သေဆုံးခြင်းနှင့် မခြားနားတော့သည့် အသက်ရှင်သန်ခြင်း
ညစာစားပြီးသည်နှင့် ရွမ်ရှောက်နန်က ဝေ့ရှီကိုပွေ့ဖက်ကာ ထုံးစံအတိုင်း ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ထိုင်ပြီး နှစ်ယောက်သား တီဗွီကြည့်နေ၏။ဝေ့ရှီ၏ လက်တစ်ဖက်က သစ်ကြားသီးကိတ်ကိုကိုင်ထားပြီး တစ်ဖက်က ခက်ရင်းအသေးတစ်ခုကိုင်ကာ စားသောက်ရင်းကြည့်နေသည်။
ဝေ့ရှီက ပျော်ရွှင်စွာစားသောက်နေရင်း တစ်ချက်လှည့်အကြည့်တွင် မျက်မှောင်ကျုံ့ထားသည့်ရွမ်ရှောက်နန်ကို တွေ့လိုက်ရ၏။ထို့ကြောင့် လက်တစ်ဖက်ဖြင့် သူ၏နဖူးကြောများကိုဖြေလျော့ပေးလိုက်ကာ ထပ်၍ ကိတ်တစ်ဇွန်းစာယူပြီးပါးစပ်ထဲထည့်ပေးလိုက်၏။
ရွမ်ရှောက်နန်က ကိတ်မုန့်ကိုမျိုချလိုက်ပြီးနောက် ခေါင်းငုံ့လာပြီး ဝေ့ရှီအား တစ်ချက်နမ်းရှိုက်လိုက်ရင်း သူမ၏မျက်နှာပေါ်တွင်ပေကျံနေသည့် ကိတ်မုန့်ခရင်မ်များကြောင့် မရယ်ဘဲမနေနိုင်အောင်ရယ်မိတော့သည်။ဝေ့ရှီလက်ထဲတွင်ကိုင်ထားသည့်ကိတ်မုန့်ကိုယူကာ ဘေးဘက်သို့လှမ်းတင်လိုက်ပြီးနောက် သူမအားပွေ့ချီလိုက်၏။
ဝေ့ရှီက သူ၏လက်မောင်းကြားထဲမှ လက်ကိုတိုးထွက်လာပြီး ကျန်နေခဲ့သည့်ကိတ်မုန့်ကိုလက်ညှိုးထိုးကာ မကျေမနပ်ဖြင့်
"ငါ့ရဲ့ကိတ်မုန့်...စားလို့မပြီးသေးဘူးလေ.."
ညအိပ်အကျီအောက်မှလှစ်ဟနေသည့် ညှပ်ရိုးများပေါ်သို့ ပူပူနွေးနွေးနှုတ်ခမ်းတစ်စုံဖြင့်ဖိကပ်နမ်းရှိုက်လိုက်၍
"ခဏနေမှ ဆက်စား..."
ယနေ့ည၏ကြယ်ရောင်များတောက်ပနေသည့်အလှတရားက ဟိုးအရင်နှစ်များဆီမှ ညလေပြင်းကြောင့် မီးတောက်သဖွယ်မေပယ်ရွက်များကြွေကျနေသည့်ဆောင်းညတစ်ညနှင့် ဆင်တူလွန်းလှသည်။ဝေ့ရှီနှင့်အတူ လုအိမ်တော်ကြီးရှိ ဒန်းပေါ်တွင်ထိုင်ပြီး ကြယ်များအပြည့်ရှိနေသည့်ကောင်းကင်ကြီးအောက်တွင် ကြွေကျနေဆဲမေပယ်ရွက်များကို ရေတွက်ခဲ့ကြဖူးသည်။ညတစ်ခွင်လုံး တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်ဘေးပတ်ပတ်လည်တွင်မည်သည့်အသံမှမရှိ သူ၏တဒုတ်ဒုတ်မြည်လာခဲ့သည့် နှလုံးခုန်သံသာ ရှိနေခဲ့သည်။ဝေ့ရှီက သူ၏နှလုံးသားတည့်တည့်သို့ခေါင်းအပ်လာခဲ့ပြီး မျက်ဝန်းများကိုမှိတ်ချလိုက်ရင်းက တဖြည်းဖြည်း နှုတ်ခမ်းထောင့်စွန်းကိုကွေးတက်အောင်ပြုံးနေခဲ့၏။
သူကိုယ်၌လည်း ခပ်ဖွဖွလေးပြုံးမိပြီး သူမအား ဘာအသံကိုကြားမိကြောင်းမေးခဲ့၏။ဝေ့ရှီပြောပြခဲ့သည်က သူမ ကမ္ဘာကြီးတစ်ခုရဲ့အသံကို ကြားလိုက်ရတယ်တဲ့...
ဝေ့ရှီကို မလွတ်တမ်းနမ်းရှိုက်မိပြီး တဖက်ကသူ့ကိုယ်သူမေးခွန်းထုတ်မိ၏။ သူတကယ်အသက်များကြီးနေပြီလား?...အခုတလောတွင် ပို၍ပို၍ဝမ်းနည်းတတ်လာပြီး အတိတ်မှအရာများကို ပြန်လည်အောက်မေ့ရရသည်အား ပို၍သဘောကျလာမိ၏။မဟုတ်သေး!...ပြန်လည်အောက်မေ့ရုံလေးမဟုတ်သေး! အချိန်တွေနောက်ပြန်ရစ်ပြီး ခုနှစ်သက္ကရာဇ်များပြန်လှည့်သွားရန် မျှော်လင့်နေခြင်းဖြစ်၏။
အကယ်၍ အထက်ကောင်းကင်နတ်မင်းကြီးကသာ ခွင့်ပြုပေးမည်ဆိုလျှင် အကယ်၍ နတ်ဘုရားများကသာ သဘောတူလက်ခံမယ့်ဆန္ဒရှိခဲ့ပါလျှင် သူ၏ပိုင်ဆိုင်ထားသမျှအရာအားလုံးနှင့် အလဲအထပ်ပြုလုပ်ပြီး အသန့်ရှင်းဆုံးဖြစ်ခဲ့သည့် ရွမ်ရှောက်နန်နှင့် အပျော်ရွှင်ဆုံးဖြစ်ခဲ့သည့် လုဝေ့ရှီအဖြစ် ပြန်သွားဖို့ရာ ဆန္ဒရှိပါ၏။
သူမ၏မျက်နှာကို အသာအယာဆွဲမော့ပြီး အမှောင်ထုထဲရှိ ပန်းတစ်ပွင့်နှယ်နုဖတ်နေသည့်မျက်နှာကို ငေးကြည့်နေရင်းက အဆုံးမရှိသောညနက်များနှင့်အလားသဏ္ဍာန်တူညီသည့်သူ၏မျက်ရည်စများက မျက်ဝန်းထောင့်စွန်းနားတွင် ကောင်းကင်ထက်ရှိကြယ်များထက်ပင်လင်းလက်စွာဖြင့် တွဲလဲခိုနေလေသည်။
မောဟိုက်ပန်းလျစွာလဲကျလာပြီး အသက်ပြင်းပြင်းရှိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးစေးများဖြင့်စေးကပ်နေ၏။သူမအားညစ်ပတ်ပေရေသွားမည်ကိုစိုးရိမ်၍ သူ၏ချွေးစို့နေသည့်ခန္ဓာကိုယ်ကြီးအား အဝေးတစ်နေရာသို့ရွေ့ဖယ်လိုက်ကာ အမှောင်ထုအတွင်းမှနေ၍ ထိုဖြူဖျော့နေသည့်မျက်နှာကိုထိတွေ့ကြည့်လိုက်ရာ လုံးဝအေးစက်နေလေ၏။
လုံးဝကို အရင်အတိုင်းလိုပဲ...ထပ်ပြီး အရင်လိုပဲ...
အခုလေးတင်ပူနွေးနေသည့်ခန္ဓာကိုယ်က ချက်ချင်းအေးစက်သွားပြန်၏။ဒီဇင်ဘာလတွင်သာကျတတ်သည့် အအေးဆုံးနှင်းစက်များက ဇွန်လလယ်ကြီးထဲ ကျလာခဲ့သလိုလို...
မီးအိမ်ကိုလှမ်းဖွင့်လိုက်သဖြင့် တိတ်ဆိတ်နေသည့်အမှောင်ထုကြီးကို နွေးထွေးသည့်အလင်းရောင်က နှင်ထုတ်လိုက်လေ၏။ဝေ့ရှီက ခြုံစောင်ကိုကိုက်ခဲထားပြီး မျက်နှာထက်တွင်လည်းမျက်ရည်များကအပြည့် မျက်တောင်မွှေးများပင် မျက်ရည်များကြောင့်ကပ်နေ၏။
ရွမ်ရှောက်နန် သက်ပြင်းချပြီး နာကျင်ရသည့်နှလုံးသားနှင့်အတူ ဝေ့ရှီအားပွေ့ဖက်လိုက်၍
"မငိုနဲ့..မငိုနဲ့လေ...နောက်တစ်ခါရင် မကြိုက်ရင်မကြိုက်ဘူးလို့ထုတ်ပြောလေကွာ...ကိုယ်တို့ မလုပ်ဘဲနေမှာပေါ့.."
ဝေ့ရှီက စိုစွတ်နေသည့်မျက်ဝန်းတစ်စုံဖြင့်မော့ကြည့်ရင်း
"ဒါပေမယ့်...ငါက နင့်ရဲ့ဇနီးလေ..ဟုတ်တယ်မလား..ငါ နင့်ကို အရမ်းကိုမှအရမ်းကိုချစ်နေခဲ့လို့ နင့်ကိုလက်ထပ်ခဲ့တာမဟုတ်ဘူးလား?...ဒါပေမယ့် ဘာလို့နင်ငါ့ကိုဖက်ထားတဲ့အချိန်တိုင်း ငါတို့အတူတူနေတဲ့အချိန်တိုင်း...ဒီနေရာကအရမ်းနာတာ...ဆွဲထုတ်ခံထားရသလိုမျိုးကိုနာနေတာ.."
