်...ဆရာဝန်ခေါ်ပြီးကြည့်ခိုင်းဖို့လိုအပ်နေမလား"
အချက်အလက်စာရွက်များကြားခေါင်းနှစ်နေသည့်သူက ခေါင်းမော့လာပြီး
"ဘယ်နားက နာတယ်လို့ရော သူပြောပြလား.."
"ပြောတာတော့ ညာဘက်နံရိုးအောက်နားကတဲ့...ကျွန်မကတော့ အသည်းကိုပြောတာလို့ထင်တယ်...အမျိုးသမီးတွေက အသည်းထိခိုက်ရင်မကောင်းဘူး...အချိန်ကြာကြာဆွဲနေရင် ပိုပြီးဆိုးလာမှာစိုးရိမ်ရတယ်.."
ရွမ်ရှောက်နန် စာရွက်စာတမ်းများကိုဘေးပို့ပြီး
"သိပြီ...အရင်သွားနှင့်တော့..."
အိမ်တော်ထိန်းထွက်သွားပြီးသည်နှင့် ရွမ်ရှောက်နန်က စာရွက်စာတမ်းများကို အံဆွဲထဲသို့ထည့်ပြီးသော့ခတ်လိုက်၏။စိတ်ထဲတွင် တိမ်စိုင်တိမ်မည်းကြီးများကြီးစိုးလာပြီး အသက်ရှူရခက်လာတော့သည်။စာကြည့်ခန်းထဲမှထွက်လာပြီး အိပ်ခန်းဆီသို့ဦးတည်လိုက်၏။သို့သော် အိပ်ခန်းထဲတွင်လူမရှိ။
"ရွမ်ကတော်ရော..."
"ပန်းအိမ်ထဲမှာ ပန်းချီဆွဲနေပါတယ်"
ကောင်းကင်၏အလိုဆန္ဒဟုဆိုရမလားမသိ ဝေ့ရှီက ခွဲစိတ်ကုသမှုများအပြီးတွင် မွေးခါစကလေးတစ်ယောက်လိုပြန်ဖြစ်သွားခဲ့၏။အခြေခံကျသည့်အချက်များမှလွဲ၍ အတိတ်မှအရာအားလုံးကိုမေ့ပျောက်သွားသည့်တိုင် ပန်းချီဆွဲသည့်ဝါသနာက မပြောင်းမလဲရှိနေဆဲဖြစ်၏။သို့သော် နည်းလမ်းတကျမဆွဲတတ်တော့ဘဲ ရိုးရှင်းလှသည့်ရေးခြစ်နည်းများကိုသာ မှတ်မိကာ အခြားပန်းချီရေးဆွဲနည်းများအားလုံး မေ့ပျောက်သွားခဲ့သည်။
ထို့ကြောင့် ရွမ်ရှောက်နန်က ပန်းမှန်အိမ်ခန်းထဲရှိ ပန်းပင်များကိုရှင်းထုတ်ပြီး စတူဒီယိုအဖြစ်ပြောင်းလဲပေးခဲ့သည်။နေရောင်ခြည်တော်တော်များများကျရောက်နေရာဖြစ်၍ ဥတုရာသီလေးခုစလုံးနှင့်သဟဇတဖြစ်ကာ သီချင်းသံငြိမ့်ငြိမ့်ကလေးဖွင့်ပြီး တစ်ရေးတမော ငေးမောတွေးတော၍ရသောနေရာလည်းဖြစ်၏။
ရွမ်ရှောက်နန် အိမ်တွင်မရှိသည့်အချိန်မျိုးတွင် ဝေ့ရှီက ထိုနေရာ၌သာအချိန်ကုန်တတ်၏။ပန်းချီဆွဲခြင်း ငေးမောခြင်း ခပ်ပျော့ပျော့ဆိုဖာပေါ်၌တရေးတမောအိပ်ခြင်းတို့ကို မကြာခဏလုပ်တတ်ပြီး သခင် အိမ်တွင်မရှိသည့်အခိုက် လွတ်လပ်ရေးရနေသောကြောင်ပေါက်လေးတစ်ကောင်လိုပင်။
ရွမ်ရှောက်နန်က ပန်းအိမ်ခန်းထဲသို့ဝင်လာသည်နှင့် ဆိုဖာပေါ်တွင်အိပ်ပျော်နေသည့်ဇနီးသေးသေးလေးကို တွေ့လိုက်ရ၏။အဖြူရောင်ခြုံစောင်ကိုလွှားခြုံထားပြီး အဖြူရောင်ညအိပ်ဝတ်စုံအပြင် အဖြူရောင်နားအုပ်သည့်အနွေးအိတ်ကိုပါဝတ်ထားသဖြင့် အဖြူရောင်မြေခွေးပေါက်လေးလိုလို...အဖြူရောင်ကြောက်ပေါက်စလေးလိုလို။
ရွမ်ရှောက်နန်က အနားသို့လျှောက်သွားရင်း ပန်းချီဘုတ်ပြားပေါ်တွင်ဆွဲထားသည့်ပန်းချီကို အမှတ်မထင်လှမ်းမြင်လိုက်ရ၏။ရိုးရှင်းလှသည့်ရေးချယ်ခြင်းများဖြင့် ချယ်ထားသည့်ရှုခင်းပုံတစ်ခု ၊ ဟင်းလင်းပြင်တစ်ခုလိုရှင်းလင်းနေသည့်ပန်းခြံ ၊ အဖြူရောင်ခိုငှက်များက လေဟာပြင်တစ်ခွင်ပျံဝဲနေကာ ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်က ရွှေဝါရောင်ကောင်းကင်ကြီးကိုနောက်ခံထားပြီး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထားကြ၏။
ပန်းချီရေးဆွဲထားသည့်ပုံစံက ရိုးရှင်းသည့်တိုင် ကြည့်လိုက်သည်နှင့် ရုပ်ရှင်ဇာတ်လမ်းများထဲမှ မြင်ကွင်းတစ်ခုလို လှပပြီးကြည်နူးဖွယ်ကောင်းနေ၏။
မသိစိတ်ကအလိုလိုပြုံးမိသွားကာ စိတ်ထဲတွင်လည်း ဤကောင်မလေး၏ပန်းချီကားတိုင်းက အသက်ဝင်စေသည့်ခံစားချက်မျိုးကိုပေးနိုင်မှန်း တွေးမိလိုက်၏။ထပ်၍ အတိတ်က မပြီးမဆုံးနိုင်အောင်ပန်းချီဆွဲရသည်ကို ဝါသနာပါခဲ့သည့် သူမ၏ပုံစံအား ပြန်မြင်ယောင်လာပြီး တရိပ်ရိပ်နှင့်ဝမ်းနည်းလာတော့သည်။
အနားသို့ လျှောက်လာပြီး သူမ၏မျက်နှာအား တိတ်ဆိတ်၍ငေးကြည့်နေမိကာ ဤကောင်မလေး၏ခန္ဓာကိုယ်ပေါ်ရှိအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို နှစ်သက်လာခြင်းမှပို၍ အရူးအမူးစွဲလမ်းပြီးချစ်လာတော့သည်။နက်နက်ရှိုင်းရှိုင်းကို ချစ်မိလာပြီး ကြာလာလေ ပို၍စွဲလမ်းလာလေ အသက်ရှင်နေရသမျှပို၍ပျော်ရွှင်လာရလေ ပို၍စွဲလမ်းပြီးချစ်မိလာမည်ကို ကြောက်လန့်လာရသည်အထိ။ သူ၏အခြေအနေက ကိုယ့်ကိုကိုယ်မကယ်တင်နိုင်တော့သည့်နေရာတွင် ရောက်နှင့်နေလေသည်။
ခြုံစောင်ကိုလှစ်ဟလိုက်ပြီး ပါးလှပ်သည့်ညဝတ်အကျီအောက်မှ ခန္ဓာကိုယ်လေးအား လှမ်းကြည့်လိုက်၏။ဤခန္ဓာကိုယ်က သူနှင့်အတူရှိနေခဲ့သည်မှာ သုံးနှစ် ၊ သုံးနှစ်တိတိရှိနေခဲ့ကာ သူ့အဖို့ ခန္ဓာကိုယ်တစ်ခုဆိုသည့်အရာထက် ပိုခဲ့သည်။ ကြည်လင်သည့်ရေစင်များပြည့်နှက်နေသည့်ရေကန်တစ်ခုလို သူ၏အညစ်အကြေးအစွန်းအထင်းများကို ဆေးကြောပစ်ပေးနိုင်ခဲ့ပြီး တဖန်ပြန်ပြီးသန့်စင်တောက်ပခြင်းများကို ယူဆောင်ပေးနိုင်ခဲ့၏။
သူကိုယ်တိုင်က တစ်ခါက ဘယ်လိုပျော်ရွှင်ပြီးနေခဲ့သော ယောက်ျားတစ်ယောက်ဖြစ်ခဲ့ဖူးကြောင်း၊ သူကိုယ်တိုယ်က တစ်ခါက ဤကောင်မလေးအပေါ် စိတ်နှင့်ခန္ဓာအလုံးစုံပေးအပ်ခဲ့ဖူးပြီး အလိမ်အညာများမရှိ လှည့်ဖျားခြင်းများမရှိ လိမ်ညာထားသည့်မှတ်ဥာဏ်များနှင့် ဆေးလုံးဆေးပြားများမရှိခဲ့ဖူးသောအချိန်တစ်ခု...လိုအပ်နေသည့်တစ်ခုတည်းသောအရာက သူ၏အမုန်းတရားများအားလုံးကို လွှတ်ချပြီး သူမအားအကောင်းပကတိပြန်လိုချင်မိရုံသာ...
တစ်ခါက သူမက ခါးသီးလှသည့်အရာအားလုံးကိုရင်ဆိုင်ပြီး သူ့အား ခုနှစ်နှစ်တိုင်တိုင်စောင့်နေခဲ့ဖူးသည်။ခုနှစ်နှစ်ဆိုသည့်အချိန်ကာလတစ်ခုလုံး ဤယိုယွင်းနေသောလောကကြီးထဲတွင် ကျန်ရှိနေသေးသောသက်ဝင်ယုံကြည်သူတစ်ယောက်လို သူမ၏အဖြူစင်ဆုံးသောစိတ်ရင်းတစ်ခုနှင့်ကိုယ့်ကိုကိုယ်ချမှတ်ထားသောအပြစ်များကိုဆုတ်ကိုင်ရင်း စောင့်နေခဲ့သည်။
သို့သော် သူ့ကြောင့်သာ သူမ၏ လက်တွေ့မကျခဲ့သည့်ပျော်ရွှင်စရာများအားလုံး လွယ်လင့်တကူဖျက်ဆီးအသုံးချခံလိုက်ရ၏။စိတ်နှလုံးသားထဲပြည့်နှက်နေသည့်နောင်တများနှင့်တုန်လှုပ်နေသည့်ခံစားချက်များကလွဲ၍ လှပလွန်းခဲ့သည့်အတိတ်မှအမှတ်တရများက အတိတ်တွင်သာကျန်နေရစ်တော့သည်။
သူ သူမကို ညီမျှတဲ့ပေးဆပ်မှုတွေ ပြန်ပေးသင့်တယ်မလား။ သူမအပေါ်တင်နေခဲ့သည့်အကြွေးတစ်ခုက 'တောင်းပန်ပါတယ်' ဆိုတဲ့စကားတစ်ခုတည်းလား။
ဝေ့ရှီက မျက်တောင်မွှေးများကိုပွတ်သပ်ရင်း မျက်လုံးဖွင့်ကာ အိပ်ချင်မူးတူးဖြင့် သူမ၏ခင်ပွန်းဖြစ်သူအားကြည့်လာ၏။
"ရှောက်နန်...ဘာလို့ ငိုနေတာလဲ"
ရွမ်ရှောက်နန်က မျက်ရည်ကိုဖိသုတ်ရင်း ရယ်လိုက်၍
"ဘယ်မှာငိုနေလိုလဲ...မျက်လုံးထဲ အမှုန်ဝင်သွားလို့ပါ.."
"လိမ်တာ...မျက်ရည်တွေက ငါ့မျက်နှာပေါ်တောင်ကျနေတာကို မငိုဘူးလို့လိမ်နေသေးတယ်"
"အဲ့ဒါ မင်းရဲ့သွားရည်တွေ..."