ဝေ့ရှီက သူမ၏နှလုံးသားတည့်တည့်ကိုလက်ညှိုးထိုးပြပြီး ငိုကြွေး၍
"သူ(နှလုံးသား)က ပျော်နေရမှာမဟုတ်ဘူးလား?...ဘာလို့ အရမ်းကိုနာနေရတာလဲ?...အရမ်းကိုနာတာ...ရှောက်နန်...ငါ ဘယ်လိုလုပ်ရမလဲ?...ငါ ဘာကိုဘာလိုလုပ်ရမလဲလို့...ငါ အရမ်းနာတယ်...တကယ်ကိုအရမ်းနာတာ...နာလွန်းလို့ အသက်တောင်မရှူနိုင်တော့ဘူး..."
ရွမ်ရှောက်နန်က သူမအားတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး မျက်နှာကျက်သာ မလှုပ်မယှက်စိုက်ကြည့်နေလေ၏။ခေါင်းကို လုံးဝမငုံ့သွားရဲ အဘယ်ကြောင့်ဆိုသော် ခေါင်းငုံ့လိုက်သည်နှင့် ရစ်ဝဲနေသည့်မျက်ရည်များ စီးကျတော့မည်ကို သိနေသောကြောင့်ဖြစ်၏။
အချိန်အကြာကြီး သူ့ကိုယ်သူငြိမ်သက်သွားဖို့ရာကြိုးစားပြီးမှ
"ဘာမှမဖြစ်ဘူးနော်...နောက်ဆိုရင် ကောင်းသွားမှာ...သေချာပေါက် ကောင်းသွားမှာ...မကောင်းလာလည်း ဘာမှမဖြစ်ဘူး...ကိုယ်မင်းကို အမြဲတမ်းစောင့်နေပေးမှာ..."
ဝေ့ရှီက သူ၏ရင်ခွင်ထဲသို့ခေါင်းအပ်လိုက်ပြီး မျက်ရည်စများက သန်မာသည့်ကြွက်သားများပေါ်သို့စီးကျသွားကာ
"တောင်းပန်ပါတယ်...ငါ အမြဲတမ်း နင့်ကိုပြဿနာတွေပဲ ပေးနေမိတာ...ငါက ဇနီးကောင်းတစ်ယောက်လိုဖြစ်မနေတော့ နင်ငါ့ကို သေချာပေါက် အမြင်ကတ်နေလောက်မှာ...ဟုတ်တယ်မလား?.."
"မဟုတ်ပါဘူး...မဟုတ်ပါဘူးကွာ..."
သူ၏မျက်ရည်များက ရစ်ဝဲမနေနိုင်တော့ဘဲ အသံတိတ်စီးကျလာခဲ့၏။တစ်ခါက ဝေ့ရှီပြောခဲ့ဖူးပါ၏...သူက သူမအား 'တောင်းပန်ပါတယ်' ဆိုသည့်စကားတစ်ခွန်း အကြွေးတင်နေသေးသည်ဟူ၍။သို့သော် ယခုအချိန်တွင် သူ့ဘက်မှ 'တောင်းပန်ပါတယ်' ဆိုသည့်စကား အခွန်းအသောင်းဆိုလျှင်တောင် အသုံးဝင်တော့မည်မဟုတ်ပေ။
ဝေ့ရှီက ငိုလွန်း၍အိပ်မပျော်နိုင်ဖြစ်နေခဲ့ကာ အချိန်အကြာကြီးချော့မော့ပေးပြီးမှ မောလွန်းပြီးအိပ်ပျော်သွားခဲ့၏။အိပ်မောကျသွားသည်အထိစောင့်ပေးပြီးမှ စောင်ကိုလွှားခြုံပေးကာ အိပ်ရာခေါင်းရင်းကိုမှီ၍ထိုင်လိုက်ပြီး အိပ်ခန်းအတွင်းရှိအမှောင်ထုကို မျက်နှာချင်းဆိုင်လိုက်၏။
ဝေ့ရှီက ဘာလို့ဒီလိုတွေဖြစ်နေရတာလဲ? သူသေချာပေါက်သိတာပေါ့...သူတစ်ယောက်တည်း သိတာ...ဘာလို့လဲဆို ဒီဟာတွေအားလုံး သူ့ကြောင့် သူလုပ်လို့ဖြစ်လာရတာတွေ...မှတ်ဥာဏ်တွေပျောက်သွားခဲ့ရင်တောင် ခံစားချက်တွေကျန်နေခဲ့သေးတယ်...နာကျင်မှုတွေကျန်နေသေးတယ်...စိတ်ပျက်အားငယ်ခြင်းတွေကျန်နေသေးတယ်...အမြဲတမ်းတွက် ပြောင်းလဲလို့မရတော့မယ့်အရာတွေ...
လွန်ခဲ့သည့်သုံးနှစ်ကဖြစ်ခဲ့သည့် ထိုသေမင်းခံတွင်းဝကနေလွတ်တာတဲ့မြင်ကွင်းတွေ ထိုသွေးအလိမ်းလိမ်းရွဲနေတဲ့အပိုင်းအစတွေ...သူ၏လည်ချောင်းအတွင်းယားယံခြောက်ကပ်သလိုဖြစ်လာပြီး အတွင်းကလီစာတွေအားလုံး အန်ထုတ်မိတော့မတတ်အထိ ခံစားခဲ့ရ၏။သူ၏ပုံစံက အစာအဆိပ်သင့်သွားခဲ့သည့်သူတစ်ယောက်လို ရှိသမျှသောအကြောက်တရားများနှင့်ဝမ်းနည်းခြင်းများကို အန်ထုတ်ပစ်လိုက်ဖို့ရာ ကြိုးစားခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောသုံးနှစ်က....
သူ အဲ့အချိန်က ရူးနေခဲ့တာ...သေချာပေါက် ရူးနေခဲ့တာ...ဝေ့ရှီရဲ့စိတ်ပျက်ခြင်းတွေနဲ့အမုန်းတရားတွေကြောင့် ရူးချင်နေခဲ့တာ...ဝေ့ရှီက မြင်လည်းမမြင်ရသလို စကားလည်းမပြောနိုင်သည့်တိုင် ထင်ဟပ်ပြထားသည့်သူမရဲ့ဦးတည်ရာမဲ့မျက်ဝန်းအိမ်ထဲက သွေးအေးသည့်အမုန်းတရားအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရ၏။
ဝေ့ရှီအား ဘယ်သတ္တုပစ္စည်းမျိုးကိုမှ ပေးမထိရဲခဲ့...အပ်ချောင်းသေးသေးလေးတွေကအစ။ ဝေ့ရှီအား မသိမသာနှင့်အဆက်မပြတ် စောင့်ကြည့်နေဖို့ရာ ၂၄နာရီလုံးလုံး အစောင့်များချထားခဲ့ပါသည့်တိုင် မရေမတွက်နိုင်တဲ့နည်းလမ်းပေါင်းစုံဖြင့် သူ့အားထားခဲ့ဖို့ကြိုးစားနေခဲ့၏။စဥ်းစားကြည့်၍တောင်မရနိုင်သော ကြောက်စရာအကောင်းဆုံးနည်းလမ်းများကိုသုံးပြီး သူ့အနားမှ ထွက်သွားချင်နေခဲ့၏။
ဘာလို့လဲ?...ဘာလို့လဲဆို သူပြောပြလိုက်လို့...'လင်းလော့ချွမ်သေပြီ...ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူးလို့' ပြောပြလိုက်လို့...
အရမ်းရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းတွေနဲ့ အရာအားလုံးကိုအလဲအထပ်လုပ်ပြီး သူ မရရအောင်ပြန်ယူနိုင်ခဲ့တဲ့ မိန်းကလေးက အခြားယောက်ျားတစ်ယောက်အတွက်နဲ့ အရဲစွန့်ပြီးသတ်သေဖို့ကြိုးစားနေခဲ့သည်။
သူ့ဘဝတစ်ခုလုံးဝေဝါးလာပြီး မျှော်လင့်ချက်ဆိုတာလည်းအမျှင်ကြိုးလေးသာသာ...အချစ်ဆိုတာလည်း ကျတ်သလင်းမြေလို...ယုံကြည်ရာဆိုတာလည်း ဖျက်ဆီးခံလိုက်ရ၏။ အနာဂတ်ဆိုသည်မှာလည်း ရေခဲတုံးတစ်တုံးကို နေပူထဲချထားသလိုမျိုး တဖြေးဖြေးနဲ့ယိုယွင်းနေခဲ့၏။ ဤအရာများအားလုံး သူသည်းညည်းမခံထားနိုင်တော့...ပတ်ပတ်လည်ရှိအရာအားလုံးက အနက်ရောင်ရေဝဲတစ်ခုလိုတဝီဝီလည်နေပြီး သူ၏တည်ငြိမ်အောင်ထိန်းထားခဲ့သည့်အရာအားလုံးကို စတင်ရူးနှမ်းလာစေတော့သည်။
လုံးလုံးလျားလျားကို အကျိုးအကြောင့်မသင့်သည့် ရက်စက်အကြမ်းဖက်သည့်လုပ်ရပ်များကို စတင်လုပ်ဆောင်လာတော့၏။ဝေ့ရှီက သူ၏ဇနီး...နှလုံးသားသေသွားခဲ့ရင်တောင် ခန္ဓာကိုယ်ကတော့ သူ့အပိုင်။
ဝေ့ရှီက မမြင်လည်းမမြင်နိုင်ခဲ့သည့်အပြင် စကားလည်းမပြောနိုင်ခဲ့။သူမ၏လက်ဟန်များကို နားလည်ပေးနိုင်သည့်သူကလည်း အနည်းအကျဥ်းသာရှိခဲ့၏။ လူပေါင်းသောင်းချီရှိနေသည့်တိုင် သူမခံစားနေရသည့်အရာများကို မည်သူကမှနားမလည်နိုင်ခဲ့၏။ မည်သူကမှ သူမ၏နာကျင်မှုများကို မသိနိုင်ခဲ့။ ဤသားသားနားနားဝတ်စားထားသည့်သူမ၏အဝတ်အစားများအောက်ရှိခန္ဓာကိုယ်အား နွေးထွေးကြင်နာတတ်လှပါသည့်သူမ၏အမျိုးသားဖြစ်သူက ဘာတွေလုပ်ခဲ့မှန်းလည်း မည်သူမှမသိခဲ့ပေ။
သူမ၏ခန္ဓာကိုယ်ထက်တွင် အမာရွတ်များကျန်မနေခဲ့လျှင်တောင် တောက်ပြောင်နေသည့်အဝတ်အစားများအောက်တွင်ပုန်းအောင်းနေခဲ့သည့်စိတ်ဝိဥာဥ်တစ်ခုလုံးက သူ၏ အကြမ်းဖက်သည့်နည်းလမ်းများဖြင့် ဖျက်ဆီးအနိုင်ကျင့်ခံခဲ့ရပြီးမှန်း သူတစ်ယောက်တည်းသာ သိနေလိမ့်မည်။
နောက်ဆုံးတွင် ဝေ့ရှီ အလျော့ပေးလိုက်၏။ မဟုတ်သေး...ဝေ့ရှီ တကယ်အလျော့ပေးလိုက်ပြီဟု သူမှတ်ယူမိခဲ့သည်။ဝေ့ရှီက သူ့အား ဆက်ပြီးရန်လိုမုန်းတီးမနေတော့ဘဲ အိပ်ရာထက်တွင်အသာအယာလှဲပြီး ငြိမ်သက်၍သာငိုနေခဲ့၏။ သို့သော်လည်း ယခုလိုလုပ်ပြနေခြင်းကြောင့် မည်သည့်အရာမှမပြောင်းလဲ။ ဝေ့ရှီက တစ်သက်လုံး ယခုလိုငြင်းဆန်နေ၍ရနေမည်မဟုတ်သောအချက်က သူ့အား ဖြေသိမ့်စေနိုင်ခဲ့၏။
တစ်နေ့ကျလျှင် သူကိုယ်တိုင်သူမကိုနားလည်သည့်အတိုင်း ဝေ့ရှီက သူ့အား ပြန်လည်နားလည်ပေးနိုင်ပြီး ခွင့်လွှတ်ပေးလာလိမ့်မည်။
ထို့နောက် မိုးသည်းထန်စွာရွာသွန်းနေသည့်ညတစ်ည...ထိုညက သူဘဝတစ်သက်စာလုံး လုံးဝမေ့ပျောက်မသွားတော့မည့်ညဖြစ်လာတော့၏။
သူ အရမ်းကိုမှချမ်းစိမ့်နေခဲ့ပြီး ဝေ့ရှီတစ်ယောက်တည်းကသာ သူ၏ခန္ဓာကိုယ်အလွတ်ကြီးအား အနွေးဓါတ်ပေးနိုင်ခဲ့သည်။ဝေ့ရှီက သူ့အား မမြင်ရခြင်းကြောင့်ဖြစ်စေ အခန်းလွတ်တစ်ခုထဲရှိလေထုကိုသာမျက်နှာချင်းဆိုင်နေသည်ဟု သတ်မှတ်ထားသည်ဖြစ်စေ သူ့အဖို့ ဝေ့ရှီကိုလိုအပ်နေဆဲ။ဤဗီလာ ဤအိပ်ခန်းအားလုံးက သူမ၏တည်ရှိနေမှုကြောင့်သာ အိမ်ဟု ခံစားမိလာရပြီး အအေးဓါတ်များကိုဖယ်ထုတ်ပစ်နိုင်လေသည်။
ဝေ့ရှီ၏နွေးထွေးလှသည့်ခန္ဓာကိုယ်အား အနှစ်တခြိုက်ကိုပွေ့ဖက်ထားပြီး ယခင်ကနှင့်မတူတော့သည့်နူးညံ့မှုများနှင့်တိတ်ဆိတ်ငြိမ်သက်မှုများကို ခံစားနေရ၏။သူ၏ နှလုံးသားတစ်ခုလုံးအပျော်များပြည့်နှက်နေပြီး ဝေ့ရှီအားပွေ့ဖက်ကာ သောင်စဥ်ရေမရသောစကားလုံးတို့ကိုပြောနေခဲ့သည်။စကားလုံးတိုင်းက သူတို့နှစ်ယောက်၏ လှပသောအနာဂတ်များအကြောင်းဖြစ်၏။ထို့နောက် သူ၏မျက်နှာအား ဝေ့ရှီ၏လည်တိုင်ထဲသို့အပ်ကာ အကျေနပ်ဆုံးသောစိတ်တို့ဖြင့်အိပ်ပျော်သွားခဲ့သည်။
အဘယ်ကြောင့်မှန်းသေချာမသိ အိပ်မက်ဆိုးတစ်ခုမက်ကာ အိပ်မက်ထဲရှိအမျိုးသမီးက သူမ၏အရိုးများကိုထုတ်ပြီး သူ့ဆီသို့ကမ်းပေးနေသည့်မြင်ကွင်း။အိပ်မက်မှလန့်နိုးလာပြီးနောက် ဘေးနားတွင်ရှိနေသည့်သူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုမြင်လိုက်ရပြီးမှ နှုတ်ခမ်းထောင့်စွန်းများကွေးတက်လာမိ၏။
ပထမဆုံးအကြိမ်အဖြစ်က ဝေ့ရှီက အေးအေးချမ်းချမ်းနှင့်ချစ်စရာကောင်းလွန်းအောင်အိပ်ပျော်နေသည့်ပုံစံအား မြင်ဖူးခြင်းဖြစ်၏။သူမ၏ခြောက်ကပ်နေသည့်နှုတ်ခမ်းပါးကို နမ်းရှိုက်လိုက်သည့်အချိန်တွင်မှ နှုတ်ခမ်းပါးက ရေခဲတမျှအေးစက်နေမှန်းကိုသတိထားမိလိုက်၏။
ရုတ်တရက် အတွေးတစ်ခုကချက်ချင်းဝင်လာပြီး ခြုံစောင်ကို ဖယ်လိုက်လေသည်။
သွေး! အိပ်ရာတစ်ခုလုံး အနီရောင်သွေးများအပြည့်!
ဦးနှောက်တစ်ခုလုံးပူထူသွားပြီး ခန္ဓာကိုယ်ကြီးက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိနိုင်တော့သလို ရပ်တန့်သွားရ၏။ဝေ့ရှီ ဘယ်လိုလုပ်နိုင်သွားခဲ့မှန်း သူမသိ။ ဓါးတစ်လက်ရှိနေဖို့ကလည်းမဖြစ်နိုင်သလို သစ်သားစတစ်ခုပင် ထိတွေ့ခွင့်ရှိသူမဟုတ်။သို့သော် သူမ၏လက်ကောက်ဝတ်တစ်ခုလုံး အနီရောင်အရည်များကြားထဲနစ်မြှုပ်နေကာ သွေးစများက ပတ်ပတ်လည်သို့ပျံ့နှင့်နေလေ၏။
သွေးချင်းရဲရဲနီနေသော ကိုယ်နွေးငွေ့များမရှိတော့သည့် ဝေ့ရှီ၏ခန္ဓာကိုယ်အား ကောက်ယူပွေ့ဖက်လိုက်ကာ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လို အကျယ်ကြီးဟိန်းဟောက်အော်ဟစ်လိုက်သည်။
ဝေ့ရှီ လုပ်နိုင်သွားပြီ! ဝေ့ရှီ နောက်ဆုံးတော့ သူ့အနားကနေ တစ်သက်လုံးထွက်သွားနိုင်ခဲ့ပြီ! သူ့မှာထပ်ပြီး နည်းလမ်းမရှိတော့ဘူး နည်းလမ်းတစ်ခုလေးတောင်မကျန်တော့ဘူး!
ဝေ့ရှီ သေသွားခဲ့ပြီဟုထင်မှတ်၍ သူမအားပွေ့ဖက်ကာ ညအမှောင်ထုထဲတွင် အသောမသတ်နိုင်အောင် အော်ဟစ်ငိုကြွေးရင်းလှောင်ရယ်နေခဲ့သည်။
သူ ရူးသွားပြီ! ဤအခိုက်အတန့်တွင်မှ သူကွက်ကွက်ကွင်းကွင်းသိလိုက်ရ၏... သူရှုံးသွားခဲ့ပြီ!...လုံးဝကို ရှုံးနိမ့်သွားခဲ့ပြီ! တစ်လောကလုံးကို အနိုင်ရပြီး အရာအားလုံးကို ပိုင်ခဲ့ပေမယ့် ကမ္ဘာကြီးတစ်ခုလုံးကို ဆုံးရှုံးလိုက်ရ၏!