"တကယ်?"
"တကယ်!"
"အော်...."
ဝေ့ရှီကခေါင်းတငြိမ့်ငြိမ့်ဖြင့်
"လက်စသတ်တော့ သွားရည်တွေက ငံတာကိုး..."
ရွမ်ရှောက်နန်က ဝန်မခံချင်သလိုပြုံးပြီး ဝေ့ရှီအားလက်မောင်းထဲသို့ဆွဲဖက်လိုက်၍
"အခုတလော ဗိုက်အောင့်နေတယ်ဆို.."
"အင်း...ဒီနားလေးက"
ဝေ့ရှီက ညာဘက်နံရိုးအောက်နားသို့ထောက်ပြပြီး
"ထိလိုက်တာနဲ့နာတာ...ပြီးတော့ မူးပြီးအန်လည်းအန်ချင်သေးတယ်...ငါ ကလေးလေးများရှိနေတာလား?.."
ရွမ်ရှောက်နန်က တင်းခနဲဖြစ်သွားပြီး ဝေ့ရှီအားငုံ့ကြည့်၍
"ကလေးလေးရှိနေတယ်လို့ ဘာလို့ထင်ရတာလဲ"
"ရုပ်ရှင်ထဲမှာပါတယ်လေ...မိန်းကလေးတွေ ကလေးလေးရှိရင် ခေါင်းမူးတယ် အန်တယ် ပြီးတော့ဗိုက်နာတယ်လေ မဟုတ်လို့လား"
"စစ်ဆေးပြီးမှ သိတာမဟုတ်ဘူးလား...ကိုယ် မနက်ဖြန်ကျရင် မင်းကို ဆေးရုံလိုက်ပို့ပေးမယ်...သွားစစ်ကြည့်ရအောင်"
ဝေ့ရှီက သူ၏လည်တိုင်တစ်လျှောက်သိုင်းဖက်လိုက်၍ ခေါင်းရမ်းပြပြီး
"ဆေးရုံမသွားချင်ဘူး...အဲ့နေရာကြီးက ကြောက်စရာကြီး..."
"ဒါပေမယ့်ဆေးရုံမသွားရင် ဗိုက်ထဲမှာ ကလေးလေးရှိမရှိ ဘယ်လိုလုပ်သိမှာလဲ...မကြောက်နဲ့...ကိုယ် မင်းအနားမှာတချိန်လုံးရှိနေမှာ..."
"ဒါဆိုလည်းပြီးတာပဲ...နင့်စကားနားထောင်မယ်"
ဝေ့ရှီက ခင်ပွန်းဖြစ်သူ၏ရင်ခွင်ထဲသို့တိုးဝှေ့လိုက်ပြီး အသံကိုနိမ့်၍
"ရှောက်နန်...တကယ်လို့ ကလေးလေးရှိလာခဲ့ရင် ငါ အရင်ကထက်ပိုပြီး ဇနီးကောင်းတစ်ယောက်နဲ့တူလာလောက်မလား"
ရွမ်ရှောက်နန်၏ သူမ၏မျှော်လင့်ခြင်းများထင်ဟပ်နေသည့်မျက်ဝန်းများထဲသို့ကြည့်ကာ နာကျင်စွာဖြင့်
"မင်းက အစတည်းက ဇနီးကောင်းလေးပဲလေ"
"ဒါပေမယ့် ငါကအမြဲတမ်း နင့်ကိုမပျော်အောင်ပဲလုပ်နေတာ.."
"ကိုယ် မပျော်တာမဟုတ်ပါဘူးကွာ...ဒီတိုင်း...ကြောက်နေတာ..."
"ဘာကိုကြောက်တာလဲ?"
"အများကြီး...အများကြီး...အကြောက်ဆုံးတစ်ခုက မင်းကိုယ့်ကိုထားသွားမှာကို..."
ဝေ့ရှီက သူ့အားမော့ကြည့်ရင်း အချိုသာဆုံးပြုံးပြရင်း ယုံကြည်ချက်ရှိရှိကိုဆိုလာခဲ့၏။
"ငါ နင့်ကိုထားသွားမှာမဟုတ်ဘူး...သေသွားရင်တော့....."
ဝေ့ရှီ၏ပါးစပ်ကိုလှမ်းပိတ်လိုက်ကာ အလျင်စလိုဖြင့်
"လျှောက်မပြောနဲ့!.."
ဝေ့ရှီက လိမ်လိမ်မာမာလေးပါးစပ်ကိုပိတ်လိုက်ပြီးနောက် တစ်ခုခုကိုအမှတ်ရသွားဟန်ဖြင့် အသစ်စက်စက်ဆွဲထားသည့်ပန်းချီကိုလှမ်းယူကာ ပန်းချီကားပေါ်မှသူကိုညွှန်ပြ၍
"ဒါက ငါဒီနေ့ဆွဲထားတဲ့ပုံ...ဒီလူလေ...ငါ သူ့ကိုသိလား?"
ရွမ်ရှောက်နန်၏မျက်ဝန်းများ အလန့်တကြားပြူးကျယ်ကုန်ကာ တင်းနေအောင်ချည်ထားသည့်အပ်ချည်ကြိုးမျှင်လေး ပြတ်ထွက်သွားကြောင်း ဦးနှောက်တစ်ခုလုံးက အသိပေးဟစ်အော်သောင်းကျန်းလာတော့သည်။
ပန်းချီကားကိုချက်ချင်းဆွဲယူပြီး ဝေ့ရှီ၏ပုခုံးနှစ်ဖက်ကိုဆုတ်ကိုင်ထား၍
"ဘယ်နေရာကနေမြင်ခဲ့တာလဲ! ဘယ်သူပြောပြလိုက်တာလဲ!.."
ဝေ့ရှီက အလန့်တကြားဖြင့်သူ့အားလှမ်းကြည့်ပြီး အအထစ်ထစ်ဖြင့်
"ငါ....မလုပ်ပါဘူး...ဒီနေ့ဦးနှောက်ထဲမှာရုတ်တရက် သူ့ပုံစံကိုမြင်လိုက်တာနဲ့...ငါ... ဒီတိုင်းချဆွဲလိုက်တာ...သူဘယ်သူမှန်းလည်းမသိတာမလို့ နင့်ကိုမေးကြည့်ချင်လို့ပါ....ဘာလို့ ဒီလောက်ထိ စိတ်ဆိုးသွားရတာလဲ"
ရွမ်ရှောက်နန်၏မျက်နှာထက်တွင် သုန်မှုန်နေသောအမူအရာများကအပြည့်။ သို့သော် ဤအမူအရာများက ဒေါသများမဟုတ် ဒေါသထက်ပို၍ကြောက်စရာကောင်းနေသောခံစားချက်များသာဖြစ်၏။ဝေ့ရှီက ဇက်ကိုပုထားပြီး ဟိန်းဟောက်ခံလိုက်ရသည့်ယုန်သူငယ်လေးလို သနားစရာကောင်းစွာငြိမ်နေလေ၏။
အချိန်တစ်ခုကြာသွားပြီးနောက် စိတ်လျော့လိုက်သည်နှင့်အမူအရာဖြင့်
"သူက လူကောင်းမဟုတ်ဘူး...အရင်တုန်းက မင်းကိုထိခိုက်နစ်နာအောင်လုပ်ဖူးတယ်...ကိုယ် မင်းကို အဲ့ဒီအရင်ကပျော်စရာမကောင်းတဲ့အကြောင်းတွေစဥ်းစားသွားမိမှာကို မလိုလားတာမလို့ အခုလိုစိတ်ရှုပ်သွားတာ.."
ဝေ့ရှီက ပန်းချီကားကို မယုံသက်ာလှမ်းကြည့်ပြီး
"သူ အရင်က ငါ့ကို ဘယ်လိုမျိုးတွေထိခိုက်အောင်လုပ်ခဲ့တာလဲ...ဘာဖြစ်လို့ ငါကရော နည်းနည်းလေးတောင် သဘောမကျသလိုမဖြစ်နေရတာလဲ"
ရွမ်ရှောက်နန်က သူမအားပွေ့ချီကာ အိမ်ထဲသို့လျှောက်လာပြီး
"ဘာလို့လဲဆို မင်း အတိတ်တွေကိုမေ့သွားခဲ့လို့လေ...အရင်ကဖြစ်ခဲ့တာတွေကိုမှ မမှတ်မိတာ.."
အိပ်ခန်းထဲသို့ပြန်ရောက်ပြီး အိပ်ရာပေါ်လှဲလိုက်သည့်အချိန်ထိ ဝေ့ရှီက လက်မလျော့နိုင်သေး။စောင်ခြုံပေးနေသည့်သူအား လိုက်ကြည့်၍
"တကယ်လို့ သူငါ့ကို ထိခိုက်နစ်နာအောင်လုပ်ခဲ့ဖူးရင် ငါ သူ့ကို အရမ်းမုန်းနေသင့်တာမဟုတ်ဘူးလား?...ဘာဖြစ်လို့ သူ့မျက်နှာကိုကြည့်လိုက်တိုင်း ဝမ်းနည်းလာသလိုလို လွမ်းလာသလိုလို အရမ်းငိုချင်လာသလိုလိုခံစားချက်မျိုးတွေပဲ ရှိလာရတာလဲ?...အချိန်အကြာကြီးစောင့်နေခဲ့ရတဲ့သူတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုးလေ..."
ရွမ်ရှောက်နန်က ဝေ့ရှီ၏မျက်တောင်မွှေးများကို ခပ်ဖွဖွလေးနမ်းလိုက်၍
"သူက မင်းရဲ့အချစ်ဦးမလို့...ဒါပေမယ့် သူက မင်းကိုလိမ်ခဲ့တယ် အသဲကိုလည်းခွဲခဲ့တယ်...ဒါကြောင့်မလို့ အခုခံစားမိနေတာတွေက လွမ်းတာမဟုတ်ဘူး...နာကျင်ပြီးတနုံ့နုံ့ဖြစ်နေတာ.."
ခေါင်းမော့ပြီး ရွမ်ရှောက်နန်အားလှမ်းကြည့်၍
"တကယ်လား?...တကယ် ဒီလိုမျိုးလား?.."
"တကယ်...ကိုယ့်ကို မယုံဘူးလား?.."
"ငါ နင့်ကိုယုံပါတယ်...ဒါပေမယ့်..."
"ဒါပေမယ့်ဆိုတာ မရှိဘူး.."