ဝေ့ရှီက နောက်ဆုံးတော့ သူ့နောက်လိုက်သွားခဲ့ပြီ! သေသွားတာတောင်မှ သူ ဝေ့ရှီကို အရယူနိုင်သွားခဲ့တယ်...သူနိုင်သွားခဲ့ပြီ! လင်းလော့ချွမ်နိုင်သွားခဲ့ပြီ! မျက်တောင်တစ်ခတ်စာအချိန်အတွင်း သူ၏အရာအားလုံးကို ပြောင်းပြန်မှောက်သွန်ခုံပစ်ပြုလိုက်နိုင်တော့၏။
ကံကောင်းစွာဖြင့် အစေခံများက အချိန်မှီတွေ့ရှိသွားကာ လူနာတင်ယာဥ်ကိုခေါ်လိုက်၏။ဝေ့ရှီက သွေးထွက်လွန်နေသော်လည်း အသက်မဆုံးရှုံးလိုက်ပေ။
ဆေးရုံကော်ရစ်တာရှိ ခုံတန်းရှည်ပေါ်တွင် ခြေဗလာဖြင့်ထိုင်နေမိကာ ခန္ဓာကိုယ်တစ်ခုလုံး သွေးအလိမ်းလိမ်းဖြင့်တုန်ယင်နေခဲ့သည်။သူ၏လက်ချောင်းများကို ငုံ့ကြည့်နေရင်းက ဦးနှောက်တစ်ခုလုံး ထုံထိုင်းနေခဲ့ကာ အမြင်အာရုံအားလုံးဝေဝါးနေခဲ့၏။ဤစက္ကန့်ပိုင်းတွင်း မည်သည့်အဖြစ်အပျက်ဖြစ်ကြောင်းနေကြောင်းကိုပင် မတွေးစနိုင်တော့၏။
ဝေ့ရှီက ကုတင်စောင်းရှိသံထည်နှင့် တစ်ချက်ပြီးတစ်ချက် မပြတ်မချင်းပွတ်တိုက်ပြီးနောက် သွေးကြောများကို သွားဖြင့်ကိုက်ဖြတ်ထားကြောင်း ဆရာဝန်နှင့်ရဲအရာရှိများ လာပြောပြသည့်အချိန်တွင်မှ....
ဖြစ်စဥ်တစ်ခုလုံးက နာကျင်လွန်းပြီး စိတ်ကူးယဥ်ကြည့်ဖို့ရာပင်မဖြစ်နိုင်သည့်လုပ်ရပ်မျိုး...သို့သော် ဝေ့ရှီ လုပ်ခဲ့၏။အကယ်၍ ထိုအိပ်မက်ကြောင့်သာ မနိုးလာခဲ့လျှင် ဝေ့ရှီ၏လုပ်ရပ် အောင်မြင်သွားမည်မှာမလွဲ။
ထိုစကားကိုကြားလျှင်ကြားလိုက်ရခြင်း လုံးလုံးလျားလျားကြောင်အသွားမိကာ သူ၏နားကိုပင် မယုံမကြည်ဖြစ်လာခဲ့သည်။
ဤကိစ္စကို သိသည့်သူတိုင်းပြောကြသည့်စကားတစ်ခွန်းက 'ဘယ်သူကများ အခုလိုနည်းလမ်းနဲ့ ကိုယ့်ကိုကိုယ်သတ်သေလို့လဲ' ဟူ၍။ စိတ္တဇရောဂါဖြစ်နေသည့် ပုံမှန်မဟုတ်သည့်လူကသာ ယခုလိုလုပ်မည်ဖြစ်သဖြင့် ဝေ့ရှီ သေချာပေါက်ရူးနေသည်ဟူ၍။
ဝေ့ရှီ မရူးကြောင်းကို သူတစ်ယောက်တည်းကသာ နားလည်ပါလိမ့်မည်။တည်ငြိမ်ပြီး ချက်ကျလက်ကျအစီအစဥ်ဆွဲတတ်သည့်နေရာတွင် ဝေ့ရှီအား မည်သူမျှမမှီ။သူမက အစကတည်းက သူဘယ်လိုလူမျိုးမှန်း သိနေနှင့်ပြီးသား။ နားရွက်ဖျားတွင် ချိုသာသည့်စကားများအား ဘယ်လိုဘယ်ပုံမျိုးနှင့်ပြောနေခဲ့ပါစေ ဘယ်လိုနူးညံ့သော အထိအတွေ့မျိုးများဖြင့် ဆက်ဆံကြင်နာခဲ့ပါစေ သူမက အနားမှထွက်သွားချင်နေဆဲသာဖြစ်၏။ သူ့အနားမှ ထွက်သွားရဖို့ဆိုလျှင် ဘယ်လုပ်ရပ်မျိုးကိုမဆို လုပ်နိုင်ပါလိမ့်မည်။ သူ့အနားတွင်နေနေရသည်က သေနေရသည်နှင့်မခြားနားတော့သော အသက်ရှင်နေခြင်းကြောင့် ဖြစ်၏။
လူနာကုတင်ရှေ့တွင်ထိုင်ပြီး သွေးမရှိသလောက်ကိုဖြူဖျော့နေသည့် ဝေ့ရှီ၏မျက်နှာကိုကြည့်နေရင်း နှလုံးသားတစ်ခုလုံး ဖြေမရတော့အောင်ရှုပ်ထွေးလှသည့်ခံစားချက်များ ပြည့်နှက်လာတော့၏ နာကျင်ခြင်း ဝမ်းနည်းခြင်း ချစ်ခြင်း နှင့်နောက်ထပ်...
ပန်းသီးတစ်လုံးကိုလှမ်းယူကာ အခွံခွာရင်း သတိမေ့နေသည့်သူအား စကားဆိုမိ၏။
"လူတိုင်းကပြောနေကြတယ် မင်းရူးနေပြီတဲ့...မင်း ဘာတွေးနေလဲဆိုတာကိုတော့ ကိုယ်တစ်ယောက်တည်းပဲသိလိမ့်မယ်...မင်း သူ့ကိုအဖော်သွားလုပ်ပေးချင်နေတာ ဟုတ်တယ်မလား?...ဒါပေမယ့် မင်း သူ့ကိုရှာလို့မတွေ့ဘူးဖြစ်နေတာ...သူစီးတဲ့လေယာဥ်က သုံးပိုင်းပြတ်အောင် ပေါက်ကွဲသွားခဲ့တာမလို့ အလောင်းမပြောနဲ့ အပိုင်းအစလေးတောင်ကျန်ခဲ့မှာမဟုတ်ဘူး...ပြာမှုန့်တွေဖြစ်ပြီးသွားလောက်ပြီ...မင်း သူ့ကိုဘယ်နေရာမှာသွားရှာမှာလဲ? ရှာတွေ့သွားတယ်ပဲထားပါဦး ဘာလုပ်နိုင်မှာမလို့လဲ?...မင်းက ကိုယ့်ရဲ့ဇနီး...သေသွားရင်တောင် အုတ်ဂူပေါ်မှာ ကိုယ့်မျိုးရိုးနာမည်ပါနေဦးမှာ...အဲ့တော့..."
သူ၏အေးစက်နေသည့်လက်ချောင်းများဖြင့် ဝေ့ရှီ၏လည်တိုင်ကိုဖိကိုင်ကာ နားဖျားဆီသို့တိုးကပ်ပြီး မိစ္ဆာတစ်ကောင်လိုပြုံးလိုက်၍
"မင်း အသက်ရှင်နေသမျှ ကိုယ့်ရဲ့လူဖြစ်နေပြီး သေသွားရင်လည်း ကိုယ့်ရဲ့တစ္ဆေပဲဖြစ်နေမှာ...သေသွားခဲ့ရင်တောင်မှ ကိုယ် လုံးဝ မင်းတို့နှစ်ယောက်ကို အတူရှိနေခွင့်မပေးဘူး!.."
**********************
~~Zawgyi~~
ေသဆုံးျခင္းႏွင့္ မျခားနားေတာ့သည့္ အသက္ရွင္သန္ျခင္း
ညစာစားၿပီးသည္ႏွင့္ ႐ြမ္ေရွာက္နန္က ေဝ့ရွီကိုေပြ႕ဖက္ကာ ထုံးစံအတိုင္း ဧည့္ခန္းထဲရွိဆိုဖာေပၚတြင္ထိုင္ၿပီး ႏွစ္ေယာက္သား တီဗြီၾကည့္ေန၏။ေဝ့ရွီ၏ လက္တစ္ဖက္က သစ္ၾကားသီးကိတ္ကိုကိုင္ထားၿပီး တစ္ဖက္က ခက္ရင္းအေသးတစ္ခုကိုင္ကာ စားေသာက္ရင္းၾကည့္ေနသည္။
ေဝ့ရွီက ေပ်ာ္႐ႊင္စြာစားေသာက္ေနရင္း တစ္ခ်က္လွည့္အၾကည့္တြင္ မ်က္ေမွာင္က်ဳံ႕ထားသည့္႐ြမ္ေရွာက္နန္ကို ေတြ႕လိုက္ရ၏။ထို႔ေၾကာင့္ လက္တစ္ဖက္ျဖင့္ သူ၏နဖူးေၾကာမ်ားကိုေျဖေလ်ာ့ေပးလိုက္ကာ ထပ္၍ ကိတ္တစ္ဇြန္းစာယူၿပီးပါးစပ္ထဲထည့္ေပးလိုက္၏။
႐ြမ္ေရွာက္နန္က ကိတ္မုန့္ကိုမ်ိဳခ်လိဳက္ၿပီးေနာက္ ေခါင္းငုံ႕လာၿပီး ေဝ့ရွီအား တစ္ခ်က္နမ္းရွိုက္လိုက္ရင္း သူမ၏မ်က္ႏွာေပၚတြင္ေပက်ံေနသည့္ ကိတ္မုန့္ခရင္မ္မ်ားေၾကာင့္ မရယ္ဘဲမေနနိုင္ေအာင္ရယ္မိေတာ့သည္။ေဝ့ရွီလက္ထဲတြင္ကိုင္ထားသည့္ကိတ္မုန့္ကိုယူကာ ေဘးဘက္သို႔လွမ္းတင္လိုက္ၿပီးေနာက္ သူမအားေပြ႕ခ်ီလိုက္၏။
ေဝ့ရွီက သူ၏လက္ေမာင္းၾကားထဲမွ လက္ကိုတိုးထြက္လာၿပီး က်န္ေနခဲ့သည့္ကိတ္မုန့္ကိုလက္ညွိုးထိုးကာ မေက်မနပ္ျဖင့္
"ငါ့ရဲ႕ကိတ္မုန့္...စားလို႔မၿပီးေသးဘူးေလ.."