ဝေ့ရှီ၏မေးဖျားကို ကိုက်ခဲ၍ ခြိမ်းခြောက်လိုက်၏။
"ထပ်ပြီး စကားနားမထောင်ရင် နောက်ဆို ကိုယ် မင်းနဲ့တူတူ တီဗွီ မကြည့်ပေးတော့ဘူး"
ဝေ့ရှီက ချက်ချင်းခေါင်းရမ်းပြပြီး သူ၏ကျောပြင်ထိရောက်အောက်ပွေ့ဖက်လိုက်၍
"နားထောင်မှာ...ထပ်ပြီး မမေးတော့ဘူးနော်"
ရွမ်ရှောက်နန်က ခေါင်းငြိမ့်ပြရင်း မသိအသာလေးတုန်ယင်နေသည့်သူမ၏ခန္ဓာကိုယ်ကိုပွေ့ဖက်ထားလိုက်၏။ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခါနီးတွင် ဝေ့ရှီက သူ၏ခါးကို လက်ချောင်းလေးများဖြင့် ထိုးနေသဖြင့် ခပ်စူးစူးလေးနာကျင်သလိုခံစားလိုက်ရ၏။
လက်ချောင်းလေးကို ချက်ချင်းဖမ်းဆွဲလိုက်ပြီး အနည်းငယ်စိတ်မရှည်သလိုမေးလိုက်၏။
"ဘာဖြစ်ပြန်တာလဲ"
"ရှောက်နန်...ငါ ဒီနေ့ဆေးမသောက်ရသေးဘူး...ခဏနေကျရင် မေ့သွားမှာစိုးလို့"
တစ်ခဏငြိမ်သက်သွားပြီးမှ လက်ကိုလွှတ်လိုက်၏။အေးစက်မာကျောနေသည့်မျက်နှာတစ်ခုလုံးက လိုက်ကာ၏အရိပ်အောက်တွင် အမှောင်ဖုံးနေလေ၏။ထို့နောက်
"ဒါဆိုလည်း သောက်လေ"
ထို့နောက်တွင် ကုတင်ခေါင်းရင်းရှိအံဆွဲထဲမှဆေးဘူးကိုထုတ်ပြီး ဆေးလုံးနှစ်လုံးကိုယူသောက်ကာ ဆေးဘူးပြန်ထည့်လိုက်သည်အထိ ငြိမ်ပြီးကြည့်နေခဲ့၏။ဆေးသောက်ပြီးသွားသည့်ဝေ့ရှီက တစ်ဖက်သို့လှည့်၍ပြုံးပြလာကာ
"ပြီးပြီ...သောက်ပြီးသွားပြီ"
ဝေ့ရှီအနားသို့တိုးကပ်ပြီးနောက် မီးအိမ်ကိုပိတ်လိုက်၏။
အိပ်ခန်းတစ်ခုလုံး လုံးဝအမှောင်ဖုံးသွားကာ ညနက်ထဲရောက်နေရသလို။သူမ၏ ခက်ခက်ခဲခဲရှူနေရသည့်အသက်ရှူသံများကိုကြားနေရပြီး သည်းညည်းခံအောင့်အည်းထားသောခန္ဓာကိုယ်လေး၏မသိမသာတုန်ယင်မှုများကိုပါ ခံစားနေရသည်။
သူမ၏အသွေးအသားနှင့်အရိုးများက တစ်ဖြည်းဖြည်းတုန်လှုပ်လာကာ သွေးကြောများက သူ၏နီးကပ်လာမှုကြောင့် တင်းခနဲဖြစ်လာတော့သည်။နှုတ်ခမ်းပါးက ခပ်ဟဟလေးပွင့်လာပြီး လက်သည်းများက ရောက်တတ်ရာရာကုတ်ဆွဲယူကာ ဆောင်းရာသီ၏နှင်းစက်ရည်များသဖွယ် အေးစက်လှသည့် မျက်ရည်များက သူ၏လက်မောင်းဆီသို့ တစ်စက်ပြီးတစ်စက် စိုစွတ်လာတော့၏။
သူသိပါ၏။ သူကိုယ်တိုင်က ကိုယ့်နည်းကိုယ့်ဟန်များကိုအသုံးပြုပြီး သူမအား အရယူနေသလို သူမကိုယ်၌ကလည်း သူမ၏နည်းလမ်းဖြင့်သာ သူ့အားတုန့်ပြန်နေခြင်း။နှစ်ယောက်စလုံး ရက်စက်လွန်းကြပြီး အချင်းချင်းညှင်းပန်းနေကြသလိုပင်။
မသိတော့သည့်အချိန်တစ်ခုတွင် ရွမ်ရှောက်နန်က သူ၏အောက်တွင်ရောက်နေသည့် ဇနီးသေးသေးလေး၏အသံတိုးတိုးကိုကြားလာရ၏။
"ရှောက်နန်...ငါ မငိုတော့ဘူး.."
"အင်း..."
သူမ၏မျက်နှာကိုထိတွေ့လိုက်လျှင် ပြောပြနေသည့်အတိုင်းတကယ်ကိုမျက်ရည်များမရှိ၏။
ဝေ့ရှီက နှုတ်ခမ်းကိုကိုက်ထားရင်း သတိတထားဖြင့်
"ဒါဆို နင် နည်းနည်းလေး ညင်သာပေးလို့ရမလား...ကလေးလေးကိုထိခိုက်မိမှာကြောက်တယ်"
ရွမ်ရှောက်နန်က အမှောင်ထုထဲမှ သူမ၏မျက်နှာလေးကိုလှမ်းကြည့်ရင်း သူမအား တစ်ခုခုကိုပြောပြချင်နေမိသည်။ ဟိုးအရင်တည်းက ပြောပြချင်နေခဲ့သည့်စကား ၊ အစတည်းက ပြောပြသင့်ခဲ့သည့်စကား သို့သော်ပြောမထွက်နိုင်ခဲ့၏။
သူမ၏မျက်တောင်များကိုနမ်းရှိုက်ပြီး
"အင်း...ကိုယ် ညင်သာပေးမယ်"
"ရှောက်နန်...နင်ပြောကြည့် ငါတို့ရဲ့ကလေးလေးက ယောက်ျားလေးဖြစ်လောက်မလား မိန်းကလေးဖြစ်လောက်မလား"
"ကိုယ်အားလုံးကိုသဘောကျပြီးသား"
"ဒါဆို ငါတို့ရဲ့ကလေးလေးကို ဘာနာမည်ပေးကြမလဲ"
"မင်းဆုံးဖြတ်လေ.."
"ယောက်ျားလေးဆိုရင်....."
မိုးရွာပြီ...
ရွမ်ရှောက်နန်က စာကြည့်ခန်းထဲတွင်ထိုင်ပြီး ဝေ့ရှီဆွဲထားသည့်ပန်းချီစာရွက်ကို ကိုင်ထား၏။ပန်းချီစာရွက်ထဲမှယောက်ျား၏မျက်ဝန်းများက သူနှင့်မျက်နှာချင်းဆိုင်ထားကာ ချောမောလွန်းသည့်ရုပ်ရည် မျက်တောင်ရှည်ရှည်များဝိုင်းရံထားသည့်ဇာမဏီမျက်ဝန်း ပါးလွသည့်နှုတ်ခမ်းပါးထက်တွင် တစ်လောကလုံးကိုဂရုမစိုက်သည့်အငွေ့အသက်များကအပြည့်။
မီးခြစ်ကိုထုတ်လိုက်ပြီးနောက် စာရွက်ကိုမီးညှိကာ ပြာခွက်ထဲသို့ပစ်ထည့်ပြီး ထိုယောက်ျား၏မျက်နှာအား တစ်စစလောင်ကျွမ်းရာမှ ပြာမှုန့်များဖြစ်သွားသည်အထိ စိုက်ကြည့်နေခဲ့ကာ ပြတင်းပေါက်မှ ကြမ်းတမ်းစွာဝင်ရောက်လာသည့်လေပြင်းကြောင့် ပြာမှုန်များ လွင့်ပျယ်သွားခဲ့၏။
မီးခြစ်ကို စားပွဲပေါ်သို့ပြန်ပစ်တင်လိုက်ပြီး အေးစက်နေသည့်အခန်းကို မျက်နှာချင်းဆိုင်ထားကာ အမှောင်ထုထဲမှ တွားသွားပြီးပြေးထွက်လာသည့် မရေမတွက်နိုင်သည့် တစ္ဆေသရဲအုပ်ကြီးက ပျက်စီးနေသည့်မျက်နှာများနှင့်ခြေလက်မစုံလင်တော့ဘဲသွေးအလိမ်းလိမ်းဖြင့်။တောက်လောင်နေသည့်ငရဲမီးများကြားမှ ကုန်းရုန်းပြီးထကြွလာကာ သူ၏အသက်ကို တောင်းယူနေသလိုလို!
တခိုက်ခိုက်တုန်ယင်လာပြီး မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာ ကြမ်းပြင်ပေါ်ရှိပြာမှုန့်များဆီသို့ အော်ဟစ်ပြီးငိုကြွေးတော့၏။
"မင်း ဘာဖြစ်ချင်နေတာလဲ!...အခု ငါနေနေရတာ အရမ်းအဆင်ပြေနေတယ်လို့များ မင်းထင်နေလား!...ငါလည်း မနာကျင်ရဘူးလို့များ မင်းထင်နေလား!...မင်း သေပြီပြီးလေ...သေသွားခဲ့ပြီးပြီ!...မင်း သူ့ကို ထပ်ပြီးလာမနှောက်ယှက်ပါနဲ့တော့!...ငါတို့ သူ့ကိုပေးထားခဲ့တဲ့ဒုက္ခတွေက မလုံလောက်သေးလို့လား?...သူ အရမ်းကိုသနားစရာကောင်းနေပြီးသားပါ..."
ပြောနေရင်း အသံတို့တစ်ချက်သိမ်ဝင်သွားခဲ့၍
"မင်း သူ့ကိုတကယ်ချစ်တယ်ဆိုရင် မင်းကိုတောင်းဆိုပါတယ်...သူ့ကိုလွှတ်ပေးလိုက်ပါတော့...မင်းကို ငါတောင်းဆိုပါတယ်...."
*********************
~~Zawgyi~~
တုန္လႈပ္ျခင္း (Part -1)
႐ြမ္ေရွာက္နန္ ႐ုတ္တရက္မ်က္လုံးဖြင့္လိုက္သည္ႏွင့္ မွိန္ဝါးဝါးေလးရွိေနသည့္အလင္းေရာင္ကိုျမင္လိုက္ရ၏။မနက္မိုးလင္းေလၿပီ။
ပတ္ဝန္းက်င္တြင္ျမင္သမွ်အရာအားလုံးကို ေဝ့ဝဲၾကည့္ေနမိကာ ငရဲမွ ေကာင္းကင္ဘုံသို႔ ျပန္ေရာက္လာရသည့္အျဖစ္လို။ဤေနရာက သူ၏စာၾကည့္ခန္း သန့္ရွင္းသပ္ရပ္ကာလင္းထင္းေနၿပီး အေမွာင္ထုႀကီးလည္းႀကီးစိုးမေနေတာ့သလို ျပတင္ေပါက္အျပင္ဘက္တြင္လည္း မိုး႐ြာမေနေတာ့ေပ။
မတ္တပ္ရပ္လိုက္ၿပီး လည္ပင္းႏွင့္ပုခုံးရွိအေၾကာမ်ားကိုေျဖေလ်ာ့လိုက္၏။အေစခံတစ္ဦးက အျပင္ဘက္မွ တံခါးေခါက္၍
"လူႀကီးမင္း...မမေလးနိုးေနၿပီ..."
နတ္ဘုရားမ်ားမွ ခ်က္ခ်င္းရိုက္ပုတ္ၿပီးႏွိုးသလို အသိစိတ္ျပန္ကပ္လာေတာ့၏။ မေန႕က ေဝ့ရွီအား အျပင္ေခၚသြားေပးမည္ဟု ကတိေပးထားသည္မဟုတ္လား။ ယခုလိုအျပင္ထြက္ဖို႔ရာအတြက္ သူမဘက္မွ အမ်ားႀကီးေမွ်ာ္လင့္ထားခဲ့ျခင္းျဖစ္၍ မည္မွ်ပင္ ပင္ပန္းႏုံးခ်ိေနပါေစ ကတိဖ်က္ဖို႔ရန္မျဖစ္နိုင္။
အားလပ္ရက္ျဖစ္ေသာေၾကာင့္ လမ္းမႀကီးတိုင္းတြင္ ပ်ားပန္းခပ္မွ်လႈပ္ရွားေနေသာ လူပင္လယ္ႀကီးမ်ားအျပည့္။ဘဝအတြက္႐ုန္းကန္ဖို႔ရာ မည္သို႔ပင္ခက္ခဲပင္ပန္းေနၾကပါေစ ယခုလိုေန႕မ်ိဳးတြင္ေတာ့ ေအးေအးေဆးေဆးေပ်ာ္႐ႊင္စြာျဖတ္သန္းေနၾကစၿမဲ။
ေဝ့ရွီက ပင္လယ္ျပင္မွ ကုန္းေပၚသို႔ေရာက္လာသည့္ေရသူမေလးလို ျမင္ျမင္သမွ်အရာအားလုံးအေပၚ စိတ္ဝင္တစားလိုက္ၾကည့္ေနေလသည္။႐ြမ္ေရွာက္နန္က ကားျပတင္းမွန္နားတြင္ကပ္ေနသည့္သူအား အရိပ္တၾကည့္ၾကည့္ျဖင့္လိုက္ၾကည့္ေနကာ သူမ၏မ်က္လုံးထဲ စိတ္ဝင္တစားျဖစ္သြား၏အရာကိုေတြ႕တိုင္း သူ၏အက်ီလက္အနားစကိုဆြဲကာ အျပင္ဘက္သို႔ၫႊန္ျပ၍ ေအာ္ေျပာေလ၏။
"ေရွာက္နန္...ဟိုမွာၾကည့္!...ဟိုမွာၾကည့္!.."