ညအိပ္အက်ီေအာက္မွလွစ္ဟေနသည့္ ညွပ္ရိုးမ်ားေပၚသို႔ ပူပူႏြေးႏြေးႏႈတ္ခမ္းတစ္စုံျဖင့္ဖိကပ္နမ္းရွိုက္လိုက္၍
"ခဏေနမွ ဆက္စား..."
ယေန႕ည၏ၾကယ္ေရာင္မ်ားေတာက္ပေနသည့္အလွတရားက ဟိုးအရင္ႏွစ္မ်ားဆီမွ ညေလျပင္းေၾကာင့္ မီးေတာက္သဖြယ္ေမပယ္႐ြက္မ်ားေႂကြက်ေနသည့္ေဆာင္းညတစ္ညႏွင့္ ဆင္တူလြန္းလွသည္။ေဝ့ရွီႏွင့္အတူ လုအိမ္ေတာ္ႀကီးရွိ ဒန္းေပၚတြင္ထိုင္ၿပီး ၾကယ္မ်ားအျပည့္ရွိေနသည့္ေကာင္းကင္ႀကီးေအာက္တြင္ ေႂကြက်ေနဆဲေမပယ္႐ြက္မ်ားကို ေရတြက္ခဲ့ၾကဖူးသည္။ညတစ္ခြင္လုံး တိတ္ဆိတ္ေနၿပီး ပတ္ဝန္းက်င္ေဘးပတ္ပတ္လည္တြင္မည္သည့္အသံမွမရွိ သူ၏တဒုတ္ဒုတ္ျမည္လာခဲ့သည့္ ႏွလုံးခုန္သံသာ ရွိေနခဲ့သည္။ေဝ့ရွီက သူ၏ႏွလုံးသားတည့္တည့္သို႔ေခါင္းအပ္လာခဲ့ၿပီး မ်က္ဝန္းမ်ားကိုမွိတ္ခ်လိဳက္ရင္းက တျဖည္းျဖည္း ႏႈတ္ခမ္းေထာင့္စြန္းကိုေကြးတက္ေအာင္ၿပဳံးေနခဲ့၏။
သူကိုယ္၌လည္း ခပ္ဖြဖြေလးၿပဳံးမိၿပီး သူမအား ဘာအသံကိုၾကားမိေၾကာင္းေမးခဲ့၏။ေဝ့ရွီေျပာျပခဲ့သည္က သူမ ကမၻာႀကီးတစ္ခုရဲ႕အသံကို ၾကားလိုက္ရတယ္တဲ့...
ေဝ့ရွီကို မလြတ္တမ္းနမ္းရွိုက္မိၿပီး တဖက္ကသူ႕ကိုယ္သူေမးခြန္းထုတ္မိ၏။ သူတကယ္အသက္မ်ားႀကီးေနၿပီလား?...အခုတေလာတြင္ ပို၍ပို၍ဝမ္းနည္းတတ္လာၿပီး အတိတ္မွအရာမ်ားကို ျပန္လည္ေအာက္ေမ့ရရသည္အား ပို၍သေဘာက်လာမိ၏။မဟုတ္ေသး!...ျပန္လည္ေအာက္ေမ့႐ုံေလးမဟုတ္ေသး! အခ်ိန္ေတြေနာက္ျပန္ရစ္ၿပီး ခုႏွစ္သကၠရာဇ္မ်ားျပန္လွည့္သြားရန္ ေမွ်ာ္လင့္ေနျခင္းျဖစ္၏။
အကယ္၍ အထက္ေကာင္းကင္နတ္မင္းႀကီးကသာ ခြင့္ျပဳေပးမည္ဆိုလွ်င္ အကယ္၍ နတ္ဘုရားမ်ားကသာ သေဘာတူလက္ခံမယ့္ဆႏၵရွိခဲ့ပါလွ်င္ သူ၏ပိုင္ဆိုင္ထားသမွ်အရာအားလုံးႏွင့္ အလဲအထပ္ျပဳလုပ္ၿပီး အသန့္ရွင္းဆုံးျဖစ္ခဲ့သည့္ ႐ြမ္ေရွာက္နန္ႏွင့္ အေပ်ာ္႐ႊင္ဆုံးျဖစ္ခဲ့သည့္ လုေဝ့ရွီအျဖစ္ ျပန္သြားဖို႔ရာ ဆႏၵရွိပါ၏။
သူမ၏မ်က္ႏွာကို အသာအယာဆြဲေမာ့ၿပီး အေမွာင္ထုထဲရွိ ပန္းတစ္ပြင့္ႏွယ္ႏုဖတ္ေနသည့္မ်က္ႏွာကို ေငးၾကည့္ေနရင္းက အဆုံးမရွိေသာညနက္မ်ားႏွင့္အလားသ႑ာန္တူညီသည့္သူ၏မ်က္ရည္စမ်ားက မ်က္ဝန္းေထာင့္စြန္းနားတြင္ ေကာင္းကင္ထက္ရွိၾကယ္မ်ားထက္ပင္လင္းလက္စြာျဖင့္ တြဲလဲခိုေနေလသည္။
ေမာဟိုက္ပန္းလ်စြာလဲက်လာၿပီး အသက္ျပင္းျပင္းရွိုက္ကာ ခႏၶာကိုယ္တစ္ခုလုံးက ေခြၽးေစးမ်ားျဖင့္ေစးကပ္ေန၏။သူမအားညစ္ပတ္ေပေရသြားမည္ကိုစိုးရိမ္၍ သူ၏ေခြၽးစို႔ေနသည့္ခႏၶာကိုယ္ႀကီးအား အေဝးတစ္ေနရာသို႔ေ႐ြ႕ဖယ္လိုက္ကာ အေမွာင္ထုအတြင္းမွေန၍ ထိုျဖဴေဖ်ာ့ေနသည့္မ်က္ႏွာကိုထိေတြ႕ၾကည့္လိုက္ရာ လုံးဝေအးစက္ေနေလ၏။
လုံးဝကို အရင္အတိုင္းလိုပဲ...ထပ္ၿပီး အရင္လိုပဲ...
အခုေလးတင္ပူႏြေးေနသည့္ခႏၶာကိုယ္က ခ်က္ခ်င္းေအးစက္သြားျပန္၏။ဒီဇင္ဘာလတြင္သာက်တတ္သည့္ အေအးဆုံးႏွင္းစက္မ်ားက ဇြန္လလယ္ႀကီးထဲ က်လာခဲ့သလိုလို...
မီးအိမ္ကိုလွမ္းဖြင့္လိုက္သျဖင့္ တိတ္ဆိတ္ေနသည့္အေမွာင္ထုႀကီးကို ႏြေးေထြးသည့္အလင္းေရာင္က ႏွင္ထုတ္လိုက္ေလ၏။ေဝ့ရွီက ၿခဳံေစာင္ကိုကိုက္ခဲထားၿပီး မ်က္ႏွာထက္တြင္လည္းမ်က္ရည္မ်ားကအျပည့္ မ်က္ေတာင္ေမႊးမ်ားပင္ မ်က္ရည္မ်ားေၾကာင့္ကပ္ေန၏။
႐ြမ္ေရွာက္နန္ သက္ျပင္းခ်ၿပီး နာက်င္ရသည့္ႏွလုံးသားႏွင့္အတူ ေဝ့ရွီအားေပြ႕ဖက္လိုက္၍
"မငိုနဲ႕..မငိုနဲ႕ေလ...ေနာက္တစ္ခါရင္ မႀကိဳက္ရင္မႀကိဳက္ဘူးလို႔ထုတ္ေျပာေလကြာ...ကိုယ္တို႔ မလုပ္ဘဲေနမွာေပါ့.."
ေဝ့ရွီက စိုစြတ္ေနသည့္မ်က္ဝန္းတစ္စုံျဖင့္ေမာ့ၾကည့္ရင္း
"ဒါေပမယ့္...ငါက နင့္ရဲ႕ဇနီးေလ..ဟုတ္တယ္မလား..ငါ နင့္ကို အရမ္းကိုမွအရမ္းကိုခ်စ္ေနခဲ့လို႔ နင့္ကိုလက္ထပ္ခဲ့တာမဟုတ္ဘူးလား?...ဒါေပမယ့္ ဘာလို႔နင္ငါ့ကိုဖက္ထားတဲ့အခ်ိန္တိုင္း ငါတို႔အတူတူေနတဲ့အခ်ိန္တိုင္း...ဒီေနရာကအရမ္းနာတာ...ဆြဲထုတ္ခံထားရသလိုမ်ိဳးကိုနာေနတာ.."
ေဝ့ရွီက သူမ၏ႏွလုံးသားတည့္တည့္ကိုလက္ညွိုးထိုးျပၿပီး ငိုေႂကြး၍
"သူ(ႏွလုံးသား)က ေပ်ာ္ေနရမွာမဟုတ္ဘူးလား?...ဘာလို႔ အရမ္းကိုနာေနရတာလဲ?...အရမ္းကိုနာတာ...ေရွာက္နန္...ငါ ဘယ္လိုလုပ္ရမလဲ?...ငါ ဘာကိုဘာလိုလုပ္ရမလဲလို႔...ငါ အရမ္းနာတယ္...တကယ္ကိုအရမ္းနာတာ...နာလြန္းလို႔ အသက္ေတာင္မရႉနိုင္ေတာ့ဘူး..."