လမ္းတစ္ေလွ်ာက္လုံး သူ႕အဖို႔ အျပင္ဘက္မွရႉခင္းမ်ားထက္ ေဝ့ရွီက ပို၍စိတ္ဝင္စားစရာေကာင္းေနခဲ့သည္။
ေရာက္လာခဲ့သည္က ၿမိဳ႕ေတာ္၏ အႀကီးဆုံးအပန္းေျဖဥယ်ာဥ္တစ္ခုဆီသို႔ျဖစ္သည္။ အပန္းေျဖဥယ်ာဥ္တစ္ခုလုံးကို ပတ္ေပးသည့္ရထားအေသးစားေလးကိုစီး ၊ ခ်ားရဟတ္အျပင္ ေရလႊာေလွ်ာစီးၿပီးေနာက္ သရဲအိမ္ထဲသို႔ဝင္ၿပီးသည့္အျပင္ ေလးဖက္ျမင္႐ုပ္ရွင္ကိုပါ ၾကည့္ၾက၏။ေဝ့ရွီက အပန္းေျဖဥယ်ာဥ္ထဲသို႔ ကစားနည္းေပါင္းစုံကို သူႏွင့္အတူကစားၾကသည္ျဖစ္ရာ သူ၏အျဖစ္က အ႐ြယ္မေရာက္ေသးသည့္သမီးတစ္ေယာက္ကိုထိန္းေနရသည့္ အေဖႀကီးႏွင့္တူလွသည္။ သူမ၏ေပ်ာ္႐ႊင္ေနၿပီး ျဖဴစင္ေနလွသည့္အၿပဳံးမ်ားကိုသာ ျမင္ေနရလွ်င္ သူ နာက်ည္းဝမ္းနည္းစရာမ်ားကို ခံစားေနရလွ်င္ေတာင္မွ ထိုက္တန္ပါ၏။
ေဝ့ရွီအား သူ႕ေဘးနားတြင္ အတူေနေပးေနဖို႔ရာ ဆႏၵရွိေနျခင္းမဟုတ္လား။ တစ္သက္လုံး တစ္ဘဝလုံး မခြဲမခြာ...
သူမအား တစ္ဘဝလုံးလိမ္ညာထားရမည္ဆိုလွ်င္ေတာင္မွ...ဤလွ်ို႔ဝွက္ခ်က္ႀကီးကို အဆုံးထိသယ္ထားရမည္ဆိုလွ်င္ေတာင္မွ...က်န္ေနသည့္ဘဝတစ္ေလွ်ာက္လုံး အျမင့္တစ္ေနရာတြင္ခ်ိတ္ဆြဲခံထားရၿပီး ျပဳတ္က်လာမည့္အခ်ိန္ကို ေတြး၍ေၾကာက္လန့္ေနသလို အသက္ရွင္ေနရလွ်င္ေတာင္မွ...ယခုလိုေလးအတိုင္း ဆက္ရွိသြားဖို႔ရာ ဆႏၵရွိပါ၏။
ယခုလိုအေတြးမ်ားေတြးေနသည့္အခ်ိန္တြင္ ႏွစ္ေယာက္သားက လက္လုပ္ေရခဲမုန့္ဆိုင္ထဲတြင္ထိုင္ေနျခင္းျဖစ္သည္။ေဝ့ရွီက အေရာင္းေကာင္တာဆီသို႔တစ္ေယာက္တည္းေျပးသြားခဲ့ၿပီး ခြက္အႀကီးဆုံးဆိုဒ္ျဖင့္ေရခဲမုန့္ႏွစ္ပြဲဝယ္လာခဲ့သည္။
႐ြမ္ေရွာက္နန္က အေရွ႕တြင္ခ်ေပးလာသည့္ေရခဲမုန့္ခြက္ကိုၾကည့္ၿပီးေနာက္ ေဝ့ရွီ၏ေမးဖ်ားကို တစ္ခ်က္ဆြဲညစ္၍
"ကိုယ္ ဒီေလာက္အမ်ားႀကီးမကုန္ဘူးေလ.."
ေဝ့ရွီက ေရခဲမုန့္ဇြန္းကိုကိုက္ထားရင္း သူ႕အားလွမ္းၾကည့္၍
"နင္ ဘယ္အရသာႀကိဳက္မွန္းမသိတာနဲ႕ တစ္မ်ိဳးနည္းနည္းစီယူလိုက္တာ...အခုလိုအမ်ားႀကီးျဖစ္သြားေရာ..."
႐ြမ္ေရွာက္နန္က သေဘာတက်ရယ္ျပလိုက္ၿပီးေနာက္ တစ္ဇြန္းၿပီးတစ္ဇြန္း ခပ္စားေလ၏။
ေဝ့ရွီက အထူးအဆန္းလိုၾကည့္ေနရင္း အသံေလးနိမ့္ၿပီးေမးလိုက္၏။
"ေရွာက္နန္...ငါ အရင္တုန္းက နင့္ကိုဆို ေကာင္းေကာင္းမဆက္ဆံဘူးမလား?.."
႐ြမ္ေရွာက္နန္က စားေနရင္းသီးသြားကာ သစ္သီးေဖ်ာ္ရည္တစ္ငုံေသာက္ၿပီးမွ
"ဘာလို႔ ဒီလိုေမးရတာလဲ"
"ဘာလို႔လဲဆို...ငါ နင့္အေပၚကို နည္းနည္းေကာင္းေကာင္းေလး ပိုၿပီးဆက္ဆံလိုက္တိုင္း နင္က အရမ္းကိုေပ်ာ္သြားတဲ့ပုံစံႀကီးျဖစ္ျဖစ္သြားတာေလ...အရမ္းသိသာေနတာ...အဲ့ဒါေၾကာင့္မလို႔ ငါေတြးမိသြားတာက ငါအရင္တုန္းက နင့္ကိုေကာင္းေကာင္းမဆက္ဆံခဲ့ဘူးလို႔ေလ...မဟုတ္ရင္ နင္ဘယ္လိုလုပ္ၿပီး ဒီလိုျဖစ္ေနမွာလဲ"
႐ြမ္ေရွာက္နန္က လက္ကိုဆန့္ထုတ္လာၿပီး ေဝ့ရွီ၏မ်က္ႏွာကိုထိေတြ႕လိုက္ကာ
"မင္း ကိုယ့္အေပၚ အရမ္းကိုေကာင္းခဲ့တာ...အၿမဲတမ္း ေကာင္းခဲ့တာ...ကိုယ္ကသာ မျမင္ခဲ့ဘဲ မင္းကို ဘယ္လိုတန္ဖိုးထားရမွန္းမသိခဲ့တာ.."
ေဝ့ရွီက ေခါင္းငဲ့ငဲ့ေလးေစာင္းကာလွမ္းၾကည့္ၿပီး နားမလည္ေတာ့သလိုေမးလာခဲ့၏။
"ငါတို႔ အရင္က ဘယ္လိုပုံစံမ်ိဳးလဲ"
႐ြမ္ေရွာက္နန္က ႐ုတ္တရက္ၿငိမ္သြားၿပီးမွ ခပ္ဖြဖြေလးၿပဳံးလိုက္၍
"ကိုယ္ ေျပာျပၿပီးၿပီမဟုတ္ဘူးလား?...ကိုယ္တို႔မိသားစုႏွစ္ခုက ဟိုးအရင္တည္းကရင္းႏွီးတဲ့သူေတြ...ကိုယ္တို႔ႏွစ္ေယာက္က ငယ္ငယ္ေလးထဲကသိခဲ့တာ...ေနာက္ေတာ့ မင္းရဲ႕ေဖေဖက မင္းကို ကိုယ္နဲ႕လက္ထပ္ေပးလိုက္တယ္...ဒါေပမယ့္ မင္း ကိုယ့္ကိုလက္ထပ္ၿပီးသိပ္မၾကာခင္မွာပဲ မင္းတို႔မိသားစုသုံးေယာက္ အျပင္သြားရင္းကားအက္ဆီးဒင့္ျဖစ္သြားခဲ့တယ္...မိဘႏွစ္ပါးစလုံးက ကံမေကာင္းစြာနဲ႕ကြယ္လြန္သြားရၿပီး မင္းကေတာ့ ေခါင္းကိုအႀကီးအက်ယ္ထိခိုက္မိသြားလို႔ အတိတ္ကဟာေတြအားလုံးေမ့သြားခဲ့တယ္ေလ..."
"ငါ့ဆီမွာ တျခားညီအစ္ကိုေမာင္ႏွမေတြမရွိဘူးလား"
႐ြမ္ေရွာက္နန္က ေနေရာင္ေအာက္တြင္အရည္ေပ်ာ္က်ေနၿပီျဖစ္သည့္ ေရခဲမုန့္ကိုငုံ႕ၾကည့္ရင္း
"မရွိဘူး...မင္းက တစ္ဦးတည္းေသာသမီး.."
ေဝ့ရွီက ေခါင္းၿငိမ့္ျပကာ သစ္သီးေဖ်ာ္ရည္တစ္ငုံေသာက္လိုက္ၿပီးမွ
"ဒါဆို နင္တစ္ေယာက္တည္း ငါ့ကိုေစာင့္ေရွာက္ေပးခဲ့ရတာ..အရမ္းပင္ပန္းမွာပဲ.."
"တစ္စက္ကေလးေတာင္ မပင္ပန္းဘူး...မင္းအစား အဲ့ဒီနာက်င္မႈေတြကိုမယူေပးနိုင္လို႔ ကိုယ့္ကိုကိုယ္ေတာင္ ပိုမုန္းတယ္"
ေဝ့ရွီက ဇြန္းကိုကိုက္ထားၿပီး သေဘာတက်ရယ္လိုက္ကာ ဗလုံးဗေထြးျဖင့္
"ေရွာက္နန္...နင္ ငါ့အေပၚကိုအရမ္းေကာင္းတာပဲ..."
႐ြမ္ေရွာက္နန္က ေဝ့ရွီ၏ႏွာေခါင္းထိပ္ကို အသာအယာညွစ္လိုက္၍
"အ႐ူးမေလး...ဒါေလးနဲ႕ကို ေက်နပ္သြားတာလား.."
"နင္သာ ဒီထက္ပိုၿပီးေပ်ာ္ေနရင္ ငါဒီထက္ပိုၿပီးေတာင္ေက်နပ္ဦးမွာ..."
႐ြမ္ေရွာက္နန္က တအံ့တၾသျဖစ္သြားၿပီး
"ကိုယ္ ဘယ္နားေလးကမေပ်ာ္ေနလို႔လဲ?.."
ေဝ့ရွီက လက္ကိုဆန့္ထုတ္ကာ သူ၏မ်က္ႏွာေပၚရွိတြန့္ခ်ိဳးထားသည့္အစိတ္အပိုင္းမ်ားကို လက္ညွိုးျဖင့္ေထာက္၍
"ဒီနား..ဒီနား..ၿပီးေတာ့ ဒီနား..အားလုံးက ငါ့ကိုေျပာျပေနတယ္...နင္ မေပ်ာ္ဘူးတဲ့...ရယ္ေနတဲ့အခ်ိန္ေတာင္မွ နင့္မ်က္ႏွာက ဝမ္းနည္းေနတာ.."
႐ြမ္ေရွာက္နန္က ေဝ့ရွီ၏လက္ကိုဖမ္းဆြဲ၍ ခပ္ဖြဖြရယ္ျပကာ
"မင္း ေတြးခ်င္တာေတြေလွ်ာက္ေတြးေနတာပါကြာ...ေတာ္ၿပီ...မေျပာေတာ့ဘူး...ညစာဘာစားခ်င္လဲဆိုတာ ေသခ်ာစဥ္းစားၾကည့္ၿပီးၿပီလား.."
အစားအေသာက္အေၾကာင္းေရာက္သြားသည္ႏွင့္ ေဝ့ရွီက တဖန္ျပန္ၿပီးတက္ႂကြလာကာ
"ငါ ဟိုဟာစားခ်င္...."
အျပင္ဘက္ဆီသို႔ တ႐ုတ္သီခ်င္းေဟာင္းတစ္ပုဒ္၏သီခ်င္းသံက ပ်ံ့လႊင့္လာခဲ့၏။ေဝ့ရွီ အဖြင့္တီးလုံးသံကို ၾကားၾကားလိုက္ခ်င္း ေမွာ္ဆရာတစ္ဦးမွ ညွို႔ယူလိုက္သလို လုံးဝရပ္တန့္သြားခဲ့၏။
႐ြမ္ေရွာက္နန္က ေဝ့ရွီအား ေငးၾကည့္ေနရင္းက
"ဘာျဖစ္လို႔လဲ?..."