႐ြမ္ေရွာက္နန္က သူမအားတင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လိုက္ၿပီး မ်က္ႏွာက်က္သာ မလႈပ္မယွက္စိုက္ၾကည့္ေနေလ၏။ေခါင္းကို လုံးဝမငုံ႕သြားရဲ အဘယ္ေၾကာင့္ဆိုေသာ္ ေခါင္းငုံ႕လိုက္သည္ႏွင့္ ရစ္ဝဲေနသည့္မ်က္ရည္မ်ား စီးက်ေတာ့မည္ကို သိေနေသာေၾကာင့္ျဖစ္၏။
အခ်ိန္အၾကာႀကီး သူ႕ကိုယ္သူၿငိမ္သက္သြားဖို႔ရာႀကိဳးစားၿပီးမွ
"ဘာမွမျဖစ္ဘူးေနာ္...ေနာက္ဆိုရင္ ေကာင္းသြားမွာ...ေသခ်ာေပါက္ ေကာင္းသြားမွာ...မေကာင္းလာလည္း ဘာမွမျဖစ္ဘူး...ကိုယ္မင္းကို အၿမဲတမ္းေစာင့္ေနေပးမွာ..."
ေဝ့ရွီက သူ၏ရင္ခြင္ထဲသို႔ေခါင္းအပ္လိုက္ၿပီး မ်က္ရည္စမ်ားက သန္မာသည့္ႂကြက္သားမ်ားေပၚသို႔စီးက်သြားကာ
"ေတာင္းပန္ပါတယ္...ငါ အၿမဲတမ္း နင့္ကိုျပႆနာေတြပဲ ေပးေနမိတာ...ငါက ဇနီးေကာင္းတစ္ေယာက္လိုျဖစ္မေနေတာ့ နင္ငါ့ကို ေသခ်ာေပါက္ အျမင္ကတ္ေနေလာက္မွာ...ဟုတ္တယ္မလား?.."
"မဟုတ္ပါဘူး...မဟုတ္ပါဘူးကြာ..."
သူ၏မ်က္ရည္မ်ားက ရစ္ဝဲမေနနိုင္ေတာ့ဘဲ အသံတိတ္စီးက်လာခဲ့၏။တစ္ခါက ေဝ့ရွီေျပာခဲ့ဖူးပါ၏...သူက သူမအား 'ေတာင္းပန္ပါတယ္' ဆိုသည့္စကားတစ္ခြန္း အေႂကြးတင္ေနေသးသည္ဟူ၍။သို႔ေသာ္ ယခုအခ်ိန္တြင္ သူ႕ဘက္မွ 'ေတာင္းပန္ပါတယ္' ဆိုသည့္စကား အခြန္းအေသာင္းဆိုလွ်င္ေတာင္ အသုံးဝင္ေတာ့မည္မဟုတ္ေပ။
ေဝ့ရွီက ငိုလြန္း၍အိပ္မေပ်ာ္နိုင္ျဖစ္ေနခဲ့ကာ အခ်ိန္အၾကာႀကီးေခ်ာ့ေမာ့ေပးၿပီးမွ ေမာလြန္းၿပီးအိပ္ေပ်ာ္သြားခဲ့၏။အိပ္ေမာက်သြားသည္အထိေစာင့္ေပးၿပီးမွ ေစာင္ကိုလႊားၿခဳံေပးကာ အိပ္ရာေခါင္းရင္းကိုမွီ၍ထိုင္လိုက္ၿပီး အိပ္ခန္းအတြင္းရွိအေမွာင္ထုကို မ်က္ႏွာခ်င္းဆိုင္လိုက္၏။
ေဝ့ရွီက ဘာလို႔ဒီလိုေတြျဖစ္ေနရတာလဲ? သူေသခ်ာေပါက္သိတာေပါ့...သူတစ္ေယာက္တည္း သိတာ...ဘာလို႔လဲဆို ဒီဟာေတြအားလုံး သူ႕ေၾကာင့္ သူလုပ္လို႔ျဖစ္လာရတာေတြ...မွတ္ဥာဏ္ေတြေပ်ာက္သြားခဲ့ရင္ေတာင္ ခံစားခ်က္ေတြက်န္ေနခဲ့ေသးတယ္...နာက်င္မႈေတြက်န္ေနေသးတယ္...စိတ္ပ်က္အားငယ္ျခင္းေတြက်န္ေနေသးတယ္...အၿမဲတမ္းတြက္ ေျပာင္းလဲလို႔မရေတာ့မယ့္အရာေတြ...
လြန္ခဲ့သည့္သုံးႏွစ္ကျဖစ္ခဲ့သည့္ ထိုေသမင္းခံတြင္းဝကေနလြတ္တာတဲ့ျမင္ကြင္းေတြ ထိုေသြးအလိမ္းလိမ္း႐ြဲေနတဲ့အပိုင္းအစေတြ...သူ၏လည္ေခ်ာင္းအတြင္းယားယံေျခာက္ကပ္သလိုျဖစ္လာၿပီး အတြင္းကလီစာေတြအားလုံး အန္ထုတ္မိေတာ့မတတ္အထိ ခံစားခဲ့ရ၏။သူ၏ပုံစံက အစာအဆိပ္သင့္သြားခဲ့သည့္သူတစ္ေယာက္လို ရွိသမွ်ေသာအေၾကာက္တရားမ်ားႏွင့္ဝမ္းနည္းျခင္းမ်ားကို အန္ထုတ္ပစ္လိုက္ဖို႔ရာ ႀကိဳးစားခဲ့ျခင္းျဖစ္သည္။
လြန္ခဲ့ေသာသုံးႏွစ္က....
သူ အဲ့အခ်ိန္က ႐ူးေနခဲ့တာ...ေသခ်ာေပါက္ ႐ူးေနခဲ့တာ...ေဝ့ရွီရဲ႕စိတ္ပ်က္ျခင္းေတြနဲ႕အမုန္းတရားေတြေၾကာင့္ ႐ူးခ်င္ေနခဲ့တာ...ေဝ့ရွီက ျမင္လည္းမျမင္ရသလို စကားလည္းမေျပာနိုင္သည့္တိုင္ ထင္ဟပ္ျပထားသည့္သူမရဲ႕ဦးတည္ရာမဲ့မ်က္ဝန္းအိမ္ထဲက ေသြးေအးသည့္အမုန္းတရားအားလုံးကို ရွင္းရွင္းလင္းလင္းျမင္ေနခဲ့ရ၏။
ေဝ့ရွီအား ဘယ္သတၱဳပစၥည္းမ်ိဳးကိုမွ ေပးမထိရဲခဲ့...အပ္ေခ်ာင္းေသးေသးေလးေတြကအစ။ ေဝ့ရွီအား မသိမသာႏွင့္အဆက္မျပတ္ ေစာင့္ၾကည့္ေနဖို႔ရာ ၂၄နာရီလုံးလုံး အေစာင့္မ်ားခ်ထားခဲ့ပါသည့္တိုင္ မေရမတြက္နိုင္တဲ့နည္းလမ္းေပါင္းစုံျဖင့္ သူ႕အားထားခဲ့ဖို႔ႀကိဳးစားေနခဲ့၏။စဥ္းစားၾကည့္၍ေတာင္မရနိုင္ေသာ ေၾကာက္စရာအေကာင္းဆုံးနည္းလမ္းမ်ားကိုသုံးၿပီး သူ႕အနားမွ ထြက္သြားခ်င္ေနခဲ့၏။
ဘာလို႔လဲ?...ဘာလို႔လဲဆို သူေျပာျပလိုက္လို႔...'လင္းေလာ့ခြၽမ္ေသၿပီ...ဘယ္ေတာ့မွ ျပန္လာေတာ့မွာမဟုတ္ဘူးလို႔' ေျပာျပလိုက္လို႔...