ေဝ့ရွီက ႐ုတ္တရက္မတ္တပ္ထရပ္ကာ စကားတစ္ခြန္းမွျပန္မဆိုဘဲ အျပင္သို႔ေျပးထြက္သြားခဲ့သည္။
႐ြမ္ေရွာက္နန္၏မ်က္ႏွာအမူအရာမ်ား ခ်က္ခ်င္းဆိုသလိုေျပာင္းသြားခဲ့ၿပီး ေျပးလိုက္၏။ေဘးတြင္ရွိေနသည္က စက္ပစၥည္းမ်ားေရာင္းသည့္ဆိုင္ျဖစ္ေနကာ သီခ်င္းသံက ထိုေနရာမွလာေနျခင္းျဖစ္၏။
ေဝ့ရွီက စက္ပစၥည္းဆိုင္ေရွ႕ ေနပူက်ဲက်ဲ လူပုံလယ္ႀကီးထဲတြင္ရပ္ေနကာ ထိုသီခ်င္းသံကိုမွင္ေသ၍နားေထာင္ၿပီး မ်က္ရည္မ်ား အဆက္မျပတ္ကိုစီးက်ေနေလ၏။
အနားသို႔အျမန္ေလွ်ာက္သြားၿပီး ေဝ့ရွီ၏လက္ကိုဆြဲယူလိုက္၍
"ေဝ့ရွီ...ဘာျဖစ္သြားတာလဲ"
ၾကည္လင္ၿပီးေတာက္ပေနသည့္မ်က္ဝန္းအေပၚတြင္ ဖုံးအုပ္ထားသည့္မ်က္ရည္စမ်ားၾကားမွ သူ႕အားေမာ့ၾကည့္လာကာ လက္တစ္ဖက္က သူမ၏ႏွလုံးသားေနရာကိုထိုးျပၿပီး
"ေရွာက္နန္...ငါ....ဒီေနရာက နာတယ္...အရမ္းနာတယ္...အရမ္းနာတာ...ငါဘယ္လိုလုပ္ရမလဲ?"
ေဝ့ရွီက လက္ႏွစ္ဖက္စလုံးျဖင့္နားကိုပိတ္အုပ္လိုက္ကာ လမ္းမႀကီးေပၚတြင္ဒူးေထာက္ထိုင္ခ်လိဳက္၏။ထိုသီခ်င္းသံက ေျပေျပေအးေအးေလးျဖင့္ဆက္၍လြင့္ပ်ံေနဆဲ ဝမ္းနည္းစရာေကာင္းလွသည့္သံစဥ္တို႔က ေဆာင္းရာသီေန႕ရက္မ်ား၏ေကာင္းကင္ႀကီးဆီသို႔ တဖန္ျပန္လည္သြားေတာ့၏။
> ဘဝက ဒီေနရာမွာပဲ အဆုံးသတ္သြားခဲ့လို႔...
> ကိုယ္မရွိေတာ့ရင္ေတာင္..,
> ေကာင္းကင္တမန္ေတာ္ကိုသြားရွာၿပီး ကိုယ့္အစား မင္းကိုဆက္ခ်စ္ေနခိုင္းပါ့မယ္...
ေဝ့ရွီ ဗီလာသို႔ျပန္ေရာက္သည့္အခ်ိန္ထိ စိိတ္ႏွင့္ကိုယ္မကပ္ဘဲမွင္ေသေနခဲ့သည္။ညစာစားၿပီးေနာက္ အေပၚထပ္ရွိအိပ္ခန္းဆီသို႔ တန္းဝင္လာခဲ့၏။႐ြမ္ေရွာက္နန္က စိုးရိမ္လြန္ေနသျဖင့္ အေနာက္မွတေကာက္ေကာက္လိုက္ၿပီး အိပ္ခန္းထဲသို႔လိုက္ဝင္လာခဲ့လွ်င္ အိပ္ရာထက္တြင္ၿငိမ္သက္ၿပီးထိုင္ေနသည့္ေဝ့ရွီအား ျမင္လိုက္ရသည္။
အနားသို႔ေလွ်ာက္လာၿပီး နဖူးေပၚလက္တင္ၿပီးစမ္းလိုက္၏။
"ေဝ့ရွီ...ေနလို႔ေရာေကာင္းရဲ႕လား"
ေဝ့ရွီက သူ၏လက္ကို အေလာတႀကီးဖမ္းဆုတ္လိုက္၍
"ေရွာက္နန္...ငါ တစ္ခုခုကိုမွတ္မိလာသလိုလိုပဲ.."
႐ြမ္ေရွာက္နန္၏ေသြးေၾကာမ်ား ဆတ္ခနဲေတာင့္တင္းသြားကာ ျပတ္ထြက္ေတာ့မည့္အပ္ခ်ည္ႀကိဳးမွ်င္မ်ားအလား။မ်က္ႏွာအမူအရာက တစ္စက္ေလးမွ်မပ်က္ယြင္းသြားဘဲ ျငင္ျငင္သာသာေမးလာ၏။
"ဘာေတြ မွတ္မိလာတာလဲ"
"အကုန္လုံး အပိုင္းအစေလးလိုျပတ္ေတာင္းျပတ္ေတာင္းနဲ႕...ရိုလာကိုစတာစီးေနရသလိုမ်ိဳး ျမင္လိုက္ရတာေတြကအရမ္းျမန္လြန္းလို႔ ေသခ်ာမမွတ္မိဘူး...ေရွာက္နန္...ငါျပန္ေကာင္းလာေတာ့မွာမလား..."
႐ြမ္ေရွာက္နန္က ၿပဳံးျပကာ အံဆြဲထဲရွိ ေဆးဘူးကိုထုတ္ရင္း
"ျဖစ္နိုင္ေလာက္တယ္...အဲဒါေၾကာင့္မလို႔ ေဆးကို အခ်ိန္မွန္ေသာက္...ဒီလိုေနမေကာင္းတဲ့ေရာဂါမ်ိဳးက ေဆးအခ်ိန္မွန္ေသာက္မွ ျမန္ျမန္သက္သာမွာ..."
ေဝ့ရွီက ေခါင္းကိုအႀကိမ္ႀကိမ္ၿငိမ့္ျပၿပီး ေဆးလုံးကိုယူ၍ပါးစပ္ထဲထည့္လိုက္၏။႐ြမ္ေရွာက္နန္ ယူလာေပးသည့္ ေရခြက္ကိုယူၿပီး တစ္ခါတည္းမ်ိဳခ်လိဳက္၏။
"ေနာက္ထပ္ တစ္လုံးေရာ?.."
႐ြမ္ေရွာက္နန္က ေဝ့ရွီ၏လက္ကိုလွမ္းဆြဲကာ ေဆးဘူးကိုၫႊန္ျပလိုက္၏။
ေဝ့ရွီက အထူးအဆန္းလိုၾကည့္ေနရင္း
"တစ္ႀကိမ္ကို တစ္လုံးပဲေသာက္ရမွာမဟုတ္ဘူးလား"
"ျမန္ျမန္ေနမေကာင္းခ်င္ဘူးလား?.."
"ေသခ်ာေပါက္ ေကာင္းခ်င္တာေပါ့"
"ဒါဆို တစ္လုံးပိုေသာက္လိုက္ရင္ ေဆးအာနိသင္ပိုမ်ားလာၿပီး ျမန္ျမန္ေနေကာင္းလာမွာ..."
"ဟုတ္သားပဲ...ဒါဆို ဒီေန႕ကစၿပီးေန႕တိုင္း တစ္လုံးပိုေသာက္ေတာ့မယ္"
႐ြမ္ေရွာက္နန္၏မ်က္ႏွာထက္တြင္ ႏြေးေထြးၿပီးႏွစ္လိုဖြယ္ေကာင္းသည့္အၿပဳံးတစ္ခုေရးထင္လာခဲ့ၿပီး သူ၏ဇနီးေသးေသးေလးတစ္ေယာက္ ေဆးလုံးကို စိတ္လိုလက္ရမ်ိဳခ်ေနသည္ကိုျမင္ရၿပီးမွ သူ၏ႏွလုံးသားတစ္ခုလည္း ျပန္ၿငိမ္သက္သြားေတာ့သည္။
ေဝ့ရွီက ေဆးေသာက္ၿပီးသည္ႏွင့္ သန္းေဝလာျခင္းေၾကာင့္ ႐ြမ္ေရွာက္နန္က
"အိပ္ခ်င္ေနၿပီလား"
"အင္း..." ေဝ့ရွီက သူ၏ရင္ခြင္က်ယ္ထဲသို႔ေခါင္းအပ္လိုက္၏။
"ဒါဆို အိပ္ေတာ့ေလ..."
ေဝ့ရွီက သူ၏ေက်ာျပင္ေပၚသို႔ လက္ႏွင့္ကုတ္ကပ္တြယ္တက္ၿပီး ေလးေလးပင္ပင္ျဖင့္
"ဒါေပမယ့္ ငါ ဒီေန႕လာမယ့္ဇာတ္လမ္းတြဲကိုမၾကည့္ရေသးဘူးေလ..."
"ကိုယ္ ကူးထားေပးမွာေပါ့..."
ေဝ့ရွီကေခါင္းၿငိမ့္ျပ၍
"ဒါဆိုလည္း ၿပီးေရာ.."
႐ြမ္ေရွာက္နန္က ေဝ့ရွီလွဲအိပ္ဖို႔ရာကူညီေပး၏။ေဝ့ရွီက သူ၏လက္ဖဝါးထဲမ်က္ႏွာကိုအပ္ထား၍
"ေရွာက္နန္...ငါ ေနျပန္ေကာင္းသြားရင္ ငါတို႔ႏွစ္ေယာက္ရဲ႕အရင္ကအေၾကာင္းေတြကိုျပန္မွတ္မိလာမွာ...အဲ့ခ်ိန္က်ရင္ ငါက ဇနီးေကာင္းေလးျဖစ္လာေတာ့မွာေလ ဟုတ္တယ္မလား..."
သူမ၏ဆံပင္မ်ားကို ေျဖးေျဖးသာသာပြတ္သပ္ေပးရင္း
"အင္း..."
"အဲ့ေန႕ကိုျမန္ျမန္ေရာက္ဖို႔ တကယ္ေမွ်ာ္လင့္ေနတာ..."
ေဝ့ရွီက ဝိုးတိုးဝါးတားေျပာဆိုေနရင္း အိပ္ေမာက်သြားခဲ့၏။
"ကိုယ္လည္းေမွ်ာ္လင့္ေနတယ္...."
အတိုးဖ်ဆဳံးဆိုရင္း ေဝ့ရွီ၏ႏႈတ္ခမ္းပါးကိုနမ္းရွိုက္လိုက္၍
"ကိုယ္လည္းေမွ်ာ္လင့္ေနတယ္....အဲ့လိုေန႕ေတြ တစ္သက္လုံး ေရာက္မလာဖို႔..."
ေနာက္ပိုင္းရက္မ်ားတြင္ ေဝ့ရွီက ေဆးကိုတစ္ေန႕တစ္ျခားပိုပိုေသာက္လာၿပီး လႈပ္ရွားမႈမ်ားက ခါတိုင္းထက္ ပို၍နည္းလာခဲ့၏။ထမင္းမစားေရမေသာက္ အိပ္ခန္းထဲ၌အေမွာင္ခ်ၿပီး မည္သူ႕ကိုမွအသိမေပးဘဲ တစ္ေနကုန္တစ္ေနခန္းအိပ္ေနတတ္၏။
အိမ္ေတာ္ထိန္းက တစ္ခုခုမူမမွန္သည့္ေဝ့ရွီကို သတိထားမိၿပီး ႐ြမ္ေရွာက္နန္အား
"လူႀကီးမင္း႐ြမ္...မမေလးက အခုတေလာ ဗိုက္ေအာင့္ေနတယ္လို႔ေျပာတယ္...ဆရာဝန္ေခၚၿပီးၾကည့္ခိုင္းဖို႔လိုအပ္ေနမလား"
အခ်က္အလက္စာ႐ြက္မ်ားၾကားေခါင္းႏွစ္ေနသည့္သူက ေခါင္းေမာ့လာၿပီး
"ဘယ္နားက နာတယ္လို႔ေရာ သူေျပာျပလား.."
"ေျပာတာေတာ့ ညာဘက္နံရိုးေအာက္နားကတဲ့...ကြၽန္မကေတာ့ အသည္းကိုေျပာတာလို႔ထင္တယ္...အမ်ိဳးသမီးေတြက အသည္းထိခိုက္ရင္မေကာင္းဘူး...အခ်ိန္ၾကာၾကာဆြဲေနရင္ ပိုၿပီးဆိုးလာမွာစိုးရိမ္ရတယ္.."
႐ြမ္ေရွာက္နန္ စာ႐ြက္စာတမ္းမ်ားကိုေဘးပို႔ၿပီး
"သိၿပီ...အရင္သြားႏွင့္ေတာ့..."
အိမ္ေတာ္ထိန္းထြက္သြားၿပီးသည္ႏွင့္ ႐ြမ္ေရွာက္နန္က စာ႐ြက္စာတမ္းမ်ားကို အံဆြဲထဲသို႔ထည့္ၿပီးေသာ့ခတ္လိုက္၏။စိတ္ထဲတြင္ တိမ္စိုင္တိမ္မည္းႀကီးမ်ားႀကီးစိုးလာၿပီး အသက္ရႉရခက္လာေတာ့သည္။စာၾကည့္ခန္းထဲမွထြက္လာၿပီး အိပ္ခန္းဆီသို႔ဦးတည္လိုက္၏။သို႔ေသာ္ အိပ္ခန္းထဲတြင္လူမရွိ။
"႐ြမ္ကေတာ္ေရာ..."
"ပန္းအိမ္ထဲမွာ ပန္းခ်ီဆြဲေနပါတယ္"
ေကာင္းကင္၏အလိုဆႏၵဟုဆိုရမလားမသိ ေဝ့ရွီက ခြဲစိတ္ကုသမႈမ်ားအၿပီးတြင္ ေမြးခါစကေလးတစ္ေယာက္လိုျပန္ျဖစ္သြားခဲ့၏။အေျခခံက်သည့္အခ်က္မ်ားမွလြဲ၍ အတိတ္မွအရာအားလုံးကိုေမ့ေပ်ာက္သြားသည့္တိုင္ ပန္းခ်ီဆြဲသည့္ဝါသနာက မေျပာင္းမလဲရွိေနဆဲျဖစ္၏။သို႔ေသာ္ နည္းလမ္းတက်မဆြဲတတ္ေတာ့ဘဲ ရိုးရွင္းလွသည့္ေရးျခစ္နည္းမ်ားကိုသာ မွတ္မိကာ အျခားပန္းခ်ီေရးဆြဲနည္းမ်ားအားလုံး ေမ့ေပ်ာက္သြားခဲ့သည္။
ထို႔ေၾကာင့္ ႐ြမ္ေရွာက္နန္က ပန္းမွန္အိမ္ခန္းထဲရွိ ပန္းပင္မ်ားကိုရွင္းထုတ္ၿပီး စတူဒီယိုအျဖစ္ေျပာင္းလဲေပးခဲ့သည္။ေနေရာင္ျခည္ေတာ္ေတာ္မ်ားမ်ားက်ေရာက္ေနရာျဖစ္၍ ဥတုရာသီေလးခုစလုံးႏွင့္သဟဇတျဖစ္ကာ သီခ်င္းသံၿငိမ့္ၿငိမ့္ကေလးဖြင့္ၿပီး တစ္ေရးတေမာ ေငးေမာေတြးေတာ၍ရေသာေနရာလည္းျဖစ္၏။
႐ြမ္ေရွာက္နန္ အိမ္တြင္မရွိသည့္အခ်ိန္မ်ိဳးတြင္ ေဝ့ရွီက ထိုေနရာ၌သာအခ်ိန္ကုန္တတ္၏။ပန္းခ်ီဆြဲျခင္း ေငးေမာျခင္း ခပ္ေပ်ာ့ေပ်ာ့ဆိုဖာေပၚ၌တေရးတေမာအိပ္ျခင္းတို႔ကို မၾကာခဏလုပ္တတ္ၿပီး သခင္ အိမ္တြင္မရွိသည့္အခိုက္ လြတ္လပ္ေရးရေနေသာေၾကာင္ေပါက္ေလးတစ္ေကာင္လိုပင္။
႐ြမ္ေရွာက္နန္က ပန္းအိမ္ခန္းထဲသို႔ဝင္လာသည္ႏွင့္ ဆိုဖာေပၚတြင္အိပ္ေပ်ာ္ေနသည့္ဇနီးေသးေသးေလးကို ေတြ႕လိုက္ရ၏။အျဖဴေရာင္ၿခဳံေစာင္ကိုလႊားၿခဳံထားၿပီး အျဖဴေရာင္ညအိပ္ဝတ္စုံအျပင္ အျဖဴေရာင္နားအုပ္သည့္အႏြေးအိတ္ကိုပါဝတ္ထားသျဖင့္ အျဖဴေရာင္ေျမေခြးေပါက္ေလးလိုလို...အျဖဴေရာင္ေၾကာက္ေပါက္စေလးလိုလို။
႐ြမ္ေရွာက္နန္က အနားသို႔ေလွ်ာက္သြားရင္း ပန္းခ်ီဘုတ္ျပားေပၚတြင္ဆြဲထားသည့္ပန္းခ်ီကို အမွတ္မထင္လွမ္းျမင္လိုက္ရ၏။ရိုးရွင္းလွသည့္ေရးခ်ယ္ျခင္းမ်ားျဖင့္ ခ်ယ္ထားသည့္ရႈခင္းပုံတစ္ခု ၊ ဟင္းလင္းျပင္တစ္ခုလိုရွင္းလင္းေနသည့္ပန္းၿခံ ၊ အျဖဴေရာင္ခိုငွက္မ်ားက ေလဟာျပင္တစ္ခြင္ပ်ံဝဲေနကာ ေကာင္ေလးတစ္ေယာက္ႏွင့္ေကာင္မေလးတစ္ေယာက္က ေ႐ႊဝါေရာင္ေကာင္းကင္ႀကီးကိုေနာက္ခံထားၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ထားၾက၏။
ပန္းခ်ီေရးဆြဲထားသည့္ပုံစံက ရိုးရွင္းသည့္တိုင္ ၾကည့္လိုက္သည္ႏွင့္ ႐ုပ္ရွင္ဇာတ္လမ္းမ်ားထဲမွ ျမင္ကြင္းတစ္ခုလို လွပၿပီးၾကည္ႏူးဖြယ္ေကာင္းေန၏။
မသိစိတ္ကအလိုလိုၿပဳံးမိသြားကာ စိတ္ထဲတြင္လည္း ဤေကာင္မေလး၏ပန္းခ်ီကားတိုင္းက အသက္ဝင္ေစသည့္ခံစားခ်က္မ်ိဳးကိုေပးနိုင္မွန္း ေတြးမိလိုက္၏။ထပ္၍ အတိတ္က မၿပီးမဆုံးနိုင္ေအာင္ပန္းခ်ီဆြဲရသည္ကို ဝါသနာပါခဲ့သည့္ သူမ၏ပုံစံအား ျပန္ျမင္ေယာင္လာၿပီး တရိပ္ရိပ္ႏွင့္ဝမ္းနည္းလာေတာ့သည္။
အနားသို႔ ေလွ်ာက္လာၿပီး သူမ၏မ်က္ႏွာအား တိတ္ဆိတ္၍ေငးၾကည့္ေနမိကာ ဤေကာင္မေလး၏ခႏၶာကိုယ္ေပၚရွိအစိတ္အပိုင္းတစ္ခုခ်င္းစီတိုင္းကို ႏွစ္သက္လာျခင္းမွပို၍ အ႐ူးအမူးစြဲလမ္းၿပီးခ်စ္လာေတာ့သည္။နက္နက္ရွိုင္းရွိုင္းကို ခ်စ္မိလာၿပီး ၾကာလာေလ ပို၍စြဲလမ္းလာေလ အသက္ရွင္ေနရသမွ်ပို၍ေပ်ာ္႐ႊင္လာရေလ ပို၍စြဲလမ္းၿပီးခ်စ္မိလာမည္ကို ေၾကာက္လန့္လာရသည္အထိ။ သူ၏အေျခအေနက ကိုယ့္ကိုကိုယ္မကယ္တင္နိုင္ေတာ့သည့္ေနရာတြင္ ေရာက္ႏွင့္ေနေလသည္။
ၿခဳံေစာင္ကိုလွစ္ဟလိုက္ၿပီး ပါးလွပ္သည့္ညဝတ္အက်ီေအာက္မွ ခႏၶာကိုယ္ေလးအား လွမ္းၾကည့္လိုက္၏။ဤခႏၶာကိုယ္က သူႏွင့္အတူရွိေနခဲ့သည္မွာ သုံးႏွစ္ ၊ သုံးႏွစ္တိတိရွိေနခဲ့ကာ သူ႕အဖို႔ ခႏၶာကိုယ္တစ္ခုဆိုသည့္အရာထက္ ပိုခဲ့သည္။ ၾကည္လင္သည့္ေရစင္မ်ားျပည့္ႏွက္ေနသည့္ေရကန္တစ္ခုလို သူ၏အညစ္အေၾကးအစြန္းအထင္းမ်ားကို ေဆးေၾကာပစ္ေပးနိုင္ခဲ့ၿပီး တဖန္ျပန္ၿပီးသန့္စင္ေတာက္ပျခင္းမ်ားကို ယူေဆာင္ေပးနိုင္ခဲ့၏။
သူကိုယ္တိုင္က တစ္ခါက ဘယ္လိုေပ်ာ္႐ႊင္ၿပီးေနခဲ့ေသာ ေယာက္်ားတစ္ေယာက္ျဖစ္ခဲ့ဖူးေၾကာင္း၊ သူကိုယ္တိုယ္က တစ္ခါက ဤေကာင္မေလးအေပၚ စိတ္ႏွင့္ခႏၶာအလုံးစုံေပးအပ္ခဲ့ဖူးၿပီး အလိမ္အညာမ်ားမရွိ လွည့္ဖ်ားျခင္းမ်ားမရွိ လိမ္ညာထားသည့္မွတ္ဥာဏ္မ်ားႏွင့္ ေဆးလုံးေဆးျပားမ်ားမရွိခဲ့ဖူးေသာအခ်ိန္တစ္ခု...လိုအပ္ေနသည့္တစ္ခုတည္းေသာအရာက သူ၏အမုန္းတရားမ်ားအားလုံးကို လႊတ္ခ်ၿပီး သူမအားအေကာင္းပကတိျပန္လိုခ်င္မိ႐ုံသာ...
တစ္ခါက သူမက ခါးသီးလွသည့္အရာအားလုံးကိုရင္ဆိုင္ၿပီး သူ႕အား ခုႏွစ္ႏွစ္တိုင္တိုင္ေစာင့္ေနခဲ့ဖူးသည္။ခုႏွစ္ႏွစ္ဆိုသည့္အခ်ိန္ကာလတစ္ခုလုံး ဤယိုယြင္းေနေသာေလာကႀကီးထဲတြင္ က်န္ရွိေနေသးေသာသက္ဝင္ယုံၾကည္သူတစ္ေယာက္လို သူမ၏အျဖဴစင္ဆုံးေသာစိတ္ရင္းတစ္ခုႏွင့္ကိုယ့္ကိုကိုယ္ခ်မွတ္ထားေသာအျပစ္မ်ားကိုဆုတ္ကိုင္ရင္း ေစာင့္ေနခဲ့သည္။
သို႔ေသာ္ သူ႕ေၾကာင့္သာ သူမ၏ လက္ေတြ႕မက်ခဲ့သည့္ေပ်ာ္႐ႊင္စရာမ်ားအားလုံး လြယ္လင့္တကူဖ်က္ဆီးအသုံးခ်ခံလိုက္ရ၏။စိတ္ႏွလုံးသားထဲျပည့္ႏွက္ေနသည့္ေနာင္တမ်ားႏွင့္တုန္လႈပ္ေနသည့္ခံစားခ်က္မ်ားကလြဲ၍ လွပလြန္းခဲ့သည့္အတိတ္မွအမွတ္တရမ်ားက အတိတ္တြင္သာက်န္ေနရစ္ေတာ့သည္။
သူ သူမကို ညီမွ်တဲ့ေပးဆပ္မႈေတြ ျပန္ေပးသင့္တယ္မလား။ သူမအေပၚတင္ေနခဲ့သည့္အေႂကြးတစ္ခုက 'ေတာင္းပန္ပါတယ္' ဆိုတဲ့စကားတစ္ခုတည္းလား။
ေဝ့ရွီက မ်က္ေတာင္ေမႊးမ်ားကိုပြတ္သပ္ရင္း မ်က္လုံးဖြင့္ကာ အိပ္ခ်င္မူးတူးျဖင့္ သူမ၏ခင္ပြန္းျဖစ္သူအားၾကည့္လာ၏။
"ေရွာက္နန္...ဘာလို႔ ငိုေနတာလဲ"
႐ြမ္ေရွာက္နန္က မ်က္ရည္ကိုဖိသုတ္ရင္း ရယ္လိုက္၍
"ဘယ္မွာငိုေနလိုလဲ...မ်က္လုံးထဲ အမႈန္ဝင္သြားလို႔ပါ.."