အရမ္းရက္စက္ၾကမ္းၾကဳတ္တဲ့နည္းလမ္းေတြနဲ႕ အရာအားလုံးကိုအလဲအထပ္လုပ္ၿပီး သူ မရရေအာင္ျပန္ယူနိုင္ခဲ့တဲ့ မိန္းကေလးက အျခားေယာက္်ားတစ္ေယာက္အတြက္နဲ႕ အရဲစြန့္ၿပီးသတ္ေသဖို႔ႀကိဳးစားေနခဲ့သည္။
သူ႕ဘဝတစ္ခုလုံးေဝဝါးလာၿပီး ေမွ်ာ္လင့္ခ်က္ဆိုတာလည္းအမွ်င္ႀကိဳးေလးသာသာ...အခ်စ္ဆိုတာလည္း က်တ္သလင္းေျမလို...ယုံၾကည္ရာဆိုတာလည္း ဖ်က္ဆီးခံလိုက္ရ၏။ အနာဂတ္ဆိုသည္မွာလည္း ေရခဲတုံးတစ္တုံးကို ေနပူထဲခ်ထားသလိုမ်ိဳး တေျဖးေျဖးနဲ႕ယိုယြင္းေနခဲ့၏။ ဤအရာမ်ားအားလုံး သူသည္းညည္းမခံထားနိုင္ေတာ့...ပတ္ပတ္လည္ရွိအရာအားလုံးက အနက္ေရာင္ေရဝဲတစ္ခုလိုတဝီဝီလည္ေနၿပီး သူ၏တည္ၿငိမ္ေအာင္ထိန္းထားခဲ့သည့္အရာအားလုံးကို စတင္႐ူးႏွမ္းလာေစေတာ့သည္။
လုံးလုံးလ်ားလ်ားကို အက်ိဳးအေၾကာင့္မသင့္သည့္ ရက္စက္အၾကမ္းဖက္သည့္လုပ္ရပ္မ်ားကို စတင္လုပ္ေဆာင္လာေတာ့၏။ေဝ့ရွီက သူ၏ဇနီး...ႏွလုံးသားေသသြားခဲ့ရင္ေတာင္ ခႏၶာကိုယ္ကေတာ့ သူ႕အပိုင္။
ေဝ့ရွီက မျမင္လည္းမျမင္နိုင္ခဲ့သည့္အျပင္ စကားလည္းမေျပာနိုင္ခဲ့။သူမ၏လက္ဟန္မ်ားကို နားလည္ေပးနိုင္သည့္သူကလည္း အနည္းအက်ဥ္းသာရွိခဲ့၏။ လူေပါင္းေသာင္းခ်ီရွိေနသည့္တိုင္ သူမခံစားေနရသည့္အရာမ်ားကို မည္သူကမွနားမလည္နိုင္ခဲ့၏။ မည္သူကမွ သူမ၏နာက်င္မႈမ်ားကို မသိနိုင္ခဲ့။ ဤသားသားနားနားဝတ္စားထားသည့္သူမ၏အဝတ္အစားမ်ားေအာက္ရွိခႏၶာကိုယ္အား ႏြေးေထြးၾကင္နာတတ္လွပါသည့္သူမ၏အမ်ိဳးသားျဖစ္သူက ဘာေတြလုပ္ခဲ့မွန္းလည္း မည္သူမွမသိခဲ့ေပ။
သူမ၏ခႏၶာကိုယ္ထက္တြင္ အမာ႐ြတ္မ်ားက်န္မေနခဲ့လွ်င္ေတာင္ ေတာက္ေျပာင္ေနသည့္အဝတ္အစားမ်ားေအာက္တြင္ပုန္းေအာင္းေနခဲ့သည့္စိတ္ဝိဥာဥ္တစ္ခုလုံးက သူ၏ အၾကမ္းဖက္သည့္နည္းလမ္းမ်ားျဖင့္ ဖ်က္ဆီးအနိုင္က်င့္ခံခဲ့ရၿပီးမွန္း သူတစ္ေယာက္တည္းသာ သိေနလိမ့္မည္။
ေနာက္ဆုံးတြင္ ေဝ့ရွီ အေလ်ာ့ေပးလိုက္၏။ မဟုတ္ေသး...ေဝ့ရွီ တကယ္အေလ်ာ့ေပးလိုက္ၿပီဟု သူမွတ္ယူမိခဲ့သည္။ေဝ့ရွီက သူ႕အား ဆက္ၿပီးရန္လိုမုန္းတီးမေနေတာ့ဘဲ အိပ္ရာထက္တြင္အသာအယာလွဲၿပီး ၿငိမ္သက္၍သာငိုေနခဲ့၏။ သို႔ေသာ္လည္း ယခုလိုလုပ္ျပေနျခင္းေၾကာင့္ မည္သည့္အရာမွမေျပာင္းလဲ။ ေဝ့ရွီက တစ္သက္လုံး ယခုလိုျငင္းဆန္ေန၍ရေနမည္မဟုတ္ေသာအခ်က္က သူ႕အား ေျဖသိမ့္ေစနိုင္ခဲ့၏။
တစ္ေန႕က်လွ်င္ သူကိုယ္တိုင္သူမကိုနားလည္သည့္အတိုင္း ေဝ့ရွီက သူ႕အား ျပန္လည္နားလည္ေပးနိုင္ၿပီး ခြင့္လႊတ္ေပးလာလိမ့္မည္။
ထို႔ေနာက္ မိုးသည္းထန္စြာ႐ြာသြန္းေနသည့္ညတစ္ည...ထိုညက သူဘဝတစ္သက္စာလုံး လုံးဝေမ့ေပ်ာက္မသြားေတာ့မည့္ညျဖစ္လာေတာ့၏။
သူ အရမ္းကိုမွခ်မ္းစိမ့္ေနခဲ့ၿပီး ေဝ့ရွီတစ္ေယာက္တည္းကသာ သူ၏ခႏၶာကိုယ္အလြတ္ႀကီးအား အႏြေးဓါတ္ေပးနိုင္ခဲ့သည္။ေဝ့ရွီက သူ႕အား မျမင္ရျခင္းေၾကာင့္ျဖစ္ေစ အခန္းလြတ္တစ္ခုထဲရွိေလထုကိုသာမ်က္ႏွာခ်င္းဆိုင္ေနသည္ဟု သတ္မွတ္ထားသည္ျဖစ္ေစ သူ႕အဖို႔ ေဝ့ရွီကိုလိုအပ္ေနဆဲ။ဤဗီလာ ဤအိပ္ခန္းအားလုံးက သူမ၏တည္ရွိေနမႈေၾကာင့္သာ အိမ္ဟု ခံစားမိလာရၿပီး အေအးဓါတ္မ်ားကိုဖယ္ထုတ္ပစ္နိုင္ေလသည္။
ေဝ့ရွီ၏ႏြေးေထြးလွသည့္ခႏၶာကိုယ္အား အႏွစ္တၿခိဳက္ကိုေပြ႕ဖက္ထားၿပီး ယခင္ကႏွင့္မတူေတာ့သည့္ႏူးညံ့မႈမ်ားႏွင့္တိတ္ဆိတ္ၿငိမ္သက္မႈမ်ားကို ခံစားေနရ၏။သူ၏ ႏွလုံးသားတစ္ခုလုံးအေပ်ာ္မ်ားျပည့္ႏွက္ေနၿပီး ေဝ့ရွီအားေပြ႕ဖက္ကာ ေသာင္စဥ္ေရမရေသာစကားလုံးတို႔ကိုေျပာေနခဲ့သည္။စကားလုံးတိုင္းက သူတို႔ႏွစ္ေယာက္၏ လွပေသာအနာဂတ္မ်ားအေၾကာင္းျဖစ္၏။ထို႔ေနာက္ သူ၏မ်က္ႏွာအား ေဝ့ရွီ၏လည္တိုင္ထဲသို႔အပ္ကာ အေက်နပ္ဆုံးေသာစိတ္တို႔ျဖင့္အိပ္ေပ်ာ္သြားခဲ့သည္။
အဘယ္ေၾကာင့္မွန္းေသခ်ာမသိ အိပ္မက္ဆိုးတစ္ခုမက္ကာ အိပ္မက္ထဲရွိအမ်ိဳးသမီးက သူမ၏အရိုးမ်ားကိုထုတ္ၿပီး သူ႕ဆီသို႔ကမ္းေပးေနသည့္ျမင္ကြင္း။အိပ္မက္မွလန့္နိုးလာၿပီးေနာက္ ေဘးနားတြင္ရွိေနသည့္သူက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္ကိုျမင္လိုက္ရၿပီးမွ ႏႈတ္ခမ္းေထာင့္စြန္းမ်ားေကြးတက္လာမိ၏။
ပထမဆုံးအႀကိမ္အျဖစ္က ေဝ့ရွီက ေအးေအးခ်မ္းခ်မ္းႏွင့္ခ်စ္စရာေကာင္းလြန္းေအာင္အိပ္ေပ်ာ္ေနသည့္ပုံစံအား ျမင္ဖူးျခင္းျဖစ္၏။သူမ၏ေျခာက္ကပ္ေနသည့္ႏႈတ္ခမ္းပါးကို နမ္းရွိုက္လိုက္သည့္အခ်ိန္တြင္မွ ႏႈတ္ခမ္းပါးက ေရခဲတမွ်ေအးစက္ေနမွန္းကိုသတိထားမိလိုက္၏။
႐ုတ္တရက္ အေတြးတစ္ခုကခ်က္ခ်င္းဝင္လာၿပီး ၿခဳံေစာင္ကို ဖယ္လိုက္ေလသည္။
ေသြး! အိပ္ရာတစ္ခုလုံး အနီေရာင္ေသြးမ်ားအျပည့္!
ဦးႏွောက္တစ္ခုလုံးပူထူသြားၿပီး ခႏၶာကိုယ္ႀကီးက ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိနိုင္ေတာ့သလို ရပ္တန့္သြားရ၏။ေဝ့ရွီ ဘယ္လိုလုပ္နိုင္သြားခဲ့မွန္း သူမသိ။ ဓါးတစ္လက္ရွိေနဖို႔ကလည္းမျဖစ္နိုင္သလို သစ္သားစတစ္ခုပင္ ထိေတြ႕ခြင့္ရွိသူမဟုတ္။သို႔ေသာ္ သူမ၏လက္ေကာက္ဝတ္တစ္ခုလုံး အနီေရာင္အရည္မ်ားၾကားထဲနစ္ျမႇုပ္ေနကာ ေသြးစမ်ားက ပတ္ပတ္လည္သို႔ပ်ံ့ႏွင့္ေနေလ၏။
ေသြးခ်င္းရဲရဲနီေနေသာ ကိုယ္ႏြေးေငြ႕မ်ားမရွိေတာ့သည့္ ေဝ့ရွီ၏ခႏၶာကိုယ္အား ေကာက္ယူေပြ႕ဖက္လိုက္ကာ ေတာရိုင္းတိရိစ္ဆာန္တစ္ေကာင္လို အက်ယ္ႀကီးဟိန္းေဟာက္ေအာ္ဟစ္လိုက္သည္။
ေဝ့ရွီ လုပ္နိုင္သြားၿပီ! ေဝ့ရွီ ေနာက္ဆုံးေတာ့ သူ႕အနားကေန တစ္သက္လုံးထြက္သြားနိုင္ခဲ့ၿပီ! သူ႕မွာထပ္ၿပီး နည္းလမ္းမရွိေတာ့ဘူး နည္းလမ္းတစ္ခုေလးေတာင္မက်န္ေတာ့ဘူး!