"လိမ္တာ...မ်က္ရည္ေတြက ငါ့မ်က္ႏွာေပၚေတာင္က်ေနတာကို မငိုဘူးလို႔လိမ္ေနေသးတယ္"
"အဲ့ဒါ မင္းရဲ႕သြားရည္ေတြ..."
"တကယ္?"
"တကယ္!"
"ေအာ္...."
ေဝ့ရွီကေခါင္းတၿငိမ့္ၿငိမ့္ျဖင့္
"လက္စသတ္ေတာ့ သြားရည္ေတြက ငံတာကိုး..."
႐ြမ္ေရွာက္နန္က ဝန္မခံခ်င္သလိုၿပဳံးၿပီး ေဝ့ရွီအားလက္ေမာင္းထဲသို႔ဆြဲဖက္လိုက္၍
"အခုတေလာ ဗိုက္ေအာင့္ေနတယ္ဆို.."
"အင္း...ဒီနားေလးက"
ေဝ့ရွီက ညာဘက္နံရိုးေအာက္နားသို႔ေထာက္ျပၿပီး
"ထိလိုက္တာနဲ႕နာတာ...ၿပီးေတာ့ မူးၿပီးအန္လည္းအန္ခ်င္ေသးတယ္...ငါ ကေလးေလးမ်ားရွိေနတာလား?.."
႐ြမ္ေရွာက္နန္က တင္းခနဲျဖစ္သြားၿပီး ေဝ့ရွီအားငုံ႕ၾကည့္၍
"ကေလးေလးရွိေနတယ္လို႔ ဘာလို႔ထင္ရတာလဲ"
"႐ုပ္ရွင္ထဲမွာပါတယ္ေလ...မိန္းကေလးေတြ ကေလးေလးရွိရင္ ေခါင္းမူးတယ္ အန္တယ္ ၿပီးေတာ့ဗိုက္နာတယ္ေလ မဟုတ္လို႔လား"
"စစ္ေဆးၿပီးမွ သိတာမဟုတ္ဘူးလား...ကိုယ္ မနက္ျဖန္က်ရင္ မင္းကို ေဆး႐ုံလိုက္ပို႔ေပးမယ္...သြားစစ္ၾကည့္ရေအာင္"
ေဝ့ရွီက သူ၏လည္တိုင္တစ္ေလွ်ာက္သိုင္းဖက္လိုက္၍ ေခါင္းရမ္းျပၿပီး
"ေဆး႐ုံမသြားခ်င္ဘူး...အဲ့ေနရာႀကီးက ေၾကာက္စရာႀကီး..."
"ဒါေပမယ့္ေဆး႐ုံမသြားရင္ ဗိုက္ထဲမွာ ကေလးေလးရွိမရွိ ဘယ္လိုလုပ္သိမွာလဲ...မေၾကာက္နဲ႕...ကိုယ္ မင္းအနားမွာတခ်ိန္လုံးရွိေနမွာ..."
"ဒါဆိုလည္းၿပီးတာပဲ...နင့္စကားနားေထာင္မယ္"
ေဝ့ရွီက ခင္ပြန္းျဖစ္သူ၏ရင္ခြင္ထဲသို႔တိုးေဝွ႕လိုက္ၿပီး အသံကိုနိမ့္၍
"ေရွာက္နန္...တကယ္လို႔ ကေလးေလးရွိလာခဲ့ရင္ ငါ အရင္ကထက္ပိုၿပီး ဇနီးေကာင္းတစ္ေယာက္နဲ႕တူလာေလာက္မလား"
႐ြမ္ေရွာက္နန္၏ သူမ၏ေမွ်ာ္လင့္ျခင္းမ်ားထင္ဟပ္ေနသည့္မ်က္ဝန္းမ်ားထဲသို႔ၾကည့္ကာ နာက်င္စြာျဖင့္
"မင္းက အစတည္းက ဇနီးေကာင္းေလးပဲေလ"
"ဒါေပမယ့္ ငါကအၿမဲတမ္း နင့္ကိုမေပ်ာ္ေအာင္ပဲလုပ္ေနတာ.."
"ကိုယ္ မေပ်ာ္တာမဟုတ္ပါဘူးကြာ...ဒီတိုင္း...ေၾကာက္ေနတာ..."
"ဘာကိုေၾကာက္တာလဲ?"
"အမ်ားႀကီး...အမ်ားႀကီး...အေၾကာက္ဆုံးတစ္ခုက မင္းကိုယ့္ကိုထားသြားမွာကို..."
ေဝ့ရွီက သူ႕အားေမာ့ၾကည့္ရင္း အခ်ိဳသာဆုံးၿပဳံးျပရင္း ယုံၾကည္ခ်က္ရွိရွိကိုဆိုလာခဲ့၏။
"ငါ နင့္ကိုထားသြားမွာမဟုတ္ဘူး...ေသသြားရင္ေတာ့....."
ေဝ့ရွီ၏ပါးစပ္ကိုလွမ္းပိတ္လိုက္ကာ အလ်င္စလိုျဖင့္
"ေလွ်ာက္မေျပာနဲ႕!.."
ေဝ့ရွီက လိမ္လိမ္မာမာေလးပါးစပ္ကိုပိတ္လိုက္ၿပီးေနာက္ တစ္ခုခုကိုအမွတ္ရသြားဟန္ျဖင့္ အသစ္စက္စက္ဆြဲထားသည့္ပန္းခ်ီကိုလွမ္းယူကာ ပန္းခ်ီကားေပၚမွသူကိုၫႊန္ျပ၍
"ဒါက ငါဒီေန႕ဆြဲထားတဲ့ပုံ...ဒီလူေလ...ငါ သူ႕ကိုသိလား?"
႐ြမ္ေရွာက္နန္၏မ်က္ဝန္းမ်ား အလန့္တၾကားျပဴးက်ယ္ကုန္ကာ တင္းေနေအာင္ခ်ည္ထားသည့္အပ္ခ်ည္ႀကိဳးမွ်င္ေလး ျပတ္ထြက္သြားေၾကာင္း ဦးႏွောက္တစ္ခုလုံးက အသိေပးဟစ္ေအာ္ေသာင္းက်န္းလာေတာ့သည္။
ပန္းခ်ီကားကိုခ်က္ခ်င္းဆြဲယူၿပီး ေဝ့ရွီ၏ပုခုံးႏွစ္ဖက္ကိုဆုတ္ကိုင္ထား၍
"ဘယ္ေနရာကေနျမင္ခဲ့တာလဲ! ဘယ္သူေျပာျပလိုက္တာလဲ!.."
ေဝ့ရွီက အလန့္တၾကားျဖင့္သူ႕အားလွမ္းၾကည့္ၿပီး အအထစ္ထစ္ျဖင့္
"ငါ....မလုပ္ပါဘူး...ဒီေန႕ဦးႏွောက္ထဲမွာ႐ုတ္တရက္ သူ႕ပုံစံကိုျမင္လိုက္တာနဲ႕...ငါ... ဒီတိုင္းခ်ဆြဲလိုက္တာ...သူဘယ္သူမွန္းလည္းမသိတာမလို႔ နင့္ကိုေမးၾကည့္ခ်င္လို႔ပါ....ဘာလို႔ ဒီေလာက္ထိ စိတ္ဆိုးသြားရတာလဲ"
႐ြမ္ေရွာက္နန္၏မ်က္ႏွာထက္တြင္ သုန္မႈန္ေနေသာအမူအရာမ်ားကအျပည့္။ သို႔ေသာ္ ဤအမူအရာမ်ားက ေဒါသမ်ားမဟုတ္ ေဒါသထက္ပို၍ေၾကာက္စရာေကာင္းေနေသာခံစားခ်က္မ်ားသာျဖစ္၏။ေဝ့ရွီက ဇက္ကိုပုထားၿပီး ဟိန္းေဟာက္ခံလိုက္ရသည့္ယုန္သူငယ္ေလးလို သနားစရာေကာင္းစြာၿငိမ္ေနေလ၏။
အခ်ိန္တစ္ခုၾကာသြားၿပီးေနာက္ စိတ္ေလ်ာ့လိုက္သည္ႏွင့္အမူအရာျဖင့္
"သူက လူေကာင္းမဟုတ္ဘူး...အရင္တုန္းက မင္းကိုထိခိုက္နစ္နာေအာင္လုပ္ဖူးတယ္...ကိုယ္ မင္းကို အဲ့ဒီအရင္ကေပ်ာ္စရာမေကာင္းတဲ့အေၾကာင္းေတြစဥ္းစားသြားမိမွာကို မလိုလားတာမလို႔ အခုလိုစိတ္ရႈပ္သြားတာ.."
ေဝ့ရွီက ပန္းခ်ီကားကို မယုံသက္ာလွမ္းၾကည့္ၿပီး
"သူ အရင္က ငါ့ကို ဘယ္လိုမ်ိဳးေတြထိခိုက္ေအာင္လုပ္ခဲ့တာလဲ...ဘာျဖစ္လို႔ ငါကေရာ နည္းနည္းေလးေတာင္ သေဘာမက်သလိုမျဖစ္ေနရတာလဲ"
႐ြမ္ေရွာက္နန္က သူမအားေပြ႕ခ်ီကာ အိမ္ထဲသို႔ေလွ်ာက္လာၿပီး
"ဘာလို႔လဲဆို မင္း အတိတ္ေတြကိုေမ့သြားခဲ့လို႔ေလ...အရင္ကျဖစ္ခဲ့တာေတြကိုမွ မမွတ္မိတာ.."
အိပ္ခန္းထဲသို႔ျပန္ေရာက္ၿပီး အိပ္ရာေပၚလွဲလိုက္သည့္အခ်ိန္ထိ ေဝ့ရွီက လက္မေလ်ာ့နိုင္ေသး။ေစာင္ၿခဳံေပးေနသည့္သူအား လိုက္ၾကည့္၍
"တကယ္လို႔ သူငါ့ကို ထိခိုက္နစ္နာေအာင္လုပ္ခဲ့ဖူးရင္ ငါ သူ႕ကို အရမ္းမုန္းေနသင့္တာမဟုတ္ဘူးလား?...ဘာျဖစ္လို႔ သူ႕မ်က္ႏွာကိုၾကည့္လိုက္တိုင္း ဝမ္းနည္းလာသလိုလို လြမ္းလာသလိုလို အရမ္းငိုခ်င္လာသလိုလိုခံစားခ်က္မ်ိဳးေတြပဲ ရွိလာရတာလဲ?...အခ်ိန္အၾကာႀကီးေစာင့္ေနခဲ့ရတဲ့သူတစ္ေယာက္ကို ေတြ႕လိုက္ရသလိုမ်ိဳးေလ..."
႐ြမ္ေရွာက္နန္က ေဝ့ရွီ၏မ်က္ေတာင္ေမႊးမ်ားကို ခပ္ဖြဖြေလးနမ္းလိုက္၍
"သူက မင္းရဲ႕အခ်စ္ဦးမလို႔...ဒါေပမယ့္ သူက မင္းကိုလိမ္ခဲ့တယ္ အသဲကိုလည္းခြဲခဲ့တယ္...ဒါေၾကာင့္မလို႔ အခုခံစားမိေနတာေတြက လြမ္းတာမဟုတ္ဘူး...နာက်င္ၿပီးတႏုံ႕ႏုံ႕ျဖစ္ေနတာ.."
ေခါင္းေမာ့ၿပီး ႐ြမ္ေရွာက္နန္အားလွမ္းၾကည့္၍
"တကယ္လား?...တကယ္ ဒီလိုမ်ိဳးလား?.."
"တကယ္...ကိုယ့္ကို မယုံဘူးလား?.."
"ငါ နင့္ကိုယုံပါတယ္...ဒါေပမယ့္..."
"ဒါေပမယ့္ဆိုတာ မရွိဘူး.."
ေဝ့ရွီ၏ေမးဖ်ားကို ကိုက္ခဲ၍ ၿခိမ္းေျခာက္လိုက္၏။
"ထပ္ၿပီး စကားနားမေထာင္ရင္ ေနာက္ဆို ကိုယ္ မင္းနဲ႕တူတူ တီဗြီ မၾကည့္ေပးေတာ့ဘူး"
ေဝ့ရွီက ခ်က္ခ်င္းေခါင္းရမ္းျပၿပီး သူ၏ေက်ာျပင္ထိေရာက္ေအာက္ေပြ႕ဖက္လိုက္၍
"နားေထာင္မွာ...ထပ္ၿပီး မေမးေတာ့ဘူးေနာ္"
႐ြမ္ေရွာက္နန္က ေခါင္းၿငိမ့္ျပရင္း မသိအသာေလးတုန္ယင္ေနသည့္သူမ၏ခႏၶာကိုယ္ကိုေပြ႕ဖက္ထားလိုက္၏။ခႏၶာကိုယ္အတြင္းသို႔ ဝင္ေရာက္ခါနီးတြင္ ေဝ့ရွီက သူ၏ခါးကို လက္ေခ်ာင္းေလးမ်ားျဖင့္ ထိုးေနသျဖင့္ ခပ္စူးစူးေလးနာက်င္သလိုခံစားလိုက္ရ၏။
လက္ေခ်ာင္းေလးကို ခ်က္ခ်င္းဖမ္းဆြဲလိုက္ၿပီး အနည္းငယ္စိတ္မရွည္သလိုေမးလိုက္၏။
"ဘာျဖစ္ျပန္တာလဲ"
"ေရွာက္နန္...ငါ ဒီေန႕ေဆးမေသာက္ရေသးဘူး...ခဏေနက်ရင္ ေမ့သြားမွာစိုးလို႔"
တစ္ခဏၿငိမ္သက္သြားၿပီးမွ လက္ကိုလႊတ္လိုက္၏။ေအးစက္မာေက်ာေနသည့္မ်က္ႏွာတစ္ခုလုံးက လိုက္ကာ၏အရိပ္ေအာက္တြင္ အေမွာင္ဖုံးေနေလ၏။ထို႔ေနာက္
"ဒါဆိုလည္း ေသာက္ေလ"
ထို႔ေနာက္တြင္ ကုတင္ေခါင္းရင္းရွိအံဆြဲထဲမွေဆးဘူးကိုထုတ္ၿပီး ေဆးလုံးႏွစ္လုံးကိုယူေသာက္ကာ ေဆးဘူးျပန္ထည့္လိုက္သည္အထိ ၿငိမ္ၿပီးၾကည့္ေနခဲ့၏။ေဆးေသာက္ၿပီးသြားသည့္ေဝ့ရွီက တစ္ဖက္သို႔လွည့္၍ၿပဳံးျပလာကာ
"ၿပီးၿပီ...ေသာက္ၿပီးသြားၿပီ"
ေဝ့ရွီအနားသို႔တိုးကပ္ၿပီးေနာက္ မီးအိမ္ကိုပိတ္လိုက္၏။
အိပ္ခန္းတစ္ခုလုံး လုံးဝအေမွာင္ဖုံးသြားကာ ညနက္ထဲေရာက္ေနရသလို။သူမ၏ ခက္ခက္ခဲခဲရႉေနရသည့္အသက္ရႉသံမ်ားကိုၾကားေနရၿပီး သည္းညည္းခံေအာင့္အည္းထားေသာခႏၶာကိုယ္ေလး၏မသိမသာတုန္ယင္မႈမ်ားကိုပါ ခံစားေနရသည္။
သူမ၏အေသြးအသားႏွင့္အရိုးမ်ားက တစ္ျဖည္းျဖည္းတုန္လႈပ္လာကာ ေသြးေၾကာမ်ားက သူ၏နီးကပ္လာမႈေၾကာင့္ တင္းခနဲျဖစ္လာေတာ့သည္။ႏႈတ္ခမ္းပါးက ခပ္ဟဟေလးပြင့္လာၿပီး လက္သည္းမ်ားက ေရာက္တတ္ရာရာကုတ္ဆြဲယူကာ ေဆာင္းရာသီ၏ႏွင္းစက္ရည္မ်ားသဖြယ္ ေအးစက္လွသည့္ မ်က္ရည္မ်ားက သူ၏လက္ေမာင္းဆီသို႔ တစ္စက္ၿပီးတစ္စက္ စိုစြတ္လာေတာ့၏။
သူသိပါ၏။ သူကိုယ္တိုင္က ကိုယ့္နည္းကိုယ့္ဟန္မ်ားကိုအသုံးျပဳၿပီး သူမအား အရယူေနသလို သူမကိုယ္၌ကလည္း သူမ၏နည္းလမ္းျဖင့္သာ သူ႕အားတုန့္ျပန္ေနျခင္း။ႏွစ္ေယာက္စလုံး ရက္စက္လြန္းၾကၿပီး အခ်င္းခ်င္းညွင္းပန္းေနၾကသလိုပင္။
မသိေတာ့သည့္အခ်ိန္တစ္ခုတြင္ ႐ြမ္ေရွာက္နန္က သူ၏ေအာက္တြင္ေရာက္ေနသည့္ ဇနီးေသးေသးေလး၏အသံတိုးတိုးကိုၾကားလာရ၏။
"ေရွာက္နန္...ငါ မငိုေတာ့ဘူး.."
"အင္း..."
သူမ၏မ်က္ႏွာကိုထိေတြ႕လိုက္လွ်င္ ေျပာျပေနသည့္အတိုင္းတကယ္ကိုမ်က္ရည္မ်ားမရွိ၏။
ေဝ့ရွီက ႏႈတ္ခမ္းကိုကိုက္ထားရင္း သတိတထားျဖင့္
"ဒါဆို နင္ နည္းနည္းေလး ညင္သာေပးလို႔ရမလား...ကေလးေလးကိုထိခိုက္မိမွာေၾကာက္တယ္"
႐ြမ္ေရွာက္နန္က အေမွာင္ထုထဲမွ သူမ၏မ်က္ႏွာေလးကိုလွမ္းၾကည့္ရင္း သူမအား တစ္ခုခုကိုေျပာျပခ်င္ေနမိသည္။ ဟိုးအရင္တည္းက ေျပာျပခ်င္ေနခဲ့သည့္စကား ၊ အစတည္းက ေျပာျပသင့္ခဲ့သည့္စကား သို႔ေသာ္ေျပာမထြက္နိုင္ခဲ့၏။
သူမ၏မ်က္ေတာင္မ်ားကိုနမ္းရွိုက္ၿပီး
"အင္း...ကိုယ္ ညင္သာေပးမယ္"
"ေရွာက္နန္...နင္ေျပာၾကည့္ ငါတို႔ရဲ႕ကေလးေလးက ေယာက္်ားေလးျဖစ္ေလာက္မလား မိန္းကေလးျဖစ္ေလာက္မလား"
"ကိုယ္အားလုံးကိုသေဘာက်ၿပီးသား"
"ဒါဆို ငါတို႔ရဲ႕ကေလးေလးကို ဘာနာမည္ေပးၾကမလဲ"
"မင္းဆုံးျဖတ္ေလ.."
"ေယာက္်ားေလးဆိုရင္....."
မိုး႐ြာၿပီ...
႐ြမ္ေရွာက္နန္က စာၾကည့္ခန္းထဲတြင္ထိုင္ၿပီး ေဝ့ရွီဆြဲထားသည့္ပန္းခ်ီစာ႐ြက္ကို ကိုင္ထား၏။ပန္းခ်ီစာ႐ြက္ထဲမွေယာက္်ား၏မ်က္ဝန္းမ်ားက သူႏွင့္မ်က္ႏွာခ်င္းဆိုင္ထားကာ ေခ်ာေမာလြန္းသည့္႐ုပ္ရည္ မ်က္ေတာင္ရွည္ရွည္မ်ားဝိုင္းရံထားသည့္ဇာမဏီမ်က္ဝန္း ပါးလြသည့္ႏႈတ္ခမ္းပါးထက္တြင္ တစ္ေလာကလုံးကိုဂ႐ုမစိုက္သည့္အေငြ႕အသက္မ်ားကအျပည့္။
မီးျခစ္ကိုထုတ္လိုက္ၿပီးေနာက္ စာ႐ြက္ကိုမီးညွိကာ ျပာခြက္ထဲသို႔ပစ္ထည့္ၿပီး ထိုေယာက္်ား၏မ်က္ႏွာအား တစ္စစေလာင္ကြၽမ္းရာမွ ျပာမႈန့္မ်ားျဖစ္သြားသည္အထိ စိုက္ၾကည့္ေနခဲ့ကာ ျပတင္းေပါက္မွ ၾကမ္းတမ္းစြာဝင္ေရာက္လာသည့္ေလျပင္းေၾကာင့္ ျပာမႈန္မ်ား လြင့္ပ်ယ္သြားခဲ့၏။
မီးျခစ္ကို စားပြဲေပၚသို႔ျပန္ပစ္တင္လိုက္ၿပီး ေအးစက္ေနသည့္အခန္းကို မ်က္ႏွာခ်င္းဆိုင္ထားကာ အေမွာင္ထုထဲမွ တြားသြားၿပီးေျပးထြက္လာသည့္ မေရမတြက္နိုင္သည့္ တစ္ေဆသရဲအုပ္ႀကီးက ပ်က္စီးေနသည့္မ်က္ႏွာမ်ားႏွင့္ေျခလက္မစုံလင္ေတာ့ဘဲေသြးအလိမ္းလိမ္းျဖင့္။ေတာက္ေလာင္ေနသည့္ငရဲမီးမ်ားၾကားမွ ကုန္း႐ုန္းၿပီးထႂကြလာကာ သူ၏အသက္ကို ေတာင္းယူေနသလိုလို!
တခိုက္ခိုက္တုန္ယင္လာၿပီး မ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္အုပ္ကာ ၾကမ္းျပင္ေပၚရွိျပာမႈန့္မ်ားဆီသို႔ ေအာ္ဟစ္ၿပီးငိုေႂကြးေတာ့၏။
"မင္း ဘာျဖစ္ခ်င္ေနတာလဲ!...အခု ငါေနေနရတာ အရမ္းအဆင္ေျပေနတယ္လို႔မ်ား မင္းထင္ေနလား!...ငါလည္း မနာက်င္ရဘူးလို႔မ်ား မင္းထင္ေနလား!...မင္း ေသၿပီၿပီးေလ...ေသသြားခဲ့ၿပီးၿပီ!...မင္း သူ႕ကို ထပ္ၿပီးလာမႏွောက္ယွက္ပါနဲ႕ေတာ့!...ငါတို႔ သူ႕ကိုေပးထားခဲ့တဲ့ဒုကၡေတြက မလုံေလာက္ေသးလို႔လား?...သူ အရမ္းကိုသနားစရာေကာင္းေနၿပီးသားပါ..."
ေျပာေနရင္း အသံတို႔တစ္ခ်က္သိမ္ဝင္သြားခဲ့၍
"မင္း သူ႕ကိုတကယ္ခ်စ္တယ္ဆိုရင္ မင္းကိုေတာင္းဆိုပါတယ္...သူ႕ကိုလႊတ္ေပးလိုက္ပါေတာ့...မင္းကို ငါေတာင္းဆိုပါတယ္...."
*********************