ေဝ့ရွီ ေသသြားခဲ့ၿပီဟုထင္မွတ္၍ သူမအားေပြ႕ဖက္ကာ ညအေမွာင္ထုထဲတြင္ အေသာမသတ္နိုင္ေအာင္ ေအာ္ဟစ္ငိုေႂကြးရင္းေလွာင္ရယ္ေနခဲ့သည္။
သူ ႐ူးသြားၿပီ! ဤအခိုက္အတန့္တြင္မွ သူကြက္ကြက္ကြင္းကြင္းသိလိုက္ရ၏... သူရႈံးသြားခဲ့ၿပီ!...လုံးဝကို ရႈံးနိမ့္သြားခဲ့ၿပီ! တစ္ေလာကလုံးကို အနိုင္ရၿပီး အရာအားလုံးကို ပိုင္ခဲ့ေပမယ့္ ကမၻာႀကီးတစ္ခုလုံးကို ဆုံးရႈံးလိုက္ရ၏!
ေဝ့ရွီက ေနာက္ဆုံးေတာ့ သူ႕ေနာက္လိုက္သြားခဲ့ၿပီ! ေသသြားတာေတာင္မွ သူ ေဝ့ရွီကို အရယူနိုင္သြားခဲ့တယ္...သူနိုင္သြားခဲ့ၿပီ! လင္းေလာ့ခြၽမ္နိုင္သြားခဲ့ၿပီ! မ်က္ေတာင္တစ္ခတ္စာအခ်ိန္အတြင္း သူ၏အရာအားလုံးကို ေျပာင္းျပန္ေမွာက္သြန္ခုံပစ္ျပဳလိုက္နိုင္ေတာ့၏။
ကံေကာင္းစြာျဖင့္ အေစခံမ်ားက အခ်ိန္မွီေတြ႕ရွိသြားကာ လူနာတင္ယာဥ္ကိုေခၚလိုက္၏။ေဝ့ရွီက ေသြးထြက္လြန္ေနေသာ္လည္း အသက္မဆုံးရႈံးလိုက္ေပ။
ေဆး႐ုံေကာ္ရစ္တာရွိ ခုံတန္းရွည္ေပၚတြင္ ေျခဗလာျဖင့္ထိုင္ေနမိကာ ခႏၶာကိုယ္တစ္ခုလုံး ေသြးအလိမ္းလိမ္းျဖင့္တုန္ယင္ေနခဲ့သည္။သူ၏လက္ေခ်ာင္းမ်ားကို ငုံ႕ၾကည့္ေနရင္းက ဦးႏွောက္တစ္ခုလုံး ထုံထိုင္းေနခဲ့ကာ အျမင္အာ႐ုံအားလုံးေဝဝါးေနခဲ့၏။ဤစကၠန့္ပိုင္းတြင္း မည္သည့္အျဖစ္အပ်က္ျဖစ္ေၾကာင္းေနေၾကာင္းကိုပင္ မေတြးစနိုင္ေတာ့၏။
ေဝ့ရွီက ကုတင္ေစာင္းရွိသံထည္ႏွင့္ တစ္ခ်က္ၿပီးတစ္ခ်က္ မျပတ္မခ်င္းပြတ္တိုက္ၿပီးေနာက္ ေသြးေၾကာမ်ားကို သြားျဖင့္ကိုက္ျဖတ္ထားေၾကာင္း ဆရာဝန္ႏွင့္ရဲအရာရွိမ်ား လာေျပာျပသည့္အခ်ိန္တြင္မွ....
ျဖစ္စဥ္တစ္ခုလုံးက နာက်င္လြန္းၿပီး စိတ္ကူးယဥ္ၾကည့္ဖို႔ရာပင္မျဖစ္နိုင္သည့္လုပ္ရပ္မ်ိဳး...သို႔ေသာ္ ေဝ့ရွီ လုပ္ခဲ့၏။အကယ္၍ ထိုအိပ္မက္ေၾကာင့္သာ မနိုးလာခဲ့လွ်င္ ေဝ့ရွီ၏လုပ္ရပ္ ေအာင္ျမင္သြားမည္မွာမလြဲ။
ထိုစကားကိုၾကားလွ်င္ၾကားလိုက္ရျခင္း လုံးလုံးလ်ားလ်ားေၾကာင္အသြားမိကာ သူ၏နားကိုပင္ မယုံမၾကည္ျဖစ္လာခဲ့သည္။
ဤကိစၥကို သိသည့္သူတိုင္းေျပာၾကသည့္စကားတစ္ခြန္းက 'ဘယ္သူကမ်ား အခုလိုနည္းလမ္းနဲ႕ ကိုယ့္ကိုကိုယ္သတ္ေသလို႔လဲ' ဟူ၍။ စိတၱဇေရာဂါျဖစ္ေနသည့္ ပုံမွန္မဟုတ္သည့္လူကသာ ယခုလိုလုပ္မည္ျဖစ္သျဖင့္ ေဝ့ရွီ ေသခ်ာေပါက္႐ူးေနသည္ဟူ၍။
ေဝ့ရွီ မ႐ူးေၾကာင္းကို သူတစ္ေယာက္တည္းကသာ နားလည္ပါလိမ့္မည္။တည္ၿငိမ္ၿပီး ခ်က္က်လက္က်အစီအစဥ္ဆြဲတတ္သည့္ေနရာတြင္ ေဝ့ရွီအား မည္သူမွ်မမွီ။သူမက အစကတည္းက သူဘယ္လိုလူမ်ိဳးမွန္း သိေနႏွင့္ၿပီးသား။ နား႐ြက္ဖ်ားတြင္ ခ်ိဳသာသည့္စကားမ်ားအား ဘယ္လိုဘယ္ပုံမ်ိဳးႏွင့္ေျပာေနခဲ့ပါေစ ဘယ္လိုႏူးညံ့ေသာ အထိအေတြ႕မ်ိဳးမ်ားျဖင့္ ဆက္ဆံၾကင္နာခဲ့ပါေစ သူမက အနားမွထြက္သြားခ်င္ေနဆဲသာျဖစ္၏။ သူ႕အနားမွ ထြက္သြားရဖို႔ဆိုလွ်င္ ဘယ္လုပ္ရပ္မ်ိဳးကိုမဆို လုပ္နိုင္ပါလိမ့္မည္။ သူ႕အနားတြင္ေနေနရသည္က ေသေနရသည္ႏွင့္မျခားနားေတာ့ေသာ အသက္ရွင္ေနျခင္းေၾကာင့္ ျဖစ္၏။
လူနာကုတင္ေရွ႕တြင္ထိုင္ၿပီး ေသြးမရွိသေလာက္ကိုျဖဴေဖ်ာ့ေနသည့္ ေဝ့ရွီ၏မ်က္ႏွာကိုၾကည့္ေနရင္း ႏွလုံးသားတစ္ခုလုံး ေျဖမရေတာ့ေအာင္ရႈပ္ေထြးလွသည့္ခံစားခ်က္မ်ား ျပည့္ႏွက္လာေတာ့၏ နာက်င္ျခင္း ဝမ္းနည္းျခင္း ခ်စ္ျခင္း ႏွင့္ေနာက္ထပ္...
ပန္းသီးတစ္လုံးကိုလွမ္းယူကာ အခြံခြာရင္း သတိေမ့ေနသည့္သူအား စကားဆိုမိ၏။
"လူတိုင္းကေျပာေနၾကတယ္ မင္း႐ူးေနၿပီတဲ့...မင္း ဘာေတြးေနလဲဆိုတာကိုေတာ့ ကိုယ္တစ္ေယာက္တည္းပဲသိလိမ့္မယ္...မင္း သူ႕ကိုအေဖာ္သြားလုပ္ေပးခ်င္ေနတာ ဟုတ္တယ္မလား?...ဒါေပမယ့္ မင္း သူ႕ကိုရွာလို႔မေတြ႕ဘူးျဖစ္ေနတာ...သူစီးတဲ့ေလယာဥ္က သုံးပိုင္းျပတ္ေအာင္ ေပါက္ကြဲသြားခဲ့တာမလို႔ အေလာင္းမေျပာနဲ႕ အပိုင္းအစေလးေတာင္က်န္ခဲ့မွာမဟုတ္ဘူး...ျပာမႈန့္ေတြျဖစ္ၿပီးသြားေလာက္ၿပီ...မင္း သူ႕ကိုဘယ္ေနရာမွာသြားရွာမွာလဲ? ရွာေတြ႕သြားတယ္ပဲထားပါဦး ဘာလုပ္နိုင္မွာမလို႔လဲ?...မင္းက ကိုယ့္ရဲ႕ဇနီး...ေသသြားရင္ေတာင္ အုတ္ဂူေပၚမွာ ကိုယ့္မ်ိဳးရိုးနာမည္ပါေနဦးမွာ...အဲ့ေတာ့..."
သူ၏ေအးစက္ေနသည့္လက္ေခ်ာင္းမ်ားျဖင့္ ေဝ့ရွီ၏လည္တိုင္ကိုဖိကိုင္ကာ နားဖ်ားဆီသို႔တိုးကပ္ၿပီး မိစ္ဆာတစ္ေကာင္လိုၿပဳံးလိုက္၍
"မင္း အသက္ရွင္ေနသမွ် ကိုယ့္ရဲ႕လူျဖစ္ေနၿပီး ေသသြားရင္လည္း ကိုယ့္ရဲ႕တစ္ေဆပဲျဖစ္ေနမွာ...ေသသြားခဲ့ရင္ေတာင္မွ ကိုယ္ လုံးဝ မင္းတို႔ႏွစ္ေယာက္ကို အတူရွိေနခြင့္မေပးဘူး!.."
**********************